ဂျပန်ဆိုတိုင်း အထင်မကြီးကြနဲ့
ကရင်ပြည်နယ်မှာ တည်ဆောက်မဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ဂျပန်နိုင်ငံက Clean coal စက်ရုံတွေကို လေ့လာရေးခရီးစဉ်လွှတ်ခဲ့တယ် ၊နောက်ထပ်လဲ လွှတ်ဖို့ ဂျပန်အစိုးရနဲ့ ကုမ္ပဏီက စီစဉ်နေတယ်သိရပါတယ်
ဒီကိစ္စနဲ့ ပတ်သက်ပြီး Mekong Watch (Hozue/Friends of the Earth Japan) ကပေးပို့ထားတဲ့ ဂျပန် နိုင်ငံတွင်းက စက်ရုံမှာ အသုံးပြုတဲ့ pollution control technology ညစ်ညမ်းမှုထိမ်းချုပ်တဲ့ နည်းပညာနဲ့ ဂျပန်နိုင်ငံပြင်ပစီမံကိန်းတွေမှာ ဂျပန်ကအသုံးပြုနေတဲ့/ အသုံးပြုမဲ့ နည်းပညာကို သုတေသနပြုလုပ်ပြီး နှိုင်းယှဉ်ပြထားတဲ့ ဇယားကို လေ့လာဖို့ မျှဝေလိုက်ပါတယ်။
ဒီဇယားမှာ TTCL ကုမ္ပဏီက ဆောက်ဖို့ အဆိုပြုထားတဲ့ စီမံကိန်း ၂ ခုထဲက မွန်ပြည်နယ်က အံဒင် စီမံကိန်းပါပါတယ်။
ဇယားပါ အဓိကအချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်
# ဂျပန်အစိုးရက ပံ့ပိုးတဲ့ ဂျပန်နိုင်ငံအပြင်က ပြည်ပနိုင်ငံတွေမှာ ဆောက်တဲ့ ကျောက်မီးသွေးစက်ရုံတွေရဲ့ ဆာလဖာဒိုင်အောက်ဆိုဒ် အဆိပ်မှုံများထုတ်လွှတ်မှုဟာ ဂျပန်ပြည်တွင်းက စက်ရုံတွေထက် အဆပေါင်း ၂၅ ဆ များပါတယ်။
ဥပမာအားဖြင့် ဂျပန်နိုင်ငံ အိုင်ဆိုဂို စက်ရုံ ၂ ခုရဲ့ဆာလဖာဒိုင်အောက်ဆိုဒ် အဆိပ်မှုံထုတ်လွှတ်မှုပမာဏကို အမှုံတသန်းမှာ ၁၀ ပိုင်းသာပါပြီး ဂျပန်ကပံ့ပိုးတဲ့ ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုစက်ရုံရဲ့ထုတ်လွှတ်မှုက အမှုံတသန်းမှာ ၁၂၅ ပိုင်းပါပါတယ်။
# နိုင်ထရိုဂျင်အဆိပ်မှုံ ထိထိရောက်ရောက် လျော့ကျဖို့ ဂျပန်နိုင်ငံက စက်ရုံမှာ selective catalytic reduction (SCR) နည်းပညာလုပ်ငန်းစဉ်ကို အသုံးပြုသော်လည်း ဂျပန်နိုင်ငံပြင်ပ စက်ရုံတွေမှာ ထိရောက်မှုအားနည်းတဲ့ Low Nitrogen oxide Burners (LNB) ကိုသာ အသုံးပြုပါတယ်။
၂၀၀၂ ကစတင်လည်ပတ်တဲ့ ဂျပန်နိုင်ငံ ဟီကီနန် ၅ စက်ရုံမှာ နိုက်ထရိုဂျင်အောက်ဆိုဒ် အဆိပ်မှုံထုတ်လွှတ်မှုကို အမှုံတသန်းမှာ ၁၅ ပိုင်းသာ ထုတ်လွှတ်ဖို့ သတ်မှတ်ထားပါတယ်။
သိုသော် ၂၀၁၃ မှာမှ စတင်လည်ပတ်တဲ့ ဂျပန်နိုင်ငံက ငွေကြေးပံ့ပိုးထားတဲ့ ဗီယက်နမ်နိုင်ငံက ဟိုင်ဖောင် ၂ စက်ရုံရဲ့ မှာ နိုက်ထရိုဂျင်အောက်ဆိုဒ် အဆိပ်မှုံထုတ်လွှတ်မှုဟာ အမှုံတသန်းမှာ ၄၃၅ ပိုင်း တနည်းအားဖြင့် ဂျပန်နိုင်ငံထဲမှာရှိတဲ့ ၂၀၀၂ ကတည်းက စက်ရုံရဲ့ ထုတ်လွှတ်မှုထက် ၂၉ ဆ များနေတာတွေ့ရပါတယ်။
