Saturday, August 11, 2018

မင်္ဂလာဈေးသစ် ကို နိုင်ငံခြားကုမဏီ၏ ကြီးကြပ်မှုဖြင့် ဆောက်နေခြင်း သတင်း နှင့် အပေါစား နိုင်ငံခြားသား များ၏ အန္တရယ်


မင်္ဂလာဈေးသစ် ကို နိုင်ငံခြားကုမဏီ၏ ကြီးကြပ်မှုဖြင့် ဆောက်နေခြင်း သတင်း နှင့် အပေါစား နိုင်ငံခြားသား များ၏ အန္တရယ် အကြောင်း the Voice ဇူလိုင် ၃၀၊ ၂၀၁၈ သတင်းစာ အယ်ဒီတာ ခေါင်းကြီးမှာ ရေးသားထားပါသည်။ လူအရည်အချင်း။ နည်းပညာနှင့် စက်ပစ္စည်းများအကြောင်း အနည်းငယ် ရေးလိုက်ပါသည်။
.
.
မိမိ တို့ နိုင်ငံနှင့် ပိန်မသာ၊ လိန်မသာ နိုင်ငံများ
ထိုနိုင်ငံများမှ ရောက်ရှိလာသော ကုမဏီများတွင် ရာထူးကြီးကြီး လုပ်ကိုင်နေသူများမှာ သူတို့နိုင်ငံတွင် အရည်အချင်းနည်းပါး (၀ါ) ရွက်ကြမ်းရေကြို အဆင့်သာ ရှိကြသည်။ အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လာရောက် ကြီးကြပ်နေသူများ အရည်အချင်း စီစစ်ခြင်း လိုအပ်သည်။ ဥပမာ မြန်မာ့ မီးရထား ရုံးချုပ် အဆောက်အဦဟောင်းကို ပြုပြင်ထိန်းသိမ်းရာတွင် အငြင်းပွားဖွယ် အင်ဂျင်နီယာအရည်ချင်း နိုင်ငံခြားသား ဖြင့်လုပ်ကိုင်ရာ သမိုင်းတန်ဖိုးကြီး နံရံတစိတ်တပိုင်း ပြိုကျ ပျက်စီးရသည်။
.
အလားတူ ပညာရေး ပုဂ္ဂလိက ကျောင်းလာဖွင့်စား သူများ၊ ငွေရေးကြေးရေး လုပ်ငန်းများ၊ ငွေတိုးချေးစား လုပ်ငန်းများ၊ တွင်လည်း အရည်အချင်းမရှိပဲ ငွေအကျိုးအမြတ် ကို မျှော်ကိုးပြီး၊ မသိနားမလည်သော ပြည်သူလူထု ထံမှာ ငွေကို ခြူစားသည့် နိုင်ငံခြားမှာ အရည်အချင်းမရှိသော ပညာရှင်ဆိုသူများကို သတိထား ဖော်ထုတ်ရန် လိုပါသည်။
.
.
လက်ရှိ ငွေကိုဦးစားပေးနေမှု
မြန်မာနိုင်ငံကို ကာကွယ်ရန်၊ မြန်မာ့ တပ်မတော်မှာ အဓိက တာဝန်ရှိပါသည်။ သို့သော် ယခုခေတ် ကာလသည် စစ်တပ်အင်အားဖြင့် အလုံးအရင်း လာရောက် ကျူးကျော်မှု မရှိသလောက် နည်းပါးသွားပြီး၊ စစ်စွမ်းရည်နှင့် လက်နက်အင်အားများသာ စုဆောင်းလေ့ကျင့် ပြသသည့် ခေတ်ဖြစ်နေပါသည်။ စီးပွားရေးဖြင့် နယ်ချဲ့ ကျူးကျော် သိမ်းပိုက်သည့် ပညာခေတ် ဖြစ်သည်။ တရုပ်နိုင်ငံ၏ ခေတ်သစ် စီးပွားရေးဖြင့် ခါးပတ်လမ်း စီမံကိန်းကို တည်ဆောက်နေပြီး၊ အမေရိကန် ကလည်း သူ့နိုင်ငံ စီးပွားရေး အတွက် ကုန်ထုတ်လုပ်ငန်းများကို အမေရိကန်ပြည်တွင်း ပြန်လည် တည်ဆောက်ကာ၊ တရုပ်-အမေရိကန် စီးပွားရေး အပြိုင်အဆိုင် လုပ်ကိုင် နေသာ ကာလဖြစ်သည်။
.
