Tuesday, January 22, 2019

မီးစက်တလုံးပျက်သွားရင်...Ship Electrician &, CE


မီးစက်တလုံးပျက်သွားရင်

မီးစက်တလုံးပျက်သွားရင်သဘောင်္သွားလို့ရပါသလား။
ဘယ်သူမှမသိရင်ရနိုင်ပါတယ်။ ဘယ်သူမှမသိရင်ဆိုတာကြိတ်ပြီးပြင်နေတာမျိုးကိုပါ။ ကုမ္ပဏီကလည်း class တို့ ဆိုက်ရောက်မဲ့ဆိပ်ကမ်းတို့မှာအသိမပေးတာမျိုးပါ။
သွားလို့ရမရက သဘောင်္အမျိုးအစားပေါ်မူတည်နိုင်သလို၊ အခြေအနေ အချိန်အခါနဲ့ အတိုင်းအတာပေါ်မူတည်ပါသေးတယ်။

ဥပမာ အအေးခန်းသဘောင်္လို၊ Reefer container လိုမျိုးဆိုရင် cargo operations အတွက် မီးစက်က power တွေလိုနေပါတယ်။ သို့သော်လည်း Reefer container တွေမတင်တော့တဲ့အခါမျိုးမှာမီးစက်ကပျက်တယ်ဆိုပါဆို့၊ ပြင်ဖို့ spare parts တွေကလိုနေတယ်ဆိုရင် သဘောင်္က chief engကနေ load analysis ကို update လုပ်ပြီး class ကိုတင်ပြပြီးယာယီ approval ရယူကာ နောက်ဆိပ်ကမ်းကို သွားလို့ရနိုင်တဲ့အခွင့်အရေးရှိနိုင်ပါတယ်။ တခြားစဉ်းစားရမယ့်အချက်တွေလည်းရှိပါတယ်။ လိုက်နာရမယ့်စည်းကမ်းနဲ့ဆိုင်သလို၊ Surveyor ရဲ့ တင်းကျပ်မှုနဲလည်းဆိုင်ပါတယ်။

ပင်လယ်ပြင်မှာသွားဖို့အတွက် ရှိနေရမယ့် မီးစက်အရေအတွက်နဲ့ သူ့ရဲ့capacityလိုအပ်ချက်ကြို သဘောင်္ classတွေမှပြဌာန်းထားတာရှိပါတယ်။ Primary essential services၊ Secondary Essential Service တွေ နဲ့ Minimum Comfortable Condition of Habitability (MCCH) တွေဆိုတဲ့ electrical loads တွေကို အပိုထားထားတဲ့မီးစက်မပါပဲ ကျန်တဲ့မီးစက်တွေကနေ အခြေနေအားလုံးမှာလုံလောက်စွာပေးနိုင်ရပါမယ်။ ဆိုလိုတာကတော့ ပင်လယ်ပြင်မှာသွားပြီဆိုရင် မီးစက်တလုံးအမြဲအပိုရှိနေရပါမယ်။ ( အခြေအနေ-ကမ်းဝင်၊ကမ်းထွက်၊ကုန်တင်၊ကုန်ချ၊ ပင်လယ်သွား၊ကမ်းမှာနဲ့ အရေးပေါ် စသည့်အခြေနေများ)

MCCH ဆိုတာကတော့အရေးမကြီးတဲ့ cooking, heating, domestic refrigeration, mechanical ventilation, sanitary and fresh water တို့ကိုဆိုလိုတာပါ။ SOLAS သဘောင်္ဆိုရင် electrical power ဟာ နာရီဝက်အတွင်းdead ship အခြေနေကနေ propulsion အတွက်လိုအပ်တဲ့ power ရတဲ့အထိလုံလောက်နေရပါမယ်။  ဒါပဲလားဆိုတော့မဟုတ်သေးပါဘူးတဲ့။ သဘောင်္မှာ Special Notation တွေပါနေရင် သူ့တို့အတွက်ပါထည့်စဉ်းစားရပါမယ်တဲ့။

နဲနဲလေးပိုမြင်ရအောင် လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်တော် စစ်ဆေးပြီး ယာယီအတည်ပြုခဲ့တဲ့ ဒီဇိုင်းလေးတခုကိုမျှဝေပါမယ်။

