Thursday, January 11, 2018

ပုလောပီနန် Cassava or Tapioca ခေါ်ပါတယ်။ ဈေးကွက်တန်ဖိုး (Market Capitalization)

ပုလောပီနန်
Cassava or Tapioca ခေါ်ပါတယ်။ မြန်မာနိုင်ငံက ပုလောပီနန်အများစုကို တရုပ်နိုင်ငံက ၀ယ်ပါတယ်။ အရည်အသွေး မကောင်းပေမဲ့ (ထိုင်းကိုမမှီပေမဲ့) ၀ယ်ပါတယ်။ မိတ်ဆွေတစ်ယောက်က စားလို့ရတာအကုန် တရုပ်ပြည်က ၀ယ်တယ်ဆိုပေမဲ့ တရုပ်ပြည်ဘက်က တရားမ၀င်လုပ်ထားလို့ အခက်ခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 
.
တရုပ်ပြည်ကို မြန်မာနိုင်ငံက စားသောက်ကုန်တွေ တရားဝင်ဖြစ်ရေးအတွက် တရုပ်-မြန်မာ ဆက်ဆံရေးကောင်းဖို့လိုပါတယ်။ နိုင်ငံခြားရေးပေါ်လစီနဲ့ ဆိုင်တယ် ဆိုပေမဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ စားသောက်ကုန်တင်ပို့တဲ့ ပထမနိုင်ငံကတော့ တရုပ်နိုင်ငံပါပဲ။ 
.
ဒါကြောင့် မြန်မာစားသောက်ကုန်တွေ တရုပ်နိုင်ငံကို ရောင်းချဖို့.. ထိုင်း၊ ဗီယက်နမ် နိုင်ငံများနဲ့ ပြိုင်ဆိုင်ရပါမယ်။ 
.
မြန်မာခေါင်းဆောင်တွေ တရုပ်ပြည်ကို သွားလည်ပတ်ချိန်မှာ မြန်မာထွက်ကုန်တွေ တရုပ်ဝယ်ယူဖို့ နှစ်နှစ်နိုင် နှစ်ရှည် စာချုပ်များ ချုပ်ဆိုထားရပါတယ်။ ဥပမာ ဆန်၊ ပဲအမျိုးစုံ၊ ၊ ဖရဲသီး၊ သရက်သီး၊ ပုလောပီနန် စတဲ့ စိုက်ပျိုးရေးသီးနှံများ နဲ့ သားငါး၊ ပုဇွန် စတဲ့ ရေထွက်စားသုံးကုန်များကို စာချုပ်များချုပ်ဖို့လိုပါတယ်။ ဦးစွာပထမ မြန်မာနိုင်ငံကနေ တရုပ်ပြည်ကို တင်သွင်းတဲ့ နယ်စပ်ကုန်သွယ်ရေး ထိန်းချုပ်နိုင်ဖို့ဆိုတာ လက်နက်ကိုင်တိုင်းရင်းသားများနဲ့လည်း အထူးသက်ဆိုင်နေပါတယ်။ တရုပ်ပြည် ဈေးကွက်ကြီးက သွားရည်ယိုစရာဖြစ်နေတော့ ကချင်၊ ရှမ်း၊ ၀၊ ကိုးကန့် စတဲ့ မြောက်ပိုင်း ငြိမ်းချမ်းရေးက အလွန်အရေးကြီးပါတယ်။ တိုက်ခိုက်ချေမှုန်းရေး နည်းကတော့ တရုပ်နိုင်ငံရဲ့ နိုင်ငံရေးပေါ်လစီနဲ့ ဆိုင်နေလို့ သူပုန်ရှိနေသရွေ့ တရုပ်ကတော့ မီးစတဖက်-ရေမှုတ်တဖက်ဖြစ်နေမှာပါပဲ။ ထားပါတော့ နိုင်ငံရေး။ 
.
.
ပုလောပီနန် တရုပ်ဈေးကွက်
.
