Thursday, November 16, 2017
Third Party, အဆို လွှတ်တော်အတည်ပြု... ဆောက်လုပ်ရေး ဒုဝန်ကြီး၏ ရှင်းလင်းတင်ပြချက်။
နားလည်သလောက် လေရှည်ပါရစေ....  
Thirt Part ကန်ထရိုက်များကို စစ်ဆေးခြင်း (တနည်းအားဖြင့် third party = consultant company) လိုအပ်ကြောင်း ၁၄.၁၁.၂၀၁၇ ပြည်သူ့လွှတ်တော်မှာ အဆိုတင်ပါတယ်။ အမျိုးသမီး အမတ် ဒေါ်ယဉ်မင်းလှိုင် အဆိုတင်ပြီး ၁၅ဦး ထောက်ခံဆွေးနွေးကြတယ်။ ဆောက်လုပ်ရေး ဒုဝန်ကြီးကလဲ ထောက်ခံ..ပြီး လွှတ်တော်ကအတည်ပြုခဲ့ပါတယ်။ လွှတ်တော်ဥက္ကဌက ပြည်သူ့ဘဏ္ဍာမဆုံးရှုံးရေး ..ကိုယ်စားလှယ်များလဲ ဆောက်လုပ်ရေးတွေကို အင်ဂျင်နီယာဘွဲ့မရလို့ နားမလည်ဘူး မလုပ်ပါနဲ့.. နားလည်အောင်လုပ်ကြပါ.. ပြောသွားပါတယ်။ 
.
အရေးကြီးဆုံး ပြသနာကြီးကတော့ System Error ဆိုပြီး ဒုဝန်ကြီးက လက်ရှိစနစ်ကို အရင်ပြုပြင်ရမယ်လို့ ဆိုနေပါတယ်။ ဖြစ်သင့်တာက ပိုင်ရှင်၊ ကိုယ်စားလှယ်နဲ့ ပြည်သူများက FS Feasibility Study အရင်လုပ်ပြီးမှ ကန်ထရိုက်တာတွေကို ချပြ Budget Quotation ကုန်ကျစရိတ်အကြမ်းတွက်မယ် .. ပြီးမှ ဘတ်ဂျတ်ရမှ ..တင်ဒါခေါ်ရပါမယ်.. လက်ရှိစနစ်က ဘတ်ဂျတ်အရင်ရအောင်လုပ်ပြီး တင်ဒါခေါ်တော့ FS မရှိပဲဖြစ်နေပါတယ်။ ဒီ စနစ်အမှားကြီးကို အရင်ပြုပြင်ဖို့လုပ်ရမယ် ပြောပါတယ်။ 
(FS လုပ်ဖို့က ဘတ်ဂျတ် (ငွေ)ရှိမှဖြစ်မှာ ဆိုတော့ ဆောက်မဲ့ လုပ်ငန်းရှင်များက ငွေပိုကုန်မယ်.. ငှားရမ်းတဲ့ Consultant Firm က အခမဲ့ FS လုပ်ပေးရမဲ့ သဘောဖြစ်မယ်ထင်တယ်။ 
.
Third Party ဆိုတာ အင်ဂျင်နီယာကောင်စီ၊ ဆောက်လုပ်ရေးအဖွဲ့ စတဲ့ ကန်ထရိုက်တာများနဲ့ လုံးဝမသက်ဆိုင် ဒါရိုက်တာမလုပ်သူ PE/ RSE များပါဝင်တဲ့ Consultant Company ဖြစ်ပါတယ်။ စစ်ဆေးသူများက လွတ်လပ်တဲ့အဖွဲ့အစည်း ဖြစ်ရပါမယ်။ အာဏာပိုင်အဖွဲ့ထဲမပါသူ.. အင်ဂျင်နီယာကောင်စီမပါသူ.. အင်ဂျင်နီယာအသင်းမှာ မပါသူ .. ဖြစ်ရပါမယ်..လို့ ဒုဝန်ကြီးက ပြောသွားပါတယ်။ သဘောက ခွပြီး ထိုင်မစားဖို့ Third Party စည်းမျဉ်းရေးဆွဲမဲ့ သဘောရှိပါတယ်။ 
.
Third Party ဆိုတာ အင်ဂျင်နီယာကောင်စီ၊ ဆောက်လုပ်ရေးအဖွဲ့ စတဲ့ ကန်ထရိုက်တာများနဲ့ လုံးဝမသက်ဆိုင် ဒါရိုက်တာမလုပ်သူ PE/ RSE များပါဝင်တဲ့ Consultant Company ဖြစ်ပါတယ်။ စစ်ဆေးသူများက လွတ်လပ်တဲ့အဖွဲ့အစည်း ဖြစ်ရပါမယ်။ အာဏာပိုင်အဖွဲ့ထဲမပါသူ.. အင်ဂျင်နီယာကောင်စီမပါသူ.. အင်ဂျင်နီယာအသင်းမှာ မပါသူ .. ဖြစ်ရပါမယ်..လို့ ဒုဝန်ကြီးက ပြောသွားပါတယ်။ သဘောက ခွပြီး ထိုင်မစားဖို့ Third Party စည်းမျဉ်းရေးဆွဲမဲ့ သဘောရှိပါတယ်။ 
.
FIDIC Conditions of Contract for Construction (Pink Book: Code ) ရရှိထားပြီးဖြစ်လို့ မြန်မာဘာသာပြန်နေတယ် .. ဘီကျူ ..တိုင်းတာမှု အငြင်းပွားမှု စာချုပ်ပါပုံစံ .. စတဲ့ စစ်ဆေးနည်းများ ဖြစ်တယ်လို့ ဆိုပါတယ်။ 
.
မနေ့ညက တီဗွီ လွှတ်တော်ချနယ်မှာ ထပ်လွှင့်နေလို့ ..မှတ်ထားပြီး ပြန်ပို့စ် လုပ်ပါတယ်။ ကိုကျော်နိုင် စိုးရိမ်သလို MICEG က လက်ဝါးအုပ်ဖို့ လုပ်နေပေမဲ့ ရမှာမဟုတ်ပါဘူး.. အဆိုရှင် ရည်ရွယ်ချက်မှာ အရည်ချင်းရှိတဲ့ အင်ဂျင်နီယာများစွာ QC QA အလုပ်များနဲ့ အလုပ်ရ ..၀င်ငွေရဖို့.. အရည်အသွေးကောင်းပြီး ဇီးသီးဗန်းမှောက်တာများလွန်းခြင်းကို ကယ်တင်ဖို့ဖြစ်ပါတယ် ..
.
ဒီတော့ ..မိတ်ဆွေတို့..ကုမဏီအသေးလေးများ PE /RSE များနဲ့ ထောင်ထားကြဖို့ လိုနေပါပြီ။ ကုမဏီထောင်တာလဲ အရင်လိုမခက်အောင် Registry of Company နိုဝင်ဘာလက ဥပဒေအသစ် ထွက်ပါတယ်။ ၅သိန်းအောက်ပဲ ကုန်မယ် ..ဒါပေမဲ့ QA Quality Assurance အတွက် အာမခံပိုင်ဆိုင်မှုတွေ တင်ပြရရင်တော့ စီမံကိန်းကြီးတွေ လုပ်နိုင်မှာမဟုတ်ပေမဲ့ သိန်း၁ထောင်၊ ၅ထောင် အလုပ်များ တော့ SME Construction Companies, Consultant Firm များ လုပ်ခွင့်ရလာမှာပါ။ 
.
နားလည်သလောက် ပြန်ရေးတာပါ....ဖတ်သူများကို Thank You..
