Tuesday, December 13, 2016

စင်ကာပူကို နှစ် ၂၀အတွင်း ကျော်တက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူခရီးစဉ်တွင် ပြောကြားလိုက်ရာ


Murann Ezine to Myanmar Good Attitude To Reform Country
လွှတ်တော်ကိုယ်စားလှယ်များကို တရုပ်ပြည်အကြောင်း တရုပ်ပြည်ပြုပြင်ပြောင်းလဲမှုကို အသေးစိတ်ရှင်းလင်းပါတယ်။
.
ရည်ရွယ်ချက်ကတော့
မြန်မာလိုပဲ တရုပ်ပြည်ကြီး ဆင်းရဲမွဲတေမှုကို ဘယ်လိုကျော်လွှားခဲ့ကြောင်း . . မြန်မာများ သင်္ခန်းစာယူကြဖို့ ဖြစ်ပါတယ်။
.
.
.
တခါက လွန်ခဲ့တဲ့နှစ်ပေါင်း၎ထောင်ကတည်းက တရုပ်ပြည်ကြီးဟာ ကြီကျယ်ခန်းနား တတ်သိပညာများရဲ့ဗဟိုကြီး ဖြစ်ပါတယ်။ ၁၆၀၀ ဥရောပ ပြုပြင်ပြောင်းလဲရေး ပြင်သစ်နဲ့ နပိုလီယန် ခေတ်ကစပြီး ဥရောပနိုးကြားတက်ကြွလာပြီး တရုပ်ပြည်က စိုးရိမ်လို့ တခါးပိတ်ဝါဒ ကျင့်သုံးခဲ့ပါတယ်။ နောက်ဆုံး အနောက်နိုင်ငံနယ်ချဲ့များရဲ့ ''ဘိန်းစစ်ပွဲ'' နဲ့ အစိတ်စိတ်မွှာ ဖြစ်ရပြီး စစ်ဝါဒီ ဂျပန်နိုင်ငံရဲ့ ကျူးကျော်သိမ်းပိုက် ညှင်းပမ်းနှိပ်စက်ခံခဲ့ရပါတယ်။
.
မြန်မာပြည်မှာ ငတ်သေတဲ့လူ မရှိဘူး ပြောကြပေမဲ့ တရုပ်ပြည်မှာတော့ အငတ်ဘေး မိုးခေါင်ရေရှား လူပေါင်း သန်းနဲ့ချီ သေဆုံးလေ့ရှိပါတယ်။ အလွန်ဆင်းရဲမွဲတေခဲ့ပါတယ်။
.
ကွန်မြူနစ်ပါတီ မော်စီတုန်းခေါင်းဆောင်ပြီး ခေတ်သစ်တရုပ်ပြည် ပြန်တည်ထောင်နိုင်ခဲ့ပါတယ်။ ဒါလဲ ဆင်းရဲမွဲတေမြဲ ဖြစ်ပြီး မော်စီတုန်းက ပညာနဲ့တိုင်းပြည်တည်ထောင်ဖို့ တိန်ရှောင်ဖိန့်ကို ပြန်ခေါ်ပါတယ်။ မော်စီတုန်း ကွယ်လွန်ပြီး ၁၉၇၈ နောက်ပိုင်း တရုပ်ပြုပြင်ပြောင်းလဲမှု စတင်ခဲ့ပါတယ်။
.
..
ပထမဆုံး ပညာရေးနဲ့ပဲ အနောက်နိုင်ငံများကို အမီလိုက်ပါတယ်။ အခုတော့ GDP မှာ ဂျာမဏီ ဂျပန် တွေကို ကျော်လွှားပြီး ၂၀၁၅ မှာ အမေရိကန်ကို ကျော်ပြီး ကမ္ဘာ နံပါတ်(၁) ဖြစ်သွားပါပြီး။ မြန်မာပြည်မှာလဲ ပညာရေးပြုပြင်မှု အင်္ဂလိပ်စာဗဟိုပြု ကမ္ဘာကို ထိုးဖောက်ဖို့ စတင်နေပါပြီ။
ပညာရေးနဲ့ နည်းပညာများကို ဘယ်လိုနည်းနဲ့ ရယူသွားပုံများ . . ပညာခေတ်ကို ရောက်ရှိသွားပုံ။ တရုပ်ခေါင်းဆောင်များက အမျိုးသားစိတ်နဲ့ အခက်ခဲများကြားများက ဘက်စုံ တိုးတက်ပြီး ယခုကမ္ဘာ့ထိတ်တန်း နိုင်ငံ အဖြစ် ရောက်နေပုံ တရားဝင် တရားမဝင် လုပ်နည်းများသုံး ပြီး . . တဦးခြင်းကြိုးစားသွာပုံ တရုပ်အစိုးရ ပံ့ပိုးမှုများကို ပြောပြသွားပါတယ်။
.