ကုန်ကြမ်းရောင်းချခြင်း
အောက်ပါ ထိုင်းနိုင်ငံက ပုလောပီနန်ထုတ်လုပ်သူများအသင်းက ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံရဲ့ ပုလောပီနန်ကို အများဆုံးဝယ်ယူသူ တရုပ်ဖြစ်ပါတယ်။ 
တရုပ် - ၁.၅၆၀သန်း (တန်ချိန်)
အင်ဒိုနီးရှား - ၀.၅၈၆ သန်း
တိုင်ဝမ် - ၀.၂၈၆သန်း
မလေးရှား - ၀.၂၆၁သန်း .. စသဖြင့် ဖြစ်ပါတယ်။ ဒါကြောင့် တရုပ်၊ အင်ဒိုနီးရှား၊ တိုင်ဝမ်၊ မလေးရှား နိုင်ငံတွေကို ဈေးကွက်ဦးတည်ရပါတယ်။ တရုပ်နဲ့ဆက်ဆံရေး ကောင်းတဲ့အပြင် နယ်နမိတ်ထိနေတော့ နံပါတ်တစ် ဦးစားပေးရပါမယ်။
.
ပုလောပီနန် စိုက်ပျိုးရေးမှာ မျိုး၊ စိုက်နည်းစနစ်၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ နှုတ်သိမ်းခြင်း နဲ့ သိုလှောင်ခြင်းနည်းပညာ အဆင့်ဆင့် ရှိပါတယ်။ ပုလောပီနန် စိုက်ပျိုးတဲ့မြေ သိပ်ကောင်းစရာမလိုပါဘူး။ မြန်မာနိုင်ငံက ပလောပီနန်စိုက်ပျိုးခင်းများက ထိုင်းနိုင်ငံထက် ၂ဆ၊ ၃ဆလောက် အထွက်နှုန်းနည်းပါးနေဆဲ ဖြစ်ပါတယ်။ ဒါလဲ နည်းပညာ၊ မျိုး အစစအရာရာ လိုအပ်နေပါတယ်။ နောက်တဆင့်ကတော့ ပုလောပီနန်ကို အမှုန့်ကြိတ်နည်းပညာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံအဆင့် အရည်ဖျော်၊ အခဲလုပ်၊ အမှုန့်ကြိတ် နည်းပညာသုံးတဲ့ စက်ရုံ ၀ယ်ယူဖို့ မတတ်နိုင်သေးပါဘူး။ သမရိုးကျ နည်းစနစ်ပဲ သုံးတော့ ထွက်လာတဲ့ ပုလောပီနန်အမှုန့်များက ထိုင်းနိုင်ငံလို ဖြူဖွေးသန့်စင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ တရုပ်နိုင်ငံက ၀ယ်ပါတယ်။ 
.
.
.ကုန်ကြမ်း၊ ကုန်ချော ထုတ်လုပ် ရောင်းချခြင်း
ထိုင်းနိုင်ငံက ပုလောပီနန် အထွက်ဆုံးနိုင်ငံဖြစ်ပါတယ်။ တန်ထျိန် သန်းပေါင်း၃၀လောက် ထွက်ပြီး မြန်မာက တန်ချိန် ၀.၅သန်းပဲ ထွက်ပါတယ် (၂၀၁၆ ကုလသမဂ္ဂအချက်အလက်)။ ထိုင်းနိုင်ငံ ထွက်တဲ့ ပုလောပီနန်အများစုက ထိုင်းနိုင်ငံငံ စက်မှုလုပ်ငန်းတွေမှာပဲ အသုံးပြုလို့ ပိုတဲ့ ပုလောပီနန်တွေကို ရောင်းချတာတောင် အများဆုံးရောင်းတဲ့နိုင်ငံဖြစ်နေပါတယ်။ ဒါကြောင့် Food, Paper, Sweeteners, MSG, Lysine, Pearl ..etc စတဲ့ ကုန်ချောများကို ထုတ်လုပ်ရောင်းချပါတယ်။ ဈေးကတော့ ၁၀ဆလောက် ပိုရပါတယ်။ ဒါပေမဲ့ ထွက်လာတဲ့ ကုန်ကြမ်း၊ ကုန်ချောတွေကို ထုတ်ရောင်းချဖို့ဆိုတာ ဈေးကွက်လိုပါတယ်။ ပုဂလိက ဈေးကွက်ထိုးဖောက်ခြင်း နဲ့ အစိုးရဦးဆောင် ဈေးကွက်ထိုးဖောက်ခြင်း တို့ဖြစ်ပါတယ်။ အရေးကြီးတဲ့ ဈေးကွက် (ဥပမာ ပလောပီနန်၊ ပဲမျိုးစုံ စတဲ့ဈေးကွက်တွေကိုတော့ ကုန်သည်ကြီးများအသင်းကတဆင့် မြန်မာအစိုးရက ဦးဆောင်ပေးရပါတယ်။ 
.
