Monday, December 11, 2017

လျှပ်စစ်ဓါတ်အားထုတ်တဲ့ တာဘိုင်များ နဲ့ မြန်မာလျှပ်စစ်ထုတ်လုပ်မှု


လျှပ်စစ်ဓါတ်အားထုတ်တဲ့ တာဘိုင်များ
အိမ်သုံးအသေးစားကနေ ညူကလီယာဓါတ်ပေါင်းဖိုမှာ သုံးတဲ့ ဧရာမ ရေနွေးငွေ့Steam Turbine အထိ ရှိပါတယ်။ အနည်းငယ် ရေးလိုက်ပါတယ်။ အသေးစိတ် ဖတ်လိုသူများကတော့ ဂူဂယ်မှာ steam turbine, gas turbine, water turbine, wind turbine လို့ အင်္ဂလိပ်လို ရိုက်နှိပ်ပြီး အင်္ဂလိပ်လို ဖတ်နိုင်ပါတယ်။ အခုဆို မြန်မာလို ရိုက်နှိပ်ပြီး မြန်မာလိုဖတ်ဖို့ ရှာလို့လဲ ရနေပါပြီ။ မကြာမီ မြန်မာယူနီကုတ်စနုစ် ခိုင်မာသွားရင်တော့ မြန်မာလို့ဘာသာပြန်ခြင်းကို လူနဲ့လုပ်စရာမလိုပဲ ဘင်တာနက် မိုဘိုင်းဖုန်းမှာပဲ အလိုအလျှောက် မြန်မာလို ဖတ်နိုင်ဖို့ နှစ်အနည်းငယ်အတွင်း ဖြစ်လာမှာပါ။
တာဘိုင်အမျိုးအစားတွေကတော့
၁။ ရေနွေးငွေ့တာဘိုင် steam turbine
၂။ ဂတ်စ်တာဘိုင် gas turbine
၃။ ရေအားလျှပ်စစ်တာဘိုင် water turbine
၎။ လေရဟတ်တာဘိုင် wind turbine. ..တို့ဖြစ်ပါတယ်။
.
လျှပ်စစ်ထုတ်နည်း မျိုးစုံ
အပူအား၊ နေရောင်ခြည်အား၊ ဒီရေ၊ မြေအောက်အပူဓါတ်အား ဘိုင်အိုဂက်စ် စပါးခွံစက် အမှိုက်/ပလပ်စတစ်ကထုတ်စက် စသဖြင့် နည်းမျိုးစုံရှိပါတယ်။ သွားဖက်ဆိုင်ရာ ဆရာဝန် ဒေါက်တာလှိုင်မြင့် @ Billy H. Mackenzie က ဧရာဝတီတိုင်းမှာ ဒီရေအတက်အကျကနေ လျှပ်စစ်ထုတ်ဖို့ မူပိုင်ခွင့် အဆိုပြုတယ်။ လွှတ်တော်ကိယ်စာလှယ်တစ်ဦးက မေးခွန်းမေးတော့ လျှပ်စစ်ဝန်ကြီးက ငွေမရှိလို့ တွက်သားမကိုက်လို့ ဒီရေလျှပ်စစ် အစီစဉ်မရှိပါ ဖြေခဲ့တယ်။ အခု အစိုးရသစ်မှာ ဂျပန်နဲ့ပေါင်းပြီး လုပ်နေပြီ သတင်းထွက်လာပြန်ပါတယ်။ မူလအဆိုပြုတဲ့ ဒေါက်တာလှိုမြင့်ကတော့ ပါဝင်ခွင့်မရဘူး။ အလားတူပဲ အမှိုက်က လျှပ်စစ်ထုတ်ခြင်းကို ဂျပန်ချေးငွေနဲ့ ရန်ကုန်မှာလည်ပတ်နေပါပြီ။ တခါတလေ ပုံမှန်မဟုတ် နည်းလမ်းတွေသုံးပြီး ဈေးကြီးတဲ့ တာဘိုင်တွေဝယ် ပြည်သူ့ဘဏ္ဍာ ကုန်ဆုံး ဖြုန်းတီးတာမျိုးတွေ ကာကွယ်ဖို့ မတတ်နိုင်သေးပါဘူး။ ဇီးသီဗန်းကတော့ မှောက်နေဦးမှာပါ။
.
