Monday, January 28, 2019

RSE, PE လက်မှတ်ရအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာကောင်စီ


RSE, PE လက်မှတ်ရအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာကောင်စီ ကျနော် စင်ကာပူမှာ အလုပ်လုပ်တုန်းက သက်ဆိုင်ရာကဏ္ဍတွေမှာ PE လက်မှတ်ရထားသူက Drawing Approve လုပ်ဖို့ လက်မှတ်ထိုး၊ တုံးထု ပြီး တရွက်ကို ဒေါ်လာဘယ်လောက ဆိုပြီး စာရွက်တိုင်းကို တုံးထုခ ယူပါတယ်။ သူမနှစ်သက်ရင် ပြန်ပြင်ဖို့ PDF file ကိုပဲ ကွန်ပြူတာနဲ့ မှတ်ချက်တွေရေး၊ ဟိုဆွဲသည်ဆွဲ လုပ်ပြီး အီးမေးနဲ့ ပြန်ပို့ပါတယ်။ ကျနော်တို့က ပြန်ပြင်ရပါတယ်။ .. PE က သူအတည်ပြု လက်မှတ်ထိုးလိုက်တဲ့ ဆောက်လုပ်ရေး လမ်းတံတား၊ အဆောက်အဦ၊ စက်မှု ဘွိုင်လာ၊ ဓါတ်လှေခါး၊ လျှပ်စစ် ထရန်စဖွန်မာ၊ ဂျင်နရေတာ၊ Fire System, SCADA system , Lighting System စတဲ့ Drawing ပုံဒီဇိုင်းများကို ဖတ်မှတ်ပြီး အတည်ပြုလက်မှတ် ထိုးရပါတယ်။
.
PE အတည်ပြုတဲ့အတိုင်း လုပ်ငန်းပိုင်ရှင်က တပ်ဆင်၊ ဆောက်လုပ်ရပါတယ်။ တခုခု မှားရင် P.E ဆီကို အဆုံးအဖြတ် Drawing ပြင်သင့်ရင် ပြင်၊ လက်မှတ် အသစ်ပြန်ထိုးရပြန်ပါတယ်။ လက်မှတ်ထိုးတိုင်း ငွေပေးရပါတယ်။
.
မြန်မာပြည်မှာတော့ P.E ဆိုတာ ဘာမှ ရေရာစွာ မလုပ်နိုင်သေးပါဘူး။ နိုင်ငံခြားက တတ်ကြွမ်းတဲ့ မြန်မာအင်ဂျင်နီယာများကို လည်း ထိုင်ခုံ ပြသနာကြောင့် အ၀င်မခံချင်ပါဘူး။
.
.
ဒါပေမဲ့
.
အလွန်ကြီးမားတဲ့ Offshore Projects, Shwe Gas Pipeline, Copper Mine, Power Plants, စတဲ့ အဆောက်အဦးကြီးများကိုတော့ နိုင်ငံခြားကုမဏီ ကြီးများကပဲ တာဝန်ခံ ဆောက်လုပ်တယ်။ P.E က Drawing စစ်ဆေးရင် ရူးသွားနိုင်တယ်။ အလားတူTelenor, Mytel, Ooredoo, Mpt စတဲ့ ဆက်သွယ်ရေး ကုမဏီကြီးများရဲ့ လုပ်ငန်း Drawing ပုံဒီဇိုင်းကို မြန်မာ P.E စစ်ဆေးလို့ မဖြစ်နိုင်ပါဘူး။ P.E Communication မရှိသေးပါဘူး။ P.E Electronic ကလဲ ဘာမှ မလုပ်နိုင်ပါဘူး
.
.
ဒီတော့

မြန်မာ P.E တွေ လက်ရှိ ဘာလုပ်နေသလဲ ဆိုတော့ AGTI အဆင့်မဟုတ်သူတောင် ဆောက်နိုင်တဲ့ ကျောင်း၊ ဆေးခန်း၊ လမ်း၊ တံတားလေးတွေကို လက်မှတ်လိုက်ထိုး နေရတတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့။ စခါစ ဆိုတော့ ဒီလိုနဲ့ပဲ စရမှာ ဖြစ်ပါတယ်။
.
.
နောက်ဆုံး

