Showing posts with label ဒေါ်အောင်ဆန်းစုကြည်. Show all posts
Showing posts with label ဒေါ်အောင်ဆန်းစုကြည်. Show all posts

Saturday, December 21, 2019

ကျပ်၁ထောင်တန် ငွေစက္ကူ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပ်ုံနဲ့

ကျပ်၁ထောင်တန် ငွေစက္ကူ ဗိုလ်ချုပ်အောင်ဆန်း  ရုပ်ပ်ုံနဲ့ 4-1.2020 မှာ စတင်ထုတ်ဝေမဲ့သတင်းကို ကြိုဆိုရပမယ်။ မြန့်ငွေကြေးမှာ တိရိစ္ဆာန် မျာပဲ ထည့်သွင်း ရခြင်းများကို ပြုပြင်ပြောင်းလဲခင်းပါပဲ.။
https://www.mrtv.gov.mm/mm/news-60816
.
ဒေါက်တာကျော်ဆွေ ရဲ့ စိုးရိမ်စွာတင်ပြချက်က ဘာပဲဖစ်ပါစေ အလွန်ဗဟုသုတရဖွယ် ငွေစက္ကရိုက်ထုတ်တဲ့ နည်းစနစ်နဲ့ နိုင်ငံတကာ လိုက်နာရတဲ့ ဘဏ္ကာရေး နည်းစနစ်၊ ကျင့်ထုံးများ ကို လေ့လာနိုင်ပါတယ်။ images များကို ဖတ်ရှု နိုင်သလို Web Link မှလည်း ရနိုင်ပါတယ်။
http://burmachannel.website/archives/359

Thursday, January 24, 2019

စီးပွားရေးပေါ်လစီနဲ့မြစ်ဆုံအရေး


စီးပွားရေးပေါ်လစီနဲ့မြစ်ဆုံအရေး
 ဒေါ်အောင်ဆန်းစုကြည် အဖြေ (၂၀၁၅ အစိုးရမဖြစ်ခင် ပြောစကားကို သုံးသပ်ချင်လာပါတယ်။ ရေအားလျှပ်စစ် တခြားနေရာတွေမှာ ဆက် လုပ်စေ ချင်လို့ပါ။ ဒေါ်အေါင်ဆန်းစုကြည် ပြောတဲ့အတိုင်း  လုပ်လေ့ ရှိပေမဲ့..မြစ်ဆုံကိစ္စကို ဘေးကကြည့်ပြီး မကြေနပ်သူတွေ ပိုများလာပါတယ်)။
.........
မဲနှုက်ပြီး ရသောမေးခွန်းစာရွက် ကို ဖတ်ပါတယ်။
.
မေး...အမေစုတို့ စီးပွားရေးပေါ်လစီကို သိလိုပါတယ်။ အန်တီသမ္မတဖြစ်ရင် နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI Foreign Direct Development တွေ ဝင်လာအောင် ဘယ်လိုလုပ်ရပါမလဲ။.. မြစ်ဆုံဆည် ရေအားလျှပ်စစ်အကြောင်းလဲ သိလိုပါတယ်။
.......
ဖြေ...ကျမတို့ စီးပွားရေး ပေါ်လစီနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် FDI ဝင်လာဖို့အတွက် ထိုင်ပြီးတော့ ရင်းနှီးမြှတ်နှံ မှုတွေ ဝင်လာဖို့ စောင့်နေတယ်လို့ သဘောရှိတယ်လို့ ကျမ မြင်ပါတယ်။ ကျမ အနေနဲ့ကတော့ အဲဒီလို သဘောရှိနေလို့တော့ မဖြစ်ဘူးလို့ မြင်ပါတယ်။(လက်ခုပ်.အားပေးသံများ)။ အဲဒီလို လုပ်လို့ မဖြစ်ဘူးလို့ ကျမ ထင်ပါတယ်။ စီးပွားရေး ကောင်အောင်လုပ်ဖို့ နိုင်ငံတော် စီမံကိန်းတွေ ရှိဖို့ လိုပါတယ်။ စီးပွားရေး စီမဲကိန်းတွေ ကလည်း ပွင့်လင်းမြင်သာ ရှိဖို့ လိုပါတယ်။
.
.
FDI ပြည်ပရင်းနှီးမှု
အဲဒီအချက်တွေကလည်း FDI ရရှိရေးနဲ့ ဆက်နွယ်နေပါတယ်။ FDI ရဖို့အတွက် ဘယ်လိုပြင်ဆင်ပါသလဲ ဆိုတော့ FDI ဥပဒေ ထွက်ပြီ။ ဒီ ဥပဒေ ထွက်ပြီ ဆိုတော့ ရင်းနှီးမြှုတ်နှံမှုတွေ စုပြုံပြီး ဝင်လာပါသလား ဆိုတော့ မျှော်မှန်းသလို ဝင်မလာပါဘူး။ အဲဒီလို ဝင်မလာတာကို ကျမ နိုင်ငံတကာ စီးပွား ပညာရှင်များနဲ့ ဆွေးနွေးပါတယ်။ သူတို့ရဲ့ ပြောတာ အကြားရဆုံး အဖြေကတော့ ၂ခု ပဲ တွေ့ရတယ်။
.
တခုကတော့ သူတို့ လုံခြုံမှု မရှိလို့ပေါ့နော်။  သူတို့ တရားဥပဒေစိုးမိုးရေး အပေါ် ယုံကြည်မှု မရှိလို့။ ဥပဒေတွေကတော့ ခုပြောတဲ့ FDI ဥပဒေ ကတော့ ရှိနေပါပြီ။ ဒါပေမဲ့ အဲဒီဥပဒေအတိုင်း လုပ်ပါ့မလား၊ အဲဒီ ဥပဒေ စိုးမိုးမှု ရှိနိုင်မလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်။ အဲဒါက တခုပေါ့နော်။
.
Infrastructure အခြေခံအဆောက်အဦ
နောက်တခုကတော့ အခြေ ခံ အဆောက်အဦ။ အင်ဖရာ စထရပ်ချာ Infrastructure ပေါ့နော်။ အဲဒါ အားနည်းတဲ့အတွက် တချို့ စီးပွားရေးကုမဏီကြီးတွေက သိပ်စိတ်မပါဘူး ဖြစ်သွားတယ်။ ဥပမာ တခု ပြောရရင် စက်ရုံကြီး သူတို့လုပ်ငန်းအတွက် ဆောက်မယ်ဆိုပါတော့။ ဒါပေမဲ့ စက်ရုံဆီကို လမ်းတွေလဲ ဆောက်ရမယ် ဆိုရင်တော့ စိတ်ပျက်သွားတယ်။ (ရယ်မောလျက်..ပရိတ်သတ်ရယ်သံများ)။ အဲဒါအပြင် လျှပ်စစ်ရရှိရေး အတွက် သူတို့ကပဲ ရုန်းကန်ရမယ် ဆိုရင်ဖြင့် ပိုပြီး စိတ်ပျက်သွားတယ်။ ဒါကြောင့်မို့ ဒီဟာတွေ ရရှိရေးအတွက် အစိုးရက စီမံကိန်းချ လုပ်ဆောင်မှ စီးပွားရေး တိုးတက်မယ် ဖြစ်ပါတယ်။
.
စီးပွားရေးတိုးတက်ဖို့ ဆိုတာ တလမ်းထဲသွားလို့ မရပါဘူး။ လမ်းအမျိုးမျိုးကို တချိန်တည်း သွားရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် စီမံကိန်းများကို တပြိုင်တည်းလုပ်ဆောင်ရမယ်။ စွမ်းအင်အတွက် လျှပ်စစ်စီမံကိန်းကြီးများ၊ လမ်းပန်း ဆက်သွယ်ရေး စီမံကိန်းကြီးများ လိုပါတယ်။ အခြေခံအဆောက်အဦ InfraStructure တွေ  တပြိုင်တည်း လုပ်ဆောင်ရပါမယ်။ အဲ ဒီဟာတွေ မပြည့်မစုံပဲ တော်ရုံတန်ရုံ လုပ်ငန်းရှင်တွေက သိပ်မလာချင်ကြဘူး။ စောစောက ပြောသလို လုံခြုံမှု လိုတယ်။ ဘဝအာမခံချက် လိုတယ်ပေါ့။ ကျမတို့ လူငယ်တွေ ပြောသလိုပေါ့၊ ဒီစီပွားရေး လုပ်ငန်းရှင်တွေလဲ လုံခြုံမှု အာမခံ လိုတယ်။ စီးပွားရေး လာလုပ်တယ် ဆိုတာ အကျိုးအမြတ်အတွက် လာကြတာဖြစ်တယ်။ ဒါပေမဲ့ သူတို့ အကျိုးအမြတ် ရှိသလို ပြည်သူပြည်သားတွေလဲ အကျိုးအမြတ် ရှိဖို့ လိုတယ်။ ပြည်သူတွေ အကျိုးအမြတ် ရဖို့ကတော့ အစိုးရရဲ့ တာဝန်ဖြစ်တယ်။
.
အခုဆိုရင်ဖြင့် ကျမတို့ ပြည်သူပြည်သားတွေက နိုင်ငံခြား ရင်းနှီးမြှတ်နှံမှု တွေအတွက် မကျေမနပ် ဖြစ်တယ်။ ခေါင်းပုံဖြတ်တယ်ပေါ့နော်။ ခေါင်းပုံဖြတ်တယ်ဆိုတာ . ခေါင်းပုံမဖြတ်အောင်လို့ ဘယ်သူက ကာကွယ်ရမလဲ။ အစိုးရက ကာကွယ်ရမှာပေါ့။ ကိုယ့်လူမျိုးကို ကိုယ့်အစိုးရက မကာကွယ်ပေးရင် ဘယ်သူက ကာကွယ်ပေးမှာလဲ။ အဲဒီတော့ အခုမေးတဲ့ မေးခွန်းမှာ မြစ်ဆုံစီမံကိန်း ကို မေးထားတယ်။
.
.
မြစ်ဆုံစီမံကိန်း
အန်တီ သမ္မတဖြစ်တာ၊ မဖြစ်တာက သတ်သတ်၊ ဒီကိစ္စကို မူအရ ပြောသွားမယ်။ စီမံကိန်းတခုကို ပြင်ပနိုင်ငံ တစ်ခုက အစိုရကပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်တစ်ဦးက ဖြစ်ဖြစ် သဘောတူညီမှု ယူတဲ့အခါ  အဲဒီစီမံကိန်းမှာ ဘာတွေပါသလဲဆိုတာ ပြည်သူတွေ သိခွင့်ရှိတယ်။ ကျမတို့ ဘာမှမသိဘူး။ မြစ်ဆုံ စီမံကိန်းမှာ ကျမကို ဘာလုပ်မလဲလို့ မေးရင် ဘာသဘောတူညီမှု ရှိသလဲ ဆိုတာ ကျမ မသိပဲနဲ့ ကျမ ဘယ်လိုလုပ် ဖြေမလဲ။ ကန်ထရိုက် ဆိုတာရှိတယ်နော်။ ဘာတွေ သဘောတူညီ ခဲ့သလဲ ဆိုတာ ကျမမသိဘူး။ နောက်ပြီးတော့ သဘောတူညီထားတဲ့ အတိုင်း မလုပ်ခဲ့ရင် ကျမတို့က ဘာတွေ ပြန်ဆပ်ရမလဲ ဆိုတာလဲ ကျမ မသိဘူး။
.
ဒါမျိုးဆိုတာ ပွင့်လင်းမြင်သာမှု ရှိရတယ်။ ကျမတို့ အစိုးရကလဲ ပွင့်လင်းရမယ်။ နောက်ပြီးတော့ အမှန်ပြောလို့ရှိရင် လက်မှတ်ထိုးတဲ့သူတွေက ဘာဖြစ်လို့ တာဝန်ယူပြီး မရှင်းသလဲလို့ မေးချင်တယ်။
.
End of Video
...............................
FDI သုံးသပ်ဆောင်းလင့်ပါ
https://m.facebook.com/groups/1410110412651955?view=permalink&id=1747185695611090
(or) shot cut www.goo.gl/bT8ES5
.
မိမိ သုံးသပ်ချက်
ဒီဗွီဒီယို က ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံဘဝ ပြောခဲ့ပြီး၊ အခု အဏာ ၇၅ရာနှုန်း ရတာ ၃နှစ်နီးပါး အထိ ငြိမ်နေချိန် (စုံစမ်းရေးကော်မရှင် ဖွဲ့ပေးပြီး အစီရင်ခံစာ တရားဝင် မထွက်လာသေးချိန်) မြန်မာပြည်က တရုပ် သံရုံးရဲ့ သဘောထားထွက်လာလို့ ပြည်သူတွေ ဒေါသထွက်နေချိန်ကာလပါ။ တရုပ်အစိုးရက မြန်မာပြည်သူအာလုံးနီးပါး မလိုလားမှန်း သိရက် ဒီသတင်းထုတ်ပြန်တာပါ။ နိုင်ငံရေးပါ။  ဆက်လုပ်ရင်လဲ စတိ အလတ်စားရေအား ၁၀၀ အမြင့် ရေကာတာ လောက်ပဲ လုပ်ကြရင်ရင် တရုပ်က လက်ခံမလား။ ရေအားလျှပ်စစ် စီမံကိန်း အားလုံး ရပ်သွားတာ မြစ်ဆုံရပ်ဆိုင်းလို့ အဓိကပါပဲ။ ပြန်မဆွေးနွေး သေးတာလဲ အစိုးရမှာ မမျှော်လင့်တဲ့ ဘင်္ဂါလီ.ရခိုင်အရေးလိုမျိုး ပေါ်လာတာကြောင့်ပါ။
.
အရေးထဲ မြစ်ဆုံ နဲ့ ကျောက်စိမ်း သယံဇာတကြွယ်ဝတဲ့ ကချင်ပြည်နယ် အစိုရဝန်ကြီး၃ဦး နှုတ်ထွက်ခြင်း၊ ရပ်စဲခြင်း Jan2019 မှာ ဖြစ်လာတယ်။ မြစ်ဆုံ စာချုပ်ကို အမေစု ပြောတဲ့ လက်မှတ်ထိုးခဲ့သူများခမြာ ရာထူးမရှိတော့တာ ၂၀၁၆ ကတည်းကပဲ ဆိုတော့.. အခု အမေစုပဲ ရှင်းနေရပြီ။ ပြန်ခေါ်လဲ လာမှာမဟုတ်။ အသေပဲ ခံတော့မလား မသိ။
.
 ကချင်တိုင်းရင်းသား လက်နက်ကိုင်နဲ့ သူတို့မဟာမိတ် ရခိုင် အေအေ ဌာနချုပ်ရှိရာ ကချင်ပြည်နယ်မှာ၊..  အင်အားကြီးမားလှတဲ့ မြန်မာ့တပ်မတော်ကြီးလဲ ရှိနေတယ်။ ငြိမ်းချမ်းရေး ကို မထိခိုက်ဖို့ လောလောဆယ် မကြုံစဖူး တဖက်သတ် အပစ်ခတ်ရပ်ထားတဲ့ တပ်မတော်သဘောထားလဲ.. မြစ်ဆုံအရေးမှာ အရေးကြီးတယ်။ မြစ်ဆုံ စုံစမ်းကော်မရှင်ရဲ့ အစီရင်ခံစာ မကြာခင်ထုတ်ပြန်မှာလား၊ မကြာခင် အလည်ပတ် ရောက်လာတော့မဲ့ တရုပ်အကြီးကဲ ကျီရှင်ပင်း မြန်မာပြည်ခရီးစဉ် အတွက် ပြင်ဆင်ဖို့ မြန်မာအစိုးရ အကောင်းဆုံး လုပ်နိုင်ပါစေ။
.
ဇော်အောင်(မုံရွာ)
22.Jan.2019

ကိုးကား..ဗွီဒီယို..
https://m.facebook.com/story.php?story_fbid=439907313213423&id=100015824744006

Saturday, August 11, 2018

နွားနို့နဲ့အရက်၊အချိုရည် (၁) (၂) ၊ ဦးသိန်းစိန်ခေတ် နှင့် ခေါ်အောင်ဆန်းစုကြည်ခေတ်..


