အမေစု ဒေါ်အောင်ဆန်းစုကြည် က ပိုက်ပိုက်ရှိသူတွေက ဝယ်တဲ့ သိန်း၆၀၀ သိန်း၁၂၀၀ တိုက်ခန်းများက ရတဲ့ငွေနဲ့ အခြေခံလူတန်းစားအတွက် သိန်၁၀၀ အောက် တိုက်ခန်းတွေ မြန်မာအစိုးရ အိုးအိမ်ဌာနက CHDB ဘဏ် အရစ်ကျ စနစ်နဲ့ ၁၅နှစ်အထိ ရောင်းချပေးနေပါတယ်။ အတိုးနှုန်းက ၁၁% . . တဲ့။ ( အာစီယံနိုင်ငံများ အတိုးက ၅% ပဲရှိတယ်)။
.
လစာကောင်းတဲ့ နိုင်ငံခြားအလုပ်လုပ်သူများကို သိန်း၆၀၀ တန် တိုက်ခန်းတွေ အရစ်ကျ ရောင်းပေးမဲ့ စီမံကိန်းပါ။
.
သိန်၆၀၀ တိုက်တခု ဝယ်ခြင်းက . . အလှု တန်ဖိုးနည်းတိုက် အနည်းဆုံး ၃ခု လှုဒါန်းသလိုပါပဲ။
Good. . .
:)
.
.
////////////
Shared from Htet Htet Nu Htay
🌹မနေ့ က(ဒီဇင်ဘာ ၂၄ရက်)မနက်ပိုင်းမှာဒဂုံဆိပ်ကမ်းမြို့ နယ်မှာရှိတဲ့ ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာစီမံကိန်းကိုသွားကြည့်ခဲ့ပါတယ်။ရတနာနှင်းဆီအိမ်ရာစီမံကိန်းအရောင်းပြပွဲကိုမနေ့ ကမနက်မှာပဲဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသတင်းတွေမှာကြေညာသွားပါတယ်။
လစာကောင်းတဲ့ နိုင်ငံခြားအလုပ်လုပ်သူများကို သိန်း၆၀၀ တန် တိုက်ခန်းတွေ အရစ်ကျ ရောင်းပေးမဲ့ စီမံကိန်းပါ။
.
သိန်၆၀၀ တိုက်တခု ဝယ်ခြင်းက . . အလှု တန်ဖိုးနည်းတိုက် အနည်းဆုံး ၃ခု လှုဒါန်းသလိုပါပဲ။
Good. . .

.
.
////////////
Shared from Htet Htet Nu Htay

ကျမတို့ကမနက်၁၁နာရီလောက်မှာရောက်သွားတာဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့မတွေ့ လိုက်ရပါဘူး။ဒဂုံဆိပ်ကမ်းမြိုနယ်ဆီကိုစမ်းချောင်းကနေဗဟန်း၊ပုဇွန်တောင်၊ သာကေတမြို့ နယ်တွေကိုဖြတ်ပြီးသွားရင်သာကေတ ရွှေပုဇွန်စားသောက်ဆိုင်၊Capital Hypermarketကိုကျော်ပြီးရတနာလမ်းမကြီးအတိုင်းကားဆက်မောင်းလိုက်တဲ့အခါတိုင်းရင်းသားကျေးရွာကိုကျော်ပြီး၃မိနစ်လောက်ဆိုရတနာလမ်းမကြီးရဲ့ ညာဘက်အခြမ်းမှာတိုက်အစိမ်းရောင်ကြီးတွေဆင်တူဆောက်ထားတဲ့ရတနာနှင်းဆီအိမ်ရာကိုတွေ့ ရပါတယ်။သန်လျင်ဘက်အခြမ်းမဟုတ်လို့ သန်လျင်တံတားကိုဖြတ်စရာမလိုပါဘူး။ကျမတို့ ကတော့မြစ်ဖြတ်တံတားတစ်စင်းကိုမှမဖြတ်ခဲ့ပါဘူး။ရတနာနှင်းဆီဆိုတဲ့နာမည်က ရတနာလမ်းမကြီးဘေးမှာရှိလို့ ရတနာ၊နှင်းဆီဆိုတာကတော့ အားလုံးသိတဲ့ နှင်းဆီပန်းတွေပန်တတ်တဲ့ကျမတို့ ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုဂုဏ်ပြုတဲ့အနေနဲ့ ရတနာနှင်းဆီ လို့ အမည်ပေးထားတာလို့ ကြားခဲ့ပါတယ်။
အိမ်ရာဝင်းအတွင်းမှာတော့မြက်ခင်းတွေစိမ်းစိမ်းစိုစိုရှိတဲ့အပြင်တိုက်အမြင့်ကြီးတွေရဲ့ အရိပ်တွေထိုးကျနေတော့နေအေးပါတယ်။တိုက်တွေက ၁၈ထပ်အဆောက်အအုံတွေဖြစ်ပြီး၊ဓာတ်လှေကား၊ကားရပ်နားစခန်း၊ကလေးကစားကွင်း၊ကျန်းမာရေးအတွက်အားကစားလုပ်ဖို့ နေရာစသည်ဖြင့် အိမ်ရာဝင်းအတွင်းမှာစိမ်းစိမ်းစိုစိုနဲ့ မြေနေရာကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။
၁။အခန်းပုံစံနဲ့ ဈေးနှုန်း
ကွန်ဒိုအခန်းတွေကတော့ စတုရန်းပေ၆၀၀ပုံစံနဲ့ စတုရန်းပေ၁၂၀၀ပုံစံဆိုပြီး၂မျိုးရှိပါတယ်။တစ်စတုရန်းပေကိုကျပ်တစ်သိန်းနဲ့ ရောင်းတဲ့အတွက်စတုရန်းပေ၆၀၀အခန်းကိုသိန်းကျပ်၆၀၀၊စတုရန်းပေ၁၂၀၀အခန်းကိုကျပ်သိန်း၁၂၀၀ကျသင့်ပါမယ်။၂၀၁၇ခုနှစ်ဧပြီလ၁ရက်နေ့ မှာအခန်းအပ်ပြီးလူနေလို့ ရပြီလို့ ပြောပါတယ်။

