Monday, May 14, 2018

ရေအားလျှပ်စစ် စာချုပ်ဟောင်းများ ?

M Zaw Aung is in Taunggyi.
ရေအားလျှပ်စစ် စာချုပ်ဟောင်းများ ?
မြန်မာ့လျှပ်စစ် LNG ဓါတ်အားစက်ရုံ၎ခု စီမံကိန်းကြီး နိုင်ငံဘဏ္ဍာတွေ ဒလဟောဖြစ်တော့မလား. .ဈေးနှုန်း မတည်ငြိမ် အတက်အကျများလှတဲ့ LNG ကုန်ကြမ်းဈေးကွက်မှာ ဓါတ်အားပေးရုံ ၄ခု ဆောက်ဖို့ ဇန္န၀ါရီ-၃၁ ၊ ၂၀၁၈ မှာ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်က ကြေငြာခဲ့ပါတယ်။ တင်ဒါမရှိ လွှတ်တော်ကို ကျော်ဖြတ်ပြီး လုပ်ပါတယ်။ လွှတ်တော်က ဘတ်ဂျတ်ကို အတည်ပြုရုံပါပဲ။
.
LNG ဓါတ်အားစက်ရုံ၎ခု စီမံကိန်း
* အလုံ (356mW, TTCL Thailand) , $0.32 billion
* ကျောက်ဖြူ (135mW, Sinohydro China) $0.18 b
* ကန်ပေါက် (1230mW, Total-French + Siemen-Germany) $2.16 b
* မီးလောင်ဂျိုင့် 1390mW, Znefu China $2.50 b
.
အလုံ နဲ့ ကျောက်ဖြူ ဓါတ်အားစက်ရုံ၂ခုက ပြသနာသိပ်ကြီးမှာ မဟုတ်ပါဘူး။ ဧရာမ ဓါတ်အားစက်ရုံ ၂ခုဖြစ်တဲ့ ကန်ပေါက်နဲ့ မီးလောင်ဂျိုင့် ၂ခုကတော့ ဧရာမ LNG သင်္ဘောတွေ အတွက် ဧရာဝတီတိုင်း မီးလောင်ဂျိုင့် နဲ့ တနင်္သရီတိုင်း ကန်ပေါက် ဆိပ်ကမ်းနဲ့ သိုလှောင်ကန်တွေ ဆောက်ရပါမယ်။ LNG စနစ်ကတော့ ဧရာမသင်္ဘော ကြီးတွေပါ။
.
အရှေ့တောင်အာရှ နိုင်ငံတွေ တောင် မသုံးသေးတဲ့ နည်းပညာ. .အဆင့်မြင့်လွန်းလို့ မဟုတ်ပါ. .လော်ဂျစ်စတစ် ဆိုတဲ့ ကုန်ကြမ်း ဈေးနှုန်း သိုလှောင်စနစ် အခက်ခဲပါ။ ဒါကြောင့် ဈေးကြီးပါစေ စိတ်ချရအောင် ပြင်သစ် ဂျာမဏီ တရုပ် နိုင်ငံ ကုမဏီကြီးများကို တင်ဒါ မခေါ်ပဲ လုပ်ခိုင်းခြင်း ဖြစ်ပါတယ်။
.
.
အခြား နည်းလမ်း များ
* ရေအား (အကြီးစား)
* ကျောက်မီးသွေး Clean Coal. .
* ရေ လေ နေရောင်ခြည် (အသေးစားများ)
* တရုပ်.လာအိုမှ ဓါတ်အားဝယ်ခြင်း
* မီနီဂရစ် (မဟာဓါတ်အားလိုင်းမရှိ ရွာများ)
.
.
လျှပ်စစ် အသည်းအသန် လိုနေပါသလဲ. .
မေးခွန်းရဲ့ အဖြေကတော့ ပြည်သူတွေ အလုပ်အကို မြန်မြန် ရစေချင်လို့ပါ။ လက်ရှိ မြန်မာနိုင်ငံက အလုပ်အကိုင်တွေဟာ နေ့စား လပေး လူမှုဖူလုံရေးအဖွဲ့ဝင် တောင်မှ မရတာများပါတယ်။ အဲဒီလိုအလုပ်ကို ကျပမ်းအလုပ် Odd Job လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့က သတ်မှတ်ပါတယ်။ အလုပ်အကိုင်ကောင်း ဆိုတာ အစိုးရဝန်ထမ်းလို လူမှုဖူလုံအဖွဲ့ဝင် ခွင့်ရက် ဆေးခွင့် စတဲ့ ခံစားခွင့်တွေ ရပါတယ်။
.