ဇီးသီးဗန်း အမှောက်အနည်းဆုံးက မဟာဓါတ်အားလိုင်း တည်ဆောက်ခြင်းဖြစ်လို့ World.bank ADB များက ငွေချေးပေးပါတယ်။ ဓါတားစက်ရုံ (တာဘိုင်ဝယ်ခြင် တပ်ဆင်ခြင်း) အလုပ်က ဇီးသီးဗန်း တခုလုံးမှောက်ရုံမက အလျင်းမသင့်ရင် သန်း၃၀၀ စီမံကိန်းကနေ ၂ဆ၃ဆ သန်း၆၀၀ သန်း၉၀၀ အထိ ကုန်သွားကြောင်း အိန္နိယ ပါကစ္စတန် လျှပ်စစ်တာဘိုင်ကြီးများ တည်ဆောက်စီမံကိန်းများက ဖြစ်ပျက်ခဲ့ပါတယ်။ ဖိလစ်ပိုင် အင်ဒိုနီးရှား ပြည်တွင်းခရိုနီများနဲ့ ဖက်စပ်လုပ်စားသွားတာ ၁၉၉၀ - ၂၀၀၀ ကာလမှာ အများကြီးဖြစ်ခဲ့ပါတယ်။ အခု မြန်မာပြည်မှာလဲ ဖြစ်နေပါတယ်။
.
စံပြအနေနဲ့ ဂျပန်သီလဝါ စက်ရုံ အခုဆောက်နေတဲ့ ဒေါ်လာသန်း၃၀၀ မြင်းခြံ စင်ကာပူ ဓါတ်အားစက်ရုံများက တာဘိုင်ကြီးများကို စံနမူနာထားရပါမယ်။
.
.
တာဘိုင်သက်တမ်း
တာဘိုင်များမှာ အသက်ကတော့ တာဘိုင်ဘလိတ် turbine blade ဖြစ်ပါတယ်။ ဘလိတ်ဒီဇိုင်းကို အထူးပြုလုပ်ခြင်းနဲ့ လျှပ်စစ်ထုတ် efficiency စွမ်းအားကောင်းစေပါတယ်။
.
.
.
၁။ ရေနွေးငွေ့တာဘိုင် steam turbine
စင်ကာပူ ဂျူရောင်း နဲ့ စီနိုကို ပါဝါစက်ရုံကြီးများမှာ 1MW, 2MW ရေနွေးငွေ့တာဘိုင်လေးေ်ုတွ အမြောက်အများကို အသုံးပြုပြီး မဂ္ဂါဝပ်တွေ ပေါင်းရင် အများကြီးဖြစ်လာတဲ့ ဂျင်နရေတာများ ဆိုင်ခရိုနိုက်စ် Synchronize လုပ်ထားတာကို တွေ့ရပါတယ်။ သင်္ဘောကြီးများမှာလည်း ဂျင်နရေတာ၃လုံး အထက်ကို အပြိုင်ဆက်ပြီး လျှပ်စစ်ထုတ်ပါတယ်။ တခု ပျက်ရင်လဲ ပြသနာမရှိပါ။ ဒီလို ဓါတ်အားစက်ရုံများစွာကို မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး တဖက်က ပျက်သွားရင် နောက်တဖက်က ဓါတ်အားယူသုံးခြင်းနဲ့ တိုးတက်တဲ့နိုင်ငံများမှာ စက်ခလုပ်များ Switch System လုပ်ထားကြပါတယ်။ မီးပျက်ရင်တောင် မိတ်တုပ်မဖြစ်ပဲ တခြားလိုင်းကို ပြောင်းပေးပါတယ်။ တချို့ စက်များ အထူးသဖြင့် ဆီးမီးကွန်ဒက်တာ Wafer Fabrication စက်ကြီးများကတော့ power dip ဖြစ်တာတောင် စက်ရပ်သွားတတ်ပါတယ်။ ဒါတွေကို ကာကွယ် လျှပ်စစ်ဓါတ်အားပေး ဖြန့်ဖြူးခြင်းက နည်းပညာတစ်ခုပါ။ ဒီနေရာမှာတော့ တာဘိုင်များအကြောင်း အနည်းငယ်ပဲ ရေးပါတယ်။
.