ဂျပန်နိုင်ငံ ဟီကီနန် ၅ စက်ရုံမှာ particulate matter ညစ်ညမ်းမှုံများထုတ်လွှတ်မှုကို သာမာန်တစ်ကုဗမီတာမှာ ၅ မီလီဂရမ်သာ ခွင့်ပြုထားပြီး ဗီယက်နမ်နိုင်ငံက ဟိုင်ဖောင် ၂ စက်ရုံမှာတော့ ၂၀၀ မီလီဂရမ် တနည်းအားဖြင့် ဂျပန်စက်ရုံရဲ့ အဆ ၄၀ ခွင့်ပြုထားတာတွေ့ရပါတယ်။
ဒီသုတေသနတွေရှိချက်တွေကို ကြည့်ရင် ဂျပန်နိုင်ငံရဲ့ အဆင့်မြင့်နည်းပညာတွေဟာ ကုန်ကျစားရိတ်မြင့်မားတဲ့အတွက် ပြည်ပနိုင်ငံတွေ မသုံးတာ သို့မဟုတ် မသုံးနိုင်တာကို တွေ့ရပါတယ်။
ဒါကြောင့်မို့ ဂျပန်အစိုးရနဲ့ ကုမ္ပဏီတွေဟာ ကရင်ပြည်နယ်ဒေသခံတွေကို ဂျပန်နိုင်ငံထဲမှာရှိနေတဲ့ ကျောက်မီးသွေးစက်ရုံတွေကိုပဲမပြပဲ ဂျပန်နိုင်ငံပြင်ပ အခြားနိုင်ငံတွေမှာ ဂျပန်ကရင်းနှီးမြှုတ်နှံထားတဲ့ ကျောက်မီးသွေးစက်ရုံတွေကို ပြသင့်ပါတယ်။
ဂျပန်နိုင်ငံက ပြည်ပနိုင်ငံတွေမှာ အဆင့်နိမ့်နည်းပညာပဲ သုံးတဲ့အကြောင်းနဲ့ အဲဒီအတွက် ထိခိုက်မှု အထောက်အထားတွေရှိကြောင်းကို ဂျပန်က ၁၀၀ % ပံ့ပိုးထားတဲ့ အင်ဒိုနီးရှား နိုင်ငံ ဂျပ်ပရာ ၂ ၊ တန်ဂျွန်း ဂျတီ ( ဘီ ) စက်ရုံ ၃ နဲ့ ၄ ကြောင့်ထိခိုက်မှုတွေကို မှတ်တမ်းပြုစုထားတဲ့ ပူးတွဲပါ ပုံတွေကို ကြည့်လို့ရပါတယ်။
ပူးတွဲပါ ဇယားကိုကြည့်ရင် မွန်ပြည်နယ် အံဒင်အတွက် အဆိုပြုထားတဲ့ နည်းပညာဟာ အင်ဒိုနီးရှား နိုင်ငံ ဂျပ်ပရာ ၂ စက်ရုံရဲ့ နည်းပညာနဲ့အတူတူ သို့မဟုတ် သူ့ထက်နိမ့်တာတွေ့ရပါတယ်။
အဲဒီအတွက် TTCL က မွန်နဲ့ ကရင်ပြည်နယ်တွေမှာ လုပ်မဲ့ စက်ရုံတွေဟာ အင်ဒိုနီးရှား နိုင်ငံ ဂျပ်ပရာ ၂ စက်ရုံကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေအတိုင်းဖြစ်မယ် သို့မဟုတ် ပိုဆိုးနိုင်မယ် ဆိုတာကို ဖော်ပြနေပါတယ်။
# ညစ်ညမ်းမှုထိမ်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရ / ကုမ္ပဏီ / အင်ဂျင်နီယာများဟာ ဘယ်နည်းပညာကို သုံးမယ်ဆိုတာ ဒေသခံနိုင်ငံရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းကိုပဲ အခြေခံဆုံးဖြတ်ပါတယ်။
မွန်ပြည်နယ်မှာ ဆောက်ဖို့ ရည်ရွယ်ထားတဲ့ စက်ရုံအတွက် ဖြစ်နိုင်ချေ အကြို စမ်းစစ်ချက်အစီရင်ခံစာ စာမျက်နှာ ၅၁ မှာ clean coal နည်းပညာကောင်းကြောင်းတွေ ဂုဏ်ယူစွာ ပြောထားပါတယ်။
