Sunday, August 23, 2020

စံပြ ပညာရှင် အမေရိကန် iPhone စတိဂျော်ချ် နဲ့ Microsoft ဘီလ်ဂိတ်

 ကြိကြိတက်ချမ်းသာချင်သလား 

(လူချမ်းသာ နဲ့ စိတ်ချမ်းသာ ၂မျိုးအကြောင်း)

=========================

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ စင်ကာပူက မြန်မာများကိုလာတွေ့ပြီး ပြောတယ်။ လူငယ်တွေ ငွေကိုပဲ အဓိကထားနေကြတာ ၀မ်းနည်းစရာပဲ.. ပညာကိုအဓိကထားဖို့ အားပေးစကားပြောသွားပါတယ်။ စင်ကာပူကို တက္ကသိုလ် တက်နေတဲ့ လူငယ်လေးများနဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောကြည့်တော့ ..ဘွဲ့ရရင် စင်ကာပူမှာပဲ အလုပ်ဆက်လုပ်မယ်လို့ပြောတယ်။ လစာချင်းက သိပ်ကွာခြားတာကိုး။ မြန်မာနိုင်ငံမှာ ပညာတတ်လူငယ်များအတွက် အလုပ်အကိုင် ရှားပါးနေပါတယ်။ အသက်၃၀ကျော် စင်ကာပူ၁၀နှစ် လုပ်သက်အတွေ့အကြုံ ရှိသူများကတော့ လစာ သိန်း၂၀ အထက် ရနေကြပေမဲ့ မြန်မာပိုင် ကုမဏီတွေကတော့ ဒါလောက်လခ မပေးနိုင်ပါဘူး။ ၂သိန်း၊ ၃သိန်း ပဲပေးကြပါတယ်။ ဒါကြောင့် ဖြတ်လမ်းအဖြစ် လူငယ်တွေ နိုင်ငံခြားပဲ အလုပ်သွားလုပ်ဖို့ တိုးဝှေ့နေဆဲ ဖြစ်ပါတယ်။ 

.

အခန်း(၁) ကတော့ ငွေကြိကြိတက် ချမ်းသာဖို့ ရေးပါမယ်။ 


ဒုတိယပိုင်းကတော့ စိတ်ကြိကြိတက် ချမ်းသာဖို့ အနည်းငယ် ရေးပြီး အဆုံးသပ်ပါမယ်။ 

.

.

အခန်း(၁) ငွေချမ်းသာဖို့...


၁-၁။ ရန်ကုန်တိုင်းအစိုးရ ၀န်ကြီးချုပ်က သူဌေးကြီးများစွာ ပေါ်ပေါက်လာအောင် လုပ်ပေးမဲ့အကြောင်း ပြောလာပါတယ်။ လူငယ် လုပ်ငန်းရှင်များစွာ မှန်ကန်စွာ အရည်သွေးကောင်းအောင် လုပ်နိုင်တဲ့ ကုမဏီများ၊ လူပုဂ္ဂိုလ်များကို အသုံးပြု၊ စီမံကိန်းတွေ အပ်မယ်လို့ ယူဆရပါတယ်။ ခရိုနီ (ချမ်းသာကြွယ်ဝြပီးသူများ) အတွက်တော့ အစိုးရ အာဏာရှိသူများ ပူးပေါင်းမလုပ်ပါစေနဲ့လို့ ဆုတောင်းရပါတယ်။

.

အမြန်ဆုံးချမ်းသာဖို့ အမှန်ကန်ဆုံးနည်းလမ်း (မခိုးမဝှက်၊ ဥပဒေလက်တလုံးခြားမလုပ်ပဲ) ကြိကြိတက်ချမ်းသာသူများကတော့ သူတို့ပိုက်ဆံကို Firm Manager တွေနဲ့ အပ်ထားပြီး မျိုးရိုးစဉ်ဆက် ချမ်းသာအောင် (ဘုရင်မင်းဆက်လို) လုပ်ကြပါတယ်။ ကိုယ့်သားသမီးထဲက အတော်ဆုံးလူကို အမွေ (လုပ်ငန်း) ဆက်ခံစေပါတယ်။ သားသမီးထဲက မတွေ့ရင် မြေး၊ မြစ် များအမည်နဲ့ ပိုင်ဆိုင်မှုတွေ လက်ဆင့်ကမ်းကြပါတယ်။ ပိုင်ဆိုင်မှုများမှာ .. ငွေသား နဲ့ ဘွန်း၊ရှယ်ရာတွေ ဖြစ်ပါတယ်။ အလွန်ခိုင်မာတဲ့ ကုမဏီကြီးများ၊ နိုင်ငံအစိုးရများရဲ့ ရှယ်ရာ၊ ဘွန်းတွေ ၀ယ်ယူထားပါတယ်။ ဒေါ်လာ ၁သန်းလောက်မဟုတ်ပါ။ သန်းရာချီ ထောင်ချီ ပိုင်ဆိုင်သူများဖြစ်ပါတယ်။ 

.

နိုင်ငံတစ်ခု ချမ်းသာလာဖို့ဆိုတာ GDP per capital နဲ့ တိုင်းတာပါတယ်။ တရုပ်နိုင်ငံကတော့ ထိတ်တန်းဦးနှောက်များကို စုစည်းထားတဲ့ အစိုးရက စီးပွားရေးထိတ်တန်းလူချမ်းသာများကို ထိန်းချုပ်ပါတယ်။ အခွန်အကောက် Corporate Tax ကို အမှန်အကန် ပေးစေတယ်။ ဘဏ်တိုးကိုလဲ အခွန်ကောက်တယ်၊ ပိုင်ဆိုင်မှုကိုလဲ အခွန်ကောက်တယ်၊ စတော့ရှယ်ယာ၊ဘွန်း ရောင်းထုတ်လို့ အမြတ်ရရင်လဲ အခွန်ကောက်ပါတယ်။ တိုးတက်တဲ့ နိုင်ငံများမှာ စနစ်ကောင်းကောင်းရှိပါတယ်။ ဒါလဲချိုးဖောက်တဲ့ နည်းတွေ ပေါ်လာတာပါပဲ။ 

.

