Thursday, April 5, 2018

မြောင်းမြကြိုးတံတား - ဒေါ်အောင်ဆန်းစုကြည်နဲ့ဝန်ကြီးများ လာရောက်


Image may contain: bridge, outdoor, water and nature

ဆောင်းပါး ရနိုင်သမျှ အင်ဂျင်နီယာ Engr. Facebook မှ ဖော်ပြပါသည်။ အချို့ဆောင်းပါးများ မပါရှိခြင်းကို ခွင့်လွှတ်ပါရန်။
.......
.......

အစ မကောင်းတဲ့ မြောင်းမြကြိုးတံတား
ကိုရွှေအောင်



အစ မကောင်းတဲ့ မြောင်းမြကြိုးတံတား

ဧပြီ ၁ ရက်မနက် အင်တာနက်ပေါ် သတင်းတက်ဖတ်တော့ မြောင်းမြကြိုးတံတား ပြတ်ကျဆိုတဲ့ သတင်းဆိုးက ထိပ်ဆုံးတက်နေတာ တွေ့ရတယ်။ နောက်တနေ့ထုတ် ပုဂ္ဂလိက သတင်းစာမျက်နှာဖုံးတွေမှာလည်း မြောင်းမြကြိုးတံတား ပြတ်ကျတဲ့သတင်းတွေချည်း ဖတ်ရတယ်။ တံတားဟာ အချိန်မတော် ပြတ်ကျသွားလို့သာ လူအသေအပျောက်နဲ့ ဆုံးရှုံးမှု နည်းခဲ့တာဖြစ်ပြီး သတင်းတွေအရ ခြောက်ဘီးကားတစီးနဲ့ လူနှစ်ယောက် သေပျောက်ဆုံးရှုံးခဲ့တယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ တံတားကို သက်ဆိုင်ရာက စစ်ဆေးခဲ့သေးတယ် ဆိုပေမယ့် တိုင်းဝန်ကြီးတယောက်ရဲ့ ပြောကြားချက်အရ တံတားကြံ့ခိုင်မှုကို ဘက်ပေါင်းစုံက စစ်ဆေးခဲ့တာမဟုတ်ဘဲ အပေါ်ယံ ကြမ်းခင်းလောက်ပဲ စစ်ဆေးခဲ့တာလို့ သိရတယ်။ တခါ အဲ့ဒီ ပြည်နယ်ဝန်ကြီးရဲ့ ပြောကြားချက်အရပဲ ကြိုးတံတားကို ဆိုင်းထားတဲ့ တိုင်သုံးတိုင်က အထဲကို ငိုက်နေတယ်လို့ သိရပြန်တယ်။ နောက်ဆုံးတော့ ခြောက်ဘီးကား တံတားပေါ်ဖြတ်နေတုန်း တံတားကိုဆိုင်းထားတဲ့ ကြိုးတွေ ခံနိုင်ဝန်အား မရှိတော့ဘဲ ပြတ်ကျသွားတာပဲ ဖြစ်ပါတယ်။
မြောင်းမြကြိုးတံတားကို တရုတ်အင်ဂျင်နီယာတွေ အကူအညီနဲ့ ၁၉၉၄ ခုနှစ်မှာ စတင်တည်ဆောက်ပြီး ၁၉၉၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်လို့ တံတားသက်တမ်း ၂၂ နှစ်မှာ ပြတ်ကျခဲ့တာဖြစ်တယ်။ မြောင်းမြကြိုးတံတား ပြတ်ကျတဲ့သတင်း ကြားကြားခြင်းပဲ ကြိုးတံတားရဲ့ အစမကောင်းခဲ့ပုံတွေ ပြန်ပြေးမြင်မိတယ်။ လပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော် လမ်းပေါ်မှာရှိပြီး ရွေးမြစ်ကို ဖြတ်ထိုးထားတဲ့ မြောင်းမြကြိုးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်ရှိရာကို ၁၉၉၅ ခုနှစ်က မီဒီယာသမားတယောက်အဖြစ် ရောက်ခဲ့ဖူးတယ်။ ဒီတုန်းက တံတားတည်ဆောက်ရေး လုပ်ငန်းခွင်ရှိရာကို ရန်ကုန်-ပုသိမ် ကားလမ်းပေါ်ကနေ ဖဲ့ဆင်းပြီး လမ်းကြမ်းကြမ်းပေါ်မှာ တနာရီလောက် ကားစီးပြီး ရောက်တယ်။ ဆောက်လက်စကြိုးတံတားဟာ အဲ့ဒီတုန်းက ကမ်းနှစ်ဖက်စလုံးမှာ တံတားကြိုးဆိုင်းဖို့ ကွန်ကရစ်တိုင်ကြီးတွေ စိုက်ထူထားတုန်းဖြစ်ပြီး ကြိုးမဆိုင်းရသေးတဲ့ အနေအထားဖြစ်တယ်။ ဒီတုန်းက ဧရာဝတီတိုင်းရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်သူဟာ မီဒီယာခရီးမှာ လိုက်ပါလာပြီး  တံတားဆောက်လုပ်ရေးက တာဝန်ရှိသူတွေ ရှင်းပြတာကို သူလည်း နားထောင်တယ်။ ပြီးတော့ တံတားကြိုး ဘယ်တော့ဆိုင်းမှာတုန်းလို့ တံတားဆောက်လုပ်ရေးက တာဝန်ရှိသူတွေကို မေးခွန်းထုတ်ပါတယ်။
တံတားဆောက်လုပ်ရေးက တာဝန်ရှိသူက တရုတ်အင်ဂျင်နီယာတွေရဲ့ အကြံပြုချက်အရ ကြိုးဆိုင်းမယ့် ကွန်ကရစ်တိုင်ကို အင်္ဂတေလောင်းထားပြီး ၇၅ ရက် ထားရမယ်။ ၇၅ ရက်ကျော်မှ ကြိုးဆိုင်းမယ့်လုပ်ငန်း စတင်ရမယ်လို့ ရှင်းပြတယ်။ တတိုင်းလုံးမှာ တာဝန်အရှိဆုံးသူက ၇၅ ရက်စောင့်လို့ မဖြစ်တဲ့အကြောင်းနဲ့ မကြာခင်ကျရောက်တော့မယ့် နေ့ထူးနေ့မြတ်တခုမှာ တံတားဖွင့်ပွဲ လုပ်ချင်ကြောင်း ပြောပြီး ၇၅ ရက်မစောင့်ဘဲ ကြိုးဆိုင်းဖို့ တခါတည်း အမိန့်ပေးတယ်။ တံတားဆောက်လုပ်ရေးက တာဝန်ရှိသူကလည်း အမိန့်အတိုင်း လုပ်ပါမယ်ပြောပြီး မီဒီယာအဖွဲ့ပြန်ရင် တံတားကြိုးဆိုင်းတဲ့လုပ်ငန်း စတင်ပါမယ်လို့လည်း ပြောတယ်။ မီဒီယာအဖွဲ့လည်း အဲ့ဒီနေ့က မြောင်းမြကြိုးတံတား လုပ်ငန်းခွင်ကနေ ပုသိမ်မြို့ကို ညမိုးချုပ်မှ ပြန်ရောက်ကြတယ်။ နောက်နှစ်ရက်လောက်အထိ မီဒီယာအဖွဲ့ ပုသိမ်မှာရှိနေတုန်း မြောင်းမြကြိုးတံတားက ကွန်ကရစ်တိုင်ကြီးတတိုင် အက်ကွဲပြီး ပြိုကျဆိုတဲ့သတင်း မီဒီယာသမားတွေ ကြားခဲ့ရတယ်။
မီဒီယာအဖွဲ့ ရန်ကုန်ပြန်ရောက်ပြီး လေးငါးရက်ကြာတော့ ဒီတုန်းက အရပ်သား အင်ဂျင်နီယာတယောက်ဖြစ်တဲ့ ဆောက်လုပ်ရေးဝန်ကြီး တာဝန်က အနားယူဆိုတဲ့သတင်း ထွက်တယ်။ မျက်ဝါးထင်ထင် မြင်ခဲ့ကြားခဲ့တဲ့ မီဒီယာသမားတွေ စုမိတော့ မြောင်းမြကြိုးတံတားနဲ့ ဆောက်လုပ်ရေးဝန်ကြီး အနားယူခဲ့တဲ့ သတင်းတွေ ဆက်စပ်ပြောကြရင်း မမြဲတဲ့တရားနဲ့ မြဲတဲ့အမိန့်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအကြောင်း စေ့ငုမိကြတယ်။ တံတားအင်ဂျင်နီယာက သူ့ပညာနဲ့ အတွေ့အကြုံအရ တံတားကြိုးဆိုင်းမယ့်ကိစ္စကို အချိန်မတန်သေးကြောင်း တာဝန်ကျေကျေ ပြောခဲ့ပေမယ့် တိုင်းမှာ တာဝန်အရှိဆုံးသူက ပညာရှင်စကားကို လက်မခံဘဲ သူဖြစ်ချင်တာပဲ ပြောဆို လုပ်ကိုင်စေခဲ့လို့ မြောင်းမြကြိုးတံတားဟာ အစမကောင်းခဲ့သလို အခုလို ပြတ်ကျတဲ့အထိ အနှောင်းလည်း မသေချာ ဖြစ်ခဲ့တာပါပဲ။ ဒီစာမူလေး အဆုံးသတ်မယ်လုပ်တော့ အခု အရပ်သားအစိုးရလက်ထက်မှာ ဆောက်လုပ်ရေးတာဝန်ကို ပြည်ထောင်စုအဆင့် ယူခဲ့ဖူးသူ ဝန်ကြီးတဦး ပြောဖူးတာလေး ပြေးအမှတ်ရလိုက်မိတယ်။ အရည်အသွေးမမီတဲ့ လမ်းတံတားဆောက်ရင် ဆောက်တဲ့ အင်ဂျင်နီယာကို ထောင်ထဲ ပို့ပစ်မယ်လို့ ပြောခဲ့ဖူးတာလေး ဖြစ်ပါတယ်။ မြောင်းမြကြိုးတံတားက ပြတဲ့ သင်ခန်းစာကတော့ ပညာရှင်စကား နားထောင်ပါ။ နေရာတကာ ဝင်မပါပါနဲ့။
ကိုရွှေအောင်


