Showing posts with label Engr-Civil. Show all posts
Showing posts with label Engr-Civil. Show all posts

Friday, January 10, 2020

ရိက္ခာနဲ့ သိက္ခာလဲတဲ့ အင်ဂျင်နီယာများ ခိုးမှ ထမင်းစားရမှာလား 2018 Post

ရိက္ခာနဲ့ သိက္ခာလဲတဲ့ အင်ဂျင်နီယာများ

ခိုးမှ ထမင်းစားရမှာလား

  ရင်နာစရာတော့ကောင်းပါတယ်။
အင်္ဂျင်နီယာပညာတွေသင်၊ အင်္ဂျင်နီယာအလုပ်လုပ်တဲ့သူတွေကို သူခိုးတွေလို့ပြောကြတယ်။ ဘယ်အင်္ဂျင်နီယာက ခိုးချင်ပါ့မလဲ။ ခိုးချင်တဲ့သူလည်း ရှိချင်ရှိမှာပေါ့လေ။
ဒါပေမယ့် ဒီလောက်ပညာတွေသင်လာပြီးမှ ခိုးမှ စားရမယ်ဆိုတာကိုတော့ အများစုကဘဝင်ကျနိုင်မည်မဟုတ်ပါ။ ဒါဆို မခိုးကြဘူးလား။ ဟုတ်ကဲ့ ခိုးပါတယ်။ ကျွန်တော်လည်း အစိုးရအင်ဂျင်နီယာဝန်ထမ်းဘဝနဲ့
ဆယ်နှစ်ကျော် ခိုးပြီး မိသားစုကို ကျွေးမွေးခဲ့ရပါတယ်။ မိသားစုကို ကျွေးမွေးဖို့လောက်ဆို အင်ဂျင်နီယာတွေ ခိုးဖို့လိုမည်မထင်ပါ။ ကိုယ့်မိသားစု မဟုတ်တဲ့ သူတွေအတွက်ပါ ခိုးပြီး ကျွေးရ၊ ပေးရလို့၊ မင်းတို့လည်းခိုး၊ ငါတို့ကိုလည်း percentage ပေးဆိုတဲ့ လူတန်းစားတစ်ရပ် ဖန်တီးဖြစ်ပေါ်လာတဲ့အတွက် ကျွန်တော်တို့ အင်ဂျင်နီယာတွေ သူခိုးဘဝကို ရောက်ကြပါတော့တယ်။
    Yellow Book လို့ခေါ်တဲ့ Analysis of Rates မှာ လုပ်ငန်း items အလိုက် materials ကို Wastage ရာခိုင်းနှုံးက material အပေါ်မူတည်ပြီး 5% ကနေ 50% အထိ ခွင့်ပြုထားပါတယ်။ ပစ္စည်းအလေအလွင့်မရှိအောင် လုပ်တတ်ရင် ကိုယ်တွက်ကျန်ပြီးသာပါ။ ဝယ်တဲ့ဆိုင်က ဖောက်သည်ဖြစ်အောင် commission ပေးတာလည်း ရှိပါတယ်။
     ဟုတ်ပြီ။ ဒါဆို ဘာဖြစ်လို့ခိုးတာလဲ။ ဒီနေရာမှာ ဘာကို ဘယ်လိုခိုးသလဲဆိုတာ ရှင်းပြပါမယ်။
     (၁) Quality အပေါ်မှ ခိုးခြင်း
          လုပ်ငန်းတစ်ခုဆောင်ရွက်ဖို့ drawings နဲ့ estimate တွေ ရှိရပါတယ်။ details drawing ကိုဖတ်ပြီး estimate ဆွဲရပါတယ်။ ဥပမာ brick work ဆိုပါစို့။ details drawing မှာ 1:3 cement mortar နဲ့ပြထားပြီး estimate ကလည်း 1:3 cement mortar နဲ့ materials ထုတ်တယ်။ field မှာလုပ်တော့ composite mortar သုံးတယ်။ သို့မဟုတ် 1:5 cement mortar ကိုသုံးတယ်ဆိုရင် cement ရဲ့ quantity လျှော့သုံးလိုက်တဲ့အတွက် quality အပေါ်မှ ခိုးခြင်းဘဲဖြစ်ပါတယ်။
   (၂) Substituted ခိုးခြင်း
         ဒါကတော့ ပစ္စည်းတစ်ခုကို တန်ဘိုးနည်း အမျိုးအစားတူပစ္စည်းဖြင့် အစားထိုး ထည့်သုံးခြင်းဘဲဖြစ်ပါတယ်။ ဥပမာ estimate မှာ cement ကို တံဆိပ်တွေ၊ made တွေ ရေးမထားဘူး။ ဒါပေမယ့် price ကတော့ Thai brand နဲ့ cost ပြထားတယ်။ တကယ်သုံးတော့ China made နဲ့ တွယ်လိုက်တယ်ဆိုရင် ဒါ ခိုးတာဘဲပေါ့။ တစ်ချို့ဆို hardwood အစား Inn
