Monday, October 29, 2018

P.E Building Service 2018 Singapore, Myanmar

P.E (Mechanical, Building Services) ဖြစ်ခြင်တယ်ဆိုရင်

တကယ်တော့ ဒီဆောင်းပါးကိုမရေးခြင်ပါဘူး။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေ အနေအရ မရေးရင် ပိုဆိုးလာမှာကို ကြိုမြင်နေလို့ ရေးလိုက် ရတာပါ။ မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲအစည်းကို မှရည်ရွယ်ခြင်းမရှိပါဘူး။ ဆရာလုပ်ခြင်းလည်းမဟုတ်ပါ။ မနာလိုခြင်းလည်းမဟုတ်ပါ။

P.E (Mechanical, Building Services) ဖြစ်ခြင်တယ်ဆိုရင်အောက်ပါ အချက်များကို သိထားဖို့ လိုပါလိမ့်မယ်။

၁) Services.

အရင်ဆုံးသိထားသင့်တာကတော့ ဘာ services တွေပါသလဲဆိုတာပါ။ အဓိကပါတာကတော့
A) Air-Conditioning System
B ) Mechanical Ventilation System
C) Fire Protection System
D) Plumbing System
E) Sanitary System
F) Vertical Transport System
G) Engineered Smoke Control System
H) Green Mark & Energy Saving

- Air-Conditioning System မှာ Cooling Load Calculation, Duct Design, Pipe Design, Equipment Selection, Static Loss Calculation, တို့ ပါဝင်ပါတယ်။
- Mechanical Ventilation System မှာ Ventilation Requirement Calculation, M/V design for car park, fire fighting lobby, staircase pressurization, escape corridor, smoke stop lobby, M&E rooms, etc တို့ ပါဝင်ပါတယ်။
- Fire Protection System မှာ Automatic Sprinkler System, Dry & Wet Risers, Hose reel, Fire Hydrant, Fire Alarm, Water Monitor System, Fire Suppression System, Fire Extinguisher တို့ ပါဝင်ပါတယ်။
- Plumbing System မှာ water services, Gas Distribution
တို့ ပါဝင် ပါတယ်။
- Sanitary System မှာ solid waste, grease trap, water treatment (only pump, not the treatment process) တို့ ပါ ၀င်ပါတယ်။ (သတိထားရမှာက အဲ့ဒီ System က အဆောက်အဦထဲမှာပဲ အကြုံးဝင်ပါတယ်။ အဆောက်အဦအပြင်ဖက် Last IC ကနေ manhole အထိဆက်ပြီးရင် Building Services Scope ပြီးဆုံးပါပြီ။ ကျန်တဲ့အပိုင်းက Civil Engineer ကဆက်လုပ်ရမှာပါ။)
- Vertical Transport System ကတော့ Lift, Escalator, Travelator တို့ ပါဝင်ပါတယ်။
- Engineered Smoke Control System ကတော့မီးလောင်ခဲ့ရင် မီးခိုးကို အမြန်ဆုံး ဘယ်လိုထုတ်မလည်းဆိုတာ စဉ်းစားရတာပါ။ Specialist Service တခုဖြစ်လို့ P.E (Mech) တဦးက သပ်သပ်ကြီးကြပ်ပါတယ်။
- Green Mark & Energy Saving မှာတော့ မီတာခဘယ်လို သက်သာအောင်လုပ်ရမလည်းဆိုတာ Architect နဲ့ ပေါင်းပြီး Design လုပ်ရတာပါ။ ETTV, RTTV, U value for Roof calculation ကိုလည်း လုပ်ရပါတယ်။

