Tuesday, December 13, 2016

ဆည်မြောင်းဝန်ကြီးဒေါက်တာအောင်သူထံသို့ ပေးစာ - ၁ ၊ ၂



ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူသို့ ဆည်မြောင်းဌာနတွေရဲ့ လာဘ်စားပုံကို ဝန်ကြီးအပါအဝင် အများပြည်သူသိအောင် ကျနော့်အကောင့်မှတဆင့် ၂၉.၇.၂၀၁၆ နေ့တွင် တင်ပေးခဲ့ဖူးပါတယ်။
ရလဒ်ကတော့ အတွင်းရေးတွေ ဖော်ထုတ်သူကို ညွှန်ချုပ်ဦးကျော်မြင့်လှိုင် အမိန့်နဲ့ မြစ်သားတရုံးလုံး ပိုက်စိတ်တိုက်လိုက်ရှာခဲ့ကြပါတယ်။ ရှာလို့မရတဲ့အဆုံးမှာ စံပြအနေနဲ့ မြစ်သားတရုံးလုံးကို နေရာပြောင်းဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ် ...
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဘာဆက်လုပ်မှာပါလဲ
....... ........... ..........
ဆည်မြောင်းဝန်ကြီးဒေါက်တာအောင်သူထံသို့ ပေးစာ - ၂
===========================
အပိုဒ် - ၁
ပထမအကြိမ်ဒေါက်တာအောင်သူထံသို့
(၂၉.၇.၂၀၁၆)နေ့တွင် Zarni Tike မှတဆင့်ပေးစာပေးပို့ခဲ့ပါသည်။
့Percentage (%) တွက်ချက်ပြီး သတင်းပေးပို့ခဲ့ပါသည်
ကျွန်တော်တို့ဝန်ထမ်းများ စာရိတ္တမဏ္ဍိုင်တွေပျက်စီး၍ အဒိန္နကံမြောက်နေခြင်းပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးနေခြင်း မြန်မာနိုင်ငံ၏အနာဂတ်နှင့် ဆည်မြောင်းဌာန၏ အနာဂတ်အတွက် ရည်ရွယ်ပြီးစည်းလုံးညီညွှတ်စွာ ​ပေါင်းဝိုက်ခြင်း
ပေါင်းပြီးကြံခြင်း ညှိပြီးကြံခြင်းတို့ဆက်လက် လုပ်ကိုင်ဆောင်ရွက်လို့ မရတော့အောင် ဆည်မြာင်းဝန်ထမ်းများ၏ မုန်းတီးခြင်းကို ခံယူပြီး ရေးသားခဲ့ခြင်းဖြစ်ပါသည်။ မည်သူတစ်ဦးတယောက်ကိုမှ ပုဂ္ဂိုလ်ရေး မုန်းတီး တိုက်ခိုက်လိုခြင်း ထိခိုက်နစ်နာစေလိုခြင်း မနာလိုခြင်း (လုံးဝ) မရှိပါသောကြောင့် FB ပေါ်တင်စဉ်အခါက နာမည်များအား (တမင်တကာ) ချန်ထားခဲခြင်းဖြစ်ပါသည်။ ကျွန်တော်ပေးခဲ့သာစာ၏ ရည်ရွယ်ချက်မှာ အမှားတွေကိုအမှန်ထင်ပြီး percentage (%) ပေးခြင်းယူခြင်းများ ဆက်လက်ပြုမူဆောင်ရွက်နေခြင်းကို ရပ်တန်းကရပ်ပြီး "Time to Chage" ပြောင်းလဲချိန်တန်ပါပြီလို့ သတိပေးခဲ့ခြင်းဖြစ်သော်လည်း "SE, CE" တို့ကတော့ "Time to Transfer" လို့ပဲယူဆနားလည်လိုက်သည်ဟုထင်ပါ
သည် ခုတော့ FB ပေါ် တင်ခြင်း ခံရတဲ့မြစ်သားရုံးတရုံးတည်းသာ percentage (%)တွေ
ပျောက် စစ်ဆေးအပြစ်ပေး transfer လုပ်ခြင်းများခံရပြီး အခြားတစ်​နိုင်ငံလုံးမှာရှိတဲ့ဆည်မြောင်းရုံးတွေမှာ
percentage (%) ပေးခြင်းယူခြင်းများ ပျောက်ခြင်းမရှိပဲတိတ်ဆိတ်စွာ
လစ်ပေးလစ်ယူလုပ်နေကြပါသေးသည်
အပိုဒ်-၂