ဇော်အောင်
၆.၁.၂၀၁၇
ဆောက်လုပ်ရေး ဒုဝန်ကြီး၏ ရှင်းလင်းတင်ပြချက်။
ဝန်ကြီး ဦးဝင်းခိုင် မှ ဆောက်လုပ်ရေး လုပ်ငန်းစဉ် တစ်ခုလုံးကို
ဌာနမှ စလယ်ဆုံး ဆောင်ရွက်နေခြင်း အစား စနစ်ဖြင့်သာ ထိန်းကြောင်းမှု ပြုရန် လမ်းပြမြေပုံဆွဲထားသော်လည်း World Bank မှ မစ္စတာ ဆန်တု ရဲ့ အကြံပြုချက်အရ Transform မလုပ်ပဲ Transaction လုပ်ရန်စီစဉ်သည်။ Corporatization (https://en.m.wikipedia.org/wiki/Corporatization) အရင်လုပ်ပြီး မှ Privatization လုပ်ရန် (နယူဇီလန် ပုံစံ၊ တရုတ်နှင့် ဗီယက်နမ် လည်း ထို့တူ )ဖြစ်သည်။ ကျန်ကာလ ၃ နှစ် အတွင်း Standards များ Specifications များ Law များ By Law များ Norms များ SOP များ အပြီးရေး ဆွဲမည်။ အစိုးရ သက်တမ်း အကုန် နောင်သုံးနှစ် အကြာတွင် ဆောက်လုပ်ရေး အား Privatise လုပ်ပြီး ဝန်ကြီးဌာန အနေဖြင့် Regulatory Body အဖြစ်သာ ကျန်ရှိမည်။ လုပ်ငန်းများ လက်ခံဆောင်ရွက် ခြင်းမပြု တော့ပါ။
Third party အဖြစ် MES မှ MICEG အဖွဲ့ကိုဖွဲ့စည်းပြီး ၂၀၁၆ ကတည်းက စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေ ပါ သည်။ ဆလက မှ Working stress method ဖြင့်ဒီဇိုင်းလုပ် နေပြီး Ultimate stress method ထက် ပိုပြီး ငလျင်ဒင်္ဏနှင့် လေဒဏ် ခံနိုင်သည်။ ကုန်ကျစရိတ်တော့ ပိုများသည်။
ကျေးလက် လမ်းဦးစီးဌာန ကို ဝန်ထမ်း (၃၀၀၀)ကျော်ဖြင့် ဖွဲ့စည်းရန်စီစဉ်နေ သည်။ 
ကျွန်တော့သုံးသပ်ချက်။
၁။ အစိုးရသက်တမ်း လက်ကျန်သုံးနှစ်တွင် Corporatization လုပ်နေမည်။ ထို့နောက် Privatization လုပ်မည်ဆိုတော့ ဝန်ထမ်း ဖွဲ့စည်းပုံဟာ အင်မတန် အရေးကြီးပါတယ်။ အင်ဂျင်နီယာ ၅၀၀၀ ကျော် နဲ့ ဘယ်လို Privatization သွားမလဲ ဆိုတာရယ်။ ထပ်ယူထား တဲ့ လုပ်ငန်းတွေ ကို ဘယ်လိုလည်ပါတ် အောင်ဆောင် ရွက်မလဲ။ ဖွဲ့စည်းပုံ တိုးချဲ့ဦးမှာလား။
အရေးအကြီးဆုံးက ကျေးလက်လမ်းဦးစီး ဌာန အသစ်ပါ။ ကျေးလက်လမ်းတွေကို မူလက ပုဂ္ဂလိကကို တင်ဒါခေါ် အပ်နှံ ဆောင်ရွက်နေတာကို ဆလက လက်ထဲ ရောက်တဲ့ အခါ ကိုယ်တိုင် ဆောက်ဖို့ စီစဉ် နေပုံရတယ်။ ဝန်ထမ်းအင်အားကို ၃၀၀၀ အထိ တိုးဖို့ရယ်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အတွက်မြို့နယ်ရုံး ၂၉၁ ရုံး ခရိုင်ရုံး ၆၇ ရုံး နဲ့ တိုင်းဒေသကြီး နှင့် ပြည်နယ်ရုံး ၁၇ ရုံး ဆောက်ဖို့ စီစဉ်နေတာ ဟာ နောင်သုံးနှစ်မှာ လုပ်ငန်းတွေ ကိုယ်တိုင် မလုပ် တော့ပါဘူး Regulatory Body အနေနဲ့ပဲ နေမယ်ဆိုတာ နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ နောင်သုံးနှစ်မှာ Regulatory Body အဖြစ်ပဲ ကျန်အောင် ပြောင်းရင် ယခု ခန့်မဲ့ ၃၀၀၀ ရယ် ယခင် ၅၀၀၀ ရယ် ဘယ်လိုလုပ်ကြ မလဲ။ ရုံးတွေ ဒီလောက်ဆောက်ဖို့လိုမလို စဉ်းစားသင့် ပါတယ်။ ပုဂ္ဂလိက လုပ်နေသောလုပ်ငန်းများ ကို ဖွဲ့စည်းပုံချဲ့ပြီး ကိုယ်တိုင်ဆောက် လုပ်ဖို့ စီစဉ်နေတာဟာ နောင်သုံးနှစ် ရဲ့ လမ်းပြမြေပုံ နဲ့ အပြော တခြား အလုပ်တခြားဖြစ်နေပါတယ်။ ပုဂ္ဂလိက ကဏ္ဍ ကို ဖွံ့ဖြိုး
မှု မရှိအောင် ဟန့်တား နေသလို အားမပေး သလိုဖြစ်နေပါတယ်။
၂။ Third Party Firm များ နည်းမှန်လမ်း မှန် ပေါ်ပေါက်လာ စေရန် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း ၌ MICEG အဖွဲ့ဖွဲ့၍ ဆောင်ရွက်နေသည်ကို လည်း ပြန်သုံးသပ် သင့်ပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ဖွဲ့ခွင်ရ ထားသောအဖွဲ့အစည်းများသည် အမြတ်အစွန်း အတွက် စီးပွားရေး လုပ်ငန်းများ ကိုဆောင်ရွက် ခွင့်မရှိသော non profit organization များသာဖြစ်ပါသည်။ အကျိုးအမြတ်ရှိသော Third party firm များ MES နှင့် ပါတ်သက် ဆက်နွယ်နေခြင်းသည် Conflict of interest ဖြစ်ပေါ်စေပြီး၊ MICEG ဆောင်ရွက်နေမှု များအပေါ်တာဝန်ခံ နေရခြင်းသည် အသင်းအတွက် အန္တရာယ် အလွန်များ လှပါသည်။ အင်ဂျင်နီယာ ပညာရပ်များ တိုးတက်ရေး ဆောင်ရွက်နေသော သိက္ခာကြီးမား လှသော အသင်းကြီးသည် ၂% သော ငွေကြောင့် နံမည်ပျက်ရပါမည်။ ယခုပင် အသံ များထွက် လျက်ရှိနေပါသည်။ (https://m.facebook.com/story.php…) လုပ်နိုင်သောသူများ ကုမ္ပဏီဖွဲ့၍ လုပ်ငန်း တည်ထောင်ပါစေ။ MES အရိပ်ခို၍ စီးပွား ရေးလုပ်ငန်းများ မဆောင်ရွက် သင့်ပါ။ အသင်းများအတွင်း စီပွားရေးလုပ်ငန်း ထူထောင်ခြင်းသည် အလွန်မှားယွင်းနေပြီး အသင်းပျက်ဆီးသော သာဓက များစွာရှိပါသည်။
၃။ မြန်မာပြည်မှာ Third Party Consultant firm များစနစ်တကျ ပေါ်ထွန်းလာအောင် ဆောင်ရွက်ရာ စိတ်ရော
ကိုယ်ပါ စေတနာ ထားပြီးဆောလျင်စွာ ဆောင်ရွက် သင့်ပါတယ်။
တကယ်ဖြစ်သင့်သည် မှာ BCA ကဲ့သို့ အဖွဲ့အစည်းများ တည် ထောင်နိုင်အောင် ဥပဒေပြဌာန်း ဖွဲ့စည်းသင့်သည်။ စရိတ်များပြီး အသုံးမဝင်တော့သော ဝန်ကြီးဌာန များအား ဖျက်သိမ်းခြင်း သို့မဟုတ် ပေါင်းပစ်ခြင်း များပြုလုပ်သင့်ပြီဖြစ်ပါသည်။
facebook link
https://www.facebook.com/aung.win.58/posts/10208036607793065?
.
.
Win Aung MES အရိပ်ကိုခိုပြီးလုပ်စားမဲ့
MICEG ကနောင်မျိုးဆက်တွေ
အတွက်ကြောက်စရာကောင်းပါတယ်။
Private Consultant Firms (Third Party)
တွေဖြစ်ပေါ်လာအောင်လုပ်ဖို့အရေးကြီးနေပြီ။
Credit ပေးပါတယ်အော်ကြီး
LikeShow more reactions
Reply
 November 12 at 8:15am
Zaw Tun Thin ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်ရှိဌာနများအနေနဲ့ နိုင်ငံပိုင်အဆောက်အဦး ဆောက်လုပ်ရာတွင် တင်ဒါခေါ်ပေးခြင်း အဆောက်အဦ အရည်အသွေးပြည်မှီ၍ ခိုင်ခန့်မှု့ရှိစေရန် ကြီးကြပ်စစ်ဆေးခြင်း နိုင်ငံပိုင်ငွေကြေးနစ်နာမှု့မရှိစေရန် ဆောင်ရွက်သည့် Third party အဖွဲ့အစည်းအဖြစ်သာရပ်တည်သင့်ကြောင်း အကြံပြုအပ်ပါတယ်
LikeShow more reactions
Reply
 November 13 at 11:37pmEdited
Zaw Oo Soe Naing မလုပ်​​တော့ဘူးလဲ​ပြောတယ်
ထပ်​လဲတိုးချဲ့တယ်
နဲနဲ​လေး​တော့လွဲ​နေတယ်
အင်​ဂျင်​နီယာ ​တွေ နာမည်​ မပျက်​ ​စေ ချင်​တယ်​ ။
LikeShow more reactions
Reply
6
 November 12 at 11:51am
Manage
Ko Ko Myint အမျိုးချစ်တာလေ အင်ဂျင်နီယာအမျိုးတွေအားလုံးချမ်းသာအောင် ကြံဆောင်နေတာပါ ဂုဏ်ယူသင့်ပါတယ်၊၊အော်ဒါနဲ့ တိုင်းပြည်တော့မွဲချင်မွဲပေါ့ သူတို့နဲ့မဆိုင်ဖူးလေ
LikeShow more reactions
Reply
1
 November 13 at 3:26pm
Manage
M Zaw Aung ဇီးသီးဗန်းကြီးတွေဆိုတော့ အင်ဂျင်နီယာတွေမ၀ါးမစားတတ်ရင် နာမည်ပျက်ကျန်ရစ်မှာပဲ။ ထပ်တိုးချဲ့ရမယ်၊ နောက်၃နှစ်ဆို ဆောက်တဲ့ဌာနကို ပုဂလိက (အများပိုင်လုပ်ပစ်မယ်) ၊ ၀န်ကြီးဌာနကတော့ Regulation ပဲလုပ်မယ်၊ that is my 10 cents understanding ..