ရေကို အပူပေးပြီး ၁၀၀ ဒီဂရီစင်တီဂရိတ်မှ ရေနွေးငွေ့ရပါတယ်။ ရေနွေးငွေ့ကို ဖိအား နဲ့ အပူမြင့်အောင် high pressure 60kg/cm2 & high temperature 800 deg C အထိ မြှင့်ပေးပြီး တာဘိုင်ကြီးများကို လည်ပတ်စေပါတယ်။ တာဘိုင် အသေးဆိုရင် ဖိအားနဲ့အပူအား အရမ်းမြင့်စရာ မလိုပါဘူး။
.
အခုခေတ် ညူကလီယာ ဓါတ်အားစက်ရုံကြီးများ၊ ကွန်ဘိုင်းဂက်စ်၊ ကျောက်မီးသွေးစက်တွေမှာ ရေနွေးငွေ့ တာဘိုင်ကိုပဲ သုံးကြပါတယ်။
.
.
၂။ ဂတ်စ်တာဘိုင် gas turbine
သဘာဝဓါတ်ငွေ့ ဈေးချိုခြင်း ပေါမျာခြင်းတွေကြောင့် ဂတ်စ်တာဘိုင်များ ခေတ်စားလာပါတယ်။ ရေနွေးငွေ့ရဖို့ ရေကို အပူပေးစရာ လောင်စာ ထင်း ကျောက်မီးသွေး စက်သုံးဆီတွေ မလိုတော့ပါ။ ဘွိုင်လာ ထည့်သွင်းစရာမလိုပဲ ဓါတ်ငွေ့ကို မီးရှို့ ပြီး ဂတ်စ်တာဘိုင် လည်ပတ်စေပါတယ်။
.
ပေါက်ကွဲမှူဒဏ်ခံနိုင်ဖို့ ဂတ်စ်တာဘိုင်ဘလိတ်ပြားများ အလွန်ကောင်းရသလို ပြုပြင်ထိမ်းသိမ်းမှုလည်း ပိုလုပ်ရပါတယ်။ တာဘိုင်သက်တမ်းလည်း ရေနွေးငွေ့တာဘိုင်ထက် အများကြီး သက်တမ်းတိုပါတယ်။ သက်တမ်းရှည်အောင် မကြာခဏ ဖွင့်စစ်ဆေး ဘလိတ်များလဲလှယ်ပေးရမှာဖြစ်ပါတယ်။
.
အမြန်ဆုံးနဲ့ စက်ရုံတည်နိုင်တဲ့အတွက် ဓါတ်ငွေ့ အများပြားထွက်တဲ့ ဗီယက်နမ်နိုင်ငံမှာ ဂတ်စ်တာဘိုင် လျှပ်စစ်ဓါတ်အား အများဆုံး ထုတ်လုပ်နေပါတယ်။
.
.
၃။ ရေအားလျှပ်စစ်တာဘိုင် water turbine
နှစ်ပေါင်းများစွာခံတဲ့ တာဘိုင်စက်ဖြစ်ပါတယ်။ ဖိအားနဲ့ အပူချိန် သဘာဝအတိုင်း ဖြစ်လို့ပါ။ မြန်မာနိုင်ငံက လောပိတ ဂျပန် ဟိတာချီ ရေအားတာဘိုင်များက နှစ်၈၀ လောက်ကြာပေမဲ့ ကောင်းတုန်းပါပဲ။
.
ကချင်ပြည်နယ် ကျင်ခရန် ရေအားလျှပ်စစ်စက်ရုံ တရုပ်တာဘိုင်များနဲ့ဆောက်တယ်။ တာဘိုင် ၁၂လုံးလောက် တန်းစီလည်ပတ်တယ်။ တနှစ်အကြာ စက်အလုံးတွေ ပျက်တော့ တဝက်ပဲကျန်တယ်။ အပိုပစ္စည်း ဈေးကြီး မဝယ်နိုင်တော့ စက်တစ်လုံးကနေ ဖြုတ်ပြီး သုံးတော့ တစ်နှစ်အတွင်း ၅၀% ပဲ လည်နိုင်ပြီး နောက် ၃နှစ်ကျော်တော့ စက်အားလုံး မလည်ပတ်နိုင်တော့ပါ။ နောက်ပိုင်း ကေအိုင်အေ ကချင်လက်နက်ကိုင်များ ထုတ်တဲ့ ဘူးဂါးလျှပ်စစ်နဲ့ မြစ်ကြီးနားတဝိုက် မီးလင်းရပါတယ်။
.
ဘာကြောင့် တရုပ်ရေအား တာဘိုင်တွေပျက်ရပါသလဲ ဆိုတော့
.