နွားနို့နဲ့အရက်၊အချိုရည် (၁)
DASSK နေပြည်တော်က CP နွားခြံသွား ကြည့်တော့ .ကိုဝင်းထိန် က ပို့စ် တင်ပါတယ်။ ငွေစင်ပုလဲ နွားနို့ထုတ်လုပ်နေသူ ဦးတင်ဝင်း က အားရ၀မ်းသာ ကြိုဆိုပါတယ်။ ရေးထားချက် တစ်ခုကတော့ .. " နိုင်ငံခြားသား လုပ်ငန်းရှင်ကို သာစားပေးတယ် ဆိုပြီး ဖောင်းထုတဲ့ comment အချို့ကိုလည်း တွေ့ရပါတယ်။ ဘယ်နိုင်ငံခြားသား ပိုင်တဲ့ခြံဖြစ်ဖြစ် မြန်မာပြည်အတွက် အကျိုးမယုတ်ပါဘူး။ မဟုတ်လဲ ထိုင်းနဲ့ တရုတ်ဆီက နို့ဗူးတွေ တင်သွင်းနေရ တာပဲဥစ္စာ။ အဓိကက ပညာသားပါပါ စီမံခန့်ခွဲနိုင်ရင် ပြည်တွင်းလုပ်ငန်းရှင် တွေအတွက်လည်း Win-Win ဖြစ်လာနိုင်ပါတယ်။ Myanmar SMP လုပ်တဲ့အခါ.. ဒေသထုတ် နို့ကိုပဲ ဦးစားပေး ဝယ်မယ်ဆိုရင်.. ဒေသတိုင်းမှာ Milk industry တွေ ပေါ်လာနိုင်ပါတယ် ".. စသဖြင့် ရေးထားပါတယ်။
.
ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုတဲ့ CP နွားနဲ့ကြက် မွေးမြူရေး (နေပြည်တော်) ကတော့ ရင်းနှီးမြှတ်နှံမှု ကျပ်သန်း ၂၀၀၀၀ (US$ 1.5 million) ပဲ ရှိပါတယ်။ စနစ်တကျ မွေးမြူထားပြီး စီးပွား တွက်သား ကိုက်မကိုက် တော့ မသိနိုင်ပါဘူး။ ထိုင်းနိုင်ငံ နဲ့ ယှဉ်ကြည့်ရင်တော့ ကုမဏီ အသေး လေးလို့ ပြောနိုင်ပါတယ်။
.
ယခင်က ရေးခဲ့တဲ့ ၂၀၁၈ မှာလဲ ခေတ်မီနေဆဲ ဆောင်းပါးကို ပြန်လည် တင်ပြပါတယ်။
.
.
.....///. နွားနို့နဲ့အရက်၊အချိုရည် (၁) .../// .....
..
သမ္မတဦးသိန်းစိန်က ဇန္နဝါရီလ ၂၀၁၄ နှစ်သစ်မိန့်ခွန်းတွင် နွားနို့သောက်ကြပါရန်။ အရက်ကို မသောက်ကြရန် ပြောသွားသောအခါ တစ်နိုင်ငံလုံး အသံဖလံများ ဆူညံသွားလေတောသည်။ ကာတွန်းများ၊ သရော်စာများဖြင့် သရော်စာကိုဖတ်မိသောအခါ ကျွန်တော်လည်း အနည်းငယ်ရေးလိုပါသည်။ တကယ်တော့ အချိုရည်၊ ဘီယာ၊ အရက်စက်ရုံများလောက် အမြတ်အစွန်းမြောက်များစွာ မရသော်လည်း နွားနို့လုပ်ငန်းသည် ကုသိုလ်လဲရ၊ ဝမ်းလည်းဝသော သမ္မာအာဇီဝ လုပ်ငန်းဖြစ်သည်။ သမ္မတကြီးက အားပေးခြင်းသည် အလွန်ကောင်းသည်။ သို့သော် ထိုလုပ်ငန်းလုပ်သူများ ယိုင်လဲနေခြင်းကို မြန်မာနိုင်ငံတော်အစိုးရက ဘာမှမတတ်နိုင်။ အရက်ဘီယာနှင့်အချိုရည်များကိုသာ စွဲစွဲလမ်းလမ်း သောက်သုံးနေကြသော ကမ္ဘာလောကသားများ ဖြစ်ပေသည်။
ကျွန်ုပ်ငယ်စဉ်က ၁၉၈၅ခုလောက်တွင် ပျဉ်းမပင်နို့ချက်စက်ရုံတွင် တိမွေးကုသူငယ်ချင်းများနှင့် အတူ နွားနို့တနိုင်မွေးမြူသူများထံမှ အစိုးရက နွားနို့ဝယ်ယူသည့်လုပ်ငန်းများ၊ နို့ဆီချက်လုပ်ခြင်းလုပ်ငန်းများကို လေ့လာခဲ့ဖူးပါသည်။ အဆင့်နိုမ့်နည်းပညာ စက်ရုံဖြစ်သော်လည်း ယခုအခါ၊ နိုင်ငံတိုင်းတွင် နွားနို့၊ နို့ဆီ၊ နို့မှုန့်လုပ်ငန်းများကို အထူးစက်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည်။ တရုပ်ပြည်မှ ထုတ်လုပ်သော နို့မှုန့်များကြောင့် ကလေးများစွာ ဝမ်းလျော၊ သေကျေကြသော ဖြစ်ရပ်များကြောင့် ပိုမိုစည်းကမ်းတင်းကြပ်ပါသည်။ ၂၀၁၁ ဗီယက်နမ်နိုင်ငံ VINAMILK နွားနို့၊ နို့မှုန့်စက်ရုံများကို တည်ဆောက်ခဲ့ဖူးသောကြောင့် နွားနို့လုပ်ငန်းသည် ကုသိုလ်လဲရ၊ ဝမ်းလည်းဝ၊ အမြတ်အစွန်းလည်း ကောင်းသောလုပ်ငန်းဖြစ်ကြောင်း လူတိုင်းသိပါသည်။ သို့သော် လူတွေ ဘာကြောင့် အရက်ကိုသောက်ပြီး၊ အရက်ဆိုင်များက စီးပွားပိုကောင်းသနည်း..ဆိုသည့်မေးခွန်းအဖြေမှာ ..အရသာရှိသောကြောင့်.. ဖြစ်ပါသည်။ မူးရစ်ဆေးဝါးဖြစ်သောကြောင့် ထိုအရသာသည် စွဲလမ်းစေပါသည်။ နွားနို့စွဲလမ်းနေသူကို မတွေ့ဖူးပါ။ တနေ့မသောက်ရလဲ ကိစ္စမရှိပါ။၊ ကျွန်ုပ်၏ စက်မှုတက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်း စင်ကာပူ F&N အချိုရည်၊ နွားနို့နှင့်ယမကာစက်ရုံကြီး၏ အင်ဂျင်နီယာချုပ် အလုပ် လုပ်ကိုင်နေသူကလည်း မြန်မာပြည်နွားနို့ကုန်ထုတ်လုပ်ငန်းတွင်စိတ်ဝင်စားပါသည်။ ယခင်အပတ် 7Day ဂျာနယ်တွင် ထိုင်းနိုင်ငံ၊ ကြက်ကြော်ရောင်းလုပ်ငန်းလုပ်ကိုင်သူနှင့်အင်တာဗျူးသတင်းရေးထားသည်။ ထိုသူပင် မြန်မာပြည်ပြန်လာရန် မဖြစ်နိုင်သဖြင့် ပညာတတ်များအတွက် ခက်ခဲမည်ဟု ရေးထားသော်လည်း ပညာတတ်လူငယ်များ ပြန်လာနေကြသည်ကို တွေ့ရသည်။ အသေးစားနှင့်အလတ်စား လုပ်ငန်းများကို လက်ဝါးအုပ်မှု ပပျောက်စေရန်၊ Import/Export လက်ဝါးအုပ်စီပွားစနစ်များကို ဖြေလျှော့ပေးရမည် ဖြစ်သည်။
တစ်နေ့တွင် မန္တလေးရှိ Myanmar Diary Industry Ltd နွားနို့၊ နို့ဆီ၊ နို့မှုန့် စက်ရုံသို့ နိုင်ငံတော်သမ္မတကြီး ခေတ္တခဏ၊ ၁၅မိနစ်ခန့် လေ့လာရန် ရောက်လာပါသည်။ အစီအစဉ်မရှိသော်လည်း မန္တလေးမြို့တွင် အနောက်နိုင်ငံ၊ ဒိန်းမတ်နည်းပညာများဖြင့် မြန်မာပညာရှင်များ တည်ဆောက်ထားသော စက်ရုံဖြစ်သောကြောင့်၊ စိတ်ဝင်စားရခြင်းဖြစ်သည်။ သမ္မတကြီးက တော်တော် သဘောကျသွားသည်။ စိတ်ဝင်စားစွာဖြင့် ၂နာရီကြာအောင် လေ့လာ၊ မေးမြန်းသွားသဖြင့် ရန်ကုန်ပြန်မည့် သမ္မတကြီးလေယာဉ်ပင် စောင့်ဆိုင်း နေရသည်။ ပြည်ထောင်စုဝန်ကြီးများ ၁၀ဦးကျော် အတူပါလာပြီး၊ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စိတ်ဝင်စားစွာ မေးမြန်းလေ့လာသွားသည်။ နိုင်ငံတော်သမ္မတကြီးသည် ကလေးသူငယ်များ အဟာရဖြစ်ရေးအတွက်၊ အနာဂါတ်မြန်မာ့မျိုးဆက်များကို အထူးအားပေးသည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက နွားနို့သောက်ပေးခြင်းဖြင့်၊ ကျန်းမာသန်စွမ်းသော လူငယ်များဖြင့် နိုင်ငံတိုးတက်မည်ဟူသော အမြင်ကို အထူးနှစ်ခြိုက်၊ အကောင်ထည်ဖေါ်လိုသည်။ ဟုတ်ပါသည်။ ငယ်စဉ်က နွားနို့သောက်သုံးရသော ကလေးသည် အရွယ်ရောက်လာသောအခါ အခြားသူများထက် သန်စွမ်းမှုအရာတစ်ပန်းသာနေပါသည်။ ကိုယ်ခန္တာနှင့်စိတ်ဓါတ်အင်အား ပိုသန်စွမ်းကြောင်း ဆေးပညာကဆိုသည်။ ကျွန်ုပ်ငယ်စဉ်က မိခင်ဖြစ်သူ မိခင်ကလေးစောင့်ရှောက်ရေးမှာ သူနာပြု၊သားဖွားဆရာမဖြစ်သည်။ မိခင်တို့ ဌာနက ယူနက်စကိုမှာ နို့မှုန့်များစွာကို မုံရွာမြို့ ကျောင်းများစွာသို့ အပတ်စဉ်ပို့ပေးက၊ ကလေးများကို ဖျော်တိုက်သည်။ ဝေငှသည်။ ကျွန်တော်တို့မိသားစုမှာ ထုံးစံအတိုင်း ယူနက်စကိုနို့မှုန့်ကို အမြဲသောက်ရသည်။ ဈေးထံမှနိုင်ငံခြားဖြစ် နှို့မှုန်က ပိုမိုမွှေးကြိုင်၊ ချိုဆိပ်သော်လည်း မဝယ်စားနိုင်ပါ။ ယူနက်စကိုနှို့မှုန့်ကို ထမင်းနှင့်နယ်ပြီးစား၊ ဖျော်သောက်ခဲ့ရသောကြောင့် ကျွန်တော်တို့ မောင်နှမများသည် ပိုမိုကျန်းမာကြခဲ့ပါသည်။ ထို့ကြောင့် ယူနက်စကိုကဲ့သို့ ကလေးများဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ကျောင်းများထိ နွားနို့ဖျော်တိုက်ခြင်းများ လုပ်ဆောင်ပေးခြင်းဖြစ်သည်။
သမ္မတကြီးက ခေတ္တလာရောက်သော နွားနို့စက်ရုံကြီးသည်၊ ၁၉၉၄ခုနှစ်ကတည်းက စတင်ခဲ့ပြီး အောက်ပါ နွားနို့ထုတ်ကုန်များကို ထုတ်လုပ်ခဲ့သည်။
SWEETEN CONDENSED MILK
– 2000 CARTOONS PER DAY (FROM 100% FRESH MILK)
– 2500 CARTOONS PER DAY (FROM SMP COMBINED PROCESS)
COMBINED EVAPORATED MILK
– 700 CARTOONS PER DAY (RETORT STERILIZATION PROCESS)
– 1200 CARTOONS PER DAY (UHT STERILIZATION PROCESS)
UHT/PASTUERIZED MILK & FLAVOURED MILK
ICE CREAM
MILK POWDERS
– 1500 KG PER DAY (MEANT FOR DEDICATED POWDER)
– 8000 KG PER DAY (GENERAL PURPOSE PLANT)
BUTTER FAT , 1000 KG PER DAY
အဆိုပါစက်ရုံသည် စီးပွားရေးအောင်မြင်ခဲ့ပြီး မြန်မာပြည်တွင်းထုတ်၊ အရည်အသွေးမြင့် နွားနို့စက်ရုံဖြစ်လာသည်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်များတွင် စက်ရုံ (၃)ခုဖြင့် လည်ပတ်၊ ကုန်ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော် ၂၀၁၁ မြန်မာအစိုးရသစ် တက်လာပြီးသည့်နောက်ပိုင်း၊ အသေးစား၊ အလတ်စား စက်ရုံများ ကုန်ထုတ်လုပ်စရိတ် မတတ်နိုင်ခြင်း၊ ပြည်ပမှ ဝင်ရောက်လာသော နွားနို့ထွက်ကုန်များကို လုံးဝမယှဉ်နိုင်ခြင်းကြောင့် စီးပွားပျက်ခဲ့ရသည်။ စက်ရုံအချို့ကို လုပ်ငန်းလျှော့ချလိုက်ရသည်။
သမ္မတကြီးကလည်း နွားနို့လုပ်ငန်း၊ ဒိန်ခဲ၊ နို့မှုန့် စသည်တို့တွင် နာမည်ကြီးသော ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေး နိုင်ငံများမှ ကုမ္ပဏီများ၊ နယူးဇီလန်၊ သြစတြေးလျှားတို့မှ လာရောက်ရင်းနှီးမြှတ်နှံ နွားနို့လုပ်ငန်း ထုတ်လုပ်ဖို့ ဖိတ်ခေါ်သောကြောင့် ကုမ္ပဏီးကြီးများ လာရောက်အခြေအနေကြည့်ပြီး ပြန်သွားကြသည်။ မလုပ်နိုင်သေးပါ။
ပြည်တွင်း နွားနို့၊ နို့ချက်စက်ရုံလေးများကို အားကိုးရုံသာရှိသည်။ သမ္မတကြီးစိတ်ဝင်စားသော မြန်မာ့အနာဂတ် လူသားအရင်းမြစ် ကျန်းမာကြံ့ခိုင်ရေး စီမံကိန်းဖြစ်သောကြောင့် အားလုံးက စိတ်ဝင်စားစွာ လေ့လာကြသည်။ နောက်ပိုင်း Follow up နောက်ဆက်တွဲ တာဝန်ပေးချက်များဖြင့် ဝန်ကြီးများက အဖွဲ့များဖြင့်၊ ထိုကဲ့သို့ စက်ရုံများ မြန်မာပြည်တွင် ရေရှည် ပြည်တွင်းနည်းပညာဖြင့်လုပ်ကိုင်နိုင်ဖို့ စက်ရုံသို့ လာရောက်၊ နည်းနာခံယူကြသည်။ ဝန်ကြီးများ သိလိုသည်များကို လုပ်ပေး၊ ဆောင်ရွက်ပေးရသည်မှာ စရိတ်ထောင်းသည်။ အစိုးရက ထောက်ပံ့ငွေ၊ ဈေးကွက်များကို မရပဲ၊ အစိုးရဝန်ကြီးများ နာလည်ချင်ဇောနှင့် လေ့လာမှုမှာ အားရစရာကောင်းလှသည်။ လအနည်းငယ် ကြာသွားသောအခါ ဝန်ကြီးများ မလာနိုင်တော့။ ထုံးစံအတိုင်း အေးသွားသည်။ စက်ရုံမှာလည်း နိုင်ငံခြားမှ ဝင်လာသော ဒိန်းမတ်၊ နယူးဇီလန်၊ သြစတြေးလျှားမှ ဝင်လာသည့် အခွန်မဲ့၊ နွားနို့၊ နို့ဆီ၊ နို့မှုန့်များကို ဘယ်လိုမှ မယှဉ်နိုင်ပါ။ များများလည်ပတ်လျှင် များများရှုံးမည်ဖြစ်သောကြောင့် အသက်ငင်ပြီး၊ လည်တယ်ဆိုရုံလောက်သာ လည်ပတ်နိုင်တော့သည်။ မြန်မာအစိုးရ ပြည်တွင်းကုန်ထုတ်မှု အားပေးသော သွင်းကုန်အခွန်စနစ် မှန်ကန်စွာကျင့်သုံးလာနေသောကြောင့် မကြာမီ စီးပွားကောင်းလာတော့မည်ဖြစ်သည်။
စက်ရုံလည်ပတ်ရာတွင် နွားနို့ကုန်ကြမ်းတစ်ခုတည်း အရင်းနှီးမဟုတ်ပါ။ ပစ္စည်းရောင်းရဖို့က ပိုပြီးအရေးကြီးပါသည်။ ပြည်တွင်းပညာရှင်များနှင့် တပ်ဆင်ထားသော စက်ရုံဆိုသော်လည်း နွားနို့စက်ရုံအတွက် သံမဏီထည်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်မိုတာ၊ UHT, Pasteurize, Condense, Packing, Bottle စက်နှင့်အပိုပစ္စည်းအများစုမှာ နိုင်ငံခြားမှ ဝယ်ယူတင်သွင်းရသည်။ အရေးကြီးဆုံး ဝယ်လိုအား ပြည်တွင်းစားသုံးသူများ မဝယ်တော့ခြင်းကြောင့်ဖြစ်သည်။ ပြည်တွင်းစားသုံးသူများကလည်း ဒိန်းမတ်၊ နယူးဇီလန်မှာ နွားနို့၊ နို့ဆီ၊ နို့မှုန့်များက ပိုပြီးဈေးချိုသောအခါ ပြည်တွင်းဖြစ်ကို အားပေးချင်သော်လည်း ပြည်တွင်းဖြစ်ကို ဘိုင်ဘိုင် လုပ်လိုက်ရသည်။ နို့မှုန့်သည် နိုင်ငံခြားအရက်၊ ဆေးလိပ်ကဲ့သို့ ကန့်သတ်သတ်ကုန်ဖြစ်သည်။ တင်သွင်းရန် လိုင်စင်လိုသည်။ သို့သော် မြန်မာပြည် ကျေးရွာအနှံ့ကုန်စုံဆိုင်များတွင် နိုင်ငံခြားဖြစ် အရက်၊ ဆေးလိပ်များကို တွေ့နိုင်သော်လည်း၊ ပုပ်သိုးသွားနိုင်သော နွားနို့စက္ကူပါကင်ဗူး အကြီးအငယ်များ၊ နို့ဆီ၊ နို့မှုန့်များ နေရာတကာ ရောက်နေခြင်းမှာ၊ ပြည်တွင်းနွားနို့ကုန်ထုတ်၊ စက်မှုလုပ်ငန်းကို ရိုက်ချိုးလိုက်ခြင်းဖြစ်သည်။
ကုန်ကျစရိတ်များတွင် နိုင်ငံခြားမှ ကုန်ကြမ်းဓါတုပစ္စည်းများ၊ စက်အပိုပစ္စည်းများ ဈေးကြီးလာခြင်း၊ လျှပ်စစ်နှင့်လောင်စာဆီများ ဈေးကြီခြင်းတို့ကို ကြံ့ကြံ့ခံနိုင်သော်လည်း၊ အခွန်မဲ့နီးပါး ဝင်ရောက်လာသော နိုင်ငံခြားနွားနို့ထုတ်ကုန်များကို မယှဉ်နိုင်ခြင်းသည် အဓိကဖြစ်လေတော့သည်။
နွားနို့ထုတ်လုပ်မှုအတွက် ဆွေးနွေးမည့်အချက်များတွင်
၁။ ဘာကြောင့်ဝယ်မသောက်ကြသလဲ
၂။ နွားနို့ကို လူတွေသောက်ချင်ကြပါသည်။
၃။ နွားနို့လုပ်ငန်း ဘာကြောင့်မလုပ်ကြပါသလဲ။
၎။ နွားနို့ကို အမျိုးသားထုတ်ကုန်အဖြစ် လုပ်သင့်ပါသလား ဟူသော ကဏ္ဍများဖြင့် စဉ်းစားမိပါသည်။
၁။ ဘာကြောင့်နွားနို့ဝယ်မသောက်သနည်း.. မေးခွန်းမှာ မြန်မာများအတွက် ရှင်းနေပါသည်။ ဈေးမတတ်နိုင်သည့်အပြင်၊ နွားနို့ကြိုက်သူမြန် မာများ နည်းပါးလှသည်။ ကလေးများကတော့ ကြိုက်ကြသော်လည်း မိဘများက ငွေမတတ်နိုင်ပါ။ ကျွန်ုပ်ငယ်စဉ်က မိခင်နို့ရည် သောက်သုံးခဲ့သော ကလေးဖြစ်ပြီး၊ ယူနီဆက်မှ ပေးဝေသော နို့မှုန့်များကို ပုံမှန်ဖျော်သောက်နိုင်ပါသည်။ ကျွန်တော်တို့ မူလတန်းဘဝ ၁၉၇၀၊ ၁၉၈၀ ခုနှစ်လောက်က ယူနီဆက်မှ နွားနို့များစွာ မူလတန်းကျောင်းများတွင် သောက်သုံးခဲ့ရသည်။ ယခုအခါ ထိုကဲ့သို့မရှိတော့ပါ။ အကျင့်ပျက်များလာသောကြောင့် ယူနီဆက်ကလဲ မပေးတော့သလား မသိ။
၂။ နွားနို့ကို လူကြီးများမသောက်ကြသော်လည်း၊ မိမိ သားသမီးများကို တိုက်ကျွေးချင်ပါသည်။ အသက်၁၀နှစ်ပတ်ဝန်းကျင် မြန်မာက လေးများကို မေးကြည့်ပါ။ အားလုံးနွားနို့ကြိုက်ပါသည်။ မိဘချမ်းသာသော ကလေးများက ချေးများပြီး၊ မသောက်ချင်တာ ချွင်းချက်ဖြစ်သည်။ နွားနို့သောက်ချင်ရခြင်းမှာ နွားနို့သည် ဈေးကြီးသောကြောင့်၊ လူတိုင်းမသောက်နိုင်ပါ။ နွားနို့သည် လူဆင်းရဲသားများအတွက် မတတ်နိုင်သောအစားအစာ ဖြစ်သောကြောင့်၊ ကလေးများ နွားနို့သောက်ချင်ပါသည်။ လူကြီးများလည်း နေမကောင်းချိန်၊ နလံထချိန် နွားနို့သောက်သည်။
၃။ နွားနို့လုပ်ငန်းကို လူတွေမလုပ်ကြခြင်းမှာ နွားမွေးမြူခြင်းသည် ရင်းနှီးမှုကြီးပါသည်။ ကရိကထလည်း များသောကြောင့်ဖြစ်သည်။ နွားမမွေးပြီး နွားနို့ညစ်ရောင်းခြင်းသည် တောရွာများတွင် စီးပွားရေးမဟုတ်ပဲ၊ လယ်သမားများ၏ ခိုင်းနွားအမများ သားမွေးသောအခါ အပိုဝင်ငွေတစ်ခု ဖြစ်လာသည်။ နို့စားနွားမ မွေးမှ အမြတ်အစွန်းရမည်ဖြစ်သည်။
၎။ နွားနို့ကို အမျိုးသားထုတ်ကုန်အဖြစ် လုပ်သင့်သော်လည်း၊ လယ်ယာလုပ်ငန်းတွင် ဆန်စပါးစိုက်ပျိုးခြင်းကိုပင် အစိုးရက ပံ့ပိုးမပေးနိုင်သေး ပါ။ ကျေးရွာများတွင် နွားမွေးနိုင်သူများကို ငွေချေး၊ နွားပေး၊ နို့စားနွားမ နွားနို့လုပ်ငန်း လုပ်ကိုင်စေပါက လူတိုင်းလုပ်မည် ဖြစ်သည်။ ဥပမာ .. နွားနို့စက်ရုံတစ်ခု တည်ဆောက်ပြီးပါက ကုမ္ပဏီသည် အနီးနား၊ ကျေးရွာများတွင် နွားမွေးမြူအောင် ပံ့ပိုး၊ ငွေချေး၊ လုပ်ငန်းမတည်ပေးရ တော့မည်ဖြစ်သည်။ သို့မှသာ ကုန်ကြမ်း နွားနို့ရရှိမည်။ နွားမွေးသူများအဖို့လည်း နွားနို့ဝယ်မည့်သူ အဆင်သင့်ရှိနေသောကြောင့် ပိုမိအဆင် ပြေမည်ဖြစ်သည်။
ထိုမျှကောင်းမွန်သော လုပ်ငန်းဖြစ်သော်လည်း တနိုင်လုပ်ငန်းလည်း မလုပ်နိုင်၊ စက်ရုံအဖြစ်လဲ မလုပ်နိုင်၊ အရက်နှင့်ဆေးလိပ်လုပ်ငန်းများသာ တစ်နိုင်လုပ်ငန်း၊ စက်ရုံလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်နေကြပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှတ်နှံမှု ကော်မရှင်က လိုင်စင်ချပေးလိုက်သော ပြည်ပရင်းနှီးမြှတ်နှံမှုများတွင် နွားနို့၊ နို့ဆီ စက်ရုံ ရင်းနှီးမြှတ်နှံမှု ရှိမည်မထင်ပါ။ အရက်၊ဘီယာနှင့်ဆေးလိပ်စက်ရုံ မြောက်များစွာ လိုင်စင်ချပေးလိုက်သောကြောင့် ရင်းနှီးမြှတ်နှံကော်မရှင်ကိုပင် အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်ရရှာသည်။ မဟုတ်တာ အတောမသတ် ဆက်ကာ၊ ဆက်ကာလုပ်နေသူများကို လိုက်တားဆီးနေရခြင်းကလည်း အစိုးရသစ်အတွက် အလုပ်ကြီးတခု ဖြစ်နေသည်။
ထိုသို့ ကျယ်ပြန့်လာသည့် ဒီဘိတ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အရက်နှင့်ပတ်သက်၍ ကျမ်းပြု ပညာရှင်ဖြစ်သူ ဆရာမူးရစ်ညွန့်(ကောက်ညှင်းမြေ) ဆွေးမြေ့စွာ “လူသားဆန်မှုနဲ့ ကိုယ်ချင်းစာတရားကို ဟောဒီမြန်မာနိုင်ငံမှာ ကျွန်တော် ဘယ်တော့မှ မရှာဖွေတော့ဘူး” ဟု ပြောကြားခဲ့သည်။ ကျွန်တော်က အရက်လည်းမသောက်ရန်၊ နွားနို့သောက်ရန်ကို ထောက်ခံရေးသားပါသည်။ အားမလျှော့ပါ။ မိထ္ထီလာ၊ပျော်ဘွယ်၊ ပျဉ်းမပင် စသည့်ဒေသများစွာမှ မလိုင်မုန့်လုပ်ငန်း၊ ပြည်တွင်းမှ လဘက်ရည်ဆိုင်များအတွက် ဒေသချက်နို့ဆီများကတော့ ဆက်လက်ရှင်သန်နေဦးမည်။ မကြာမီ အခွန်ကောက်ခြင်း စနစ်ကောင်းများကြောင့် ပြည်ပမှ ပြည်တွင်းအရည်သွေးကို မမှီသော နွားနို့ထုတ်ကုန်များ တင်သွင်းမှုရပ်သွားမည်။ လယ်ယာထွက်ကုန်စက်မှုလုပ်ငန်း စက်ပစ္စည်းများ အခွန်မဲ့၊ လွယ်ကူစွာတင်သွင်းခွင့်ရလာမည့်နေ့သည် သိပ်မဝေးတော့ပါ။ ပြည်တွင်လယ်ယာ ကုန်ချော၊ ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်မြင့်မားစွာ ပေါ်လာတော့မည်ဟု မျှော်လင့်နေပါသည်။ လက်ရှိအခြေအနေတွင် အသက်ငင်နေသော ပုဂ္ဂလိကစက်ရုံ အသေး၊ အလတ်များစွာ ခက်ခဲစွာ ဆက်လက်လည်ပတ်နေပါဦးမည်။ လယ်ယာ ကုန်ထုတ်လုပ်ငန်းများကို တရုပ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများကဲ့သို့ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရများက ထောက်ပံ့ငွေပေးရန် မျှော်လင့်နေဆဲ ဖြစ်သည်။
ထို့ကြောင့် မြန်မာအနာဂါတ် ကလေးများအဟာရ ဖြည့်ဆည်းလိုပါက။ အလှုရှင်များ ကိုယ်တိုင် နို့မှုန်ဖျော်ပြီး ကျောင်းများရှိကလေးသူငယ်များကို အလှုဒါန၊ တိုက်ကျွေးခြင်းသည် ခေတ်စားနေပါသည်။ လက်ရှိအချိန်တွင် မြန်မာ့အစိုးရကလည်း စာသင်ကျောင်းများကို ယူနက်စကိုမှ နွားနို့များ ဈေးနှုန်းချိုသာစွာ (အခမဲ့ဖြစ်စေ) ကြိုးစားရယူပြီး၊ ဆရာမများကိုယ်တိုင် ဖျော်တိုက်ကျွေးခြင်းနည်းလမ်းသာ အကောင်းဆုံးဖြစ်ပါတော့သည်။
.
.....///. End of ... နွားနို့နဲ့အရက်၊အချိုရည် (၁) .../// .....
.
.
မြန်မာ့ နွားနို့လုပ်ငန်း သုံးသပ်ချက်
ဦးဝင်ထိန် ဆောင်းပါးက တော့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ငယ်နိုင်လို ဖြစ်နေတယ်။ ဘောပွဲ ကစားသမျှ လူအလုံးထည်၊ ပညာတွေမှာ နွားနို့သောက်နိုင်တဲ့ ထိုင်းလူငယ်တွေကို မယှဉ်နိုင်လို့ အမျိုးသားစီမံကိန်း နဲ့ မြန်မာ ကျောင်းများက ကလေးများကို နွားနို့တိုက်ဖို့ ထိုင်းနိုင်ငံ စံနမူနာပြ ရေးသားသွားပါတယ်။
.
ဦးသိန်းစိန် ခေတ်က ရှောင်တခင် ၀င်ကြည့်ရင်း စိတ်ဝင်စွားသွားခဲ့တဲ့ မြန်မာပိုင် ဒီဆောင်းပါးက နွားနို့စက်ရုံလည်း အခု ဘယ်လိုအခြေအနေ ရောက်မှန်း မသိတော့ပါဘူး။ အဲဒီ ၂၀၁၄ တုန်းက ဒိန်းမတ်က နို့မှုန့်တွေ လာပေးပြီး၊ သူတို့နို့မှုန့်တွေ ရောင်းဖို့၊ စက်ရုံတည်ဖို့ လာတွေ့တယ်။ ဦးသိန်းစိန်က နွားနို့နဲ့အရက် ဆိုပြီး ပြောလိုက်လို့ တတိုင်းပြည်လုံး နွားနို့ရောဂါ ထခဲ့ကြတယ်။
.
ကျနော်တို့လည်း စင်ကာပူမှာ နေပြီး ၀ါဂူး နွားတွေ ကချင်တောင်သူတွေနဲ့ မွေးဖို့ စဉ်းစားတော့ ဂျပန် ၀ါဂူးနွား မျိုးတွေ ညာရောင်းမဲ့ ပုဂိုလ်တွေနဲ့ပေါင်းရိတ်စား ချင်တဲ့ ဗမာ တွေနဲ့ တွေ့ပြီး စိတ်ပျက်ရတယ်။ .. 'ဒိန်းမတ် အာထရာပက် ကုမီဏီကလည်း စက်ရုံ ရောင်းစားဖို့ ကြိုးစားတယ်.. ၀ယ်တဲ့ မြန်မာတွေတော့ ၀ယ်သွားတာ တွေ့ရတယ်။ ဒါပေမဲ့ ကိုဝင်းထိန် ရေးသလို လူကြီးတွေ က ဈေးကြီးတဲ့ နွားနို့ ထက် ၀ိုင်နဲ့Grand Royal ကို ပိုစိတ်ဝင်စား သလို၊ ကလေးတွေကလဲ ဈေးကြီးတဲ့ နွားနို့ထက် Coca, Papxi, Max အချိုရည်တွေ ပိုသောက်ချင်ကြတဲ့ မိုင်းဆက် Mindset ပြသနာက ရှိတယ်။
.
ကျပမ်းအလုပ်တွေချည်း မြန်မာပြည်မှာ ခေတ်စားနေတယ်။ အတည်အတန့် အလုပ်မရှိတော့ ပြည်သူတွေ ၀င်ငွေ မကောင်း၊ ၀င်ငွေ မကောင်းတော့ အဟာရပြက် နေကြတာ .. မြန်မာတနိုင်ငံလုံးပါ။ ကျနော်တို့ ကချင် စစ်ရှောင် ကလေးတွေကမှ ၀ဖြိုးသေးတယ်။ ငြိမ်းချမ်းတဲ့ ဒေသက ကလေးတွေ က ပုသေး၊ ပိန်လှီ .. လူတစ်စုပဲ စားသောက်ကောင်းနဲ့ သူတို့ပဲ ငွေ-အာဏာ ကို အပိုင်ကိုင်တွယ် ဖို့ ကြိုးစားနေတာ ကျနော်တို့ DASSK ကို အပြက် ထောက်ခံ မှာ ဖြစ်မယ် .. ဆောင်းပါးဟောင်းတွေ ပြန်ပို့စ် လုပ်ရဦးမယ်ဗျာ...
.
နွားနို့နဲ့အရက်၊အချိုရည် (၂) ၊ ၀ါဂူးနွားမွေးဖို့ အရူးထ ခဲ့ကြပုံများ ထပ်မံ ပို့စ် လုပ်ပါဦးမယ်။
.
ဖတ်ရှုသူ အားလုံးကို ကျေးဇူးတင်လျှက်။
.
ဇော်အောင် (မုံရွာ)
၁. သြဂုတ်. ၂၀၁၈
Ref Links..
* ဦးဝင်းထိန် (Win Htein) ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီ၊ ကော့သောင်https://goo.gl/q7r8LP
* Myanmar State Counsellor Office နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် နို့စားနွားမွေးမြူရေးခြံ၊ နို့ပေါင်းစက်ရုံနှင့် ပေတော ခေတ်မီဥစားကြက်ခြံ စီမံကိန်းသို့ သွားရောက်ကြည့်ရှုလေ့လာ ဇူလိုင် ၃၁... https://goo.gl/Z39uUf