ကျနော်တို့ P.E ရွေးချယ်ရေး အဖွဲ့က ကိုးရိုးကားယား၊ အင်ဂျင်နီယာကောင်စီ ဥပဒေနဲ့ ဘောင်ဝင်အောင် RSE, PE တွေကို ရွေးချယ်ရပါတော့တယ်။ ဒီတော့လည်း ပုဂိုလ်ခင်ရာပဲ ရွေးကြတယ်။ ပါမောက္ခတိုင်း ၊ ညွန်ချုပ်တိုင်း P.E အတင်းပေးလို့ တချို့ မလုပ်ချင်လို့ ရှောင်ပြေးနေကြတယ်။ ဘယ်လုပ်ချင်စရာ ကောင်းမလဲ။ တနေ့ ကျပ် တသောင်းပဲ ရပြီးတော့ လူတွေကို အရည်အချင်းစစ်နေရတာ၊ အရည်အချင်း ရှိသူတွေကလဲ ..စာမေးပွဲလာမဖြေဘူး။ P.E လက်မှတ်ထိုးပြီး အသက်မွေးမယ် ဆိုသူများပဲ RSE, PE လက်မှတ်တွေ ရအောင် ယူကြတယ်။ ရပြီးလည်း တကယ်လက်မှတ်ထိုးချိန် မှာ ၉၀% RSE, PE တွေက လက်မှတ်ထိုးခွင့် မရှိပါဘူး။
.
.ကိုတင့်လွင် ပို့အောက်မှာ ရေးထားတယ်
https://www.facebook.com/groups/173723859950012/permalink/300560250599705/
.

