Sunday, December 10, 2017

ပလောပီနန် Cassava (ဈေးကွက်ပျောက်နေခြင်း) 2017

Image may contain: food and text
ပလောပီနန် Cassava (ဈေးကွက်ပျောက်နေခြင်း)
ဒီကနေ့ လေးမျက်နှာမြို့နယ် (ဟင်္သာတခရိုင်) က မိတ်ဆွေတစ်ယောက်နဲ့ စကားပြောချိန် သူတို့မြို့နယ်ကထွက်တဲ့ ပုလောပီတန်မှုန့် တန်ချိန်၎သောင်း (တစ်တန် အိတ်၂၀) အတွက် အင်အယ်ဒီအစိုးရသစ် လက်ထက်မှာ အရမ်းဆိုးဝါးသွားတာကို ပြောပြပါတယ်။ တနိုင်ငံလုံး စီးပွားမကောင်းတဲ့အထိ ဆန်၊ ပဲမျိုးစုံတွေလဲ ဈေးကွက်ပြသနာ ဖြစ်နေပါတယ်။ 
.
စင်ကာပူက ကုန်သည်၂ယောက် လာပြီး ပလောပီနန်အမှုန့်တွေ ကြိုက်တယ်။ ကွာလတီကောင်းတယ်။ ဒါပေမဲ့ LC FOB စနစ်နဲ့ဝယ်ချင်တယ် ဆိုတော့ ကုမဏီလည်းမရှိလို့..လက်ငင်းငွေချေစနစ်ပဲ တောင်သူများက သိတယ်။ အကြွေး ဘယ်ရောင်းနိုင်ပါ့မလဲ။ 
.
ကိုကျော်မျိုးထွန်း ရေးတဲ့ ကုန်လှောင်ရုံစနစ် လယ်ယာမြေပြုပြင်ပြောင်းလဲရေး ကို သတိရမိတယ်။ လေးမျက်နှာမြို့နယ်က စိုက်သမျှ ပလောပီနံတွေ ဟင်္သာတ ကုန်သည်တွေလက်ထဲမှာပဲ အဆုံးသတ်ရတယ်။ ဈေးနိုမ်ခံရ၊ နိုင်ငံခြား ပို့ဖို့လည်း ဈေးကွက်ကမရှိ၊ အစိုးရဆိုတာလဲ ဈေးကွက်လုပ်ပေးရမှာ ..သမ္မတဦ်းသိန်းစိန် လက်ထက်ကတည်းက အစိုးရလုပ်ပေးရင် ပိုဆိုးလေ့ရှိပြီး အခု အင်အယ်ဒီ မဲပေးခဲ့ကြတယ်။ အခုမှ အရင်ထက် ပိုဆိုးနေတဲ့ ခေတ်ဖြစ်နေလို့ ပလောပီနန် စိုက်ပျိုးသူလဲ ရှုံး၊ အမှုန့်ကြိတ် ရောင်းဝယ်သူလဲ ရှုံး ဖြစ်နေတယ်။ 
.
.
နိုင်ငံခြားဈေးကွက် ကြည့်ပေးပါဦး၊ ပလောပီနန်ကုန်သည်များအသင်း ရှိသလားလဲ ကျနော် မသိဘူး။ လေးမျက်နှာမြို့နယ်မှာ အရင်က ဖွဲ့ထားတဲ့ ပလောပီနန်အဖွဲ့လည်း ယုံကြည်ချက်ပျက်၊ ကြံခိုင်ရေးကလူတွေပဲ ကြီးစိုးတော့ အဖွဲ့အစည်း ပျက်နေတယ်။ အသစ်ပဲ ပြန်ဖွဲ့တော့ဗျာ လို့ ပြောလိက်ရတယ်။ 
.
.
ဈေးကွက်လေ့လာခြင်း
http://www.fao.org/docrep/007/y5287e/y5287e0a.htm
.
ပလောပီနန်အကြောင်း
https://en.wikipedia.org/wiki/Cassava
.
.ကမ္ဘာ့ စားနပ်ရိတ်ခါ FAO အချက်လက်များ
http://www.fao.org 
.
ပလောပီနန်ဈေးနှုန်းထိုးကျသွားခြင်း
http://www.khmertimeskh.com/…/cassava-export-prices-down-s…/
စတဲ့အချက်လက်များကို ကြည့်မိတယ်။ သူတို့ကို ဘယ်လိုနည်းနဲ့ ကယ်တင်နိုင်မလဲ စဉ်းစားတယ်။ ဈေးကွက်လေ့လာခြင်း ကို ဖတ်ကြည့်တော့ ပလောပီနန်က ဆန်၊ ဂျုံ ပြီးရင် တတိယ အများဆုံး လူစားတဲ့ သီးနှံဖြစ်ပြီး အာဖရိက၊ တောင်အမေရိက အများဆုံးစားကြတယ်။ အများဆုံး ၀ယ်တဲ့
