Showing posts with label Edu-Health.ပညာရေး. Show all posts
Showing posts with label Edu-Health.ပညာရေး. Show all posts

Thursday, May 7, 2020

အာစီယံနိုင်ငံများမှာ အထူးစံပြ နိုင်ငံကတော့ ဗီယက်နမ် ဖြစ်ပါတယ်။

Covit19 ASEAN. မေလ ၅ ရက်၊ ၆ ရက်၊ ၂၀၂၀
covid19.osinthk.org

မလေးရှားကတော့ သိသိသာသာ ကျဆင်းနေပါပြီ။ နှစ်ရက်ပေါင်းတောင် ပိုးတွေ့လူနာသစ်က ၇၅ ယောက်ပဲရှိပါတော့တယ်။ စင်ကာပူကတော့ ၆၀၀၊ ၇၀၀၊ ၈၀၀ တွေ့ရှိနေဆဲပါ။ ၆ ရက်နေ့မှာပဲ စင်ကာပူမှာ ရောဂါပိုးကူးစက်ခံရသူ ၂၀၀၀၀ ကျော်သွားခဲ့ပါပြီ။ COVID-19 ကြောင့် သေဆုံးသူစုစုပေါင်းကတော့ အင်ဒိုနီးရှားမှာ ၈၉၅ ဦးနဲ့ အမြင့်ဆုံးဖြစ်နေပါတယ်။ ကူးစက်မှုနှုန်းကလည်း နှစ်ရက်ပေါင်း ၈၅၁ ယောက်ဖြစ်ပြီး တစ်ရက် ပျမ်းမျှ ၄၀၀ ကျော်ဖြစ်လာတဲ့ အတွက် တက်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဖိလစ်ပိုင်ကတော့ နှစ်ရက်ပေါင်း ပိုးတွေ့လူနာသစ် ၅၁၉ ယောက်ဖြစ်ပါတယ်။ တစ်ရက်ပျမ်းမျှ ၂၅၀ ကျော် ဖြစ်ပါတယ်။ နေ့စဉ် ၂၀၀ နဲ့ ၃၀၀ ကြားမှာ လည်ပတ်နေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှ ထိပ်ဆုံး ကူးစက်မှု ခံနေရတဲ့ နိုင်ငံကတော့ ယခင်နေ့တွေအတိုင်း စင်ကာပူ၊ အင်ဒို၊ ဖိလစ်ပိုင်နဲ့ မလေးရှားဖြစ်နေဆဲပါပဲ။

ထိုင်းနိုင်ငံကတော့ အောင်ပွဲရပြီလို့ ဆိုရမလား စောင့်ကြည့်ရတော့မယ့် အခြေအနေပါ နှစ်ရက်လုံးလုံး တစ်ရက်ကို ၁ ယောက်ပဲ တွေ့ပါတယ်။ ရှေ့တစ်ရက်ပဲ ၁၈ ယောက်ဖြစ်သွားပြီး ချက်ခြင်း ပြန်ကျသွားပါတယ်။ ဘရူနှိုင်းကတော့ ၁ ယောက်ထပ်တွေ့ပြီး စုစုပေါင်း ၁၃၉ ယောက် ဖြစ်သွားပါပြီ။ မြန်မာကတော့ ၂ ရက်တာကာလမှာ ပိုးတွေ့လူနာသစ်မရှိပါဘူး။

ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုကတော့ ပိုးတွေ့လူနာသစ် မရှိပါ။

သတင်းအနှစ်ချုပ်

စင်ကာပူ

- ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆလင်အတွဲ ၂၀၀ နီးပါးဟာ ထိမ်းမြားမင်္ဂလာပွဲတွေကို ရွေ့ဆိုင်းခဲ့ရပါတယ်။ ယခင်ကတော့ မူစလင်ဥပဒေအရ လက်ထပ်ဖို့အတွက် လူချင်းရှိနေဖို့ မှတ်ပုံတင်ပေးသူ အခမ်းအနားမှူးရဲ့ ရှေ့မှောက်မှာ ရှိနေဖို့ လိုအပ်ပါတယ်။ အဲ့ဒါတွေကို အဆင်ပြေအောင် ဒီ COVID-19 ကူးစက်မှု ကာလအတွင်းမှာ ဗီဒီယိုကတစ်ဆင့် ထိမ်းမြားမင်္ဂလာပြုလို့ရကြောင်း၊ လက်ထပ်မှတ်ပုံတင်လို့ရကြောင်း ဥပဒေကြမ်းတစ်ခုကို တင်သွင်းထားပါတယ်။

- Inter-agency Task Force (ITF) ဟာ နိုင်ငံခြားသားလုပ်သားရဲ့ နေထိုင်တဲ့ နေရာဟာ လုံခြုံတဲ့ အကွာအဝေးအစီအမံကို လိုက်နာမှုရှိမရှိ လက်ခံနိုင်ဖွယ် ရှိမရှိဆိုတာကို သေချာစေဖို့အတွက် လိုက်လံစစ်ဆေးနေပါတယ်။ နိုင်ငံခြားသားလုပ်သားတွေ နေထိုင်တဲ့ နေထိုင်ရာအမျိုးအစားအသီးသီးဟာ လုံခြုံတဲ့ အကွာအဝေးအစီအမံကို လိုက်နာကျင့်သုံးလျက်ရှိကြောင်း Forward Assurance and Support Teams (FAST) မှ တွေ့ရှိခဲ့ပါတယ်။

- စင်ကာပူမှာ COVID-19 ကပ်ရောဂါကြောင့် အိမ်ခြံမြေနဲ့ ပတ်သက်ပြီး ယာယီကယ်ဆယ်ရေး အစီအမံတွေကို ချမှတ် ဆောင်ရွက်နေပါတယ်။ အသေးစိတ်ကိုတော့ အောက်က လင့်မှာ ကြည့်နိုင်ပါတယ်။
https://www.mnd.gov.sg/newsroom/press-releases/view/temporary-relief-measures-for-property-sector-due-to-coronavirus-disease-2019-(covid-19)-pandemic

- Enterprise Singapore ဟာ လုပ်ငန်းခွင်မှာ လုံခြုံတဲ့ အကွာအဝေးအစီအမံကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ (၂) ခုကို ဒဏ်ငွေ ဒေါ်လာ (၁၀၀၀) စီ ချမှတ်ခဲ့ပါတယ်။

- Enterprise Singapore ဟာ အီးကောမက် တိုးမြှင့်ရေးမှာ အစီအမံကို တိုးချဲ့လိုက်ပါတယ်။ သုံးလတာ ဒစ်ဂျစ်တယ် မားကက်တင်း အကြံပေးဝန်ဆောင်မှုတွေကို ၉၀ ရာနှုန်းအထိ အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ ရေရှည်တည်တံ့တဲ့ ဒစ်ဂျစ်တယ်မားကက်တင်းအတွက် အခြေခံတွေကို တည်ဆောက်ဖို့ လိုအပ်တဲ့ အဖွဲ့တွင်း စွမ်းဆောင်ရေတည်ဆောက်ဖို့ လူ့စွမ်းအားရင်းမြစ်ကူညီမှာ ဖြစ်ပါတယ်။

- Emerging Stronger Taskforce (EST) ဟာလည်း COVID-19 အလွန်ကာလ စီးပွားရေးအတွက် (၁) COVID-19 ကြောင့် ဖြစ်သွားတဲ့ စနစ်အရွေ့အပြောင်းကို လေ့လာသုံးသပ်သတ်မှတ်ခြင်း (၂) အဲ့အရွေ့တွေဟာ စင်ကာပူစီးပွားရေးကို ဘယ်လို သက်ရောက်မှုရှိစေပြီး အဲ့သက်ရောက်မှုကို အခွင့်အလန်းနဲ့ စိန်ခေါ်မှုတွေအဖြစ် ဘယ်လို ပြောင်းလဲယူဆလို့ရမလဲဆိုတာကို ဆန်းစစ်ခြင်း (၃) FUTURE ECONOMY COUNCIL (FEC) ကို COVID-19 အလွန်ကာလမှာ စင်ကာပူဟာ ဘယ်လို ပြန်လည်နိုးထမလဲ၊ စိတ်ကူးအသစ်တွေ ဘယ်လို ကွန့်မြူးမလဲ၊ စီးပွားရေးဗျူဟာတွေကို ဘယ်လို ပြန်စတင်မလဲ၊ စီးပွားရေးအရ ခံနိုင်ရည်ကောင်းအောင် ဘယ်လို နေထိုင်မလဲ၊ သက်ဝင်လှုပ်ရှားမှု ရင်းမြစ်သစ်ကို ဘယ်လို တည်ဆောက်မလဲဆိုတာကို အကြံပေးခြင်း စတဲ့ အဓိက လုပ်ငန်း (၃) ရပ်ကို အာရုံထား လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား

- အင်ဒိုနီးရှားဟာ လူဦးရေ ထူထပ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အခုဆိုရင် အင်ဒိုနီးရှားဟာ အစားအသောက် ဖူလုံရေး ပြဿနာ ကြုံနေရပါပြီ။ COVID-19 အကြပ်အတည်းကာလ မတိုင်ခင်က အင်ဒိုနီးရှားရဲ့ အစားအသောက်ဖူလုံရေးဟာ အဓိက စားသောက်သွင်းကုန်တွေအပေါ်ကို မူတည်နေပါတယ်။ အခုလို စီးပွားရေး၊ ကျန်းမာရေး အကျပ်အတည်းကာလမှာ အစားအသောက်ဖူလုံရေး ပြဿနာ ဖြစ်လာတာဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

- အင်ဒိုနီးရှားဟာ ကျွန်းစုတွေမှာ ကပ်ရောဂါပျံ့နှံ့မှုနှုန်းအမှန်ကို ပိုမိုရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့အတွက် ဓာတ်ခွဲစမ်းသပ်နိုင်စွမ်းကို မြှင့်တင်ဖို့ ကြိုးပမ်းနေရာတဲ့ ကြားကနေ တိုင်းပြည်တစ်ပြည်လုံးမှာ ရှိတဲ့ အတည်ပြုလူနာနဲ့ ဖြစ်နိုင်တဲ့ လူနာတွေနဲ့ ပတ်သက်တဲ့ ခြုံငုံအချက်အလက်တွေကို ဧပြီလ အစောပိုင်း WHO က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစံနှုန်းတွေနဲ့အညီ ပြန်လည် သုံးသပ်ပြင်ဆင်သွားဖို့ ရှိပါတယ်။

ဖိလစ်ပိုင်

- ဖိလစ်ပိုင်ကတော့ အခြေအနေတိုးတက်လာပြီလို့ ဆိုပါတယ်။ နှစ်ပတ်တာကာလအတွင်း စီရင်စုနယ်မြေ ၄၁ ခုမှာ ပိုးတွေ့လူနာသစ်မရှိပါဘူး။ COVID-19 လူနာသစ်တွေ့ရှိနှုန်းနဲ့ သေနှုန်းနှစ်ဆတိုးကြာချိန်နဲ့ ချိန်ညှိပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ပိုးတွေ့လူနာသစ် နှစ်ဆတိုးကြာချိန်ဟာ ကပ်ရောဂါစတင်ပျံ့နှံ့ချိန်ကထက်စာရင် ထူးထူးခြားခြား လျော့ကျသွားပါတယ်။ သေနှုန်းနှစ်ဆတိုးကြာချိန်ကလည်း ယခင် ၃ ရက်ကနေ ၇ ရက်ထိဖြစ်လာပါပြီ။

- ဖိလစ်ပိုင်က ကက်သလစ်ဘုရားကျောင်းတွေဟာ နှစ်လလောက် ပိတ်ထားရာကနေ ပြန်ဖွင့်ချင်နေကြပါပြီ။ အစိုးရဟာ တစ်ချို့ကို ဖြေလျှော့ပေးထားပေမယ့် ဘာသာရေးဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ ဘုရားရှိခိုးကျောင်းတွေကိုတော့ ဖွင့်ခွင့် မပေးသေးပါဘူး။ ဘာသာရေးဝန်ဆောင်မှုတွေဟာ အရေးကြီးတဲ့ ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ဝန်ဆောင်မှုတွေကို ခွင့်ပြုဖို့ စဉ်းစားမယ်ဆိုရင် ဘာသာရေးဝန်ဆောင်မှုတွေ၊ ဘုရားရှိခိုးကျောင်းတွေဟာလည်း အခက်အခဲကြုံတဲ့ အချိန်မှာ ရင်ဆိုင်နိုင်ဖို့ ခွန်အားကို ပေးစွမ်းနိုင်တဲ့အတွက် အရေးကြီးတဲ့ ဝန်ဆောင်မှုဖြစ်တယ်လို့ ခရစ်ယာန်ဘုန်းကြီးတစ်ပါးက ဆိုခဲ့ပါတယ်။

- တိုင်းပြည်ထဲက အတည်ပြုလူနာ ၁၀၀ ကျော်ဟာ ဂျပန်နိုင်ငံက လာတဲ့ Avigan ဆေးကို ဒီကူးစက်မြန်ရောဂါကုသရာမှာ စမ်းသပ်ဆေးဝါးအဖြစ် ပေးထားတယ်လို့ ဖိလစ်ပိုင်ကျန်းမာရေးဦးစီးဌာနက ဆိုပါထားပါတယ်။

-  ၅ ရက်နေ့မှာတော့ ဖိလစ်ပိုင်ရဲ့ ဓာတ်ခွဲစမ်းသပ်နိုင်စွမ်းကို ထပ်မြှင့်ပေးမယ့် Palacio de Maynila Tent စမ်းသပ်စင်တာအသစ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဲ့ဒီစင်တာဟာ တစ်နေ့ကို နမူနာ ၅၀၀၀ လောက်ကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီစင်တာဟာ မိခင်နိုင်ငံထဲ ပြန်လာတဲ့ ဖိလစ်ပိုင်နိုင်ငံသား နိုင်ငံခြားသွားလုပ်သား ၂၀၀၀၀ ခန့်ကို ၆ ရက်နေ့က စတင်ပြီး ဓာတ်ခွဲစမ်းသပ်မှာ ဖြစ်ပါတယ်။