LikeShow more reactions
Reply4 mins
Aung Kyaw Naing လုပ်ငန်းတစ်ခုလုံးမပြောနဲ့
မဖြစ်မနေပေးနေရတဲ့ပစ္စည်းတင်ဒါ
တောင် ကိုယ့်ဘာသာကို နံမည်ခံခိုင်းထားတဲ့သူတွေနဲံ့ ရအောင်ပြန်ယူနေတဲ့
ဝန်ကြီးဌာနပါ
LikeShow more reactions
Reply
 November 12 at 12:17pm
Kyi Thwin ဝန်ထမ်းများ ထပ်မံခန့်ထားခြင်းဟာ
မဖြစ်သင့်ပါ
စဉ်းစားတတ်ရင်သိပါတယ်
LikeShow more reactions
Reply
3
 November 13 at 12:23pm
Manage
Kyi Thwin ကိုယ်တွေ့ပါ
ပိုက်ဆံမရရင်
လုပ်ပေးရန်တာဝန်ရှိသ်ာလဲ
ဘာမှလုပ်မပေးပါ
LikeShow more reactions
Reply
3
 November 13 at 12:25pm
Manage
Ko Ko Myint ဖွတ်မိချောင်းဖြစ်မြစ်မချမ်းသာတဲ့ ဥာဏ်ရည်မြင့်မားတဲ့သူများ ကောက်ကျစ်ပီဆိုရင် တိုင်းပြည်က ဘယ်တော့မှ ဆင်းရဲတွင်းကမလွတ်နိုင်ပါ
LikeShow more reactions
Reply
4
 November 13 at 3:20pm
Manage
Hla Fone MES ကအဖိုးကြီးတွေအတွက်ဂွင်ဖန်ပေးတာ။အစည်းဝေးတွေထောင်ချီနေပြီ။ဘာမှတိုင်းပြည်အတွက်သက်သေပြတာတစ်ခုမှမရှိပါ။အသက် ၇၀ ပတ်လည်မျှော်နေတာမောပေါ့။
LikeShow more reactions
Reply
 November 13 at 5:40pm
Manage
Myo Myo ထောက်ပြသွှားတာ အလွှန်ကောင်းပါသည်။
LikeShow more reactions
Reply
2
 November 13 at 10:15pm
Manage
LikeShow more reactions
Reply
1
 November 14 at 11:34am
Manage
Aung Kyaw Myat MICEG အဖွဲ့များတွင် ပါဝင်ဆောင်ရွက်မည့်ပုဂ္ဂိုလ် များသည် COI ကင်းရှင်းမည့်သူများဖြစ်သင့်ပါသည်။ Third Party Inspection စံနစ်ကို နိုင်ငံတော်အဆင့် ကော်မရှင်တစ်ခုဖွဲ့စည်းလျက် စံနစ်တကျအကောင်အထည်ဖေါ်ရန်လိုအပ်ပါလိမ့်မည်။
LikeShow more reactions
Reply
4
 November 14 at 8:02pm
Manage
Aung Kyaw Myat လက်ရှိ MICEG အဖွဲ့အချို့ တွင်ပါဝင်ဆောင်ရွက်နေသူအများအပြားမှာ ကိုယ်ပိုင် ကုမ္ပဏီရှိသူများဖြစ်နေခြင်းသည် COI ကိုထိခိုက်စေပါသည်။
LikeShow more reactions
Reply
5
 November 14 at 8:05pm
Manage
Myint Than MES နဲ့ MICEG က Third Party လုပ်လို့ မရဘူးထင်တယ် ဒီအဖွဲ့တွေက စလုံးက IES လို မျိုးဘဲ ဖြစ်သင့်တယ် လို့ ထင်ပါတယ်
LikeShow more reactions
Reply
2
 November 15 at 7:37amEdited
Win Htut Third party စစ်စစ်ဖြစ်ရန်မျှော်လင့်နေပါသည်။
အနှောက်အဖွဲ့ကင်းစွာ ဖြောင့်မတ်စွာ သပ်သပ်ရှိဖို့လိုသော third party ဖြစ်ဖို့ လိုပါသည်။့
LikeShow more reactions
ReplyNovember 15 at 6:18pmEdited
Manage
Myint Oo well come to private consultant firms
LikeShow more reactions
Reply13 hrs
Manage
Tint Lwin Very good.
LikeShow more reactions
Reply2 hrs
Manage
Kyaw Naing Third party firms များ၊ consultant firms များ MEngC, MES တို့နှင့် လုံးဝ ကင်းလွတ်စွာ တသီးတခြား ဖြစ်သင့်ပါသည်။
LikeShow more reactions
Reply
1
 1 hr
Manage
M Zaw Aung မူဝါဒနဲ့လုပ်ရပ်တွေကတော့ ရှင်းပြထာ အလွန်ကောင်းပါတယ်။ ဒါပေမဲ့ လုပ်မဲလူတွေက ကိုယ်ကျိုး ကြည့်နေဆဲဖြစ်တယ်။ လစာနဲ့မဆိုင်ဘူး၊ စိတ်ဓါတ်နဲ့ ဆိုင်တယ်။ ငွေကြာကြာကိုင်ရင် Corruption ဆိုတာ ဖြစ်လာမှာပဲ။ လုပ်တဲ့လူတွေ ကျန်းမာပါစေ....
ရှေည်မှာ တည်ဆောက်ရေးအဖွဲ့တွေကို အ
များပိုင်ကုမဏီအဖြစ် Private လုပ်မယ်ဖြစ်ပြီး၊ ၀န်ကြီးဌာနကိုတော့ စည်းကမ်းကြီးကြပ်ရေး Regulation လုပ်ဖို့ ၃နှစ်အတွင် ပြောင်းလဲသွားမယ် ပြောပါတယ်။ စင်ကာပူမှာတော့ လမ်းတံတားကို LTA ကပဲဆောက်တယ်၊ လူနေအဆောက်အဦကိုတော့ HDB ကလုပ်တယ်။ တခြားအဆောက်ဦးတွေကိုတော့ ၀န်ကြီးဌာနတွေက OWNER အဖြစ် ကန်ထရိုက်ပေးပြီး၊ BCA လိုအဖွဲ့က အရည်သွေးထိန်းပါတယ်။ ထိုင်း၊ မလေးရှား တွေမှာလဲ ဇီးသီးဗန်း မှောက်တာ များပေမဲ့ စင်ကာပူမှာ ၁၅% မှောက်ပြီး မြန်မာပြည်မှာတော့ ၅၀% မှောက်ပါတယ်။ ၂၅% လောက် မှောက်ဖို့လုပ်နိုင်၇င် မဆိုးလှပါဘူး။ my view.
LikeShow more reactions
Reply17 mins
Manage
Tin Latt MICEG is not under MES though some (not all) MES CCs are in MICEG. MICEG has separate constitution & registration from MES. MICEG member does not necessarily need to be MES member. MES member does not automatically become MICEG member. MICEG is one of the consult firms.
LikeShow more reactions
Reply14 mins
.