* မြန်မာတွေ အရည်ချင်းမရှိလို့ မထိမ်းသိမ်းနိုင်လို့ skill မရှိလို့ ပြောရင် ရပါတယ်။ ရတဲ့လစာကလည်း နည်းတော့ မလုပ်ချင်ဘူးပေါ့။
.
* တရုပ်ပြည်မှာ သုံးမရတော့တဲ့ တာဘိုင်တွေကို လိမ်ညာရောင်းချခံရတယ် ပြောရင် မြန်မာတွေဒါလောက်တောင်ညံ့သလား မေးလဲ မေးစရာပါ။ မြန်မာအင်ဂျင်နီယာများက ဝယ်ဖို့ မဆုံးဖြတ်ပါ။ အဂတိ လိုက်စားတဲ့ အုပ်ချုပ်သူများ (စစ်ဗိုလ်များ) က ဝယ်ဆိုတော့ တရုပ်ချေးငွေနဲ့ ဝယ်ထားတာကို အင်ဂျင်နီယာများက ထိန်းသိမ်းရပါတယ်။ စိတ်ပျက်တော့ မထိမ်းသိမ်းချင် ခဏနဲ့ပျက်ပါလေရော။
.
အခု နောက်ဆုံး နေပြည်တော်ကို မီးပေးတဲ့ ပေါင်းလောင်း သောက်ရေခပ် စတဲ့ တရုပ်စက်များကတော့ အသစ်ဖြစ်ပါတယ်။ အဟောင်း ခဏပဲခံတယ်။ အသစ်ပေး ဆိုတော့ ဂျပန် အမေရိကန် ရောင်းတဲ့ စက်ဈေးပေးပြီး တရုပ်စက်အသစ်ကို အတိုးကြီးတဲ့တရုပ်ချေးငွေနဲ့ ဝယ်ပါတယ်။ ဒါလဲပျက်ပြန်တယ်။ ပြင်တော့ တရုပ်ပဲပြင်ရမယ် ဆိုတဲ့ စာချုပ်စည်းကမ်းရှိတော့ တရုပ်အင်ဂျင်နီယာမဟုတ်သူ စက်ပြင်တွေပဲ လာပြင်ကြတယ်။ ပြင်ခကတော့ အမေရိကန်ဈေးအတိုင်း မြန်မာပြည်က ပေးရတယ်။ မိအေး၂ခါမက ၃ခါနာနေတာကတော့ တရုပ်စက်တွေ ပြင်လဲပျက်နေဆဲပါပဲ။ ပြင်ခနဲ့ပဲ လုံးပါးတော့မယ်။ ဒီအကြောင်းလဲ ဆောင်းပါး ရေးခဲ့ဖူးပါတယ်။ ပေါင်းချုပ်ပေးဖို့ မိုးမခ လျှပ်စစ်ဆောင်းပါး စာအုပ်လုပ်နေပါတယ်။
.
နောင် ချေးငွေရရင် ဂျပန် ဂျာမဏီ စက်ကောင်းတွေဝယ်ပြီး တပ်ဆင်မယ်။ အရှုံးများတဲ့ တရုပ်စက်တွေတော့ ဖျက်သိမ်းပစ်မှ အေးမယ်။
.
တနိုင်တပိုင်ရေအားလျှပ်စစ်
လက်ရှိ ကချင်ပြည်နယ်မှာ ၃ဆလောက်ပိုလျှံ နေပါပြီ။ 11kv လိုင်းနဲ့ပို့ရင် ဓါတ်အားဆုံးတော့ 230kv မဟာဓါတ်အားလိုင်း ဆွဲခွင့်ပေးဖို့ လိုနေပါပြီ။ အလားတူ ရှမ်း ကယား ကရင် ချင်းပြည်နယ်တွေမှာ အသေးစား 10kw to 1mw ရေအားတာဘိုင်များစွာ တပ်ဆင်နိုင်ပါတယ်။ ရေအားမရှိတဲ့ တိုင်းဒေသများမှာ ကျောက်မီးသွေး ဂက်စ် အက်အို(Fuel Oil) ဒီဇယ် ဘိုင်အိုဂက်စ် စတဲ့လောင်စာများသုံးပြီး ဘွိုင်လာအိုနဲ့ ရေနွေးငွေ့သုံး တာဘိုင်များ တပ်ဆင်ဖို့ပါ။ အင်ဒိုနီးရှား ဖိလစ်ပိုင် ကျွန်းထောင်ချီရှိတာ ဒီနည်းနဲ့ပဲ မီနီဂရစ် လျှပ်စစ်ထုတ်နေကြပါတယ်။ နေရောင်ခြည် (Solar) ကတော့ တနိုင်တပိုင် မီးထွန်းတာပဲသုံးကြပါတယ်။