စီးပွား ကုန်ထုတ်လုပ်ငန်းများကို ပြောသွားပါတယ်။ မြန်မာသမ္မတကြီးကလည်း စိတ်သဘောကောင်းဖို့ လူငယ် လူလတ်ပိုင်းတွေမှာ လုပ်ခဲ့ပါတယ်။
.
.
Comment. .
သူ့ရဲ့ စာတန်းမှာ Good Attitude ကိုတော့ များများ မပြောပေမဲ့ . . အုပ်ချုပ်သူ တရုပ်အစိုးရ ခေါင်းဆောင်များ ကို ရွေးချယ် အုပ်ထိန်းသူကြီး တိန်ရှောင်ဖိန့် အလား မြန်မာပြည်မှာ ထူးချွန် မေတ္တာစွမ်းအားကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည် ရှိနေပါတယ်။ အောင်မြင်မှာ ယုံကြည်ပါတယ်။
MDG Series. .
Dec 2016

တရုပ်နိုင်ငံ တိန်ရှောင်ဖိန့် . . ၇၄နှစ် အရွယ်မှာ စတင်ပြောင်းခဲ့တယ်။ မြန်မာပြည် ဒေါ်အောင်ဆန်းစုကြည် ၇၀နှစ်မှာ စတင်ပါတယ်။ . .
.
ပြည်ပချေးငွေ ဆို အကျိုးမြတ်တွက်ချက်ခြင်း . . ၆လတခါ Progress Report ချေးတဲ့ဌာနက တင်ခြင်းတွေ လုပ်နေပါပြီ။ ဖွံ့ဖြိုးမှုအကူညီ (ချေးငွေ) အဖွဲ့ ဖွဲ့ပေးပြီးပါပြီ။ နင်းကန်ချေးပြီး သုံးဖြုန်း ခွက်လန်ရှုံး အတိုးရင်း လစဉ်ပြန်မဆပ်နိုင်လို့ ၁၉၈၇ တုန်းက မြန်မာပြည် Bankcrupcy ဖြစ်ခဲ့တာ 2013 ဦးသိန်းစိန် လက်ထက်မှ လွတ်သွားပြီး ချေးငွေတွေရလာပါတယ်။
.
ဗဟိုဘဏ် နဲ့ စီမံဘဏ္ဍာဝန်ကြီးဌာန ငွေကြေးစနစ်ကျအောင် (ဝန်ကြီးဌာန အရာရှိငယ်တွေ မဘုန်းအောင်. . ဇီးသီဗန်းမမှောက်အောင်) လုပ်နေကြပါပြီ။
တရုပ် . ဗီယက်နမ် . စင်ကာပူ . တောင်ကိုးရီးယား . . တွေက ကောင်းတာတွေ အတုယူနေပါတယ်။ အကျင့်ပျက် တွေကတော့ . .တပုံကြီး. . ဘယ်လောက်ကြာမလဲမသိပါ။ 










Other concerns about our leader's ambition !!!

Zeya Thu
စင်ကာပူကို ကျော်တက်နည်း
စင်ကာပူကို နှစ် ၂၀အတွင်း ကျော်တက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူခရီးစဉ်တွင် ပြောကြားလိုက်ရာ ယင်းစကားသည် ကမ္ဘာကျော်သွားသည်။ အရှေ့တောင်အာရှအတွင်းတွင် တစ်ခုတည်းသော ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံကို မြန်မာနိုင်ငံက အမီလိုက်နိုင်မည့်နည်းများကို ရေးသားလိုက်ပါသည်။ ထိုသို့မရေးသားမီ စကားပလ္လင်ခံလိုသည်မှာ မြန်မာနှင့် စင်ကာပူသည် မတူပါ။ စင်ကာပူသည် မြန်မာ့လူဦးရေ၏ ဆယ်ပုံတစ်ပုံသာရှိသည်။ စင်ကာပူသည် ကျွန်းငယ်လေးသာဖြစ်ပြီး ရန်ကုန်မြို့ အရွယ်အစားလောက်သာရှိသည်။ စင်ကာပူတည်ထောင်စက မြန်မာကဲ့သို့ လက်နက်ကိုင်အများအပြားဖြင့် စစ်မက်ဖြစ်ပွားနေခြင်းမရှိပါ။ သို့သော် စင်ကာပူထံမှ သင်ခန်းစာများကို စင်ကာပူနှင့် အခြေအနေကွာချင်တိုင်းကွာသော တရုတ်၊ ဗီယက်နမ်တို့က လေ့လာခဲ့ကြသည့်အတွက် မြန်မာသည်လည်း ယူလျင် ယူရမည်သာ။ သို့ဖြစ်ရာ ငါးကြင်းဆီနှင့် ငါးကြင်းကြော်နိုင်ရေးအတွက် စင်ကာပူ၏ နည်းနာများကို လေ့လာကြပါစို့။
