Sunday, November 19, 2017

လွှတ်တော်မှာတော့ တာဝန်သိအမတ်တွေက ပြောဆိုကန့်ကွက်၊ အဆိုတင်၊ မေးမြန်းနေပါတယ်။ .


လွှတ်တော်မှာတော့ တာဝန်သိအမတ်တွေက ပြောဆိုကန့်ကွက်၊ အဆိုတင်၊ မေးမြန်းနေပါတယ်။ ..
သတင်း..
မြင်းခြံသံမဏိစက်ရုံအတွက် စက်စမ်းသပ်လည်ပတ်ဖို့ စက်မှုဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရထံ ကျပ်သန်း ၄၀၀၀ ကျော် တောင်းခံတာကို ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ကန့်ကွက် လိုက်ပါတယ်။
တိုင်းပြည်အတွက် အကျိုးမရှိဘဲ လည်ပတ်သင့်လား မသင့်လား မူဝါဒတစ်ရပ် မချမှတ်နိုင်သေးတဲ့အချိန်မှာ အခုလို စက်စမ်းသပ်လည်ပတ်ဖို့ တောင်းခံတာကို ကန့်ကွက်တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင် က ပြောပါတယ်။
"နိုင်ငံတော်ပိုင် စက်ရုံများဟာ ဒီကနေ့ ဒီအချိန်မှာပေါ့ ကျမတို့ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး။ နောက်ပြီးတော့ စက်တွေက ဆက်လက်ပြီး လည်ပတ်နေခြင်းအားဖြင့်လည်း တိုင်းပြည်အတွက်ကတော့ ပိုပြီးတော့မှပဲ ငွေတွေ၊ ကုန်ကျစရိတ်တွေ များလာနေတယ်။ ဒီလို အတိုင်းအတာတွေထဲမှာ ဒီစက်ရုံတွေဟာ ကျမတို့ဆက်ပြီး လည်ပတ်သင့်သလား သို့မဟုတ်ပေါ့နော် PTT စနစ်နဲ့ပဲ သွားမလား၊ ဒါမှမဟုတ်လို့ရှိရင် Privatisation သွားမလား၊ ဒါမှမဟုတ်လို့ရှိရင်လည်း ဒီစက်ရုံတွေက ရပ်ဆိုင်းထားမလားဆိုတာ မူဝါဒတရပ် က ကျမတို့ ဘာမှ ကောင်းကောင်းမွန်မွန်လည်း မချမှတ်ရသေးဘူး။ ဒါတွေနဲ့ပတ်သက်လို့ စာရင်းဇယားပိုင်း ဆိုင်ရာတွေကို ကျမတို့ ညှိနှိုင်းနေဆဲကာလဖြစ်တယ်"
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း မူနဲ့ အခြေခံသဘောအပါအ၀င် ရငွေသုံးငွေနဲ့ ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးရာ ဒေါ်ခင်စန်းလှိုင်က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
အမှတ် ၁ မြင်းခြံသံမဏိစက်ရုံဟာ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ လတ်တလောရပ်ဆိုင်းထားရတဲ့ နိုင်ငံပိုင်စက်ရုံ ၂၈ရုံထဲက တစ်ရုံဖြစ်ပါတယ်။
မြစ်သာရေလှောင်တမံစီမံကိန်းအတွက် ကျပ် ၁၂ ဘီလီယံ ထပ်မံတောင်းခံထားတာကိုလည်း ဘက်ဂျက်စည်းကမ်းနဲ့ မညီတဲ့အတွက် မပေးသင့်ဘူးလို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
.
RFA News 2017-11-07
မိမိမှတ်ချက်။...
အစိုးရကတော့ စစ္စတပ်အယ်ရာ System Error ဖြစ်နေတော့ ရှေ့သိပ်မတက်နိုင်ဘူး။ လူတွေလဲလို့လဲမရ..အင်ဂျင်နီးယာ ဆိုတော့ သတိရတုန်း ဖောဝပ်လုပ်လိုက်ပါတယ်။ တစ်ပြည်လုံးမှာ အလုပ်မရှိစက်ရုံဝန်ထမ်း ၄သောင်းကနေ ၄နှစ်အတွင် (လူတော်တွေထွက်ကုန်တော့) ၂၇၀၀၀ ပဲ ကျန်တော့တယ် တဲ့။ စက်ရုံ သန့်ရှင်းရေးပဲလုပ် သင်တန်းတက် လုပ်နေကြတယ်။ တစ်လ၂သိန်း လစာနဲ့ဆိုရင် တစ်နှစ်ကို ၆၄ဘီလျံကျပ် နဲ့ကြွေးမွေးထားရတယ်။ လျှပ်စစ်ဓါတ်အားလဲ တယူနစ်ထုတ်တိုင်း ၃၀ကျပ် ရှုံးတယ် ဆိုတော့ တစ်နှစ်ကို ဘီလျံ ၅၀၀ ကျော် ရှုံးတယ်။ ဘတ်ဂျတ်က အများဆုံးဝန်ကြီးဌာနဆိုတော့ ၀ိုင်းဝန်းစားသောက်သုံးစွဲနေကြတယ်။ ကျေးလက်ဖွံ့ဖြိုးရေးဌာနကလဲ ကျောင်း၊ဆေးခန်းဆောက်၊ လမ်းဖောက် မီးလင်းဖို့ ဇီးသီးဗန်းတွေအများကြီးပဲ။ လ.၀.က၊ က.ည.န၊ စည်ပင်၊ အခွန်ဦးစီးမှုး တွေကလဲ ပြည်သူ့ထံက ၀န်ဆောင်ခတွေ အမြောက်အများ ယူနေတုံးပါပဲ။ အလုပ်လုပ်တဲ့လူ အဆက်သွယ်ကောင်းရင် ပွပေါက်တွေ ရှိနေဆဲပါပဲ။ အရင်တစ်ပါတ်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ရွှေတူးလုပ်ငန်း ဖက်စပ်လုပ်ဖို့ဖိတ်ခေါ်တယ်။ မေးမြန်းကြည့်ရုံနဲ့ စီးပွားဖြစ်မလုပ်နိုင်တဲ့နေရာကို အတင်းလာလုပ်ခိုင်းပြီး အခွန်အရင်ကောက်မဲ့ပုံစံပဲ။ အစိုးရနဲ့တွဲလုပ်တာမှ စိတ်ချရဦးမယ်။.. ဒီလိုပါပဲ..System Error တေ့ဖြးဖြေးတော့ နည်းနည်းလာနေပါပြီ။ လူငယ်ဆိုရင်တော့ ငွေရင်းမရှိရင် လခစားပဲ လုပ်တာကောင်းပါတယ်။ ကိုယ်ပိုင်အလုပ်လုပ်ချင်ရင်တော့ ဂွင်ရှာတဲ့၊ ပွဲစားအလုပ်မျိုးတွေ မလုပ်ပဲ...စားသောက်ကုန်၊ လူသုံးကုန် လုပ်ငန်းကလေးတစ်ခု ကိုယ်နိုင်သလောက် ကိုယ်တိုင်ပဲလုပ်တာပဲ အကောင်းဆုံးပါ။ 

