Monday, May 14, 2018

Coal Fire Power Plant. DVB debate

Win Htain . . 5.5.2018
#သီပေါဘုရင်_မြစ်တော်သို့_အိတ်ဖွင့်ပေးစာ။

 DVB ကလွှင့်သွားတဲ့
"Coal Debate" အဖွင့်မှာ..
ဒေါ်လေး ဒေဝီသန့်စင်က..
"Coal သုံးမယ်ဆိုရင် မြန်မာပြည် တံခါးပိတ်ဝါဒ ကျင့်သုံးမှ ရမယ်" ဆိုပြီး ဖြဲခြောက်သွားလို့ ဒီစာကို ရေးဖြစ်တာပါ။

•ဒေါ်လေးဟာ ကျနော်အပါအဝင် ပြည်သူတွေ လေးစား အားကျတဲ့ ပတ်ဝန်းကျင် ပညာရှင်ပါ။ ရှင်းရှင်းပြောရရင် Soft Power  ရှိတဲ့ ပါရမီရှင် တစ်ဦးပါ။ ဒါကြောင့် ဒေါ်လေးရဲ့ 'ရပ်တည်ချက် စကားတစ်ခွန်း' ဟာ အရမ်း တာ,သွားပါတယ်။

•NLD အစိုးရက စီစဉ်ထားတဲ့ Coal 3000 MWကို ရပ်လိုက်ပြီး..
LNG 3000MW ကို ရွေးလိုက်တာဟာ ဒေါ်လေးတို့ အုပ်စုကို ကြောက်လို့ပါ။
Coalနဲ့ LNG ထိခိုက်မှု ကွာသလို.. ငွေကြေးအရ ဘယ်လို ကွာသလဲ? ကြည့်ရအောင်ပါ။

•ဌာနရဲ့ နေ့စဉ်ထုတ်ပြန်ချက်အရ..
လက်ရှိ တစ်ပြည်လုံး မီးသုံးအား ပျမ်းမျှ 3000 MW ခန့်ရှိပြီး.. တစ်နေ့ ယူနစ်(Un) သန်း ၅၀ ခန့် ထုတ်ပေးနေတယ်လို့ သိရတယ်။ (ပုံ)

3000mw ၁နေ့ Un= ၅၀ သန်း
Coalလျှပ်စစ် ၁ Un= ၁၀၀ ကျပ်
LNG .........  ၁ Un = ၁၅၀ ကျပ်
1 Un ကွာဟမှု        = 50 ကျပ်
Unသန်း50× 50k   = 2500သန်း

၁။ LNG အစား Coal 3000mw ကို ရွေးခဲ့မယ်ဆိုရင်.. တစ်နေ့ ကျပ်သန်းပေါင်း (၂၅၀၀) သက်သာမယ့် ကိစ္စပါ။

၂။ ပိုလာတဲ့ငွေနဲ့ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး လုပ်မယ်ဆိုရင် ရွှေချလို့တောင် ရတဲ့ပမာဏ။

၃။ကျပ်သန်း၂၅၀၀($1.8သန်း/day) ဆိုတာဟာ..
Gas တွင်းသေး wellတစ်တွင်းအတွက်.. မြန်မာပြည်က ရရှိတဲ့ $ခွဲတမ်းထက် များတယ်ဆိုတာ.. ဒေါ်လေး တွက်မိရဲ့လား။

၎။ LNG နဲ့ Coal ရဲ့ ထုတ်လုပ်စရိတ် အဲလောက် ကွာခြားမှုများလို့ နိုင်ငံတိုင်းက Coal ကိုပဲရွေးတာ ဘာဆန်းလဲ။

၅။ ပတ်ဝန်းကျင် ကယ်တင်ရှင် ဖြစ်ချင်တာနဲ့ပဲ တစ်နေ့ သန်း ၂၅၀၀ နစ်နာခံဖို့ ထိုက်တန်ပါ ရဲ့လား???

•ဒေါ်လေးရဲ့ ရပ်တည်ချက်က..
"Coal မသုံးနဲ့၊ Mega Dam မဆောက်နဲ့" တဲ့လား။
ဒေါ်လေးက ၂၄ နာရီ မီးရတဲ့ ရန်ကုန်မြို့မှာ အဲကွန်းနဲ့ နေနိုင်သူ ဆိုတော့..
"Coal လျှပ်စစ် မလိုဘူး" ပြောမှာပေါ့။ အကယ်လို့ ဒေါ်လေးသာ မီးသုံးခွင့် မရသေးတဲ့ ပြည်သူ  ၆၅%ထဲက တစ်ယောက်ယောက် ဆိုရင်ကော? ဖယောင်းတိုင် မီးလေးနဲ့ နောင်နှစ် ၃၀ လောက် နေသွားနိုင်ပါ့မလား?

