Sunday, April 15, 2018

ဆဲဗင်းဒေး ပညာရှင်ဆောင်းပါး. . ရန်ကုန်မြို့သစ် နဲ့ ဒေါက်တာမြင့်လှိုင် (Billy) ရဲ့ အမြင်


ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့သစ်ဆိုတဲ့ မြို့သစ်ကြီးတည်မည် ဖြစ်ကြောင်း၊ စင်ကာပူနှစ်ဆ လောက်အထိ ရှိလာမည်ဖြစ် ကြောင်း စတဲ့ကြွားဝင့်မှုများနှင့်အတူ အစိုးရသက်တမ်း တတိယနှစ်ရဲ့ ပထမခြေလှမ်းအဖြစ် NYDC ကုမ္ပဏီမိတ်ဆက်ခြင်းအခမ်းအနားကိုပါ ကျင်းပလာတာ တွေ့ရှိရ ပါတယ်။
စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ဖွံ့ဖြိုးရေးဟာ နိုင်ငံ တော်ဖွံ့ဖြိုးရေးနှင့် ဆက်စပ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြောကြားခဲ့ဖူးပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ သစ်တည်ဆောက်မယ်၊ အခြေခံ အဆောက်အအုံအတွက်ပင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ကုန်ကျမယ်၊ အစိုးရက နိုင်ငံ ပိုင်လယ်မြေဧက နှစ်သောင်းခန့် ရင်းနှီးပြီး ကုမ္ပဏီတွေက ငွေကို ရင်းနှီးမယ်ဆိုတာတွေဟာ ပြည် ထောင်စုကြီးရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေတာတွေ ဖြစ်လို့ ပြည်ထောင်စုအကြီးအကဲ ဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဒီကိစ္စဟာ ပြောတဲ့အတိုင်း ဖြစ် နိုင်၊ မဖြစ်နိုင်၊ လုပ်သင့်၊ မလုပ်သင့် အဆုံးအဖြတ်ပေးနိုင်ပါရန် ယခုကဲ့သို့ အိတ်ဖွင့်ပေးစာအဖြစ် လေးစားစွာ တင်ပြရခြင်းဖြစ်ပါ တယ်ခင်ဗျား... ။
သမိုင်းကိုပြန်ကြည့်ရင် ဒီမြို့သစ်ဟာ လာခြင်းကောင်းတဲ့မြို့လို့ ပြောရန် အလွန်ခက်ခဲတာတွေ့ရပါတယ်။ ရန်ကုန်မြို့သစ်ဆိုတဲ့အမည်ကို ပေးခဲ့သူဟာ ယခင်တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပြီး သူကိုယ်တိုင် ဒဂုံဆိပ်ကမ်းမှာ နေရာရွေးချယ် ခြင်း၊ ပုံစံရေးဆွဲစေခြင်း၊ ဟိုတယ်တစ်လုံး စတင်တည်ဆောက်ရန် ပန္နက်တင်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် နေပြည်တော်ဘက်ကို စိတ်ကူးရောက်သွားပြန်ပါတယ်။ မကြာမီ ရန်ကုန်မြို့သစ်ကို အကောင်အထည်ဖော်ပေးရတဲ့ သူ့ရဲ့ဝန်ကြီးချုပ်ကို သူကိုယ်တိုင် ဖမ်းဆီးအရေးယူခဲ့ခြင်းနဲ့ ဇာတ်သိမ်းခဲ့ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာလည်း ယခင်တပ်မတော်အကြီးအကဲပေးခဲ့တဲ့ ရန်ကုန်မြို့သစ် အမည်နာမကိုယူပြီး ကြည့်မြင်တိုင်တစ်ဖက် ကမ်းမှာ ဆောင်ရွက်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ JICA ရဲ့ စီမံကိန်းမှာ ဒုတိယဦးစား ပေးဖြစ်တာကို ပထမဖြစ်အောင် ဇွတ်အတင်းဖန်တီးမှုနဲ့အတူ ပြည်သူတွေရဲ့ ယုံကြည်မှုမရရှိတဲ့အတွက် အစိုးရအပေါ် ထောက်ခံမှုများစွာ ကျဆင်းခဲ့ရပါတယ်။ ယခု အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေးခဲ့တဲ့ ရန်ကုန်မြို့သစ်ဟူသော အမည်နာမကိုပင် နှစ်ခြိုက်စွာ အမွေဆက်ခံပြီး အထက်ပါနေရာမှာ တည် ဆောက်ဦးမယ်လို့ ကြေညာခဲ့ခြင်း ဖြစ်ပါတယ် ခင်ဗျား။
သမ္မတကြီးခင်ဗျား
မြန်မာနိုင်ငံမှာ မြို့သစ်တည်ရင် မူလသမိုင်းဝင်မြို့အမည်ကို သုံးစွဲလေ့မရှိကြောင်း တွေ့ရှိရပါ တယ်။ ဥပမာ- ပဲခူးမြို့ကြီးအနီး မြို့သစ်တည်ရာမှာ ပဲခူးမြို့သစ်လို့ မသုံးပါဘူး။ ဥဿာမြို့သစ်လို့ သုံး စွဲခဲ့ပါတယ်။ ဒီလိုပါပဲ တောင်ကြီး မှာ အေးသာယာမြို့သစ်၊ မန္တလေးမှာ ရတနာပုံမြို့သစ်၊ တောင်ငူမှာ ကေတုမတီမြို့သစ်လို့ အမည်ပေးထားတာ တွေ့ရှိရပါတယ်။ ပုဂံမှာတော့ မူလရှေးဟောင်း ပုဂံမြို့ထဲက အိမ်ခြေအားလုံးကို ပြောင်းရွှေ့ ပြီး တည်ရလို့ ပုဂံမြို့သစ်ဆိုပြီး ပေးခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်မှာရန်ကုန်သစ် (New Yangon) အမည်နဲ့ သင်္ဃန်းကျွန်းမှာ ရပ်ကွက်တစ်ခုရှိနေပါတယ်။ ရန်ကုန်မြို့သစ်ဆိုတဲ့ အမည်ကြောင့် မူလ ရန်ကုန်ဟာ နေရင်းထိုင်ရင်း မြို့ဟောင်းဘဝ ရောက်ရှိသွားပြီး သမိုင်းဝင် မြို့ရဲ့ဂုဏ်အင်္ဂါကို အဆင့်ချလိုက်သလို ဖြစ်သွားမှာကိုလည်းထည့်သွင်း စဉ်းစားပေးစေလိုပါတယ် ခင်ဗျား... ။
သမ္မတကြီးခင်ဗျား
ဆက်လက်ပြီး ရန်ကုန်မြို့သစ် တည်ဆောက်ရန် လိုအပ်၊ မလိုအပ်နဲ့ပတ်သက်ပြီး လေ့လာ တွေ့ရှိချက်အချို့ကို တင်ပြလိုပါတယ်။ ရန်ကုန်မြို့ကြီးမှာ မြို့အင်္ဂါနဲ့မညီတဲ့ ဌာနဆိုင်ရာ ခြံဝင်းကြီးတွေ၊ အိမ်ရာစခန်းအဟောင်းတွေ၊ မြေကွက်လပ်ကြီးတွေ အမြောက်အမြားတည်ရှိနေပါတယ်။ ကမ္ဘာ အေးဘုရားလမ်းနဲ့ ချော်တွင်းကုန်း ဝဲယာမှ ယခင်က ကစလဝင်းကြီး တွေ၊ တပ်မတော်မှတ်တမ်းရုံးဝင်း ကြီးတွေ၊ ပုသိမ်ညွန့်နဲ့ ပုဇွန်တောင်အကြား ယခင်ကုန်သွယ်ရေးဂို ဒေါင်အဟောင်းများနဲ့ သစ်ပုံဝင်း ကြီးတွေ၊ အလုပ်မဖြစ်တော့တဲ့ သာကေတ ဂုန်နီကော်ဇောစက်ရုံ ဝင်းကြီးတွေ၊ ခရေပင်လမ်းဆုံနဲ့ တညင်းကုန်းလမ်းဆုံအကြား ကြ ခတ်ဝိုင်းနဲ့ မျက်စိတစ်ဆုံးရှိနေတဲ့ မြေကွက်လပ်ကြီးတွေ၊ ခရေပင် လမ်းဆုံနဲ့ အမှတ် (၃)လမ်းအကြားဧကထောင်ချီရှိတဲ့ မြေကွက်လပ် တွေ၊ ရန်ကင်း၊ သုဝဏ္ဏ၊ ဦးဝိစာရ အစရှိတဲ့ အစိုးရပိုင်အိမ်ရာ စခန်း အဟောင်းတွေအပြင် ချောက်ချား နေတဲ့ မင်္ဂလာဒုံမြောက်ဖျားမှမြေ တွေ စသည်စသည်ဖြင့် များစွာ တည်ရှိနေပါတယ်။ ဒါ့အပြင် ဒဂုံ မြို့သစ်များမှာ ကုမ္ပဏီတွေကို စက်မှုလယ်ယာအတွက် ခွင့်ပြုပေးထားပြီး အကောင်အထည်မပေါ် လာလို့ ပြန်သိမ်းရမယ့် ဧကပေါင်း ၈,၀၀၀ ကျော်၊ အမှတ် (၂) လမ်း လေးထောင့်ကန်အလွန် လန (၃၉) ရထားတဲ့ ဧကပေါင်း တစ်သောင်း ကျော်လည်း ရှိပါသေးတယ်။ ထိုမျှမက စုစုပေါင်း ရန်ကုန်စည်ပင် နယ်နိမိတ် ၃၀၆ စတုရန်းမိုင်မှာ ၅၀ ရာခိုင်နှုန်းကျော်တဲ့ ၁၇၀ စတုရန်းမိုင်ဟာလည်း မြို့သစ်တွေဖြစ်ပြီး ပြန့်ကျဲမှု (Spraw) များစွာဖြစ်ထွန်းနေပါတယ်။ စနစ်တကျ လူ နေသိပ်သည်းမှု (Guided Densi- fication) ဖြစ်အောင် ဆောင်ရွက် ပေးနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။ Ideal Land ဆိုတဲ့ ပစ်ထားတဲ့ မြေကွက်လပ်တွေဟာ ဒဂုံဆိပ်ကမ်းမှာ လက်ညှိုးထိုးမလွဲရှိနေတာလည်း ကောင်းစွာတွေ့မြင်နိုင်ပါတယ် ခင်ဗျား... ။
သမ္မတကြီးခင်ဗျား
အထက်ပါအချက်များအရ နောင် ၁၀ နှစ်အကြာ ရန်ကုန်ဟာ မီဂါစီးတီးဖြစ်ပြီး လူဦးရေ ၁၀ သန်းရှိလာသည့်တိုင်အောင် မြို့သစ် တည်ရန် မလိုအပ်သေးကြောင်း အထင်အရှားတွေ့ရှိနိုင်ပါတယ်။ လက်ရှိ လူဦးရေ ငါးသန်းကျော်ရှိ တဲ့ ရန်ကုန်ရဲ့ လူဦးရေသိပ်သည်း မှုဟာ တစ်စတုရန်းကီလိုမီတာမှာ ၄,၅၉၈ ဦးရှိပါတယ်။ လူဦးရေ ၁၀ သန်းရှိတဲ့ ဘန်ကောက်ရဲ့ လူဦး ရေသိပ်သည်းမှုဟာ တစ်စတုရန်း ကီလိုမီတာမှာ ၉,၅၁၀ ဦးရှိပါ တယ်။
