Thursday, August 4, 2016

ကား ပတ်ကင် စည်ပင်ဌာန ယာဉ်ထိန်းရဲ..ကားပိုင်ရှင် Parking and Problem/ Fine ..etc

7Days News
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ယာဉ် အစီးရေသည် ၂၀၁၆ က စတင် များပြားလာကာ ၂၀၁၇ နှစ်စ ဇန်န၀ါရီအထိ စာရင်းများအရ ကားအစီးရေ ၇၇၂, ၇၈၈ စီးအထိ ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မော်တော်ယာဉ်အပြင် မော် တော်ဆိုင်ကယ်သည် အစီးရေ လေးသန်းကျော်နှင့် သုံးဘီးဆိုင် ကယ် ၇၀,၀၀၀ ကျော်ကိုမှတ်ပုံတင်လိုင်စင် ထုတ်ပေးပြီးဖြစ်သည်။
မှတ်ပုံတင်ထုတ်ပေးထားပြီး ဖြစ်သော ကားအများစုတွင် အိမ် စီးကားပမာဏက အများဆုံးဖြစ် ကာ သုံးပုံနှစ်ပုံသည် ရန်ကုန်မြို့၌ အသုံးပြုနေသော ကားများဖြစ် သည်။ ရန်ကုန်မြို့တွင်ခရီးသည် တင်ယာဉ်ထက် လူစီးယာဉ်အရေ တွက် ပိုမိုများပြားနေပြီးနောက်ပိုင်း၌ လူစီးယာဉ်များ တင်သွင်းခြင်း ကို ထိန်းချုပ်ကန့်သတ်မည့်သဘောရှိကြောင်း မော်တော်ယာဉ် တင် သွင်း ရောင်းချသူများက ခန့်မှန်း ပြောကြားသည်။
.....
http://www.7daydaily.com/story/90250



စည်ပင်ကားကရိန်းတဲ့ တွေ့ဖုးကြားဖူးတာတော့ wheel clamp တွေသုံးတယ် private လမ်း owner တွေလဲ ကိုယ်ပိုင်တဲ့လမ်း ကားလာရပ်ရင် wheel clamp သုံးခွင့်ပြုတာကြားဖှုးတယ်


Zarni Gyi with Win Myint and 9 others.
Car Crane & Ygn Traffic
ကားကြပ်တာတွေ ကားကရိန်းဆွဲ ဒါဏ်ငွေ၇သောင်းနဲ့ ဖြေရှင်းနေတာ စာတင်တိုင်စာပို့ဖို့ လုပ်နေတယ်..ကျနော့်ကား လမ်း၅၀ အနော်ရထာလမ်းထောင့် မနက်၁၀နာရီ ဆွဲခံလိုက်ရလို့..လူ၂၀လောက် မြို့နယ် စည်ပင် နဲ့ ယဉ်ထိန်းရဲ အုပ်ချုပ်ရေးမှုးတွေထိ လိုက်ပြောပါတယ်။
ကားတစီး ဖမ်းဆွဲဖို့ စည်ပင် ယဉ်ထိန်ရဲ ကားဆွဲကုမဏီ ဒဏ်ငွေပေးစနစ် လူတွေ အများဆိုအများကြီး အစီရင်ခံစာ ရီပို့ ဖောင်တင် ရှုပ်ထွေးနေတာ မြန်မာ့နည်းနဲ့လုပ်ကြတော့ မြန်မြန် ပြီးသွားပါတယ်။ လာပ်ပေးစရာမလိုပါ။
ရန်ကုန်မှာ ကားကရိန်းကုမဏီ (တခုပဲ မြေနီကုန်းမှာရှိတယ်)။ ကံဆိုးသူ ကျနော် မဲပေါက်သွားတယ်။
မတရားခံရတာ စာရေးတိုင်မလို့။ ကားကြပ်တဲ့ပြသနာက စည်းကမ်းမလိုက်နာတာပဲ ..ဒီဒါဏ်ငွေတွေ အထက်ပိုင်းက ပရိုဂျက်အကြံဖန်တွေ စည်ပင်က ဘုန်းနေတာ တွေကအစ နာမည်နဲ့ တိုင်မယ်..သတင်းစာရှင်း ဆောင်းပါးရေးဖို့ အခုတော့ ရန်ကုန်လူထု ယဉ်စည်းကမ်းဖောက်တာတွေ (ကိုယ်ကအစ) ချို့ယွင်းချက်ကြောင့် ဆိုတော့လဲ..နောက်ဆုံး ကားကရိန်းဆွဲခ ၅သောင်း စည်ပင်ဒဏ်ကြေး ၂သောင်း ..စုစုပေါင်း ၇သောင်းပဲပေးလိုက်ပါတော့တယ်။ ကားကရိန်ဝန်းခြံမှာ ၆နာရီ သိမ်းထားခ ၁၂၀၀ကျပ် ပါ ပေးရတယ်။
ဆိုင်းဘုတ်မရှိ အမှတ်သားတွေ ဖြူနီ ပျက်နေတာတွေ မရှိပဲ ကားကရိန်းဆွဲယူသွားတာ..လူတယောက်တော့ ရဲစခန်းကို ကားခိုးမှုနဲ့ တရားစွဲလို့ ဒဏ်မဆောင်ရ ကားကိုအိမ်ထိ လာပို့ပေးတယ် ဆိုပဲ..
ရယ်စရာ မြန်မာပြည်.. ဆန်ဖရန်မှာ ကားကရိန်း ဒေါ်လာ ၁ထောင် ဖမ်းခံဖူးသူများကတော့ ၇သောင်း ဒေါ်လာ၇၀ ဘာမမရှိပေမဲ့ ဒီမှာက တရက်လုပ်ခ ၅ထောင်ကျပ် ၁၄ရက်လုပ်စာလေ။
*****
မြို့တွင်း ကားစည်းကမ်းမလိုက်နာတဲ့ကားတွေ ဓါတ်ပုံရိုက် ဝက်ဆိုဒ်မှာကြေငြာ ပညာပေးကာလ ၆လ ကန်ထရိုက် တင်ဒါအကြံပေးပေါ့..ရန်ကုန်.မန်းလေး အမြန်လမ်းမှာ အရှိန်ပိုမောင်းဘတ်စကားတွေ ပညာပေးကာလ ကုန်သွားလို့ ဖမ်ဒဏ်ချတော့မယ် တဲ့။ ရန်ကုန်မြို့တွင်း အမြန်မောင်းနဲ့ စည်းကမ်းမဲ့ ရပ်နားတာတွေ ပညာပေးလုပ်ပြီး ဖမ်းဖို့ မလုပ်ကြပါ။