တခါကဆင်းရဲခဲ့တဲ့ စင်ကာပူနိုင်ငံက တစ်ဦးချင်း၀င်ငွေ အမေရိကန်၊ ဂျပန်ထက် မြင့်သွားအောင် ဘယ်လိုလုပ်သလဲ .. ဆိုတာ စိတ်၀င်စားစရာပါ။ နိုင်ငံသေးလေးတွေမှာ ဒီလိုပဲ အခွန်ရှောင်ငွေများစွာ သူတို့မူရင်းနိုင်ငံအစိုးရ မသိအောင် လက်ခံထားကြပါတယ်။ စင်ကာပူ ဆိုရင် နိုင်ငံတိုးတက်ဖို့ အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရပါတယ်။ ဥပမာ တရုပ်၊ဟောင်ကောင်နဲ့ AEOI စာချုပ်ကို ငြင်းပယ်ပါတယ်။ အမေရိကန်က တွန်းအားပေးလဲ ငြင်းပယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနိုင်ငံသားပိုင် ငွေကြေးများစွာ စင်ကာပူဘဏ်တွေမှာ အပ်ထားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားအစိုးရ တွန်းအားဒဏ်ကိုတော့ မခံနိုင်ပါဘူး။ အင်ဒိုနီးရှား ပြုပြင်ပြောင်းလဲမှုက စစ်တပ်နောက်ဆုတ်ရပြီး အရပ်သားအစိုးရ ဖြစ်နေလို့ ခိုးကြောင်ခိုးဝှက် (အခွန်ရှောင်)တွေကို မှန်ကန်စွာလုပ်ဖို့ ပွင့်လင်းမြင်သာစွာ ပြောင်းလဲနေပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားနဲ့ AEOI လက်မှတ်ထိုးထားရပါတယ်။ မြန်မာ သူဌေးကြီးတွေလဲ စင်ကာပူမှာ ငွေသားချည်း ဘီလျံပေါင်းများစွာ အပ်ထားကြောင်း လွန်ခဲ့တဲ့ ၅နှစ်က စင်ကာပူအစိုးရ ၀န်ခံခဲ့ရပါတယ်။ အခုတော့ တိတ်သွားကြပါပြီ။ 

.

ဘာကြောင့် ဒီအကြောင်း ရေးရသလဲ ဆိုတော့ မြန်မာနိုင်ငံအပြောင်းအလဲ လမ်းကြောင်းတည့်လာတာတယ်လို့ ယူဆရတဲ့ အချက်လက်များကြောင့်ပါ။ အခု ချမ်းသာကြွယ်ဝနေသူ အားလုံးနီးပါး စင်ကာပူကို ရောက်ခဲ့ဖူး၊ လုပ်ကိုင်ခဲ့ဖူး သူချည်းပါပဲ။ အဲဒီ ပုဂ္ဂိုလ်တွေက အသက်အရွယ် ကြီးနေပါပြီ။ အခုတခါ အသက်၃၀ ပတ်၀န်းကျင် စင်ကာပူမှာ ရောက်ဖူး၊ အလုပ်လုပ်ဖူး၊ ပညာသင်ဖူးတဲ့ လူငယ်အုပ်စုရဲ့ အလှည့်ဖြစ်ပါတယ်။ စင်ကာပူက လေ့လာဆည်းပူးပြီး မြန်မာနိုင်ငံကို လုပ်ငန်းများလုပ်ကိုင်သူများပဲ အခွင့်အလမ်း သားပါတယ်။ 

.

အမြန်ဆုံး ငွေချမ်းသာတဲ့နည်းလမ်းများစွာ ရှိပါတယ်။ 

ကံကောင်းလို့ ချမ်းသာ ထီဆုကြီးပေါက်ရင်လဲ ၉၀%ထီပေါက်သူတွေ ပြန်မွဲသွားပါတယ်။ 

.

.

၁-၂။ မြန်မာတစ်ယောက်၊ ထာ၀ရ ငွေချမ်းသာကြွယ်၀ဖို့နည်းလမ်းတွေကတော့ 

.

* ဘွဲ့တခုရပြီး၊ အင်္ဂလိပ်စာတတ်ကြွမ်းအောင်လုပ်၊ စင်ကာပူကို အလုပ်သွားလုပ်ပြီး ငွေစုတဲ့ နည်းလမ်းပါ။ ပြန်ကြားရေး၀န်ကြီး ဦးဖေမြင့် ဘာသာပြန်တဲ့ ဘေဘီလုန်မှ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ပါပဲ။ စင်ကာပူမှာ နေထိုင်လုပ်ကိုင်ရင် သူဌေးများ၊ သူဌေးသားများ ကျင့်ကြံလုပ်ကိုင်တာတွေကို လေ့လာရင်း မိမိကိုယ်ပိုင်လုပ်ငန်းတည်ထောင်၊ ကြိုးစားခြင်းနဲ့ အနှစ်၂၀ စီမံကိန်း ပါပဲ။ ထိုင်း၊ မလေး၊ ဒူဘိုင်း၊ ဂျပန်၊ ကိုးရီးယား၊အင်္ဂလန်၊ အမေရိကန် နိုင်ငံများမှာ အလုပ်သွားလုပ်နိုင်ပေမဲ့ စင်ကာပူက အခွင့်အလမ်း အကောင်းဆုံးပါ။ 

.

* နိုင်ငံခြားသွား ကျောင်းတက်၊ အလုပ်လုပ်ရင်း ချမ်းသာကြွယ်၀သူရဲ့ သားသမီးတွေနဲ့ အိမ်ထောင်ပြုခြင်း နည်းလမ်းဖြစ်ပါတယ်။ မဖြစ်နိုင်မရှိပါဘူး။ စင်ကာပူက သူကြွယ် သားသမီးများက မြန်မာနိုင်ငံလို မာနမရှိပါဘူး။ မိဘကိုလဲ အားမကိုးပါဘူး။ သူကြွယ်မိဘကလည်း သားသမီးတွေကို အသက်၃၀ မပြည့်မချင်း မိဘလုပ်ငန်းမှာ ၀င်မလုပ်ခိုင်းသေးပါဘူး။ သားသမီးကလဲ မိဘလုပ်ငန်းမှာ ၀င်မလုပ်ချင်ပါဘူး။ ကိုယ်ပိုင် လုပ်ငန်းများ သို့မဟုတ် အခြားကုမဏီများမှာ လခကောင်းကောင်းနဲ့ ပထမပိုင်း ၀င်လုပ်ကြပါတယ်။ အများအားဖြင့် သူကြွယ်သူဌေးသားသမီးများဟာ ရိုးသားဖြောင့်မတ်ကြပါတယ်။ မိမိကလည်း ရိုးသားဖြောင့်မတ်ရင် ရီးစားဖြစ်ပြီး၊ အိမ်ထောင်ထူထောင်ကြပါတယ်။ သုံးဖြုန်းတီးမလုပ်တဲ့ သားသမီးများ အသက်၃၀ ကျော်ရင် မိဘအမွေတွေ ရရှိ၊ ချမ်းသာကြွယ်၀လာမှာပါ။ 

.

* အခုခေတ်ဆိုရင် မြန်မာနိုင်ငံတွင်းမှာလဲ သူဌေးကြီးတွေ ပေါ်လာပါပြီ။ ရိုးသားဖြောင့်မတ်စွာနဲ့ ပညာရပ်တစ်ခုကို ပြောင်မြောက် ထူးချွန်အောင် လုပ်နိုင်တဲ့ လူငယ်များ ချမ်းသာလာကြပါတယ်။ ဘီလ်ဂိတ်၊ စတိဂျော့ပ်၊ ဇူကာဘတ် တို့လို လူငယ်အုပ်စုများ စုပေါင်းလုပ်ကိုင်ရင်း ကုမဏီပိုင်ရှင်တွေ ဖြစ်လာမယ်။ နည်းပညာသူဌေးကတော့ အနည်းဆုံး ဘွဲ့ရ အဆင့်အတန်း ရှိပေမဲ့၊ ၁၀တန်းမအောင်တဲ့ လူငယ်များစွာလည်း ကုန်သည်၊ ပွဲစား၊ စားသောက်ဆိုင်၊ ဟိုတယ်၊ လယ်ယာလုပ်ငန်း၊ သီးနှံလုပ်ငန်း စတဲ့ လုပ်ငန်းရှင် သူဌေးဖြစ်လာဖို့ အခွင့်အလမ်းများစွာ ရှိနေပါပြီ။ သူဌေးကြီးရဲ့ သားသမီးက သူဌေးပြန်ဖြစ်တာ ဘာမှမထူးဆန်းပါဘူး။ ဒါပေမဲ့ သာမန်လူ အလွန်ကြိုးစားသူများ ဘွဲ့ပညာမရှိပေမဲ့ ချမ်းသာနိုင်ပါပြီ။ ဘ၀ ပညာကို မဆုတ်မနစ် ကြိုးစားရင်း အလွန်ချမ်းသာလာမှာပါ။ 

.

