Sunday, July 24, 2016

စင်ကာပူမှာ ဆောက်လုပ်ရေးနဲ့ ဆောက်လုပ်ခွင့်နဲ့ပတ်သတ်ပြီး

ခုတစ်လောမြန်မာပြည်မှာ ဆောက်လုပ်ခွင့်ပါမစ်တွေနဲ့ ပြဿနာတွေတတ်နေတာတွေလို့ စလုံးက authorities submission အကြောင်း အကျဉ်းချုပ်ရေးလိုက်ပါတယ်။ အမှားပါလဲ ခွင့်လွတ်ပါ။ စလုံးမှာ ဆောက်လုပ်ရေးနဲ့ ဆောက်လုပ်ခွင့်နဲ့ပတ်သတ်ပြီး အဓိက ဌာနကြီး ၁၁ ခု ရှိပါတယ်။

မြေကြီးနဲ့ပိုင်ဆိုင်မှုနဲ့ပတ်သတ်ပြီး
SLA (singapore land authorities)
JTC (Jurong town council)

Planning permission နဲ့ပတ်သတ်ပြီး
URA ( urban redevelopment authorities)

လုပ်ခန်းခွင် ဘေးကင်းရေး အလုပ်သမားရေးနဲ့ပတ်သတ်ပြီး
MOM (ministery of manpower)

အဆောက်အဦး ဆောက်လုပ်ရေးနဲ့ပတ်သတ်ပြီး
BCA (building construction authorities)

သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သတ်ပြီး
CBPU (central building plan unit)

အဲ့အောက်မှာမှ
NEA (national environmental agency) 

သောက်သုံးရေ၊ စွန့်ပစ်ရေနဲ့ပတ်သတ်ပြီး
PUB (public utilities board) water department
PUB (WRN), water reclamation department)
PUB (C&W), catchment and waterway department)

မီးဖိုချောင်သုံး gas နဲ့ လျှပ်စစ် နဲ့ပတ်သတ်ပြီး
EMA (energy market authoritues)
SPPG (singapore power grid)

လမ်း နဲ့ပတ်သတ်ပြီး
LTA (land tranaport authorities)

မီးဘေး အန္တရာယ်နဲ့ မီးသတ်ဌာန နဲ့ ပတ်သတ်ပြီး
SCDF (singapore civil defence force)

ပထမဦးဆုံး SLA သို့မဟုတ် JTC ကို မြေကြီး အသုံးချခွင့်နဲ့ပတ်သတ်ပြီး submission လုပ်ရပါတယ်။

SLA ခွင့်ပြုချက်ရပြီဆို MOM မှာ Factory permit လုပ်ခန်းခွင်နေရာ အဖြစ်တင်ရတယ်။

အဲ့ဒါပြီးရင် design development မလုပ်ခင် CBPU ကို SIP (sewerage interpretation plan) & DIP (drainage interpretation plan) တင်ရပါတယ်။ မြောင်းသွယ်ဖို့နဲ့ မိလ္လာစွန့်ပစ်ဖို့ပါ။

SIP/DIP ကျမှ URA ကို planning permission အတွက် floor plan နဲ့ elevation ပုံတင်ရတယ်။ URA က building height နဲ့ GFA ကိုစစ်ပါတယ်။

URA ဆီက planning permission ကျပြီဆို BCA ကို structure plan နဲ့ building plan ကို အသေးစိတ် တင်ရပါတယ်။ structure plan ကို ဆောက်မယ့် phase အလိုက် တင်လို့ရပါတယ်။ အရင် accredit checker ကိုတင် သူကမှ structure calculation တွေကို စစ်ပြီး BCA ကိုတင်။ BCA က building ရဲ့ structure ပိုင်းတင်မက အခုနောက်ပိုင်း ( buildability , constructibility, producibility) တွေကိုပါကြည့်ပြီး စစ်ပါတယ်။

URA က PP ရပြီဆို BCA submission နဲ့ တပြိုင်တည်း EMA license လျှောက် မီးနဲ့ gas အတွက်။ SPPG မှာ မီးအတွက် EMA license နဲ့ account opening လုပ်ပြီး power incoming အတွက် submission လုပ်ရပါတယ်။ SPPG က power consumption ပေါ်မူတည်ပြီ ပင်မလိုင်းကနေ user ရဲ့ substation ကိုမီးကြိုးသွယ်ပေးတယ်။ user က အသုံးပြုမယ် KVA ပေါ်မူတည်ပြီး substation ဆောက်ပေးရတယ်။

အဲ့လိုပဲ PUB ဆီမှာသုံးရေအတွက် submission လုပ်ရပါတယ်။ အခြေခံလိုအပ်ချက်ကတော့
below 25 m ဆို PUB water supply ကို တိုက်ရိုက်သုံးလို့ရပါတယ်။
above 25m and below 37 m ဆို high level water tank သုံးရပါတယ်။
above 37 mဆို low level water tank က နေ pump သုံးပြီး high level water tank သုံးရပါတယ်။

