Friday, February 16, 2018

'' ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း' Yangon Hluttaw



စည်ပင် စီးပွားရေးလုပ်ရန် ကန့်ကွက်ခြင်း
Zaw Naing added 5 new photos.
YCDC (ရန်ကုန်စည်ပင်) နှင့် စီးပွားရေးလုပ်ခွင့်
••••••••••••••••••••••••••••••••••••••••••(*မူရင်း၊ ၊ Kyaw Naing)
အချုပ်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေက တိုင်းဒေသကြီးအစိုးရ သို့မဟုတ် စည်ပင်သာယာရေးကော်မတီတွေကို စီးပွားရေးလုပ်ခွင့် မပေးထားပါဘူး။
ဒီတော့ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေမူကြမ်းမှာပါတဲ့ "စီးပွားရေးအဖွဲ့အစည်းများ" ဆိုတာနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေ အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၊ ပုဒ်မ ၃၆ တို့နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။
Credit: Kyaw Naing
********************************************
Yangon Hluttaw
'' ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း''နှင့် ပတ်သက်၍ အကြံပြုချက်များဖိတ်ခေါ်
---------------------------------------------
ရန်ကုန်၊ ဖေဖေါ်ဝါရီလ၊ ၂ ရက်၊ ၂၀၁၈
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စည်ပင်သာယာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းသော ''ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း'' ကို စိတ်ပါဝင်စားသူများ လေ့လာနိုင်ရန်အတွက် အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။ စည်ပင်ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုစာပေးပို့လိုသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး သို့လိပ်မူ၍ဖြစ်စေ၊ yangonregionhluttaw@gmail.com သို့ဖြစ်စေပေးပို့နိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း
Drop box
https://www.dropbox.com/s/lk7eec…/YCDC%20Law%20part%201.pdf…



ရန်ကုန်မြို့တွင်း လူနေထူထပ်သော မြို့နယ်များတွင် ကားပါကင်များသတ်မှတ်၍ စနစ်တကျ ပါကင်ကြေးကောက်မည့်အစီအစဉ်ကို မည်သည့်အချိန်တွင် စတင် အကောင်အထည်ဖော်မည်ကို မေးမြန်း
-----------------------------------------------------------
ရန်ကုန်၊ ဖေဖေါ်ဝါရီလ၊ ၁၅ ရက်၊ ၂၀၁၈
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “ ရန်ကုန်မြို့တွင်း လူနေထူထပ်သော မြို့နယ်များတွင် ကားပါကင်များသတ်မှတ်၍ စနစ်တကျ ပါကင်ကြေးကောက်မည့်အစီအစဉ်ကို မည်သည့်အချိန်တွင် စတင် အကောင်အထည်ဖော်မည်” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ကားပါကင်ကြေးများကို စနစ်တကျ ကောက်ခံသော်လည်း လမ်းအလိုက်ပြီးစလွယ်ယူပြီးကောက်ခံပါကြောင်း၊ ကားပါကင်ကြေးများကို စည်ပင်မှကောက်ခံခြင်းမပြု ပါကြောင်း၊ ကားပါင်ကင်ကြေးများကို မိုက်ကြေးခွဲကောက်ခံပြီးအန္တရာယ်ပေးနိုင်သည့်အခြေအနေမျိုး သည် အုပ်ချုပ်ရေးအပိုင်း နှင့်လည်းသက်ဆိုင်ပြီး ထိထိရောက်ရောက်အရေးယူရန်လိုအပ်ပါကြောင်း၊ ကားပါကင် မရပ်ရမည့် နေရာတွင်ကားရပ်ခြင်း ကြောင့် တောင်းခွင့်မရှိသူများကတောင်းခံပါကြောင်း၊ သို့ဖြစ်ပါ၍ ကားပါကင်ဧရိယာကို သတ်သတ်မှတ်မှတ် ထားရပါကြောင်း၊ ဘတ်ဂျတ်အနေနှင့် အကုန်မခံနိုင်သောကြောင့် PPP System ဖြင့်သွားပါကြောင်း၊ လောလောဆယ် မျဉ်းအဝါခွက်များ ထားခြင်းကိုလည်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှလုပ်ပေးထားခြင်းဖြစ်ပါကြောင်း၊ မိမိတို့ လုပ်ပြီးသည့်အဆင့်တိုင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြချက်တောင်းပြီး ဆောင်ရွက်နေပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်စပ်မေးခွန်း အနေဖြင့် ရန်ကုန်မြို့တွင်းအခြေအနေအရ ကားရပ်နားရန်နေရာ ပေးရန်လိုအပ်ပါကြောင်း၊ လမ်းသွယ်အထဲတွင် ပြဿနာ အများကြီးရှိပါကြောင်း၊ ကားပါကင်များကို ဆွဲလိုရသည့်နေရာမျိုးတွင်ဆွဲပြီး စနစ်တကျတင်ဒါ ကန်ထရိုက်ပေးတာမျိုးပဲဖြစ်ဖြစ် ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ခွင့်ပေးရန်လိုအပ်ပါကြောင်း၊ လတ်တလောလုပ်၍ ရမည့် Plan ကို လုပ်ခွင့်ပေးရန်လိုအပ်ပါကြောင်း မေးမြန်းရာ ဝန်ကြီးမှ လမ်းကိုစနစ်တကျရှင်းတာနဲ့ Ad Hoc မတူပါကြောင်း၊ Ad Hoc ကတော့လူတိုင်းရှင်းလို့ရပါကြောင်း၊ စနစ်တကျဖြေရှင်းမှသာရမည်ဖြစ်ပါကြောင်း၊ ကားပါကင်ရှင်းသည့်အခါ ရေတို/ရေရှည် လုပ်ဆောင်ရပါကြောင်း၊ စည်းကမ်းမရှိ သည့်အားနည်းချက်ကိုရှာပြီး ဖြေရှင်းရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