ဆပ်စပင်းရှင်းတံတား Suspension bridge
မြောင်းမြ ကြိုးတံတား ပြိုကျပျက်စီးတော့ ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံး တံတားကြီးတစ်ခု ၂၂နှစ်အတွင်း ဇတ်သိမ်းရခြင်းဖြစ်လို့ လူတွေအရမ်းစိတ်ဝင်စားကြပါတယ်။ သံမဏိကြိုးများ ကွာလတီကောင်းလာတဲ့ ကြိုးတံတားများစွာ တည်ဆောက်လာကြပါတယ်။ အလွန်လှပတဲ့ တံတားများဖြစ်လို့ မြို့ရှုခင်းအတွက် အထိမ်းအမှတ်တစ်ခုအဖြစ် တန်ဖိုးထားကြပါတယ်။ မြောင်းမြကြိုးတံတား..ပုသိမ်ကြိုးတံတား..စသဖြင့် မြန်မာနိုင်ငံမှာလည်း တရုပ်ပညာရှင်များရဲ့ နည်းပညာနဲ့ ကြိုးတံတားပညာ ရရှိခဲ့ပါတယ်။
သာမန်လူနားလည်တဲ့ ဆပ်စပင်းရှင်းတံတားများအကြောင်း
https://en.wikipedia.org/wiki/Suspension_bridge
.
နာမည်ကျော် ဆန်ဖရန်စစ္စကို ကြိုးတံတား ဘယ်လိုတည်ဆောက်ခဲ့ပုံ၊ ကုန်ကျစရိတ်နဲ့ ပညာရှင်တစ်ယောက်က အစအဆုံးတာဝန်ယူ ဆောက်လုပ်ခဲ့ပုံကို မိုးမခမီဒီယာမှာ ကျနော် ဆောင်းပါးတစ်ခု ရေးခဲ့ဖူးပါတယ်။
Link .. http://moemaka.com/archives/63139
.
လက်ရှိမြန်မာ လမ်းတံတားဆောက်လုပ်ရေးကို JICA ဂျပန်အစိုးရအေဂျင်စီက သိမ်းပိုက်ထားလို့ မဆိုးဘူးပြောရမဲ့အကြောင်း ..ဈေးကြီးပေမဲ့ တရုပ်ပညာတွေတော့ ရထားပြီးပေမဲ့.. ဂျပန်ဆီကပဲ ဆက်လက် (အဂတိမလိုက်စားနည်း) ပညာသင်ရမှာပါ။
http://moemaka.com/archives/63313
.
.
ထိုင်ငိုရမဲ့ တရုပ်ပညာရှင်
ဒီတံတား ဆောက်တဲ့ တရုပ်ပညာရှင်ကတော့ အသက်ရှိသေးရင် ငိုမှာပါ။
အားကြိုးမာန်တက် လုပ်ကြတဲ့ လခပဲ ရတဲ့ ဒေသခံလုပ်သားတွေ၊ လမ်းတံတားဌာန ၀န်ထမ်းတွေလဲ စိတ်မကောင်းဖြစ်ကြမှာပါပဲ။ ၀ီကီ တံတားပြိုပျက် စာရင်းမှာ ဒိတံတားကို မြန်မာနိုင်ငံရဲ့ ပထမဆုံးအဖြစ် ထည့်သွင်းလိုက်ပါပြီ။ ၀ီကီ တံတားပြိုကျစာရင်း...
https://en.wikipedia.org/wiki/List_of_bridge_failures
.
တံတားနည်းပညာကို မြန်မာနိုင်ငံ လမ်းတံတားဌာနက ပညာရှင်များ အသိဆုံး ဖြစ်ပါလိမ့်မယ်။ ဒီဗွီဘီ သတင်းအရ လွန်ခဲ့တဲ့ ၂၂နှစ် တံတားတည်ဆောက်စဉ် ကွန်ကရစ်ကို ၇၅ရက် ကြာမှ သံမဏိဆိုင်းကြိုး တပ်ဖို့ တရုပ်ပညာရှင်များက လုပ်နေတာ ဧရာဝတီတိုင်းမှုး ပါစင်လာပြီး၊ ဆောက်လုပ်ရေးဝန်ကြီး စစ်ဗိုလ်ချုပ်ကလည်း တရုပ်ပညာရှင်ကို ကျော်ပြီး လုပ်ခွင့်ပေးတယ်၊ မကြာခင်မှာပဲ ကွန်ကရစ်တိုင်တွေ အက်ကွဲလာပြီး ဆောက်လုပ်ရေးဝန်ကြီး အသစ်လဲလိုက်ရတယ် ရေးထားပါတယ်။ နောက်ပိုင်းလဲ တန်၆၀ တံတားကို တန်၂၀ပဲ သတ်မှတ်ပြီး ၂၀၁၇မှာ တာဝန်သိ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှအဆိုတင် ဘတ်ဂျတ်ရရှိလို့ တံတားသစ် တည်ဆောက်နေပြီ ဖြစ်ပါတယ်။
.
ကျနော်ဟာ လမ်းတံတား ပညာရှင်မဟုတ်ပေမဲ့ ..စစ်အစိုးရခေတ်ကာလမှာ လမ်းတံတားတွေ အကြီးအကျယ်ဆောက်ကြတာကို သတိရမိပါတယ်။ ဦးသိန်းစိန် ခေတ်မှာ လမ်းဖောက်တာ လူတိုင်းလုပ်တတ်နေလို့ တံတားလုပ်တာ ပိုပြီး အမြတ်အစွန်းရတယ် ဆိုပြီး ပုဂလိက ကုမဏီတစ်ခုရဲ့ တံတားဆောက်လုပ်ရေးကို ပြောင်းသွားတဲ့ လမ်းတံတား အငြိမ်းစား လမ်းတံတားပညာရှင်တစ်ယောက် က ပြောဖူးပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အန္တရယ်ကြီးတဲ့ တံတားကြီးတွေ မဆောက်ခဲ့ဘူး လို့ သိရတဲ့အတွက် ကျေးဇူးတင်ရမှာပါ။
.
.
.
ဆပ်စပင်းရှင်းတံတားနည်းပညာ
ကျနော်ကဲ့သို့ သာမန်လူများကတော့ ကြိုးတံတားတည်ဆောက်တာ
* အင်ဂျင်နီယာအဖွဲ့နဲ့ ခေါင်းဆောင်အင်ဂျင်နီယာ
* ဒီဇိုင်းကို စစ်ဆေးအတည်ပြုဖို့
* ကွန်ကရစ်ကွာလတီ၊ သံမဏိတိုင်များကွာလတီ၊
* သံမဏီကြိုတန်းများကွာလတီ၊
* အသုံးပြုတဲ့ သံမဏိ မူလီများကွာလတီ ကအစ ကွာလတီကောင်းဖို့
* သုံးတဲ့ပစ္စည်းများကို စစ်ဆေးဖို့၊
* ဆောက်လုပ်ဆဲအချိန်မှာ Consultant အရည်သွေးစစ်ဆေးရေးက အချိန်ပြည့် ထိမ်းကြောင်းဖို့...
ဒါတွေက သာမန်လူများတောင် သိပါတယ်။ တရုပ်ပညာရှင်က ဦးဆောင်တယ်ဆိုရင် သူခိုင်းတာ လုပ်ရမှာပါ။
* နောက်ဆုံး ဆောက်ပြီးသား ဆပ်စပင်းရှင်းတံတားတွေကို စစ်ဆေးဖို့ လမ်းတံတားဌာနက အလွယ်လေးပါ။ ပိုက်ဆံမရတဲ့ အလုပ်ကို လမ်းတံတား စစ်ဆေးရေးက မလုပ်ချင်၊ ပိုက်ဆံရတဲ့ ဆောက်နှေဆဲ တံတားကြီးငယ် အမြောက်အများကိုပဲ စစ်ချင်ကြပါတယ်။ ဒီတော့ ပိုက်ဆံအကုန်ခ့ပြီး နိုင်ငံခြားကုမဏီ ဒါမှမဟုတ် လူ(skilled)နဲ့ပစ္စည်းရှိတဲ့ မြန်မာကုမဏီ ကိုပဲ စစ်ဆေးခိုင်းဖို့ လိုပါတယ်။
* တကယ်တော့ တရုပ်တံတားပညာက အစိုးရကောင်းတော့ တိုးတက်ကောင်းမွန် ကမ္ဘာ့ ထိပ်တန်းအဆင့် ရှိပါတယ်။ ၁၉၉၀ နောက်ပိုင်း တရုပ်နိုင်ငံ မြောင်မြတံတားထက်ကြီးတဲ့ တံတားကြီးပေါင်း သောင်းနဲ့ချီ ဆောက်ခဲ့တာ ပြိုကျတာ ၇ခုလောက်ပဲ ရှိပါသေးတယ်။
.
.
မြောင်းမြတံတား နောက်ဆက်တွဲ
တံတား ဆောက်နေတုန်းပြိုကျရင်တော့ ဆောက်လုပ်ရေးဝန်ကြီး ထွက်ရမဲ့ ခေတ်ကာလ ဖြစ်နေပါပြီ။ အရေးကြီးတဲ့ တံတား တည်ဆောက်ခြင်းကို ဦးသိန်းစိန် အစိုးရ လက်ထက် သိပ်မလုပ်ပဲ .. ဒေါ်အောင်ဆန်းစုကြည် အစိုးရကတော့ JICA ဂျပန်များပဲ အပ်နှံလိုက်တာလဲ အနာဂါတ်စိတ်ချရပါမယ်။ ဈေးတော့ ကြီးကောင်းကြီးမယ်။ စိတ်ချရပါတယ်။ တကယ်တော့ တရုပ်နည်းပညာက ကမ္ဘာ့ ထိပ်တန်း တံတာနည်းပညာ ဖြစ်နေပါပြီ။ ပြသနာကြီးက တရုပ်၊ ဂျပန်၊ စင်ကာပူ စီးပွားရေးသမားများ မြန်မာပြည် ရောက်လာရင် အမှိုက်ပစ်တဲ့ စရိုက်ဆိုးတွေ ၀င်လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ် ကာလတုန်းက ရန်ကုန်မြို့ အမှိုက်ကင်းစင်ရေး အတွက် စတင်အမှိုက်ကောက် ကင်ပိန်း လုပ်ကြတာ အဆက်မပြက် လုပ်ကြဖို့ လိုပါတယ်။
.
အင်ဂျင်နီယာလုပ်ငန်းများမှာ စနစ်တကျ ပညာရှင်တစ်ယောက်ကို အစ အဆုံး တာဝန်ပေးလေ့ ရှိပါတယ်။ အာခီတက် က တာဝန်ခံမလား၊ အင်ဂျင်နီယာက တာဝန်ခံမလား။ တာဝန်ခံ တစ်ယောက်မှာ အခုခေတ်စားနေတဲ့ တာဝန်သိမှုနဲ့တာဝန်ခံမှု Responsibility & Accountability ရှိရပါမယ်။ လစာလေး ကျပ် ၃သိန်း၊ စီမံကိန်းစရိတ် ဇီးရိုး နဲ့ မြောင်းမြတံတားလို့ ဒေါ်လာ၁၀သန်း တန်လုပ်ငန်းကြီး ကွပ်ကဲခြင်းကတော့ တာဝန်ခံလဲပဲ အခုဖြစ်နေတဲ့ အဂတိလိုက်စားနည်း မျိုးစုံကြားမှာ ပိပြားသွားမှာ ဖြစ်ပါတယ်။
.
အခုခေတ်မှာ နည်းပညာကို လေ့လာရင် အင်တာနက်မှာ အလွယ်တကူ ရနိုင်ပါတယ်။ ဂူဂယ်မှာလဲ How to check suspension bridge ဆိုရင် နည်းပညာစာတမ်းများ တွေ့ရပါတယ်။ ဆောက်ပီးသား တံတာ အိကျလာမှုနဲ့ တံတားခံနိုင်ရည်ကို အလွယ်တကူ စစ်နိုင်ပါတယ်။ ကားအမြောက်အများ သွားနေတဲ့ ရန်ကုန်က ဗန္တုလ တံတားကြီး လှုပ်နေတယ်ဆိုတဲ့ သာမန်လူတစ်ယောက်က ဆောင်းပါးရေးတာ ဖတ်မိပါတယ်။ တံတားပညာ လက်တွေ့လုပ်နေသူများအတွက် စာအုပ်စာတမ်းများ ရန်ကုန်၊ အင်ဂျင်နီယာအသင်း စာအုပ်ဆိုင်မှာ အများအပြား ရှိပါတယ်။
.
ကြိုးတံတား စစ်ဆေးနည်း တစ်ခုကို လင့်ပေးလိုက်ပါတယ်။
Control Method Stretches Suspensions by Measuring the Sag
of Strands in Cable-Stayed Bridges
http://iopscience.iop.org/…/10.1…/1757-899X/245/2/022037/pdf
.
နိဂုံး
ဒါကြောင့် ဂျပန် JICA ကိုပဲ ၁၀၀% လုပ်စေတာဖြစ်ပါတယ်။ ဖက်စပ်လုပ်ရင်လဲ ဂျပန်တွေ စိတ်ပျက်မှာပါ။ သူတို့စည်းကမ်းကို လိုက်နာမဲ့ မြန်မာကုမဏီများကိုပဲ ကန်ထရိုက်ပေးပြီး လုပ်ကြပါစေ။
.
သခန်းစာယူနိုင်ကြပါစေ။ 




Tint Lwin
်မတီကို ဘယ်လိုဖွဲ့လဲ အင်တာနက်မှာ နာရီဝက်လောက်ခေါက်ကြည့်ကြဦး ထင်ရာမြင်ရာမလုပ်ကြပါနဲ့ ရေရှည်အတွက် အစဉ်အလာကောင်းတစ်ခုဖြစ်အောင်စနစ်တကျလုပ်ကြပါ

M Zaw Aung ကိုကျော်နိုင် အားထုတ်မှုကို..ကျေးဇူးအများကြီးတင်ပါတယ်..။ MEngC / Engr အသင်းနဲ့ (Bridge) (Structure) PE ဆရာများ သီးခြားလွတ်လပ်တဲ့ အဖွဲ့တစ်ခု လုပ်သင့်ပါတယ်။ လွှတ်တော်လဲ ပိတ်ရပ်နားထားပါတယ်။ 
.
Containment Actions... 

မြောင်မြ တံတားနေရာက ပို့ဆောင်ရေး အခက်ခဲကြီးဖြေရှင်းနေပါတယ်။ ယာယီ ၁နှစ်ခံ ဇက်ဖြတ်ကူးဖို့ လုပနေကြပါတယ်။ ..တံတားသစ် ဆောက်နေဆဲကို ၁နှစ်နဲ့ အမြန်ဆောက်ဖို့ ဂျပန်ဒီဇိုင်း နဲ့လုပ်နေကြောင်း၊ သေဆုံးသူ၂ဦး မိသားစုကို လူပြန်ကယ်ဝန်ကြီးဌာနက ၃သိန်း+တိုင်းအစိုးရက၃သိန်း+ ဆောက်လုပ်ရေးမိသားစုများကသိန်း၂၀ ..စုစုပေါင်း တဦးကို ၂၆သိန်း တွေ့ဆုံပေးအပ်ထားတယ် ပြောပါတယ်။ ညသန်းကောင်ချိန် ကောင်းရောင်းဝယ် ကြက်ဘဲအစာ သယ်ဆောင်တဲ့ ကားမောင်းဒရိုင်ဘာနဲ့အကူ ကောင်းရာရောက်ပါစေ..။
Manage