ခေါင်းဆောင်မှု
သဘာဝသယံဇာတဆို၍ ရေပင် သောက်စရာ မရှိသော စင်ကာပူနိုင်ငံသည် တတိယကမ္ဘာအဆင့်မှ ပထမကမ္ဘာအဆင့်သို့ မျိုးဆက်တစ်ဆက်အတွင်း ရောက်ရှိအောင်မြင်မှုသည် စင်ကာပူခေါင်းဆောင်များကြောင့် ဖြစ်သည်။ အမျိုးလည်းချစ်၊ ထက်လည်းထက်မြက်သော ခေါင်းဆောင်အဖွဲ့ leadership team ဖွဲ့စည်းနိုင်သဖြင့် စင်ကာပူသည် လူအများခန့်မှန်းသည်နှင့် ဆန့်ကျင်ပြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ခဲ့ခြင်းသာ။ လီကွမ်ယု၊ ဂိုကမ်ဆွီး၊ ရာဂျာရတ်နမ်တို့သည် စင်ကာပူနိုင်ငံကိုချစ်သော၊ အရည်အချင်းရှိသော ခေါင်းဆောင်များအဖြစ် တာဝန်များကို ခွဲဝေယူပြီး စင်ကာပူကို တွန်းနိုင်ခဲ့သည်။ ထိုခေါင်းဆောင်အဖွဲ့သည် စင်ကာပူကို အစဉ်အဆက်ဦးဆောင်မည့် လူငယ်မျိုးဆက်သစ်များကိုလည်း စနစ်တကျ မွေးမြူပြီး အရိုက်အရာလွှဲပြောင်းခေါင်းဆောင်စေခဲ့သည်။ မြန်မာနိုင်ငံသည် စင်ကာပူကို နှစ်၂၀နှင့် ကျော်တက်မည်ဆိုလျင် လီကွမ်ယု၊ ဂိုကမ်ဆွီးတို့ အဖွဲ့ထက်သာသော leadership team ဖွဲ့နိုင်ရမည်။ စင်ကာပူ၏ လက်ရှိ အစိုးရအဖွဲ့လူစာရင်းနှင့် မြန်မာအစိုးရအဖွဲ့လူစာရင်းတို့ကို ကြည့်လျင် မည်သည့်နေရာဖြည့်ရမည်၊ မည်သည့်နေရာတွင် မြန်မာက သာသည်ကို မြင်ရမည်။ နောက်တစ်ချက် ကျန်သေးသည်။ ထိုခေါင်းဆောင်များသည် ပြည်သူအများကို အလိုလိုက်သူများမဟုတ်၊ ချစ်တတ်သူများဖြစ်သည်။
လူသားသယံဇာတ
စင်ကာပူသည် သဘာဝသယံဇာတမရှိသည့်အတွက် လူသားသယံဇာတကိုသာ အားကိုးရမည်ကို သဘောပေါက်သောကြောင့် လူအတွက် ပိုက်ဆံသုံးသည်။ အလားအလာအကောင်းဆုံးသူများကို တစ်ဆင့်ပြီးတစ်ဆင့်ပျိုးထောင်ပေးသည်။ ဗြိတိန်နှင့် အမေရိကန်တက္ကသိုလ်ကြီးများသို့လွှတ်ပြီး နိုင်ငံတော်ပညာသင်ဆုနှင့် ပညာသင်ပေးသည်။ ယခုဝန်ကြီးချုပ်လီရှန်လွန်းနှင့် ယခင်နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုးတို့သည် ထိုသို့ နိုင်ငံတော်ပညာသင်ဆုရခဲ့သူများဖြစ်သည်။ အရေးကြီးသောနေရာတိုင်းတွင် နိုင်ငံတွင်းမှ အတော်ဆုံးဆိုသူများကို ထားသည်။ စင်ကာပူကျောင်းသားများသည် ကမ္ဘာပေါ်တွင် သင်္ချာအတော်ဆုံးဆိုသူများထဲတွင် ပါသည်။ သိပ္ဗံနှင့် သင်္ချာကို အလေးထားသောကြောင့် စင်ကာပူတွင် စက်မှုတိုးတက်သည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်အတူ ရောက်လာသော နည်းပညာများကို အလွယ်တကူစုပ်ယူနိုင်သည်။