- ၆ ရက်နေ့မှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ Enderun CollegesinTaguigCity ထဲက နောက်ထပ် ဓာတ်ခွဲစမ်းသပ်စင်တာကြီးကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲ့ဒီစင်တာကတော့ တစ်ရက်ကို ၁၀၀၀ ကနေ ၁၅၀၀ လောက်ထိ နေ့စဉ်စမ်းသပ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

မလေးရှား

- မလေးရှားမှာ သွားလာကန့်သတ်စင်တာကနေ ထွက်ပြေးသွားတာ ၁၄၇ ယောက်ရှိပါတယ်။ အဲ့ဒီထွက်ပြေးသွားသူအများစု ဆောက်လုပ်ရေးကဏ္ဍက ဖြစ်ကြပါတယ်။ သူတို့တွေရဲ့ ဓာတ်ခွဲစမ်းသပ်အဖြေကတော့ ပိုးမတွေ့ရှိ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ် ၁၄ ရက် အသွားအလာကန့်သတ် နေထိုင်ရဦးမှာ ဖြစ်ပါတယ်။

- မလေးရှားဟာ ပြည်နယ်အကြား အသွားအလာ ကန့်သတ်ထားပါတယ်။ ၅ ရက်နေ့မှာ ပြည်နယ်အကြား သွားလာခွင့် (၄) ရက်ပေးကြောင်း ကြေညာခဲ့ပါတယ်။ ၇ - ၁၀ ရက်နေ့မှာ သွားလာနိုင်မှာ ဖြစ်ပါတယ်။ အဓိကရည်ရွယ်တာကတော့ တစ်ခြားပြည်နယ်တွေမှာ ပိတ်မိနေတဲ့ သူတွေ ကိုယ့်အိမ် ကိုယ်ပြန်နိုင်စေဖို့ ဖြစ်ပါတယ်။ အဲ့ဒီ (၄) ရက်ပြီးရင်တော့ သွားလာခွင့် ပြန်ပိတ်သွားမှာ ဖြစ်ပါတယ်။

ထိုင်း

- ထိုင်းမှာ လုပ်နေတဲ့ ကာကွယ်ဆေး စမ်းသပ်တာကတော့ တိုးတက်မှု တစ်ချို့ရှိနေပါတယ်။ ထိုင်းသုတေသနအဖွဲ့ဟာ ကြွက်ကို ထိုးပြီး စမ်းသပ်တဲ့ အချိန်မှာ ကြွက်မှာတော့ ပိုးကို တိုက်ထုတ်တဲ့ ပဋိပစ္စည်းတွေ ထွက်လာတာကို တွေ့ရပါတယ်။ နောက်တစ်ဆင့်အနေနဲ့ လူတွေမှာလည်း ကြွက်တွေလို ကိုယ်ခံအားစနစ်က ပဋိပစ္စည်းတွေ ထွက်လာမလားဆိုတာ စမ်းသပ်ကြည့်မှာ ဖြစ်ပါတယ်။

မြန်မာ

- COVID-19 ရောဂါ ရှာဖွေဖို့အတွက် တပ်မတော်ဆေးရုံတွေမှာ ရှိတဲ့ COBAS 6800 စက်နှစ်လုံးကိုပါ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ၄င်းစက်ဟာ စမ်းသပ်မှုကို အစအဆုံး အလိုအလျောက် ဆောင်ရွက်ပါတယ်။ တစ်ရက်မှာ နမူနာ (၁၄၀၀) ခန့် စစ်ဆေးနိုင်ပါတယ်။

- တပ်မတော်မှ စစ်သည်တစ်ဦးတွင် ပိုးတွေ့ရှိခဲ့ပြီးနောက် ၄င်းနဲ့ အနီးကပ် ထိတွေ့သူ (၃၆၃) ဦးကို ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ တစ်ဦးတွင်မှ ပိုး မတွေ့ရှိခဲ့ပါ။ ပိုးကူးစက်တဲ့ ရင်းမြစ်ကို ရှာမတွေ့ပါ။ ထို့ကြောင့် ထိုရင်းမြစ်မှ ထပ်မံ ကူးစက်နေနိုင်ပါသေးသည်။

- မေလ (၁) ရက်မှ (၁၅) ရက်အထိ မီတာခ ယူနစ် (၇၅) အထိကို ဆက်လက် အခမဲ့ ပေးသွားမှာ ဖြစ်ပါတယ်။

- တရုတ်ပြည်ကနေ ရွေ့ပြောင်းလုပ်သားပေါင်း ၁၅၀၀၀ လောက် ပြန်လာဖို့ ရှိတာကို မြန်မာပြည်က လက်ခံလာတာ စုစုပေါင်း ၄ ရက်နေ့အထိ ၅၀၀၀ ကျော် ရှိလာခဲ့ပါပြီ။ လွယ်ဂျယ်ဘက်ကနေ ပုံမှန် ၂၀၀ ဝန်းကျင်လောက်က နေ့စဉ်ဝင်လာပြီး ကန်ပိုင်တီဘက်ကနေ ဆယ်လေး ငါးယောက်ဝင်တော့ တစ်ဖြည်းဖြည်းနဲ့ ၁၅၀၀၀ ကို ရောက်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

- ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အခက်အခဲကြုံနေတဲ့ မြန်မာ (၁၃၅) ယောက်ကို MAI ကယ်ဆယ်ရေး လေယာဉ်နဲ့ သွားရောက်ခေါ်ဆောင်လာခဲ့ပြီး (၆) ရက်နေ့ ည (၈) နာရီမှာ ရန်ကုန် လေဆိပ်ကို အောင်မြင်စွာ ရောက်ရှိလာခဲ့ပါတယ်။

- မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာအများဆုံး အင်းစိန်မြို့၊ တောင်သူကုန်းရပ်ကွက်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ကြို့ကုန်းအနောက်ရပ်ကွက်နှင့် ရွာမအရှေ့ရပ်ကွက်များရှိ လူဦးရေ ၅၀၀၀၀ ဝန်းကျင်ခန့်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးစစ်တမ်းကောက်ယူခဲ့ပါတယ်။ (၃) ဦးကို ဆေးရုံသို့ ပို့ဆောင် ကုသမှု ခံယူစေခဲ့ပြီး ၁၆ ဦးကို လှိုင်သွားလာကန့်သတ်စင်တာသို့ ပို့ပြီး အသွားအလာကန့်သတ်ထားခဲ့ပါတယ်။

- မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကလည်း သတင်းမီဒီယာသမားများအတွက် COVID ရန်ပုံငွေ ထူထောင်ထားပါတယ်။ သတင်းလိုက်ရင်း သွားလာကန့်သတ်ခံရခြင်း၊ COVID-19 ကူးစက်ခံရခြင်း ရှိပါက တစ်ဦးလျှင် ကျပ် (၂) သိန်း ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ သိန်း (၁၀၀) မတည်ထားပါတယ်။

- ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၂၆၀၀၀ ကျော်ဟာ သံရုံးကို စာရင်းသွင်းပြီး ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြပါတယ်။ ထိုင်းအစိုးရဟာ စီရင်စုနယ်မြေကြားဖြတ်သန်းသွားလာကို COVID-19 ကူးစက်မှု လျော့ချရေးအတွက် ပိတ်ပင်ထားပါတယ်။

- ၂၀၂၀ မြန်မာရွေးကောက်ပွဲကိုတော့ ဒီ COVID-19 ကူးစက်ပျံ့နှံ့မှုကြားကနေ ဖြစ်အောင် လုပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အရာရှိတစ်ဦးက ပြောကြားထားပါတယ်။ လူအများက ရွေးဆိုင်းလိမ့်မယ်လို့ ခန့်မှန်းထားချိန်မှာ ကျင်းပမယ်လို့ ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်

- ပြည်တွင်းကူးစက်မှု မရှိတာ စုစုပေါင်း (၂၁) ရက်ရှိသွားခဲ့ပါပြီ။ ၂၇၁ ယောက်နဲ့ ကူးစက်မှု ရပ်တန့်သွားခဲ့ပြီလို့ ယူဆလို့ ရသွားပါပြီ။ COVID-19 ကို အောင်ပွဲခံနိုင်ပြီလို့ ဆိုလို့ရတဲ့ အဆင့်ကို ရောက်ရှိလာပါပြီ။ "အသစ်ပုံမှန်နေထိုင်ခြင်း" လို့ ဆိုလို့ရတဲ့ အနေအထားတစ်ရပ်ကို တစ်ဖြည်းဖြည်း ရောက်ရှိလာပါပြီ။

လာအို

- ပိုးတွေ့လူနာသစ် မရှိတာ ၂၃ ရက်ကြာပြီးသွားချိန်မှာ လာအိုဟာ စီးပွားရေးလုပ်ငန်းတွေကို သတ်မှတ်ညွှန်ကြားချက်များနဲ့ အညီ ဖွင့်လှစ်ခွင့်ပြုလိုက်ပါပြီ။ ပြန်ဖွင့်ပြီးနောက်ပိုင်း ဘယ်လို အခြေအနေဖြစ်လာမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား

- စက်ရုံ (၁၈၀) လောက်ကို COVID-19 ရဲ့ သက်ရောက်မှုကြောင့် ဆိုင်းငံထားလိုက်ရပါတယ်။ အလုပ်သမားပေါင်း ၁၅၀၀၀၀ လောက် အလုပ်လက်မဲ့ ဖြစ်သွားကြပါပြီ။ ဒါ့အပြင် သူတို့ကို မှီခိုနေတဲ့ မိသားစုဝင်ပေါင်း ၂ သန်းလောက်ကိုလည်း ထိခိုက်တာ အသေအချာပါပဲ။ ဒီရက်မှာတော့ ကမ္ဘောဒီးယားအတွက် အဆိုးဝါးဆုံး အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။

ဘရူနှိုင်း

- ဘရူနှိုင်းကတော့ (၁၆) ရက် ပိုးမတွေ့ရှိရာကနေ တစ်နိုင်ငံလုံး စောင့်ကြပ်စစ်ဆေးခြင်းကနေ ပိုးရှိသူ တစ်ဦးထွက်ပေါ်လာခဲ့ပါတယ်။ အနီးကပ် ထိတွေ့သူတွေကိုတော့ ဆက်လိုက် လိုက်လံ စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။

စုစည်းတင်ပြသူ

ASK
.
.
သုံးသပ်ရရင်
.
အာစီယံနိုင်ငံများမှာ အထူးစံပြ နိုင်ငံကတော့ ဗီယက်နမ် ဖြစ်ပါတယ်။ နောက်တစ်နိုင်ငံကတော့ စင်ကာပူ ဖြစ်တယ်။ ပိုးတွေ့လူနာ အမြောက်များ (၂သောင်းကျော်) အများဆုံး ဖြစ်ပေမဲ့ သေနှုန်း အလွန် နည်း ပါတယ်။ ဆေးကုသမှု အထူးကောင်းမွန်ပြီး မြန်မာ ၁၀၀ကျော် ပိုးတွေ့ ကုသနိုင်ပါတယ်။ ထိုင်းနိုင်ငံကလည်း ထိန်းထားနိုင်ပြီး ထိုင်းပြန် မြန်မာသိန်းချီ Q ထားပေမဲ့ (လူငယ်အများစု) ရောဂါ လက်ခဏာ ပြသူ နည်းပါတယ်။ မြန်မာက Test  မလုပ်နိုင်လို့ ပိုးတွေ့ ၁၆၀ ဦးနဲ့ အနည်းဆုံး ဖြစ်တယ်။ .. အခု အာစီယံ နိုင်ငံများ ကြိုးစားနေတာက ကိုရိုနာကို ထိန်းထားပြီး လုပ်ငန်းခွင်နဲ့ကျောင်းတွေ သတိကြီးစွာ ပြန် ဖွင့်လစ်ဖို့ ဖြစ်တယ်။
.
.သက်ကြီးသူများ ၆၀ကျော် များအနီး လူများ ခပ်ခွာခွာ ကြိုးစားနေရပါမယ်။
.
လူငယ်များ ရောဂါ ခုခံအားကောင်းပြီး ပိုးတွေ့ရင်တောင်မှ လက်ခဏာမပြကြပါ။ မြန်မာပြည် ပိုးတွေ့ 160 ဦးမှာ 58%  လက်ခဏာ မပြ ကျန်းမာကြတယ်။ တလ အကြာ ပိုးမတွေ့ ဆေးရုံဆင်းသွားကြပါတယ်။
.
 မြန်မာပြည်မှာ ရန်ကုန်လူထု စည်းကမ်းလိုက်နာကြဖို့ (အထူးသဖြင့် ဗီယက်နမ်လို mask တပ်ဆင်ကြဖို့) လျို့ဆော် နေပါတယ်။
.
M Zaw Aung
6-5-2020

.
Cred>>.
https://m.facebook.com/story.php?story_fbid=124485179223739&id=101504571521800
.
Origin Link
https://covid19.osinthk.org/my/



ကိုရိုနာကုသဆေး အမေရိကန် (USA Gilead)

ကိုရိုနာကုသဆေး အမေရိကန် (USA Gilead)
သမ္မတ ထရန့်က Remdesivir ဆေးကို FDA Approve ဖြစ်စေပြီး ခွင့်ပြုလိုက်ပါပြီ။

