Wednesday, November 11, 2020

US Elected President Joe Biden

 ဂျိုးဘိုင်ဒင် (Joseph Biden)

====================

အမေရိကန်သမတလောင်း ရဲ့ဘဝဖြစ်စဥ်ဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ပြိုင်ဖက် ဒေါ်နယ်ထရန့် လို သဌေးသားဘဝကနေ သူဌေးကြီးဖြစ်လာပြီး၊ အမေရိကန်သမတ အဖြစ် မျက်လှည့်ပြသလို ဖြစ်လာသူ မဟုတ်ပါ။ စီးပွားပျက် ဆင်းရဲသွားတဲ့ ဖခင်ကြီး အဆင်မပြေချိန် ချို့တဲ့စွာ မွေးဖွား လာခဲ့သူဖြစ်တယ်။ 

.

အသက်အရွယ်အလိုက် ကိုယ်ရေးမှတ်တမ်းတင်ပါရစေ။ သူက အသက်အရမ်းကြီးလို့ပါ။ 

.

.

၁၆နှစ် (1942 မွေးဖွား) ..

ပင်ဆယ်ဗေးနီးယားမှာမွေးဖွားပြီး မိသားစု Dalaware ပြောင်းရွှေ့ အခြေခံ လူတန်းစားဘဝနဲ့ ကြီး ပြင်း လာခဲ့ ပါ တယ်။ ၁၆နှစ်အရွယ်မှာ ဖခင်ကြီး ကားရောင်းလုပ်ငန်း အဆင်ပြေလာလို့ လူလတ်တန်းစားဘဝ ရောက်ခဲ့တယ်။ ရိုမင်ကာသိုလစ် ဘုရားကိုင်းရှိုင်းတဲ့မိသားစု ဖြစ်ပြီး ငယ်စဥ်ကတည်းက အရက်လုံးဝမသောက်ပါ။ ဘာကြောင့် မသောက်သလဲ မေးတော့.. သူ့မိသားစုမှ အရက်သောက်ခြင်း လုံလောက်ပြီ Enough Alcohol for our family လို့ဖြေပါတယ်။ B.A ဘွဲ့ရရှိပြီး ဥပဒေဘွဲ့ ဆက်လက်ရရှိပါတယ်။ ငယ်စဥ်က စကားထစ်တဲ့ လူငယ်လေး ဖြစ်ပေမဲ့ မှန်ရှေ့ရပ်ပြီး နေ့တိုင်းစကားပြောလေ့ကျင့်ရင်း စကားမထစ်တော့ပါ။ 

.

.

၂၄နှစ်မှ ၃၅နှစ်...1966 

အသက်၂၄ နှစ် အိမ်ထောင်ကျပြီး ဥပဒေ၊ ေရှ့နေလုပ်ငန်း နဲ့ သားသမီး ၃ဦး၊ ဘဝအေးချမ်းစွာ ရှိနေပါတယ်။ အိမ်ထောင် ၁၀နှစ်အကြာ အထက် လွှတ်တော် အမတ် အရွေးခံရပြီး အဲဒီနှစ်မှာပဲ.. ဇနီးနဲ့ သားသမီး ၃ဦး ယာဥ်တိုက်မှု အဖြစ်ဆိုးကြုံ ရတယ်။  ဇနီးနဲ့ ၁နှစ် သမီးငယ် သေဆုံးသွားတယ်။ သားငယ် ၂ဦး ခြေကျိုး၊ ခေါင်းထိခိုက် ဆေးရုံအကြာကြီး တင်ရပါတယ်။ 

...သူဘဝ ဒက္ခဆင်းရဲ၊ မိသားစု အဖြစ်ဆိုးကြီး ကြုံတွေ့ရချိန် သူကိုးကွယ်တဲ့ဘုရားကို ဘာကြောင့် ဒီလို ဖြစ်စေရသလဲ မေးခွန်းထုတ်ခဲ့တယ်။ နားမလည်နိုင်ပဲ ဒေါသဖြစ်ရတယ်။ အထက်လွှတ်တော် အမတ်အဖြစ်က နှုတ်ထွက်ဖို့ ဆုံးဖြတ်ပေမဲ့ ဒီမိုကရက်အမတ် ခေါင်းဆောင်က ဖြောင်းဖြမှုကြောင့် ဆီးနိတ် အမတ်တာဝန် ဆက်လုပ်ခဲ့တယ်။ ဒုက္ခဆင်းရဲ ဆိုတာ အသက်၃၀ အရွယ်မှာ အပြင်းထန်ရိုက်ခတ်ခြင်း ခံရသော်လည်း ကျော်လွှားနိုင်ခဲ့တယ်။ ဘုရာကို ဆက်လက်ယုံကြည် ကိုးကွယ်ခဲ့တယ်။ 

.