Kyaw Naing
မြောင်းမြတံတား စုံစမ်းစစ်ဆေးရေးကော်မရှင်
•••••••••••••••••••••••••••••••••••••••••
မြောင်းမြကြိုးတံတားပျက်ကျမှုကို စုံစမ်းဘို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့လိုက်သည်။ ထိုကော်မတီဖွဲ့စည်းမှုသည် အလောသုံးဆယ်နိုင်သည်ဟု ထင်မြင်မိပါသည်။
ယခုဖွဲ့စည်းလိုက်သောကော်မတီကို ပြည်ထောင်စုအဆင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မတီဟု လုံးဝ လက်မခံနိုင်ကြောင်း ဦးစွာပထမ ပြောလိုပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဌာနတွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ဆိုရင်တောင်မှ ထိုအဖွဲ့၏ စုံစမ်းစစ်ဆေးမှုများသည် ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများပြီးမှ ဆောင်ရွက်သင့်ပါသည်။ သို့မဟုတ်ပါက ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများကို ထိခိုက်စေနိုင်ပါသည်။
COI နှင့်ညိခြင်း
-------------
ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လုံးဝ ဦးမဆောင်သင့်ပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် တံတားပျက်ကျမှုအတွက် တာဝန်ရှိသည့် ဝန်ကြီးဌာနဖြစ်ရာ ထိုစုံစမ်းစစ်ဆေးမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်ခြင်းသည် COI (Conflict of Interest) နှင့် လုံးဝငြိစွန်းပါသည်။
လက်ရှိဆောက်လုပ်ရေး ဒု-ဝန်ကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် MD, အတွင်းဝန် အထိ အဆင့်ဆင့်တာဝန်ထမ်းခဲ့ဘူးသော အရာရှိကြီးဖြစ်ရာ သူသည် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ခေါ်ယူမေးမြန်းစစ်ဆေးမည့် ပုဂ္ဂိုလ်များစာရင်းတွင် ထိပ်ဆုံးမှပါရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်သူသည် ဌာနတွင်း စုံစမ်းစစ်ဆေးရေးကော်မတီကို ဦးဆောင်သည် ဆိုလျင်တောင်မှ တရားဥပဒေ၏ အမြင်တွင် လုံးဝမသင့်တော်သော ကိစ္စဖြစ်ပါသည်။
သက်သေခံပစ္စည်းများ
--------------------
စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်အတွက် အသက်သွေးကြောတစ်ခုသည် သက်သေခံပစ္စည်းများဖြစ်ပါသည်။ တံတားပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ကြည့်ရှုလိုမည့် သက်သေခံပစ္စည်း၊ စာရွက်စာတမ်း ၉၀% ခန့်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ရှိမည်ဖြစ်ရာ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးကော်မရှင်မှ မစစ်ဆေးခင် ဆောက်လုပ်ရေး၏ ဌာနတွင်းစုံစမ်းစစ်ဆေးမှုကို ခွင့်ပြုလိုက်ပါက သက်သေခံပစ္စည်းများ၏ credibility ကို အငြင်းပွားစရာများ ဖြစ်လာနိုင်ပါသည်။
အလားတူပင် အရေးကြီးသည့် သက်သေစာရင်းဝင်များဖြစ်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ထွက်ဆိုချက်ကိုလည်း jeopardize ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ရသေးမီ အခြားမည်သူ့ကိုမှ စုံစမ်းစစ်ဆေးခွင့် မပြုသင့်ဟု ထင်ပါသည်။
ကော်မရှင်ဖွဲ့စည်းခြင်း
-------------------
ကော်မရှင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသူများ နည်းနိုင်သမျှ အနည်းဆုံးဖြင့် ဖွဲ့စည်းသင့်ပါသည်။ ပြည်သူတစ်ယောက်အနေဖြင့် ထိုကော်မရှင်ကို လုံးဝလွတ်လပ်သော ကော်မရှင်ဖြစ်လိုပါသည်။ တတ်နိုင်လျင် ပြည်ပမှ တံတားဆောက်လုပ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်များကိုပါ ထည့်သွင်းနိုင်ပါက ပိုကောင်းပါမည်။
သို့သော် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ထိုသို့ဖြစ်ရန် အခွင့်အလန်း တော်တော်လေးနဲပါသည်။ ထို့ကြောင့် အဖြစ်နိုင်ဆုံးနည်းလမ်းတစ်ခုကို အကြံပေးလိုပါသည်။
လွတ်တော်ရေးရာကော်မတီ
-----------------------
ကျွန်တော်၏ ပုဂ္ဂလိက အမြင်အရ ပြည်သူ့လွှတ်တော် "သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး" ကော်မတီဥက္ကဌ သို့မဟုတ် အမျိုးသားလွှတ်တော် "ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်" ရေးရာကော်မတီ ဥက္ကဌ ကို ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ပေးဘို့ အကြံပြုလိုပါသည်။ အထက်ပါ လွှတ်တော်ရေးရာကော်မတီ တစ်ရပ်ရပ်၏ ကော်မတီဝင်တစ်ဦးကို ကော်မရှင်အတွင်းရေးမှူးအဖြစ် တာဝန်ပေးပါက သင့်တော်မည်ဟု ထင်ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရုံးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ဆောက်လုပ်ရေးမှ (တံတားဌာနနှင့် လုံးဝ မသက်ဆိုင်သော ဌာနရှိ) ညွှန်ကြားရေးမှူးတစ်ဦးအား ကော်မရှင်၏ တွဲဘက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးပါက သင့်တော်မည်ဟုထင်ပါသည်။ ထိုညွှန်ကြားရေးမှူးမှတပါး ကော်မရှင်တွင် ဆောက်လုပ်ရေးမှ အခြားဝန်ထမ်းများ မပါရှိသင့်ပါ။
ကော်မရှင်အဖွဲ့ဝင်များ
--------------------
ကော်မရှင်အဖွဲ့ဝင်များတွင် စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးအဆင့် တစ်ဦး၊ ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးအဆင့်တစ်ဦးနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီဌာနမှ ညွှန်ကြားရေးမှူးအဆင့် တစ်ဦးတို့ကိုလည်း အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းဘို့ အကြံပြုလိုပါသည်။
ကော်မရှင်တွင် ပြည်တွင်း၊ ပြည်ပမှ တံတားဆောက်လုပ်ရေးနှင့် တံတားပြုပြင်ထိန်းသိမ်းရေးတို့တွင် အတွေ့အကြုံရှိသော မြန်မာပညာရှင်များကိုလည်း (ရနိုင်သလောက်) ထည့်သွင်းဖွဲ့စည်းရန် အကြံပြုလိုပါသည်။
နည်းပညာတက္ကသိုလ်များမှ တံတားနှင့်ပါတ်သက်၍ အထူးပြု (မဟာ၊ ပါရဂူ) ဘွဲ့ယူထားသော ဆရာ ဆရာမများ၊ structure နှင့်ပါတ်သက်၍ အထူးပြုဘွဲ့ ယူထားသော ဆရာ ဆရာမများ ကိုလည်း ထည့်သွင်းဖွဲ့စည်းသင့်ပါသည်။
အင်ဂျင်နီယာကောင်စီတွင်မှတ်ပုံတင်ထားသော PE (Bridge) များ၊ PE (Structure) များကိုလည်း အဖွဲ့ဝင်အဖြစ် ပါဝင်စေသင့်ကြောင်း အကြံပြုလိုပါသည်။
ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်
-------------------------------
ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုလည်း ကော်မရှင်ဥက္ကဌအဖြစ် တာဝန်ပေးမည့်သူနှင့်တိုင်ပင်၍ တိတိကျကျ သတ်မှတ်ပေးရန်လိုပါမည်။ ကော်မရှင်သည် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို အပြီးသတ်ဆောင်ရွက်ရန် အချိန်ကာလ သတ်မှတ်ပေးရပါမည်။
ကော်မရှင်သည် စုံစမ်းတွေ့ရှိချက်များကို နိုင်ငံတော်သမ္မထံသို့တင်ပြ၍ တချိန်တည်းမှာပင် ပြည်သူလူထုအားလည်း ထုတ်ပြန်ကြေငြာရန် အကြံပေးလိုပါသည်။
ကော်မရှင်၏ လုပ်ပိုင်ခွင့်ကို အစီရင်ခံစာ တင်သွင်းရန်သာ သတ်မှတ်မည်လား၊ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများဆောင်ရွက်ရန် ထောက်ခံတင်ပြဘို့အထိ တာဝန်ပေးမည်လား၊ လိုအပ်သူများကို တရားစွဲဆိုသည့်အထိ လုပ်ပိုင်ခွင့်ပေးမည်လား တိတိကျကျ သတ်မှတ်ပေးရန်လိုပါမည်။
ပြည်သူအားလုံးကတော့ ဒီမိုကရေစီအစိုးရစစ်စစ်လက်ထက်တွင် ပထမဦးဆုံးကြုံတွေ့ရသော ဤအဖြစ်အပျက်အား အစိုးရအနေဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို စိတ်ဝင်စားစွာ စောင့်မျှော်လျက်ရှိပါသည်။
အပြစ်မဲ့ပြည်သူတစ်ဦး အသက်ဆုံးရှုံးရခြင်းသည် လွန်စွာကြီးမားသော ဆုံးရှုံးမှုဖြစ်ပါသည်။ အခုတော့ ပြည်သူနှစ်ဦး သေဆုံးခဲ့ရပါပြီ။ ဤကိစ္စကို လိုအပ်သလို အရေးယူမဆောင်ရွက်နိုင်ပါက သေဆုံးသူနှစ်ဦး၏ ဝိဉာဉ်တစ္ဆေများက ကျွန်တော်တို့အား အမြဲခြောက်လှန့်နေပါလိမ့်မည်။




Ministry of Construction
မြောင်းမြကြိုးတံတားနှင့် ပတ်သက်၍
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
==============================================
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြောင်းမြ ကြိုးတံတားသည် (၁-၄-၂၀၁၈)ရက်၊ နံနက်(၀၁:၄၅)နာရီတွင် (၁၆)တန်၊ (၆)ဘီး ကုန်တင်ကားတစ်စီး ဖြတ်သန်းစဉ် တံတားကျိုးကျမှု ဖြစ်ခဲ့ပါသည်။ အဆိုပါ တံတားသည် (၁၉၉၄)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၉၉၆)ခုနှစ်တွင် ဖွင့်လှစ် အသုံးပြုခဲ့ပါသည်။ ယခုအခါ တံတားသက်တမ်းမှာ (၂၂)နှစ်ခန့် ရှိပြီး ဖြစ်ပါသည်။
အဆိုပါ တံတား တည်ဆောက်စဉ်ကပင် တန်ချိန်(၈၅၀၀) အလေးချိန်ရှိသော ကွန်ကရစ် ကြိုးထိန်းခုံ နိမ့်ကျမှုဖြစ်စဉ် ရှိခဲ့၍ ပြန်လည်ပြင်ဆင်ခဲ့ရသော တံတား ဖြစ်ပါသည်။ မြောင်းမြ ဘက်ကမ်းရှိ ကွန်ကရစ် ကြိုးထိန်းခုံ နိမ့်ကျမှုဖြစ်စဉ်ကြောင့် တာဝါတိုင်သည် မြစ်၏ဆန့်ကျင်ဘက်သို့ (၁၁)လက်မ စောင်းရမည့်အစား မြစ်ဘက်သို့ (၇)လက်မ စောင်းနေ၍ တံတားတည်ဆောက် ပြီးစီးချိန်ကစ၍ နှစ်စဉ်စောင့်ကြည့် စစ်ဆေးခဲ့ရပါသည်။ ထိုသို့ တံတားသက်တမ်း နှစ်(၂၀)ပြည့်မြောက်သည့် (၂၀၁၆)ခုနှစ်မှစ၍ လစဉ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။ စစ်ဆေးရာတွင် တံတားကြမ်းခင်းများ၊ မူလီများ၊ Expansion Joint များ၊ Suspender Rod များ မကောင်းလျှင် လဲလှယ်မှုများ ချက်ချင်းပြုလုပ်ခဲ့ပါသည်။
ယခုဖြစ်စဉ်ကို စစ်ဆေးရာတွင် ကွန်ကရစ် ကြိုးထိန်းခုံ၏ အတွင်းပိုင်း ကွန်ကရစ်ထဲတွင် ထည့်၍ မြှုပ်နှံထားသော သံမဏိကြိုးများ ဆွေးမြေ့ပြီး ကြိုးပြတ်၍ တံတားကျိုးကျပျက်စီးခဲ့ကြောင်း တွေ့ရှိရပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် (၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ်မှစ၍ လက်ရှိကြိုးတံတားနှင့်အပြိုင် တံတားအသစ် (၁)စင်းကို ဂျပန်အင်ဂျင်နီယာပညာရှင်များနှင့် ပူးပေါင်း၍ ဂျပန်နည်းပညာဖြင့် တံတားအသစ် တည်ဆောက်လျက်ရှိပြီး တည်ဆောက်ချိန်ကာလ (၁)နှစ်ခန့် ရှိခဲ့ပြီ ဖြစ်ပါသည်။
တံတားအသစ်သည် နည်းပညာအရ တည်ဆောက်ချိန် (၃)နှစ်ခန့် ကြာမြင့်မည်ဖြစ်သောကြောင့် ယခုအခါ လမ်းပန်းဆက်သွယ်မှု အခြေအနေအရ တံတားအသစ်(၁)စင်း အမြန်လိုအပ်နေပြီဖြစ်၍ တံတားအသစ်ကို (၁)နှစ်အတွင်း ပြီးစီးအောင် တံတားအမျိုးအစား ပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးသော တံတားများအား နှစ်စဉ် (၁)နှစ်လျင် (၂)ကြိမ် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။ ကြိုးတံတားများမှာ မြောင်းမြတံတား အပါအ၀င် စုစုပေါင်း အစင်း(၃၀)ရှိပြီး အဆိုပါကြိုးတံတားများကို ယခုကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်စေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အသေးစိတ် စစ်ဆေးမှုများကို ချက်ချင်းဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ ကြိုးတံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဂျပန်အင်ဂျင်နီယာပညာရှင်များ နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးအစီအစဉ်ဖြင့် တရုတ်အင်ဂျင်နီယာပညာရှင်များ နှင့်လည်းကောင်း အတူပူးပေါင်းပြီး တံတားများ၏ ကြံ့ခိုင်ရေး အခြေအနေများအား စစ်ဆေးသွားမည် ဖြစ်ပါသည်။
မြောင်းမြ ကြိုးတံတား ကျိုးကျမှုဖြစ်စဉ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အသက်ဆုံးရှုံးသွားကြသော ယာဉ်မောင်း ဦးမဲကြီး (ခ) ဦးသန့်ဇော်ထိုက်၊ ယာဉ်နောက်လိုက် ကိုဂျူးဂျူး (ခ) ကိုဝင်းထိုက်အောင် တို့၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းမိပါကြောင်း နှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိပါသည်။
ပြည်သူများအနေဖြင့် လက်ရှိ အသုံးပြုလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ ကြိုးတံတား (၂၉)စင်းကို စိုးရိမ်မှု မရှိကြပါရန်နှင့် အဆိုပါ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အလေးပေး ဆောင်ရွက်လျက် ရှိပါသည်။ ပြည်သူလူထုအနေဖြင့် အဆိုပါ ကြိုးတံတားများပေါ်တွင် သတ်မှတ် ခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်ကာ ဖြတ်သန်းခြင်း မပြုကြပါရန်နှင့် သတ်မှတ် အရှိန်နှုန်းအတိုင်း မောင်းနှင်ခြင်းဖြင့် ပူးပေါင်း ကူညီဆောင်ရွက် ထိန်းသိမ်းပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
*******************************
ဆောက်လုပ်ရေးဝန်ကြီးဌာန မြောင်းမြတံတား ပြိုကျမှု . .ထုတ်ပြန်ချက်ထွက်လာပါတယ် .. ကွန်မင့်တွေကတော့ အလွန်များတယ်။
.. "ယခုဖြစ်စဉ်ကို စစ်ဆေးရာတွင် ကွန်ကရစ် ကြိုးထိန်းခုံ၏ အတွင်းပိုင်း ကွန်ကရစ်ထဲတွင် ထည့်၍ မြှုပ်နှံထားသော သံမဏိကြိုးများ ဆွေးမြေ့ပြီး ကြိုးပြတ်၍ တံတားကျိုးကျပျက်စီးခဲ့ကြောင်း တွေ့ရှိရပါသည်။" . . တဲ့။ .. "တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ ကြိုးတံတား (၂၉)စင်းကို စိုးရိမ်မှု မရှိကြပါရန်" .. လို့လဲ ရေးထားပါတယ်။ အဲဒီမှာ သုံးတဲ့ သံမဏိကြိုးတွေရဲ့ Specification with QC Certificate of Destructive Test & Non-destructive test ကွာလတီကွန်ထရီးဆာတီဖီကိတ်တွေ ပြုပြင်ထိမ်းသိမ်းမှုတွေလုပ်သလား၊ သံမဏိကြိုးတွေ ယိုယွင်းနေပြီလား ဆိုတာလိုက်စစ်ကြည့်ဖို့ လိုနေပါတယ်။
.
လမ်းတံတား ဌာနမှာ ဒီလိုစစ်ဆေးနည်းတွေ စာအုပ်ထုတ်ထားပြီးသာ ရှိမှာ သေချာပါတယ်။ သေချာမလုပ်ကြသေးပါဘူး။ တန်၆၀ တံတားက တန်၂၀ပဲ ခံနိုင်တော့တယ် သိရက်နဲ့ ပိတ်သိမ်းခြင်းလုပ်ရမှာပါ။ လူ၂ယောက် ကားတစ်စီးပဲ ညသန်းကောင်မှာ ဆုံးရှုံးသွားတာ အများကြီးကံကောင်းပါတယ်။
.
ဘာပဲဖြစ်ပစေ လွတ်တော်မှာ အရေးကြီးတဲ့ တံတားကြီးတွေ၊ ဆည်တမံကြီးတွေ ကြံခိုင်ရေးစစ်ဆေးမှု ဥပဒေတစ်ခုတော့ လိုနေပါပြီ။ ၁၉၈၄ ခုနှစ်က အမေရိကန်ကင်တာကီပြည်နယ်က ဆပ်စပင်းရှင်းတံတား သံမဏိကြိုး ဘယ်လိုစစ်ဆေးသလဲ အင်တာနက်မှာ အလွယ်တကူကြည့်နိုင်တဲ့
အစီရင်ခံစာ စာမျက်နှာ ၅ .မှာရေးထားပါတယ်။ (၃၄မျက်နှာလုံး လေ့လာလိုသူများအတွက် တင်လိုက်ပါတယ်)။
Download PDF file Link . . https://goo.gl/ECwrr5
.
Page 5 of 34...
This is the last of three reports concerning suspension bridges and corrosion. The first report (1) contains background information on suspension bridges including typical corrosion prevention methods employed to protect bridge wire. The second report (2) addresses corrosion mechanisms and contributing factors that lead to corrosion problems in suspension bridge wire.
.
Many findings of the second report are relevant to this report. The more applicable findings include the following:
1. Bridge wire is subjected to corrosion
industry-affected atmospheric environments (i.e. ,source of atmospheric sulfur). cracking in common the presence of some
.
2. Galvanized helical strand deteriorates (corrodes) in four
stages:
a) In though some spots.
Stage 1, wire surfaces have a signs of white zinc corrosion
shiny metallic product may be appearance, visible in spots.
b) During Stage 2, wire surfaces dull as the zinc corrodes. The
wires eventually are covered with the white corrosion pro duet. However, there is no ferrous corrosion under the white corrosion product.
c) In Stage 3, signs of ferrous rust are visible on wire surfaces.
The zinc coating is almost completely consumed. Random wire is cracking possible in this stage.
d) During Stage 4, ferrous rust stains or displaces most of the
white corrosion product on wires. Wire surfaces become very rough and pitted. Wire cracking is anticipated at this stage of deterioration.
.
3. Long-term contact with atmospheric moisture promotes wire
deterioration and cracking processes.
.
4. Galvanizing corrosive mechanisms on the wires must be locally depleted by other corrosive mechanisms prior to corrosion cracking.
.
At the time of the second corrosion-related cable problem on the General u. S. Grant (US 23) Bridge over the Ohio River between Portsmouth, Ohio, and South Shore, Kentucky, most authorities responsible for maintenance of cable suspension bridges were somewhat unaware of potential problems posed by cable corrosion. Some had performed internal inspections of main cables or suspenders. However, most authorities were satisfied with external visual inspections and, perhaps, occasional painting of cables.
.
Unfortunately, information concerning bridge corrosion problems is sparse. Therefore, suspension bridge authorities have lacked guidelines for inspecting and maintaining their structures. The purpose of this report is to provide broad recommendations for inspecting suspension bridges in a thorough yet economical manner. This report also contains preventative and remedial maintenance procedures, when problems are detected in the cable corrosion protection system or when the wires are
damaged by corrosion.
.
.
တံတားရဲ့ သံမဏိကြိုးကို စစ်ဆေးပုံ စစ်ဆေးနည်းဖြစ်ပါတယ်။ ၁၉၈၄ က ဒီအစီရင်ခံစာကို ဥပဒေတွေနဲ့ ထုတ်ထားပြီး ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံ လမ်းတံတားဌာနမှာ ဒါမျိုးစစ်ဆေးဖို့ ၀န်ထမ်းမလုံလောက် ဖြစ်နေရင် စစ်ဆေးရေးဌာန ဆိုပြီး လူငယ်အင်ဂျင်နီယာ အမြောက်အများ အလုပ်ခန့်ပြီး၊ လက်ရှိ ပီအီး၊ အာအက်စ်အီး လက်မှတ်ရထားတဲ့ ဌာနပြင်ပ ပညာရှင်များ၊ နည်းပညာကျောင်းက အရည်ချင်းနဲ့အတွေ့ကြုံရှိတဲ့ ဆရာများကို ခေါင်းဆောင်လုပ်ခွင့်ပေးရင် ကောင်းမျာပဲလို့ စဉ်းစားနေမိပါတယ်။
.
အလားတူ မြန်မာနိုင်ငံတွင်းက ဆည်ကြီးတွေ ကြံခိုင်မှုကို ရေအောက် ရိုဘော့လိုကရိယာမျိုးနဲ့ ဆည်မြောင်းဌာနက ကြံခိုင်မှု စစ်ဆေးနိုင်ပါတယ်။ ရေအောက်မှာ အပေါက်ကလေး တစ်ပေါက်ကနေ ကြီးလာပြီး ဆည်ကျိုးပေါက်တဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တိုင်ဝမ်နဲ့တရုပ်နိုင်ငံများမှာ ကြံခိုင်ရေးစစ်ဆေးကြပါတယ်။
.
ကျနော် လမ်းတံတား အင်ဂျင်နီယာမဟုတ်ပါ။ ဆည်မြောင်း အင်ဂျင်နီယာလည်း မဟုတ်ပါ။
.
လေးစားစွာဖြင့်
အင်ဂျင်နီယာတစ်ဦး
********************************
.

