Sunday, March 11, 2018

လောင်စာဆီဈေးကွက် ရန်ကုန်တိုင်းအစိုးရအစိုးရစီးပွားရေးလုပ်မည်။


လောင်စာဆီဈေးကွက် ရန်ကုန်တိုင်းအစိုးရအစိုးရစီးပွားရေးလုပ်မည်။
တခါက မြန်မာပြည်မှာ အလွန်ထူးချွန်တဲ့ပညာရှင်တယောက် စင်ကာပူလာ Ph.D လာလုပ်ပါတယ်။ အဲဒီ သူငယ်ချင်းက Fiber Optic စာတန်းရေးတယ်။ ရေနံကုမ္ပဏီတွေက တက္ကသိုလ်ပါမောက္ခတွေကို ငွေမျက်မျက်လေးပေးပြီး Hot Technology တွေစာတမ်းပြုစုခိုင်းတော့ အသစ်တွေ့ရှိချက်ကို လပိုင်းအတွင်း စာတန်းမတင်နိုင်ရင် တခြားတစ်ဦးက ဦးသွားပြီး ကိုယ်စုဆောင်းထားတဲ့ အချက်လက်တွေ Outdated အသုံးမကျဖြစ်သွားတယ်။ ဒါနဲ့ သူ Ph.D မရပါဘူး။ နောက်တယောက်ကတော့ သင်ခဏ်းစာယူပြီး Hot Topic မဟုတ်တဲ့ တွေ့ရှိချက်တခု နှစ်ခု ရွေးထားတယ်။ နောက် ၃နှစ်ကျော်တော့ တခြာသူတွေ မတွေ့ရှိသေးတော့ စာတန်းကောက်ရေးပြီး ပီအိတ်ဒီ ရသွားပါတယ်။ ဒါကြောင့် ရေနံစွမ်အင် ကုမ္ပဏီကြီးတွေ အရမ်း(အရမ်း) ချမ်းသာလွန်းတော့ လောင်စာဆီလုပ်ငန်းက ဘီလျံနာဖြစ်လာသူတွေ အရမ်းချမ်းသာပါတယ်။ မြန်မာနိုင်ငံမှာတော့ မိုက်ကယ်ဦးမိုးမြင့် ပြိုင်ဖက်မရှိ ရေနံဓါတ်ငွေ့ သူဌေးကြီးပါ။
.
ရန်ကုန်တိုင်းအစိုးရက လောင်စာဆီလုပ်ငန်း လုပ်မယဆိုတော့ တနေ့တမျိုး အပြောင်းလဲများစွာ မြန်ဆန်စွာ ဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးကိုင်တွယ်မယ်ဆိုတော့ အခွင့်အလမ်းတွေပေါ့။
.
.
တရုပ်စတိုင် အစိုးရကစီးပွားရေးလုပ်မည်
ရန်ကုန်စည်ပင် ဥပဒေမှာလည်း အစိုးရက စီးပွားရေးလုပ်မယ်လို့ ရေးထားပါတယ်။ အခု လောင်စာဆီ (ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ အက်ဖ်အိုနဲ့ ဓါတ်ငွေဆီ LNG အပါအ၀င်) ရန်ကုန်တိုင်းအစိုးရက စီးပွားရေးလုပ်တော့မယ် သတင်းက လှုပ်ရှားသွားစေပါတယ်။ နိုင်ငံခြားကုမဏီ ကြီးများကို လုပ်ကိုင်ခွင့်ပြုမယ် လို ၂၀၁၇ နှစ်လယ်လောက်က ဖိတ်ခေါ်ပေမဲ့ စင်ကာပူအခြေစိုက် ပူးမားအင်နာဂျီ ကုမဏီ တစ်ခုပဲ ၀င်လာတာ ကြားရပြီး၊ နိုင်ငံတကာကုမဏီကြီးများက ၀င်လာဖို့ ခက်ခဲနေပုံရပါတယ်။
.
တရုပ်နိုင်ငံမှာတော့ စီးပွားရေးစီမံကိန်း အကျိုးအမြတ်များအောင် လုပ်နိုင်သူများ ရာထူးတက်တဲ့စနစ်ပါ။ မြန်မာနိုင်ငံတော့ စီမံကိန်းကိုင်တဲ့ ၀န်ထမ်းတွေကို ခံစားခွင့် မက်လောက်တဲ့ Special Allowance တွေ ဥပမာ Bonus ဆုကြေးငွေဒေါ်လာ မပေးနိုင်ရင်တော့ မလုပ်မရှုပ်မပြုတ်တွေ များနေဦးမှာပဲ ဖြစ်ပါတယ်။
.