နဲ့တောင် ထည့်သုံးခဲ့ကြတယ်။ ဒီမှာက Thai ရယ်၊ China ရယ် Local ရယ်ဆိုပြီး လွတ်လပ်စွာ ဝယ်ယူအသုံးချခွင့် ရှိတော့ ပက်ပက်စက်စက်ကို လုပ်နေကြတာ။ အရင်ခေတ်တွေက ပိုဆိုးပေါ့။
    (၃) Measurement ကို ခိုးခြင်း
          အများအားဖြင့်တော့ အလွယ်တကူမြင်တွေ့လို့မရတဲ့ Foundation အပိုင်းတွေမှာ ခိုးတာများပါတယ်။ depth ကို လျှော့တူးတာ၊ Retaining wall တွေမှာ steps တွေ မထည့်တာတွေပေါ့။ Roads တွေမှာ လမ်းခင်းကျောက်ထု မပြည့်တာ၊ လမ်းအကျယ်တွေ လျော့တာတွေလည်း ဒီခိုးနည်းမှာ ပါတာပေါ့။
    (၄) အပျောက်ရိုက်ခိုးခြင်း
         ဒီခိုနည်းကို ဥပမာပေးဖို့ တော်တော်စဉ်းစားရတယ်။ ဘယ်မှာတွေ့လည်းဆိုတော့ လွန်ခဲ့တဲ့ ၂လလောက်က fb မှာ ကျောင်းဆောက်တာနဲ့ ပတ်သက်ပြီး tender အောင်လို့ လုပ်ခွင့်ရတဲ့ ကုမ္ပဏီက စာသင်ကျောင်းဆောက်ရာမှာ 9"x9" R.C.C plinth beam ထည့်ရမှာကို သံချောင်းမထည့်ဘဲ ထု 6" လောက်နဲ့ concrete လောင်းထားတယ်။ "ခိုးချင်တာလည်း ပြာလို့၊ အ,လိုက်တာလည်းချာလို့" ပြောရမလိုဖြစ်နေပြီ။ တကယ်ဆို သံချောင်းမထည့်မှတော့ 2" ထုနဲ့ D.P.C
ဘဲ လောင်းလိုက်ပေါ့။ သိတဲ့သူက စစ်လို့ပေါ်တော့ ရှက်စရာဖြစ်ရော။ 2" ထု D.P.C လောင်းထားလို့ စစ်တဲ့သူလာရင် အင်ဂျင်နီယာကို လွှဲချလို့ရတာပေါ့။
ကုမ္ပဏီပိုင်ရှင်တွေအတွက် အင်ဂျင်နီယာတွေရဲ့ အသုံးဝင်ပုံ တစ်ခုပေါ့။ ဒီနည်းကတော့ ခပ်တည်တည်နဲ့ သုံးရမယ့်ပစ္စည်းကို လုံးဝထည့်မသုံးလို့ အပျောက်ရိုက်ခိုးခြင်းမည်ကြောင်း ဂဏှာဟိ မှတ်လေလော့။
   (၅) Rate ကို ခိုခြင်း
       ဒီခိုးနည်းကိုတော့ Local Rate ဆိုတဲ့ ဒေသပေါက်ဈေးနှုန်းအပေါ်မှီပြီး ခိုးတာပါ။ လက်တွေ့သိချင်ရင်တော့ မိမိတို့မြို့က အတည်ပြု ထုတ်ပေးထားတဲ့ ဒေသပေါက်ဈေးနှုန်းစာအုပ်ထဲက
ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းတွေနဲ့ အပြင် ကုန်မာဆိုင်တွေက ရောင်းတဲ့ ဈေးနှုန်းတွေကို သုတေသနလုပ်ကြည့်ကြပါ။ ဘယ်မြို့မှာမဆိုပေါ့။
      ဒီလောက်ဆို ပြည့်စုံသလောက်ရှိပါပြီ။ ဒါကိုဖတ်ပြီး ကုမ္ပဏီတွေနဲ့ တစ်ချို့ အင်ဂျင်နီယာတွေက အကျွန်ုပ်ကို မေတ္တာတွေ ပို့ကြရော့မယ်။ ကိစ္စမရှိပါဘူး။ ဆဲချင်လည်း ဆဲလို့ရပါတယ်။ ကျွန်တော် အထက်မှာပြောခဲ့သလိုဘဲ။ အင်ဂျင်နီယာပညာဆိုတာ လူတိုင်းသင်ယူခွင့် မရကြပါဘူး။ နောက်ပြီး အင်ဂျင်နီယာဖြစ်ရတာလည်း ဂုဏ်ယူစရာတစ်ခုပါ။
ဒါပေမယ့် ခိုးစားရတယ်ဆိုတာကတော့ ပညာတတ်တွေရဲ့ အလုပ်မဟုတ်သလို ဂုဏ်ယူစရာနဲ့လည်း လုံးဝ ဆန့်ကျင်ဖက်ကြီးပါ။
ခိုးတယ်ဆိုမှတော့ အဒိန္နဒါနကံ မြောက်နေပါပြီ။