ရန်ကုန်ရဲ့ လက်ရှိသိပ်သည်းမှုဟာ လူဦးရေ နောက်ထပ် ငါးသန်းတိုးလာသည့်တိုင်အောင် ဘန်ကောက်ထက် လျော့နည်းနေ ဦးမှာ ဖြစ်ပါတယ်။ လက်ရှိဧက ၁,၄၀၀ ရှိတဲ့ Eco Green City၊ ဒဂုံဆိပ်ကမ်းမှ Smart District၊ ရန်ကင်း Golden City၊ KAJIMA City၊ ပါရမီ Inno City၊ ကန်ဘဲ့ City၊ လမ်းသစ်အိမ်ရာနဲ့ အခြား သော ပုဂ္ဂလိက အထပ်မြင့်တွေ ပြီးစီးရင် အိမ်ခန်းတွေ သိန်းနဲ့ချီပြီး ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ စနစ်တကျ သိပ်သည်းမှုမြှင့်တင် ခြင်းနဲ့တကွ မြောက်ဖျားမှာ ချောက် ချားနေတဲ့ ဧရိယာအပါအဝင် ဌာနဆိုင်ရာ ခြံဝင်းတွေ၊ မြေကွက်လပ် တွေ၊ ယိုယွင်းနေတဲ့ အိမ်ရာစခန်း အဟောင်းပေါင်း ၁၀ ခုရှိတဲ့နေရာ တွေကို ထိရောက်တဲ့ အသုံးချမှု (Effective Utilization) ဖြစ်ပေါ် လာရင် လူဦးရေ ၁၀ သန်းကျော် လာစေဦးတော့ ‘လာလှည့်ကုန်- နေလှည့်ကုန်’လို့ ရန်ကုန်က ထွေး ပွေ့ထားနိုင်မှာ ဖြစ်ပါတယ်။ နောင်အခါ ဒလအပါအဝင် ရန် ကုန်ပတ်ဝန်းကျင်မြို့များမှာ ပိုမို ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင် တာနဲ့အမျှ ရန်ကုန်ကို မှီခိုတဲ့ လူ ဦးရေဟာလည်း လျော့နည်းသွား မှာဖြစ်ပြီး နောက်ထပ် သုံးသန်းနေမယ့် မြို့သစ်ကြီး တည်ဆောက် ခြင်းဟာ လုံးဝလွဲမှားတဲ့ နည်းဗျူ ဟာဖြစ်ကြောင်း အလွန်သေချာပါ တယ်ခင်ဗျား... ။
သမ္မတကြီးခင်ဗျား
လက်ရှိ မြို့သစ်တည်မယ့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းနေ ရာဟာ Soft Soil Area ဖြစ် ကြောင်း ဘူမိဗေဒပညာရှင်များရဲ့ Soil Study ပြုလုပ်မှုများအရ အ ထင်အရှားသိရှိနေရပါတယ်။ ‘မြေ ပျော့ရာမြို့တည်’ မယ့် ၎င်းနေရာ ဟာ လက်ရှိ လှိုင်သာယာမြို့ထက် ပင်လယ်ရေမျက်နှာပြင်အောက် ၁၀ ပေခန့်အထိ နိမ့်ကျနေကြောင်း လည်း ယခင်အစိုးရ မြို့သစ်စီမံ ကိန်း အဆိုပြုချက်တွေကို လေ့လာကြည့်ရင် တွေ့ရှိနိုင်ပါတယ်။ ဒါ ကြောင့် ခေတ်မီမြို့တည်ရန် အ နည်းဆုံး အမြင့်ပေ ၂၀ မှ ၃၀ ပေ အထိ မြေဖို့ရမယ်လို့ တင်ပြချက် တွေလည်း အထင်အရှားရှိခဲ့ပါ တယ်။ အထပ်မြင့်တွေ တည် ဆောက်ရင် ကုန်ကျစရိတ်ဟာ ‘မြေ ပျော့ထဲမှာ ပလုံစွပ်’ ဆိုသလို ကုန် ကျစရိတ်ပမာဏများစွာ ကြီးမားပြီးငလျင်ကဲ့သို့ သဘာဝဘေး အန္တရာယ် ခြိမ်းခြောက်မှုကိုလည်း ပိုမိုစိုးရွံ့နေရမှာ ဖြစ်ပါတယ်ခင်ဗျား..။
သမ္မတကြီးခင်ဗျား
၁၈၉၈ ခုနှစ်အောက် မြန်မာ နိုင်ငံမြို့နှင့် ကျေးရွာမြေများ နည်း ဥပဒေမှာ အစိုးရအနေနဲ့ မြို့သစ် တည်ခြင်းဟာ ‘စီးပွားရေးအကျိုး အမြတ်’အတွက်မဟုတ်ဘဲ ‘အများပြည်သူအကျိုးစီးပွား’ အတွက်သာ ဖြစ်ရမယ်လို့ ပါရှိတာ တွေ့ရှိရပါ တယ်။
လက်ရှိ ရန်ကုန်မြို့သစ်ကို PPP နဲ့ တည်ဆောက်ရင် စီးပွား ရေးအကျိုးအမြတ်ရှိမှ တည်နိုင်မှာ ဖြစ်ပါတယ်။ ကိုလိုနီခေတ်မှာ နယ်ချဲ့အစိုးရသည်ပင် အများ ပြည်သူအကျိုးကို ဦးစားပေးရမယ် လို့ ဖွင့်ဆိုချက်နဲ့ ယခုလုပ်ရပ်ကို နှိုင်းယှဉ် ချိန်ထိုးကြည့်သင့်ပါ တယ်။
နောက်ပြီး စီးပွားရေးအကျိုး အမြတ်ဆိုရာမှာလည်း လက်ရှိ အိမ်ရာဈေးကွက်ဟာ မြန်မာနိုင်ငံ မှာ မကြုံစဖူး အေးခဲနေတာဖြစ်ပါ တယ်။ ဝယ်သူကြိုက်ဈေးဖြစ်နေ တယ်ဆိုတာ ပြောဖို့မလိုပါဘူး။ အထူးသဖြင့် မကြုံစဖူးဝယ်လိုအား ကျဆင်းမှုကြောင့် အိမ်ရာဆောက် လုပ်ရေးလုပ်ငန်းများအားလုံး ရပ် ဆိုင်းလုနီးပါးဖြစ်နေတဲ့အချိန်မှာ PPP နဲ့ မြို့သစ်တည်ပြီး အိမ်ရာ ဖော်ထုတ်ရောင်းချတဲ့လုပ်ငန်း ဟာ ‘သေမယ့်အပတ် စစ်ထဲလိုက်’ ဆိုတဲ့အတိုင်း ဖြစ်နေပါ့မယ်ခင် ဗျား... ။
သမ္မတကြီးခင်ဗျား
မြို့သစ်တည်ခြင်းဆိုရာမှာ ဝင်ငွေအမျိုးမျိုးရှိတဲ့ ပြည်သူတွေ ရဲ့ အိမ်ရာလိုအပ်ချက်ကို ဖြည့် ဆည်းပြီး လူမှုရေးအရ ရောထွေး တည်ရှိမှု (Social Mix) ကို ဖန်တီး ရတာ ဖြစ်ပါတယ်။ ဖန်တီးမှုပုံစံ နှစ်မျိုးရှိကြောင်းလည်း တွေ့ရှိရ ပါတယ်။ ကိုရီးယား၊ ဂျပန်၊ စင် ကာပူ စတဲ့ချမ်းသာတဲ့ နိုင်ငံတွေ မှာ ‘လူလတ်တန်းစား’ အတွက် အိမ်ရာများကို ပိုမိုဦးစားပေးပြီး ဝင်ငွေနည်းသူတွေအတွက် အိမ် ရာက အနည်းစုဖြစ်ပါတယ်။ စီးပွားရေးအကျိုးအမြတ်လည်းရရှိတာ တွေ့နိုင်ပါတယ်။ မြန်မာ၊ ကမ္ဘော ဒီးယား၊ လာအို စတဲ့နိုင်ငံများအပါ အဝင် လက်တင်အမေရိကဒေသ နဲ့ အာဖရိကဒေသမှ ဆင်းရဲနွမ်းပါး တဲ့ နိုင်ငံတွေမှာတော့ လူလတ် တန်းစားက အလွန်နည်းပြီး ဆင်းရဲနွမ်းပါးသူ အလွန်များတဲ့အတွက် ကျူးကျော် အစရှိတဲ့ ‘ဝင်ငွေနည်း ပြည်သူများ’အတွက် အိမ်ရာကို သာ အထူးဦးစားပေးပြီး ဝင်ငွေအ လယ်အလတ်နဲ့ ချမ်းသာကြွယ်ဝ သူတို့အတွက် အိမ်ရာအနည်းစု သာ ရောနှောပါဝင်တာကို တွေ့ရှိ နိုင်ပါတယ်။ အထူးသဖြင့် အစိုးရ ရဲ့ ထောက်ပံ့မှု (Subsidy) ကို ပိုမို အားပြုရပါတယ်။ အလွန်ဆင်းရဲ တဲ့နိုင်ငံမှာ ရန်ကုန်မြို့သစ်ဟာ ပထမအမျိုးအစားကို ရည်မှန်း လျှင် စေတနာကောင်းဖြင့်ဆောင်ရွက်သော်လည်း မြေယာသယံဇာတနဲ့ ငွေကြေးသယံ ဇာတတွေ ပြုန်းတီးပြီး တစ္ဆေမြို့ကြီး (Ghost City) ဖြစ်လာနိုင်ပါတယ်။ သို့မဟုတ် ငွေကြေးချမ်းသာသူတို့ ဝယ်လှောင်ဈေးကစားမယ့် မြေကွက်များနဲ့ Second Home များတည်ရှိရာ မြို့ကြီးဖြစ်လာမှာ သေချာပါတယ်ခင်ဗျား...။ (ယခုဆောင်းပါးရေးနေစဉ်မှာပင် ယခင်မရောင်းရသေးတဲ့ လယ်တွေကို တစ်ဧက သိန်း ၂၅၀ မှ ၃၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါတယ်ခင်ဗျား။)
သမ္မတကြီးခင်ဗျား
၂၀၁၂ ခုနှစ် လယ်ယာမြေ နည်းဥပဒေမှာ လယ်ယာမြေလျော် ကြေးတွက်ချက်ပုံကို နှစ်မျိုးခွဲခြား ထားပါတယ်။ စီးပွားရေးအကျိုးအ မြတ်ဖြစ်ထွန်းနိုင်မှုမရှိတဲ့ကိစ္စနဲ့ လုံခြုံရေးကိစ္စများအတွက်ဆိုရင် ကာလပေါက်ဈေးနဲ့ လျော်ကြေး ပေးရမှာ ဖြစ်ပါတယ်။ စီးပွားရေး အကျိုးအမြတ် ဖြစ်ထွန်းနိုင်တဲ့ လုပ်ငန်းဖြစ်ရင် ညှိနှိုင်းသဘောတူညီ တဲ့ ငွေကြေးပမာဏ (သို့မဟုတ်)ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က ဖွဲ့စည်းပေးတဲ့ ‘လျော်ကြေးငွေ သတ်မှတ်ရေးအဖွဲ့’က ကာလ ပေါက်ဈေးဖြင့် တွက်ချက်သော တန်ဖိုးအောက် မနိမ့်သော ငွေ ကြေးပမာဏကို ပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါကြောင့် မြေလျော်ကြေး ပေးတဲ့စနစ်ကို Master Plan ကြည့်ပြီး ဘယ်မြေတွေဟာ စီးပွား ရေးအကျိုးအမြတ်မရှိတဲ့ လုပ်ငန်း အတွက် သုံးမယ်၊ ဘယ်မြေတွေ ကို စီးပွားရေးအကျိုးအမြတ်ရှိတဲ့ လုပ်ငန်းအတွက်သုံးမယ်ဆိုတာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ နှစ်မျိုးခွဲပြီး လျော်ကြေးပေးရန် လိုအပ်ပါ တယ်။ ယခုအခါ လယ်မြေတွေကို တစ်ပြေးညီ လျော်ကြေးငွေ သိန်း ၁၀၀ (သို့မဟုတ်) အသိမ်းခံမြေကို ဖွံ့ဖြိုးအောင် ပြုလုပ်ပြီးတဲ့အခါ မူလမြေပမာဏရဲ့ ၂၁ ရာခိုင်နှုန်း (ဥပမာ- ဧက ၂၀ သိမ်းရင် ဖွံ့ဖြိုး မှုပြုလုပ်ပြီးတဲ့အခါ မြေနှစ်ဧက) ပြန်ရမယ်လို့ သတ်မှတ်ထား ကြောင်း သိရှိရပါတယ်။ ဒီအချက်ဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိလို့ ဆိုနိုင်မယ်ထင်ပါတယ်။ ဥပဒေအရ‘လျော်ကြေး’ ဆိုတဲ့အတိုင်း ‘ငွေကြေး’နဲ့သာ ပေးအပ်ရမှာဖြစ်ကြောင်း ထင်ရှားပါတယ်။ အခြားနည်းပေး လျော်ရန် ပြဋ္ဌာန်းထားတာလည်း မတွေ့ရှိရကြောင်းပါ ခင်ဗျား... ။