အိန္နိယ ကိုဗစ်ကာကွယ်ဆေး
ဆီရမ် အင်စတီကျု (အိန္နယ) မှ ကိုဗစ်ကာကွယ် ဆေး အား အ​မြောက် အမြား ထုတ်လုပ်တော့မည် ဖြစ်သည်။ စက်တင်ဘာလ တွင် သန်း ၄၀-၅၀ အထိ ထွက်ရှိလာမည် ဖြစ်သည်။ ChAdOx1 nCoV-19 ဆေးကို အောက်စဖို့ တက္ကသိုလ်ကြီးရှိ ဂျင်နာ အင်စတီကျုမှ ဖေါ်စပ်ထားပါတယ်။ အရေးပေါ် လိုအပ်ချက်အရ လူများအပေါ် စမ်းသပ် ရလဒ် မစောင့်တော့ပဲ ငွေ $80 သန်း စွန့်စား ထုတ်လုပ် ခြင်း ဖြစ်တယ်။ မျောက် များနဲ့ စမ်းသပ်တာ အောင်မြင်ပါတယ်။

ဂျပန် Avigan
အာဖရိကတိုက် မှာ လူအသေပျောက်များလှတဲ့ အီဘိုလာဗိုင်းရပ်စ် အတွက် ကာကွယ်ဆေး ဖြစ်တယ်။ ဂျပန် ကုမဏီ Fujifilm Group က သုတေသနပြုလုပ်ပြီး လူနာများနဲ့စမ်းသပ်အောင်မြင်လို့ ဂျပန် FDA နဲ့ နိုင်ငံတကာက ၂၀၁၄ မှာ လက်ခံသုံးစွဲ နေတဲ့ ဆေးဖြစ်ပါတယ်။ ရှိနေတဲ့ ဆေးများကို လူနာ ဘေးမ​ဖြစ်အောင် သုံးစွဲရင်း Avigan ဆေးကို ဂျပန်နိုင်ငံ ဆေးရုံများက သုံးစွဲတာ အတိုင်းတာ တစ်ခုထိ အောင်မြင်ပါတယ်။ တောင်ကိုးရီးယား နဲ့ အခြား နိုင်ငံ များက သုံးဖို့ ကြိုးစားပေမဲ့ မအောင်မြင်သေးပါ။  ဂျပန် ဖူဂျီအုပ်စု .ကတော့ ဆင်းရဲတဲ့ နိုင်ငံများကို အခမဲ့နဲ့ အသက်သာဆုံး ကူညီမယ် ကြေငြာပါတယ်။ ..

BCG (တီဗွီ) ကာကွယ်​ဆေး
အိန္နိယ ပညာရှင်များက BCG ကာကွယ်ဆေး ထိုးထားတဲ့ မဖွံဖြိုးနိုင်ငံများမှာ ရောဂါ နည်းပါးပြီး၊ ချမ်းသာ အဲကွန်းနဲ့နေထိုင်တဲ့ အမေရိကန်၊ ဉရောပနိုင်ငံများ မှာ အကြီးအကျယ် ကူးစက်နေတာကို ဆန်းစစ် ရင်း BCG ကာကွယ်ဆေး ကို သုတေသန ပြုပါတယ်။  ကလေးများမွေးစက BCG ထိုးတဲ့နိုင်ငံများမှာ အဆုတ်ယောင် (တီဗွီရောဂါ TB ကျူဘာကလိုးစစ်) ကာကွယ်ဆေး ကို 1921 က စတင် ခဲ့ပါတယ်။ နောက်ပိုင်း တိုးတက်တဲ့ ဉရောပ နိုင်ငံများက 1945 နောက်ပိုင်း သူတို့နိုင်ငံမှာ BCG ဆေးထိုးဖို့ မလိုတော့ဘူး ဆိုပြီး ရပ်လိုက်ပါတယ်။ ယခု ကိုရိုနာ အဆုတ်ယောင် ရောဂါသယ်များ BCG မထိုးထားသူများတယ် ဆိုလာ ပါတယ်။ ဒါကြောင့် ဆက်လက် BCG သုတေသန လုပ်ဖို့ ကျန်းမာရေးဝန်ထမ်းများ  နယ်သာလန်မှာ 1000, အော်စတြေလျားမှာ 4170, အီဂျစ်မှာ 900, အမေရိကန် ဘော်စတွန်/ဟူစတန် မှာ 700 စသဖြင့် ဆက်လက်လုပ်ဆောင် နေပါတယ်။

ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေတဲ့ ကုမဏီကြီးများ နဲ့ အမေရိကန် FDA စမ်းသတ်ခွင့်ပြု စာရင်းများကို အင်တာနက်မှာ ပွင့်လင်းစွာ တွေ့နိုင်ပါတယ်။ AMGN, BioNet & Pfizer, CialciMedica, CytoDyn, Gilead, GSK, Inovia, Johnson & Johnson စသဖြင့် အမြောက်အများ အမေရိကန် အစိုးရ စမ်းသပ်ခွင်ပြုတဲ့ ဝက်ဆိုက် www.clinicaltrials.gov မှာ ကြည့်နိုင်ပါတယ်။ Wikipedia : Google တွေမှာ Corona Vaccine နှိပ်ပြီး စိတ်ဝင်စားသူများ ရှာနိုင်ပါတယ်။
.

.
Gilead Science ကုမဏီရဲ့ Remdesivir

လက်ရှိ ကိုရိုနာ ကုသရေး မှာ ရှေ့ဆုံးရောက်နေတဲ့ ကုမဏီနဲ့ သူတို့ထုတ်တဲ့ Remdesivir ဆေးအကြောင်း လူတွေစိတ်ဝင်စားကြပါတယ်။ ဧရာမ အမေရိကန် ဆေးဝါး ကုမဏီကြီးဖြစ်ပြီး ပိုင်ဆိုင်မှု  US$ 61 billion, Revenue US$22 billion (2019) ဖြစ်တယ်။ ဝန်ထမ်းပေါင်း 11800 ဉီး ရှိပါတယ်။ ငွေအား သာမက နည်းပညာ မူပိုင်ခွင့် များစွာ ပိုင်ဆိုင်ပါတယ်။

ဝူဟန်ဗိုင်းရပ်စ် ပေါ်တာနဲ့ တရုပ်ပြည်က Wuhan Institute of Virology ဗိုင်းရပ်စ် သုတေသနနဲ့ ပူးပေါင်းပြီး ဆေးဝါး တီထွင်ပါတယ်။ မူပိုင်ခွင့် ပြုလုပ်ပြီး. ရောဂါ အသဲအသန်လူနာများကို ဝူဟန်မှာ သူတို့ ဖေိာထုတ်တဲ့ Remdesivir ဆေးကို စမ်းသပ်ခွင့် ရရှိပါတယ်။ တရုပ်အစိုးရ ခွင့်ပြုအောင် ဝူဟန်ဗိုင်းရပ်စ် သုတေသန အဖွဲ့ကပဲ လျှောက်လွှာတင်ပါတယ်။ အမေရိကန်မှာ မူပိုင်ခွင် နှစ်၂၀ ရယူထားပြီး Ophan Drug အဖြစ် မှတ်ပုံတင်ထားတာပါ။ Ophan Drug ဆိုတာ လူနာရှားပါးတဲ့ ရောဂါမျိုး အတွက် တီထွင်တဲ့ ကုမဏီတွေကို အခွန်လျှော့ခြင်း အပါဝင်၊ နှစ်ရှည်မူပိုင်ခွင့်၊ လူနဲ့စမ်းသပ်ရာမှာ Phase 3 အဆင့်ဆို လူ1000 မလိုတော့ပါဘူး။ FDA Approve ဖြစ်ဖို့ အစိုးရက အများကြီး ဖြေရှော့ပေးတါပါ။ ဝိုင်းဝန်းကန့်ကွက်ကြလို့ အစိုးရက Ophan Drug ဖြုတ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံ အစိုးရက.ဂျပန် Aviganကိုဗစ်ကာကွယ်ဆေး စမ်းသပ်မယ်လို့ ကြားရပါတယ်။

အမေရိကန် သူဌေးနိုင်ငံမှာ Remdesivir (ကိုဗစ်ကုသဆေး) ကို ဆေးရုံများ. လူနာများက အလွန်လိုလား နေတာကို တရားဝင် ခွင့်ပြု လိုက်ခြင်း ဖြစ်ပါတယ်။

M Zaw Aung
2-5-2020
.
.
Cred>>
https://m.youtube.com/watch?v=CbZcx-4wCJY

ကိုဗစ် ကာကွယ်. ကုသ ဆေးအချို့
https://m.facebook.com/story.php?story_fbid=10157478676228472&id=755653471

Tuesday, July 10, 2018

Myanmar Education Complaint FB ဒေါ်နီလာထွန်း

Myanmar Education Complaint
FB ဒေါ်နီလာထွန်း
https://m.facebook.com/451408591693369/photos/a.523713597796201.1073741829.451408591693369/786163011551257/?type=3
.
ပညာရေးဝန်ကြီးအားဆက်လက်မထားရှိပဲပြောင်းလဲပေး
ရန်  နိင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာနသို့ပေးပို့မိသောစာ
အမှန်တရားဖြစ်နေသည့်အတွက် Copy ယူပြီးတင်လိုက်သည်။
............
24.4.2017
သို့
ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
..........
အန်တီစု (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်) သိစေရန်
.......
အန်တီစု ရှင်...
အန်တီ မြန်မာနိုင်ငံရဲ့ ပညာရေးကိုတိုးတက်မြင့်မားစေချင်တဲ့စေတနာကို ယုံမှားသံသယမရှိပါ...
သို့သော် ပညာရေးဝန်ကြီးနဲ့ဝန်ကြီးဋ္ဌာနအနေဖြင့် တလွဲဆံပင်ကောင်းနေကြပါတယ်ရှင်..
ပညာရေးတကယ်တိုးတက်စေလိုပါက ယခုစနစ်ကြီးကိုလုံးဝပြင်ရမှာဖြစ်ပါတယ်ရှင်...
ယခုလက်ရှိစနစ်က လေးတန်းနဲ့ရှစ်တန်းအစိုးရစစ်ဟုဆိုသော်လည်း...
အကျမရှိစေရ ဟု order ထုတ်ခဲ့ပါတယ်ရှင်...
အကျများလျှင်ဆရာမ များထုချေလွှာတင်ရမည်ဟုလည်း အမိန့်ထုတ်ခဲ့ပါတယ်ရှင်...
အဲ့ဒီ့တော့ ကျောင်းအုပ်ကြီးတွေအနေနဲ့လည်းမိမိတို့ကျောင်းနာမည်ပျက်မှာစိုးပြီး စာစစ်တဲ့ဆရာမတွေကို ခဲတံ ခဲဖျက်ကိုင်ခိုင်းကာ ညံ့သောကလေးများအဖြေလွှာကိုပြင်ခိုင်းရပါတော့တယ်ရှင် ...
အဲ့ဒါ အစိုးရစစ်လားရှင်...
အဲ့ဒီ့တော့ကျတဲ့လူမရှိဘဲ အကုန်လုံးအောင်ကုန်ကြပါတော့တယ်...
ထို့အတွက် တချို့မိဘတွေအနေနဲ့ ဆရာမတွေနဲ့ကျောင်းကိုမထီမဲ့မြင်လုပ်လာကြပါတယ်ရှင်..
ကလေးတွေပညာရေးကိုလဲဂရုမစိုက်ကြတော့ပါ...
အချိန်တန်အောင်တာပဲ ဆိုပြီး သင်ကြားရေးတွင်လုံးဝပူးပေါင်းခြင်းမရှိတော့ပါ...
ဘယ်လောက်ထိဆိုးရွားလဲဆိုရင် ကျွန်မတို့မြို့နယ်ကကျောင်းမှာ အတန်းတင်စာမေးပွဲလာမဖြေတဲ့ကလေးကိုပင် ယခင်လကဖြေထားသည့်အတွက်အအောင်ပေးရမည်ဟု အထက်ကညွှန်ကြားလာသည့်အတွက် အအောင်ပေးခဲ့ရပါသည်ရှင်...
ဒီလိုချီးပေါသေးပေါ အအောင်ပေးနေမယ်ဆိုရင် စာမေးပွဲဘာလို့စစ်တော့မလဲရှင်...
အစိုးစစ်စာမေးပွဲတွေမှာ စာစစ်တဲ့ဆရာမတွေကိုစရိတ်စကချီးမြှင့်ရပါတယ်ရှင်...
့အဖြေလွှာနဲ့မေးခွန်းစာရွက်ဖိုးတွေ နိုင်ငံတော်ဘဏ္ဍာထဲကကုန်ကျခံသည့်အတွက် ဘဏ္ဍာငွေလေလွင့်မှုဖြစ်ပါတယ်ရှင်...
အကုန်အအောင်ပေးမှတော့စာမေးပွဲစနစ်ဖြုတ်လိုက်တာအကောင်းဆုံးမဟုတ်လားရှင်...

ပညာရေးစနစ်တိုးတက်စေချင်ပါက ဗိုလ်ချုပ်ခင်ညွှန့်ချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ်အတန်းတင်ရေးစနစ်ကိုလုံးဝဖျက်သိမ်းပြီး...
အရည်အချင်းရှိတဲ့လူ အအောင်ပေး...
အရည်ချင်းမမှီတဲ့လူကိုချ ပစ်မှ ကလေးလဲအခြေခံကောင်း ပညာရေးလဲတိုးတက်လာမည်ဖြစ်ပါတယ်ရှင်...
ခုထိ စာတောင်ကောင်းကောင်းမဖတ်တတ်ဘဲငါးတန်းတွင်ပညာသင်ကြားနေသောကလေးတွေကိုလဲကျွန်မမြင်ဖူးပါသည်ရှင်...

အန်တီစုရှင် နိုင်ငံတော်ကချပေးတဲ့ကျောင်းဖွံဖြိုးရေးရန်ပုံငွေတွေကိုလဲ အောက်ခြေထိစာရင်းနဲ့ဇယားနဲ့သေချာစစ်ဆေးသင့်ပါတယ်ရှင်..
ခုကအဲ့ရန်ပုံငွေအများစုကိုချပေးလိုက်ပြီးပြန်မစစ်တော့အများစုကကျောင်းအုပ်ကြီးတွေရဲ့ဘဏ်စာရင်းထဲဝင်သွားတာတွေတွေ့နေရပါတယ်ရှင်...
အဲ့ဒါကိုလဲအောက်ခြေထိသေချာစိစစ်သင့်ပါတယ်ရှင်...