ဆက်သွယ်ရေးအော်ပရေတာလို တယ်လီနော၊ အော်ရီဒူး တင်ဒါခေါ်လို့လဲ မဖြစ်ပါဘူး။ လောင်စာဆီ ဆိုတာ လမ်းဘေးက ပုလင်းထောင်ရောင်းတဲ့ အဆင့်ကနေ ဘောက်ဆာကားကြီးတွေနဲ့ တနိုင်ငံလုံး လှည့်လည် အပြိုင်အဆိုင်ရောင်းနေတော့ ထိမ်းသိမ်းရခက်ပါတယ်။ အများအားဖြင့် စိတ်ချရတယ်ဆိုတဲ့ Max, Terminal စတဲ့ဓါတ်ဆီဆိုင်တွေက ၀ယ်သုံးကြတယ် ဆိုပေမဲ့ ဆိုင်ဝင်ထမ်းကို မထိန်းနိုင်ရင် ကွာလတီနဲ့ ကွမ်တတီ Quality & Quantity ပြသနာရှိနေမှာပါပဲ။ Puma Energy ဆိုတဲ့ စင်ကာပူက ကုမဏီပဲ ရောက်လာပြီး လောင်စာဆီ လှောင်ကန်ကြီးတွေ ဆောက်နေပါတယ်။ Total နဲ့ Shell တို့လဲ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ စင်ကာပူက Mobil, SPC, British Petrol, Chevron စတဲ့ ကုမဏီကြီးများ၊ မလေးရှားအစိုးရ Petrona (Asset $135 billion) , ထိုင်းအစိုးရ PPT (Asset $55 billion), ဗီယက်နမ်အစိုးရ PetrolVietnam (Asset $37 billion) စတဲ့ ဧရာမ ကုမဏီကြီးတွေလည်း ၀င်မလာပါဘူး။ မြန်မာအစိုးရ MOGE ရဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိသလဲတော့ မသိနိုင်ပေမဲ့ ၂၀၁၇ မှာ ၀င်ငွေ Revenue ကျပ် ၁.၆၆ ဘီလျံ (US$ 1.25 billion) လောက်ရှိပြီး မြန်မာနိုင်ငံမှာ အကြီးဆုံး ကုမဏီလို့လဲ ပြောနိုင်ပါတယ်။ မြန်မာအစိုးရ ၂၀၁၇-၂၀၁၈ ဘတ်ဂျတ်ဝင်ငွေ ကျပ် ၁၆၆၀၅ ဘီလျံမှာ အခွန်ငွေက ၃၉%၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများက ၄၂%၊ ပြည်ပချေးငွေနဲ့အကူညီက ၁၉% ရပါတယ်။ နိုင်ငံပိုင်စီးပွားရေးအားလုံးမှာ MOGE က အများဆုံးဖြစ်မှာပါ။ လွှတ်တော်မှာလဲ အထူးသဖြင့် MOGE ရဲ့ Other Account OA ကို မေးမြန်းထားတာကို ဒုဝန်ကြီးက မဟုတ်ပါဘူး မဟုတ်ပါဘူး နဲ့ ဖြေရှင်းသွားပါတယ်။ ထားပါတော့။
.
လောလောဆယ်တော့ မြန်မာနိုင်ငံမှာ လောင်စာဆီ အမြောက်အများ လက်ကားရောင်းစားဖို့ပဲ စိတ်ဝင်စားကြတယ်။ လက်လီဈေးကွက်ကတော့ သိတဲ့အတိုင်း ပစ္စလက်ခတ် ဖြစ်နေပါတယ်။ တချို့မြို့လေးတွေမှာ စာအုပ်ဘီရိုလောက်ရှိတဲ့ အရောင်းစက်ကလေးနဲ့ တရားမ၀င် ရောင်းချနေတာလဲ အများကြီးပါပဲ။ ဒီတော့ ကွာလတီမကောင်းတာနဲ့ အလေးချိန်ခိုးတာနဲ့ နောက်ဆုံး တစ်နိုင်ငံလုံးက မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်တွေရဲ့ အင်ဂျင်သက်တမ်း တိုပြီး လူတွေ၊ လုပ်ငန်းတွေ အရမ်းနစ်နာပါတယ်။ တစ်ဦးချင်း နစ်နာမှုကနေ ပေါင်းလိုက်ရင် တိုင်းပြည် GDP တော်တော် နစ်နာနေပါတယ်။
.