တစ်နိုင်လုံးမှာရှိတဲ့ဆည်မြောင်းရုံးစတတ်တွေ percentage(%)လုံးဝပျောက်ပြီး ရုံးစတတ်နှင့်SAE, AE များအား check & balance ဖြစ်စေချင်သည်။ ဒေါက်တာအောင်သူထံသို့ ပေးပို့ခဲ့သည့်စာနှင့် ပတ်သက်၍ မြစ်သားရုံးကို FB ပေါ်တင်သည့်တရားခံဟုယူဆကာ ရာထူးကြီးမှစပြီး ရုံးအကူလုပ်သားစာရေးထိ (၃) လအတွင်း တစ်ရုံးလုံး အပြောင်ခါ မည်ဟုကြားသိရပါသည်။ ရာထူးကြီး များအား transfer လုပ်ပြီးပြောင်းပေး
နေခြင်းဟာ စားလို့မရတော့သည့် နေရာမှစားလို့ရမည့် နေရာသို့ ပြောင်းပေးသလိုဖြစ်သော်လည်း ဘာမှလုပ်ပိုင်ခွင့် စားပိုင်ခွင့်မရှိသည့် ရာထူးငယ်များအား အပြောင်းအရွှေ့ လုပ်လျှင်ဒုက္ခရောက်ကုန်ကြပါလိမ့်မည် ပြဿ နာရဲ့အဖြေဟာ "Time to Change"ပါ။ ထို့ကြောင့်" SE, CE တို့ခင်ဗျာ အာဏာရှင် ဆန်ဆန်မြစ်သားရုံး အပေါ်အညိုးအတေးတွေထားပြီး ငါတို့လက်ခုပ်ထဲကရေပဲ ငါတို့လုပ်ချင်သလိုလုပ်မယ်ဆိုတဲ့ စိတ်မျိုးမထားပဲ ကိုယ်ချင်းစာတရား အပြည့်နှင့်ကိုယ့်လက်အောက်
ငယ်သားအပေါ် သနားငဲ့ညှာပေးပြီး Transfer လုပ်နေခြင်းများကို ရပ်တန့်ပေးပါရန်တောင်းပန်အပ်ပါ
သည်ခင်ဗျာ"
အပိုဒ်-၃
ဝန်ထမ်းတစ်ချို့ဟာ အသိလွှဲပြီး ဌာန၏ ထမင်းကို စားပြီး ကျေးဇူးကန်းသစ္စာ ဖောက်သည်ဟု ထင်မြင်နေကြပါသည် ကျွန်တော်တို့ဝန်ထမ်းအားလုံး၏ ကျေးဇူးရှင်ထမင်းရှင်အစစ်မှာ
ပြည်သူလူထုဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ပြည်သူ့တွေဆောင်ထားတဲ့ အခွန်
ဘဏ္ဍငွေမှ လစားပေးထားသောကြောင့်
ဖြစ်သည် ဌာနအကြီးအကဲများမဟုတ်ပါ
ထို့ကြာင့်ပြည်သူများအပေါ်မှာ
အမှန်လုပ်ခြင်း ဆိုတဲ့သစ္စာတွေရှိရပါမည်။ ကျွန်တော်သည် ဆည်မြောင်းဌာနကို သစ္စာဖောက်ခြင်းမဟုတ်ပါ။ ကိုယ်ယုံကြည်ရာကိုကိုယ်လုပ်ခြင်းဖြစ်ပါသည် သစ္စာဆိုသည့်အဓိပ္ပါယ်မှာ"အမှန်လုပ်ခြင်းပါ" "မင်းလည်းခိုးကွာ ငါလည်းခိုးမယ် မင်းခိုးတာလည်းငါ မဖော်ဘူး ငါခိုးတာလည်းမင်းမဖော်နဲ့" ဆိုတဲ့သစ္စာရှိခြင်းမျိုးကိုဆိုလိုခြင်း မဟုတ်ပါ" မင်းလည်းမှန်တာလုပ်ပါ ငါလည်းမှန်တာလုပ်မည်"ဆိုတာကမှ
တကယ့်သစ္စာရှိခြင်းပါ။
အပိုဒ်-၎
ကျွန်တော်သည် ဆည်မြောင်းဌာနကြီးကို အလွန်ချစ်ပါသည်။ ကျွန်တော်ချစ်နည်းသည် အခြားဆည်မြောင်းဝန်ထမ်းများ
နှင့်တော့ချစ်ပုံချစ်နည်း ကွာခြားနေပါလိမ့်မည်။ ဆည်မြောင်းဌာနကို ချစ်ခင်တန်ဖိုးထားခြင်းကြောင့် ဌာနကြီးကိုသမိုင်းမှာနာမည်ကောင်းနှင့်ဆက်လက်
တည်တံ့စေချင်သည့်အပြင် ကျွန်တော်တို့ဝန်ထမ်းအားလုံးကိုလည်း ဂုဏ်သိက္ခာရှိရှိ နေထိုင်ရပ်တည်စေချင်ပါသည်။ ကျွန်တော်တို့ ယနေ့လုပ်လိုက်တဲ့ အရာများဟာနောင်တချိန်မှာ သမိုင်းအဖြစ်တည်ရှိနေမည် ဖြစ်ပါသည်။ ဆရာဇော်ဂျီ၏ "သင်သေသွားသော်"ကဗျာထဲကလိုပဲ