အဲဒီလို အလုပ်အကိုင်တွေက နိုင်ငံခြား ရင်းနှီးမြှတ်နှံတဲ့ ကုန်ထုတ်လုပ်ငန်း စက်ရုံတွေ လာမှ အလုပ်ကိုင် ပေါလာပါမယ်။ ထိုင်းနိုင်ငံက ကုမဏီများ လျှပ်စစ်ရဖို့ စောင့်နေပါတယ်။ အခုဆို သီလဝါ ဂျပန်တွေရဲ့ အထူးစက်မှုဇုံမှာ လျှပ်စစ် ၃၀၀မဂါဝပ် အသင့်ရှိနေပြီဖြစ်လို့ နိုင်ငံခြားကုမဏီများစွာ ဝင်လာပြီး စက်ရုံတွေ ဆောက်ပြီးနေပါပြီ။
.
ကြိုးနီစနစ် နီရဲအောင် ချည်နှောင်ထားတဲ့ မြန်မာလျှပ်စစ် လုပ်ငန်းတွေမှာ . . အဟောင်းစနစ်တွေ အဟောင်းစာချုပ်တွေ ဖယ်ရှားဖို့ . ဥပဒေအရ ရော်ကြေးတွေ ပေးရမှာလား. . တရုပ်ကြောက်နေရတုန်းပဲလား. . လက်မဲကြီးတွေကို မျက်နှာနာ. . အားနာနေရတုန်းပဲလား?.
.
.
မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်
အမြောက်အများ ရှိပြီး စနစ်တကျ သုတေသန ပြုထားပြီး ဖြစ်ပါတယ်။ တာဘိုင် မတပ်ဆင်သေးတဲ့ ရေပေး ဆည်ကြီးတွေလဲ ရှိနေပါတယ်။ ရေအားလျှပ်စစ် အကောင်ထည်ဖော်ရေး ဦးစီးဌာန ဆိုတာ ရှိပါတယ်။ လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာန။ လျှပ်စစ်ဓါတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာန။ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း။ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး လုပ်ငန်း တွေရှိပါတယ်။ သီခြားစီးပွားရေးလုပ်ငန်း၂ခု (ရန်ကုန် နဲ့ မန္တလေး ဓါတ်အားကော်ပိုရေရှင်း) တွေက အများဆုံးသုံးစွဲ နေပါတယ်။ .
.
အစိုးရ ဘတ်ဂျတ် ဘဏ္ဍာအများဆုံး သုံးတဲ့ ဝန်ကြီးဌာန ဖြစ်လို့ နည်းပညာသာမက ငွေကြေးကိစ္စတွေလဲ အလွန်ရှုပ်ထွေးမှာပါ။
.
Dams Electricity in Myanmar
* Chibwe Dam, N'Mai River 2000 mW
* Pashe Dam, N'Mai River 1600 mW
* Lakin Dam, N'Mai River 1400 mW
* Phizaw Dam, N'Mai River 1500 mW
* Kaunglanphu Dam, N'Mai River 1700 mW
* Laizar Dam, Mali River 1560 mW
* Kulong Dams, Salween River 2400 mW
* Tasang Dam, Salween River 7110 mW
* Hatgyi Dam, Salween River 1360 mW
* Weigyi Dam, Salween River 4540 mW
* Tamanthi Dam, Chindwin River 1200 mW
* Shwesayay Dam, Chindwin River 600 mW
And so many dams less than 1000 mW.
Ref....
https://en.m.wikipedia.org/wiki/Dams_in_Myanmar
.
မြန်မာ့ ရေအားလျှပ်စစ် ဆောင်းပါး . လင့်ခ်
www.goo.gl/7RUVW3
.
.
အကြံပြုချက်
ရေအားလျှပ်စစ် စာချုပ်များကို ဖျက်သိမ်းပြီး တရားမျှတစွာ အသစ်ချုပ်ဆိုဖို့ အရေးတကြီး လိုနေပါပြီ။
ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် ကတော့ သူ့ရဲ့ လူမှုကွန်ယက်ကနေ ပြည်သူတွေကို အားပေးစာများ ရေးပြီး အစီရင်ခံနေပါတယ်။ ၁။ ထုတ်လုပ်ခြင်း. . ၂။သယ်ပို့ခြင်း(ပါဝါဂရစ်). . ၃။ ပြည်သူထံ ဖြန့်ဖြူးခြင်း ဆိုတဲ့ ၃မျိုး စလုံး အရေးကြီးပါတယ်။ ဒုဝန်ကြီးရဲ့ လူမှုကွန်ယက်မှာ ပါဝါဂရစ် မဟာဓါတ်အားလိုင်း ၅၀၀ဗို့ ဒီစီ HVDC စာအုပ်အထူကြီးတွေကို ပို့စ်တင် ပြသပါတယ်။ သူ ဖတ်နေတဲ့ စာအုပ်တွေပေါ့။ ပညာရှင် ပီသတဲ့ ဒုဝန်ကြီးပါ။ ဒါပေမဲ့ အရှေ့ တောင် အာရှမှာတောင် မသုံးတဲ့ အလွန်ဈေးကြီးတဲ့ ဒီစီမဟာဓါတ်အားလိုင်း မြန်မာပြည်မှာ ဆွဲရင်တော့ ဒုက္ခပါပဲ။ လောလောဆယ် ၂၃၀ကေဗွီ မြန်မာ မဟာဓါတ်အားလိုင်း အဟောင်းတွေကို ဂျပန် နဲ့ ကမ္ဘာဘဏ် ချေးငွေနဲ့ ၄၀၀ကေဗွီ အေစီ မဟာဓါတ်အားလိုင်းတွေ ဆွဲနေပါတယ်။
မဟာဓါတ်အားလိုင်အကြောင်း. .လင့်ခ်
www.goo.gl/s44gSJ
.