•ဒေါ်လေးဟာ သီပေါမင်းရဲ့ မြစ်တော်ဖြစ်လို့ ပြည်သူတွေ ချစ်ပြီးသားပါ။
ကမ္ဘာပေါ်မှာရှိတဲ့ ဘုရင့်မြေးမြစ် တွေ..
"Mega Dam/Coal လုံးဝ မလုပ်ရဘူး" ဆိုပြီး မပြောကြဘူး။
သီရိဒုံကလည်း coal မကန့်ကွက်ဘူး။ ဘူမိဘော၊ သီရိခေတ် Mega Dam ကြီးတွေဆောက်ပြီး တိုင်းပြည် တိုးတက်အောင် လုပ်ခဲ့ကြတယ်။

•ဘယ်နှယ်ဗျာ.. မြန်မာ့ဘုရင် မျိုးနွယ်တွေကျမှ Dam မဆောက်နဲ့၊ Coal မသုံးနဲ့တဲ့။ ကြံကြောက်ကြောက်တဲ့ ဘုရင်အချို့ကြောင့် တိုင်းတစ်ပါးက ကျွန်ပြုတာ ခံခဲ့ရတယ်။ လွတ်လပ်ရေး ရပြီး တော့လည်း စံနစ်အမှားကြောင့် တိုင်းတစ်ပါးကို သွားပြီး ကျွန်လိုက်ခံနေရတယ်။
အခု "ပတ်ဝန်းကျင် အစွန်းရောက်" အချို့က ကျွန်သက်ရှည်အောင် ဆွဲဆန့်နေ ပြန်တယ်။

•ဒေါ်လေးပြောတာကို အဟုတ်ထင်ပြီး ..
"မြန်မာ့မြေပေါ်မှာ ..
-Coal/Dam လုံးဝ လာမတည်နဲ့!
-အသက်နဲ့လဲပြီး ကာကွယ်မယ်!" ဆိုတဲ့လူတွေ ပေါ်လာရင် မခက်ပေဘူးလား ဒေါ်လေး။ Debate မှာ ဒေသခံ တစ်ယောက်က "ကမသ မသုံးဘူး ဆိုရင် ဘာကိုသုံးမလဲ?" ထ,မေးတော့ ဝေ့လည်ကြောင်ပတ် ဖြေသွားကြတယ်။

•ကမ္ဘာ့နိုင်ငံအားလုံး..
Base Load အနေနဲ့..
Hydro,Coal နဲ့ Gas ကိုပဲ သုံးကြတယ်။
"လေလာချိန် နဲ့ နေသာချိန်" မှာ 'ဆိုလာနဲ့ လေအား' ကို ပေါင်းထည့်တယ်။ အဲဒါကို Generation Mix လို့ခေါ်တယ်။

•ဒါကို သဘောမပေါက်ဘဲ အချို့ပုဂ္ဂိုလ်တွေက Renewable Energy (RE) ချည်း သုံးခိုင်း နေတယ်။  လေအား၊ဆိုလာ ဘာညာကွိကွ လျှောက်ပြော နေကြတယ်။
"ရေကူးနည်း စာအုပ်ဖတ်ပြီး ရေကူးနည်းပြ လုပ်နေသလို" ဖြစ်နေပါတယ်။

{{နိုင်ငံတကာမှာ ဆိုလာဈေး ထက်ဝက် ကျသွားလို့.. "ဆိုလာပစ္စည်း ပိုက်ဘော မိနေတဲ့ ကုမ္မဏီအချို့" ဂျင်းလာထည့် နေတာကိုလည်း သတိထား ကြအုံးလို့ ပြောချင်ပါတယ်}}