.
.
၎။ လေရဟတ်တာဘိုင် wind turbine.
ဆောင်းပါးတပုဒ်ရေးခဲ့ဖူးပါတယ်။ နောက်၁၀နှစ်အကြာ ပင်လယ်ပြင်မှာပေါ်နေတဲ့ Floating Wind Turbine ဧရာမ 1MW - 10MW တာဘိုင်ကြီးတွေ ရေအာလျှပ်စစ်လို ဈေးချိုလာမယ်လို့ ဈေးကွက်ခန့်မှန်းထားပါတယ်။ အခုတော့ ထုတ်လုပ်မှုစရိတ် တော်တော်ကြီးလို့ ငွေတတ်နိုင်တဲ့ Offshore ကမ်းလွန်ရေနံ ဓါတ်ငွေ့လုပ်ငန်းတွေအတွက်ပဲ သုံးနိုင်ပါတယ်။ ဂျာမဏီ တရုပ် နော်ဝေး ဒိန်းမတ် ကုမ္ပဏီများက ဈေးကွက်ဦးစီးထားပါတယ်။ တရုပ်ကုမ္ပဏီ ၃ခုက ထိပ်တန်း၁၀ခုမှာ ပါနေပါတယ်။
.
လေရဟတ်တာဘိုင်ကတော့ ရေအားလျှပ်စစ်ထက် ထိန်းချုပ်မှု ရှုပ်ထွေးပါတယ်။ တိုင်ဖွန်းမုန်တိုင်း တနာရီမိုင်၁ရာကျော် တိုက်ခတ်တာ ခံနိုင်ရမယ်။ လေတိုက်နှုန်း အနည်းအများက သဘာဝ ထိန်းချုပ်လို့မရတော့ Control System ထိန်းချုပ်မှု နည်းစနစ်နဲ့ ဘရိတ်စနစ် ကောင်းကောင်း သုံးရပါတယ်။ ပင်လယ်ထဲ ဆွဲယူသွားလို့ရတော့ ရေပေါ်ဓါတ်အားပေးစက်ရုံအဖြစ် ကန်ထရိုက်နဲ့ ငှားရမ်းတဲ့ ငှားစားတဲ့လုပ်ငန်းအဖြစ် တွင်ကျယ်နေပါတယ်။
.
.
.
ထိန်းချုပ်မှုစနစ် Control System
အခုခေတ်က အလိုအလျောက် ထိန်းချုပ်တဲ့ ကွန်ပြူတာ မိုဘိုင်းဖုန်း အင်တာနက်ခေတ် ဖြစ်ပါတယ်။ လူတွေအားကိုးလို့ စက်တွေပိုနစ်နာလေ့ရှိပါတယ်။ ဒါကြောင့် စက်တွေ မပျက်စီးအောင် ရှေည်ခံအောင် အလိုအလျောက် အပူချိန် ဖိအား လည်ပတ်နှုန်း သက်တမ်းအချိန် အဖွင့်အပိတ် ဓါတ်ငွေနဲ့အရည် ကွာလတီ စီးဆင်းနှုန်း သိပ်သည်းခြင်း စတဲ့ စက်အခြေအနေကို ကွန်ပြူတာထိန်းချုပ်စနစ်သုံးကြပါတယ်။ ပစ္စည်းကို ပုံမှန် လာမကြည့်ရင် လာကြည့်ပါ လာကြည့်ပါ လို့ ဖေ့ဘုတ်မက်ဆေ့ အီးမေးတွေ တယ်လီဖုန်းဆီပို့ပေးပါတယ်။ Alarm အချက်ပေးမှု အသံများပေးတယ် ပိုဆိုးလာရင် အလိုအလျောက် Trip စက်ရပ်ပစ်ပါတယ်။ Safety Device များက အလွန်တန်ဖိုးကြီးတဲ့ တာဘိုင်စက်ကြီးကို ကာကွယ်ပေးပါတယ်။ Bearing Temp, Shaft Displacement စတဲ့ အရေးကြီးတဲ့ တာဘိုင်လည်ပတ်မှု အချက်တွေကို ထိန်းချုပ်စနစ်က အလွန်အရေးကြီးလာပါတယ်။ ဒါကြောင့် စက်ရုံကြီးများသာမက အိမ်သုံး လျှပ်စစ်ဂျင်နရေတာများမှာလဲ မိုက်ကရိုပရိုဆက်ဆာ Chip တွေ ထည့်ထားပါတယ်။