ဒါကို မသိလို့လုပ်နေတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ သိသိကြီးနဲ့ လုပ်နေကြတာပါ။ ဘာသာတရားနဲ့ပြောရင်လည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး အခြေခံ ၅ ပါးသီလမှ လုံခြုံအောင် မစောင့်ထိန်းနိုင်တဲ့လူမျိုးတွေပါလားဆိုပြီး ရှက်ဖို့လည်း ကောင်းပါတယ်။ နောက်ပြီး နိုင်ငံတစ်ခုကို တိုးတက်အောင် တည်ဆောက်ရာမှာ စာရိတ္တမဏ္ဍိုင် မခိုင်ဘဲနဲ့ တည်ဆောက်လို့မရပါ။ လူမျိုးတစ်မျိုးရဲ့ စာရိတ္တမဏ္ဍိုင်ဟာ အဆောက်အဦတစ်ခုရဲ့ အုတ်မြစ် Foundation ပါ။ အားလုံးရဲ့အကြံဥာဏ်တွေနဲ့ စုပေါင်းပြီး လက်ရှိ ဖြစ်ပျက်နေတာတွေကို ပြုပြင်ဖို့ လိုနေပါပြီ။
    ဒီလိုပြောတော့ မင်းက ဝန်ထမ်းကထွက်ပြီး သောက်ကြီးသောက်ကျယ်ပြောတယ် ထင်ချင် ထင်ကြမယ်။ ကြိုက်သလို ထင်နိုင်ပါတယ်။ ကျွန်တော် ဝန်ထမ်းဘဝကတင် ထွက်ခဲ့တာမဟုတ်ပါ။ နောက်ဘဝတွေမှာ သီလမလုံလို့၊ အဒိန္နဒါနကံကြောင့် ဖြစ်မယ့်၊ ခံရမယ့် အပါယ်ဘုံဘဝတွေကနေကို လွတ်ဖို့ဆိုပြီး တတ်နိုင်သလောက် ရှောင်ထွက်ခြင်းပါ။ ကျွန်တော့်အဖိုးတွေနဲ့ ကျွန်တော့်အဖေဟာ ဘာသာရေးလိုက်စားသူတွေပါ။ ကျွန်တော် အလုပ်ထွက်စာတင်ပြီးတာနဲ့ ရွာက ကျွန်တော့်အဖေဆီ စာတစ်စောင်ရေးပို့ပါတယ်။
ကျွန်တော်အလုပ်ထွက်ရခြင်းကို ကျွန်တော့အဖေ နားလည်စေဖို့ပါ။ အဓိကအကြောင်းပြတာကတော့ ကျွန်တော် အင်ဂျင်နီယာလုပ်ပြီး ပြည်သူ့ဘဏ္ဍာကို မခိုးချင်တော့ကြောင်း၊ လုပ်တာတမျိုး၊ စာရင်းပြတော့တစ်မျိုးဆိုတော့ မုသာဝါဒကံပါ ချိုးဖောက်နေသလိုဖြစ်လို့ အလုပ်ထွက်လိုက်တာဖြစ်ပါကြောင်း၊ ဒီလိုမခိုး၊မလိမ်ညာဘဲ ဘဝကိုရပ်တည်လို့ရမယ်လို့ ယုံကြည်ကြောင်းတွေ ရေးလိုက်တာပါ။ အဖေလည်း ကျေနပ်မှာပါလေ။
      2009 ခုနစ် ရန်ကုန်မှာ ကျွန်တော့်ကို Staad. Pro သင်ပေးတဲ့ ဆရာမလေးက သူ့အကြောင်းကို ပြောပြပါတယ်။ ကျနော့်ထက် အသက် ၁၀ နှစ်လောက် ငယ်ပါတယ်။ သူ့အဖိုး၊ သူ့အဖေလည်း အင်ဂျင်နီယာတွေဖြစ်ကြောင်း။ ဆည်မြောင်းနဲ့ ဆောက်လုပ်ရေးဌာနတွေမှာ ဝန်ထမ်းတွေ လုပ်ခဲ့ကြပြီး သူ့ကိုတော့ ဝန်ထမ်းမလုပ်ခိုင်းလို့ အခုလို ရန်ကုန်မှာလာပြီး အချိန်ပိုင်း သင်တန်းဆရာ
လုပ်နေကြောင်းပြောပါတယ်။  သူဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ အဲဒီ 2009 က ကျွန်တော် ဝန်ထမ်းက ထွက်တဲ့နှစ်ပါ။ အခု ကျွန်တော် အပြင်က ပုဂ္ဂလိက အဆောက်အဦးတွေ လိုက်ဆောက်းပေးတယ်။ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဘဲ။ ဘာမှ ခိုးစရာ၊ လိမ်စရာ မရှိတော့ဘူး။ ဘယ်သူ့မှ မပေးချင်ပေးချင်နဲ့ ပေးရတဲ့ percentage တွေလည်း မရှိဘူး။ ရှင်းတယ်။ ဘဝဆိုတာ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ရမယ်လို့ မဟာမြိုင်ဆရာတော် ရေးတဲ့ စာအုပ်မှာ ဖတ်ဖူးပါတယ်။
     စာဖတ်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။ များများလည်း share ပေးကြပါ။ မျိုးဆက်သစ်တွေအတွက်ပေါ့။
     