နောက်ပိုင်းတွင် စင်ကာပူပညာရေးကို မြှင့်တင်ကာ ဒေသတွင်း ပညာရေးအချက်အချာအဖြစ် တည်ဆောက်လိုက်သည်။ စင်ကာပူသားတို့ ပညာကောင်းကောင်းရသည့်အပြင် ဒေသတွင်းနိုင်ငံများမှ လူတော်များကို ဆွဲဆောင်နိုင်သည်။ ပညာကောင်းကောင်းလိုချင်သော အနီးအနားနိုင်ငံမှ လူတော်များ စင်ကာပူ တက္ကသိုလ်ကြီးများတွင် လာတက်သည်။ ကျောင်းပြီးလျင် စင်ကာပူတွင် သူတို့ဆက်နေကြ။ အလုပ်လုပ်ကြသည်။ ထိုနည်းဖြင့် စင်ကာပူဆက်လက်ကြီးထွားရန်လိုသော လူသားသယံဇာတများသည် အဆက်မပြတ်စီးဝင်နေသည်။ လူသားသယံဇာတကို အလေးထားလွန်းသည့်အတွက် မိမိနိုင်ငံသား လူသားသယံဇာတများနှင့်တင် မတင်းတိမ်နိုင်ဘဲ အခြားနိုင်ငံမှ လူသားသယံဇာတများကိုပါ လှမ်းဆွဲယူနိုင်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပညာရေးကောင်းအောင် အမြန်လုပ်ဆောင်ရမည်။ သမားရိုးကျပညာရေးကို ပြင်နေလျင် ဆယ်နှစ်ဆယ့်ငါးနှစ်ကြာမှ အသီးအပွင့်ရမည်ဖြစ်သည့်အတွက် စောင့်မနေဘဲ မြန်မြန်အသီးခူးစားရမည့် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ၊ တက္ကသိုလ်ပြင်ပပညာရေးကောင်းမွန်အောင် ရေတိုတွင်အာရုံစိုက်သင့်သည်။ စင်ကာပူရောက် ကျွမ်းကျင်မြန်မာများသည် နိုင်ငံတကာလုပ်ငန်းခွင်အတွေ့အကြုံရှိသည့်အပြင် မြန်မာလိုပြောတတ်၊ မြန်မာအကြောင်းသိသူများဖြစ်သည့်အတွက် ယင်းတို့အားကို မြန်မာ့ကြီးပွားရေးအတွက် အသုံးချရန်လိုသည်။
အဂတိကင်းစင်ရေး
စင်ကာပူသည် ၁၉၆၅လွတ်လပ်ရေးရပြီးကတည်းက တစ်ပါတီတည်းက ရွေးကောက်ပွဲအကြိမ်ကြိမ်နိုင်ပြီး အာဏာရခဲ့သော်လည်း တစ်ပါတီတည်းက စဉ်ဆက်မပြတ်အုပ်ချုပ်ခဲ့သည့် နိုင်ငံအများအပြားနှင့်မတူဘဲ အဂတိကင်းသည်။ စင်ကာပူဝန်ကြီးချုပ်နှင့် ၀န်ကြီးများသည် ကမ္ဘာပေါ်တွင် လစာအကောင်းဆုံး အစိုးရအဖွဲ့ဝင်များဖြစ်ခြင်းက ခြစားမှုအကင်းဆုံး အစိုးရအဖွဲ့ကို ဖြစ်ပေါ်စေသည်လားထင်ရသည်။ စင်ကာပူအစိုးရသည် အစိုးရအဖွဲ့ဝင်များအပါအ၀င် အစိုးရ၀န်ထမ်းများကို လစာကောင်းကောင်းပေးသည်။ လာဘ်တော့ မစားနှင့် လုံးဝသည်းမခံ။ စင်ကာပူဝန်ကြီးချုပ် လီရှင်လွန်း၏ လစာသည် တစ်နှစ်လျင် ဒေါ်လာ၁.၇သန်းရှိပြီး ကမ္ဘာပေါ်တွင် လစာအမြင့်ဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်သည်။ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ဂျပန်နှင့် ဗြိတိန်နိုင်ငံ ငါးနိုင်ငံမှ ထိပ်ဆုံးခေါင်းဆောင်များ၏ နှစ်စဉ်လစာအားလုံးပေါင်းနှင့်တူတူဖြစ်သည်။
