Sunday, April 16, 2017

ပျောက်ဆုံးသွားသော လျပ်စစ် စွမ်းအင်များ - Kyaw Oo / စာဖတ်သူများ၏ကွန်မင့်များ၊ သုံးသပ်ချက်များ... Cook/Industrial ဂတ်စ်ကြော်ငြာများ ၂၀၁၇

လျှပ်စစ်ဓါတ်နဲ့ချက်ပြုတ်နေ ကြလို့ (Cost Saving)
ပျောက်ဆုံးသွားသော လျပ်စစ် စွမ်းအင်များ ဆိုပြီး လျှပ်စစ်အင်မတန်ရှားပါးနေတဲ့ မြန်မာနိုင်ငံတော်ကြီးမှာ ပြည်သူလူထု (မြို့နေသူများ)က လျှပ်စစ်နဲ့ထမင်းဟင်းချက်၊ အဲကွန်း၊ ရေပူ၊ မီးပူ သုံးနေကြတာကို Kyaw Oo ပညာပေးဆောင်းပါးတိုဖတ်ကြည့်ပြီး စဉ်းစားရင်း ဒီဆောင်းပါးကို ရေးပါတယ်။ မူရင်း ဆောင်းပါးတိုလေးကို ရေးသူအာဘော်မပျက်စေပဲ ဖတ်ကြည့်ပေးပါဦးခင်ဗျား...
..
////////Start Kyaw Oo Article ////////

Kyaw Oo added 3 new photos.
13 hrs
ပျောက်ဆုံးသွားသော လျပ်စစ် စွမ်းအင်များ
မြန်မာ့ ပြည် ကြီး မှာက ထမင်းဟင်းချက်တယ် ဆိုတာ မိသားစု တိုင်း ရှောင်လွဲ လို့ မရတဲ့ နေ့စဉ် ကိစ္စပါ။
လျပ်စစ် ဓါတ်အား ကို အသုံး အများဆုံး က heater လို့ခေါ်တဲ့ လျပ်စစ်နဲ့ အပူပေးတဲ့ မီးဖို များပါပဲ ။ အိမ်တွေ မှာ အများဆုံး အသုံးများတာလဲ ဖြစ်ပါတယ်။ ၂ထောင်ဝပ် မီးဖို တနာရီ သုံးတာနဲ့ ဆိုရင် မီးချောင်း ၄၀ ၀ပ် နာရီ ၅၀ သုံးလို့ရမယ်။ ကျွန်တော် သုံးနေတဲ့ ၁၀ ၀ပ် LED မီးဆို နာရီ ၂၀၀ လောက် ဖွင့်လို့ ရမယ်။ နှိုင်းယှည် ပြတာ ဟာ မီးဖို က ဘယ်လောက်တောင် သုံးလဲ ဆိုတာ သိစေချင်လို့ပါ။ 

အဲဒီတော့ လောလောဆယ် မြန်မာနိုင်ငံ ရဲ့ မလုံလောက်တဲ့ လျပ်စစ် ဓါတ် အာား ကို လျပ်စစ် မီးဖိုတွေ တဖက်ကနေ ဆွဲချ နေသလိုပါပဲ။

ဆိုတော့ကား တခြား တကမ္ဘာ လုံးမှာသုံးနေသလို ဂတ်စ် အိုးတွေ နဲ့ချက်သင့်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ efficiency လို့ ခေါ်တဲ့ အကျိုး သက်ရောက်မှု နေရာမှာ အများကြီးကွာ သွားလို့ပါ။ 

လျပ်စစ် မီးဖို မှာ အပူရဖို့ အဆင့် အမျိုး မျိုး ဖြတ်ရပါတယ်။ လျပ်စစ်ဓါတ်ဆိုတာ ဂတ်စ် ကို မီးရွှိ့ အပူပေးနောက် တာဘိုင်ကိုလည် အဲဒီကမှ ဗို့ကို မြှင့် မီးကြိုးတွေ နဲ့သယ် နောက် ဗို့ ကို ပြန်ချ အိမ်တွေ ကို လျပ်စစ် မီးပေး အဲ ဒီ လျပ်စစ် ကို မှ လျပ်စစ် မီးဖို ကို ပူစေပါတယ် ။ အဲတော့ အဲ သလို အဆင့်တိုင်းမှာ စွမ်းအင်တွေ ရဲ့ effiency လို့ ခေါ်တဲ့ အကျိုး သက်ရောက်မှု ကလျော့လျော့ သွားပါတယ်။ ဥပမာပေး ရရင် ရေပိုက် အပေါက်နဲ့ရေ ပေး သလိုပါပဲ ။ နောက်ဆုံး မှာ ပေးသလောက် မရပါဖူး။ 

ဘယ်လောက်တောင် လျော့သွားလဲ ။ တိတိ ကျကျ တော့မဟုတ်ပါဖူး အကြမ်းဖြင်းအားဖြင့် ၇၀ % လောက် လျော့သွားပြီး မီးဖိုထဲ မှာ ၃၀ % ပဲ အပူကို သုံးရတာပါ။( ကျွန်တော်ခန့်မှန်းကြည့်တာပါ)
အဲတော့ ဘယ်သူတွေ နစ်နာလဲ ဆိုတော့ အစိုးရလဲ နစ်နာတယ်။ မီးသုံးစွဲတဲ့ ပြည်သူလဲ နစ်နာတယ် ။ အစိုးရလဲ နစ်နာတယ် ဆိုတာလဲ ပြည် သူ့ ပိုက်ဆံ ကျွန်တော်တို့ ပိုက်ဆံ ခင်ဗျားတို့ ပိုက်ဆံပါပဲ။

တကယ်လို့သာ ဂတ်စ်မီးဖို ကို သာ သုံးရင်း အပူ ကို တိုက်ရိုက် ၁၀၀% ရစေမှာပါ။ သူ့မှာဂတ်စ်အိုးနဲ့ ဂတ်စ်မီးဖို ကို အလေ အလွင့် မရှိတဲ့ ပိုက် သေးသေး နဲ့ ဆက်ပြီး သုံးထားလို့ပါ။ ကျွန်တော် တို့ အတွက် အများကြီး အကျိုး ရှိပါတယ်။
အဲလို ကောင်း မှ ဖြင့် ဘာလို့ မသုံးကျတာလဲ မောင်ကျော်ဦး ရယ် လို့မေးရင် စီမံ ခန့်ခွဲ မှု စနစ် မပြည့်စုံ အားနည်းခဲ့တာ ကိုပဲ လက်ညှိး ထိုးရပါမယ်။

တခြားလျပ်စစ်ပစ္စည်းတွေ က လျပ်စစ်ဓါတ်နဲ့ သုံးမှ ရပေမဲ့ ချက်တဲ့ အပူပေးတာ ဟင်းချက်တာ ကတော့ ဂတ်စ်မီးဖို ကို တိုက်ရိုက် အစားထိုး လို့ ရလို့ပါပဲ။
ဒီလောက်ကောင်းတဲ့ စနစ်ကို သုံးဖို့ အစိုးရက မတိုက်တွန်းပါဖူး။ ကျွန်တော်တို့ဝယ်သုံးနေရတာက ကျွန်တော် တိုက ဆီ က ဂတ်စ် တွေ ၀ယ်နေတဲ့ ထိုင်းတို့ ကတဆင့်ခံ ဈေးကြီး ပြီး ပြန်ဝယ်နေရတာပါ ။ အဲ အပြင် အဆင်ဆင့် ပါမစ်တွေ under table တွေ ကြောင့် ဂတ်စ် ဈေးတွေ က ကြီးနေပါတယ်။( ထင်ပါတယ်)