၂။ငွေပေးချေမှုပုံစံ(အသေးစိတ်ကိုဓာတ်ပုံတင်ပေးထားပါတယ်)
plan A
အခန်းတန်ဖိုးရဲ့ ၂၀ရာခိုင်နှုန်းကိုလက်ငင်းပေးချေပြီးကျန်တဲ့ ၈၀ရာခိုင်နှုန်းကို ၁၂လအတွင်းအရစ်ကျပေးချေစနစ်နဲ့ ပေးချေရပါမယ်။၁၀၀ရာခိုင်နှုန်းပေးချေပြီးမှအခန်းအပ်ပြီးပိုင်ဆိုင်မှုအထောက်အထားတွေရပါမယ်။အခုဆိုရင် ပရိုမိုရှင်း အနေနဲ့ ၅ရာခိုင်နှုန်းလျှော့ပေးနေလို့  သိန်း၆၀၀တန်အခန်းကိုသိန်း ၅၇၀၊သိန်း ၁၂၀၀တန်အခန်းကို သိန်း၁၁၄၀နဲ့ ဝယ်ယူနိုင်ပါတယ်။

planB
ဒါကတော့အိုးအိမ်ဖွံ့ ဖြိုးမှုဘဏ်ကနေချေးငွေပုံစံနဲ့ ဝယ်ယူမှုဖြစ်ပါတယ်။အခန်းတန်ဖိုးရဲ့  ၃၀ရာခိုင်နှုန်းကို ၁၂လခွဲပြီးပေးသွင်းရပါမယ်(တစ်ခါတည်းအပြတ်သွင်းလိုက်လည်းရပါတယ်တဲ့)။၃၀ရာခိုင်နှုန်းပေးသွင်းပြီးရင်အခန်းမှာနေလို့ ရပါပြီ။ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ၈နှစ်၊၁၀နှစ်၊ကနေအများဆုံး၁၅နှစ်အထိ လစဉ်ပေးချေစနစ်နဲ့ ပေးရပါမယ်။(၅နှစ်၊၃နှစ်စသည်ဖြင့်ပေးချေမှုပုံစံကိုညှိနှိုင်းလို့ ရပါတယ်)ဒီပုံစံကတော့ ဘဏ်တိုး၁၁ရာခိုင်နှုန်းကိုထည့်တွက်ထားတဲ့ အတွက်ကြောင့် နှစ်ရှည်ပေးချေမှုစနစ်ကလက်ငင်းငွေချေစနစ်ထက်စာရင်နည်းနည်းများပါတယ်။ဒါပေမယ့်၅နှစ်လောက်ဆိုရင်တော့သိပ်မသိသာပါဘူး။