.
လောင်စာဆီ ဘယ်လောက်သုံးနေသလဲ
မြန်မာအစိုးရက ထုတ်ပြန်မှု ရှိပေမဲ့ ၀က်ဆိုဒ်ထဲမှာ မထည့်ထားပါဘူး။ MOGE ဆိုတာလဲ နိုင်ငံပိုင် ငွေကြေးအကြီးမားဆုံး အချမ်းသာဆုံး ဆိုတော့ ပိုက်ဆံထိန်းသိမ်းနေရတာနဲ့ အချိန်ကုန်နေသလားမသိပါ။ အမေရိကန် EIA အချက်အလက်များအရ မြန်မာနိုင်ငံ လောင်စာဆီတင်သွင်းမှု တနေ့ စည်ပေါင်း ၇၃၂၆၀ ရှိတော့ တဂါလံ ၆၁.၂၅ ဒေါ်လာ နဲ့ တွက်ရင် တနှစ်ကို ဒေါ်လာသန်းပေါင်း ၁၆၃၅ (US$1.63 billion) ဖြစ်ပါတယ်။ အလွန်ကြီးမားတဲ့ လောင်စာဆီ ဈေးကွက်ပါ။
.
ဓါတ်ငွေ့ ရောင်းရငွေကတော့ မြန်မာအစိုးရဘတ်ဂျတ်မှာ ပြထားတဲ့ပုံအတိုင်း ရတနာ၊ ရဲတခွန်၊ ရွှေ၊ ဇောတိက ကမ်းလွန်ဓါတ်ငွေ့ ဖက်စပ်စီးပွားရေးမှာ ၁၀% အခွန်နဲ့ အချိုးကျ အမြတ်ငွေတွေ ရပါတယ်။ ရောင်းဈေး ဘယ်လောက်လဲ ၊ အမြတ်ငွေအကျိုးခံစားခွင့် ဘယ်လောက်ရသလဲ ဆိုတာတွေလဲ MOGE က ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ပါတယ်။ ၂၀၁၇-၂၀၁၈ မှာ ၀င်ငွေစုစုပေါင်း ကျပ် ၁၆၆၂ ဘီလျံ $1.24 billion ရှိပါတယ်။ ဓါတ်ငွေ့ ထွက်သမျှ ၉၀% ကလေည်း ထိုင်းနဲ့တရုပ်တွေ မတရားစာချုပ်တွေနဲ့ ၀ယ်သွားကြလို့ ပြည်တွင်းသုံးဖို့ ဓါတ်ငွေ မရှိ ဖြစ်သွားရပါတယ်။ ဓါတ်ငွေ့ NLG ဓါတ်အားစက်ရုံအကြောင်း ၄ရုံ (US$ 5 billion) ၄နှစ်အတွင်း ဆောက်ဖို့ လျှပ်စစ်ဝန်ကြီးက ထုတ်ပြန်ထားပါတယ်။ လျှပ်စစ် အသင့်ရှိနေမှ ကုန်ထုတ်လုပ်ငန်းများ လာကြမယ်။ အလုပ်အကိုင်တွေ ပေါလာမယ် ဆိုတဲ့ ရေတိုစီမံကိန်းဖြစ်ပါတယ်။
.
အခု အလွန်များပြားလှတဲ့ လောင်စာဆီ (ဓါတ်ဆီ နဲ့ ဒီဇယ်ဆီ) အားလုံးနီးပါးက နိုင်ငံခြားက တင်သွင်းရတာပါ။ မြန်မာနိုင်ငံက ထွက်တဲ့ ရေနံစိမ်းက တနေ့ 15,000 bbl / day ပဲဖြစ်လို့ ၉၀%လောင်စာဆီတွေ တင်သွင်းရပါတယ်။
.
.