နွားနို့နဲ့အရက်၊အချိုရည် (၂)
နေပြည်တော်က CP နွားမွေးမြူရေး လုပ်ငန်းကို ဒေါ်အောင်ဆန်းစုကြည် သွား ကြည့်တဲ့ သတင်းကြောင့် နွားနို့လုပ်ငန်းရှင်တွေ အားတက်ရပါတယ်။ CP နွားနဲ့ကြက် မွေးမြူရေး (နေပြည်တော်) ကတော့ ရင်းနှီးမြှတ်နှံမှု ကျပ်သန်း ၂၀၀၀၀ (US$ 1.5 million) ပဲ ရှိလို့ နိုင်ငံတကာ စံနဲ့ ယှဉ်ကြည့်ရင်တော့ ကုမဏီ အသေး လေးလို့ ပြောနိုင်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်ငန်း တွေ ယိုင်လဲ၊ တွက်သားမကိုက် ဖြစ်နေပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ၀ယ်ယူတင်သွင်းပြီး ရောင်းချတဲ့ ခေတ်ဖြစ်နေချိန် အဲဒီလို နွား၊ ကြက် မွေးမြူရေး ကို နိုင်ငံအကြီးကဲ က အားပေးကြည့်ရှု ခြင်းက SME မွေးမြူရေး လုပ်ငန်းငယ် လေးများအတွက် စိတ်အား တက်ရပါတယ်။
.
ယခင်က ရေးခဲ့တဲ့ ၂၀၁၈ မှာလဲ ခေတ်မီနေဆဲ ဆောင်းပါး အမှတ်(၂) ကို ပြန်လည် တင်ပြပါတယ်။ .
.
.
.....///. နွားနို့နဲ့အရက်၊အချိုရည် (၁) .../// .....
အပိုင်း(၁)တွင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံကလေးငယ်များ နွားနို့သောက်၊ အဟာရပြည့်ဝစေပြီး အနာဂါတ်မြန်မာများ သန်မာထွားကျိုင်းစေလိုသည် စေတနာဖြင့်ကြိုးစားချက်များကို ရေးသားခဲ့ပါသည်။ ခါချဉ်ကောင်ကြီး ခါးကမသန်ကြောင်း၊ နိုင်ငံခြားမှ နွားနို့၊ နို့ထွက်ပစ္စည်းနှင့် နို့မှုန့်များ အခွန်မဲ့ ဒလဟော သွင်းလာသောကြောင့် ပြည်တွင်းနွားနို့ကုန်ထုတ်လုပ်ငန်း ပျက်စီးသွားကြောင်း၊ သွင်းကုန်လုပ်ငန်းကို SME small & medium enterprise များလုပ်ရမည့်အစား ခရိုနီနှင့် ဦးပိုင်၊ အစိုးရလုပ်ငန်းများကသာ အခွန်မဲ့၊ ကုန်သေတ္တာမြောက်များစွာ အလွယ်တကူသွင်း၊ ထုတ်နိုင်သဖြင့် တနိုင်တပိုင်လုပ်ငန်းကို ဦးစားပေးသည့် နွားမွေးမြူရေးလုပ်ငန်းမှာ မလိုင်မုန့်လုပ်ငန်းလောက်သာ လုပ်နိုင်ကြောင်း လက်ရှိမြန်မာနိုင်ငံအခြေအနေကို ဖေါ်ပြခဲ့သည်။ ရင်းနှီးမြှတ်နှံမှု အခက်ခဲကြောင့် ၁၅နှစ် လည်ပတ်အောင်မြင်ခဲ့သော ပြည်တွင်းနွားနို့၊ နို့မှုန့်စက်ရုံကြီးပင် လုပ်ငန်းမရပ်အောင် အပြင်းထန်ကြိုးစားနေရသည်။
.
● စင်ကာပူနိုင်ငံရှိ နွားနို့စက်ရုံတစ်ခု
Malaysia Diary Farm စက်ရုံတစ်ခုသို့ သွားရောက်လေ့လာခဲ့သည်။ သြစတြေးလျှားမှ 100kg နို့မှုန့်ထုပ်များကို ဝယ်ယူပြီး၊ စင်ကာပူတွင် 25kg အထုပ်ကလေးများ ပြန်ခွဲထုတ်ကာ၊ export ပြည်ပသို့ စင်ကာပူကုန်တံဆိပ်ကပ်က ပြန်ရောင်းချသည်။ မူလသြစတြေးလျှား ဘိလပ်မြေအိတ်ကဲ့သို့သော အိပ်များမှ တံဆိပ်ကိုခွာ၊ စင်ကာပူမှ Diary Milk, Manufactured in Singapore တံဆိပ်ကပ်ထားသော စက္ကူပုံးများထဲသို့ ပြောင်းပြီး ထုတ်ပိုး၊ ပြည်ပသို့တင်ပို့ရောင်းချသည်။ စင်ကာပူဆိုလျှင် ဝယ်သူများက ပိုပြီး ယုံကြည်စိတ်ချသောကြောင့် သြစတြေးလျှားမှ တင်သွင်းလာသော နို့မှုန့်အထုတ်ကြီးများ၏ ၅၀% ကို ပြည်ပသို့ ပြန်ပို့သည်။ စင်ကာပူနိုင်ငံတွင်းရှိ အချို့နို့မှုန့်သုံးသည် မုန့်လုပ်ငန်းများကို နွားနို့အမှုန့်ထုတ်များ ရောင်းချသည်။
အများစုသော နို့မှုန့်များကို စက်ရုံတွင်ဖျော်ပြီး နွားနို့ပြန်ထုတ်သည်။
.
HL တံဆိပ်ဖြင့် နွားနို့များကို ယခင်က နွားနို့လပ်လပ်ဆတ်ဆတ်သုံးပြီး ထုတ်ထားသည်ဟု ထင်ခဲ့သည်။ စက်ရုံရောက်မှပဲ သြော်..လက်စသတ်တော့ သြစတြေးလျားက နို့မှုန့်တွေကို ဖျော်ပြီး အမွှေး၊ အနံ့လပ်ဆတ်အောင် ထုတ်လုပ်ရောင်းချမှန်းသိလိုက်ရသည်။ နောက်ဆိုလျှင် HL နွားနို့ကို မသောက်တော့ဟု ဆုံးဖြတ်လိုက်သည်။ ထိုစက်ရုံမှပင် ကလေးများအလွန်သောက်သော Vitagen (less sugar) များကို ထုတ်လုပ်နေပြီး၊ HL, Vitagen ထရပ်ကားပေါင်း တစ်ရာခန့် စက်ရုံပတ်ပတ်လည်တွင် ရပ်ပြီး၊ ကုန်လာထုတ်နေသည်ကို တွေ့ရသည်။ နို့နှင့်ပတ်သက်သော ဖျော်ရည်များကို ထုတ်လုပ်၊ စီးပွားဖြစ်နေသော ကုမ္ပဏီကြီးဖြစ်ပြီး ၂၄နာရီ အဆက်မပြတ် လည်ပတ်နေသည်ကို တွေ့ရသည်။
.
နောက်တစ်ခုမှ F&N ကုမ္ပဏီကြီးဖြစ်သည်။ ထိုင်းနိုင်ငံဘီယာကုမ္ပဏီကြီးက စင်ကာပူဖျော်ရည်နှင့်ဘီယာလုပ်ငန်းကြီး F&N ကိုဝယ်လိုက်ပြီ ဟုသိရသည်။ F&N သည် ဘီလျှံဒေါ်လာ ကုမ္ပဏီကြီး ဖြစ်ပြီး၊ တိုက်ဂါးဘီယာနှင့် အခြားဘီယာ၊ ကိုကာကိုလာ၊ ပက်စိကိုလာ စသည့်နာမည်ကြီးဖျော်ရည်များကို ထုတ်လုပ်ပေးသောကုမ္ပဏီကြီးဖြစ်သည်။ Pandan , Singapore တွင်ရှိသော စက်ရုံတွင် သူငယ်ချင်းမြန်မာ အင်ဂျင်နီယာချုပ် အလုပ်လုပ်သောကြောင့် သွားရောက်လေ့လာရာ၊ အချိုရည်များ ထုတ်ပိုးသော စက်ရုံဖြစ်သည်။ နိုင်ငံခြားမှ လိမ္မော်၊ ပန်းသီး စသည့်သစ်သီးဖျော်ရည်များကို ဗူးသွတ်၊ ပုလင်းသွန် လုပ်ငန်း၊ နွားနို့များကို ကွန်တိန်နာတိုင်ကီများဖြင့် သြစတြေးလျာမှ စင်ကာပူတို့တင်ပို့ပြီး၊ ထိုနွားနို့များကို ပုလင်းသွင်း၊ ဗူးသွင်း ပြန်လုပ်သည့် စက်ရုံဖြစ်သည်။ F&N မှ ထုတ်လုပ်သော နွားနို့များသည် အမှန်အကန်နွားနို့်ဖြစ်သည်။
.
စင်ကာပူ၊ မလေးရှားတွင် နွားမွေးမြူရေးလုပ်ငန်းများမှ နွားနို့များကို ညှစ်ပြီး၊ ဗူးသွင်းရောင်းသည် Organic Milk များလည်း ရှိသည်။ ထိုနေရာများတွင် နို့စားနွားမကြီးများကို မွေးမြူပြီး၊ နွားနို့ညစ်ရောင်း၊ စီးပွားရေးလုပ်ငန်းကို ယခုရေးလိုသည်။ အသားနှင့်နို့ အကောင်းဆုံးထွက်သော နွားအမျိုးတစ်ခုမှာ ဂျပန်နိုင်ငံတွင် ဂျင်နတစ်ပညာဖြင့် ထုတ်လုပ်သော WAGYU ဝါဂူး ဟုခေါ်သော ဂျပန်နွားအကြောင်း အနည်းငယ် ရေးပါမည်။
.
.
WAGYU ဝါဂူးဟုခေါ်သော ဂျပန်နွား
ဂျပန်နိုင်ငံမှာ ဂျင်နေးတစ်ပညာဖြင့် မျိုးစပ်ပြီး သန္ဓေသား Embryos အဖြစ်၎င်း၊ သုတ်ပိုး Seaman အဖြစ်၎င်း ရောင်းချသည်။ သန္ဓေသားတစ်ခုကို ဒေါ်လာ၆၅၀ဖြင့် အမေရိကန်နိုင်ငံတွင် ရောင်းချသည်။ အမျိုးပေါင်းများစွာရှိသောကြောင့် နွားအမျိုးအစားပေါ်မူတည်ပြီး သန္ဓေသား တန်ဖိုးခြားနားမှု ရှိမည်။ ထိုနည်းပညာကို ဂျပန်များက သူတို့နိုင်ငံတွင်း သိမ်းဆည်းထားသည်။ ဂျပန်များက မျိုးရိုးဗေဒ ပညာတွင် စီးပွားဖြစ်ထုတ်လုပ်သော ပုလဲမုတ်ကောင်များ၊ ငါးပုဇွန်မွေးမြူခြင်း၊ ကြက်၊ဝက်၊ ဆိတ်၊နွား စသည့် စားသောက်ကုန်တိရိစ္ဆာန်များကို စီးပွားကိုက်အောင်၊ အရည်သွေးမြင့်မားသော သားငါးများထုတ်လုပ်သည့် နည်းပညာကို ပိုင်ဆိုင်ထားပါသည်။ ယခု နို့စား၊ အသားစား နွားပေါင်းများစွာအနက် ဝါဂူး ဟုခေါ်သော အသားစားနွားအကြောင်း မြန်မာနိုင်ငံတွင် မွေးမြူပါက ဖြစ်နိုင်ဖွယ်ရှိသဖြင့် စိတ်ဝင်စားသူများအတွက် အကြမ်းဖျင်း ရေးလိုက်ပါသည်။
နွားအသားနှင့်နို့ထုတ်လုပ်ခြင်းသည် ဂျပန်၊ အမေရိကန်၊ ကနေဒါ၊ သြတြေးလျှား တို့တွင် စီးပွားဖြစ်ထုတ်လုပ်ကြသည်။ ကမ္ဘာအမဲသား အထုတ်လုပ်ဆုံးနိုင်ငံသည် အမေရိကန် ဖြစ်သည်။ မြန်မာ ဒုက္ခသည် အမြောက်အများ ၂၀၀၇ သံဃာ အရေးအခင်း နောက်ပိုင်း အမေရိကန် အစိုးရက မြန်မာ၊ကရင်၊ ချင်း၊ ကချင်၊ မွန် စသည့် တို့ကို ဒုက္ခသည် အဖြစ် သိန်းနှင့်ချီ လက်ခံ ခဲ့ရာ အမေရိကန် တက္ကဆက် ပြည်နယ် အမဲသား စက်ရုံများတွင် အလုပ်ကိုင် များစွာ ပေးခဲ့သည်။ ယခင်က ဗီယက်နမ် ဒုက္ခသည် အလုပ်သမား များ နေရာတွင် မြန်မာနှင့် အခြားနိုင်ငံ ဒုက္ခသည်များကို အစားထိုးခဲ့ ကြသည်။
.
အမဲသားသည် နိုင်ငံခြားတွင် ဈေးအကြီးဆုံး အသားတစ်ခုဖြစ်သည်။ ကြက်သားသည် ဈေးအချိုဆုံးဖြစ်သည်။ ငါးပုဇွန်များသည် ဈေးအလွန်ကြီးသလို၊ ဈေးချိုသော ရေငံငါးပုဇွန်များလည်း ရှိသည်။ နိုင်ငံခြားတွင် အမဲသားဈေးနှုန်းသည် ကြက်သားဈေးထက် အနည်းဆုံး ၂ဆမျှ ဈေးကြီးသည်။ ယခုရေးသားသည့် ဝါဂူး ဆိုသည့် အမဲသားမျိုးသည် စင်ကာပူ NTUC ကုန်တိုက်တွင်ပင် ရောင်းခဲသည်။ သာမန်စင်ကာပူနိုင်ငံသားများ ဈေးကြီးသဖြင့် မစားကြပါ။ အလွန်နူးညံ့ အရသာရှိသော အမဲသားဖြစ်သည်။ ထိုသို့ အရသာရှိပြီး၊ ကျန်းမာရေးနှင့်ညီညွတ်အောင် အထူးမွေးမြူရသည်။
.
နွားတစ်ကောင် မျိုးစေ့ပင်လျှင် ဒေါ်လာ ၆၅၀ ဈေးရှိသည်။ ထိုမျိုးစေ့ကို နွားမတစ်ကောင် သားအိမ်တွင့် ထည့်ပေးရသည်။ အကောင်ကြီးသဖြင့် မြန်မာ သာမန်နွားမသားအိမ်တွင် ထည့်ပါက၊ ရိုးရိုးမွေးနိုင်မည်မဟုတ်၊ ဗိုက်ခွဲမွေးရမည်ဖြစ်သောကြောင့် အရွယ်အစား ကြီးမားသော မြန်မာနွားမအမျိုးတွင် သားန္ဓေမျိုးစေ့တည့်ရမည်။
အမဲသား (နွားသား) ကမ္ဘာ့ပေါ်တွင် အများဆုံး၊ မွေးမြူထုတ်လုပ်သော နိုင်ငံမှာ အမေရိကန်ဖြစ်သည်။ ဘရားဇီး၊ တရုပ်၊ အာဂျင်တီးနား၊ သြစကြေးလျားတို့ အဆင့်ဆင့်ရှိသည်။ Production (%) U.S. 18.7% Brazil 12.9% China 11.6% Argentina 5.0% Australia 3.6% Russia 3.2% Others 45.1% .. etc. မြန်မာနိုင်ငံတွင် နွားကို သတ်စားရန်မွေးမြူခြင်းမရှိ၊ လယ်ထွန်ရန်မွေးရင်း သဘာဝအတိုင်း နွားငယ်လေးများ နှစ်စဉ် တစ်ကောင်စီ မွေးဖွားလာသည်။ နွားတစ်ကောင်၏ ပျမ်းမျှအသက်မှ ၁၅နှစ်ဖြစ်ပြီး တစ်နှစ်သားဆိုလျှင် လယ်ထွန်ခိုင်းလို့ရပြီဖြစ်သည်။ သားစပ်ရန်လည် ရပြီဖြစ်သည်။ နို့စားနွားမများမှာ နို့ထွက်သီးသန့် မွေးမြူရပြီး သာမန်နွားထက် ပိုပြီးဈေးကြီးသည်။ နို့ထွက်ကောင်းရန် အစာကို စနစ်တကျကြွေးရသည်။ သာမန်အားဖြင့် အသားစား နွားများသည် ၂၄လ (၂နှစ်) အကြာတွင် ရောင်းချ၊ ဝင်ငွေ စတင်ရရှိနိုင်သည်။ နို့စားနွားမလည်း ၁နှစ်ကျော်တွင် နွားနို့စတင်ရရှိသည်။ အသား၊ နို့ အကောင်းဆုံး၊ အထွက်ဆုံး ဖြစ်ရန် နည်းပညာများဖြင့် ကြွေးမွေး၊ ထိန်းသိမ်းရပေသည်။
.
ဝါဂူး နွားများသည် အအေးပိုင်း ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် ကချင်ပြည်၊ တောင်တန်း၊ ရှမ်းကုန်းမြေမြင့်များတွင် မွေးမြူရန် သင့်လျှော်သည်။ ကချင်ပြည်နယ်တွင် မွေးမြူနိုင်ပါက ယခုအခါ ထိုင်းနိုင်ငံသားများနီးပါ ဝင်ငွေကောင်းလာသော ယူနန်၊ တရုပ်လူမျိုးများကို အမဲသားရောင်းချနိုင်မည်ဖြစ်သည်။ နွားမွေးမြူရေးသည် လူအင်အားမလိုသော်လည်း၊ နွားများပြားစွာ မွေးလာပါက၊ ရင်းနှီးမှုကြီးသော သားသတ်စက်ရုံများ ကချင်ပြည်နယ်တွင် တည်ဆောက်လာမည်ဖြစ်သည်။ ထိုအခါ ပြည်နယ်သားများ အလုပ်ကိုင်ရရှိလာမည်၊ ဝင်ငွေလည်း တိုးလာပြီး ပြည်နယ်တွင် မူရစ်၊ ဘိန်းများ စိုက်ပျိုးနေခြင်းမှ ပိုမိုဝင်ငွေကောင်းသော သားသတ်စက်ရုံအလုပ်သမားများ ဖြစ်လာမည်။
.
.
● နို့စားနွားမ မွေးမြူရေး