တချိန်တည်းမှာ SCDF ကိုbuilding plan တင်ပြီး FSSD (fire safety and shelter department) မှာ clearance လျှောက်ရပါတယ်။ FSSD က တော့
bulding classification, propose group 8 ခုခွဲပါတယ်။ ပြီး တော့မှ building ရဲ့ passive defence (structural protection, compartmentation) Active defence ( mechanical protection - fire detection, sprinkler) ကို စစ်ပြီး ခွင့်ပြုမိန့်ချပေးပါတယ်။

URA PP ကျပြီးရင် LTA ကို လမ်းနဲ့ ပတ်သတ်ပြီး တင်ရပါတယ်။ LTA ကတော့ GFA နဲ့ occupancy ကိုမူတည်ပြီး carparking lots အရေအတွက်ကိုစစ်ပါတယ်။ ပြီးရင် ဆောက်နေတုန်းနဲ့ ဆောက်ပြီး အသုံးပြုမဲ့ လမ်းနဲ့ road opening နဲ့ traffic management အတွက် clearance တင်ရပါတယ်။ ( မြန်မာပြည်မှာတော့ ဆောက်လုပ်ရေးတော်တော်များများက site access ကို မစဉ်းစားကျဘူး။ ဒီမှာအဲ့ဒါက တော်တော် အရေးကြီးတယ်)

ဆိုက်မစခင်မှာ PUB (C&W) ကို QECP (Qualified erosion control professional) ကို engage လုပ်ပြီး earth works (excavation, piling, footing) အတွက် submission နဲ့ clearance လျှောက်ရပါတယ်။

Submission တိုင်းကို သက်ဆိုင်ရာ professional engineer က လုပ်ရပါတယ်။ GEO အတွက် PE (GEO) , structure အတွက် PE (C&S), electrical အတွက် PE (electrical), mechanical အတွက် PE (mechanical), license electrical worker (LEW), license plumber တွေက သက်ဆိုင်မှုအလိုက် design and submission လုပ်ပါတယ်

အဲ့ဒါတွေ ရလို့ ဆောက်ပြီဆို client က construction management or management contractor တွေ engage လုပ်ပြီး အဆောက်အအုံ အရည်အသွေးကိုစစ်ပါတယ်။

Design ကို PE က ထုတ်ပြီး။ BCA approved ဖြစ်ထားတဲ့ structure plan ကို inspector တွေက လိုက်နာမှုရှိမရှိ စစ်ရပါတယ်။ inspector တွေက IES (institute of engineers singapore ) နဲ့ BCA ကအသိအမှတ်ပြုရပါတယ်။

ဆောက်ပြီးရင် RI (registered inspector) က စစ်ဆေးပါတယ်။ archi RI, M&E RI တွေ clearance ရရင် BCA ကို TOP (temporary occupation permit) လျှောက် BCA က final inspection လာပြီးမှ နေလို့ရပါတယ်။

တော်တော်ရှည်သွား ပြီ ။ မှားတာတွေ လိုအပ်ချက်တွေရှိရင်လဲ ထောက်ပြပါ။ submission တိုင်းက transparency ဖြစ်ပြီး submission procedure နဲ့ requirements တွေကို သက်ဆိုင်ရာဌာနရဲ့ website တွေမှာရှာလို့ရပါတယ်။ ( စလုံးက ညီငယ် Nga Ye Lay တင်ထားတဲ့ စတေးတပ်ကိုပြန်ဖြန့်ဝေတာပါ)


*******

Nyan Tun အဆောက်အဦ မဆောက်လုပ်ခင်အထိ ခွင့်ပြုမိန့်တောင်းခံချိန် အစအဆုံး အချိန်ဘယ်လောက်ခန့် ကြာပါသလဲ.. အနည်းဆုံး နဲ့ အကြာဆုံး ကတော့ရှိမှာပေါ့ဗျာ... ခန့်မှန်းပျမ်းမျှအချိန်...
LikeReply17 hrsEdited
Maung Maung Kyaw Thar SLA မှာ ၂ ပတ် အနည်းဆုံး, URA မှာ ၄ပတ် အနည်းဆုံး။ အဲ့ဒါပြီး ရင်တော့ ကိုယ့်ကျွမ်းကျင်မှုပေါ်မူတည်ပြီးဆောက်ကြတယ် ။ BCA ကလဲ ၄ပတ် အနည်းဆုံးယူတယ်။ AC checker ပြီးရင်တော့ approval မစောင့်ပဲစကြတယ်။

အစအဆုံးဆို ၃-၄ လ လောက်ကြာတယ်

LikeReply14 hrs
Nyan Tun ဒီမှာက ၂နှစ် ၃နှစ်အချိန်ကြာတယ် ပြောလို့ပါ..



Maung Maung Kyaw Thar SLA မှာ ၂ ပတ် အနည်းဆုံး, URA မှာ ၄ပတ် အနည်းဆုံး။ အဲ့ဒါပြီး ရင်တော့ ကိုယ့်ကျွမ်းကျင်မှုပေါ်မူတည်ပြီးဆောက်ကြတယ် ။ BCA ကလဲ ၄ပတ် အနည်းဆုံးယူတယ်။ AC checker ပြီးရင်တော့ approval မစောင့်ပဲစကြတယ်။

အစအဆုံးဆို ၃-၄ လ လောက်ကြာတယ်



No comments:

Post a Comment