Zarni Gyi လက်ရှိ. .ယာဉ်ထိန်းရဲနဲ့ ကားကရိန်းဆွဲစနစ် လုပ်ထားရပါတယ်။ ဘာကြောင့် ကားပါကင်စနစ်တကျ မလုပ်နိုင်သေးသလဲ ? 
.
(၃) ချက်ပဲ (ဥာဏ်မီသမျှ)

.
* နိုင်ငံတကာမြို့ကြီးတွေမှာ ပါကင်တိုင်း အကြွေထည့်တဲ့ Digital Post လေးတွေထားပါတယ်။ နေ့တိုင်း လာစစ်ပြီး ဒဏ်ရိုက်တဲ့ Notice စာရွက်လေးတွေ ချိတ်ထားပါတယ်။ ATM စက်တွေမှာ မိမိကား ပါကင်ဒဏ်ကြေး အကြွေးရှိသလားစစ်လို့ရပါတယ်။ ဒဏ်ကြေး ထိရင် ATM မှာ အလွယ်တကူပေးနိုင်ပါတယ်။ မပေးဘူးဆိုရင် ကားပိုင်ရှင် ထံ မက်ဆေ့ပို့တယ် ဒဏ်ကြေး မပေးတာ ရက် ကြာလေလေ ပိုများလေလေပါ။ စင်ကာပူမှာတော့ ပါကင်စက္ကူ ကပ်ပြားစနစ်သုံးတယ်။ အောင်မြင်ကြပါတယ်။ ဒါပေမဲ့ ကားပိုင်ရှင်သိဖို့မလွယ်တဲ့ ရန်ကုန်မှာ ဒီနည်း လုပ်မရပါ. .
.
* အခု COE စနစ် မြို့ထဲနေချင်တဲ့ကားတွေ ထိန်းချုပ်ဖို့ (ကားမကြပ်ဖို့) လုပ်တော့မယ် . .မြို့ထဲ ကားထား ကားရပ် ချင်သူများ COE ဝယ်ထားဖို့. .မပါရင်ဖမ်းတဲ့စနစ် စင်ကာပူမှာ လုပ်ထားတာ နှစ်၂၀ ကျော်ပါပြီ. .. Digital Unit တွေ တပ်ဆင်ရပါမယ်။ တပ်ဆင်မထားတဲ့ကား ဝင်လာရင်ဖမ်းဆီးဒဏ်ကြီးမားစွာ ရိုက်မဲ့ စနစ်ပါ. .အောင်မြင်နိုင်ပါတယ်. . PPP နဲ့လုပ်မှာပါ. .စည်ပင်ဝန်ကြီးက ဒါကိုပြောချင်တာပါ.
.
* ကားလမ်းတိုင်းကို မလေးရှားနိုင်ငံလို PPP (ကန်ထရိုက် ပဲဆိုပါတော့) ပေးပြီး ကောက်ခံမယ်ဆိုရင်. ကားပါကင်ခ တနာရီ၂၀၀ကျပ် သတ်မတ်ရင်သင့်တယ်။ တနာရီ ၁ထောင်ဆို ကားတွေရှင်းသွာနိုင်တယ် (နိုင်ငံကြီးတွေမှာ နာရီဝက် ၂ထောင်ကောက်တယ်). . . . မြို့လယ်ခေါင်လမ်းတွေချည်းပဲ . .လုပ်စားချင်တဲ့ PPP ဝန်ထမ်း၁ထောင်ခန့်မယ်.. လမ်တဖြတ် ၃ယောက်နှုန်း. . ကားပါကင်အစောင့်တွေကို ဘယ်လိုထိန်းမလဲ ဆိုတာက ပြသနာ. . .ဒီနည်းက မိုက်ကြေးခွဲစားတဲ့စနစ်ကို ပြန်ရောက်သွားနိုင်ပါတယ်။ မဖြစ်နိုင်ပါ။ မြန်မာပြည်မှာ အခက်ခဲဆုံးက ဝန်ထမ်း(လူ) ထိန်းရခြင်းပါ. . .
.
စည်ပင်ဝန်ကြီးက မဖြေနိုင်တာလား. .မီဒီယာက ဖွနေသလား. .၂ခုစလုံးပဲလား. . မကြာခင် ကားပါကင် အဖြေရမှာပါ. .
my personal view. .

