Kyaw Naing added 5 new photos.
စည်ပင်ဥပဒေထဲက အဖထက် သား (၁) လကြီးနေသော ပုဒ်မများ (ဂျင်းနံပါတ် - ၁)
••••••••••••••••••••••••••••••••
••••••••••••••••••••••••••••••••
စည်ပင်ဥပဒေက အဘယ့်ကြောင့် အဖထက် သားတစ်လကြီးနေပါသလည်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အမြင့်ဆုံး ဥပဒေပြု အာဏာပိုင်အဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် (၂) ရပ်ပေါင်းဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အမြင့်ဆုံးအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ဟာ အစိုးရအဖွဲ့ဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့အကြီးအကဲဟာ နိုင်ငံတော်သမ္မတဖြစ်ပါတယ်။ နိင်ငံတော်သမ္မတဟာ နိုင်ငံတော်ရဲ့ ဥသျှောင်လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးဥပဒေပြုအဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး၊ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးကာ "မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေ" နဲ့ "မြန်မာနိုင်ငံ ဗိသုကာကောင်စီဥပဒေ" တို့ကို အတည်ပြုပြဌာန်းခဲ့ပါတယ်။
"ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ" ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပေးရမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြီး အတည်ပြုပြဌာန်းမှာ ဖြစ်ပါတယ်။
တစ်ခုသိထားရမှာက ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက ရွေးချယ်အမည်စာရင်းတင်သွင်းပြီး သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်များက ခန့်အပ်ခဲ့သူများ ဖြစ်ပါတယ်။ တနည်းဆိုရရင် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်တွေဟာ နိုင်ငံတော်သမ္မတက ရွေးချယ်တာဝန်ပေးထားတဲ့ သူတွေသာဖြစ်ပါတယ်။
အထက်ပါအချက်အလက်များအရ "မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ"၊ "မြန်မာနိုင်ငံဗိသုကာကောင်စီဥပဒေ" တွေနဲ့ "ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ" တွေကို အတည်ပြုပြဌာန်းတဲ့လွှတ်တော်တွေ၊ အတည်ပြုလက်မှတ်ရေးထိုးတဲ့ ပုဂ္ဂိုလ်တွေအကြား "အာဏာ၊ အဆင့်အတန်း" ဘယ်လောက် ကွဲပြားခြားနားတယ်ဆိုတာ သိသာထင်ရှားပြီဖြစ်ပါတယ်။
အရပ်စကားနဲ့ပြောရရင် အဖေ နဲ့ သား လောက်ကွာပါတယ်။
နောက်တဆင့်တင်ပြပါ့မယ်။ အင်ဂျင်နီယာကောင်စီဥပဒေ၊ နည်းဥပဒေတွေအရ။ ဗိသုကာကောင်စီဥပဒေ၊ နည်းဥပဒေတွေအရ။ ကောင်စီအသီးသီးမှာ မှတ်ပုံတင်ထားတဲ့ မှတ်ပုံတင်အင်ဂျင်နီယာများနဲ့ လိုင်စင်ဗိသုကာများဟာ မိမိတို့နဲ့သက်ဆိုင်တဲ့ ပညာရပ်ဆိုင်ရာလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာလုပ်ငန်းတွေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရားဝင်လုပ်ကိုင်ခွင့်ပေးထားပါတယ်။ (ပူးတွဲပါ ဓါတ်ပုံ ၁, ၂, ၃ တို့ကိုကြည့်ပါ)
ဒါပေမယ့် အသစ်ပြဌာန်းတော့မယ့် "ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေမူကြမ်း"၊ ပုဒ်မ ၄၀၉ (ဇ) မှာ "ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားတဲ့လိုင်စင်မရှိရင်၊ (တနည်းအားဖြင့် စည်ပင်မှာလိုင်စင်လျှောက်ပြီးလိုင်စင်ကြေးမပေးထားရင်) ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အဦအင်ဂျင်နီယာ သို့မဟုတ် အင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခြင်းမပြုရ" လို့ တားမြစ်ထားပါတယ်။
အဲ့ဒီတော့ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြီး၊ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြဌာန်းထားတဲ့ ဥပဒေတွေက လုပ်ပိုင်ခွင့်ပြုထားတာတွေကို တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပြဌာန်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြဌာန်းတဲ့ဥပဒေက တားမြစ်ချုပ်ချယ်ထားတာဟာ လျှော်ကန်သင့်မြတ်ခြင်းရှိ၊ မရှိ အသိသာကြီးဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး။ စည်ပင်ဥပဒေမူကြမ်းရဲ့ ပြစ်မှုနဲ့ ပြစ်ဒါဏ်များအခန်း၊ အမှတ်စဉ် (၂၇) မှာ ပုဒ်မ ၄၀၉ (ဇ) ကိုကျူးလွန်သူ၊ တနည်းအားဖြင့် စည်ပင်ရဲ့လိုင်စင်မရှိဘဲ ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အဦအင်ဂျင်နီယာ (သို့မဟုတ်) အင်ဂျင်နီယာလုပ်သူတွေကို ဒါဏ်ငွေ ကျပ် (၁၀) သိန်းမှ သိန်း (၅၀) အထိ ချမှတ်မယ်လို့ ဖေါ်ပြထားပါတယ်။ (ပူးတွဲပါ နောက်ဆုံးဓါတ်ပုံ နှစ်ခုကို ကြည့်ပါ)
အဲ့ဒီတော့ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြီး၊ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြဌာန်းထားတဲ့ ဥပဒေတွေက လုပ်ပိုင်ခွင့်ပြုထားတာတွေကို တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပြဌာန်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြဌာန်းမယ့် ဥပဒေက ခြိမ်းခြောက်ဟန့်တားနေတာဟာ ဖြစ်သင့်ပါရဲ့လား။
အထက်ပါအချက်အလက်တွေကို ခြုံငုံသုံးသပ်ရရင် စည်ပင်ဥပဒေအသစ် မူကြမ်းရဲ့ပုဒ်မ ၄၀၉ (ဇ) ဟာ အရပ်စကားနဲ့ပြောရရင် အဖေ့ထက် သားက (၁) လကြီးတဲ့ ပုဒ်မ ဖြစ်နေပါတယ်။
ပုဒ်မ ၄၀၉ (ဇ) ဟာ စကားလုံးများ ပြောင်းလဲရမယ့် ပုဒ်မဖြစ်ပါတယ်။
ပုဒ်မ ၄၀၉ (ဇ) ကို ပြောင်းလဲခြင်းနဲ့အတူ ပုဒ်မ ၈၁ (ဎ) နဲ့ ပုဒ်မ ၁၀၆ (ခ)ပါစာသားများကိုလည်း ပြောင်းလဲရမှာဖြစ်ပါတယ်။