River Phoenix shared his first post.
M.Eng.C နဲ့ MES တို့ရဲ့
‌မြောင်းမြတံတားဖြစ်‌စဉ်‌အ‌ပေါ်
သုံးသပ်‌ချက်‌‌တွေ
ဘယ်‌မှာ ရှာဖတ်‌ရမလဲဗျာ

********************************
.
မြောင်းမြ တံတားသည်
ခေတ်စံနစ်ဆိုးတခု၏ မှားယွင်းညံ့ဖျင်းသောစီမံခန့်ခွဲမှုများကြောင့် ချက်ခြင်းအဖြေမထွက်လာသော်ငြား
အချိန်တန် အသီးသီးချိန်တွင် အဆိပ်သီးသီးလာကြောင်းနှင့်
စီမံခန့်ခွဲသူများစံသွားချိန်တွင် တိုင်းသူပြည်သားများ အသက်ပေး ခံသွားရကြောင်း
အချိန်ယူ အဖြေထုတ် သက်သေပြသွားသည့်ဖြစ်စဉ်ဖြစ်သည်။
တံတားတည်ဆောက်ခဲ့စဉ်ကတည်းက မျက်မြင် မြင်တွေ့ နားဖြင့်ကြားခဲ့ရသော မီဒီယာသမားတဦး၏ ( ဤ page တွင် ရှာဖွေဖတ်ရှုနိုင်သည် )ဆောင်းပါးမှ အဖြေထွက်ပြီးဖြစ်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့သည်
တာဝန်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်တိုင် ဖြစ်၍မရသည်ကို ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအနေဖြင့်သိသင့်သည်။သိလည်းသိကြသည်။ပြည်သူတွေ နှင့် အင်ဂျင်နီယာအားလုံးသည်လည်း ငတုံးများမဟုတ်ကြ၍ သိကြသည်။
(၁)မြန်မာနိုင်ငံ ၏ အင်ဂျင်နီယာအားလုံးကို ထိန်းချုပ်သည့် regulatory body ဖြစ်သည့် မြန်မာအင်ဂျင်နီယာကောင်စီ၏ ခေါင်းကိုင် ပဟိုပြု ဝန်ကြီးဌာနသည်
အင်ဂျင်နီယာဆိုင်ရာ ကျင့်ဝတ် Ethic
လုပ်ထုံးလုပ်နည်း Regulation
အရည်အသွေးထိန်းသိမ်းခြင်း QA & QC
စီမံကိန်းတခုချင်းစီ ၏ မှတ်တမ်းမှတ်ရာ Proper Documentation တို့ကို စံပြုညွန်ကြား ထိန်းချုပ်သော မြန်မာနိုင်ငံတွင် အမြင့်မားဆုံး အင်ဂျင်နီယာဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းဖြစ်သည်။
(၂)မြောင်းမြတံတားသည် စစ်ဆင်ရေးတံတားမဟုတ်ချေ မဖြစ်ချေ။ မည်သည့်စစ်ဆင်ရေး တံတားကိုမှ မည်သည့် အရူးအနှမ်းကမှ ဤ ကမ္ဘာမြေပေါ်တွင်အခမ်းအနား ကမ္ဗည်းမော်ကွန်းဖြင့် ဖွင့်ပေးရိုးမရှိ။ ဤသည်ကသက်သေဖြစ်သည်။ သို့အတွက် သက်တမ်း ၂ဝ နှစ် ဟူသည် ယုတ္တိမရှိသော အရပ်စကား မျသာဖြစ်သည်။ ဝန်ကြီးဌာနတခု အင်ဂျင်နီယာတဦး ၏ စကားမဟုတ်ပေ။ တကမ္ဘာလုံးက အင်ဂျင်နီယာများအတွက် Joke တခုသာဖြစ်သည်။
(၃)တံတားတည်ဆောက်ချိန်မှ စ၍ ယနေ့အထိ ၂၂ နှစ်သောကာလသည် တံတားတည်ဆောက်ရေး အချက်အလက်များအားလုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာနအတွင်း စံနစ်တကျ မုချထိန်းသိမ်းထား ရှိနေရဦးမည့်ကာလဖြစ်သည်။ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်မှသာ ပျောက်ပျက်နိုင်မည်။ အသုံးပြုခဲ့သည့် ကြိုးများ၏ specification, tensile test report, heat number, source of origin, supplier, site ( project ) diary , stakeholder management report, အစရှိသည်တို့ကို ပြည်သူနှင့် အင်ဂျင်နီယာများအားလုံး သိမြင်နိုင်ရန် စစ်ဆေးရေးအဖွဲ့က မုချ တင်ပြရမည်။
(၄) တံတားတည်ဆောက်ရေးအားအမိန့်ပေးညွှန်ကြားသူ
တည်ဆောက်ရေးကာလ အားကန့်သတ်သူ
တည်ဆောက်ရေးတွင်ပါဝင်ခဲ့သည့် အင်ဂျင်နီယာမှူးကြီးမှစ၍ JE အထိ အမည်နာမများကို (အပြစ်ရှိ မရှိ မစစ်ဆေးမီ) အသက်ပေးခဲ့ရသော ပြည်သူများမျက်နှာကို ထောက်ထား သစ္စာရှိစွာဖြင့် စံနစ်တကျ report တွင် ထုတ်ပြန်ရမည်။ ဆောက်လုပ်ရေး သက်တမ်းတလျောက်နှင့်ယခု ဒုဝန်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်နေသူသည် ဤ ဖြစ်စဉ်အားလုံး နှင့် document အားလုံးကို အသိနိုင်ဆုံး လက်လှမ်းအမီဆုံးသူဖြစ်သည်။
( ၅) ဌာနဆိုင်ရာဝန်ထမ်းများအဖြစ် PE RSE အများဆုံး အပေးခံရသော ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ ပြိုကျပျက်စီးသော မြောင်းမြတံတား ၏ ဆောက်လုပ်ရေး နှင့် ဆက်လက်ထိန်းသိမ်းရေးတွင် ပါဝင်ပတ်သက်ခဲ့သော … ယခုအချိန်တွင် PE RSE အများစုဖြစ်နေပြီဖြစ်သော အင်ဂျင်နီယာများ အပေါ် ကောင်စီ၏ ဥပဒေအရ မည်ကဲ့သို့ စစ်ဆေးသွား မည်ကိုလည်း အင်ဂျင်နီယာကောင်စီ၏ ခေါင်းကိုင် ပဟိုပြုဝန်ကြီးဌာန အနေဖြင့် အင်ဂျင်နီယာအားလုံး၏ ရှေ့မှောက်တွင် တာဝန်ရှိနေပြီဖြစ်သည်။
( ၆) အင်ဂျင်နီယာပညာရှင်များ၏ ပညာပိုင်းဆိုင်ရာလုပ်ပိုင်ခွင့်ကို စွက်ဖက်ချယ်လှယ်ခံရခြင်းဖြင့် တည်ဆောက်ရေးကို စတင်ခဲ့ရသော တံတားတခု ဆောက်လုပ်ရေးလုပ်ငန်းတခု သည် မည်သို့မျ မလုံခြုံ မတည်တံ့နိုင်ဟူသည်ကို မြောင်းမြတံတားက ၂၂ နှစ်ကြာ ကာလတခုတွင် အသက် နှစ်ချောင်း ကိုရင်းပြီး သက်သေထူသွားခဲ့ပြီ။အချိန်ကာလတခု အသက်နှစ်ချောင်းပေးဆပ်ရသော အမှန်တရားဖြစ်သည်။
ဖြစ်ရပ်မှန်ကို 3 rd party
( ဥပမာ အင်ဂျင်နီယာကောင်စီမှ ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ ဝန်ထမ်းမဟုတ်ခဲ့သော ပညာရှင်တဦး…
RIT မှ ပညာရှင်ဆရာတဦး …
မြန်မာနိုင်ငံတွင်ရှိနေပြီဖြစ်သော Consultant Company
' Manhardt ' မှ ပညာရှင်တဦး… )
မပါဘဲ အဖြစ်မှန်သည် မည်သည့်နည်းနှင့်မျ မပေါ်နိုင်။ အဖြစ်မှန်ကို မဖေါ်ထုတ်နိုင်ခဲ့လျင်သော်လည်းကောင်း / ဖုံးကွယ်ဖော်ထုတ်ခဲ့လျင်သော်လည်းကောင်း မြောင်းမြတံတားတည်ဆောက်ရေးကိုဖြစ်စေခဲ့သော စီမံခန့်ခွဲမှုအမှားမျိုးသည်
နည်းပညာအမှားမျိုးသည်
အရည်အသွေးထိန်းချုပ်မှုအမှားမျိုးသည်
လာဘ်ပေးလာဘ်ယူ(ရှိခဲ့လျင်) အမှားမျိုးသည်
တာဝန်ယူ တာဝန်ခံမှု ပျက်ကွက်ခဲ့မှုသည်… စသဖြင့်
ဆက်လက်တည်တံ့တည်ရှိသွားမည်ဖြစ်ပြီး
အနာဂတ်တွင် အခြေအနေတူ
မြောင်းမြ တံတားတည်ဆောက်မှုများ
မြောင်းမြတံတားပျက်စီးမှုများ
အပြစ်မဲ့ပြည်သူ့အသက်ဆုံးရှုံးမှုများ
ဖြစ်ရပ်မှန်ကိုထပ်မံဖုံးကွယ်နိုင်မှုများ ဆက်လက် ဖြစ်သွားစေရန် တွန်းအားပေးရာ အမှန်ရောက်သဖြင့်…
နိုင်ငံတော်သစ္စာဖောက်မှု အမှန်မြောက်ပါကြောင်း
သက်ဆိုင်ရာ
စုံစမ်းစစ်ဆေးရေးအဖွဲ့အား သတိပေးလိုက်သည်။
The Watchdog
Engineers never fail !
Kyaw Oo added 2 new photos.
မြောင်းမြ တံတား ကျိုးတာနဲ့ ပတ်သက်ပြီ လူ ၂ယောက် ရဲ့ အမြင်
တယောက် က လက်ရှိ တံတား က အရာရှိ အင်ယာ ။နောက်တယောက် ကတော့မသိ RED အနီဆိုတော့ ဒီမို ဘက် က ဖြစ်မယ်

