Thursday, May 31, 2018

P.P.P Malaysia new gov cancelled Hispeed rail & Myanmar

ဒီနေ့ စိတ်ဝင်စားစရာ သတင်းတခုက ဒေါ်လာ ဘီလျံ ၃၀ နီးပါးကုန်ကျမယ့် မလေး စင်ကာပူ မြန်နှုန်းမြင့် ရထားလမ်းကို မဟာသီယာက ဖျက်သိမ်းဘို့ ကြိုးစားနေတယ် ဆိုတာပါပဲ။

တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ဆီမှာလည်း ရန်ကုန် elevated circuit road တွေအတွက် EOI မကြာသေးမီက စခေါ်တယ်။ ရန်ကုန် MRT ကလည်း ဂျပန်က အတော်လုပ်ချင်နေပြီး လုပ်ဖြစ်ဘို့ များတယ်။

ဂရုပ်ထဲမှာရှိတဲ့ အင်ဂျင်နီယာတွေဟာ အသက်အရွယ် အတွေ့အကြုံအရ ရှုထောငိ့အမျိုးမျိုးကနေ စဉ်းစားနိုင်သူတွေလို့ ယူဆမိပါတယ်။

ကျနော်တို့ဆီမှာ အဲဒီလို ကုန်ကျစရိတ် အင်မတန်များတဲ့ ပရောဂျက်တွေကို လုပ်သင့်တယ်ဟု ယူဆကြပါသလား။

ပို့စ်မှာတွဲထားတဲ့ ပုံတွေမှာ ထည့်သွင်းစဉ်းစားစရာ ကျနော်တို့ ပါတ်ဝန်းကျင် တိုင်းပြည်များမှ ဖြစ်ရပ်များ လက်ရှိ ကျနော်တို့ဆီမှာ ဆောင်ရွက်နေတဲ့ အခြေအနေများကို Ref အနေဖြင့် တွဲထားပါသည်။ ( post updated : May 29 noon)
.
**************
Comments
M Zaw Aung
လုပ်ရမှာက တရားမှတတဲ့ စီးပွားပြိုင်ဆိုင်မှု လုပ်ပေးဖို့ပါ..ဦးသိန်းစိန်ခေတ် မိုဘိုင်းဖုန်း တင်ဒါပြိုင်တော့ တယ်လီနောနဲ့ အိုရယ်ဒူး ၂ခု နိုင်တယ်.. အခုတော့ အမ်ပီတီ ဆိုပြီး ဆူမစ်တိုမို ပေးတယ်.. မိုင်တဲကိုလဲ ပေးပြန်တယ်..  ဒါတွေက အစိုးရနဲ့ စစ်တပ်က စီးပွားရေး ကြိုက်သလို လုပ်ခွင့်ရှိတယ် ဆိုတာ ဥပဒေအရ လုပ်ပြနေတာပါ. . မလေးရှားမှာ တရားဝင် တင်ဒါ ၃ခု လာမှ တခုကို အစိုးရက ရွေးခွင့်ရှိပါတယ်. .တပါတ်အလို သတင်းစာမှာ တင်ဒါခေါ်ရင်တော့ မတတ်နိုင်ဘူး.. ဒီနည်းနဲ့ ဌာနဆိုင်ရာတွေက တင်ဒါ လက်ဝါးအုပ်ထားတာပဲ..P.P.P စနစ်ကို အသုံးပြု အလွဲသုံးစား နာဂျစ်အစိုးရ ပေါ့.. ဗမာဌာနအကြီးကဲတွေ ဒီ P.P.P ကို အရမ်းသုံးခြင်နေကြပါပြီ. .လွှတ်တော်ကလဲ P.P.P ဥပဒေ မပြဌာန်းနိုင်သေး..
.

