Sunday, August 12, 2018

ဒီရေ လျှပ်စစ်ထုတ်ခြင်း . Cost still so high for production

https://m.facebook.com/story.php?story_fbid=10159178747057355&id=590127354
ဒီရေ လျှပ်စစ်ထုတ်ခြင်း
(ကိုဘီလီ ခွင့်ပြုချက်အရ တင်လိုက်ပါတယ်)။
တကမ္ဘာလုံးက ဒီရေအတက်အကျ ပေါ်မူတည်ပြီး လျှပ်စစ်ထုတ်ဖို့ နည်းပညာရှင်တွေ သီအိုရီပြပြီး ကြိုးစားကြပါတယ်။ စီမံကိန်းအကြီးတွေ လုပ်ကြပေမဲ့ လက်တွေ့တော့ လုပ်ရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားသွားကြပါတယ်။

လက်ရှိ ဒီရေလျှပ်စစ် ထုတ်နေတဲ့ ၈ခုကို လေ့လာကြည့်တော့ အားလုံး စီမံကိန်းကြီးတွေလုပ်မယ်ဆိုပြီး အသေးစားလေးတွေနဲ့ စမ်းသပ်ထုတ်ရနေရပါတယ်။ ၁မဂါဝပ် ကနေ ၂မဂါဝပ် ၅လုံး ထုတ်နေပါတယ်။ အသေးစားလေးတွေပါ။ အကြီးစားကတော့
.
* ကနေဒါမှာ Annapolis မှာ ၂၀မဂါဝပ် တစ်လုံး၊
.
* ပြင်သစ် Saint Malo ပင်လယ်အော်မှာ ၂၄၀ မဂါဝပ် တစ်လုံး ( ၂၆ပေ ဒီရေအမြင့်ရှိပြီး၊ ရေတား၂၂.၅ ကီလိုမီတာ ရှည်ပါတယ်။  ယူရို၉၄သန်း ကုန်ကျပြီး ၁၉၆၆မှာ ပြီးစီးပါတယ်။)
.
* တောင်ကိုးရီးယား Sihwa Lake ပင်လယ်အော်မှာ ၂၅၄ မဂါဝပ် တစ်လုံး (၁၆ပေ အမြင့်ဒီရေ။ ရေတား ၃၀ကီလိုမီတာအရှည်၊ ဒေါ်လာ၅၆၀သန်း ကုန်ကျပြီး ၂၀၁၁ မှာပြီးစီးခဲ့ပါတယ်)  တို့ဖြစ်ပါတယ်။
.
.
.
ဘာကြောင့် ဒီရေလျှပ်စစ် စီးပွားဖြစ် ကမ္ဘာမှာ သိပ်မအောင်မြင်ရပါသလဲ
.
၁။ အခုလုပ်နေပြီးတဲ့ ဒီရေလျှပ်စစ်များက ဒီရေအမြင့်ဆုံးအချိန်မှာ ရေကိုသိုလှောင်ထားပြီး ရေအားတာဘိုင်နဲ့ လျှပ်စစ်ထုတ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ Tidal barrage လို့ခေါ်ပါတယ်။ ဒီရေအတက်အကျ မြင့်မားတဲ့ ဒေသတွေမှာ ထုတ်လုပ်ပါတယ်။
.
၂။ နောက်တစ်မျိုးကတော့ လေရဟတ်တာဘိုင် Tidal stream generator အမျိုးအစား ဖြစ်ပါတယ်။ လေတိုက်နှုန်းပေါ်မူတည်ပြီး တာဘိုင်ကွန်ထရိုးလုပ်သလို ဒီရေအတက်အကျ အားအပေါ်မူတည်ပြီး တာဘိုင်ကွန်ထရိုးလုပ်ပါတယ်။ လက်တွေ့မှာ အသေးစားလေးတွေပဲ ထုတ်လုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် (နည်းပညာနဲ့တွက်ချေမကိုက်မှု) အကြီးစားထုတ်ဖို့ ခက်ခဲနေပါတယ်။
.
၃။ တီပုံသဏ္ဍန် ရေကာတာကို ကမ်းရိုးတန်းမှာ ဆောက်ပြီး ဒိုင်နမစ်ဒီရေစွမ်းအား Dynamic tidal power DTP အသုံးချပြီး လျှပ်စစ်ထုတ်ဖို့ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ နယ်သလန် ကမ်းရိုးတန်းအင်ဂျင်နီယာ၂ယောက် Hulsbergen နဲ့ Rob Steijn တို့က မူပိုင်ခွင့်ရရှိထားပြီးဖြစ်ပါတယ်။ DTP နည်းပညာမှာ ဒီရေမြင့်စရာမလိုပေမဲ့ ၃၀ကီလိုမီတာ တံမံတည်ဆောက်ပြီးဖို့ လိုပါတယ်။  ယနေ့အချိန်ထိ သူတို့ရဲ့ မူပိုင်ခွင့်ကို ၀ယ်ပြီး၊ လက်တွေ့ ဒီရေလျှပ်စစ် စက်ရုံ မလုပ်ကြသေးပါဘူး။
.
၎။ စက်ဝိုင်းသဏ္ဍန် ရေတမံကြီးကို တာဘိုင်များထည့်သွင်း တည်ဆောက်ပြီး ဒီရေလျှပ်စစ်ထုတ်နည်းဖြစ်ပါတယ်။ ဘယ်နေရာမဆို ဒီရေမြင့်မားစရာ မလိုပဲ လျှပ်စစ်ထုတ်လုပ်နိုင်ပါတယ်။ ကုန်ကျစရိတ်ကြီးမားလို့ လက်တွေ့ထုတ်မဲ့ကုမဏ္ဍီ မရှိသေးပါဘူး။
.
.
ဒါကြောင့် အမှတ်(၁) ဒီရေမြင့်တဲ့ ဒေသတွေမှာပဲ Liverpool , Bristol bay..England  ကလဲ..ဒီရေ ၂၈ နင့် ၄၂ ပေအထိတက်တဲ့ နေရာများမှာ လုပ်ဖို့ကြိုးစားပေမဲ့ လက်တွေ့အကြီးစားများ မရှိသေးပါ။