မြန်မာရေနံချက်စက်ရုံ တည်ဆောက်ရေး
မြန်မာနိုင်ငံက ထွက်သမျှ ရေနံများကို ပြည်တွင်းရေနံချက်စက်ရုံများနဲ့ ချက်နိုင်ပေမဲ့၊ လိုအပ်တဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီများကိုတော့ ချက်ပြီးသားတွေပဲ တိုက်ရိုက် တင်သွင်းပါတယ်။ တနည်းအားဖြင့် ကုန်ကြမ်း (ရေနံစိမ်း)ကို ကုန်ချော(ဓါတ်ဆီ၊ ဒီဇယ်ဆီ) ပြောင်းပေးတဲ့ ရေနံချက်လုပ်ငန်း မရှိဘူးဖြစ်နေပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက လက်ယက်တွင်းများက ထွက်သမျှကို မြန်မာနည်းဟန် နဲ့ပဲ လက်ချက်လုပ်ငန်းနဲ့ ရေနံချက်ရပါတယ်။ အမေရိကန်အစိုးရ အီးအိုင်အေ ၀က်ဆိုဒ်မှာ ရေနံစိမ်း တစ်စည် (၄၂ဂါလံ)ကို ချက်ရင် ဓါတ်ဆီ (gassoline) ၂၀ဂါလံ၊ ဒီဇယ် (Distiled Fuel) ၁၁ဂါလံ၊ လေယာဉ်ဆီ (Jet Fuel) ၄ဂါလံ၊ အခြားရေနံထွက်ကုန်များ F.O Fuel Oil , Gas Liquid စသဖြင့် စုစုပေါင်း ၄၅ဂါလံ ရပါတယ်။ ဓါတ်သဘာဝအရ ပိုပြီး ထွက်လာပါတယ်။ (ပုံ)
.
လက်ရှိ အခြေအနေမှာ ရေနံချက်စက်ရုံ မရှိတော့ ဓါတ်ဆီ၊ ဒီဇယ်ဆီ တွေကိုပဲ ၀ယ်သုံးရတဲ့အတွက်၊ ဈေးသက်သာပြီး အရည်အသွေးကောင်းဖို့ ပြည်တွင်းရေနံချက်စက်ရုံများ တည်ဆောက်ဖို့ လိုနေပါတယ်။ MOGE က စီးပွားရေးလုပ်တဲ့ နိုင်ငံပိုင်အဖွဲ့အစည်းဖြစ်လို့ တခြား အာစီယံနိုင်ငံများထံမှ နည်းပညာနဲ့ ရင်းနှီးမြှတ်နှံမှုများ ဖက်စပ်လုပ်ဖို့ လိုအပ်နေပါတယ်။ ရေနံစိမ်းပဲ တိုက်ရိုက်ဝယ်ပြီး ပြည်တွင်းမှာပဲ ရေနံချက်စက်ရုံများနဲ့ ချက်ဖို့လည်း လိုနေပါသေးတယ်။ တိုင်းပြည်တိုးတက်လာရင် အလွန်ကြီးမားတဲ့ ရေနံချက်စက်ရုံ ရင်းနှီးမြှတ်နှံမှုတွေ ရောက်လာမှာပါ။
.
.
.
ရန်ကုန်တိုင်းအစိုးရ လောင်စာဆီစီးပွားရေးလုပ်မည်
ဒီသတင်းက အစိုးရစီးပွားလုပ်တာ မနှစ်သက်သူများအတွက် မကြေနပ်စရာပဲ ဖြစ်ပါတယ်။ အဂတိများပြားလှတဲ့ အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများကို စိတ်ပျက်နေတဲ့ ပြည်သူလူထုကတော့ ပုဂ္ဂလိက နိုင်ငံခြားရင်းနှီးမြှတ်နှံမှုပဲ ၀င်လာလုပ်စေချင်ပေမဲ့ ၀င်မလာကြပါဘူး။
.
ဒီတော့ အစိုးရကပဲ စီးပွားရေးလုပ်ပြီး၊ ဌာနဆိုင်ရာစီးပွားရေးလုပ်ငန်းများ၊ တပ်မတော်စီးပွားရေးလုပ်ငန်းများ၊ တိုင်းဒေသကြီးပိုင်တဲ့ စီးပွားလုပ်ငန်းများနဲ့ ပုဂ္ဂလိကစီးပွားလုပ်ငန်းများ ပြိုင်ဆိုင်ရပါတော့မယ်။ လျှပ်စစ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဓါတ်ငွေ့နဲ့လောင်စာဆီလုပ်ငန်း၊ ဆက်သွယ်ရေးမိုဘိုင်းဖုန်းလုပ်ငန်း၊ ဘဏ်နဲ့ငွေကြေးလုပ်ငန်း စတဲ့စီးပွားရေးလုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ကိုင်ဖို့ ဖြစ်လာမယ်။ ဗဟိုအစိုးရကတော့ Regulatory Body အဖြစ် ထိန်းကျောင်းပေးဖို့ .ဒါကတော့ ရေရှည်ရည်မှန်းချက်ဖြစ်ပါတယ်။
.
.