မြန်မာတို့သည် ဆင်းရဲသဖြင့် ငွေပေးခိုင်းခံနေရသည်။ အထူးသဖြင့် ကျေးလက် ဒေသများသည် ကုမဏီများက လမ်းတံတား၊ လျှပ်စစ် လုပ်ငန်းများ လာရောက် လုပ်ကိုင်ပါက မိမိတို့ကျေးလက်လူထု အလုပ်ရရှိရေး၊ မိမိတို့ ဒေသ ဖွံ့ဖြိုးရေး အတွက် ပျော်ကြသည်။ သို့သော် သိန်း၁၀၀၀ တန်သော လမ်းကို သိန်း၅၀၀ မရှိပဲ ဆောက်လုပ်နေသောအခါ ကျေးလက် ပြည်သူပင် သိရှိလာသောအခါ ၊ ကုမဏီများကို ယုံကြည်မှု ကင်းမဲ့လာသောကြောင့်၊ ဆောက်လုပ်ရေး အရည်သွေး စီစစ်ရေးကို နိုင်ငံတော် အစိုးရက အထူး လုပ်ဆောင်လာရသည်။
.
ထို့ထက် အဆပေါင်း များစွာ ကြီးမားသော ရန်ကုန်မြို့တွင်း ဆောက်လုပ်ရေးလုပ်ငန်းများ၊ လမ်းတံတားလုပ်ငန်းများတွင် ပြည်တွင်း ကုမဏီများမှာ အင်ဂျင်နီယာကောင်းမရှိ၊ နည်းပညာမရှိ၊ ပစ္စည်းကရိယာမရှိ၊ အရင်းနှီးလဲ မရှိသောကြောင့် နိုင်ငံခြား ကုမဏီကြီးများက နှစ်ရှည်ရင်းနှီးမြှတ်နှံမှုမျာျးဖြင့် လာရောက်လုပ်ကိုင်ကြသည်။ ထိုငွေကြေး အလွန်ကြီးများသော ဘီလျံ၊ မီလျံ ဒေါ်လာ စီမံကိန်းကြီးများမှာ နှစ်၃၀၊ နှစ်၄၀ ပြည်သူလူထုက ပေးဆပ်ရမည့် ငွေကြေးများ ဖြစ်သည်။ ပြည်သူလူထု၏ အခွန်ငွေများမှ နိုင်ငံခြား ရင်းနှီးမြှတ်နှံသူများကို လစဉ် အရစ်ကျ အတိုး+အရင်း ကြေအောင် ပေးဆပ်သွားရမည် ဖြစ်သည်။
.
.
ဗီယက်နမ်နိုင်ငံ ခံစားရပုံများ
.