             အိပ်မက်လှလှလေးတွေ မက်ပါစေ။

Crd. .M Swe Fone

Credit # Sayar Kaung

Photo # ဉာဏ်နိုင်

Friday, September 13, 2019

လူလိမ်တင်ထွန်း (အင်ဂျင်နီယာအတု၊ စစ်ဗိုလ်အတု)

လူလိမ် တင်ထွန်

အဂတိကော်မရှင် က (ရာထူးမရှိတော့တဲ့) လူလိမ် ကိစ္စတွေကို အရေးယူပေးဖို့ ..အရမ်းခက်တယ် လေ။ ရာထူးဝန် ကို တိုင်တဲ့ကိစ္စ.. အဂတိက အရေးယူမရပါ အကြောင်းပြန် ပြီး..သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး 3ဦးနဲ့ စုံစမ်းကော်မတီ က ခေါ်ပြီးစစ်တယ်။ စာနဲ့ ပြင်းထန်စွာ သတိပေးလိုက်တယ်.. လို့ သမ္မတရုံး ပြောဆိုခွင့်ရှိသူ ဦးဇော်ဌေးက (အရင်လက) သတင်းစာရှင်းတယ်။ ..

အဲဒီလူ တင်ထွန်း က ၂၀၀၆ တုန်းက သူ့ကားပေါ်မှာ စစ်အုပ်ထုပ်တင်.. ကားထိုင်ခုံပေါ် ဗိုလ်မှုးကြီး စစ်အကျီင်္ စွတ်ထားပြီး..ကျနော့်မိတ်ဆွေတယောက်ကို သိန်း၁၀၀ ဖိုး ကျွန်းသစ် ကွန်တိန်နာ ၃ခုစာ လိမ်သွားတယ်။ နောက် နှစ် မကြာခင် အင်ဂျင်နီယာကောင်စီက လူကြီးလူကောင်း တွေနဲ့ စားသောက်ဆိုင်မှာ ဆုံတော့ ဟာ အစ်ကိုရေ..ဆိုပြီး (မျက်နှာပြောင်) ထလာ နှုတ်ဆက်တယ်။ အဲဒီ ၂၀၀၆ ကတည်းက ဗိုလ်မှုးကြီး အယောင်ဆောင်ပြီး အပြောကောင်း အမူယာကောင်း နဲ့ လိမ်စားနေတာ။ အဲဒီ သိန်း ၁၀၀ အလိမ်ခံရသူ စီးပွားရေးသမား ခမြာလည်း လူလိမ်တင်ထွန်းကို တရားစွဲဖို့..အဂတိကော်မရှင် တိုင်ဖို့ မလုပ်ချင်ဘူး။ သိန်း ၁ထောင် အလိမ်ခံရသူ လဲ. သူကိုယ်တိုင် တွေ့ လိုက်ရတော့. "ငါက တော်သေးတယ် " ပဲ ဖြေသိမ့်. သင်ခန်းစာ ယူ လိုက် ပါ တယ် လို့ ပြောပြတယ်။ ..
.
အခု အဲဒီလူ သူလိမ်ပြီး ရတဲ့ငွေတွေ.. ပါနီထဲကရေ ပါနီထဲ ရောက်သွားပြီလို့.. ကြားရတယ်..တဲ့။ Engineer Never Fail ဆိုသူလည်း တင်ထွန်းကိစ္စ မပြော မရေး.. မိမိ စီးပွား အမြတ်စွန်းရဖို့ပဲ စိတ်ဝင်စားကြတယ်။ နစ်နာသူတွေကတောင် တရားမစွဲဘူး။ အင်ဂျင်နီယာ ကောင်စီ က လိမ်လည်မှု 420 နဲ့ တရားစွဲထားတယ် ပြောတယ်။ ရှောင်နေမှာပါ။ ပိုင်မှပဲ တိုင်ရမယ် ထင်ပါတယ်။