* နောက်အနှစ် ၂၀ဆိုရင် အခု အသက်၂၀ အရွယ်လူငယ်များစွာ အသက်၄၀ သူဌေးကြီးတွေ အမြောက်အများ ပေါ်လာမှာပါ။ ကံ ဥာဏ် ဝိရိယ (၃)ခုမှာ ဝီရိယ ဆိုတဲ့ အဆက်မပြတ် ကြိုးစားအားထုတ် ခပ်ကုပ်ကုပ် နေသူများပဲ အလွန်ကြွယ်၀ ချမ်းသာလာပါလိမ့်မယ်။ ဖေ့ဘုတ်တွေမှာ နေ့တိုင်း ဘာညာ ရှောက်တင်နေသူများကတော့ ချမ်းသာဖို့လဲ မလွယ်၊ ရာထူးကြီးကြီး ရဖို့လည်း မလွယ်ပါဘူ။ 

.

* အာဏာရှိအောင်လုပ်၊ သို့မဟုတ် အာဏာရှိသူတွေနဲ့ ပေါင်းလုပ်စားတဲ့ ဂွင်ရှာဖွေခြင်းခေတ်ကုန်နေပါပြီ။ ဂွင်ရပြီး တင်ဒါတွေအောင်တယ်၊ လုပ်တယ်။ အမြတ်ထွက်တယ်။ ပျော်ပါး ထောင်လွှားတယ်၊ ကားကြီးတိုက်ကြီး နေ့ချင်းဖြစ်လာတယ်။ နောက်မကြာခင်မှာ နေ့ချင်း ဆင်းရဲမွဲတေသွားရုံမက ထောင်ကျသွားနိုင်တဲ့ ခေတ်ရောက်လာပါပြီ။ မလုပ်တတ်ပဲ လာပ်ပေး၊ လာပ်ယူ လုပ်လို့တော့ မိမိသာမက ၊ မိမိဆွေမျိုး အရာရှိလဲ အလုပ်ပြုတ်သွားနိုင်တဲ့ ခေတ်ရောက်နေပါပြီ။ မပေးပဲနဲ့တော့ တင်ဒါမရပါ။ ဒါပေမဲ့ မပေးပဲနဲ့ အလုပ်အရမ်းကြွမ်းကျင်သူများလဲ တင်ဒါရနေကြပါပြီ။ ဒါကြောင့် ဂွင်လုပ်စားတာတွေ လုပ်ခဲ့မိရင်လဲ အခုပြောင်းလဲချိန်တန်ပါပြီ။ ဆက်ပြီး ချမ်းသာကြွယ်၀ဖို့ ပြောင်းလဲရမှာ ဖြစ်ပါတယ်။ 

.

တရုပ်နိုင်ငံက သူဌေးကြီးများအကြောင်း ဖတ်ရလို့ သိသလောက် ရေးတာပါ။ ကွဲလွဲမှုများရှိမှာသေချာပါတယ် ။ 

.

.

.

၁-၃။ မြန်မာနိုင်ငံသားပိုင် ဒေါ်လာ၁၁ဘီလျံ စင်ကာပူဘဏ်မှာစာရင်းပေါ်ခြင်း  Does Myanmar’s Ex-Junta Hold $11b In Singapore? ဆိုတဲ့ ခေါင်းစဉ်နဲ့ BIC အဖွဲ့က ထိပ်တန်းငွေကြေးပညာရှင် ဂျေဆန် financial researcher Jelson Garcia of BIC က အာရှဘဏ်၊ ကမ္ဘာ့ဘဏ်၊ ဥရောပငွေကြေးအဖွဲ့များက ပေးတဲ့အချက်အလက်များအရ ထုတ်ပြန်ကြေငြာပါတယ်။ အဲဒီအချိန်က ဦးသိန်းစိန်အစိုးရ ပြန်ကြားရေး၀န်ကြီူး ဦးရဲထွဋ် က အဲဒီ $11 billion ပိုင်ရှင် မြန်မာနိုင်ငံသား အကောင်း၅ခုကို နံမည်တွေကို ပေးပါလို့ တုန့်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ကမ္ဘာ့ဘဏ်ကလည်း နိုင်ငံတော်အစိုးရ ငွေများကို နိုင်ငံခြားမှာ အပ်ထားတာမျိုး ဆိုပြီး အလျှော့ ပေးလိုက်ပါတယ်။ အဲဒီ ငွေများဟာ နှစ်စဉ် ဓါတ်ငွေ့နဲ့ကျောက်စိမ်း ရရှိငွေများ စုဆောင်းထားခြင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

.

.

ငွေပိုငွေလျံများစွာ (ပြည်တွင်း၊ ပြည်ပ ဘဏ်အကောင့်များ)

ပြုပြင်ပြောင်းလဲတဲ့ မြန်မာနိုင်ငံမှာ အဆိုးဝါးဆုံးကတော့ အခွန်ကောက် နဲ့ လိုင်စင်ကြေးဌာနများဖြစ်ပါတယ်။ အခွန်ဖြေရှော့ခြင်း ဆိုတာ အင်ဒိုနီးရှားနိုင်ငံ သမ္မတဂျိုကိုဝီ လက်ထက်မှာ ၂နှစ်အချိန်ယူ အခွန်ဖြေလျှော့ ဥပဒေထုတ်တော့ ဒေါ်လာ ၁၇၀ဘီလျံ ကျော် ရင်းနှီးမြှတ်နှံမှု ၀င်လာတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံက မတ်-၂၀၁၈ အခွန်ဥပဒေမှာ ဒါမျိုး ဗြုန်းစားကြီး ဖြေလျှော့ခြင်း မလုပ်သင့်ကြောင်း၊ သီးခြား ဥပဒေတစ်ခု ထုတ်သင့်ကြောင်း၊ ငွေရှင်ကြီးများကိုပဲ အကျိုးမြတ် ကြီးစေတဲ့ တနည်းအားဖြင့် အလုပ်အကိုင်ဖန်တီးမှုများ ပေးတဲ့ ကုန်ထုတ်လုပ်ငန်းရင်းနှီးမြှတ်နှံမှု အားပေးရန်၊ ငွေစျေးကစားတဲ့လူများ ၀င်လာမှာကို တားဆီးဖို့ ဆွေးနွေးအတည်ပြုကြတာ ကောင်းလှပါတယ်။ 

.

