U Aung Khin ဘာ ဖြစ် လို့ ရှုံး တဲ့ စက် ရုံ တွေ တည် ပြီး လည် နေ ရ တာ လဲ။
RemoveLabels
Engr.Elect
(47)
စီးပွားရေး Business
(43)
Politic နိုင်ငံအရေး
(32)
Engr-Civil
(25)
လျှပ်စစ်ဓါတ်အား
(23)
Good Attitude
(20)
Professional Engr PE
(20)
လယ်ယာစိုက်ပျိုးရေး
(15)
ဥပဒေများ
(15)
ဒေါ်အောင်ဆန်းစုကြည်
(11)
Engr-Mech
(10)
Singapore Info
(10)
စညိပင်နှင့်ThirdParty
(10)
Technical.Education
(9)
Edu-Health.ပညာရေး
(8)
တာဝါတိုင်.tower
(7)
အိမ်ခြံလယ်မြေ
(6)
World Politic ကမ္ဘာ့ နိုင်ငံရေး
(5)
စက်မှုဇုံများ
(5)
ဆီးချို၊သွေးတိုး၊နှလုံး
(4)
သင်္ဘောအင်ဂျင်နီယာ
(2)
Cartoon
(1)
ရသ
(1)
Showing posts with label Technical.Education. Show all posts
Showing posts with label Technical.Education. Show all posts
Monday, October 29, 2018
Industry 4.0 နဲ့ စင်ကာပူ. အင်ဒိုနည်းရှား
စတုတ္ထမြောက် စက်မှုတော်လှန်ရေး နဲ့ ကျနော်တို့ မြန်မာပြည် (Ye Min"s post)
----------------------------------------------
ပြီးခဲ့တဲ့ တပတ်ကျော်က စင်ကာပူမှာ ၃ ရက်ကြာကျင်းပတဲ့ Industrial Transformation ASIA-PACIFIC, - HANNOVER MESSE ဆိုတဲ့ ပွဲတပွဲ တက်ခွင့်ရခဲ့တယ်။ HANNOVER MESSE သို့ HANNOVER Fair ဆိုတာ ၁၉၄၇ ကတည်းက ဂျာမဏီ ဟန်နိုဘာ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ အကြီးဆုံး ကုန်စည် ပြပွဲကြီးပါ။ ဒီကုန်စည် ပြပွဲမှာ ကုမ္ပဏီကြီးများရဲ့  စက်မှုနည်းပညာ အသစ်ကို ချပြတဲ့ပွဲပါ။ နောက်ပြီး ဒီပွဲကို အာရှမှာ စတင်ကျင်းပတာ ဒါ ပထမဆုံးပါ။
ဒီပွဲကို စင်ကာပူရဲ့  ကုန်သွယ်ရေးနဲ့ စက်မှု စီနီယာ ဝန်ကြီး ဒေါက်တာ Koh Poh Koon, လက်ရှိ ကုန်သွယ်ရေးနဲ့ စက်မှု ဝန်ကြီး Chan Chun Sing ၊ အင်ဒိုနီးရှား စက်မှု ဝန်ကြီး Airlangga Hartarto ၊ စင်ကာပူမှာ ထိုင်တဲ့ ဂျာမဏီ သံအမတ်ကြီးတို့ တက်ရောက်ကြပါတယ်။
သူတို့ အဓိက ပြောကြတာတော့ Industry 4.0 လို့ခေါ်တဲ့ စတုတ္ထမြောက် စက်မှုတော်လှန်ရေး အကြောင်းပဲ ဖြစ်တယ်။ ကျနော်တို့ ဒီနေ့ခေတ်ဟာ စတုတ္ထမြောက် စက်မှုတော်လှန်ရေး ခေတ်ထဲကို ရောက်နေပြီး ပြောင်းလဲမှုက အရမ်းမြန်နေတယ်။ ဒီနေ့ခေတ် Digital Era လို့လဲ ခေါ်ကြတယ်။
စင်ကာပူရဲ့  စက်မှု ဝန်ကြီး Chan Chun Sing က သူတို့ဆီက လက်ရှိတက်နေတဲ့ poly tech နဲ့ Uni ကျောင်းသားတွေဟာ သူတို့ကျောင်းပြီးတဲ့ အချိန်မှာ Industry 4.0 မှာ အံဝင် ကွင်ကျဖြစ်ဖို့ မလွယ်တော့ဘူးတဲ့။ သူတို့တွေ အဲဒီအတွက် အရမ်းခေါင်းခဲနေရတယ်တဲ့။
အင်ဒိုနီးရှား စက်မှု ဝန်ကြီး Airlangga Hartarto ကလည်း making Indonesia Industry 4.0 ဆိုပြီး လာမဲ့ နှစ် ဧပြီ မှာ ဂျကာတာ မှာလုပ်မယ်တဲ့။ အင်ဒိုနီးရှားမှာ vocational school တွေ သင်ရိုး ညွှန်းတမ်းတွေကို ပြင်လိုက်ပြီး link & match program ဆိုပြီး လုပ်တယ်။ ၇၀% က လက်တွေ့လုပ်ငန်းခွင်မှာ အံဝင် ကွင်ကျဖို့ Industry 4.0 အတွက်ကြိုပြင်ထားဖို့ ဖြစ်တယ်။
အင်ဒိုနီးရှားမှာ vocational school ၁၅၀၀ ကျော်ရှိပြီး စက်ရုံပေါင်း ၇၀၀ ကျော်နဲ့ ဒါရိုက်ချိတ်ဆက်ပြီး သင်ကြားပေးနေတယ်တဲ့။ Digital နည်းပညာတွေကို အားပေးနေပြီး Apple academy ရှိတယ်။ Alibaba ဂျက်မားတို့နဲ့ ဆွေးနွေးနေပြီး Jack Ma institute လုပ်ဖို့ ဆွေးနွေးနေကြတယ်တဲ့။
အင်ဒိုနီးရှား စက်မှု ဝန်ကြီး ထပ်ပြောသွားတာက သူတို့ အစိုးရဟာ 3 layers of leadership အစီအစဉ်နဲ့ ဆောင်ရွက်နေတယ်။ ပထမ Leader အနေနဲ့ အစိုးရ ထိပ်တန်း အရာရှိ ၁၀၀၀ ကျော်ကို change management ၊ E-commerce နဲ့ Digital World ကိုနားလည်းဖို့ သင်တန်းတွေ ပေးနေတယ်။ ဒုတိယ Leader တွေအနေနဲ့ ကုမ္ပဏီတွေက CEO နဲ့ Entrepreneur တွေကို Digital transforming ဆိုင်ရာ သင်တန်းတွေတက်ဖို့ အကူအညီ အထောက်အပံတွေ ပေးနေတယ်။
နောက်ပြီး ကုမ္ပဏီလေးတွေကို ကူညီတဲ့ Unicorns လက်ရှိ ၄ ခုရှိရာက နောက်နှစ်မှာ ၅ ခုရှိလာအောင် ဆောင်ရွက်နေတယ်တဲ့..။ တတိယ Leader အနေနဲ့ သန်းချီတဲ့ skill အလုပ်သမားတွေ မွေးထုတ်နေတယ်တဲ့။ အားရစရာ ကောင်းလိုက်တာ။
စင်ကာပူက့  စက်မှု စီနီယာ ဝန်ကြီး ဒေါက်တာ Koh Poh Koon ကလည်း အောက်တိုဘာ ၁၉ မှာ စင်ကာပူနဲ့ EU စီးပွားရေး သဘောတူညီမှု စာဂျွန်လွှာ လက်မှတ်ထိုးဖို့ရှိတယ်တဲ့။ စင်ကာပူ အစိုးရဲ့ Research ကုမ္ပဏီ တစ်ခုဖြစ်တဲ့ A*Star က IOT platform တစ်ခုလုပ်ထားပြီး SEMs တွေကို Digital wave မှာ လွယ်ကူတဲ့ အပြောင်းအလဲတွေ လုပ်နိုင်အောင် စီစဉ်ထားပြီးပြီတဲ့။
နောက်သူက ဆက်ပြီး လက်ရှိ အာဆီယံ Chair country အနေနဲ့ အာဆီယံ ဒေသအတွင်း လာမဲ့ ၂၀၂၅ မှာ အလုပ်အကိုင် အသစ် ၄ သန်းလောက် ဖန်တီးဖို့ ရည်မှန်းထားတယ်။ လာမဲ့ ၂၀၅၀ မှာ အာဆီယံဟာ အမေရိကန်၊ တရုတ်နဲ့ EU ပြီးရင် စတုတ္ထမြောက် အကြီးဆုံး စီးပွားရေး ဇုံဖြစ်ဖို့ ရည်မှန်းထားတယ် ဆိုပြီး ပြောသွားတယ်။ ကိုယ့် ဒေသတွင်း နိုင်ငံတွေဟာ တက်တက်ကြွကြွနဲ့ ခေတ်အပြောင်းအလဲမှာ ပါဝင်စီးမျောနိုင်ဖို့ ကျိုးစားနေကြတယ်။
ကျနော်တို့ နိုင်ငံကရော ဒီ Industry 4.0 စတုတ္ထမြောက် စက်မှုတော်လှန်ရေးအတွက် ဘာတွေ ပြင်ဆင်ထားပြီလဲ။ ပြောမဲ့သာ ပြောရတယ်။ ကိုယ်တွေနိုင်ငံက ဒုတိယမြောက် စက်မှုတော်လှန်ရေးတောင် မကျော်နိုင်သေးဘူး ဖြစ်နေတယ်။