၃။အခြား
☝🏻တိုက်တွေပုံစံကတော့စင်ကာပူ၊ဂျပန်ကစုပေါင်းအိမ်ရာတွေပုံစံဖြစ်ပါတယ်။ဂျပန်ထက်စာရင်စင်ကာပူပုံစံနဲ့ တော်တော်တူပါတယ်။ဒီဇိုင်းကစင်ကာပူကဆွဲတာပါတဲ့။ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကပူးပေါင်းတည်ဆောက်တာပါ။

အိမ်ရာဝင်းထိပ်မှာတော့လုံခြုံရေးဂိတ်ရှိပါတယ်။

သိန်း၁၅၀၀လောက်ကို ၁နှစ်၊၂နှစ်အတွင်းပေးချေပြီးပုဂ္ဂလိကပိုင်ဆောက်လုပ်ရေးလုပ်ငန်းတွေကတည်ဆောက်တဲ့လှိုင်၊သင်္ကန်းကျွန်းစတဲ့လူစည်ကားပြီးရပ်ကွက်တွေကကွန်ဒိုတိုက်ခန်းတွေကိုဝယ်မလား၊
ဒါမှမဟုတ် သိန်း၇၀၀၊သိန်း၅၀၀လောက်နဲ့ ၂၀၀၀ပြည့်နှစ်လည်ပိုင်းလောက်မှာဆောက်ခဲ့တဲ့တိုက်ခန်းတွေကအခန်းတွေကိုဝယ်ထားမလား၊ဒါမှမဟုတ် ကိုယ်အဆင်ပြေတဲ့ပုံစံနဲ့ ငွေပေးချေပြီး၂၀၁၆ခုနှစ်လက်ရှိအချိန်မှာတော့လူသိပ်ပြီးမစည်ကားသေးတဲ့ ဒဂုံဆိပ်ကမ်းမြို့ နယ်ကရတနာနှင်းဆီလိုအဆင့်မြင့်အိမ်ရာတွေကိုဝယ်မလားဆိုတာကတော့ကြိုက်သလိုဆုံးဖြတ်ကြပါ။
ကျမကပွဲစားမဟုတ်သလို၊ကြော်ငြာတာလည်းမဟုတ်ပါဘူး။ကျမသွားကြည့်ဖြစ်ခဲ့တဲ့အိမ်ရာအကြောင်းကိုပြည်ပကသူငယ်ချင်းတွေလည်းသိရအောင်ကြားခဲ့ရသမျှကိုမျှဝေပေးတာပါ။သူငယ်ချင်းတို့ လည်းသိထားတာလေးတွေရှိရင်ပြောပြကြပါနော်။ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာစီမံကိန်းဖွင့်ပွဲအခမ်းအနားနဲ့ သတင်းတွေကိုတော့ Comment မှာတွဲတင်ပေးထားပါတယ်။
.
////////////
////////////
မှတ်ချက်
အရမ်းကောင်းလို့ ရှယ်ပြီးပါပြီ. .
အရမ်းကောင်းလို့ ရှယ်ပြီးပါပြီ. .
မကြာခင် ၂၀၁၇ မှာ ရန်ကုန်မြို့သစ် မြေကွက်များစွာ လုံးခြင်း /တိုက်တန်းများစွာ ပေါ်လာတော့မှာပါ။
.
၁။ ကုမဏီများ ဆောက်ပြီးသား လုံးခြင်းတိုက်တွေ
.
၁။ ကုမဏီများ ဆောက်ပြီးသား လုံးခြင်းတိုက်တွေ
၂။ ကိုယ်စိတ်ကြိုက် ဆောက်ပေးတာတွေ . .
မိမိတို့ တိုက်အိမ်တလုံး ၆၀၀ စတုရန်းပေ ဆိုရင် 1sqft = kyat 15000 to 20000 ဈေးနဲ့ ၃လအတွင်း ဆောက်ပေးနိုင်ပါတယ်။ သိန်း၉၀ ကနေ သိန်း၁၂၀ အလွန်ဆုံး ကုန်ပါမယ်။ သုံးတဲ့ပစ္စည်းက စင်ကာပူ ကွာလတီ အတိုင်းဆိုရင် အနည်းငယ်ပိုကုန်မယ်လေ
.
အရစ်ကျချေးငွေနဲ့ မြေဝယ်အိမ်ဆောက်လိုသူများ
ကံကောင်းပါစေ။
.
အရစ်ကျချေးငွေနဲ့ မြေဝယ်အိမ်ဆောက်လိုသူများ
ကံကောင်းပါစေ။
M Zaw Aung shared Htet Htet Nu Htay's post.
December 28, 2016
link
https://www.facebook.com/groups/252302281624404/?fref=nf
link
https://www.facebook.com/groups/252302281624404/?fref=nf
No comments:
Post a Comment