Kyaw Naing
စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း
••••••••••••••••••••••••••••••••
••••••••••••••••••••••••••••••••
အသစ်ထွက်မယ်ဆိုတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ကျွန်တော် တော်တော်လေး စိတ်ဝင်စားပါတယ်။ ဘာကြောင့်စိတ်ဝင်စားသလည်းဆိုတော့ စည်ပင်ဥပဒေအသစ်ဟာ ၁၉၂၂ ခုနှစ် ရန်ကုန်မြူနီစီပါယ်အက်ဥပဒေကို မှီငြမ်းရေးဆွဲတယ်လို့ ကြားသိရလို့ပါ။ ဒါဆို ၁၉၂၂ ခုနှစ် ရန်ကုန်မြူနီစီပါယ် အက်ဥပဒေဆိုတာကြီးကိုကော ဘာကြောင့်စိတ်ဝင်စားသလည်းလို့ မေးကြလိမ့်မယ်။ အကြောင်းက ဒီလိုပါ။
ကျွန်တော်အမှန်တကယ်စိတ်ဝင်စားတာက အဆင့်မြင့်အဆောက်အဦများရဲ့ အရည်အသွေးကို စိစစ်ထိန်းသိမ်းရေးကော်မတီလို့ အဓိပ္ပါယ်သက်ရောက်မယ့် CQHP ဆိုတဲ့အဖွဲ့ကြီးက Mechanical Engineer တွေ၊ တိတိကျကျပြောရရင် မှတ်ပုံတင်စက်မှုအင်ဂျင်နီယာတွေကို P&S system practice လုပ်ခွင့် ညင်းပယ်တယ်ဆိုတာကို စိတ်ဝင်စားတာပါ။ နိုင်ငံတကာမှာ အဆောက်အဦအတွင်း P&S system (Building Service) ကို Mechanical Engineer တွေ practice လုပ်နေကြသလို မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရဲ့ လမ်းညွှန်စာအုပ်မှာလည်း P&S system ကို Mechanical Engineer တွေရဲ့ scope အောက်မှာ ထည့်ထားပါလျက်နဲ့ CQHP က ဘာကြောင့် ညင်းပယ်နေသလည်းဆိုတာကို စိတ်ဝင်စားတာပါ။ အဲ့ဒီလို စိတ်ဝင်စားလို့ လေ့လာစုံးစမ်းတဲ့အခါ YCDC မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ မြို့ပြအင်ဂျင်နီယာ သက်ကြီး၊ ရွယ်ကြီးတစ်ယောက်က စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ရှေ့မှောက်မှာ “၁၉၂၂ ခုနှစ်၊ ရန်ကုန်မြူနီစီပါယ်အက် ဥပဒေမှာ P&S system တွေကို မြို့ပြအင်ဂျင်နီယာတွေကိုသာ လုပ်ခွင့်ပြုထားကြောင်း”၊ ထွက်ဆိုသွားတယ်လို့ ကြားသိရတဲ့အတွက် ၁၉၂၂ မြူနီစီပါယ်ဥပဒေကို စိတ်ဝင်စားသွားတာပါ။
အဲ့ဒီလို စိတ်ဝင်စားသွားတဲ့အတွက် ၁၉၂၂ မြူနီစီပါယ်ဥပဒေကို ရှာဖွေရာမှာ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ စာအုပ်တွေ့တဲ့အတွက် ဖတ်ကြည့်ပြီး ၁၉၂၂ မြူနီစီပါယ်ဥပဒေမှာ P&S system ကို မြို့ပြအင်ဂျင်နီယာတွေကိုသာ လုပ်ခွင့်ပြုတယ်ဆိုတာမပါကြောင်း ထောက်ပြတဲ့အခါအင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့အထဲမှာ မပါတာပါ။ မြန်မာဘာသာနဲ့ရေးထားတဲ့အထဲမှာ ပါပါတယ်တဲ့။ ထူးတော့ ထူးဆန်းသားနော်။ ဒီတော့လည်း မြန်မာလိုရေးထားတဲ့ ၁၉၂၂ မြူနီစီပါယ်ဥပဒေကို ရှာဖတ်ရတော့တာပေါ့။ မြန်မာလိုရေးထားတဲ့အထဲမှလည်း မပါကြောင်း ထောက်ပြတဲ့အခါမှာတော့ ဘာမှ တုန့်ပြန်သံမကြားရတော့ပါဘူး။ အဲ့ဒီလိုဇာတ်ကြောင်းရှိခဲ့တဲ့ ၁၉၂၂ မြူနိစီပါယ်ဥပဒေကို စိတ်လည်းဝင်စား။ အင်္ဂလိပ်လိုကော၊ မြန်မာလိုကော အခေါက်ခေါက်ဖတ်ထားပြီးဖြစ်လို့ အဲ့ဒီဥပဒေထဲမှာ ဘယ်ဥပဒေတွေကတော့ ခေတ်မီနေဆဲဖြစ်တယ်၊ ဘယ်ဥပဒေတွေကတော့ လုံးဝ ခေတ်နဲ့ မလျှော်ညီတော့ဘူး၊ ဘယ်ဥပဒေတွေကတော့ ခေတ်နဲ့လျှော်ညီအောင် ပြုပြင်ပြောင်းလဲမှုလုပ်ရင် ရမယ်ဆိုတာတွေ အတွေးထဲမှာ ရှိထားတော့ကာ စည်ပင်ဥပဒေအသစ်ဟာ ၁၉၂၂ မြူနီစီပါယ်ဥပဒေကို မှီငြမ်းထားတယ်ဆိုတာကြားရတော့ တော်တော်လေး စိတ်ဝင်စားသွားတာ ဖြစ်ပါတယ်။ (စကားချပ်။ ။ စုံ/ကော် ကို လိမ်ညာထွက်ဆိုတဲ့ သက်ကြီး၊ ရွယ်ကြီး အင်ဂျင်နီယာကြီးကို ဘယ်လို အရေးယူဆောင်ရွက်သလည်းဆိုတာလည်း စိတ်ဝင်စားပါတယ်)
အဲ့ဒီလိုစိတ်ဝင်စားတာနဲ့အညီ စည်ပင်ဥပဒေသစ်ရဲ့ မူကြမ်းကို ပြည်သူတွေကို ဘယ်တော့များထုတ်ပြန်လေမလည်းလို့ စောင့်နေခဲ့ပါတယ်။ ဥပဒေမူကြမ်းဆိုတာ ပြည်သူတွေကို ချပြရိုးထုံးစံ ရှိလို့လားလို့အမေးရှိခဲ့ရင် ၁၉၇၄ အခြေခံဥပဒေကို နမူနာ ပေးရပါလိမ့်မယ်။ ဦးနေဝင်းဟာ ၁၉၇၄ အခြေခံဥပဒေ မူကြမ်းကို ပြည်သူတွေဆီ ဖြန့်ဝေခဲ့ပါတယ်။ သတင်းစာတွေထဲမှာ ရက်တွေ ဆက်တိုက် ဖေါ်ပြခဲ့သလို စာအုပ်မူကြမ်းကိုလည်း ရပ်ကွက်၊ကျေးရွာတွေအထိ ဖြန့်ချိပေးခဲ့ပြီး အဲ့ဒီခေတ်အခါက ပါတီကေဒါလောင်း လို့ သတ်မှတ်ထားတဲ့သူတွေက ပြည်သူတွေကို ရှင်းလင်းပြပါတယ်။ အဲ့ဒီတုန်းက အသက် ၈ နှစ်သားဘဲရှိသေးတဲ့ကျွန်တော်ဟာ ဒီအကြောင်းတွေ ခုချိန်ထိ မှတ်မိနေပါသေးတယ်။ ဦးနေဝင်းတောင် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ပြည်သူကို ချပြခဲ့သေးတော့ ရန်ကုန်မြို့တော်စည်ပင်ဥပဒေမူကြမ်းကိုလည်း ပြည်သူကိုချပြလိမ့်မယ်လို့ မျှော်နေခဲ့တာပါ။
မျှော်နေတုန်းမှာဘဲ အောက်တိုဘာလကုန်ပိုင်းလောက်က FB page တစ်ခုပေါ်မှာ စည်ပင်ဥပဒေမူကြမ်းကို တွေ့လို့ Download ဆွဲလိုက်ပါတယ်။ ပထမတော့ အဲ့ဒီဥပဒေမူကြမ်းဟာ အစစ်မဟုတ်ဘဲ တစ်ယောက်ယောက်က ဂျင်းထဲ့ထားသလားလို့ ထင်လိုက်ပါသေးတယ်။ ဒါပေမယ့် စာမျက်နှာ ၂၀၀ နီးပါး၊ တိတိကျကျပြောရရင် ၁၈၆ မျက်နှာကို ဘယ်သူက အပင်ပန်းခံ type ရိုက်ပြီး ဂျင်းထဲ့ပါ့မလည်းလို့တွေးမိပြီး အဲ့ဒီဥပဒေမူကြမ်းကို စဖတ်ပါတယ်။ ဖတ်ရင်း၊ ဖတ်ရင်းနဲ့ အဲ့ဒီဥပဒေမူကြမ်းသာ အစစ်ဖြစ်လို့ အဲ့ဒီဥပဒေသာ အတည်ဖြစ်သွားရင် ငါတို့ပြည်သူတွေ ဂျင်းအကြီးကြီးအထည့်ခံရတော့မှာဘဲဆိုတာ သိလာပါတယ်။