Third Party လို့ပြောပြောနေကြတာ ဒီThird Party ကိစ္စဘယ်လိုကိုင်တွယ်မလဲ၊ ဆိုတာ mini lab လေး Rebound hammer Rebar Scanner လေး သုံးပြီး သူခိုးဖမ်းတာလောက် က Third Party လို့မခေါ်ထိုက်ပါဘူး
စစ်မယ်ဆေးမယ် ဆို အရေးကြီးဆုံးကပေတံပါခင်ဗျာ။ တင်ဒါစာအုပ်မှာ ဘယ်ပစ္စည်း က ဘယ်လိုသုံးရမယ် ဘယ်လိုအရည်အသွေးစံချိန်စံညွှန်းတွေပါရမယ်။
တည်ဆောက်မည့် အပိုင်းလိုက် မည်သို့မည်ပုံ လုပ်ရမယ်ဆိုတာတင်ဒါမှာသေချာပါရပါမယ်။ အစိုးရတင်ဒါတွေမှာ စာရွက်၃-၄ ရွက်နဲ့ Drawing ကလည်းမှုန်ဝါးဝါး မိတ္တူ နဲ့ပေးတာများပါမယ်၊ Geotechnical Architectural Structural information တွေ မပြည့်စုံတာတွေ့ရပါတယ်။ နောက် တင်ဒါရဲ့သဘောတရားက။ Owner က ဒီဇိုင်းပေးပြီး ဆောက်ခိုင်းတာလား၊ Design and Build လား သေချာ ကွဲပြားအောင် လုပ်သင့်ပါတယ်။ ဒီဇိုင်းပေးပြီးဆောက်ခိုင်းတာဆို ဒီဇိုင်း ကိုတာဝန်ခံတဲ့ Owner's consultant/ Designer ရှိရပါမယ်။ Owner ကိုယ်တိုင်ဒီဇိုင်းလုပ်တယ်( ဥပမာ ဆောက်လုပ်ရေးဝန်ကြီးဌာန) ကတာဝန်ခံရပါမယ်။ ကန်ထရိုက်တာက ဒီဇိုင်း အတိုင်း ဖေါ်ပြတောင်းဆိုတဲ့ specication စံလျိန်စံညွှန်းနဲ့အညီလုပ်ပေးဖို့တာဝန်ရှိပါတယ်။
Design and Build ကတော့ ကန်ထရိုက်တာ မှာ Design ရော Quality, Specification and Performance အပေါ်မှာတာဝန်ရှိပါလိမ့်မယ်။ ဒီနေရာမှာ owner က သူဘာလိုချင်တယ် ဘယ် quality performance and function ကဘယ်လိုဆိုတာကို သေချာ စွာတင်ဒါမှာဖေါ်ပြဖို့လိုပါတယ်။ အဆောက်အဦးဆိုရင် Draft Archi Drawing, Plan and elevation Drawing လောက်တော့ပေးရပါမယ်။ Contractor က ဒါတွေကို အခြေခံပြီး တွက်ချက် ရမှာဖြစ်ပါတယ်။ တလောကတံတားတင်ဒါတခုမှာ စာရွက်၅-၆ ရွက်လောက်နဲ့ design build တင်ခိုင်းတာတွေ့လိုက်ရတယ်။ ဘယ်တံတားအမျိုးအစား minimum span width, ရေလမ်းကင်းလွတ်အမြင့် စတဲ့ Owner's requirement တွေတောင် မပါတာတွေ့ရပြီး ဒီဇိုင်းပေးတာ မဟုတ်ပဲ သံချောင်းကို ဘာ grade ဘိလပ်မြေကို ဘယ်ဟာဆိုဘာgrade သုံးပါဆိုပြီးထဲ့ထားတာတွေ့ရတယ်။ ဒီလို ဖြတ်ကပ်ညှပ် တင်ဒါ တွေလည်းမဖြစ်ဖို့လိုပါတယ်
ပြီးတော့ Tender Obligation ပါ၊ ကန်ထရိုက်တာ/ owner က ဘာတွေတာဝန်ယူရမယ် ဘာတွေလုပ်ပေးရမယ်၊ တာဝန်ယူမှုတာဝန်ယူမှုတာဝန်ခံမှုတွေပါရပါမယ်။
နောက်ဆုံး စာချုပ်အပိုင်းပါ၊ စာချုပ်ကိုသေချာချုပ်ရပါမယ်၊ သူ့တာဝန်ကိ့်တာဝန်သေချာ ဖေါ်ပြရပါမယ်။ Lumpsum Build, Build and Measure with unit rate, Design and Build Lumpsum, Design Anf Build Measurement Contract လားဆိုတာပါကွဲပြားရပါမယ်။
ဒါကြောင့်ခုနောက်ပိုင်းနိုင်ငံတကာ ဆောက်လုပ်ရေးစာချုပ်တွေက FIDIC RED, Silver, Yellow, Green စတဲ့ စာချုပ် standard တွေကို အခြေခံတာတွေ့ရပါတယ်။
ပြီးတော့တခါ Owner က သူခိုင်းတဲ့အတိုင်း လုပ်မလုပ် Construction Management Consultant ထားရပါမယ်၊ QA/ QC အပြင် သီးခြား QS အဖွဲ့ပါခန့်ရပါတယ် ဒါမှ စာချုပ်အတိုင်း ကန်ထရိုက်တာကလုပ်မလုပ်၊ ဆောက်တဲ့ သုံးတဲ့ပစ္စည် quantity, quality and specification မှီမမှီ၊ စစ်ဆေး နိုင်မယ်ဖြစ်ပါတယ်။ ဒါမီ တယောက်တပေါက် ဝန်ကြီး ဝန်ကြီးချုပ် ကတမျိုး MD DG ကတမျိုး ကျောင်းအုပ်ကြီးလို ဆိုင်ရာ အရာရှိကတမျိုး၊ အမတ်ကတမျိုး စိတ်ထင်ရာပြော စိတ်ကူးထဲပေါ်တာ ခိုင်း အပြစ်တင်တာတွေရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
ပြီးတော့ Value Engineering
Claim Management တွေကို လည်ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။
နောက်ဆုံး အရေးကြီးဆုံးက PAE နဲ့ဖြတ်နေတဲ့ကိစ္စပါ။ PAE ကိုပဲပြိုင်ရင်တော့ ဘယ်နည်း နဲ့မှမမှန်ပါဘူး။ အထက်မှာပြောထားတဲ့ အချက်တွေမလုပ်ပဲ PAE နဲ့ ပဲဖြတ်တာဟာပြောနေကြတဲ့ ကန်ထရိုက်တာခိုးတယ်ခိုးတယ်ဆိုတာကို သေချာပြောလို့မရကြောင်းပါ။ Owner ကိုယ်တိုင်က ဘာလိုချင်တယ် ဘာလုပ်ပေးရမယ် ဘာအတွက် ဆိုတာ တိတိကျကျ မပြောပဲ အဆောက်အဦးတလုံး ကို PAE ဘယ်လောက်နဲ့ဆောက်မယ်ဆိုတာ အငြင်းပွားစရာပါ။
နောက် ဒီ လို အရည်အသွေး စံချိန်စံညွန်းတွေနဲ့ ကိုင်တွယ်ပြောဖို့ က ခုထက်ထိ မြန်မာ Building Code, Myanmar Industrial Standard တွေ မထုတိနိုင်သေးတာပါ။ ဒါတွေလည်း အမြန်လုပ်ဖို့လိုပါတယ်။ ပေတံမရှိပဲ ငါပြောတာပေတံပဲလို့ ဆိုတဲ့ခေတ်လည်းမဟုတ်တော့ပါ။
LikeShow more reactions
Comment
Comments
Myo Kyaw ဒီမှာက tender specification တို့ ​ပေတံ ဆိုတာသီးခြားဘာသာတခုလိုပဲ။
ဒါ​ပေမယ့်​ ​အဲ့ပေတံမရှိတာကိုက သူတို့အတွက်​ခွင်​ပဲ။
LikeShow more reactions
Reply
3
November 17 at 8:52am
Remove
Ye Myat Thu Prochrement route တွေမမှန်တာကအဓိကပြဿနာဗျ။ ခုဟာ ခေါင်းတွဲကြီးက ဘရိတ်ဆွဲထားတာကို နောက်ဆုံးတွဲကတွန်းနေသလိုဖြစ်နေတယ်။ ဘယ်လာအလုပ်ဖြစ်မလဲ။
LikeShow more reactions
Reply
2
November 17 at 8:44pm
Remove
Ko Ko Lay ပွင့်လင်းမြင်သာစွာနဲ့လုပ်ပိုင်ခွင့်သာပေးပါ ပြီးတော့ enforcement နဲ့ Punishment ပါတွဲပါသလို encouragement လည်းမေ့မထားနဲ့လေ။
ရေးဆွဲထားတဲ့ rule and regulation ကိုစာရွှက်မှာပဲထားခဲ့ ပြီးပြီးရောဆိုတဲ့သဘော အရေးယူမူ့မရှိလို့ကတော့ ဘာမှမထူးပါ။
LikeShow more reactions
ReplyYesterday at 9:42am
ကျွန်တော့ အမြင် 3rd Party Inspector !