အန်တီစု ဖြစ်စေချင်တဲ့ပညာရေးစနစ်ဖြစ်မလာဘဲယခင်ကထက်ပိုဆိုးရွားအောင် ပညာရေးဝန်ကြီးနဲ့ဝန်ကြီးဋ္ဌာနကဖျက်ဆီးနေပါတယ်ရှင်..
ဒီအစိုးရလက်ထက်မှာပိုဆိုးနေတယ်လ်ု့အပြင်မှာလဲဝေဖန်နေကြပါတယ်ရှင်...

ဒေါက်တာမျိုးသိမ်းကြီးဆိုတာလဲ ယခင်က ကျွန်မတို့ပညာရေးဝန်ထမ်းအများစု မကြိုက်တဲ့အလွန်မောက်မာရိုင်းပြတဲ့ ညွှန်ကြားရေးမှူးတစ်ဦးပါရှင်...
ကျွန်မတို့ ချစ်သော တင်မြှောက်ထားသောအစိုးရ ပုံရိပ်ကျအောင်တမင် ပူးသတ်ပြီး ပေါက်ကရတွေလုပ်နေသလားလို့တောင်ထင်မိပါတယ်ရှင်...

ကျွန်မတို့တင်မြှောက်ထားသောပြည်သူ့အစိုးရပုံရိပ်နဲ့ NLD ပါတီရဲ့ပုံရိပ်ကိုမထိခိုက်စေချင်ပါရှင်...
ထို့အတွက် အန်တီစုအနေနဲ့တခြားအရေးကြီးတဲ့ကိစ္စတွေဖြေရှင်းရမှာကိုသိသော်လည်း...
ကျွန်မတို့ ပညာရေးဋ္ဌာနကိုလဲတချက်လောက်ပြန်လည်
စစ်ဆေးကြပ်မတ်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်ရှင်...

                                                လေးစားစွာဖြင့်
                                      ဒေါ်နီလာထွန်း(ပညာရေးမှူး)
                                             ပညာရေးဝန်ကြီးဋ္ဌာန
                                        --------------------------------
ပြန်လည်ကူးယူဖော်ပြပါသည်။
.
.
......................
.
.
Comments..
ဒေါ်နီလာထွန်း
စာမေးပွဲလာမဖြေတဲ့ ကလေးကို အအောင်ပေးတယ်ဆိုတာ မဖြစ်နိုင်ပေမဲ့ ရှိနိုင်တာတော့ လက်ခံပါတယ်. .
ပညာရေးစနစ်သစ်မှာ . . ကျောင်တက်ချိန်မှန်တဲ့ကလေးတိုင်း ၁၀တန်းထိ ရောက်ရမယ်. .ငယ်ငယ်နဲ့ ကျောင်းထွက် ကလေးအလုပ်သမားနည်းဖို့. . ဒါကိုနားမလည်တဲ့ ဒေါ်နီလာ . ကျောင်းဆရာမအလုပ်ကို ဆက်လုပ်ဖို့ကတော့ မိမိကျောင်းမှာ ကျောင်းလာမတက်ပဲ စာမေးပွဲလာမဖြေပဲ အောင်ပေးတယ်ဆိုတဲ့ ကျောင်းကို အတိအကျ တိုင်ပြီး အဲဒီကျောင်းအုပ်ကြီးကို ပင်စင်ပေးလိုက်ဖို့ပါပဲ. .
ဒါမှမဟုတ် ကလေးတွေအကုန်အအောင်ပေးတာနားမလည်သေးတဲ့ ဒေါ်နီလာ . .တကမ္ဘာလုံးမှာ အတန်းတိုင်းအအောင်ပေးနေကြတာ သိစေချင်ပါတယ်. . ဒါ ပညာရေးပြုပြင်ပြောင်းလဲမှုပါကွယ်. .
.
.
စနစ်သစ်က ဆရာတွေပဲ အလွန်ပင်ပမ်းတယ်. တတ်လဲမတတ်ကြဘူး. . လက်ခံပါတယ်. .
ဗိုလ်ခင်ညွန့် ရဲ့ အကုန်အောင် ပညာရေးစနစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အကုန်အောင် ပညာရေးစနစ်က ဆီနဲ့ရေ ကွာခြားပါတယ်. .ဆရာမ၃သိန်းကျော်က အနေမချောင်တော့ပါ. .ကျောင်းသားတွေ စာမတတ်ပဲအအောင်ပေးရတာ စိတ်ပျက်နေကြတယ်. .ဒါ ရေရှည်ပညာရေးပါ. . ကျောင်းသား တတ်ဖို့ထက် ဆရာများတတ်ဖို့ အဓိကထားပါတယ်. .မြောင်းမြတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး အင်္ဂလိပ်စာ တိုးတက်ဖို့ ပြောပါတယ်. . နောက် ၅နှစ် ၁၀နှစ်ကြာမှ မြန်မာပညာရေး အကျိုးများစွာ ခံစားရမှာပါ. . ဆရာတွေ တော်လာအောင် အကျင့်ကောင်းလာအောင်. အရည်သွေးမြင့်လာအောင်. လုပ်နေတာပါ. .မြန်မာစီးပွားကောင်းလာလေ. .ဆရာ ခံစားခွင့်တွေ များများရလာမှာပါ. . ဆရာ ဆရာမများ ဒုက္ခ ခံစား နေရတာ ကိုယ်ချင်းစာပါတယ်. .ဆရာတွေ အင်္ဂလိပ်စာကောင်းလာရင်. . ဗဟုသုတကောင်းလာရင်..ဆရာတွေပဲ အကျိုးအရင်ရှိမှာပါ. . .
.
ကြွက်သားလေ့ကျင့်ပေရင် ပင်ပမ်းတယ်. ရေရှည်မှာ ကြွက်သားသန်မာလာပါတယ်. . စိတ်ပင်ပမ်းအောင် လေ့ကျင့်ပေးရင်. ရေရှည်မှာ စိတ်ဓါတ်အားကောင်းလာပါတယ်. . ဆရာဆရာမများ ခွန်အားကြီးလာပါစေ. .
.
.
ဆရာဦးအောင်သင်း (ကွယ်လွန်)
ပညာတတ်ဖို့ အလွန်လိုပ်ကြောင်း ပြောစကားပါ။

လက်ရှိအစိုးရကဘာလုပ်နေလဲ?
.
အခြေခံပညာရေး
* ကျောင်းသားအရွယ် စာသင်ကျောင်မှာပဲနေဖို့ . . မအောင်မနေရစနစ် ၂၀၁၆ မှာစတင်တယ်။ ကမ္ဘာမှာ စာမေးပွဲချတဲ့စနစ်မရှိတော့ပါ။ထစ်ကနဲဆို စာမေးပွဲချချင်တဲ့ ဆရာတွေ. .ဘာမှမတတ်ပဲအအောင်မပေးချင်တဲ့ ဆရာတွေကို စိတ်ရှည်ကြဖို့. .လုပ်ပါတယ်။ ကျောင်းသားတွေအတွက် စာရေးကရိယာများနဲ့ ကျောင်းဝတ်စုံများ ပံ့ပိုးပါတယ်။
.
* အမှတ်ပေးစနစ်နဲ့ အဆင့်၁ ၂ ၃ လုနေကြတဲ့ မိဘများပြိုင်ဆိုင်စနစ်ကို ဖျက်သိမ်းပါတယ်။ ဂရိတ် အေ ဘီ စီ ဒီ အီး စနစ် စတင်ပါတယ်။ ထိပ်ဆုံးနဲ့ ဘိတ်ဆုံး ပြသနာမရှိတော့ပါ။ မိမိကလေးကို ထိပ်ဆုံးအမှတ်ရအောင် ဆရာတွေကို လာပ်ထိုးရတဲ့စနစ် ဖျက်သိမ်းလိုက်ပါတယ်။ မိမိကလေးကို ဂရုစိုက်ဖို့ လက်ဆောင်ပေးမှု နည်းသွားပါတယ်။
.
* စာသင်ကောင်းတဲ့ ဆရာတွေ ဝင်ငွေကောင်းနေဆဲပါ။ ဆရာတွေ လစာနည်းတော့ အရင်ကလို ဝင်ငွေမရှိတော့ဘူးလား ဆိုတော့ စာသင်ကောင်းတဲ့ ဆရာမတွေ အနည်းဆုံး စာဖတ်ဝိုင်းတွေ လုပ်ခြင်းနဲ့ ဝင်ငွေရဆဲပါ။ ပုဂလိက ကျောင်း (ဘော်ဒါဆောင်)များကလည်း အစိုးရကျောင်းများနဲ့ ဆက်သွယ်ထားရတော့ အစိုးရကျောင်းဆရများ ပုဂလိကကျောင်းများဆီက ဝင်ငွေရဆဲပါ။
.
* ရပ်ကျေးများက ပညာချွန်ဆု ပညာသင်ဆုများစွာ ပေးနေကြပါတယ်။ ဘာသာရေးအဖွဲ့များ အစိုးရဌာနများကလည်း ပညာသင်ဆု ပညာချွန်ဆုများစွာ ပေးနေပါတယ်။ တဦးချင်း ပေးနေသူများစွာ ပေါ်ထွက်လာနေပါတယ်။
.
* အထက်တန်းပညာရေးကတော့
စာတတ်ဖို့ ခက်နေဆဲပါ. .ဘွဲ့ရဖို့ပဲလိုပါတယ်. .စာမေးပွဲမကျအောင် လုပ်ရင်း အင်္ဂလိပ်စာ များများ ဖတ်မှတ် နားထောင် နေရပါမယ်။ အင်တာနက် မိုဘိုင်းဖုန်းမှာ ပညာများစွာရှိပါတယ်။
.
.
နိဂုံး သုံးသပ်ရရင်. .
ကလေးတွေ စာတော့မတတ်သေးပေမဲ့ ၁၀တန်းအထိတော့ ရောက်ပြီး မိမိကိုယ်ကို ဆယ်တန်းထိ ပညာတတ်ဖြစ်ကြောင်း အားရှိစေပါတယ်။ အခု မြှင့်တင်နေတဲ့ သက်မွေးပညာကျောင်း သင်တန်များစွာ တက်ရောက်နိုင်ပါပြီ။
.
မိဘများ ဝင်ငွေရဖို့ တော့ ခက်နေပါသေးတယ်။
အလုပ်အကိုင်ကောင်းရမယ်. . ငွေကို စုဆောင်းတတ် အကျိုးရှိအောင်သုံးတတ်ဖို့ ဆိုတာတော့ စာရိတ္တကောင်းတဲ့ ခေါင်းဆောင်ကောင်းများ အုပ်ချုပ်ဖို့. လိုပါတယ်။  ခေါင်းဆောင်များလည်း အလွန်ကြိုးစားဖို့ အထူးအရေးကြီးလှပါတယ်။ အနည်ဆုံးတော့ မိမိ မိသားစု အတွင်းမှာပဲ စာကြိုးစားပြရပါမယ်. . ကျောင်းသားများကို စာသင်ပြပေး. .  မသင်နိုင်လဲအားပေးခြင်း .. .အလုပ်လုပ်ပြခြင်း .  ရိုးသားစွာဝင်ငွေရရှိပြသဖို့. .စံနမူနာပြနေကြဖို့ လိုပါတယ်။
.
မိမိ မျိုးဆက်သစ်ကို ငွေရှာစီးပွားမလုပ်ခိုင်ပဲ ပညာရှာဖို့ အစိုးရသစ်ရဲ့ ပညာရေးစနစ်ကို အားပေးလိုက်နာကြပါစို့။
.
ဆရာဦးအောင်လင်း ဗွီဒီယို . (ဗမာတွေ ကျွန်ဘဝရောက်တာ စာမတတ်လို့ပါ. .ဗွီဒီယို) ..လူသေပေမဲ့ နာမည်ရှင်နေတယ်။ သူ့စေတနာမေတ္တာတွေ အမြဲမမေ့ပါ။
. . . .