ပြည်တွင်း ဘဏ်များမှာ ကျပ်ငွေ ၂၇၀၀၀ ဘီလျံ (ဒေါ်လာ ၂၀ဘီလျံ) သူဌေးများက စုဆောင်းထားတာတွေ ရှိပါတယ်။ လစဉ် အတိုးထုတ်စားတယ် ဆိုရင်တောင် သိန်း၁ထောင် အနည်းဆုံး စုဆောင်းထားမှ တလကို ၆သိန်း (၈% အတိုး) ရပါမယ်။ အဲလောက် များတဲ့ ငွေကို ဘယ်သူမှ ဘဏ်ထဲထည့်ထားမှ မဟုတ်ပါဘူး။ အနည်းဆုံး အိမ်ဆောက်ပြီး ဟောတယ်ဆောက်ဖို့ ငှားစားဖို့ပဲ ကြိုးစားနေသူချည်းပါပဲ။ ဒီငွေရှင်များက ကုန်ထုတ်လုပ်ငန်းများစွာ လုပ်ကိုင်ဖို့ ကုမဏီမှတ်ပုံတင်ခြင်းကအစ ဌာနဆိုင်ရာများက ကြံကြာမှု၊ လာပ်ပေးရမှုများစွာ ရှိပေမဲ့လည်း ထိုးဖောက်ကြိုးစားသူများကတော့ စီးပွားကောင်းနေကြပါတယ်။ 

.

နိုင်ငံခြားမှာ Asset Management Company AMC ဆိုတဲ့ ရင်းနှီးမြှတ်နှံမှု ကုမဏီကြီးများစွာ ရှိပါတယ်။ ငွေအမြောက်အများ ပိုလျှံနေသူများကို အခကြေးယူပြိး ရင်းနှီးမြှတ်နှံပေးတဲ့ အလုပ်ကို လုပ်ပါတယ်။ ဒါကြောင့် ဒေါ်လာသန်းပေါင်းများစွာ ထီပေါက်သူများကိုငွေကိုး ဘဏ်တစ်ခုဆီ ထည့်ထားပြီး စီမံကွပ်ကဲ ပေပါတယ်။ စင်ကာပူနိုင်ငံရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ဘီလျှံပေါင်း ၃၀၀ ကျော်ကို Temasak Holding ဆိုတဲ့ အစိုးရကိုယ်တိုင် စီမံခန့်ခွဲပါတယ်။ အဲဒီမှာ ကမ္ဘာ့ထိပ်တန်း ငွေကြေးကျွမ်းကျင်သူများကို လစာ အမြောက်အများပေးပြီး ခန့်ထားပါတယ်။ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေက မိမိနိုင်ငံပိုင်ဆိုင်မှုတွေကို တိုးပွားဖို့ AMC ကုမဏီကြီးများနဲ့ ဆက်သွယ်လုပ်ကိုင်ရပါတယ်။ ကမ္ဘာ့ထိတ်တန်း AMC ၁၀ခုကတော့ BlackRock ,The Vanguard, State Street Global Advisors, Fidelity, J.P. Morgan, BNY Mellon, 

PIMCO (အားလုံး အမေရိကန်ကုမဏီများ)၊ UBS (ဆွဒ်ဇာလန်)၊ Allianz (ဂျာမဏီ)၊ Credit Agricole (ပြင်သစ်) တို့ဖြစ်ပါတယ်။ အာရှတိုက် အထူးပြု AMC များစွာရှိပါတယ်။

.

.

.

၁-၄။ မှန်ကန်သောစီးပွားရေးလုပ်ငန်း

ပြည်တွင်းမှာငွေရှိတဲ့ လုပ်ငန်းရှင်များမှာ အာဏာပိုင်များကို ပေးကမ်း ပေါင်းသင်းပြီး အခွန်ရှောင်ခြင်းများ လုပ်နေတဲ့ ခေတ်ဖြစ်ပါတယ်။ အထူးသဖြင့် ထိပ်ပိုင်းက Major Tax Payers အခွန်အများဆုံးပေးတဲ့ ကုမဏီကြီးများကို မှန်ကန်စွာ ကော်ပိုရိတ်အခွန် Corporate Tax ကောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ခေါင်းမိုးလုံမှာ အောက်ခြေ လုပ်ငန်းရှင် အသေးစား၊ အလတ်စားများ အဆင်ပြေလာမယ်ဖြစ်ပါတယ်။ သို့မဟုတ်ရင် အခုဖြစ်နေတဲ့ လက်ဝါးအုပ် ငွေရှင်စနစ်နဲ့ ချမ်းသာတဲ့လူပဲ ပိုပြီးချမ်းသာလာတဲ့ ဆင်းရဲချမ်းသာ မညီမျှမှု ဖြစ်လာမှာပါ။

.

.

ဘာကြောင့် စင်ကာပူမှာ မီလျှံနာတွေ အရမ်းများပြားနေသလဲ Fobes News

စင်ကာပူဟာ ပုဂ္ဂလိကဘဏ်လုပ်ငန်း ဗဟိုဖြစ်နေပါတယ်။ ဟောင်ကောင် က ငွေကြေးများစင်ကာပူထံ စီး၀င်လာခြင်းကလဲ အကြောင်းတစ်ခုဖြစ်ပါတယ်။

.

၀ါရှင်တန်အင်ဆိုက် (၂၀၁၃) ထုတ်ပြန်ချက်အရ စင်ကာပူတစ်ဦးချင်း ပိုင်ဆိင်မှုအားလုံးပေါင်းရင် ကန်ဒေါ်လာ ဘီလျံ ၇၄၈.၈ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၀၉ ကမ္ဘာ့ စီးပွားကပ်ဖြစ်ချိန် ၂၀၀၉ ကစတင်ပြီး တိုးတက်လာတာ ၂၀၁၈ မှာ တစ်ထရီလျံ (၁၀၀၀ ဘီလျံ) ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

.

ဟောင်ကောင်ရဲ့ ၂၀၁၃ ပိုင်ဆိုင်ကြွယ်၀မှုအားလုံးက ၁၀၄၀ ဘီလျံဖြစ်ခဲ့ပါတယ်။ သို့သော်လည်း သူကြွယ်များအတွက် လွတ်လပ်ခွင့်များ တဖြေးဖြေး ကန့်သတ်လာမှုကြောင့် ဥစ္စာဓနများ စင်ကာပူက ဆက်လက်ရွှေ့လျားနေဦးမှာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံက တစ်ပါတီ အာဏာစိုးမိုးထားပြီး အတိုက်အခံများက အနည်းငယ်အနိုင်ရပေမဲ့ စီးပွားရေးအဆောက်အဦကတော့ အခိုင်အမာ ဖြစ်နေပါတယ်။

.

အစီရင်ခံစာမှာ စင်ကာပူ သန်းကြွယ်သူဌေးပေါင်း ၁သိန်းခွဲ ရှိတယ်လို့ဆိုပါတယ်။ HNWI နည်းစနစ်သုံးပြီး အချက်အလက်ယူထားပါတယ်။ နောက်ထပ် ၃သောင်း ၂၀၁၈ မှာ ပိုများလာပါဦးမယ်။ ဘီလျံနာ နဲ့ မီလျံနာ သူဌေးအရေအတွက်ဟာ အိမ်နီးချင်း မလေးရှားနိုင်ငံထက် ပိုများပါတယ်။

.