မြန်မာနိုင်ငံသည် အဂတိကင်းစင်ရေးတွင် စင်ကာပူကို မီရန် အတော်လုပ်ရမည်။ အစိုးရ၀န်ထမ်းများအပါအ၀င် အစိုးရအဖွဲ့ဝင်များ၏ လစာသည် မက်လောက်စရာမရှိပါ။ ခြစားမှုတိုင်းတာသော ပေတံတစ်ရပ်ဖြစ်သည့် Corruption Perceptions Index တွင် နိုင်ငံပေါင်း ၁၆၈နိုင်ငံအနက် စင်ကာပူက နံပါတ်၈ ချိတ်သည့်အတွက် ကမ္ဘာတွင် ခြစားမှုအနည်းဆုံး တိုင်းပြည်တစ်ပြည်ဖြစ်ပြီး မြန်မာက ၁၄၇ဖြစ်သည်ကိုကြည့်လျင် မြန်မာတို့ စင်ကာပူကို ကျော်ရန် မည်မျှကြိုးစားရမည်ကို မြင်နိုင်သည်။
စီးပွားရေးကို အာရုံစိုက်ခြင်း
စင်ကာပူအစိုးရသည် နိုင်ငံစထောင်ကတည်းက စီးပွားရေးကို အာရုံစိုက်သည်။ စင်ကာပူအစိုးရနှင့် ၀န်ထမ်းများသည် စီးပွားရေးလုပ်ခြင်းကို မကောင်းသောအရာဟု ထင်မြင်ခြင်းမရှိကြ။ စင်ကာပူအစိုးရသည် စီးပွားရေးအမြင်ရှိပြီး စီးပွားရေးလုပ်ငန်းရှင်များကဲ့သို့ စဉ်းစားနိုင်ကြသည်။ စင်ကာပူသည် သူ့နိုင်ငံတွင် စီးပွားရေးလုပ်ရကိုင်ရလွယ်ကူအောင် စီမံပေးထားသည်။ ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်သည့် “စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု” Ease of Doing Business ပေတံတွင် နိုင်ငံပေါင်း ၁၉၀အနက် စင်ကာပူသည် ဒုတိယ။ စီးပွားရေးအမြင်ရှိခြင်း၊ ခြစားမှုကင်းစင်ခြင်းတို့ကြောင့် စင်ကာပူသည် နိုင်ငံတကာရင်းနှီးမြုပ်နှံသူများအကြိုက်နေရာဖြစ်လာသည်။
မြန်မာတွင် အစိုးရအဖွဲ့တွင်းတွင်ရော အစိုးရယန္တရားတွင်းတွင်ပါ ဆိုရှယ်လစ်အတွေးအခေါ်များ ကျန်ရစ်သေးပြီး စီးပွားရေးလုပ်ကိုင်ခြင်းကို အကုသိုလ်သဖွယ် မြင်နေကြသေးသည်။ စီးပွားရေးအမြင်လည်း ခေါင်းပါးသည်ဟုသာ ပြောရမည်ဖြစ်သည်။ ယခင်ကထက် စာလျင် ဖြေလျှော့မှုများစွာဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း စီးပွားရေးလုပ်ရကိုင်ရ မလွယ်ကူပါ။ စင်ကာပူ ဒုတိယရသော Ease of Doing Business Rankingတွင် မြန်မာသည် အဆင့်၁၇၀ရထားသည်။ စင်ကာပူကို နှစ်၂၀အတွင်း ကျော်တက်ချင်လျင် အစိုးရအဖွဲ့တွင်း စီးပွားရေးအမြင်ထက်မြက်သူများ နေရာရရန်လိုသည်။
မြန်မာက စင်ကာပူကို နှစ်၂၀အတွင်း ကျော်တက်နိုင်ရန် အနည်းဆုံးအားဖြင့် အထက်ပါ ခေါင်းစဉ်များတွင် စင်ကာပူကို ကျော်တက်နိုင်ရမည်။ ထပ်ပြောပါမည်၊ “အနည်းဆုံးအားဖြင့်”။
ဇေယျသူ
The Voice Weekly. December 11 2016


Than Than Myint ; said ....