Thursday, June 15, 2017

ပညာရေးကဏ္ဍတွင်အောင်မြင်မှုများရရှိနေသောနိုင်ငံများအားလေ့လာခြင်း February 3, 2016

ပညာရေးကဏ္ဍတွင်အောင်မြင်မှုများရရှိနေသောနိုင်ငံများအားလေ့လာခြင်း

အကျဉ်းချုပ်
ပညာရေးသည် လူသားတစ်ဦးအသက်ရှင်ရပ်တည်နိုင်ရန်အတွက် အဓိကကျပါသည်။ ပညာရည်မြင့်မားပါက စွမ်းဆောင်ရည်၊ ဗဟုသုတနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွား လာပြီး လူ့ဘဝရှင်သန်ရပ်တည်ရေးအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်မည်ဖြစ်သည့်အတွက် ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်ပါသည်။ ထိုသို့တစ်ဦးချင်းစီအလိုက် ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းဖြင့် တစ်ဦးချင်းဝင်ငွေမြင့်မားလာပြီး နိုင်ငံတစ်နိုင်ငံအနေဖြင့်ပါ ပိုမိုဖွံ့ဖြိုးတိုးတက် သောနိုင်ငံအဖြစ်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ ဤစာတမ်းတိုတွင် ကမ္ဘာ့ပညာရေးစနစ် အကောင်းဆုံးနိုင်ငံများ၊ ပညာရေးစနစ်၌အားနည်းသော ချက်နိုင်ငံ၊ ပညာရေး၌အောင်မြင်ရခြင်း အကြောင်းရင်းများနှင့် ကောင်းကျိုးများ၊ မြန်မာ့ပညာရေးစနစ်၊ နှစ်အလိုက်ပညာရေးအသုံး စရိတ်များစသည်တို့ကို ဖော်ပြထားပါသည်။

