Thursday, August 4, 2016

မြန်မာပြည်က Consultant

Lai Lai Win
စင်ကာပူမှာ အလုပ်စလုပ်ရတဲ့အချိန်တုန်းက Consultant ဆိုတဲ့ စကားလုံးတစ်လုံးအကြောင်း နားမလည်ခဲ့ပါဘူး။
ရန်ကုန်မှာ အလုပ်လုပ်ခဲ့ပေမယ့်လည်း ဆောက်လုပ်ရေးလောကမှာ Consultant ဆိုတာဘာမှန်း ကြားမှမကြားဖူးခဲ့ပဲ။
ပြောပြမယ့်သူလည်း မရှိဘူးလေ။
တစ်နေ့တော့ ကိုယ့်မန်နေဂျာက ခေါ်ပြောတယ်။
နောက်ဆို ဖုန်းကိုင်ရင် ဘယ်ကလဲ၊ ဘယ်သူလဲ သေချာမေးပါ၊ အလုပ်ဝင်ကာစဖြစ်လို့ ဘယ်သူမှန်း မသေချာရင် ငါ့ဆီလွှဲလိုက်ပါ၊ ငါတို့က Nominated Subcontractor ဖြစ်တဲ့အတွက် ဖုန်းဆက်တဲ့သူက Consultant ကဖြစ်နေရင် စိတ်အနှောက်အယှက် ဖြစ်သွားလို့ မဖြစ်ဖူးတဲ့။
အဲ့ဒီကစလို့ Consultant ဆိုတဲ့ စကားလုံး၊ Consultant ဆိုတဲ့ Rank ကို ကိုယ်စိတ်ဝင်စားခဲ့ပါတယ်။
Design Consultant , QS Consultant, Architect Consultant , Project Management Consultant စသည်ဖြင့် Consultant သေးသေး၊ ကြီးကြီး Contractor တွေဟာ လေးစားသမှုနဲ့ ဆက်ဆံကြပါတယ်။
ဘာဖြစ်လို့ အဲ့ဒီလိုဆက်ဆံကြသလဲဆိုတာ ကိုယ်ကိုယ်တိုင် Consultant QS ဖြစ်လာတဲ့အချိန်၊ Conditions of Contract ကို နားလည်လာတဲ့အချိန်ကျမှ သဘောပေါက်ခဲ့ပါတယ်။
Consultant ဆိုတာ PE တွေ Registered Architect တွေ စုဝေးရာ ပတ်ဝန်းကျင်တစ်ခုလို့ အလွယ်ဆိုကြပါစို့။
QS Consultant ဆိုရင်လည်း Professional QS ပေါင်းများစွာ စုဝေးရာ နေရာတစ်ခုဖြစ်တယ်။
သူတို့တွေဟာ Contractor တွေလို အဆောက်အဦးကို တည်ဆောက်ခွင့်ရသူတွေ မဟုတ်ဖူး။
Consultant ဆိုတာ Contractor တည်ဆောက်ထားတဲ့ အဆောက်အဦးတစ်ခု၊ စီမံကိန်းတစ်ခုကို တာဝန်ခံ စစ်ဆေးခွင့် ရသူတွေပါ။
QA, QC , Costing အစစအရာရာကို Consultant တွေက PE တွေ၊ QS တွေ အနေနဲ့ Client ရဲ့ကိုယ်စား စစ်ဆေးကြရပါတယ်။
Client ကိုယ်စား လုပ်ရတဲ့အတွက်၊ Client ဆီက Consultation fees ရထားတဲ့အတွက် Client လိုသမျှ ခေါင်းငြိမ့်မယ့် သူတွေလားလို့ ပြောရင်လည်း မှားပါတယ်။
Consultant သည် Client ထက်ပိုပြီး Technical ကို နားလည်တဲ့သူများ ဖြစ်ကောင်းဖြစ်နိုင်သလို၊ Client အနေနဲ့လည်း ကိုယ့်အဆောက်အအုံကို အရည်အသွေးပြည့်အောင် စစ်ဆေးပေးမှာပါလေ ဆိုတဲ့ ယုံကြည်ချက်နဲ့ အပ်ထားတာမျိုးလည်း ဖြစ်တဲ့အတွက် Consultant PE တွေသည် Technical မျက်နှာ တစ်ခုတည်းသာ သူတို့ရဲ့ ဦးစားပေး ဖြစ်ရပါတယ်။
Conditions of Contract အရလည်း Project တစ်ခုရဲ့ Superintending Officer ရာထူးကို PE သို့မဟုတ် Architect ကို power ပေးထားတဲ့အတွက်လည်း Consultant PE, Consultant Architect ရဲ့ စကားတစ်လုံး၊ လက်မှတ်တစ်ခုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရပါတယ်။
ဘာမှ ရှည်ရှည်ဝေးဝေး မစဉ်းစားရင်တောင် Professional ဆိုတဲ့ သူတို့ရဲ့ Title အရ ရွတ်ဆိုခဲ့တဲ့ Ethics ကို စောင့်ထိန်းပြီး ပညာရှင်ဆိုတဲ့ကိုယ့်သိက္ခာကို ကိုယ်စောင့်ရပါတယ်။
ဒါဟာ Contractor တွေဘာလို့ Consultant ကို လေးစားသမှုနဲ့ ဆက်ဆံသလဲ ဆိုတာကို ကိုယ်နားလည်ခဲ့တဲ့ အကြောင်းပါ။
ဒါပေမယ့် Consultant နေရာမှာ နေဖို့ဆိုတာ စီးပွားရေးအရတော့ ကြံ့ကြံ့ခံနိုင်ဖို့ လိုတာပေါ့။