၁။ မိမိတို့ စစ်ဆေးရမယ့် လုပ်ငန်းကို ဒီဇိုင်းရော လုပ်ငန်းခွင်ပါ ကျွမ်းကျင်ပိုင်နိုင်တတ်ကျွမ်းသူဖြစ်ရပါမယ်။ COI မရှိစေရပါဘူး။
၂။ စစ်ဆေးချိန်မှာ သတ်မှတ်စံချိန် စံညွှန်းနဲ့ မကိုက်ညီရင် ဆက်လက်လုပ်ကိုင်ခွင့် မရအောင် တားမြစ်ရပါမယ်။ လိုအပ်ပါက မိမိတို့ တာဝန်ခံမှုဖြင့် လက်ထောက် စစ်ဆေးသူများထားရှိနိုင်ပါတယ်။
၃။ လုပ်ငန်းအား စစ်ဆေးရာတွင် အဂတိတရားကင်းရှင်းရပါမယ်။
၎။ သတ်မှတ်ထားတဲ့ ပညာရှင် အဖိုးအခကို သက်ဆိုင်ရာလုပ်ငန်းပေါ်မူတည်ပြီး သဘောတူညီတဲ့ ပမာဏကို ယူရပါမယ်။
၅။ အဆောက် အအုံ တစ်ခု ( သို့ ) ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု မတော်တဆဖြစ်ချိန်မှ တာဝန်ယူဖြေရှင်းရတာမျိုး မဟုတ်ဘဲ မတော်တဆမှု မဖြစ်သော်လည်း သတ်မှတ် အရည်အသွေး မပြည့်မှီခြင်းများလုပ်ငန်းခွင်အတွင်းတွေ့ခဲ့သော် မတော်တဆမှု ဖြစ်စဉ်ကဲ့သို့ အရေးယူ အပြစ်ပေးခြင်းခံစေရပါမယ်။
၆။ 3rd Party စစ်ဆေးသူရဲ့ မှားယွင်းအားနည်းချက်များ အပေါ် တိကျတဲ့ အရေးယူမှု ဥပဒေတွေရှိရပါမယ်။
.....
မိမိတို့ အသိအမြင်များရှိရင်လည်း ဝိုင်းဆွေးနွေးပေးကြပါ။
Comments
Sithu Nyo third party အတွက် ကျွန်တော်သိသလောက်တွေရေးနေပါတယ် အချိန်ရရင် ဖတ်ကြည့်စေခြင်ပါတယ်
https://m.facebook.com/story.php...
Sithu Nyo
Third party ဆိုတာဘာလဲ
အပိုင်း (၁)
ပိုင်ရှင်ကိုယ်စား တာဝန်ယူ စစ်ဆေးဆောင်ရွက်ခြင်းပါ
ဘာတွေလုပ်ရလဲ
၁။ drawing စစ်ဆေးခြင်း
site Engr လက်ထဲရှိ.drawingသည် consultant approved drawing သို့မဟုတ် working drawing ဖြစ်ရပါမည်။
လက်ရှိ Myanar national building code သည် workableမဖြစ်သေးပါ။
ဒီအကြောင်း post သီးခြားရေးပါမယ်
၂။Inspector မှ သွားရောက်စစ်ဆေးစဉ် တွေ့ရှိသည့် Defect များကို contractor အား concrete casting မတိုင်ခင် ပြင်ဆင်ပြီး ပြန်လည် စစ်ဆေးရမည်။
၃။ PAYMET
progress ကို client safeဖြစ်စေရန် percentage ချန်ပြီး အတည်ပြု ပေးရသည်။
၎။ progress
အပတ်စဉ်၊ လစဉ် client အား Inspection record ဖြင့်တင်ပြရသည်။
၅။ တာဝန်
စင်္ကာပူ နီကိုး highway ပြိုကျပြီးကတည်းကRTO ( resident technical officer ) ယခင် clerk of work များအား ထိထိရောက်ရောက်အရေးယူတော့ တာဝန်ပိုမိုကြီးလာသည်။
ဆက်ရေးပါမယ်
Remove
Khin Maung LwinGroup Admin အမှတ်စဉ် ၂ ကို grenral ဖြစ်အောင်ရေးသင့်တယ်ထင်တယ်။ တော်ကြာ 3rd Party က ကွန်ကရစ်လောင်းတာဘဲ စစ်ရမဲ့သူလိုဖြစ်သွားမယ်။
Reply
1
15 hrs
Remove
Sithu Nyo ဟုတ်ကဲ့ပါ ကျေးဇူးပါ
Reply14 hrs
ဘတ်ဂျတ် (စီမံကန်း)၊ ချေးငွေများစွာ....လွှတ်တော်မှာတော့ တာဝန်သိအမတ်တွေက ပြောဆိုကန့်ကွက်၊ အဆိုတင်၊ မေးမြန်းနေပါတယ်။ ..
လွှတ်တော်မှာတော့ တာဝန်သိအမတ်တွေက ပြောဆိုကန့်ကွက်၊ အဆိုတင်၊ မေးမြန်းနေပါတယ်။ ..
သတင်း..
မြင်းခြံသံမဏိစက်ရုံအတွက် စက်စမ်းသပ်လည်ပတ်ဖို့ စက်မှုဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရထံ ကျပ်သန်း ၄၀၀၀ ကျော် တောင်းခံတာကို ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ကန့်ကွက် လိုက်ပါတယ်။
တိုင်းပြည်အတွက် အကျိုးမရှိဘဲ လည်ပတ်သင့်လား မသင့်လား မူဝါဒတစ်ရပ် မချမှတ်နိုင်သေးတဲ့အချိန်မှာ အခုလို စက်စမ်းသပ်လည်ပတ်ဖို့ တောင်းခံတာကို ကန့်ကွက်တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင် က ပြောပါတယ်။
"နိုင်ငံတော်ပိုင် စက်ရုံများဟာ ဒီကနေ့ ဒီအချိန်မှာပေါ့ ကျမတို့ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး။ နောက်ပြီးတော့ စက်တွေက ဆက်လက်ပြီး လည်ပတ်နေခြင်းအားဖြင့်လည်း တိုင်းပြည်အတွက်ကတော့ ပိုပြီးတော့မှပဲ ငွေတွေ၊ ကုန်ကျစရိတ်တွေ များလာနေတယ်။ ဒီလို အတိုင်းအတာတွေထဲမှာ ဒီစက်ရုံတွေဟာ ကျမတို့ဆက်ပြီး လည်ပတ်သင့်သလား သို့မဟုတ်ပေါ့နော် PTT စနစ်နဲ့ပဲ သွားမလား၊ ဒါမှမဟုတ်လို့ရှိရင် Privatisation သွားမလား၊ ဒါမှမဟုတ်လို့ရှိရင်လည်း ဒီစက်ရုံတွေက ရပ်ဆိုင်းထားမလားဆိုတာ မူဝါဒတရပ် က ကျမတို့ ဘာမှ ကောင်းကောင်းမွန်မွန်လည်း မချမှတ်ရသေးဘူး။ ဒါတွေနဲ့ပတ်သက်လို့ စာရင်းဇယားပိုင်း ဆိုင်ရာတွေကို ကျမတို့ ညှိနှိုင်းနေဆဲကာလဖြစ်တယ်"
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း မူနဲ့ အခြေခံသဘောအပါအ၀င် ရငွေသုံးငွေနဲ့ ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးရာ ဒေါ်ခင်စန်းလှိုင်က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
အမှတ် ၁ မြင်းခြံသံမဏိစက်ရုံဟာ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ လတ်တလောရပ်ဆိုင်းထားရတဲ့ နိုင်ငံပိုင်စက်ရုံ ၂၈ရုံထဲက တစ်ရုံဖြစ်ပါတယ်။
မြစ်သာရေလှောင်တမံစီမံကိန်းအတွက် ကျပ် ၁၂ ဘီလီယံ ထပ်မံတောင်းခံထားတာကိုလည်း ဘက်ဂျက်စည်းကမ်းနဲ့ မညီတဲ့အတွက် မပေးသင့်ဘူးလို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
.
RFA News 2017-11-07
.
.
.