ဝါဂူးနွားများအတွက် မြန်မာပြည်တွင် ပြောင်းကို ကျွေးမွေးပါက အစာဖိုး အလွန်သက်သာမည်ဖြစ်သည်။ မြန်မာနွားမျိုးကောင်းများနှင့် မျိုးစပ်ပြီး ၅ဆက်မျှ ကြာလျှင် မြန်မာပြည်ရာသီဥတုနှင့် ရောဂါများကို ခံနိုင်သော နွားမျိုးများရနိုင်ပါသည်။ မြန်မာနိုင်ငံ တိမွေးကု တက္ကသိုလ်မှ တိရိစ္ဆာန်မွေးမြူပညာရှင်များ လေ့လာရန်လိုသည်။
.
လောလောဆယ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် နို့စားနွားမများစွာ နွားနို့အတွက် သီးသန့်မွေးမြူကြသည်။ အိမ်တစ်အိမ်တွင် တစ်ကောင်၊ ၂ကောင် မွေးထားပါက နေ့စဉ်နွားနို့ညစ်ရောင်းသည့် ဝင်ငွေရသဖြင့် အလွန်စီးပွားတွက်သားကိုက်သည်။ နွားမ ဈေးနှုန်းမှာ အလွန်ဈေးကြီးသည်။ နို့အထွက်ကောင်းနွားမသည် သိန်း၅၀အထက်တွင် ရှိနိုင်သည်။ သာမန် ခိုင်းနွားသည် ၁၀သိန်း၊ ၁၅သိန်းမျှသာရှိသော်လည်း နို့စားနွားမသည် အလွန်ဈေးကြီးသည်။ နို့စားနွားမ အကောင်း ရာချီပြီး မွေးရလောက်အောင် မြန်မာပြည်တွင် နွားနို့စက်ရုံ၊ နို့ဆီ၊ နို့မှုန့်စက်ရုံ မရှိသေးပါ။ ထို့ကြောင့် အမြောက်အမြား စီးပွားဖြစ် မထုတ်နိုင်သော်လည်း တနိုင်တပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ကျေးလက်ဖွံ့ဖြိုးရေးအတွက် အလွန်ကောင်းသည်။
.
နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး၊ လယ်သမားများအား ငွေစိုက်ပေးပြီး နို့စားနွားမ လုပ်ငန်းထူထောင်ပေးနိုင်ပါက နိုင်ငံဆင်းရဲမွဲတေမှုမှ လျှင်မြန်စွာ လွတ်လာနိုင်ပါသည်။
.
နွားနို့ ကမ္ဘာ့ပေါက်ဈေးမှာ (၂၀၁၂ လက်လီဈေး) တစ်ဂါလန် အမေရိကန် ၈ဒေါ်လာ ပျှမ်းမျှဈေးပေါက်သည်။ ဘီယာ၊ အရက်ဈေးထက်ပင် ဈေးကြီးသလိုရှိသည်။ အမြောက်အများဝယ်လျှင် တစ်ဂါလန် ၈ဒေါ်လာ (တနည်းအားဖြင့် တစ်ပိသာ ၃ဒေါ်လာ ကျသင့်ပါက၊ နွားနို့တစ်ခွက် (၃၀၀ ml) ကို 50cent (ကျပ်၅၀၀ခန့်) ပေးရမည်။ မဝယ်သောက်နိုင်ပါ။ သာမန်ဆင်းရဲသားများ နွားနို့ဝယ်သောက်ရန် မြန်မာပြည်တွင် လုံးဝမဖြစ်နိုင်ပါ။ နိုင်ငံတော်အစိုးရက အခမဲ့တိုက်ကြွေးပါမှ၊ မူလတန်းကျောင်းများတွင် တိုက်ကြွေးခြင်းဖြင့်သာ လုပ်ဆောင်နိုင်မည်။ (မှတ်ချက်- ကမ္ဘာ့ ဈေးနှုန်း ဇယားအရ ပုံမှန် အမြောက်အများဝယ်ပါက နွားနို့ ၁တန် ဈေနှုန်း အလွန်ဈေးချိုပါသည်။ သို့သော် သိုလှောင်စရိတ်၊ သယ်ပို့စရိတ်များ မြန်မာနိုင်ငံတွင် ဈေးကြီးနေပါသည်)။
.
နွားနို့ရဖို့အတွက် အလွန်ဈေးကြီးသော နို့စားနွားမများ ရင်းနှီးရမည်။ နွားသည် တော်တန်ရုံ နာမကျန်းဖြစ်ခဲသော်လည်း သိန်း၅၀ခန့်တန်သောကြောင့် သေဆုံး၊ ထိခိုက်မှုရှိပါက နစ်နာလှပါသည်။ သြစကြေးလျားတွင် AWA သြစတြေးလျား ဝါဂူးအဖွဲ့ ရှိပြီး မွေးမြူလိုသူများအား ငွေချေးပေးသည်။ နွားမွေးနည်း သင်တန်းပေးပြီး၊ ၈နှစ်အတွင်း အရင်းကျေသည့်အပြင် လုပ်အားခပါ ရရှိမည်။ ဒေါ်လာ ၂သိန်းခန့် (ကျပ်သိန်း၂၀၀၀) ဖြင့် စတင်ရင်းနှီးကာ နွားအကောင်း ၅၀၊ ၁၀၀ စတင်မွေးမြူနိုင်မည်။ တစ်နှစ်ကြာလျှင် နွားနို့ရမည်။
နွားဈေးကြီးသဖြင့် မမွေးနိုင်သော ဆင်းရဲသား မြန်မာတောင်သူလယ်သမားများအား သိုး၊ ဆိတ်၊ ကျွဲ များကို မွေးမြူစေခြင်းဖြင့် ဝင်ငွေရစေနိုင်သည်။ ကမ္ဘာနွားနို့၊ အမဲသား အများဆုံးထွက်သောနိုင်ငံများကို အောက်ပါဇယားတွင် ကြည့်နိုင်ပါသည်။ နွားမသတ်ရန် တားမြစ်ခဲ့သော အိန္နိယသည် နွားနို့ ကမ္ဘာပေါ်တွင် ဒုတိယအတွက်ဆုံးဖြစ်နေသည်။ တရုပ်၊ အိန္နိယ၊ ပါကစ္စတန် တို့သည် နို့အများဆုံး ထွက်သော သိုးနှင့်ဆိတ် နို့ထွက်နိုင်ငံများတွင် ထိပ်ဆုံး၁၀ခုတွင် ပါဝင်သည်။ မြန်မာနိုင်ငံသည် ကျွဲနို့အများဆုံးထွက်သောနိုင်ငံအဖြစ် အဆင့် ၆တွင် တွေ့နိုင်သည်။
ထို့ကြောင့် မြန်မာကလေးငယ်များအား နွားနို့မတိုက်နိုင်သော်လည်း ကျွဲနို့တိုက်ကျွေးနိုင်သည်ကို စာရင်းဇယားအရ သိရသည်။ ကျွဲနို့လည်း ဆင်းရဲသား၊ လယ်သမားများအတွက် ဈေးကြီးနေဦးမည်ပင်ဖြစ်သည်။
.
.
● သုံးသပ်ချက်
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အလုပ်အကိုင်ဖြစ်သည်။ တောင်သူလယ်သမား၊ စိုက်ပျိုးရေးသမားများသည် မြန်မာလူဦးရေ၏ ၇၀% မျှ ဖြစ်နေပြီး အဆင်းရဲဆုံးလူတန်းစားလည်း ဖြစ်သည်။ ထိုလူများကို စိုက်ပျိုး၊ မွေးမြူရေးအပြင် Process Industry ဟုခေါ်သော ဆေးကြော၊ သန့်စင်၊ ထုတ်ပိုးပြီးမှ လူထုထံရောင်းချသော စက်ရုံငယ်လေးများစွာ လိုအပ်နေသည်။ သို့မှသာ မြန်မာ လယ်ယာ၊ သားငါး ထွက်ကုန်များ ပြည်ပထုတ်ရောင်းရာတွင် ဈေးပိုရမည်။ မျက်နှာပန်းလှမည်ဖြစ်သည်။
.
နွားနို့ထုတ်လုပ်ရန်အတွက် နွားမွေးမြူရေးလုပ်ငန်း လုပ်နိုင်သော်လည်း၊ မြန်မာကလေးများ နွားနို့အဟာရ သောက်နိုင်ရေးအတွက် မြန်မာအစိုးရသာလျှင် နိုင်ငံစီမံကိန်းအဖြစ် လုပ်ဆောင်ရပါမည်။ နိုင်ငံခြားမှ နွားနို့များကို ဈေးနှုန်းအသင့်တော်ဆုံး ရရှိအောင် ဝယ်ရမည်။ ကုလသမဂ္ဂအကူညီများလည်း နို့မှုန်များစွာ ရရှိမည်ဖြစ်သည်။ လောလောဆယ်တွင် နွားနို့ကို ပြည်တွင်းထုတ်လုပ်ရန် ငွေအရင်းနှီးမရှိသေးသော်လည်း နောက်၃နှစ်အကြာတွင် နိုင်ငံ မက်ကရိုစီးပွားရေးစနစ် အောင်မြင်လာပြီး၊ အစိုးရတွင် အခွန်ဝင်ငွေ များစွာရလာမည်။ ယခု 2% of GDP အခွန်ရနေသော်လည်း အမြတ်စွန်းများသော နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများကို စနစ်တကျ အခွန်ကောက်နိုင်လာလျှင် ပတ်ဝန်းကျင်နိုင်ငံများကဲ့သို့ 35% of GDP မရလျှင်ပင်၊ 15% of GDP ရလာပါက မြန်မာနိုင်င တိုးတက်ဖို့ အလားအလာ အလွန်ကောင်းပေသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားဖို့ အခွန်ကောက်ခြင်း စနစ်တကျလုပ်ရန်လိုသကဲ့သို့ အခွန်ငွေကို စီမံခန့်ခွဲခြင်းသည် ပိုပြီး အရေးကြီးလှသည်။ Corruptio Index တိုးတက်လာမှသာ အခွန်ကောက်ခြင်း၊ အခွန်သုံးခြင်းတို့ တရားဥပဒေအတိုင်း အောင်မြင်လာမည်ဖြစ်သည်။
.
နောက်ဆုံး အနေဖြင့် ရေးလိုပါသည်။ ဆင်းရဲသော ပြည်သူ့သားသမီးငယ်များ နွားနို့သောက်နိုင်ဖို့၊ အဟာရပြည်ဝသော အနာဂါတ်မြန်မာမျိုးဆက်ဖြစ်လာရေးအတွက် National Plan အဖြစ် လုပ်ဆောင်မှ ရမည်ဖြစ်သည်။
.
.....///. End of ... နွားနို့နဲ့အရက်၊အချိုရည် (၁) .../// .....
.
.
နိဂုံး (နွားနို့၊နွားသား မွေးမြူရေးလုပ်ငန်းများ)
အချိုရည်နဲ့ အရက်၊ဘီယာ၊ စီးကရက် ထုတ်လုပ်သူ နဲ့ ရောင်းချသူ များသာ မြန်မာနိုင်ငံမှာ အလုပ်ဖြစ်နေတာလဲ သဘာဝ ကျပါတယ်။ အထိန်းအကွပ် မရှိသေးတဲ့ ဈေးကွက် စီးပွားရေးမှာ ရင်းနှီးမြှတ်နှံမှု ကော်မရှင်က သမ္မတဦးသိန်းစိန် လက်ထက်မှာ အထက်ပါ အချိုရည်၊ ဘီယာ၊ စီးကရက် စက်ရုံ အမြောက်အများ ခွင့်ပြုခဲ့လို့၊ အဲဒီ ကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်များကို အပြစ်တင်ကြပါတယ်။ ဥက္ကဌ လုပ်ခဲ့သူ တစ်ဦးဆိုရင် သူ့ဇနီး၊ သားသမီးတွေ အားလုံး နဲ့ ပိုင်ဆိုင်မှု ငွေများကို အားလုံး နိုင်ငံခြား ပို့ထားပြီး သူကတော့ မြန်မာပြည်မှာ နေစရာအိမ်ခန်း တစ်ခု လိုအပ်လို့ ရောင်း-ငှား ပေးပါရန် လျှောက်ထားတဲ့ သတင်းတွေ ကြားနေရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လိုမျိုး ဖြောင့်မတ်တဲ့ ခေါင်းဆောင် ဖြစ်လာချိန် အခက်ခဲကြားက ဈေးကွက်ကို ထိန်းနိုင်ဖို့ ကြိုးစာနေပါတယ်။
.
သမ္မတ ဦးသိန်းစိန် ခေတ်ကာလ ဒိန်းမတ်က နို့မှုန့်တွေ လာပေးပြီး၊ သူတို့နို့မှုန့်တွေ ရောင်းဖို့၊ စက်ရုံတည်ဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာနိုင်ငံက စီးပွားလုပ်ဖို့ Ease Of Doing Business အညွန်း မှာ ကမ္ဘာ့ ဘိတ်ဆုံး အဆင့်ရောက်နေတာ ၀န်ထမ်းဆိုးများရဲ့ အကျင့်ပျက်မှု ကြောင့် ဖြစ်ပါတယ်။ သမ္မတကြီးက နွားနို့ ပြောလိုက်တော့ တတိုင်းပြည်လုံး နွားနို့ရောဂါ ထခဲ့ကြတယ်။ စင်ကာပူ ရောက် မြန်မာများလည်း ၀ါဂူး နွားတွေ ကချင်တောင်သူတွေနဲ့ မွေးဖို့ စဉ်းစားတော့ ဂျပန် ၀ါဂူးနွား မျိုးတွေ ညာရောင်းမဲ့ ပုဂိုလ်တွေနဲ့ပေါင်းရိတ်စား ချင်သူများနဲ့ပဲ တွေ့ပြီး စိတ်ပျက်ရတယ်။ .. 'ဒိန်းမတ် အာထရာပက် ကုမီဏီကလည်း စက်ရုံ ရောင်းတော့ မြန်မာ တချို့ ၀ယ်သွားတာ ပါတယ်။ ဒါပေမဲ့ လူကြီးတွေ က ဈေးကြီးတဲ့ နွားနို့ထက် ၀ိုင်နဲ့Grand Royal ကို ပိုစိတ်ဝင်စား သလို၊ ကလေးတွေကလဲ ဈေးကြီးတဲ့ နွားနို့ထက် Coca, Papxi, Max အချိုရည်တွေ ပိုသောက်ချင်ကြတဲ့ မိုင်းဆက် Mindset ပြသနာက ရှိတယ်။ အလုပ်ကိုင် ကောင်းတွေ မရှိသေးတော့ ၀င်ငွေ မကောင်း၊ ၀င်ငွေ မကောင်းတော့ အဟာရပြက် နေကြတာ .. မြန်မာတနိုင်ငံလုံးပါ။ လူတစ်စု ပဲ အချမ်းသာကြီး ချမ်းသာနေပါတယ်။
.
မြန်မာနိုင်ငံ မှာ စိုက်ပျိုးမွေးမြူ ဖို့တော့ အလွန် သယံဇာတ နဲ့ ရေခံမြေခံ ကောင်းပါတယ်။ ဒါပေမဲ့ စိုက်ပျိုးမွေးမြူ ထုတ်ကုန်များ ဈေးကွက်ကို ၀င်နိုင်ဖို့ သိုလှောင်ရေး Storage Electricity မရှိပါ။ နွားနို့၊နွားသား အအေးခန်း လိုအပ်ပါတယ်။ စိုက်ပျိုးထွက်ကုန်များလဲ အလားတူပါပဲ။ သယ်ယူပို့ဆောင်ရေး လမ်းတံတားများ ပိုကောင်းလာပေမဲ့၊ ရန်ကုန်-မူဆယ် ကားလမ်းတလျှောက် နည်းအမျိုးမျိုးနဲ့ ကောက်ခံနေလို့ ထွက်ကုန်တွေ ဈေးကြီးရပါတယ်။ ကမ္ဘာ ဈေးအကြီးဆုံး သယ်ယူစရိတ် ဖြစ်နေပါတယ်။ တပတ်ရစ် ကုန်ကားကြီးများစွာ ဈေးသက်သာပေမဲ့ လမ်း-တံတား တွေလည်း ကျေးလက်ဒေသ ထိ မရောက်သေးပါဘူး။
.
အခု သမ္မတသစ် ဦးဝင်းမြင့် ဖြစ်လာပြီးချိန် အဂတိကော်မရှင် အနေနဲ့ တပ်မတော်ထောက်ခံ မှုအရ၊ ပိုမိုထိရောက်စွာ လုပ်နိုင်လာမယ် မျှော်လင့်ပါတယ်။ ရုတ်တရက် ပြောင်းလာတဲ့ တော်လှန်ရေး Revolution မဟုတ်ပဲ တဖြေးဖြေးပြောင်းလဲခြင်း Evolution ဖြစ်လို့ မကြေမနပ်သူ များစွာ ၊ စီးပွားအခက်ခဲ များစွာ ရှိနေဆဲပါ။ နွားနို့၊ နွားသား (အမဲသား) ကတော့ စက်မှုလယ်ယာ ပြောင်းလဲသွားတဲ့ မြန်မာနိုင်ငံ ကျေးဇူးရှင် နွားများ မရှိပေမဲ့ တပိုင်တနိုင် စနစ်တကျ နွား၊ ကြက်၊ ဘဲ၊ ငါး မွေးမြူခြင်းများကို နိုင်ငံတော်က ပံ့ပိုးလုပ်ပေးဖို့၊ ဥပဒေများ ပြဌာန်း ပြင်ဆင် နေဆဲ ဖြစ်ပါတယ်။ အခြေခံ တောင်သူများ ၀င်ငွေ တိုးတက်မှ၊ နွားနို့ လုပ်ငန်း တိုးတက်လာပြီး မြန်မာ ကလေးငယ်များ နွားနို့ သောက်နိုင်၊ အဟာရပြည့်၊ ဘောလုံးကန်နိုင် လာမဲ့ အချိန်ကို မျှော်လင့်နေပါတယ်။
.
ဇော်အောင်
၎. သြဂုတ်. ၂၀၁၈
.
.
ကိုးကားဆောင်းပါး (မိုးမခ)
http://moemaka.com/archives/35888
http://moemaka.com/archives/36469
.
2018  ယခု ဆောင်းပါး ၂ခု လင့်.. (ဖေ့ဘုတ်)
1. https://goo.gl/h6awhR2. https://goo.gl/JGXFFJ

