Friday, March 30, 2018

အင်ဂျင်နီယာကောင်စီကို မြန်မာ့စီးပွားပြုပြင်ပြောင်းလဲရေးမှာ စံပြဖြစ်စေချင်ပါတယ်။


လက်ရှိဝက်ဆိုက်မှာတော့ PE အရေအတွက်တွေကို ဖော်ပြထားတာ တွေ့လို့ တိုးတက်လာပါတယ်။ ကြေငြာ်ချက် အမြောက်အများ၊ ဥပဒေများကိုလဲ ဒေါင်းလုပ်ကြည့်နိုင်တာ ၀မ်းသာစရာပါ။ ကျေးဇူးပါပဲ။ 
.
PE RE RSE တွေကို အမြဲဖုန်းနဲ့အီးမေးနဲ့ ဆက်သွယ်ပြီး Update လုပ်ဖို့ပြီး မေးမြန်းရင် တရက် လူ၅၀နှုန်းဆို ခဏနဲ့ပြီးသွားမှာပါ။ ရန်ကိုန်တိုင်းမှာ နေထိုင်ရင် ရန်ကုန်တိုင်း အဓိက၊ ကျန်တိုင်းပြည်နယ်များ ဒုတိယဦးစားပေး အဲလို သတ်မှတ်ရမှာပါ။ နိုင်ငံခြားနေမှာနေရင်တော့ အီးမေးနဲ့မေးရမှာပါ။ လူတထောင်လောက်ကို အီးမေးနဲ့ပို့ပြီး မေးလို့လဲရပါတယ်။ အီးမေးထက် ဖုန်းဆက်မေးခြင်းက ပိုပြီး ကောင်းပါတယ်။ Voice Record System လည်း လုပ်ထားလို့ရပါတယ်။ 
.
PE RE RSE list , စာအုပ်နှစ်စဉ် မထုတ်ပြန်နိုင်ရင်တောင်မှာ ၀က်ဆိုဒ်မှာ ဒီစာရင်းတွေနဲ့ လက်မှတ်ရရှိထားသူများ ကိုယ်ရေးအကျဉ်းကို ပွင့်လင်းစွာဖော်ပြသင့်ပါတယ်။ လျို့ဝှက်နေစရာ မလိုတော့ပါဘူး။ နိုင်ငံတော် အစိုးရ၀န်ကြီးများနဲ့လွှတ်တော်အမတ်များ နေရပ်လိပ်စာနဲ့ စာရင်းတောင် https://pyidaungsu.hluttaw.mm/ မှာ ဖော်ပြနေပါပြီ။ ဒီလိုဖော်ပြထားရင် စည်ပင် အစိုးရဌာနတွေ ကုမဏီတွေ အဖွဲ့အစည်းတွေက လွတ်လပ်စွာ မေးမြန်းစုံစမ်း ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။ အင်ဂျင်နီယာ ပညာရှင် အချင်းချင်းလဲ ဆက်သွယ် မေးမြန်း ကူညီနိုင်မယ်ဖြစ်ပါတယ်။ လူနဲ့မူ .. မူကိုပြင်ပြီး လူတွေက မလိုက်နာရင် အလဟသပါပဲ။ အင်ဂျင်နီယာကောင်စီအတွင်းမှ လူများ အကောင်းဆုံးလုပ်နိုင်ပါစေ။ အင်ဂျင်နီယာများလဲ ဘာမဆိုကန့်ကွက်နေရင်လဲ အခကြေးမယူပဲလုပ်ပေးနေတဲ့ ကောင်စီဝင်၆၀ဥိး အတွက် စိတ်ပျက်စရာဖြစ်နိုင်ပါတယ်။ အင်ဂျင်နီယာကောင်စီ ၆စဦးရဲ့ ကိုယ်ရေးအကျဉ်းကိုလဲ ၀က်ဆိုဒ်မှာ တင်ပြနိုင်ဖို့ ကြိုးစားနိုင်ကြပါစေ။ 
.
အင်ဂျင်နီယာကောင်စီကို မြန်မာ့စီးပွားပြုပြင်ပြောင်းလဲရေးမှာ စံပြဖြစ်စေချင်ပါတယ်။

လေးစားစွာဖြင့်.. 
. Thanks. .