ဒီအတိုင်းပဲ ထားရမလား။ အဂတိ ကော်မရှင် က တိုင်ရင် အရေးယူဖွယ် ရှိပါသလား။ တိုင်စာကြမ်း နဲ့ Catch Me If You Can.Pdf ဖိုင် မှာ ပုံမှာ ရေးထားတဲ့ အကြောင်းအရာများ၊ လက်ရှိ အခြေအနေ လိမ်လည်မှု ဖိုးတွမ်တီး နဲ့ အင်ဂျင်နီယာကောင်စီ က တရားစွဲဆိုထားကြောင်း ကောင်စီလူကြီးတစ်ဦးက သတင်းကေးပါတယ်။

အဂတိကော်မရှင် ဆီ တရားဝင် တိုင်စာ ပို့လဲ အလကား ဖြစ်မလား?။ တိုင်ရင် ဘယ်သူ လက်မှတ်ထိုး နိုင်သူများ ကွန်မင့် မှာ
.
အမည်
BE ဘွဲ့ ရ မေဂျာ၊ ခုနှစ်
TU အမည်

များကို မန့်ပြီး ဝန်းရံပေးပါရန် မေတ္တာ ရပ်ခံပါတယ်။

Zaw Aung
BE (Ec) 1985
RIT
12.9.2019

ဆက်ဖတ်ရန်လင့် (web)
https://engrmyanmar.blogspot.com/2019/01/blog-post.html?m=1

Tuesday, September 11, 2018

USA က World Class လမ်း တွေကုန်ကျစရိတ်တဲ့ တစ်မိုင်ကို 1.2 million, မြန်မာစက်မှုဇုံလမ်းက 4.5 million, ဘင်္ဂလားဒေ့ခ်ျမှာ 6.5 million



လှည်းကူး စက်မှုဇုန်မှာလမ်း၎လမ်း သွား9.35kilometreအတွက် ဘတ်ဂျက့် ငွေ$သန်း26ကျော်ပဲ တောင်းခံပါတယ် တကယ်က 9.35 KM ဆိုတာ တစ်မိုင် ကို 1.6 km နဲ့တွက်ရင် 5.85 miles ပါ ဒါကို US 26 million ကျော် တစ်မိုင်ကို 4.49 US million ကျတယ်ခင်ဗျ ဒါလုပ်သင့်တဲ့ဖေါက်သင့်တဲ့လမ်းကြီပါခင်ဗျာ ထောက်ကြံတံတားက မဆောက်ဖြစ်တော့ဘူးလေ သိတယ်မဟုတ်လား ဒီလိုနဲ့ ပျော်နေတုန်းရှိသေးတယ်ဗျာ အင်္ဂလန် ကို Win Maung ဆိုတဲ့လူက ဟေ့လူကြီး အန်ကယ်တင့် ဒါလေးကြည့်ဗျာတဲ့ ခင်ဗျားတို့ ဘိရုမာတွေဆောက်မှာ တစ်မိုင်ကို 4.49 million ဆိုတော့ဗျာ ဒီမှာကြည့်တဲ့.
ဒါ USA က World Class လမ်း တွေကုန်ကျစရိတ်တဲ့ ပထမတစ်ခုက တစ်မိုင်ကို 1.2 million နောက်တစ်ခုက 1.5 million ဗျတဲ့ ဆောက်ထားတာ ပုံမှာကြည့်တဲ့ အပေါ်က ဟာက မိုင် ၄၈ မိုင်ကို သန်း ၅၀ ဒီတော့ တစ်မိုင်နုံးဗျာ တစ်မီလီယမ်သာသာဗျာတဲ Quotation လိုရင် တောင်းပေးပါ့မယ် တဲ့
ဒါပေမဲ့ မြန်မာပြည်လိုပဲ ဈေးကြီးတဲ့နိုင်ငံရှိပါတယ် စိတ်မဆိုးကြပါနဲ့ ဘင်္ဂလားဒေ့ရှ်ပါ တစ်ကီလိုမီတာကို 6.6 million, 11.9 million $ ကနေ 2.5 million $ ကုန်ကျပါတယ် သူ့နိုင်ငံကတော့ လာဒ်စားလို့ management ညံ့လို့လို့ရေးထားပါတယ် တရုပ်နဲ့ အန္ဒိယမှာတော့ 1 KM ကို 1.2 -1.6 million $ အတွင်းမှာကုန်ကျပါတယ်ခင်ဗျာ လမ်းကုန်ကျစရိတ်ဆိုတာ terrain condition တွေ land compensation တွေ bridges တွေဘယ်လောက်ပါနေလဲအပေါ်လဲမူတည်နေတာမို့ လှေနံဒါးထစ်တော့ပြောမရပေမဲ့ မှားနေတာကတော့ သေချာပါတယ် ဒီစက်မူ့ဇုံလမ်းဟာ မြေညီပိုင်းပါ လူနေမဟုတ်လို့ မြေသိမ်းဖို့ ကုန်ကျစရိတ်မရှိပါဘူးမ တကယ်လိုမလိုမသိပေမဲ့ ဒီလိုကုန်ရင်တော့ မျိုးချစ်စိတ်ဘေးချပြီး တရုပ်ကုမဏ္ဏီကို ဖေါက်ခိုင်းလိုက်ပါဗျာ အခုcost က အိမ်နီးချင်းတရုပ်အိန္ဒိက ဘင်္ဂလား 4 lane high way price မို့လို့ လှည်းကူးလမ်းနဲ့ apple to apple ယှဉ်နိုင်ပါတယ်ခင်ဗျာ ( www.thedailystar.net/…/road-construction-cost-way-too-high-…)
ခွင့်လွတ်ကြပါဗျာ ကျနော့်သူငယ်ချင်းတွေက မနာလိုဝန်တိုစိတ်ကြီးကြတယ် နိုင်ငံခြားမှာဒေါ်လာစားပြီးလုပ်နေတာ မြန်မာပြည်က လခစား မြန်မာအင်ယာကြီးတွေလောက်မချမ်းသာလို့ဆိုပြီး အမြဲတမ်းမနာလိုစိတ်နဲ့ ပြသာနာရှာနေကြတယ် ကျနော့်သူငယ်ချင်းတွေအရမ်းဆိုးတယ်ဗျာ
...
843 Shares .. 