ဘယ်သူမှန်တယ်ထင်လဲ
Credit to original posts
==================
ကျတော် မနက် 2:15 am က
မြောင်းမြက တပည့် ဇော်မင်း ph ဆက်လာ
တယ်
"ဆရာ မြောင်းမြတံတား ကျိုးကျသွားပြီ"
"ဟာ"
အိပ်ချငိမူးတူးဖြစိနေရင် ငုတ်တုတ်ထထိုင်မိ
သွားသည်။ ( ဒါပေမဲ့ မျော်လင့်ထားပြီးသားမို့
မတုန်လှုပ်မိ။ )
နောက် sae ကိုကြင်ထွန်း ဖုန်းဆက်ပြန်
တယ် လူ အသေအပျောက်သာမေးပြီး
ပြန်အိပ်တယ် အိပ်မရတော့ချေ။ ဖုန်းနေ
တဂွမ်ဂွမ် ဆက်တိုက်ဝင်လာနေသည်။
ဧရာတိုင်းဝန်ကြီးချုပ် လမ်းပန်းဝန်ကြီး
လုံ/နယ် ဝန်ကြီးနှင့်အစိုးရအဖွဲ့ချက်ချင်း
မြောင်းမြသို့ သွားသည်တဲ့
စောစောစီးစီး ပုသိမ် ကြိုးတံတားပေါ်ပြေးကြည်မိသည်။ နောက်တော့ မြောင်းမြဆီသို့---
မှတ်မိသေးသည် ၂၀၀၄ ခု နှစ် သံလွင်တံတား
မော်လမြိုင် အပြီးသတ်ချိန် AE ရာထူးဖြင့်
မြောင်းမြ မြို့နယ် အင်/ယာ အဖြစ်တာဝန်ကျသည်။ စရောက်ရောက်ချင်း
လုပ်ငန်းတာဝန်များလွှဲချိန်မှာ
Sae ကိုတင်စိုး ကိုစိုးဝင်း ကိုကြင်ထွန်းတို့က
"AE ဒီမှာတော့ အလုပ်က မပူပါနဲ့ ဒါပေမဲ့
ပိုက်ဘော တစ်ခု တော့ ရှိတယ်"
"ဟေ ဘယ်သူ့ပိုက်ဘောလဲ"ဆိုတော့ ဝိုင်းရယ်ကြတယ် "
တရုတ်ကြီးပေးတဲ့ ပိုက်ဘောပါ" တဲ့
ကိုယ်က ကြောင်သွားတယ်။
နောက်သူတို့က ရှင်းပြတယ် အဲဒီတုံးက ခရိုင် EE က ဦးမြင့်ဆွေ။ ဆရာက ပါရှင်းပြတယ်
အဲဒီကတည်းက တစ်ပန်တစ်ခါ မြောင်းမြဘက်
ခြမ်း Tower ကို တိုင်းလိုက်ရတာ။
မြောင်းမြဘက်ခြမ်း Tower က 2'-3" /
2'-4" / 2'-6" စသဖြင့် Tilt ဖြစ်နေတယ်
မြစ်ဘက်ကို။ စောင်းနေတယ်ပေါ့။
ရုံးချုပ်က လူကြီးတွေကလဲ အရမ်းကို မြောင်း
မြတံတားနဲ့ပတ်သက်လို့ အထူးတလည်
အပတ်စဉ် report ဖတ်တယ်။
ဆရာ ဒု ဝန်ကြီး ဦးတင့်ဆွေ ဆိုပါလျင် ဧရာ
ဝတီတိုင်းလာတိုင်း မြောင်းမြတံတားကို အမြဲ
ကြည့်တယ်။
'ဆရာ တင့် က တနေ့ တော့ tower
lower hinge ကို ကြည့်ပြီး မင်းတို့
တိုင်းတဲ့tilt က ခု ဆို ၄ လ လောက် ငြိမ်
နေတယ်တဲ့ နေက်ဆို ၂ ပတ်တစ်ခါပဲ
တိုင်းတော့တဲ့ နောက် တစ်လ တစ်ခါ
စသဖြင့် တိုင်းရတော့တယ်---
ဆရာ က ပြောတယ် မင်းတို့ tower က
နောက်ထပ် 500 mm.အထိ ယိုင်လို့ရသေးတယ် ကျော်ရင်တော့ သွားပြီ
တဲ့ လမ်း တံတား အဆောက်အဦ ဘက်စုံ
တော်သည့် ဆရာမို့ သူစိုးရိမ်မှာ ကိုယ်လဲ
ဂရုစိုက်ရသည်။
ယခုတော့ ဂရုစိုက်နေသော တာဝါတိုင်
main cable က
==============
အချိန်ကား တပ်မတော်အစိုးရလက်ထက်
စစ်တိုင်းမှူးတွေကိုယ်တိုင် အမြဲလာကြပ်နေ
သည်။
ယခင်က ကွယ်လွယ်ဇက်ဆိပ်ကနေ ဇက်ကူး
နေရသော မြောင်းမြသားတို့ တံတားဆောက်
တော့မှာမို့ ပျော်ပြီလေ--
ထို တံတားကား တရုတ် ကြီး က ချစ်ကြည်
ရေး မြန်မာပြည် အတွက် ကြိုးတံတား ၅ စင်းထဲတွင် စမ်းသပ်တည်ဆောက်မှု တခု
ဖြစ်သည်ကို မြောင်းမြသားတို့ တံတားပြီးမှ
သိရလေသည်။
မြောင်း မြ အတ္ထရံ ဂျိုင်း စသည့် အစမ်း
သပ်ခံ တံတားများကား မြောင်းမြ က
construction period အတွင်းတွင်
စတင်သိရလေပြီ။
မြန်မာပြည်တွင် suspension bridge
ကို ပထမ ဦးဆုံး မြောင်းမြတံတား ကို စတင်
သည်။
တည်ဆောက်စဉ် tower foundation
အုတ်မြစ်ကို bored pile ကြီး မတူးပဲ
bored pile & driven piles များကို
cap တစ်ခု တည်း၌ နှစ်ပိုင်းခွဲလုပ်သည်။
အဲတုံးက ပညာရည် နှင့် စိတ်ထားမွန်မြတ်
လှသော MD ဆရာ ဦးရွှေထွန်းမောင်က
တရုတ်အင်ဂျင်နီယာတွေကို
"မင်းတို့ design ပြန်ကြည့်အုံး foundation တစ်ခု ထဲမှာ bored pile
နဲ့ driven pile ၂ မျိုး သုံးထားတယ်
ပြီးတော့ soft portion မြစ်ဘက်ကိုမှ
driven pile ကို ထားတယ်'
တရုတ်တွေကြောင်သွားတယ် ပြီးတော့
designer နဲ့ညှိပါရစေအုံးတဲ
တရုတ်အင်ယာ တွေခေါင်းချင်းရိုက်နေတယ်
နောက် ၂ ရက်ကြာတော့ designer က
မပြင်နိုင်ဘူးတဲ့---
နောက်တစ်ခု က Anchord block
ကိစ္စ။
မြောင်းမြ တံတား Anchord block
ကြိုးထိမ်းခုံ သည် တန်ချိန် ၂ သောင်း
ကျော်သည်။ အကုန်အကျများပြီး ဘေးပတ်
ဝန်ကျင် ရပ်ကွက်တွေ ပါ ထိခိုက်သွားသည်။
ကြိုးထိမ်းခုံ ၏ weight ကြောင့် အောက်
ခံမြေသားသည် slip cycle ဖြစ်ကာ
ဘေး ရပ်ကွက် အိမ်များ ယိုင်နဲ့သွားလေသည်။ ထို့ အမှားကို နမူနာ
ယူ၍ နောက် suspension bridges
များ၏ ကြိုးထိမ်းခုံ များသည် သေးကာ
compact ဖြစ်သွားသည်ကို မြင်တွေ့ရပေ
မည်။
"အလကားရတိုင်း မကောင်း"ဆိုသလို
ဆင်းရဲမှုဒဏ် နည်းပညာအစယူရတဲ့ဒဏ်
ရိုက်ခိုက်မှုကား ယခု သိပြီ။
တံတား Anchored block ၏ မြင့်မားမှု
ကြောင့် earth pressure effeဝင်ပြီး
မြောင်းမြဘက်ခြမ်း တာဝါသည် မြသ်ဘက်သို့
၂ ပေကျော် tilt ဖြစ်သွားတော့သည်။
ထိုအခါ ဧရာတိုင်းမှူးသည် ဒေါသူပုန်ထကာ
"မည်သူ့တွင်တာဝန်ရှိသနည်း" တဲ့
ဆရာ MD ကား သက်ပျင်းချကာ
"ကျတော်သည် ဆောက်လုပ်ရေး၌ တာဝန်
အရှိဆုံးမို့ ကျတော် မှာသာရှိပါတယ်"
ထို့နောက် ဆရာMD သည် နုတ်ထွက်သွား
လေသည်။
ဆရာက နတ်မထွက်ခင် တရုတ်အင်ယာများ
ကို ညစာကျွေးပြီး ဒီကြိုးတံတား ၏ design
life က ဘယ်လောက်လဲမေးသည်။
တရုတ်အင်/ယာ တစ်ယောက်က 20 years တဲ့
designer က ထပ်ဖြေသည်။
' till the broken" တဲ့
တာဝန်ခံမှု တာဝန်ယူ မှုကို တပည့်တွေကို
စံနမူယူစေသည်။
မြန်မာပြည်တွင် ပထမဦးဆုံး စတင် ပညာယူ
ရသော အလကားသူများပေးမှရသော
ကြိုးတံတား ၅ စင်းမှမွေးထုတ်ပေးသော အင်ယာ များက ယခု တေ skill engး
များဖြစ်နေလေပြီ။
=======
ကမ္ဘာပေါ်တွင် တံတားအမျိုးအစားပေါင်းများ
စွားရှိသည်။အဓိက ၆ မျိုးသာရှိသည်။
1- Arch bridge
2- Beam bridge
3- Cantilever bridge
4- Cable- stayed Bridge
5- Suspension Bridge
6- Truss Bridge
တို့ပဲဖြစ်တယ်
ဒီနေရမှာ
cable- stayed bridge နဲ့
suspension bridge ရဲ့ အားနည်း
အားသာချက်က
1- suspension bridge က
long span ကို ရစေတယ်
ဒါပေမဲ့ တန် သတ်မှတ်ချက်က အလွန်
နည်းတယ်။ over load များကို အလွန်
ကြောက်သည်။
2- suspension bridge က 500 m
ထက် ပိုက အလွန်ဂရုစိုက်ရပြီး designer
တို့ ခေါင်းခြောက်ရသည်။ သို့ရာတွင် တန်
သတ်မှတ်ချက်သည် Suspension ထက်
နိုင်နင်းပြီ stable ဖြစ်သည်။
design life အနေ့ဖြင့်လည်း suspension bridge သည် အလွန်
နည်းသည့်အပြင် maintainece
လွန်စွာခက်ခဲသည်။
cable - stayed က လွယ်ကူသော်
လည်း suspension က အခြား အပိုင်း
များသာ လွယ်ကူသည်။Anchored ဖြင့်
ချိတ်ဆက်ထားသော main cable က
strength သက်တမ်းကုန်ဆုံးက ပြီးလေပြီ။
ချမ်းသာကြွယ်ဝသော နိုင်ငံများတွင်မူ
အလွန်တန်ဖိုးမြင့်မားသော high tension
materials များကြောင့် long span ကိုမိုရရှိစေကာ design life ကို များစွာရရှိ
စေသည်။ ကုန်ကျမှု အနေဖြင့်လည်း ၅ ဆ မှ
၈ ဆအထိ အသုံးပြုကြသည်။
အစမ်းသပ်ခံရသော်လည်း ကြိုးတံတား အတွေ့အကြုံ အင်ယာများစွာမွေးထုတ်ပေး
လေသည်။
နောက် ၄ စင်းကိုလည်း အသစ်ထပ်မံတည်
ဆောက်ဖို့လအရင်ကတည်းက လျားထား
ထားသည်ဟု သိရလေသည်။
=================================
နောက် တယောက် က ရေးထားတာ
နည်းသည့်အပြင် maintenance
မြောင်းမြကြိုးတံတား တည်ဆောက်စဉ်က ဆောက်လုပ်ရေး ဝန်ကြီးမှာ ဗိုလ်ချုပ်စောထွန်း ဖြစ်ပါတယ်။ ယနေ့ လော်ဘီပို့စ်တခုတွင် ကွန်ကရစ်တိုင် တိမ်းစောင်းမှု၊ ကွန်ကရစ်ခုံ ကြီးလေးမှုကြောင့် ညွန်ချုပ် နုတ်ထွက်ရသည်ကို ဦးစားပေးရေးသားသည်ကို ဖတ်ရှုရသည်။ အင်္ဂျင်နီယာများက တရုတ်ပညာရှင်များထံမှ ပညာယူနေစဉ် ပထမဆုံးစမ်းသပ်သော တံတား၊ အလကားရသော တံတား ဟုဆိုကြသည်။
ငြင်းပါရစေ။ တံတားပြုတ်ကျရခြင်သည် ကွန်ကရစ်တိုင် တိမ်းစောင်းမှု၊ ကွန်ကရစ်ခုံ ကြီးလေးမှုကြောင့် မဟုတ်ပါ။ ဆိုင်းကြိုး အရည်အသွေး ညံ့ဖျင်း၍ ပြတ်ကျခြင်း ဖြစ်ပါတယ်။
ဓာတ်ပုံတွင် ကြည့်ပါက ကွန်ကရစ်တိုင်သည် အကောင်းပကတိ ရှိနေပါတယ်။ ကွန်ကရစ်တိုင်ကို ကောင်းလှသည်ဟု မဆို။ သို့သော် ကွန်ကရစ်တိုင် ပြိုကျလျှင် ရက်အတန်ကြာကပင် တိမ်းစောင်းမှုကို ကြိုတင် သတိပြုမိနိုင်သည်။ ယခုကဲ့သို့ ချက်ချင်း ပြတ်ကျရန် မရှိ။
ပထမဆုံးစမ်းသပ်သော တံတားဟုဆိုလျှင် တရုတ်ပြည်သည် ၁၉၉၄မှ စတင်၍ တံတားဆောက်သလော။ မဟုတ်ပါ။ တရုတ်အင်္ဂျင်နီယာများသည် မြောင်းမြတံတား မတိုင်မီ တံတားများစွာ တရုတ်ပြည်တွင် ဆောက်နှင့်ပြီးပါပြီ။ မြန်မာပြည်ကို ပို့လိုက်သော တရုတ်အင်္ဂျင်နီယာများသည် ဂျင်းအင်္ဂျင်နီယာများ သို့မဟုတ် စေတနာမမှန်သူများသာ ဖြစ်လိမ့်မည်။
တရုတ်ဆီက အလကားရသော တံတားဟူ၍ မရှိ၊ ဆီရသည်ကိုသာမြင်၍ ဆန်ပေးရသည်ကို မမြင်သူသည် တဖက်ကန်းသူသာ ဖြစ်လိမ့်မည်။ ထိုသို့ ဆို၍ မြန်မာအင်္ဂျင်နီယာများ ညံ့သည်ဟု မဆိုလို။ တော်လှသည်ဟုလည်း မပြောလို။
ဇစ်မြစ်ကား ခိုး၍ အရည်အသွေးမမှီသော ပစ္စည်းများကို သုံးကြသည်က ပြသနာဖြစ်သည်။ အဓိကပြသနာမှာ ဆိုင်းကြိုး၏ အရည်အသွေးဖြစ်သည်။ အင်္ဂျင်နီယာပညာနှင့် မဆိုင်။
Engineering အတတ်ပညာ အားနည်းသည် မှန်သော်လည်း ဆိုင်းကြိုးပြတ်ကျသည်မှာ Engineering ကြောင့် မဟုတ်၊ Quality အရည်အသွေးကြောင့်သာ ဖြစ်သည်။ Quality အရည်အသွေးညံ့ခြင်းသည် ဝယ်ယူခြင်းနှင့်သာ ဆိုင်သည်။ အတတ်ပညာနှင့် မဆိုင်။ ဝယ်ယူရာတွင် ကော်မရှင်ကြေးကို အိတ်ထောင်ထဲထည့်ပြီး အရည်အသွေးညံ့ကို ယူခြင်းသည် ခိုးခြင်း ဖြစ်သည်။
ခိုးကြသည်။ အဆင့်ဆင့် ခိုးကြသည်။ ဝန်ကြီးကို ပူဇော်ပသဖို့ ခိုးကြသည်။ ညွန်ချုပ်ကို ပူဇော်ပသဖို့ ခိုးကြသည်။ တိုင်းမှူးကို ပူဇော်ပသဖို့ ခိုးကြသည်။ ( မပသလျှင် ထိုနေရာ မမြဲ။ နောက်တစင်းရဖို့ မသေချာ။ ) အင်္ဂျင်နီယာမှူးလည်း ခိုးကြသည်။ လက်ထောက်လည်း ခိုးကြသည်။ သူခိုးစနစ်တွင် သင်မခိုးလျှင် သင်နေရာပျောက်ပြီ။ သင်ကို ကန်ထုတ်ပြီး အစားထိုးမည်။ ထို့ကြောင့် အဆင့်ဆင့်ခိုး၍ အဆင့်ဆင့် ပူဇော်ပသရသည်။ ကိုယ်လည်း စားသည်။ ဒီနေရာ ဒီရာထူးရဖို့ပင် ရင်းနှီးပေးကမ်းထားရသည်မှာ မနည်းပေ။ ဤကား ရေးမထားသော လုပ်ထုံးဖြစ်သည်။
ခိုးပြီး ပူဇော်ရုံမျှနှင့် မလုံလောက်သေး။ ဖြေဖျော်ရန်လည်း လိုသေးသည်။ ဝန်ကြီးလာလျှင် မည်သို့ ဖျော်ဖြေရသည်။ တိုင်းမှူးလာလျှင် မည်သို့ ဖျော်ဖြေရသည်။ မည်သို့ စီမံရသည်မှာ လက်ဇောင်းထက်ရေးသော သမီးတော်ရာဇဝင် နီးပါး အမှီလိုက်သည်။ ဘုရင့်သားတော်များ ကျေးတောရွာသို့ ဆင်း၍ ကဲကြသည်အလား ပွဲတော်ကြီး ဖြစ်နေသည်။ သမီးတော်တို့က ယောက်ကျားများ မဟုတ်၍ ကိစ္စတခု ငြိမ်းသေးသည်။ ပါးစပ်ပေါက်တခုသာ ခွံ့ရန်လိုသည်။