•ဆိုလာဈေး ဘယ်လောက်ပဲ ပေါနေပါစေ၊ "နိုင်ငံ့ဓာတ်အား စုစုပေါင်းရဲ့ ၂၀% ထက်ပိုပြီး gridထဲ ပေါင်းထည့်လို့ မရဘူး" ဆိုတာကို..
ကျနော်လည်း အရင်က မသိခဲ့ဘူး။ "ဆိုလာတစ်ချပ် အိမ်တစ်ဆောင်" နှုန်းနဲ့.. "ဆိုလာပြား ၁၀ သန်းရှိရင် တနိုင်ငံလုံး မီးလင်းပြီ".. လို့ ထင်မှတ်မှားခဲ့ဘူး ပါတယ်။

•ဒေါ်လေးတို့ အမြဲပြောတဲ့ လက်သုံးစကားက..
"Small & Medium Dam ဆိုရင် လက်ခံမယ်။ Mega Dam ဆိုရင် No ပဲ။"
ဒေါ်လေးတို့ ကြိုက်တဲ့ Hydro အသေး ဆိုတာ.. တွက်ခြေမကိုက်လို့.. ဘယ်နိုင်ငံကမှ လာမလုပ်ဘူး။ အစိုးရကလည်း ယူနစ်ထွက် နည်းတဲ့ small dam ကို ဘယ်လုပ်မလဲဗျ။ "တိုင်းပြည်တိုးတက်ချင်ရင် ဒေါ်လေးတို့ ပြောတာနဲ့ ပြောင်းပြန်လုပ်" ပြောရမလို ဖြစ်နေပြီ။

•ကျနော်ပြောမယ် ဒေါ်လေး..
*ကမ္ဘာပေါ်မှာ ကျောက်မီးသွေးက နှစ်ပေါင်း ၁၄၀ စာလောက် ကျန်နေသေးသတဲ့။ ကျနော်တို့ မသုံးရင်ကော.. မြန်မာပြည် quota အတွက်ဆိုပြီး မသုံးဘဲ ချန်ထား ပါ့မလား။
*မြန်မာပြည်မှာ လုပ်သားတွေ တစ်နေကုန် ကုန်းရုန်းလုပ်မှ ၄၈၀၀ ကျပ်ပဲရတယ်။ အကယ်လို့ စက်ရုံအလုပ်ရုံတွေ များများရှိရင် တစ်နေ့ ၈,၀၀၀ ပေးတဲ့ စက်ရုံကို ရှာလုပ်လို့ ရမယ်လေ။

•၂၀၃၀ မှာ ဖွံ့ဖြိုးပြီး နိုင်ငံအားလုံး ကမသ 0%့ ဖြစ်ဖို့ လက်မှတ်ထိုး ထားတဲ့အကြောင်း.. ဒေါ်လေးက ပြောသွားတယ်။ အဲဒါဟာ ကမ္ဘာ့အဆင့် ဂျင်း ပဲဗျ။ စက်ဟောင်း အသေးလေးတွေ ဖျက်သိမ်းပြီး.. စက်အသစ် ကြီးတွေ တန်းစီဆောက်နေတာ.. ဘာပြောချင်သေးလဲ??
ကမသ လျော့ချဖို့ အိုဘားမားက လက်မှတ် ထိုးထားပေမဲ့ ထရန့်က တိုးပြီးသုံး မတဲ့။

•ဒေါ်လေးပြောပြချက်အရ.. ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ၂၀၅၀ အထိပဲ ကမသ သုံးခွင့်ပြုမတဲ့။ နောက်ထပ် ၃၂ နှစ်သုံးလို့ ရသေးတာပဲ။ Coal တွေ မြန်မြန် ဆောက်ထား သင့်တာပေါ့ဗျ။

••ဆိုလာတွေ ဈေးအရမ်းပေါ လာပြီလို့ ဒေါ်လေးက ပြောတယ်။ "တနင်္သာရီတိုင်း Reginal Grid အတွက်.. ဒီဇယ်နဲ့ တဈေးတည်း ပေးဝယ်မယ်၊ ကိုယ်တိုင် လာထုတ်ရောင်းပါ"
လို့ နိုင်ငံအစုံက လာဆက်သွယ်တဲ့ ဆိုလာအဖွဲ့စုံကို ဖိတ်ခေါ် ဖူးပါတယ်။ ကျနော်ကိုယ်တိုင် MOU ထိုးထားတာတွေလည်း ရှိပါတယ်။
လက်တွေ့မှာ ဒီနေ့အထိ ပြန်မပေါ် လာကြဘူး။ အခြေအနေချင်း မတူလို့ပါ ဒေါ်လေး။
ဆိုလာဆရာ တွေပြောသမျှ လိုက်ယုံနေ လို့ကတော့..
ရူးတောင် သွားအုံးမယ်။

