Thursday, August 4, 2016

နောက်ကြောင်းပြန်အရေးမယူပါ...စစ်ကိုင်းတံတား၂ခု



Kyaw Zay Ya with Maung Maung Shae Gyi.
‪#‎ကျနော်အခု‬ စစ်ကိုင်းရောက်နေတယ်
ကမ်းနားက ရေတိုးတာကိုသွားကြည့်ရင်းနဲ့ မြန်မာတို့ရဲ့ရှက်စရာ အချက်တစ်ခုကိုသွားတွေ့ရတယ်
အပြစ်တင်တာ အပြစ်စကားပြောတာမဟုတ်ပါဘူးလေ
စစ်ကိုင်းမှာ ဧရာဝတီတံတား(ရတနာပုံ) နှင့် စစ်ကိုင်းတံတား(အင်းဝ) နှစ်စင်းအပြိုင်ဆောက်ထားတာ အားလုံးအသိပဲပါပဲ
အခုဧရာဝတီ မြစ်ရေတိုးချိန်မှာ သံုးထပ္သေဘာၤ နွစ္ထပ္သေဘာၤ နိုင်ငံခြားခရီးသွားဧည့်သည်တွေစီးတဲ့ ဇိမ်ခံသဘောင်္တွေ တံတားရဲ့ ဟိုဘက်ဒီဘက်မှာ ပိတ်မိနေတာပါပဲ တံတားကင်းလွတ်အမြင့်မရှိတော့လို့ပါ ရေက တံတားနဲ့ကပ်နေပြီ
ထူးခြားတာက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်ကဆောက်ခဲ့တဲ့ စစ်ကိုင်းတံတား(အင်းဝ) က ရှေးအင်္ဂလိပ်တွေ ဘယ်လိုတိုင်းတာ တွက်ချက်ပြီးဆောက်ခဲ့သလဲမသိဘူး အခုစိုးရိမ်ရေမှတ်ထိ တံတားကင်းလွတ်အမြင့်မှာပဲ လွတ်လွတ်ကျွတ်ကျွတ်ရှိနေသေးပြီး မလွတ်တာ ရေမျက်နှာပြင်နဲ့ကပ်ပြီး သဘောင်္တွေပိတ်မိနေတာက အခုနောက်ပိုင်းစစ်အစိုးရခေတ်က ဆောက်တဲ့ ဧရာဝတီတံတား(ရတနာပုံ) ကြောင့်ပါ
ခက်တယ်ဗျာ တံတား၂စင်း ယှဉ်ထိုးထားတယ် လွန်ခဲ့တဲ့ နှစ် ၁၀၀ က အင်္ဂလိပ်ဆောက်တဲ့ တံတားက မြစ်ရေအမြင့်ဆုံးအချိန်မှာ သဘောင်္ကြီးတွေအေးဆေးလွတ်ပြီး အခုနောက်မှ မြန်မာဆောက်တဲ့တံတားက မြစ်ရေပြင်နဲ့ကပ်နေပြီ
စစ်ကိုင်းကမ်းနားကနေသွားကြည့် အရှင်းကြီးမြင်နေရတယ် ရေကျချိန်မှာ မသိသာပေမဲ့ အခုရေတတ်ချိန်မှာ အဘက်ဘက်က ထည့်သွင်းစဉ်းစားမှု့က အဖြေအရှင်းကြီးပေါ်နေတယ် မလိုအပ်ပဲ သဘောင်္တွေပိတ်ပြီး ရေလမ်းစီးပွားရေးတစ်ချို့ထိခိုက်နစ်နာရတယ် ဇိမ်ခံသဘောင်္နဲ့အတူပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ ဘယ်လိုသုံးသပ်မလဲတော့မသိဘူး အခု သူတို့ကတော့ စစ်ကိုင်းမြို့ပေါ်မှာ လမ်းသလားနေလေရဲ့
အေးဗျာ အခုလိုတံတားက တားထားတာ တစ်ခုတော့ရှိတာပေါ့ အဘတို့လော့ဂျစ် ကာကွယ်ရေးအမြင် စစ်ရေးအမြင်အရ နိုင်ငံခြားက ကျူးကျော်လာသူ စစ်သဘောင်္ကြီးတွေ အလွယ်တကူဝင်ထွက်မရအောင်တားထားတယ် ထင်ပ နိုင်ငံရဲ့အဲ့ဒီတစ်ခေတ်မှာက ကာကွယ်ရေးအမြင်က စန်းစန်းတင့်ခဲ့တာကိုး....
Credit : Ko Hlwan Wai Lwin



စိတ်ဓါတ်ကွာတော့ လုပ်ရပ်ပါကွာတယ်
အဆုံးတိုင်းပြည်နစ်နာတယ်
‪#‎ရာဇဝင်များရဲ့သတို့သမီး‬ ဧရာဝတီထက်က စံတင်လောက်တဲ့ တံတားနှစ်စင်း...
တစ်စင်းက အင်းဝတံတား ၊ တည်ဆောက်သွားသူတွေက လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က အင်္ဂလိပ်တွေ...
နောက်တစ်စင်းက ရတနာပုံတံတား၊တည်ဆောက်သူတွေက စစ်အစိုးရလက်ထက်က ဥာဏ်ကြီးရှင်တွေ...
ခုရက်ပိုင်း မြစ်ရေတိုးနေချိန် တံတားရဲ့ရေလမ်းကင်းလွတ်အမြင့်က မြင်ရတဲ့အတိုင်း ရတနာပုံတံတားကရေမြှပ်တော့မတတ်.. အင်းဝတံတားက ခုထိအေးဆေး...ကွာတယ်..အရမ်းကွာတယ်
ခေါင်းလဲကွာတယ်..သောက်ကျင့်တွေလဲကွာတယ်..😖?
?😖crediAlison Sueue

ဒီဓာတ်ပုံတွေ ထဲကလို
တံတားဟောင်း က ရေလမ်းကင်းလွတ်အမြင့်ပေ မှာ ရှိ နေလား
တံတားသစ်က ရေလမ်း မလွတ်တော့ဘူးလား
မန်းမှ သူငယ်ချင်းများ အတည်ပြုပေးပါ
ရာစုနှစ် တခု ရဲ့ နည်းပညာ ဆိုင်ရာ အမှားတခု ထင်ထင်ရှားရှား ဖြစ်နေပြီလား ???

No comments:

Post a Comment