ဒေါ်အောင်ဆန်းစုကြည် ၏ နောက်ထပ် အောင်ပွဲတခု
===================================
ဂျပန် ၀န်ကြီးချုပ် ရှင်တာရို အာဘေး မှ မြန်မာနိုင်ငံ၏ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အတွက် အမေရိကန် ဒေါ်လာ သန်း တထောင်၊ အတိအကျ ဆိုရက ၁.၀၃ ဘီလီယံ အကူအညီပေးဖို့ ကတိပြုလိုက်ပြီ ဖြစ်ပါတယ်။
မနီလာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးစဉ်အတွင်း အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ယင်းသည်ကား ဂျပန်မှ ငါးနှစ်အတွင်း ပေးသွားမယ့် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၇.၇၃ ဘီလီယံရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
အဆိုပါ ထောက်ပံ့ငွေ များကို မဆိုသလောက်သော အတိုးနှုန်း နဲ့ ချေးငှားခြင်း ဖြစ်ပြီး ရန်ကုန်-မန္တလေး မီးရထားလမ်း အပြင် အခြား အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ ကျေးလက်နေ ပြည်သူများရဲ့ ၀င်ငွေ တိုးမြှင့်ပေးမည့် လုပ်ငန်းများ တည်ထောင်ပေးရန် အသေးစား ငွေချေး ကုမ္ပဏီများကို ငွေကြေး အကူအညီပေးခြင်းတို့မှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ထို့အပြင် ဂျပန်ရဲ့ အစိုးရ နှင့် ပုဂ္ဂလိက ပိုင်းမှလည်း နိုင်ငံရဲ့ ဒီမိုကရေင်္စီ ဖြစ်ထွန်းလာမှုနဲ့ အတူ ပေါ်ပေါက်လာနေတဲ့ စိမ်ခေါ်မှုများကို ကျော်လွှားနိုင်ရေး အတွက် အစွမ်းကုန် ကူညီသွားမယ်လို့ အာဘေးက ပြောကြားခဲ့ပါတယ်။
ယင်းသည်ကား မဲခေါင်မြစ်ဝှမ်း အတွင်း တရုတ်ရဲ့ သြဇာ နယ်ပါယ် ချဲ့ထွင်လာနေခြင်းကို တန်ပြန်မယ့် ဂျပန်ရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ဒေါ်နယ်ထရန့် က လည်း အရှေ့အာရှ နိုင်ငံများရဲ့ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်လာတဲ့ ခေါင်းဆောင်များနဲ့ တံခါးပိတ် ညစာ စားပွဲမှာ ရခိုင်ဒေသတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ ကျုးလွန်ခဲ့သော ပြစ်မှုများ တာဝန်ခံမှု ရှိရေး နဲ့ ဒူက္ခသည်များ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ခွင့် ရရေး ကြိုးပမ်းနေမှုများကို ထောက်ခံသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
ယင်းသည်ကား ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အရေး အတွက် ဒေါ်နယ်ထရန့် ပါးစပ်မှ ပထမဆုံး အကြိမ် ထွက်ပေါ်လာခြင်းလည်း ဖြစ်ပြီး ကွန်ဂရက် က တောင်းဆိုနေသလို စီးပွားရေး ဒဏ်ခတ်ဖို့ ထည့်သွင်း ပြောဆိုသွားခြင်း မရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။
၎င်း၏ နိုင်ငံခြားရေး ၀န်ကြီး ဖြစ်သူ ရက်စ် တီလာဆန် သည်လည်း မြန်မာနိုင်ငံသို့ ဒီနေ့တွင် ရောက်ရှိလာဖို့ ရှီနေပါတယ်။
ယင်း ဖြစ်ရပ်များက သူ့အလိုလို ဖြစ်ပေါ်လာခြင်း မဟုတ်ပဲ နိုင်ငံခြားရေး မူဝါဒ ကို ပါးနပ်စွာ ရွှေ့လျား ကိုင်တွယ် သွား နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကြောင့်ဆိုတာ သိသာ ထင်ရှားလှပါတယ်။
ယခုလို ထိတ်ထိတ်ကျဲ နိုင်ငံကြီးများ ဖြစ်တဲ့ တရုတ်၊ ရုရှား၊ ဂျပန် နဲ့ အိန္ဒိယ တို့က မြန်မာဖက်မှ အခိုင်အမာ ရှိနေပြီ ဖြစ်တဲ့ အတွက် အနောက်အုပ်စုမှ လူ့အခွင့်အရေး ကိစ္စများနဲ့ ၀င်ရောက် ဖိအားပေးလာကြမယ့် အရေးကို ဟန့်တားနိုင်ခဲ့တာလည်း ဖြစ်ပါတော့တယ်။
ကိုးကား၊ ။ Japan Times / CNN
မိမိမှတ်ချက်။...
အစိုးရကတော့ စစ္စတပ်အယ်ရာ System Error ဖြစ်နေတော့ ရှေ့သိပ်မတက်နိုင်ဘူး။ လူတွေလဲလို့လဲမရ..အင်ဂျင်နီးယာ ဆိုတော့ သတိရတုန်း ဖောဝပ်လုပ်လိုက်ပါတယ်။ တစ်ပြည်လုံးမှာ အလုပ်မရှိစက်ရုံဝန်ထမ်း ၄သောင်းကနေ ၄နှစ်အတွင် ၂၇၀၀၀ ပဲ ကျန်တော့တယ် တဲ့။ စက်ရုံ သန့်ရှင်းရေးပဲလုပ် သင်တန်းတက် လုပ်နေကြတယ်။ တစ်လ၂သိန်း လစာနဲ့ဆိုရင် တစ်နှစ်ကို ၆၄ဘီလျံကျပ် နဲ့ကြွေးမွေးထားရတယ်။ လျှပ်စစ်ဓါတ်အားလဲ တယူနစ်ထုတ်တိုင်း ၃၀ကျပ် ရှုံးတယ် ဆိုတော့ တစ်နှစ်ကို ဘီလျံ ၅၀၀ ကျော် ၀ိုင်းဝန်းစားသောက်သုံးစွဲနေကြတယ်။ ကျေးလက်ဖွံ့ဖြိုးရေးဌာနကလဲ ကျောင်း၊ဆေးခန်းဆောက်၊ လမ်းဖောက် မီးလင်းဖို့ ဇီးသီးဗန်းတွေအများကြီးပဲ။ လ.၀.က၊ က.ည.န၊ စည်ပင်၊ အခွန်ဦးစီးမှုး တွေကလဲ ပြည်သူ့ထံက ၀န်ဆောင်ခတွေ အမြောက်အများ ယူနေတုံးပါပဲ။ အလုပ်လုပ်တဲ့လူ အဆက်သွယ်ကောင်းရင် ပွပေါက်တွေ ရှိနေဆဲပါပဲ။ အရင်တစ်ပါတ်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ရွှေတူးလုပ်ငန်း ဖက်စပ်လုပ်ဖို့ဖိတ်ခေါ်တယ်။ မေးမြန်းကြည့်ရုံနဲ့ စီးပွားဖြစ်မလုပ်နိုင်တဲ့နေရာကို အတင်းလာလုပ်ခိုင်းပြီး အခွန်အရင်ကောက်မဲ့ပုံစံပဲ။ အစိုးရနဲ့တွဲလုပ်တာမှ စိတ်ချရဦးမယ်။.. ဒီလိုပါပဲ..System Error တေ့ဖြးဖြေးတော့ နည်းနည်းလာနေပါပြီ။ လူငယ်ဆိုရင်တော့ ငွေရင်းမရှိရင် လခစားပဲ လုပ်တာကောင်းပါတယ်။ ကိုယ်ပိုင်အလုပ်လုပ်ချင်ရင်တော့ ဂွင်ရှာတဲ့၊ ပွဲစားအလုပ်မျိုးတွေ မလုပ်ပဲ...စားသောက်ကုန်၊ လူသုံးကုန် လုပ်ငန်းကလေးတစ်ခု ကိုယ်နိုင်သလောက် ကိုယ်တိုင်ပဲလုပ်တာပဲ အကောင်းဆုံးပါ။
ဇော်အောင်  .....
Friday, November 3, 2017
ဘိုင်ဘိုင် အော်တိုကက် Bye Bye Auto CAD
အင်ဂျင်နီယာ ပုံဆွဲအတတ်ပညာ၊ လက်နဲ့ရေးတဲ့ခေတ် ပြန်ရောက်တော့မယ်။ အီလက်ထရွန်းနစ်ဘုတ်မှာ ဟိုးရင်ကလို လက်နဲ့ခဲတံနဲ့ ပုံဆွဲကြတယ်။ ပေတံ စကွဲယားတွေ သုံးပြီး ဆွဲကြတယ်။ နောက်တော့ အော်တိုကက် ဆိုတာပေါ်လာပြီး ရက်ပစ် ဆိုတဲ့ ၃ဖက်မြင်ပုံတွေ ဖြစ်လာတယ်။
.
အခု အိုင်ပက် ဆိုတဲ့ ခေတ်ကို ပြန်ရောက်လာပြီး ... လက်နဲ့ဆွဲတဲ့ခေတ်ကို ပြန်သွားနေပြီ။
ဘိုင်ဘိုင် အော်တိုကက် ..ဗွီဒိယိုလေး ရှယ်လိုက်ပါတယ်။
.