Like
Comment
Comments
U Aung Khin ဘာ ဖြစ် လို့ ရှုံး တဲ့ စက် ရုံ တွေ တည် ပြီး လည် နေ ရ တာ လဲ။
Remove
Moe Thaw Zin ပင်းပက်​သံမဏိစက်​ရုံကဦး​လေးဆီအလည်​သွား​တော့ စက်​ရုံကရပ်​ထားရတယ်​ အဲစက်​ရုံရပ်​​တော့အဲကိုပို့ဖို့လုပ်​ထားတဲ့ ​ကျောက်​မီး​သွေးတို့ ထုံးတို့ ထုတ်တဲ့​​နေရာ​​တွေပါရပ်​ကုန်​တယ်​​ပြောတယ်​ အစကrussia မြန်​မာဖက်​စပ်​ အခုက အမတ်​​​တွေကပိုက်ဆံမချ​​တော့ russia ကပိုက်​ဆံစိုက်​ထုတ်​ပြီးလည်​မယ်​​ပြောသံကြားခဲ့တာပဲ သူ​တော့ပိုယူမယ်​​ပေါ့
Reply
3
November 17 at 7:47amEdited
Remove
Aye Sann ဝန်​ထမ်း​တွေအထူးသဖြင့်​မျိုးဆက်​သစ်​​တွေရဲ့ဘဝတက်​လမ်း​တွေသင်းသတ်​ခံ​နေရတဲ့ဌာနပါ၊ဝန်​ကြီးဌာန​ပြောငိးဘို့ကလဲအဆင်​​ပြေတာခပ်​နည်းနည်း၊အား လုံးနစ်​နာပါတယ်​။အားရှိတဲ့သူ​တွေ​အော်​ကြပါဦး။
Remove
U Myo Tint သံမဏိ၃. အင်းစိန်
အီတလီအင်​ယာ မှ မြန်​မာအင်​ယာသို့ 
လွဲ​ပြောင်းလက်​ခံ ရန်​ testrun လုပ်​ခဲ့သည်