ကျွန်တော်တို့အားလုံး သေသွားခဲ့ရင် ဘာတွေကိုယူသွားပြီး ဘာတွေကိုချန်ထားခဲ့မှာလဲ ဆိုတာတွေးသင့်ပါပြီ။
CE ဦးကျော်မြင့်လှိုင်ဝန်ထမ်းများတွေ့ဆုံပွဲ
အခမ်းအနားမှာ ဝန်ထမ်းများအားလုံး တစ်ဦးနှင့်တစ်ဦး "မုဒိတာ"ပွားကြရန်မှာကြားခဲ့ပါသည်။ "မုဒိတာ"ပွားကြပါဆိုတဲ့ အဓိပ္ပါယ်ကို CE ကတော့ဘယ်လိုနားလည်သည်
မသိပါ။ ကျွန်တော်နားလည်သည့် "မုဒိတာ"ကတော့သမ္မာအာဇီဝ
ကျစွာစီးပွားရှာပါ။ သမ္မာအာဇီဝကျစွာ ရှာဖွေထားသည့် စည်းစိမ်ဥစ္စာပေါ်မှာ မုဒိတာပွားပါလို့ ဟောကြားထားခဲ့သည်
ကို သိရှိနားလည်ထားပါသည်။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ
"တော်ပြီးမကောင်းတဲ့သူတွေ အမှားများစွာ လုပ်နေကြခြင်းကြောင့် ဆင်းရဲဒုက္ခတွေရောက်နေရခြင်းထက် အမှားလုပ်နေကြသူတွေကို ဟန့်တားခြင်းမရှိဘဲ ငါတို့နဲ့မှမဆိုင်တာ နေသာသလိုနေမယ် အမုန်းမခံဘူးဆိုပြီး လက်ပိုက်ကြည့်နေကြသည့် လူတွေများလို့ ဆင်းရဲဒုက္ခပေါင်းစုံရောက်နေရခြင်းဖြစ်ပါတယ်"
အပိုဒ်-၅
ဝန်ထမ်းအများစုသည် လစာနှင့် မလောက်ဘူးဆိုသည်မှာ မှန်ပါသည် သို့သော် လစာနဲ့ဖူလုံအောင် လစာနဲ့သိက္ခာရှိရှိ ရပ်တည်နိုင်ရန် စီမံဆောင်ရွက်ပေးရမှာ နိုင်ငံတော်အကြီးအကဲများ၏ တာဝန်ဖြစ်ပါသည်။ ကျွန်တော်တို့ကတော့
ထမင်းရှင်ပြည်သူတွေအပေါ် လိမ်ညာပြီး
ပေါင်းစားခြင်းမရှိပဲ အမှန်အကန်ဆောင်ရွက်ပေးရမှာ
ကျွန်တော်တို့ ဝန်ထမ်းများ၏တာဝန်ဖြစ်ပါသည်
ဝန်ထမ်းအချို့သည် ယူသင့်ယူထိုက် တာထက်ကို ပိုမိုယူခဲ့ကြပြီးပြီဖြစ်၍ ယနေ့အချိန်တွင် အသက်(၇၀)ကျော် အမေအိုကြီးကိုယ်တိုင် နေ့စဉ်နှင့်အမျှ စိတ်မအား လူမအား တိုင်းပြည်ပြန်လည် ထူထောင်နိုင်စေရန် အရွယ်နဲ့ မလိုက်အောင် ပြည်သူပြည်သူတို့၏ အကျိုး တိုင်းပြည်အနာဂတ်အတွက်
ကြိုးစားရုန်းကန်နေသည့်အချိန်မှာ ကျွန်တော်တို့အားလုံး လောဘတွေကို အဆုံးသတ်သင့်ပါပြီ။ ကျွန်တော်ကို မပြောင်းလဲချင်တဲ့သူတွေဘယ်လိုပင် ထင်မြင်ပါစေ။ ကျွန်တော်ကတော့ ဆည်မြောင်းဌာနကြီး သမိုင်းကြောင်း
ကောင်းဖို့နှင့်ပြည်သူ့အကျိုးကို
ရှေးရှုပြီးဝန်ထမ်းများ၏ အမုန်းကိုခံယူကာ FB ပေါ်တင် ခဲ့ခြင်းဖြစ်ပါသည် ကျွန်တော်ရဲ့
Time to change ပြောင်းလဲချင်သည့် စိတ်ကြောင့် မြစ်သားရုံးကိုဒုက္ခပေးလိုသည့်စိတ်ဆန္ဒမရှိသော်လည်းမရည်ရွယ်ပါပဲဒုက္ခပေးသလို
ဖြစ်သွားခဲ့ရတဲ့အတွက် စိတ်ဆင်းရဲ ဒုက္ခရောက်နေကြသောမြစ်သားရုံးသူရုံးသားများ FB ပေါ်တင်သည့်တရားခံဟု ထင်ကြေးပေးခံရသူများနှင့် Transfer လုပ်ခြင်းခံရသူများ အားလုံးကို စိတ်မကောင်းခြင်း များစွာဖြင့်