သူတို့နိုင်ငံမှာ ဈေးပေါမှာပေါ့။
 သူတို့မှာ အသုံးမပြုတဲ့ သဲကန္တာရ မြေတွေ၊ အစိုးရပိုင်မြေတွေ ပေါမှပေါ။ နေရောင်ခြည် ကလည်း တစ်နေ့လုံး ရတယ်လေ။
ကျနော်တို့မှာက မြေဈေးက ကြီး။ နေရောင်ခြည်ကလည်း အချိန်ပြည့်မရတဲ့ ဒေသက ခပ်များများ။ အစိုးရဆီကနေ မြေအလကားရဖို့ မမျှော်နဲ့။ အစိုးရအဖွဲ့တောင်.. လယ်သမားပိုင် မြေပေါ်မှာ ကျူးကျော်ရုံး ဆောက်ပြီး.. နေနေကြရတယ် မဟုတ်လားဗျာ။

***ဒေါ်လေးရဲ့ ဘေးဖြစ်သူ သီပေါမင်း လက်ထက်မှာ မြန်မာတွေ သူ့ကျွန်ဘဝ ရောက်ခဲ့တယ်။ အခု မြစ်ဖြစ်သူ ဒေါ်လေးတို့ လက်ထက်မှာ သူ့ကျွန်ဘဝက လွတ်အောင်.. နည်းပေးလမ်းပြ သင့်တာပေါ့။

*** နောက်ဆုံးအနေနဲ့.. ဒေါ်လေးကို မေးပါရစေ။ အကယ်လို့ ဒေါ်လေးဟာ.. Energy crisis ဖြစ်နေတဲ့ မြန်မာပြည်ရဲ့..
သမ္မတ/Decision maker  တစ်ယောက် ဖြစ်နေမယ်ဆိုရင်...
Coal Power Plant ကို
၁။"#လုံးဝ_မဆောက်နဲ့" လို့ပြောမလား?
၂။"#အာဆီယံအဆင့်ထက် မနိမ့်ရင် ဆောက်ပါ" လို့ ပြောမလား?။
ဖြေပေး စေလိုပါတယ်။🙏

ဒေါ်လေးနဲ့ ဆိုလာမိတ်ဆွေ တွေကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်လိုစိတ် လုံးဝ မရှိပါခင်ဗျား။
ဒေါ်လေးကို အမြဲလေးစားတဲ့..