မကောင်းတဲ့သူတစ်ယောက်ကို
ကောင်းချင်တဲ့သူ၉ယောက်ကထိန်းဖို့
ိကြိုးစားမယ်လို့တစ်တိုင်းပြည်လုံး ဆုံးဖြတ်တဲ့နေ့ဟာတိုင်းပြည်စတိုးတက်တဲ့နေ့ပဲဖြစ်ပါတယ်။
...See More
Han Soe Thway
အားငယ်ရပေမယ့်
အားတင်းပြီးရုန်းကန်ကြိုးစားလိုက်ကြစမ်းပါ
±±±±±±±±±±±±±±±±
၁၉၇၈ ခုနှစ်မှာ တရုတ်ခေါင်းဆောင် တိန့် ရှောင်ဖိန် လက်ထဲ အကြွင်းမဲ့ အာဏာ ရောက်လာတယ်။ တိန့် က မကြာခင် သမိုင်းဝင်တဲ့ စကားတစ်ခွန်း ပြောတယ်။
"တချို့ လူတွေကို အရင်ပေးချမ်းသာလိုက်ပါ၊ ချမ်းသာတာ ကျက်သရေ ရှိပါတယ်"တဲ့။
ပစ္စည်းမဲ့ ဝါဒကို ခေါင်းပေါ်တင်ထားတဲ့ နိုင်ငံမှာ စီးပွားရေး လုပ်ဖို့ လှုံ့ ဆော်တဲ့ စကား ကြားရတာ ထူးဆန်းတယ်။ ပြီးတော့ ဒီစကားကို ပြောတဲ့သူက တသက်လုံး ဦးထုပ်နီ ဆောင်းထားတဲ့ ကွန်မြူနစ်ကြီး။ အဲဒီအချိန်မှာ တပ်ပျက်ကို ဦးဆောင်ရမယ့် တိန့်  အသက်က ၇၄ နှစ် ရှိပြီ။
တရုတ်ပြည် အဲတုန်းက အခြေအနေ နည်းနည်းပြောပြမယ်။ ကိုရီးယားစစ်မှာ ဝင်ပါထားလို့  စစ်စရိတ် အများကြီး ကုန်ထားတယ်။ ကမ္ဘာ စစ်အင်အား အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်တဲ့ ဆိုဗီယက်က နယ်စပ်လုံခြုံရေးကို တောက်လျှောက် ခြိမ်းခြောက်နေတယ်။ မဟာဗျူဟာ ရန်ဘက်ကြီး အမေရိကန် ကလည်း ကွန်မြူနစ် နွားနှစ်ကောင် အကွဲ ကျားဆွဲဖို့  ချောင်းနေချိန်။ သမိုင်းရန်ကြွေး အကြီးဆုံး ဂျပန်က တဟုန်ထိုး တိုးတက်နေတယ်။
ပြည်တွင်းမှာ စီးပွားရေး မူဝါဒပိုင်းမှားယွင်းလို့  စားနပ်ရိက္ခာ ပြတ်လပ်ပြီး လူသန်း ၃၀ ကျော် ငတ်သေထားတယ်။ ဆန်ပြုတ် တခွက်ကို ဆားခတ်ပြီး မိသားစုလိုက် သောက်ရတဲ့ အခြေအနေ ရှိတယ်။ စိုက်ပျိုးမြေ ရှားပါးတယ်။ တနိုင်ငံလုံး ဧရိယာရဲ့  ၁၀ ပုံ ၁ ပုံ လောက်ပဲ စိုက်လို့  ဖြစ်ထွန်းတယ်။ ကုန်ထုတ် လုပ်ငန်း မဖွံ့ ဖြိုးဘူး။ ထမင်းကြွေးရမယ့် ပါးစပ်ပေါက် သန်း ၉၀၀ ရှိတယ်။ ယဉ်ကျေးမှု တော်လှန်ရေးရဲ့  ပေးခဲ့တဲ့ ဆယ်နှစ်တာ ဒဏ်ရာ တွေက ဗလပွ။
ဒီစကားနဲ့  စီးပွားရေးလုပ်ဖို့  ဆော်သြလိုက်ပြီး နောင် ၈ နှစ်အကြာ ၁၉၈၆ မှာတော့ တရုတ်ပြည်မှာ ပုဂ္ဂလိက လုပ်ငန်းပေါင်း ၁.၆ သန်းပေါ်လာတယ်။ သမဝါယမ လုပ်ငန်း ၁.၇ သန်း ပေါ်လာတယ်။ ဒီနှစ်ခု ကနေ ဝန်ထမ်း ၁၁၅ သန်းကို အလုပ်ပေးခဲ့တယ်။ မိသားစု များစွာ မှီခိုရာ ရခဲ့တယ်။ နိုင်ငံပိုင် စီးပွားရေး စုစုပေါင်း ၈၅၀၀၀ ပေါ်ပေါက်ခဲ့တယ်။ ဒီကနေလည်း ဝန်ထမ်းများစွာ အလုပ်ရခဲ့တယ်။