M Zaw Aung ကားပိုင်အားလုံး မိုဘိုင်းဖုန်းများ (ကားတစီး အနည်းဆုံးနံပါတ်၂ခု) ကို ကွန်ပြူတာစနစ်နဲ့ မှတ်ထားတဲ့ e-government စနစ်ကို အလွယ်တကူလုပ်လို့ ရပါတယ်. .ဖမ်းတဲ့ ဝန်ထမ်းက ဓါတ်ပုံရိုက်ပြီး အချိန်နဲ့ နေရာ GPS နဲ့ ဒဏ်ကြေး. နောက်ကျကြေးများ. .ပုဂ္ဂလိကဘဏ်ထဲ ထည့်ပေးတဲ့ စနစ်ပါ။ ပါကင်စစ်သူ ငွေကောက်စရာမလိုတော့ မိုက်ကြေးခွဲတာမျိုး မဖြစ်တော့ပါ။ ဒါပေမဲ့ လာပ်ငွေ တောင်းတာတော့ အနည်းကျဉ်း ရှိနေဦးမှာပါ။ 
.
ဒဏ်ငွေ မဆောင်တဲ့ ကားပိုင်ရှင်တွေကိုတော့ စာရင်းနဲ့ ကညန. ထံ အရေးယူဖို့ တင်ရပါမယ်။ ယာဉ်ထိန်းရဲ တွေလဲ စည်းကမ်းမဲ့ ရပ်တဲ့ ကားတွေကို ဒီလို လုပ်သင့်ပါတယ်. .ဒဏ်ငွေကတော့ တသောင်း (၂ရက်လုပ်အားခ)ထက် မများသင့်ပါဘူး. .ဒဏ်ငွေအလွန်များခြင်း ပြင်းထန်ခြင်းက ယဉ်ထိန်းရဲ တွေ အဂတိဖြစ်စေပါတယ်. .လူတွေလဲ လာပ်ပေးပြီး ပြစ်မှုကျူးလွန်ခိုင်းတဲ့ စနစ်ဖြစ်စေပါတယ်။ အရှိန်မြှင့်မောင်းသူများတော့ ဒဏ်ငွေကြီးကြီး ပေးရပါမယ်။ ငွေပေးသမျှ ပုဂလိကဘဏ် or Mobile Payment ဖြစ်ရပါမယ်. .

No comments:

Post a Comment