Thursday, May 7, 2020

သီလဝါတွင် ကန်ဒေါ်လာသန်း ၂၀၀၀ ရင်းနှီးမြှုပ်နှံ၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁
သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံနှင့် ပူးပေါင်းကာ အမေရိကန် ဒေါ်လာသန်း ၂၀၀၀ ရင်းနှီးမြှုပ်နှံ၍ သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကုမ္ပဏီလီမိတက် (MAPCO) ထံမှ သိရသည်။ (J-11)

[အပြည့်အစုံဖတ်ရန်](http://bit.ly/36g0f0J)
TheVoiceDaily
.
.
ဂျပန် တရုပ် တောင်ကိုးရီးယာ စင်ကာပူ စတဲ့နိုင်ငံများ မြန်မာပြည်ကို ပိုမို ရင်းနှီးမြုတ်နှံ လာကြပါပြီ။ ခေါင်းဆောင်ကောင်း ရှိရုံမက ခေါင်းဆောင်ကောင်း များစွာ ရှိလာအောင် ရွေးချယ် နိုင်ရုံသာမက ခေါင်းဆောင်ကောင်း ပျိုးထောင်တဲ့စနစ် အခိုင်အမာ ရှိဖို့ အနည်းဆုံး ၁၀နှစ် ကြာတတ်ပါတယ်။ အခု ၉နှစ်ကြာ မြန်မာပြုပြင်ပြောင်းလဲရေး မှာ မြစ်ဆုံ(us$4b). LNG (us$5b). ကျောက်ဖြူရေနက်ဆိပ်ကမ်း( us$7b) များကို မတရားစာချုပ်များ ဖြစ်လာနိုင်လို့ ဖယ်ရှား (re-new contract) နိုင်ခဲ့တာ ကြိုဆိုပါတယ်။
.
ဂျပန် us$2b သီလဝါ Gas/LNG Power Project ကလည်း ဂျပန်က ပိုင်မှ ရင်းနှီးမြှတ်နှံမှာပါ။ ပိုင်အောင် ဆိုတာ ကမ္ဘာ့အဆင့် စာချုပ်အဖွဲ့တွေ မှာ မြိမာအစိုးရက ပါဝင် ကတိပြု လက်မှတ်ထိုးထားမှ ဂျပန် ရင်းနှီးမြှတ်နှံမှုတွေ အများကြီး ဝင်လာမှာပါ။ တခြာနိုင်ငံ ရင်းနှီးမြှတ်နှံမှု အားလုံးလဲ ပိုင်မှ ဝင်လာတာပါ။
.
လက်ရှိ ဂျပန် JICA က ကချင်ပြည်နယ်မှာ ကျေးရွာ ဆေးရုံ. ကျောင်း များစွာ ဆောက်ပေးနေတယ်။ လတ်တလော ကချင်ပြည်နယ် စစ်ရှောင် ဒုက္ခသည် ၃သိမ်း လောက်ကို us$5 million ကျပ်သိန်းပေါင်း ၇၅၀၀၀ လှုဒါန်းခြင်းနဲ့ ကချင်ပြည်နယ်ကို စတင်ခြေလှမ်းနေပါပြီ။ နယ်မြေခွဲဝေမှု စီးပွားရေး နယ်ချဲ့ထွင်ခြင်းမှာ အောက်မြန်မာပြည်က ဂျပန်.. အထက်မြန်မာပြည်က တရုတ်..လို့ အကြမ်းဖျင်း သတ်မှတ်ထားပါတယ်။ အခု ဂျပန် JICA က တရုပ်မလုပ်တဲ့ ကျန်းမာရေး.ပညာရေး နဲ့ ကချင်ပြည်နယ် ခြေလှမ်းနေပါပြီ။ တရုပ် တုန့်ပြန်မှု စောင့်ကြည့်ရပါမယ်။
.
ကချင်ပြည်နယ်ဟာ သယံဇာတကြွယ်ဝ ပေမဲ့ ပြည်နယ်သားတွေ အကျိုးမခံရပါဘူး။ ကျောက်စိမ်း တန်ဖိုးရဲ့ ၁၂% Loyality Fee (အခွန်) ရဖို့ ဆိုတာ အလွန်ခက်ပါတယ်။ လျှပ်စစ်လည်း ဖူလှုံ ပါတယ်။ လမ်းတွေလည်း မြန်မာပြည်လမ်း ကွန်ကရစ်လမ်း မဟုတ်ပါ။ မြစ်ကြီးနားမြို့တွင်းမှာ ပဲ နိုင်လွန်ကတ္တရာ လမ်းများဖြစ်တယ်။ တရုပ် အခမဲ့လမ်းဖောက်တာ KIA လက်နက်ကိုင်များက စိုးရိမ်လို့ အများအပြား မဖောက်နိုင်သေးပါ။
.
ဒါပေမဲ့ မငြိမ်းချမ်း ပြည်နယ် ဖြစ်လို့ ရင်းနှီးမှုတွေ (ကျောက်စိမ်းကလွဲရင်) မလာကြပါဘူး။
.
ဂျပန် က ဗီယက်နမ်ကို ကူညီတာ မြန်မာထက် ၁၀ဆ များပါတယ်။ ကျနော် ဆောင်းပါး ရေးဖူးပါတယ်။ အခု သီလဝါ us$2 billion ဓါတ်ငွေ့ ဓါတ်အားပေးရုံ ဂျပန် ရင်းနှီးမြှတ်နှံမှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။
.
Images
Myitkyina Electricity
Self-sufficient
.
M Zaw Aung
3-1-2020

No comments:

Post a Comment