အဲဒါကြောင့် ဥပဒေမူကြမ်းကို ဒုတိယတစ်ခေါက်ထပ်ဖတ်ပါတယ်။ ဒုတိယတစ်ခေါက်ဖတ်ချိန်မှာတော့ လက်ထဲမှာ ခဲတံ (သို့) ဘောပင် ကိုင်ထားပြီး တေးမှတ်စရာတွေကို စာအုပ်ထဲမှာ တေးမှတ်လိုက်သလို မှတ်စုထဲမှာလည်း ဘယ်စာမျက်နှာက ဘယ်ပုဒ်မကို ပြန်ကြည့်ရမယ်ဆိုပြီးမှတ်ထားခဲ့ပါတယ်။ တတိယအခေါက်မှာတော့ ပြန်ကြည့်ရမယ်ဆိုတဲ့ ပုဒ်မတွေအတွက် comment ပေးချင်တာတွေကို ရေးလိုက်တယ်။ အဲ့ဒီအချိန်အတွင်းမှာဘဲ အရေးကြီးတယ်ထင်တာလေးတွေကို post တင်ဖြစ်ပါတယ်။
အခုတော့ စည်ပင်ဥပဒေမူကြမ်းထဲမှာ ဘာ ဂျင်းတွေပါသလည်းဆိုတာ post တစ်ခုချင်းရေးဖြစ်ပါလိမ့်မယ်။
ကျွန်တော် စည်ပင်ဥပဒေမူကြမ်းကို အခုလို အရမ်းစိတ်ဝင်စားသွားတာဟာ ဒီပို့စ်ရဲ့ အစပိုင်းမှာ ဖေါ်ပြခဲ့သလိုဘဲ CQHP က ဆရာကြီးများကြောင့်သာဖြစ်ကြောင်းပါ။
အင်ဂျင်နီယာလောကကို စည်ပင်သာယာမှ လက်ဝါးကြီးအုပ်ထားမှု အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ
construction industry ကို (ရန်ကုန်မြို့တော်)
စည်ပင်သာယာအောက် လုံးလုံးသွင်း ထားတာဟာ
လုံးဝလျော်ကန်မှု မရှိပါဘူး
စင်ကာပူလို နေရာမှာတောင် မြို့နယ်သာယာရေးအဖွဲ့အစည်းတွေဟာ လိုအပ်တဲ့ ထိန်းမတ်တာလောက်သာ စွက်ဖက်ပီး construction လောကတခုလုံးကို အဆောက်အဦနဲ့ဆောက်လုပ်ရေးအာဏာပိုင် အဖွဲ့ အဆောက်အဦများ
ထိန်းချုပ်ရေး ကော်မရှင်နာမင်းကြီးက (အစိုးရပရောဂျက်တွေအပါအဝင်) ထိန်းချုပ်ပါတယ်
ဘာလို့ထိန်းချုပ်ရသလဲ ဖော်ပြထားတဲ့ သူတို့ရဲ့ objective တွေက အရမ်းကောင်းပါတယ်

The prime objective of building control is to ensure building works comply with standards of safety, amenity and matters of public policy as prescribed in the Building Control Act & Building Control Regulations .
All building works, except those that are minor and exempted under the Schedule in the Building Control Act, will require building plan approval from the Commissioner of Building Control (CBC), Building & Construction Authority (BCA).
Building works mean:
the erection, extension or demolition of a building
the alteration, addition or repair of a building; and include site formation and building operation connected with or carried out for the above purposes.

ကျော်နိုင် – စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း (၅)

စည်ပင်ဥပဒေ – သံသယဖြစ်ဖွယ်ကောင်းသော ကော်မတီဝင် လျာထားမှု (ဂျင်းနံပါတ် – ၅)
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၇
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို အဖွဲ့ဝင် (၁၁) ဦးနဲ့ဖွဲ့စည်းမယ်လို့ စည်ပင်ဥပဒေမူကြမ်းမှာ ဖေါ်ပြထားပါတယ်။ (ပူးတွဲပါ ပထမ ဓါတ်ပုံ)
ဥက္ကဌဟာ မြို့တော်ဝန်ဖြစ်ပါတယ်။ မြို့တော်ဝင်ကို နိုင်ငံတော်သမ္မတက ခန့်အပ်ပါတယ်။ လျှော်ကန်သင့်မြတ်ပါတယ်။
မြို့တော်နယ်နိမိတ်အတွင်း ရွေးချယ်ခံ (၆) ဦးဖြစ်ပါတယ်။ ဘာကြောင့် ပြည်သူက (၆) ဦးဘဲရွေးချယ်ရမှာလည်း။ ကျန် (၄) ဦးက ဘယ်ကလာမှာလဲ။
ကျန် (၄) ဦးကို အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမှာပါတဲ့။ မေးခွန်း (question marks) တွေ တန်းစီပေါ်လာပါပြီ။
ကျွန်တော့်ရဲ့ “ဂျင်းနံပါတ် – ၃” မှာ “စည်ပင်ဥပဒေမူကြမ်းတွင် ကော်မတီဝင်များ COI ကင်းရှင်းရေး နှင့်ပါတ်သက်၍ လုံးဝဖေါ်ပြထားခြင်းမရှိ” လို့ ရေးခဲ့ပါတယ်။ COI ကင်းရှင်းဘို့ ဥပဒေအရ မတားမြစ်ထားလို့ ခရိုနီတွေ၊ တိုင်ကွန်းတွေ၊ အကျင့်ပျက် စီးပွားရေးသမားတွေ၊ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေ ရွေးကောက်ပွဲဝင်ရင် ဝင်အရွေးခံခွင့်ရှိပေမယ့်လည်း ကော်မတီဝင်ဖြစ်ဘို့ဆိုတာက ပြည်သူတွေရဲ့မဲ ရဘို့လိုပါသေးတယ်။ ပြည်သူကမဲမပေးရင် သူတို့ရွေးကောက်မခံရပါဘူး။
ဒါပေမယ့် ဒီဥပဒေကြမ်းအရ သူတို့ဟာ ရွေးကောက်ခံအနေနဲ့ မဟုတ်ဘဲ ခန့်အပ်ခံအဖြစ် ကော်မတီဝင် ဖြစ်ခွင့် ရှိနေပါတယ်။ ပိုဆိုးတာက အဲ့ဒီ ခန့်အပ်ခံ (၄) ယောက်ထဲက တစ်ယောက်က အတွင်းရေးမှူး၊ တစ်ယောက်က တွဲဖက် အတွင်းရေးမှူး ဖြစ်မှာပါ။
ဥပဒေမူကြမ်းမှာ COI ကင်းရှင်းဘို့ မတားမြစ်ထားတာရယ်၊ ခန့်အပ်ခံ ကော်မတီဝင် (၄) ဦး လျာထား ထားတာရယ်ပေါင်းစပ်လိုက်ရင် ဒီဂျင်းက တော်တော်လေးကြီး၊ တော်တော်လေး စပ်တဲ့ဂျင်းပါ။
ဥပဒေမူကြမ်းမှာ COI မကင်းသူတွေ ကော်မတီဝင်ဖြစ်ခွင့် တားမြစ်ထားတဲ့ ပုဒ်မတွေ ပါရပါ့မယ်။ ဖေါက်ဖျက် ကျူးလွန်သူကို အပြစ်ပေးတဲ့ ပြစ်ဒါဏ်တွေ ပါရပါ့မယ်။ ကော်မတီဝင် (၁၀) ဦးလုံးဟာ ရွေးကောက်ခံဖြစ်ရပါ့မယ်။
အစိုးရခန့် (၄) ဦးဆိုတာကို လက်မခံနိုင်ပါဘူး။ အစိုးရကိုမယုံလို့ပါ။ အစိုးရအဖွဲ့ရဲ့ ethics ကို မယုံတာမဟုတ်ပါဘူး။ အစိုးရအဖွဲ့ကိုယ်တိုင် ဂျင်းထဲ့ခံရမှာကြောင့် မယုံတာပါ။
မြို့နယ်စည်ပင်ကော်မတီဝင်တွေကို ကြည့်ကြပါစို့။ (ပူးတွဲပါ ဒုတိယ ဓါတ်ပုံ)
ရပ်မိရပ်ဖထဲမှ ကိုယ်စားပြုရွေးကောက်ခံရသူက ဥက္ကဌတဲ့။ ရပ်မိရပ်ဖ ဆိုတာကို ဘယ်လို တိတိကျကျ အဓိပ္ပါယ် ဖွင့်ဆို သတ်မှတ်မလည်း။ အဲ့ဒါကို ရှင်းရှင်းလင်းလင်း၊ တိတိကျကျ၊ ကွဲကွဲပြားပြား၊ သေသေချာချာ၊ ရေရေရာရာ ဖြစ်အောင်။ အငြင်းပွားဖွယ်၊ စောဒကတက်ဖွယ်၊ မေးခွန်းထုတ်ဖွယ်တွေမဖြစ်အောင် နည်းဥပဒေမှာ အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင် စာမျက်နှာ (၁၀) မျက်နှာနဲ့တောင် မလောက်ပါဘူး။
နောက်ပြီး အတတ်ပညာရှင်၊ အသိပညာရှင်များထဲမှ ရွေးကောက်တင်မြှောက်ခံရသူတစ်ဦး။