ဒီကနေစပြီး တရုတ် လူငယ်တွေ ကွန်မြူနစ် ခြေမန်းကွင်း ကျွတ်လို့ ထပြေးရာကနေ အပြောင်းအလဲကို ဆက်တိုက် ဖြစ်ပေါ်စေခဲ့တယ်။ ခုချိန်မှာတော့ တချိန်က အဆင်းရဲဆုံး နိုင်ငံ တရုတ်ဟာ ရာစုသစ်ရဲ့  စူပါပါဝါ နေရာ ပြောင်းယူဖို့  အဆင်သင့် ဖြစ်နေပါပြီ။
၂၀၁၆ ခုနှစ် စင်္ကာပူ လုပ်ငန်းရှင်တွေနဲ့  တွေ့ ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းပြောတယ်။
“နောင်နှစ်နှစ်ဆယ်မှာ စင်ကာပူကို ကျော်တက်မယ်” တဲ့။
ကမ္ဘာအဆင်းရဲဆုံးနဲ့  ပြည်တွင်းစစ် အရှည်ကြာဆုံး နိုင်ငံရဲ့  လုပ်ပိုင်ခွင့် အပြည့်အဝ မရှိသေးတဲ့ ခေါင်းဆောင်ကပြောတော့ မဖြစ်နိုင်ဘူး ထင်ကြတယ်။ ကျနော် အနေနဲ့ တော့ ဒီစကားကို အပြည့်အဝ ယုံကြည်တယ်။ မြန်မာပြည် တိုးတက်ဖို့ ဆိုတာ တိန့် ရဲ့  တရုတ်ပြည် နဲ့  ယှဉ်ရင် ဘယ်လောက်များ ပိုခက်ခဲလို့ လဲ။
မြန်မာပြည်မှာက လူဦးရေ ၅၁ သန်း ပဲရှိတယ်။ စိုက်ပျိုးမြေ နေရာ အကျယ်ကြီး ရှိတယ်။ ကျောက်တောင်ထိပ်နဲ့  ရေခဲတောင်တွေက လွဲရင် ကျန်တဲ့နေရာ အကုန် စိုက်ပျိုးလို့ ရတယ်။ ရေချို မြစ်ကြီး ၄ စင်းနဲ့  မြစ်ငယ် အများကြီး ရှိတယ်။ သစ်တောနဲ့  မြေအောက် သယံဇာတ (ရေနံ၊ ဓာတ်ငွေ့ ၊ ကျောက်မျက် နှင့် တွင်းထွက် ဓာတ်သတ္ထုများ) တွေ ကျန်သေးတယ်။ ပင်လယ် သယံဇာတ နှင့် ပထဝီ အနေအထား အချက်အခြာ ကျမှု ပါထည့်တွက်ရင် ဘာ မဖြစ်နိုင်စရာ ရှိလည်း။
မြန်မာပြည်ရဲ့  အဓိက ပြဿနာက ကိုယ်ကျိုး အတွက် မရပ်ချင်လို့ ကို မရပ်သေးတဲ့ စစ်ပွဲတွေရယ်၊ အရင် အစိုးရ အဆက်ဆက် မဲလိုချင်လို့  မီးမွှေးထားခဲ့တဲ့ အနောက်တံခါး ပြဿနာနဲ့  လူစွမ်းအား အရင်းအမြစ် ရှားပါးတာပဲ ရှိတယ်။
တိန့်  ကတော့ တရုတ်ပြည်ကို မျက်လှည့်ပြသလို တိုးတက်အောင် အကောင်အထည် ဖော်နိုင်ခဲ့တယ်။ တိန့်  ၁၉၇၈ မှာ ရခဲ့တဲ့ အာဏာက အကြွင်းမဲ့ အာဏာ လို့  ခေါ်တယ်။ ပါတီ၊ စစ်တပ်၊ အုပ်ချုပ်ရေး အာဏာ အပါအဝင် တရားစီရင်ရေး ကအစ အကုန် သူ့  သြဇာ အောက်မှာ ရှိတယ်။ သူ့ နောက်မှာ အရည်အချင်း ရှိတဲ့ ကွန်မြူနစ် ခေါင်းဆောင်တွေ ရှိတယ်။ တနေ့ ကို ၁၆ နာရီ လောက် အလုပ်လုပ်နိုင်တဲ့ တရုတ် လူငယ် မျိုးဆက် ရှိတယ်။ ဒီထဲမှာမှ တရုတ်ပြည်သူတွေရဲ့  ဆင်းရဲတွင်းထဲက ခုန်ထွက်ချင်စိတ်က အဓိကပဲ။