************************************
.

ဖေဖေါ်ဝါရီ-၂၀၁၆ 
ပုသိမ်မြို့ ၈၀န်မြစ်ကူးတံတား (ဆပ်စပင်းရှင်းတံတား) ၄လက်မ နိုမ့်ကျသွားမှုကြောင့် စစ်ဆေးပြီး၊ ပြင်ဆင်ပြီး လွှတ်တော်မှာ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ၁၂နှစ် သက်တမ်းရှိတဲ့ တံတားရဲ့ သံဘောင်နဲ့ဘယ်ရင်အထိုင်သံပြား ချိတ
်ဆက်ထားတဲ့ ဘို့အင်နပ် Bolt & Nut ၈လုံး ပြတ်ကျသွားတဲ့အတွက် တံတားနိုမ့်ကျသွားတယ်လို့ စစ်ဆေးတွေ့ရှိပါတယ်။ တန်ချိန် ၆၀ ခံနိုင်တဲ့ တံတားရဲ့ ကြိုးတင်းအားတိုင်းတာတဲ့ Stress, Strain & Cable Force စမ်းသပ်တဲ့ ကရိယာအသုံးပြု စစ်ဆေးခဲ့ပြီး ဒီဇိုင်းခံနိုင်ရည်နဲ့ ကိုက်ညီတယ်လို့ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံရှိ ၃လတစ်ခါ မျက်မြင်စစ်ဆေးမှုများကို ပြုလုပ်ပြီး တစ်နှစ်တကြိမ် Stress, Strain & Cable Force စမ်းသပ်တဲ့ ကရိယာအသုံးပြု စစ်ဆေးမယ်လို့ လမ်းတံတားဌာန အရည်အသွေးထိမ်းသိမ်းရေးဌာန တာဝန်ခံကပြောပါတယ်။ 
.
အဲဒီ Stress, Strain & Cable Force စမ်းသပ်တဲ့ ကရိယာ ? ? 
.
Eleven Media (၀န်ကြီးနှင့်တံတား ဗွီဒီယိုသတင်း)https://www.facebook.com/elevenbroadcasting/videos/1710705615852582/
.
-------------------------------------
.
Zarni Tike added 2 new photos.