ဒါပေမဲ့ စာမျက်နှာ ၅၅ မှာ မြန်မာနိုင်ငံအတွက်မှာတော့ ပြည်တွင်းဥပဒေများနဲ့ သဘာဝပတ်ဝန်းကျင်သက်ရောက်မှုများနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေအပေါ် အခြေခံပြီး လိုက်နာရမဲ့ စံတွေ သတ်မှတ်မယ် ဆိုပါတယ်။
အဲဒီအတွက် " ဂျပန်ပြည်တွင်းမှာ သုံးတဲ့အဆင့်မြင့်နည်းပညာတွေ စံသတ်မှတ်ချက်တွေကို ဂျပန်နိုင်ငံပြင်ပမှာ ဆောက်မဲ့ စက်ရုံတွေအတွက် အသုံးပြုဖို့ မရှိတာတွေ့ရပါတယ် ။"
မွန်ပြည်နယ်မှာ ဆောက်ဖို့ ရည်ရွယ်ထားတဲ့ စက်ရုံအတွက် ဖြစ်နိုင်ချေ အကြို စမ်းစစ်ချက်အစီရင်ခံစာ link ပါ။
http://www.meti.go.jp/meti_lib/report/2015fy/000290.pdf
http://www.meti.go.jp/meti_lib/report/2015fy/000290.pdf
# JBIC ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လမ်းညွုန်ချက်မှာ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံရဲ့ စံတွေကို နိုင်ငံတကာ သတ်မှတ်စံနှုန်းတွေ ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီအောင် ဆောင်ရွက်ပေးရမယ် ဆိုပါတယ်။ ( တနည်းအားဖြင့် လက်တွေ့မှာ အဆင့်နိမ့်တဲ့ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံရဲ့ စံတွေကိုသာ အသုံးပြုပြီး နိုင်ငံတကာစံတွေနဲ့ ညီအောင်မလုပ်နေတဲ့အတွက် JBIC ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လမ်းညွုန်ချက်တွေကို ချိုးဖောက်နေတာကို တွေ့ရပါတယ်။
# Dirty Coal report http://www.kikonet.org/…/upl…/2015/04/Dirty-Coal-JBIC_EN.pdf သုတေသနတွေ့ရှိချက်များအရ နည်းပညာအဆင့်အတန်းကို ကြည့်မယ်ဆိုရင် ဂျပန်ရဲ့ နည်းပညာတွေက တရုတ်နည်းပညာနဲ့ ကွာခြားမှုမရှိပဲ ဂျပန်ရဲနည်းပညာက ကမ္ဘာအဆင့်နဲ့ နှိုင်းစာရင် ပျမ်းမျှအောက် လျော့နေတာ တွေ့ရပါတယ်။
အနှစ်ချုပ်ရရင်တော့
ဂျပန်အစိုးရနဲ့ ကုမ္ပဏီအနေနဲ့ မြန်မာအစိုးရ နဲ့ ဒေသခံတွေကို လေ့လာရေးပို့မယ်ဆိုရင် အင်ဒိုနီးရှား ဖိလစ်ပိုင်နဲ့ ဗီယက်နမ်က ဂျပန်ပံ့ပိုးမှုနဲ့ ဆောက်ထားတဲ့ စက်ရုံတွေကို လေ့လာဖို့ စီစဉ်ပေးသင့်ပါတယ်
လေ့လာရေးခရီးစဉ်မှာ
- စက်ရုံတွေမှာ အမှန်တကယ် အသုံးပြုတဲ့ နည်းပညာတွေ
- စက်ရုံကြောင့် ဒေသတဝိုက်အပေါ် အမှန်တကယ် သက်ရောက်မှုတွေ