စက်မှုတော်လှန်ရေးတွေ အကြောင်း အကြမ်းအားဖြင့် ပြောရရင် ပထမ စက်မှုတော်လှန်ရေးကို ၁၇၈၀ နောက်ပိုင်း ရေနွေးငွေသုံး စက်တွေ ပေါ်လာပြီး ၊ ရေနွေးငွေ့သုံး မီးရထားခေါင်းတွေ တည်ထွင်လာနိုင်ပြီး ပထမ စက်မှုတော်လှန်ရေးဖြစ်ခဲ့တယ်။ ဒုတိယမြောက် စက်မှုတော်လှန်ရေးကို ၁၈၇၀ နောက်ပိုင်း လျှပ်စစ်မီးကို အသုံးပြုပြီး mass production တွေ လုပ်လာနိုင်ပြီး ဒုတိယမြောက် စက်မှုတော်လှန်ရေး စတင်ခဲ့တယ်။
ကျနော်တို့ နိုင်ငံမှာ လက်ရှိ တနိုင်ငံလုံးရဲ့  ၄၀% ခန့်သာ လျှပ်စစ်မီး မေးနိုင်သေးတယ်တဲ့။ နိုင်ငံ ရဲ့  ၆၀% ကိုလျှပ်စစ် မပေးနိုင်သေးပါဘူးတဲ့။ လက်ရှိ အစိုးရကလည်း ဒီလျှပ်စစ်မီးရဖို့ အားထုတ်ကျိုးပမ်းနေတာ တွေ့ရတဲ့အတွက်လည်း အားရကျေနပ်မိပါတယ်။ နောက်ပြီး NGO အထောက်အပံနဲ့ coal power plant မလုပ်ဖို့ အော်နေတာတွေကိုလည်း သတိရှိရှိနဲ့ ပြည်သူတွေကို အသိပညာပေးရမယ်။ အခုနည်းပညာတွေထွန်းကားလာတဲ့ အချိန်မှာ coal က Emission အရမ်းနည်းအောင် လုပ်လာနိုင်ပြီ ဆိုတာ ပညာပေးရပါမယ်။
တတိယမြောက် စက်မှုတော်လှန်ရေးကို ၁၉၆၀ နောက်ပိုင်းမှာ ကွန်ပျူတာတွေ အိုင်တီပညာတွေ တိုးတက်လာပြီး တတိယမြောက် စက်မှုတော်လှန်ရေး စက်မှုတော်လှန်ရေး စတင်ခဲ့တယ်။ အခု စတုတ္ထမြောက် စက်မှုတော်လှန်ရေး ကတော့ ၂၀၀၅ ခုနှစ်လောက်မှာ Digital နည်းပညာတွေ အရမ်းထွန်းကားလာပြီး စတုတ္ထမြောက် စက်မှုတော်လှန်ရေး အစပျိုးခဲ့တယ်။
ဒီ စက်မှုတော်လှန်ရေးမှာ robotics တွေ artificial intelligence (AI), nanotechnology, quantum computing, biotechnology စတဲ့ နည်းပညာတွေ The Internet of Things (IoT) လိုခေါ်တဲ့ စက်ပစ္စည်းမျိုးစုံကို အင်တာနက်နဲ့ ချိတ်ဆက် အသုံးပြုတာတွေ။ ဥပမာ ကားလာမဲ့ အချိန် လေယာဉ်ဆိုက်မဲ့ အချိန် အတိအကျကို ကိုယ့်ဖုန်းကနေ အလွယ်တကူ ကြည့်လို့ရအောင်လုပ်ထားတာမျိုးပါ။ နောက် Machine Learning & Deep Learning, 3D printing နဲ့ autonomous vehicles တွေဟာ အရမ်း တွင်ကျယ်ထွန်းကားလာပါ လိမ့်မယ်တဲ့။
နိုင်ငံတွေ စီးပွားရေး လုပ်ငန်းတွေဟာ ဒီလို ခေတ်အပြောင်းအလဲတွေမှာ လိုက်ပါပြောင်းလဲ နိုင်ရင် များစွားအကျိုးရှိတယ် ဆိုတာ ဂျပန် ၊ ကိုရီးယား ၊ ဟောင်ကောင် နဲ့ စင်ကာပူနိုင်ငံတွေကို ကြည့်ရင် သိနိုင်ပါတယ်။
လိုက်ပါ မပြောင်းလဲနိုင်ခဲ့တဲ့ ကျနော်တို့နိုင်ငံဟာလည်း သူများနောက်မှာ အပြတ်အသတ် ကျန်ခဲ့တာကို အထူးအသတိပြုဖို့လိုပါတယ်။
အချုပ်အနေနဲ့ ပြောရရင် ကျနော်တို့ နိုင်ငံက သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေကလည်း ဒီအပြောင်းအလဲတွေကို သတိပြုမိကောင်းပြုမိပါလိမ့်မယ်။ သတိပြုမိတယ် ဆိုရင် ဒီအပြောင်းအလဲတွေမှာ ပါဝင်နိုင်ဖို့ ဘာတွေ စီစဉ်ဆောင်ရွက်နေပြီလဲ။ ဒီတကြိမ်မှာ လိုက်ပါပြောင်းလဲနိုင်ရင် နိုင်ငံအတွက် များစွားတိုးတက် ပြောင်းလဲ သွားနိုင်သလို နောက်ကောက်ကျ ကျန်ခဲ့မယ် ဆိုရင်တော့ ကိုယ့်ဒေသတွင်း နိုင်ငံတွေရဲ့  နောက်မှာ အပြတ်အသတ် ကျန်ခဲ့နိုင်တယ် ဆိုတာ လေ့လာမိ သမျှ ဝေမျှလိုက်ရပါတယ်။ ဒီပွဲကို သွားတက်ခွင့်ပေးခဲ့တဲ့  ဆရာဦးကျော်ကျော်လှိုင်(SMART) ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။
မေတ္တာဖြင့်
ရဲမင်း (29/10/2018)
Saturday, August 11, 2018
Clean Coal Technology in JAPAN & မြန်မာ့ လျှပ်စစ် ၂၀၁၈ အခြေအနေများ (စာအုပ်)
အင်ဂျင်နီယာ မိတ်ဆွေများခင်ဗျား.. (စာအုပ်စပွန်စာများအတွက် Update - 31.Jul.2018) ပို့စ် လုပ်ပါတယ်။ Tun Htun သတ္တုတွင်း က အစပြုခဲ့တဲ့ ဆောင်းပါး၊ ဦးမော်သာထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာထွန်းနိုင် စတဲ့ မြန်မာ့ လျှပ်စစ် ၂၀၁၈ အခြေအနေများ စုစုပေါင်း ၂၀မျက်နှာ မြန်မာစာ နဲ့ ထည့်သွင်းထားပါတယ်။ အုပ်ရေ၅၀၀ ပဲ ထုတ်နိုင်လို့ ရိုက်နှိပ်ခ မူလ ၃၀၀၀ကျပ် ထက် နည်းငယ် များပေမဲ့၊ စပွန်စာ စာအုပ်အများစုက ၅၀% လျှော့ ဈေးနဲ့ ရောင်းချ ပေးတဲ့အတွက် လိုငွေများကို ရရှိမယ် မျှော်လင့်ပါတယ်။ ယခုအချိန်ထိ စပွန်စာ နဲ့ ၁အုပ်ကနေ ၁၀၀အုပ် အထိ ၀ယ်ယူ၊ စပွန်စာ အားပေးသူ ၃၀ဦးခန့် ကို ကျေးဇူးတင်ပါတယ်။
.
စာရင်းရှင်းတမ်း (အုပ်ရေ ၅၀၀)
စပွန်စာ နှင့် ကြိုတင်ငွေ ၁၂ ဦး - K 1256000 (၁၂သိန်းခွဲ)
အမှာစာပို့ထားပြီး စာအုပ်လာယူမှ ငွေပေးမဲ့သူ ၁၀ဦး ရှိပါသည်။
စာအုပ် A4 Color, 136 pages ပုံနှိပ်ခ - K1550000 (၁၅သိန်းခွဲ)
..
...........Clean Coal Technology in JAPAN .....
ယခင် တင်ပြခဲ့တဲ့ ပို့စ် ကို ပြန်ရှယ်ပါတယ်။
ဒီစာအုပ် ၁၁၆မျက်နှာ ရောင်စုံ A4 ဆိုဒ်.. ရောင်စုံမူလပုံ မူလမျက်နှာဖုံး နဲ့ ပုံနှိပ် ထုတ်ဝေလိုပါတယ်။ တအုပ်ကို ကျပ် ၃၀၀၀ ပဲ ကျသင့်မှာ ဖြစ်လို့..
...လျှပ်စစ်နည်းပညာ
...ကလင်းကိုးလ် ကျောက်မီးသွေးပညာ
...ဘွိုင်လာ Boiler
...စတပ်မ်တာဘိုင် Steam Turbine
စတဲ့ နောက်ဆုံးပေါ် နည်းပညာ စာအုပ် ဖြစ်ပါတယ်။
.
ဒါကြောင့် စပွန်စာ မိတ်ဆွေများစွာ လိုအပ်နေပါတယ်။ ကျနော်ကတော့ အုပ်ရေ ၁၀၀ ပဲ တာဝန်ယူနိုင်ပါတယ်။ ကိုယ် စပွန်စာလုပ်သလောက် စာအုပ် ရရှိမှာ ဖြစ်ပါတယ်။ ဖတ်သင့်သူများကတော့
.
....TU ၃၇ခု က ဘာသာရပ်အစုံက ကျောင်းဆရာများ..
....လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနအောက်က အရာရှိများ
....TU GTI THS စိတ်ဝင်စားတဲ့ ကျောင်းသားများ, ပြည်သူများ
.
တစ်ဦးစီ တယောက်တအုပ် ကူညီ ဝယ်ကြမယ်ဆိုရင် ဒီလို အလွန်ကောင်းတဲ့ စာအုပ် ထုတ်နိုင်. ဝေငှ နိုင်မှာပါ။ စိတ်ဝင်စားဘသူ. စပွန်စာများ. တအုပ်ပဲ မှာလိုသူများ ကျနော် msg box ကနေ ဆက်သွယ် ပေးကြပါ။
.
ဦးဇော်အောင်
TSP Technical Service Provider
09976922584
uzawaung@gmail.com..
https://www.facebook.com/myanmarjobstudent/posts/10155902237078472
.
Note:....
အကြံပေး ကူညီပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ စာအုပ် ရလာရင် ပြန်လည် Update လုပ်ပါမယ်။

Sunday, March 18, 2018
တကယ်အောင်မြင်ဖို့လိုအပ်တဲ့ ICT Infrastructure…..eServices ….. HR …Action Plan……..Law regulation
အပြောင်း အလဲဖြစ်တဲ့ အချိန်လေးလောက်သာ ဖုတ်ပူမီးတိုက်..ကောက်ရိုးမီးလိုဘဲ .ပြီးရင် ပွဲပြီးမီးသေံပြစ်ထားလိုက်ကြတော့တာပါဘဲ….
#တကယ်အောင်မြင်ဖို့လိုအပ်တဲ့ ICT Infrastructure…..eServices ….. HR …Action Plan……..Law regulation ဒါတွေက တစ်စိုက်မတ်မတ်နဲ့ တည်ဆောက်လာရမှာဖြစ်ပါတယ်..လက်ရှိ အစိုးရသက်တမ်း (၂)နှစ်ကျော်မှာ ယခင်ရှိပြီးသားဌာနတွေပြောင်းလဲဖွဲ့လိုက်မှုဟာလည်း တာဝန်ယူမှုကိုပိုမိုလျော့ပါးသွား စေတယ်လို မြင်မိပါတယ်..လွတ်တော်အတွင်းမှာ e-Government နဲ့ပတ်သက်လို အဆိုတင်ဆွေးနွေးတာ တစ်ကြိမ်ဘဲ ကြားလိုက်ဖူးတယ်…လွတ်တော်ကိုယ်စားလှယ်ဦးရေ ရဲ့ ၁% ဘဲ IT Field ထဲကပါတယ်..အဲအတွက် အသံတွေငြိမ်ချက်သားကောင်းတာဖြစ်နိုင်ပါတယ်…နောက်ဆုံးမှာ အစိုးရရော လွတ်တော်ရောက အီးဆိုတဲ့အသံမထွက်သလောက်ဖြစ်လာတယ်…Public ပိုင်းမှာတော့အရင်ကထက် ပိုမို awareness လုပ်လာ နိုင်တာ တွေ့ရပါတယ်…
#နောက်တစ်ခုကပြန်သုံးသပ်စေချင်ပါသည်….လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းကလုပ်ခဲ့တဲ့ e-Government လုပ်ငန်းတွေမှာ ဘယ်အပိုင်းကအောင်မြင်နေလဲ …မအောင်မြင်ဘူးလဲဆိုတာမျိုး.. တစ်ချိန်က ဆောက်ခဲ့တဲ့ data center တွေ G2G eService တွေဘယ်လောက်အသုံးချနိုင်ပြီလဲ ဘာတွေ လိုအပ်နေလဲ…overlap ဖြစ်နေလည်းစတာတွေကို ၀န်ကြီးဌာနတစ်ခုချင်းအလိုက်ရော.. တာဝန်ရှိတဲ့ ဌာနတွေကရော ပြန်သုံးသပ်ပြီး တကယ်အလုပ်ဖြစ်အောင် ပြင်ဆင်တွန်းအားပေးဆောင်ရွက်သင့်ပါတယ်….. လူကြောင့်လား…မူကြောင့်လား…နည်းပညာကြောင့်လား ပြန်သုံးသပ်သင့်ပါတယ်..
နိုင်ငံတော်အဆင့်မှာ eGovernmrnt Master Plan (2014/2016) ဒေါ်လာသန်းချီအကုန် အကျခံပြီးဆွဲထား တယ် လက်ရှိမှာရော အဲအတိုင်း ဆောင်ရွက်နေလား…၀န်ကြီးဌာနတွေရော အဲထဲကအတိုင်းသွားနေလား ပြန်စိစစ်ကြည့်ပါ..သက်ဆိုင်တဲ့ဌာနက တာဝန်ရှိသူအချို့ကလွဲလို့ ၀န်ကြီးဌာန တွေမှာ စာရွက်ရေ ဘယ်နှရွက်ပါတယ်ဆိုတာတောင်သိတဲ့သူခပ်ရှားရှားပါဘဲ…သူလည်းစာအုပ်စင်ပေါ်မှာ မိန့်မိန့်ကြီးဖြစ်နေလောက်ပြီ
ဝန်ကြီးဌာနတွေမှာ သူလုပ်ငန်း service တွေအလိုက် eServices တွေပေးလာကြတယ်.. အခုလောလောဆယ်မှာ ကညန နဲ့ passport ရုံးတွေမှာ ကြိုတင်နံပတ်ယူတဲ့အပိုင်း (serial token)ကို အွန်လိုင်းပေါ်ကနေ လုပ်ပေးနေတာတွေ့ရပါတယ်….ယခင်ထက်တော့ ပိုအဆင်ပြေလာပါလိမ့်မယ်… ဒီလုပ်ငန်းတွေရဲ့ ၅၀ % လောက်က စာရွက်စာတမ်းပေါ်မှာအခြေခံ လုပ်ရတာ…အဲဒါတွေအကုန်သာ အွန်လိုင်းပေါ်က ဖြည့်စွက်စစ်ဆေးမှတ်တမ်း ထားနိုင်ရင် ဘယ်လောက်များအဆင်ပြေကြမလဲ… သိပ်အများကြီးမစဉ်းစားပါနဲ့…ဘတ်ဂျတ်တွေခဏထား …….လုပ်နိုင်တဲံ IT company တစ်ခုကိုသာ လုပ်ခိုင်းလိုက်ပါ… အစိုးရတစ်ပြားမှမကုန်ဘဲ Customerဆိက ထိုက်သင့်တဲ့ ၀န်ဆောင်ကြေး ယူပြီး လုပ်ချင်တဲ့ သူတွေ မြန်မာပြည်မှာပုံလို့ပါဘဲ…. အဲဝန်ဆောင်ကြေးက လက်ရှိလုပ်နေတဲ့ စာရွက်ကော်ပီကူးခ လောက်မကုန် ပါဘူး…… ၀န်ထမ်းက ckeck & decision ထိုင်လုပ်နေရုံပါဘဲ… လုပ်ချင်တဲ့စိတ်လေးရယ်….လုပ်တက်တဲ့သူတွေကို တာဝန်ပေးတက်ဖို့ဘဲလိုတာပါ…..
#ဒီလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေမှာ CIO တွေခန့်အပ်ပြီးလုပ်ခဲ့ကြပါတယ်…ပိုမိုတာဝန်ယူလုပ်နိုင်ဖို့ CIO ကို ညွှန်မှူးအဆင့်ထားရှိရမယ်ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်….နောက်ဆုံးတော့ အချို့ဌာနတွေမှ CIO တွေက ညွှန်မှူးမဖြစ်လာကြဘဲ ..ညွှန်မှူးတွေက CIO ဖြစ်လာကြတဲ့လွှဲချော်မှုတွေလည်းအများကြီးတွေ့နိုင်ပါတယ်…တကယ်တော့ အစိုးရဌာနတွေမှာလည်း ဒီ နည်ပယ်မှာရေရှည်ရပ်တည်လုပ်နိုင်ဖို့ဆိုတာ အခက်အခဲအများ ကြီးရှိကြပါတယ်… အများစုကမလုပ်ချင်ကြပါဘူး…ခဏတဖြုတ်နားခိုပြီး အဆင်ပြေတဲ့အရပ်ကို ပြန်ထွက်သွားကြသူ တွေများပါတယ်….IT ဆိုတဲ့ စကားလုံး ကို မြန်မာလက်ကွက်နဲ့ရိုက်ရင် “ငအ” ဆိုတဲ့စကားလုံးထွက်လာ တာကလည်း တိုက်ဆိုင်မှုတစ်ခုဘဲလားမသိ……
#၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီအစိုးရပြောင်းပြီး ပြည်ပအကူအညီတွေအများကြီးဝင်လာတယ်… IT project မျိုးစုံကို Aid/loan/grant မျိုးစုံနဲ့ရောက်လာကြတယ်….project တစ်ခုကို ဒေါ်လာသန်းချီအကုန်အကျခံပြီး အကူအညီပေးတယ်လို့နာမည်တပ်ခံရပေမဲ့လည်း ကိုယ်ရလိုက်တဲ့ နည်းပညာက ဒေါ်လာသောင်ဂဏန်းမရှိပါဘူး…..International ဆိုတိုင်းအောင်မြင်တိုးတက် တာတော့မဟုတ် ပါဘူး….ကုလားခပ်တဲ့ရေ ကုလားဖင်ဆေးတာနဲ့ကုန်ဆိုသလိုပါဘဲ…အင်တာနေရှင်နယ်တိုင်းကောင်းတာ တော့မဟုတ်ပါ
#ကိုယ်လုပ်ဖူးတဲ့ပတ်ဝန်းကျင်မှာဆယ်စုနှစ်တစ်ခုကျော် eService G2B လုပ်ငန်းဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်း တစ်ခုရှိပါတယ်….eSevice အပြည့်ပေးနိုင်ဖို့လိုအပ်တဲ့ online Payment ပိုင်းတွေ….ဆက်စပ်အဖွဲ့အစည်းဌာနတွေနဲ့ အွန်လိုင်းချိတ်ဆက်မှုတွေ Data integration ပေးနိုင်ဖို့ လွန်ခဲ့တဲ့နှစ်တွေက ပြင်ဆင်ပြောင်းလဲစတင်ခဲ့တယ်…တကယ်လုပ်တဲ့အချိန်မှာ လက်ရှိရှိနေတဲ့ ဘဏ္ဍရေးလုပ်ထုံးလုပ်နည်းဥပဒေမူဝါဒအချို့တွေ Audit လုပ်ငန်းစဉ်တွေဟာ eServices လုပ်ငန်းစဉ်တွေမှာ လုပ်ရကိုင်ရာတာအတော်လေးခက်ခဲ့ပါတယ်…..အချို့ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းဥပဒေအချို့ဟာ 1940 လောက်ကဆွဲထားတဲ့ လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေတဲ့ ပြင်ဆင်မှုတွေလည်း လုပ်သင့်ပါတယ်.. ဖြစ်အောင်သာလုပ်နေရတယ် အောက်ခြေမှာ DJ နဲ့ ရုပ်သေးရုပ်ကနေရသလိုပါဘဲ…… #ဒါတွေကဘယ်သူတွေက တာဝန်ယူ ပြင်ဆင်လုပ်ပေးကြမှာလဲ…
ဒီလို အစိုးရဌာနအချင်းချင်းကိုပေါင်းစပ်ညှိနှိုင်းပေးနိင်အောင်…တူညီတဲ့ဝန်ဆောင်မှု တွေစုစည်း လုပ်နိုင်အောင် နဲ့ Drive လုပ်နိုင်ဖို့ ဦးခင်ညွှန် တို့ ဦးစိုးဝင်းတို့လက်ထက်ကစပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည့် အထိ ဖွဲ့ခဲ့တဲ့ ဦးဆောင်ကော်မတီတွေ အမြောက်အမြားပါဘဲ…အကျိုးဆက်ကတော့ လူကြီးတစ်ယောက်ပြောင်းသွားတာနဲ့/ အစိုးရတစ်ဆက်ပြောင်း သွားတာနဲ့ မူတစ်ခု ပြောင်းပြီး အဖွဲ့သစ်တစ်ခုပြန်ဖွဲ့ တစ်ကပြန်စနေ လောက်လောက်လားလားမဖြစ်နဲ့ သံသရာကလည်နေတုန်းပါဘဲ… အခုလည်း eGovernment ဦးဆောင်ကော်မတီကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဖွဲ့ဖိုပြင်ဆင်နေကြပါတယ်(ဖွဲ့ပြီးမပြီးမသိပါ) …သူခမျာမှာလည်း မြန်မာတပြည်လုံးရဲ့အဖွဲ့မျိုးစုံ အလုပ်မျိုးစုံကို ဦးဆောင်လုပ်နေရသူ..လက်ရှိနိုင်ငံရေး ရခိုင်အရေးတွေ..စီးပွားရေး (take off) တွေ….အခြားအခြား လူမူရေး..ပညာရေး..တရားဥပဒေစိုးမိုးရေ…စတဲ့ ..အရေးအခင်းပေါင်းစုံ… .အစုံအစုံပါဘဲ….အရေးမကြီးတာ ကိုမရှိ သူသည်လည်းပုထုဇဉ်ဖြစ်တဲ့အတွက် ဒီလောက်များပြားတဲ့အလုပ်တွေ ထောင့်စေ့အောင်လုပ်နိုင်ဖို့ လွယ်မည်မထင်ပါ…ဘဲအုပ်ကတစ်ရာနှစ်ရာ မဗေဒါကတစ်ပင်ထဲ လိုဖြစ်နေသည်…ဒီအလုပ်တွေဆိုတာလည်း ပရောဂ ကုသလို ရေမန်းလေးခေါင်းပေါ်ကသပ်ချပြီး ပျောက်စေ လိုလုပ်ရုံနဲ့ ပြီးသွားတာမဟုတ် တစိုက်မက်မက် လုပ်ရမှာ……ရေရှည်ကိုလုပ်နိုင်ဖို့လိုပါတယ်…
#လက်ရှိအချိန် တောရောမြို့ပါ ဆက်သွယ်ရေး တယ်လီဖုန်းမိုဘိုင်းအင်တာနက် တွေသုံးနေ နိုင်ပြီ..Infra ပိုင်းတွေအများကြီးကောင်းလာပြီး ……..အစိုးရရဲ့ ၀န်ဆောင်မှုတွေကို ပြည်သူတွေကသုံးနိုင်တဲ့အချိန်မှာ အစိုးရကပေးရတဲ့ အွန်လိုင်းဝန်ဆောင်မှုတွေက လောက်လောက် လားလားမရှိ…..ခနော်နီခနော်နဲ့သာသာဖြစ်နေသည်…..e-Government တင်မဟုတ် m-Government ဆိုတဲ့ mobile government ထိကို အဆင့်တက်သွားနိုင်တဲ့အချိန်ဖြစ်နေပါပြီ..လက်ရှိမှာတော့ အွန်လိုင်းပေါ်က အပြန်အလှန်တရားစွဲနေတဲ့၆၆ ဆားဗစ်တွေဘဲရောင်းကောင်းနေကြသလိုပါဘဲ
#တာဝန်ရှိသူ လူကြီးမင်းများခင်ဗျာ…ဒီတစ်ခါတော့ eGovernment ကို For Show မဟုတ်ဘဲ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင် တစ်စိုက်မက်တက်လုပ်ပေးကြပါ…လုပ်နိုင်လောက်တဲ့သူတွေကိုလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့ လွတ်တော်တွေထဲ တာဝန်ပေးဆောင်ရွက်ပေးကြပါခင်ဗျာ…
.
.
Comment

ဆောင်းပါးကောင်းပါ...
ဒီမှာ m-Government (Mobile Phone) ဆိုတာ အရမ်းမှန်ကန်တယ်... အခု အွန်လိုင်းအရောင်းဝယ်တွေ ကြော်ငြာတွေမှာ ဈေးကြီးတဲ့ တီဗွီ၊ သတင်းစာတွေမှာ မသုံးနိုင်သူများ SME များအတွက် ဖေ့ဘုတ်မှာပဲ ကြော်ငြာရပါတယ်။ အီးမေးကတော့ အဆင့်မြင်ပါမယ်။ မြန်မာနိုင်ငံက မိုဘိုင်းဖုန်းကို ခုန်ပျံကျော်လွှား သွားတော့ မိုဘိုင်းဖုန်းကပဲ ကလစ်လုပ်၊ ဖောင်ဖြည့် ..လူတိုင်းအလွယ်တကူလုပ်တတ်ပါတယ်။ Send လုပ်လိုက်ရင် အကုန်မဖြည့်မချင်း ပြန်ဖြည့်ခိုင်းတဲ့ မိုဘိုင်း (ဖေ့ဘုတ် App) တွေ လုပ်ရတာလဲ တော်တော်လွယ်နေပါတယ်။ ခက်တာက ဒေတာသိမ်းဆည်းထားဖို့ Data Center လိုပါတယ်။ Cloud လို ဆာဗာများလည်း ရှိပေမဲ့ အစိုးရကိစ္စတော့ ကိုယ်ပိုင် ဒေတာစင်တာ ရှိဖို့လိုပါတယ်။ အဂတိလုပ်ချင်သူများက e-Gov ဟန့်တားနေခြင်းဖြစ်ပါတယ်။ နောက်ဆုံးတော့ (ခက်ခဲပေမဲ့) မြန်မာ့တပ်မတော် ဦးပိုင်နဲ့ဗီယက်နမ် မိုင်တဲလ်နဲ့ပဲ လုပ်ပေးရင်တော့ အကောင်းဆုံးပါ။ မြန်မာနိုင်ငံရဲ့ ၅၂% ဘတ်ဂျတ်ရငွေက အစိုးရနဲ့စစ်တပ် လုပ်ငန်းကြီးများဖြစ်နေလို့ပါ။ သူတို့ကပဲ တောင့်ခံနေကြပါတယ်။
.
.