အစိုးရက မှ ဦးစီးပြီး အရှေ့ အလယ်ပိုင်းက သင်္ဘော တွေနဲ့ တိုက်ရိုက် ဈေးချိုချို နဲ့ဝယ် လက်ကားဈေး နဲ့ပြည်သူတွေ ကိုပြန် ဖြန့်ရင် ဈေးသက်သက် သာသာ နဲ့ သုံးနိုင်မှာပါ။ဓါတ်ဆီ ဆိုင်လို ဂတ်စ် ဆိုင်ကြီးတွေ ဖွင့်။ ပြည်သူတွေ အိမ် အရောက် ပို့။ နောက် ရေဒီယို ရုပ်မြင်သံကြား က နေ ပညာပေး အ စီ အစည်တွေ လုပ် ကြော်ညာ ရင် ပြည်သူတွေ သုံးနိုင်ကျမှာပါ ။
အဲတော့အဲ ဒီ ကပိုလျံ ထွက်လာမဲ့ လျပ်စစ် ဓါတ်တွေ ကို တကယ် လိုအပ်နေတဲ့ စက်မှုလုပ်ငန်းတွေ မှာ သုံး နိုင်ပါမယ်။ တကယ်ပဲ ပြည်သူတွေ အကျိုးရှိလို့ သုံးရင်ဖြင့် ဘယ်လောက် ပိုထွက် လာမလဲ ဆိုတာ တွက်ရင် သိနိုင်ပါတယ်။

လျပ်စစ်နဲ့ ချက်ပြုတ်နေတာဒီပတ်ဝန်းကျင်မှာ မြန်မာ တနိုင်ငံပဲ လို့ပဲ ထင်ပါတယ်။ရောက်တဲ့ နေရာနိုင်ငံ တိုင်း မှာ ဂတ်စ် နဲ့ပဲ ချက်ပြုတ်နေကျပါတယ်။ သက်သာ ပြီး ပို အဆင်ပြေလို့ပါ။ ဂတ်စ် မီးဖို တလုံး ဆို အကြာကြီး သုံးရပါတယ်။ အဲဒီ အတွက် လျပ်စစ်မီး ဖိုတွေ ၀ယ် စရိတ်တွေ နိုင်ငံခြားငွေ တွေ သက်သာနိုင်ပါတယ်။နောက်လျပ်စစ် မှာ ဗို့အားကျ ဆင်းမှုတွေလဲ အထိုက် အလျောက် ပြေလည် သွားနိုင်ပါတယ်။ 

ကဲမောင်ကျော်ဦး မင်းကဘာသုံးလဲ ဆိုရင်တော့ လျပ်စစ် မီး နဲ့ အဓိကချက်ပါတယ်။ ဂတ်စ် ကတော့ မှာရတာ အဆင် မတြော ရယ် ဈေးကြီးတာရယ်ကြောင့် အရန် အဖြစ်ပဲ သုံးပါတယ်။

ဝယ်ရတာ အဆင်ပြေ ဈေး သက်သာ မယ်ဆို ဂတ်စ် ကိုပဲ သုံးပါမယ်။အားလုံးအတွက် တိုက်ရိုက်သော်၎င်း သွယ်ဝိုက်သော် ၄င်း အကျိုး ရှိပါတယ်။ 

အဲဒါ စီမံခန့်ခွဲတဲ့ အစိုးရပေါ်ပဲ မူတည်ပါတယ် ခင်ဗျား။ သေသေချာချာ စနစ်တကျ plan ချပြီး NGO လို အဖွဲ့ ဖွဲ့ပြီး လူတိုင်း ဂတ်စ် ကို အသုံးပြု ချက်ပြုတ်ရေး အတွက် သုံးဖို့ တိုက်တွန်း နှိုးဆော် သင့်တယ်လို့ထင်ပါတယ်။
အဲဒါက လျပ်စစ် အင်ဂျင်နီယာ တယောက် ကျွန်တော့် ရဲ့ အမြင်ပါ။
ဖတ်တဲ့ အတွက်ကျေးဇူးတင်ပါတယ်။

38 Comments
Comments
Kaung Myatt Hmt မှန်ပါတယ် ဆရာ
LikeReply13 hrs
Tun Naing ဗဟုသုတ များများ ဖြန့်ဝေပေးကြပါ
LikeReply1012 hrs
Naing Win Hlaing ကျွန်တော်တို့ဒေသမှာတော့ ဂက်စ်ကိုသိပ်မသုံးရဲကြဘူးဗျ
ပညာပေးလေးတော့လုပ်ပေးမှရမှာဗျ
LikeReply312 hrs
Win Win Khine It's correct.
LikeReply112 hrs
Tgf Kyaw အိမ်ကတောသူမကို gas သုံးပြထားလိုက်တာ
သူလျပ်စစ် ကို ပေါင်းအိုးမီးပူတိုက်တာက လွဲရင်မသုံးတော့ ဘူး
ဓာတ်လိုက်မှာမပူရတော့ဘူးဗျ
LikeReply212 hrs
Kyaw Oo မှန်ပါတယ် ဂတ်စ် ကို သံေး ဖို့ တ်ာတော် ကြောက်ကျတယ် ။ safety အကြောင်း ကို သေချာ ပညာပေးရပါမယ်
LikeReply912 hrs
Ye Kyaw Myo ရှယ်ပီနော်ဆ၇ာ
LikeReply112 hrs
Thanhtike Aung Gas မီးခြစ်တောင် သုံးကြသေးတာပဲ သဘောတရား အတူတူ ပဲဆိုတာရှင်းပြပြီး safety device တွေထပ်ထည့်ပြီး လျှပ်စစ် တပ်ဆင်သလို သင်တန်းပေး ကြီးကြပ်လိုက်ရင် အဆင်ပြေမယ်ထင်ပါတယ်
LikeReply912 hrs
Nyein Chan Than Naing ဆရာ။ gas အိုးတွေအိမ်အထိလိုက်ပို့တဲ့ကားကဆီဖိုးနဲ့ engine loss မတွက်တော့ဘူးလား? ကျနော်လည်းစဉ်းစားဖူးတယ်။ ဒါပေမဲ့ လျပ်စစ်မီးဖိုကပိုသက်သာမယ်ထင်ခဲ့တယ်။ တကယ်လို့gas ကိုပိုက်လိုင်းနဲ့သွယ်ရင်လည်း pump loss နဲ့ pipe line loss တော့ရှိမှာပဲထင်တယ်။ ဆွေးနွေးကြည့်တာပါ။
LikeReply712 hrs








Tgf Kyaw လျပ်စစ်ကပိုကြောက်စရာကောင်းတာပါ bro
gasက ချောက်ရေနံမြေ
ရေနံချောင်းရေနံမြေ စသည် တို့ မှာ သုံးနေတာကြာပြီပေါ့

အနံ့ ရှီတယ်
gas valve ကိုသေချာပိတ်
safety valve ရှီတယ် 
မစိုးရီမ်ပါနဲ့
LikeReply8 hrs