နိဒါန်း
၁။    နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးအဆင့်မြင့်မားမှုသည် အဓိက အကြောင်းအရာတစ်ရပ်ဖြစ်ပါသည်။ ပညာရေးမြင့်မားမှုနှင့် ဆင်းရဲမှုလျှော့ချရေးသည် ဆက်စပ် လျက်ရှိပါသည်။ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းခြင်းအားဖြင့် လူတစ်ဦးချင်းစီ၏ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်မြင့်မားလာပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာတွင် နိုင်ငံတော် အဆင့်အနေဖြင့် ပြုပြင်ပြောင်းလဲရန်လိုအပ်သကဲ့သို့ တစ်ဦးချင်းစီလည်း ပါဝင်ရန်လိုအပ်ပါ သည်။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုတွင် ဆရာ၊ ဆရာမများသည် အရေးကြီးသောအခန်း ကဏ္ဍမှပါဝင်နေသည်ဖြစ်၍ မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုကို ပိုမိုထိရောက်မြန်ဆန် စေရန်အတွက် ဆရာ၊ ဆရာမများကလည်း လိုအပ်သည်များကို ကြိုတင်လေ့လာထားကြရမည် ဖြစ်ပါသည်။
မြန်မာ့ပညာရေးစနစ်
၂။    မြန်မာနိုင်ငံ၏ပညာရေးစနစ်များကို ခေတ်အလိုက်အမျိုးမျိုး ပြောင်းလဲကျင့်သုံးလာခဲ့ ပါသည်။ ထို့အပြင်ဥပဒေပြဋ္ဌာန်းထားမှုများ၊ တိုင်းရင်းသားဘာသာသင်ကြားရေး ဆောင်ရွက် နေမှုများ၊  ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကိုယ်ပိုင်ကျောင်း များဖွင့်လှစ်ခွင့်ပြုခဲ့မှုများ၊ ပညာတော်သင်ဆု ချီးမြှင့်ပေးမှုများကို ဆောင်ရွက်ခဲ့ပါသည်။
ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သောပညာရေးစနစ်များ
၃။    ရှေးမြန်မာဘုရင်များလက်ထက်တွင် ဗုဒ္ဓ၏တရားဓမ္မနှင့် အဆုံးအမများကို အခြေခံသော ပညာရေးစနစ်များကို ကျင့်သုံးခဲ့ပါသည်။ ပါဠိနှင့်မြန်မာဘာသာရပ်များကို အဓိကသင်ယူရပြီး ယင်းပညာရေးစနစ်ကို ဘုန်းတော်ကြီးသင်ပညာရေးစနစ်ဟု ခေါ်ဆိုခဲ့ကြပါသည်။  ကိုယ်ကျင့် တရားကောင်းမွန်ရေးကိုဦးတည်ပြီး စာတတ်မြောက်မှု ၈၅ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ထို့နောက် ၁၈၈၅ ခုနှစ်နောက်ပိုင်း ကိုလိုနီခေတ်တွင် အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ်-မြန်မာကျောင်းနှင့် တိုင်းရင်းသား-မြန်မာကျောင်းဟူ၍ ကျောင်းသုံးမျိုးရှိခဲ့ပြီး စာတတ်မြောက်မှုနှုန်းမှာ ၃၅ ရာခိုင် နှုန်းရှိခဲ့ပါသည်။ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် နိုင်ငံတော်အစိုးရကျောင်းဟူ၍ သင်ရိုးတစ်မျိုးတည်းဖြင့် သင်ကြားခဲ့ပါသည်။ ထို့နောက် ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ပညာရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီလက်ထက်တွင် စာရိတ္တ မြင့်မားရေးကိုအခြေခံကာ အသက်မွေးဝမ်းကျောင်းကို ပိုမိုအထောက်အကူပြုသော ပညာရေး စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါသည်။ ၁၉၆၆ ခုနှစ်တွင် အခြေခံပညာရေးဥပဒေကို ထုတ်ပြန် ကြေညာခဲ့ပြီး အခြေခံပညာရေးဟု ခေါ်တွင်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်နောက်ပိုင်းတွင် မြန်မာ့ ဆိုရှယ်လစ်ဘောင်အတွက် လိုအပ်သောလုပ်သားကောင်းများမွေးထုတ်ရေးကို အခြေခံသော ပညာရေးစနစ်ကို ကျင့်သုံးခဲ့ပါသည်။ နောက်ပိုင်းတွင် ဗဟိုချုပ်ကိုင်စနစ်ကို ကျင့်သုံးခဲ့ပါသည်။ သင်ရိုးညွှန်းတမ်းများကို ဗဟိုမှချုပ်ကိုင်ရေးဆွဲခြင်းဖြစ်ပါသည်။ ၎င်းစနစ်သည် စာမေးပွဲကိုဗဟို ပြုသောစနစ်ဖြစ်သောကြောင့် ကျောင်းသားများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် တီထွင်ဖန်တီးမှု ဆိုင်ရာအရည်အသွေးကို ကျဆင်းစေပါသည်။
လက်ရှိကျင့်သုံးနေသော ဥပဒေများ
၎။    အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ၃၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၄၁) ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။ ဤဥပဒေတွင် အခန်းပေါင်း (၁၄) ခန်းနှင့် ပုဒ်မပေါင်း (၆၉) ခုပါဝင်ပါသည်။  ထို့နောက် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၈) ဖြင့် ပြဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေတွင် ပုဒ်မပေါင်း (၃၆) ခု ပါဝင်ပါသည်။
နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက်များ
၅။    နိုင်ငံတော်အစိုးရသည် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအတွက် ပညာရေးအသုံးစရိတ်များတိုးမြှင့်သုံးစွဲခြင်း၊ အခြေခံပညာကျောင်းများ ထပ်မံဆောက်လုပ်ပေးခြင်း၊ တက္ကသိုလ်အသစ်များဆောက် လုပ်ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ ပေးခြင်း၊ ပြည်ပတက္ကသိုလ်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည်ဖြင့် အဘက်ဘက်မှ ဆောင်ရွက်လျှက်ရှိသည်ကို တွေ့ရှိရပါသည်။
၆။    ပညာရေးဝန်ကြီးဌာနသည် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း အရည်အသွေးရှိသော အခြေခံပညာကို သင်ယူခွင့်ရရှိကာ အမျိုးသားပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဘက်စုံလွှမ်းခြုံသောပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (Comprehensive Educa-tion Sector Review-CESR) ကို ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ ပါဝင်သည့်အဖွဲ့ဖြင့် အဆင့် ၃ ဆင့်ခွဲ၍ ဆောင်ရွက်ခဲ့ပါသည်။ ပထမအဆင့်တွင် အချိန်တို အတွင်းအကဲဖြတ်ခြင်း၊ ဒုတိယအဆင့်တွင် အသေးစိတ်လေ့လာဆန်းစစ်ခြင်းနှင့် တတိယအဆင့် တွင် ပညာရေးကဏ္ဍ စီမံကိန်းရေး ဆွဲခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ CESR ၏ ပညာရေး ကဏ္ဍ ငါးနှစ်စီမံကိန်း ၂၀၁၆-၂၀၂၀ ကိုလည်း ပြုစုထားပြီးဖြစ်ပါသည်။  ပညာရေးတွင် အခြေခံ အကျဆုံးဖြစ်သည့်သူငယ်တန်းကို သင်ရိုးအသစ်ဖြင့် စနစ်တကျသင်ကြားနိုင်ရေးအတွက် KG +12 သင်ရိုးညွှန်းတမ်းအသစ်ကို စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသင်ရိုးညွှန်းတမ်းအသစ် အား နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ ဇွန်လ ၁ ရက်မှ  စတင်သင်ကြားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။  အသက်ငါးနှစ်အရွယ် ကလေး သူငယ် တစ်သန်းခွဲနီးပါးကို တက်ရောက်သင်ကြားခွင့်ပြုမည်ဖြစ်ပြီး ထိုကဲ့သို့သင်ကြားနိုင်ရန် ဆရာ၊ ဆရာမများကို သင်ကြားနည်း စနစ်များနှင့်ပတ်သက်၍ တစ်လကြာသင်တန်း ပို့ချပေး သွားရန် စီစဉ်လျက်ရှိသည့်အပြင် သင်ထောက်ကူပစ္စည်းများကိုလည်း ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။  ထိုသင်ရိုးညွှန်းတမ်းအား ပြည်တွင်းပြည်ပမှ ပညာရှင်များနှင့်ဆွေးနွေး၍ မိမိတို့နိုင်ငံ၏အခြေအနေ၊ လိုအပ်ချက်များနှင့် ညှိနှိုင်းရေးဆွဲထားခြင်းဖြစ်ပါသည်။ ကလေး များ၏စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ပေါင်းသင်းဆက်ဆံရေးနှင့်ယဉ်ကျေးမှုစသည့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို ပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ထို့အပြင်မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုတစ်ရပ်အနေဖြင့် အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ သက်မွေး ပညာရေးကဏ္ဍများကို မဟာဗျူဟာစီမံကိန်းများချမှတ်ပြီး ဆက်လက်ဆောင် ရွက်သွားမည်ဟု သိရှိရပါသည်။
၇။    ၂၀၁၁ ခုနှစ်တွင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေကိုပြဌာန်းခဲ့ပြီး ၂၀၁၅-၂၀၁၆ ပညာ သင်နှစ်အထိ ကိုယ်ပိုင်ကျောင်း ၃၃၅ ကျောင်းကို ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။ အဆင့်မြင့် ပညာကဏ္ဍအနေဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ၁၃၀ ကျော် ခုရှိပြီး ဆရာ၊ ဆရာမ ၂၀၀၀၀ ကျော်ရှိပါသည်။
၈။    အရည်အချင်းရှိသည့် လူငယ်မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ''နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ရွေးချယ်ရေးကော်မတီ'' ကို ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် ထူးချွန်လူငယ်၊ လူရွယ် ၁၁၇ ဦးကို ပထမအကြိမ်အဖြစ်ရွေးချယ်၍ နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆုကို ချီးမြှင့်ပေးခဲ့ပါသည်။
ပညာရေးအသုံးစရိတ်
၉။    ၅ နှစ်တာကာလအတွင်း ပညာရေးအသုံးစရိတ်ကို လေးဆကျော်တိုးမြှင့်သုံးစွဲခဲ့ပါသည်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာရေးကဏ္ဍတွင် ကျောင်းပေါင်း ၄၅၃၇၈ ကျောင်း၊ ဆရာ၊ ဆရာမပေါင်း ၃၂၂၅၁၄ ဦးနှင့် ကျောင်းသားကျောင်းသူစုစုပေါင်း ၈၈၅၃၄၈၀ ဦးအထိ ရှိခဲ့ပါသည်။ ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက် (၈) ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော ''မသင်မနေရအခမဲ့မူလတန်းပညာရေးစနစ်'' ကို ၂ဝ၁၁ - ၂ဝ၁၂ ပညာသင်နှစ်တွင် စတင် ဖော်ဆောင်ပေးခဲ့ပါသည်။ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် အလယ်တန်းပညာရေးအဆင့်၊ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် အထက်တန်းပညာရေးအဆင့်သို့ တိုးမြှင့်ပေးခဲ့ပါသည်။  ၂၀၁၅-၂၀၁၆ တွင် အခမဲ့ပညာရေးအတွက် စုစုပေါင်းငွေကျပ် ၂၉ ဘီလီယံ သုံးစွဲမည်ဖြစ်ပါသည်။ ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်နှင့် ကျောင်းဝတ်စုံများကိုလည်း ထောက်ပံ့ပေးခဲ့ပါသည်။ ထို့အပြင် ကျောင်းထောက်ပံ့ကြေးများကို မူလတန်းကျောင်းသားအရေအတွက် အနည်းအများပေါ်မူတည်၍ တစ်ကျောင်းကိုတစ်နှစ်လျင် ငွေကျပ် ၈ သိန်းမှ ၁၆ သိန်းအထိပံ့ပိုးပြီး ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ် ၄၆ ဘီလီယံအထိ သုံးစွဲခဲ့ပါသည်။၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ မြန်မာနိုင်ငံ၏ နှစ်အလိုက်ပညာရေးအသုံးစရိတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
၂၀၁၁-၂၀၁၂ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ မြန်မာနိုင်ငံ၏ နှစ်အလိုက်ပညာရေးအသုံးစရိတ်များ
တိုင်းရင်းသားဘာသာသင်ကြားရေး    
၁၀။    ကျောင်းချိန်ပြင်ပတိုင်းရင်းသား ဘာသာစကားသင်ကြားနိုင်ရေးအတွက်၂ဝ၁၄ - ၂ဝ၁၅ ပညာသင်နှစ်မှ စတင်ကာ မွန်၊ ရခိုင်၊ ပအိုဝ်း၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင် ဘာသာများကို သင်ကြားပေးလျက်ရှိပါသည်။ ထို့ပြင်ရှမ်း(တိုင်းလုံ၊ တိုင်းနိုင်း)၊ အင်းသား၊ ဓနု၊ ပလောင်၊ အာခါ၊ လားဟူ၊ နာဂ၊ ကယား၊ ကယန်း၊ ကယော၊ ကချင် (ဂျိမ်းဖော၊ ဇိုင်ဝါး၊ လချိတ်၊ လော်ဝေါ်)၊ ချင်း (ဟားခါး၊ ဖလမ်း၊ တီးတိန်) စသည့် တိုင်းရင်းသားစာပေစာအုပ်များကို ပြုစု စိစစ်ပြီး ရိုက်နှိပ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများ
၁၁။     နိုင်ငံတကာအကူအညီများအနေဖြင့် ပြည်တွင်းပြည်ပအလှူရှင်များ ဆောက်လုပ်လှူဒါန်း သည့် အခြေခံပညာကျောင်းပေါင်း ၁၃၅၀ ရှိပြီး တန်ဖိုးငွေကျပ် ၇၁ ဘီလီယံကျော်ရှိပါသည်။ ရေကြီးနစ်မြုပ်မှုသဘာဝဘေးကြောင့် ပျက်စီးခဲ့သည့်ကျောင်းများ ပြန်လည်ပြုပြင်ရန်အတွက် အစိုးရဘတ်ဂျက်နှင့် ပြည်တွင်းပြည်ပထောက်ပံ့ငွေများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ သည်။ ၂ဝ၁၂ ခုနှစ်မှ ယနေ့အထိ ဂျာမနီ၊ ဘရူနိုင်း ဒါရုဆလမ်၊ အမေရိကန်၊ ဩစတြေးလျ၊ ပြင်သစ်၊ ထိုင်း၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများမှ ပညာရှင်များက ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ထားဝယ် တက္ကသိုလ်၊ အင်္ဂလိပ် ဘာသာစကားတက္ကသိုလ်၊ အမျိုးသားဗဟိုဌာနတို့တွင် ကာလတို၊ ကာလရှည်သင်တန်းများ ပို့ချပေးလျက်ရှိပြီး ပြည်ပတက္ကသိုလ်များနှင့်ချိတ်ဆက်၍လည်း  ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ယခင်ကတစ်နိုင်ငံနှင့်တစ်နိုင်ငံ အစိုးရအဖွဲ့အချင်းချင်း ဆက်သွယ်ကမ်းလှမ်းလာမှသာ စိစစ်စေလွှတ်ပေးခဲ့သော်လည်း အခုအခါ အစိုးရအဖွဲ့အချင်းချင်း ဆက်သွယ်ကမ်းလှမ်းမှုသာမက အီးမေးလ်၊ အင်တာနက်၊ ဝက်ဘ်ဆိုက်များကတစ်ဆင့် ဆက်သွယ်ကမ်းလှမ်းလာမှုများမှတစ်ဆင့် ပညာသင်ဆုလျှောက်ထားလိုသူများ လျှောက်ထား လာခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ပညာရေးစနစ်အကောင်းဆုံးနိုင်ငံများ
၁၂။    ၂၀၁၅ ခုနှစ်၏ ကမ္ဘာ့ပညာရေးစနစ်အကောင်းဆုံးနိုင်ငံများတွင် တောင်ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်နှင့်စင်ကာပူစသော အာရှနိုင်ငံအများစု ပါဝင်နေသည်ကို တွေ့ရှိရပါသည်။
တောင်ကိုရီးယားနိုင်ငံ
၁၃။    ကမ္ဘာ့အကောင်းဆုံးပညာရေး နံပါတ် ၁ နေရာအတွက် တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန် နိုင်ငံတို့သည် အပြင်းအထန်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ၂၀၁၂ခုနှစ်၌ တောင်ကိုရီးယားသည် ဂျပန် ထက် အဆင့် ၃ ဆင့်ပိုမြင့်ခဲ့ပါသည်။ ဂျပန်နိုင်ငံသည် အခြေခံပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု များပြုလုပ်ခဲ့သော်လည်း  ၂၀၁၅ ခုနှစ်တွင် အဆင့် ၂ နေရာသာရရှိခဲ့ပါသည်။ တောင်ကိုရီးယား နိုင်ငံ၌ ကလေးများသည် တစ်ပတ်လျှင် ၇ ရက်အပြည့် ကျောင်းတက်ကြရပါသည်။ ပညာရေး ဘတ်ဂျက်မှာ ယခင်နှစ်ကအမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံ ရှိခဲ့ပါသည်။ စာတတ်မြောက်မှု နှုန်းမှာ အမျိုးသားများတွင် ၉၉.၂ ရာခိုင်နှုန်းနှင့် အမျိုးသမီးများတွင် ၉၆.၆ ရာခိုင်နှုန်း ဖြစ်ပါ သည်။ ပျမ်းမျှစာတတ်မြောက်မှုနှုန်းမှာ ၉၇.၉ ရာခိုင်နှုန်းရှိပါသည်။ ၂၀၁၄ ခုနှစ်တွင် တစ်ဦးကျ ဝင်ငွေခန့်မှန်းခြေသည် အမေရိကန်ဒေါ်လာ ၃၄၇၉၅ ရှိပါသည်။  
ဂျပန်နိုင်ငံ
၁၄။    ဂျပန်နိုင်ငံ၏ နည်းပညာအခြေခံသောပညာရေးစနစ်သည် နိုင်ငံသားများအား အသိပညာ၊ ဗဟုသုတ၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေပါသည်။ ပညာရေးကဏ္ဍကောင်းမွန် သောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ GDP ၅.၉၆ ထရီလီယံဒေါ်လာ ရှိခြင်းသည် သိသာထင်ရှားသည့် ရလဒ်တစ်ခုဖြစ်ပါသည်။