မိမိသည် ထိုနိုင်ငံကို ငယ်စဉ်ကတည်းက လေးစားသည်။ ဂျင်ဂျစ်ခန်-ကူဗလိုင်ခန် မင်းဆက် အင်အားကြီးသော တရုပ် (မွန်ဂို) တပ်များ မြန်မာနိုင်ငံကို ၀င်ရောက်ပြီး မြန်မာဘုရင် (တရုပ်ပြေးမင်း) ဖြစ်ခဲ့ရသည်။ သို့သော် ဗီယက်နမ်ကို ၀င်ရောက်တိုက်ခိုက်ရာ တော်လှန်နိုင်ခဲ့သည်။ မြန်မာဘုရင်များ အင်အားကြီးချိန် ကမ္ဘာ့ ရေတပ်ကြီး ပိုင်ဆိုင်သော အင်္ဂလိပ်ကို အံတု တိုက်ခိုက်ရာမှာ စစ်ပွဲကြီး၃ပွဲဖြင့် မြန်မာများ အင်္ဂလိပ်ကိုလိုနီ ဖြစ်ခဲ့ရသည်။ အလားတူ ဗီယက်နမ်နိုင်ငံလည်း ပြင်သစ်ကို ရှုံးနိုမ့်ပြီး ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ရသည်။ မြန်မာများ အင်္ဂလိပ်၊ ဂျပန်များကို တော်လှန်သလို၊ ဗီယက်နမ်များ ပြင်သစ် စစ်တပ်ကြီးကို ဒိန်ဘင်ဖူးအရပ်တွင် ၀ိုင်းဝန်းပိတ်ဆို့ လက်နက်ချ ထွက်ခွာစေခဲ့သည်။ ပြင်သစ်ကို စစ်နိုင်ပြီး အမေရိကန်နိုင်ငံနှင့် တရုပ်၊ရုရှား ကွန်မြူနစ်များ အကြား လွတ်လပ်ရေးအတွက် တိုက်ခိုက်ခဲ့ပြီး လွတ်လပ်သော ဗီယက်နမ်နိုင်ငံ ဖြစ်လာရသည်။
.
ဗီယက်နမ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးသည် မြန်မာထက် ၁၅နှစ် စောခဲ့သည်။ ပထမ ၁၀နှစ်တွင် အရည်အချင်းမရှိသော နိုင်ငံခြားသားများက ထုံးစံအတိုင်း သယံဇာတများကို အာဏာပိုင်များနှင့် ပေါင်းပြီး ခိုးထုတ်ယူသွားကြသည်။ နောက် ဒုတိယအဆင့်တွင် နိုင်ငံခြားတွင် အသုံးမတည့်သော တန်ဘိုးကြီး စက်အဟောင်းများ၊ အသစ်ဖြစ်သော်လည်း ငြင်းပယ်ခံရသည့် စက်များ ကို ဗီယက်နမ်နိုင်ငံသို့ ဈေးကြီးကြီးဖြင့် တင်သွင်း ရောင်းချလာကြသည်။ စက်တပ်ဆင်ပြီး မကြာမီ ပျက်စီးရသည်။ ထိုစက်များ သုံးပြီး လမ်းတံတား။ ဓါတ်အားပေးရုံ၊ အဆောက်အဦများ ၊ စက်ရုံများ ဆောက်လုပ်ရာတွင် ပြသနာများစွာ တွေ့ရသည်။ လာရောက် လုပ်ကိုင်သော နိုင်ငံခြားသားများမှာလည်း အရည်အချင်းမရှိသူများစွာ ပါဝင်လာသောအခါ ဗီယက်နမ် နိုင်ငံ ဒုက္ခအကြီးအကျယ် ရောက်ခဲ့ရသည်။
.
ဗီယက်နမ် ပြည်သူလူထု က အပြင်းအထန် ကန့်ကွက်သော ကုမဏီများတွင် တရုပ်ဝိသမ လောဘသား ကုမဏီများ က နံပါတ် (၁) ဖြစ်သည်။ ထို ၀ိသမ တရုပ်ကုမဏီများ ဗီယက်နမ် နိုင်ငံတွင်း ၀င်လာနိုင်ခြင်းမှာ ဗီယက်နမ်လူမျိုး ၀ိသမ စီးပွားရေးသမားများ ကြောင့် ဖြစ်သည်။ ထို ဗီယက်နမ် ၀ိသမစီးပွား ကုမဏီများက တရုပ်ဝိသမ ကုမဏီများနှင့် ပူပေါင်း။ ဖက်စပ်လုပ်ကာ ဗိယက်နမ် အာဏာပိုင်များကို လှည့်ဖြားခြင်း၊ လက်ဆောင်ပေးခြင်းများ ပြုလုပ်ပြီး ဥပဒေကို လိုသလို အသုံးချ ကိုယ်ကျိုးရှာကြခြင်း ဖြစ်သည်။ အလားတူ အမေရိကန် ၀ိသမကုမဏီများ၊ အနောက်နိုင်ငံ ၀ိသမ ကုမဏီများစွာလည်း လာရောက်ကြသည်။ ထိုအခါ အရည်အချင်း မရှိသော နိုင်ငံခြားသားများစွာလဲ အတူ ရောက်ရှိလာကြသည်။ အချို့ ကုမဏီကောင်းများတွင် ပင် အရည်ချင်းမရှိသော နိုင်ငံခြားသားများစွာ ပါဝင်သည်။
.
