Thursday, August 9, 2018

လာအိုနိုင်ငံ ရေကာတာ ပြိုကျလို့

https://m.facebook.com/story.php?story_fbid=10155916611808472&id=755653471
လာအိုနိုင်ငံ ရေကာတာ ပြိုကျလို့ လူ ရာပေါင်း များစွာ ပျောက်ဆုံးပြီး ကျေးရွာပေါင်း များစွာ ရေလွှမ်းမိုးသွား ပါတယ်။ အာရှတိုက်မှာ ရေအား လျှပ်စစ် ဓါတ်အား များစွာ ထုတ်လုပ်ပြီး၊ ထိုင်း၊ ဗီယက်နမ် တို့ကို ရောင်းချဖို့ စီမံချက်နဲ့ ရေအား လျှပ်စစ်များကို တည်ဆောက်တာ မြန်မာနိုင်ငံထက် များစွာ 4000mW ကျော် ထုတ်လုပ်နိုင်ပါတယ်။ ယခု ရေအားလျှပ်စစ်က 410mW ရှိပြီး ရွာပေါင်း များစွာ နစ်မြုတ် သွားပြီ ဖြစ်လို့ ကယ်ဆယ်ရေး အထူးလုပ်ဆောင် နေပါတယ်။

အဓိက စီမံကိန်းက Xe Pian, Xe Namnoy Hydro Power ဖြစ်ပြီး၊ လာအိုနိုင်ငံကို ရောက်နေတဲ့ တောင်ကိုးရီးယား ကုမဏီများနဲ့ လာအို အစိုးရတို့ စုပေါင်း ရှယ်ယာပိုင်ဆိုင်ပြီး ၂၀၁၃ မှာ တည်ဆောက် ခဲ့ပါတယ်။ ဒေါ်လာ ၁.၂ ဘီလျံ စီမံကိန်း ဖြစ်ပြီး၊ ထုတ်ရတဲ့ လျှပ်စစ် တွေကို တိုးတက်ဖွံ့ဖြိုးတဲ့ ထိုင်းနိုင်ငံကို ရောင်းချဖို့ ရည်မှန်းထားပါတယ်။ တောက်ကိုးရီးယား SK Engineering & Construction (SK E&C) က B.O.T စနစ် နဲ့ တာဝန်ယူ တည်ဆောက်ပါတယ်။ B.O.T ဆိုတာလဲ အခု မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ P.P.P Public Private Partnership ဖြစ်ပါတယ်။
.
တည်နေရာ ကတော့ လာအိုနိုင်ငံ တောင်ပိုင်း ဗီယက်နမ်နိုင်ငံအနီး ဖြစ်ပါတယ်။ ဆယ်ပေါင်း (၇)ခု ပါဝင်တဲ့ ရေအားလျှပ်စစ် စီမံကိန်း ဖြစ်ပြီး ပင်မဆည်ကြီး (၂) ခု နဲ့ ဆည်လေးပေါင်း (၅) ခု တို့ ပါဝင်ကြပါတယ်။
.
မိုးကြီးရွာသွန်း မှုကြောင့် ၂၂-ဇူလိုင် လမှာ အလုပ်သမားများက ဆည်အငယ် (၃)ခု ထဲက တစ်ခု ပြိုကျမဲ့ အခြေအနေကို တွေ့လို့ သတင်းပို့ပါတယ်။ ဆယ်ကြီးအောက်ဖက်က ရွာတွေ အားလုံး အရေးပေါ် အမြန်ဆုံး ရွှေ့ပြောင်းကြပါတယ်။ နောက်တနေ့မှာ ဆယ်တစ်ခု ပြိုကျသွားပြီး၊ ကျန်တဲ့ ဆည်တွေလည်း ဆက်တိုက် ရေကို မထိန်းနိုင် တော့ပဲ ပြိုပျက် သွားပြီး၊ ရေလုံးကြီးများ က ရွာများကို ဖုံးလွှမ်းသွားပါတော့တယ်။
.

တရုပ် ရေကာတာကြွမ်းကျင်ပညာရှင်Chen Xing
Banqiao Dam ဆိုတဲ့ တရုပ် ရေကာတာကြီး မိုးအလွန်ကြီးပြီး ကျိုးပေါက် စဉ်ကတည်းက တရုပ်အစိုးရက ရေအားလျှပ်စစ် များကို စနစ်တကျ ဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။

