Tuesday, December 13, 2016

အောက်ခြေတွင် အဂတိ လိုက်စားမှုများ ကျန်ရှိနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော 2016-11-03



အောက်ခြေတွင် အဂတိ လိုက်စားမှုများ ကျန်ရှိနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
By - ရန်မျိုးနိုင်
Thu, 2016-11-03 06:30
အစိုးရသစ် လက်ထက်တွင် အပေါ်ပိုင်း၌ အဂတိ လိုက်စားမှုများ ပပျောက်သွားပြီး အောက်ခြေ အဆင့်တွင် ကျန်ရှိနေသးကြောင်း သုံးသပ်မှုများ ရှိနေသဖြင့် အဂတိ လိုက်စားမှုများကို တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
‘‘အခု ကျွန်မတို့ လက်ထက် မှာတော့ အဂတိ လိုက်စားမှုက အများရဲ့ သုံးသပ်ချက်မှာတော့ အဆင့်မြင့်မှာတော့ ပပျောက်သွားပါတယ်။ အောက်ပိုင်းမှာတော့ ရှိသေးတယ် လို့ ပြောပါတယ်’’ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုဝင်ဘာ ၂ ရက်တွင် ဂျပန်နိုင်ငံ ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်နိုင်ငံ ရောက် မြန်မာနိုင်ငံသားများ နှင့် နိုဝင်ဘာ ၂ ရက် နံနက်က တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားသည့် အစီအစဉ်၌ မိဘမဲ့ ကလေးငယ်များ အား အစိုးရက စောင့်ရှောက်ပေး ရန် အကြောင်းပါရှိပြီး ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ငွေအားဖြင့် ပါဝင်နိုင်ပြီး လှူဒါန်းငွေများကို ပွင့်လင်း မြင်သာစွာ အသုံးချမည် ဖြစ်ကာ အဂတိ လိုက်စားမှုများကို တိုင်ကြားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘တိုင်တဲ့အခါကျရင်၊ ကိုယ်ရဲ့နာမည်၊ မှတ်ပုံတင်ရယ် ဆက်သွယ်ရမယ့် လိပ်စာ ထည့်ရမယ် အဲဒီလိုလုပ်ရခြင်း အကြောင်းရင်း က ကျွန်မတို့ ပစ်စာ မလိုချင်လို့။ တိုင်စာနဲ့ ပစ်စာက မတူဘူး။ တိုင်စာက တာဝန်ယူရတာ ဖြစ်တယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
ထိုသို့ အချက်အလက် တိတိကျကျဖြင့် တိုင်ကြားလာသူ များကို ထုတ်ဖော်ကြေညာမည် မဟုတ်ဘဲ သိုသိုသိပ်သိပ် ထားမည်ဟု ၎င်းကပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနကလည်း အဂတိ လိုက်စားမှု အန္တရာယ် ကင်းရှင်းရေး အတွက် ပြည်သူများက ၀န်ကြီးဌာန၏ အီးမေးလ်နှင့်ဖက်စ်သို့ အချက်အလက် ပြည့်ပြည့်စုံစုံဖြင့် ပေးပို့ကာ တိုင်ကြားနိုင်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။
ဝန်ကြီးဌာနသည် လက်ခံရရှိသော တိုင်ကြားမှုများကို ပေါက်ကြားမှု မရှိစေရန် စီစဉ်ထားသဖြင့် စိုးရိမ်ပူပန်မှု ကင်းစွာ တိုင်ကြားနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
အစိုးရသစ် လက်ထက်တွင် လာဘ်ပေး လာဘ်ယူမှု ပပျောက် စေရန် လက်ဆောင်ပစ္စည်းများ လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကို အစိုးရအဖွဲ့သစ် စတင် တာဝန်ယူပြီး ခြောက်ရက် မြောက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေး ထိုး ထုတ်ပြန်ခဲ့သည်။
7Day
ပြန်လည်မျှဝေပါသည်၊၊
Min Kyaw Thu Htay
3.11.2016
1:05 pm




နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်း (အဆုံး)

 လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှု၊ မသိ နားမလည်မှုတွေဟာ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုရဲ့ အကြောင်းရင်းများ ဖြစ်ပါတယ်။ အဂတိ လိုက်စားမှုလို့ ပြောရာမှာ လာဘ်ပေးလာဘ်ယူ ပြုလုပ်မှု သက်သက်ကိုသာ ဆိုလိုခြင်း မဟုတ်ဘဲ လူ့သဘာဝ ကျင့်ဝတ်ပျက်ခြင်းကို ဆိုလိုပါတယ်။ လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှု၊ မသိနားမလည်မှု များဟာ လူ့သဘာဝကျင့်ဝတ်ကို ပျက်စေသလို ကမ္ဘာကြီးကိုလည်း ကျင့်ဝတ်ပျက်စေပါတယ်။ ကျွန်မတို့ရဲ့ မြေးမြစ် အဆက်ဆက်အတွက် ပိုမိုကောင်းမွန်တဲ့ နေစရာအဖြစ် ကမ္ဘာကြီးကို ဖန်တီးရာမှာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒီလို ကမ္ဘာ့နိုင်ငံ အများစုဝေးတဲ့ နေရာမှာဘဲ ဒီလို မေတ္တာ ရပ်ခံမှုမျိုး ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့အားလုံး အတူတကွ ဒေါသ၊ အမုန်းတရား၊ အကြောက်တရားနဲ့ မသိနားမလည်မှုတွေကို ဆန့်ကျင် ရပ်တည်ကြပါစို့၊ ကိုယ်ချင်းစာတရား၊ အကြင်နာ မေတ္တာတရား၊ အခြားသူများရဲ့ ကံကြမ္မာကောင်းတွေအပေါ် ဝမ်းမြောက်တဲ့စိတ်များ မွေးမြူနိုင်ပြီး ပိုမို ကောင်းမွန်တဲ့ ကမ္ဘာကြီးဆီသို့ လျှောက်လှမ်းရာလမ်း ရှာဖွေကြပါစို့လို့ တိုက်တွန်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
https://www.facebook.com/state.counsellor/photos/a.792613514206200.1073741827.792607210873497/881578201976397/?type=3&theater