.....
e-Government နဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ဝန်ကြီးဌာန ကတော့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပဲ ဖြစ်ပါတယ်။ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကတော့ အဲဒီဝန်ကြီးဌာနကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနလို့ သတ်မှတ်ထားရာကနေ NLD အစိုးရတက်လာတဲ့အချိန်မှာ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနဆိုတဲ့ ဝန်ကြီးဌာနနှစ်ခုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် တစ်ခုတည်းပေါင်းစည်းခဲ့ပါတယ်။ အဲဒီကနေမှတစ်ဆင့် ဦးသန့်စင်မောင်ဟာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ “ရေရှည် တည်တံ့ ဖွံ့ဖြိုးမှုကို ရရှိချင်ရင် e-Government ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ e-Government အခန်းကဏ္ဍမပါရင် ပြည့်စုံတဲ့ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ e-Government ညွှန်းကိန်းကိုကြည့်ရင်တော့ နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ ၁၆၉ ပဲ ရှိပါတယ်”ဆိုပြီး ဝန်ကြီးဟာ e-Government ကွန်ဖရင့်အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပုံကိုကြည့်ရင် e-Government အရေးပါတယ်ဆိုတာ အစိုးရအနေနဲ့ နားလည်ထားပြီးဖြစ်သလို မြန်မာနိုင်ငံဟာ e-Government မှာ အဆင့်အလွန်နိမ့်ကျနေတာကို သိရှိပြီးသားဖြစ်တယ်လို့ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။
မူလဆောင်းပါး The Voice
http://thevoicemyanmar.com/opinion/18269-egn
ဒီမှာ m-Government (Mobile Phone) ဆိုတာ အရမ်းမှန်ကန်တယ်... အခု အွန်လိုင်းအရောင်းဝယ်တွေ ကြော်ငြာတွေမှာ ဈေးကြီးတဲ့ တီဗွီ၊ သတင်းစာတွေမှာ မသုံးနိုင်သူများ SME များအတွက် ဖေ့ဘုတ်မှာပဲ ကြော်ငြာရပါတယ်။ အီးမေးကတော့ အဆင့်မြင်ပါမယ်။ မြန်မာနိုင်ငံက မိုဘိုင်းဖုန်းကို ခုန်ပျံကျော်လွှား သွားတော့ မိုဘိုင်းဖုန်းကပဲ ကလစ်လုပ်၊ ဖောင်ဖြည့် ..လူတိုင်းအလွယ်တကူလုပ်တတ်ပါတယ်။ Send လုပ်လိုက်ရင် အကုန်မဖြည့်မချင်း ပြန်ဖြည့်ခိုင်းတဲ့ မိုဘိုင်း (ဖေ့ဘုတ် App) တွေ လုပ်ရတာလဲ တော်တော်လွယ်နေပါတယ်။ ခက်တာက ဒေတာသိမ်းဆည်းထားဖို့ Data Center လိုပါတယ်။ Cloud လို ဆာဗာများလည်း ရှိပေမဲ့ အစိုးရကိစ္စတော့ ကိုယ်ပိုင် ဒေတာစင်တာ ရှိဖို့လိုပါတယ်။ အဂတိလုပ်ချင်သူများက e-Gov ဟန့်တားနေခြင်းဖြစ်ပါတယ်။ နောက်ဆုံးတော့ (ခက်ခဲပေမဲ့) မြန်မာ့တပ်မတော် ဦးပိုင်နဲ့ဗီယက်နမ် မိုင်တဲလ်နဲ့ပဲ လုပ်ပေးရင်တော့ အကောင်းဆုံးပါ။ မြန်မာနိုင်ငံရဲ့ ၅၂% ဘတ်ဂျတ်ရငွေက အစိုးရနဲ့စစ်တပ် လုပ်ငန်းကြီးများဖြစ်နေလို့ပါ။ သူတို့ကပဲ တောင့်ခံနေကြပါတယ်။
.
.
.....
e-Government နှင့် NLD အစိုးရ
e-Government ဆိုတာ Process တစ်ခုပါ။ Package တစ်ခု၊ Product တစ်ခု ဝယ်တာမဟုတ်ပါဘူး။ အချိန်တိုင်းတာလို့ ရမှာမဟုတ်ဘူး။ ဘယ်တော့မှလည်း ပြီးဆုံးမယ့်ကိစ္စ မဟုတ်ပါဘူး”
အဲဒီစကားကို ပြီးခဲ့တဲ့နိုဝင်ဘာ ၇ ရက်နေ့တုန်းက နေပြည်တော် MICC2 မှာ ကျင်းပခဲ့တဲ့ -Government Conference မှာပါတဲ့ VIP Discussion Panel မှာ KMD ဦးသောင်းတင်က ပြောသွားခဲ့တာပါ။ တစ်နည်းအားဖြင့် e-Government ဆိုတာ ဘယ်လောက်အချိန်ကြာမှာလဲ၊ ဘယ်တော့ပြီးမှာလဲ၊ ငွေဘယ်လောက်ကုန်မှာလဲဆိုပြီး မေးခွန်းထုတ်နေခြင်းဟာ နားလည်မှုလွဲနေကြတာဖြစ်တယ်လို့ ဆိုလိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရရဲ့ တာဝန်ရှိသူတွေအနေနဲ့ e-Government ဆိုတဲ့ ဖြစ်စဉ်ကြီးအပေါ် ဘယ်လိုပါဝင်နေပြီလဲဆိုတာ စိတ်ပါဝင်စားတဲ့ပြည်သူတွေက စောင့်ကြည့်လေ့လာမှုတွေ၊ ဝေဖန်မှုတွေ တဖြည်းဖြည်း စတင်ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ အွန်လိုင်းသုံးစွဲသူတွေအတွက် လိုအပ်နေတဲ့ Cyber Law၊ အိုင်စီတီ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါတဲ့ ICT Master Plan၊ NLD အစိုးရရဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်ရဲ့ အိုင်စီတီအပေါ်မှာ စိတ်ဝင်စားမှု စတာတွေကို -Government Conference မှာ အနည်းငယ် တီးခေါက်လေ့လာခွင့်ရခဲ့ပါတယ်။
အဓိကတာဝန်ရှိတဲ့ ဝန်ကြီးဌာန
မြန်မာနိုင်ငံရဲ့ e-Government ခရီးစဉ်
မြန်မာနိုင်ငံဟာ e-Government ခရီးစဉ်ကို ၂၀၀၄ ခုနှစ်ကနေ စတင်လျှောက်လှမ်းခဲ့တာဖြစ်ပြီး ယခုအချိန်ထိ အလွန်နှေးကွေးစွာနဲ့ အိပဲ့အိပဲ့ လျှောက်လှမ်းနေဆဲပဲ ရှိပါသေးတယ်။ “e-Government က ခုအချိန်ထိ မအောင်မြင်သေးဘူး”လို့ ပြည်တွင်းက နည်းပညာကုမ္ပဏီပိုင်ရှင်တစ်ဦးက သုံးသပ်လိုက်ပါတယ်။ သို့ပေမယ့် အရင်ထက်စာရင် e-Service အတော်များများရနေတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ e-Government ဆိုတာ e-Service တွေကိုစုပေါင်းထားတာဖြစ်လို့ အစိုးရရဲ့ဝန်ဆောင်မှုတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေရဲ့ ဝန်ဆောင်မှုတွေကို ပြည်သူတွေဟာ အီလက်ထရွန်နစ်နည်းပညာနဲ့ ရရှိလာတဲ့အမျှ e-Government ကဏ္ဍ တဖြည်းဖြည်း တိုးတက်လာတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ e-Government ခရီးစဉ် နှောင့်နှေးကြန့်ကြာခဲ့တာဟာ ဆီးသီးဗန်းမှောက်ခဲ့တဲ့ ကိစ္စတွေဖြစ်ခဲ့လို့ဆိုပြီး ယူဆသုံးသပ်ကြသူ အများအပြားလည်း ရှိနေပါတယ်။
ဝန်ကြီးဌာနတွေရဲ့ e-Services
အစိုးရဝန်ကြီးဌာနအတော်များများဟာ သူတို့တွေရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို တိကျမှန်ကန်မြန်ဆန်စေဖို့အတွက် အီလက်ထရွန်နစ်ဝန်ဆောင်မှုများ၊ အွန်လိုင်းဝန်ဆောင်မှုများနဲ့ အစားထိုးလုပ်ဆောင်နေကြပါပြီ။ ဝန်ကြီးဌာနအတော်များများမှာတော့ ပြည်သူ့ထံကို ဌာနရဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေပေးနိုင်ဖို့အတွက် Website တွေ ရှိနေကြပြီဖြစ်ပါတယ်။ သို့ပေမယ့် တချို့ဝန်ကြီးဌာနတွေက ရှေ့ပြေးသလောက် တချို့ဝန်ကြီးဌာနတွေက နောက်ကောက်ကျကျန်နေဆဲပါပဲ။ လုပ်ငန်းအစအဆုံးကို အွန်လိုင်းကနေ လုပ်ဆောင်လို့ရတဲ့ဌာနဆိုတာကတော့ လက်ချိုးရေလိုရတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဒါ့အပြင် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းတာကြောင့် ထပ်တူသွားကျနေတာတွေလည်း အများကြီးရှိနေပါတယ်။ ဥပမာ-ဝန်ကြီးဌာနတစ်ခုက လုပ်ဆောင်ထားတဲ့ ရုံးလုပ်ငန်းဆိုင်ရာဖိုင်များ စီမံခန့်ခွဲမှုစနစ် ရှိပြီးသားဖြစ်ပေမယ့် တခြားဝန်ကြီးဌာနတစ်ခုကလည်း အဲဒီစနစ် အကောင်အထည်ဖော်ဖို့အတွက် တခြားကုမ္ပဏီတစ်ခုကို တင်ဒါခေါ်ပြီး လုပ်ဆောင်ထားတာတွေကို တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတော်အဆင့် ကော်မတီတစ်ခုခုကနေ ဝန်ကြီးဌာနအားလုံးကို နည်းပညာနဲ့ပတ်သက်ပြီး ကိုင်တွယ်အကြံပြု ဖြေရှင်းပေးတာမျိုး မရှိသေးတာကြောင့် ဝန်ကြီးဌာနတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ e-Service တွေကို လုပ်ဆောင်ကြရင်း စံနှုန်းမညီတာတွေ၊ ထပ်တူမကျတာတွေ ဖြစ်ပေါ်နေဆဲပါပဲ။ အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေရဲ့ e-Government ဆိုင်ရာ အကောင်အထည်ဖော်မှုတွေကို ပဲ့ကိုင်မောင်းနှင်ပေးဖို့အတွက် နိုင်ငံတော်အဆင့်ကော်မတီတစ်ခု လိုအပ်နေပြီဆိုတာ တာဝန်ရှိသူအားလုံး နားလည်ထားပြီးဖြစ်ပါတယ်။