သူဌေးအရေအတွက်က အမေရိကန်၊ တရုပ်၊ အင်္ဂလိပ်၊ ဂျပန် စတဲ့နိုင်ငံများထက် အများကြီးနည်းပေမဲ့ စင်ကာပူဟာ လူဦးရေ ၅.၄သန်း ပဲ ရှိတာ သတိထားရပါတယ်။ စင်ကာပူမှာ နေတဲ့ လူ၃၆ယောက် မှာ တစ်ယောက်က မီလျံနာ (သန်းကြွယ်သူဌေး) ဖြစ်နေပါတယ်။ 

JAN 29, 2015 Forbes News (Why Is Singapore Full Of Millionaires?)

.

.

အခန်း(၂) စိတ်ချမ်းသာဖို့

စိတ်ဝိညာဉ်ကြိကြိတက် ချမ်းသာဖို့

.

၂-၁။ အိုင်ဖုန်း၊ အေပဲကွန်ပြူတာ တီထွင်တဲ့ ပညာရှင်သူဌေးကြီး စတိဂျော့ Steve Jobs ရဲ့ ဗွီဒီယိုလေးကို နားထောင်မိတယ်။ သူ့ဘ၀မှာ မိသားစုအတွက် အချိန်မပေးခဲ့လို့ နောင်တရကြောင်း၊ ဒီလောကကြီးမှာ ချစ်ခြင်းမေတ္တာအတွက် မိသားစုနဲ့အချိန်ပေးကြဖို သူ့ကို အားကျသူများအတွက် နောက်ဆုံးစကား ပြောသွားပါတယ်။ (see Ref No.3 Link). လောက အရာ ငွေ၊ အတန်းပညာ၊ နေထိုင်စားသောက်ခြင်း အထက်တန်းစား ထားနိုင်ခဲ့ပါတယ်။ ထားပေးခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံး စကားကတော့ လောကအရာ၊ ငွေကြေး၊ လှုဒါန်းမှုတွေ၊ တီထွင်မှု့တွေ အမြောက်အများ ပြုလုပ်ပြီး လူ့လောက အကျိုး ဆောင်ရွက်ခဲ့ပေမဲ့ သူ့ရဲ့ နောက်ဆုံး ကာလများမှာ ပန်ကရိယ ကင်ဆာရောဂါကို ခံစားပြီး၊ ကုသမရနိုင်တော့ပဲ တဖြေးဖြေးနဲ့ အားအင် နည်းပါးလာပြီး အသက်၅၅နှစ် မှာပဲ ကွယ်လွန်သွားပါတယ်။ ဆေးကုသ နေစဉ် အချိန်တိုလေး ဟာ သူ့ဘ၀ရဲ့ မှာ သူတတ်မြောက်ခဲ့တဲ့ လောကပညာ၊ စီးပွားပညာတွေ ဘာမှ အသုံးမချနိုင်ဘူး။ သူ့ကို တကယ် မေတ္တာနဲ့ အချိန်ပေးမဲ့ ဇနီး၊ သားသမီး တွေ သူတို့အလုပ်နဲ့ ရှုပ်နေတော့ သူ့အနားမှာ မနေနိုင်ကြဘူး။ စတိဂျော့ ဟာ သဘာ၀တရားကို ချစ်မြတ်နိုးသူ ဖြစ်မှာ သေချာတယ်။ ဘုရာ၊တရား ကိုလဲ လေးစားသူ ဖြစ်ကောင်း ဖြစ်ပါမယ်။ ဒါပေမဲ့ သူ့ရဲ့ နောက်ဆုံး အချိန်တွေမှာ သူအလိုအပ်ဆုံး မေတ္တာ ပေးနိုင်တဲ့သူ ရှာမတွေ့သွား ဖူးလို့ သတ်မှတ်ပါတယ်။ 


၂-၂။ ဘီလ်ဂိတ် Bills Gate ကတော့ ငယ်စဉ်ကတည်းက မိဘလမ်းပြခဲ့တဲ့ ဘုရားရှိခိုးကျောင်းကို အပတ်စဉ် မပြတ်မကွက် တက်ခဲ့ပါတယ်။ တပတ် ၁နာရီ၊ ၂နာရီ ဘုရားကျောင်းကို အချိန်ပေးပါတယ်။ လူတွေနဲ့ မိတ်ဆွေဖွဲ့ လုပ်ငန်းတွေကို မေ့ထားပြီး ချစ်ခြင်းမေတ္တာ ရှာဖွေပါတယ်။ သူ့သားသမီး ၃ယောက်ကိုလည်း.ငယ်စဉ်ကတည်းက ဘုရားကျောင်းကို အပတ်စဉ် မပျက်မကွက် တက်ရောက်စေပါတယ်။ လောက ပညာတွေထက် အဆပေါင်း များစွာ သာလွန်တဲ့ ဘုရားပညာကို သင်ကြား၊ လေ့ကျင်၊ အသုံးချ စေပါတယ်။  ဘီလ်ဂိတ် ပြောကြားချက်တစ်ခု ကတော့   “ ဘာသာရေး စိတ်နှလုံးကောင်း ပျိုးထောင်မှုဆိုတာ ကျနော်အမြင်အရ အလွန့်အလွန် အရေးကြီးပါတယ်။ ကျနော်တို့ မိမိကလေးတွေကို ဘာသာရေး ကျင့်၀တ်များနဲ့ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကျနော့် ကလေးများကို ဇနီးသည် မီလင်ဒါ ကိုယ်တိုင်သွားတဲ့၊ ကာသိုလစ် ခရစ်ယန်ဘုရားကျောင်းဆီ ခေါ်သွားလေ့ရှိပါတယ်။ ကျနော်လည်း အတူလိုက်သွားပါတယ်။ ကျနော်ဟာ အလွန်ကုသိုလ်ကံကောင်းပါတယ်။ ကျနော် ၀န်တာရှိသလို ကြိုးစားနေပါတယ်။ ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ ဆင်းရဲချမ်းသာကွာဟမှုကို ရော့နည်းသွားဖို့ ပါပဲ။ ဒါမျိုးလုပ်ဖို့ စိတ်နှလုံးကောင်း ပျိုးထောင်ပေးခြင်းက ဘာသာရေးယုံကြည်ချက်လေး တစ်ခု ဖြစ်ပါတယ် ..” လို့ ပြောပါတယ်။

..

ဘီလ်ဂိတ် အကြောင်းကတော့ ပြောမဆုံးပါဘူး။ ကလေးများကို ပြုစုခြင်း အလွန်အရေးကြီးကြောင်းပဲ ဒီနေရာမှာ ရေးလိုက်ပါတယ်။ https://www.facebook.com/gatesfoundation/ မှာ ဆက်ကြည့်နိုင်ပါတယ်။ သင့်ကိုယ်တိုင် ဘီလ်ဂိတ်ကြီးလိုပဲ ကလေးများနဲ့ အတူနေဖို့၊ ဘုရားကျောင်းကန် သွားဖို့ ပျော်ပါသလား?  