လူမှုရေးအဖွဲ့အစည်းများထဲမှ ရွေးကောက်ခံရသူတစ်ဦး။
အဲ့ဒီ အသိပညာရှင်၊ အတတ်ပညာရှင် နဲ့ လူမှုရေးအဖွဲ့အစည်းများဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေကလည်း လိုသလို အဓိပ္ပါယ်ကောက်လို့ရပါတယ်။
ရှင်းရှင်းလင်းလင်း ဖြစ်အောင် မရေးထားတဲ့ဥပဒေဟာ ရှုတ်ရှုတ်ရှက်ရှက် လုပ်ချင်တဲ့ရည်ရွယ်ချက်ရှိလို့ဘဲ ဖြစ်ပါလိမ့်မယ်။
မြို့နယ်အတွင်းရှိပြည်သူများထဲမှ ရွေးကောက်ခံရသူ (၃) ဦး သို့မဟုတ် (၄) ဦး။ ယင်းတို့ထဲမှာ မဲဆန္ဒအများဆုံးရသူက ဥက္ကဌ လို့ သတ်မှတ်လိုက်ရင် တော်တော်လေး ရှင်းပါတယ်။
ဒါဆို ဘာကြောင့် မရှင်းအောင် လုပ်ထားပါသလည်း။ ကျွန်တော်ကတော့ ဒီလိုမြင်ပါတယ်။
တစ်ဦးချင်းရွေးကောက်ပွဲ ဝင်တဲ့အခါ ရွေးကောက်ပွဲ စားရိတ်အတွက် ရံပုံငွေကို ကိုယ့်ဘာသာ ရှာရမှာဖြစ်ပါတယ်။
အတတ်ပညာရှင် အသိပညာရှင်များအဖွဲ့ (ဥပမာ။ ။ထူးခြားဆန်းကြယ်သော မီးရထားလမ်းများ ဖေါက်လုပ်တတ်သူ အတတ်ပညာရှင်များအဖွဲ့) ကို ကိုယ်စားပြုမယ်။
လူမှုရေးအဖွဲ့အစည်းများ (ဥပမာ။ ။ရေဘေးဒုက္ခသည်များအား ဆင်းတုတော်များ ထောက်ပံ့ဝေငှရေးအဖွဲ့) ကို ကိုယ်စားပြုမယ်ဆိုရင် အဲ့ဒီအဖွဲ့တွေရဲ့ ရန်ပုံငွေတွေကို တရားဝင် အသုံးပြုလို့ရပါတယ်။
မြို့နယ်တိုင်းမှာ ရန်ပုံငွေတောင့်တင်းတဲ့အဖွဲ့တွေ ဖွဲ့ချင်သလိုဖွဲ့နိုင်သူတွေဟာ ဘယ်လိုလူတွေလည်းဆိုတာ မေးစရာလိုမယ်မထင်ပါဘူး။ အဲ့ဒီ မေးစရာမလိုတာကို NLD အမတ်တွေနဲ့ NLD အစိုးရအဖွဲ့ဝင်တွေ မြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
နောက်ထပ်ကော်မတီဝင်တစ်နေရာက ထွေအုပ်က ဒု-မြို့နယ်မှူး တဲ့။ အဲ့ဒီရာထားချက်ကို ကန့်ကွက်ပါတယ်။ ထွေအုပ်က ဘာအောက်၊ ညာအောက် က ဖြစ်နေလို့ရယ်မဟုတ်ပါဘူး။ စည်ပင်ကော်မတီဝင်ထဲမှာ မည်သည့် ပြည်သူ့ဝန်ထမ်းမှ မပါသင့်ပါဘူး။
မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးက အတွင်းရေးမှူး ဖြစ်ရမယ်တဲ့။ လက်ခံပါတယ်။
ဒီတော့ မြို့နယ်စည်ပင်ကော်မတီမှာ အဖွဲ့ဝင် (၅) ဦး ဖြစ်ရမယ်ဆိုရင် မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးက အတွင်းရေးမှူးနဲ့ မြို့နယ်အတွင်းရှိ ရွေးကောက်ခံ ပြည်သူများထဲမှ (၄) ဦးဖြစ်ရပါ့မယ်။ အဲ့ဒီရွေးကောက်ခံသူတွေဟာ ဘာအဖွဲ့အစည်းကိုမှ ကိုယ်စားပြုသူ မဖြစ်စေရပါဘူး။ အဲ့ဒီ (၄) ဦးထဲက မဲအများဆုံးရသူဟာ ဥက္ကဌ ဖြစ်ရပါမယ်။
အခုကျွန်တော်ဝေဖန်နေတာက ဥပဒေကြမ်းပါ။ ဥပဒေကြမ်းမှာပါတဲ့ဂျင်းတွေဟာ ဥပဒေကြမ်းရေးသူတွေက ထဲ့တဲ့ဂျင်းတွေပါ။
ဒါပေမယ့် အဲ့ဒီဥပဒေကြမ်းကို ဒီအတိုင်း အတည်ပြုလိုက်မယ်ဆိုရင်တော့ တိုင်းဒေသကြီးလွှတ်တော်နဲ့ အစိုးရက ပြည်သူတွေကို ထဲ့တဲ့ဂျင်းတွေ ဖြစ်သွားပါလိမ့်မယ်။
တိုင်းလွှတ်တော်နဲ့ အစိုးရတို့ “ဂျင်းထဲ့ရာ ငြုပ်ဆုံဝိုင်းကူထောင်းသူတွေ” မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပါတယ်။
ကျော်နိုင် – စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း (၆)
စည်ပင်ဥပဒေမှ ကန့်ကွက်ရမည့် ပုဒ်မတစ်ခု (ဂျင်းနံပါတ် – ၆)

(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၇ပူးတွဲဓါတ်ပုံပါ ပုဒ်မ ၃၂၅ –
ဥပဒေက စည်ပင်ကို ပေးထားတဲ့ လုပ်ပိုင်ခွင့်က “နိုင်ငံခြားသင်္ဘောများမှ စွန့်ပစ်ပစ္စည်းများကို အခကြေးငွေယူ၍ လက်ခံခွင့်”။
မည်သို့သောစွန့်ပစ်ပစ္စည်းဟု ဥပဒေတွင် မကန့်သတ်ထား။ “ဤဥပဒေအရထုတ်ပြန်သောနည်းဥပဒေများက ခွင့်ပြုထားသည့် ပစ္စည်းများ” ဟူ၍လည်း မဖေါ်ပြထားပါ။ သို့ဖြစ်၍ အနုမြူလောင်စာသုံး သင်္ဘောများ၏ အနုမြူစွန့်ပစ်ပစ္စည်းများအထိ လက်ခံခွင့် ပေးထားသည်ဟု ယူဆနိုင်ပါသည်။ မြန်မာနိုင်ငံမှာ အနုမြူစွန့်ပစ်ပစ္စည်းမဆိုထားနဲ့ ဓါတုစွန့်ပစ်ပစ္စည်းတွေအတွက်တောင် သေချာတဲ့ code တွေ၊ Standard တွေ မရှိသေးပါဘူး။ အဲ့ဒီစွန့်ပစ်ပစ္စည်းတွေလက်ခံတဲ့အတွက် ဒေါ်လာငွေတွေရမှာက စည်ပင်၊ ဆိုးကျိုးကို ခံစားရမှာက ကျွန်တော်တို့လို ပြည်သူတွေ။
အဲ့ဒီပုဒ်မကို လုံးဝ ကန့်ကွက်ပါတယ်။ ပြည်သူတွေအတွက် အန္တရာယ် များလွန်း၊ ကြီးလွန်းလှပါတယ်။
ပုဒ်မတွင်ဖေါ်ပြထားပါသေးသည်။ “အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ပါ သတ်မှတ်ချက်နှင့်အညီ အညစ်အကြေးသန့်စင်အဆောက်အဦကို ဆိပ်ကမ်းတွင်တည်ဆောက်ရန် အစိုးရ၏ ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်နိုင်သည်” တဲ့။
ဥပဒေကြမ်းရေးသူတို့ “အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ပါ သတ်မှတ်ချက်များ” ကို ဖတ်ရှုပြီးကြပါပြီလား။ ကျွန်တော်မထင်ပါ။ ဖတ်ပြီး၍ အပြည့်အဝ နားလည်သဘောပေါက်သည်ဆိုလျှင် အဆိုပါပုဒ်မကို ဤကဲ့သို့ ပေါ့ပေါ့တန်တန် ရေးမည်မဟုတ်ပါ။ အပြည့်အဝ နားလည်သဘောပေါက်လျက်နှင့် ဤပုဒ်မကို ယခုလို ခပ်လွယ်လွယ်ရေးထားသည်ဆိုလျှင် ဥပဒေကြမ်းရေးသူတို့၏ စေတနာသည် အလွန်ကြောက်ဘို့ကောင်းပါသည်။
ထပ်ပြောပါမည်။ ပြည်သူတစ်ယောက်အနေနှင့် ဤပုဒ်မကို လုံးဝ ဖြုတ်ပေးဘို့ တောင်းဆိုပါသည်။
မလိုအပ်ဘဲ စိတ်အနှောင့်အယှက်မပေးလိုသဖြင့် tag မလုပ်ထားပါ။ သို့သော် Dr. Aung Myint Maw ကဲ့သို့သော ပညာရှင်တို့၏ ဤပုဒ်မအပေါ် အမြင်ကိုလည်း အလွတ်သဘော သိလိုလှပါသည်။
.ဥပဒေက စည်ပင်ကို ပေးထားတဲ့ လုပ်ပိုင်ခွင့်က “နိုင်ငံခြားသင်္ဘောများမှ စွန့်ပစ်ပစ္စည်းများကို အခကြေးငွေယူ၍ လက်ခံခွင့်”။

.