#Win_Htein

****"****
Hla Win Shwe

Dr ရေ ကျွန်တော်တို့ coal fire power plants တွေကို ကန့်ကွက်နေရတာ ကျွန်တော်တို့နိုင်ငံကစီးပွားရေးသမားတွေက မရိုးသားကြပါဘူး။ Dirty coal ကို Clean Coal ဆိုပြီးရောချခြင်ကြတယ် Dirty Coal ရဲ့သက်သာတဲ့unit per cost နဲ့ clean coal ဆိုပြီး ရောချကြတယ်။ သူများနိုင်ငံက ဖြုတ်လိုက်တဲ့ Dirty Coal စက်ရုံတွေကို clean coal စက်ရုံတွေဆိုပြီး တည်ဆောက်စရိတ် သက်သာတယ်ဆိုပြီးရောချပြန်ရော။ ဘယ်သူကမှ dirty coalလုပ်ရင် ဈေးသက်သာတယ် ပတ်ဝန်းကျင်အတွက်တော့ ဘယ်လို အပြစ်ရှိတယ် စီးပွားရေးအတွက်တော့ ဘယ်လိုကောင်းတယ် နှစ်ဘယ်လောက်ထိတော့သုံးသင့်တယ် တိုင်းပြည်ဖွံ့ဖြိုးလာရင် ဘာတွေသုံးသင့်တယ်ဆိုတာသတ္တိရှိစွာချပြရဲတဲ့ လုပ်ငန်းရှင်မရှိသေးပါဘူး။ clean coal technology ဆိုတာဘဲ     အော်အော်နေလို့ပြောရတာပါ။ dirty coal နဲ့ clean coal ဆိုတာတခြားစီပါ တည်ဆောက်စရိတ် ထိန်းသိမ်းစရိတ် တည်ဆောက်ချိန်ကအစ အရမ်းကွာပါတယ်။
Dr ရေ ကျွန်တော်တို့နိုင်ငံ က China,India, Indonesia နိုင်ငံတို့လို ကျောက်မီးသွေးတွေ အလျံပယ်ထွက်လို့ ကျောက်မီးသွေး power plant မဖြစ်မနေဆောက်ရတယ်ဆိုရင် လက်ခံပါတယ် အခုက ကျောက်မီးသွေး ကနိုင်ငံခြားကသွင်းရမယ်ဆိုတော့အားလုံးက    ပိုက် ဆံတွေကြီးပါဘဲ သယ်တာ ပို့တာ သိုလှောင်တာ သန့်စင်တာ ကအစအဆင့်တွေအများကြီးပါ။ အဲဒါတွေ  ကြောင့် ဝန်ကြီး ဦးဝင်းခိုင် ကလည်း LNG ကိုရွေးတာလို့ထင်တယ်။Import လုပ်ပြီး လျှပ်စစ်ထုတ်ရတာခြင်း အတူတူ ဈေးနည်းနည်းပိုပေးပြီး အားလုံးအတွက် LNG ကိုရွေးချယ်လိုက်တာလို့ထင်ပါတယ်။ LNG ကဈေးကြီးလည်း အနာဂတ်မှာ RE တို့ Hydro တို့နဲ့ ဈေးနှုန်း Balance ညှိမယ်လို့ထင်ပါတယ်။အနာဂတ်မှာLao တို့ China တို့မှလည်း % တစ်ခုအထိ လျှပ်စစ်တင်သွင်း    ပြီးဖြေရှင်းမယ်လို့ထင်ပါတယ်။    ဝန်ကြီး ကြည့်ရတာ Dr တို့လောက် Generation အပေါ် သိပ်စိတ်မပူဘူးထင်တယ်။သူစိတ်ပူနေတာက Transmission နဲ့ Distribution ကိုစိတ်ပူနေတဲ့အနေအထားပါဘဲ လျှပ်စစ် ပေါများစွာရရှိပြီးTransmission နဲ့Distribution ကြောင့်ပြည်သူတွေလျှပ်စစ်မီးမရမှာစိုးလို့ အမြန်စီမံချက်တွေချပြီးတွန်းလုပ်နေတယ်လို့ထင်ပါတယ်။
ဒါကြောင့် သေချာတာကတော့ ၂၀၂၀ လောက်အထိကတော့ ကျောက်မီးသွေး ကိုမေ့လိုက်တာအကောင်းဆုံးလို့ ထင်ပါတယ်။
.
.**"***"""*
Win Htein  Linn T Houston  Nicholas Naing Win Hlaing