ဗိယက်နမ် တိုးတက်လာခြင်း
၂၀၁၀ နောက်ပိုင်းတွင် ဗီယက်နမ် အစိုးရခေါင်းဆောင်များ နားလည် သဘောပေါက်လာပြီး နိုင်ငံခြား ကုမဏီအချင်း၊ နိုင်ငံခြား ပရိုဖက်ရှင်နယ် အရည်အချင်းများကို စီစစ် လက်ခံလာကြသည်။ မိမိ ဗီယက်နမ် တွင် အလုပ်လုပ်စဉ်က ဗီယက်နမ်လူမျိုးများသည် မြန်မာလူမျိုး ဖြစ်သော မိမိကို ဂျပန် ၊ ကိုးရီးယား လူမျိုးများထက်ပင် ခင်မင်ကြသည်။ "မင်းတို့ မြန်မာနိုင်ငံကြီး ပြောင်းလဲလာပြီ၊ ခေါင်းဆောင်ကောင်း ဒေါ်အောင်ဆန်းစုကြည် ရှိနေပြီ၊ အားတက်စရာပဲ၊ ငါတို့နိုင်ငံကတော့ တစ်ပါတီစနစ်နဲ့ပဲ သွားနေတုန်းပဲ".. ဟု သူတို့ ဗိယက်နမ်အစိုးရကို အားမလိုအားမရ ပြောခဲ့ကြသည်။ ဗီယက်နမ် ခေါင်းဆောင်များ စုပေါင်းလုပ်ကိုင်ရာတွင် အားနည်းချက်၊ အဂတိများစွာ ရှိသော်လည်း ယခုအခါ ဗီယက်နမ်များထံမှာ မြန်မာများ အတုယူလုပ်ကိုင်ကြသည်။ မြန်မာခေါင်းဆောင် ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့က ဗီယက်နမ်-တရုပ်-အနောက်နိုင်ငံများ စီးပွားရေး၊ စစ်ရေး အကျိုးတူ လုပ်ကိုင်မှုများကို လေ့လာကြသည်။
ရလဒ်အနေဖြင့် အင်းယားကန်ဘေး .. မြန်မာပလာဇာ(Myanmar Plaza) ပေါ်ပေါက်လာရသည်။, မိုင်တဲ (MyTel) မိုဘိုင်းကုမဏီကြီး ပေါ်ပေါက်လာသည်။ စသဖြင့် ဒေါ်လာ ဘီလျံနှင့်ချီပြီး မြန်မာပြည်တွင် ဗီယက်နမ်များ အကျိုးတူ လုပ်ကိုင်နေကြပြီ ဖြစ်သည်။
.
.
မည်ကဲ့သို့ အရည်အချင်းစီစစ်မည်နည်း
ထို့ကြောင့် ထို အရင်းနှီး ကြီးများလှသော နိုင်ငံခြားကုမဏီကြီးများ၏ ဆောက်လုပ်ရေး လုပ်ငန်းများတွင် နံပါတ်(၁) အရေးကြီးဆုံး ဖြစ်သော အင်ဂျင်နီယာကောင်းများ ပရိုဂျက်မန်နေဂျာများ အရည်အချင်းကို စီစစ်ရန် အရေးတကြီး လိုအပ်နေပါသည်။ ထိုသို့ စီစစ်ရန်လည်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေမှာ အတိအလင်း ဖော်ပြထားပါသည်။
.