အစိုးရသစ်ရဲ့ခြေလှမ်းများ
၂၀၁၇ ဧပြီလ ၁ ရက်နေ့တုန်းက နိုင်ငံတော်သမ္မတရုံးကနေ ဝန်ကြီးဌာနအားလုံးဆီကို မြန်မာယူနီကုတ်ကိုပဲ စံသတ်မှတ်ချက်အနေနဲ့ သုံးစွဲဖို့ အမိန့်ညွှန်ကြားချက် ထုတ်ခဲ့ပါတယ်။ အဲဒီအမိန့်ညွှန်ကြားချက်ဟာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမယ့်ကိစ္စဖြစ်ပေမယ့်လည်း အစိုးရသစ်ဟာ ပြည်သူတွေကြားမှာ သုံးစွဲနေတဲ့ စံနှုန်းမညီတဲ့ မြန်မာစာစနစ် (ဥပမာ-ဇော်ဂျီ) ကို သုံးစွဲနေတာကိုတော့ အခုချိန်ထိ ရပ်တန့်ပေးနိုင်စွမ်း မရှိသေးပါဘူး။ နောက်တစ်ခုအနေနဲ့ နိုင်ငံတော်သမ္မတရုံးဟာ ဝန်ကြီးဌာနအသီးသီးရဲ့ Chief Information Officer (CIO) များကို သီးခြားတာဝန်ပေးဖို့၊ CIO တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့၊ e-Government အကောင်အထည်ဖော်ဖို့ တွန်းအားပေးရမယ်ဆိုတဲ့ အချက်တွေပါဝင်တဲ့ အမိန့်ညွှန်ကြားချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါ့အပြင် အစိုးရဝန်ကြီးဌာနတွေအနေနဲ့ Government Personnel Management System နဲ့ EDMS (Electronic Document Management System) တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲဖို့ ညွှန်ကြားထားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
၂၀၁၇ ဇန်နဝါရီကစတင်ပြီး Myanmar Web Portal ပရောဂျက်ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၈ မှာ အပြီးသတ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ မည်သူမဆို အစိုးရဌာနအသီးသီးရဲ့ ကိန်းဂဏန်းတွေ၊ အချက်အလက်တွေကို အဲဒီကနေတစ်ဆင့် သိရှိကြည့်ရှုနိုင်မယ်လို့ ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။
မကြာသေးခင်ကာလဖြစ်တဲ့ ၂၀၁၈ ဇန်နဝါရီလကုန်တုန်းက ဒေါ်အောင်ဆန်းစုကြည်က နာယကအနေနဲ့တာဝန်ယူပြီး e-Government ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်တာကိုလည်း တွေ့ရပါတယ်။ အရင်အစိုးရတုန်းက e-Government ကော်မတီဥက္ကဋ္ဌဟာ ဝန်ကြီးအဆင့်ပဲ ကိုင်တွယ်တာမို့ ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်လုပ်ကိုင်တဲ့အချိန်မှာ နှေးကွေးမှု၊ မအောင်မြင်မှုတွေ ရှိတယ်ဆိုတဲ့ ဝေဖန်သံတွေကြားမှာ လက်ရှိအစိုးရအနေနဲ့ e-Government ကော်မတီကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်တာဝန်တွေ များပြားလွန်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်အနေနဲ့ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်မှာ လမ်းညွှန်ကြီးကြပ်မှု အပြည့်အဝလုပ်နိုင်ပါ့မလားဆိုတာ စောဒကတက်စရာတော့ရှိပေမယ့် e-Government လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေး ကော်မတီဆိုတာကိုလည်း ဦးဆောင်ကော်မတီနဲ့အတူတူ ဖွဲ့စည်းပြီးဖြစ်တာမို့ အဆိုပါအကောင်အထည်ဖော်ဆောင်ရေးကော်မတီရဲ့ လုပ်ကိုင်နိုင်စွမ်းကို စောင့်ကြည့်အကဲခတ်ရမှာပဲ ဖြစ်ပါတယ်။ အခုထိတော့ ကော်မတီအစည်းအဝေးတွေ မစတင်နိုင်သေးဘူးလို့ သိရပါတယ်။
ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများ
e-Government အကောင်အထည်ဖော်ရာမှာ အစိုးရသစ်အတွက် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု ၄ ချက်ရှိနေပါတယ်။ ပထမအချက်ကတော့ အစိုးရဌာနအဖွဲ့အစည်းအသီးသီးတွေရဲ့ စွမ်းဆောင်ရည် အားနည်းမှုပါပဲ။ နည်းပညာဆိုင်ရာ တတ်ကျွမ်းမှု အားနည်းတာတွေ၊ ခေါက်ရိုးကျိုးနေတဲ့ ပုံစံအတိုင်း ဆက်သွားချင်တဲ့ဝန်ထမ်းတွေ၊ အပြောင်းအလဲကို ကြောက်ရွံ့တဲ့ ဝန်ထမ်းတွေကလည်း ဒုနဲ့ဒေး ရှိနေဆဲပါပဲ။ -Government နဲ့အတူ ပွင့်လင်းမြင်သာမှုဆိုတာကလည်း တွဲကပ်ပါလာတာမို့ တချို့က ကိုယ့်ရဲ့လုပ်ကွက်လေး ပျောက်သွားမှာ စိုးရိမ်ကြသူတွေလည်း ရှိပါသေးတယ်။ ဒုတိယအချက်ကတော့ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းပါပဲ။ ဌာနတစ်ခုက အကောင်အထည်ဖော်ပြီးသွားပြီဖြစ်တဲ့ အွန်လိုင်း သို့မဟုတ် အိုင်တီနည်းပညာ ထုတ်ကုန်တစ်ခုကို အခြားဌာနက မသိဘဲ အဲဒီဌာနကလည်း တင်ဒါခေါ်ပြီး လုပ်ဆောင်နေတာတွေကြောင့် ပြည်သူတွေရဲ့ အခွန်ငွေတွေ အလဟဿဖြစ်နေတာတွေ၊ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်အောင် စောင့်ကြည့်ထိန်းချုပ်ပေမယ့် နိုင်ငံတော်အဆင့် ကော်မတီတစ်ရပ် မရှိသေးတာတွေပဲ ဖြစ်ပါတယ်။ တချို့နိုင်ငံတော်အဆင့်အနေနဲ့ ဆောင်ရွက်မယ့်ပရောဂျက်တွေ (ဥပမာ- National Identity Card Project) မှာ ဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။ တတိယအချက်ကတော့ နည်းပညာအခြေခံအဆောက်အဦ (IT Infrastructure) တွေ လိုအပ်နေတဲ့အချက်ပါပဲ။ ဥပမာ-မီးပွိုင့်တစ်ခုမှာ ဖြတ်သန်းသွားတဲ့ ကားတစ်စီးဟာ လိုင်စင်ရှိလား၊ လိုင်စင်မဲ့လားဆိုပြီး စစ်ဆေးမယ့်စနစ် (RFID Vehicle Registration System) ကို အစိုးရသစ်ဟာ စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားနေပြီဖြစ်ပေမယ့် စနစ်ကို စတင်ဖို့အတွက် အခြေခံအဆောက်အဦတွေ လိုအပ်နေတဲ့ စိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေရပါတယ်။ သို့ပေမယ့် အခြေခံအဆောက်အဦဆိုတာကတော့ ဘတ်ဂျက်နဲ့နည်းပညာရှိရင် ဖြေရှင်းလို့ရတဲ့ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ကြီးမားပါတယ်။ e-Government ဇီးသီးဗန်းမှောက်တဲ့ကိစ္စပါ။ e-Government ကို အကြောင်းပြပြီး မတန်တဆပစ္စည်းဝယ်ယူမှုတွေ၊ ကုမ္ပဏီတွေဘက်က လုံးဝမဖြစ်သင့်တဲ့ နှုန်းထားတွေရယူပြီး လုပ်ခဲ့တာတွေ စတဲ့ ဆီးသီးဗန်းမှောက်ခဲ့တာတွေဟာ အရင်အစိုးရတုန်းကလည်း ဖြစ်ခဲ့ပြီးပါပြီ။ အခုလက်ရှိ အစိုးရလက်ထက်မှာ e-Government ဆီးသီးဗန်း ထပ်မမှောက်ဖို့ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ဝန်ကြီးဌာနတွေဘက်ကတင်ပြလာတဲ့ e-Government ဆိုင်ရာ အသုံးစရိတ်တွေဟာ ဖြစ်သင့်သောနှုန်းထားများ ဟုတ်၊ မဟုတ်၊ ပြင်ပပေါက်ဈေးနှင့် ညီ မညီ စသည်တွေကို လွှတ်တော်အမတ်တွေက သေချာစိစစ်ရမှာ ဖြစ်ပါတယ်။ ၂၀၁၈ ဖေဖော်ဝါရီလ ၂၂ ရက်တုန်းက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေးသွားကြတဲ့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအစီရင်ခံစာအရ ပညာရေးဝန်ကြီးဌာနက ကွန်ပျူတာဝယ်ယူဖို့ တောင်းခံထားတဲ့စာရင်းမှာ Desktop တစ်လုံး ၁၃ သိန်း၊ Laptop တစ်လုံး ၁၅ သိန်းနှုန်းနဲ့ Desktop အလုံးပေါင်း ၁၂၀၀ ကျော်၊ Laptop အလုံးပေါင်း ၂၀၀ ကျော် စတဲ့ ပြင်ပပေါက်ဈေးထက် အဆများစွာ တင်ပြတောင်းခံမှုကို ကြည့်ခြင်းအားဖြင့် သေချာစိစစ်ကြပ်မတ်မှု လိုအပ်နေပြီလို့ ပြောရတော့မှာပဲ ဖြစ်ပါတယ်။