မလေးရှား၊ စင်ကာပူ၊ ထိုင်း၊အိန္ဒိယ၊ Europe၊ UK နဲ့ USA က လမ်းတည်ဆောက်ရေး ကုမ္ပဏီများက ဆလရ ထက်ပိုသက်သာတယ်၊ World Class လမ်းတွေလဲရမယ်။
Quotation လိုခြင်ရင် ပြောပါ
ုံးဝသက်သာစေရမယ်
ကြောငြာတာမဟုက်ဘူး တကယ်ပြောတာပါ။
😂😂😂😂😂😂😂😂😂😂😂😂😂
နောက်တာမဟုက်ဘူး၊ အတည်ပြောတာပါ။ 
အမေရိကမှာ တည်ဆောက်ထားတဲ့ လမ်းတွေ တံတားတွေရဲ့ ကုန်ကျစရိတ်တွေ ကို PDF file ပေါ်မှာ ဖွင့်ကြည့်ပါ။
https://www.dropbox.com/s/ivu7g1u6kmfn79z/WSDOT_HighwayCosts_2004.pdf?dl=0




Khin Mg Htwe ရင်းနှီးမြုတ်နင်္ှမဲ့သူကတကယ်လာမှာလား
အကောင်းဆုံးကဆောက်လုပ်ရေးဌာနကိုမလုပ်ခိုင်း
ဖို့အရေးကြီးတယ် နိုင်ငံခြားကုမ္ပဏီကိုတင်ဒါခေါ်ပါ


Aung Moe နောက် တစ်ခု ပြော ချင် တာက အနောက်နိုင်ငံ တွေ မှာ က technical cost အပြင် regulatory compliance အတွက် လဲ ကုန်ပါတယ်။ stakeholder consultation တို့ community engagement တို့ အပါအဝင် ပေါ။
regulator တွေ လက် ခံ လောက် အောင် လုပ်ရတာ က extra cost ဖြစ်မယ် ထင် ပါတယ်။ ဒါကြောင့် လမ်း တကယ် တည် ဆောက် စရိတ် က တော့ အဲဒီ quote လုပ်ထားတာထက် ထက် နည်းမှာပါ