.

၃၀နှစ်. ဆီးနိတ်အမတ် ...

1973 - 2009 အထိ နှစ်ပေါင်း ၃၆ နှစ်ကြာအောင် ဆီးနိတ် အမတ်လုပ်ငန်းများစွာ မရေးတော့ပါ။ အောက်ပါ စွယ်စုံကျမ်း မှာ ဖတ်နိုင်ပါတယ်။ 

https://en.m.wikipedia.org/wiki/Joe_Biden

.

၃၆ နှစ်လုံးလုံး မိမိနေရပ် Dalawae မြို့မှ သားများဆေးရုံတက်တဲ့ Washinton DC မြို့အထိ 90မိနစ် ခရီးကို မပြတ်မကွက် ခရိးသွား၊ သားသမီးများကိုကြည့်ရှု လုပ်ဆောင်ခဲ့ပါတယ်။ 

.

.

၃၅နှစ်..1975 မှာ ကာသိုလစ်ဘုရားကျောင်း ဝတ်ပြုခြင်းနဲ့ မျက်မမြင်လုပ်အားပေး အတူလုပ်တဲ့ အဂ်လိပ်စာဆရာမ Jill နဲ့ စတွေ့ခဲ့တယ်။ မိမိထက် ၉နှစ် ကြီးတဲ့ ဆီးနိတ်အမတ်ကို အထင်ကြီးလေးစားရင်း 1977 ဘုရားကျောင်းမှာ လက်ထပ်ထိမ်းမြှားခဲ့တယ်။ ဂျိုးဘိုင်ဒင်ရဲ့ သား၂ဦးက မေမေ Mom လို့ခေါ်ပြီး မိမိသားအရင်းလို သတ်မှတ် ပြုစုခဲ့တယ်။ ဂျိုးဘိုင်ဒင် နဲ့ နောက်ထပ် သမီးငယ် တစ်ဦးရရှိပြီး Jill အလုပ်ထွက်၊ အိမ်ရှင်မ အဖြစ် ပါရမီဖြည့်ပေးတဲ့ အမျိုးသမီးဖြစ်တယ်။ 

.

၆၇နှစ် ..ဒု-သမတအဖြစ် သမတအိုဘားမား လက်အောက်မှာ 2009-2017 (၈)နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

.

ဒု-သမတ လုပ်ဆောင်မှုများ မရေးတော့ပါ။ 

ဖတ်ရန် Link

https://en.m.wikipedia.org/wiki/Joe_Biden

.

.

၇၄နှစ်မှ ယခုအချိန်ထိ.. ပင်ဆယ်ဗေးနီးယားပြည်နယ် Benjamin Franklin University တက္ကသိုလ်မှာ နိုင်ငံရေး၊ သမတရုံးဆိုင်ရာ ဘာသာရပ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ 

.

၇၈နှစ်.. သမတပြိုင်ပွဲ

ဒီမိုကရက်တစ်ပါတီ သမတလောင်းအဖြစ် ယှဥ်ပြိုင်ရာမှာ အသက်ကြီးပေမဲ့ ကျန်းမာ၊ လုပ်ရည်၊ အတွေကြုံ ကြီးမားလို့ သမတလောင်း အဖြစ် အရွေးချယ်ခံရပါတယ်။.. လက်ရှိ လူကြိုက်များနေဆဲ ဒေါ်နယ်ထရန့် ၇၅နှစ်ကို ပြိုင်ဆိုင်နေပါတယ်။ ဂျိုးဘိုင်ဒင် သမတအရွေးခံရဖို့ အီလက်တိုရီရယ်မဲ 264-214 နဲ့ အသာစီးရနေပြီး 270 ပြည့်ခါနီး ဖြစ်နေပါပြီ။  .

.