.........ကျနော်တို့ ဘာမှမတတ်နိုင်ပါ.
 စီမံကိန်းကြီးတွေ ကို စင်ကာပူ EDB.gov.sg အဖွဲ့လို ပညာရှင် လူငယ်အမြောက်အများ ၅နှစ်လောက် သင်တန်းတွေ လက်တွေ့တွေ လေ့ကျင့် ပျိုးထောင်ပေးရပါမယ်. . အခု ဌာနဆိုင်ရာ ညွန်ချုပ်တွေက မလေးရှား နာဂျစ်အစိုးရ ပုံစံ..P.P.P တွေ လုပ်မှာပဲ လုပ်မှာပဲ.. ဖြစ်နေကြတာ . P.P.P ဥပဒေမရှိပဲ စွတ်ရမ်းနေကြတာ..  ဝမ်းနည်းစရာပါ..ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အစိုးရဘတ်ဂျတ်တွေ အသေးစိတ် review လုပ်ဖို့.  အကျိုးအမြတ် အရှုံး. . တွေကို စီးပွားရေး ပညာရှင်များက သုံးသပ်သင့်ပါတယ်. .ဥပမာ ရှောင်တာနယ် က ကျောက်ဖြူ ရေနက်ဆိပ်ကမ်း မလုပ်သင့်ေုကာင်း တင်ပြပေမဲ့ အကျိုးအမြက် ရှိတယ်ထင်သူများက စီမံဘဏ္ဍာ ဝန်ကြီးဌာန အလွန်အရေးကြီး ပါတယ်.. အခု သိပ်မဟုတ်တဲ စီမံဘဏ္ဍာဂန်ကြီး ထွက်သွားတာ ဝမ်းသာစရာပါ... စီမံဘဏ္ဍာ ကဏ္ဍ သိပ်အရေးကြီးပါတယ်.. လွတ်လပ်တဲ့ ဗဟိုဘဏ်ကိုလဲ ပြည်ပ ပညာရှင်များ (ဘောလုံးအသင်းနည်ပြချုပ် ငှါးသလို) ငှါးသင့်ပါတယ်။........
.
....................
.
Zaw Zaw Aye
လူတော်တော်များများက financial center ဖြစ်တဲ့ရန်ကုန်မြို့ရဲ့ development နဲ့ province နဲ့ rural ကျေးလက်ဒေသတွေရဲ့ development ကိုရောနေပြီး ၊ ဒီလိုမြို့ကြီးတွေပဲ develop လုပ်ရင်ကျေးလက်ဒေသတွေကိုအတွက်သုံးစရာဘက်ဂျက်မရှိနိုင်လို့ အားမပေးသင့်ဘူးလို့ ငြင်းစရာဖြစ်နေတယ်၊ တကယ်တော့တခြားမြို့ရွာကျေးလက်တွေရဲ့ development ကရန်ကုန်နဲ့ထပ်တူအရေးကြီးပါတယ်၊ ဒါပေမဲ့ရန်ကုန်ရဲ့အနေအထားက Mass Transport System ကို အစိုးရရဲ့ဗဟိုဘက်ဂျက်ကို မထိပဲလုပ်နိုင်တဲ့အနေအထားဖြစ်နေတယ်၊ PPP နဲ့အစိုးရကမြေစိုက် Investor ကငွေနဲ့ expertise, technology တွေစိုက်ရင် ပြည်သူတွေအတွက်ရောအစိုးရအတွက်ပါ burden မဖြစ်ပဲ အိမ်နီးချင်းနိုင်ငံတွေကို လိုက်မှီနိုင်မယ်၊ အိမ်နီးချင်းနိုင်ငံတွေမှာ ရန်ကုန်လိုအခွင့်အရေးမရနိုင်ပါဘူး ၊ ဒါတွေကို အစိုးရရဲ့ထိပ်ဆုံးကလူကြီးတွေကိုယ်တိုင်သိဖို့လိုပါတယ်၊ ကျွန်တော်တို့ဂျပန်ကပဲဖြစ်ဖြစ် ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကပဲဖြစ်ဖြစ်ငွေအထောက်အပံ့မရပဲ လုပ်နိုင်ဖို့အခွင့်အရေးရှိနေပါတယ်

၊ပြည်သူတွေပါပါဝင်နိုင်တဲ့နည်းလမ်းတွေကျွန်တော့်မှာရှိပါတယ်၊ပြည်သူတွေပါပါဝင်နိုင်တဲ့နည်းလမ်းတွေကျွန်တော့်မှာရှိပါတယ်
.
.
..........
.
Win Maung
ဒီနေ့ တက်လာတဲ့ သတင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပါတ်ရထားများပြေးဆွဲနေမူများကိုရထားလမ်းပိုင်းများအဆင့်မြင့်တင်ခြင်း ၊ရထားအသစ်များ ၀ယ်ယူခြင်းများ ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာသန်း ၃၀၁ ဒသမ ၂၉သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သြဂုတ်လ ၂၅ရက်နေ့တွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲမှ သိရသည်။