Kaung Htet ကျွန်တော်တို့အိမ်မှာတော့ လူကြီးတွေက ဂတ်စ်မသုံးရဲဘူးဗျ။ ကြောက်ကြတယ်။ ဂတ်စ်က ပေါက်ကွဲတာကိုးဗျ။ လျှပ်စစ်မီးဖိုက မပေါက်ကွဲဘူးလေ။ ပို safe ဖြစ်တာကိုး။ မီးပျက်လို့ ဂတ်စ်မီးဖို သုံးချင်ရင် ကျွန်တော်ပဲ ဖွင့်ပေးရတယ်။ သူတို့လည်း မရဲတရဲနဲ့ သုံးရတယ်။
LikeReply512 hrs
Kaung Htet အစိုးရကသာ ရေပေးဝေရေး စနစ်ကို သေချာလုပ်ပေးပါ။ ရေပန့်မောင်းစရာမလိုပဲ ၈ ထပ်တိုက်လောက်ကနေ ရေဘားဖွင့်ရုံနဲ့ ရေကျလာအောင် လုပ်ပေးပါ။ လျှပ်စစ်ဓာတ်အား သုံးစွဲမှု လုံးဝ လျော့ကျသွားစေမယ်လို့ အာမခံပါတယ်။ မြို့ထဲက တိုက်တွေမှာ အိမ်တိုင်း ရေပန့်သုံးကြတယ်။ ဆင်ခြေဖုံး ရ...See More
LikeReply2012 hrs
Zin Wai Yan ရန်ကုန် တမြို့ လုံး air con မသုံးရင် တခြားနေရာ နေရာတွကို လျပ်စစ်ပိုပေး နိုင်လိမ့်မယ် ဦးလေး။အရင်ဆုံ အမြင်ကျယ် တဲ့ ရန်ကုန် ပြည်သူထုကို စည်းလုံးပါ ။ သူတို့ ပါလာရင် တခြား နေရာတွေ လိုက်လုပ်ပါ။လုပ်ပါ။
LikeReply212 hrs
Min Thein သုံးဖို့လိုတယ်လိုသိရသုံရလွယ်အောင်နိုင်ငံတော်ကဆောင်ရွှက်ပေးမှအဆင်ပြေမယ်
LikeReply112 hrs
Tun Khant Kyaw Us မှာ gas ပဲသုံးတယ်​ကြားဖူးတယ်​ သူတို့ဆီမှာ gas လိုင်းကို ​ရေပိုက်​လိုင်းလိုမျိုး အိမ်​အထိလုပ်​​ပေးထားတယ်​​ပြောတယ်
LikeReply112 hrs
Linn Myat သီအိုရီသမားတွေနဲ့ စာကားလုံး ကမ္ဘာ
LikeReply312 hrsEdited
Yehtun Htun ခုလို ၂ခုတွဲရှင်းပြပေးလို့ 
ကျေးဇူးပါဆရာ...
LikeReply12 hrs
Kyaw Oo တခြး နိုင်ငံတွေ gas ပဲ သုံး ကျပါတယ်
LikeReply512 hrs
Ko Myint Naing ဒါ​တွေဘာ​ကြောင့်​ဖြစ်​တာလဲ
ဘယ်​လိုတည်​​ဆောက်​မလဲ
အ​ရေးကြီးပါတယ်​ဗျာthanks
LikeReply12 hrs
KO Saw Lwin Thanks
LikeReply12 hrs
အောင် မိုး ရွှေတောင်ခေါက်ဆွဲ ဟုတ်ပ စီနီယာကြီးရာ
LikeReply111 hrs
U Kyaw Thein မှန်ပါတယ် gas ကို သူခိုးတွေ lot
လိုက်ရောင်းစားပြီးအိတ်ထဲထည့်သွား
ကြတယ် ဒိပြင်သူတို့နဲ့အဖွဲ့ကျတော့
...See More
LikeReply11 hrs
Min Htoo First power project ချောက် ရန်ကုန် Transmission Line 230 KV အတွက်သုံးတဲ Cable က ဂျပန်နိင်ငံ Nippon Denro Company က Supply လုပ်ပါတယ်။ Consultant company Norconsult က အဲဒိ Cable sample တွေကိုNorway ကိုပို့ပြီ Test မျိုးစုံပြုလုပ်ပါတယ်။ Norconsult က Engineer ကြီး Mr Bjorn Hofstad ပြောတာက Cable တွေ conductivity မကောင်းရင်နွေအခါ Temperature ၄၂ံC ကျော်လာရင် မန်းသံပရာကန်ကTurbine တလုံးစာပျောက်သွားမယ်တဲ့ဗျာ။
LikeReply811 hrs
Win Aung ကျွန်တော်တော့ အပြည့်အဝထောက်ခံပါတယ်။ ရန်ကုန်တစ်မြို့ထဲက အိမ်တစ်သန်းမှာ Gas ပြောင်းသုံးယင် 1GW ပိုထွက်လာနိုင်ပါတယ်။ သုံးစွဲချိန်ကတော့ တစ်နေကုန်မဟုတ်ဘူးပေါ့။
အန္တရာာ်လည်း ထင်သလောက်မများပါဘူး။ လျပ်စစ်မီးဖိုထက်ပို safe ဖြစ်ပါတယ်။
LikeReply211 hrs
Myat Minn Thu Kha Heater ဘယ်အမျိုးစားသုံးရမလဲ ? Induction cooker ကလဲ ၁နှစ်လောက်သုံးရင်ပျက်ရော်
LikeReply11 hrs
Than Tun Thanks a lot
LikeReply111 hrs
Ye Myint ကျနော့်အိမ်မှာ gas သုံးတာတော်တော်ကြာပါပြီ safety rule
တွေလိုက်နာတော့ဘေးကင်းပါတယ်
စသုံးချိန်တုံးကတော့ မဟေသီကိုတော်တော်ရဲဆေးတင်ပေးလိုက်ရပါတယ် အစိုးရနဲ့ oil &gas ပညာရှင်တွေပေါင်းပြီးလူထုပညာပေး
...See More
LikeReply111 hrsEdited
Aung Htay Agree you cent per cent. Thanks for posting this. Let me share.
LikeReply11 hrs
Than Win Nyunt ရှင်းလင်းရေးသားချက်က အလွန် ပေါ်လွင် သဘောပေါက်စေပါတယ်.....တက်လာတဲ့ အစိုးရမှာ အဖက်ဖက်က ပြုပြင် ဆောင်ရွက်စရာ စီမံကိန်းတွေ အများကြီးရှိနေတဲ့ ကြားက အဲဒီ လို စီမံကိန်းကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရင် တိုင်းပြည်တိုးတက်ပီး ထောက်ခံမှုလဲ ရနိုင်ပါသည်.....
LikeReply211 hrs
Myo Tun Thanks for sharing knowledge
LikeReply11 hrs
Thet Htwelwin လက်ခံပါတယ် ပြည်တွင်းထွက်ကို
လက်ရိုအစိုးရကတော့လုပ်ပေးနိုင်မယ်မထင် အရင်ကောင်းတွေးက နှစ်နိုင်ငံကို ရောင်းသွားဒါ ကုန်း မြေပါအဆစ်ပါသေး
LikeReply11 hrs

Ko Kohtaylin သဘာဝဓာတ်ငွေ့ကို ဈေးပေါပေါနဲ့ရရင်ကောင်းတာပေါ့ ၊၊အခု ပုံမှာပြထားတဲ့ gasတစ်အိုး+gasမီးဖို စတင်တပ်ဆင်မယ်ဆိုရင် 
130000 ကနေ150000ထိကုန်ကျစရိတ်ရှိပါတယ်၊၊မိသားစု နှစ်ယောက်လောက်ပဲ ရှိတဲ့အိမ်မှာ ထမင်းချက်မယ် ဟင်းနှစ်မျိုးလောက်ချက်မယ်ဆိုရင် တစ်လ gas တစ်အိုးသာ
သာ ကုန်ပါတယ် ၊၊gasတစ်အိုးဖြည့်ခ 7000ကျပ်ပါ တစ်အိုးသာသာဆို့တော့ တစ်လကုန်ကျစရိတ် 8500လောက်ကျပါတယ်၊၊ဒီထဲမှာ လျှပ်စစ် အသုံးအဆောင်ပစည်းတွေ အတွက် မီတာခက သာမန်တိုက်ခန်းတစ်ခုအတွက်ကုန်ကျစရိတ်က နှစ်ထောင်လောက်ရှိပါတယ်၊၊အဲ့အတွက် စုစုပေါင်း တစ်လကုန်ကျစရိတ် 8500+2000=10500 ခန့်ရှိပါတယ်၊၊ထမင်းဟင်းချက်မယ် လျှပ်စစ်ပစည်းတွေ သာမန်မိသားစုအတွက် သုံးမယ်ဆိုရင်
လက်ရှိ အစိုးရ အရှုံးခံဈေးနှုန်းနဲ့ဆို 6000~7000လေက်ပဲကုန်ကျပါတယ်မှတ်ချက် ။ ။အဲကွန်းမပါ
အဲ့အချက်တွေကြောင့် ကနဦးကုန်ကျစရိတ် ရယ် လစဉ်ကုန်ကျစရိတ်တွေရယ်ကြီးမြင့်တာကြောငွ့မသုံးကြခြင်းဖြစ်ပါတယ်၊၊gas ကို ထိုင်းကိုပို့ ထိုင်းကနေ အရည်လုပ်ပြီးမြန်မာပြည် ပြန်ပို့ဆိုတော့ ဈေးတွေကြီးကုန်တာပေါ့၊၊ဒီကထွက်နဲ့gas တသွခြားမရောင်းပဲ ဒီမှာပဲ အရည်လုပ်ပြီး ဒီမှာပဲဖြန်းဖြူးရောင်းချရင် ဈေးနှုန်းများလည်း သက်သာလာရင် မည်သူမျှ တိုက်တွန်းစရာမလိုပဲ သူ့အလိုလို ကျွဲကူးရေပါဆိုသလို gasနဲ့ ပြောင်းလဲ သုံးစွဲလာကြလိမ့်မည်ထင်ပါတယ်ဗျာ၊၊
UnlikeReply1311 hrs