မည်ကဲ့သို့ စီစစ်မည်နည်း၊ မည်ကဲ့သို့ အရေးယူမည်နည်း၊ မည်ကဲ့သို့ အပြစ်ဒဏ် ချမှတ်မည်နည်း ဆိုသည်မှာ ပြည်သူ့လွှတ်တော်တွင်ပင် မေးသင့်သော မေးခွန်းကောင်း ဖြစ်ပါသည်။ မည်သည့်ဌာန တာဝန်ရှိသနည်း။ အလုပ်ဗီဇာ၊ နိုင်ငံခြားရေး၊ လ.၀.က၊ အင်ဂျင်နီယာကောင်စီ .. မည်သူက မည်သို့ စီစစ်မည်နည်း။
.
ဖော်ပြပါ အင်ဂျင်နိယာ နည်းဥပဒေ ၂၅(က)(၂) အတိုင်း စီစစ်ရန် တာဝန်ရှိသူများက အရေးမယူနိုင်သေးလျှင် ..ပြသနာကြီး ပေါ်ပေါက်လာပါက တာဝန်ရှိသူများကို ၂၀၁၈ အသစ်ပြဌာန်းသော အဂတိဥပဒေအရ အရေးယူမှု ဖြစ်ပေါ်လာနိုင်ပါသည်။
.
အမှား မှ သင်ခန်းစာ
သင်ခန်းစာယူရန် သင့် /မသင့်။ သီလ၀ါ စီမံကိန်း အပျော်တမ်း အများစု ဖြစ်ေန အင်ဂျင်နီယာကောင်စီ ၏အရည်အသွှေး စီစစ်ချက် မရှိပဲ ဆောင်ရွက်နေချက်များ ဖောထုတ်ရပါမည်။ ..အဝေးကွင်း (နိုင်ငံခြား) မှာ ခြေစွမ်းပြခဲ့သည် မြန်မာနိုင်ငံဖွား အင်ဂျင်နီယာများအား အိမ်ကွင်း ခြေစွမ်းပြခွင့် ရရှိရေး .. ဥပမာ Oil & Gas အပါအ၀င် Total ယခင် တည်ဆောက်ဆဲများ၊ Power Plant Project လျှပ်စစ်ဓါတ်အား စီမံကိန်းများ တည်ဆောက်ပြီးစီးခဲ့သည် များကို သုံးသပ် စီစစ်သော ကော်မရှင်များ ဖွဲ့သင့်သည်။ ကြေးနီစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး စနစ်တကျ ဖော်ထုတ်ခဲ့သော အစီရင်ခံစာ ရှိပါသည်။ ထိုအစီရင်ခံစာမှာ တရားမျှတသော စာချုပ် ဖြစ်ရန် သုံးသပ်ထားသည်။ မြန်မာနိုင်ငံတွင် အတူးသဖြင့် ရေအားလျှပ်စစ်၊ ကျောက်မီးသွေးလျှပ်စစ် စာချုပ်များစွာ ကြေးနီ စီမံကိန်း စာချုပ် နည်းတူ သုံးသပ်၊ ပြန်လည်ချုပ်ဆို ရမည်ဖြစ်သည်။
သင်ခန်းစာယူ ကြပါစို့။ 
.
ဇော်အောင်
၁၀. သြဂုတ်. ၂၀၁၈
.
ပုံများမျာ .. စာမျက်နှာ ၈ခု ပါသော မြန်မာ အင်ဂျင်နီယာကောင်စီ ဥပဒေ၊ မင်္ဂလာဈေးသစ် ၂၀၂၀ ပြီးစီးရန် နိုင်ငံခြားဥပဒေကိုးကား နေခြင်း။ မြန်မာ့ စံချိန်စံညွန်း သတ်မှတ်ခြင်းများ၊ အပေါစားနိုင်ငံခြားသားများ၏ အန္တရယ် စသည်တို့ဖြစ်ပါသည်။
.
Link 
https://web.facebook.com/myanmarjobstudent/posts/10155950740228472

No comments:

Post a Comment