ကျော်နိုင် – စည်ပင်ဥပဒေ – အကြံပြုချက် (၁)
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၇ဂျင်းနံပါတ် (၁) မှာ ပြောင်းသင့်တယ်လို့ ပြောထားတဲ့ပုဒ်မတွေအတွက် အကြံပြုချက်ဖြစ်ပါတယ်။
အကြံပြုချက်တွေမရေးခင် ဂျင်းနံပါတ် (၁) မှာပါတဲ့ ပုဒ်မတွေကို ဘာကြောင့် ကန့်ကွက်တယ်ဆိုတာ ထပ်ရှင်းပြပါ့မယ်။
YCDC နဲ့ MCDC တို့ဟာ ဟိုးအစဉ်အဆက်ကတည်းက အင်ဂျင်နီယာတွေကို လိုင်စင်ထုတ်ပေးနေခဲ့တာ ကျွန်တော်တို့အားလုံး သိရှိလက်ခံ ပါတယ်။ အဲ့ဒီအချိန်တွေတုန်းက အင်ဂျင်နီယာ၊ ဗိသုကာတွေကို စိစစ်မှတ်ပုံတင်ပေးမယ့် အခြားအဖွဲ့အစည်းမှ မရှိသေးဘဲကိုး။
အင်ဂျင်နီယာကောင်စီဥပဒေ၊ ဗိသုကာကောင်စီဥပဒေတွေ ထွက်လာပြီး အဲ့ဒီ ဥပဒေတွေအရ ဖြစ်ပေါ်လာတဲ့ အင်ဂျင်နီယာကောင်စီ၊ ဗိသုကာကောင်စီတွေကနေ အင်ဂျင်နီယာတွေ၊ ဗိသုကာတွေကို စိစစ်မှတ်ပုံတင်ပေးတဲ့အချိန်ကစပြီး မြို့တော်စည်ပင်အားလုံးဟာ အင်ဂျင်နီယာ/ဗိသုကာတွေကို လိုင်စင်တင်ခိုင်းနေတာတွေ၊ လိုင်စင်ထုတ်ပေးနေတာတွေ ချက်ချင်းရပ်ဆိုင်းလိုက်ရမှာဖြစ်ပါတယ်။ ဒါဟာဥပဒေအရ လုပ်ကို လုပ်ရမှာဖြစ်ပါတယ်။ စည်ပင်ဥပဒေ၊ နည်းဥပဒေတွေကို ချက်ချင်းပြင်ဘို့ မဖြစ်နိုင်တဲ့အတွက် အမိန့်ကြော်ငြာစာနဲ့ ရပ်ဆိုင်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် စည်ပင်တွေက ရပ်ဆိုင်းခြင်းမရှိခဲ့တဲ့အပြင် ဆက်လက်ပြီးတောင် လိုင်စင်သက်တမ်းတိုးဘို့ လျှောက်ခိုင်းနေခဲ့ပါသေးတယ်။
အင်ဂျင်နီယာကောင်စီဥပဒေ၊ ဗိသုကာကောင်စီဥပဒေတွေဟာ ပြည်ထောင်စုအဆင့်ဥပဒေတွေပါ။ ပြည်ထောင်စုအဆင့်က ပြဌာန်းထားတဲ့ ဥပဒေတွေကို ဒေသန္တရ အာဏာပိုင်အဖွဲ့က ကန့်သတ်ချုပ်ချယ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထီမဲ့မြင်ပြုရာကျပါတယ်။
YCDC မှာ လုပ်ခဲ့ဘူးတဲ့၊ စီနီယာအင်ဂျင်နီယာကြီးတစ်ယောက်က အဲ့ဒီကိစ္စနဲ့ပါတ်သက်လို့ ကျွန်တော်ရေးထားတဲ့ post တစ်ခုကို copy လုပ်ပြီး share ထားတာတွေ့ပါတယ်။ (ကျွန်တော့်ကို crd ပေးထားပါတယ်။) ကျွန်တော့် post ကို share ပြီး သူ့ရဲ့ကိုယ်ပိုင် statement ရေးထားပါတယ်။ အင်/ယာကောင်စီ ဥပဒေ၊ နည်းဥပဒေတွေက ဒေသန္တရဆိုင်ရာ အာဏာပိုင်အဖွဲ့တွေကို ကန့်သတ်ပိုင်ခွင့်တွေပေးထားသမို့ ဥပဒေ၊ နည်းဥပဒေတွေကို သေချာမဖတ်ဘဲ post ရေးတဲ့ကျွန်တော်ဟာ ခပ်ညံ့ညံ့ဆိုတဲ့သဘောရေးထားတာပါ။
တစ်ခုဆိုးတာက သူ့ရဲ့ post မှာ ကျွန်တော် comment ရေးလို့မရအောင် ပိတ်ထားတာပါ။ ကျွန်တော် comment ဝင်ရေးလို့မရတဲ့အတွက် သူရေးထားတဲ့ statement ဟာ မမှန်ကြောင်း ရှင်းပြလို့ မရခဲ့ပါဘူး။ အခုလည်း သူက အဲ့ဒီလိုမျိုးထပ်လုပ်လာမှာစိုးလို့ အင်/ယာ ကောင်စီဥပဒေ၊ နည်းဥပဒေတွေကိုပါ တခါတည်း ရှင်းလင်းသွားပါ့မယ်။ post ကတော့ ပိုရှည်သွားတာပေါ့။

ကျွန်တော်တို့ ရည်ညွှန်းရာ အင်/ယာ ကောင်စီ ဥပဒေတွေ၊ နည်းဥပဒေတွေကို ပူးတွဲ တင်ပြထားပါတယ်။ ကျွန်တော်တို့ အတူတူ ဖတ်ကြည့်ကြရအောင်ပါ။
နည်းဥပဒေပုဒ်မ (၁၀၂) ဟာ ဥပဒေပုဒ်မ (၃၇) က တားမြစ်ထားတာတွေကို အသေးစိတ် ဖွင့်ဆိုရှင်းပြထားတာ ဖြစ်ပါတယ်။ ပုဒ်မ (၁၀၂) (က) (ခ) (ဂ) တို့ကို တစ်ခုခြင်းရှင်းပြသွားပါ့မယ်။ပုဒ်မ (၁၀၂) (က) ဟာ “မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှာ မှတ်ပုံမတင်ထားတဲ့ မြို့ပြအင်ဂျင်နီယာတွေရဲ့ လုပ်ပိုင်ခွင့်ကို” ကန့်သတ်ထားတာဖြစ်ပါတယ်။
ပုဒ်မ (၁၀၂) (က) (၁)
ပန်းဆွဲအမြင့် ၆ မီတာထက်ပိုမြင့်ပြီး ကြမ်းခင်းဧရိယာ ၁၀၀ စတုရန်းမီတာထက်ပိုကျယ်သော (စာသင်ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ မြို့တော်ခန်းမ၊ ကုန်တိုက်ကြီးများ စသည်ကဲ့သို့) အများပြည်သူသုံး အဆောက်အဦများ။
(ရှင်းလင်းချက်။ ။ ပန်းဆွဲအမြင့် ၆ မီတာထက်နိမ့်ပြီး ကြမ်းခင်းဧရိယာ ၁၀၀ စတုရန်းမီတာအောက် အများပြည်သူသုံး အဆောက်အဦတွေကို ဆောက်ခွင့်ပေးထားပါတယ်။ အများပြည်သူသုံးအဆောက်အဦ မဟုတ်တဲ့ လူနေအိမ်တွေဆောက်ခွင့်ကိုတော့ အမြင့်၊ ကြမ်းခင်းဧရိယာအကျယ် ဧရိယာတွေ လုံးဝ မကန့်သတ်ထားပါဘူး။)
ပုဒ်မ (၁၀၂) (က) (၂)
သာမန်မြေလမ်း၊ ကျောက်ကြမ်းလမ်း နှင့် ကျောက်ချောလမ်းများမဟုတ်သည့် လမ်းမကြီးအဆင့်ဝင်သော လမ်းများ။
(ရှင်းလင်းချက်။ ။ လမ်းဘယ်လောက်ကျယ်ကျယ်၊ မြေလမ်း၊ ကျောက်ကြမ်းလမ်း နဲ့ ကျောက်ချောလမ်း ဆိုရင် ဆောက်လုပ်ခွင့်ပေးထားပါတယ်။ လမ်းမကြီးအဆင့်မဝင်ရင်တော့ လမ်းဆောက်တဲ့ ပစ္စည်းအမျိုးအစားအားလုံး၊ ကတ္တရာ အပါအဝင်၊ ဆောက်လုပ်ခွင့်ပေးထားပါတယ်။)