Thura Nyunt LNG terminal တွေဆောက်ရမယ်။
ထိုင်းရဲ့ ခေါင်းပုံဖြတ်မခံရအောင် ကိုယ်တိုင် international supplier တွေဆီက တိုက်ရိုက်ဝယ်သုံးရမယ်။
မီတာခကို အစိုးရက အရှုံးခံရောင်းနေလို့ Gas က ဈေးကြီးနေတာပါ။
ဇော် ဇော် အောင် Gas က အကျတ်​လဲမြန်​တယ်​ ကျွန်​​တော်​အိမ်​မှာ​တော့ ထမင်းတစ်​ခါ ချက်​ဗူး​သေးပဲသုံးတယ်​ မီးမလာတဲ့အချိန်​ပဲသုံးတာပါ gas က၀ယ်​ရတာအဆင်​မ​ပြေဘူး
LikeReply110 hrs
Thura Nyunt တစ်ချို့နိုင်ငံတွေမှာဆို all electric hot plate & oven တွေကို ပြည်တွင်းသုံးဖို့ဆို လုံးဝပိတ်ထားတယ်။ ကိုယ့်နိုင်ငံစက်ရုံက ထုတ်လျင်တောင် Export ပဲ လုပ်ရတယ်။
LikeReply310 hrs
Thanwin Tinyee စွမ်းအင်ဝန်ကြီးတွေသိဘို့လိုပါတယ်
နိုင်ငံတကာချေးငွေတွေက
ပစ္စည်းတွေရောင်းချပေးနေတားမသိ
LikeReply9 hrs
Moe Kyaw ထမင်းအိုးတလုံးတယ်ဖို့ဂက်စ်နဲ့လျှပ်စစ်နဲ့ကုန်ကျစရိတ်လေးယှဉ်ကြည့်ပါ။ဂက်စ်ကတိုက်ရိုက်အပူပေးသော်လဲပဲလေထဲလွင့်ပျောက်သွားတဲ့ဆုံးရှုံးမှူတွေလဲရှိပါသေးတယ်
LikeReply9 hrs
Myo Thwin အဲဒီကိစ္စကို အစိုးရက သဘောပေါက်နားလည်ထားတာကြာပါပြီ။ လက်ရှိလည်း LPG terminal projects တွေဆောက်လုပ်ဆဲနှင့် စဝင်လာဖို့အများအပြားရှိပါတယ်။ Middle East နှင့် Aussie က LPG ကိုတိုက်ရိုက်သွင်းကြမှာပါ။ 
မြန်မာပြည်မှာ လက်ရှိ thermal power generation စက်အများစုက efficiency 45% အောက်မှာပါ။ transmission and distribution loss တွေ၊ thermal to electrical to heat energy conversion loss တွေပါပေါင်းလိုက်ရင် နောက်ဆုံးသုံးနေတဲ့ efficiency ဟာ ၁၅% တောင်ကျန်ပါ့မလားမပြောတတ်ပါ။
LikeReply35 hrs
Kyaw Oo ပိုပိုလေး တွက်ပေးထားတာပါ ကို မျိုးသွင် 
LikeReply4 hrs
Zawwin Soe ဟိုအရင် နွားတွေက ငွေအမြန်ရလမ်း လိုက်ထားခဲ့တာလေ ချက်ချင်းတော့ ဘယ် ဖြစ်မလဲလေ....
LikeReply11 hr


****************
////////End Kyaw Oo Article ////////
.
..
ဒီဆောင်းပါးကောင်းအပေါ် ပေးထားတဲ့ကွန်မင့်များကို သုံးသပ်ချက်...