သမ္မတကြီးခင်ဗျား
ရန်ကုန်မြို့သစ် စီမံကိန်းတစ်ခုလုံးကို ကြီးကြပ်ရန် တိုင်းဒေသကြီးအစိုးရက ကျပ်ငွေ ၁၀ ဘီလီ ယံ မ,တည်ပြီး ကုမ္ပဏီတည် ထောင်ခြင်းဟာ မြန်မာနိုင်ငံပြည် ထောင်စုအစိုးရရဲ့ လက်အောက် မှာ အဲဒီလုပ်ငန်းမျိုးကို ကြီးကြပ်မှု တာဝန်ယူရမယ့် အစိုးရဌာန၊ အဖွဲ့အစည်းလုံးဝမရှိခြင်းကြောင့်လားလို့ မေးခွန်းထုတ်စရာရှိလာပြန်ပါ တယ်။
၁၉၅၁ ခုနှစ် နိုင်ငံတော် ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင် ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ အက်ဥပဒေအရ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနဟာ အထက်ပါ လုပ်ငန်းတွေကို လုပ်ဆောင်ရန် တာဝန်ရှိပြီး ခေတ်အဆက်ဆက် ဆောင်ရွက်လာခဲ့တာ လက်ရှိ အစိုးရလက်ထက်တိုင်အောင်ပဲ ဖြစ်ပါတယ်။ ဖဆပလခေတ် တစ် နိုင်ငံလုံးမှာ အိမ်ရာပြန်လည်ထူ ထောင်ရေး စီမံကိန်းတွေ၊ အိမ် စောင့်အစိုးရခေတ် မြို့သစ်စီမံ ကိန်းတွေ၊ မဆလခေတ် သန်လျင် ကျောက်တန်းဒေသ ဖွံ့ဖြိုးရေးစီမံ ကိန်း (Regional Plan) တွေ၊ သုဝဏ္ဏမြို့သစ်စီမံကိန်းတွေ၊ တပ် မတော်အစိုးရလက်ထက် မြို့သစ် စီမံကိန်းတွေ၊ ပြည်နယ်များရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ ဝေးလံ ခေါင်ဖျား တိုင်းရင်းသားများရဲ့ မြို့ရွာဖွံ့ဖြိုးရေးစီမံကိန်းတွေ ရေး ဆွဲခြင်း၊ အကောင်အထည်ဖော်မှု ကို ကြီးကြပ်ခြင်း စတဲ့လုပ်ငန်းတွေ ကို ခေတ်အဆက်ဆက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါ တယ်။ နေပြည်တော်စီမံကိန်းကို လည်း ရေးဆွဲပေးခဲ့ရုံမျှမက အ ကောင်အထည်ဖော်ရာမှာလည်း ပါဝင်ဆောင်ရွက်ပေးကြရပါ တယ်။
 နိုင်ငံခြားမှ ဘာသာရပ်ဆိုင်ရာ ဘွဲ့လွန်ပညာတွေ သင်ကြားပြီး နိုင်ငံတကာအတွေ့အကြုံရင့် ကျက်တဲ့ မြို့ပြစီမံကိန်းနှင့် အိမ်ရာ စီမံကိန်းပညာရှင်တွေလည်း များ စွာရှိနေပါတယ်။ အမှန်အားဖြင့် Master Plan ကို တာဝန်ရှိတဲ့ အစိုးရဌာနကသာ တာဝန်ယူရေးဆွဲရမှာ ဖြစ်ပါတယ်။ အဲဒီလို ဥပဒေနဲ့အညီ Legal Entity ရှိနေပါလျက် စီမံကြီးကြပ်ရန် သီးခြားကုမ္ပဏီ ဖွဲ့ပြီး ဆောင်ရွက်ခြင်းဟာ သက် ဆိုင်ရာဌာနကို ဥပေက္ခာပြု လျစ် လျူရှုရာလည်း ရောက်ရှိနေမှာ ဖြစ်ကြောင်း တင်ပြလိုပါတယ်။  ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာန နှင့် တကွ သက်ဆိုင်ရာဌာန၊ ရန် ကုန်တိုင်းဒေသကြီး အစိုးရတို့ ပူး ပေါင်းဆောင်ရွက်မှု အားကောင်း ရန်လည်း အထူးလိုအပ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရင် ဖွံ့ဖြိုးရေးစီမံကိန်းများ ပိုမို အောင်မြင်မှု ရရှိမှာ ဖြစ်ပါတယ်။
သမ္မတကြီးခင်ဗျား
ရန်ကုန်မြို့သစ်ထက် ဦးစား ပေးလုပ်ရမယ့် လုပ်ငန်းလေးရပ်ကိုလည်း တင်ပြခွင့်ပြုစေလိုပါတယ်။
(၁) အစိုးရအတွက် မဖြစ်မနေ ဆောင်ရွက်ရမယ့် ‘မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်း’ ဟာ ဒလတံတားတစ် ဖက်မှာရှိတဲ့ ဒလမြို့ အဆင့်မြှင့် တင်ရေး စီမံကိန်း (Upgrading Project)သာ ဖြစ်ပါတယ်။ ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြို့ သစ်စီမံကိန်းဆိုတာ ဒလတံတား စီမံကိန်း မတည်ဆောက်မီက JICA က သတ်မှတ်ခဲ့တာဖြစ်ပြီး ဒလတံတား တည်ဆောက်မှု ပေါ် ပေါက်လာတဲ့အခါ ရန်ကုန်မြို့ လယ်ဒေသရဲ့ တစ်ဖက်ကမ်းမှာ ဖွံ့ဖြိုးရေးအတွက် စီမံကိန်းဦးစား ပေးအစီအစဉ်ကို မဖြစ်မနေ ပြောင်းလဲရမှာ ဖြစ်ပါတယ်။
(၂) ဦးစားပေးဆောင်ရွက်ရမယ့် ‘အိမ်ရာစီမံကိန်း’ကို ဖော်ပြပါဆို ရင် စမတ်ကတ်ပေးထားတဲ့ ကျူး ကျော်အိမ်ထောင်စု တစ်သိန်းခွဲအ တွက် အိမ်ရာဖြည့်ဆည်းရေးလုပ် ငန်းနဲ့ အခြားဝင်ငွေနည်း ပြည်သူ များအတွက်ပါ အိမ်ရာများကို နေ ရာအနှံ့၊ ဒေသအနှံ့မှာ ဖြန့်ကြက် ပြီး အလုံးအရင်းနဲ့ တည်ဆောက် ပေးရေးပဲ ဖြစ်ပါတယ်။
(၃) မဖြစ်မနေ ဆောင်ရွက်ရမယ့် ‘အခြေခံအဆောက်အအုံဖွံ့ဖြိုး ရေး’ လုပ်ငန်းကို ဖော်ပြရရင် မိုး လေးနည်းနည်းရွာတာနဲ့ ရေမြုပ် နေတဲ့ ရန်ကုန်မြို့လယ်သာမက ဆင်ခြေဖုံးမြို့သစ်များပါ ရေစီးရေ လာ၊ အမှိုက်သိမ်းစနစ်၊ မြေယာ ရှုခင်းနဲ့ လမ်းများကောင်းမွန်ရေး၊ ယာဉ်ကြောကျပ်တည်းမှုများ ဖြေ ရှင်းရေးပဲ ဖြစ်ပါတယ်။
(၄) နောက်ဆုံး မဖြစ်မနေတည် ဆောက်ရမယ့် ‘စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်း’ ကို ဖော်ပြရမယ်ဆိုရင် ‘စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန် များ’ ထပ်မံဖော်ထုတ်ရေးသာဖြစ် ပါတယ်။ အဲဒီလုပ်ငန်း လေးရပ် စလုံး (မြို့သစ်မပါ)ဟာ အလုပ်အ ကိုင်အခွင့်အလမ်းသာမက ရန် ကုန်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးကို လက်တွေ့ဖြစ်ထွန်းစေမှာ ဖြစ်ပါ တယ်ခင်ဗျား။
သမ္မတကြီးခင်ဗျား
နိဂုံးချုပ်အားဖြင့် အထက်ပါ ကျိုးကြောင်းဖော်ပြချက်များအရ ဦးစားပေးရန် မလိုအပ်သည့် ရန် ကုန်မြို့သစ်တည်ဆောက်ခြင်းကို လုံးဝရပ်ဆိုင်းပေးသင့်ပါကြောင်း အလေးအနက်တင်ပြအပ်ပါတယ် ခင်ဗျား။ ပြည်ထောင်စုရဲ့ အနာ ဂတ်အကျိုးစီးပွားကိုပါ များစွာရိုက်ခတ်လာနိုင်တာဖြစ်တဲ့အတွက် ပညာရှင်များပါဝင်တဲ့ ကော်မရှင် တစ်ရပ် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေး စေပြီး တိုင်းဒေသကြီး လွှတ်တော် ရဲ့ အဆုံးအဖြတ်ကိုပါ ရယူသင့်ပါ ကြောင်းလည်း လေးစားစွာ တင်ပြ အပ်ပါတယ်ခင်ဗျား။
သမ္မတကြီး ကျန်းမာပါစေ။
(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)
.
---------------------------------------------------------------------------------
.
ရန်ကုန်မြို့သစ်စီမံကိန်းကုမ္ပဏီ NYDC နှင့် စင်ကာပူ HDB
ပြည်သူ့အိမ်ယာ စီမံကိန်းအတွက် စင်ကာပူအစိုးရက HDB Housing Development Board ဆိုတဲ့ စီးပွားရေးကုမ္ပဏီ တစ်ခုကို ၁၉၆၀ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ဒီစီမံကိန်းအကြောင်း ရေးရတာလဲ မြန်မာနိုင်ငံမှာ အဲဒီလို ပြည်သူလူထုအတွက် ဈေးသက်သာတဲ့ အိမ်ယာစီမံကိန်းကို ရန်ကုန်မြို့သစ် စီမံကိန်းကုမ္ပဏီ NYDC က လုပ်ဆောင်တော့မယ် လို့မျှော်လင့်ချက်နဲ့ပါ။ စင်ကာပူစတော့မှာပါတဲ့ ရိုးမ FMI City လုပ်ငန်းရှင်ကြီး Serge Pun @ ဦးသိမ်းဝေ နဲ့ စင်ကာပူဝန်ကြီးဟောင်း ဂျော့ ခ်ျယိုး George Yeo တို့ပါဝင်တာလဲ အံ့သြစရာပါ။
.