ဘီလ်ဂိတ်စ်က သူ့သားသမီးတွေကို အသက် ၁၄ နှစ်မတိုင်ခင် လက်ကိုင်ဖုန်းကိုင်ခွင့်မပေးတဲ့ပြင် အိမ်မှာ ညစာစားချိန်ကျရင် မိသားစုထဲက ဘယ်သူမှ လက်ကိုင်ဖုန်းကိုင်ခွင့်မရှိတဲ့အကြောင်း။  မိဘက သားသမီးကို ချစ်တာချင်း မတူကြ။ အထူးသဖြင့် ဘီလ်ဂိတ်စ်လို အမေရိကန်သူဌေးကြီးက သူ့သားသမီးတွေကို အသက် ၁၄ နှစ်မပြည့်မချင်း လက်ကိုင်ဖုန်းသုံးခွင့်ပိတ်မယ်လို့ ဘယ်သူမှထင်မှာမဟုတ်။ အငယ်ဆုံးကလေး ၁၄ နှစ်ပြည့်ပီးမှသာ လက်ကိုင်ဖုန်းကိစ္စ ကမ္ဘာကို ထုတ်ပြောတာပါ။ လူတွေ အကုန်အံအားသင့်ကုန်ပါတယ်။ သားသမီးအရွယ်မရောက်ခင် လက်ကိုင်ဖုန်းပေးကိုင်ရင် ပညာရေးမှာ ဘယ်လောက်ထိခိုက်မလဲ ဘီလ်ဂိတ်စ်ကသိထားတယ်။ ဒါလဲပညာအမွေကို စည်းကမ်းနဲ့ပေးတဲ့သဘော။ ဘီလ်ဂိတ်စ် ကမ္ဘာ့အချမ်းသာဆုံး မိုက်ခရိုဆော့သူဋ္ဌေးကြီး  ဒေါ်လာ ၈၆ ဘီလီလျံပိုင်ပေမဲ့ သားသမီးတဦးကို ပညာသင်စရိတ် ဒေါ်လာ၁၀သန်းစီကလွဲပီး ဘာအမွေမှမပေးဘူး လို့လဲ ကမ္ဘာသိပြောထားပြီးသား။ သားသမီးကို သူတို့ပညာနဲ့ ကိုယ့်ဒူးကိုယ်ချွန်တတ်အောင် ရေထဲပစ်ချတဲ့ ဘီလ်ဂိတ်ပါတကား။

.

.

၂-၃။ မိမိ အတွေ့အကြုံ တစ်ခု  (သဘာ၀ လောက)

လူတွေက လူ့ဘ၀ဟာ တိုတောင်းတယ်၊ ခံစားလိုက်ပါ။ လူတွေ အချင်းချင်း မေတ္တာ ထားကြပါ။ WIN-WIN  ဆိုတဲ့ ၂ဖက် မျှမျှ တတ ဘယ်သူမှ ဆိုးဝါးစွာ နစ်နာမသွားအောင် ပြသနာများကို အဖြေရှာကြပါ ..စသဖြင့် ပြောဆို၊ သင်တန်းပေးကြတယ်။ ဘုရားကျောင်း၊ ဘာသာရေး အခန်းနား တွေမှာ ဆရာများ၊ ဘုန်းကြီးများ၊ သံဃာတော်များ က ဟောပြော၊ သွန်သင်ကြပါတယ်။ တကယ်တော့ လက်တွေ့ နယ်ပယ်မှာ ဆင်းရဲ ချမ်းသာ ညီမျှတဲ့ ၁၉၂၀ လောက်က ပေါ်ပေါက်ခဲ့တဲ့ ဆိုရှယ်လစ်၊ ကွန်မြူနစ် စနစ်ကြီးလဲ ရုရှား၊ တရုပ် စတဲ့ ကမ္ဘာ့လူဦးရေ တ၀က်ကျော်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ 


ဒါပေမဲ့ အနှစ် ၆၀ အကြာ ၁၉၉၀ မှာ ကွန်မြူနစ်စနစ် ပျက်သုန်းသွားပါတယ်။ ဘာကြောင့် ကွန်မြူနစ် စနစ် ပေါ်လာသလဲ ဆိုတော့ လူလူချင်း မတရားခေါင်းပုံဖြတ် တဲ့ အရင်းရှင်စနစ်ကြီးကြောင့် ဆင်းရဲ ချမ်းသာ အလွန်ကွာခြားလာတဲ့ အခါ အခြေခံ လူတန်းစား များဖက်က ရပ်တည်တဲ့ အတွေးခေါ်ရှင်များ ရဲ့ တော်လှန်ရေး Revolution ဆိုတာ ဖြစ်ပေါ် လာခဲ့ ရပါတယ်။ ကွန်မြူ နစ် စနစ် ကြီး ကြီးထွားလာပြီး တကမ္ဘာ လုံးကို သိမ်းပိုက် မဲ့ အခြေအနေ မှာ အမေရိကန် ခေါင်းဆောင်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ စနစ် ပေါ်ပေါက် လာပါတယ်။ ဆင်းရဲ ချမ်းသာ ကွာဟမှု နည်းပါးစေပြီး အလယ်လတ်တန်း လူတန်းစား များပြားလာစေတဲ့ နိုင်ငံများက အောင်မြင်တဲ့ ဒီမိုကရေစီ နိုင်ငံများ အဖြစ် ပေါ် ထွန်းလာပါတယ်။ အမေရိကန်၊ ဂျပန်၊ တိုင်၀မ်၊ တောင်ကိုးရီးယား၊ စင်ကာပူ၊ ဂျာမဏီ နဲ့ နောက်ဆုံး ကမ္ဘာ့လူဦးရေ အများဆုံး တရုပ်နိုင်ငံ ကြီးပါ လူလတ်တန်းစာ များပြားလာ ပြီး ဆင်းရဲ မွဲတေမှု ပပျောက် စေပါတယ်။ တဖက်က ဆင်းရဲတဲ့ နိုင်ငံများ ကတော့ အာရှက မြန်မာ၊ မြောက်ကိုးရီးယား တို့နဲ့ အာဖရိက၊ အာရပ်နိုင်ငံများစွာ ဖြစ်နေပါတယ်။ 

.

.

၂.၄။ မိမိ အတွေ့အကြုံ (ဘာသာရေး) 

မြန်မာနိုင်ငံဟာ ဗုဒ္ဒဘာသာ နိုင်ငံ ဖြစ်ပြီး၊ အိမ်နီးခြင်း ထိုင်းနိုင်ငံလည်း ဘာသာတူပါတယ်။ သို့သော် ထိုင်းနိုင်ငံမှာ ဆင်းရဲချမ်းသာ ကွာခြားမှု များပေမဲ့ လူလတ်တန်းစား အရေတွက်က စင်ကာပူ၊ မလေးရှားကို မမှီပါဘူး။ သို့သော် ထိုင်းနိုင်ငံက ဗီယက်နမ် ပြုပြင်ပြောင်းလဲမှုမှာ ပါ၀င် ရင်းနှီျးြမှတ်နှံခဲ့ပြီး၊ အခုဆို ဗီယက်နမ်များ မိမိဖာသာ တိုးတက်နေပြီ ဖြစ်ပါတယ်။ ထုံးစံ အတိုင်း လူလတ်တန်းစား များပြားအောင် လုပ်ဆောင်တဲ့အခါ ဗီယက်နမ် နည်းလမ်း နဲ့ တရုပ်နိုင်ငံ နည်းလမ်း ကွာခြားပါတယ်။ တောင်ကိုးရီးယား ကလည်း ကမ္ဘာ့အဆင့် ရောက်နေပြီး ၊ စင်ကာပူ၊ ဟောင်ကောင် လိုပဲ လူလတ်တန်းစား ပိုမို များပြားစွာ ရှိနေပါတယ်။ 

.