အထူးပင်စိတ်ရင်းနှင့်တောင်းပန်အပ်ပါသည်
အပိုဒ်-၆
ကျွန်တော်သည် ပထမအကြိမ် ပေးစာ-၁ ကိုရေးခဲ့ပြီး
ယခုပေးစာ-၂ကို ပြဿ နာတွေပိုမိုရှုပ်ထွေးကုန်မှာ စိုးရိမ်
သောကြောင့်မရေးတော့ဘူးလို့ ဆုံးဖြတ်ခဲ့သော်လည်း မြစ်သားရုံးသူရုံးသားများ
ဘယ်အချိန် transfer လုပ်ခြင်းခံရမလဲဆိုတဲ့စိတ်တွေနဲ့နေ့စဉ်နှင့်အမျှ စိတ်ဆင်းရဲဒုက္ခ ရောက်နေကြရသည်ဟု ကြားသိရ၍ ကျွန်တော်စခဲ့သည့်ဇာတ်လမ်း ကျွန်တော်
ပြီးအောင်အဆုံးသတ်မည်ဟုဆုံးဖြတ်၍
ယခုဒုတိယအကြိမ်အဖြစ် နောက်ဆုံးရေးသားခြင်းဖြစ်ပြီး နောက်နောင် FB ပေါ်တွင် ဆက်လက်ရေးသားခြင်းမပြုတော့ပါ ကျွန်တော်သည် နှစ်ကြိမ်တိတိ ဆည်မြောင်းဝန်ထမ်းများ၏ မေတ္တာပို့ အမုန်းခံရေးသားခဲ့ပြီး ဖြစ်သည့်အတွက် ဆည်မြောင်းဌာနကြီးနှင့် ထမင်းရှင်ပြည်သူလူထုအပေါ် ထိုက်သင့်သလောက် တာဝန်ကြေခဲ့ပြီလို့ ယူဆပါသည်။ ရှေ့ဆက်ပြီး ကျွန်တော်သမိုင်းကောင်း ကျွန်တော်ရေးပါတော့မည်။ ကျန်တဲ့ဝန်ထမ်းများကတော့ သမိုင်းဆိုးဆက်ရေးမလား သမိုင်းကောင်းပြောင်းရေးကြမလား ဆိုတာကတော့ လူကြီးမင်းတို့ သဘောဆန္ဒအတိုင်း ဆုံးဖြတ်နိုင်ပါသည်
အပိုဒ်-၇
(မှတ်ချက်) ကျွန်တော်ကိုသတ္တိရှိရင် by name ဖြင့်တိုင်ပါ ဆိုသူများအတွက် ကျွန်တော်ကို မှီခိုနေသည့် မိသားစုရှိသည့်အတွက် သတ္တိမရှိပါ။ ဝိုင်းပြီးပညာပေးအတွယ်ခံရမှာကြောက်ပါသည်။ သို့သော် ဒီမိုကရေစီအစစ်ရတဲ့တနေ့ တရားဥပဒေအထက်မှာ မည်သူမျှမရှိတော့တဲ့တနေ့ တိုင်ကြားသူအပေါ်မှာ အပြည့်အဝ ကာကွယ်ပေးသည့် ဥပဒေရှိပြီး နီးရာဓားကို မကြောက်ရတော့တနေ့မှာ by name နဲ့တိုင်ကြားပါမည်ခင်ဗျား။
အခုတော့ FBပေါ်တင်သည့်တရားခံ ကျွန်တော်ကို ဆက်လက်ရှာဖွေခြင်း မပြုပါနဲ့တော့။ လူကြီးမင်းတို့ကို အမုန်းဖြင့် ရေးသားခဲ့ခြင်း မဟုတ်သောကြောင့်
ကျွန်တော်ကိုလည်း အမုန်းတွေနဲ့ လိုက်မရှာပါနဲ့တော့ ကျွန်တော်ရေးသားခဲ့သောစာများသည် အညိုးအတေး အမုန်းတရားတွေနဲ့ရေးသားခဲ့ခြင်းမဟုတ်ဘဲတိုင်းပြည်အနာဂတ်အတွက်ကျွန်​​တော်​ရဲ့ရပိုင်​ခွင့်​ လုပ်​ပိုင်​ခွင့်​များကို စွန့်​လွှတ်​ခဲ့ပြီး
စေတနာအပြည့်အဝထားကာ တကယ့်စိတ်ရင်းဖြင့် ရေးသားခဲ့ပါကြောင်း ထမင်းရှင်ပြည်သူလူထုကို သစ္စာပြုအပ်ပါသည်
"ဝန်ထမ်းများအားလုံး အသိမှန်အမြင်မှန်ရနိုင်ကြပါစေ"
မန္တလေးမှဆည်မြောင်းဝန်ထမ်းတဦး
ဒေါက်တာအောင်သူသို့ ပေးစာ (၁) အားအောက်မှ ဖော်ပြပါလင့်မှ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ZN.H
#Copy_post
##########


Zarni Tike added 2 new photos — with Tike ZN.