၂) သိထားသင့်သော Codes of Practice များ

မြန်မာပြည်ကထုတ်ထားတဲ့ code တွေဆိုရင် Myanmar National Building Codes (MNBC) ကိုသိထားသင့်ပါတယ်။ လောလောဆယ် Singapore Codes တချို့ တွေကို မှီငြမ်းပြုနေရလို့ 
SS 553, SS 554, CP 10, CP 52, SS 575, CP 48, Code of practice on Sewerage and Sanitary Works (2004), SS 550, SS 608, Green Mark 2015, Singapore Fire Code (2013) တို့ ကို လည်းလေ့လာထားဖို့ လိုပါတယ်။

ထို့ အပြင် Design Knowledge, Site Experiences, တို့ လည်းရှိဖို့ လို ပါတယ်။ Safety Rules and Regulations အကြောင်းလည်းလေ့လာ ထားသင့်ပါတယ်။ ထို့ အပြင် ဌာနဆိုင်ရာက ထုတ်ပြန်ထားတဲ့
စည်းမျဉ်းများကိုလည်း သိထားသင့်ပါတယ်။ ဥပမာ ( CQHP, YCDC etc)

အထက်ဖော်ပြပါ အချက်များကို နားလည်သိရှိပြီဆိုရင် P.E (Mechanical, Building Services) ကို ရဲရဲဝင့်ဝင် လျှောက်ကြပါ။

လက်ရှိကြားနေရသော သတင်းများအရဆိုလျှင် အင်တာဗျုးလာဖြေကြ သူများတွင် Service တခု၊ ၂ ခုလောက်သာ သိခြင်း ။ Design အကြောင်းနားမလည်ခြင်း။ Codes များ အကြောင်းသေသေချာချာ နားမလည်ခြင်း (တချို့ ဆိုလျှင် Codes ကိုလုံးဝမဖတ်ထားပါ။ သက်ဆိုင်ရာ code ရှိကြောင်းလည်းမသိကြပါ)။ CQHP ဆိုသည် ကိုပင်မသိကြခြင်း။အစရှိသဖြင့် လိုအပ်ချက်များစွာရှိနေသေးကြောင်း သိရှိနေရပါတယ်။ လုံးဝမဖြစ်သင့်သောကိစ္စများဟု ယူဆရမှာပါ။

PE တယောက်ရဲ့ တန်ဖိုးဟာ Codes and Design ကို ဘယ်လောက်အထိ နားလည်သဘောပေါက်သ လဲ ဆိုတဲ့အပေါ် မှာမူတည်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Codes and Design Compliance အတွက် တာဝန်အပြည့်ယူထားရလို့ ပါ။ ငွေရတာတခုတည်းအနေနဲ့တော့ PE အတွက် မကြိုးစားသင့်ပါ။

ကျွန်တော်လည်း တချို့ codes တွေကို အတိအကျမသိသေးလို့ ကိုယ့် ထက် ပိုတတ်ပိုသိတဲ့သူတွေကို မေးနေရတုန်းပါ။ အကုန်လုံး က-အ သိ
ဖို့ ဆို တာ မဖြစ်နိုင်ပါ။ အရေးကြီးတဲ့၊ သိသင့်သိထိုက်တာတွေ
တော့သိထား လေ့လာထားသင့်ပါတယ်။

တကယ်သိ၊ တကယ်တတ်တဲ့ P.E (Mechanical , Building Services) များ ဖြစ်ကြပါစေ။

သွင်ဇော်တိုး
(၉၂ စက်မှု့)

ကျွန်တော် စင်္ကာပူ PE ပါ။ ၂၀၁၄ က ရခဲ့တာပါ။ မြန်မာပြည်က PE ကို ၂၀၁၅ မှာရခဲ့ပါတယ်။ စင်္ကာပူမှာ Mechanical PE အနေနဲ့ပဲ ရှိတာမှန်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ Mechanical PE ကို အမျိုးမျိုး ခွဲကြလို့ Building Services ဆိုပြီး သပ်သပ်ပေါ် လာတာပါ။လာတာပါ။

https://m.facebook.com/groups/173723859950012?view=permalink&id=265449700777427




No comments:

Post a Comment