..................
Tun Naing
April 24 at 9:23am
မနေ့က ဖြစ်သည်။
၂၃-၄-၂၀၁၈ နေ့ရဲ့ တနေ့တာလုံး လျှပ်စစ်ထုတ်လုပ်ပေးခဲ့ရတဲ့ ပမာဏပေါင်းက (၆၇,၂၆၄,၂၀၀) kWh/day ဖြစ်သွားပါတယ်။
မနှစ်က ၂၃-၄-၂၀၁၇ နေ့ရဲ့ တနေ့တာလုံး လျှပ်စစ်ထုတ်လုပ်ပေးခဲ့ရတဲ့ ပမာဏပေါင်းက (၄၈,၅၂၂,၅၀၀) kWh/day ဖြစ်ခဲ့ပါတယ်။
ပိုများလာတဲ့ပမာဏက (၁၈,၇၄၁,၇၀၀) kWh ဖြစ်ပါတယ်။
38.6% ဖြစ်ပါတယ်။
Peak Load က ဒီနှစ် ၂၃-၄-၂၀၁၈ မှာ 3357.8 MW ဖြင့် အမြင့်ဆုံး အခြေအနေ ရောက်ခဲ့ပါတယ်။
မနှစ်က ဧပြီလ မှာ Peak Load က 2969.8 MW ဖြစ်ပါတယ်။
Peak Load က 388 MW ပိုမြင့်လာပါတယ်။ 13% မြင့်သွားတာပါ။
မနှစ်က ထိုရက်မှာ ရေအားဖြင့် 25,072.5 MWh ထုတ်ပေးခဲ့ပြီး၊ ဒီနှစ် ဒီရက်မှာ ရေအားဖြင့် 38,165.3 MWh ထုတ်ပေးခဲ့ပါတယ်။ ဒီပမာဏကလည်း မြန်မာနိုင်ငံရဲ့ ရေအားစက်ရုံများကနေ နွေရာသီမှာ ထုတ်လုပ်ပေးတဲ့ စံချိန်သစ် ဖြစ်ခဲ့ပါပြီ။
ဒီ ၂ နှစ်တာကာလအတွင်း မည်သည့် ရေအားလျှပ်စစ်စက်ရုံမျှ အသစ်ပြီးလာမှု မရှိပဲ၊ လက်ရှိ ရေအားစက်ရုံများက လျှပ်စစ် ပိုထုတ်နိုင်အောင် Strategy ဖြင့် ဆောင်ရွက်ခဲ့တဲ့ အကျိုးရလဒ်များဖြင့် ပြည်သူတွေအတွက် ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။
မနေ့က ရေအားစက်များရဲ့ Peak Generation က 2126.7 MW ဖြစ်တဲ့အတွက် နွေရာသီများအတွင်း ရေအားစက်များက အမြင့်ဆုံး ထုတ်လုပ်မှု စံချိန် ဖြစ်လာပြန်ပါတယ်။
မနှစ်က ထိုရက်မှာ Gas Turbine နှင့် ကျောက်မီးသွေးတို့ဖြင့် 23,450.0 MWh ထုတ်ပေးခဲ့ပြီး၊ ဒီနှစ် ဒီရက်မှာ Gas Turbine နှင့် ကျောက်မီးသွေးတို့ဖြင့် 29,099 MWh ထုတ်ပေးခဲ့ပါတယ်။
ပြည်သူတွေကလည်း လျှပ်စစ်ကို စိတ်ချမ်းချမ်းသာသာနဲ့ အသုံးပြုလိုကြမှာပါ။
ပေးသမျှ အခြေအနေကြားက အတတ်နိုင်ဆုံး ကြိုးစားပေးရင်း၊ ဆက်လက်ြ
ကိုးစားသွားမှာပါ။
.
********************
.
အကြံပြုချက် ထပ်ရေးပါမယ်။
ယခင်ကချုပ်ထားတဲ့ တဖက်သတ် ရေအားလျှပ်စစ် စာချုပ်များကို ဖျက်သိမ်းပြီး တရားမျှတစွာ အသစ်ချုပ်ဆိုဖို့ အရေးတကြီး လိုနေပါပြီ။ လုပ်နေပြီ ဆိုရင်တော့ အလွန်ဝမ်းသာစရာပါ။ ရေအားလျှပ်စစ် မြန်မြန်လုပ်ပါ။ မြစ်ဆုံစီမံကိန်းတော့ သွားမထိပါနဲ့။
.
ပုံ. .တောင်ကြီးမြို့ ဓါတ်အားခွဲရုံ. . .

No comments:

Post a Comment