12 heats per day. EAF smelting လုပ်
နိုင်​မှ acceptance လုပ်​ရန်​ အဘတို့ ညွန်​ကြား
ထားသည်
မြန်​မာ ဘက်​မှ metallurgists များ zaw min yin
Khin mg zaw . Yee win. Myo tint.
အဆိုင်းတာဝန်​ခံများအဖြစ်​ တာဝန်​ယူခဲ့ရသည်
Acceptance ရရန်​ metallurgists 4ဦးစလုံး
ပူးတွဲ၍ 24hours ​နေ့ လုံး​ပေါက်​ မအိပ်​မ​နေ
တာဝန်​ယူခဲ့ရသည်
13 heats per day EAF smelting ရ၍
Acceptance ရခဲ့၍ ​အောင်​မြင်​စွာလွဲ​ပြောင်းလက်​ခံ
ခဲ့ပါသည်
သို့ ​သော်​ ​နောက်​​နေ့ များတွင်
4heat per day သာရ​တော့ပါသည်
ဆုံးရူံးမူများစွာရင်​ဆိုင်​ရ​တော့သည်
Renovationအတွက်​ ရူယို​ငွေ 75သန်း
ကုန်​ကျ ရသည်
နှ​မြောစရာ တိုင်းပြည်​ဘဏ္ဏာ​တွေ
နောက်​ထပ်​ မိုက်​လုံးမကြီးသင့်​​တော့ပါ
Remove
Kaung Zan ရှယ်လို့မရဘူးဖြစ်နေတယ်
Remove
Ye Win နေရာတကာ ဟိုဟာ ဒီဟာတွေ ရပ်ထားတာကတော့ နည်းမှန်လမ်းမှန် မဟုတ်ဘူး ။ လုပ်ပေ့စေ ။ ရှုံးရင် တာဝန်ယူခိုင်း ။ 
အင်ဂျင်နီယာ /စီးပွားရေးပညာရှင် / အတတ်ပညာရှင် မဟုတ်သူတွေ နေရာတကာ ၀င်ပါနေတာကျတော့ အဓိပ္ပါယ်ကိုမရှိဘူး ။
Remove
M Zaw Aung ဒေါ်လာသန်းထောင်ကျော် ဆုံးပြီးတဲ့ အေရှားဝေါ နဲ့အစိုးရဟောင်းတွေ လုပ်စားသွားတာ . . သံရည်ကြိုစက်များစွာထဲက တစ်လုံး တပ်ဆင်စမ်းသပ်လည်ပတ်ပါရစေ. . ဆိုလို့ခွင့်ပြုထားတယ် . . ငွေ ဘတ်ဂျတ်ရလာတာနဲ့ ယင်ကောင်တွေနဲ့ပဲ လုပ်ရပြန်ပြီ..ပစ္စည်းလိုရင် နိုင်ငံခြားကဝယ်. . မလုပ...See More
Manage
U Tin Phay Metallurgy Test run ဆို တါ production နဲ့ တွဲ မှ အဓိပါယ် ရှိတါတွေ့ ရတယ်။သီး ခြား လုပ် ရင် အကျိုး မရှိ ပါ။ အကျိုး ရှိ ချင် ရင် တေါ့ function test လေါက် လုပ်ပေါ့။
Remove
Kyaw Thu စက်ရုံတိုင်းရှုံးနေတယ်ဆိုတာ
ထုတ်တာတဖွဲ့
ရောင်းတာတဖွဲ့
...See More
Remove
Khin Zaw ပြဒါး ​သေတ​ဆွေဝ၊သံ​သေတပြည်​ဝဆို​ပေမဲ့အခု​တော့​ပြောင်းပြန်​သံမဏိစက်​ရုံ​တွေ​ကြောင့်​တ​ဆွေလုံးဝကုန်​ကြပြီစက်​ရုံ​တွေrenovated လုပ်​upgraded လုပ်​ဂျပန်​Kobe Steelတို့Italy Daniely ,India တို့ပွကြ broker ​တွေပွကြတယ်​ စက်​ရုံကအင်​ဂျင်​နီယာ​တွေ​တော့ဒုံရင်းပါ
Reply
3
11 hrs
Remove
U Saw Moe Myint mismanagement
lack of qualified engineers in the
decision maker posts
Reply
1
10 hrs
Remove
Kyaw Thu ဆရာမြပြောတာလည်း
မှန်သင့်သလောက်မှန်ပါတယ်
ရွှေစက်ရုံမှာလုပ်ဖူးတော့
...See More
Reply
2
7 hrs
Remove
Khin Zaw သံမဏိစက်​ရုံရွာမမှာသံမှုန့်​​တွေနှာ​ခေါင်းထဲနားရွက်​ထဲဝင်​​အောင်​၁၄နှစ်​လုပ်​ခဲ့ရတာဂျပန်​၅လ​လောက်​သင်​တန်းတက်​ပါဘလစ်​ကာတစီးဝယ်​သွင်းရတာကလွဲလို့သံ​ဝေခ​ရောစက်​ယန်းနရားဖြတ်​​တောက်​​ဝေခ​ရောမရလို့က​လေး၂​ယောက်​ငတ်​​နေမှာစိုးလို့စလုံးမှာဂျပန်​​ဘောဘယ်​ရင်​စက်​ရုံမှာစက်​ပြင်​သွားလုပ်​စားခဲ့ရပါတယ်
Reply
2
6 hrs
Remove
M Zaw Aung ပြည်တွင်က မလုပ်နိုင် စီမံမခန့်ခွဲနိုင်တော့ ပြည်ပက လာနှိုက်စားတော့မယ်. .သံမဏိ ibeam တွေ ပြည်တွင်းမှာ ဈေးချို အရည်သွေးကောင်းအောင် ထုတ်နိုင်နိုင်ပါစေဗျာ. .
Reply
1
6 hrs
Manage
U Aung Khin လုပ် နိုင် တဲ့ ကုမ္ပ ဏီ တွက် ချက် ပြ ပါ။ တနှစ် စာ မြတ် နိုင် မည့် ငွေ ကို Central Bank မှာ deposit ထား ပါ၊ အရင် စိုက် ပြီး လည် ပါ။
Reply5 hrs
Remove
Mya Tin Oo အစိုးရကစီးပွားရေးလုပ်ငန်းများမလုပ်သင့်ပါ
Reply5 hrs
Remove
Mya Tin Oo အစိုးရဝန်ထမ်းများလစာဖြင့်စားဝတ်နေရေးမလောက်ပါ
Reply5 hrs
Remove
Mya Tin Oo အစိုးရပိုင်လုပ်ငန်းများအမြတ်မရနိုင်ပါ
Reply5 hrs
Remove
Mya Tin Oo ဆိုရှယ်လစ်အိပ်မက်များမှနိုးထကြပါတော့
Reply5 hrs
Remove
Kyaw Thu ဆရာမြ
မပြောတော့ဘူးသာဆိုတယ်
လက်ပိုက်မကြည့်နိုင်တော့လို့ပေါ့ဆရာ
Reply
1
3 hrs
Remove
Kyaw Thu ဆိုရှယ်လစ်စနစ်ကိုကြိုက်တာတခုက
လူတန်းစားကွာဟမှုကျဉ်းမြောင်းတော့
နေရထိုင်ရတာဝန်ထမ်းဘဝပေမယ့်