ပုဒ်မ (၁၀၂) (က) (၃)
ခန်းပွင့် ၆ မီတာ တစ်ခန်းနှင့် ခံနိုင်ဝန် ၁၂ တန်ထက်ပိုများသော သစ်သား၊ သံမဏိနှင့် သံကူကွန်ကရစ် တံတားများ။
(ရှင်းလင်းချက်။ ။ ခန်းဖွင့် ၆ မီတာထက်ကျဉ်းပြီး ခံနိုင်ဝန် ၁၂ တန်ထက်နည်းတဲ့ မည်သည့်တံတားအမျိုးအစားကိုမဆို ဆောက်လုပ်ခွင့်ပေးထားပါတယ်။)
ပုဒ်မ (၁၀၂) (က) (၄)
အမြင့် ၆ မီတာထက်ပိုသော မြေသားတာတမံများ။
(ရှင်းလင်းချက်။ ။ အမြင့် ၆ မီတာထက်နိမ့်တဲ့ မြေသားတာတမံတွေ ဆောက်လုပ်ခွင့်ပေးထားပါတယ်။ အခြား တာတမံအမျိုးအစားတွေအတွက် အမြင့်ကန့်သတ်ချက်မရှိ ဆောက်လုပ်နိုင်ပါတယ်။)
ပုဒ်မ (၁၀၂) (က) (၅)
သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် စည်ပင်သာယာရေးကော်မတီများက တားမြစ်ထားသော မြို့ပြလုပ်ငန်းများ။
(ရှင်းလင်းချက်။ ။ အထက်ဖေါ်ပြပါ ပုဒ်မခွဲ (၁) (၂) (၃) (၄) တို့ဖြင့် တားမြစ်၊ ခွင့်ပြုထားသော လုပ်ငန်းများမှတပါး ဒေသအာဏာပိုင်များနှင့် စည်ပင်မှ တားမြစ်ထားသော လုပ်ငန်းများ။)
သို့ဖြစ်ပါ၍ အင်/ယာ ကောင်စီတွင် မှတ်ပုံမတင်ထားသော မြို့ပြအင်ယာများ၏ လုပ်ပိုင်ခွင့်ကို နည်းဥပဒေ ပုဒ်မ (၁၀၂) (က)၊ ပုဒ်မခွဲ (၁) (၂) (၃) (၄) တို့ဖြင့် ကန့်သတ်ခွင့်ပြုထားပြီး ယင်းခွင့်ပြုထားသည်များကို မည်သည့် ဒေသဆိုင်ရာ အာဏာပိုင် နှင့် စည်ပင်တို့မှ တားမြစ်ပိုင်ခွင့် မရှိပါဘူး။ အဲ့ဒီပုဒ်မခွဲတွေနဲ့မသက်ဆိုင်တဲ့အခြားလုပ်ငန်းတွေကိုသာတားမြစ်နိုင်ပါတယ်။
နည်းဥပဒေ ပုဒ်မ (၁၀၂) (ခ) ဟာ “အင်/ယာ ကောင်စီတွင် မှတ်ပုံမတင်ထားသော စက်မှုအင်ဂျင်နီယာများရဲ့ လုပ်ပိုင်ခွင့်” ကို ကန့်သတ်ထားတာဖြစ်ပါတယ်။
ပုဒ်မတွေကို ပူးတွဲပါဓါတ်ပုံမှာ ဖတ်လို့ရတာမို့ လုပ်ကိုင်ခွင့်ရှိတာတွေကိုဘဲ ရှင်းလင်း ရေးပြပါ့မယ်။
ပုဒ်မ (၁၀၂) (ခ) (၁) အရ ၁၀၀ ကီလိုဝပ်အောက် အပူပေးစက်၊ လေဝင်လေထွက်စက် နဲ့ လေအေးပေးစက် တပ်ဆင်ခြင်းလုပ်ငန်း။
ပုဒ်မ (၁၀၂) (ခ) (၂) အရ ၁၀၀ ကီလိုဝပ်အောက် စက်မှုအလုပ်ရုံလုပ်ငန်းများ။
ပုဒ်မ (၁၀၂) (ခ) (၃) အရ ၁၀၀ ကီလိုဝပ်အောက် သံထည်နှင့် သတ္တုလုပ်ငန်းများ။
ပုဒ်မ (၁၀၂) (ခ) (၄) အရ မြင်းကောင်ရေ ၂၅ အောက် စက်၊ ယာဉ် နဲ့ ယန္တယား တည်ဆောက်ခြင်းလုပ်ငန်း။
ပုဒ်မ (၁၀၂) (ခ) (၅) အရ မြင်းကောင်ရေ ၂၀ အောက် စက်တပ်ရေယာဉ် တည်ဆောက်ခြင်းလုပ်ငန်းများ။
ပုဒ်မ (၁၀၂) (ခ) (၆) အရ ၂ တန်အာက် ဘွိုင်လာ ပြုပြင်ခြင်းလုပ်ငန်းများ။
တို့ကို လုပ်ကိုင်ခွင့်ပြုထားပါတယ်။
ပုဒ်မ (၁၀၂) (ခ) (၇) အရ ဒေသအာဏာပိုင်တွေနဲ့ အစိုးရအဖွဲ့တွေဟာ အထက်ပါ ပုဒ်မခွဲ ၆ ခုက တားမြစ်၊ ခွင့်ပြုထားတာမှတပါး အခြားတားမြစ်လိုတာတွေကိုသာ တားမြစ်နိုင်ပါတယ်။
နည်းဥပဒေ ပုဒ်မ (၁၀၂) (ဂ) ဟာ “အင်/ယာ ကောင်စီတွင် မှတ်ပုံမတင်ထားသော လျှပ်စစ်အင်ဂျင်နီယာများရဲ့ လုပ်ပိုင်ခွင့်” ကို ကန့်သတ်ထားတာဖြစ်ပါတယ်။

ပုဒ်မ (၁၀၂) (ဂ) (၁) အရ ၄၀၀ဗို့ ၅၀ ကီလိုဝပ်အောက် မော်တာပြုပြင်ရေးလုပ်ငန်းများ။
ပုဒ်မ (၁၀၂) (ဂ) (၂) အရ ၄၀၀ ဗို့အောက်အားသုံး အိမ်တွင်းလျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းများ (မြန်မာနိုင်ငံရဲ့ အိမ်သုံးလျှပ်စစ်က ၂၃၀ ဗို့ပါ။ ဒီတော့ အိမ်တွင်းလျှပ်စစ်လုပ်ငန်းအားလုံး လုပ်ခွင့်ပေးထားတဲ့ သဘောပါဘဲ။)
ပုဒ်မ (၁၀၂) (ဂ) (၃) အရ ၅၀ ကေဗွီအေ အောက် ထရန်စဖော်မာ ပြုပြင်ခြင်းနဲ့ တပ်ဆင်ခြင်းလုပ်ငန်းများ။
ပုဒ်မ (၁၀၂) (ဂ) (၄) အရ ၄၀၀ ဗို့အောက် လျှပ်စစ်ဓါတ်အားလိုင်း တပ်ဆင်ပြုပြင်ခြင်း လုပ်ငန်းများ။
တို့ကို လုပ်ခွင့်ပြုထားပါတယ်။
ပုဒ်မ (၁၀၂) (ဂ) (၅) အရ ဒေသအာဏာပိုင်တွေနဲ့ အစိုးရအဖွဲ့တွေဟာ အထက်ပါ ပုဒ်မခွဲ ၄ ခုက တားမြစ်၊ ခွင့်ပြုထားတာမှတပါး အခြားတားမြစ်လိုတာတွေကိုသာ တားမြစ်နိုင်ပါတယ်။
ဒီတော့ နည်းဥပဒေ ပုဒ်မခွဲ (၁၀၂) အရ အင်/ယာ ကောင်စီမှာ မှတ်ပုံတင်မထားတဲ့ အင်/ဂျင်နီယာတွေကို တားမြစ်၊ ခွင့်ပြု ထားတဲ့ လုပ်ငန်းတွေမှတပါး အခြားတားမြစ်လိုတဲ့ လုပ်ငန်းတွေရှိရင် ဒေသအာဏာပိုင်တွေ၊ စည်ပင်တွေ နဲ့ အစိုးရအဖွဲ့တွေဟာ ထပ်မံတားမြစ်နိုင်ပါတယ်။ ဒါပေမယ့် နည်းဥပဒေ (၁၀၂) အရ လုပ်ခွင့်ပြုထားတာတွေကိုတော့ တားမြစ်ခွင့် မရှိပါဘူး။