- ပမာဏကြီးမားတဲ့ ကျောက်မီးသွေးများကို နှစ်ပေါင်းများစွာ သယ်ယူ / သိုလှောင် / စွန့်ပစ်တာ တွေရဲ့ သက်ရောက်မှုတွေ
ဥပမာ ၁၂၈၀ MW အတွက် တနှစ်ကို ကျောက်မီးသွေး တန် ၄ သန်းပြည်ပက တင်သွင်းပြီး ကရင်ပြည်နယ်ကို ပို့ဆောင်ရမှာပါ။ နှစ် ၄၀ ဆို တန် သန်း ၁၆၀ ရှိပါမယ်။ ဒီပမာဏကို ဘယ်က ဝယ်မလဲ ၊ ဘယ်လိုသယ်မလဲ၊ ဘယ်လို သိုလှောင်မလဲ၊ တန်သန်း၁၆၀ ကထွက်လာတဲ့ စွန့်ပစ်ပြာတွေ ဘယ်နေရာမှာ ဘယ်လို့ စွန့်မလဲ၊ ဘယ်သူတွေက စောင့်ကြည့် ကြီးကြပ်ထိမ်းသိမ်းမလဲ စတာတွေ။
- စက်ရုံအတွက် ရေချိုဂါလံ သန်းပေါင်းများစွာသုံးစွဲတဲ့အတွက် ရေအရင်းအမြစ်အပေါ်သက်ရောက်မှုတွေ
ဥပမာ ကျောက်မီးသွေးတတန်အတွက် ရေချိုဘယ်လောက်သုံးမလဲ ၊ တနှစ် တန် ၄ သန်း နှစ်ပေါင်း ၄၀ တန် သန်း ၁၆၀ အတွက် ရေချို ဘယ်လောက်ကုန်မလဲ၊ ဘယ်ကရမလဲ ။ ဒေသခံတွေအတွက် သောက်ရေ သုံးရေ စိုက်ပျိုးရေး မွေးမြူရေးအတွက် နှစ် ၄၀ ရေချိုလုံလောက်အောင် ဘာစဉ်းစားစီမံထားလဲ
စတာတွေကို အစိုးရရော ဒေသခံပါ လေ့လာဖို့ စီစဉ်သင့်ကြောင်း အကြံပြုလိုပါတယ်။
- စက်ရုံတွေမှာ အမှန်တကယ် အသုံးပြုတဲ့ နည်းပညာတွေ
- စက်ရုံကြောင့် ဒေသတဝိုက်အပေါ် အမှန်တကယ် သက်ရောက်မှုတွေ
- ပမာဏကြီးမားတဲ့ ကျောက်မီးသွေးများကို နှစ်ပေါင်းများစွာ သယ်ယူ / သိုလှောင် / စွန့်ပစ်တာ တွေရဲ့ သက်ရောက်မှုတွေ
ဥပမာ ၁၂၈၀ MW အတွက် တနှစ်ကို ကျောက်မီးသွေး တန် ၄ သန်းပြည်ပက တင်သွင်းပြီး ကရင်ပြည်နယ်ကို ပို့ဆောင်ရမှာပါ။ နှစ် ၄၀ ဆို တန် သန်း ၁၆၀ ရှိပါမယ်။ ဒီပမာဏကို ဘယ်က ဝယ်မလဲ ၊ ဘယ်လိုသယ်မလဲ၊ ဘယ်လို သိုလှောင်မလဲ၊ တန်သန်း၁၆၀ ကထွက်လာတဲ့ စွန့်ပစ်ပြာတွေ ဘယ်နေရာမှာ ဘယ်လို့ စွန့်မလဲ၊ ဘယ်သူတွေက စောင့်ကြည့် ကြီးကြပ်ထိမ်းသိမ်းမလဲ စတာတွေ။
- စက်ရုံအတွက် ရေချိုဂါလံ သန်းပေါင်းများစွာသုံးစွဲတဲ့အတွက် ရေအရင်းအမြစ်အပေါ်သက်ရောက်မှုတွေ
ဥပမာ ကျောက်မီးသွေးတတန်အတွက် ရေချိုဘယ်လောက်သုံးမလဲ ၊ တနှစ် တန် ၄ သန်း နှစ်ပေါင်း ၄၀ တန် သန်း ၁၆၀ အတွက် ရေချို ဘယ်လောက်ကုန်မလဲ၊ ဘယ်ကရမလဲ ။ ဒေသခံတွေအတွက် သောက်ရေ သုံးရေ စိုက်ပျိုးရေး မွေးမြူရေးအတွက် နှစ် ၄၀ ရေချိုလုံလောက်အောင် ဘာစဉ်းစားစီမံထားလဲ
စတာတွေကို အစိုးရရော ဒေသခံပါ လေ့လာဖို့ စီစဉ်သင့်ကြောင်း အကြံပြုလိုပါတယ်။
Dr. Kyaw Thu
Credit to Dr. Kyaw Thu
Credit to Dr. Kyaw Thu
No comments:
Post a Comment