Monday, June 25, 2018

ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်မြို့မှာ ငြိမ်းချမ်းရေးစကားဝိုင်း

ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်မြို့မှာ ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပပါတယ်။ မော်လမြိုင် တ၀ိုက်ဟာ ငြိမ်းချမ်းရေး NCA လက်မှတ်ထိုးထားတဲ့ ကရင်၊ မွန် လက်နက်ကိုင်တိုင်းရင်းသာ တပ်များ ရှိတဲ့ အတွက် မငြိမ်းချမ်းခြင်းကို ခံစားနေရတဲ့ ပြည်သူများ ဖြစ်ပါတယ်။ မော်လမြိုင် တက္ကသိုလ် ခမ်းမကြီးမှာ ကျင်းပါ ပါတယ်။
.
လုပ်နေကျ ပုံစံအတိုင်း လူငယ် လုပ်ငန်းရှင်များ၊ ၀န်ထမ်း၊ ကျောင်းသားများကို ရွေးချယ်ပြီး အပြန်အလှန်ဆွေးနွေး တဲ့ နည်းလမ်းကို သုံးပါတယ်။ Online မေးခွန်း (၃)ခု နဲ့ နောက်ဆုံး ပရိတ်သတ်ထဲက (၃)ဦး မေးမြန်းခွင့် ပေးပါတယ်။ နိုင်ငံ ခေါင်းဆောင်ရဲ့ အလွန်အာရုံ စူးစိုက်နားထောင်ခြင်းကို မြန်မာပြည်သူများ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ကိုယ်ပိုင်ကျောင်းဆရာ ရဲ့မေးခွန်း
ငြိမ်းချမ်းရေး ဆွေးနွေးမှူ အခြားနိုင်ငံများထက် ခက်ခဲပါတယ်။ ကျမတို့ မှာ အစိုးရ.တပ်မတော်နဲ့ တိုင်းရင်းသားတပ်တွေ ကြိဂံပုံ ဆွေးနွေးတာ တော်တော်စိတ်ရှည်ရတယ်။ ဒေါက်တာတင်မျိုးဝင်း အဖွဲ့ အမျိုးမျိုး ဆွေးနွေးရတယ်။ တချို့ နိုင်ငံမှာ ၂ဖက်ထဲ ဆွေးနွေးတာ ကြည့်မရလို့ပျက်သွားတယ်..နောက်ပြန်တွေ့ပြန်တယ်။ ကိုယ်ဘာပေးနိုင်သလဲ ဆိုတာကို စဉ်းစား ပြောဆိုကြဖို့ လိုပါတယ်။
.
နောက် ငြိမ်းချမ်းရေး ဒီမိုကရေစီနဲ့ နှစ်၅၀ကျော် ဝေးခဲ့ပေမဲ့ ပြည်သူတွေ နားမဝေးပါဘူး။ မြန်မာတွေ မဲပေးသူ ရာနှုန်း အမြင့်ဆုံး ပါဝင်မဲပေးကြပါတယ်။
.
မန္တလေး.မကွေး တွေက လူငယ်တွေ ငြိမ်းချမ်းနေတော့ အကျိုးကို မသိကြပါ. အခုလို မငြိမ်းချမ်းပြည်နယ် ဆွေးနွေးမှု ကို တခြားပြည်နယ်တွေ နားထောင်ကြမှာပါ။ ပါတီတွေ ငြိမ်းချမ်းအဖွဲ့တွေ ငြ်းခုန် မတည့်ကြတာ ကြည့်ပြီး စိတ်ပျက်တယ် ပြောသူများ..လူ့အသိုင်းဝိုင်းက ဒီလိုပါပဲ။ စိတ်ပျက်နေရင်တော့ လောကကြီးကိုလဲ စိတ်ပျက်နေလိမ့်မယ်။ ခေတ်နဲ့အညီ ပြောင်းသင့်တာ ပြောင်းရမယ်။ မတူကွဲပြားမှုအပေါ် တူညီတဲ့ ဆုံးဖြတ်ချက် ရရှိခြင်းက ဒီမိုကရေစီ ဖြစ်ပါတယ်။ (မော်လမြိုင်တက္ကသိုလ်မှာ ဘွဲ့လွန် ဒီပလိုမှာ သင်ကြားပေးဖို့ မဖြေပါ)
ခဏ.စိတ်ဆိုးသော DASSK
မွန် အထည်လုပ်ငန်းရှင် မိန်းကလေး စကားပြောစဉ်..ဒေါ်အောင်ဆန်းစုကြည် စိတ်ဆိုးသံနဲ့ ဖြတ်ပြောပါတယ်။.. . "တယောက်စကားပြောနေတာ ဘာပြောနေတာလဲ. .ပြောချင်ရင် အပြင်ထွက်ပြောပါ.. . ကျမက တယောက်စကားပြောနေတုန်း ဂရုစိုက် နားထောင်တယ်. ပြောနေတဲ့လူကို လေးစားရာရောက်ပါတယ်." . . မွန်မိန်းကလေးက ပြုံးပြီး ဆက်ပြောရှာပါတယ်။ ပထမ တယောက်ပြောတုန်းကလဲ စကားပြောသံကျယ်လာလို့ စိတ်ဆိုးပြီး မပြောဖို့. နားထောင်ဖို့. စိတ်ဆိုးသံနဲ့ အော်ပြောလိုက်သေးတယ်။
.
မွန် နာမည်အကြောင်း ရှင်းပြပါတယ်။ အပြန်လှန်နားလည်မှု လေးစားမှု အကြောင်းပြောပြပါတယ်။ ခုနက သမီးစကားပြောနေတုန်း ပရိတ်သတ် အချင်းချင်း စကားပြောကြတယ်။ အသံကျယ်လာလို့ မေးခွန်းကို မကြားလိုက်ရဘူး။ တဖက်က ပြောနေတုန်း နားထောင်ပေးမှ လေးစားလာပြီး ၂ဖက် နားလည်မှု ရှိလာပါမယ်။
.
အမျိုးသမီး နဲ့ ကလေးများ အကြောင်း DASSK ဆက်ပြောပါတယ်။
.
Online မေးခွန်း ၃ခု..
* မြောက်ကိုးရီးယား နဲ့ အမေရိကန်.. စွန့်စားလုပ်ရတယ် ဆိုတာ သဘောတူပါတယ်။
* အလုပ်ကိုင် ရတာလုပ်နေရတယ်။ ပညာရေးစနစ်..စမ်းသပ်ခံမဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီစာလေး ဖတ်ရတော့ ဘွဲ့ရမှ ဆိုတဲ့ စိတ်ဓာတ်.. ပြင်ပြီး အသက်မွေးဝမ်းကျောင်းပညာရေး ကိုသွားရပါမယ်။ ကျမ ခဏခဏပြောရတယ်။ မယုံမှာစိုးလို့.. ဆွဒ်ဇာလန်ဝန်ကြီး သားသမီး ၆ယောက် မှာ ၂ယောက်က ဘွဲ့ရတယ်။ ၄ယောက်က သက်မွေးပညာ. .အဲဒီ၎ယောက်က ဝင်ငွေပိုကောင်းကြတယ်။ ကျမတို့လဲ သက်မွေးပညာကို သွားရပါမယ်။
.
နောက်ဆုံး ပရိတ်သတ် ထဲက ၃ယောက် မေးခွင့်ပေးပါတယ်..
ဖြေဖို့ မဲပေါက်တဲ့ ပြည်နယ်ဝန်ကြီးတွေကတော့
ကျန်းမာရေး (လူမှုဝန်ကြီး)၊ ဆည်မြောင်းဝန်ကြီး နဲ့ စည်ပင်နဲ့ဆောက်လုပ်ရေးဝန်ကြီး တို့ ဖြစ်ပါတယ်။ အမျိုးသမီး မပါလို့ DASSK အားမရသံ နဲ့ အမျိုးသားချည်းပဲ .လို့ ပြောပါတယ်။ ကျိုက်မရေား တံတားကြီး ဘယ်တော့ပြီးမလဲ မေးခွန်းကို ချပေးတဲ့ဘတ်ဂျတ်နဲ့ စတင်ပြီဖြစ်ကြောင်း ဝန်ကြီးဖြေပါတယ်....DASSK က. .ဘယ်တော့ပြီးမယ် ခန့်မှန်းသလဲ. .ဖြေပါဦး. .ကူမေးပေးပါတော့..ဝန်ကြီးချုပ်နဲ့ ဆွေးနွေးမှုအရ ၃နှစ်ကြာမယ် လို့ဖြေသွားပါတယ်။
ငြိမ်းချမ်းရေး စကားဝိုင်း ပြီးဆုံးပါတယ်။
.
.
နိဂုံး (သုံးသပ်ချက်)
လူထုနဲ့ အခုလို တိုက်ရိုက် ထိတွေ့ခြင်းဟာ အလွန်ကောင်းမွန်တဲ့ ခေါင်းဆောင် ပျိုးထောင်ခြင်း အလေ့အကျင့် ဖြစ်ပါတယ်။ ပြည်နယ်တိုင်း ၀န်ကြီးချုပ်များလည်း ဒီလို ပွင့်လင်းမြင်သာစွာ ပြည်သူနဲ့တွေ့ဆုံခြင်းများ လုပ်သွားဖို့ လိုပါတယ်။ ခေါင်းဆောင်နဲ့ ပြည်သူ တွေ့ဆုံရာမှာ အများအားဖြင့် မေးခွန်းမေးခွင့် မပေးချင်ကြပါ။ ဖြေ ရ ခက်ခဲတဲ့ အတွက် ဖြစ်ပါတယ်။
.
အထူးသဖြင့် ကျန်းမာရေး အတွက် မေးခွန်း၊ မော်လမြိုင်ဆေးရုံကြီး က လူနာများကို ဆရာဝန်များက အလုပ်အရမ်းများတဲ့အတွက် ငြင်သာစွာ မပြောဆိုနိုင်ခြင်း၊ ဆေးကုသမှု အဆင့်မမီတဲ့အတွက် ရန်ကုန်ပဲ သွားရောက်ကုသရခြင်း၊ ဆေးရုံသန့်ရှင်းရေး ၀န်ထမ်းထပ်မံ ခန့်ထားခြင်း၊ လူနာ သယ်ယူရေး ၀န်ထမ်း တိုးမြှင့်ခန့်ထားခြင်း များကို လူမှုရေးဝန်ကြီးက ဖြေသွားပေမဲ့၊ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးတဲ့ ပြည်သူရဲ့ မေးခွန်းကို ထောက်ပြ၊ ဆေးရုံ ၀န်ထမ်းများ စိတ်ရှည်ကြဖို့လိုကြောင်း ထောက်ပြ ဖြေဆိုခိုင်းပါတယ်။ အစိုးရ ဌာနများ ..လျှပ်စစ်ဌာန နဲ့ ၀န်ကြီးဌာနအသီးသီးက ၀န်ထမ်းမား အဂတိလိုက်စား ငွေတောင်းခြင်းကို ပြည်သူများ ညီညွတ်စွာ တောင်းငွေက မပေးသင့်ရင် မပေးပဲ ထားဖို့လိုအပ်ကြောင်းလဲ အကြံပြုသွားပါတယ်။
.
နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြောဆို၊ တိုက်တွန်း အားပေးတဲ့ သက်မွေးပညာကို ဦးစားပေးစနစ် ဖြစ်ပါတယ်။ ၁၀တန်း တပြည်လုံး ဖြေဆိုသူ ၇သိန်းကျော် (၇၈၉၈၄၅ ဦး) မှာ ၃၂.၈၂% အောင်မြင်ကြပါတယ်။ ကျောင်းသား ၂သိန်းခွဲ (၂၅၉၁၉၀ ဦး) အောင်မြင်ပြီး ၆ဘာသာဂုဏ်ထူး ၇၁၆ဦး၊ ၅ဘာသာဂုဏ်ထူး ၁၉၈၃ဦး အောင်မြင်ကြပါတယ်။ ဆေးတက္ကသိုလ် ၀င်ခွင့်အမှတ်က ၅၁၀ ဖြစ်ပြီး၊ နာမည်ကြီး ဆေး၊ နည်းပညာ၊ သက်မွေးတက္ကသိုလ် တွေဝင်ခွင့်ကလဲ ၁၀တန်းအမှတ် ဦးစားပေးဆဲ ဖြစ်ပါတယ်။ သက်မွေးပညာ GTI, THS, စိုက်ပျိုး၊ မွေးမြူ ၊ ကွန်ပြူတာ ၂နှစ်သင်တန်း၊ ၃နှစ်ဒီပလိုမာ စတဲ့ သင်တန်းများကို ထောက်ပံ့ကြေး တလ၃သောင်း ပေးပြီး အားပေးနေပါတယ်။
.
ဒါပေမဲ့ လိုအပ်ချက်အရ သက်မွေးပညာ တလ ကျပ်၁သိန်းလောက် ငွေ+စားစရိတ် ထောက်ပံ့ မွေးထုတ်ပေးသင့်ပါတယ်။ ဒါမှ ၁၀တန်း အမှတ်ကောင်းသူများစွာ တက ကသိုလ် မရွေးပဲ သက်မွေး ဒီပလိုမာပညာကို ကူးပြောင်းကြမှာ ဖြစ်ပါတယ်။ သက်မွေး ဒီပလိုမာ ရရှိသူ မြန်မာ GTI, THS , Nurse, Medical Technician စတဲ့ ကျောင်းဆင်း အမြောက်အများ စင်ကာပူ နဲ့ နိုင်ငံတကာမှာ အင်ဂျင်နီယာများ၊ လုပ်ငန်းရှင်များ အဖြစ် ၀င်ငွေ အလွန်ကောင်းနေကြပါတယ်။ မြန်မာပြည်တွင်း မှာလဲ အဲဒီလို ဖြစ်လာတော့မှာပါ။
.
တက္ကသိုလ် ၀င်ခွင့်စနစ်ကို ပညာရေးဌာနက အဂတိမရှအောင် အထူးကြိုးစား စာအုပ်လမ်းညွန် ထုတ်ပါတယ်။ တက္ကသိုလ် ၁၁ခု က ကိုယ်ပိုင်ဝင်ခွင့်စနစ် စတင်ပါတယ်။ ဗဟိုဦးစီး စနစ် ၊ ၁၀တန်းရမှတ် စနစ် ဦးစားပေးနေဆဲ ဖြစ်လို့. တပြည်လုံး အဆင့်၁၀ ဦး. ကြေငြာပေးခြင်းကို ဖျက်သိမ်းဖို့ လိုပါတယ်။ ပညာရှင်များက တောင်းဆိုနေကြတာ ကြာပြီဖြစ်ပါတယ်။ ၂၀၂၁ မှာ ၁၂တန်းစနစ် စတင်မယ် ဖြစ်ပြီး၊ စာမတတ်တဲ့ မြန်မာပညာရေးကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ စနစ်သစ်ပညာရေး လုပ်ရင်းနဲ့ ဆရာများ အရည်ချင်း တိုးတက်လာမယ်၊ ပြီးတော့ ကျောင်းသားများလဲ တိုးတက်လာမယ် မျှော်လင့်တယ်။ လျှပ်စစ်နဲ့ နိုင်ငံခြား ရင်းနှီးမှုတွေ တိုးတက်လာပြီး လူတွေ အလုပ်ကိုင်ကောင်း၊ ၀င်ငွေကောင်းလာဖို့လဲ မျှော်လင့်မိပါတယ်။
.
ဇော်အောင်
၁၅. ဇွန်. ၂၀၁၈
.
ဇွန်လ ၁၉ရက် ဟာ နိုင်ငံတကာ ဖခင်များနေ့ ဖြစ်သလို မြန်မာနိုင်ငံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့လဲ ဖြစ်ပါတယ်။ ဂုဏ်ပြု ဆောင်းပါး ဖြစ်ပါတယ်။
Video Link. .https://goo.gl/HwXNkk

Thursday, April 19, 2018

ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့ ဆွေးနွေးပြောကြားချက်များ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့ ကြိုးတံတားကျိုးကျမှုကြောင့် ပြည်သူများ ကြုံတွေ့နေရသည့် အခြေအနေများ သွားရောက် ကြည့်ရှု စစ်ဆေး
နေပြည်တော် ဧပြီ ၁၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ ၊ ဒေါက်တာမြင့်ထွေး၊ ဦးသန့်စင်မောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ဂုန်နီစက်ရုံ ရဟတ်ယာဉ်ကွင်းသို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ဒုတိယ၀န်ကြီးဦးကျော်လင်း ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ များက ကြိုဆိုနှုတ်ဆက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ ဇေယျမေဒနီ စာသင်တိုက်၊ ပဓါနနာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္တ၀ါစက ပဏ္ဍိတ၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တစန္ဒ၀ရ အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဇေယျမေဒနီ စာသင်တိုက်သို့ မိခင်ဖြစ်သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံ တွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၉၆၄ ခုနှစ်က ပေးပို့ လှူဒါန်းခဲ့သော အင်ကြင်းပင်ပွားနှင့် မဟာဗောဓိပင်ပွားအား ကြည့်ရှုပြီး မဟာဗောဓိ ညောင်ပင်ပွားကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြောင်းမြမြို့နယ် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပညာရတနာခန်းမတွင် ဒေသခံပြည်သူများ နှင့် ငြိမ်းချမ်းရေးစကားဝိုင်း (PEACE TALK) အစီအစဉ်ကို ပါဝင် တက်ရောက် ဆွေးနွေးသည်။
ယင်းနောက် မြောင်းမြတံတား အသစ် တည်ဆာက်ရေးစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းရှင်းလင်း ဆောင်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က မြောင်းမြကြိုးတံတားဟောင်း ပြတ်ကျပြီးနောက် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ လက်ရှိ လမ်းပန်းဆက်သွယ်ရေးအခြေအနေနှင့် ပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရန် စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။ ဆက်လက်၍ ဒုတိယ၀န်ကြီး ဦးကျော်လင်းက မြောင်းမြကြိုးတံတားအဟောင်း ပြန်လည် ဆယ်ယူမည့် အခြေအနေ၊ လက်ရှိ တည်ဆောက်လျက်ရှိသည့် တံတားအသစ်ကို အချိန်မီ ပြီးစီးအောင် တည်ဆောက် သွားမည့် အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရန် ပို့ဆောင်ရေးဌာနပိုင် ဇက်ရေယာဉ်များဖြင့် ပို့ဆောင်ပေးနေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လူ့အသက်တစ်ချောင်း တန်ဖိုး ဖြတ်မရ ဆိုသည့်အတိုင်း ဆုံးရှုံးနစ်နာရမှုမှာ တန်ဖိုးဖြတ်၍ မရနိုင်ကြောင်း၊ ကျိုးကျသွားသော ကြိုးတံတားဘေးတွင် တည်ဆောက်လျက်ရှိသည့် တံတားအသစ်နှင့် ပတ်သက်၍ နောင်တွင် ပြောစရာမဖြစ်အောင် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တံတားအသစ်ကို ဂျပန်နိုင်ငံမှ ပညာရှင်များ၊ တရုတ်နိုင်ငံမှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ပညာရှင်များဖြင့် တိုင်ပင်ဆွေးနွေးပြီး တံတားဒီဇိုင်း ပြောင်းလဲလိုက်၍ တစ်နှစ်အတွင်း ပြီးစီးနိုင်မည် ဆိုသော်လည်း ရေရှည်ဘေးကင်းလုံခြုံရေး အတွက် အာမခံချက် အပြည့်အဝ ရှိရဲ့လား၊ အရည်အသွေးပြည့်မီရဲ့လား စသည်အားဖြင့် ဘက်ပေါင်းစုံမှ ပြန်လည်လေ့လာသုံးသပ်ပြီးမှ ဆောင်ရွက်ရန်၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့ကို သီးခြားလွတ်လပ်သော စစ်ဆေးရေးအဖွဲ့ဖြင့်သာ ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ထိုအရည်အသွေးစစ်ဆေး ရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရက ရှာပေးမည် ဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ကျန်ရှိနေသော ကြိုးတံတား ၂၉ စင်းကိုလည်း ကြံ့ခိုင်မှုနှင့် အရည်အသွေး စစ်ဆေးမှုများ အမြန်ဆုံး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကြိုးတံတားကျိုးကျသွား၍ ဒေသခံ ပြည်သူများ ခရီးသွားလာရေး အခက်အခဲဖြစ်ပေါ်နေမှုကို ရေတိုကာလအားဖြင့် အဆင်ပြေစေရန် ပို့ဆောင်ရေး ၀န်ကြီးဌာန၏ အစီအစဉ်ဖြင့် မော်တော်ယာဉ်များ တင်ဆောင်ပေးမည့် ဇက်ရေယာဉ် ၃ စင်း၊ ခရီးသည်များ စီးနင်းနိုင်ရန် တောသူမယ် နှစ်ထပ်ရေယာဉ်တို့ဖြင့် စနစ်တကျ သက်မှတ်ပြေးဆွဲပေးရန်၊ မီးလောင်လွယ်သော ဆီသယ်ယာဉ် ကဲ့သို့ ယာဉ်များကို တံတားဆောက်လုပ်ရေးလုပ်ငန်းသုံး ဇက်ဆိပ်၌ အချိန်သတ်မှတ်ချက်ဖြင့် သယ်ယူပို့ဆောင်ပေးရန်၊ ရေရှည်ကာလအားဖြင့် ဒေသတွင်း ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် လပွတ္တာမြို့ မှ ပြည်သူများအနေဖြင့် မြောင်းမြမြို့သို့ ဖြတ်သန်းရန် မလိုဘဲ ပုသိမ်မြို့သို့ တိုက်ရိုက်သွားနိုင်မည့် လပွတ္တာ -ငပုတော- ပုသိမ်လမ်းမှာ ဘတ်ဂျက် ခွဲဝေပေးထားပြီး ဖြစ်၍ လာမည့် နှစ်ပတ်အတွင်း အမြန်ဆုံး အကောင် အထည်ဖော် ပြင်ဆင်သွားရန်၊ လပွတ္တာမှ ဇက်ရေယာဉ် ၁ စီးကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရန်၊ သို့မှသာ မြောင်းမြတံတားကို အားကိုးအားထားပြု သွားလာနေရသည့် ပြည်သူများ သွားလာရေး အဆင်ပြေ ချောမွေ့လာမည် ဖြစ်ကြောင်း၊ တံတားအသစ် တည်ဆောက်မှု မပြီးစီးခင် ရေယာဉ်များ အတွက် စက်သုံးဆီ ကုန်ကျစရိတ်များကို နိုင်ငံတော်အစိုးရမှ ကျခံနိုင်ရေး နေပြည်တော်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် အမြန်ဆုံးဆွေးနွေး ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက ပြည်သူများ အဆင်ပြေရေး အတွက် ညှိနှိုင်းပေါင်းစပ်မှုများ ပြုလုပ်ပြီး စနစ်တကျ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း စသည်ဖြင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြောင်းမြကြိုး တံတားအဟောင်း နှင့် မြောင်းမြ တံတားအသစ် တည်ဆောက်နေမှု အခြေအနေတို့ကို ကြည့်ရှုပြီး မြောင်းမြကြိုးတံတား အဟောင်း ပြတ်ကျရာ တွင် အသက်ဆုံးရှုံးခဲ့ရသူနှစ်ဦး၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေး စကား ပြောကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု သင်တန်းကျောင်း (မြောင်းမြ) ဆောက်လုပ်မည့် မြေနေရာသို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အထူးအဖွဲ့ (၁၅) လက်ထောက် ညွှန်ကြား ရေးမှူးဦးမြ၀င်း၊ သူနာပြုသင်တန်းကျောင်း (ပုသိမ်) ကျောင်းအုပ်ကြီး နော်ကပေါ်ရှီးနှင့် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ကျော်ထွေး တို့က သင်တန်း ကျောင်းဆောင် ဆောက်လုပ်မည့် အခြေအနေ၊ လိုအပ်သည့်ကျန်းမာရေး ၀န်ထမ်းအခြေအနေ တို့ကို ရှင်းလင်း တင်ပြသည်။ ၄င်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ရှိနေရာအပြင် မြောင်းမြဂုန်နီစက်ရုံအတွင်း လှူဒါန်းလိုသည့် အလှူရှင်များ၏ တင်ပြချက်ကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သူနာပြုသင်တန်းကျောင်းနှင့် ကျန်းမာရေးဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြမြို့ ခရီးစဉ်တွင် ဒေသခံ ပြည်သူများက လမ်းတစ်လျောက် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့ဝင် များသည် ရဟတ်ယာဉ်ဖြင့် ပုသိမ်မြို့သို့ထွက်ခွာပြီး ထိုမှတဆင့် နေပြည်တော်သို့ ဆက်လက်ထွက်ခွာသည်။
.
.
------------------------------------------------------------------
.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဒေသခံပြည်သူများစကားဝိုင်းတွင် ဆွေးနွေးပြောကြားချက်များ
နေပြည်တော် ဧပြီ ၁၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံ ပြည်သူများစကားဝိုင်း (PEACE TALK)ကို တက်ရောက်ပြီး ပြည်သူများနှင့် အတူ ပါဝင်ဆွေးနွေးကြသည်။
အဆိုပါစကားဝိုင်းသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဦးသန့်စင်မောင်၊ ဦးဟန်ဇော်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် ဦးကျော်လင်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များနှင့် ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားသည့် ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စကားဝိုင်းတွင်ပါဝင်သည့် ဒေသခံလူငယ်များက တစ်ဦးချင်း အလိုက် မိတ်ဆက်စကားပြောကြားပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြမြို့နယ် ပြည်သူများအား နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ ကျွန်မတို့ ဒီစကားဝိုင်းကို ရောက်ရှိလာတဲ့ မြောင်းမြသူ၊ မြောင်းမြသား အားလုံးကို နှုတ်ခွန်းဆက်ပါတယ်။ ဒီမှာဆိုရင် တိုင်းရင်းသား အမျိုးမျိုးပါတယ်လို့ ဆိုရမှာပါ။ ဧရာဝတီတိုင်းမှာ မြောင်းမြကို လာရခြင်းရဲ့ အကြောင်းကတော့ တစ်ကြောင်းက မြောင်းမြတံတားနဲ့ ပတ်သက်လို့ လည်း ကြည့်ဖို့ရှိလို့ရယ်၊ ကျွန်မတို့ အနေနဲ့ ဒီလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဖို့ အချိန်ကလည်း ကျနေပြီ။
အရင် နှစ်လ၊ သုံးလက အခြားအလုပ်တွေ ရှိနေတာကြောင့်မို့ ပျက်သွားတယ်။ အဲဒါကြောင့်မို့ မြောင်းမြကို လာခဲ့တာပါ။ မြောင်းမြဟာ မေမေရဲ့ ဇာတိချက်ကြွေ မွေးရပ် မြေလည်းဖြစ်တယ်။ ကျွန်မတို့ အမျိုးချည်းပဲလို့ ဒီလိုပဲ သတ်မှတ်ရမှာပါ။ မြောင်းမြဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘာဖြစ်လို့ အရေးကြီး လဲဆိုတော့ တစ်ချိန်တစ်ခါတုန်းက ဧရာဝတီတိုင်းမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေရှိခဲ့ တယ်။
အခုတော့ ဧရာဝတီတိုင်းမှာ ဒီပဋိပက္ခတွေဟာ ချုပ်ငြိမ်းသွားပါပြီ။ ချုပ်ငြိမ်းသွား ပေမယ့်လည်း ဒီသမိုင်းကို မမေ့မဲ့ မြောင်းမြမြို့သူမြို့သားတွေရှိမယ်လို့ ထင်ပါတယ်။ ဒ့ါကြောင့် ငြိမ်းချမ်းရေးရဲ့ အရေးပါမှု၊ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုဝိုင်းဝန်းပြီး ကူညီရမယ်ဆိုတာတွေ၊ ဒီအချက်တွေကို ဆွေးနွေးချင်လို့ ကျွန်မတို့က ဒီငြိမ်းချမ်းရေးစကားဝိုင်းတွေကို လုပ်တာပါ။ တစ်ချို့တိုင်းတွေမှာ ဥပမာဆိုရင် တစ်ခါကငြိမ်းချမ်းရေးစကားဝိုင်းမှာဆိုရင် မန္တလေးတိုင်းက လူငယ်တွေ ပါတယ်။ အဲဒီလူငယ်တွေက ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ ကျွန်မလည်း ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာကို သဘောကျတယ်။ သူတို့တိုင်းဟာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ရင်မဆိုင်ခဲ့ရတဲ့အခါကျတော့ သိပ်နားမလည်ဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ စိတ်မ၀င်စားဘူး။ သူတို့ကို ထိခိုက်မှု မရှိလို့။
အဲဒီတော့ ဒီလိုစိတ်ထားလို့လည်း မဖြစ်ဘူး။ ကျွန်မကတော့ ရှင်းပြတယ်။ ကိုယ့် ကိုယ်ခန္ဓာတွေမှာ လက်သန်းလေး နာနေရင်တောင် နာနေတာပဲ။ အေးအေး ဆေးဆေး မနေနိုင်ဘူး။ ညမှာ အိပ်ပျက်တယ်။ ဒီလက်သန်းလေးတစ်ချောင်း ကိုက်နေလို့ ရှိနေရင် တောင်မှ ကောင်းကောင်းအိပ်လို့ မရဘူး။ အသွားအလာ၊ အလုပ်လုပ်ရတာ အထစ်အငေါ့တွေများတယ်။
ဒီလိုပါပဲ ကိုယ့်နိုင်ငံရဲ့ တစ်နေရာမှာ မငြိမ်းအေးဘူးဆိုလို့ရှိရင် တစ်တိုင်းပြည် လုံးအတွက် အကျိုးသက်ရောက်မှုရှိတယ်။ ဆိုးကျိုး သက်ရောက်မှုရှိတာပေါ့။ ဒါ့ကြောင့် ငြိမ်းချမ်းရေးရဖို့၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ဆိုတာ အင်မတန်မှ အရေးကြီး ပါတယ်။ ကျွန်မတို့ ဒီလိုဆွေးနွေးပွဲတွေ လုပ်တဲ့အခါ ကျွန်မတို့ နိုင်ငံဟာ ဘာဖြစ်လို့ ငြိမ်းချမ်းရေး မရသေးသလဲဆိုတာကို တစ်ယောက်ချင်း တစ်ယောက်ချင်းက လေးလေး နက်နက် စဉ်းစားစေချင်တယ်။ နောက်ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမယ်။ တစ်နေရာနဲ့ တစ်နေရာမတူဘူး။ ပြဿနာတစ်ခုနဲ့ တစ်ခုမတူဘူး။ လူတစ်ယောက် ချင်းနဲ့ တစ်ယောက်ချင်းမှာကို မတူတာ။ လူတစ်ယောက်ချင်းနဲ့ တစ်ယောက်ချင်းမှာ မတူဘူး ဆိုတော့ ပုဂ္ဂိုလ် တစ်ယောက်ချင်း တစ်ယောက်ချင်းကို ငြိမ်းချမ်းရေးဖြစ်စဉ် ထဲမှာ ပါဝင်လာအောင် ဆွဲဆောင်ရတာ၊ စည်းရုံးရတာဆိုတာလည်း ပုံစံက တစ်ယောက်နဲ့ တစ်ယောက်နဲ့ တူနိုင်မှာမဟုတ်ဘူး။
ဒါပေမယ့် ကျွန်မတို့ အားလုံးဝိုင်းစဉ်းစားပြီး စုပေါင်းအင်အားနဲ့ လုပ်မှ အောင်မြင် မယ်လို့ ယုံကြည်တယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ မငြိမ်းချမ်းလို့ မရဘူး။ တစ်ခဏတော့ ရမယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးမရှိရင် ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဆက်လက်ပြီးတော့ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ တည်တံ့ခိုင်မြဲနိုင်မှာမဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့လည်း ငြိမ်းချမ်း ရေးကို ထိန်းသိမ်းထားလို့ မရဘူး။
တစ်ခါတစ်လေ ငြိမ်းချမ်းရေး ပျက်စီးရတဲ့ အကြောင်းအရင်းဟာ ပြည်သူလူထုရဲ့ ဆင်းရဲမှုကြောင့်၊ စီးပွားရေးနဲ့ ပတ်သက်လို့ ဒုက္ခတွေကြောင့် ဒီဟာတွေကို ပြည်သူ လူထုက မကျေနပ်လို့၊ မခံနိုင်လို့ ငြိမ်းချမ်းရေး ပျက်စီးတာတွေလည်းရှိတယ်။ ဒီတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ဘယ်လိုမှ မခွဲနိုင်တဲ့ကိစ္စနှစ်ခုပဲ။ ဒါကို ကျွန်မတို့ အမြဲပဲနှလုံးသွင်းရမယ်။
တစ်ချို့တွေက ကိုယ့်ရဲ့ ဒေသ၊ ဒေသတောင် မဟုတ်ဘူး။ ကိုယ့်ရဲ့တိုင်းပြည်နဲ့ တောင်မဟုတ်ဘူး။ ကိုယ့်ရဲ့မြို့နယ်လေးမှာ တိုးတက်ဖို့ကိုပဲ အဓိကကြည့်တယ်။ အဲဒီအပြင်ကို လှမ်းမကြည့်ဘူး။ ဒီလိုလုပ်လို့လည်း မရဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ မြို့နယ်တိုးတက်ဖို့လည်း ကြည့်ရမယ်၊ ကိုယ့်ရဲ့ အိမ်မှာလိုပေါ့။ ကိုယ့်မိသားစု အတွင်းမှာ အေးချမ်းမှု မရှိရင်၊ ကိုယ့်မိသားစုအတွင်းမှာ ပြည့်စုံမှုမရှိရင် ရပ်ကွက်မှာ ဘယ်လိုပဲ စိတ်ချမ်းသာနေပါစေ၊ ကိုယ်က စိတ်မချမ်းသာဘူး။
သို့သော်လည်း ကိုယ်တစ်ယောက်တည်း၊ ကိုယ့်ရဲ့အိမ်လေး တစ်အိမ်ထဲ၊ မိသားစု တစ်စုထဲက အဆင်ပြေပြီးတော့ ကိုယ့်ဘေးက ရပ်ကွက်က ဆင်းရဲနေ ရင် လည်း နေရထိုင်ရတာ မကောင်းဘူး။ လမ်းထွက်တာနဲ့ ကိုယ်ရဲ့ အိမ်နီးနားချင်းတွေရဲ့ ဒုက္ခတွေကို ကိုယ်မြင်နေရတာပဲ။ မြင်နေရတာဆိုတော့ စိတ်ချမ်းသာ စရာမရှိဘူး။ ဒါကြောင့်မို့ ကိုယ့်အပူဟာ ကိုယ့်တစ်ယောက်တည်းအတွက်လည်း မဟုတ်ဘူး၊ တစ်နိုင်ငံလုံးအတွက်၊ တစ်နိုင်ငံလုံးက အပူဆိုတာလည်း ကိုယ့်အပူဆိုပြီးတော့ ဒီလိုပဲ စဉ်းစားသလို အားလုံးအေးချမ်းပြီဆိုရင် ကိုယ်လည်း ပိုပြီးတော့ အေးချမ်း ရတယ်။ ကိုယ်အေးချမ်းတာလည်း သူများတွေနဲ့ မျှဝေပြီးတော့ အများကို အေးချမ်းမှု ပေးမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆွေးနွေးစေချင်ပါတယ်”ဟု ပြောကြားသည်။