.
ဈေးကွက်
ကုန်ချောရောင်းချခြင်းမှာ ဈေးကွက်က အဓိကဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ရထားပြီးတဲ့ ဈေးကွက်များကို မြန်မာနိုင်ငံ ထိုးဖောက်ဖို့ အလွန်ခက်ခဲလှပါတယ်။ စင်ကာပူမှာ မြန်မာ့ သရက်သီး ..မြန်မာဆန်တွေကို ရောင်းချဖို့ လက်ကားဆိုင်ကြီးများထ့ ချဉ်းကပ်ခဲ့ဖူးပါတယ်။ အားလုံးက ထိုင်းနိုင်ငံက ဆန်၊ ထိုင်းနိုင်ငံက သရက်သီး၊ ပိနဲသီး၊ မင်းဂွတ်သီး၊ ကျွဲကောသီး(ရှောက်ချိုသီး) စတဲ့ စားစရာ၊ သစ်သီးဝလံများကိုပဲ လက်ခံပြီး၊ မြန်မာပြည်က လာတဲ့ စားသောက်သီးနှံတွေကို မလိုချင်ပါဘူး။ ဈေးကွက်ဖြစ်ပါတယ်။ မြန်မာ ရထားတဲ့ ဈေးကွက်ကတော့ ပဲမျိုးစုံ ဖြစ်ပါတယ်။ တခြားဈေးကွက်တွေကို ထိုးဖေါက်ရပါဦးမယ်။ အလွယ်ကူဆုံး ဈေးကွက်ကတော့ တရုပ်ပြည်ဖြစ်နေပါတယ်။ 
.
ထိုင်းနိုင်ငံရဲ့ ဈေးကွက်ကို ကြည့်ရင် (see the image no.2), ၄၀%က ကုန်ကြမ်း ပလောပီနန်အခြောက် Chip များဖြစ်ပါတယ်။ ၂%ကို ပြည်တွင်းအသုံးပြုပြီး ၃၈%ကို တရုပ်ပြည် အရက်ချက်စက်ရုံလုပ်ငန်းရဲ့ ကုန်ကြမ်းအဖြစ် တင်ပို့ရောင်းချပါတယ်။ တရုပ်ကချည်းပဲ အားလုံးကို ၀ယ်ယူပါတယ်။ ကျန်တဲ့ ၆၀% ပလောပီနန်တွေကိုတော့ ကုန်ချောအဖြစ် Food, Paper, Sweeteners, MSG, Lysine, Pearl ..etc စသဖြင့် ထုတ်လုပ်ပြီး ပြည်တွင်း ၂၀% စားသုံးပစ်ပါတယ်။ ၄၀% ကုန်ချောတွေကို တရုပ်၊ အင်ဒိုနီးရျား၊ တိုင်ဝမ်၊ မလေးရှား စတဲ့ နိုင်ငံတွေကို တင်ပို့ပါတယ်။ တရုပ်ဈေးကွက်က အကြီးဆုံးဖြစ်ပါတယ်။ ပုလောပီနန် အမှုန်ကို အစားအစာ Food အဖြစ် တင်ပို့ရောင်းချခြင်းဖြစ်ပါတယ်။ 
.