import လုပ်သူများကတော့
နယ်သာလန် တန်ချိန် ၃သန်း
တရုပ် တန်ချိန် ၂.၃သန်း
အင်ဒိုနီးရှား နဲ့ မလေးရှား တန်ချိန် ၁သန်းနီးပါးစီ
အမေရိကန် တန်ချိန် ၂သိန်း .. စသဖြင့် တွေ့ရပါတယ်။ 
.
ဒီတော့ တရုပ်၊ က ဈေးနှိမ်တော့.. အင်ဒိုနီးရှား၊ မလေးရှား ဈေးကွက်တွေ ထိုးဖောက်ဖို့ လိုအ်ပ်နေတယ်။ ကမ္ဘာ အများဆုံးထုတ်လုပ်တဲ့ ထိုင်းကုန်သည်တွေကို ချဉ်းကပ်ရမှ ဆိုတာ စဉ်းစားမိတယ်။ 
.
ကမ္ဘာ့  စားသောက်ကုန်ဈေးကွက်ကို ထိုင်းနိုင်ငံက ကြီးစိုးထားပါတယ်။ ပဲမျိုးစုံ ဈေးကွက်ကတော့ မြန်မာက ကြီးစိုးထားတယ်။ အခု ပလောပီနန်ဈေးကွက်ကို ထိုင်း၊ (တန်ချိန်၃၀သန်း) ကို ဘယ်လို ဈေးကွက်ယှဉ်နိုင်မလဲ။ 
.
.
ဘယ်လိုဈေးကွက်ရှာမလဲ..
ဈေးကွက်ကို စီးပွားကူးသန်း ၀န်ကြီးဌာနက ရှာပေးဖို့ ဖြစ်ပေမဲ့ ၊ ပလောပီနန်အဖွဲ့ကပဲ ရှာရပါမယ်။ မိမိလဲ ကူညီချင်ပေမဲ့ ဘာမှမတတ်နိုင်။ အကြံလေးတွေ ရှိရင် ပေးကြပါလို့...မြန်မာထွက်ကုန်တွေကို ၀ယ်မဲ့ အင်ဒိုနီးရှား၊ မလေးရှား ကုန်သည်များကို စည်းရုံးဖို့.. အထူးသဖြင့် မြန်မာနိုင်ငံရောက် မလေးရှားလူမျိုးများ၊ မလေးရှားပြန် မြန်မာများ နဲ့ မြန်မာ၁သန်းလောက် နေထိုင်ကြတဲ့ စင်ကာပူ၊ မလေးရှားက မြန်မာများ စဉ်းစားပေးကြပါလို့ အကြံပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျာ။
.
ဈေးကွက်ကို စီးပွားကူးသန်း ၀န်ကြီးဌာနက ရှာပေးဖို့ ဖြစ်ပေမဲ့ ၊ ပလောပီနန်အဖွဲ့ကပဲ ရှာရပါမယ်။ မိမိလဲ ကူညီချင်ပေမဲ့ ဘာမှမတတ်နိုင်။ အကြံလေးတွေ ရှိရင် ပေးကြပါလို့...မြန်မာထွက်ကုန်တွေကို ၀ယ်မဲ့ အင်ဒိုနီးရှား၊ မလေးရှား ကုန်သည်များကို စည်းရုံးဖို့.. အထူးသဖြင့် မြန်မာနိုင်ငံရောက် မလေးရှားလူမျိုးများ၊ မလေးရှားပြန် မြန်မာများ နဲ့ မြန်မာ၁သန်းလောက် နေထိုင်ကြတဲ့ စင်ကာပူ၊ မလေးရှားက မြန်မာများ စဉ်းစားပေးကြပါလို့ အကြံပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျာ။
.
.ငုပ်ငန်း ၁၀ခုမှာ ၁ခု၊ ၂ခုလောက်ပဲ ဈေးကွက်ရပြီး အောင်မြင်ပါတယ်။ အင်ဂျင်နီယာ လူငယ်ျများ ဈေးကွက် ထိုးဖောက်၊ ထိုးထွင်းဥာဏ် များနဲ့ စဉ်းစားကြည့်ကြစေလိုပါတယ်။
.
ကိုရှိန် 09250435365
လေးမျက်နှာမြို့...

No automatic alt text available.

.
No automatic alt text available.


No automatic alt text available.


Facebook Ref: 
https://www.facebook.com/myanmarjobstudent/posts/10155351826993472?pnref=story

No comments:

Post a Comment