ကမ္ဘာ့နာမည်ကြီး ဒိန်းမတ် container သင်္ဘောကုမ္ပဏီ က အအေးခန်းသေတ္တာတွေတင်လာတဲ့ သဘောင်္တစီးဟာ မီးစက်တလုံးပျက်ပါတယိ။ ပြင်ဖို့ ပစ္စည်းတွေမှာထားချိန်မှာ သဘောင်္ကိုမရပ်ထားချင်လို့ ကျွန်တော့်ကိုအကြောင်းကြား ဒီဇိုင်းသက်သေပြုပေးဖို့ ပြောပါတယ်။ ကျွန်တော်ကလည်းလိုအပ်ချက်တွေပြောပြပြီး နောက်ဆိပ်ကမ်းရောက်ရင်ပြင်ရမှာဖြစ်ကြောင်း approval မှာထည့်ရေးပေးပါတယ်။ နောက်တလလောက်ကြာတော့ surveyor ကဖုန်းဆက်လာပါတယ်။ သဘောင်္ဟာ ဒီဆိပ်ကမ်းကနေမပြင်ပဲပေးထွက်နိုင်ဘူးဆိုတာပါ။ အဲဒီတော့မှ သူတို့မပြင်သေးပဲလျောက်သွားနေမှန်းသိတော့တယ်။ surveyor ကခြင့္မျပဳေတာ့ သေဘာၤကမထြက္ရပါဘူး။ ဒါနဲ့ ကျွန်တော်ဆီဆက်သွယ်အကူညီတောင်းပြန်တယ်။ ကြည့်လိုက်တော့ သူတို့သဘောင်္မှာRefrigeration notation ကမပါဘူး။ ဒါကြောင့် ကမ်းဝင်ကမ်းထွက်နဲ့ ပင်လယ်သွားချိန်မှာရှိတဲ့ Load တွေကိုတွက်ချက်ကြည့်လိုက်တော့ အအေးခန်းသေတာတွေမသုံးရင် မီးစက်တလုံးထဲနဲ့လောက်ရုံရပါတယ်။ အဲဒီတော့ သူတို့နဲ့ surveyorကို ဒီသဘောင်္ဟာ Reefer containers တွေမတင်ပဲ၊ အချို့electrical load တွေ့လျော့ရင် မီးစက်တလုံးစာအပိုထွက်လာနိုင်တယ်။ ပင်လယ်ပြင်မှာသွားဖို့ မီးစက်အပိုရလို့ သူတို့ Reefer containerတွေမတင်ရင် နောက်ဆိပ်ကမ်းအထိမောင်းဖို့ မင်းခွင့်ပြုလို့ရတယ်လို့ Surveyor ကိုပြောပြီးပြန်ညှိပေးလိုက်တယ်။

ကျွန်တော်စစ်ဆေးပြီးလုပ်ခိုင်းတဲ့အခြေအနေအချို့ကတော့
-ပျက်တဲ့မီးစက်ရဲ့ လေလိုင်း၊ ဆီလိုင်းတွေ၊ ဆားကစ်ဘရိတ်ကာတွေ၊ Electrical connections အကုန် isolateလုပ်ခိုင်းပါတယ်။
-ယာယီ load balance sheet မှာ ရီဖားloadတွေမပါစေပဲ၊ ကမ်းဝင်ကမ်းထွက် thrusterသုံးချိန်၊ ပင်လယ်မှာသွားချိနိမှာ အထက်ကအရေးကြီးတဲ့ load တွေအားလုံးလုံလောက်ပြီး မီးစက်တလုံးပိုတဲ့အထိတွက်ချက်ပြီး ရီဗြူးလုပ်ဖို့ပြန်တင်ခိုင်ပါတယ်။
-requirements တွေနဲကိုက်ညီတာနဲ့ surveyor ကိုပြောပေးပြီး နောက်ဆိပ်ကမ်းမှာမလွဲမသွေပြင်ဖို့ approval မှာ restrictions တွေ၊ commentsတွေရေးပေးပြီးကူညီခဲ့ပါတယ်။
-နောက်ဆိပ်ကမ်းရောက်လို့ ပြင်ပြီးတော့ ကျွန်တော်ကပုံမှန်ဒီဇိုင်းပြန်အတည်ပြု၊ surveyor ကတက်စစ်ပြီး  ဇတ်လမ်းလေးပြီးသွားပါတယ်။

မှတ်ချက်၊
Essentail  Loads (Primary essential services၊ Secondary Essential Service) တွေ ဟာများသောအားဖြင့်တူတတ်ကြလို့မရှင်းပြတော့ပါဘူး။
အထက်ကလုပ်ခိုင်းတဲ့ နည်းလမ်းကို မီးစက် decommissioning procedures လို့ခေါ်တတ်ပါတယ်

ဆက်စပ်လို့ရအောင် FB မှာ အရင်တခါရေးခဲ့ဖူးသော
"Power Factor မဟုတ်သော ဖက်တာလေးတခု" မှာ load analysis အကြောင်းဖတ်ကြည့်လို့ရပါတယ်။
https://www.facebook.com/1483146204/posts/10216571657392242/

load balance sheets ပုံစံများ;
https://goo.gl/images/PwwRfZ
https://goo.gl/images/dEc3fA
https://goo.gl/images/6L5em3

Technical Guide
http://www.caa.co.za/Airworthiness%20TGM/Electrical%20Load%20Analysis.pdf

Ref: Book
https://apps.dtic.mil/dtic/tr/fulltext/u2/a568950.pdf

ELECTRIC POWER LOAD ANALYSIS (EPLA) FOR SURFACE SHIPS
https://onlinelibrary.wiley.com/doi/abs/10.1002/9781118098844.ch6

LOAD ANALYSIS ရှင်းပြထားပုံ
http://shipmind.net/load-analysis
.
Cred Teo Min fb


No comments:

Post a Comment