စင်ကာပူ HDB ပြည်သူ့အိမ်ယာများက မြန်မာနိုင်ငံ ဦးနုရဲ့ ပြည်တော်သာစီမံကိန်း ၁၉၅၇ တိုက်ခန်းများကို စံပြအနေနဲ့ လာရောက်လေ့လာ အတုယူ စတင်ခဲ့တယ်လို့ သိရပါတယ်။ စင်ကာပူ မြို့လယ်ခေါင် နိုဗီးနား Novena MRT အနီးမှာ ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်၊ မော်လမြိုင် စတဲ့ လမ်းအမည်များရှိပေးထားတဲ့ စုပေါင်းအိမ်ယာတစ်ခုရှိပါတယ်။ ၆ထပ် အမြင့်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ၁၂ထပ်အထိ တိုးချဲ့ဆောက်ရင်း အခုဆို အထပ်၃၀ အမြင့် ပြည်သူ့အိမ်ယာများ တိုးတက်နေပါပြီ။
.
YBS ဘတ်စကားစနစ် ဆိုတာလဲ စင်ကာပူက SBS စင်ကာပူဘတ်စကားစနစ်လိုမျိုး လုပ်ချင်တာပါ။ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်သေးပါဘူး။ အရှုံးများစွာ ပေါ်ပေါက်နေလို့ ၃လပတ် အရှုံးအမြတ် မပြောနဲ့ တနှစ်တာ အရှုံးအမြတ်တောင် မဖော်ပြရဲလောက်အောင် အုံ့ပုန်းလုပ်နေရတဲ့ အခြေအနေပါ။ တကယ်တော့ ဘယ်လောက်ရှုံးတယ်၊ ဆိုတာကို ရဲရဲဝံ့ဝံ့ ရန်ကုန်တိုင်းလျှပ်စစ်အဖွဲ့လို ထုတ်ပြန်ကြေငြာသင့်ပါတယ်။ အစိုးရက ဘယ်လောက် စိုက်ထုတ်ပေးနေတယ်၊ ဘယ်လောက်ရင်းနှီးမြှတ်နှံထားတယ် စသဖြင့် အများပိုင်လုပ်မဲ့ YBS ကို ရှုံးပါတယ် ရဲရဲဝံ့ဝံ့ မပြောရဲတာလဲ နိုင်ငံရေးတွေလား မသိနိုင်ပါ။ မိမိ ဥာဏ်မမှီလို့ပဲ ဖြစ်ပါလိမ့်မယ်။
.
HDB ဆိုတဲ့ စင်ကာပူ ပြည်သူ့အိမ်ယာစီးပွားရေးအဖွဲ့ အကြောင်း အနည်းငယ်မရေးခင် ကန့်ကွက်မှုများကို အကျဉ်းချုပ် ရေးချင်ပါတယ်။
.
.
NYDC ကန့်ကွက်သူများ
ကိုဇော်နိုင် Zaw Naing နဲ့ ကိုရဲမြတ်သူ Ye Myat Thu တို့ကတော့ ကန့်ကွက်ကြောင်း ရေးထားတာကို ရက်ပိုင်းအတွင်းမှာ ၄၀၀၀ ကျော် ရှယ်သွားကြပါတယ်။ အများစုကတော့ သူတို့ရဲ့ ကန့်ကွက်မှု အချက်များကို သဘောမတူကြပါဘူး။ မြန်မာတွေ အရင်လို ချကွာ ပြောတိုင်း လိုက်မချတော့ပါဘူး။ အင်အယ်ဒီပါတီနဲ့ တပ်မတော် စုပေါင်းထားတဲ့ အစိုးရအဖွဲ့က လုပ်စရာရှိတာတွေ ရဲရဲလုပ်ပြီး မဟန်ရင်လဲ နောက်ဆုတ်နေမယ် ဆိုတဲ့သဘောပါပဲ။ ဒါပေမဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍကိုတော့ လစ်လျူပြုတာတွေ မလုပ်သင့်ပါဘူး။ အထူးသဖြင့် ဘတ်ဂျတ်နဲ့အခွန် ဥပဒေများမှာ လွှတ်တော်ကိုယ်စားလှယ်အများစု စိတ်ပျက်သွားအောင် ဌာနဆိုင်ရာ ညွန်မှုး၊ ညွန်ချုပ်တွေက စီမံကိန်းတွေကို သူတို့ဆီ ချင်းကပ်တဲ့ စီးပွားရေးအဖွဲ့များ အကျိုးစီးပွားအတွက် တင်ပြခဲ့ကြတယ်ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားလှပါတယ်။ ဒါကြောင့်လဲ အစိုးရဆိုရင် အယုံအကြည်မရှိကြတဲ့အတွက် ရန်ကုန်မြို့သစ်စီမံကိန်းကုမ္ပဏီ ကို သဘောမတူနိုင်သူများ ရှိနေခြင်းဖြစ်ပါတယ်။
.
ကန့်ကွက်ချက်များ
၁။ သဘောတရားရေးရာ ရှုထောင့်အရ အစိုးရဟာ အစိုးရ အလုပ်ကို လုပ်ရပါမယ်။ စီးပွားရေး လုပ်တာ အစိုးရ အလုပ် မဟုတ်ပါဘူး ဆိုတဲ့ အချက်ကို စင်ကာပူနိုင်ငံ HDB က ပြက်သားစွာ ချေဖျက်ပြနိုင်ခဲ့ပါတယ်။ တရုပ်နိုင်ငံကတော့ လူသိပ်မသိလို့ မရေးတော့ပါဘူး။ တရုပ်ပြည်လဲ အစိုးရကပဲ စီးပွားရေးလုပ်တာပါ။
၂။ စနစ်တကျလုပ်တော့မဲ့ NYDC ဆိုတာ လက်ဝါးကြီးအုပ်စနစ် ယခင်စစ်အစိုးရလက်ထက်က လက်ထက်တုန်းက မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC)၊ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် (UMEHL) တို့လို စီးပွားရေး ဈေးကွက်ကို တစ်ဦး တစ်ယောက်တည်းမှ ချုပ်ကိုင်ခြင်း (Monopoly) ဖြစ်နေပြီလို့ ဆိုပါတယ်။ စင်ကာပူ HDB ဆိုတာ အခြေခံလူတန်းစား ၈၀% အတွက်ပဲ ဆောက်ပေးတာပါ။ လူချမ်းသာ ၂၀% အတွက် အိမ်ကောင်း၊ ကွန်ဒိုတွေကိုတော့ HDB တာဝန်မယူပါဘူး။ ပုဂ္ဂလိက ကုမ္ပဏီများကိုပဲ ဆောက်ခိုင်းပါတယ်။
.
၃။ PPP (Public Private Partnership လို့ခေါ်တဲ့ ကုမ္ပဏီတွေကို အိမ်ယာစီမံကိန်းမှာ လာရောက်ရင်းနှီးဖို့ ဖိတ်ခေါ်၊ လုပ်ကိုင်စေခြင်းမှာလဲ ဘယ်လိုလုပ်ကိုင်မယ် ဆိုတာ မသိသေးပါဘူး။ PPP ဆိုတာက ကျယ်ပြန့်လွန်းပါတယ်။ ကွန်ဒိုတွေ ရှော့ ပင်စင်တာတွေ ဟိုတယ်တွေ ကုန်တိုက်ကြီးတွေ ကတော့ လမ်း၊လျှပ်စစ်မီး၊ အိမ်ယာများအခြေကျပါမှ ပေါ်လာမှာဖြစ်တဲ့အတွက် အဝေးကြီးလိုပါသေးတယ်။ စဉ်းစားစရာ မလိုသေးပါဘူး။ NYDC ဆိုတာ အခြေခံလူတန်းစားများအတွက်ပဲ စီမံကိန်း လို့ ကျနော်ခံယူပါတယ်။ လူချမ်းသာများကလည်း လှိုင်မြစ်တဖက်ကမ်းကို လာနေဖို့ မဖြစ်နိုင်ပါဘူး။
.
၎။ အစိုးရ နဲ့ စီးပွားရေး သမား ဆိုတာကတော့ အနောက်နိုင်ငံ၊ တောင်ကိုးရီးယား၊ ဂျပန်၊ တိုင်ဝမ်၊ အမေရိကားတွေမှာ မလုပ်ကြပေမဲ့ အရှေ့တိုင်းနိုင်ငံတွေမှာတော့ ခေတ်နောက်ကျနေလို့ အစိုးရတွေ စီးပွားလုပ်ကြပါတယ်။ အဓိကတော့ အစိုးရ ကောင်းဖို့ အလွန်အရေးကြီးပါတယ်။ YRTA နဲ့ YBS အဆင်မပြေသေးတာကိုပဲ ကြည့်ရင်၊ စီးပွားရေးနားလည်သူ မပါတဲ့ အရှုံးခံလုပ်ငန်းဖြစ်ပါတယ်။ လူတွေ စီးပွားကောင်းလာရင် ဘတ်စ်ကားခ မြှင့်ရင်လဲ ပြသနာမဟုတ်ပါဘူး။ အခုဆို လျှပ်စစ်ဈေးနှုန်းတွေ မြှင့်ကောက်တော့မယ် ဆိုတော့ ရန်ကုန်လူထု သိပ်မပြောတော့ပါ။
.
၅။ ပွင့်လင်းမြင်သာမှု မရှိခြင်းက ပြုပြင်ရပါမယ်။
၆။ အာဏာ အလွဲသုံးစားပြီး ကိုယ်ကျိုးစီးပွားမရှာဖို့ အရေးကြီးလှပါတယ်။
၇။ ဘာလုပ်နေတယ်ဆိုတာ ထဲထဲ ဝင်ဝင် သိဖို့နဲ့ အနာဂတ် အမြင် ရှိဖိုကတော့ အရင်အစိုးရတွေနဲ့ မတူတော့ပါဘူး။ ပုဂ္ဂလိကကိုပဲ လုပ် ခိုင်းရင် ၅၊ ၆ အချက်နှစ်ချက် လုပ်စားကြမှာဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအပြင် စင်ကာပူ HDB ပြည်သူ့အိမ်ယာများအကြောင်း ဂဃနဏ သိတဲ့ စင်ကာပူဝန်ကြီးဟောင်း ပါဝင်စေခြင်းဖြစ်ပါတယ်။ ရေသန့် ရရှိဖို့ ရေပေးစနစ်ဆိုတာ ရန်ကုန်မြို့တွင်းတောင် လုပ်နေဆဲဖြစ်ပါတယ်။ တပြိုင်တည်းလုပ်သွားမလား ကောင်းမွန်တဲ့ အနာဂါတ်အမြင်ဖြစ်ပါတယ်။
.
၈။ စီးပွားရေး အခြေအနေ နှင့် ရင်းနှီုးမြှုတ်နှံမှု သဘော သဘာဝ ကျပ်ငွေ (၁၀) ဘီလီယံ ဆိုတာ အမေရိကန် ဒေါ်လာ (၈) သန်း လောက်နဲ့ပဲ လုပ်မှာမဟုတ်ပါ။ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးတယ်လို့ ပြောထားပါတယ်။ လူနေအိမ်များကို နှစ်ရှည် အရစ်ကျ ပြန်ရောင်းချခြင်းပါပဲ။ အထည်ဖော်ရာတွင် မြို့နယ်ငါးခု၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာ ရှည်သည့် ပင်မလမ်းကြောင်း၊ ၁၀ ကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားစက်ရုံ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မယ်လို့ ဆိုပါတယ်။ အခြေခံ ဒီဇိုင်းကတော့ ရှိပြီးသားပါ။ ဂျပန် JICA လိုမျိုး အဖွဲ့အစည်းတွေကလဲ မြို့ပြမြေပုံတွေ ရေးဆွဲပေးလေ့ရှိလို့ ရန်ကုန်တိုင်းအစိုးရမှာ အခြေခံ ဒီဇိုင်းရှိပြီးသားဖြစ်ပါတယ်။ အသေးစိတ်ကို တင်ဒါပြိုင်မဲ့ ကုမ္ပဏီများက တင်သွင်းရပါမယ်။
.