July 29
ဒေါက်တာအောင်သူ ထံသို့ ....
ဆည်မြောင်းဝန်ထမ်းတစ်ဦး၏ ကြေကွဲစွာရင်ဖွင့်သံ
========================
ကျနော့်ကို သတင်းတွေ အမျိုးမျိုး ပေးနေကြသူတွေထဲမှာ 
ဆည်မြောင်းဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးဖြစ်တဲ့
ဒီတစ်ယောက်ကတော့ ထူးထူးခြားခြား အမေစုအစိုးရ
လက်ထက်မှာ မခိုးပါရစေနဲ့တော့တဲ့။
သူ့ရဲ့ ရင်ဖွင့်သံကို အများသိအောင် ပြန်လည်တင်ပြလိုက်ပါတယ်။
----------- ----------- -----------
အကို ကျွန်တော်တို့ လုပ်နေတဲ့ ဆည်မြောင်းဌာနက အရင်အစိုးရ အဆက်ဆက်မှာကတည်းက ချပေးတဲ့ လုပ်ငန်းသုံးငွေတွေကို
အဆင့်ဆင့် ခိုးလာခဲ့ကြတာ အခု အမေစုအစိုးရ တက်လာပြီး တိုင်းပြည်ကို ပြန်လည်တည်ဆောက်နေတဲ့အထိ အရင်လိုပဲ
ခိုးကောင်းတုန်းပါပဲ။ ခုထိ မပြောင်းလဲသေးဘူး အကို။
အစ်ကိုနားလည်အောင်ပြောရရင်
သိန်း ၁သောင်းထုတ်ရင် ငွေစာရင်းက သိန်း ၂၀၀
ပုံဆွဲက သိန်း၁၀၀၊ စီမံက ၇၅ သိန်း ထုံးစံလို
ငွေထုတ်ရင်ပေးရတယ်။
22-7-2016 သောကြာနေ့မှာ မန္တလေးဘဏ်ခွဲ-၁ က
သိန်း ၁သောင်းကျော်ထုတ်တယ်။
ငွေစာရင်းဌာနက - ၂၀၃၁၆၀၀၀ ရတယ်
ပုံဆွဲဌာနက - ၁၀၁၅၈၀၀၀
စီမံဌာနက - ၇၆၁၈၅၀၀ ရတယ်
ဘယ်လိုခွဲယူ ကြလည်းဆိုတော့
ငွေစာရင်းဌာနက ရာထူးအကြီးဆုံးဖြစ်တဲ့သူ
စာရင်းကိုင်-1က သိန်းတစ်ရာယူတယ်
ကျန် ၁၀၀ကို အောက်က ရာထူးကြီးငယ်အလိုက် ခွဲဝေယူကြတယ်
အဲ့လိုပဲ ကျန်တဲ့အခန်းတွေလည်း ခေါင်းဆောင်က
တစ်ဝက်ယူပြီး ကျန်တဲ့ လက်အောက်ငယ်သားကို
ခွဲဝေပေးတာ။ ဒါက ရုံးစတက်ကို တစ်နိုင်ငံလုံးမှာရှိတဲ့
ဆည်မြောင်းဦးစီးဌာနတွင်း တရားဝင်ခွဲတမ်းအဖြစ်
သတ်မှတ်ထားတာ။ တနိုင်ငံလုံးမှာရှိတဲ့ ဆည်မြောင်း
တွေအကုန်လုံး ဒီနည်းနဲ့ပဲ ခိုးတာ အကို။
ဒီလိုပေးပြီး AE SAE တွေတင်တဲ့ တကယ် Ground
မြေပြင်မှာ မလုပ်ပဲ Paper စာရွက်ပေါ်မှာပဲ လုပ်ထားတဲ့
Estmate ခန့်မှန်းခြေစာအုပ်တွေကို
ခွင့်ပြုပေးခိုင်းတာ။ ၁၀၀ ရာခိုင်နှုန်းဆို လုပ်ငန်းတည်း
တကယ်သွား အများဆုံး ၃၀ ရာခိုင်နှုန်းလောက် သွားတာ
၇၀ ရာခိုင်နှုန်းကို စာရင်းစစ် SAE ; AE ; EE ; အစရှိတဲ့
CE ဦးကျော်မြင့်လှိုင်ထိ ဝေစားမျှစားကြပါတယ်။
ဒီခွဲတမ်းတွေကို အရင်ဦးသိန်းစိန်လိုပဲ လုပ်ချင်၊ လိုချင်တဲ့သူက
များတယ်။
အရင်တုံးက ဘယ်လိုပဲ ကိုယ့်အိပ်ကပ်ထဲ ထည့်ခဲ့ပါစေ။
သမ္မတရုံးက တရားဝင် ၂သောင်းခွဲထက် မပိုရလို့