* လျှပ်စစ်ဓါတ်နဲ့ထမင်းဟင်းချက်နေကြခြင်းကို စွမ်းအင်/လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ ဘယ်လောက်ဆုံးရှုံးသွားကြောင်း ဒုဝန်ကြီးဒေါက်တာထွန်းလွင်ကိုယ်တိုင် လွှတ်တော်မှာ ဖြေကြားသွားပါပြီ။ တယူနစ်သုံးတိုင်း နိုင်ငံတော်က ၂၆ကျပ် ဆုံးရှုံးနေတယ်လို့ ဖြေပါတယ်။ မနှစ်ကဆိုရင် ဒေါ်လာသန်းပေါင်းတထောင်မက (ကျပ် ဘီလျံပေါင်းတထောင်ကျော်) ဆုံးရှုံးပါတယ်။ နောက်နှစ်ကစပြီး တဖြေးဖြေးတိုးမြှင့်ကောက်ခံသွားတော့မယ်လို့ ကြေညာပါတယ်။ 
.
* အစိုးရကလည်း သိကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနနဲ့ ဒေါက်တာထွန်းလွင်သိကြောင်း။ 
* .လျှပ်စစ်တယူနစ် ၃၅ကျပ်ကို တဖြေးဖြေးဈေးတင်ဖို့ ဈေး၂ဆလောက် တက်ဖို့ပဲ အဖြေဖြစ်နေကြောင်း...
* အင်ဂျင်နီယာများဆွေးနွေးသလို အိမ်နီးချင်းတရုပ်၊ထိုင်း များနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ တလမီတာခ တသောင်းကျော် သုံးတိုင်း အစိုးရက ကျပ်၂သောင်း ထောက်ပံ့ကြေးယူနေဥလိုဖြစ်နေလို့ ရှက်မိကြောင်း၊ 
* .ဂတ်စ်မီးဖိုကို လျှပ်စစ်မီးဖိုအစားထိုးသုံးခြင်းဟာ National Interest ဖြစ်ပေမဲ့ လျှပ်စစ်နဲ့ချက်ပြုတ်ရင် ကျပ်၅ထောင် မီတာခကုန်မယ်၊ ဂါတ်စ်နဲ့ချက်လဲ ဒါလောက်ပဲကုန်မယ်။ ဒါပေမဲ့ ကနဦးကုန်ကျစရိတ် ဂါတ်စ်အိုး + မီးဖို က ၂သိန်းကျော် မကုန်ချင်တဲ့အပြင်၊ ထိုင်းကလာတဲ့ ဂါတ်စ်အိုးအကြောင်းတွေ ဆွေးနွေးထားတာ စိတ်ဝင်စားစရာပါ။ 
.
* Ko Kohtaylin ဆွေးနွေးချက်က စိတ်ဝင်စားစရာကောင်းပါတယ်။ 
သဘာဝဓာတ်ငွေ့ကို ဈေးပေါပေါနဲ့ရရင်ကောင်းတာပေါ့ ၊၊အခု ပုံမှာပြထားတဲ့ gas တစ်အိုး+ gas မီးဖို စတင်တပ်ဆင်မယ်ဆိုရင် 
130000 ကနေ150000 ထိကုန်ကျစရိတ်ရှိပါတယ်၊၊ မိသားစု နှစ်ယောက်လောက်ပဲ ရှိတဲ့အိမ်မှာ ထမင်းချက်မယ် ဟင်းနှစ်မျိုးလောက်ချက်မယ်ဆိုရင် တစ်လ gas တစ်အိုးသာသာ ကုန်ပါတယ် ၊၊gasတစ်အိုးဖြည့်ခ 7000ကျပ်ပါ တစ်အိုးသာသာဆို့တော့ တစ်လကုန်ကျစရိတ် 8500လောက်ကျပါတယ်၊၊ ဒီထဲမှာ လျှပ်စစ် အသုံးအဆောင်ပစည်းတွေ အတွက် မီတာခက သာမန်တိုက်ခန်းတစ်ခုအတွက်ကုန်ကျစရိတ်က နှစ်ထောင်လောက်ရှိပါတယ်၊၊အဲ့အတွက် စုစုပေါင်း တစ်လကုန်ကျစရိတ် 8500+2000=10500 ခန့်ရှိပါတယ်၊၊ထမင်းဟင်းချက်မယ် လျှပ်စစ်ပစည်းတွေ သာမန်မိသားစုအတွက် သုံးမယ်ဆိုရင်
လက်ရှိ အစိုးရ အရှုံးခံဈေးနှုန်းနဲ့ဆို 6000~7000လေက်ပဲကုန်ကျပါတယ်
မှတ်ချက် ။ ။အဲကွန်းမပါ
အဲ့အချက်တွေကြောင့် ကနဦးကုန်ကျစရိတ် ရယ် လစဉ်ကုန်ကျစရိတ်တွေရယ်ကြီးမြင့်တာကြောငွ့မသုံးကြခြင်းဖြစ်ပါတယ်၊၊gas ကို ထိုင်းကိုပို့ ထိုင်းကနေ အရည်လုပ်ပြီးမြန်မာပြည် ပြန်ပို့ဆိုတော့ ဈေးတွေကြီးကုန်တာပေါ့၊၊ဒီကထွက်တဲ့ gas ကို နိုင်ငံခြားမရောင်းပဲ ဒီမှာပဲ အရည်လုပ်ပြီး ဒီမှာပဲဖြန်းဖြူးရောင်းချရင် ဈေးနှုန်းများလည်း သက်သာလာရင် မည်သူမျှ တိုက်တွန်းစရာမလိုပဲ သူ့အလိုလို ကျွဲကူးရေပါဆိုသလို gasနဲ့ ပြောင်းလဲ သုံးစွဲလာကြလိမ့်မည်ထင်ပါတယ်ဗျာ၊၊
.
.
.
နိဂုံး (စဉ်းစားစရာ အချက်များ)
.
အင်အယ်ဒီ စီးပွားရေးတာဝန်ခံ ဦးဟံသာမြင့် ဒီလှိုင်းဂျာနယ်မှာ လျှပ်စစ်မီတာခ တောင်းခံခြင်းပေါ်လစီမှာ ၁၀၀ယူနစ်အောက်ကို ၃၅ကျပ်နဲ့ ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်ကောက်ခံပြီး၊ ပိုပြီးသုံးသူကို တယူနစ်၅၀ကျပ်၊ စက်ရုံသုံးကို ၇၅ကျပ်၊ အကြီးအကျယ်သုံးစွဲတဲ့ ကုမဏီကြီးကျတော့ ၅၀ကျပ်ဈေးချပြီး ကောက်ခံနေတဲ့ မညီမျှစနစ်အကြောင်း ဖတ်ဖူးပါတယ်။ နောက်ရေးဆွဲမဲ့ လျှပ်စစ် ဈေးနှုန်းသစ်မှာ ဖြေရှင်းပေးမယ် ယုံကြည်ပါတယ်။ 
.
နောက်တချက်ကတော့ တရုပ်ပြည်မှာ လျှပ်စစ်ကို အစိုးရကုမဏီကြီး၂ခု အပြိုင်လုပ်စေပြီး တခုတည်းက ဗိုလ်ကျစိုးမိုးခြင်းကို ကာကွယ်လုပ်ဆောင်စေပါတယ်။ အခုဆို အစိုးရကုမဏီတွေက အများပိုင်ကုမဏီ ၅ခုတောင် ဖြစ်လာပြီး အပြိုင်အဆိုင် စီးပွားလုပ်ကိုင်စေပါတယ်။ အဓိကတော့ တဦးတည်းလုပ်ရင် ဗိုလ်ကျ၊ အဂတိလိုက်စားမှုတွေ မရော့နည်းပါဘူး။ Political Corruption ဆိုတဲ့ သာမန်လူမသိနိုင်တဲ့ အဂတိတွေ ကြီးစိုးလာပါတယ်။ ပြီးခဲ့တဲ့ ၅နှစ် မြန်မာလွှတ်တော်မှာ လူနည်းစုသူဌေးကြီးများကို ကာကွယ်တဲ့ဥပဒေများစွာ အတည်ပြုပြဌာန်းခြင်းဟာ Political Corruption ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေးကို အီးပီစီ YESC တခုတည်း အစား ဆက်သွယ်ရေးကော်ပိုရေးရှင်းလို နိုင်ငံခြားကုမဏီများ ပါဝင်လာစေဖို့ သတိကြီးစွာလုပ်ဆောင်ရပါမယ်။ 
.
ဈေးနှုန်းမကြီးရေးကလဲ ရေရှည်ကြည့်ဖို့လိုပါတယ်။ တယ်လီဖုန်းအော်ပရေတာ Telenor / Ooredoo နဲ့ ဂျပန်အမ်တီပီ တွေကြောင့် လူထုဆက်သွယ်ရေးကောင်းလာပေမဲ့ အရှေ့တောင်အာရှမှာ ဈေးကြီးဆုံး၊ အနှေးဆုံးဖြစ်နေတာလည်း လူထုပညာပေးအများကြီး လုပ်ရပါဦးမယ်။ အလားတူ လျှပ်စစ်နိုင်ငံခြားကုမဏီများ ၀င်လာရင် သူတို့နဲ့ဒေသခံများပူးပေါင်း Joint Venture မလုပ်သင့်ပါဘူး။ ခရိုနီတွေနဲ့ ပေါင်းလုပ်တာနဲ့ ဖိလစ်ပိုင်၊ သြဇိ၊ အင်ဒိုနီးရှားတွေလို မီတာခ ကမ္ဘာ့ ဈေးအကြီးဆုံးဖြစ်သွာရင် ပြသနာပါ။ အခုပဲ ရန်ကုန်အစိုးရ လျှပ်စစ်ငတ်နေတာ (အားနည်းချက်) ကိုသိလို့ ပြည်ပကုမဏီတွေ ရိတ်စားနေပြီ၊ တယူနစ် ကျပ်၁၃၀ နဲ့ရောင်းပြီး၊ အရှုံးခံဖြန့်နေရတယ်။ စိတ်ပျက်စရာပါ။ လုပ်ရင် လောင်စာဆီတင်သွင်းသလို အရည်သွေးညံ့၊ ဈေးကြီး ဖြစ်ကုန်မှာပါ။ လျှပ်စစ် ရင်းနှီးမြှတ်နှံမှုလုပ်ချင်တဲ့ နိုင်ငံခြားကုမဏီများကို ရေအား၊ ကျောက်မီးသွေး၊ ဂတ်စ် တို့ကို သုံးပြီး တာဘိုင်စက်ကြီးများနဲ့ ဒေါ်လာသန်းပေါင်း ရာ၊ ထောင်ချီ ရင်းနှီးရမှာဖြစ်ပါတယ်။ ရင်းနှီးမြှတ်နှံမှု ကော်မရှင်မှာ ပညာရှင်များရဲ့ အကြံဥာဏ်ကို လေးစားသင့်ပါတယ်။ 
.
စာရေးသူကိုယ်တိုင် လျှပ်စစ်အင်ဂျင်နီယာဖြစ်လို့ သိသမျှလေးကို ရှယ်ရခြင်း ဖြစ်ပါတယ်။ လက်တွေ့ ချွေတာဖို့မှာတော့ အလွန်ခက်ကြောင်း သိပါတယ်။ လျှပ်စစ် ချွေတာခြင်းက မိမိပိုက်ဆံ သက်သာစေသလို နိုင်ငံတော်ရဲ့ပိုက်ဆံ ချွေတာ ကူညီခြင်းပါ။ စင်ကာပူက မြန်မာ ၂တန်းကျောင်းသားလေးက ပွင့်နေတဲ့လျှပ်စစ်မီး ကိုယ်တိုင်ခလုပ်ပိတ်ပြီး မီး မပိတ်တဲ့ မိဘတွေကို ဆုံးမတယ်။ “You waste electricity. Our earth forest and natural resources are damaged by your careless habit . . ”“အဖေ မီးမပိတ်ပဲ လျှပ်စစ် ဖြုန်းတီးတာ ကမ္ဘာ သစ်တောနဲ့ သယံဇာတတွေ ပျက်စီးတယ်” လို့ပြောလာတယ်။ အကျင့်ပျက် မိဘကို ထိရောက်စွာ ဆုံးမနိုင်တာ မိမိသားသမီးပါပဲ။ တနည်းအားဖြင့် ပညာရေးဌာနက ဆရာဆရာမများပဲ ဖြစ်ပါကြောင်းပါ ခင်ဗျား။ 
.
ဇော်အောင်(မုံရွာ)
၁၇.ဧပြီ.၂၀၁၇
https://www.facebook.com/myanmarjobstudent/posts/10154717745638472
.
.
Tint Lwin မီတာမရှိပဲ သုံးနေတဲ့ ဝန်ထမ်းအိမ်ယာတွေ ရာယ် LPG monopoly ရာယ် ဒီ နှစ်ခု ကိုဘယ်လိုရှင်းမလဲ စ စဉ်းစားပါ
M Zaw Aung ကိုဘီလီ ခင်ဗျား... ကျနော်သိတာက အစိုးရဆိုရင် ရေမီးအလကား လို့ပဲ မိုင်းဆက် mindset ရှိပါတယ်။ ကျနော် ဆက်သွယ်ရေး၊ အားကာ၊ စက်မှု၁ ၀န်ထမ်းအိမ်ယာတွေမှာ နေထိုင်စဉ်က ၀န်ထမ်းဖြစ်လို့ မီတာခ၊ ရေခမပေးရဘူး၊ သန့်ရှင်းရေးတောင် အလကားရတယ်။ ၀န်ကြီး၊၀န်ကလေးတွေလဲ အလကားမပေးပ...See More
Maung Maung Soe Gas အိုးအကြီးတလုံးကို
ပိုက်နဲ့စက် မီးစက်မောင်းခဲ့ရင်
Gas အင်နာဂျီ ကို ၁၀၀ သတ်မှတ်
...See More
M Zaw Aung သုံးသပ်ချက် ကောင်းလှသည်။ ဂတ်စ်မီးဖိုကို စားသောက်ဆိုင်များကတော့ မသုံးမဖြစ်သုံးနေကြပါပီ။ Myanmar Yellow Book ဂတ်စ်အရောင်းကြော်ငြာများ အပြိုင်ဆိုင်ဖြစ်နေပါပြီ။ လင့်...
https://www.facebook.com/myanmarjobstudent/posts/10154719252678472?pnref=story

