Friday, August 7, 2020

.လမ်းသစ်ဖွံဖြိုးရေး JICA ချေးငွေ Y27 billion(us$254 သန်း)

 ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီး 

...ADB ချေးငွေ us$ 483 သန်း

...လမ်းသစ်ဖွံဖြိုးရေး JICA ချေးငွေ Y27 billion(us$254 သန်း)


ချေးငွေများကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး မဲခွဲတော့ NLD အများစု တက်ရောက်သူ ၅၅၂ ဦးမှာ. ကန်ကွက် ၂၁၆ဦး(39.1%) ဖြစ်လို့ အများစုထောက်ခံမှုနဲ့ အတည်ပြုလိုက် ပါတယ်။ တပ်မတော်နဲ့ကြံခိုင်ရေး ၂၀၀ မဲကန့်ကွက်ကြပါတယ်။ 

.

NLD အမတ် ဒေါ်ယဉ်မင်းလှိုင်က သုံးသပ်ဆွေးနွေးရာမှာ ဘာကြောင့် ဒီလိုလမ်းမျိုး တမိုင် ကျပ် ၅ဘီ လျံ လောက် ကုန်ကျချိန် တမိုင် ကျပ် ၂၀ ဘီလျံတောင်မှ ကုန်ကျရပါသလဲ မရှင်းပြတာကို ထောက်ပြပါတယ်။ ဗီယက်နမ်မှာ ဒါလောက်မကုန်ကြောင်း၊ မမျှော်မှန်းနိုင်တဲ့ ကုန်ကျစရိတ်ကို လျပ်စစ်မှာ ၅% ပဲ ပြထားပေမဲ့ ဒီ လမ်းတံတားစီမံကိန်းက ၂၂% အထိ တင်ထားတာလဲ မေးသွားပါတယ်။ (She is NLD MP and I believe she may not aganst မကန့်ကွက် NLD gov loan. But she will try not to waste this Big money). 

link

https://m.facebook.com/story.php?story_fbid=2637681023147720&id=100007175433726

.

ဒီလို နိုင်ငံခြားငွေနဲ့ ချေးသည်ဖြစ်စေ၊ P.P.P(B.O.T) ဖြစ်စေ တင်ပြလာမှုကို စနစ်တကျ ပြန်စီစစ်ဖို့ လိုကြောင်း ဒေါ်ယဉ်မင်းလှိုင် ဆွေးနွေးသွားပါတယ်။ အလွန် အချက်ကျလှပါတယ်။ 

.

အကြွေးရတိုင်း မယူသင့်ပါ။ လမ်းတံတားဌာန မှ ပုဂလိက အတိုင်ပင်ခံ Consultant ကုမဏီ (၃) ခု ငှားပြီး ပြန်စီစစ်သင့်ပါတယ်။ ကုမဏီ များ တင်ပြချက်ပေါ်ကြည့်ပြီး ADB နဲ့ ​ပြန်ညှိရမှာပါ။ ဂျပန်နိုင်ငံ အဝေးပြေးလမ်းမကြီးလို ချယ်ရီပန်းပင်တွေ၊ အပမ်းဖြေ ဥယျာဉ်တွေ အလွန်လှပစွာ ဆောက်လုပ်ဖို့ လိုသလား စဉ်းစားရမှာပါ။ 

.

ဒီလောက်ကြီးတဲ့ အဝေးပြေးလမ်းမကြီးကို အပျံစား၊ အကောင်းစား ဆောက်လုပ်မယ်၊ ဈေးက ၄ဆမကဈေးကြီးမယ်။ အကြွေးတွေ နှစ်၄၀ နောင်လာနောင်သားတွေ ဆပ်ရမယ်။ 

.

ကျနော်က အင်အယ်ဒီ Strong Supporter ဖြစ်ပါတယ်။ . ဒီလို သာမန်ဈေးနှုန်းထက် အဆ ၄ဆ ဈေးကြီး (တမိုင် ကျပ် ၂၀ဘီလျံ) ကို ဘယ်လို နိုင်ငံရေး ရည်မှန်းချက် ရှိနိုင်ပေမဲ့.  နားမလည်ပါ။ ဒုဝန်ကြီး MD ဦးကျော်လင်း က ရှင်းပြပေမဲ့ နားမလည်ပါ။ 

.

မလေးရှား က ၁၀နှစ်အုပ်ချုပ်ပြီး.. အဲဒီလို အဆမတန်ဈေးကြီးတဲ့ အဝေးပြေးလမ်း၊ မီးရထားလမ်း၊ လျှပ်စစ်ဓာတ်အားပေးရုံ၊ ရေနံချက်စက်ရံ၊ ပန်းခြံ ကမ်းခြေအပမ်းဖြေစခန်း အများကြီး (၂ဆ၊ ၃ဆ မက ဈေးကြီးကြီးနဲ့) ဂျပန်ကုမဏီတွေ၊ တရုပ်ကုမဏီတွေ၊ JICA၊ ADB စတဲ့  .ငွေရှင်ကြီးများဆီက ချေးယူတယ်။ အသစ်တက်လာတဲ့ အစိုးရ ထုတ်ပြန်ချက်အရ ဒေါ်လာ us$ 388 billion တိုင်းပြည်နစ်နာ ရတယ်။ 


နာဂျစ်ခမြာ 2018 ရွေးကောက်ပွဲရှုံးတာနဲ့ ချက်ခြင်း ထွက်ပြေးဖို့ကြိုးစားတာ ဖမ်းဆီးလိုက်ပါတယ်။ အခု အမှုများစွာနဲ့ ၂နှစ်ကြာစစ်ဆေးတာ ပထမအမှု ထောင်၁၀နှစ်ဆိုလား အမိန့်ချပါတယ်။ 

.

မြန်မာပြည်မှာ အတွက် သင်ခန်းစာယူဖို့ပါ။

.

TSP (Budget)

2-8-2020


No comments:

Post a Comment