မြောင်းမြပြည်သူတွေ ဝမ်းမြောက်ပေတော့ ...
မြောင်းမြတံတားသစ် ၁ နှစ်အတွင်း အပြီးဆောက်မည် ...
မြောင်းမြ တံတား အသစ်အား သံမဏိသံပေါင် တံတားအဖြစ် အမျိုးအစား ပြောင်းလဲကာ တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားရန် လျာထား ဆောင်ရွက်
==============================
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့နယ်ရှိ မြောင်းမြ တံတားအသစ်အား မြောင်းမြကြိုးတံတား၏ ရေစုန်ဘက်အခြမ်းတွင် ၄၆ ပေ ခွာ၍ ၂၀၁၇ ခုနှစ် မေ ၁ ရက်က စတင်တည်ဆောက်ခဲ့ပြီး တည်ဆောက်ဆဲ တံတားပုံစံမှာ ပင်မတံတား အရှည် ၂၉၀ မီတာ ၊ ချဉ်းကပ်တံတား တစ်ဖက်လျှင် ၂၇၀ မီတာစီ (၅၄၀ မီတာ) ဖြင့် စုစုပေါင်း အရှည် ၈၃၀ မီတာ (၂၇၂၃ ပေ) ရှိကြောင်း သိရသည်။
ယခုအခါ ချဉ်းကပ်တံတားအုတ်မြစ်လုပ်ငန်းများဖြစ်သည့် Bored Pile နှင့် Spun Pile များ ကိုဆောင်ရွက်ပြီးစီးပြီဖြစ်၍ ချဉ်းကပ်တံတားတိုင် (Shaft) များအား တည်ဆောက်လျက်ရှိပြီး ချဉ်းကပ်တံတားများအား ကြိုတင် အားဖြည့် ကွန်ကရစ် PC ရက်မများနှင့် ကွန်ကရစ်ကြမ်းခင်းပုံစံဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူချောမွေ့ စေရန် ပင်မ တံတား အပိုင်းကို ဂျပန်အင်ဂျင်နီယာများဖြင့် ညှိနှိုင်းတိုင်ပင်၍ သံမဏိ သံပေါင် တံတားအဖြစ် အမျိုးအစား ပြောင်းလဲကာ တစ်နှစ်အတွင်း အပြီး တည်ဆောက်သွားရန် လျာထား ဆောင်ရွက်လျက်ရှိရာ အဆိုပါ တံတား အသစ် တည်ဆောက်နေမှု နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်ပြီးစီးမှု နှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ တံတား အမျိုးအစား ပြောင်းလဲ တည်ဆောက်မှုနှင့် အရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်နေမှု အခြေအနေများ၊ တံတားဟောင်း ဆယ်ယူမည့် အခြေ အနေ များ အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများအား မြန်မာ့သတင်းစဉ် က တွေ့ဆုံမေးမြန်း ခဲ့သည်။
ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေး
(ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန )
မေး။ ။မြောင်းမြ တံတား အသစ် တည်ဆောက်ပြီးစီးမှု အပိုင်းနဲ့ တံတားဟောင်း ဆယ်ယူသွားမယ့် အခြေအနေကို သိပါရစေ။
ဖြေ။ ။ တံတားဟောင်းကြီး က ခံနိုင်ဝန်ကျဆင်းလာတဲ့ အချိန်မှာ တံတား အသစ်ကြီး က ၁၅ ရာခိုင်နှုန်းပြီးစီးနေပါပြီ ။ အသေးစိတ်ပြောရ ရင်တော့ ဟိုဘက် ကမ်းနဲ့ ဒီဘက်ကမ်းမှာ Bored Pile လုပ်ငန်းတွေ ဆောင်ရွက်ပြီး စီးနေပါပြီ။ မြောင်းမြ ဘက်ကမ်းမှာဆိုရင် တံတားရဲ့ ဆက်တိုင်ကြီးတွေတောင် တည်ဆောက်နေ ပါပြီ။ အခုလို တံတားအသစ် တည်ဆောက်နေချိန်မှာပဲ တံတား အဟောင်းပြတ် ကျသွားတဲ့ အတွက် တံတားအဟောင်း ဖျက်သိမ်းရေးကို အမြန်ဆုံးဆောင်ရွက် နေပါတယ်။ အဲဒီလို တည်ဆောက်တဲ့နေရာမှာ အဓိက အနေနဲ့ အပိုင်းသုံးပိုင်း နဲ့ဆောင် ရွက်နေ ပါတယ်။ ပထမအနေနဲ့ရေထဲမှာကျနေတဲ့ တံတားသံဘောင် အစိတ် အပိုင်းကို အမြန်ဆုံး ဆယ်ယူဖယ်ရှားနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒါမှသာလျှင် မည်သည့် သင်္ဘောမျိုး မဆို ဖြတ်သန်း အသုံးပြုနိုင် မှာဖြစ် ပါတယ်။ အခုလည်း စက်လှေ၊ သမ္ဗာန်တွေကို ဖြတ်သန်းခွင့် ပြုထား ပါတယ်။ သင်္ဘောကြီးတွေကိုလည်း ရေလမ်း ကြောင်းပြ အမှတ် အသားတွေနဲ့ ရေလယ်ကနေ ဖြတ်သန်းခွင့်ပြုထားပါတယ်။ ရေရှည် အားဖြင့် ကောင်းမွန်အောင် ကျွန်တော်တို့ အနေနဲ့ ရေအောက်မှာ မြုပ်နေတဲ့ တံတားအပျက်ကို ဧပြီလ ကုန်အတွင်း အပြီးသတ် ဖယ်ရှား သွားမှာဖြစ်ပါတယ်။ အခုလည်း ရေငုပ်အဖွဲ့တွေ လုပ်ငန်းဆောင်ရွက်နေ ပါပြီ။ အခုဆိုရင် တံတား ဆယ်ယူ ရေး ကျွမ်းကျင် အဖွဲ့တွေလည်း ရောက်ရှိနေ ပါပြီ။ သူတို့နဲ့ ဆယ်ယူ သွားမှာဖြစ်ပါတယ်။ ကုန်းပေါ်မှာရှိ နေတဲ့ တံတားတိုင်းတွေလည်း ယိုင်သွားတာ တွေ့ကြမှာပါ။ အဲဒါတွေကို လည်း မြစ်အတွင်းကိုလဲကျမသွားအောင် လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက် ထား ပြီးဖြစ်ပါတယ်။ ဒီတိုင်တွေကို မတ်တိုင်တွေ အဖြစ် ကွန်ကရစ်နဲ့ အောက်ခြေကနေပြီး အသေငုံပြီးလောင်း ထားပါတယ်။ ယိုင်သွား လို့မရဘဲ ထပ်မံစိတ်ချရအောင် ကုန်းပိုင်းကနေ စတီးကြိုးတွေနဲ့ ဆိုင်းထားပါတယ်။ ဒါတွေ အားလုံး လက်ရှိမှာ ဆောင်ရွက် ထားပြီးဖြစ်ပါ တယ်။ ကုန်ပေါ်မှာဆိုရင်လည်း PC ရက်မတိုင်ကြီးတွေ ရှိပါတယ်။ အဲဒါတွေကိုလည်း ဖျက်သိမ်းသွားဖို့ အတွက်ဆောင်ရွက် နေပါတယ်။
မေး။ ။မြောင်းမြ တံတား အသစ်ကို မူလ အမျိုးအစား အတိုင်းမဟုတ်ဘဲ အမျိုးအစား ပြောင်းလဲတည်ဆောက်ရတဲ့ အကြောင်းအရင်း နဲ့ အပြီးသတ် တည်ဆောက်သွားမယ့် ကာလကို ပြောကြားပေးပါဦး။
ဖြေ။ ။ တံတားအသစ်ကို အရင် မူလပုံစံအတိုင်းဆောင်ရွက်မယ်ဆိုရင် PC Box Girder နဲ့ဆောင်ရွက်ရမယ်။ ကွန်ကရစ် PC Box Girder ဆိုတာ ချက်ချင်းသွန်း လောင်းလို့ မရပါဘူး။ သတ်မှတ်ထားတဲ့ အတိုင်း ခံနိုင်ရည်တစ်ခုရရှိအောင် အချိန် စောင့်ဆိုင်းပြီး အပိုင်းအလိုက် တစ်ပိုင်း ချင်း ဆောင်ရွက်သွားရမယ့် အနေအထားဖြစ် ပါတယ်။ အဲဒီလို မျိုးဆောင် ရွက်ရင် အချိန်အားဖြင့် နှစ် နှစ် လောက် ကြာမြင့် မြောင်းမြရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းကို နေ့စဉ် မော်တော်အစီးရေ ၅၀၀ ခန့်နဲ့ လူဦးရေ ထောင်ချီ သွားလာနေတဲ့ အတွက်ကြောင့် အမြန်ဆုံး တည်ဆောက်ဖို့ လိုအပ် တာကြောင့် ကျွန်တော်တို့ ၀န်ကြီးဌာနရဲ့ ပြည်ထောင်စု ၀န်ကြီး အနေနဲ့ အမြန်ဆုံး တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်အရ Steel Truss အမျိုးအစား ပြောင်းလဲပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ပင်မတံတား ကိုလည်း ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနအနေနဲ့ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်မှာ စတင်ပြီး တည်ဆောက်ခဲ့တာ အခုဆိုရင် လုပ်ငန်းပြီးစီးမှုအနေနဲ့ (၁၅ ဒဿမ ၅) ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပင်မရေထဲက ခန်းဖွင့်ကို PC Box Girder အစား Steel Truss အမျိုးအစား အဖြစ် တည်ဆောက် သွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရည်မှန်း ချက်က တော့ ၂၀၁၉ ခုနှစ် ဧပြီလအတွင်း အပြီးတည်ဆောက်ဖို့လျာထားပါတယ်။ ဒါကို လည်း ပြည်ထောင်စုဝန်ကြီးက အထက်ကို တင်ပြထားပြီးဖြစ်ပါတယ်။ တံတားအသစ် တည်ဆောက်မယ့် ခန့်မှန်းခြေ ငွေစာရင်းကိုတော့ ရေးဆွဲ နေဆဲဖြစ်ပါတယ်။ မူလ မှန်းထားတဲ့ စီမံကိန်း ကုန်ကျငွေထက် မများအောင်တော့ စိစစ် ရေးဆွဲ နေဆဲဖြစ်ပါ တယ်။ အခုလို တံတား အသစ်သာ တည်ဆောက်ပြီး စီးသွားမယ်ဆိုရင် မြန်မာ နိုင်ငံမှာ သတ်မှတ် ထားတဲ့ မည်သည့် ကားမျိုးမဆိုဖြတ်သန်း အသုံးပြုနိုင်မှာ ဖြစ်တဲ့ အတွက် အများကြီး အကျိုးရှိမှာ ဖြစ်ပါတယ်။
ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးဝင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့ (၁)
မေး။ ။မြောင်းမြ တံတား အသစ် တည်ဆောက်နေမှုနဲ့ပတ်သက်ပြီး အရည် အသွေး ကောင်းမွန်အောင် ဆောင်ရွက်နေတဲ့ အပိုင်းကို သိပါရစေ။။
ဖြေ။ ။ တံတား အသစ်ရဲ့ ဖောင်ဒေးရှင်း အပိုင်းကိုတော့ နှစ်မျိုး စဉ်းစားပြီးဆောင် ရွက်ပါတယ်။ အလုပ် လျင်မြန် လွယ်ကူအောင် ချဉ်းကပ် တံတား မြောင်းမြဘက် ကမ်းကိုတော့ ကျွန်တော်တို့ ဆောက်လုပ်ရေး ၀န်ကြီးဌာန က Bored Pile တူးတဲ့ လုပ်ငန်း တွေကိုသတ်မှတ်ထားတဲ့ အနက်ပေ၊ အရည်အသွေးနဲ့ စံချိန်စံညွှန်း အတိုင်း ဆောင်ရွက်နေပါတယ်။ အဲဒီလို Bored Pile တူးရင်းနဲ့လည်း ချဉ်းကပ်တံတား ပုသိမ်ဘက်ကမ်းမှာ IHI ကုမ္ပဏီက ဂျပန်ပညာရှင်တွေနဲ့ ဂျပန်နည်းပညာအတိုင်း Spun Pile ရိုက်သွင်းတဲ့ ဖောင်ဒေးရှင်း လုပ်ငန်းကိုဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင် ချဉ်းကပ်တံတားမြောင်းမြဘက်ကမ်းနဲ့ ချဉ်းကပ်တံတား ပုသိမ် ဘက်ကမ်းမှာ ဖောင် ဒေးရှင်း လုပ်ငန်းတွေ အားလုံးဆောင်ရွက် ခဲ့ပြီးဖြစ် ပါတယ်။
အရည်အသွေးစစ်ဆေးမှု အပိုင်းကိုတော့ တံတားဦးစီးဌာန ရုံးချုပ်က အရည် အသွေး စစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးပါတယ်။ ဖောင်ဒေးရှင်း လုပ်ငန်းကို လည်း ဂျပန် ပညာရှင်တွေကိုယ်တိုင် အရည်အသွေး စစ်ဆေး ပါတယ်။ Pile တွေကို တော့ ဂျပန် ပညာရှင်တွေက မှော်ဘီမြို့နယ်၊ ကုလား ကုန်းမှာရှိတဲ့ သူတို့ရဲ့ စက်ရုံ ကနေ အရည်အသွေး စစ်ဆေးပြီး ထုတ်လုပ် ထားတာဖြစ်ပါတယ်။ အဲဒီ Pile တွေကို သယ်ယူပြီး ရိုက်သွင်းခြင်း လုပ်ငန်း ကို သူတို့ကိုယ်တိုင် ဆောင်ရွက်ပါတယ်။ ဂျပန် ပညာရှင်တွေ အရည် အသွေး စစ်ဆေးထားတဲ့ အချက်အလက် မှတ်တမ်းမှတ်ရာ တွေကိုလည်း သေချာ ထားရှိပြီးတော့ Pile ရိုက်သွင်းခြင်းလုပ်ငန်းကို ဆောင်ရွက် နေပါတယ်။ ကျွန်တော်တို့ဆောင်ရွက်တဲ့ ချဉ်းကပ်တံတား မြောင်းမြဘက် ကမ်းကို တော့ တံတားဦးစီး ဌာန ရုံးချုပ်ရဲ့ အရည်အသွေး စစ်ဆေးရေး အဖွဲ့တွေက စစ်ဆေး ပါတယ်။
မေး။ ။လက်ရှိဆောင်ရွက်နေမှု အခြေအနေနဲ့ ဆက်လက်ဆောင်ရွက် သွားမယ့် အစီအစဉ်ကို ပြောပြပေးပါဦး။
ဖြေ။ ။ လက်ရှိမှာ ဖောင်ဒေးရှင်းလုပ်ငန်းတွေပြီးတော့ ဖောင်ဒေးရှင်း အပေါ်မှာပြန်ပြီး အုပ်တဲ့ Pile ထိပ်အုပ် လုပ်ငန်းတွေကို မြောင်းမြ ဘက် ကမ်းမှာ အကုန်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ပုသိမ်ဘက်ကမ်းမှာ Pile ထိပ်အုပ် လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ပါမယ်။ အခုဆိုရင် စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ Pile ထိပ်အုပ်ပြီးရင် ချဉ်းကပ် တံတား တိုင် (Shaft) တွေကို မြောင်းမြဘက်ကမ်းမှာ သွန်းလောင်းပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကန့်လန့်ဖြတ် ရက်မ (ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ) တွေကိုလည်း ဂျပန် ပညာရှင်တွေက မှော်ဘီ မြို့နယ်၊ ကုလားကုန်းမှာရှိတဲ့ သူတို့ရဲ့ စက်ရုံ မှာ စတင်သွန်းလောင်းနေပြီဖြစ်ပါတယ်။ ရက်မ စုစုပေါင်း ၇၂ ခုရှိပါတယ်။ မိုးတွင်းကာလမှာ စက်ရုံမှာ ထုတ်လုပ်မယ်။ မိုးကုန်တာနဲ့ မြောင်းမြတံတားအသစ် တည်ဆောက်ရေး လုပ်ငန်းခွင်ကို သယ်ယူပြီး တပ်ဆင်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထုတ်လုပ်မှု လုပ်ငန်းနဲ့ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွေကိုတော့ ဂျပန်ကုမ္ပဏီနဲ့ သဘောတူညီထားပြီးဖြစ်ပါတယ်။ အဓိက ကျန်နေတဲ့ အပိုင်းဖြစ်တဲ့ ပင်မတံတား RP1 ၊ RP2 ၊ RP3 ၊ RP4 Bored Pile လုပ်ငန်းတွေ ကိုလည်း Bored Pile စက်နှစ်စီးနဲ့ မြောင်းမြဘက်ကမ်းနဲ့ ပုသိမ် ဘက်ကမ်းမှာ ဆောင်ရွက်နေပြီဖြစ်ပါတယ်။
မေး။ ။ တံတား အသစ် တည်ဆောက်မှုနဲ့ပတ်သက်ပြီး ကြိုတင်လေ့လာမှုနဲ့ တွေ့ရှိချက်တွေရှိရင် ပြောပြပေးပါဦး။ အမျိုးအစား ပြောင်းလဲ တည်ဆောက် မှုကြောင့် ကွဲပြားမှုတွေရှိရင် သိပါရစေ။
ဖြေ။ ။မြောင်းမြမြို့ရဲ့ ထူးခြားချက် က ကမ်းနားမှာ ဆန်စက်တွေ တည်ထား ပါတယ်။ ဆန်စက်တွေတည်ထားတဲ့အတွက် တံတားတိုင်ကို စတင် ပြီး တည်ဆောက် စဉ်အချိန် တည်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီး ဌာန လက်အောက်မှာရှိတဲ့ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန က ပညာရှင်တွေနဲ့ အတူ ဖြစ်နိုင်ခြေရှိတဲ့ မြစ်ကမ်း ပါး တိုက်စားနိုင်မှု အခြေအနေတွေကို ကြိုတင်လေ့လာ ပါတယ်။ အဲဒီလိုလေ့လာပြီး မှ မြစ်ကမ်းပါး မတိုက်စားနိုင်အောင် တံတားတိုင်နှစ်တိုင် ကို ကမ်းစပ်မှာတည်လိုက်ပါတယ်။ တံတားတိုင်နှစ်တိုင်ရဲ့ အကွာ အဝေး ဟာ မီတာ ၁၄၀ ရှိပါတယ်။ တံတားတိုင်တွေကို ကုန်းပေါ်မှာ တည်လိုက်ခြင်းအားဖြင့် မြစ်ကမ်းပါးတွေကို တိုက်စားမှုမရှိနိုင်ပါဘူး။ တံတား အသစ်ရဲ့ မူလ အမျိုးအစား ကနေ အဓိက ပြောင်းလဲသွားတဲ့အပိုင်း ကတော့ ပင်မ တံတား အပိုင်း ပဲဖြစ်ပါတယ်။ တံတားရဲ့ ခံနိုင်ဝန်က မူလ အတိုင်း (ယာဉ်+ကုန်) တန် ၆၀ ဖြတ်သန်းနိုင်မှာ ဖြစ်သလို ချဉ်းကပ် တံတား အပိုင်းကလည်း ပြောင်းလဲမှုမရှိပါဘူး။
တွေ့ဆုံမေးမြန်း-ရဲခေါင်၊ ဇော်ကြီး၊ ဓာတ်ပုံ-ဇော်မင်းလတ်
ZN.H
.