ဒီအချက် (၈)ချက်အပြင် အရေးကြီးဆုံးဖြစ်တဲ့ စီးပွားရေး မကောင်းဘဲနဲ့ အိမ်သစ်ဆောက်မယ် ဆိုတာ အကြွေး တင် တာ အဖတ်တင်မယ်။ ဒါကြောင့် အလုပ်ကိုင်အခွင့်အလမ်း များစွာပေးမဲ့ ကုန်ထုတ်လုပ်ငန်းများများ ရန်ကုန်မြို့ကို ရင်းနှီးမြှတ်နှံမှု အရင်လုပ်ဖို့လိုပါတယ်။ အလုပ်အကိုင် ၀င်ငွေမရှိပဲ အိမ်ကို အကြွေးနဲ့ဝယ်ဖို့ မလွယ်လှပါဘူး။ အိမ်ရောင်းမဲ့ NYDC ကလည်း အလုပ်အကိုင်မရှိတဲ့လူကို ရောင်းမှာမဟုတ်တော့ အလုပ်အကိုင်အဆင်မပြေပဲ
အိမ်တွေ ဆောက်တာက အဓိပါယ်မရှိပါဘူး။ ဒါက အလွန်အရေးကြီးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ထောက်ပြ တင်ပြချက်များကို အလေးထားရမှာ ဖြစ်ပါတယ်။
.
အခုဆက်လက်ပြီး စင်ကာပူ HDB အကြောင်း အနည်းငယ် ရေးပါမယ်။
.
.
စင်ကာပူ HDB ပြည်သူအိမ်ယာအဖွဲ့ (ကုမ္ပဏီ)
ယနေ့ကာလ ၂၀၁၈ မှာ စင်ကာပူနိုင်ငံနေထိုင်သူများရဲ့ ၈၂% ဟာ HDB အိမ်ယာများမှာ နေထိုင်ကြပါတယ်။ ၁၉၅၉ ခုနှစ်မှာ စင်ကာပူဟာ ယခု ရန်ကုန်မြို့လိုပဲ အိမ်ယာမလုံလောက်မှု၊ အိမ်ယာများ ရွံ့နွံများမှာ ဖြစ်သလို နေထိုင်၊ ခြင်၊ ယင်ကောင်များနဲ့ ညစ်ပတ်စွာ နေထိုင်ရတဲ့ အခက်ခဲကြီးကို ကျော်လွှားဖို့ ကြိုးစားပါတယ်။ ၁၉၄၇ ခုနှစ် ဗြိတိသျှ အစိုးရလက်ထက်မှာ အိမ်တစ်လုံးကို လူ၁၈ယောက် နေထိုင်ကြလို့ လူတွေ ပြွတ်ကြပ်နေတဲ့ မြို့လို့ သတ်မှတ်ပါတယ်။ ၁၉၆၆ မှာ လူ၃သိန်း မြို့ပြင် ရွံ့တောတွေမှာ ဖြစ်သလို နေရပြီး၊ လူ ၂သိန်းခွဲဟာ မြို့ထဲမှာ ပြွတ်ကြပ် နေထိုင်ခဲ့ရပါတယ်။
.
၁၉၆၀ ခုနှစ်မှာ HDB ငါးနှစ်စီမံကိန်းကို စတင်ပါတယ်။ ၀င်ငွေနည်းပါးတဲ့ စင်ကာပူနိုင်ငံသားများ အပိုင်ဝယ်ယူဖို့ မရည်ရွယ်ပါဘူး။ ငှားပြီး နေထိုင်ဖို့ပဲ အစိုးရက ရည်ရွယ်ဆောက်လုပ်ပါတယ်။ အလုပ်အကိုင်မှ မပေါသေးတော့ ပြည်သူတွေ လစဉ်ဝင်ငွေ နည်းပါလို့ မ၀ယ်နိုင်ကြပါ။ အိမ်တွေတော့ ဆောက်ပြီးပေမဲ့ လူတွေက တိုက်ခန်းပေါ် တက်နေဖို့ စိတ်မ၀င်စားကြပါဘူး။ လေဟာပြင်မှာပဲ ကြယ်မြင်လမြင် နေထိုင်ချင်ပါတယ်။ မီးလောင်မှုကြီး တစ်ခု ဖြစ်ပြီးချိန် အိုးအိမ်မရှိတော့တဲ့ အိမ်ထောင်စုများစွာကို စတင်နေရာချထားလိုက်ပါတယ်။ ရေမီး အသွားအလာ ဈေးဝယ် လွယ်ကူအောင် လုပ်ထားတော့ ပြည်သူလူထု ထောက်ခံမှု ရရှိလာပါတယ်။
.
စင်ကာပူ တန်ဖိုးနည်း အိမ်ယာဖြစ်တဲ့ HDB အိမ်များဟာ ယခင်က ၄ထပ်၊ ၈ထပ်၊ ၁၂ထပ် စသဖြင့် အိပ်ခန်းမပါအိမ်သာရေချိုးခန်းတွဲ၊ အိပ်ခန်းတစ်ခန်းဟောတိုက် 400-600 sq ft အသေးလေးများနဲ့ စတင်ခဲ့ပြီး၊ နောက်ပိုင်းမှာ အိပ်ခန်းတစ်ခု၊ ဧည့်ခန်း၊ မီးဖို တိုက်ခန်းများ၊ အိပ်ခန်း၂ခု၊ ဧည့်ခန်း၊ မီးဖိုတိုက်ခန်းများ 600-800 sq ft တိုက်ခန်းများ ဆောက်လုပ်ပါတယ်။ ၁၉၉၀ နောက်ပိုင် နိုင်ငံစီးပွားတိုးတက်လာချိန်မှာ အိပ်ခန်း၃ခန်း၊ အိပ်ခန်း၎ခန်၊ အိပ်ခန်း၅ခန်း၊ ၂ထပ်တိုက်ခန်း စသဖြင့် တိုက်ခန်းကြီးကြီးများ တည်ဆောက်ပေးလာပါတယ်။ ၂၀၀၈ ခုနှစ် စီးပွားရေးကပ်မှာ တိုက်ခန်းဝယ်ထားသူ အမြောက်အများ အစိုးရထံ လစဉ်ကြေး အရစ်ကျ မသွင်းနိုင်လို့ ပြန်အပ်ကြပါတယ်။ အဲဒီ နောက်ပိုင်းတော့ စင်ကာပူမှာ လူဦးရေများစွာ လက်ခံပြီး အထပ်၃၀ ကွန်ဒိုစတိုင် တိုက်ခန်းကျဉ်းလေးများ ပြန်လည်တည်ဆောက်လာပါတယ်။
.
ဘယ်ကငွေနဲ့ဝယ်ပါသလဲ
HDB တိုက်ခန်းဖြစ်စေ၊ ဘယ်အိမ်ကိုဝယ်ပါစေ တန်ဖိုးရဲ့ ၂၀%ကို တလုံးတခဲ ပေးရပါတယ်။ ဒီအတွက် စင်ကာပူအစိုးရက သူတို့နိုင်ငံသားများကို မစုမနေရ ၃၀% ကနေ ၄၀% လစာငွေများကို ငွေစုဘဏ် CPF Saving ပေးသွင်းခိုင်းပါတယ်။ ၁၀နှစ်လောက် လုပ်ပြီးရင် အိမ်ထောင်ပြုတဲ့အခါ စင်ကာပူနိုင်ငံသားတိုင် အိမ်ဝယ်နိုင်ပါပြီ။ မြန်မာနိုင်ငံကလည်း လူမှုဖူလှုံရေး မိမိလစာထဲက ၅%၊ အစိုးရက ၅% ပေးတဲ့ စနစ်လိုပဲ ဖြစ်ပါတယ်။ စင်ကာပူအစိုးရက အစမှ နည်းနည်းပဲ စုဆောင်းစေပြီး၊ ၁၉၉၀ နောက်ပိုင်း အလုပ်အကိုင် ပေါ၊ စီးပွားကောင်းလာချိန် ၃၀% ကနေ ၄၀% အထိ စုဆောင်စေပါတယ်။
.
HDB အိမ်ယာစီမံကိန်းကုန်ကျငွေ
ပထမဆုံး စတင်ဆောက်တော့ ပုဂ္ဂလိက ကုမ္ပဏီများက တန်ဖိုးနည်းအိမ်ယာ လုံးဝမဆောက်ချင်ပါဘူး။ မရင်းနှီးနိုင်ပါဘူး။ ဒါကြောင့် အစိုးရကပဲ ရင်းနှီးပြီး အစိုးရပဲ စီးပွားရေးလုပ်ရပါတယ်။ တန်ဖိုးကြီး အိမ်ယာ ကွန်ဒိုတွေကိုတော့ ပုဂ္ဂလိကတွေ က ငွေချမ်းသာသူတွေကို ရောင်းလို့ရတဲ့အတွက် ဆောက်ချင်ပါတယ်။လုပ်ချင်ကြပါတယ်။ အခြေခံ လူတန်းစားအတွက် အစိုးရကပဲ ရင်းနှီးမြှတ်နှံရပါတယ်။ တချိန်တည်းမှာ အဂတိလိုက်စားမှု နည်းပါအောင် လုပ်ရင်း ကုန်ထုတ်လုပ်ငန်းများ၊ သင်္ဘောကျင်းလုပ်ငန်း၊ ကွန်တိန်နာလုပ်ငန်းများစွာ အလုပ်အကိုင်ပေါများလာပါတယ်။ ပြည်သူလူထုကို CPF ဆိုတဲ့ ငွေကြေးစုဆောင်းစေပါတယ်။ HDB ဘဏ်တိုက်ကြီးကိုလည်း တည်ထောင်ပါတယ်။ (စကားချပ်။ CPF ငွေစုဘဏ် အကြောင်း ဆောင်းပါးရေးထားတာရှိပါတယ်။ ဒိစနစ်က အစ္စရေးနိုင်ငံက စတင်ခဲ့ပြီး အခုအခါ အမေရိကန်နိုင်ငံကပါ 401(c) ဆိုပြီး ဆိုရှယ်စကြူရတီ Social Security စနစ်ကို အစားထိုးနေပါပြီ)။ ၁၉၉၀ နောက်ပိုင်းမှာတော့ ပြည်သူတွေ စုဆောင်းငွေ အမြောက်အများ ဖြစ်လာတဲ့အတွက် အိုးအိမ်ဆောက်ဖို့ ရင်းနှီးမြှတ်နှံငွေ ပြသနာမရှိတော့ပါဘူး။
CPF Saving: http://moemaka.com/archives/38844
.