M Zaw Aung added 5 new photos.
20 hrs
ဂတ်စ်အိုးနဲ့မီဖိုလုပ်ငန်းတွေတော့ ရန်ကုန်မှာ အခိုင်အခန့် အခြေချထားပါပြီ။ ၁၀ပိသာ ဂတ်စ်ကို ရန်ကုန်မှာကျပ်၂သောင်း ပုသိမ်မှာ ကျပ်၂၂၀၀၀ ထိုင်းနိုင်ငံထုတ် ဂတ်စ်အိုးတို့ပဲ ရှေ့ဆောင် ရောင်းချနေပါတယ်။
နောက်နှစ် လျပ်စစ်တန်ဖိုး ၂ဆတိုးရင် မြို့လူထုက ဂတ်စ်ပဲ သုံးရတော့မယ်လေ။
LikeReplyRemove Preview19 hrsEdited
Billy H. Mackenzie တနို်ငငံလုံးကို..ဂတ်ဖြန့် ချီပေးနိုင်လျင်..သစ်တောပြုန်းတီးမှု သက်သာသွားမှာကတော့ အသေအခြာပါ ။ မြန်မာကျေးလက်လူထု..ဂတ်အိုးမသုံးတတ် ၊ မသုံးရဲတာ..ဂတ်တွေ ထုတ်ရောင်းနေပြီ..နို်ငငံနင့် လူမျိုး..သိက္ခာ ဘယ်လောက်ကျတယ်တောင်မသိတဲ့..စစ်ဗိုလ်တွေလေ ။ အခု..မကွေး..စစ်ကိုင်းတွေမှာ..ထင်မရှိလို့  အပင်အဖြစ်ကိုပါတူးယူနေရပါတယ် ။
M Zaw Aung မှန်တယ်၊ အကိုကြီး ဘိလီ
အမေရိကန်ကာလီဖိုးနီးယားက မိတ်ဆွေလည်း သစ်တောမပြုန်းတီးအောင် နေမီးဖို အကြောင်း the Voice သတင်းစာမှာဆောင်းပါးရေးတယ်။ ထင်းဈေးက အရမ်းဈေးချိုပြီး ၁၅မိနစ်နဲ့ ထမင်းကျက်တော့ ၇၀% တောင်သူတွေ ထင်းပဲသုံးမယ်၊ နေမီးဖိုအလကားပေးလဲ ယူပီး ခွက်ယောက
...See More

Maung Nu Singapore မှာ လည်း ထ မင်း ကို လျှပ် စစ် အား သုံး တဲ့ rice cooker တွေ သုံး ချက် တာ အ များ စု ပါ
တခြား နိုင် ငံ တွေ မှာ လည်း အ တူ တူ ပါ ဘဲ
Rice cooker တွေ သုံး တာ ပါ ဘဲ
M Zaw Aung ခေါင်းစဉ်မှားတယ်တယ်။ ပြင်လိုက်ပြီ။ ထမင်းချက်တာမပါ။ Thanks...
ထမင်းကို အိုးထဲဆန်ထည့်ပြီး လျှပ်စစ်မီးဖိုပေါ်တင် ရေငှဲ့ချက်တဲ့ မြန်မာတွေကိုပြောတာ ဆရာနုရေ... Rice Cooker က သုံးကိုသုံးရမှာပဲလေ။
LikeReply123 hrsEdited
Billy H. Mackenzie မြန်မာ ဓါတ်ငွေ့ ကို..ထိုင်းက အရည်မလုပ်ပါ ။ တို်က်ရိုက်လျပ်စစ်ထုတ်တယ်လို့ ထင်ပါတယ် ။ ဓါတ်ငွေ့ က ကာတာကနေ ယူတယ် လို့ ထင်ပါတယ်
M Zaw Aung Tint Lwin ကိုတင့်လွင်ရေ.. ထိုင်းက ဂတ်စ်အိုးတွေ ၀ယ်တာပေါ့ဗျာ...။ ထိုင်း နည်းပညာက အရှေ့တောင်အာရှမှာ စင်ကာပူနဲ့နင်လာငါလားပဲ။ PTT ဆိုတာ ဗီယက်နမ်မှာ ဘီလျှံပေါင်းများစွာ ပရိုဂျက်လုပ်ရတယ်။ နောက်ပရိုဂျက်တွေတော့ Vietnam Petro (အစိုးရ) က သူတို့ဖာသာပဲလုပ်တော့တယ်...See More
LikeReply4Yesterday at 6:34amEdited
Aung Naing Moe အိမ်မှာတော့ ဟင်းချက်တာ ဂက်စ်နဲ့ချက်တယ်။ ထမင်းအိုးနဲ့ ရေနွေးအိုးကတော့ လူစောင့်ကြည့်နေစရာမလိုတဲ့ လျှပ်စစ်နဲ့ ချက်တယ်။
Maung Maung Soe မြို့ပတ်ရထားကို
လျှပ်စစ်နဲ့မောင်းပြီး
အိမ်တွေက
...See More
Ko Kyaw Kyaw Oo · 8 mutual friends
အရင်လုပ်သင့်တာကတော့
ခိုးယူ သုံးစွဲနေသူတွေ နဲ့
အရည်အသွေးမမှီတဲ့ ကြိုးများ နဲ့ equipments များ ဦးစားပေး ပြုပြင်သင့်ပါတယ်
Aung Naing · Friends with Thein Naing Kyaw and 1 other
CNG ကိုအကုန်ရောင်းစား LPG စက်ရုံမထောင် ထင်းအစားထိုးမီးသွေးတောက်ဆိုတဲ့ ပညာရှိကြီးတွေရဲ့စနက်တွေလေကွယ်
TingZi Chiang · Friends with Mg Mg Htun and 12 others
Gas မီးဖိုက ၁၀၀% ရတယ်ဆိုတာဘးသူပြောတာလဲ
လျှပ်စစ်မဖီးဖိုက ၃၀% ဘဲရတယ်ဆိုတာ ဘယ်သူပြောတာလဲ
FB ရှောက်ရေးလို့ရတယ်ဆိုတိုင်းရေးနေတယ်
ဒယာ ဒါနံ · Friends with Maung Maung Soe
gasနဲ့သုံးဖို့ လုပ်ပါသေးတယ်
အန်တရယ်များလို့ကြောက်ပြီးမသုံးဖြစ်ပါ
ဘေးကင်းစိတ်ချရင် သုံးချင်ပါတယ်
...See More
Min Zaw Gee · Friends with Nyein Khant
ဂက်​စ်​ တစ်​အိုးဖြည့်​ရင်​ ၇၀၀၀ ဆိုတာ
ဘယ်​နှစ်​ပိဿာအိုးလဲ bro 
ညီ သုံး​နေတဲ့ ဂက်​စ်​က တစ်​ပိဿာ 
...See More
Maung Maung Soe ၃ ပိသာဆန့်
အိုးသေးဖြစ်မယ်