M Zaw Aung ဘယ်လိုလုပ်ပြီး ၀မ်းမြောက်နိုင်ပါ့မလဲ ဆရာရယ်...မြောင်မြနေထိုင်သူများမဟုတ်ရင်တော့ မခံစားနိုင်ဘူးလေ... ၂၂နှစ်လုံး တံတားနဲ့အသားကျနေတာ တံတားကြီးရုတ်တရက်ပြိုကျသွားပြီး .. အခု ဇက်ကူးစနစ်နဲ့ နောက်ထပ် တနှစ်လုံး ဒုက္ခရောက်တော့မယ်...မစားရ၀မခန်း တံတားအသစ်ကြီး လာတော့မယ်ပြောတယ်...အတိုင်ပင်ခံကိုယ်တိုင် မြောင်းမြမြို့ကို လာပြိး အားပေးစကား၊ ငြိမ်းချမ်းရေးစကား တွေပြောတယ်.. အစကတည်းက ဒိတံတား ပြိုတော့မှာသိရင် တံတား၂ခု ဆောက်သင့်ပေမဲ့ .. ထားပါတော့...။ တပ်မတော်ကလဲ ဇတ်ယာဉ်တွေနဲ့ ကူညီသယ်ပေးနေတယ်.. ။ 
လက်ညိုးမထိုးပဲ ဖြစ်သင့်တာကို ရေးရရင် ..ဘေလီတံတား မဆောက်နိုင်ဘူးလား လို့ မေးချင်ပါတယ်။ စစ်တပ်တွေ ထိုးစစ်ဆင်ရင်၊ ဆုတ်ခွာရင် ဘေလီတံတားထိုးပြီး ယာဉ်တွေ မောင်းနှင်ကြတယ်။ အခုထိ ဘေလီတံတား အကြံပေးချက်ကို စစ်တပ်ကလဲ လုပ်မပေးဘူး။ ဘေလီတံတား ဆိုတာ စစ်တပ်တွေမှာ စစ်ဆင်ရေးအတွက် အများကြီး စုဆောင်းထားပေမဲ့ အရေးပေါ်စစ်ဆင်ရေးမှာပဲ သုံးရမှာမို့ ..မြောင်းမြတံတားကိစ္စ မသုံးသေးဘူး။ မသုံးချင်ဘူး။ မသုံးသင့်ဘူး စသဖြင့် ငွေကုန်မှာစိုးလို့လား... ပေါ်လစီကြောင့်လားတော့ မသိဘူး။ 
.
ဒါကြောင့် တနှစ်လုံးလုံး ဇက်ကူးဖြတ်နေပြီး အချိန်ကုန်၊ ငွေကုန်၊ လူပမ်း ဖြစ်နေမဲ့အစား ဘေလီတံတား ဆိုရင် ဘယ်လောက်ကုန်မလဲ၊ ဘယ်လောက်ကြာမလဲ စစ်တပ် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပူးပေါင်း ဆွေးနွေးသင့်ပါတယ်။ 
.
သူဌေးဝန်ကြီးဌာန နှစ်ပါး ပေါင်းပြီး ဘေလီတံတား ပေါ်မလာပဲ၊ နောက်ထပ် တံတားကြီးတစ်ခု ထပ်ဆောက်နေမှာလဲ စိုးမိပါတယ်။
---------------------------
.
Myat Maw added 10 new photos.Follow
က Min Oo ရေ။
မြောင်းမြတံတား နှင့် ပက်သက်၍ တရုတ်ဘက် ကနေ ရေးထားတဲ့ ဆောင်းပါး တပုဒ် ကို
Google translate ကပဲ ဘာသာပြန်ပေးလိုက်ပါတယ်။
Today, it was reported on the Internet that at 2 o'clock local time on April 1, a suspension bridge across the River Raa fell in Myaungmya, Ayeyarwady, Myanmar. At the time of the accident, a six-wheeler van fell into the river and two people died in the car. The bridge was built in 1994 and opened on September 18, 1996. The cost was US$ 11.76 million. The bridge has a total length of 317m and a span of 182.9m; the bridge is approximately 12m wide and the carriageway (dual lane) is 7.5m.
According to information, the life span of this bridge on January 20, 2017, means that the bridge is designed for a service life of 20 years. Because it is a temporary bridge, the structure is relatively simple: the tower is a steel structure, the stiffening ribs are made of beley beams (beams arranged between the beams and the roadway panels), the boom is like a steel rod, the main cable structure information is unknown (from the photo Two midspans can be seen, with the side spans breaking into several anchorages.
According to sources, Chinese engineers participated in the design and construction of this bridge. According to the 2012 Current Situation and Issues of Myanmar's Bridge Work by Japan Infrastructure Partners in 2012, after the bridge was operated for more than 10 years, there was a displacement of the southern anchorage and tilting of the tower (causing 1 m of the main span deflection). More), serious corrosion and other diseases at the connection between the main cable and the sling.
Bridge managers also seem to recognize these issues. The measures taken are: (1) To open a new bridge with a design life span of 100 years to replace Shinbashi in July 2017. It is planned to be completed in 2020 (far water has not been saved near fire!); (2) The bridge was taken Restricted road, only one lane is reserved, and inspection is strengthened (I do not know what to check out?); (3) Find someone to repair and reinforce the bridge (I don't know how to reinforce it). Unfortunately, shortly after completion of the repair and reinforcement work on March 11 (guessed by a Japanese-related company leading or repairing reinforcement work), the bridge collapsed. Officials in Myanmar said that four cables were broken and three were broken. What this specifically means is not yet clear. However, for a suspension bridge, it is rare that the main cable is broken. As for the cause of collapse, it is basically related to the following factors: serious disease, poor maintenance, lack of reinforcement, and heavy vehicle impact. Whether it is the design reason, the cause of construction, or the cause of serious diseases caused by conservation, it is not known. Check out the map, in the city of Banya, on this solitary bridge. At the end of the bridge, economic activities and social life will all suffer. Finally, the author quotes two paragraphs in "Yadong Bridge 31: How much does the bridge accident know?" as the ending: (1) The longer the bridge, the more defects; the more defects, the greater the possibility of an accident. Therefore, one of the major factors leading to bridge accidents is the long-term disrepair, poor maintenance, or failure to repair and reinforce severe structural defects. (2) The accident of the bridge is not terrible, what is terrible is the old accident! Even more terrible is the accident in your own hands!
.
-------------------------------------





နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့ ကြိုးတံတားကျိုးကျမှုကြောင့် ပြည်သူများ ကြုံတွေ့နေရသည့် အခြေအနေများ သွားရောက် ကြည့်ရှု စစ်ဆေး
နေပြည်တော် ဧပြီ ၁၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ ၊ ဒေါက်တာမြင့်ထွေး၊ ဦးသန့်စင်မောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ဂုန်နီစက်ရုံ ရဟတ်ယာဉ်ကွင်းသို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ဒုတိယ၀န်ကြီးဦးကျော်လင်း ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ များက ကြိုဆိုနှုတ်ဆက်ကြသည်။
.
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ ဇေယျမေဒနီ စာသင်တိုက်၊ ပဓါနနာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္တ၀ါစက ပဏ္ဍိတ၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တစန္ဒ၀ရ အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဇေယျမေဒနီ စာသင်တိုက်သို့ မိခင်ဖြစ်သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံ တွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၉၆၄ ခုနှစ်က ပေးပို့ လှူဒါန်းခဲ့သော အင်ကြင်းပင်ပွားနှင့် မဟာဗောဓိပင်ပွားအား ကြည့်ရှုပြီး မဟာဗောဓိ ညောင်ပင်ပွားကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြောင်းမြမြို့နယ် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပညာရတနာခန်းမတွင် ဒေသခံပြည်သူများ နှင့် ငြိမ်းချမ်းရေးစကားဝိုင်း (PEACE TALK) အစီအစဉ်ကို ပါဝင် တက်ရောက် ဆွေးနွေးသည်။
.
ယင်းနောက် မြောင်းမြတံတား အသစ် တည်ဆာက်ရေးစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းရှင်းလင်း ဆောင်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က မြောင်းမြကြိုးတံတားဟောင်း ပြတ်ကျပြီးနောက် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ လက်ရှိ လမ်းပန်းဆက်သွယ်ရေးအခြေအနေနှင့် ပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရန် စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။ ဆက်လက်၍ ဒုတိယ၀န်ကြီး ဦးကျော်လင်းက မြောင်းမြကြိုးတံတားအဟောင်း ပြန်လည် ဆယ်ယူမည့် အခြေအနေ၊ လက်ရှိ တည်ဆောက်လျက်ရှိသည့် တံတားအသစ်ကို အချိန်မီ ပြီးစီးအောင် တည်ဆောက် သွားမည့် အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရန် ပို့ဆောင်ရေးဌာနပိုင် ဇက်ရေယာဉ်များဖြင့် ပို့ဆောင်ပေးနေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
.
ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လူ့အသက်တစ်ချောင်း တန်ဖိုး ဖြတ်မရ ဆိုသည့်အတိုင်း ဆုံးရှုံးနစ်နာရမှုမှာ တန်ဖိုးဖြတ်၍ မရနိုင်ကြောင်း၊ ကျိုးကျသွားသော ကြိုးတံတားဘေးတွင် တည်ဆောက်လျက်ရှိသည့် တံတားအသစ်နှင့် ပတ်သက်၍ နောင်တွင် ပြောစရာမဖြစ်အောင် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တံတားအသစ်ကို ဂျပန်နိုင်ငံမှ ပညာရှင်များ၊ တရုတ်နိုင်ငံမှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ပညာရှင်များဖြင့် တိုင်ပင်ဆွေးနွေးပြီး တံတားဒီဇိုင်း ပြောင်းလဲလိုက်၍ တစ်နှစ်အတွင်း ပြီးစီးနိုင်မည် ဆိုသော်လည်း ရေရှည်ဘေးကင်းလုံခြုံရေး အတွက် အာမခံချက် အပြည့်အဝ ရှိရဲ့လား၊ အရည်အသွေးပြည့်မီရဲ့လား စသည်အားဖြင့် ဘက်ပေါင်းစုံမှ ပြန်လည်လေ့လာသုံးသပ်ပြီးမှ ဆောင်ရွက်ရန်၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့ကို သီးခြားလွတ်လပ်သော စစ်ဆေးရေးအဖွဲ့ဖြင့်သာ ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ထိုအရည်အသွေးစစ်ဆေး ရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရက ရှာပေးမည် ဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ကျန်ရှိနေသော ကြိုးတံတား ၂၉ စင်းကိုလည်း ကြံ့ခိုင်မှုနှင့် အရည်အသွေး စစ်ဆေးမှုများ အမြန်ဆုံး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကြိုးတံတားကျိုးကျသွား၍ ဒေသခံ ပြည်သူများ ခရီးသွားလာရေး အခက်အခဲဖြစ်ပေါ်နေမှုကို ရေတိုကာလအားဖြင့် အဆင်ပြေစေရန် ပို့ဆောင်ရေး ၀န်ကြီးဌာန၏ အစီအစဉ်ဖြင့် မော်တော်ယာဉ်များ တင်ဆောင်ပေးမည့် ဇက်ရေယာဉ် ၃ စင်း၊ ခရီးသည်များ စီးနင်းနိုင်ရန် တောသူမယ် နှစ်ထပ်ရေယာဉ်တို့ဖြင့် စနစ်တကျ သက်မှတ်ပြေးဆွဲပေးရန်၊ မီးလောင်လွယ်သော ဆီသယ်ယာဉ် ကဲ့သို့ ယာဉ်များကို တံတားဆောက်လုပ်ရေးလုပ်ငန်းသုံး ဇက်ဆိပ်၌ အချိန်သတ်မှတ်ချက်ဖြင့် သယ်ယူပို့ဆောင်ပေးရန်၊ ရေရှည်ကာလအားဖြင့် ဒေသတွင်း ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် လပွတ္တာမြို့ မှ ပြည်သူများအနေဖြင့် မြောင်းမြမြို့သို့ ဖြတ်သန်းရန် မလိုဘဲ ပုသိမ်မြို့သို့ တိုက်ရိုက်သွားနိုင်မည့် လပွတ္တာ -ငပုတော- ပုသိမ်လမ်းမှာ ဘတ်ဂျက် ခွဲဝေပေးထားပြီး ဖြစ်၍ လာမည့် နှစ်ပတ်အတွင်း အမြန်ဆုံး အကောင် အထည်ဖော် ပြင်ဆင်သွားရန်၊ လပွတ္တာမှ ဇက်ရေယာဉ် ၁ စီးကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရန်၊ သို့မှသာ မြောင်းမြတံတားကို အားကိုးအားထားပြု သွားလာနေရသည့် ပြည်သူများ သွားလာရေး အဆင်ပြေ ချောမွေ့လာမည် ဖြစ်ကြောင်း၊ တံတားအသစ် တည်ဆောက်မှု မပြီးစီးခင် ရေယာဉ်များ အတွက် စက်သုံးဆီ ကုန်ကျစရိတ်များကို နိုင်ငံတော်အစိုးရမှ ကျခံနိုင်ရေး နေပြည်တော်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် အမြန်ဆုံးဆွေးနွေး ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက ပြည်သူများ အဆင်ပြေရေး အတွက် ညှိနှိုင်းပေါင်းစပ်မှုများ ပြုလုပ်ပြီး စနစ်တကျ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း စသည်ဖြင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြောကြားသည်။
.
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြောင်းမြကြိုး တံတားအဟောင်း နှင့် မြောင်းမြ တံတားအသစ် တည်ဆောက်နေမှု အခြေအနေတို့ကို ကြည့်ရှုပြီး မြောင်းမြကြိုးတံတား အဟောင်း ပြတ်ကျရာ တွင် အသက်ဆုံးရှုံးခဲ့ရသူနှစ်ဦး၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေး စကား ပြောကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု သင်တန်းကျောင်း (မြောင်းမြ) ဆောက်လုပ်မည့် မြေနေရာသို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အထူးအဖွဲ့ (၁၅) လက်ထောက် ညွှန်ကြား ရေးမှူးဦးမြ၀င်း၊ သူနာပြုသင်တန်းကျောင်း (ပုသိမ်) ကျောင်းအုပ်ကြီး နော်ကပေါ်ရှီးနှင့် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ကျော်ထွေး တို့က သင်တန်း ကျောင်းဆောင် ဆောက်လုပ်မည့် အခြေအနေ၊ လိုအပ်သည့်ကျန်းမာရေး ၀န်ထမ်းအခြေအနေ တို့ကို ရှင်းလင်း တင်ပြသည်။ ၄င်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ရှိနေရာအပြင် မြောင်းမြဂုန်နီစက်ရုံအတွင်း လှူဒါန်းလိုသည့် အလှူရှင်များ၏ တင်ပြချက်ကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သူနာပြုသင်တန်းကျောင်းနှင့် ကျန်းမာရေးဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားသည်။
.
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြမြို့ ခရီးစဉ်တွင် ဒေသခံ ပြည်သူများက လမ်းတစ်လျောက် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့ဝင် များသည် ရဟတ်ယာဉ်ဖြင့် ပုသိမ်မြို့သို့ထွက်ခွာပြီး ထိုမှတဆင့် နေပြည်တော်သို့ ဆက်လက်ထွက်ခွာသည်။

Daw Aung San Suu Kyi arrived to Myaung Mya City and talked public.
End of Suspension Bridge Collapse? ? 
. . . 
link of event story. . 
https://www.facebook.com/state.counsellor/posts/1252917071509173

https://m.facebook.com/story.php?story_fbid=1253046764829537&id=792607210873497

No comments:

Post a Comment