ဒ်ါအောင်ဆန်းစုကြည် စင်ကာပူအဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနသို့ လေ့လာ
By ဒီဗွီဘီ
1 December 2016
Print
အဂတိလိုက်စားမှု အနည်းဆုံး နိုင်ငံတခုဖြစ်တဲ့ စင်ကာပူနိုင်ငံ အကျင့်ပျက် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
စင်ကာပူနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မွန်းလွဲပိုင်းမှာ စင်ကာပူနိုင်ငံရဲ့ အကျင့်ပျက်အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာန (Corrupt Practices Investigation Bureau-CPIB) ကို သွားရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။
ဒ်ါအောင်ဆန်းစုကြည်ကို CPIB တာဝန်ရှိသူတွေက ရှင်းလင်းတင်ပြခဲ့ရာမှာ စင်ကာပူနိုင်ငံရဲ့ အစိုးရအဖွဲ့နဲ့ အစိုးရရုံးတွေမှာ ပွင့်လင်းမြင်သာမှုရှိပြီး အဂတိ လိုက်စားမှု အနိမ့်ဆုံးဖြစ်တယ်၊
Transparency International ရဲ့ ၂၀၁၅ ခုနှစ် စစ်တမ်းအရ နိုင်ငံပေါင်း ၁၈၆ နိုင်ငံမှာ စင်ကာပူနိုင်ငံဟာ အဆင့် (၈) နေရာမှာ ရှိပြီး အဂတိလိုက်စားမှု အနည်းဆုံး နိုင်ငံဖြစ်တယ်။
စင်ကာပူ အဂတိလိုက်စားမှုတွေဟာ အဖွဲ့အစည်းပုံစံမဟုတ်ဘဲ သီးခြား အဖြစ်အပျက်တွေ အနေနဲ့သာ တွေ့ရတယ်။
တိုင်ကြားမှုတွေရဲ့ ၇၅ ရာခိုင်နှုန်းမှာ တသီးပုဂ္ဂလတိုင်ကြားမှုတွေဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း တိုင်ကြားမှု (၁၁) မှုသာရှိတယ်။
စင်ကာပူနိုင်ငံ အဂတိလိုက်စားမှုအား တိုက်ဖျက်ရာမှာ ထိရောက်အောင်မြင်မှုဟာ အစိုးရရဲ့ ထိရောက်စွာအရေးယူ ကိုင်တွယ်ခြင်း၊ ထိရောက်တဲ့ ဥပဒေရှိပြီး ဥပဒေအား တိကျစွာ လိုက်နာကျင့်သုံးမှုရှိခြင်း၊ လွတ်လပ်သော တရားစီရင်မှုရှိခြင်းနှင့် ပြည်သူများ ပူးပေါင်းပါဝင်မှုရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း ရှင်းပြခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒ်ါအောင်ဆန်းစုကြည်ဟာ စင်ကာပူကို နိုဝင်ဘာ ၃၀ ရက်ကတည်းက ၃ရက်ကြာ ချစ်ကြည်ရေးခရီးရောက်နေတာ ဖြစ်ပါတယ်။
Transparency International အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် အတွက် စစ်တမ်းသစ်မှာ မြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေက ကမ္ဘာ့နိုင်ငံပေါင်း ၁၆၈ နိုင်ငံထဲ အဆင့် ၁၄၇ မှာ ရှိနေတာ ဖြစ်ပါတယ်။




အဂတိ ကင်းစင်သည့် အစိုးရ ဖြစ်စေရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပေး

“ ခွင့်မလွှတ်နိုင်တဲ့ အပြစ် နှစ်ခုတော့ရှိတယ်။ တစ်ခုကတော့ အချင်းချင်း ဒုက္ခရောက်အောင် တမင်သက်သက် ရည်ရွယ်ချက်နဲ့ လုပ်တဲ့ကိစ္စ။ ဒီလို လုပ်တာကို ကျွန်မတို့ လုံးဝ လက်မခံဘူး။ စည်းမျဉ်း စည်းကမ်းအရ အရေးယူပြီးတော့ ကျွန်မတို့ အဖွဲ့ထဲက ထုတ်ပစ်လိုက်တဲ့ အပြစ်ပေးပါတယ်။နောက် ဒုတိယ လက်မခံနိုင်တဲ့ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ဆိုတာကတော့ အများရဲ့ ဘဏ္ဍာငွေ၊ ပစ္စည်းကို အလွဲသုံးစား လုပ်တဲ့ကိစ္စပဲ ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အများပိုင် ပစ္စည်းဘဏ္ဍာငွေကို အလွဲသုံးစား လုပ်ခြင်းသည် ခွင့်လွှတ်လို့ မရသည့် နိုင်ငံရေး ပြစ်မှုအဖြစ် သတ်မှတ်ထားကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် ------>>>>




No comments:

Post a Comment