ဦးစိုးလှိုင်ဦး
ဖြူစင်မေတ္တာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း
စေတနာကောင်း စေတနာမှန်ဖို့ အဓိကလိုအပ်တယ်လို့ ထင်ပါကြောင်း၊ မိမိလုပ်ကိုင်တဲ့ ကွန်ပျူတာလုပ်ငန်းနဲ့လည်း တစ်ဖက်တစ်လမ်းမှ ငြိမ်းချမ်းရေးကိုဖော် ဆောင် လို့ရပါကြောင်း၊
အမုန်းတရားတစ်ခုပဲဖြစ်ဖြစ် ဖြစ်တည်လာတဲ့ အကြောင်းခြင်းရာ တစ်ခု အပေါ်မှာ ဆက်စပ်တွေးခေါ်ပြီး စဉ်းစားဆုံးဖြတ်တဲ့ စေတနာကောင်းနဲ့မှန်မှန် ကန်ကန်ဆုံးဖြတ်တတ်ဖို့ အဓိက ကျပါကြောင်း၊ အဲဒီအဓိကအပေါ်မှာပဲ အားလုံးဟာ တစ်ဖက်ကို တစ်ခုခု လုပ်ခဲ့လို့ရှိရင် ကိုယ့်ကိုရော အဲဒီလိုပြန်လုပ်ရင် ကျေနပ်ပါ့မလား။ မိသားစုအတွင်းမှာ ဖြစ်ဖြစ် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ဖြစ်ဖြစ် ကိုယ်ကိုယ် တိုင်မခံစား ချင်တဲ့ကိစ္စကို တစ်ခြားသူ တစ်ယောက်ကိုလည်းမခံစားစေချင်တဲ့စိတ်နဲ့ ပြုမူ ဆက်ဆံမယ်ဆိုရင်တော့ အမုန်းတရား စကားတွေကင်းလိမ့်မယ်ထင်ပါကြောင်း။
မှန်တာပြောရရင်သင်ကြားခဲ့တဲ့ဘာသာရပ်နဲ့ ပတ်သက်ပြီး မိမိဘ၀မှာ ပြန်အသုံးချရတာမရှိပါကြောင်း၊ ပညာရပ်အနေနဲ့ မပြည့်စုံတဲ့အတွက် ကျောင်းမှာရှိတဲ့ စာကြည့်တိုက်မှာ နိုင်ငံခြားကနေ ထုတ်တဲ့ စာအုပ်တွေကို ဖတ်ရပါကြောင်း၊ ဖတ်တဲ့အခါ သေသေချာချာ မဖတ်တတ်ပါကြောင်း၊ သိတဲ့သူ တွေကိုဘာသာ ပြန်ခိုင်းရတာတွေရှိသလို ဆရာမ တွေကို အကူအညီတောင်းရတာတွေ ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။ 


ဒေါ်နမ့်ရီစိုင်းနာ
(Accounting Supervisor, Eskkal Hotel)
မိမိအနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးက အရေးကြီးပါ ကြောင်း၊ ငြိမ်းချမ်းမှလည်း ပြည်သူတွေဘ၀ ငြိမ်းချမ်း၊ တိုးတက်မည်ဖြစ်ပါကြောင်း၊ ဒီလိုငြိမ်းချမ်း မှလည်း ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး အစစအရာရာ တိုးတက်မှာ ဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးကို အဓိက လိုအပ်တယ်လို့ ထင်မြင် မိပါကြောင်း၊ ဒီလိုငြိမ်းချမ်းရေးကို ပြောလိုက်တဲ့အချိန်မှာ မိမိမြင်ကွင်းတစ်ခု မြင်ယောင် လာပါကြောင်း၊ စစ်မြေပြင် တိုက်ပွဲကြားထဲမှာ ယမ်းငွေ့တွေကြားမှာ ပြေးလွှားနေရတဲ့ ဒုက္ခသည်တွေရှိပါကြောင်း၊ ဒီမြင်ကွင်းကို မိမိတို့ပြည်သူ တွေ အနေနဲ့ မြင်တော့မြင် နေပေမယ့် ဘာမှ လုပ်လို့မရပါကြောင်း၊ သေချာတာ တစ်ခုကတော့ မိမိတို့ ပြည်သူတွေအားလုံးရဲ့ ရင်ထဲမှာ ဒီလိုမျိုးစစ်မက်ဖြစ်ပွားခြင်း၊ မငြိမ်းချမ်းခြင်း ကိုတော့ အားလုံးက မလိုလားဘူးဆိုတာတော့ သေချာပါကြောင်း။
နောက်တစ်ခုက မိမိတို့ရဲ့ အသိုင်းအ၀ိုင်းထဲမှာပဲ မိသားစုမှာပဲဖြစ်ဖြစ်၊ ရပ်ကွက်မှာပဲဖြစ်ဖြစ်၊ မြို့နယ်ဒေသမှာပဲ ဖြစ်ဖြစ် မငြိမ်းချမ်းတဲ့အရာတွေ ဥပမာ ကလေးငယ်တွေဟာ ကျောင်းနေရမယ့်အချိန်မှာ ကျောင်းမနေနိုင်၊ ၀မ်းစာအတွက် ဆိုပြီး အသက်အရွယ်နဲ့မလိုက် စားပွဲထိုးလုပ်ရတာရှိပါကြောင်း၊ ကွမ်းယာ၊ ဆေးလိပ် ရောင်း ရတာရှိကြောင်း၊ ဒါဟာ သူတို့အတွက် မငြိမ်းချမ်းမှုတစ်ခုပင်ဖြစ်ပါကြောင်း၊ နောက်တစ်ခုက လူတိုင်း လူတိုင်းဟာ ကိုယ့်ရဲ့ဝမ်းစာအတွက် အလုပ်လုပ်တဲ့အခါမှာ အားလုံးကတော့ ကိုယ့် ရဲ့ဘ၀အဆင်ပြေစေဖို့အတွက် ကြိုးစားမှု၊ ရိုးသားမှုနဲ့ လုပ်ကြတဲ့သူတွေရှိပါကြောင်း၊ ဒီလိုရိုးရိုးသားသားလုပ်ကြပေမယ့် စားဝတ်နေရေး အဆင်မပြေပါကြောင်း၊ အရေးအကြောင်း ဆေးရုံတက်ဖို့ အကြောင်းဖန်လာတဲ့အခါမှာ ဆေးရုံတော့ရောက်သွားကြောင်း၊ ဒါပေမယ့် သူတို့မှာ ကုစရာ ငွေကြေးအင်အား မပြည့်စုံပါကြောင်း၊ ချမ်းသာတဲ့အသိုင်းအ၀ိုင်းကျတော့ ဆေးရုံတွေ ကောင်းကောင်း မွန်မွန် တက်နိုင်ပါကြောင်း၊ တချို့ဆို နိုင်ငံခြားတွေမှာ သွားပြီး ကုသနိုင်တဲ့ အခွင့်အလမ်းတွေရှိပါကြောင်း၊ ဆင်းရဲတဲ့သူတွေကျတော့ သူတို့ကို ဂရုစိုက် တာတွေ၊ အရေးတယူ ထောက်ပံ့တာတွေလည်းမရှိသလောက် တစ်ချို့နေရာတွေမှာ တွေ့ရပါကြောင်း၊ ဒါဆိုရင်လည်း သူတို့ရဲ့ ရင်တွင်းက မငြိမ်းချမ်းပါကြောင်း၊ စစ်မြေပြင်မှ မဟုတ်ဘဲ မိမိတို့ရဲ့ အနီးပတ်ဝန်းကျင်မှာလည်း ဒုက္ခတွေခံစားရတဲ့ ပြည်သူတွေ ရှိပါကြောင်း၊ ဒါဟာလည်း မိမိအနေနဲ့ သူတို့ဘ၀အတွက် ငြိမ်းချမ်းမှု မရှိဘူးလို့တော့ ထင်မြင်မိပါကြောင်း ဆွေးနွေးပြောကြားသည်။
ဦးဝင်းနိုင်(စားသောက်ဆိုင်လုပ်ငန်း)
ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံမှာ အတော်လေးကို အရေးကြီးပါကြောင်း၊ ငြိမ်းချမ်းရေးမရလို့လည်း ဒီနိုင်ငံက မတိုးတက်တဲ့အနေအထား တွေ ဖြစ်နေတာ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးမရရင်တော့ တိုးတက်ဖို့ဆိုတာ လမ်းမမြင်ပါကြောင်း၊ အဲ့ဒါ ကြောင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို သွားဖို့ဆိုရင် တစ်စိုက်မတ်မတ်နဲ့ ကြိုးစားအားထုတ် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အချို့နေရာတွေမှာ တိုက်ပွဲတွေဖြစ်၊ လူတွေဒုက္ခတွေရောက်၊ ခြေပြတ်လက်ပြတ်တွေဖြစ်၊ ဟိုမသွားနိုင် ဒီမသွားနိုင်နဲ့ဆိုရင် အဲဒီနေရာမှာ ဘယ်လိုမှ တိုးတက်နိုင်မှာမဟုတ်ပါကြောင်း၊ ကလေးတွေက လည်း ပညာကို ဘယ်လိုမှ အေးအေးချမ်းချမ်းနဲ့ သင်ကြားနိုင်မှာမဟုတ်ပါကြောင်း၊ ပညာ မတတ်ခဲ့ရင်တော့ ဒီနိုင်ငံမတိုးတက်မှာသေချာပါကြောင်း။
မတိုးတက်ရင်တော့ ဒီနိုင်ငံချမ်းသာ ဖို့ဆိုတာက မဖြစ်နိုင်တော့ပါကြောင်း၊ ဒါကြောင့်မို့ ငြိမ်းချမ်းရေးကိုတော့ တစ်စိုက်မတ်မတ် နဲ့ ဦးစားပေးပြီးဆောင်ရွက်စေ ချင်ကြောင်း၊ မိမိတို့ရင်ထဲမှာ ငြိမ်းချမ်းရေးလိုချင် သလိုဘဲ တိုင်းပြည်တစ်ပြည်လုံး မှာရှိတဲ့ ပြည်သူလူထုတွေက ဒီငြိမ်းချမ်းရေးကို လိုလားမယ်လို့ မျှော်လင့်ပါကြောင်း၊ ဒီငြိမ်းချမ်းရေးရှိမှ ကျန်တဲ့ကဏ္ဍတွေအားလုံးကို ဖွံ့ဖြိုးတိုးတက် အောင်ဆောင် ရွက်နိုင်မှာဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဆိုရင် ငြိမ်းချမ်းရေးရလာပြီ ဖြစ်တဲ့အတွက် အထိုက်အသင့် တိုးတက်လာပြီဖြစ်ပါကြောင်း၊ ပညာရေးမှာလည်း ကောင်းစွာသင်ကြားလို့ ရနေပြီဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးတွေလည်း ကောင်းလာပြီဖြစ်ပါကြောင်း၊ တိုင်းထဲမှာပင် စီးပွားရေးရှာ လုပ်ကိုင် စားသောက်တဲ့သူတွေ လွတ်လပ်စွာ သွားလာလှုပ်ရှား စီးပွားရှာနေရပြီဖြစ်တဲ့ အတွက် ဧရာဝတီတိုင်းက ထိုက်သင့်လျောက် တိုးတက်လာတာကို တွေ့မြင်ရပါကြောင်း၊ ဒါက ငြိမ်းချမ်းရေးအသီးအပွင့်ကို ခံစားလာရ တာဖြစ်ပါကြောင်း၊ ဒီလိုဘဲ တစ်နိုင်ငံလုံးငြိမ်းချမ်းမှု အတွက်လည်း အင်မတန် အရေးကြီးပါကြောင်း၊ မိမိတို့ ဒေသတစ်ခုတည်း ဖွံ့ဖြိုးတိုးတက်နေလို့ မဖြစ်ပါကြောင်း၊ ကျန်တဲ့ နယ်စပ်ဒေသတွေ၊ တောင်တန်းဒေသတွေမှာ နေတဲ့သူတွေ လည်း ဖွံ့ဖြိုးတိုးတက်ဖို့လိုပါကြောင်း၊ တစ်နိုင်ငံလုံး အညီအညွတ်ဖွံ့ဖြိုးမှသာ ဒီနိုင်ငံဟာကြီးပွားချမ်းသာလာမယ့်အနေအထား ဖြစ်တယ်လို့ မြင်မိပါကြောင်း။
သင်ကြားခဲ့တဲ့ ပညာရပ်ဟာ အမှန်တကယ်ပြောရရင်တော့ အထောက်အကူ မဖြစ်ပါကြောင်း၊ စီးပွားလုပ်ငန်းကို စမ်းတ၀ါးဝါးနဲ့ လုပ်လာခဲ့ရတာဖြစ်ပါကြောင်း၊ ပထမ ငါးကန်လုပ်ငန်းလုပ်ရာ မအောင်မြင်ပါကြောင်း၊ အခု စားသောက်ဆိုင် လုပ်ငန်းပြောင်း လုပ်ပါကြောင်း၊ နည်းနည်း ပါးပါးအောင်မြင်လာပါ ကြောင်း၊ ကိုယ့်ရဲ့ စိတ်ကူးနဲ့ဘဲ လုပ်နေ တာဖြစ်ပါကြောင်း၊ သင်လာခဲ့တဲ့ ပညာနဲ့က ဘယ်လိုမှ မအပ်စပ် ပါကြောင်း၊ ဘယ်လိုမှ အသုံးချလို့ မရတဲ့အနေအထား ဖြစ်နေပါကြောင်း ဆွေးနွေးပြောကြားသည်။ 


ဒေါ်ပြုံးပြုံးအေး (ရေလုပ်ငန်းရှင်)
ငြိမ်းချမ်းရေးဟာ နိုင်ငံအတွက်အရေးကြီးဆုံးဖြစ်ပါကြောင်း၊ ဘာဖြစ်လို့လဲ ဆိုတော့ မိမိတို့ မိရိုးဖလာစီးပွားရေးလုပ်ငန်းက ရေလုပ်ငန်း ဖြစ်ပါကြောင်း၊ အဖေအမေတွေခေတ်က ပင်လယ်ပြင်ကြီးက မငြိမ်းချမ်းပါကြောင်း၊ လက်နက်ကိုင် တွေက ဆက်ကြေးတောင်းပါကြောင်း၊ ဆက်ကြေးမပေးဘူးဆိုရင် သဘောင်္တွေနဲ့ အလုပ်သမားတွေကို ပြန်ပေးဆွဲသွားပါကြောင်း၊ လုပ်ငန်းရှင်က ဟိုဘက်ကမ်းကို သွားပြီးတော့ ညှိနှိုင်းရပါကြောင်း၊ ညှိနှိုင်းပြီးမှ ပြန်လွှတ်ပါကြောင်း၊ အဲဒါကို ဒီဘက်မှာရှိတဲ့အစိုးရက သိရဲ့သားနဲ့ အလုပ်ရှင်ကို ဖမ်းဆီးထောင် ချပါကြောင်း။
ယခုခေတ်မှာတော့ ပင်လယ်ပြင်ကြီးက အေးချမ်းသွားပြီဖြစ်ပါကြောင်း၊ ယခုလက်ရှိ ဧရာဝတီတိုင်းက အေးချမ်းတဲ့၊ ငြိမ်းချမ်းတဲ့ အတွက်ကြောင့် အကုန်လုံး အေးအေးချမ်းချမ်းအိပ်နိုင်ပါကြောင်း၊ စာသင်နိုင်စီးပွားရေးတွေ လုပ်နိုင်ပါကြောင်း၊ အခုစစ်ဖြစ်နေတဲ့ နေရာမှာရှိနေတဲ့ ညီအစ်ကို မောင်နှမတွေဟာ အိပ်ကောင်းခြင်းလည်း မအိပ်ရ၊ စားကောင်း ခြင်းလည်း မစားရပါကြောင်း၊ ဘယ်အချိန်မှာ စစ်ပွဲတွေဖြစ်မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ စီးပွားရေး လည်းကောင်းကောင်းမလုပ်နိုင်ပါကြောင်း၊ အဲဒီလိုဖြစ်နေတဲ့အတွက် သူတို့ဒေသ တွေမှာ စီးပွားရေးကဘယ်လိုမှ ဦးမော့လာနိုင်မှာမဟုတ်ပါကြောင်း။
စီးပွားရေး ဦးမမော့ နိုင်ရင် ပညာရေးလည်းကောင်းစွာသင်နိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့် တိုင်းပြည်က ဒီထက်ကို စီးပွားရေးတွေ နိမ့်ကျနေအုံးမှာဖြစ်ပါကြောင်း၊ နှစ်ရှည်လများဖြစ်နေတဲ့ ပြည်တွင်း စစ်တွေ အမြန်ငြိမ်းချမ်းချင်ပြီဖြစ်ပါကြောင်း၊ မြန်မာပြည်ကြီးကို သူများနိုင်ငံတွေနဲ့ တန်းတူဖြစ်နေ တဲ့နိုင်ငံကြီးအဖြစ် မြင်ချင်လှပြီဖြစ်ပါကြောင်း၊ အဖွဲ့အစည်းတွေ၊ တစ်ဦးတစ်ယောက်တွေ အာဃာတတွေမထားပဲနဲ့ သည်းခံ မှုတွေနဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံဖော်ဆောင်ပြီး တော့ ဆောင်ရွက်ပေးပါလို့တောင်းပန်လို ပါကြောင်း၊ ပြည်သူတွေ ညီအစ်ကို မောင်နှမတွေအကုန်လုံးက ငြိမ်းချမ်းရေးကို ယူချင် တဲ့စိတ် ရှိမှ တစ်ယောက်နဲ့ တစ်ယောက် သည်းခံခွင့်လွတ်နားလည်မှုပေးနိုင်မှ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်လို့ထင် ပါကြောင်း ဆွေးနွေးပြောကြားသည်။