          “မြို့ပါတ်လမ်းပိုင်းကြီးတစ်ခုလုံးအဆင့်မြင့်တင်ဖို့ ဂျပန်အစိုးရချေးငွေနဲ့ နိုင်ငံတော် ဘတ်ဂျတ်နဲ့ ဆိုပြီးအပိုင်းနှစ်ပိုင်း နှင့် လုပ်သွားမှာပါ။ အခုလိုအပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်ရတာကလဲချေးငွေပမာဏမ များအောင်လို့ ဌာနက လုပ်နိုင်တဲ့ အပိုင်းနဲ့ဆိုပြီး နှစ်ပိုင်း ဖြစ်သွားတာပါ။”ဟုမြန်မာ့မီးရထား မှ ဦးဆောင်ညွန်ကြားရေးမူး ဦးသူရိန်ဝင်းက ပြောသည်။

          စီမံကိန်းဆောင်ရွက် နိုင်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဝန်ကြီးဌာန မြန်မာ့ မီးရထားဌာနမှ ဂျပန်နိုင်ငံမှ ODAချေးငွေ အဖြစ်အမေရိကန်ဒေါ်လာ သန်း၂၀၆ဒသမ ၅၃သန်း နိုင်ငံတော် ဘတ်ဂျတ် မှ အမေရိကန်ဒေါ်လာ ၉၄ဒသမ ၇၆သန်း တို့ဖြင့် မြို့ပါတ်လမ်းပိုင်းများအဆင့်မြင့်တင်ခြင်း၊ ရထားတွဲနှင့် စက်ခေါင်းများ ၀ယ်ယူခြင်း၊ အချက်ပြ စနစ်နှင့်ဆက်သွယ်ရေးစနစ်များအဆင့်မြင့်တင်ခြင်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

          ဂျပန်နိုင်ငံမှ ချေးငွေကိုမီးရထားအသစ် (DEMU)အစီးရေ ၁၂ စီးဝယ်ယူခြင်း အချက်ပြ စနစ်များကိုခေတ်မီစနစ်များဖြင့် တက်ဆင်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ပြီးရထားသစ်များမှာ ၂၀၂၀ စက်တင်ဘာတွင် ရောက်ရှိလာမည် ဖြစ်ကြောင်း နိုင်ငံတော် ချေးငွေ ကိုရထားလမ်းပိုင်းတွင် သံလမ်းတစ်ခုနှင့် တစ်ခုချိတ်ဆက်ခြင်းတံတားများတည်ဆောက်ခြင်းရတားလမ်းတာဘောင် တည်ဆောက်ခြင်း ခြံစည်းရိုးကာရံခြင်းများစသည်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဦးဆောင်ညွန်ကြားရေးမူး ဦးသူရိန်ဝင်း ကပြောသည်။အဆိုပါစီမံကိန်းကိုအောက်တိုဘာလအတွင်းစတင်အကောင်ထည် ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ပြီး  ၂၀၂၂ တွင် ပြီးစီးရန်လျှာ ထားကြောင်း၎င်းကပြောသည်။

          လက်ရှိရန်ကုန်တိုင်းအတွင်းပြေးဆွဲနေသည့် ရထားစက်ခေါင်းများ၊ ရထားတွဲများ၊ အချက်ပြ စနစ်များ ၊မှာလွန်ခဲ့သည့်နှစ်ပေါင်း၁၉၆၀ ခုနှစ်မှယနေ့အထိအသုံးပြုနေခြင်း ဖြစ်ပြီးစီမံကိန်းအကောင်ထည်ဖေါ် ဆောင်ရွက်ပြီးပါကလက်ရှိရန်ကုန်မြို့တစ်ပါတ်ရထားပြေးဆွဲမူ ကြာမြင့်ချိန် မှာမြို့တစ်ပတ်လျင် နှစ်နာရီ်၅၀မိနစ် မှ တစ်နာရီ မိနစ်၅၀ အထိအချိန် လျှော့ချပေးဆွဲ နိုင်မည် ဖြစ်ကြောင်း မြန်မာ့ မီးရထား မှ သိရသည်။

 ရန်ကုန်မြို့ပါတ်ရထားပြေးဆွဲမူမှာဘူတာပေါင်း ၃၈ဘူတာမှ မိုင်ပေါင်း ၂၉ မိုင်ကို ရထား၂၅စင်းဖြင့် တစ်ရက်လျှင်၂၂၀ခေါက်ဖြင့် လူဦးရေကိုးသောင်းခန့်ကိုနေ့စဉ်ပို့ဆောင်ပေးလျှက်ရှိနေကြောင်း  မြန်မာ့မီးရထား ၏ စာရင်းများအရသိရသည်။
.
.


No comments:

Post a Comment