စာထုတ်ထားတာကို ခု အမေစု အစိုးရလက်ထက်မှာတော့
ပြောင်းလဲချိန်တန်ပြီလေ။ အစိုးရကလည်း အဲလိုခိုးလို့ မရတော့အောင် ဖိဖိစီးစီး စစ်ဆေး တာဆည်းစေချင်တယ်။
အဲလို ခွဲတမ်းဆိုတာ ပျောက်သွားခဲ့ရင် ငွေစာရင်းဌာနကလည်းသူတို့ ခွဲတမ်းမရတော့ရင် ဈေနှုန်းတွေ ဘောင်ချာတွေကို အပီအပြင် စစ်ဆေးကိုင်တွယ်မယ်။
ပုံဆွဲဌာနကလည်း မြေကြီးပေ ၁၀၀ တူးမယ်လို့ပြထားရင် တကယ် ၁၀၀ တူးရဲ့လား။
ဘိလပ်မြေအိတ် - ၁၀၀ ကျောက်ကြီး ကျင်း ၁၀၀ တကယ်သုံးရဲ့လားဆိုတာ အပီအပြင်ကိုင်တော့မှာ။
ခုဆို စာရင်းစစ်ကလည်း ခွဲတမ်းကြီးယူထားတော့ အလုပ်ကို
တကယ်မလုပ် ပစ္စည်းတွေ တကယ် အရည်အသွေးမှီအောင်
မသုံးတာသိလည်း ခွင့်ပြုပေးနေကြတာ။
ကျောက်ဆည်က စာရင်းစစ်တွေကို အသွားအပြန်ကား
အကောင်းစားနဲ့ အကြိုအပို့လုပ်ပေးရတယ်။
ကိုယ်ထမင်းချိုင့် ကိုယ်ယူမလာပဲ မနက်စာမှ စ ပြီး
ထမင်းချိန်ဆို ထမင်း၊ အပူချိန်ဆို အပူ၊ အအေးချိန်ဆို အအေး
ကျွေးမွေးပြု စုရ၊ ပြီးရင် သူတို့အိမ်တွေကို AEတွေ ခေါ်သွားပြီး
မင်းတို့တွေ ဒီလုပ်ငန်းကတော့ တကယ်အလုပ်ပဲ ငွေထုတ်
ထားငါသိတယ်။ အဲ့တော့ မင်းတို့ သိန်း ၁၀၀၀ လောက်
ကိုယ့်အိပ်ကပ်ထဲ ထည့်ထားတာငါကို တော့ အနည်းဆုံး
သိန်း၁၀၀ တော့ ပေးကွာဟုဆိုပြီး သူခိုးဆီက
ဓားပြပြန်တိုက်သလိုပါပဲ။
EE AE SAE တွေဆို ကွင်းထဲအမြဲဆင်းပြီး လုပ်ငန်း
တကယ်လုပ်လားဆိုတာ သေချာကြီးကြပ်ရမည့်အစား
ရုံးမှာထိုင်ပြီး paper ပေါ် မှာ အလုပ်ပြီးအောင်လုပ်ဖို့
ဆန္ဒရှိကြတာ။ လုပ်သမျှလုပ်ငန်းလေးတွေကျတော့လည်း
ပန်းရံတွေက အလုပ်ခိုသင့်တာခို ဘိလပ်မြေ သံချောင်းလုံး
ခိုးချင်တာခိုးပြီး အဆင့်ဆင့် ခိုးကြတာ နောက်ဆုံးကျ
ပြည်သူဆီ အနည်းငယ်ပဲရောက်တော့တာပေါ့။
ဆည်မြောင်းကို ခွင်ပြုထားတဲ့
Yellow book ခေါ် Analysis of Rate ကိုက
သိန်း၁၀၀ ဆို ၅၀ လောက် အသားတင် ကျန်ပြီး
AE SAE တွေ အိတ်ကထဲကို အေးအေးဆေးဆေး
၁၀၀ ကို ၅၀ ထည့်လို့ရတယ်။
ဆည်မြောင်းဌာနက ကျေးရွာတောင်သူတွေနဲ့ အများဆုံး
ဆက်ဆံရတာ ရေပေးမြောင်းတွေ သေချာ မလုပ်ပေးတော့
ရေ လိုတဲ့ချိန်မရ မလိုတဲ့အချိန်ကျ ပိုလျှံ သီးနှံပျက်စီးကြရတယ်။
ဌာနတွေတည်းမှာ ဘဏ္ဏာငွေ အသုံးများတဲ့
ဆည်မြောင်းဦးစီးဌာနကို အထူးကြပ်မတ်လိုက်ရင်ဖြင့်
ဘဏ္ဏာငွေ မလေလွင့်တော့ပဲ တောင်သူတွေလည်း အဆင်ပြေ၊ အဓိကလိုအပ်နေတဲ့ ကျန်းမာရေး ပညာရေး ဂဏ္ဍတွေကို