တိုက်ခန်းအလုံးရေ ကိုးသိန်းရှိပါပြီ
၁၉၆၀ - ၁၉၆၉ ခုနှစ်များမှာ တစ်နှစ်ကို ၁၄၀၀၀ (တသောင်းခွဲ) နှုန်းနဲ့ စုစုပေါင်း ၁၄၇၀၀၀ နေအိမ် ၁သိန်းခွဲ ဆောက်ပါတယ်။ ယခု ၂၀၁၈ အချိန်မှာတိုက်ခန်းဈေးများဟာ အလွန်မြင့်မားနေပါပြီ။ အိပ်ခန်း၂ခန်း တိုက်ခန်းကို ၁၉၇၀ တုန်းက စင်ကာပူဒေါ်လာ ၁၇၀၀၀ (တသောင်း၇ထောင်) ပဲရှိပေမဲ့ အခု ၂၀၀၈ မျာတော့ ဒေါ်လာ၂၈၀၀၀၀ (၂သိန်း၈သောင်း) ဖြစ်နေပါပြီ။ အရစ်ကျချေးငွေနဲ့ ရောင်းပေးတော့ လစဉ် တလကို ဒေါ်လာ၁ထာင် အထက် အိမ်အကြွေးပေးရပါတယ်။ ဒါကြောင့် အလုပ်မလုပ်ရင် လစဉ်အိမ်ဖိုး မပေးနိုင်မှာမို့ စင်ကာပူနိုင်ငံသားတိုင်း အလုပ်လုပ်နေရပါတယ်။ စုစုပေါင်း HDB အိမ်အလုံးပေါင်း ၉သိန်းမှာ စင်ကာပူနေထိုင်သူ ၆သန်းရဲ့ ၈၂% လူဦးရေ ၅သန်းနီးပါး HDB တိုက်ခန်းများမှာ နေထိုင်လျှက်ရှိပါတယ်။
.
.
နိဂုံး (NYDC အိမ်ယာများဟာ တန်ဖိုးဘယ်လောက်လဲ ?)
ဒီဆောင်းပါး အဆုံးသပ်ကတော့ ၉၀% ရန်ကုန်လူထုဟာ နေအိမ်မပိုင်ဆိုင်ကြပါဘူး။ အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ လုပ်သားပြည်သူများအတွက် အိမ်ငှားနေရတာ ၁၉၆၀ စင်ကာပူနိုင်ငံလို ပြွတ်ကြပ်နေထိုင်ရပါတယ်။ ဒါကြောင့် ဒီစီမံကိန်းဟာ အခြေခံလူတန်းစားများအတွက် အိမ်ယာစီမံကိန်း ဖြစ်တယ် ဆိုရင်တော့ အလွန်ဝမ်းသာစရာပါပဲ။
.
အိုးအိမ်ဦးစီးဌာန ဆိုတာ စင်ကာပူ HDB လိုမျိုး တန်ဖိုးနည်း၊ တန်ဖိုးလတ် အိမ်ယာများ ဆောက်နေပေမဲ့ အမြောက်အများ မဆောက်နိုင်ပါဘူး။ တိုက်ခန်း တစ်ခန်း ရရှိရေးကလဲ ထုံးစံအတိုင်း အဂတိများစွာနဲ့ ရှုပ်ထွေးနေပါတယ်။ အိုးအိမ်ဥိးစီးဌာနကို ပုဂ္ဂလိကအဖြစ် ပြောင်းဖို့က ခက်ခဲတော့ NYDC ဆိုပြီး အိုးအိမ်ဦးစီးနဲ့ အပြိုင် စီးပွားရေးလုပ်ခိုင်းသလား တော့မသိပါ။
.
မြေနေရာ ရရှိရေး နဲ့ မြေပိုင်ဆိုင်မှုအတွက်ကတော့ မြေစာရင်းဌာန စည်ပင်ဌာန လိုမျိုးကပဲ တာဝန်ယူထားတာလဲ ရှုပ်ထွေးနေပါတယ်။ တပ်မတော်နဲ့ အစိုးရဌာနဆိုင်ရာများက မြေတွေကို လက်ဝါးကြီးအုပ်ထားတဲ့အတွက် ရန်ကုန်မြို့သစ်စီမံကိန်းက လယ်မြေများမှာ ရော်ကြေးပေးပြီး ရှင်းလင်းစွာ တည်ဆောက်လို့ရပါတယ်။
.
တကယ်လို့ NYDC အိမ်ယာများဟာ အခြေခံလူတန်းစားအတွက် မတတ်နိုင်တဲ့ အိမ်ယာများ ဖြစ်နေရင်၊ သူဌေးလူတန်းစားအတွက် ကိုယ်ပိုင်အိမ်ယာများ၊ ကွန်ဒိုများ ဖြစ်နေရင်တော့ စိတ်မကောင်းစရာပါပဲ။
.
ဒါကြောင့် ရန်ကုန်မြို့သစ်စီမံကိန်း အိမ်ယာများရဲ့ ၈၀%က အခြေခံလူတန်းစားများအတွက် ဖြစ်သင့်ပါတယ်။ ဒီလို ပေါ်လစီကိုလဲ ပွင့်လင်းစွာ ကြေငြာရပါမယ်။ သို့မှာသာ လူအများ ယုံကြည်မှုရှိပြီး.. ၅။ ပွင့်လင်းမြင်သာမှု ရှိတဲ့ ၆။ အာဏာ အလွဲသုံးစားပြီး ကိုယ်ကျိုးစီးပွားမရှာ နိုင်တဲ့ .. ပြည်သူ့အကျိုးပြု စီမံကိန်းကြီး ဖြစ်လာဖို့ မျှော်လင့်ပါတယ် ခင်ဗျား။
.
ဇော်အောင်(မုံရွာ)
၂.ဧပြီ.၂၀၁၈
.
---------------------------------------------------------------------------------
.
မြန်မာပြည်၏ အဓိကစီးပွားရေးလုပ်ငန်း...ဗိုက်နာနေတာပြနေပြီ။
(အိမ်ခြံမြေက ဆောင်းပါး )
မြန်မာပြည်မှာ..လူထုတွေအနေ နင့်အလုပ်အကိုင်သေခြာခိုင်မာတာမရှိတော့..အိမ်ခြံမြေထဲမှာ..လူအတော်များများစုပုံရင်းနှိးထားကြပါတယ် ။ ထိုလုပ်ငန်း..ကတော့..၂၀၁၅ လောက်ကထည်းက..တုတ်ကွေးစမိလာပါတယ် ။
ထိုအပေါ်မှာ..မြန်မာနိုင်ငံ၏ ငွေကြေး..ဓနအများစု..ပုံအော်ထားပါတယ် ။
အိမ်ခြံမြေ လုပ်ငန်းရပ်ဆိုင်းနေတာ...တစ်ခြားစီးပွားရေးတွေ. မကောင်းလို့ ဖြစ်ပါတယ် ။
ဒါကို..နို်င်ငံခြားရင်းနှီးမှုများ..အခိုင်အမာဝင်လာအောင်မလုပ်နိုင်ဘဲ..မြို့ သစ်ထပ်တိုးချဲ့ လိုက်လျင်..တုတ်ကွေးမိနေတဲ့..အိမ်ခြံမြေဈေးကွက်..ကျင်းထဲ မြုပ်သတ်သလိုဖြစ်သွားပါမယ် ။
ပေါ့ပေါ့ဆဆလေးလုပ်မိလျင်..တိုင်းပြည်၏စီးပွားရေးပိုမိုရပ်ဆိုင်းသွားနိုင်ပါတယ် ။ စီးပွားရေးရပ်ဆိုင်းလျင်..လူတွေလမ်းပေါ်တင်ပေးသလိုအထိ ဖြစ်သွားနိုင်ပါတယ် ။
ဒီစီမံကိန်းကြောင့်..NLD ပါတီကိုပင် ထိခိုက်သွားနိုင်ပါတယ် ။
ယခု ကျေငြာထားချက်အရ..မြို့ သစ်မှာ..နို်င်ငံခြားရင်းနှီမှုတွေ ဝင်လာရန်..မသေခြာလှပါ ။
ထိုမြို့ သစ်က. အိမ်ဆောက်ရောင်းချရန် အဓိကထားသည့် ပုံ ဖြစ်နေပါတယ် ။.
ရန်ကုန်မှာ..အိမ်ခြံမြေရင်းထားသူတွေ၏ လက်မှာခန်းလွတ်တွေအများကြိး..မြေကွက်တွေအများကြိး..ဘောပိုက်မိထားပါတယ် ။
မြန်မာအများစုမှာ..ဝယ်ယူနိုင်သည့် အနေအထားမရှိတော့ပါ ။
Home work လေးလုပ်သင့်ပါတယ် ။ အိမ်စာမကျေဘဲ..စာမေးပွဲဝင်လို့ ကတော့..စီးပွားရေးတုန့် ဆိုင်းသွားနိုင်ခြေကို..အလေးအနက်ထား..ချင့်ချိန်ရန်လိုပါတယ် ။.
ပြီးမှ..sorry လုပ်လို့ ကတော့..2020 မှာ..ပြည်သူတွေကလည်း..sorry ပြန်လုပ်ပါမယ် ။
နိုင်ငံခြားကုမ္မဏီကြိးတွေက..အသေးစိတ်တွက်ချက်ပြီးတော့မှသာ..သူတို့ အတွက် ရင်းနှီးမြုပ်နံထားသည့်ငွေပြန်လည်ရရှိရန်သေခြာမှသာလျင်..ဝင်လာပါမည် ။
ထို FDI တွေက..အလုပ်အကိုင်တွေများများပေးလာမှ..လူထုဝင်ငွေရှိလာပြီး..အိမ်ခန်းဝယ်ယူနိုင်ခြေပေါ်လာပါမည် ။ လောလောဆယ်တော့..ရန်ကုန်ငွေကျေးရှိသူတွေ ပိုက်ဘော မိထားကြပါတယ် ။
တရုတ်ပြည်မှာ..အလုပ်အကို်င်မဖေါ်နိုင်ဘဲ မြို့ ကြိးတွေ တည်ဆောက်ပြီး..GHOST. CITY ပေါင်း ဆယ်ဂဏန်းမကရှိနေပါတယ် ။ သူတို့ က ငွေကျေးပိုလျှံနေတော့..ခုသာ ခံသာရှိပေမည့်...ကျုပ်တို့ က ကုန်းကောက်စရာမရှိတဲ့နိုင်ငံ ။
ရန်ကုန်အစိုးရ၏ မြို့ သစ်လည်း...PMT - ghost city အဖြစ်သမိုင်းတွင်ကျန်ခဲ့ပါမည် ။
အချိန်တန်တော့..သဘော်ဆိပ် ၊ လေဆိပ်ရှိရာမြို့ ကသာ..ဖွံ့ ဖြိုးထောင်တက်သွားပါမည် ။
အိမ်ခြံမြေသမားတို့ ၏ လက်သုံးစကားက....တကမ္ဘာလုံးသုံးနေတဲ့ စကား...LOCATION..LOCATION..LOCATION..ပါဘဲ ။
လက်ရှိ တိုးချဲ့မည့်မြို့ သစ်၏. စက်မှုဇုန်စီမံကိန်းနေရာသည်..သဘော်ဆိပ်ကမ်းနင့် ဝေးနေပါသေးတယ် ။ လှိုင်သာယာ နင့် သိပ်မထူးခြားလှပါ ။ ကွန်တိန်နာသယ်ယူစာရိတ်အပို ရှိနေပါပြီ ။ လမ်းကျပ်မှု ပြသနာ ၊ အချိန် ..စသည်တွေက သေခြာရှိနေပြီ ။
လုပ်ငန်းရှင်တွေအတွက်..အပိုအကုန်အကျတွေတွမရှိအောင် စီမံရန်လိုပါတယ် ။.