ကိုယ်မသိဘဲ အလွဲသုံးစားမှုတွေ သတိထားနိုင်အောင်လို့ပါ
ပြောသာ ပြောတယ် ခုလိုကွယ်ရာမှာ လုပ်နေကြလဲ အကျိုးအကြောင်း မတိုက်ဆိုင်ရင် (အတု အစစ် ခွဲခြားနိုင်တဲ့ စိတ်ချရတဲ့ secure ဖြစ်တဲ့ စနစ်တစ်ခု မတည်ဆောက်မနိုင်မချင်း) ကိုယ်တိုင်သိဖို့မလွယ်ပါ။



Thura Naing
တု နဲ့ ကိုယ့်လက်မှတ်တုကြီးထိုးလို့)
အစိုးရ body ဖြစ်တဲ့ YCDC ကို မခန့်လေးစားနဲ့ ရဲရဲဝင့်ဝင့် submission လုပ်ထားတယ်။ တိုက်ဆိုင်မှုရှိလို့ ခုကိစ္စပေါ်လာတာ။ submission မှာထိုးထားတဲ့ လက်မှတ်နဲ့တံဆိပ်တုံး အတုအစစ်ခွဲခြားဖို့ အားနည်းချက်တွေရှိနေတယ်။ တကယ်စိတ်ပူရတာက ကိုယ်မသိဘဲ projects ဘယ်နှစ်လုံးလောက် အခုလို လူမသိသူမသိ အလွဲသုံးစား လုပ်ခံထားရလဲတော့ မသိသေးဘူး။ ဒီလိုကိုယ်မသိဘဲ အလုပ်ခံနေရတဲ့ တခြား Engr တွေရော ဘယ်နှစ်ယောက်ရှိနိုင်မလဲ မသိနိုင်ဘူး။