ထိရောက်စွာ ပံ့ပိုးပေးနိုင်တာ့ပေါ့အစ်ကို။
အရင်တုန်းက အများ မိုးခါးရေသောက်လို့ လိုက်သောက်နေရပေမဲ့ အခု အမေစု အစိုးရလက်ထက်မှာ အရင်လို ဝေစုခွဲနေကြတာကို မလိုချင်တော့ဘူး အကို။
လိပ်ပြာလည်း မသန့်တော့ဘူး။ တိုင်းပြည်အတွက် အိုကြီးအိုမနဲ့
ရုန်းကန်တည်ဆောက်နေရတဲ့ အမေစုကိုလည်း သနားတယ်။
ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ ကိုယ်တိုင်
ကျနော်တို့ ဆည်ကို လာကြည့်ပေမဲ့ ဒီကလူတွေ ပြောသမျှ နားထောင်ပြီး ပြန်သွားရတယ်။ ဝန်ကြီးအနေနဲ့ ဆည်မြောင်းဌာနကို တကယ်ကြပ်မတ်ချင်ရင် စာရင်းတွေကို
တိတိကျကျဖြစ်အောင် အတတ်နိုင်ဆုံး စစ်စေချင်တယ်။
စာရင်းစစ်မှာဆို ငွေစာရင်းတင်မက Measurement
ကျွမ်းကျင်တဲ့အင်ဂျင်နီယာ ဝန်ထမ်းတွေပါ ခန့်သင့်တယ်။
ခုလဲ တင်ဒါ တွေခေါ်နေတယ်။ တင်ဒါက ကိုယ့်အမျိုးတွေကို အမည်ခံခိုင်းပြီး AE SAEတွေပဲလုပ်တာပါ။
ကုမ္ပဏီနဲ့ လုပ်လည်း CE ဦးကျော်မြင့်လှိုင် ထောင်ထားတဲ့ကုမ္ပဏီနဲ့ ဦးကျော်မြင့်လှိုင်နဲ့ရင်းနှီးတဲ့ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးတို့လို ကုမ္ပဏီတွေက ရသွားတာများတယ်။
ခုလို ဖွင့်ပြောပြီး ခွဲတမ်းတွေပျောက်စေချင်တာက
မည်သူ့ကိုမှ ထိခိုက်စေလို့တဲ့ စိတ် မနာလိုစိတ်အလျဉ်းမရှိပါ။
ပြည်သူ့ဘဏ္ဏာကို အလားဟသ မဖြစ်စေချင်တဲ့ဆန္ဒနဲ့ပါ။
စစ်ကိုင်းတိုင်း တည်ဆောက်ရေး-၄ ရွှေဘိုရုံးတုန်းက
ဒီဇယ်ဆီတွဂါလန်ပေါင်းများစွာ ထုတ်တာ FB ပေါ်
အကောင့်တုနဲ့ တင်တာ ဦးကျော်မြင့်လှိုင်သိသွားပြီး
fb ပေါ် တင်ရမလားဆိုပြီး တစ်ရုံးလုံး ရာထူးအငယ်
ပါမကျန် အပြောင်းအရွေ့တွေလုပ်ပြီး
နယ်စပ်တွေပို့ပစ်တာ။
ဦးကျော်မြင့်လှိုင်က ဒေါသကတော့ သိပ်ကြီးတာ။
သူစိတ်ထဲ မတွေ့တဲ့ သူဆို သွေးအေးအေးနဲ့ရက်စက်တာ။
အဲ့လိုတွေ အကုန်ပြောင်းပစ်တော့ ရာထူးကြီးတွေကတော့
ဘယ်နေရာရောက်ရောက် အဆင်ပြေကြတယ်
လွှတ်တော်ဥက္ကဌ U Win Myint ပြောသလို ရာထူးကြီး
တွေအတွက်ကတော့ နေရာသစ်မှာ စားကြက်သစ်ရှာပေးသလို
ဖြစ်ပေမယ့် ရာထူးငယ်တဲ့သူကတော့ ဝိုင်းပြီးပညာပြမဲ့သူနဲ့
မိသားစု တစ်ကွဲတပြား လစာနဲ့ မလောက် ဒုက္ခရောက်ကြရတယ်။
ခုလို အရဲစွန့်ပြီး ဖွင့်ပြောရကျိုးနပ်အောင် တာဝန်ရှိသူတွေ
ဖိဖိစီးစီး ဆောင်ရွက်နိုင်ဖို့ ကူညီပေးပါ အကို။
မန္တလေးမှ ဆည်မြောင်းဝန်ထမ်းတဦး ...