၁၅။    ဂျပန်နိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုများတွင် ၁၉၄၇ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ပညာရေးကဏ္ဍအခြေခံဥပဒေ (Fundamental Law of Education) သည် အရေးအပါဆုံး ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ မသင်မနေရပညာရေးစနစ်ကို ၉ နှစ်အထိသတ်မှတ်ခြင်း၊ ကျောင်း သား၊ ကျောင်းသူပူးတွဲပညာသင်သည့်စနစ်ကို မူအရကျင့်သုံးခြင်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဆင့် တွင် ပညာရေးဘုတ်အဖွဲ့များဖွဲ့စည်းခြင်း၊ သာမန်ကျောင်းများကိုဖျက်သိမ်းပြီး တက္ကသိုလ် အခြေပြုဆရာဖြစ်သင်တန်းစနစ်ကို ကျင့်သုံးခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၄ ခုနှစ်တွင် တောင်တန်းဒေသနှင့် သီးသန့်ဖြစ်နေသောကျွန်းများ၏ ပညာရေးအခြေအနေကိုမြှင့်တင်ရန် ဥပဒေပြဋ္ဌာန်းခြင်း၊ အထူးဘဏ္ဍာရေးခွင့်ပြုချက်များ၊ ရန်ပုံငွေများထူထောင်ပေးခြင်း၊ ကျောင်းနေ့လည်စာဥပဒေပြဋ္ဌာန်းခြင်း၊ ၁၉၆၃ ခုနှစ်တွင် မသင် မနေရပညာရေးအဆင့်ဝင်ကျောင်းများ၌ ကျောင်းသုံးဖတ်စာအုပ်များ အခမဲ့ဝေပေးခြင်းဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းခြင်း၊ ၁၉၅၁ နှင့် ၁၉၅၃ ခုနှစ်များတွင် စက်မှုပညာရေးမြှင့်တင်ခြင်းဥပဒေနှင့် သိပ္ပံပညာရေးမြှင့်တင်ခြင်းဥပဒေတို့ကို ပြဋ္ဌာန်းခြင်းစသည်တို့ကို ပြုလုပ်ခဲ့ပါသည်။
၁၆။    ၁၉၅၀ နောက်ပိုင်းမှစ၍ ပညာရေးတိုးတက်မှုများရှိခဲ့သော်လည်း အခက်အခဲများလည်း ကြုံတွေ့ခဲ့ပါသည်။  အကောင်းဆုံးကျောင်းများနှင့် ထိပ်တန်းတက္ကသိုလ်များကို ဝင်ခွင့်ရရှိစေရန် အတွက် အပြင်းအထန်ပြိုင်ဆိုင်မှုများကြောင့် ကျောင်းသားများနှင့် ကျောင်းသားမိဘများ စိတ်ဖိစီးမှုရရှိခြင်း၊ အလွတ်ကျက်မှတ်မှုကြောင့် ကလေးများတွင်စူးစမ်းလိုစိတ်နှင့် တီထွင် ဖန်တီးလုပ်ကိုင်လိုစိတ်များ လျော့ကျလာခြင်း၊ ထို့ပြင်ကျောင်းစာမလိုက်နိုင်သည့်ကလေးများ များပြားလာခြင်း၊ ကလေးများသည် ကျောင်းတွင်းအကြမ်းဖက်မှုများ၊ ကျောင်းသားချင်း အနိုင်ကျင့်ဗိုလ်ကျသည်နှင့် ကျောင်းစာကိုစိတ်ဝင်စားမှုလျော့နည်းလာခြင်း စသည်တို့ဖြစ်ပါ သည်။ ၁၉၈၄ ခုနှစ်တွင် ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားကောင်စီကို ဖွဲ့စည်းခဲ့ပါ သည်။ ထိုကောင်စီမှ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။  ထိုအစီရင်ခံစာတွင် အခြေခံမူ ၃ ခုပါရှိပါသည်။ ၎င်းတို့မှာ ကျောင်းသားများ၏ တစ်ကိုယ်ရည် အစွမ်းအပေါ်တွင် အခြေပြုရေး၊ တစ်သက်တာပညာသင်ကြားရေးစနစ်သို့ ဦးတည်ပြောင်းလဲရေး နှင့် ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသော အပြောင်းအလဲများနှင့်အညီ ပြည်တွင်းတွင်ပါ လိုက်ပါ ပြောင်းလဲရေးဖြစ်ပါသည်။ ၁၉၉၈ ခုနှစ်တွင် ပညာရေးဗဟိုကောင်စီသည် မူလတန်းနှင့် အလယ်တန်းအောက် အဆင့်များအတွက် လေ့လာမှုဆိုင်ရာသင်ရိုးသစ်များကို ထုတ်ပြန်ကြေညာ ပါသည်။ ၎င်းသင်ရိုးသစ်များအရ သင်ခန်းစာများကိုသင်ကြားမှု၊ သင်ယူမှု ၃၀ ရာခိုင်နှုန်းခန့် လျှော့ချခဲ့ပါသည်။ ၂၀၀၁ ခုနှစ်တွင် ပညာရေး၊ သိပ္ပံ၊ အားကစားနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာအေဂျင်စီတို့ကိုပူးပေါင်းပြီး ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
၁၇။    အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ၂၀၀၃ ခုနှစ်တွင် ဥပဒေပြဋ္ဌာန်းပြီး အမျိုးသားတက္ကသိုလ် များကို ကော်ပိုရေးရှင်းများအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးအစိုးရအဖွဲ့သည် ပညာရေးပြန်လည်တည်ဆောက်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပါသည်။ ပညာရေးပြန်လည်တည်ဆောက်ရေးကောင်စီ၏ အကြံပြုချက်များတွင် သင်ရိုး မာတိကာများနှင့် မူလတန်းနှင့်အလယ်တန်းသင်ကြားမှုအချိန်များကို ၁၀ ရာခိုင်နှုန်းစီ ပြန်တိုး ရန်၊ ဆရာအသိအမှတ်ပြုလက်မှတ်များကို ပြန်လည်သက်တမ်းတိုးရသည့်စနစ်ကိုကျင့်သုံးရန်၊ ကျောင်းတွင်းအနိုင်ကျင့်ဗိုလ်ကျမှုများကိုကိုင်တွယ်ရန် စသည်တို့ပါဝင်ပါသည်။ ၂၀၀၈ ခုနှစ်တွင် မသင်မနေရပညာရေးအတွက် ဗဟိုအစိုးရ၏အသုံးစရိတ်ကို လျှော့ချသည့်အနေဖြင့် ယခင်ဗဟို အစိုးရနှင့် ဒေသန္တရအစိုးရတို့အကြား ညီတူညီမျှကျခံနေမှုကို ဗဟိုအစိုးရက သုံးပုံတစ်ပုံသာ ကျခံပါတော့သည်။ ဂျပန်နိုင်ငံ၏ပညာရေးပြုပြင်ပြောင်းလဲမှုသည် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးမှုကို ပံ့ပိုးရာတွင်များစွာအောင်မြင်ခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍မူ လစ်ဟာမှုများဖြစ်စေသည်ဟု ဝေဖန်မှုများရှိခဲ့ပါသည်။
စင်ကာပူနိုင်ငံ
၁၈။    မြန်မာနိုင်ငံအပါအဝင် အာရှဒေသမှ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ဆယ်စုနှစ်ငါးခုအတွင်း ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံဖြစ်အောင် လျှောက်လှမ်းခဲ့သည့် စင်္ကာပူနိုင်ငံ၏အောင်မြင်မှု မှ သင်ခန်းစာယူစရာများ တွေ့ရှိရပါသည်။ ပညာရေးကို အရည်အသွေးမြင့်အောင်အစွမ်းကုန် မြှင့်တင်ကြိုးစားခြင်းကြောင့် စင်္ကာပူနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်လာပါသည်။ ဆရာ၊ ဆရာမများ၏လစာမြင့်မားခြင်း၊ ဆရာများအား သင်ကြားရေးပိုင်းနှင့်ပတ်သက်သည့် လုပ်ပိုင် ခွင့်များပေးထားခြင်း၊ ထူးချွန်ကျောင်းသားများအား ကမ္ဘာ့ထိပ်တန်းနိုင်ငံများသို့ ပညာတော်သင် စေလွှတ်ခြင်း၊ အခြားနိုင်ငံများမှတက္ကသိုလ်များဖြင့်ချိတ်ဆက်၍ နိုင်ငံအတွင်း၌ တက္ကသိုလ်၊ ကောလိပ်များဖွင့်လှစ်ခြင်း၊ ကျွမ်းကျင်မှုအပြည့်နှင့် လုပ်ငန်းခွင်ဝင်နိုင်အောင် သင်ကြားပေး နိုင်ခြင်း၊ ခေတ်သစ်အဆင့်မြင့်ပညာရေး လိုအပ်ချက်များကို အစွမ်းကုန်ဖြည့်ဆည်းမှုနှင့် ရိုးသား ပြီးထိုးထွင်းဖန်တီးနိုင်စွမ်းသောခေါင်းဆောင်မှုတို့ကြောင့် စင်္ကာပူနိုင်ငံသည် ပညာရေးတွင် ကမ္ဘာ့ ထိပ်တန်းအဆင့်ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်ဟု ပညာရှင်များက သုံးသပ်ကြပါသည်။
၁၉။    စင်ကာပူနိုင်ငံ၏ ခိုင်မာသောအဆင့်မြင့်မူလတန်းပညာရေးစနစ်သည် စင်ကာပူနိုင်ငံ၏ ပညာရေးအဆင့်သတ်မှတ်ချက်အား ကမ္ဘာ့အဆင့် ၃ အောက်သို့ကျဆင်းမသွားစေသည့် အဓိက အကြောင်းရင်းဖြစ်ပါသည်။ စင်ကာပူနိုင်ငံ၏ တစ်ဦးကျဝင်ငွေသည် အမေရိကန်ဒေါ်လာ ၆၄၅၈၄ ဖြစ်ပြီး ကမ္ဘာပေါ်တွင် တစ်ဦးကျဝင်ငွေ တတိယအများဆုံးနိုင်ငံဖြစ်ပါသည်။   
ဟောင်ကောင်
၂၀။    ဟောင်ကောင်၏ ကျောင်းပညာရေးစီမံခန့်ခွဲမှုပုံစံသည် အင်္ဂလန်ကဲ့သို့ နည်းလမ်းများပြား ပါသည်။ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်များသည် ၎င်းတို့၏ချဉ်းကပ်မှုနှင့် အလုပ်အကိုင်အတွက် စံနမူနာပြဖြစ်ပါသည်။ သင်ရိုးညွှန်းတမ်းများကို အင်္ဂလိပ်ဘာသာနှင့် တရုတ်ဘာသာတို့ဖြင့် ပုံနှိပ်ထားပါသည်။ စာတတ်မြောက်မှုနှုန်းသည် ၉၄.၆ ရာခိုင်နှုန်းရှိသော ကြောင့် စာတတ်မြောက်မှုနှုန်းမြင့်မားသည်ကို တွေ့ရှိရပါသည်။ ၂၀၁၄ ခုနှစ်တွင် GDP သည်  ၄၀၄.၈၉၂ ဘီလီယံဒေါ်လာ ရှိပါသည်။
ဖင်လန်နိုင်ငံ    
၂၁။    ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ပညာရေးစနစ်အကောင်းဆုံးအဖြစ်ရပ်တည်ခဲ့သော ဖင်လန်နိုင်ငံ သည် ၂၀၁၅ ခုနှစ်တွင် အဆင့် ၅ သို့ကျဆင်းသွားခဲ့ပါသည်။ အချို့ကမူ ဖင်လန်နိုင်ငံ၏ ပညာရေးသည် အဆင့် ၁ ပင်ဖြစ်သည်ဟု ထင်မြင်ယူဆနေကြဆဲဖြစ်ပါသည်။ ဖင်လန်နိုင်ငံ၏ ပညာရေးစနစ်တွင် အားသာချက်များစွာရှိပါသည်။ ၎င်းတို့မှာ ကလေးများအသက် ၇ နှစ်တွင်မှ ကျောင်းစတက်ရခြင်း၊ ကလေးငယ်များ အိမ်စာလုပ်ရန်မလိုခြင်း၊ အသက် ၁၃ နှစ်အထိ စာမေးပွဲမရှိခြင်း၊ အတန်းအားလုံးတွင် စွမ်းရည်မျိုးစုံသင်ကြားနိုင်ခြင်း၊ သိပ္ပံခန်းများတွင် ကျောင်းသားအများဆုံး ၁၆ ဦးသာ တက်ရောက်ရခြင်း၊ နေ့စဉ်နားနေချိန်အများအပြားရှိခြင်း၊ ဆရာများစွမ်းဆောင်ရည်မြှင့်တင်ခြင်းအတွက် မဟာဘွဲ့အထိသင်တန်းများရှိခြင်း၊ ဆရာများ၏ သင်တန်းကုန်ကျစရိတ်အား အစိုးရမှကျခံခြင်း စသည်တို့ဖြစ်ပါသည်။ အံ့အားသင့်ဖွယ်အချက်မှာ ၂၀၁၂ ခုနှစ်တွင် ဖင်လန်နိုင်ငံ၏ အင်္ဂလိပ်စကားပြောစွမ်းရည်သည် ကမ္ဘာ့အဆင့် ၄ နေရာတွင် ရှိပါသည်။ တစ်ဦးကျဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃၆၃၉၅ ထက်မြင့်မားပါသည်။ မိသားစု အတွက် ပိုမိုကောင်းမွန်သော  ပညာရေးကိုရှာဖွေလိုပါက ကမ္ဘာ့အကောင်းဆုံး ပညာရေးစနစ်များ ရှိသော အာရှနိုင်ငံများကဲ့သို့ ဥရောပရှိဖင်လန်နိုင်ငံသည် စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။  
ယူကေ
၂၂။    အင်္ဂလန်နိုင်ငံ၏ပညာရေးစနစ်တွင် မူလတန်းကြိုအဆင့်၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် အဆင့်မြင့်ပညာရေးဟူ၍ အဆင့် ၅ ဆင့်ရှိပါသည်။ အသက် ၅ နှစ်မှ ၁၆ နှစ် အထိ မသင်အနေရပညာရေးစနစ်ကို ကျင့်သုံးပါသည်။ ၂၀၁၀ ခုနှစ်မှစတင်၍ အသက် ၃ နှစ်နှင့် ၄ နှစ် ကလေးများအတွက် တစ်နှစ်လျှင် ၃၈ ပတ်ကြာ သင်ကြားပေးသော အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပါသည်။ မကြာမီက အစောပိုင်းပညာရေးနှင့် ကလေးပြုစုစောင့်ရှောက်ရေးကို ကျယ်ပြန့် စွာလုပ်ဆောင်ခဲ့ပါသည်။ ၂၀၀၂ ခုနှစ်ပညာရေးအက်ဥပဒေတွင် အသက် ၃ နှစ်မှ ၅ နှစ်ကြား ကလေးများအတွက် အခြေခံပညာရေးစနစ် အမျိုးသားသင်ရိုးညွှန်းတမ်းကို အဓိကထားရေးဆွဲ ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် အလယ်တန်းကျောင်းပညာရေးအက်ဥပဒေပြဌာန်းပြီးနောက် အလယ်တန်းပညာရေးစနစ်သည် ပိုမိုကျယ်ပြန့်လာခဲ့ပါသည်။  
၂၃။    ယူကေနိုင်ငံ၏ ပညာရေးစနစ်စီမံခန့်ခွဲမှုပုံစံသည် နယ်မြေအသီးသီးတွင် ၎င်းတို့ ကိုယ်ပိုင်ဟန်များဖြင့် စီမံခန့်ခွဲသည့်စနစ်ဖြစ်ပါသည်။ ၎င်းနယ်မြေများသည် ဘုရင့်နိုင်ငံတော် ၏အာဏာအောက်တွင် ပူးပေါင်းဆောင်ရွက်ခြင်းထက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပိုမိုလုပ်ဆောင် လေ့ရှိကြပါသည်။ ယူကေ၏ပညာရေးသည် ဥပရောပ၌ အဆင့် ၂ နေရာ ၌ရှိပြီး ၂၀၁၅ တွင် ကမ္ဘာ့အဆင့် ၆ အဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ သို့ရာတွင် စကော့တလန်၏ပညာရေးသည် ယှဉ်ပြိုင်အနိုင်ရလိုမှုဖြင့် အနည်းငယ်အစွန်းရောက်သည်ကို တွေ့ရှိရပါသည်။ တစ်ဦးကျဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃၈၇၁၁ ဖြစ်ပါသည်။  
ကနေဒါနိုင်ငံ
၂၄။    အသိဉာဏ်ဗဟုသုတများတိုးပွားစေရန်အတွက်  မူလတန်းအဆင့်တွင် အင်္ဂလိပ်စာနှင့် ပြင်သစ်စာကို အဓိကသင်ကြားရပါသည်။ စာတတ်မြောက်မှုနှုန်းသည် ၉၉ ရာခိုင်နှုန်းအောက် လျော့နည်းသွားခြင်းမရှိပါ။ အကျိုးဖြစ်ထွန်းမှုရာခိုင်နှုန်း မြင့်မားသည်ကိုလည်း တွေ့ရှိရပါသည်။ ဘွဲ့ရရှိမှုနှုန်းတွင်လည်း ကမ္ဘာ့အမြင့်ဆုံးဖြစ်ပါသည်။ ခရိုင်အများစုတွင် အသက် ၁၆ နှစ်ထိ သို့မဟုတ် ၁၈ နှစ်အထိ မသင်မနေရပညာရေးစနစ်ကို ပြဌာန်းထားပါသည်။ စာသင်နှစ် ၁ နှစ် တွင် ပညာသင်ကြားရသည့်ရက်ပေါင်း ၁၈၀ မှ ၁၉၀ စသည်ဖြင့် အသီးသီးရှိပါသည်။ မူလတန်း ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းကို ဦးစားပေးဆောင်ရွက်ပြီးသည့်နောက် ကြီးမားသောအကျိုး ဆက်အဖြစ် ထူးချွန်သည့်ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။ တစ်ဦးကျဝင်ငွေသည် အမေရိကန် ဒေါ်လာ ၄၄၆၅၆ ရှိပါသည်။  GDP ၏ ၅.၄ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်း ကနေဒါနိုင်ငံ၏ ပညာရေးစနစ်အောင်မြင်ရခြင်းအကြောင်းရင်းဖြစ်ပါသည်။
နယ်သာလန်နိုင်ငံ
၂၅။    နယ်သာလန်နိုင်ငံ၏ ပညာရေးစနစ်သည် အထက်တန်းပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ စီမံကိန်းများချမှတ်အကောင်အထည်ဖော်မှုနှင့် စီမံခန့်ခွဲမှုအားနည်းခြင်းတို့သည် နယ်သာလန်နိုင်ငံအား ၂၀၁၂ ခုနှစ်တွင် အဆင့် ၇ မှ ၂၀၁၅ ခုနှစ်တွင် အဆင့် ၈ သို့ ရောက်ရှိသွား စေပါသည်။ တစ်ဦးကျဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄၂၅၈၆ ရှိပါသည်။
အိုက်ယာလန်နိုင်ငံ
၂၆။    အိုက်ယာလန်နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် အမျိုးသားရော အမျိုးသမီးပါ ၉၉ ရာခိုင်နှုန်းဖြစ်ပါသည်။ မူလတန်းမှ တက္ကသိုလ်အဆင့်အထိ အခမဲ့ပညာရေးစနစ်ဖြစ်ပါသည်။ အစိုးရသည် ပညာရေးကဏ္ဍအတွက် နှစ်စဉ်ယူရို ၈.၇၅၉ ကို ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။  
ပိုလန်နိုင်ငံ
၂၇။    ပိုလန်နိုင်ငံ၏ပညာရေးဝန်ကြီးဌာနသည် နိုင်ငံ၏စီးပွားရေးအတွက် အဓိကကျပါသည်။ ပိုလန်နိုင်ငံ၏ ပညာရေးသည်ဥပရောပတွင် အဆင့် ၄ နေရာ၌ရှိပြီး ကမ္ဘာ့အဆင့် ၁၀ ဖြစ်ပါသည်။ မူလတန်း၊ အလယ်တန်းအဆင့်များကို စနစ်တကျ ဖွဲ့စည်းလုပ်ဆောင်ခြင်းကြောင့် ပိုလန်နိုင်ငံ၏ ပညာရေးစနစ်သည် ကောင်းမွန်ရခြင်းဖြစ်ပါသည်။ တစ်ဦးကျဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂၁၁၁၈ ရှိပါသည်။
ပညာရေး၌အောင်မြင်ရခြင်းအကြောင်းရင်းများနှင့် ကောင်းကျိုးများ
၂၈။    ပညာရေးစနစ်အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံများကို နှိုင်းယှဉ်လေ့လာရာတွင် ပညာရေး အောင်မြင်မှုအတွက် ငွေကြေးသုံးစွဲမှုသည်အရေးကြီးသော်လည်း အဓိကအချက်မဟုတ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ပညာရေးအကောင်းဆုံးနိုင်ငံများတွင် ခိုင်မာအားကောင်းသောယဉ် ကျေးမှုအသိုင်းအဝိုင်းရှိကြပါသည်။ တစ်နည်းအားဖြင့် မိဘ၊ ဆရာနှင့် ကျောင်းသားများအားလုံး ပူးပေါင်း၍ ရလဒ်ကောင်းများကို ရရှိအောင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
၂၉။    ပညာသင်ကြားခြင်း သို့မဟုတ် ဆရာ၊ ဆရာမများအဖြစ်လုပ်ကိုင်ခြင်းသည် လစာ မကောင်းသည့်တိုင်အောင် လူဝင်ဆံ့သော၊ လူအများလေးစားရသော အလုပ်တစ်ခုဖြစ်ပါသည်။ ကလေးများသည် ပညာတတ်များဖြစ်လိုစိတ်နှင့် ပိုမိုကြိုးစားအားထုတ်လာကြပါသည်။ ပညာရေး စနစ်ကောင်းတစ်ခုသည် လူမှုရေးဆိုင်ရာကောင်းကျိုးများကိုလည်း ရရှိဖြစ်ထွန်းစေပါသည်။
ကမ္ဘာ့ပညာရေးစနစ်အကောင်းဆုံးနိုင်ငံများအားနှိုင်းယှဉ်ဖော်ပြချက်
၃၀။    ၂၀၁၅ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ပညာရေးစနစ် အကောင်းဆုံးနိုင်ငံများအား နှိုင်းယှဉ်ဖော်ပြအပ်ပါသည်။