ဘာသာရေး ယုံကြည်ချက်က လူတွေကို စိတ်ရော၊ ခန္တာကိုယ်ရော ကြွယ်ဝစေ ပါသလား … မေးခွန်းရဲ့ အဖြေကတော့ ဟုတ်ပါတယ်။ ဖြေရပါတယ်။ ဘာသာရေး ဆိုတာ တကယ်မရှိတဲ့ နောင်ဘ၀ နဲ့ ခြိမ်းခြောက်ပြီး လူတွေကို ကိုယ်ကျင့်တရား ကောင်းလာအောင်။ ဝိသမ မတရားမှုများ မလုပ်အောင် ထိန်းကျောင်းတယ် လို့ ဘာသာမဲ့၊ ကိုယ်ကျင့်တရား ဦးစားပေး ဝါဒီ (ဘုရားမဲ့ဝါဒီ) များက ပြောကြပါတယ်။ တကယ်တော့ နောင်ဘ၀ တကယ် ရှိတယ်၊ မရှိဘူး ဆိုတာ ဘုရားမဲ့ ဝါဒီတွေတောင် သေခါနီး ကြာမြင့်စွာ ဝေဒနာ ခံစားနေရရင် စိတ်ဂယောင် ခြောက်ခြား ဖြစ်တတ်ပါတယ်။ ဘုရားကိုးကွယ်သူများကတော့ အဲဒီလို ရူသွပ်၊ စိတ်ဂယောင်ခြောက်ခြား မဖြစ်ကြပါဘူး။ သေရမှာလဲ မကြောက်၊ ပစ္စည်းဥစ္စာ၊ သားသမီးဆွေမျိုးများ ဒုက္ခရောက်မှာကိုလည်း မစိုးရိမ်ကြပါဘူး။ စိုးရိမ်မှု ဆိုတာ ရှိပေမဲ့ ဘုရား ရှိတယ် ယုံကြည်သူများက ပိုပြီး တည်ငြိမ်စွာ လောကဓံ ခံနိုင်ကြပါတယ်။ 

.

.

၂.၅။ မိမိ အတွေ့အကြုံ (ဒေါ်အောင်ဆန်းစုကြည်)

မြန်မာနိုင်ငံ ခေါင်းဆောင် ဒေါ်အောင်ဆန်မးစုကြည် ဆိုရင် လောကအမြင်နဲ့ ကြည့်ရင် သူ့မှာ အလွန်ပြင်းထန်တဲ့ စစ်အာဏာရှင်များရဲ့ နှိပ်စက်မှုဒဏ်တွေ ခံစားရပါတယ်။ သူ့ကို ထောက်ခံသူများစွာ လဲ နိုင်ငံက ထွက်မပြေးနိုင်ရင် ထောင်သွင်း၊ အကျဉ်းချ၊ နှိပ်စက် ခံရပါတယ်။ ဒါပေမဲ့ သူ့စိတ်ဝိညာဉ် ကတော့ ပန်းပန်လျှက်ပါပဲ။ နှစ်ပေါင်း ၂၅နှစ် အကြာမှာ မမျှော်လင့်ပဲ မြန်မာနိုင်ငံထက် ဆင်းရဲမွဲတေ တဲ့ တရုပ်နိုင်ငံမှာ တိန်ရှောကဖိန် ဆိုတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ပေါ်ထွန်းလာပြီး၊ တရုပ်ပြည်က သန်းပေါင်း တစ်ထောင်ကျော်ကို အံ့သြဘွယ် ဆင်းရဲမွဲတေမှုက လွတ်မြောက်စေပါတယ်။ ဘာသာ တရား မရှိဘူး ဆိုတဲ့ တရုပ် ကွန်မြူနစ် စနစ်အောက်မှာ တစ်ပါတီစနစ် နဲ့ ခေါင်းဆောင်ကောင်း တွေ ပျိုးထောင် နိုင်ခြင်း ဖြစ်ပါတယ်။ အလားတူ ဗီယက်နမ် နိုင်ငံလည်း နောက်က လိုက်နေပါတယ်။ 

.

အခုဆို မြန်မာနိုင်ငံငံပါ ၂၀၁၁ စစ်အာဏာရှင်များ အရပ်၀တ်လဲပြီး ပါတီထောင်၊ ပြုပြင်ပြောင်းလဲ ခဲ့ပါတယ်။ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်အယ်ဒီ ပါတီ နဲ့ တပ်မတော်၂၅% တို့ ပေါင်းပြီး အုပ်ချုပ်ခွင့် ရခဲ့ပါတယ်။ တရုပ်နိုင်ငံ ခေါင်းဆောင် တိန်ရှောက်ဖိန် လိုပဲ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ဆင်းရဲမွဲတေမှုကနေ အနှစ် ၂၀အတွင်း လွတ်မြောက် စေမှာလား ဆိုတာ မေးခွန်းကောင်း ဖြစ်ပါတယ်။ အဓိကတော့ စိတ်ဝိညာဉ် မှန်ကန်တဲ့ ခေါင်းဆောင်များ ဖြစ်အောင် မေတ္တာ၊ သစ္စာ နဲ့ ပြုပြင်ပြောင်းလဲ ကြမယ် ဆိုပြီး ၊ ပျက်စီးနေတဲ့ မြန်မာစိတ်ဝိညာဉ်များကို ပြန်လည် ပြုစု ပျိုးထောင် နေခြင်းဖြစ်ပါတယ်။ ငွေ ချမ်းသာတဲ့ သူဌေးကြီးများကို ဘယ်လို ဆွဲဆောင်ပြီး အခွန်ဆောင်၊ အခွန်ထမ်း သူဌေးကြီးများ ဖြစ်အောင် လုပ်မလဲ။ ခေါင်မိုးလုံအောင် ပြည်ထောင်စုအဆင့် ခေါင်းဆောင်များနဲ့ ဘယ်လို ခေါင်းဆောင် ပျိုးထောင်မလဲ ဆိုတာ မိမိတို့အားလုံး ပါ၀င် ပြုပြင်ပြောင်းလဲ နေရပါတယ်။ 

.

.

နိဂုံး သုံးသပ်ချက်။


မြန်မာနိုင်ငံမှာ ထရန်စဖွန်မာများ ပြုလုပ်ရောင်းချရင်း ကြိကြိတက်ချမ်းသာလာတဲ့ စိုးလျှပ်စစ် သူဌေးကြီး ရှိပါတယ်။ လှုဒါန်တွေကို သိန်းပေါင်း သောင်းချီ လှုဒါန်းသူ၊ စုစုပေါင်းရင် အမေရိကန် ဒေါ်လာသန်းပေါင်းများစွာ လှုဒါန်းပြီး သေဆုံးသွားသူ ပျဥ်းမနားမြို့က စိုးလျှပ်စစ် သူဌေးကြီး ၂၀၁၇ ကွယ်လွန်သွားချိန် တနိုင်ငံလုံး သာဓုခေါ်ကြရပါတယ်။ သူဌေးကြီး ဦးအောင်ကို၀င်း၊ ဦးဇော်ဇော်၊ ဦးတေဇ တို့ကိုလဲ မျှော်လင့်ပါတယ်။ ခေတ်သစ် လူငယ်သူဌေး အမြောက်အများ ပေါ်လာနေကြပါပြီ။ မကြာခင် ဘီလ်ဂိတ်၊ စတိဂျော့ခ်ျ တွေလို ကမ္ဘာ့အဆင့် စီးပွားပညာရှင် သူဌေးများ  ပြည်တွင်း၊ ပြည်ပ မြန်မာလူငယ်များ  ပေါ်ပေါက် လာနိုင်ပါတယ်။ တပြိုင်နက် ဂျူး လူမျိုးများလို့ နိုင်ငံရေး၊ ဘာသာရေး၊ နည်းပညာရေး၊ အလွန်ထူးချွန်သူများ ပေါ်ပေါက် လာနိုင်ပါတယ်။ 

.

စီးပွားရေး နဲ့ အင်ပါယာထူထောင်တဲ့ အခုခေတ် ကာလမှာ စီးပွားရေး အကြောင်းပဲ နိဂုံး ရေးပါမယ်။ လူများ ဖြောင့်မတ်စွာ စီးပွားလုပ်ပါ။ အာဗြာဟံ၊ ယာကုပ်၊ ဒါဝိတ်၊ ရှင်မွေလ၊ နေဟမိ စတဲ့ သူဌေး၊ ဘုရင်၊ သုခမိန် များလိုပဲ အစ္စရေးနိုင်ငံကို ထူထောင်သူများလို ကိုယ်စိတ်ဝိညာဉ် ကြွယ်၀ ချမ်းသာသူများ ဖြစ်လာမှာပါ။ ဖြောင့်မတ်လွန်း အားကြီးရင်တော့ သခင်ယေရှု နောက်လိုက်များလို စိတ်ဝိညာဉ် အားကြီးမယ်၊ ခန္တာကိုယ်တော့ အားနည်းနိုင်ပါတယ်။ လူငယ်များ မှန်ကန်သော စီးပွားရေးကို ရအောင် ရှာကြံ ဖြောင့်မတ်စွာ အသက်ရှင်ကြစေလို ပါတယ်။ 

.

Business = Need + Help ဖော်မြူလာနဲ့ မှန်ကန်တဲ့ စီးပွားလုပ်ငန်းရှင်များစွာ အထူးလိုအပ်နေပါတယ်။ လူတွေကို ကူညီချင်တဲ့ စိတ်နဲ့စီးပွားလုပ်သူများ ပိုကြီးပွားချမ်းသာဖို့ကြမှာပါ။ ဒီလို သူဌေးမျိုးတွေရဲ့ ဘဝြဖစ်စဉ်များကို ဖော်ထုတ်ဂုဏ်ပြု အတုယူရမှာဖြစ်ပါတယ်။ သူတို့ ဒီလို အကြီးအကျယ်လှုဒါန်းခြင်း ဖြစ်လာဖို့ဆိုတာ သူတို့ငယ်စဉ်က ဘာသာရေးအဆုံးမအောက် နေခဲ့သူများ ဖြစ်ကြပါတယ်။ ဒါကြောင့် ကိုယ့်သားသမီး ဘာသာရေးတစ်ခုခု ပုံမှန်သွားနိုင်ဖို့ ဓမ္မစကူးလ်၊ ဆန်းဒေးစကူးလ်များကို မပြက်မကွက် သွားစေဖို့ အလွန်အရေးကြီးပါတယ်)။

.

ဘုရားမဲ့ ဝါဒီ လူတော်လူကောင်း တွေတော့ ဘယ်လို ကိုးကားမှုတွေ ရှိသလဲ မသိပါဘူး။ မြန်မာပြည် အ ခြေ ခံ ပညာ ကျောင်းများမှာ မနက်ပိုင်း အလံတော်အလေးပြု၊ နိုင်ငံတော်သီချင်း.. တရားမျှတလွတ်လပ်ရေး..ကမ္ဘာမတြေ စုပေါင်းသီဆိုကြတယ်။ ကျောင်းများစွာက ဗုဒ္ခ ဘာသာ ဘုရားစာ  အတူရွတ်ဆို ဘုရားရှိခိုးကြတယ်။ ဒါတွေက ကောင်းတဲ့အလုပ်များ ဖြစ်ပါတယ်။ 


ကဗျာ ဆရာကြီး ဦးတင်မိုးနဲ့ ၂၀၀၃ ဆန်ဖရန်စစ္စကို BADA အဖွဲ့ကျင်းပတဲ့ စာပေဟောပြောပွဲ တက်ရောက်ခွင့်ရခဲ့ပါတယ်။ ငယ်စဥ်ကတည်းက အလွတ်ရခဲ့တဲ့ ဆရာကြီးရဲ့ ကဗျာလေး .. ကလေးတွေကို သဘာ၀တရား ခံစားတတ်​စေတဲ့ ကဗျာ လေးပါ။  …မိုးရေတက်ရေ တဖွေးဖွေး၊ ကွင်းကျယ် အဝေးဝေး၊ လယ်စောင့်တဲလေး ခြေတံရှည်၊ မိုးကုတ်အောက်မှာနေ။ ကြာနီတပွင့် ဖြူတပွင့်၊ တဲနှင့်ပနံတင့်.. ဆိုတဲ့ ကဗျာနဲ့ ကလေးဘ၀ကတဲက စိတ်နှလုံးကို ပျိုးထောင်ပေးပါတယ်..တဲ့။   


.

M.ဇော်အောင်  

MurannEzine

၃၀.ဇူလိုင်.၂၀၁၇ / 18-8-2020

.

.

ပုံ စံပြ ပညာရှင် အမေရိကန် iPhone စတိဂျော်ချ် နဲ့ Microsoft ဘီလ်ဂိတ်


Ref: 

No.1 Google GDP per capital link for Singapore, China, Thailand, Myanmar etc.. https://goo.gl/pgqig4

.

No.2 Win Htaik တရုပ်သူဌေးကြီးများရဲ့ Fund Managers AEOI လင့်ခ်

https://www.facebook.com/groups/1410110412651955/permalink/1932157393780585/

.

No.3 Apple ကွန်ပြူတာနဲ့မိုဘိုင်းဖုန်း သူဌေးကြီးရဲ့ ၄မိနစ် စကား။ 

Steve Jobs's 4 mins talk about Family...Min Thu Ko posted a video 

https://goo.gl/umQZfJ

No comments:

Post a Comment