ဘယ်သူနိုင်မလဲ. NV ပြည်နယ်(6 မဲ)

.ဒေါ်နယ်ထရန့် အဖွဲ့က..ဂျိုးဘိုင်ဒင် အသာစီးရနေတဲ့.. NV ပြည်နယ် (6 မဲ) မရအောင် တရားစွဲထားပါတယ်။ ကျန်တဲ့ပြည်နယ်များ မှာ ပြိုင်ဖက် ဒေါ်နယ်ထရန့် မဲအသာစီးရ​​ပြီး၊ အနိုင်ရရင် 268 မဲ ရပြီး NV ပြည်နယ် 6 မဲ က အဆုံးအဖြတ် ဖြစ်အောင် နှောင့်နှေးစေတဲ့ နည်းလမ်း ကြိုးစားနေပါတယ်။ 

.

.

နိဂုံးချုပ် ဂျိုးဘိုင်ဒင်


စာရေးသူက ဒေါ်နယ်ထရန့် တက်လာကတည်းက ဂိုဏ်းစတားပုံစံ အမေရိကန်မျိုးချစ် ဟောလိဝုမင်းသားစတိုင် (First Blood သရုပ်ဆောင် စတားလုံး အောက်မေ့ဖွယ်) သိပ်မကြိုက်ပါ။ အံသြဘွယ်ရာ တရုပ်နဲ့စီးပွားရေးစစ်ပွဲ ကြီး တဖက်သတ် ဆင်နွဲ အနိုင်ယူပြီး တရုပ်ကုမဏီများထံက အခွန်ငွေ ဘီလျံအမြောက်အများ ရယူနိုင်ခဲ့ပါပြီ။ ငွေရှာ အလွန်တော်သူ သမတဖြစ်ပါတယ်။ ကိုဗစ် ကပ်ရောဂါစစ်ပွဲမှာတော့ ရှုံးနိုမ့် ရုံသာမက သူကိုယ်တိုင် ပိုးတွေ့ ဆေးရုံတက်လိုက်ရပါတယ်။ ကျန်းမာရေးကောင်းတော့ ခဏနဲ့ ဆေးရုံဆင်း ပုံမှန် အလုပ်လုပ်နိုင်ပါတယ်။ 

.

နှစ်ဦးစလုံး  ဘာသာရေးကိုင်းရှိင်း ကြ ပေမဲ့ ဒေါ်နယ်ထရန့်ကိုတော့ ဆန်ဖရန်စစ္စကိုအခြေစိုက် မိုးမခ မီဒီယာက အမေရိကန် မ.ဘ.သ လို့ တင်စားရေးပါတယ်။ လူမည်း နဲ့ အာရှတိုက်သားများက ဒေါ်နယ်ထရန့် အစိုးရ လူဖြူဦးစားပေးတယ်လို့ စွတ်စွဲ ကြ ပါတယ်။ 

.

ဂျိုးဘိုင်ဒင် နဲ့ ဒီမိုကရက်များ အုပ်ချုပ်ရင် ဒေါ်နယ်ထရန့်ရှာဖွေပေးထားတဲ့ ငွေများကို ထရန့်နဲ့ သူ့လူများအကျိုး မ သုံးစွဲ ဖို့ ကာကွယ်နိုင်ပါမယ်။ ဂျိုးဘိုင်ဒင် အစိုးရအတွက်..ဘဏ္ဏာငွေပိုများရရင် နိုင်ငံအကျိုးအတွက် အကောင်းဆုံးသုံးနိုင်ဖို့၊ စစ်သုံးစရိတ်နဲ့ SSA လူမှုဖူလုံရေး ငွေကြေးများစွာ ယိုပေါက်များ ပိတ်ဖို့တော့..မျော်လင့်ပေမဲ့ ..သိပ် မလွယ်လှပါ။.. ဂျိုးဘိုင်ဒင် က ဒု-သမတ အမျိုးသမီး ရွေးချယ်ပြီး မဲဆွယ်ခဲ့လို့ အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဒု-သမတ (Kamala Harris,  55 နှစ်) ပေါ်ပေါက်လာနိုင်ပါတယ်။  အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမတ၊ စသဖြင့် ဘွဲ့ထူးများစွာ ရရှိပါမယ်။ 

.

ဘယ်သူသမတ ဖြစ်မလဲ။

ဖတ်ရှုသူများ ကျန်းမာ ရွှင်လန်းပါစေ။ 

.

TSP (Politic)

06-11-2020

.

Note

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို 2016 တုန်းက ဂျိုးဘိုင်ဒင် က နေ့လည်စာ ဖိတ်ခေါ်စားသောက် ဆွေးနွေးခဲ့ပါတယ်။

Credit>>အတိုင်ပင်ခံရုံး https://www.facebook.com/groups/myanmar.good/permalink/2130951870370155/


No comments:

Post a Comment