Wynn Htainoo is with Nilar Kyaw and Tin Latt.
ပြင်ဆင်ဖို့အလွန်တရာအရေးကြီးတယ်လို့အကြံပြုပါရစေ
ကိုယ်ကောင်းအောင်လုပ်သမျှလူသိအောင်မလုပ်ဘဲ imageတက်လာမည်မဟုတ်ပါရှင်းလင်းစရာရှိလျင်မရှင်းဘဲထားလျင်image ကျပါသည်
image သည် အဖွဲ့အစည်းတိုင်းအတွက်အသက်သွေးကြောတခုဖြစ်ပါတယ်
၁။ Water Treatment & Sanitation လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ ကောင်စီကို အပြန်အလှန်တိုင်တယ်။ ကောင်စီက တိုင်တဲ့ မေဂျာတွေနဲ့ ကြား မေဂျာတွေပါတဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့တယ်။ ကော်မရှင်က ဖိတ်ခေါ်သင့်တဲ့လူတွေကို ဖိတ်ခေါ်ပြီး ကြားနာမှု ပြုတယ်။ ကော်မရှင်ရဲ့ သဘောထားကို EC တင်တယ်။ CC တင်တယ်။ ပြီးတော့ focal ministry ကို တင်တယ်။ အခု focal ministry က အတည်ပြုပြီး ဖြစ်တယ်။
၂။ Plumbing ကို Mechanical BS တွေ indenpendent charge ယူခွင့် ရှိတယ်။
၃။ Water Treatment & Sanitation ကို Mechanical တွေ independent charge ယူချင်ရင် သက်ဆိုင်ရာနယ်ပယ်မှာ လုပ်သက် ၁၀နှစ်နဲ့ ရေးဖြေ၊ နှူတ်ဖြေ ဖြေရမယ်။ ရေးဖြေမှာ ၇၀% (?) နှူတ်ဖြေမှာ ၆၀% (?) ရမှ အောင်ပြီး လိုင်စင်ရမယ်။ စစ်ရင် CIvil တွေ Water အတွက် ဖြေရတဲ့ scope ကို သုံးမယ်။
၎။ စည်ပင်ကို လိုင်စင် အင်ယာတွေရဲ့ လုပ်ပိုင်ခွင့် ပေးရင် အဲဒီအတိုင်း ပေးလိမ့်မယ်။
DIsclaimer
၁။ အခေါ်အဝေါ်နဲ့ % နဲနဲ လွဲနိုင်တယ်။ အတိအကျ ပြန် ပြင်ပေးမယ်။
၂။ ဒါ အသိပေးတဲ့ status ဖြစ်တယ်။ မငြင်းဘူး။ အမှားအမှန် အဆိုးအကောင်း မပြောဘူး။ ငြင်းချင်ရင် အမှားအမှန် အဆိုးအကောင်း ပြောချင်ရင် ဒီ status အောက်မှာ မပြောနဲ့။ တခြားမှာ သီးသန့် status တင် ပြော၊ ကျနော်လဲ ဘာမှ လာရေးမှာ မဟုတ်ဘူး။ ဒီ status အောက်မှာ ငြင်းရင်၊ အမှားအမှန် အဆိုးအကောင်း ဝေဖန်ရင် ဖျက်ခွင့်ကို reserve လုပ်ထားတယ် ဆိုတာ ကြို အသိပေးတယ်။
၃။ သိချင်တဲ့လူတွေ အတွက် ရေးတာ ဖြစ်တယ်။ ငြင်းချင်တဲ့လူတွေ အပြစ်တင် ဝေဖန်ချင်တဲ့လူတွေအတွက် ရေးတာ မဟုတ်ဘူး။ ဖတ်ရတာ မျက်စိစပ်ရင် ကျော်သွားပါ။
.
Soe Nyunt မဆိုင်ရင်တော့ တောင်းပန်တယ်ဗျာ။ Industrial wastewater ကို မြန်မာပြည်မှာ civil ရော chemical ရော မနိုင်ကြသေးပါဘူး။ International co. တွေရဲ့ design နဲ့လုပ်နေတာကိုရော အသိအမှတ်ပြုလား။ ပြည်တွင်းက PE ဘာညာလက်မှတ်ကိုင်သူတွေမပါပဲလုပ်ခွင့်ရှိပါသလား။ တကယ်လုပ်ဖို့ရှိလို့ အတည်မေးတာပါ။
Manage
Reply4d
Tin Latt It is in the scope of PE (Chemical). MEngC will soon engage with ECD, DISI, all CDCs and regional authorities to discuss who and how will take the responsibility and accountability in this area to safeguard the public interest.
Manage
Reply3d
Soe Nyunt thanks
**********************