ပုလောပီနန် အကြီးအကျယ် စိုက်ပျိုးနေတဲ့ ဧရာဝတီတိုင်း လေးမျက်နှာ၊ ပဲခူးတိုင်း ဒိုက်ဦး စတဲ့ နေရာတွေမှာ ကုန်ချောစက်ရုံများ တည်ထောင်ဖို့ လျှပ်စစ်ဓါတ်အား နဲ့ လမ်းတံတားများ ပထမဆုံး ကောင်းအောင် လုပ်ရပါမယ်။ တပြိုင်နက် စက်ရုံတည်ဖို့ အာမခံစနစ် နဲ့ စာရင်းစစ်စနစ် တို့ကောင်းကောင်း ရှိရပါတယ်။ အခုတော့ ကုန်ချောစက်ရုံ အများစု ၉၀% ထင်ပါတယ်.. အားလုံး ရန်ကုန်မြို့မှာပဲ စုစည်းလည်ပတ်နေပါတယ်။ အဓိကတော့ လျှပ်စစ် နဲ့ လမ်း ပြသနာများကြောင့် ဖြစ်ပါတယ်။ 
.
ချေးငွေရရှိနေရေး စီးပွားသူဌေးကြီးများရဲ့ စီမံကိန်း တစ်ခု သတင်းရပါတယ်။ ပြည်မြို့နယ် ကျေးရွာတစ်ချို့မှာ ပဲစိုက်တောင်သူများကို ပုလောပီနန် ပြောင်းစိုက်ဖို့ ဆွဲဆောင်နေခြင်းဖြစ်ပါတယ်။.တောင်သူများကို သူတို့ပိုက်ဆံနဲ့ သူတို့လုပ်အားကို အသုံးချပြီး ပဲမျိုးစုံ စိုက်ပျိုးခြင်းကနေ ပုလောပီနန်စိုက်ပျိုးခြင်းကို ပြောင်းလဲဖို့ ချေးငွေ၊ နည်းပညာ၊ မျိုး စတဲ့ လိုအပ်ချက်များကို ထိုင်းနိုင်ငံ ကုမဏီက ပံ့ပိုးမယ်လို့ ဆိုပါတယ်။ .ဈေးကွက်မရှိရင် စိုက်ပျိုးသူများပဲ အကြွေးတင်သွားမှာ စိုးရပါသေးတယ်။ သူဌေးကြီးများ အမှန်တကယ် လာရောက်သင့်တာကတော့ တကယ် ပုလောပီနန်စိုက်နေတဲ့ လေ့မျက်နှာမြို့နယ်လို့ နေရာမျိုးဖြစ်ပါတယ်။ ဘာကြောင့် ပုလောပီနန် စိုက်ပျိုးခြင်း မရှိတဲ့ နေရာမှာ သွားရောက် စည်းရုံးသလဲ ဆိုတာလဲ စဉ်းစားစရာပါ။ ကြယ်ပဲ စိုက်ပျိုးသလို သစ်မွှေး၊ ရာဘာ စိုက်ပျိုးသလိုပဲ တောင်သူများ ဈေးကွက်မရှိလို့ အရှုံးပေါ်ရသလို မဖြစ်စေလိုပါ။ 
.
.
ဈေးကွက်တန်ဖိုး (Market Capitalization)
တပိသာ ၇၅၀ကျပ်ဈေးနဲ့ တွက်ရင် တန်ချိန် ၅သိန်း အတွက် ဒေါ်လာသန်းပေါင်း ၃၀၀ တန်ဖိုးရှိပါတယ်။ အမှုအဖြစ် ကြိတ်လိုက်ရင် တန်ဖိုး ၂ဆ။ ၃ဆ တက်သွားပါတယ်။ နောက်တဆင့် ကုန်ချော ထုတ်နိုင်ရင်တော့ အဆပေါင်းများစွာ တန်ဖိုးရှိသွားမယ် ဖြစ်ပါတယ်။
.