Win Naing ပြည်ထောင်စုလွှတ်တော်ဘတ်ဂျက်နဲ့ ၂ပေအကျယ် ၂ပေအနက် အရှည်ပေ၆ဝဝ ရေမြောင်းလုပ်ဖို့ . yellow book ဆိုတဲ့ဒေသပေါက်ဈေးနှုန်းစာအုပ်ထဲက နှုန်းထားတွေနဲ့တွက်ပြီးတင်လိုက်တာ ဘတ်ဂျက် သိန်းတစ်ရာရတယ်. ရပ်ကွက်ဖွံ့ထောက်က ဖိဖိစီးစီးလုပ်လိုက်တာ qualityအပြည့် ပေ၇၅၀ ရတယ်..အုတ်တွေပိုလို့ ပြန်ရောင်းတဲ့ငွေနဲ့ မီးသတ်ဆေးဗူး တစ်သိန်းကျော်ဖိုးဝယ်လို့ရသေးတယ်.. စည်ပင် ကထပ်လုပ်မယ့်ရေမြောင်းကျတော့ ဒီအကျယ် ဒီအနက်အတိုင်း ပေ ၁၂၅၀ကို ၃၂၈သိန်းချပေးထားတယ်.. တွက်သာကြည့်တော့

Jason Min Naing ADB ချေးငွေဖြင့် ဆောင်ရွက်မည့် ၅၄.၅ ကီလိုမီတာ အရှည်ရှိသည့်
မအူပင် - ကျိုက်လတ် - ဖျာပုံ လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် 
(Civil Work Contractor) လုပ်ငန်းဆောင်ရွက်ရန် 

တင်ဒါအောင်မြင်ခဲ့သည့် ကန်ထရိုက်ကုမ္ပဏီများ ကြေညာခြင်း
*********************************************************************

ADB ချေးငွေဖြင့် ဆောင်ရွက်မည့် ၅၄.၅ ကီလိုမီတာ အရှည်ရှိသည့် မအူပင် - ဖျာပုံ လမ်းကို အဆင့်မြှင့်တင်ရန် ၀+၀၀ ကီလိုမီတာမှ ၂၅+၅၀ ကီလိုမီတာထိ လမ်းပိုင်း(ICB(1)-MP) နှင့် ၂၅+၅၀ ကီလိုမီတာမှ ၅၄+၄၅ ကီလိုမီတာထိ လမ်းပိုင်း(ICB(2)-MP) တို့ကို လုပ်ငန်းဆောင်ရွက်ရန် အပိုင်း(၂)ပိုင်းခွဲ၍ (၁၃-၉-၂၀၁၄)ရက်နေ့တွင် နိုင်ငံတကာတင်ဒါ ခေါ်ယူခဲ့ပါသည်။

(ICB(1)-MP)လမ်းပိုင်းအတွက် နိုင်ငံတကာကုမ္ပဏီ(၉)ခုနှင့် (ICB(2)-MP)အတွက် နိုင်ငံတကာကုမ္ပဏီ(၆)ခု တင်ဒါတွင်သွင်းခဲ့ကြပါသည်။

တင်ဒါတင်သွင်းသော ကုမ္ပဏီများ၏ နည်းပညာပိုင်းကို ADB မှ ကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် ကနဦးစိစစ်ခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ အောင်မြင်ခဲ့သော ကုမ္ပဏီများ၏ အဆိုပြုဈေးနှုန်းများကို ဖွင့်ဖောက်၍ စိစစ်ကာ ADB ရုံးချုပ်က Civil Work Contractor ရွေးချယ်မှုအတွက် အောက်ပါ ကုမ္ပဏီ(၂)ခုကို အတည်ပြုခဲ့ပါသည် -

(က) (ICB(1)-MP)လမ်းပိုင်း - Jung Heung Construction Co.Ltd, (ကိုရီးယားနိုင်ငံ)
(ခ) (ICB(2)-MP)လမ်းပိုင်း - ရွှေတောင်၊ Wika၊ Tokyu၊ STK JV (မြန်မာ၊ အင်ဒိုနီးရှား၊ ဂျပန် ဖက်စပ်).
https://goo.gl/VogS3q

https://www.facebook.com/MinistryofConstruction/photos/a.443877682370192/860470434044246/?type=3&theater

Jason Min Naing 1 sqm $ 60ဆိုကွန်ကရစ်လမ်း သေချာဖေါက်လို့ရပါပြီ။ road furniture နဲ့ drainage တွေမပါပေါ့။ Asphalt လည်းသိပ်မကွာဘူးခင်ဗျ။ နဲနဲပိုသက်သာနိုင်ပါတယ်။
https://www.facebook.com/100000000806965/posts/2086428954700444/
မြန်မာနိုင်ငံက ADBလမ်းတွေရဲ့ ဈေးနှုန်းတွေ ကိုဝင်းမောင်ပို့စ်အောက်မှာမန့်ပေးထားတယ်။


LikeShow more react

Tint Lwin မြနိမာပြည်ကွနိကရိလမ်းတွေက နိုင်ငံခြားမှာလိုသံချောင်းမထည့်ဘူးနော် ထပ်လျော့ပါဦး

