Thursday, May 7, 2020

ကိုရိုနာကုသဆေး အမေရိကန် (USA Gilead)

ကိုရိုနာကုသဆေး အမေရိကန် (USA Gilead)
သမ္မတ ထရန့်က Remdesivir ဆေးကို FDA Approve ဖြစ်စေပြီး ခွင့်ပြုလိုက်ပါပြီ။

အိန္နိယ ကိုဗစ်ကာကွယ်ဆေး
ဆီရမ် အင်စတီကျု (အိန္နယ) မှ ကိုဗစ်ကာကွယ် ဆေး အား အ​မြောက် အမြား ထုတ်လုပ်တော့မည် ဖြစ်သည်။ စက်တင်ဘာလ တွင် သန်း ၄၀-၅၀ အထိ ထွက်ရှိလာမည် ဖြစ်သည်။ ChAdOx1 nCoV-19 ဆေးကို အောက်စဖို့ တက္ကသိုလ်ကြီးရှိ ဂျင်နာ အင်စတီကျုမှ ဖေါ်စပ်ထားပါတယ်။ အရေးပေါ် လိုအပ်ချက်အရ လူများအပေါ် စမ်းသပ် ရလဒ် မစောင့်တော့ပဲ ငွေ $80 သန်း စွန့်စား ထုတ်လုပ် ခြင်း ဖြစ်တယ်။ မျောက် များနဲ့ စမ်းသပ်တာ အောင်မြင်ပါတယ်။

ဂျပန် Avigan
အာဖရိကတိုက် မှာ လူအသေပျောက်များလှတဲ့ အီဘိုလာဗိုင်းရပ်စ် အတွက် ကာကွယ်ဆေး ဖြစ်တယ်။ ဂျပန် ကုမဏီ Fujifilm Group က သုတေသနပြုလုပ်ပြီး လူနာများနဲ့စမ်းသပ်အောင်မြင်လို့ ဂျပန် FDA နဲ့ နိုင်ငံတကာက ၂၀၁၄ မှာ လက်ခံသုံးစွဲ နေတဲ့ ဆေးဖြစ်ပါတယ်။ ရှိနေတဲ့ ဆေးများကို လူနာ ဘေးမ​ဖြစ်အောင် သုံးစွဲရင်း Avigan ဆေးကို ဂျပန်နိုင်ငံ ဆေးရုံများက သုံးစွဲတာ အတိုင်းတာ တစ်ခုထိ အောင်မြင်ပါတယ်။ တောင်ကိုးရီးယား နဲ့ အခြား နိုင်ငံ များက သုံးဖို့ ကြိုးစားပေမဲ့ မအောင်မြင်သေးပါ။  ဂျပန် ဖူဂျီအုပ်စု .ကတော့ ဆင်းရဲတဲ့ နိုင်ငံများကို အခမဲ့နဲ့ အသက်သာဆုံး ကူညီမယ် ကြေငြာပါတယ်။ ..

BCG (တီဗွီ) ကာကွယ်​ဆေး
အိန္နိယ ပညာရှင်များက BCG ကာကွယ်ဆေး ထိုးထားတဲ့ မဖွံဖြိုးနိုင်ငံများမှာ ရောဂါ နည်းပါးပြီး၊ ချမ်းသာ အဲကွန်းနဲ့နေထိုင်တဲ့ အမေရိကန်၊ ဉရောပနိုင်ငံများ မှာ အကြီးအကျယ် ကူးစက်နေတာကို ဆန်းစစ် ရင်း BCG ကာကွယ်ဆေး ကို သုတေသန ပြုပါတယ်။  ကလေးများမွေးစက BCG ထိုးတဲ့နိုင်ငံများမှာ အဆုတ်ယောင် (တီဗွီရောဂါ TB ကျူဘာကလိုးစစ်) ကာကွယ်ဆေး ကို 1921 က စတင် ခဲ့ပါတယ်။ နောက်ပိုင်း တိုးတက်တဲ့ ဉရောပ နိုင်ငံများက 1945 နောက်ပိုင်း သူတို့နိုင်ငံမှာ BCG ဆေးထိုးဖို့ မလိုတော့ဘူး ဆိုပြီး ရပ်လိုက်ပါတယ်။ ယခု ကိုရိုနာ အဆုတ်ယောင် ရောဂါသယ်များ BCG မထိုးထားသူများတယ် ဆိုလာ ပါတယ်။ ဒါကြောင့် ဆက်လက် BCG သုတေသန လုပ်ဖို့ ကျန်းမာရေးဝန်ထမ်းများ  နယ်သာလန်မှာ 1000, အော်စတြေလျားမှာ 4170, အီဂျစ်မှာ 900, အမေရိကန် ဘော်စတွန်/ဟူစတန် မှာ 700 စသဖြင့် ဆက်လက်လုပ်ဆောင် နေပါတယ်။

ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေတဲ့ ကုမဏီကြီးများ နဲ့ အမေရိကန် FDA စမ်းသတ်ခွင့်ပြု စာရင်းများကို အင်တာနက်မှာ ပွင့်လင်းစွာ တွေ့နိုင်ပါတယ်။ AMGN, BioNet & Pfizer, CialciMedica, CytoDyn, Gilead, GSK, Inovia, Johnson & Johnson စသဖြင့် အမြောက်အများ အမေရိကန် အစိုးရ စမ်းသပ်ခွင်ပြုတဲ့ ဝက်ဆိုက် www.clinicaltrials.gov မှာ ကြည့်နိုင်ပါတယ်။ Wikipedia : Google တွေမှာ Corona Vaccine နှိပ်ပြီး စိတ်ဝင်စားသူများ ရှာနိုင်ပါတယ်။
.

.
Gilead Science ကုမဏီရဲ့ Remdesivir

လက်ရှိ ကိုရိုနာ ကုသရေး မှာ ရှေ့ဆုံးရောက်နေတဲ့ ကုမဏီနဲ့ သူတို့ထုတ်တဲ့ Remdesivir ဆေးအကြောင်း လူတွေစိတ်ဝင်စားကြပါတယ်။ ဧရာမ အမေရိကန် ဆေးဝါး ကုမဏီကြီးဖြစ်ပြီး ပိုင်ဆိုင်မှု  US$ 61 billion, Revenue US$22 billion (2019) ဖြစ်တယ်။ ဝန်ထမ်းပေါင်း 11800 ဉီး ရှိပါတယ်။ ငွေအား သာမက နည်းပညာ မူပိုင်ခွင့် များစွာ ပိုင်ဆိုင်ပါတယ်။

ဝူဟန်ဗိုင်းရပ်စ် ပေါ်တာနဲ့ တရုပ်ပြည်က Wuhan Institute of Virology ဗိုင်းရပ်စ် သုတေသနနဲ့ ပူးပေါင်းပြီး ဆေးဝါး တီထွင်ပါတယ်။ မူပိုင်ခွင့် ပြုလုပ်ပြီး. ရောဂါ အသဲအသန်လူနာများကို ဝူဟန်မှာ သူတို့ ဖေိာထုတ်တဲ့ Remdesivir ဆေးကို စမ်းသပ်ခွင့် ရရှိပါတယ်။ တရုပ်အစိုးရ ခွင့်ပြုအောင် ဝူဟန်ဗိုင်းရပ်စ် သုတေသန အဖွဲ့ကပဲ လျှောက်လွှာတင်ပါတယ်။ အမေရိကန်မှာ မူပိုင်ခွင် နှစ်၂၀ ရယူထားပြီး Ophan Drug အဖြစ် မှတ်ပုံတင်ထားတာပါ။ Ophan Drug ဆိုတာ လူနာရှားပါးတဲ့ ရောဂါမျိုး အတွက် တီထွင်တဲ့ ကုမဏီတွေကို အခွန်လျှော့ခြင်း အပါဝင်၊ နှစ်ရှည်မူပိုင်ခွင့်၊ လူနဲ့စမ်းသပ်ရာမှာ Phase 3 အဆင့်ဆို လူ1000 မလိုတော့ပါဘူး။ FDA Approve ဖြစ်ဖို့ အစိုးရက အများကြီး ဖြေရှော့ပေးတါပါ။ ဝိုင်းဝန်းကန့်ကွက်ကြလို့ အစိုးရက Ophan Drug ဖြုတ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံ အစိုးရက.ဂျပန် Aviganကိုဗစ်ကာကွယ်ဆေး စမ်းသပ်မယ်လို့ ကြားရပါတယ်။

အမေရိကန် သူဌေးနိုင်ငံမှာ Remdesivir (ကိုဗစ်ကုသဆေး) ကို ဆေးရုံများ. လူနာများက အလွန်လိုလား နေတာကို တရားဝင် ခွင့်ပြု လိုက်ခြင်း ဖြစ်ပါတယ်။

M Zaw Aung
2-5-2020
.
.
Cred>>
https://m.youtube.com/watch?v=CbZcx-4wCJY

ကိုဗစ် ကာကွယ်. ကုသ ဆေးအချို့
https://m.facebook.com/story.php?story_fbid=10157478676228472&id=755653471

No comments:

Post a Comment