မချိတင်ကဲဖြစ်စရာတွေ
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ညည်းတွားနေကျစကားတစ်ခွန်း ရှိပါတယ်။ ဒီအစိုးရဟာ စီးပွားရေးကို စိတ်မဝင်စားဘူးဆိုတဲ့ စကားပါပဲ။ တကယ့်အခြေအနေမှာလည်း အစိုးရသစ်ဟာ ငြိမ်းချမ်းရေးကိုသာ အားသွန်ခွန်စိုက် ကြိုးစားနေဆဲဖြစ်ပြီး ကျန်ရှိတဲ့ကဏ္ဍများကို အနောက်ကို ရွှေ့ထားတာကို တွေ့ရပါတယ်။ အဲဒီထဲမှာ e-Government အကောင်အထည်ဖော်ရေးကိစ္စဆိုတာကလည်း တစ်ခုအပါအဝင်ပါ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ထဲမှာ နည်းပညာတတ်ကျွမ်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မပါဝင်တာကြောင့် e-Government စနစ် မြန်မြန်ဆန်ဆန် အောင်မြင်ဖို့အတွက် လိုအပ်တဲ့ဥပဒေတွေ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ ပြင်ဆင်သင့်တဲ့ဥပဒေတွေလည်း မပြင်ဆင်နိုင်သေးပါဘူး။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း အချိုးအကွေ့တစ်ခုသဖွယ် ဖြစ်သွားစေမယ့် e-Government ဆိုင်ရာ ခြေလှမ်းသစ်လှမ်းတာမျိုး ယခုအချိန်ထိတော့ မတွေ့ရသေးပါ။ သို့ပေမယ့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးကတော့ “e-Government သမိုင်းစာမျက်နှာသစ်ကို ကျွန်တော်တို့ ဖွင့်လှစ်ကြရအောင်” ဆိုပြီး e-Government Conference အဖွင့်မိန့်ခွန်းအဆုံးသတ်မှာ ထည့်သွင်းပြောကြားသွားတာကို ကြည့်ခြင်းအားဖြင့် သမိုင်းစာမျက်နှာသစ်အား တစ်ချိန်ချိန်မှာတော့ ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ရင်း...။
ဇော်သူရိန်ထွန်း
http://thevoicemyanmar.com/opinion/18269-egn
Tuesday, November 21, 2017
Google Earth အသုံးပြုနည်း (အလယ်တန်း ပညာရှင်များအတွက်)
Google Earth အသုံးပြုနည်း
Google Earth အသုံးပြုနည်း
22 Photos · Updated over a year ago
Mapping with Google Earth လူတိုင်း လွယ်ကူစွာ ချက်ချင်းသုံးနိုင်တဲ့ Google Earth အသုံးပြုနည်း မြန်မာဘာသာ လမ်းညွန်။ Google Earth အသုံးပြုနည်းအဆင့်ဆင့်ကို မြန်မာဘာသာဖြင့် ရေးသားထား၍ လွယ်ကူစွာ လေ့လာနိုင်သော လမ်းညွှန် စာအုပ်ဖြစ်ပါတယ်။ Google Earth ဆိုတာဘာလဲ။ Google Earth ကို မိတ်ဆက်ပေးခြင်း။ Google Earth ကို ဘယ်လိုကြည့်ရမလဲ။ Google Earth ကိုအသုံးပြုခြင်း။ - ဖိုင်များကို Folder ဖွဲ့ပြိးစနစ်တကျသိမ်းထားခြင်း။ - Add placemark - Add path - Add polygon KMZ & KML ဖိုင်များကို Google Earth တွင်ဖွင့်ကြည့်ခြင်း။ GPS data တွေကို Google Earth ပေါ်ဘယ်လိုတင်မှာလဲ။ MS Excel ကိုသုံးပီး GPS Data တွေကို KML ဖိုင်ပြောင်းနည်း။ <<MS Excel file download link; https://docs.google.com/viewer?a=v&pid=sites&srcid=ZGVmYXVsdGRvbWFpbnxpdGUxMzA2MzAyMDcyfGd4OjRhZTliNzBmNDZhMDMyMDQ >> CSV2KML Software ကိုသုံးပီး GPS Data တွေကို KML ဖိုင်ပြောင်းနည်း။ <<CSV2KML.exe file download link; https://docs.google.com/file/d/0B5R-yCvwhjTAam5ZQUtXODExZ3c/edit >> အခြားသော KML ဖိုင် သို့ ပြောင်းနိုင်သည့်နည်းလမ်း။ Google Earth ကို အသုံးပြုခြင်းရဲ့အားသားချက်က ဘာလဲ။ - Add Photo - Add Image Overlay - Add Tour Geotag Photo များ ထဲ့သွင်းခြင်း။ Google Earth Pro Version နှင့် ရိုးရိုး Free Version ဘာကွာလဲ။ Google Flight Simulator ----- Download the latest version of Google Earth for PC, Mac, or Linux https://www.google.com/earth/download/ge/agree.html Download Google Earth Pro for PC or Mac https://www.google.com/earth/download/gep/agree.html Credit to Original Uploader..
အယ်လဘန် လုပ်ထားတဲ့ ဂူဂယ်မက်..
Credit:
Zai Hla Aung shared Geological Knowledge & Sharing's album.
Link
https://www.facebook.com/economicgeologist/photos/a.336999926667536.1073741854.158601477840716/337000076667521/?type=3&theater
Sunday, November 19, 2017
လွှတ်တော်မှာတော့ တာဝန်သိအမတ်တွေက ပြောဆိုကန့်ကွက်၊ အဆိုတင်၊ မေးမြန်းနေပါတယ်။ .
လွှတ်တော်မှာတော့ တာဝန်သိအမတ်တွေက ပြောဆိုကန့်ကွက်၊ အဆိုတင်၊ မေးမြန်းနေပါတယ်။ ..
သတင်း..
မြင်းခြံသံမဏိစက်ရုံအတွက် စက်စမ်းသပ်လည်ပတ်ဖို့ စက်မှုဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရထံ ကျပ်သန်း ၄၀၀၀ ကျော် တောင်းခံတာကို ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ကန့်ကွက် လိုက်ပါတယ်။
မြင်းခြံသံမဏိစက်ရုံအတွက် စက်စမ်းသပ်လည်ပတ်ဖို့ စက်မှုဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရထံ ကျပ်သန်း ၄၀၀၀ ကျော် တောင်းခံတာကို ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ကန့်ကွက် လိုက်ပါတယ်။
တိုင်းပြည်အတွက် အကျိုးမရှိဘဲ လည်ပတ်သင့်လား မသင့်လား မူဝါဒတစ်ရပ် မချမှတ်နိုင်သေးတဲ့အချိန်မှာ အခုလို စက်စမ်းသပ်လည်ပတ်ဖို့ တောင်းခံတာကို ကန့်ကွက်တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင် က ပြောပါတယ်။
"နိုင်ငံတော်ပိုင် စက်ရုံများဟာ ဒီကနေ့ ဒီအချိန်မှာပေါ့ ကျမတို့ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး။ နောက်ပြီးတော့ စက်တွေက ဆက်လက်ပြီး လည်ပတ်နေခြင်းအားဖြင့်လည်း တိုင်းပြည်အတွက်ကတော့ ပိုပြီးတော့မှပဲ ငွေတွေ၊ ကုန်ကျစရိတ်တွေ များလာနေတယ်။ ဒီလို အတိုင်းအတာတွေထဲမှာ ဒီစက်ရုံတွေဟာ ကျမတို့ဆက်ပြီး လည်ပတ်သင့်သလား သို့မဟုတ်ပေါ့နော် PTT စနစ်နဲ့ပဲ သွားမလား၊ ဒါမှမဟုတ်လို့ရှိရင် Privatisation သွားမလား၊ ဒါမှမဟုတ်လို့ရှိရင်လည်း ဒီစက်ရုံတွေက ရပ်ဆိုင်းထားမလားဆိုတာ မူဝါဒတရပ် က ကျမတို့ ဘာမှ ကောင်းကောင်းမွန်မွန်လည်း မချမှတ်ရသေးဘူး။ ဒါတွေနဲ့ပတ်သက်လို့ စာရင်းဇယားပိုင်း ဆိုင်ရာတွေကို ကျမတို့ ညှိနှိုင်းနေဆဲကာလဖြစ်တယ်"
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း မူနဲ့ အခြေခံသဘောအပါအ၀င် ရငွေသုံးငွေနဲ့ ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးရာ ဒေါ်ခင်စန်းလှိုင်က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
အမှတ် ၁ မြင်းခြံသံမဏိစက်ရုံဟာ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ လတ်တလောရပ်ဆိုင်းထားရတဲ့ နိုင်ငံပိုင်စက်ရုံ ၂၈ရုံထဲက တစ်ရုံဖြစ်ပါတယ်။
မြစ်သာရေလှောင်တမံစီမံကိန်းအတွက် ကျပ် ၁၂ ဘီလီယံ ထပ်မံတောင်းခံထားတာကိုလည်း ဘက်ဂျက်စည်းကမ်းနဲ့ မညီတဲ့အတွက် မပေးသင့်ဘူးလို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
.