အန်တီ အတွက် နိုင်ငံတော် အကြီးအကဲ အနေနဲ့  လုပ်ပိုင်ခွင့် အပြည့်အဝ ရမယ်။ ကျားကုတ်ကျားခဲ လုပ်မယ့် နောက်လိုက် ခေါင်းဆောင်တွေ ရှိမယ်။ လူစွမ်းအား အရင်းအမြစ်ကို အချိန်တို အတွင်း မြင့်တင်နိုင်ရင် ပထဝီ အနေအထား အရ ဂိတ်ဆုံးနေတဲ့ စင်ကာပူကို နောင်နှစ်ဆယ်မှာ ဘာလို့  မကျော်နိုင်ရမလဲ။
ဦးပေါ်ဦး ဆင်ဖြူတော် ပုံပြင်နဲ့  နှစ်နှစ်ဆယ်ကို ဟာသ ထုတ်နေသူတွေကို ပြောရရင် တရုတ်ပြည် စူပါပါဝါ ဖြစ်ချိန်မှာ အပြောင်းအလဲ အတွက် နှစ် ၃၀ စီမံကိန်း ဆွဲခဲ့တဲ့ တိန့်  မရှိတော့ဘူး။ ဒါပေမယ့် တရုတ် လူငယ်တွေရဲ့  စိတ်ထဲကို တိန့်  ရိုက်သွင်းပေးခဲ့တဲ့ စကားလုံးရဲ့  ဆင့်ကဲ ဖြစ်စဉ်ကနေ ဧရာမ စီးပွားရေး ဘီလူးကြီးကို မွေးဖွားခဲ့တယ်။
ခု အန်တီ ပြောခဲ့တဲ့ စကားကိုလည်း ဒီသဘောပဲ ခံစားတယ်။ မြန်မာ လူငယ်မျိုးဆက်ရဲ့  စိတ်ထဲကို “ ဒီနေ့  ပြိုင်ပွဲ စပြီ၊ မင်းတို့  စကြိုးစားတော့၊ အန်တီ မရှိရင်တောင် ဆက်ကြိုးစားတော့“ လို့ အချက်ပေးတယ်လို့  ခံစားရတယ်။ နှစ်နှစ်ဆယ် ဆိုတာ ကြိုးစားမယ်ဆို လုံလောက်တဲ့ ပမာဏပဲ။
မဖြစ်နိုင်ဘူး ပြောနေတာထက် ကိုယ်နဲ့ ဆိုင်တဲ့ တာဝန် ကိုယ်ထလုပ်တာ ကောင်းတယ်။ အုပ်ချုပ်ရေး ကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စနဲ့  စီးပွားရေး မူဝါဒပိုင်းတွေက အန်တီ လုပ်ရမယ့် ကိစ္စ။ ကိုယ်ကိစ္စက ကို်ယ်နဲ့  သက်ဆိုင်တဲ့ နယ်ပယ်မှာ စင်ကာပူက လူတွေထက် နှစ်နှစ်ဆယ် အတွင်း သာအောင်လုပ်ဖို့ ပဲ။ နိုင်ငံတစ်နိုင်ငံကို ထူထောင်ဖို့  လူတစ်ယောက်တည်းမှ လုပ်လို့ မှ မရဘဲ။ အားလုံး ကိုယ်တာဝန် ကိုယ်ကြေရင် ဘာလို့  မကျော်နိုင်ရမလဲ။
လက်နက်ကိုင်ထားတဲ့ ခေါင်းဆောင်တွေ ရိုးသားဖို့ သာ အဓိကလိုတယ်။ သူတို့ ရိုးသားရင် တိုင်းပြည်ရဲ့ ပြဿနာ တဝက်လောက် ပြေလည်သွားလိမ့်မယ်။ လူများစုရဲ့ တာဝန်ဝင်ယူမှုက တိုင်းပြည် အနာဂါတ်ကို ဆုံးဖြတ်လိမ့်မယ်။ မဖြစ်နိုင်ဘူး ထင်ရင် နေခဲ့ပေါ့။ ဖြစ်နိင်သူတွေ အတွက်ကတော့ အန်တီ စကားက ပခုံးပေါ် တင်ထမ်းပြီး လက်တွေ့  အကောင်အထည် ဖော်ရမယ့်၊ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းရမယ့် တာဝန်လို့ ပဲ စိတ်ထဲ ဆုံးဖြတ်ပါတယ်။
(တရုတ်ပြည် အပြောင်းအလဲ အကြောင်း စိတ်ဝင်စားသူတွေ ဖတ်လို့ ရအောင် အရင်ရေးခဲ့တဲ့ စာ အဟောင်း လင့် လေး ကောမန့် မှာ တွဲတင်ပေးလိုက်ပါတယ်။)
ရေးသားသူ-Phyo Ko Ko Naing






:)

No comments:

Post a Comment