DIsclaimer
၁။ဒါ အသိပေးတဲ့ status ဖြစ်တယ်။ မငြင်းဘူး။ အမှားအမှန် အဆိုးအကောင်း မပြောဘူး။ ငြင်းချင်ရင် အမှားအမှန် အဆိုးအကောင်း ပြောချင်ရင် ဒီ status အောက်မှာ မပြောနဲ့။ တခြားမှာ သီးသန့် status တင် ပြော၊ ကျနော်လဲ ဘာမှ လာရေးမှာ မဟုတ်ဘူး။ ဒီ status အောက်မှာ ငြင်းရင်၊ အမှားအမှန် အဆိုးအကောင်း ဝေဖန်ရင် ဖျက်ခွင့်ကို reserve လုပ်ထားတယ် ဆိုတာ ကြို အသိပေးတယ်။
၃။ သိချင်တဲ့လူတွေ အတွက် share တာ ဖြစ်တယ်။ ငြင်းချင်တဲ့လူတွေ အပြစ်တင် ဝေဖန်ချင်တဲ့လူတွေအတွက် share တာ မဟုတ်ဘူး။ ဖတ်ရတာ မျက်စိစပ်ရင် ကျော်သွားပါ။
Myanmar Engineering Council
၁။ ၂၀၁၈ မတ်လ (၃၁) ရက်နေ့တွင် စည်ပင်မှ LS, SEC များ သက်တမ်းတိုးခြင်းကို ရပ်နားမည် ဖြစ်ပြီး ကောင်စီမှ RE, RSE, PE လက်မှတ်ရရှိထားသူများကိုသာ အသိအမှတ်ပြု လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ပါသည်။
၂။ မူလက LS, SEC ဖြင့် ဆောက်လုပ်ခွင့် ရရှိထားသော ဆောက်လုပ်ဆဲ အဆောက်အဦးများ ဆောက်လုပ်ခွင့် သက်တမ်း ရှိသရွေ့ ဆက်လက် လုပ်ဆောင်နိုင်သော်လည်း အဆောက်အဦး ဆောက်လုပ်ခွင့် သက်တမ်းတိုးလျှင် ကောင်စီ၏ RE, RSE, PE ရရှိထားသူ တာဝန်ခံလက်မှတ်ရေးထိုးမှသာ စည်ပင်မှ သက်တမ်းတိုးခွင့်ပြုမည် ဖြစ်ပါသည်။
၃။ ကောင်စီမှ RE, RSE, PE ကို လုပ်သက်ပေါ်မူတည်ရွေ့ စာမေးပွဲ ကင်းလွတ်ခွင့်ဖြင့် ရယူခွင့် ၂ကြိမ် ဆောင်ရွက်ပေးပြီး ဖြစ်ပြီး PE ၈၀၀ ခန့် ၊ RSE ၂၅၀၀ ခန့်၊ RE ၅၅၀၀ ခန့် စိစစ် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးပြီး ဖြစ်ပါသည်။
၎။ ဆောက်လုပ်ဆဲ အဆောက်အဦးများ၏ လုပ်ငန်းရှင်များအနေဖြင့် အဆောက်အဦး ဆောက်လုပ်ခွင့် သက်တမ်းတိုးရာတွင် တာဝန်ခံ လက်မှတ်ရေးထိုးနိုင်မည့် RE, RSE, PE ရှာဖွေနိုင်ရေးအတွက် ကောင်စီ၏ RE, RSE, PE စာရင်းကို စည်ပင်မှ ကောင်စီသို့ တောင်းခံထားပါသည်။
၅။ ကောင်စီမှ RE, RSE, PE စာရင်း အပြည့်အစုံကို စည်ပင်သို့ ပေးအပ်ပြီး ဖြစ်သော်လည်း လုပ်ငန်းရှင်များမှ ဆက်သွယ် စုံစမ်းသောအခါ RE, RSE, PE အချို့ သွားရောက်နိုင်သော တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုက်ညီခြင်း မရှိသဖြင့် full list အတိုင်း တစ်ဦးပြီး တစ်ဦး ဆက်သွယ် နေရသည့် မလိုလားအပ်သော ကြန့်ကြာမှုများ ဖြစ်ပေါ်နေပါသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် လိုအပ်လျှင် လုပ်ငန်းဆောင်ရွက်ပေးနိုင်မည့် RE, RSE, PE စာရင်း ရရှိရေး စည်ပင်မှ ညှိနှိုင်းတောင်းခံလာပါသည်။