၂၀၁၅ ခုနှစ်အတွက် အဓိကတွေ့ရှိချက်များ
၃၁။    အာရှနိုင်ငံအများစုသည် အခြားနိုင်ငံများထက် ပိုမိုထူးခြားစွာ စွမ်းဆောင်နိုင်သည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ပညာရေး အကောင်းဆုံးနိုင်ငံများတွင် တောင်ကိုရီးယားနိုင်ငံသည် ထိပ်ဆုံးမှဦးဆောင်လျက်ရှိပြီး ၎င်းနောက်တွင် ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်နိုင်ငံ တို့အစဉ်လိုက်ရပ်တည်လျက်ရှိပါသည်။ ထိုနိုင်ငံများ၏ ပညာရေးစနစ်သည် အစဉ်တစိုက် ကောင်းမွန်ခဲ့ပြီး ရှင်းလင်းတိကျသည့် သင်ကြားမှုရလဒ်များ၊ ရည်မှန်းချက်ပန်းတိုင်ရှိခြင်း၊ တာဝန်ယူမှုရှိခြင်း၊ အဖွဲ့အစည်းများနှင့် ဦးဆောင်သူများအကြား ညှိနှိုင်းသဘောတူညီမှုများ ရရှိခြင်းတို့ကြောင့် ၎င်းနိုင်ငံများ၏ပညာရေးသည် အစဉ်တစိုက် ကောင်းမွန်ခဲ့ခြင်းဖြစ်ပါသည်။ အစဉ်အလာအရ ပညာရေးအဆင့်အတန်းမြင့်မားသော စကင်ဒီနေးဗီးယန်းနိုင်ငံများသည် ၂၀၁၅ ခုနှစ်တွင် အနည်းငယ်နောက်ကောက်ကျသွားသည်ကို တွေ့ရှိရပါသည်။ ၂၀၁၂ ခုနှစ်က ကမ္ဘာ့ပညာရေး အကောင်းဆုံးနိုင်ငံဖြစ်သော အဆင့် ၁ နေရာမှ ဖင်လန်နိုင်ငံသည် ၂၀၁၅ ခုနှစ် တွင် အဆင့် ၅ သို့ လျှောကျသွားခဲ့ပြီး အဆင့် ၂၁ ရှိဆွီဒင်နိုင်ငံသည်လည်း အဆင့် ၂၄ သို့ ကျဆင်းသွားခဲ့ပါသည်။
၂၀၁၂ ခုနှစ်၏ အဓိကအချက်များ
၃၂။    ၂၀၁၂ခုနှစ်တွင် ကမ္ဘာ့အကောင်းဆုံးပညာရေးစနစ်များရှိသော ဖင်လန်နိုင်ငံနှင့် တောင်ကို ရီးယားနိုင်ငံတို့၏ပညာရေးနစ်များတွင် တူညီမှုများရှိသကဲ့သို့ ခြားနားချက်များလည်း များစွာ ရှိကြောင်း တွေ့ရှိရပါသည်။ အငြင်းပွားဖွယ်ရာအချက်မှာ တောင်ကိုရီးယားသည် ပညာရေး ကဏ္ဍတွင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်ပါသည်။ ကလေးများသည် ရက်သတ္တပတ်လျှင် ၇ ရက်လုံး ကျောင်းတက်ကြရပြီး အလွန်ငယ်ရွယ်စဉ်ကတည်းက အိမ်စာများလုပ်ကြရပါသည်။ ထိုနှစ်နိုင်ငံလုံး၌ ကျောင်းဆရာ၊ ဆရာမများအား ဂါရဝတရားဖြင့် ရိုသေလေးစားကြပါသည်။ စိတ်ဝင်စားဖွယ်အချက်မှာ အာရှနိုင်ငံများအကြား တောင်ကိုရီးယား နိုင်ငံအောင်မြင်ရခြင်း မှာ တောင်ကိုရီးယားနိုင်ငံသားများသည် အင်္ဂလိပ်စကားပြောဆိုနိုင်စွမ်း အသင့်အတင့်ရှိခြင်းကြောင့်ဖြစ်ပါသည်။ ၎င်းတို့သည် အင်္ဂလိပ်စာသင်ကြားမှုကို အလေးအနက်ထားခြင်းနှင့် နိုင်ငံခြားသားများကို ခေါ်ယူသင်ကြားစေခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံသားများသည်  အင်္ဂလိပ်စကားပြော ကောင်းမွန်ရခြင်းဖြစ်ပါသည်။
ပညာရေးစနစ်အားနည်းသောချက်နိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် ကြုံတွေ့ရသည့်အခက်အခဲများ
၃၃။    ချက်နိုင်ငံတွင် နိုင်ငံရေးစနစ်ပြောင်းလဲလာသည်နှင့်တပြိုင်နက် ပညာရေးကဏ္ဍတွင် လည်း ဒီမိုကရေစီပညာရေးစနစ်သို့ ပြောင်းလဲလာခဲ့ပါသည်။ ချက်နိုင်ငံ၏ပညာရေးပြုပြင် ပြောင်းလဲမှုများကို လေ့လာရာ၌ဆရာများ၏အခန်းကဏ္ဍသည် အဓိကအရေးပါသည်ကို တွေ့ရှိရ ပါသည်။ သင်ရိုးညွှန်းတမ်းအား ဗဟိုပညာရေးဌာနနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းရေးဆွဲပြီး ဆရာ၊ ဆရာမများက သင့်လျော်သောနည်းစနစ်ဖြင့် သင်ကြားခွင့်ရှိပါသည်။ ဆရာ၊ ဆရာမများ အတွက်လည်း သင်ကြားနည်းစနစ်သင်တန်းများ ဖွင့်လှစ်ပေးပါသည်။
၃၄။    သို့သော် လိုအပ်ချက်များလည်းရှိပါသည်။ ဆရာ၊ဆရာမများသည် စနစ်သစ်အတွက် ကျွမ်းကျင်မှုမရှိခြင်း၊ အလုပ်များသောကြောင့် သင်တန်းတက်ရောက်နိုင်မှုမရှိခြင်း၊ ဆရာနှင့် ကျောင်းသားများအကြား ဆက်ဆံရေးအခက်အခဲများရှိခြင်း၊ ဆရာ၊ ဆရာမများကိုယ်တိုင် သင်ရိုးညွှန်းတမ်းပါဝင်ရေးဆွဲရန်အတွက်ခက်ခဲခြင်း၊ သင်ကြားမှုပုံစံများ ရုတ်တရက်ပြောင်းလဲ သွားခြင်း၊ စာမေးပွဲစစ်ဆေးမှုပုံစံများ ပြောင်းလဲသွားခြင်းအတွက် အခက်အခဲများရှိခြင်း၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လုံခြုံရေး၊ နိုင်ငံတကာဆက်ဆံရေးစသည့်ကိစ္စများကြောင့် ပညာရေးတွင် အာရုံစိုက်မှုလျော့နည်းခြင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက် ဘဏ္ဍာငွေမလုံလောက် ခြင်း၊ ဆရာ၊ ဆရာမများအား လစာတိုးပေးထားသော်လည်း အခြားအသက်မွေးဝမ်းကျောင်း အလုပ်များနှင့်နှိုင်းယှဉ်လျင် ဆရာ၊ ဆရာမများ၏လစာမှာနည်းနေခြင်း၊ ကျား၊ မ လစာတန်းတူ ညီမျှမရရှိဘဲ ဆရာမများ၏လစာမှာပိုနည်းနေခြင်း၊ လူနည်းစုတိုင်းရင်းသားများ၏ ဘာသာ စကား၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုများအတွက် ဆောင်ရွက်မှုများ၊ မသန်စွမ်းကလေးများနှင့် ဆင်းရဲနွမ်းပါးသောမိဘများမှ မွေးဖွားလာသည့်ကလေးများအတွက် ပညာရေးဝန်ဆောင်မှု နည်းပါးခြင်းစသည့် အားနည်းချက်များကို တွေ့ရှိရပါသည်။
ကျွမ်းကျင်ပညာရှင်တို့၏အမြင်များနှင့်သုံးသပ်ချက်များ
၃၅။    ကမ္ဘာ့ဘဏ်၏လေ့လာချက်များအရ ထူးချွန်ထက်မြက်ရန် အလားအလာရှိသည့် အချို့ ကျောင်းသားများသည် မိဘများ၏စီးပွားရေးအဆင်မပြေမှု၊ ပညာသင်ယူရန် အခွင့်အလမ်းနည်း ပါးမှု၊ လုံလောက်သည့်သတင်းအချက်အလက်များမရရှိမှု စသည့်အကြောင်းတရားများကြောင့် တိုးတက်မှုများ နှောင့်နှေးနေကြရကြောင်း၊ ထို့ကြောင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နံမှုများပြုလုပ်ရန် အထူးလိုအပ်ကြောင်း ပညာရှင်များက ထောက်ပြ ပြောဆိုခဲ့ကြပါသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ပညာရေးနှင့် သက်ဆိုင်သူများ၏ အကြံဉာဏ်၊ ပူးပေါင်းဆောင်ရွက်မှုများလိုအပ်ပါသည်။ ထို့အပြင်နည်းပညာ ပိုင်းဆိုင်ရာများ၊ ဘဏ္ဍာရေး ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထားခြင်း၊ နည်းစနစ်သစ်အတွက် ဆရာများကို သင်တန်းပေးခြင်း၊ ကျောင်းအဆောက်အဦများကို ပြင်ဆင်ခြင်း၊ သင်ထောက်ကူ ပစ္စည်းများဝယ်ယူဖြည့်ဆည်းခြင်းစသည်ဖြင့် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း သိရှိရပါသည်။
၃၆။    ထို့အပြင် ပညာရေးသည် လက်တွေ့အသုံးချနိုင်သော ကျွမ်းကျင်မှုပါသည့် ပညာရေးမျိုး ဖြစ်ရန်လိုအပ်ပါသည်။ သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမများကို လုံလောက်သည့် ထောက်ပံ့မှု များ ပေးရမည်ဖြစ်ပြီး ကျွမ်းကျင်မှုရှိအောင်ဆောင်ရွက်ခြင်း၊ သင်ကြားနည်းစနစ်များကို ကောင်းစွာသိရှိခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု ရှိခြင်း၊ ကျောင်းသားများ၏စိတ်ကို ကောင်းစွာသိရှိ ခြင်းတို့လိုအပ်ပါသည်။ ကျောင်းစာတစ်ခုတည်းသာမကဘဲ ပေါင်းသင်းဆက်ဆံရေး၊ ဘာသာ စကားစွမ်းရည်၊ လေ့လာသင်ယူမှုဆိုင်ရာစွမ်းရည်၊ အစုအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ စွမ်းရည်တို့ပါဝင်သည့် ပညာရေးမျိုးဖြစ်သင့်ပါကြောင်း ကျွမ်းကျင်သူတို့ကသုံးသပ်ပါသည်။ ထို့အပြင်သင်ယူလိုသည့်ဘာသာရပ်ကို သင်ကြားမည့်ကျောင်းသား ကိုယ်တိုင်ရွေးချယ်ရန် အဓိက လိုအပ်ပါသည်။ သို့မှသာလက်တွေ့ဘဝတွင် ထိရောက်အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ပါသည်။
နိဂုံး
၃၇။    နိုင်ငံတကာပညာရေးစနစ်များကိုလေ့လာရာတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွာခြားချက် များရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ အချို့နိုင်ငံများတွင် ပညာရေးပြုပြင်ပြောင်းလဲမှုကြောင့် အောင်မြင်မှုများရရှိပြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ်သို့ပင် ရောက်ရှိလာသည်ကို တွေ့ရှိရသကဲ့သို့ အချို့နိုင်ငံများတွင် ပညာရေးပြုပြင်ပြောင်းလဲမှုပြုလုပ်ရာ၌ အခက်အခဲအချို့ ကြုံတွေ့ရသည်ကို လည်း လေ့လာတွေ့ရှိရပါသည်။
၃၈။    ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ၏ တစ်ဦးချင်းပူးပေါင်းပါဝင်မှု၊ နိုင်ငံခေါင်းဆောင်များနှင့် အဖွဲ့အစည်းများ၏ အတွေးအခေါ်အယူအဆများနှင့် အဆုံးအဖြတ်သည် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန် အရေးကြီးပါသည်။ ဆရာ၊ ဆရာမများသည် အဓိကအခန်းကဏ္ဍမှပါဝင်နေသည့် အလျောက် စနစ်သစ်အတွက်လိုအပ်သောအရည်အသွေး၊ ကျွမ်းကျင်မှုများရှိအောင် ပြင်ဆင်ဆောင်ရွက်ခြင်း၊ သင်ထောက်ကူပစ္စည်းများနှင့် အင်တာနက်ရရှိအောင်ဆောင်ရွက်ခြင်းစသည့် အခြားလိုအပ်ချက် များကို ပြည့်စုံအောင်ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ရန်လိုအပ်ပါသည်။ ထို့အပြင် ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးအတွက် မူဝါဒများ၊ သင်ရိုးညွှန်းတမ်းများရေးဆွဲရာတွင် လူ့အဖွဲ့အစည်း အတွင်းရှိ အုပ်စုများအားလုံးကို ထည့်သွင်းစဉ်းစားပြီး မိမိနိုင်ငံ၏အခြေအနေ၊ ယဉ်ကျေးမှု၊ ရေမြေအနေအထားနှင့်ကိုက်ညီရန်အပြင် ဦးနှောက်နှင့်နှလုံးသား တန်းတူဖွံ့ဖြိုးတိုးတက်စေရန် လည်း သတိပြုဆောင်ရွက်ကြရ မည်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။

သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက် များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်း အရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။
Date issused 
Wednesday, February 3, 2016 - 09
Research Type 
Researcher name 
သုတေသနဌာန၊ ပြည်သူ့လွှတ်တော်

Ref:
http://www.pyithuhluttaw.gov.mm/