M Zaw Aung ဟုတ်ပါတယ်။ ထောက်ခံပါတယ်။ 
ကျနော်လည်း သိသမျှဗဟုသုတနဲ့ လျပ်စစ်မီး သက်သာချောင်ချိရေး၊ ခြိုးခြံချွေတာရေး နဲ့ လက်တွေ့ .. ရေးခဲ့ပါတယ်။ 
http://moemaka.com/archives/56275
.
နေရောင်ခြည်စွမ်းအင်နဲ့ ထမင်းဟင်း မချက်ကြသည့်အကြောင်း …
http://moemaka.com/archives/57779
.
တကယ်တော့ အလကားရ၊ အသားကုန်သုံးချင်တဲ့ စိတ်ထားမျိုးတွေ အဲကွန်းနင်းကန်သုံးချင်တာတွေ .. တယူနစ်၃၅ကျပ် ကတော့ ခရိုနီစက်ရုံတွေက အကြီးအကျယ် နိုင်ငံတော်ပိုက်ဆံနဲ့သုံးနေကြောင်း အင်အယ်ဒီ စီးပွားတာဝန်ခံ ဦးဟန်သာမြင့် (ဘီအီ အင်ဂျင်နီယာ) ကိုယ်တိုင် ထောက်ပြပါတယ်။ ဒါပေမဲ့ မတားမြစ်နိုင်သေးတော့ မိတ်ဆွေကြီး ဒုဝန်ကြီးဒေါက်တာထွန်းနိုင် က တယူနစ်သုံးတိုင်း ၂၆ကျပ် ရှုံးနေတော့ မြန်မာနိုင်ငံကြီးမှာ ကန်ဒေါ်လာဘီလျံနဲ့ချီပီး ခရိုနီတွေနဲ့ ပြည်သူတွေကို ထောက်ပံ့နေဆဲဖြစ်ပါကြောင်း... ပေါ်လစီပြသနာပါ။


သုံးသပ်ချက် ကောင်းလှသည်။ ဂတ်စ်မီးဖိုကို စားသောက်ဆိုင်များကတော့ မသုံးမဖြစ်သုံးနေကြပါပီ။ Myanmar Yellow Book ဂတ်စ်အရောင်းကြော်ငြာများ အပြိုင်ဆိုင်ဖြစ်နေပါပြီ။ လင့်...
https://www.facebook.com/myanmarjobstudent/posts/10154719252678472?pnref=story


2017 April ဈေးနှုန်း
ရန်ကုန် ၂၈ပိသာ (61 Kg) ဂတ်စ်အိုးတန်ဘိုး ကျပ်၄၅၀၀၀ + ဂတ်စ်တန်ဘိုး ကျပ်၅၁၀၀၀ = ၉၆၀၀၀၀ ကျပ် (တသိန်းနီးပါး)။ တခြားနိုင်ငံများတွင် အိုးဘိုးအပေါင်ပေးစရာမလိုပါ။ ဈေးလည်း ထိုမျှလောက်မကြီးပါ။ စင်ကာပူတွင်ထက် ၁၀%ခန့် ဈေးပိုကြီးသည်။




လိုင်စင် (စ)ကိုသဘောမတူပါ ၂၀၁၄ တိုင်ဝမ်မှာ gas pipeline ပေါက်ကွဲတာ ၃၂ ယောက်သေပြီး ၃၂၁ ယောက် ဒဏ်ရာရပါတယ် Kaohsiung gas explosion လို့ခေါ်ပါတယ် ရိုးရှင်းတဲ့ construction safety တောင် စနစ်တကျ လုပ်ဖို့ မစွမ်းဆောင်နိုင်သေးတဲ့ နိုင်ငံမှာ လိုင်စင် (စ) ထုတ်ပေးမှာကို သဘောမတူပါဘူး လုပ်ချင်ရင် အစိုးရက တာဝန်ယူ တဲ့ ပိုက်လိုင်းဆောက်ပြီ လုပ်ငန်းရှင်ကိုဌား gas line ကို အစိုးရကပဲ manage လုပ်တဲ့စနစ်ဖြစ်ရပါမယ် မြန်မာပြည် အင်ယာလောကကိုဦးဆောင်နေတဲ့ လူကြီးတစ်ဦးစနှစ်ဦးစ ဒီ fishy LPG business မှာပတ်သက်နေတယ်လို့လဲသတင်းထွက်နေတာ ကြားပါတယ်
မလုပ်သင့်တာမလုပ်ကြပါနဲ့ မှန်မှန်ကန်ကန်လုပ်ကြပါ