Dr ရေ ကျွန်တော်တို့ coal fire power plants တွေကို ကန့်ကွက်နေရတာ ကျွန်တော်တို့နိုင်ငံကစီးပွားရေးသမားတွေက မရိုးသားကြပါဘူး။ Dirty coal ကို Clean Coal ဆိုပြီးရောချခြင်ကြတယ် Dirty Coal ရဲ့သက်သာတဲ့unit per cost နဲ့ clean coal ဆိုပြီး ရောချကြတယ်။ သူများနိုင်ငံက ဖြုတ်လိုက်တဲ့ Dirty Coal စက်ရုံတွေကို clean coal စက်ရုံတွေဆိုပြီး တည်ဆောက်စရိတ် သက်သာတယ်ဆိုပြီးရောချပြန်ရော။ ဘယ်သူကမှ dirty coalလုပ်ရင် ဈေးသက်သာတယ် ပတ်ဝန်းကျင်အတွက်တော့ ဘယ်လို အပြစ်ရှိတယ် စီးပွားရေးအတွက်တော့ ဘယ်လိုကောင်းတယ် နှစ်ဘယ်လောက်ထိတော့သုံးသင့်တယ် တိုင်းပြည်ဖွံ့ဖြိုးလာရင် ဘာတွေသုံးသင့်တယ်ဆိုတာသတ္တိရှိစွာချပြရဲတဲ့ လုပ်ငန်းရှင်မရှိသေးပါဘူး။ clean coal technology ဆိုတာဘဲ     အော်အော်နေလို့ပြောရတာပါ။ dirty coal နဲ့ clean coal ဆိုတာတခြားစီပါ တည်ဆောက်စရိတ် ထိန်းသိမ်းစရိတ် တည်ဆောက်ချိန်ကအစ အရမ်းကွာပါတယ်။
Dr ရေ ကျွန်တော်တို့နိုင်ငံ က China,India, Indonesia နိုင်ငံတို့လို ကျောက်မီးသွေးတွေ အလျံပယ်ထွက်လို့ ကျောက်မီးသွေး power plant မဖြစ်မနေဆောက်ရတယ်ဆိုရင် လက်ခံပါတယ် အခုက ကျောက်မီးသွေး ကနိုင်ငံခြားကသွင်းရမယ်ဆိုတော့အားလုံးက    ပိုက် ဆံတွေကြီးပါဘဲ သယ်တာ ပို့တာ သိုလှောင်တာ သန့်စင်တာ ကအစအဆင့်တွေအများကြီးပါ။ အဲဒါတွေ  ကြောင့် ဝန်ကြီး ဦးဝင်းခိုင် ကလည်း LNG ကိုရွေးတာလို့ထင်တယ်။Import လုပ်ပြီး လျှပ်စစ်ထုတ်ရတာခြင်း အတူတူ ဈေးနည်းနည်းပိုပေးပြီး အားလုံးအတွက် LNG ကိုရွေးချယ်လိုက်တာလို့ထင်ပါတယ်။ LNG ကဈေးကြီးလည်း အနာဂတ်မှာ RE တို့ Hydro တို့နဲ့ ဈေးနှုန်း Balance ညှိမယ်လို့ထင်ပါတယ်။အနာဂတ်မှာLao တို့ China တို့မှလည်း % တစ်ခုအထိ လျှပ်စစ်တင်သွင်း ပြီးဖြေရှင်းမယ်လို့ထင်ပါတယ်။ဝန်ကြီး ကြည့်ရတာ Dr တို့လောက် Generation အပေါ် သိပ်စိတ်မပူဘူးထင်တယ်။သူစိတ်ပူနေတာက Transmission နဲ့ Distribution ကိုစိတ်ပူနေတဲ့အနေအထားပါဘဲ လျှပ်စစ် ပေါများစွာရရှိပြီးTransmission နဲ့Distribution ကြောင့်ပြည်သူတွေလျှပ်စစ်မီးမရမှာစိုးလို့ အမြန်စီမံချက်တွေချပြီးတွန်းလုပ်နေတယ်လို့ထင်ပါတယ်။
ဒါကြောင့် သေချာတာကတော့ ၂၀၂၀ လောက်အထိက  တော့ ကျောက်မီးသွေး ကိုမေ့လိုက်တာအကောင်းဆုံးလို့ ထင်ပါတယ်။
....
.
.
ကလေးမြို့သေးသေးတောင်
လျပ်စစ်မီးကွက်ပြီးပေးလိုက်တာ
ထင်းရောင်းအားတဝက်ကျတယ်လို့ ထင်းကုန်သည်ညည်းရရှာတယ်ဆိုရင်
တပြည်လုးံအတိုင်းအတာနဲ့သဘာဝပတ်ဝန်းကျင်စဉ်းစားလို့ရပြီ
.
.
Yee Hie Tzu
စာရင်းဇယားတွေနဲ့ ဆိုတောငြင်းမရဲပေါင် တခုပဲ ဘဏ်အကောင့်လေးပေးပါ ခရီးစားရိတ်ထုတ်ပေးမလို့ ....
ပြီးရင် တရုတ်ပြည်အလယ်ပိုင်းက ကမသလုပ်ငန်းတွေ ၆လလောက်လေ့လာ ပြီးမှ ဆွေးနွေးကျတာပေါ့

ပညာရှင်ဆိုလည်း ပညာရပ်ပိုင်း သီးသန့်ဇောင်းပေးမပြောပဲ မြစ်တွေရော တီကျွတ်တွေရော သူ့ကျွန်မခံပြီတွေရော သီဟတင်စိုးတွေရော ဒမ်တွေရော ဒရမ်တွေရော ရှုပ်ရှက်ခပ် ဘာမှန်းကိုမသိဘူး

သောက်မြင်ကပ်စရာကောင်းအောင်ရေးထားတာကိုတော့ လေးစားတယ်

ဘိုထိန် ၁၀ခါ
.
Win Htain
တရုတ်လောက် အများကြီး ဆောက်စရာမလိုဘူး။ ထိုင်းcoal ပမာဏလောက်၊ ထိုင်းထက်မနိမ့်တဲ့ နည်းပညာ ဆိုရင် တော်ပြီပေါ့ဗျာ။







No comments:

Post a Comment