အရေးကြီးတဲ့ တစ်ချက်က ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေနဲ့ စည်ပင်တို့ဟာ နည်းဥပဒေ ပုဒ်မခွဲ (၁၀၂) (က) (၅)၊ (၁၀၂) (ခ) (၇) နဲ့ (၁၀၂) (ဂ) (၅) တို့အရ လုပ်ငန်းအမျိုးအစားတွေကို တားမြစ်နိုင်ပေမယ့် “အဲ့ဒီတားမြစ်ထားတဲ့လုပ်ငန်းတွေကို လုပ်ချင်ရင် စည်ပင်မှာ လိုင်စင်ယူပြီးလုပ်” ဆိုတာမျိုးကို လုံးဝ ခွင့်မပြုထားပါဘူး။ အင်/ယာကောင်စီ ဥပဒေ နဲ့ နည်းဥပေးတွေအရ အင်/ယာ ကောင်စီဟာ အင်/ယာ မှတ်ပုံတင်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်းတွေကို မည်သည့် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့နဲ့ စည်ပင်ကိုမှ sub-contract မပေးထားပါဘူး။ လုပ်ပိုင်ခွင့် မပေးထားပါဘူး။
နောက်ထပ်အရေးကြီးတဲ့အချက်က နည်းဥပဒေ ပုဒ်မ (၁၀၂) (က) (၁) မှ (၄)၊ (၁၀၂) (ခ) (၁) မှ (၆) နဲ့ (၁၀၂) (ဂ) (၁) မှ (၄) တို့ကို ကျူးလွန် တဲ့ အင်/ယာတွေကို အင်/ယာ ကောင်စီ ဥပဒေအရဘဲ အရေးယူမှာ ဖြစ်ပါတယ်။ မည်သည့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့နဲ့ စည်ပင်ကိုမှ အရေးယူခွင့် မပေးထားပါဘူး။
အခုရှင်းပြသွားတာက အင်/ယာ ကောင်စီမှာ မှတ်ပုံတင်မထားတဲ့ အင်/ယာ တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ထားတဲ့ ဥပဒေ ပုဒ်မ (၃၇) နဲ့ နည်းဥပဒေ ပုဒ်မ (၁၀၂) တို့ အကြောင်းပါ။
နည်းဥပဒေ ပုဒ်မ (၁၀၄) (က)၊ (၁၀၄) (ခ) နဲ့ (၁၀၄) (ဂ) တွေနဲ့ RSE (Civil)၊ RSE (Mechanical) နဲ့ RSE (Electrical ) တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ဖေါ်ပြထားပါတယ်။ အဲ့ဒီမှာ တစ်ခု သတိပြုရမှာက နည်းဥပဒေ (၁၀၂) မှာလို RSE တွေရဲ့ လုပ်ပိုင်ခွင့်ကို ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့တွေ၊ အစိုးရအဖွဲ့တွေ၊ စည်ပင်တွေကို ကန့်သတ်ခွင့် မပေးထားတာဖြစ်ပါတယ်။ ဆိုလိုတာက RSE တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ပါတ်သက်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ စည်ပင်တွေက ဝင်ရောက်စွက်ဖက်၊ တားမြစ်၊ ဟန့်တားပိုင်ခွင့် လုံးဝ မရှိပါဘူး RSE တွေ သက်ဆိုင်ရာ နည်းဥပဒေ တွေက ခွင့်ပြုထားတဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လုပ်ခဲ့ရင် အင်/ယာ ကောင်စီကဘဲ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ စည်ပင်တွေက အရေးယူဆောင်ရွက်ခွင့်လုံးဝ မရှိပါဘူး။
PE တွေအတွက်လုပ်ပိုင်ခွင့်ကို အင်/ယာ ကောင်စီ ဥပဒေ၊ နည်းဥပဒေတွေအရ ကန့်သတ်ထားတာ မရှိပါဘူး။ တနည်းအားဖြင့် အကန့်အသတ်မဲ့ လုပ်ပိုင်ခွင့် ပေးထားပါတယ်။ အဲ့ဒီ အကန့်အသတ်မဲ့ လုပ်ပိုင်ခွင့်ကို မည်သည့်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေနဲ့ စည်ပင်ကမှ ကန့်သတ်၊ တားမြစ်ခွင့် မရှိပါဘူး။
Post က အရမ်းရှည်သွားမှာမို့ မှတ်ပုံတင် ဗိသုကာတွေရဲ့ ဥပဒေ၊ နည်းဥပဒေတွေကို အသေးစိတ် ထပ်မရေးတော့ပါဘူး။ SLA၊ LA နဲ့ RA တွေအတွက် လုပ်ပိုင်ခွင့်တွေကိုလည်း ဗိသုကာကောင်စီ ဥပဒေ၊ နည်းဥပဒေတွေက ခွင့်ပြုထားတာတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ စည်ပင်တွေက ကန့်သတ်ခွင့် မရှိပါဘူး။ အရေးယူခွင့်မရှိပါဘူး။
အထက်ဖေါ်ပြပါ အချက်အလက်များ အရ စည်ပင်ဥပဒေ မူကြမ်းထဲက ပုဒ်မ အချို့ကို အောက်ပါအတိုင်း ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
ဥပဒေမူကြမ်း ပုဒ်မ (၈၁) (ဎ) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်အလို့ငှာ သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများအား စိစစ်၍ သတ်မှတ်ထားသော လိုင်စင်ကြေးပေးသွင်းစေပြီး ဗိသုကာ အင်ဂျင်နီယာ၊ အဆောက်အအုံ အင်ဂျင်နီယာ စသည့်အင်ဂျင်နီယာအဖြစ် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်း။
ပြင်ဆင်ရန် အကြံပြုချက် ပုဒ်မ (၈၁) (ဎ) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်အလို့ငှာ မြန်မာနိုင်ငံ ဗိသုကာကောင်စီ နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့တွင် မှတ်ပုံတင်ထားသော ဗိသုကာများနှင့် အင်ဂျင်နီယာများအား ယင်းတို့နှင့် သက်ဆိုင်သည့် ဗိသုကာ အင်ဂျင်နီယာ၊ အဆောက်အအုံ အင်ဂျင်နီယာ လုပ်ငန်းများကို လုပ်ကိုင်စေခြင်း။ မှတ်ပုံမတင်ထားသော ဗိသုကာ နှင့် အင်ဂျင်နီယာများကို ဗိသုကာ ကောင်စီ ဥပဒေ၊ နည်းဥပဒေများ မှ ကန့်သတ်ထားသည့်လုပ်ငန်းများ၊ အင်ဂျင်နီယာကောင်စီ ဥပဒေ၊ နည်းဥပဒေများမှ ကန့်သတ်ထားသည့် လုပ်ငန်းများနှင့် ဤဥပဒေအရ ထုတ်ပြန်မည့် နည်းဥပဒေများက ကန့်သတ်ထားသည့် လုပ်ငန်းများမှအပ လုပ်ကိုင်ခွင့်ပြုခြင်း။
ဥပဒေမူကြမ်း ပုဒ်မ (၁၀၆) (ခ) သက်ဆိုင်ရာ ကန်ထရိုက်တာနှင့် လိုင်စင်ရအင်ဂျင်နီယာတို့အားလည်းကောင်း။