MyoMyint Pe feeling worried with Lynn Htun and 16 others.
သဘောပေါက်သည် မှာ..
ကျနော်တို့ ..ဆီမှာ က'ခ'ဂ'ဃ'င ဆိုပြီးလိုင်စင်ငါးမျိုးရှိတယ် ။ အကြမ်းအားဖြင့်တော့
(က )'လိုင်စင်က Jetty 'storage tanks 'Terminal ဆောက်ပြီးနိုင်ငံခြားကနေတင်ကာTankerနဲ့တိုက်ရိုက်သွင်းပြီရောင်းချခွင့်ပြုတာ
(ခ)' လိုင်စင်က Jetty မပါ တင်ကာနဲ့သွင်းတာမဟုတ်ဘဲ မူဆယ် မြဝတီ စတဲ့နယ်စပ်ကနေ ဘောက်ဆာ ဆလင်ဒါအိုးစသည်နဲ့သွင်းပြီးလက်ကားရောင်ချခွင်ပြုတာ;
(ဂ )'လိုင်စင်က ဓာတ်ဆီဆိုင်လိုကားတွေဖြည့်ပြီးပန့့််တိုင်နဲ့ရောင်းခွင့်ပြုတာ။
(ဃ )'လိုင်စင်က ဆလင်အိုးနဲ့အလုံးလိုက်ရောင်းတာ။ ၅၀ ကေဂျီအိုး ၄၀ ဘဲလှောင်ခွင့်ပြုတယ်။
(င )'လိုင်စင်က တိုက်ခန်းတွေမှာဆလင်ဒါအိုးနဲ့လှောင်ပြီးလက်လီရောင်းခွင့်ပြုတာ ၅၀ကေဂျီ ရှစ်လုံးဘဲလှောင်ခွင့်ပြုတယ်…
ခုတခါလာပြန်ချေပြီ...လိုင်စင်''စ''ပါတဲ.
LPG ကိုပိုက်လိုင်းကွန်ယက်စံနစ်ဖြင်..
CENTRALIZED SYSTEM တပ်ဆငိအသုံးပြုချင်းပါတဲ့....ခင်ဗျ...
ဘာလိုင်စင်တွေဘဲချတယ်ပြောပြော..ကျနော်သိသမျှတော့..အဲဒီLPGလိုင်စင်..ဆိုတဲ့...စနစ် ကြီးမပေါ်ခင်ကတည်းက..''က မှ စ'' ..တွေကို.စိတ်ကြိုက်လုပ်နေတာနှစ်ပေါင်းများစွာပါ...
ထားပါတော့လေ...ခုကော..အဲဒီ လုပ်ငန်းတွေကို..ဘယ် reliable third party ကိုစစ်ဆေးဘို့ပေးသလဲတော့မသိပါ...အဲဒီ အဖွဲ့မှာကော....တကယ်နားလည်တတ်ကျွမ်းသူ
ူပါရဲ့လား...ဒါတော့ သက်ဆိုင်ရာ..၀န်ကြီးဋ္ဌာန…ကော်ပိုရေးရှင်း…တွှေအသိဆုံးပါ..အဲဒီ လိုင်စင်ကြီးကို…....
ဘာဘာညာညာ..ကြီးတွှေ..လက်မှတ်..ရှိသူမ
ှလက်မှတ်ထိုးရမယ်…စသဖြင့်..အသံထွှက်နေလေရဲ့…တကယ်ကော ထိုထို ကြီးတွှေက LPG..ဆိုတာကို..exposure ရှိ…ဘူးရဲ့လား…ဒါတွှေတော့..မပြောတော့ပါဘူး….
ထိုဘာဘာညာညာ..ကြီးတွှေ.က.လက်မှတ်ထိုး လုပ်စားဘို့ …သက်သက်လုပ်နေရင်တော့ ကျနော်..ရေးခဲ့တဲ့.. မပြောမပြီး...ပြောမှပြီး (၂)
CNG..လိုပြသနာတွှေ..ပေါ်လာမှာဘဲ…အင်မ
တန်..အန္တရာယ်များတယ်နော်…
´´က´´လိုင်စင်နဲ့ လုပ်နေတာတွေ..သေချာ..PEFD Vefification,.Safety system တွှေ တပ်ဆင်ထားမှုတွှေ..hazop.identification..
တွှေလုပ်ကြပါရဲ့လား…???..အဆိုပါ Terminal, Storage စသည်တို့ကိုတော့သေချာနိုင်ငံခြားပညာရှင်များအပါအ၀င်ဆောက်မည်ဟုယုံကြည်ပါသည်..ထိုအဖွှဲ့ စည်းများမှ..တင်ပြသော Drawing, Piping layout, Isometric,.PEFD,.SOP, ESD System , Emergency response စသည်. Document များ ကိုစစ်ဆေးဘို့ လိုပါမည်။တင်သမျှ..NO COMMENT ဆိုသည်. သူများတော့မဖြစ်စေလိုပါ …မပြည့် စုံယူဆပါက..ထိုနိုင်ငံခြားသားများနှင့် ယှဉ်ပြိုင်ပြောဆိုသင့်သည်။.သူတို့ က ဒါAPI ,BS, ASTM code ပြောသည်နှင့်  လိုက် ''မကုတ်​''စေလိုပါ..ပညာရှင် discipline မျိုးစုံကစစ်ကြမည်ဆိုတော့  ယုံကြည်ပြီးသားပါ။
´´ခ´´လိုင်စင်နဲ့ လုပ်နေတာတွေ.ကတော့  နယ်စပ်ကနေဘောက်ဆာ..ဆလင်ဒါများနဲ့ သွှင်းလာပြီး.မြို့တွှင်းလမ်းများဖြတ်ကာ..မိမိလုပ်ငန်းနေရာအရောက်သယ်လာရာ…အင်မတန်
်အန္တရာယ်များပါသည်..မြို့တွှင်းလမ်းမျာဖြတ်ရသောအခါ..ကားမှောက်​...ကားတိုက်ခြင်းများဖြစ
်ပေါ်ပါကစဉ်းစားကြည့် ပါ။ယာဉ်မောင်းကျွှမ်းကျင်မှု..စိတ်ရှည်မှုများစွှာလိုပါသည်။ဒီလို..ယာဉ်မောင်းမျိုးတွှက် special license.လိုမလို..နီုင်ငံတကာတွှင်မည်သို့လုပ်
ဆောင်သည်ကိုတော့သေချာစစ်ဆေးသင့်ပါသည်။
´´ဂ -င´´ လိုင်စင်..အထူးသဖြင့်နေအိမ်ဆိုင်ခမ်းများတွှင်တွှေ့ရာ..တင်းကြပ်စွှာစစ်ဆေးပါ။မီးကြိုးများအဖြစ်သဘောဆွှဲခြင်း..သိုလှောင်သည့်စလင်ဒါနှင့်အိပ်ခန်း..အတူတူတခန်းတည်း..နေရာကြပ်သည်းပြွှတ်သိပ်နေခြင်း.တို့ တွှေ့ မြင်နေရသည်…အထူးပြောလိုသည်မှာ MPE..cylinder များသည်.၁၉၈၀ ကတည်းကအိုးများဖြစ်သည်။ Valve testing, cylinder testing ကိုမည်သည့် အဖွှဲ့ကလုပ်ပါသလဲ..ယင်းတို့ မည်သည့် သက်တန်းlife..သတ်မှတ်ချက်ရှိပါသလဲ….စသည်ဖြင်ံကော…SOP written ရှိပါလဲ..
´´စ´´လိုင်စင်..ခုမှချမယ်ဆိုပေမဲ…ဒါတွှေဟာ...မဆလ..ခေတ်..ထည်းက.Inyalake hotel မှာသုံ့းနေပြီး..ခုအခါမှာလည်း …Trader`s…Myanmar Plaza…စသဖြင့် သုံးနေကြတာဟာ..ဘယ်သူ။။ဘယ်အဖွှဲ့အစည်း
ခွှင့်ပြုချက်တွှေနဲ့ ပါလဲ..ခုလဲနောက်ဆုံးပေါ်…Shopping Center ကြီး..မှာသုံးနေတာပါ…
အဲလိုနေရာမျိုးကြီးတွှေကို..ဘယ်third party့ က..ဘာမူတွှေ နဲ့ ဂဂနဏ..၀င်စစ်မှာလဲ…ပြောကြစမ်းပါ..ထိုနေရာတွှေဟာ..လူအင်မတန် ထူထပ်တဲ့နေရာတွှေပါ…ပြောပြန်တော့ လည်းမကြိုက်ကြ..…..တတ်ကျွှမ်းနားလည်သူများနှင့်မတိုင်ပင်ကြရင်တော့…ဘယ်တော့မှတိုးတက်မည်မဟုတ်…ပြသနာဖြစ်ခါမှ..မည်သူ့ တွှင်တာဝန်ရှိသနည်းးးးးမလုပ်ကြစေလိုပါခင်ဗျား….
ကျနော် ကြားဘူးသလိုပြောဆိုခြင်းသာပါ...တတ်ကျွှမ်းသူများ..ပါဝင်ဆွှေးနွှေးကြစေလိုပါကြောင်း.





၂၀၁၇ စီတီဇင်ဘတ်ဂျတ် (လျှပ်စစ်အများဆုံး ၂၄.၃၂% of US$21 billion)


၂၀၁၇ စီတီဇင်ဘတ်ဂျတ်
ဘတ်ဂျတ် ၂၀၁၇ အတွက် လျှပ်စစ် ၂၄.၃၂% စီမံဘဏ္ဍာ ၂၀.၈၂% ကာကွယ်ရေး ၁၄.၃၁% ပညာရေး ၈.၀၅% စိုက်ပျိုးဆည်မြောင်း ၅.၇၉% ပို့ဆက် ၄.၂၉ နိုင်ငံတော်ပိုင်စီးပွားအဖွဲ့စည်းများ(ပြင်ပ) ၉.၆၃% ပြည်ထဲရေး ၁.၄၉% စက်မှု ၂.၇၈% ဆောက်လုပ်ရေး ၂.၄၈% သယံဇာတ ၁.၄% ..စသဖြင့်ပါ။ . စီတီဇင်ဘက်ဂျတ် ၂၀၁၇ ကို အစိုးရဘဏ္ဍာရေးဝက်ဆိုဒ်မှာ တင်ထားလို့ ဒေါင်းလုပ်ခဲ့ပါတယ်။ အခုတော့ အဲဒီဘတ်ဂျတ်ကို ပြန်ရှာတာ မတွေ့တော့ပါ။ အကြောင်းအမျိုးမျိုးကြောင့် ဘတ်ဂျတ်ဖိုင် ရှာမတွေ့ပေမဲ့.. အင်တာနက်မှာတော့ ထပ်ဆင့်တင်ပြထားလို့ ပျောက်မသွားပါ။ . အချိန်ရရင် ဖတ်ကြည့်လို့ကောင်းပါတယ်။ မုရန်... ဒေါင်းလုပ်လင့်..

No comments:

Post a Comment