တခြားနည်းပညာ (ဥပမာ Patent of Dr. Myint Hlaing) ကိုလည်း စမ်းသပ်ဝံ့သူ ရှိမယ်မထင်ပါဘူး။ ဒါကြောင့် အင်အယ်ဒီ လျှပ်စစ်အဖွဲ့ က ဒေါ်အောင်ဆန်းစုကြည် ကို မဖြစ်နိုင်ဘူး ပြောထားပုံရပါတယ်။ ကျနော် လေ့လာကြည့်သလောက်ကလည်း လုပ်ဝံ့မဲ့သူ၊ ငွေကြေးအကုန်ကျ ခံပြီး စမ်းသပ်ရဲတဲ့ ကုမဏီ (သို့မဟုတ်) အစိုးရအဖွဲ့ မရှိသေးတာကို တွေ့ရပါတယ်။
.
.
မြန်မာနိုင်ငံ
www.tide-forecast.com အချက်အလက်များအရ ဒီရေအမြင့် ၁၅ပေအောက်ပဲ ရှိလို့ ဧရာဝတီတိုင်း၊ အခုလ အေပရယ် ၂၀၁၈ ၊ ပုသိမ်မှာလဲ အမြင့်ဆုံးက ၅ပေ၊ ရန်ကုန်တိုင်းမှာ ၁၂ပေရှိပါတယ်။ တနှစ်လုံး အချက်လက်တွေတော့ မသိရပါဘူး။
.
.
ဒါကြောင့် ဒေါက်တာလှိုင်မြင့် မူပိုင်ခွင့်နဲ့တင်ပြထားတဲ့  ဒီရေလျှပ်စစ်ကိုတော့ လက်ရှိအစိုးရမှ မလုပ်ကိုင်လိုသေးတဲ့အတွက် အဆင်ပြေမဲ့တနေ့ကိုပဲစောင့်ကြတာ ကောင်းပါတယ်။
.
.
.
ပုံများ
၁။ ဒီရေ အမြင့်ဆုံးဒေသများ
၂။ ဒီရေလျှပ်စစ်ဓါတ်အားစက်ရုံများ (လည်ပတ်နေဆဲ)
၃။ ဒိရေအတက်အကျ ခန့်မှန်းသော ၀က်ဆိုဒ် www.tide-forecast.com
၎။ ပုသိမ်မြို့ ဒီရေအတက်အကျ အချိန်နှင့်ဒီရေအမြင့် (ဂရပ်ပုံ)
၅။ ပြင်သစ် Saint Malo၂၄၀ မဂါဝပ်စက်ရုံဒေသ ဒီရေအမြင့်(ဂရပ်ပုံ)
.
အချက်အလက်များအားလုံး Billy H. Mackenzie မှ ပို့ပေးပါသည်။
.
ဒီရေလျှပ်စစ်ဟာ သီအိုရီပဲ ရှိပြီး လက်တွေ့မှာ ငွေအကုန်ခံ စမ်းသပ်မဲ့ ကုမဏီ ကမ္ဘာမှာ ၂ခုပဲ ဒေါ်လာသန်းချီ ရင်းနှီးကြပါတယ်။ သိပ်အဆင်မပြေလှပါဘူး။  ကိုဘီလီ Dr. Hlaing Myint (Australia) ကတော့ သူတွေ့ရှိတဲ့ ဒီရေလျပ်စစ် နည်းပညာကို မူပိုင်ခွင့် ရရှိဖို့ ကြိုးစားနေဆဲ ဖြစ်ပါနယ်။

No comments:

Post a Comment