ပြင်ဆင်ရန် အကြံပြုချက် ပုဒ်မ (၁၀၆) (ခ) သက်ဆိုင်ရာ ကန်ထရိုက်တာအားလည်းကောင်း။ (ပုဒ်မ ၁၀၆ ပါ စည်းကမ်းဖေါက်ဖျက်မှုအတွက် အရေးယူခံသင့်တာက ကန်ထရိုက်တာဘဲ ဖြစ်ပါတယ်။ အင်ဂျင်နီယာဟာ ကန်ထရိုက်တာရဲ့ ဝန်ထမ်းဖြစ်တဲ့အတွက် ကန်ထရိုက်တာမှာသာ တာဝန်ရှိပါတယ်။ အကယ်၍ အင်ဂျင်နီယာကိုယ်တိုင် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ကန်ထရိုက်တာအနေနဲ့ဆောင်ရွက်တာဆိုရင်လည်း သူ့ကို ကန်ထရိုက်တာအဖြစ်သာ အရေးယူရပါမယ်။ အင်ဂျင်နီယာအဖြစ် အရေးယူခွင့် မရှိပါဘူး။)
ဥပဒေမူကြမ်း ပုဒ်မ (၄၀၉) (ဇ) မည်သူမျှ ကော်မတီက ထုတ်ပေးထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ထရိုက်တာ၊ ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာ သို့မဟုတ် အင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခြင်း မပြုရ။
ပြင်ဆင်ရန် အကြံပြုချက် ပုဒ်မ (၄၀၉) (ဇ) မည်သူမျှ ကော်မတီက ထုတ်ပေးထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ထရိုက်တာအဖြစ် ဆောင်ရွက်ခြင်း မပြုရ။ (ဗိသုကာ နဲ့ အင်ဂျင်နီယာတွေကို စည်ပင်က လိုင်စင်ထုတ်ပေးခွင့် လုံးဝမရှိတဲ့အတွက် ယခုလို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အမှန်တကယ်ဆို ဆောက်လုပ်ရေးကုမ္ပဏီ၊ ကန်ထရိုက်တာ တွေကို မှတ်ပုံတင်တဲ့ ပြည်ထောင်စုအဆင့် အာဏာပိုင်အဖွဲ့ သီးသန့်ရှိရမှာဖြစ်ပါတယ်။ အဲ့ဒီအာဏာပိုင်အဖွဲ့သာ ရှိရင် ပုဒ်မခွဲ (၄၀၉) (ဇ) တစ်ခုလုံး ဖြုတ်ပစ်ရမှာ ဖြစ်ပါတယ်။)
ပြစ်မှုပြစ်ဒါဏ်အမှတ်စဉ် (၂၇) ပုဒ်မ (၄၀၉) (ဇ) ရဲ့ စာသားမှာလည်း “ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာ (သို့မဟုတ်) အင်ဂျင်နီယာ” ဆိုတဲ့ စကားစုကို ဖြုတ်ပစ်ရမှာ ဖြစ်ပါတယ်။

ပုဒ်မပေါင်း ၄၃၄ ခုရှိတဲ့ စည်ပင်ဥပဒေမူကြမ်းမှာ ပုဒ်မ ၄၂၈ ဟာ နောက်ဆုံးနားက ပုဒ်မပါ။ ဒီဥပဒေမူကြမ်းမှာ ဂျင်းတွေအများကြီးပါတယ်ဆိုတော့ ပုဒ်မနံပါတ်အလိုက်ပြောမယ်ဆိုရင် နောက်ဆုံးဂျင်းဖြစ်မှာပါ။ ဒါပေမယ့် ဒီဂျင်းအကြောင်း စောစောသိရအောင်လို့ စောစောဖေါ်ပြလိုက်ပါတယ်။
– စည်ပင်ဥပဒေကြမ်းတွင် စည်ပင်ကို လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝပေးထားသည်။
– စည်ပင်ဥပဒေကြမ်းတွင် စည်ပင်ကို စီးပွားရေးလုပ်ပိုင်ခွင့်များ ပေးထားသည်။
– စည်ပင်ဥပဒေကြမ်းတွင် စည်ပင်ကော်မတီဝင်များ၊ အာဏာပိုင်အဖွဲ့ဝင်များ COI ကင်းဘို့ မတားမြစ်ထား။
– စည်ပင်ဥပဒေကြမ်းတွင် စည်ပင်ကော်မတီဝင်များ၊ အာဏာပိုင်အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မကြေငြာခိုင်း။ တနည်းအားဖြင့် ယင်းတို့၏ ပိုင်ဆိုင်မှုကို အစစ်အဆေးမရှိ။
ထိုကဲ့သို့ အာဏာနှင့်လုပ်ပိုင်ခွင့် အပြည့်အဝရယူထားသော၊ စည်းကမ်းထိန်းသိမ်းမှု မရှိသလောက်လျှော့ရဲသော စည်ပင်ကော်မတီဝင်များနှင့် စည်ပင်ဝန်ထမ်းများ ပြည်သူ့ဘဏ္ဏာများကို အလွဲသုံးစားလုပ်လျှင်၊ အာဏာအလွဲသုံးစားလုပ်လျှင်၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်လျှင် “ပြစ်မှုကြောင်း အရ တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့်ရှိတယ်” လို့ ပုဒ်မ ၄၂၈ တွင်ပြဌာန်းထားပါတယ်။
ရန်ကုန်တိုင်း လွှတ်တော်မှ စည်ပင်ဥပဒေကို ဆွေးနွေးဖို့ Feb 2017 ဖိတ်ခေါ်ထားပါတယ်။ အခန်း ၉ ၊ စည်ပင်က စီးပွားရေးလုပ်ကိုင်မယ် ဆိုတဲ့ ဥပဒေကို လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ဖို့ ပြင်ဆင်နေပါတယ်။
.
.
'' ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း''နှင့် ပတ်သက်၍ အကြံပြုချက်များဖိတ်ခေါ်
---------------------------------------------
ရန်ကုန်၊ ဖေဖေါ်ဝါရီလ၊ ၂ ရက်၊ ၂၀၁၈

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စည်ပင်သာယာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းသော ''ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း'' ကို စိတ်ပါဝင်စားသူများ လေ့လာနိုင်ရန်အတွက် အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။ စည်ပင်ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုစာပေးပို့လိုသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး သို့လိပ်မူ၍ဖြစ်စေ၊ yangonregionhluttaw@gmail.com သို့ဖြစ်စေပေးပို့နိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း
Drop box
https://www.dropbox.com/s/lk7eec…/YCDC%20Law%20part%201.pdf…

No comments:
Post a Comment