စိတ်ချမ်းသာမှာပဲဗျ
ဒီဘက်ခေတ်ကြတော့
လူတန်းစားကွာဟမှုကမိုးနဲ့မြေ
လိုချင်တပ်မက်မှုတွေပြိုင်ဆိုင်ရင်း
မိမိဘဝရင်းအမှန်တွေပျောက်ရှ
ဘဝတွေကမရေရာဘူးဆရာ
စနစ်ရဲ့ကျေးကျွန်ဘဝတွေပါ---
Wow
Reply
3
3 hrs
Remove
M Zaw Aung အာဏာရှိသူတွေ၊ အလုပ်ကြိုးစားသူတွေ၊ ပညာကြိုးစားသူတွေ အတွက်တော့ လမ်းတွေ ပွင့်လာတာပဲ.. မလုပ်မရှုပ်မပြုတ် တွေအတွက်မချောင်သလို .. ဆင်းရဲသားတွေအတွက်လဲ တကယ်မချောင်ဘူး ဖြစ်နေတယ်။ လယ်ယာကဏ္ဍကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မကိုင်နိုင်သရွှေ့တော့ ချေးငွေ ဒေါ်လာ၁ဘီလျံ (ကျပ်ဘီလျံပေါင်း ၁၃၀၀) ကို လယ်စိုက်ရှင်ဘဏ်နဲ့ဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများက အလွဲသုံးစားနေဦးမှာပါပဲ။ ဒီတော့ ဒီနှစ်ကျေးရွာထွေအုပ်တွေ ရွေးချယ်ရင် အမှန်လုပ်နိုင်သူကို တင်ပေးတော့မယ်။ လယ်စိုက်ရှင်းဘဏ်နဲ့ဝန်ထမ်းတွေတော့ မလုပ်တတ်ဘူး...
Reply2 mins
Manage
စွာ ကျယ် တရားခံ ဘယ်​သူလဲ ​ဟေ့ ------​ဟေ့
Reply1 hr
Remove
Aye Sann ၂၄နာရီ​လည်​ရတဲ့စက်​​တွေမှာspare partsအညံ့​တွေသာဝယ်​​ပေး​တော့ဂျုံးဂျုံးကျသွား​ရော ၊​ဝယ်​သူတဖွဲ့၊သုံးသူတဖွဲ့ပါ၊
Reply
1
53 minsEdited
Remove
Zaw Min Feasibility မရှိပါ
Reply11 mins
.

No comments:

Post a Comment