Thursday, November 16, 2017

ဘတ်ဂျတ် (စီမံကန်း)၊ ချေးငွေများစွာ....လွှတ်တော်မှာတော့ တာဝန်သိအမတ်တွေက ပြောဆိုကန့်ကွက်၊ အဆိုတင်၊ မေးမြန်းနေပါတယ်။ ..

လွှတ်တော်မှာတော့ တာဝန်သိအမတ်တွေက ပြောဆိုကန့်ကွက်၊ အဆိုတင်၊ မေးမြန်းနေပါတယ်။ ..
သတင်း..
မြင်းခြံသံမဏိစက်ရုံအတွက် စက်စမ်းသပ်လည်ပတ်ဖို့ စက်မှုဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရထံ ကျပ်သန်း ၄၀၀၀ ကျော် တောင်းခံတာကို ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ကန့်ကွက် လိုက်ပါတယ်။
တိုင်းပြည်အတွက် အကျိုးမရှိဘဲ လည်ပတ်သင့်လား မသင့်လား မူဝါဒတစ်ရပ် မချမှတ်နိုင်သေးတဲ့အချိန်မှာ အခုလို စက်စမ်းသပ်လည်ပတ်ဖို့ တောင်းခံတာကို ကန့်ကွက်တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင် က ပြောပါတယ်။
"နိုင်ငံတော်ပိုင် စက်ရုံများဟာ ဒီကနေ့ ဒီအချိန်မှာပေါ့ ကျမတို့ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး။ နောက်ပြီးတော့ စက်တွေက ဆက်လက်ပြီး လည်ပတ်နေခြင်းအားဖြင့်လည်း တိုင်းပြည်အတွက်ကတော့ ပိုပြီးတော့မှပဲ ငွေတွေ၊ ကုန်ကျစရိတ်တွေ များလာနေတယ်။ ဒီလို အတိုင်းအတာတွေထဲမှာ ဒီစက်ရုံတွေဟာ ကျမတို့ဆက်ပြီး လည်ပတ်သင့်သလား သို့မဟုတ်ပေါ့နော် PTT စနစ်နဲ့ပဲ သွားမလား၊ ဒါမှမဟုတ်လို့ရှိရင် Privatisation သွားမလား၊ ဒါမှမဟုတ်လို့ရှိရင်လည်း ဒီစက်ရုံတွေက ရပ်ဆိုင်းထားမလားဆိုတာ မူဝါဒတရပ် က ကျမတို့ ဘာမှ ကောင်းကောင်းမွန်မွန်လည်း မချမှတ်ရသေးဘူး။ ဒါတွေနဲ့ပတ်သက်လို့ စာရင်းဇယားပိုင်း ဆိုင်ရာတွေကို ကျမတို့ ညှိနှိုင်းနေဆဲကာလဖြစ်တယ်"
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း မူနဲ့ အခြေခံသဘောအပါအ၀င် ရငွေသုံးငွေနဲ့ ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးရာ ဒေါ်ခင်စန်းလှိုင်က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
အမှတ် ၁ မြင်းခြံသံမဏိစက်ရုံဟာ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ လတ်တလောရပ်ဆိုင်းထားရတဲ့ နိုင်ငံပိုင်စက်ရုံ ၂၈ရုံထဲက တစ်ရုံဖြစ်ပါတယ်။
မြစ်သာရေလှောင်တမံစီမံကိန်းအတွက် ကျပ် ၁၂ ဘီလီယံ ထပ်မံတောင်းခံထားတာကိုလည်း ဘက်ဂျက်စည်းကမ်းနဲ့ မညီတဲ့အတွက် မပေးသင့်ဘူးလို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
.
RFA News 2017-11-07
.
.
.
ဒေါ်အောင်ဆန်းစုကြည် ၏ နောက်ထပ် အောင်ပွဲတခု
===================================
ဂျပန် ၀န်ကြီးချုပ် ရှင်တာရို အာဘေး မှ မြန်မာနိုင်ငံ၏ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အတွက် အမေရိကန် ဒေါ်လာ သန်း တထောင်၊ အတိအကျ ဆိုရက ၁.၀၃ ဘီလီယံ အကူအညီပေးဖို့ ကတိပြုလိုက်ပြီ ဖြစ်ပါတယ်။
မနီလာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးစဉ်အတွင်း အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ယင်းသည်ကား ဂျပန်မှ ငါးနှစ်အတွင်း ပေးသွားမယ့် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၇.၇၃ ဘီလီယံရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
အဆိုပါ ထောက်ပံ့ငွေ များကို မဆိုသလောက်သော အတိုးနှုန်း နဲ့ ချေးငှားခြင်း ဖြစ်ပြီး ရန်ကုန်-မန္တလေး မီးရထားလမ်း အပြင် အခြား အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ ကျေးလက်နေ ပြည်သူများရဲ့ ၀င်ငွေ တိုးမြှင့်ပေးမည့် လုပ်ငန်းများ တည်ထောင်ပေးရန် အသေးစား ငွေချေး ကုမ္ပဏီများကို ငွေကြေး အကူအညီပေးခြင်းတို့မှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ထို့အပြင် ဂျပန်ရဲ့ အစိုးရ နှင့် ပုဂ္ဂလိက ပိုင်းမှလည်း နိုင်ငံရဲ့ ဒီမိုကရေင်္စီ ဖြစ်ထွန်းလာမှုနဲ့ အတူ ပေါ်ပေါက်လာနေတဲ့ စိမ်ခေါ်မှုများကို ကျော်လွှားနိုင်ရေး အတွက် အစွမ်းကုန် ကူညီသွားမယ်လို့ အာဘေးက ပြောကြားခဲ့ပါတယ်။
ယင်းသည်ကား မဲခေါင်မြစ်ဝှမ်း အတွင်း တရုတ်ရဲ့ သြဇာ နယ်ပါယ် ချဲ့ထွင်လာနေခြင်းကို တန်ပြန်မယ့် ဂျပန်ရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ဒေါ်နယ်ထရန့် က လည်း အရှေ့အာရှ နိုင်ငံများရဲ့ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်လာတဲ့ ခေါင်းဆောင်များနဲ့ တံခါးပိတ် ညစာ စားပွဲမှာ ရခိုင်ဒေသတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ ကျုးလွန်ခဲ့သော ပြစ်မှုများ တာဝန်ခံမှု ရှိရေး နဲ့ ဒူက္ခသည်များ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ခွင့် ရရေး ကြိုးပမ်းနေမှုများကို ထောက်ခံသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
ယင်းသည်ကား ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အရေး အတွက် ဒေါ်နယ်ထရန့် ပါးစပ်မှ ပထမဆုံး အကြိမ် ထွက်ပေါ်လာခြင်းလည်း ဖြစ်ပြီး ကွန်ဂရက် က တောင်းဆိုနေသလို စီးပွားရေး ဒဏ်ခတ်ဖို့ ထည့်သွင်း ပြောဆိုသွားခြင်း မရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။
၎င်း၏ နိုင်ငံခြားရေး ၀န်ကြီး ဖြစ်သူ ရက်စ် တီလာဆန် သည်လည်း မြန်မာနိုင်ငံသို့ ဒီနေ့တွင် ရောက်ရှိလာဖို့ ရှီနေပါတယ်။
ယင်း ဖြစ်ရပ်များက သူ့အလိုလို ဖြစ်ပေါ်လာခြင်း မဟုတ်ပဲ နိုင်ငံခြားရေး မူဝါဒ ကို ပါးနပ်စွာ ရွှေ့လျား ကိုင်တွယ် သွား နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကြောင့်ဆိုတာ သိသာ ထင်ရှားလှပါတယ်။
ယခုလို ထိတ်ထိတ်ကျဲ နိုင်ငံကြီးများ ဖြစ်တဲ့ တရုတ်၊ ရုရှား၊ ဂျပန် နဲ့ အိန္ဒိယ တို့က မြန်မာဖက်မှ အခိုင်အမာ ရှိနေပြီ ဖြစ်တဲ့ အတွက် အနောက်အုပ်စုမှ လူ့အခွင့်အရေး ကိစ္စများနဲ့ ၀င်ရောက် ဖိအားပေးလာကြမယ့် အရေးကို ဟန့်တားနိုင်ခဲ့တာလည်း ဖြစ်ပါတော့တယ်။
ကိုးကား၊ ။ Japan Times / CNN