Chen Xing ဆိုသူဟာ တရုပ်နိုင်ငံရဲ့ aရလှောင်ကန် ကြွမ်းကျင်သူ ဖြစ်ပြီး ရေတံခါး ၁၂ခု တပ်ဆင်ဖို့ ဒီဇိုင်းလုပ်ပါတယ်။ ဒါကို ကုန်ကျစရိတ်များတယ် ၅ခုပဲ လုပ်မယ် ..အချေအတင်ဖြစ်ပြီး သူ့ကို စီမံကိန်းက ထုတ်ပယ်လိုက်ပါတယ်။ ပြသနာများစွာ ဖြစ်လာတော့ သူ့ကို ပြန်ခေါ်ပါတယ်။ ရေတံခါး အရေတွက်နည်းတာကို Chen Xing ဆက်လက် ထောက်ပြနေလို့ စီမံကိန်းက ထုတ်ပယ်ပြန်တယ်။
.
စီမံကိန်းမှာ ရေတံခါးမလုံလောက်တော့ ၁၉၇၅ခု ဖြစ်တောင့်ဖြစ်ခဲ ရေကြီး မိုးသည်းထန်စဉ် ရေဖွင့်မချနိုင်တဲ့အတွက် ရေကာတာ ကျိုးပေါက် ပျက်စီးရပါတယ်။ အဲဒီ ရေလုံးအားကြောင့် အောက်ပိုင်းက ဆည်တွေ အားလု့းနီးပါး ပျက်စီးရပါတယ်။
.
စီမံကိန်း အပြီး မကြာခင် Chen Xing သတိပေးချက်အတိုင်း ၁၉၇၅ မှာ မိုးကြီးရေကြီး ဖြစ်လာပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ ရေကြီး မိုးသည်းထန်စဉ် ရေဖွင့်မချနိုင်တဲ့အတွက် ရေကာတာ ကျိုးပေါက် ပျက်စီးရပါတယ်။ အဲဒီ ရေလုံးအားကြောင့် အောက်ပိုင်းက ဆည်တွေ အားလုံးနီးပါး ပျက်စီးရပါတယ်။ ရေတံခါး တည်ဆောက်သင့်ကြောင်း ..အချက်အလက်တွေနဲ့ တိကျစွာ ကန့်ကွက်နိုင်ရပါမယ်။ အန္တရယ်နည်းပါးတဲ့ ဒီဇိုင်းနဲ့ ဆောက်လုပ်ရေးအရည်အသွေး ကောင်းဖို့ စာရင်းစစ်နဲ့အရည်အသွေးစစ် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ လိုအပ်ပါတယ်။
.
တရုပ်နိုင်ငံ ရေကာတာ အမြောက်အများ နှစ်တထောင်မှာတစ်ကြိမ် မိုးကြီးရေကြီးတဲ့ ဒဏ်ကို လျှော့ တွက်ခဲ့လို့ လူအသက်အိုးအိမ်စည်းစိမ် အကြီးအကျယ် ဆုံးရှုံးခဲ့ရပါတယ်။ ပြန်လည်ကယ်ဆယ်ရေးနဲ့ ရေကာတာများ စနစ်တကျ ပြန်လည်တည်ဆောက်ဖို့ Chen Xing ကို တတိယအကြိမ် ပြန်လည်ခေါ်ယူ ရပါတယ်။
.
အဲဒီနောက်ပိုင်း တရုပ်နည်းပညာ ရေကာတာတည်ဆောက်ခြင်းနဲ့ ကြံခိုင်ရေးများ စနစ်တကျလုပ်တော့ ကမ္ဘာ့ ထိပ်တန်းအဆင့် ရှိနေပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံတွင်း လာဆောက်မဲ့ ရေကာတာများအတွက်တော့ တရုပ် အစိုးရနဲ့မဆိုင်ပါ မြန်မာအစိုးရနဲ့သာ ဆိုင်ပါတယ်။
.
https://en.wikipedia.org/wiki/Banqiao_Dam (ဘန်ကွေးဆည်-တရုပ်)
https://en.wikipedia.org/wiki/Myitsone_Dam (မြစ်ဆုံဆည်-မြန်မာ)
.
.
ရေအားလျှပ်စစ်နဲ့မြန်မာနိုင်ငံ
အခုချိန်မှာ လျှပ်စစ်ရှိမှာ ရင်းနှီးမြှတ်နှံမှုများ (အထူးသဖြင့် ထိုင်းနိုင်ငံကုန်ထုတ်လုပ်ငန်းများ) ရောက်လာပြီး အလုပ်အကိုင်ပေါများလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်အသက်သာဆုံး ရေအားလျှပ်စစ်များကို အစိုးရအနေနဲ့ အမြန်ဆုံး ပြန်လည်စတင်ဖို့ လိုနေပါပြီ။ ACORE အမေရိကန် အချက်အလက် အရ ရေအားလျှပ်စစ် က တယူနစ်ကို ၂ဆင့် (ကျပ်၂၀) ပဲ ရှိပြီး