.
.
နိဂုံး သုံးသပ်ခြင်း
တာဘိုင်အကြီးတွေက နည်းပညာအဆင့်မြင့်လို့ တည်ဆောက်သူ နိုင်ငံခြားသားများက မြန်မာလူငယ်များကို အတူခေါ်ပြီး သင်ပေးရပါမယ်။ မသင်ပေးချင်ဘူး သင်ပေးရတာ သူတို့အလုပ်ဖင့်နှေးတယ် ဆိုပြီး ငြင်းလို့မရအောင် စာချုပ်မှာ သင်တန်းကိစ္စ အထူပြုရပါမယ်။ ဗီယက်နမ်မှာ အင်ဂျင်နီယာငယ် များစွာကို စီမံကိန်းထဲထည့်ပြီး look see. look see လုပ်ခိုင်း မှတ်ခိုင်း လေ့လာခိုင်းပါတယ်။ စက်တပ်ဆင်နေတုန်း သင်တန်းကျောင်းဖွင့်ထားပေးရပါမယ်။
.
အသေးစားတာဘိုင်များ 1mw အောက် တာဘိုင်တွေဆို စရိတ် ကျပ်သိန်း၁ထောင်ကျော် usd$100,000 လောက်ပဲရှိပါတယ်။ မြန်မာတွေ တာဘိုင်စက် မတီထွင် မလုပ်နိုင်သေးပေမဲ့ စက်တပ်ဆင် ပြုပြင်ထိမ်းသိမ်း ရာမှာတော့ ထိတ်တန်းအဆင့်ဖြစ်ပါတယ်။
.
နေရောင်ခြည် မီနီဂရစ်ကတော့ ဘက်ထရီပြသနာကြောင့် ညမီးထွန်းဖို့ တီဗွီကြည့်ဖို့ပဲ ကောင်းပါတယ်။ တအိမ်တခု Home System ပဲ သုံးသင့်ပါတယ်။ ရေပန့်လည်ဖို့ အပူပေးဖို့ မော်တာစက်လည်ဖို့တော့ နေရောင်ခြည် မီနီဂရစ်ကိုသုံးလို့မသင့်ပါဘူး။ မြန်မာနိုင်ငံမှာလုပ်နေတဲ့ ဘက်ထရီသိုလှောင် မီနီဂရစ်များက ပြည်သူဘဏ္ဍာဖြုန်းတီးသလိုပါပဲ။ မြန်မာတွေ အများစုမှာ ဘက်ထရီထိန်းသိမ်းနိုင်တဲ့skill အရည်သွေးမရှိသေးပါ။ မှားရင်လဲခွင့်လွှတ်ပါ။ မိမိအမြင် ဖြစ်ပါတယ်။
.
မြန်မာများမှာ စာတွေ့ သက်မွေးပညာ စာသင်ခန်းအဆင့်ပဲရှိတယ်လို့ ရိုးသားစွာ ရှုမြင်ပါတယ်။ လျှပ်စစ်စီမံကိန်း ကွပ်ကဲသူများလဲ မြန်မာပရိုဂျက်အရာရှိအများစုက အလုပ်ပဲကြွမ်းကျင်ပါတယ်။ နိုင်ငံခြားသား ပရိုဂျက်မန်နေဂျာများလို လစာသိန်း၁၀၀ ကျော်မရတော့ လုပ်ပိုင်ခွင့်လဲမရှိ အထူးသဖြင့် လော်ဂျစ်စတစ်နဲ့ ပါချေ့စင်း Logistic & Purchasing မှာ နိုင်ငံခြားပရိုဂျက်မန်နေဂျာ ပြောတာပဲ Yes Yes ဟုတ်ကဲ့ပါ လုပ်နေရတဲ့လစာနည်း မြန်မာအင်ဂျင်နီယာများကို ပါဝါမြှင့်တင်ပေးဖို့ အထူးလိုအပ်နေပါတယ်။ လစာမမြှင့်တင်ချင်ရင် Project Allowrance ကို နိုင်ငံခြားသားကို ပေးသလောက် နေစရိတ် စားစရိတ် ပေးတဲ့နည်းဖြစ်ပါတယ်။ ဒါနည်းကို အခွင့်ရင် လွှတ်တော်မှာ ကိုယ်စားလှယ်တစ်ဦးအကူညီနဲ့ အဆိုပြုချင်ပါတယ်ဗျာ။ မြန်မာဘက်က အတွေ့ကြုံရင့်ကျက်သူ ဆုံးဖြတ်ခွင့်ရှိသူ Decision Maker အင်ဂျင်နီယာ နဲ့ ဒါရိုက်တာများကို တလ သိန်း၂၀လောက် အနည်းဆုံး စရိတ်မပေးရင် ဇီးသီးဗန်းမှောက်နေတာလဲ သူတို့က ထိုင်ကြည့်နေမှာ သေချာပါတယ်။ ဇီသီဗန်း ကတော့ ပြည်ပကုမဏီတွေက ပိုမှောက်ယူလေ့ရှိပါတယ်။ တဖြေးဖြေး ကာကွယ်တားဆီးနိုင်မှာပါ။
.
ပရိုဂျတ် ဒေါ်လား၁၀သန်း သန်း၁၀၀ တွေ ထားလိုက်ပါတော့။ မိမိတို့ အင်ဂျင်နီယာများအဖို့ တာဘိုင်အကြီးကြီးတွေ မကိုင်တွယ်နိုင်သေးပေမဲ့လည်း .. ဒေါ်လာ ၁သိန်းတန် တာဘိုင် ဂျင်နရေတာအသေးစား အလတ်စားများ ဝယ်ယူတပ်ဆင် ထိမ်းသိမ်းပြီး မီနီဂရစ် ဓါတ်အားစက်များစွာ ပေါ်လာမယ် မျှော်လင့်မိပါတယ်။
.
ဇော်အောင်
၃.ဒီဇင်ဘာ.၂၀၁၇
.
မှတ်ချက်
စင်ကာပူ စကင်နေဗီးယားနိုင်ငံသားများရဲ့ ဗိုက်ကင်း Viking Engineering Pte Ltd "Steam Turbine Service Company, http://viking.com.sg " မှာ ၆နှစ် Turbine Control System လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ ရေးသားပါတယ်။ eBook , "Myanmar Electricity 2017" pdf file ရယူလိုရင် Chat Box ဗိုငိဘာ 09976922584, အီးမေး uzawaung@gmail.com နဲ့တောင်းပါ။ ပို့ပေးလိုပါတယ်။ တိုက်ရိုက် ဒေါင်းလုပ်သူများအတွက် ဒေါင်းလုပ်လင့်ကတော့..
https://www.slideshare.net/…/electricitymyanmarrev5oct2017t…
စိတ်ဝင်စား၊ဖတ်ရှု သူများကို ကျေးဇူးတင်ပါတယ်။

No automatic alt text available.


No automatic alt text available.

No automatic alt text available.


Image may contain: text


No automatic alt text available.

No automatic alt text available.

Image may contain: 1 person, smiling

No automatic alt text available.

No automatic alt text available.


No automatic alt text available.


No automatic alt text available.

Image may contain: sky, cloud, mountain, outdoor and nature

Image may contain: outdoor

Image may contain: text

No comments:

Post a Comment