.
လယ်ယာကဏ္ဍ အသေးစား၊ အလတ်စား SME စက်မှုလုပ်ငန်း
ပုလောပီနန်ကို လယ်ယာထွက်ကုန် SME အဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရမှာ ရှိနေတဲ့ ဒေါ်လာသန်းပေါင်း ၅၀၀ ကနေ သန်းပေါင်း ၁ထောင်အထိ ရှိလာတဲ့ နိုင်ငံခြား ချေးငွေများ အထူးသဖြင့် ဂျပန် JICA ချေးငွေများကို ရရှိလိုရင် နံပါတ်(၁) F.S Feasibility Study ဖြစ်နိုင်ချေ လေ့လာခြင်း လုပ်ရပါမယ်။ ပရိုဂျတ် ရေးရပါမယ်။ အသင်းအဖွဲ့များ ဖွဲ့စည်း တည်ထောင်ရပါမယ်။ ဒါကို လုပ်နိုင်တာကတော့ ဒေသအစိုးရများပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ် နဲ့ တိုင်းဒေသ အစိုးရများအနေနဲ့ ပုလောပီနန်လို စီမံကိန်းသီးနှံများကို အားပေးသင့်ပါတယ်။ ချေးငွေထက် နည်းပညာရရှိရေးက ပိုမိုအရေးကြီးပေမဲ့ လောလောဆယ် သူဌေးကြီးများက ချေးငွေကို ရအောင် ထုတ်ပြီး၊ သူတို့အမြတ်အစွန်းရရှိမဲ့ အရောင်းအ၀ယ် လုပ်ငန်းများပဲ လုပ်နေကြပါတယ်။ တကယ်လုပ်တဲ့ ပုလောပီနန်၊ စပါး၊ ပဲမျိုးစုံ တောင်သူများ၊ လုပ်ငန်းရှင်များအတွက် နိုင်ငံတော်အစိုးရရဲ့ ထောက်ပံ့မှု၊ ပံ့ပိုးမှုများစွာ လိုအပ်နေဆဲဖြစ်ပါတယ်။ 
.
.
နိဂုံး 
ပုလောပီနန် SME လုပ်ငန်းရှင်များ၊ တောင်သူများအတွက် လိုအပ်ချက်ကတော့ .. ၁။ အသင်းအဖွဲ့ ဖွဲ့စည်းခြင်း နဲ့ ကုမဏီမှတ်ပုံတင်ခြင်း ဖြစ်ပါတယ်။ ၂။ ထိုင်းနိုင်ငံ ပုလောပီနန်ထုတ်လုပ်သူများအဖွဲ့နဲ့ ဆက်သွယ်ခြင်း ၃။ တိုင်းဒေသကြီးမှတဆင့် နိုင်ငံတော်အထိ နည်းပညာနဲ့ ငွေကြေး ပံ့ပိုးမှုရရှိအောင် အမျိုးသားစီမံကိန်းအဖြစ် ပရိုဂျက် တင်ပြခြင်း (ဘတ်ဂျတ်ရယူခြင်း) တို့ ဖြစ်ပါတယ်။ 
End... 
12.Jan.2017
.
.
ကိုးကားချက်
၁။ ပုလောပီနန်ပင်စိုက်ခင်း အိုင်သဗျု ရွာ..လေးမျက်နှာမြို့နယ်. .
စိတ်ဝင်စားဘွယ် ကျဆင်းနေတဲ့ ဈေးကွက်အကြောင်း
http://engrmyanmar.blogspot.com/2017/12/blog-post_19.html
.
၂။ ပလောပီနန် Cassava (ဈေးကွက်ပျောက်နေခြင်း) 2017
http://engrmyanmar.blogspot.com/2017/12/cassava-2017.html







No comments:

Post a Comment