Facebook Link from Civil Engineering..
https://www.facebook.com/civilengineeringvideo/videos/162186844377666/?hc_ref=ARSf5JBoQuFRUaVCdY-ZD2Jogg77PKqVVbJauFjO-Ifi8D1zmWsKmtKanCurpLlg9ys&fref=gs&dti=1410110412651955&hc_location=group
.
.
.
Short Link
https://goo.gl/wZRtgm
Wednesday, November 1, 2017
KHAN ACADEMY အဆင့်မြင့်ပညာရေး နှင့် ၁၀တန်းမရောက်သူများ၊ မအောင်သူများအတွက် သက်မွေးပညာ(အခမဲ့ MCEA + JICA)
သက်မွေးပညာ (အခမဲ့ ၄လသင်တန်း)
INTERNATIONAL SCHOOL မထားရလို့  အားမငယ်ကြနဲ့ ဗျို့
ကဲ မိဘ တို့ …… မြန်မာပြည် က မိဘ တို့ …..
ကိုယ့် သားသမီး ကို International School မပို့ နိုင်လို့ 
စိတ်ညစ်နေပါသလား။
သတင်းကောင်း လေးတစ်ခုကို ပြောပြပါရစေ။
တကယ့်ကို သတင်းကောင်း လေး တစ်ခုပါ
ကျွန်တော် International School တစ်ခုက ၅ တန်း 
ကျောင်းသူလေး ကို သင်္ချာ ဒီနေ့ စပြရပါတယ်။
သူတို့ ကျောင်းမှာ ဖတ်စာအုပ် မရှိဘူး ဆိုတော့ ဘယ်လို များ 
စာသင်သလဲ မေးကြည့်တဲ့အခါ မှာ သူတို့တွေက ကွန်ပျူတာ နဲ့ 
ကိုယ်တိုင် လေ့လာ ရတယ်လို့ ဆိုပါတယ်။
ဘယ်လိုများ လေ့လာ သလဲလို့ မေးတဲ့အခါမှာ 
ဝဘ်ဆိုဒ် လိပ်စာ တစ်ခုကို ပေးပါတယ်။
အဲဒီ လိပ်စာကတော့ https://www.khanacademy.org/ ပါ။
အိမ်ပြန်ရောက်လို့ အဲဒီ လိပ်စာ ကို ၀င်ကြည့်တဲ့အခါမှာ 
အင်မတန်ကောင်းတဲ့ အပြည်ပြည်ဆိုင်ရာ သင်ရိုးညွှန်းတမ်း 
အပြည့်အစုံ ကို မူကြို ကနေ အထက်တန်း ထိ 
ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။
ပိုက်ဆံ များ ပေးရသလားလို့ လေ့လာကြည့်လိုက်တဲ့အခါ 
လုံးဝ အခမဲ့ ဖြစ်နေပါတယ်။
တကယ့်ကို အခမဲ့ ပညာ ဘဏ်တိုက်ကြီး တစ်ခုကို ဘုရား ကျေးဇူး နဲ့ 
တွေ့ခွင့်ရလိုက်ပါတော့တယ်။
ဒီဝဘ်ဆိုက်မှာ
သင်ခန်းစာ ရှင်းပြတဲ့ ဗီဒီယိုလင့် တွေနဲ့ လေ့ကျင့်ခန်း 
ဗီဒီယိုလင့် တွေအပြင် စာမေးပွဲ လေ့ကျင့်ခန်းတွေကို ပါ 
သင်ခန်းစာ အလိုက် ထည့်သွင်းထားပါတယ်။
ဒါ့အပြင် သင်ကြားရေး ဗီဒီယို တွေမှာ 
subtitle ထိုးပေးထားပါသေးတယ်။
ကျောင်းသား အနေနဲ့ ၀င်လို့ရသလို ဆရာ အနေနဲ့ရော မိဘ အနေနဲ့ပါ 
ဝင်ရောက်လေ့လာ သင်ကြားနိုင်ပါတယ်။
အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝ၊ ကွန်ပျူတာ၊ သမိုင်း၊ ပထ၀ီ၊ 
စီးပွါးရေး စတဲ့ ဘာသာစုံ အခြေခံ ပညာရပ် တွေအားလုံး 
ထည့်သွင်းပေးထားတဲ့အတွက် 
ကျောင်းသား၊ ဆရာ၊ မိဘ တွေအတွက် အလွန် အကျိုးရှိတဲ့ ပညာရေး 
ဘဏ်တိုက်ကြီး တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အဆင့်မီ စာမေးပွဲ တွေဖြစ်တဲ့ SAT, MCAT, 
GMAT စတဲ့ စာမေးပွဲတွေကို လေ့ကျင့် ပြင်ဆင်နိုင်ပါတယ်။
ကဲ ဘာလိုသေးလဲ မိဘတို့။
ကွန်ပျူတာ ကောင်းကောင်းနဲ့ အင်တာနက် ရှိဖို့တော့ လိုအပ်ပြီး 
ကလေးငယ် တွေ တစ်နေ့ တစ်နာရီ နှစ်နာရီ ကိုယ်တိုင် လေ့လာရုံနဲ့
နိုင်ငံတကာ သင်ရိုးညွှန်းတမ်း သင်ခန်းစာ တွေနဲ့ 
ထိတွေ့မှု ရှိနိုင်ပါတယ်။
ဝဘ်ဆိုက် ကို ၀င်ရောက်တဲ့အခါမှာ ကိုယ့်ရဲ့ Facebook အကောင့် 
သို့မဟုတ် Gmail account နဲ့ လွယ်လွယ်ကူကူ ၀င်ရောက်နိုင်ပါတယ်။
Kindergarten ကနေ 
grade 1-8 ပြီးတဲ့အခါ High school level အထိ ရှိပါတယ်။
ပိုက်ဆံ ပေးစရာမလိုပဲ အင်္ဂလိပ် ဆရာ ဆရာမ တွေရဲ့ ပို့ချချက်တွေကို 
အိမ်မှာ ထိုင်နားထောင်၊ လိုက်ကြည့်၊ လေ့လာမှတ်သား၊ 
ပြန်လည်လေ့ကျင့် ရုံပါပဲ။
ဒီထက်ကောင်းတာတောင် ဒီထက် မကောင်းနိုင်တော့ပါဘူး။
မနှေးအမြန် ပြေးသာကန်လိုက်ကြပါတော့ မိဘတို့။
Credito to : ကိုကြည်နိုင်
Pho Luu shared Win Naing Zaw's post. 
...........................................................
.
မှတ်ချက်။ ...
.
ဒီစာကိုဖတ်ပြီး လင့်ကိုဖွင့်ကြည့်တော့ လူ(၃)မျိုးအတွက် အခမဲ့ ပညာရေးအားပေးထားတာကို တွေ့ရပါတယ်။ ငွေကြေးအခမဲ့ ဆိုပေမဲ့ မိမိကတော့ အချိန်အများကြီးပေးရမှာ ဖြစ်ပါတယ်။ 
၁။ မိမိဖာသာ ပညာရပ်လေ့လာလိုသူ
၂။ မိမိမြို့ရွာမှာပဲ ကျောင်းဆရာအဖြစ်အသက်မွေးလိုသူ၊ (၀င်ငွေ)
၃။ မိမိသားသမီးကို ကိုယ်တိုင် အမေရိကန်ပညာရေးစနစ် ထိတွေ့သူ ..
.
မိမိအတွက်ကတော့ အသက်၇၂နှစ်ရှိပေမဲ့ အားလပ်တဲ့အချိန်ပိုတွေမှာ လေ့လာအကျိုးဖြစ်ထွန်းသူတစ်ယောက်ရဲ့ ကွန်မင့်ကို စိတ်ဝင်စားမိပါတယ်။ မိမိ
မိတ်ဆွေ အသက်၅၀ကျော် စက်မှုအင်ဂျင်နီယာတစ်ယောက် မိမိဝါသနာပါတဲ့ မြန်မာစာလေ့လာချင်လို့ အဝေးသင်ဘာသာရပ်နဲ့ လေ့လာပြီး ပထမနှစ်အောင်၊ ဒုတိယနှစ်တက်နေတာကို အားကျမိတယ်။ ငွေမပေးရပေမဲ့ အချိန်အများကြီးပေးရပါမယ်။ 
.
ဘာကြောင့် ယခုအချိန်ထိ တရုပ်နိုင်ငံက မိဘများက သူတို့သားသမီးတွေကို အမေရိကန်နိုင်ငံလွှတ်ပြီး ငွေကုန်ခံ၊ ပညာသင်ခိုင်းနေကြသလဲ ဆိုတော့ အမေရိကန်ကန်က ကမ္ဘာ့ နံပါတ်(၁) ပညာရေးတက္ကသိုလ်ကြီး ဖြစ်နေလို့ပါပဲ။ ဒီ ၀က်ဆိုက် KHAN ACADEMY ကလဲ အမေရိကန်နိုငံက အွန်လိုင်း နဲ့ လေ့လာလိုသူများအတွက် အလွန်အကျိုးရှိပါတယ်။
.