Manage


Reply2d

Jason Min Naing သံချောင်းမပါပါဘူး၊ နိုင်လွန်ကတ္တရာလမ်းလည်း သူ့ထက်နဲနဲပဲလျော့ပါတယ်။ 
International Consultant ရဲ့ ဒီဇိုင်းပေါ် တွက်ကြည့်ထားတဲ့ အကြမ်းဖျင်းဈေးပါ။ +/- တော့ရှိပါတယ်။ ဆလရ
စည်ပင်ဈေးကဒီထက်နည်းမယ်ထင်တယ်။

Jason Min Naing သီလဝါaccess road သံလျင်တံတားကနေ ရေကြောင်းတက္ကသိုလ်ထိ လုပ်တာ ဒေါ်လာသန်း ၄၀ ကျော်ပါ လမ်း တံတား ရေမြောင်း လျှပ်စစ် လိုင်းရွှေ့ မီး road furnitrure အပါ ပါ။



Win Htein ပညာတတ်တွေလိမ်ရင် တိုင်းပြည်အင်မတန်နာပါတယ်ဆြာတင့်ရေ

M Zaw Aung ဒီနေ့ အမေရိကားက သူငယ်ချင်းတယောက်နဲ့ တွေ့ဆုံ စကားပြောကြတယ်။ သူကပြောတယ်။ NLD Military နှစ်ခုစလုံး သူတို့ရထားတဲ့ အာဏာကို သုံးပြီး ကြာနိုင်သမျှ အုပ်ချုပ်ဖို့.. သူတို့နဲ့ဆိုင်သူတွေပဲ တတ်နိုင်သမျှ လက်ဝါးကြီးအုပ်ဖို့ လုပ်နေကြမှာပဲ.. စိတ်ကောင်စေတနာနဲ့ နိုင်ငံရေးလုပ်တာမဟုတ်ဘူး..အာဏာရဖို့ ရရင် မြဲနေဖို့ လုပ်ကြတာ.. လို့ သူ့အမြင် ပြောပြပါတယ်။.. ကျနော့် အမြင်ကတော့ မြန်မာနိုင်ငံ တကယ်ကြီးပွားတိုးတက်အောင် မေတ္တာ(သနားဂရုဏာ) + သစ္စာ(ကိုယ်ကျင့်တရားကောင်း) နဲ့. လုပ်နေတဲ့ မြန်မာရော နိုင်ငံခြားသားရော အများကြီးတွေ့တယ်ဗျ။ . . 
. . ဒီကန်ထရိုက်ကြီး ရလို့ တမိုင် ဒေါ်လာ ၂သန်း မြတ်မယ်မထင်ပါနဲ့..ဝိုင်းတောင်းသူ. လုပ်စားသူ တွေကြောင့် ၅နှစ်ကြာရင် ချိုင့်ခွက်တွေ အက်ကွဲကွန်ကရစ်တွေ ဖြစ်မသွားရင်.. အဲဒီ လမ်း ဆောက်သူတွေရဲ့ အောင်မြင်မှုပါပဲ။ QC Private Monitor လုပ်ပေးမဲ့ Consultant ကောင်းတခု ဆိုရင် အဲဒီ ကန်ထရိုက် လုပ်ခဲ့တဲ့ ကုမဏီ လမ်း တွေကို သုံးသပ်ရမယ်။ အရင်က လုပ်စားခဲ့တယ်.. အခု (သိပ်) မလုပ်စားတော့ဘူး.. ဆိုတာမျိုး.. ဖြစ်လာမယ် ယုံကြည်ပါတယ်..ကျေးဇူးပဲ အန်ကယ်တင့် နဲ့ မိတ်ဆွေများရေ
အန်ကယ်တင့် ခင်ဗျား field မဟုတ်ပဲ လမ်း ဘတ်ဂျက်တွေ ပြည်ပလမ်းစရိတ်တွေနဲ့ယှဉ်ပြီး ကြိတ်နေတာ ဟုတ်မှလုပ်တဲ့ သူငယ်ချင်းတစ်ယောက်က အန်ကယ်တင့်ဆေးဘဲမဟုတ်မှန်းသိလို့ cb ကလာပြောတာပါဗျာ ဘယ်ရမလဲဗျာ အညံ့တော့မခံဘူး ဟကောင်ကြီးရ သေချာပါတယ်ကွာလို့ ဘာလို့လဲဆိုတော့ အိမ်နီးချင်း တရုပ် အန္ဒိယ နဲ့ အတူတူကုန်တောင် ငါက များတယ်ပြောဦးမှာကွလို့ ဘာလို့လဲဆိုတော့ မြန်မာပြည်က ကွန်ကရိလမိးတွေက အိမ်နီးချင်းနိုင်ငံက ကွန်ကရိလမ်းတွေလို သံချောင်းထည့်လောင်းတာမှမဟုတ်တာ ပိုတောင်သက်သာသေးတယ်ဗျ😊