Sunday, August 23, 2020

နွားနို့နဲ့အရက်၊အချိုရည်

 နွားနို့နဲ့အရက်၊အချိုရည် 

နွားနို့၊နွားသား  မွေးမြူရေးလုပ်ငန်းများ

====================

2018 မှာ နေပြည်တော်က CP နွားမွေးမြူရေး လုပ်ငန်းကို ဒေါ်အောင်ဆန်းစုကြည် သွား ကြည့်တဲ့ သတင်းကြောင့် နွားနို့လုပ်ငန်းရှင်တွေ အားတက်ရပါတယ်။ CP နွားနဲ့ကြက် မွေးမြူရေး (နေပြည်တော်) ကတော့ ရင်းနှီးမြှတ်နှံမှု ကျပ်သန်း ၂၀၀၀၀ (US$ 1.5 million) ပဲ ရှိလို့ နိုင်ငံတကာ စံနဲ့ ယှဉ်ကြည့်ရင်တော့ ကုမဏီ အသေး လေးလို့ ပြောနိုင်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်ငန်း တွေ ယိုင်လဲ၊ တွက်သားမကိုက် ဖြစ်နေပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ၀ယ်ယူတင်သွင်းပြီး ရောင်းချတဲ့ ခေတ်ဖြစ်နေချိန် အဲဒီလို နွား၊ ကြက် မွေးမြူရေး ကို နိုင်ငံအကြီးကဲ က အားပေးကြည့်ရှု ခြင်းက SME မွေးမြူရေး လုပ်ငန်းငယ် လေးများအတွက် စိတ်အား တက်ရပါတယ်။ .

.

သမ္မတဦးသိန်းစိန် ကာလ မြန်မာနိုင်ငံကလေးငယ်များ နွားနို့သောက်၊ အဟာရပြည့်ဝစေပြီး အနာဂါတ်မြန်မာများ သန်မာထွားကျိုင်းစေလိုသည် စေတနာဖြင့်ကြိုးစားချက်များကို ရေးသားခဲ့ပါတယ်။ ခါချဉ်ကောင်ကြီး ခါးကမသန်ကြောင်း၊ နိုင်ငံခြားမှ နွားနို့၊ နို့ထွက်ပစ္စည်းနှင့် နို့မှုန့်များ အခွန်မဲ့ ဒလဟော သွင်းလာသောကြောင့်  ပြည်တွင်းနွားနို့ကုန်ထုတ်လုပ်ငန်း ပျက်စီးသွားကြောင်း၊ သွင်းကုန်လုပ်ငန်းကို SME small & medium enterprise များလုပ်ရမည့်အစား ခရိုနီနှင့် ဦးပိုင်၊ အစိုးရလုပ်ငန်းများကသာ အခွန်မဲ့၊ ကုန်သေတ္တာမြောက်များစွာ အလွယ်တကူသွင်း၊ ထုတ်နိုင်သဖြင့် တနိုင်တပိုင်လုပ်ငန်းကို ဦးစားပေးသည့် နွားမွေးမြူရေးလုပ်ငန်းမှာ မလိုင်မုန့်လုပ်ငန်းလောက်သာ လုပ်နိုင်ကြောင်း လက်ရှိမြန်မာနိုင်ငံအခြေအနေကို ဖေါ်ပြခဲ့ပါတယ်။ 


ရင်းနှီးမြှတ်နှံမှု အခက်ခဲကြောင့် ၁၅နှစ် လည်ပတ်အောင်မြင်ခဲ့သော ပြည်တွင်းနွားနို့၊ နို့မှုန့်စက်ရုံကြီး တခုပင် လုပ်ငန်းမရပ်အောင် အပြင်းထန်ကြိုးစားနေရပါတယ်။

.

.

စင်ကာပူနိုင်ငံရှိ နွားနို့စက်ရုံတစ်ခု &

Malaysia Diary Farm စက်ရုံတစ်ခုသို့ သွားရောက်လေ့လာခဲ့ပါတယ်။ သြစတြေးလျှားမှ 100kg နို့မှုန့်ထုပ်များကို ဝယ်ယူပြီး၊ စင်ကာပူတွင် 25kg အထုပ်ကလေးများ ပြန်ခွဲထုတ်ကာ၊ export ပြည်ပသို့ စင်ကာပူကုန်တံဆိပ်ကပ်က ပြန်ရောင်းချတယ်။ မူလသြစတြေးလျှား ဘိလပ်မြေအိတ်ကဲ့သို့သော အိပ်များမှ တံဆိပ်ကိုခွာ၊ စင်ကာပူမှ Diary Milk, Manufactured in Singapore တံဆိပ်ကပ်ထားသော စက္ကူပုံးများထဲသို့ ပြောင်းပြီး ထုတ်ပိုး၊ ပြည်ပသို့တင်ပို့ရောင်းချပါတယ်။ စင်ကာပူဆိုလျှင် ဝယ်သူများက ပိုပြီး ယုံကြည်စိတ်ချသောကြောင့် သြစတြေးလျှားမှ တင်သွင်းလာသော နို့မှုန့်အထုတ်ကြီးများ၏ ၅၀% ကို ပြည်ပသို့ ပြန်ပို့တယ်။  အများစုသော နို့မှုန့်များကို စက်ရုံတွင်ဖျော်ပြီး နွားနို့ပြန်ထုတ်ပါတယ်။

.