မိမိမှတ်ချက်။...
အစိုးရကတော့ စစ္စတပ်အယ်ရာ System Error ဖြစ်နေတော့ ရှေ့သိပ်မတက်နိုင်ဘူး။ လူတွေလဲလို့လဲမရ..အင်ဂျင်နီးယာ ဆိုတော့ သတိရတုန်း ဖောဝပ်လုပ်လိုက်ပါတယ်။ တစ်ပြည်လုံးမှာ အလုပ်မရှိစက်ရုံဝန်ထမ်း ၄သောင်းကနေ ၄နှစ်အတွင် ၂၇၀၀၀ ပဲ ကျန်တော့တယ် တဲ့။ စက်ရုံ သန့်ရှင်းရေးပဲလုပ် သင်တန်းတက် လုပ်နေကြတယ်။ တစ်လ၂သိန်း လစာနဲ့ဆိုရင် တစ်နှစ်ကို ၆၄ဘီလျံကျပ် နဲ့ကြွေးမွေးထားရတယ်။ လျှပ်စစ်ဓါတ်အားလဲ တယူနစ်ထုတ်တိုင်း ၃၀ကျပ် ရှုံးတယ် ဆိုတော့ တစ်နှစ်ကို ဘီလျံ ၅၀၀ ကျော် ၀ိုင်းဝန်းစားသောက်သုံးစွဲနေကြတယ်။ ကျေးလက်ဖွံ့ဖြိုးရေးဌာနကလဲ ကျောင်း၊ဆေးခန်းဆောက်၊ လမ်းဖောက် မီးလင်းဖို့ ဇီးသီးဗန်းတွေအများကြီးပဲ။ လ.၀.က၊ က.ည.န၊ စည်ပင်၊ အခွန်ဦးစီးမှုး တွေကလဲ ပြည်သူ့ထံက ၀န်ဆောင်ခတွေ အမြောက်အများ ယူနေတုံးပါပဲ။ အလုပ်လုပ်တဲ့လူ အဆက်သွယ်ကောင်းရင် ပွပေါက်တွေ ရှိနေဆဲပါပဲ။ အရင်တစ်ပါတ်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ရွှေတူးလုပ်ငန်း ဖက်စပ်လုပ်ဖို့ဖိတ်ခေါ်တယ်။ မေးမြန်းကြည့်ရုံနဲ့ စီးပွားဖြစ်မလုပ်နိုင်တဲ့နေရာကို အတင်းလာလုပ်ခိုင်းပြီး အခွန်အရင်ကောက်မဲ့ပုံစံပဲ။ အစိုးရနဲ့တွဲလုပ်တာမှ စိတ်ချရဦးမယ်။.. ဒီလိုပါပဲ..System Error တေ့ဖြးဖြေးတော့ နည်းနည်းလာနေပါပြီ။ လူငယ်ဆိုရင်တော့ ငွေရင်းမရှိရင် လခစားပဲ လုပ်တာကောင်းပါတယ်။ ကိုယ်ပိုင်အလုပ်လုပ်ချင်ရင်တော့ ဂွင်ရှာတဲ့၊ ပွဲစားအလုပ်မျိုးတွေ မလုပ်ပဲ...စားသောက်ကုန်၊ လူသုံးကုန် လုပ်ငန်းကလေးတစ်ခု ကိုယ်နိုင်သလောက် ကိုယ်တိုင်ပဲလုပ်တာပဲ အကောင်းဆုံးပါ။
ဇော်အောင်  .....

No comments:

Post a Comment