၆။ LS, SEC မှ RE, RSE, PE အပြောင်းအလဲတွင် မလိုလားအပ်သော လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုများ မဖြစ်ပေါ်စေရန် ကူညီပံ့ပိုးလိုသော ဆန္ဒဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လုပ်ငန်း ဆောင်ရွက်ပေးနိုင်သော RE, RSE, PE စာရင်းကို မေတ္တာရပ်ခံ တောင်းခံပါသည်။
၇။ ကောင်စီမှ အရည်အသွေး စိစစ် ထုတ်ပေးထားသော RE, RSE, PE လက်မှတ်များဖြင့် မြန်မာနိုင်ငံ တ၀ှမ်းလုံးတွင် အင်ဂျင်နီယာလုပ်ငန်း လုပ်ဆောင်ခွင့် ရှိပါသည်။
၈ ။ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ဒေသန္တရ အာဏာပို်င်များမှ မိမိနယ်မြေအတွင်း မည်သူ လုပ်ငန်းလုပ်ဆောင်နေသည်ကို သိရှိရန် လိုအပ်ကြောင်း အသိပေးလာခြင်းများ ရှိပါသည်။
၉ ။ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လုပ်ငန်း အပ်နှံခံရပြီး လုပ်ငန်းလုပ်ဆောင်မည် ဆိုလျှင် သက်ဆိုင်ရာ ဒေသန္တရ လုပ်ထုံးလုပ်နည်းအရ သတ်မှတ် ပုံစံ ဖြည့်စွက်ပြီး စိစစ်မှု မဟုတ်သော မှတ်ပုံတင်ခြင်း ပြုလုပ်ရန် လိုအပ်ပါမည်။ (PE ရရှိပြီးသူများ CQHP တွင် National Counterpart အတွက် အခမဲ့ မှတ်ပုံတင် ရခြင်းနှင့် သဘောသဘာဝတူပါသည်)
၁၀။ မူလဆန္ဒပြုထားသော လုပ်ငန်း လုပ်ဆောင်လိုသည့် တိုင်းဒေသကြီး၊ ပြည်နယ်စာရင်းကို ပြုပြင်ပြောင်းလဲလိုသောအချိန်တွင် ကာယကံရှင်မှ ကောင်စီသို့ အသိပေးအကြောင်းကြားလာတိုင်း ကောင်စီမှ စည်ပင်သို့ လစဉ် update လုပ်မည့် စာရင်းတွင် ထည့်သွင်း အကြောင်းကြားပေးမည် ဖြစ်ပြီး ဆန္ဒပြု စာရင်း အပြည့်အစုံ ကို FB Page နှင့် Website တွင် လစဉ် တင်ထားပေးပါမည်။
၁၁။ ယခုဆောင်ရွက်မှုသည် မေတ္တာ ရပ်ခံမှု ဖြစ်သဖြင့် နောက်ဆုံးရက်ကို ထည့်သွင်းထားခြင်း မရှိပါ။ ယခုလကုန်အထိ လက်ခံရရှိသော RE, RSE, PE များ၏ ပြန်ကြားမှုများကို ဧပြီလဆန်း ကောင်စီမှ စည်ပင်သို့ update တွင် ထည့်သွင်းဖော်ပြပါမည်။ ထိုရက်နောက်ပိုင်း လက်ခံရရှိသည်များကို သက်ဆိုင်ရာ လအလိုက် ထည့်သွင်း update လုပ်ပေးပါမည်။
၁၂။ ယခု ဆောင်ရွက်မှုသည် YCDC, MEngC နှင့် MAC ညှိနှိုင်းမှုများကို အခြေပြုပါသည်။ YCDC မှ အပဖြစ်သော အခြား CDC များနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ယခုမူများကို အခြေပြု ဆောင်ရွက်ပါမည်။
(ယခု status အောက်တွင် လုပ်ကိုင်လိုသော တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆန္ဒပြု တင်ပြခြင်းနှင် ဆက်စပ်သည်များကိုသာ comment ရေးသားပါရန် နှင့် အခြား စုံစမ်းလိုသည်များကို message ဖြင့်ဖြစ်စေ၊ mengc.ict@gmail.com သို့ email ဖြင့်ဖြစ်စေ ဆောင်ရွက်ပါရန်)



No comments:

Post a Comment