စာဖတ်သူတွေလည်း ဒေါက်တာအောင်သူ သိရအောင်
လက်ဆင့်ကမ်းပေးကြပါဦး ...
ZN.H

Thet Myint Lwin ဝန်ထမ်း၁ယောက်ဆီက၁လ ၃၀၀ကျပ် အလှူခံဖို့လုပ်နေတယ် ... မအားသေးဘူး 😂😂😂
San Taw Chain ချီးကျူးပါတယ်၊ဆည်မြောင်းဋ္ဌာနကပြည်သူပိုင်ငွေတွေကိုဝေစားနေကြတာ၊ဆည်မြောင်းဋ္ဌာနရှိတဲ့မြို့ကလူတွေအကုန်လုံးသိကြပါတယ်၊အခုလိုအသေးစိပ်သာမသိကြတာပါ။
Lwin Oo Very Like
Very Right
Kyaw Kyawzinnoo ဒေသပေါက်ဈေးနူန်းက တရားဝင် သူခိုးလက်မှတ်ဖြစ်နေတာကို ဗျ ပိုလိုက်တဲ့ဘိလပ်မြေ ပိုလိုက်တဲ့ အုတ်သဲကျောက် ပိုလိုက်တဲ့ HSD ဘောင်စာလိုက် သံချောင်း ကလဲပို အလိုကိုမရှိ ဒါကိုများ ညီးလိုက်တဲ့ SAE နဲ့AE ဘာမှကိုမကျန်ဘူးတဲ့ ရူံးတယ်တဲ့ဗျ
Hero Spartan ကျနော် ကတော့အားပေးတယ်
နောက်မတင်တော့ဘူးဆိုတော့
အားမရှိတော့ဘူး
Aung Thu Ya သူတို့ကသာ သိန်းနဲ့ချီရနေတာ နေ့စားမြောင်းလုပ်သားတွေကျတော့ ၁ လမှ ခုနှစ်သောင်း မင်းတို့လစာဘယ်လောက်လဲမေးရင် လုပ်သားခမျ ဘယ်သူမှမပြောရဲဘူး ရှက်လို့
အလုပ်ကို နွားလိုလုပ်ရပြီး ရတဲ့လစာက ကလေးမုန့်ဖိုးတောင်မရှိဘူး permanent ချပေးဖို့အစီစဉ်မရှိကြဘူးလား ပြောင်းလဲချိန်တန်ပြီဆိုတာဘာလဲ
Thein Zaw Lay အလုပ်ကိုအောက်ခြေကစလုပ်ရပြီး
လုပ်အားခကျတော့သူတို့KTV တစ်ညစာ
လောက်တောင်မရှိတာကိုမပေးချင်ကျဘူး။...See More
Soethu Aung ဆည်မြောင်ဆိုတာ အစိုးရအလုပ်ပါ ။
ပုဂ္ဂလိက ကိုယ်ပိုင်အလုပ် ၊ကုမ္မဏီအလုပ် မဟုတ်ပဲနဲ့ ပိုက်ဆံစိုက်ပြီးလုပ်နေကြရတယ်လို့ AE ကတော် လူကြီးကတော်တွေပြောနေသံကိုကြားဖူးလို့ပါ
bill ကျမှ စိုက်ထားတဲ့ငွေတွေပြန်ရတယ်လို့ ပြောကြပါတယ်။အဲ့တာ တစ်ကယ်လား။...See More
LikeReply1December 9 at 8:39pmEdited
Lu Aye ဘာမှမလုပ်​တတ်​​တော့ဘူး
Naung Taw Naung စိတ်ပျက်စရာကေါင်တွေ။ယူနီဖေါင်းဝတ်ပြီး ခိုးကြ၏
Chit Chit ဆည်မြောင်းကတော့နံမည်ပျက်ကုန်ပြီ
အရေးမယူကြဘူးလား
ကျောက်ဆည်ခရိုင်မြစ်သား.ကူမဲက EE.AE..SAEတွေလဲခိုးလို့ချမ်းသာနေကြပြီ

No comments:

Post a Comment