ဦးဇော်တင်မိုး
(ဂဏန်းမွေးမြူရောင်းဝယ်ရေး)
မငြိမ်းချမ်းတဲ့ ကိစ္စတွေဆိုတာ ကြုံခဲ့ဖူးပါကြောင်း၊ အခုလို နှစ်ရှည်အကြာ ကြီး ပြည်နယ်တွေမှာ မငြိမ်းချမ်းမှုတွေ ဖြစ်နေကြတာ ဒီဒေသတွေက ခံစားရတဲ့ လူတွေကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်မယ်ဆိုရင် မိမိ တို့တွေ စိတ်ထဲမှာ ဖြေသာဖို့ မရှိပါကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေး ဆိုတဲ့ စကားကို ကြားရတာနဲ့ပဲ ကြားရသူတွေရဲ့ နားမှာ ချိုသာသလို စိတ်နှလုံးကို ငြိမ်းချမ်းစေပါကြောင်း။
မိမိတို့တိုင်းပြည်မှာရှိတဲ့ လူအကုန်လုံး၊ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင် ကြတဲ့ တိုင်းရင်းသား အကုန်လုံးက ငြိမ်းချမ်းရေးကို လိုလားကြတာဖြစ်ပါကြောင်း၊ မိမိတို့ ထက်လိုလားတဲ့သူလည်း ရှိနိုင်ပါကြောင်း၊ အဲဒီလူတွေက ဒီနေ့စစ်ဖြစ်ရာဒေသတွေမှာ အဲဒီစစ်ပွဲရဲ့ အနိဌာရုံတွေကို ခံစားနေကြရတဲ့ ပြည်သူတွေပဲဖြစ်ပါကြော်း၊ အဲဒီလူတွေ ထက်ပိုပြီး လိုချင်တဲ့သူတွေလည်း ရှိနိုင်ပါသေးကြောင်း၊ အဲ့ဒါကတော့ ဒီနေ့ မငြိမ်းမချမ်းနဲ့ လက်နက်ကိုင်ပြီး တိုက်နေကြရတဲ့ ကျွန်တော်တို့ ပြည်တွင်းရန်ကို ကာကွယ်နေကြရတဲ့ တပ်မတော်သားတွေနဲ့ တစ်ဖက်က လက်နက်ကိုင်တိုင်းရင်းသား တွေဖြစ်ပါကြောင်း၊ သူတို့တွေက အသက်ကိုအရင်းတည်ပြီး တိုက်နေကြရတော့ ကျွန်တော်တို့ထက် ပိုပြီး ငြိမ်းချမ်းရေးကို ပိုလိုချင်မယ်လို့ တွေးဆမိပါကြောင်း။
တိုက်ပွဲဖြစ်ရာဒေသတွေကိုလည်း ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဆရာဝန်ဆိုလဲ ကျည်ဆံတွေကြားမှာ ဘယ်ဆရာဝန်မှ သွားချင်ကြမှာ မဟုတ်ပါကြောင်း၊ ပညာရေးအတွက် ကျောင်းဆရာ၊ ဆရာမတွေ ပညာသွားသင်မယ်ဆိုလဲ ဗုံးဆံတွေ၊ သေနတ်သံတွေကြားမှာ သွားသင်ဖို့ စိတ်ကူးရှိကြမှာ မဟုတ်ပါကြောင်း၊ ရင်းနှီး မြုပ်နှံချင်သူတွေလဲ စစ်ဖြစ်ရာ ဒေသမှာ သွားပြီးရင်းနှီး မြုပ်နှံချင်ကြမှာ မဟုတ်ပါ ကြောင်း၊ စစ်ဖြစ်ရာဒေသတွေဟာ မိမိတို့ထက် နှေင့်နှေး ကြန့်ကြာနေမှာ အမှန်ပဲဖြစ် ပါကြောင်း။
ပြည်သူတွေက တင်မြှောက်ထားတဲ့ NLD အစိုးရ ၊ ပြည်သူတွေအတွက် အဘက်ဘက်က စဉ်းစားပေးနေတဲ့ အစိုးရအနေနဲ့မှ ငြိမ်းချမ်းရေး မရဘူးဆိုရင် ဘယ်သောအခါမှ ငြိမ်းချမ်းရေး ရမယ်လို့ မိမိအနေနဲ့ မယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။


ဦးအောင်ကြည်မြင့်
(တောင်သူ)
ပညာရေးကို ဒီထက်မက တိုးတက်စေချင်ပါကြောင်း၊ ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီး တစ်ဆက်တည်း တင်ပြချင်တာက မိမိတို့ ရေကျော်ကျေးရွာမှာ ၂၀၁၆ ခုနှစ်က အလယ်တန်းကျောင်း တစ်ကျောင်း ဒဂုံမင်းကုမ္ပဏီက ဆောက်ခွင့်ရပါကြောင်း၊ ယနေ့ အချိန်အထိ ၅၀ ရာခိုင်နှုန်းသာ ပြီးစီးပြီး အမိုးမိုး၍ ပစ်ထားသည်မှာ နှစ်နှစ် ကျော်နေပြီဖြစ်ပါကြောင်း၊ ဒေသခံတွေအနေနဲ့ ကျောင်းလေးကို ပြီးစေချင်ပါကြောင်း၊ ဇကလွန်း ၀ဲထောက်ကျေးရွာအုပ်စုက ကျောင်း တစ်ကျောင်းလဲ မပြီးသေးတဲ့ အထဲမှာ ပါပါကြောင်း ဆွေးနွေး ပြောကြားသည်။ 


ဦးအောင်မြင့်မြတ်
(ပညာရေးဝန်ထမ်း)
ပညာရေးမရှိရင်ငြိမ်းချမ်းရေးမရှိနိုင်သလို ငြိမ်းချမ်းရေးမရှိရင်လည်းပညာရေး ဆိုတာ သုံးလို့မရတော့ပါကြောင်း၊ မိမိတို့က မငြိမ်းချမ်းတဲ့ဒေသတွေမှာ ဘယ်ကျောင်း ဆရာ၊ ဆရာမမှ ဘယ်လောက် ရာထူးကြီးကြီးပေးပေး တစ်ယောက်မှမသွားချင်ပါ ကြောင်း၊ ဘာဖြစ်လို့ မသွားချင်တာလဲဆိုရင် ကိုယ့်အသက်အတွက် လုံခြုံမှုမပေးနိုင်လို့ ပြည်ပမှာ ရှိတဲ့ တိုင်းရင်းသားပညာတတ်တွေကလည်း အဲဒီဒေသတွေကို ပညာသွား ရောက် သင်ကြားဖို့ဆိုတာ မဖြစ်နိုင်ပါကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ပညာရေးဟာ နှစ်ဖက်လုံး ဟန်ချက်ညီကာမှ မိမိတို့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့ သုံးသပ်မိပါ ကြောင်း။
ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တာ မိမိတို့ပညာရေးဌာနမှာ ဘာရှိမလဲ ဆိုရင် အားကစားအခန်းကဏ္ဍ ကျောင်းသားနဲ့ အားကစားဖြစ်ပါကြောင်း၊ ကျောင်းတွေမှာ အားကစားပြိုင်ပွဲကျင်းပပေးတဲ့အခါ ကလေးတွေက တစ်ဦးနှင့်တစ်ဦး ချစ်ကြပါကြောင်း၊ ကျောင်းတွေမှာ အသင်းငါးသင်း အားကစားပြိုင်ပွဲတွေ လုပ်ပေးလိုက်ရင် တစ်သင်းချင်း တော့ စည်းလုံးညီညွှတ်သွားပါကြောင်း။
အားကစားကလည်း ငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါကြောင်း၊ ငယ်ရွယ်စဉ်အချိန်မှာ တိုင်းနဲ့ပြည်နယ် မှာရှိတဲ့တိုင်းရင်း သားတွေ အားလုံးစုပေါင်းပြီးတော့ အားကစားပြိုင်ပွဲလေးတွေ ငယ်ရွယ် စဉ်အချိန်က တည်းက လုပ်ပါကြောင်း၊ တိုင်းရင်းသားတွေ အချင်းချင်း တွေ့ဆုံခွင့်ရပါကြောင်း၊ တစ်ဦး ယဉ်ကျေးမှု၊ တစ်ဦးနားလည်လာမှာဖြစ်ပါကြောင်း၊ တစ်ယောက်နဲ့ တစ်ယောက်လည်း ချစ်ခင်လာမှာဖြစ်ပါကြောင်း၊ အနာဂတ်မှာ လူငယ်ဖြစ်လာမယ့် ကလေးတွေက လူကြီးဖြစ်လာပြီ ဆိုရင် နိုင်ငံတော်ကို ဘက်စုံထောင့်စုံကနေပြီးတော့ ၀ိုင်းပြီးတော့ တည့်မတ်အောင် ဆောင်ရွက်တဲ နေရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့အတွက် မိမိတို့ ပညာရေးကဏ္ဍမှာ အားကစားကဏ္ဍကလည်း ငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေပါကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းတဲ့နိုင်ငံ တည်ဆောက်ဖို့ဆိုရင် ပညာရေးနဲ့ အားကစားကဏ္ဍကို ချန်ထားလို့ မရပါကြောင်း။
ကချင်ပြည်နယ်မှ အမျိုးသား အောင်လအန်ဆန် MNA ၀ိတ်တန်း ချန်ပီယံ နှစ်ခုရသည့်အခါ ကချင်တိုင်းရင်းသားတစ်မျိုးတည်းပျော်ရွှင်ခြင်းမဟုတ်ဘဲ မိမိတို့ လည်းပျော်ပါကြောင်း၊ တိုင်းရင်းသားအားလုံးပျော်ပါကြောင်း၊ ဒါ သူတတ်တဲ့ အားကစားပညာနဲ့ တိုင်းပြည်ကို ငြိမ်းချမ်းရေးလုပ်နေတာ ဒါကြောင့် အားကစား ကဏ္ဍကလည်း အရေးပါတယ် လို့ ထည့်သွင်းပြောကြားလိုတာဖြစ်ပါ ကြောင်း ဆွေးနွေး ပြောကြားသည်။


ဒေါ်ဖြိုးအိကြိုင်
စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း
ငြိမ်းချမ်းရေးဆိုတာ တစ်ဦးတစ်ယောက်တည်းအားနဲ့ အဖြေရှာလို့ မရပါကြောင်း၊ အခုလို စကားဝိုင်းတွေက တစ်ဆင့် ဆွေးနွေးအဖြေရှာပြီးတော့ ငြိမ်းချမ်းရေးကို ဘယ်လိုဆက်လက်ဆောင်ရွက်မယ်၊ တိုင်းပြည်ငြိမ်းချမ်းအောင်၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မတို့ ဆွေးနွေးရင်းနဲ့ အဖြေရှာရမှာ ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးလို့ ပြောလိုက်ရင် မိိမိထင်တာကတော့ အရင်ဆုံး တိုင်းရင်းသားတွေ၊ အသားအရောင်တွေ၊ ဘာသာစကားတွေ၊ ယုံကြည်မှုတွေ၊ ကိုးကွယ် ရာတွေ၊ ခွဲခြားမနေဘဲနဲ့ စုစုစည်းစည်းနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်သွားရမှာဖြစ်ပါကြောင်း၊ အဓိကတော့ ဘယ်နိုင်ငံမှာပဲနေနေ၊ ဘယ်ဒေသ ပဲ ရောက် နေနေ၊ ဘယ်ဘာသာတရားပဲကိုးကွယ်ကိုးကွယ်၊ မြန်မာနိုင်ငံသားဆိုတဲ့ စိတ်ဓာတ် တစ်ခုတည်းနဲ့ မြန်မာနိုင်ငံတော်ကြီးကို တိုးတက်အောင် အကုန်လုံး ၀ိုင်းဝန်းဆောင် ရွက်ရမှာဖြစ်ပါကြောင်း။ 

မိမိတို့ အသင်းကြီးအနေနဲ့ဆိုရင်လည်း MYEA အသင်းကြီးရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အသင်းမှာ တိကျတဲ့ ရည်မှန်းချက်တွေ၊ ရည်ရွယ် ချက်တွေလည်း ရှိပါကြောင်း၊ နေပြည်တော်ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောခဲ့တဲ့ စကားလေးတစ်ခွန်း အခုထိ အမှတ်ရနေပါကြောင်း၊ လူငယ်တွေကို အားကိုးတယ် ဆိုပြီး ပြောခဲ့ပါကြောင်း၊ မှန်ပါကြောင်း၊ လူငယ်တွေဟာ တိုင်းပြည်တစ်ပြည်ရဲ့ အရင်းအမြစ်ဖြစ်ပါကြောင်း၊ ဒီလူငယ်တွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တန်းတူပညာရေးတွေ သင်ကြားနိုင်မယ်ဆိုရင် သူတို့ရဲ့ အတွေးအခေါ်တွေ မြင့်မားလာမယ်၊ စိတ်ဓာတ်တွေ မြင့်မားလာမယ်၊ ပြီးရင် ဒီစိတ်ဓာတ်တွေ မြင့်မားလာရင် ကိုယ့်နိုင်ငံဘယ်လို ဖွံ့ဖြိုး တိုးတက်အောင် ၀ိုင်းဝန်းကြိုးစားသွားကြရမှာဖြစ်ပါကြောင်း။

မိမိတို့ လူငယ်တွေကြားမှာလည်း ငြိမ်းချမ်းရေး ဆိုတာကိုပဲ တသသ ပြောနေကြရပါကြောင်း၊ ငြိမ်းချမ်းရေးရှိမှပဲ စွန့်ဦးတီထွင်မှု လုပ်ငန်းတွေကလည်း တိုးတက် အောင်စွမ်းဆောင်နိုင်ပါလိမ့်မည်ဖြစ်ပါကြောင်း၊ ဒါကြောင့် မိမိတို့ အသင်းကြီး အနေနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူငယ်ထုတွေကို စွန့်ဦး တီထွင်လိုစိတ်တွေရှိလာအောင်၊ အကောင်းမြင်စိတ် တွေရှိလာအောင် ကြိုးစား တည်ဆောက်သွားကြရမှာဖြစ်ပါကြောင်း။ 

နိုင်ငံတစ်နိုင်ငံမှာ လူငယ်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါပါကြောင်း၊ ဒါကြောင့်မို့လည်း လူငယ်တွေအနေနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစား သိရှိနားလည်လာအောင်၊ သိရှိနားလည်လာပြီးတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေ မှန်သမျှမှာ လူငယ်တွေအနေနဲ့ အစိုးရ နဲ့အတူတူ ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ ဒီနေရာကနေပြောကြား လိုပါကြောင်း ဆွေးနွေးပြောကြားသည်။ 
.
.
.
ဆွေးနွေးချက်များနှင့် ပတ်သက်၍
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုခေတ်နည်းပညာတွေကို အပြုသဘောဆောင်တဲ့ အကျိုးတွေဖြစ်အောင် ဘယ်လိုကျွန်မတို့ထိန်းမလဲ၊ ဒီနည်းပညာတွေဆိုတာ အပြုသဘောဆောင်တဲ့လမ်းကို သွား နိုင်သလို အပြုသဘောမဆောင်တဲ့ လမ်းတွေကိုလည်း သွားနိုင်ပါကြောင်း၊ ဥပမာ ကျွန်မတို့ ပြောပြောနေတဲ့ကိစ္စတွေမှာ၊ အမုန်းတရားတွေကိုဖြန့်ဝေနေတာဆိုတာလည်း ဒီနည်းပညာ တွေကြောင့် အများကြီးဖြန့်ဝေနိုင်ပါကြောင်း၊ ပြီးတော့ အမုန်းတရားတွေဟာ တစ်နေရာတည်းက မဟုတ်ဘဲ တစ်ကမ္ဘာလုံးကို သွားနိုင်တဲ့အခြေအနေမှာရှိတော့ ကျွန်မတို့ဘယ်လို ပြန်ပြီးတော့ တုန့်ပြန်မလဲ ၊ ဒီလိုမပွားသင့်တဲ့စိတ်ဓာတ်တွေ မိမိတို့နိုင်ငံထဲမှာ စိမ့်မ၀င်အောင် ဘယ်လို နည်းပညာဘက်နေ ကာကွယ်မလဲ၊ ဒါမှမဟုတ်လူမှုရေးအရ ဘယ်လိုကာကွယ်မ လဲဆိုတာ စဉ်းစားရမှာဖြစ်ပါကြောင်း။
မိမိတို့ ပညာရေးစနစ်က ယေဘုယျအားဖြင့်အားနည်းပါကြောင်း၊ နိုင်ငံ ခြားကနေ စာရွက်စာတမ်းတွေ ဂျာနယ်တွေ လေ့လာနိုင်ဖို့ အခက်အခဲဟာ အဓိက အားဖြင့် အင်္ဂလိပ် ဘာသာသင်တဲ့နေရာမှာ အားနည်းလို့ဖြစ်ပါကြောင်း၊ ဒါလည်းမိမိ တို့ပြုပြင်ဖို့ ကြိုးစား နေပါကြောင်း၊ အင်္ဂလိပ်ဘာသာကို အခုခေတ်မှာ မကျွမ်းကျင်ရင် ကမ္ဘာနဲ့ရင်ပေါင် တန်းဖို့ဆိုတာ အင် မတန်မှခက်ပါကြောင်း၊ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးစာရွက်စာတမ်းတွေ အားလုံးဟာ အင်္ဂလိပ် ဘာသာနဲ့ထုတ်ဝေပါကြောင်း။
နောက်တစ်ချက်ကတော့ သင်တဲ့ပညာနဲ့အပြင်မှာသိပ်ပြီး အသုံးမ၀င်တဲ့ အခြေအနေဖြစ်ပါကြောင်း၊ မိမိတို့အနေနဲ့အသက်မွေးဝမ်းကျောင်းပညာကို အားပေးပါကြောင်း၊ ပညာရှာတယ်ဆိုတာဟာ ကိုယ့်ဘ၀ကို ရင်ဆိုင်နိုင်ဖို့ပညာရှာ တာဖြစ်ပါကြောင်း၊ ပညာဆိုတာ ဘယ်တော့မှ အလဟသတော့ လုံးဝမ ဖြစ်ပါကြောင်း၊ ဒါပေမယ့်ဒီပညာရေးအဆင့်ကမကောင်းတဲ့အခါ ဒီဟာကို အသက်မွေးဝမ်းကျောာင်းအတွက်သုံးဖို့ရာခက်ခဲပါကြောင်း၊ ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး လိုက်ဖို့ခက်ခဲပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက သိရှိပြီး အဘက်ဘက် ကပြုပြင်ဖို့ ကြိုး စားနေပါကြောင်း။ 

ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ဘယ်လိုမှခွဲလို့မရပါကြောင်း၊ နိုင်ငံက စီးပွားရေးအရ ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာမှ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိမှာဖြစ်ပါကြောင်း၊ စစ်မက်ဖြစ်နေတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ မှာလုံခြုံမှုမရှိပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာလည်း လုံခြုံမှုမရှိပါကြောင်း၊ ကလေးသူငယ်များဟာ ပညာသင်ရ မယ့်အချိန်မှာ ၀မ်းစာရှာနေရတာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါကြောင်း၊ ဒါကိုလည်း မိမိတို့ အစိုးရအနေနဲ့ အထူးအလေးပေးပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကြိုးစားနေပါ ကြောင်း၊ နေ့ချင်းညချင်းတော့ မဖြစ်ပါကြောင်း၊ ဒါပေမယ့် ခုနကပြောသွားသလို ဒီကလေးလေးတွေဟာ ကွမ်းယာတွေ ဆေးလိပ်တွေ လိုက်ရောင်းနေရတယ်ဆိုတော့ အဲ့ဒါနဲ့ ပတ်သက်လို့လည်း ဆေးလိပ် မသောက်ပါနဲ့ ကွမ်းယာမစားပါနဲ့လို့တော့ အားလုံးကို ပြောချင်ပါကြောင်း။

ဒါပေမယ့် ပြောတဲ့တစ်ချိန်လုံးမှာပဲ လက်တွေ့ကျကျ ကြည့်ရပါကြောင်း၊ ဆေးလိပ် ရောင်းပြီး အသက်ရှင်ရသူတွေနဲ့ ကွမ်းယာရောင်းပြီး အသက်ရှင်ရ သူတွေအတွက် မိမိတို့မှာ အစားထိုးလုပ်ငန်းတွေ ရှာပေးဖို့လိုကြောင်း ။
ငြိမ်းချမ်းရေးဆိုတာ ပြည်သူလူထု တစ်ယောက်ချင်းတစ်ယောက် ချင်းရဲ့ စိတ်၏အေးချမ်းခြင်းဖြစ်ပါကြောင်း၊ စိတ်၏အေးချမ်းရေးဆိုတာ ၁၀၀ရာခိုင်နှုန်း တော့မဖြစ် နိုင်ပါကြောင်း၊ အခြေခံလြုံခုံမှုဆိုတာ မိမိ အမြဲပြောသလို တရားဥပဒေ စိုးမိုးရေးရှိရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးအောက်မှာ ပြည်သူများဟာ အခြေခံလုံခြုံမှုရှိနိုင်ပါကြောင်း၊ ဥပဒေဟာ ပြည်သူတွေ ကာကွယ်ဖို့၊ လူ့အသိုင်းအ၀ိုင်းကို ကာကွယ်ဖို့ဆိုတာ အများနားလည် အောင် တကယ်ပဲ လက်တွေ့ကျကျ မြင်ရအောင် လုပ်ရမည်ဖြစ်ပါကြောင်း။ 

စီးပွားရေးတောင့်တင်းမှုထဲမှာ တိုးတက်တဲ့ နိုင်ငံတွေအတွက် အခြေခံကိစ္စတစ်ခုက ဘာလဲဆိုတော့ အခွန်ငွေတွေ ရရှိခြင်းပင်ဖြစ်ပါကြောင်း၊ ပြည်သူတွေက ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်ငွေတွေကိုဆောင်ကြပါ။ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ကိုယ်ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်ငွေတွေကို ဆောင်ကြပါ။ မရှောင်ကြပါနဲ့။ ဒီလိုအခွန်မပေးဘဲနဲ့ အစိုးရက ပြည်သူ့ကို အကျိုးဖြစ် စေမယ့် လုပ်ငန်းတွေ လုပ်ဖို့ဆိုတာဟာ မလွယ်ပါကြောင်း။ 

မိမိတို့ ဆောက်လုပ်ရေးအပိုင်းမှာဆိုရင် အခုမြောင်းမြက လူတွေက တန်းပြီးစဉ်းစားလိုက်မှာ တံတားကြီးကိစ္စုဖြစ်ကြောင်း၊ ဒီတံတားကြီးကိစ္စဆိုတာ တံတားတွေကို အဆင့်မှီအောင် လုပ်ဖို့ လမ်းတွေကို အဆင့်မှီအောင်လုပ်ဖို့ ဆိုတာဟာ မိမိတို့ ပြည်သူများရဲ့ ကျွမ်းကျင်မှုတင်မကဘူး ပိုက်ဆံလည်းလိုကြောင်း၊ အင်ဂျင်နီယာ တစ်ယောက်က ဘယ်လောက်ပဲ ကျွမ်းကျင်ကျွမ်းကျင် သူလိုအပ်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် တံတားကောင်းကောင်း ဆောက်လို့လည်းမရ၊ လမ်းကောင်းကောင်း ဆောက်လုပ်လို့လည်း မရ ၊ ဒီတော့ ပြည်သူကလည်း သူရဲ့တာဝန်အရ အခွန်ထမ်း ဆောင်ရမည်၊ အစိုးရကလည်း အစိုးရတာဝန်အရ ဒီအခွန်တွေကို မှန်မှန်ကန်ကန်နဲ့ ပြည်သူအတွက် သုံးနိုင်ရမည်ဖြစ်ကြောင်း။
ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်အရ စိုက်ပျိုးရေးပေါ်တွင် အခြေခံပြီး တိုးတက်စရာ လမ်းကြောင်းများ ရှိပါကြောင်း၊ လမ်းကြောင်းရှိပေမယ့် ဒီလမ်းကြောင်း ကို လျောက်နိုင်မှ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ လယ်သမား သားသမီးများ အနေနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်တာကို ဂုဏ်ယူစေချင် ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံပြီး တိုးတက်တဲ့ စက်မှုလက်မှု နိုင်တွေလည်းရှိပါတယ်။ လယ်သမား သားသမီးဖြစ်ရတာကို ဂုဏ်ယူစေချင်ပါကြောင်း။
မိမိတို့ နိုင်ငံမှာကျောင်းဆရာတွေနည်းနေပါကြောင်း၊ ကျောင်းဆရာမတွေ များနေပါကြောင်း၊ ကျောင်းဆရာမ က ၉၈ ရာခိုင်နှုန်းလောက်ရှိ ပါကြောင်း၊ အမျိုးသားငယ်များ ကျောင်းဆရာလုပ်ချင်တဲ့စိတ်ဓာတ်တွေ ပိုပြီးတော့ အားပေးချင်ပါ ကြောင်း။
ဦးအောင်မြင့်မြတ်ပြောသလို အားကစားက လူငယ်တွေရဲ့ စိတ်ဓာတ်အတွက် မိမိတို့နိုင်ငံရဲ့ ရှေ့ရေးအတွက် အရေးကြီးပါကြောင်း၊ နောက်ပြီး အမျိုးသားများကို ကျောင်းဆရာလုပ်ဖို့လည်း အားပေးပါ။ ဆွဲဆောင်ပါ။ ကျောင်းဆရာလုပ်တယ်ဆိုတာ အင်မတန်မှ ဂုဏ်သိက္ခာရှိပါကြောင်း၊ နောင်လာနောင်သားတွေရဲ့စိတ်ဓာတ်ကို ပြုစုပျိုး ထောင်ပေးပိုင်ခွင့်ရတယ်ဆိုတာဟာ တော်ရုံတန်ရုံအခွင့်အရေးမဟုတ်ပါကြောင်း၊ ဒါကြောင့် ကျောင်းဆရာဖြစ်ရမှာကို ဂုဏ်ယူကြပါ။ ကျောင်းဆရာဖြစ်ဖို့ မျှော်မှန်းကြပါ ဟုပြောလိုပါကြောင်း။ 