ဦးဖြိုးမင်းသိန်း..သိလိုလျင်..လက်ရှိလုပ်ငန်းလုပ်ကိုင်နေသည့်..လုပ်ငန်းရှင်းများကို..ယခုမြို့ သစ်တွင်..စက်မှုဇုန်နေရာကို..investors လုပ်ငန်းရှင်တို့ ၏ သဘောထားကိုမေးမြန်းကြည့်လိုက်ပါ ။
( မြေငှားစား ၊ စက်ရုံငှားစားနေသူမပါပေါ့ ။ ထိုသူတွေက..လက်ရှိသူတို့  မြေနေရာထက် မြို့ သစ်စက်မှုဇုန်က...နေရာပိုကောင်းလျင်..သူ့ စက်ရုံတွေ..ဂန့် ရတော့မည်..။ သူတို့ ဆီက အဖြေမှန်မရနိုင်ပါ ။ ခရီုနီ နဲ့  ဗိုလ်ချုပ်သားသမီးတွေပိုင်ထားတာပါ )
မြေမျက်နာပြင်..မြင့်သည့် စီမံချက်မပါထားပါဘူး ။ ကမ္ဘာကြိးပူနွေးလာမှုအကျိုးဆက်..ပင်လယ်ရေမြင့်တက်လာချိန်ကို..ရန်ကုန်အစိုးရက ထဲ့မတွက်ပေမည့်..ဟိုလူတွေက တွက်ချက်ပါမည် ။
သတင်းတွေမှာ အင်တာနက်မှာ ကြည့်နိုင်ပါသည် ။ ယခုနစ် အော်စတေးလျမှာ..Autumn ဧပြီလ ပျှမ်းမျှအပူချိန်ဟာ..နစ်ပေါင်း ၁၅၉ -မှတ်တမ်းမှာ..အပူဆုံးနစ် ။ ပျှမျှအပူချိန်ထက် ၅ - ၁၂ ဒီဂရီ ပိုပူနေပါတယ် ။
ဟေမာန်ဦးမှာ..သစ်ပင်တွေ အရွက်တွေ အနီရောင်းပြောင်းသည့် သစ်ပင်တွေ. ယခုနစ် နီ. မလာသေးပါ ။
ကမ္ဘာကြိးအမှန်တကယ်ပူနွေးလာတာ..သစ်ရွက်တွေက ထောက်ပြနေပါပြီ ။
ကျနော် တစ်လျောက်လုံးရေးနေတာက...ကော့မှုးမြို့ နယ်..ရန်ကုန်မြစ်၏အပေါက်ဝအနီးမှာ...LOCK GATE ပါသည့် သဘော်ဆိပ်ကမ်းများတည်ဆောက်ခွင့် တင်ဒါခေါ်လိုက်လျင်..သဘော်ဆိပ်ဆိုတာ..( ဝ ) မရှိဘဲ.( ဝိ ) မလုပ်နို်င်သည့် အခြေခံအဆောက်အအုံထဲမှာ..အရေးကြိးတကာ့အရေးအကြိးဆုံး..အခြေခံအကျဆုံး.. INFRASTRUCTURE..အပြိုင်လုဝင်လျောက်ထားကြမည်သာ ။
( ၁ ) တဆက်ထည်း..နိုင်ငံတကာလေယာဉ်ကွင်းကြိး( B.O.T ) ၊
( ၂ ) ဒလ နင့် သံလျင်ဆက်သွယ်မာ့်....တံတားစီမံကိန်းကြိး ( B.O.T )
( ၃ ) အမြန် ကားလမ်းမကြိးများ ၊
( ၄ ) ၅- ပေ..အမြန်ရထားလမ်းများ (. B.O.T )တည်ဆောက်ရန် တင်ဒါခေါ်ကြည့်ပါဗျာ ။
ထိုရထားလမ်းဖြင့်..တရုတ်ပြည် ယူနန်ပြည်နယ်ထွက်ကုန်များကို..မြန်မာက သယ်ယူခွင့်ရပါမည် ။
အနောက်နို်င်ငံက ကုမ္မဏီကြိးတွေ..အပြိုင်အဆိုင်..ဝင်လာကြပါမည် ။
အနောက်နို်င်ငံများ၏စီးပွားရေးလုပ်ငန်းတွေ ရှိထားလျင်.ရခိုင်ပြသနာပေါ်တော့..လိမ်ညာအော်..ဆော်နေတဲ့..ထိုပါးစပ်တွေ ပိတ်သွားပါမယ် ။
ယခုဖြစ်နေတာက..၁ -ကျပ်ဖိုး ပြသနာကို..၁၀- ကျပ်ဖိုးဆော်နေသည်အထိ ဖြစ်နေတာဟာ..ကျနော်တို့ မှာစီးပွားရေး..အကွက်အကွင်းမဖေါ်ထားလို..သူတို့ မျက်နာထောက်စရာမရှိထားလို့  ..့ ဆိုတာလည်း..မြင်တတ်ကြပါရန် ။.
နိုင်ငံတစ်ခု၏. ရပ်တည်မှုဟာ..အချုပ်အနေနင့် ခြေထောက် ( ၃ ) ချောင်းပေါ်မှာ.ရပ်တည်နေရတာပါ ။
နိုင်ငံရေး ၊ စီပွားရေး နင့် စစ်အင်အား ...ခြေ သုံး ချောင်း ။
စီးပွားရေး က နံပတ်တစ်အဖြစ်....နို်င်ငံအများစုကလက်ခံထားပါသည် ။
ဒါကြောင့်လည်း..ဒီမိုကရေစီနိုင်င့တွေမှာ..အစိုးရရော..အတိုက်အခံကပါ..စီးပွားရေး..စီမံချက်တွေ ၊ အခွန်ကောက်ခံစနစ်..စတာတွေ တဖွ ဖွ ပြောဟောနေကြရတာပါ ။
စီမံကိန်းတွေအတွက်..ဘတ်ဂျက်. ဘီလျံ မည်မျှ သုံးစွဲမယ်..ကြေငြာနေကြရပါတယ် ။
ပြီးသာမှ..နိုင်ငံရေး နင့် စစ်အင်အားက..ဒုတိယ နင့် တတိယ နစ်ခု အခြေအနေအရ..တလှည့်စီ..၂ နင့် ၃ ဖြစ်ပါသည် ။
ထိုကြောင့်လည်း..ဒီမိုကရေစီ နိုင်ငံတွေမှာ..ရွေးကောက်ပွဲမှာ..စီးပွားရေးကို မည်သု့ ဖေါ်ဆောင်ပါမည်..ကတိတွေပေး..စီမံကိန်းတွေကိုချပြကြရတာပါ ။ စီးပွားရေးစီမံခန့် ခွဲမှုကို..ပြည်သူအများစုကလည်း..အကဲခတ်တတ်ကြပြီး..
၂၀၁၅ -ရွေးကောက်ပွဲမှာ..NLD သည်ထိုဒီမိုကရေစီ နိုင်ငံကြိးတွေ၏ မဲဆွယ်ပုံကို..မြန်မာပြည်မှာ..နမူနာပြ လုပ်သင့်ခဲ့ပါတယ် ။
There's no eternal friend nor foe, only eternal interest ...
ထာဝရရန်သူ သို့ မဟုတ် ..ထာဝရမိတ်ဆွေဆိုတာမရှိ ၊ ထာဝရအကျိုးစီးပွားသာရှိ၏ ။
_________________________________________________________
ကဲ အလုပ်အကိုင်သစ် ၂- သန်းဆိုတာကို ဆန်းစစ်ကြည့်ရအောင်..
ဆစ်ဒနီမှာ..အစိုးရ နင့် ပုဂ္ဂလိက နစ်ရပ်ပေါင်း..ဘီလျံ ၂၅၀ နီးပါးဖေါ်ဆောင်နေပါတယ် ။ အလုပ်အကိုင်သစ်..သိန်းဂဏန်းသာ ကြေငြာထားပါတယ် ။ ဘီလျံ ၂၅၀ လောက်က..အလုပ်အကိုင်..သိန်းဂဏန်း ဘဲကြေငြာပါတယ် ။
ရန်ကုန်မြို့ သစ်စီမံကိန်းကနေ...ရင်းနှီးမှု..ဆယ်ဘီလျံလောက်သာရှိမည်ထင်ပါတယ် ။ ဒါကိုအလုပ်အကိုင်သစ်- ၂ - သန်းဆိုတာအတော် စဉ်းစားစရာဖြစ်နေပါတယ် ။ တကယ်ဖေါ်ပေးနိုင်လျင်. အထူးဝမ်းမြောက်ဝမ်းသာစွာကြိုဆိုပါတယ် ။
အော်ဇိမှာတော့.....ရွှီးလို့  ၊ ဖြီး လို့ မရပါ ။ စိန်နားကပ်ကြိးပန်စေရမယ်..ဖြီးလို့ မရပါ ။
အလုပ်အကိုင်...၂ -သန်းဖေါ်ပေးပါမည်ပြောလျင်..ဘယ်ကဏ္ဍတွေမှာ..ဘယ်လောက် ၊ ဘယ်လိုဖေါ်ပေးနိုင်မှာလဲ..ဗျူးပါလိမ့်မယ် ။. မြန်မာပြည်က..ဂျာနယ် ၊ သတင်းဌာနတွေ. ဗျူးပေးကြရန် တောင်းဆိုလိုက်ပါတယ် ။
ဆစ်ဒနီ New South Wales မှာ..ပြည်နယ်အစိုးရက..ကားလမ်းတွေတိုးချဲ့  တယ်၊လမ်းသစ်တွေ ဖေါက်တယ် ၊ ရထားလမ်းသစ်တွေဆောက်တယ် ၊ ဆိပ်ကမ်း ၊ အခြေခံအဆောက်အဦးတွေ နင့် နိုင်ငံတကာလေယာဉ်ကွင်းအသစ်ပါထပ်တည်ဆောက်နေပါတယ် ။ .ဒေါ်လာ ဘီလျံ ၁၂၀ -လောက်ရှိနေပါတယ် ။
ပြည်နယ်အစိုးရ၏ စီမံကိန်းတွေအပြင်..မြို့ နယ်တွေကလည်း အသီးသီး..တည်ဆောက်နေတာ..ဘီလျံပေါင်း..( စုပေါင်းလျင်- ရာချီ) သုံးစွဲနေတာပင်..အလုပ်အကိုင်အသစ်...သိန်းဂဏန်းမျှသာဖေါ်ထုတ်ပေးနိုင်တာပါ ။
ယခု..ရန်ကုန်မြို့ သစ်က..ဘီလျံဘယ်လောက်သုံးလို့ ..အလုပ်အကိုင်သစ်..၂- သန်းဆိုတာ..ကျနော့် ဥာဏ်နင့်တော့..မမှိလို့ လားမသိ..တွက်ချက်ယူလို့ ကိုမရပါ ။
ကဲ တွက်ချက်ပြပါမယ် ။
အလုပ်သမားတယောက်ကို..ပျှမ်းမျှ တလလျင် လခ ( လုပ်ခ + ဝန်ထမ်းအလတ် ၊ ပညာရှင်အဆင့် ၊ အရာရှိ ၊) စသည်တို့ ကို ပျှမ်း ၁၅၀ ဒေါ်လာဆိုတာ လျော့နေပါသေးတယ် ။ ( တကယ်ပျှမ်းမျှ တွက်လျင်..တဦးကို..ဒေါ်လာ ၂၀၀ မှာ ၂၅၀ လောက်အထိထားရပါမည် )
အလုပ်အကိုင်တစ်ခုဟာ...လူတစ်ဦးအတွက်...တလ ဒေါ်လာ ၁၅၀ နုံးရလျင် ၊ တနစ်ဆိုလျင်..ဒေါ်လာ ၁၈၀၀ ။
အလုပ်သမား..၂ - သန်းအတွက်. တနစ်လျင်..လုပ်အားခ..US $ 3600 million ( 3.6 billion $ ) သာတကယ်ပေးနိုင်လျင်..???