တခြားနည်းလမ်းတွေက အများကြီးဈေးကြီးနေတာ မြင်သာပါတယ်။ ဒါပေမဲ့ ရေအားလျှပ်စစ် တည်ဆောက်ရာမှာလည်း မလုပ်တတ်ရင်၊ ခြစားမှုများရှိရင် ကုန်ကျစ၇ိတ် (၇)ဆ အထိ ဖြစ်သွားတတ်ပါတယ်။ မြန်မာအစိုးရ ရေအားလျှပ်စစ်အကောင်ထည်ဖေါ်ဦးစီးဌာန (DHPI) သုတေသနပြုချက်အရ ရေအားလျှပ်စစ် မြန်မာပြည်မျာ 44GW ရှိပေမဲ့ လက်ရှိ 2GW (2000MW) ပဲ ထုတ်နိုင်သေးတယ် ဆိုပါတယ်။
.
.
မြန်မာ ပညာရှင်များ ပျိုးထောင်ပြုစုရမည်။
လာအို နိုင်ငံ ယခု ရေအားလျပ်စစ် မိုးအင်မတန်ကြီးပြီး ဆည်ကြီး ပြိုကျ၊ ရေဘေး ဒုက္ခကြီး စုံစမ်းစစ်ဆေး မှု လုပ်ကြပါလိမ့်မယ်။ တရုပ် ကုမဏီများက လာအိုနိုင်ငံမှာ  ဆည်များကို ဆောက်ကြတာ မပြိုကျ ပေမဲ့၊ အခု တရုပ်ထက် တိုးတက် ပါတယ်ဆိုတဲ့ တောင်ကိုးရီးယား တို့ ဆောက်တဲ့ ဆည်ကြီး ပြိုက အသက်စည်းစိမ် အိုးအိမ် များစွာ ဆုံးရှုံးရပါတယ်။
.
ဘယ်နိုင်ငံက ဘယ်ကုမဏီကို မှ မယုံရပါဘူး။ မိမိ နိုင်ငံမှာ မိမိပြည်သူလူထု အကျိုးကို ရှေ့တန်း ထားတဲ့ တရုပ် ပညာရှင် Chen Xing လိုလူများစွာ မြန်မာများ လိုအပ်ပါတယ်။
.
တရုပ်ပြည်ကို ပစ္စည်း သွားဝယ်ပြီး မြန်မာပြည်မှာ ပြန်ရောင်းတဲ့ လူငယ်စီးပွားရေး သမား က ပြောတယ်။  " တရုပ်တွေက ကွာလတီ မကောင်းတာကို  ကောင်းပါတယ် လို့ လိမ်ငြာ မရောင်းကြဘူး၊ အမှန်အတိုင်း ကောင်းတဲ့ ပစ္စည်း၊ မကောင်းတဲ့ ပစ္စည်း ပွင့်လင်းစွာ ပြောပြပြီး ရောင်းပါတယ်။ အဲ..တကယ်တော့  မြန်မာ ၀ိသမ စီးပွားသမား တွေက ဆိုး တာပါ။ ကွာလတီ မကောင်းတာတွေ ၀ယ်လာပြီး ကွာလတီ ကောင်းတဲ့ ပစ္စည်းဈေး နဲ့ မြန်မာပြည် ယူလာရောင်းချတယ် " လို ပြောပြပါတယ်။ .. တခါက ဖြစ်ခဲ့တာပါ။ အခုတော့ မြန်မာ သုံးစွဲသူတွေ ကွာလတီ ကြည့် ၀ယ်တတ်လာပါပြီ။
.
ကွာလတီ ကြည့်တတ်တဲ့ မျိုးဆက်သစ် လျှပ်စစ်၊ စက်မှု၊ မြို့ပြ၊ ဆည်မြောင်း၊ လမ်းတံတား အင်ဂျင်နီယာ များစွာ ပျိုးထောင် ရပါမယ်။ လုံလောက်တဲ့ လစာ နဲ့ ဆုကြေးများ ပေးပြီး စင်ကာပူ EDB, တောင်ကိုးရီးယား KDI တွေလို လူငယ်တွေ ပျိုးထောင်ရပါမယ်။
.
ကိုယ်နိုင်ငံမှာ ပညာရှင် လူတော်၊ လူကောင်း များစွာ ရှိနေမှ နိုင်ငံခြား ပညာရှင်များ ဘာလုပ်သလဲ သိနိုင်မှာ ဖြစ်ပါတယ်။ အခု လာအို ဆည်ကြီး ပြိုကျ ပျက်စီး တဲ့ ကိစ္စလည်း တောင်ကိုးရီးယား ပညာရှင်များ ရဲ့ ဒီဇိုင်း နဲ့ လုပ်အား ကို ပုံအပ်ထားမိတဲ့ လာအို ပညာရှင်များ ရဲ့ အားနည်းချက် လို့ပဲ သုံးသပ်မိပါတယ်။ မြန်မာတွေ ပညာရှင် ပြုစုရေးမှာ ပတ်ဝန်းကျင် နိုင်ငံများက သင်ခဏ်းစာ အများကြီး ယူနေရပါတယ်။

ကိုးကား
* တရုပ်နိုင်ငံ ရေကာတာကျိုးပေါက်ခြင်း သင်္ခန်းစာနဲ့ မြန်မာရေအားလျှပ်စစ်။ https://goo.gl/DgLYZn  (ပုံ - Banqiao Dam)

No comments:

Post a Comment