နောက်တစ်ခုမှာ F&N ကုမ္ပဏီကြီးဖြစ်တယ်။ ထိုင်းနိုင်ငံဘီယာကုမ္ပဏီကြီးက စင်ကာပူဖျော်ရည်နှင့်ဘီယာလုပ်ငန်းကြီး F&N ကိုဝယ်လိုက်တယ်။ F&N သည် ဘီလျှံဒေါ်လာ ကုမ္ပဏီကြီး ဖြစ်ပြီး၊ တိုက်ဂါးဘီယာနှင့် အခြားဘီယာ၊ ကိုကာကိုလာ၊ ပက်စိကိုလာ စသည့်နာမည်ကြီးဖျော်ရည်များကို ထုတ်လုပ်ပေးသောကုမ္ပဏီကြီးဖြစ်တယ်။ Pandan , Singapore တွင်ရှိသော စက်ရုံတွင် သူငယ်ချင်းမြန်မာ အင်ဂျင်နီယာချုပ် အလုပ်လုပ်သောကြောင့် သွားရောက်လေ့လာဖူးတယ်။ 

..

.

အချိုရည်နဲ့ အရက်၊ဘီယာ၊ စီးကရက် ထုတ်လုပ်သူ နဲ့ ရောင်းချသူ များသာ မြန်မာနိုင်ငံမှာ အလုပ်ဖြစ်နေတာလဲ သဘာ၀ ကျပါတယ်။ အထိန်းအကွပ် မရှိသေးတဲ့ စျေးကွက် စီးပွားရေးမှာ ရင်းနှီးမြှတ်နှံမှု ကော်မရှင်က သမ္မတဦးသိန်းစိန် လက်ထက်မှာ အထက်ပါ အချိုရည်၊ ဘီယာ၊ စီးကရက် စက်ရုံ အမြောက်အများ ခွင့်ပြုခဲ့လို့၊ အဲဒီ ကော်မရှင် ဥက္ကဌနဲ့ အဖွဲ့၀င်များကို အပြစ်တင်ကြပါတယ်။ ဥက္ကဌ လုပ်ခဲ့သူ တစ်ဦးဆိုရင် သူ့ဇနီး၊ သားသမီးတွေ အားလုံး နဲ့ ပိုင်ဆိုင်မှု ငွေများကို အားလုံး နိုင်ငံခြား ပို့ထားပြီး သူကတော့ မြန်မာပြည်မှာ နေစရာအိမ်ခန်း တစ်ခု လိုအပ်လို့ ရောင်း-ငှား ပေးပါရန် လျှောက်ထားတဲ့ သတင်းတွေ ကြားနေရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လိုမျိုး ဖြောင့်မတ်တဲ့ ခေါင်းဆောင် ဖြစ်လာချိန် အခက်ခဲကြားက စျေးကွက်ကို ထိန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ 

.

သမ္မတ ဦးသိန်းစိန် ခေတ်ကာလ ဒိန်းမတ်က နို့မှုန့်တွေ လာပေးပြီး၊ သူတို့နို့မှုန့်တွေ ရောင်းဖို့၊ စက်ရုံတည်ဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာနိုင်ငံက စီးပွားလုပ်ဖို့ Ease Of Doing Business အညွန်း မှာ ကမ္ဘာ့ဘိတ်ဆုံး အဆင့်ရောက်နေတာ ၀န်ထမ်းဆိုးများရဲ့ အကျင့်ပျက်မှု ကြောင့် ဖြစ်ပါတယ်။  သမ္မတကြီးက နွားနို့ ပြောလိုက်တော့ တတိုင်းပြည်လုံး နွားနို့ရောဂါ ထခဲ့ကြတယ်။ စင်ကာပူ ရောက် မြန်မာများလည်း ဝါဂူး နွားတွေ ကချင်တောင်သူတွေနဲ့ မွေးဖို့ စဉ်းစားတော့ ဂျပန် ဝါဂူးနွား မျိုးတွေ ညာရောင်းမဲ့ ပုဂိုလ်တွေနဲ့ပေါင်းရိတ်စား ချင်သူများနဲ့ပဲ တွေ့ပြီး စိတ်ပျက်ရတယ်။ .. 'ဒိန်းမတ် အာထရာပက် ကုမီဏီကလည်း စက်ရုံ ရောင်းတော့ မြန်မာ တချို့ ၀ယ်သွားတာ ပါတယ်။

.

