Monday, March 6, 2017

တာဝါတိုင်လုပ်ငန်းရှင်တိုင်း လက်စွဲဝယ်ယူ ဖတ်ရှုသင့်ပါတယ် . . ကျော်မျိုးထွန်း ရေးသော ခေတ်ပေါ်ငွေကြေးစီမံခန့်ခွဲမှု၏ အခြေခံသဘောတရားများ


အနာဂါတ်မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်းကသာ ဝင်ငွေအများဆုံးရမှာဖြစ်ပြီး၊ စက်ရုံကုန်ထုတ်လုပ်ငန်းတွေကလဲ ဆင်းရဲမွဲတေမှုက လွတ်အောင်လုပ်နိုင်ပါမယ်။

ဒါကြောင့် တာဝါတိုင် စက်မှုတည်ဆောက်ရေးလုပ်ငန်းရှင်များအတွက် မဖတ်မဖြစ် လက်စွဲအဖြစ် ဖတ်ရမဲ့ စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ နိုင်ငံခြားကုမ္ပဏီကြီးများက အစိုးရအရာရှိကြီးများနဲ့ ပူပေါင်းလုပ်စားသွားရင် နောက်ဆုံး နိုင်ငံတော်ဘတ်ဂျတ်ကြီးကို ပြည်ပခရိုနီများက ဇီးသီးဗန်းမှောက်ခြင်းများ ဖြစ်လာပါတယ်။ နောက်တခုက အသေးစား၊ အလတ်စား တာဝါတိုင်ထူလုပ်ငန်းရှင်များရဲ့ ငွေကို အီးညစ်သလိုညှစ်ပြီး လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ငွေကြိုတင်စိုက်ခိုင်းခြင်း စတဲ့ မတရားကန်ထရိုက်စာချုပ်များကို လက်သိပ်ထိုးချုပ်ဆို အနိုင်ကျင့်ခံရမှာဖြစ်ပါတယ်။

ပြည်ပခရိုနီများစွာ လာကြပါမယ်။ သူတို့ရဲ့ စာချုပ်တွေမှာ SME ခေါ်တဲ့ အသေးစား၊ အလတ်စား ကုမဏီများကို ဆပ်ကွန်း အဆင့်ဆင့်နဲ့ အနိုင်ကျင့်တာမျိုး မလုပ်ဖို့ နိုင်ငံတော်အစိုးရက မလုပ်နိုင်သေးခင် မိမိတို့ လုပ်ငန်းရှင်များက စုပေါင်းပြီး Institution တခု တည်ထောင်၊ လွှတ်တော်နဲ့အစိုးရအထိ ရဲဝံ့စွာ တင်ပြ၊ ဥပဒေထုတ် ကာကွယ်ဖို့လိုနေပါတယ်။

အောက်ပါ စာအုပ်ကို တာဝါတိုင်လုပ်ငန်းရှင်တိုင်း လက်စွဲဝယ်ယူ ဖတ်ရှုသင့်ပါတယ်။

.
စာအုပ်အညွှန်း..

ကျော်မျိုးထွန်း ရေးသော ခေတ်ပေါ်ငွေကြေးစီမံခန့်ခွဲမှု၏ အခြေခံသဘောတရားများကို နားလည်ခြင်း (တတိယအကြိမ် ၂၀၁၆) စာအုပ်ဒုတိယပိုင်း အခန်း(၁) ဖြစ်ပါသည်။

စက်မှုထွန်းကားသော ရန်ကုန်မြို့ကဲ့သို့ SEZ စက်မှုဇုံများဖန်တီးပေးခြင်းဖြင့် ချမ်းသာကြွယ်ဝသူ များပြားလာစေသော်လည်း လယ်ယာမြေပြုပြင်ပြောင်းလဲမှု တပြိုင်တည်းလုပ်နိုင်မှာ ဆင်းရဲချမ်းသာ ကွာခြားမှုနည်းသော လူ့ဘောင်အဖွဲ့အစည်းသို့ ရောက်ရှိမည်ဖြစ်သည်။ ယခင်အစိုးရလက်ထက်တွင် မဖြစ်နိုင်သော်လည်း ယခု ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အစိုးရသစ်အဖို့ လက်တွေ့ဖြစ်လာဖို့ အခွင့်လမ်းများ ပွင့်လာပြီ ဖြစ်ပါသည်။

No comments:

Post a Comment