ထိုမြို့ သစ်ကနေ. တိုင်းပြည်အတွက်..တနစ်ကို..3.6 billion $, လခ ပေးနိုင်သလို..လုပ်ငန်းရှင်တွေကလဲ..အနိမ့်ဆု့း..1.0 to 2.0 billion မြတ်နိုင်မှာဆိုတော့..ထိုမြို့ သစ်ကနေ. တနစ်ကို..အမြတ် 5.0 to 6.0 billion အကျိုးပြုမယ်ဆိုတော့..ကြိုဆိုရမှာပေါ့ ။
______________________________________________________________
ထပ်ရေးပါမည်...။ ဒလပြီး..ဒလ ထပ်ပြန်ပြီ ။
ကျနော်ကတော့..ယခုလို တိုင်းပြည်မှာ ဘတ်ဂျက်ကျပ်တည်းနေချိန်မှာ..စီးပွားရေးဇုန်ကို..ဦးစားပေးဖေါ်စေချင်ပါတယ် ။ ကျနော်. အကြိမ်ကြိမ်ရေးနေတဲ့ ဒလ နင့် ကော့်မှုးမြို့ နယ်စီမံကိန်းကိုပို အားရပါတယ် ။
ထိုစီမံကိန်းမှာ ပင်လယ်ကူးသဘော်ဆိပ်ကမ်းတွေပါဝင်ပါမယ် ။ သဘော်ဆိပ်နင့်ကပ်လျက်က..စက်မှုဇုန် ၊ စက်မှုဇုန်နင့် ကပ်လျက်က. အလုပ်သမားမြို့ တော် ။
အဲဒီမှာသင်္ဘောဆိပ်က ဒီရေအတက်အကျများတော့..LOCK. GATE ဆောက်ပြီး...သဘော်ဆိပ်တွေကို..ကုန်းတွင်းမှာ တည်ဆောက်တော့..ဧရာမ မြေကျဉ်းကြိးတူးရပါမည် ။ ထိုမြေတွေကိုသဘော်ကျင်းကပ်လျက်မှာ မြေဖို့ ပြီး..စက်မှုဇုန် တည်ဆောက်စေသင့်ပါတယ် ။
၊ စက်မှုဇုန် နင့်ကပ်လျင်. အလုပ်သမားမြို့ တော်..တည်ဆောက်လိုက်လျင်..FDI တွေ သေခြာပေါက်လှိမ့်ဝင်လာပါမည် ။
ထိုသို့ စီးပွားရေးလုပ်ငန်းများဖေါ်ဆောင်မှုကို..ပထမဦးစားပေးတည်ဆောက်လျင်..အိမ်ခြံမြေဈေးကွက်သက်သက်ကို..ဦးစာေးပးဖေါ်တာထက်..စီမံကိန်းအောင်မြင်ရန်..ပိုသေခြာပါတယ် ။.သေခြာပါ့မလား..ချင့်ချိန်နေရန်..ပူပင်နေရန်မလိုသည့်..စီမံကိန်းဖြစ်ပါတယ် ။
ထိုသို့ စက်မှုဇုန် ၊ သဘော်ဆိပ်ကမ်း ၊ လေယာဉ်ဖေါ်ဆောင်လိုက်လျင်...လူနေမြို့  နင့် CBD ဗဟိုစီးပွားရေးအချက်အခြာ မြို့ တော်ဆိုတာ..အစိုးရက ဖေါ်ဆောင်မပေးလျင်လည်းအလိုလိုပင်ပေါ်လာပါမည် ။
ထိုအခါ..အိမ်ခြံမြေဈေးကွက်လည်း..အလိုလိုပေါ်လာပါမည် ။ ရှင်သန်လာပါမည် ။
သီလဝါ စက်မှုဇုန်ကိုနမူနာယူရန်လိုပါတယ် ။
ယနေ့ ခေတ်သည်..ကုန်သွယ်ရေကြောင်းလမ်းကသာ..စီးပွားဖွံ့ ဖြိုးမှုကိုအဓိက..အဆုံးအဖြတ်ပေးနေသည့် ခေတ်ကာလ ဖြစ်ပါသည် ။
တရုတ်ပြည်ကြိးကိုသာကြည့်ပါ တနို်င်ငံလုံးနီးပါးကလုပ်သားတွေကို..ပင်လယ်ဆိပ်ကမ်းရှိရာဒေသတွေကို..ရွှေ့ လုပ်ကိုင်စေခြင်းက..ကမ္ဘာ့ စီးပွားရေးပါဝါ ကြိးတည်ဆောက်နိုင်ခဲ့တာပါ ။
ယနေ့ အမေရိကန် နင့် တရုတ် စီးပွားရေး..ထိပ်တိုက်တွေ့ နေသည့်အချိန်မှာ..ကျနော်တို့ အတွက် အခြေအနေကောင်းဖြစ်လာနိုင်ပါသည် ။
ယခု အိမ်ခြံမြေဈေးကွက်ဆောင်းပါးကတော့..ကျနော်တို့ ဆီမှာ..နောက်ဆုံးလက်ကျန် ..လူထုရင်းနှီးမြုပ်နှံ စရာ စီးပွားရေး..ပြိုလဲနေတာပြနေပါပြီ ။
ရန်ကုန်တိုင်းအစိုးရ..အိမ်စာလေး..လုပ်ပါဦး..ပန်ကြားလိုပါတယ် ။
ယခုလို အစိုးရသစ်ကို..ထောက်ပြ..ဝေဖန်လျင်..ဒေါ်စု crazy တွေက.ဆတ်ဆတ်ထိမခံနိုင်ကြ ။ ဒေါ်စုကိုယ်တိုင် အပြုသဘော..ဝေဖန်တာကိုကြိုဆိုပါတယ်ပြောထားပါတယ် ။
ဒေါ်စုကိုယ်တိုင် ပြောတာကို..ကျနော့်နားနင့်ဆတ်ဆတ်. ကျနော်ကိုယ်တိုင်..မတ်လ ၁၉ - ရက်နေ့ ကကြားထားတာပါ ။.
မြင်းကမလှုပ်.ဘဲနင့်...ခုံက မလှုပ်ချင်ကြပါနဲ့ ။
ဒေါ်စု ဟာ အလွန်တော်ကောင်းတော်ပါမည် ။ ဒါပေမည့် ကဏ္ဍတိုင်းကို..လမ်းညွှန်ဖို့ ..အချိန်က ဘယ်က ရမှာလည်း ။ ကဏ္ဍတိုင်းကို..ရေးသားညွှန်ကြားဖို့ ဆိုတာတော့..နုတ်နင့်ပင် ညွှန်ကြားရန်အချိန် မရှိရှာပါ ။
နောက်တချက်..ဒေါ်စုကို..ကြိုက်နေကြ ၊ ခိုက်နေကြရုံ နင့် ရပ်မနေပါနင့် ။ ခင်ဗျားတို့  ဒေါ်စုအတွက် ဘာတွေ လုပ်ဆောင်ပေးနေပါသလဲ..
Ask.: what have you done for DASSK..???
1995 - DASSK ပထမအကြိမ်နေအိမ်အကျယ်ချုပ်က လွတ်ခါစက..ကွန်ပျူတာတစ်လုံး..အရေးတကြိး ( အရေးတကြိးနော် ) လိုနေပါတယ် ။ ကျနော် ထို..ဒေါ်စု ခရေဇီတွေကို..ဆက်သွယ်ပြီး..စုပေါင်းလှုရအောင် စည်းရုံးကြည့်ပါတယ် ။
ဒေါ်လာ ၁၀၀ ပါမည့်သူမရှိပါ ။ ထိုစဉ်က...8 - MB သာရှိသည့်..Phillip computer & printer ကို..ဒေါ်လာ ( ၁၆၄၀ ) ပေးရတာပါ ။. ၁၀၀..ထဲ့မည်သူပင်မရှိတော့ ...တစ်ယောက်ထည်းလှုရပါတယ် ။
လှုတာပေါ်သွားတော့..လူကို..မဲ ပြီးအဖမ်းခံရတာပါဗျာ ။. ပါးစပ်နဲ့  ဘဲ ..crazy နေတာတွေများပါတယ် ။
လမ်းမှာအမှိုက်ပြစ်ချသူကိုတွေ့ လျင်..ဟန်းတား..သတိပေးတာလုပ်ခဲ့ဖူးသလား ။
လူငယ်တွေ ..အချိန်အလဟသ ဖြုန်းနေတာကို..ဒေါ်စုဖြစ်စေချင်သလို နေထို်င်ြပုမှုရန်..တိုက်တွန်းဖူးသလား ။
မိမိကိုယ်တိုင်ရော..ဒေါ်စု မိန့် ခွန်းတွေနင့်အညီ နေထိုင်ပြုပြင်ပါပြီလား ။
အချုပ်အနေနင့်..ယခု မြို့သစ်စီမံကိန်းဆိုတာ..ငွေကျေးအများကြိးရင်းရမှာပါ ။စပါးဈေးကောင်းလာချိန်. လယ်ယာမြေ ဧက ၃၀၀၀၀ သောင်းကို ဖျောက်ပြစ်ရမှာပါ ။
ထိုအလွန်ကြိးမားတဲ့ငွေကျေးက..ဝန်ကြိးချုပ်၏ ပိုက်ဆံမဟုတ်ပါ ။ သူ ပိုက်ဆံ မပါ ပါ ။ သူကတောင် အကျိုးအမြတ် ရဦးမှာပါ ။ လာဘတ်စားတယ်မပြောလိုပေမည့်..ကျွဲကူး..ရေပါ ပါဘဲ ။. စီမံကိန်း၏ အသီးအပွင့်က..အိမ်ခြံမြေရောင်းချရေး..ဈေးကွက်ရှာနေတာ ပါ ။
အိမ်မြေတွေက..ရောင်းချဖို့ ပါ ။ ပြည်သူလူထု၏ ငွေတွေကို.မျက်စပ်ပြစ်ထားတာပါ ။
Surge Pun & George Yeo တို့ နစ်ဦး၏ စိတ်ဓါတ်၊ စွမ်းဆောင်ရည်တို့ ကို..အပြည့်အဝ ထောက်ခံပေမည့်...ဝယ်လက်ရှိမှ..ဈေးကွက်ရှိပါမည် ။
ခင်ဗျားတို့ ( ပြည်သူလူထု ၏ ငွေ ) တွေဟာ..ကျနော်တို့ ငွေတွေပါ ။ ကျနော်တို့ ငွေတွေကို..မျက်စပ်ပြစ်ပြီး..ဖေါ်ဆောင်တဲ့ စီမံကိန်း လွှဲချော်သွားလျင်..မြေဈေးတွေကျ..လုပ်ငန်းတွေပျက်လျင်..ပြည်သူတွေဘဲ..နစ်နာရမှာပါ ။
ပြည်သူတွေ နစ်နာနို်င်တာကို..သတိပေးခွင့် မရှိဘူးလား ။
အိမခြံမြေဈေးကွက်ပြိုကွဲလျင်..သူတို့  တာဝနခံနိုင်မည်မဟုတ်ပါ ။
တကယ်အဆုံးကတော့..ထိုစီမံကိန်းဟာ..အလောင်းအစားအဆင့်ဖြစ်နေပါတယ် ။ လွှဲချော်သွားလျင်...အစိုးရအပြောင်းအလဲအထိ သက်ေ၇ာက်သွားနို်င်တာမို..့.
ရှင်လျင်-ရွှေထီး.၊ .သေလျင်- မြေကြိး.........နော်
.
Linkhttps://www.facebook.com/billy.mackenzie1/posts/10159169401297355
.
--------------------------------------------------------------

No comments:

Post a Comment