အချိန်ရယ်၊ ကွန်ပြူတာနဲ့အင်တာနက် လိုအပ်ပါတယ်။ မြန်မာလူနည်းစုလောက်ပဲ ကွန်ပြူတာသုံးတတ်ကြပါတယ်။ အထူးသဖြင့် မိမိပတ်ဝန်းကျင်က ကျောင်းသားများကို ကြယ်ငါးကောက်သလို မိမိဖာသာ လေလာဖို့ ကျောင်းဆရာအဖြစ် အသက်မွေးလိုသူ (၀င်ငွေရဖို့) လေ့လာနိုင်ပါတယ်။ 
.
.
နိဂုံး .. 
ယခု ၂၀၁၇ မြန်မာနိုင်ငံမှာ ရန်ကုန်မှာပဲ အင်တာနက် မိဂါဘိုက်အကန့်အသတ်မဲ့ တစ်လကျပ်၂သောင်းလောက်နဲ့ ရနိုင်ပေမဲ့၊ နယ်မြို့ရွာတွေမှာတော့ အင်တာနက်ဈေးကြီးနေဆဲပါ။ အာစီယံနိုင်ငံတွေမှာ အိမ်ဖုန်းသုံးတဲ့ မိုဒမ် အင်တာနက်၊ ကေဘယ်အင်တာနက်တွေ တလကို ကျပ်၂သောင်းနဲ့ မိဂါဘိုက် အကန့်သတ်မဲ့ သုံးနိုင်တာမျိုး နောက် ၂နှစ်အတွင် မြန်မာနိုင်ငံ မြို့တွေမှာ ရောက်လာပါမယ်။ ကျေးလက်တွေမှာတော့ ဖိုင်ဘာကြိုးသုံးတဲ့ Myanmarnet, Skynet Wifi Internet, တွေရောက်လာပြီး အင်တာနက် ဈေးချိုလာမယ်၊ ကုန်ထုတ်လုပ်ငန်းအလုပ်ကိုင်တွေ ပေါလာမယ်၊ ၊ ရန်ကုန်မန္တလေးကို ပညာရှာသူ လူငယ်တွေ တက်လာကြမယ်။ 
.
လောလောဆယ်တော့ ဒီဝက်ဆိုက်ကို လေ့လာပြီး ၀င်ငွေရတဲ့ ကိုယ်ပိုင်ကျောင်းဆရာများစွာ ပေါ်ပေါက်လာမယ် မျှော်လင့်ပါတယ်။ 
.
ဒီနေ့တော့ ဘုရားကျေးဇူးကြောင့် ကိုကြည်နိုင် ဆိုတဲ့မိတ်ဆွေ ရှယ်ပေးတာကို ထပ်ဖြည့်ဆွတ် ရှယ်လိုက်ပါတယ်။
.
Original Post 
စက်ချုပ်သင်တန်း၊ လက်သမားသင်တန်း၊ ပန်းရံသင်တန်း၊ သံချည်သံကွေးသင်တန်း... 
အလကားလည်းသင်ပေးသည်။ အလုပ်လည်း တစ်ခါတည်း ရှာပေးသည်။
အစားကျွေးပါသည်။ ကားခ တစ်နေ့ကို ၁၈၀၀ ကျပ် ပေးပါသည်။ မြန်မာနိုင်ငံစံနှုန်းအဖွဲ့အသိအမှတ်ပြု လက်မှတ်လည်း ထုတ်ပေးပါသည်။ သင်တန်းပြီးသည်နှင့် ချက်ချင်းအလုပ်တန်းဝင်လို့ရပါသည်။ သဟာတောင်မှ သင်တန်းတက်မယ့်သူမရှိလို့ အတင်းလိုက်ကြေငြာနေရပါတယ် တဲ့။
မမက ရန်ကုန်လာသင်တန်းတက်ဘို့ဆိုတာ နေရေးက အရေးကြီးသေးတယ်။ လေးငါးဆယ်ရက်ဆို တော်သေးတယ်။ လနဲ့ချီတက်ရမယ်ဆိုရင် ဘယ်သွားနေမလဲ။ (အသိ ဘုန်းကြီးကျောင်းတွေမှာ တည်းလို့ရရင်တော့ မဆိုးဘူးပေါ့။)
.
သင်တန်းတက်လိုသူများ တက်လို့ရအောင် ထပ်ဆင့်ဝေမျှလိုက်ကြပါ ခင်ဗျား။
.
Credit: Aye Nyein 
/////////
ကြွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)
ဖုန်း ... ၀၁၈၅၆၄၇၇၃
ဂျပန်နိုင်ငံ JICA အဖွဲ့မှ စကားပြန်များဖြင့် လာရောက်သင်ကြားပေးပြီး၊ မြန်မာနိုင်ငံ MCEA အဖွဲ့မှပံ့ပိုးကူညီပါသည်။ 
၂.နိုဝင်ဘာ.၂၀၁၇ နေ့စတင်ပြီး ၄လ ကြာမည်။
ပညာအရည်အချင်း ..၇တန်း၊ ၈တန်း ဆိုလျှင် ရပြီ။ နံနက်၉း၃၀ မှ ညနေ၅နာရီ ဖြစ်သည်။ 
.
အောင်မြင်မှုအထည်ချုပ်ကျွမ်းကျင်သင်တန်းကျောင်း ၀၉၄၂၅၈၄၇၅၈၀ ပင်လုံခမ်းမ အမှတ်၃၄ ရပ်ကွက် မင်းရဲကျော်စွာလမ်း မြောက်ဒဂုံ၊ ရန်ကုန်
.
အသင်းတော်များ၊ ဘုန်းကြီးကျောင်းများ၊ အဖွဲ့အစည်းများ၊ အိပ်ရန်နေရာပေး ကူညီပြီး၊ ကူညီကြစေလိုပါသည်။
...............................................
MCEA (မြန်မာဆောက်လုပ်ရေး) နှင့် JICA (ဂျပန်အစိုးရ) 
End.....
မြန်မာများအတွက် အင်ဂျင်နီယာစာအုပ် eBooks Links
မြန်မာများအတွက် အင်ဂျင်နီယာစာအုပ် eBook ကောင်းနိုးရာရာများကို ဖေ့ဘုတ်ကတဆင့် ရရှိနိုင်ပါတယ်။ အများစုဟာ ဆောက်လုပ်ရေးလုပ်ငန်းများနေတဲ့အတွက် မြို့ပြအင်ဂျင်နီယာစာအုပ်များ ဖြစ်နေပါတယ်။
.
၁။ https://www.facebook.com/UTM9E9Book/
- Engineering Machanic STATICS
https://www.facebook.com/engineeringbooks.me/posts/1981227588802142
.
- POWER OF MYANMAR မြန်မာနိုင်ငံလျှပ်စစ် ၂၀၁၇ အခြေအနေ
https://www.facebook.com/UTM9E9Book/posts/1720681664611658
.
- BUILDING DESIGN AND CONSTRUCTION HANDBOOK ဆောက်လုပ်ရေးဒီဇိုင်း
https://www.facebook.com/engineeringbooks.me/posts/1980841698840731
.
- TAKING OFF QUANITITES CIVIL ENGINEERING
https://www.facebook.com/engineeringbooks.me/posts/1981117868813114
.
- Sustainable Steel Buildings A Practical Guide for Structures and Envelopes
https://www.facebook.com/engineeringbooks.me/posts/1980322678892633
.
- SOIL MECHANICS AND FOUNDATIONS
https://www.facebook.com/engineeringbooks.me/posts/1980374282220806
.
- Structural Analysis Fourth Edition
https://www.facebook.com/engineeringbooks.me/posts/1980648015526766
.
- HIGHWAY ENGINEERING
https://www.facebook.com/engineeringbooks.me/posts/1980188845572683
.
- Handbook of Transportation Engineering
https://www.facebook.com/engineeringbooks.me/posts/1979842562273978
.
- Handbook of Transportation Engineering
https:6//www.facebook.com/engineeringbooks.me/posts/1980258328899068
.
- REINFORCED CONCRETE Mechanics and Design
https://www.facebook.com/engineeringbooks.me/posts/1979802278944673
.
- SOIL MACANICS
https://www.facebook.com/engineeringbooks.me/posts/1979486085642959
.
.
.
၂၊ အင်ဂျင်နီယာစာအုပ်များ ENGINEERING BOOKS (46k like)
https://www.facebook.com/engineeringbooks.me/?ref=br_rs
.
.
၃။ CIVIL ENGINEERING BOOKS
https://www.facebook.com/civilengineeringbooks.mm/?ref=br_rs