စီမံကိန်းတစ်ခုမှာ Contractor အနေနဲ့ သိန်းပေါင်းထောင်ချီမြတ်နိုင်ပေမယ့် Consultant ဆိုတာ ၀န်ဆောင်ခ စီမံကိန်းတန်ဖိုးရဲ့ ၁ ရာခိုင်နှုန်း ဆိုတာ အများဆုံးပါပဲ။
ဒါကြောင့်လည်း အင်ဂျင်နီယာရယ်လို့ ဖြစ်လာရင် Consultant နဲ့ Contractor ယှဉ်ရွေးကြစတမ်းဆိုရင် Consultant Role ကို ရွေးမယ့်သူ ရှားပါတယ်လို့ ပြောရင် မမှားပါဘူး။
မြန်မာနိုင်ငံဟာ Consultant ဆိုတဲ့ စကားလုံးနဲ့ အရမ်းကို စိမ်းပါသေးတယ်။
အခုနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမှ တစ်ချို့တစ်လေက Consultant Role ကိုနားလည်ကြပါတယ်။
ကိုယ်စာသင်တဲ့အခါ စာစသင်တာနဲ့ Construction Industry မှာ Owner, Developer, Consultant , Main Contractor, Sub-Contractor, Nominated Sub-Contractor, Supplier, Nominated Supplier စသည်ဖြင့် organization တွေရဲ့ role ကို နားရည်ဝအောင် ရှင်းပြရတာ ၁ နာရီကျော်ကြာပါတယ်။
နောက်ဆိုရင် Qualified Person ရဲ့ Role ကို ရှင်းပြရပါဦးမယ်။
PE ချင်းတူရင်တောင် QP ဘယ်သူဖြစ်သလဲ ဆိုတာ ထည့်သွင်း ရှင်းပြရပါဦးမယ်။
ဘာကြောင့်လဲဆိုတော့ Professional Body, Professional Certificate တွေနဲ့ အသားမကျသေးတဲ့ နောင်လာနောက်သား တွေကို PE ရဲ့ တန်ဖိုး၊ PE ရဲ့ ဂုဏ်သိက္ခာ ဆိုတာ လက်မှတ်ထိုးစားဖို့ ဆိုတာမျိုး လွယ်လွယ်မှတ်သွားမှာ ကြောက်ပါတယ်။
စည်ပင်က အင်ယာ အရာရှိဟောင်းတစ်ဦးက ပြောဖူးပါတယ်။
LS ဆိုတာ တကယ်တော့ အဆောက်အဦ ဆောက်လုပ်ခွင့် ပေးထားတဲ့ လက်မှတ်မဟုတ်ဖူး၊ အဆောက်အဦ စစ်ဆေးခွင့်ကို ပေးထားတဲ့ လက်မှတ်တဲ့။
ဒါပေမယ့် အားလုံးက လွဲခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီတဲ့။
ဒီလိုပါပဲ။ PE တွေ၊ RSE တွေမွေးထုတ်လာတဲ့အခါ ကိုယ်တွေက ၀မ်းသာခဲ့ပါတယ်။ အားလည်းပေးခဲ့တယ်။ Consultant ဆိုတဲ့ လမ်းကြောင်းကို ဦးတည်တော့မယ်လို့ နားလည်ခဲ့တယ်။
မျိုးဆက်သစ်တွေဟာ ဒါကို နားလည်ချင်မှ နားလည်ခဲ့လိမ့်မယ်။
ဒါပေမယ့် Consultant ဟာ ပွဲထွက်နောက်ကျလေသလားလို့ ကိုယ်က ယူဆတယ်။
ဘာလို့လဲဆိုတော့ PE, RSE တွေရဲ့ ပထမ ပွဲထွက်ဟာ Consultant မဟုတ်ပဲ Contractor ဖြစ်ခဲ့တဲ့အတွက်ပါ။
Contractor capacity ရှိဖို့ Professional တွေကို Contractor roof ထဲ ထည့်ပေးတာ မပြောလိုပေမယ့် Independent Professional တွေရဲ့ တန်ဖိုး၊ သိက္ခာ တွေက ပြောင်းပြန် ဖြစ်သွားတယ်လို့ ခံစားရပါတယ်။
Client တွေ ရဲ့ PE ကို ချဉ်းကပ်ပုံ၊ Contractor တွေရဲ့ PE ကို ချဉ်းကပ်ပုံဟာ ဇောက်ထိုးဖြစ်သွားတယ်လို့ ဆိုလိုချင်တယ်။
အခုလက်ရှိ အနေအထားမှာ PE , RSE တွေကို ချဉ်းကပ်ခြင်းဟာ ပညာရှင်ကို ချဉ်းကပ်ပုံနဲ့ တူသေးရဲ့လား။
ပိုက်ဆံပုံပေးရင် လက်မှတ်တစ်ခုရတယ် ဆိုတဲ့ အနေအထားကိုတော့ ကိုယ်က ရင်နာတယ်။
လူလုံလောက်တာ၊ မလုံလောက်တာထက် သွားမယ့်လမ်းကြောင်းဟာ Consultant ဖြစ်ရင် သူတို့အတွက် သိက္ခာ ရှိရှိ Consultant လမ်းကြောင်းကို အရင်ဖွင့်ပေးခဲ့သင့်တယ်။
အခုအချိန်မှ Consultant ကိုပြန်လာပါဆိုရင် အားလုံးနီးပါးဟာ Contractor roof ထဲမှာ။
တစ်နေ့တော့ လူမှန်၊ နေရာမှန် ပြန်ရောက်သွားဖို့ ကြိုးစားရဦးမှာပါ။

No comments:

Post a Comment