 ဒါပေမဲ့ လူကြီးတွေ က စျေးကြီးတဲ့ နွားနို့ထက်  ဝိုင်နဲ့Grand Royal ကို ပိုစိတ်၀င်စား သလို၊ ကလေးတွေကလဲ စျေးကြီးတဲ့ နွားနို့ထက် Coca, Papxi, Max အချိုရည်တွေ ပိုသောက်ချင်ကြတဲ့ မိုင်းဆက် Mindset ပြသနာက ရှိတယ်။ အလုပ်ကိုင် ကောင်းတွေ မရှိသေးတော့ ၀င်ငွေ မကောင်း၊ ၀င်ငွေ မကောင်းတော့ အဟာရပြက် နေကြတာ .. မြန်မာတနိုင်ငံလုံးပါ။ လူတစ်စု ပဲ အချမ်းသာကြီး ချမ်းသာနေပါတယ်။ 

.

မြန်မာနိုင်ငံ မှာ စိုက်ပျိုးမွေးမြူ ဖို့တော့ အလွန် သယံဇာတ နဲ့ ရေခံမြေခံ ကောင်းပါတယ်။ ဒါပေမဲ့ စိုက်ပျိုးမွေးမြူ ထုတ်ကုန်များ စျေးကွက်ကို ၀င်နိုင်ဖို့ သိုလှောင်ရေး Storage Electricity မရှိပါ။ နွားနို့၊နွားသား အအေးခန်း လိုအပ်ပါတယ်။ စိုက်ပျိုးထွက်ကုန်များလဲ အလားတူပါပဲ။ သယ်ယူပို့ဆောင်ရေး လမ်းတံတားများ ပိုကောင်းလာပေမဲ့၊ ရန်ကုန်-မူဆယ် ကားလမ်းတလျှောက် နည်းအမျိုးမျိုးနဲ့ ကောက်ခံနေလို့ ထွက်ကုန်တွေ စျေးကြီးရပါတယ်။ ကမ္ဘာ စျေးအကြီးဆုံး သယ်ယူစရိတ် ဖြစ်နေပါတယ်။ တပတ်ရစ် ကုန်ကားကြီးများစွာ စျေးသက်သာပေမဲ့ လမ်း-တံတား တွေလည်း ကျေးလက်ဒေသ ထိ မရောက်သေးပါဘူး။ 

.

အခု သမ္မတသစ် ဦး၀င်းမြင့် ဖြစ်လာပြီးချိန် အဂတိကော်မရှင် အနေနဲ့ တပ်မတော်ထောက်ခံ မှုအရ၊ ပိုမိုထိရောက်စွာ လုပ်နိုင်လာမယ် မျှော်လင့်ပါတယ်။ ရုတ်တရက် ပြောင်းလာတဲ့ တော်လှန်ရေး Revolution မဟုတ်ပဲ တဖြေးဖြေးပြောင်းလဲခြင်း Evolution ဖြစ်လို့ မကြေမနပ်သူ များစွာ ၊ စီးပွားအခက်ခဲ များစွာ ရှိနေဆဲပါ။ နွားနို့၊ နွားသား (အမဲသား) ကတော့ စက်မှုလယ်ယာ ပြောင်းလဲသွားတဲ့ မြန်မာနိုင်ငံ ကျေးဇူးရှင် နွားများ မရှိပေမဲ့ တပိုင်တနိုင် စနစ်တကျ နွား၊ ကြက်၊ ဘဲ၊ ငါး မွေးမြူခြင်းများကို နိုင်ငံတော်က ပံ့ပိုးလုပ်ပေးဖို့၊ ဥပဒေများ ပြဌာန်း ပြင်ဆင် နေဆဲ ဖြစ်ပါတယ်။ 

.

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အလုပ်အကိုင်ဖြစ်တယ်။ တောင်သူလယ်သမား၊ စိုက်ပျိုးရေးသမားများသည် မြန်မာလူဦးရေ၏ ၇၀% မျှ ဖြစ်နေပြီး အဆင်းရဲဆုံးလူတန်းစားလည်း ဖြစ်တယ်။ ထိုလူများကို စိုက်ပျိုး၊ မွေးမြူရေးအပြင် Process Industry ဟုခေါ်သော ဆေးကြော၊ သန့်စင်၊ ထုတ်ပိုးပြီးမှ လူထုထံရောင်းချသော စက်ရုံငယ်လေးများစွာ လိုအပ်နေပါတယ်။ သို့မှသာ မြန်မာ လယ်ယာ၊ သားငါး ထွက်ကုန်များ ပြည်ပထုတ်ရောင်းရာတွင် စျေးပိုရမယ်။ မျက်နှာပန်းလှမည်ဖြစ်ပါတယ်။

.

အခြေခံ တောင်သူများ ၀င်ငွေ တိုးတက်မှ၊ နွားနို့ လုပ်ငန်း တိုးတက်လာပြီး မြန်မာ ကလေးငယ်များ နွားနို့ သောက်နိုင်၊ အဟာရပြည့်၊ ဘောလုံးကန်နိုင် လာမဲ့ အချိန်ကို မျှော်လင့်နေပါတယ်။ 

.

ဇော်အောင်

23-8-2020


.

.

ကိုးကားဆောင်းပါး

နွားနို့နဲ့အရက်၊အချိုရည်

(၁)(၂) 

https://m.facebook.com/story.php?story_fbid=10155938995063472&id=755653471 (4-8-2018)

No comments:

Post a Comment