ရဲနဲ့စည်ပင်ကို အရင်ပညာပေးရမယ်။ ငွေပေးစနစ်လဲ အေတီအမ်မှာပေးလိုက် ပြီးရော..ရှုပ်ထွေးခက်ခဲ ပေပါဝပ်တွေ တုံးတွေ ထုလိုက်ကြတာ...
.
.
ငွေပေး ဖြတ်ပိုင်းတွေ အားလုံး တခုမကျန် ပြန်သိမ်းသွားတယ်။ အစဖြောက်နည်းပေါ့။ ဖြတ်ပိုင်းကို ဓါတ်ပုံရိုက်ထားခွင့် ပေးတော့မဆိုးပါဘူး။ ဝန်ထမ်းအားလုံး အပြောတော့ ချိုသာလို့ တော်ပါသေးတယ်လေ။
အားလုံးစည်းကမ်းမဲ့တွေချည်းပဲ..ကိုယ်ကအစ..ဟားဟား..ကိုဖြိုးတော့ ညတိုင်း ၁၂နာရီအလုပ်လုပ်နေရတယ် ဆိုပဲ..
.
.

ရန်ကုန်မြို့လည် ကားပတ်ကင်ပြသနာ
၁။ နိုင်ငံခြားတွေမှာ ပြည်သူပိုင်နေရာကို ကုမဏီ (သို့မဟုတ်) အစိုးရဌာနက ကားရပ်ဖို့နေရာယူချင်ရင် တန်ဖိုးကြီးမားစွာ ပေးပြီးမှ ဝယ်ရပါတယ်။ ကုမဏီကြီးတွေက ပေးရတာမတန်လို့ အပိုင်မဝယ်ကြပါဘူး။ အစိုးရဌာန ဖြစ်ရင်လည်း ပြည်သူပိုင်လမ်းမပေါ်မှာ ကားပတ်ကင်ကို သူတို့အာဏာနဲ့ ယူလို့မရပါ။ ကားပတ်ဌာန (မြန်မာပြည်ဆို ..စည်ပင်ဌာန) ဆီက ဝယ်ရပါတယ်။
ရန်ကုန်နဲ့ မြန်မာပြည်မြို့ကြီးများမှာတော့ အစိုးရဌာဆိုင်ရာတွေက ဗိုလ်ကျလို့ ရပါတယ်။

အခုဆို ကုမဏီကြီးတွေကလည်း ပြည်သူပိုင်လမ်းက ကားပတ်ကင် နေရာတွေကို အပိုင် ခပ်တည်တည်နဲ့ နေရာယူထားပါတယ်။

ရန်ကုန်လမ်းကြားတွေမှာလည်း ကိုယ့်တိုက်ရှေ့က နေရာကို ကိုယ်မပိုင်ပါဘူး။ ဒါပေမဲ့ လူတွေက ခပ်တည်တည်နဲ့ ထိုင်ခုံချထားပြီး နေ၇ာဦးကြပါတယ်။ လမ်းကော်မတီကလည်း ပြက်ပြက်သားသား ကြေငြာထားပြီးသားပါ။ နေရာ ဦးထားသောကြောင့် ပြသနာဖြစ်ပါက နေရာဦးသူ၏ တာဝန်သာ ဖြစ်သည်။ နေရာဦးခွင့်မရှိပါ...လို့ ဆိုင်းဘုတ်တွေ လမ်းကော်မတီက တင်ထားပေမဲ့လဲ ခပ်တည်တည် နေရာဦးနေကြတာပါပဲ။
.
စည်ပင်ဌာန အလွန်လာဘ်လာဘ များတဲ့ ဌာနဖြစ်လို့ အစိုးရသစ် ၂၀၁၆ မှာ ဘယ်လိုကိုင်တွယ်မလဲ ကြည့်နေရုံမရပါဘူး။ တိုင်သင့်ရင် စာရေးတိုင်ဖို့ လိုပါတယ်။

End...

No comments:

Post a Comment