ကျနော့် ဝေါ မှာလဲ သက်မွေးပညာနဲ့မိုက်ကယ်ဖာရာဒေး အကြောင်း ရေးထားပါတယ်။ 
https://www.facebook.com/myanmarjobstudent/posts/10156307447078472
.
မြန်မာပြည် MEngC PE flow chart မှာတော့ AGTI လည်း PE ဖြေခွင့်ရှိပေမဲ့ တယောက်မှ မပေးသေးဘူး ဆိုပဲ..
. . .
သုံးသပ်ရရင်တော့
.
တလောက် အင်ဂျင်နီယာကောင်းစီ ၆၀ဦး ရွေးကောက်တော့ ဥပဒေအဟောင်းက သိပ်မစွံတော့ အသစ်ပြဌာန်းလိုက်တယ်။ ထုံးစံအတိုင်း ဆူညံနေကြတယ်။
.
နောက်တဖန် AGTI ဒီပလိုမာ သမားတွေက သူတို့ကို ခွဲခြားတယ် ပြောပြီး ဆူပူကြပြန်တယ်။
.
၂၀၁၆ တုန်းက လူလိမ်တင်ထွန်း ဆိုသူကို ၁၀တန်းမအောင်ပေမဲ့ (ကွယ်လွန်သူ) ၀ါရင့်အင်ဂျင်နီယာကြီး တစ်ဦးနဲ့ အဖွဲ့က P.E ပေးလိုက်တယ်။ နောက် အဲဒီလူလိမ် တင်ထွန်းက အာစီယံပီအီး၊ ကျနော်တို့ YTU (RIT) မှာ ဧည့်ပါမောခ ဖြစ်လာပြီး၊ စီမံကိန်းများစွာကို အခြေခံပညာမတတ်ပဲ လက်မှတ်ထိုး လိမ်စားနေတာ မိသွားပေမဲ့ အဲဒီလူလိမ်ကို အရေးမယူရဲဘူး။ လမ်မဲကြီးတွေ နောက်ကွယ်မှာ ရှိတယ် ပြောကြတယ်။
.
ဒါနဲ့ပဲ P.E ရထားသူတွေ အရည်အချင်းမရှိ၊ ၁၀တန်း ကျူရှင်ပဲ ပြစားနေတဲ့လူ၊ အသက်အလွန်ငယ်ရွယ်သူ စသဖြင့် PE လက်မှတ် ရထားတာတွေ ဆူညံလာတယ်။ P.E ရပြီးရင် နှစ်စဉ် စာတမ်းတစ်စောင်၊ စာအုပ်တစ်အုပ် စသဖြင့် ပြုစုရမယ် ဆိုတဲ့ လမ်းညွန်ချက် မရှိ။ P.E လက်မှတ်ကိုင်ပြီး အီလက်ထရွန်းနစ် တင်ဒါ ဆိုရင် Ec P.E လက်မှတ်ထိုးရမယ်၊ Civil, Road/Bridge တင်ဒါဆိုရင် P.E လက်မှတ်ထိုးရမယ်၊ စက်မှု P.E တော့ ဘာ တင်ဒါတွေ ထိုးသလဲ မသိရ။
. တကယ်တော့ Engineer Council က လူကြီးတွေခမြာ အကောင်းဆုံး လုပ်နေပေမဲ့ ယိုယွင်းနေတဲ့ စနစ်ဆိုးကြီးကြောင့် ဆူပူမှုဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ အလွန် သနားစရာ ကောင်းတာကတော့ လစာလဲ မရပဲ မြန်မာပြည် အင်ဂျင်နီယာလောက ပညာရပ်ဆိုင်ရာ တိုးတက်အောင် လုပ်နေကြတဲ့ စီနီယာ ၀ါရင် အင်ဂျင်နီယာကြီးများ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ပါစေ၊ အင်ဂျင်နီယာများ စိတ်ထား ကောင်းကြမယ် ဆိုရင် မြန်မာနိုင်ငံ တိုးတက်မှု မြန်ဆန်မှာ ဖြစ်ပါတယ်။ . မြန်မာအင်ဂျင်နီယာကောင်စီ ပြုလုပ်တဲ့ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဥပဒေများမှာ ကိုယ်ကျိုးစီးပွား ပါဝင်မှာတော့ မလွဲဧကန် ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာအသင်း၊ မြန်မာအင်ဂျင်နီယာကောင်စီ၊ အခု အရည်အသွေးစစ်ဆေးရေး စသဖြင့် မြန်မာပြည်မှာ ဖြစ်နေတဲ့အတိုင်း လူတစ်စု လက်ဝါးအုပ်ဖို့ ကြိုးစားနေကြတာ ခေတ်ကာလရဲ့ ပြယုတ်ဖြစ်ပါတယ်။ . ဒီ လူနဲ့မူ ပြသနာကတော့ ဆက်လက် ရှိနေဥိးမှာပဲ ဖြစ်ပါတယ်။ အမြင့်ဆုံးသော မြန်မာပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ က အစ တပ်မတော်က ၂၅% နေရာယူထားသလို၊ အဖွဲ့အစည်း၊ အစိုးရဌာန အသီးသီးမျာလည်း အလားတူ ပဲ ဖြစ်ပါတယ်။ အခု သမ္မတဦးဝင်းမြင့် လက်ထက်မှာ တပ်မတော်နဲ့ အစိုးရ နားလည်မှု ရှိလာပြီး၊ အဂတိများ ( တနည်းပြောရရင် ..COI Conflict of Interest ကိုယ်ကျိုးစီးပွား) ကို စတင် အရေးယူနေချိန်မှာ.. အင်ဂျင်နီယာလောက ပညာရှင်များလည်း စိတ်နှလုံးကောင်းများ ထားနိုင်ကြပါစေ။ . ဇော်အောင် (M Zaw Aung) Website: http://www.myanmarengc.org/ Facebook: https://www.facebook.com/Myanmar-Engineering-Council-596849123795862/ Date: 28.1.2019

No comments:

Post a Comment