RFA News 2017-11-07
.
RFA News 2017-11-07
မိမိမှတ်ချက်။...
အစိုးရကတော့ စစ္စတပ်အယ်ရာ System Error ဖြစ်နေတော့ ရှေ့သိပ်မတက်နိုင်ဘူး။ လူတွေလဲလို့လဲမရ..အင်ဂျင်နီးယာ ဆိုတော့ သတိရတုန်း ဖောဝပ်လုပ်လိုက်ပါတယ်။ တစ်ပြည်လုံးမှာ အလုပ်မရှိစက်ရုံဝန်ထမ်း ၄သောင်းကနေ ၄နှစ်အတွင် (လူတော်တွေထွက်ကုန်တော့) ၂၇၀၀၀ ပဲ ကျန်တော့တယ် တဲ့။ စက်ရုံ သန့်ရှင်းရေးပဲလုပ် သင်တန်းတက် လုပ်နေကြတယ်။ တစ်လ၂သိန်း လစာနဲ့ဆိုရင် တစ်နှစ်ကို ၆၄ဘီလျံကျပ် နဲ့ကြွေးမွေးထားရတယ်။ လျှပ်စစ်ဓါတ်အားလဲ တယူနစ်ထုတ်တိုင်း ၃၀ကျပ် ရှုံးတယ် ဆိုတော့ တစ်နှစ်ကို ဘီလျံ ၅၀၀ ကျော် ရှုံးတယ်။ ဘတ်ဂျတ်က အများဆုံးဝန်ကြီးဌာနဆိုတော့ ၀ိုင်းဝန်းစားသောက်သုံးစွဲနေကြတယ်။ ကျေးလက်ဖွံ့ဖြိုးရေးဌာနကလဲ ကျောင်း၊ဆေးခန်းဆောက်၊ လမ်းဖောက် မီးလင်းဖို့ ဇီးသီးဗန်းတွေအများကြီးပဲ။ လ.၀.က၊ က.ည.န၊ စည်ပင်၊ အခွန်ဦးစီးမှုး တွေကလဲ ပြည်သူ့ထံက ၀န်ဆောင်ခတွေ အမြောက်အများ ယူနေတုံးပါပဲ။ အလုပ်လုပ်တဲ့လူ အဆက်သွယ်ကောင်းရင် ပွပေါက်တွေ ရှိနေဆဲပါပဲ။ အရင်တစ်ပါတ်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ရွှေတူးလုပ်ငန်း ဖက်စပ်လုပ်ဖို့ဖိတ်ခေါ်တယ်။ မေးမြန်းကြည့်ရုံနဲ့ စီးပွားဖြစ်မလုပ်နိုင်တဲ့နေရာကို အတင်းလာလုပ်ခိုင်းပြီး အခွန်အရင်ကောက်မဲ့ပုံစံပဲ။ အစိုးရနဲ့တွဲလုပ်တာမှ စိတ်ချရဦးမယ်။.. ဒီလိုပါပဲ..System Error တေ့ဖြးဖြေးတော့ နည်းနည်းလာနေပါပြီ။ လူငယ်ဆိုရင်တော့ ငွေရင်းမရှိရင် လခစားပဲ လုပ်တာကောင်းပါတယ်။ ကိုယ်ပိုင်အလုပ်လုပ်ချင်ရင်တော့ ဂွင်ရှာတဲ့၊ ပွဲစားအလုပ်မျိုးတွေ မလုပ်ပဲ...စားသောက်ကုန်၊ လူသုံးကုန် လုပ်ငန်းကလေးတစ်ခု ကိုယ်နိုင်သလောက် ကိုယ်တိုင်ပဲလုပ်တာပဲ အကောင်းဆုံးပါ။

Comments
Moe Thaw Zin ပင်းပက်သံမဏိစက်ရုံကဦးလေးဆီအလည်သွားတော့ စက်ရုံကရပ်ထားရတယ် အဲစက်ရုံရပ်တော့အဲကိုပို့ဖို့လုပ်ထားတဲ့ ကျောက်မီးသွေးတို့ ထုံးတို့ ထုတ်တဲ့နေရာတွေပါရပ်ကုန်တယ်ပြောတယ် အစကrussia မြန်မာဖက်စပ် အခုက အမတ်တွေကပိုက်ဆံမချတော့ russia ကပိုက်ဆံစိုက်ထုတ်ပြီးလည်မယ်ပြောသံကြားခဲ့တာပဲ သူတော့ပိုယူမယ်ပေါ့
Remove
U Myo Tint သံမဏိ၃. အင်းစိန်
အီတလီအင်ယာ မှ မြန်မာအင်ယာသို့ 
လွဲပြောင်းလက်ခံ ရန် testrun လုပ်ခဲ့သည်
12 heats per day. EAF smelting လုပ်
နိုင်မှ acceptance လုပ်ရန် အဘတို့ ညွန်ကြား
ထားသည်
မြန်မာ ဘက်မှ metallurgists များ zaw min yin
Khin mg zaw . Yee win. Myo tint.
အဆိုင်းတာဝန်ခံများအဖြစ် တာဝန်ယူခဲ့ရသည်
Acceptance ရရန် metallurgists 4ဦးစလုံး
ပူးတွဲ၍ 24hours နေ့ လုံးပေါက် မအိပ်မနေ
တာဝန်ယူခဲ့ရသည်
13 heats per day EAF smelting ရ၍
Acceptance ရခဲ့၍ အောင်မြင်စွာလွဲပြောင်းလက်ခံ
ခဲ့ပါသည်
သို့ သော် နောက်နေ့ များတွင်
4heat per day သာရတော့ပါသည်
ဆုံးရူံးမူများစွာရင်ဆိုင်ရတော့သည်
Renovationအတွက် ရူယိုငွေ 75သန်း
ကုန်ကျ ရသည်
နှမြောစရာ တိုင်းပြည်ဘဏ္ဏာတွေ
နောက်ထပ် မိုက်လုံးမကြီးသင့်တော့ပါ
Removeအီတလီအင်ယာ မှ မြန်မာအင်ယာသို့ 

M Zaw Aung ဒေါ်လာသန်းထောင်ကျော် ဆုံးပြီးတဲ့ အေရှားဝေါ နဲ့အစိုးရဟောင်းတွေ လုပ်စားသွားတာ . . သံရည်ကြိုစက်များစွာထဲက တစ်လုံး တပ်ဆင်စမ်းသပ်လည်ပတ်ပါရစေ. . ဆိုလို့ခွင့်ပြုထားတယ် . . ငွေ ဘတ်ဂျတ်ရလာတာနဲ့ ယင်ကောင်တွေနဲ့ပဲ လုပ်ရပြန်ပြီ..ပစ္စည်းလိုရင် နိုင်ငံခြားကဝယ်. . မလုပ...See More
Manage
U Tin Phay Metallurgy Test run ဆို တါ production နဲ့ တွဲ မှ အဓိပါယ် ရှိတါတွေ့ ရတယ်။သီး ခြား လုပ် ရင် အကျိုး မရှိ ပါ။ အကျိုး ရှိ ချင် ရင် တေါ့ function test လေါက် လုပ်ပေါ့။
Remove
Khin Zaw သံမဏိစက်ရုံရွာမမှာသံမှုန့်တွေနှာခေါင်းထဲနားရွက်ထဲဝင်အောင်၁၄နှစ်လုပ်ခဲ့ရတာဂျပန်၅လလောက်သင်တန်းတက်ပါဘလစ်ကာတစီးဝယ်သွင်းရတာကလွဲလို့သံဝေခရောစက်ယန်းနရားဖြတ်တောက်ဝေခရောမရလို့ကလေး၂ယောက်ငတ်နေမှာစိုးလို့စလုံးမှာဂျပန်ဘောဘယ်ရင်စက်ရုံမှာစက်ပြင်သွားလုပ်စားခဲ့ရပါတယ်
Remove
U Aung Khin လုပ် နိုင် တဲ့ ကုမ္ပ ဏီ တွက် ချက် ပြ ပါ။ တနှစ် စာ မြတ် နိုင် မည့် ငွေ ကို Central Bank မှာ deposit ထား ပါ၊ အရင် စိုက် ပြီး လည် ပါ။
Remove
M Zaw Aung အာဏာရှိသူတွေ၊ အလုပ်ကြိုးစားသူတွေ၊ ပညာကြိုးစားသူတွေ အတွက်တော့ လမ်းတွေ ပွင့်လာတာပဲ.. မလုပ်မရှုပ်မပြုတ် တွေအတွက်မချောင်သလို .. ဆင်းရဲသားတွေအတွက်လဲ တကယ်မချောင်ဘူး ဖြစ်နေတယ်။ လယ်ယာကဏ္ဍကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မကိုင်နိုင်သရွှေ့တော့ ချေးငွေ ဒေါ်လာ၁ဘီလျံ (ကျပ်ဘီလျံပေါင်း ၁၃၀၀) ကို လယ်စိုက်ရှင်ဘဏ်နဲ့ဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများက အလွဲသုံးစားနေဦးမှာပါပဲ။ ဒီတော့ ဒီနှစ်ကျေးရွာထွေအုပ်တွေ ရွေးချယ်ရင် အမှန်လုပ်နိုင်သူကို တင်ပေးတော့မယ်။ လယ်စိုက်ရှင်းဘဏ်နဲ့ဝန်ထမ်းတွေတော့ မလုပ်တတ်ဘူး...
Manage
.
Subscribe to:
Posts (Atom)