နိဂုံး (သုံးသပ်ချက်)
၂၀၁၃ နောက်ပိုင်းမှာ လောင်စာဆီ ဈေးကွက် ရေနံစိမ်းတစည်ကို ဒေါ်လာ၁၀၀ ကနေ တ၀က်မက ဈေးကျသွားပြီး၊ အခု ၂၀၁၇ နှောင်းပိုင်းမှာ တရိပ်ရိပ် ဈေးတက်လာပါတယ်။ အခု တစ်စည်ကို ၆၂ဒေါ်လာ ဈေးရောက်လာတဲ့အတွက် ရေနံလုပ်ငန်းများ ပြန်လည်လှုပ်ရှားလာပါတယ်။ ထုံးစံအတိုင်း ဈေးတက်လာရင် ဈေးတက်တဲ့ လုပ်ငန်းကို စီးပွားရေးသမားများက ရင်းနှီးမြှတ်နှံလာပေမဲ့ မြန်မာနိုင်ငံကိုတော့ ရေနံ၊ဓါတ်ငွေ့၊ လျှပ်စစ် ရင်းနှီးမြှတ်နှံမှုတွေ ရောက်လာကြပါတယ်။ ရန်ကုန်တိုင်းအစိုးရ ကိုယ်တိုင် လုပ်တော့မယ် ဆိုတော့ ရင်းနှီးမြှတ်နှံသူတွေက ပိုပြီး စိတ်ချစွာ လာရောက်ကြမှာ ဖြစ်ပါတယ်။
.
အဂတိ အနည်းအများကတော့ ရှိနေမှာပဲ ဖြစ်ပါတယ်။ အဂတိနည်းဖို့တော့ မြန်မာခေါင်းဆောင်များအတွက် မှန်ကန်တဲ့ သုံးသပ်ချက်များ ပေးနိုင်တဲ့ အကြံပေးပုဂ္ဂိုလ်များ၊ အကြံပေးအဖွဲ့အစည်းများ လိုအပ်ပါတယ်။ ယခင် အစိုးရတုန်းက တန်းလန်းဖြစ်နေတဲ့ တဖက်သတ်စာချုပ်များစွာ ရှိနေပါသေးတယ်။ ပထမ ၅နှစ်လောက်တော့ ကုန်ကျစရိတ် ကြီးစွာနဲ့ စိတ်ချရတဲ့ ကုမဏီကြီးများထံက ပညာသင်ရပါမယ်။ ဒီစီမံကိန်းကြီးတွေမှာ လူငယ်ပညာရှင်အမြောက်အများကို လခပေးတဲ့ တက္ကသိုလ်များအဖြစ် အသုံးပြုရပါတယ်။ ရှုံးမှာ သေချာနေပေမဲ့ မြန်မာလူငယ်များစွာ ၅နှစ်လောက် လစာလည်းရမယ်၊ ပညာလည်းရမယ် ဆိုတဲ့ လက်တွေ့တက္ကသိုလ်နယ်မြေများ ဖြစ်လာပါမယ်။ တရုပ် ဗီယက်နမ်များလည်း အလားတူပဲ Industrial Attachment အဖြစ် သက်မွေးပညာကျောင်းသားများစွာ ကုမဏီများက လက်ခံရပါတယ်။ စင်ကာပူမှာဆိုရင် EDB Economic Development Board နဲ့ စီမံကိန်းများစွာ အကောင်အထည်ဖေါ်ခဲ့ပြီးပါပြီ။
.
အခုဆိုရင် မိန်းကလေးတွေကို စီးပွားတက္ကသိုလ်ဘွဲ့ရဆိုရင် လစာကောင်းပေမဲ့၊ ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် ဘွဲ့ရတွေကတော့ အလုပ်မရှိဖြစ်နေပါတယ်။ အလုပ်ရရင်လဲ လစာအလွန်နည်းပါးစွာပဲ ရပါတယ်။ အစိုးရ စီမံကိန်းများမှာ တက္ကသိုလ်ကျောင်းသားများ ပါဝင်ဖို့တော့ မလွယ်သေးပေမဲ့၊ အစိုးရလခစား လူငယ်များစွာကို အစိုးရနဲ့ပုဂ္ဂလိက စီမံကိန်းများမှာ ပါဝင်၊ လေ့လာသင်ယူဖို့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ လူသားအရင်းမြစ် ပျိုးထောင်ရေးစီမံကိန်း လုပ်နေပြီလို့ မျော်လင့်ပါတယ်။
.
ဇော်အောင်
၈.မတ်လ.၂၀၁၈

No comments:

Post a Comment