မိမိတို့ ပြည်သူတွေက သိပ်ပြီးတော့ မင်းသမီး၊ မင်းသားဖြစ်ချင်ကြကြောင်း၊ မင်းသမီး၊ မင်းသားချည်းပဲ ဖြစ်နေမယ်ဆိုရင် ပရိသတ်တစ်ယောက်မှ ရှိမှာမဟုတ်တော့ကြောင်း၊ ဒါကြောင့်မို့လို့ ကိုယ်က ပရိသတ်အနေနဲ့လည်း ဂုဏ်ယူရမည်၊ မင်းသမီး၊ မင်းသားတွေက တကယ်တော့ ပရိသတ်ကို အားကိုးရတာ၊ ပရိသတ်မရှိရင် မင်းသမီး၊ မင်းသားမဖြစ်ကြောင်း၊
အားလုံးက ခေါင်းဆောင်ပဲ လုပ်ချင်ကြောင်း၊ နောက်လိုက်လုပ်ဖို့ မစဉ်းစားကြောင်း၊ ကိုယ်ကိုယ် တိုင်က နောက်လိုက် ကောင်းတစ်ယောက်အဖြစ် တာဝန်ကျေပွန်ခဲ့မှသာ ခေါင်းဆောင် ကောင်းဖြစ်နိုင်မည်ဖြစ်ကြောင်း၊
သူ့နေရာနဲ့သူ အားလုံးက တန်ဖိုးရှိကြောင်း၊ ဒါတွေကို မိမိတို့ သား သမီးတွေ ကိုသင်ပေးရမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။ 

စကားဝိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ မြင့်ထွေးက ဆွေးနွေးပြောကြားရာတွင် ပြည်သူတွေ ကျန်းမာရေးအသိပညာ၊ ကျမ်းမာရေး စာတတ်မြောက်မှုရှိမှသာလျှင် နိုင်ငံတော်၏ အတိုင်ပင်ခံပြောတဲ့ ကွမ်းမစား၊ အရက်မသောက်၊ ဆေးလိပ်မသောက်၊ အဆီများတဲ့အစာကို လျှော့စားမည်ဖြစ် ကြောင်း၊ ချိုလွန်း၊ ငန်လွန်းတာတွေသိပ်မစား ဘူး ဆိုရင် တော်တော် များများမှာ မဖြစ်သင့်တဲ့ရောဂါတွေ မဖြစ်တော့ပါကြောင်း။
ဒီကိစ္စတွေကို နိုင်ငံတော်အတိုင်းအတာအနေနဲ့ စံပြုအချက် အလက်များ ဆိုတဲ့စာအုပ်ကိုထုတ်တဲ့အပြင် ဒီစာအုပ်ကို Tablet ထဲမှာထည့်မည်ဖြစ်ကြောင်း၊ ထည့်ပြီးရင် သုံးသောင်းမျှ ရှိသော အခြေခံကျန်းမာရေးဝန်ထမ်းများအားလုံးကို ပေးမှာဖြစ်ပါကြောင်း၊ ကြာခင်လပိုင်းအတွင်းမှာ ကျွန်တော်တို့ပေးတော့မှာ ဖြစ်ပါကြောင်း ။ 

မိမိတို့ ကလေးတွေကို ကာကွယ်ဆေး (၁၁)မျိုးလောက် ထိုးပေးနေပါကြောင်း၊ ထိုစာအုပ်ထဲမှာ ဘာပါလဲဆိုတော့ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ ပါပါကြောင်း စသည်ဖြင့် ပြောကြားသည်။ 

ထို့နောက် online မှမေးမြန်းလာသည့် “ငြိမ်းချမ်းရေး၏ အစ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်နက်ကိုင်အဖွဲ့အားလုံး တက်ညီလက်ညီ လက်မှတ် ရေးထိုးရန် မည်သို့ အဆင်မပြေဖြစ်နေသည်၊ မည်သို့ကြိုးစားမရဖြစ်နေသည် ကိုသိလိုကြောင်း” မေးခွန်း၊ “နိုင်ငံတော်တိုးတက် ရေးအတွက် ဦးတည်ချက် သုံးရပ် ချမှတ် အကောင်အထည်ဖော်ဆောင်ရေးတွင် ပြုပြင်ပြောင်းလဲဆောင်ရွက်သင့်သည့် အခြေအနေနှင့် စပ်လျဉ်း၍ ရထားတွဲ အသစ်များ လိုအပ်သလို အစားထိုးသင့်ပါကြောင်း၊ သို့မှသာ သတ်မှတ်ကာလအတွင်း လိုရာခရီး ရောက်နိုင်မည်ဖြစ်ကြောင်း” မေးခွန်း၊ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ယခုအချိန် အဖြစ်ချင်ဆုံး ဆန္ဒအား သိလိုကြောင်း ”မေးခွန်းတို့နှင့် စပ်လျဉ်းပြီး ဖြေကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးရေးနှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီမေးခွန်းဟာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ မေးခွန်းတစ်ခု ဖြစ်ပါ တယ်။ ဟုတ်တယ်၊ ကျွန်မတို့အစိုးရက ငြိမ်းချမ်းရေးလိုချင်ပါတယ်။ တပ်မတော် ကလည်းလိုချင်မယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လိုချင်မယ်။ စောစောက ပြောသွားသလို၊ အထိခိုက်ဆုံးက ဒီတပ်မတော်သားတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ထဲက ရဲဘော်တွေဟာ အထိခိုက်ဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့လည်း အထိခိုက်ခံချင်မှာမဟုတ်ဘူး။ သူတို့မိသားစုတွေကလည်း ကိုယ့်ရဲ့သားတွေ၊ မောင် တွေ၊ အဖေတွေ၊ ခင်ပွန်းသည်တွေကို ဆုံးရှုံးချင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့ ဒီငြိမ်းချမ်း ရေးရဲ့ အစဖြစ်တဲ့ NCA ကို မထိုးကြတာလဲဆိုတော့ တစ်ဖက်က ကြည့်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု မရှိလို့ဘဲ။ 

ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုမရှိလို့ဆိုတာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရင် တစ်ခြားသူကို ယုံကြည်နိုင်တဲ့ အင်အားဖြစ်လာမယ်။ ပထမက ကိုယ့်ကို ကိုယ် ယုံကြည်ဖို့လိုပါတယ်။ ငါဟာ ငြိမ်းချမ်းတဲ့လမ်းစဉ်နဲ့ ငါ့ရဲ့ တိုင်းရင်း သားတွေ အတွက်၊ ငါ့ရဲ့အစုအဖွဲ့အတွက် လိုအပ်တဲ့ တိုးတက်မှုတွေကို လုပ်ပေးနိုင်တဲ့ အရည် အချင်းရှိတယ်ဆိုတာကို ယုံကြည်ဖို့ လိုပါတယ်။ လက်နက်အားကိုးနဲ့မှ လုပ်နိုင်တာ မဟုတ်ဘူး။ ကိုယ့်ရဲ့ လုံ့လ၊ ၀ီရိယ၊ ကိုယ့်ရဲ့ စေတနာ၊ ပညာ၊ သတ္တိတွေကို အခြေခံ ပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိမှ တစ်ခြားဘက်ကို ယုံကြည်ခြင်းနဲ့ စွန့်စား နိုင်မှာ။ ကျွန်မ ခဏခဏပြောပါတယ်။ ဘ၀ဆိုတာ စွန့်စားခြင်းပဲ။ 

မနက်မိုးလင်းကတည်းက စွန့်စားခြင်းပဲ။ ကိုယ်ကသာ မသိလို့၊ ဒီမနက် မိုးလင်းပြီ ဆိုရင် ဒီတစ်နေ့တာ ၂၄ နာရီအတွင်းမှာ ကိုယ်ဘာနဲ့ကြုံရမလဲ၊ ဘာနဲ့ ရင်ဆိုင်ရမလဲ ဆိုတာ ဘယ်သူမှမသိဘူး။ ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိရမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ရင်ဆိုင်နိုင်တယ်။ ရင်ဆိုင်မယ်။ ရင်ဆိုင် ရမှာပဲ။ ဘ၀မှာ ရှောင်လွှဲလို့မရဘူး။ ဖြစ်လာသမျှ တစ်နေ့ထက်တစ်နေ့ ရင်ဆိုင်ရမှာပဲ။ ဒီနေ့ကို မရင်ဆိုင်ပါဘူးဆိုပြီးတော့ ခေါင်းမြီးခြုံနေလို့လည်း ဒီနေ့ကြီးက ပျောက်သွားမှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ်အသက်ရှင်နေသမျှ ဘ၀ဆိုတာ စွန့်စားမှုပဲ။ အဲဒီတော့ ဘ၀ဆိုတာ စွန့်စားမှုမို့လို့ အားလုံးကနေပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်နဲ့ တစ်ခြားသူတွေကို ယုံကြည်မှုပေးရမယ်။ 

ကျွန်မ ခဏခဏပြောပါတယ်။ ကျွန်မတို့ရဲ့ လူ့အသိုင်းအ၀ိုင်းမှာ စိတ်ညစ်စရာ အကောင်းဆုံးကိစ္စတစ်ခုကတော့ မနာလို၊ သ၀န်တိုတဲ့ စိတ်ဓာတ်တွေ၊ တစတ်ယောက်နဲ့ တစ်ယောက် မနာလို သ၀န်တိုတာတွေ၊ အဲဒါကလည်း ကိုယ့်ကိုကိုယ် မယုံကြည်ခြင်းကနေပြီးတော့ ပေါက်ဖွားလာတာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်တဲ့သူက ဘယ်သူ့ကိုယ်မှ မနာလိုမရှိဘူး။ ကိုယ်က ကြီးကြီးကျယ်ကျယ်ကြီးလည်း ဖြစ်နေစရာ မလိုဘူး။ လယ်သမားတစ်ယောက်ဆိုပေမယ့်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ လယ်သမားဟာ သူဌေးကြီးကိုလည်း မနာလိုနေစရာ အကြောင်းမရှိဘူး။ ဒီတော့ ယုံကြည်ချက်ဟာ အဓိကပဲ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ဖို့ဆိုတာ ကိုယ့်ကိုကိုယ်လည်း ယုံကြည်ဖို့ လိုပါတယ်” ဟု ဆွေးနွေးဖြေကြားသည်။

နိုင်ငံတော်တိုးတက်ရေးအတွက် ပြောင်းလဲဆောင်ရွက်သင့်သည့် အခြေအနေနှင့် စပ်လျဉ်းသည့် မေးခွန်းအား ဖြေကြားရာတွင် “အခု ကျွန်မတို့နဲ့ ပို့/ဆက်ဝန်ကြီးပါ လာတယ်။ ဒီပို့/ဆက်ဝန်ကြီးက နှစ်ပေါင်းများစွာ မီးရထား ဌာနမှာ လုပ်ခဲ့တာ။ အဲဒီတော့ အခု ကျွန်မတို့ရဲ့ မီးရထားအခြေအနေက မကောင်းဘူး ဆိုတာ အားလုံး သိပြီးသားပဲ။ နှေးလည်း နှေးတယ်။ သွားတဲ့ ရထားတွဲတွေကလည်း ထိုင်လို့မကောင်း ဘူး။ နောက်ပြီးတော့ ခေါင်းတွဲတွေကလည်း ကောင်း သင့်သလောက် မကောင်းဘူး။ အဲဒါနှစ်ပေါင်းများစွာ ဖြစ်လာတဲ့ကိစ္စ၊ အဲဒီတော့ အခု ဒီလိုရထားတွဲကြီး ကို ပြောတဲ့အခါမှာ အခုက ကျွန်မတို့ဟာ စနစ်တစ်ခုကို ပြောင်းဖို့ပေါ့၊ ကျွန်မတို့ စနစ် တစ်ခုကို ပြောင်းဖို့ဆိုတာဟာ နေ့ချင်းညချင်းဖြစ်ဖို့တော့ မလွယ်ဘူး။ ဒါပေမယ့် တစ်ချိန် လုံးကြိုးစားနေရတယ်။ 

အခု ကျွန်မတို့ အမြန်ရထား သွားစေချင်တယ်ဆိုရင် အမြန်ရထားက အခု နောက်ဆုံးပေါ် ဂျပန်မှာရှိတဲ့ ကျည်ဆံရထားလိုဟာမျိုး သွားဖို့ဆိုတာ ကျွန်မတို့ရဲ့ လမ်းဟောင်းကြီးပေါ်မှာ လာတင်လို့မရဘူး။ အားလုံးပြန်ပြင် ရတယ်။ ရထားလမ်း တွေလည်း ပြန်ပြင်ရတယ်။ စနစ်ကိုလည်း ပြန်ပြင်ရတယ်။ ခေါင်းတွဲရော၊ နောက်တွဲ တွေကိုရောပေါ့။ ပြီးတော့ ဒီဟာတွေကို မမောင်းနိုင်တဲ့သူတွေကိုလည်း သွန်သင် ပေးရတယ်။ လေ့ကျင့်ပေးရတယ်။ အဲဒါတွေအားလုံး လုပ်ဖို့ ဆိုတာ ပိုက်ဆံလိုတယ်။ အဲဒီလိုပဲ လိုအပ်ချက်တွေ အများကြီးပဲ။ ခေါင်းလေးတစ်ခု တည်း တပ်လိုက်ရုံနဲ့ မပြီးသွားဘူး။ ကျွန်မတို့နိုင်ငံတစ်နိုင်ငံမှာ အပြောင်းအလဲ လုပ်ဖို့ ဆိုတာဟာ အနောက်ကနေပြီးတော့ ကိုးရို့ကားယားလုပ်နေတဲ့သူတွေကတော့ အမြဲ ရှိမှာပဲ။
ဘယ်သူ့အဖွဲ့အစည်းမှာမှ တစ်ရာရာခိုင်နှုန်း အားလုံး စိတ်တူသဘောတူ ပါလာ တယ်ဆိုတာ မရှိနိုင်ဘူး။ ဒါတွေကြောင့် စိတ်ပျက်ဖို့မလိုဘူး။ ကိုယ့်ကိုကိုယ်ပဲ ကိုယ်ပြန်ကြည့်၊ ဒီမိုကရေစီရရှိရေးနဲ့ ပတ်သက်လို့ ကျွန်မ ခဏခဏ ရှင်းပြပါတယ်။ ဒီမိုကရေစီရရှိရေးနဲ့ ပတ်သက်လို့ တစ်ချို့တွေ မေးကြတယ်။ အရင် ရွေးကောက်ပွဲ မတိုင်ခင်တုန်းကဆိုရင် ဒီမိုကရေစီ ဘယ်တော့ရမှာလဲ။ ကျွန်မက ပြောတယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်၊ ကိုယ် ဒီမိုကရေစီရရေးအတွက် ဘယ်လောက် လုပ်နေလဲ။ ကိုယ်လုပ်သလောက်အပေါ်မှာ အခြေခံပြီးတော့ မြန်မလား၊ နှေးမလား ဆိုတာ ကိုယ့်ဘာကိုယ်ဆုံးဖြတ်၊ ကိုယ်အများကြီး လုပ်ပေးနေရင် မြန်မယ်လို့ ဆုံးဖြတ်၊ ကို်ယ်ဘာမှ မလုပ်ပေးဘူးဆိုရင်တော့ နှေးမယ်လို့ဆုံးဖြတ်၊ စိတ်ဝင်စား စရာကောင်း တာက တစ်ကယ် နိစ္စဓူဝလုပ်နေတဲ့သူတွေက ဘယ်တော့မှ ဒီမေးခွန်း မမေးဘူး။ မလုပ်နေတဲ့သူတွေကသာ မေးလေ့ရှိတယ်။ 

ကျွန်မပြောချင်တာက အားလုံးကနေပြီးတော့ ဘာဝင်ပြီးတော့ လုပ်ပေးနိုင်ပါ သလဲ ဆိုပြီး မေးတာဟာ အင်မတန်မှန်တယ်။ ကိုယ်ဘာလုပ်ပေးနိုင်မလဲဆိုတာ မေးရမယ်။ တစ်ချို့ကိစ္စတွေကတော့ ကျွန်မတို့ အစိုးရကပြောတဲ့ စကားတွေကို နားထောင်ပြီးတော့ လမ်းကြောင်းပေါ်တယ်။ ဥပမာဆိုရင် ကျွန်မတို့က လူငယ်တွေကို ပါဝင်စေချင်တယ်။ ဒီလို ဆွေးနွေးပွဲမှာ ပါဝင်တာလည်း ငြိမ်းချမ်းရေးအတွက် တစ်နည်း တစ်လမ်းနဲ့ သဲတစ်ပွင့်၊ အုပ်တစ်ချပ် လုပ်ပေးတာပဲ။ ပရိသတ်ရော၊ ဒီမှာလာပြီးတော့ ဆွေးနွေးတဲ့သူတွေရော၊ နားထောင်တဲ့သူတွေလည်း ဒီအထဲမှာပါတာပဲ။ အခု နားထောင်တဲ့လူတွေဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အရင်တုန်းက မစဉ်းစားမိတဲ့ အတွေးအမြင်တွေ ရသွား မယ်။
ဒီဆွေးနွေးပွဲကို နားထောင်လိုက်တဲ့အတွက် ဒီကနေ စဉ်းစားပြီးတော့ ကိုယ့်ရပ် ကိုယ့်ရွာမှာ ငြိမ်းချမ်းရေးစိတ်ဓာတ်တွေ များပြားလာအောင်လို့ ဘယ်လိုလုပ်နိုင်မလဲ ဆိုတာ စဉ်းစားနေမယ်။ ဒီလိုပဲ လူတိုင်း လူတိုင်းဟာ ငါဘာလုပ်နိုင်လဲ၊ ငါငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ငါဘာပေးနိုင်လဲ ဆိုတာကို စဉ်းစားမယ်ဆိုရင် ဒီပြဿနာတွေကို ကျွန်မတို့ ကျော်လွှားနိုင်မှာပါ။
စောစောက ပြောသွားသလို ကိုယ့်ရဲ့ ကျောင်းတွင်း ညီညွတ်မှုကို တစ်ခြား ကျောင်းတွေနဲ့ ပြိုင်တဲ့အခါကျတော့ ကျောင်းတွင်း ညီညွတ်သွားတယ်။ တစ်ခြားမြို့ တွေနဲ့ ပြိုင်တဲ့အခါကျတော့ မြို့တွင်းညီညွတ်သွားတယ်။ တစ်ခြားတိုင်းတွေနဲ့ ပြိုင်တော့ တိုင်းတွင်းညီညွတ်သွားတယ်။ ဒီလိုပဲ အခုကျွန်မတို့နိုင်ငံဟာ ကမ္ဘာကြီးရဲ့ စိန်ခေါ်မှုကို ခံနေရတယ်။ အဲဒီတော့ ကျွန်မတို့ အတွင်းညီညွတ်ဖို့လိုတယ်။ ကျွန်မတို့ ညီညွတ်မှ ညီညွတ်မှုအင်အားနဲ့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်မယ်။ ဒါကြောင့် အားလုံး တစ်ယောက်ချင်း ကိုယ်ကနေပြီးတော့ ဘာလုပ်ပေးနိုင်လဲ ဆိုတာ သိချင်တာကိုက လမ်းရဲ့ အစပဲလို့ ဒီလိုပဲ ယူဆပါလို့ ကျွန်မအနေနဲ့ ဒီလိုပဲ တိုက်တွန်းချင်ပါတယ် ”ဟု ဖြေကြားသည်။

ယခုအချိန် အဖြစ်ချင်ဆုံး ဆန္ဒအား သိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရာတွင် “တစ်ခုထဲပြောရမယ်ဆိုရင် ဒါကဆန္ဒပေါ့။ ဆန္ဒဆိုတာ အိပ်မက် လို့လည်း ပြောလို့ရတယ်။ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားအားလုံး တစ်ယောက်ချင်း တစ်ယောက်ချင်း တာဝန်သိစိတ်နဲ့ ပြည့်ဝစေချင်တယ်။ အဲဒါရှိပြီဆို ကျန်တာ မလိုတော့ဘူး။

အခု လူတော်တော်များများက ကိုယ့်ရဲ့ အခွင့်အရေးကိုတော့ စိတ်ဝင်စား တယ်။ ကိုယ့်ရဲ့ တာဝန်ကိုတော့ အလေးမထားဘူး။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးဟာ တစ်ယောက်ချင်း တစ်ယောက်ချင်း တာဝန်သိစိတ်ရှိမယ်ဆိုရင်၊ တာဝန် ကျေချင်တဲ့ စိတ်၊ တာဝန်ကို အလေးထားစိတ်ရှိမယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ တကယ် ကို ယုံမှား သံသယ ရှိစရာလိုဘူး။ ဘယ်စိန်ခေါ်မှုမဆို ကျော်လွှားနိုင်တယ်။ အောင်မြင် နိုင်တယ်။ အနာဂတ်ကို အောင်အောင်မြင်မြင်နဲ့ မျက်နှာမူ နိုင်တယ်။ ကျွန်မကိုယ်တိုင်လည်း ဒီလိုစဉ်းစားတယ်။ ကျွန်မဘ၀မှာ ဘာအလိုချင်ဆုံးလဲဆိုတော့ ဘ၀ဆုံးတိုင်မှာ တာဝန်ကျေခဲ့တယ်ဆိုတဲ့ ကျေနပ်မှုနဲ့ပဲ ဆုံးသွားချင်တယ်။ အများကြီး ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးရချင်တယ်၊ တရားဥပဒေစိုးမိုးရေးရချင်တယ်၊ မြန်မာ ပြည်သူပြည်သားတွေ ပိုပြီးတော့ ကြိုးစားစေချင်တယ် စသည်ဖြင့် အားလုံးခြုံငုံပြီး တစ်ခု တည်းပြောရရင်တော့ ဖြစ်နိုင်မယ့် ကိစ္စတော့မဟုတ်ပါဘူး။ ဆန္ဒလို့ပြောတာထက် အိပ်မက်လို့ပြောရင်လည်း ရတာပေါ့။ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး တစ်ဦးချင်းတစ်ဦးချင်းဟာ တာဝန်သိ စိတ်အပြည့်အ၀ရှိစေချင်ပါတယ်”ဟု ပြန်လည် ဆွေးနွေး ဖြေကြားခဲ့သည်
(Zawgyi Version)