Showing posts with label သင်္ဘောအင်ဂျင်နီယာ. Show all posts
Showing posts with label သင်္ဘောအင်ဂျင်နီယာ. Show all posts

Tuesday, January 22, 2019

မီးစက်တလုံးပျက်သွားရင်...Ship Electrician &, CE


မီးစက်တလုံးပျက်သွားရင်

မီးစက်တလုံးပျက်သွားရင်သဘောင်္သွားလို့ရပါသလား။
ဘယ်သူမှမသိရင်ရနိုင်ပါတယ်။ ဘယ်သူမှမသိရင်ဆိုတာကြိတ်ပြီးပြင်နေတာမျိုးကိုပါ။ ကုမ္ပဏီကလည်း class တို့ ဆိုက်ရောက်မဲ့ဆိပ်ကမ်းတို့မှာအသိမပေးတာမျိုးပါ။
သွားလို့ရမရက သဘောင်္အမျိုးအစားပေါ်မူတည်နိုင်သလို၊ အခြေအနေ အချိန်အခါနဲ့ အတိုင်းအတာပေါ်မူတည်ပါသေးတယ်။

ဥပမာ အအေးခန်းသဘောင်္လို၊ Reefer container လိုမျိုးဆိုရင် cargo operations အတွက် မီးစက်က power တွေလိုနေပါတယ်။ သို့သော်လည်း Reefer container တွေမတင်တော့တဲ့အခါမျိုးမှာမီးစက်ကပျက်တယ်ဆိုပါဆို့၊ ပြင်ဖို့ spare parts တွေကလိုနေတယ်ဆိုရင် သဘောင်္က chief engကနေ load analysis ကို update လုပ်ပြီး class ကိုတင်ပြပြီးယာယီ approval ရယူကာ နောက်ဆိပ်ကမ်းကို သွားလို့ရနိုင်တဲ့အခွင့်အရေးရှိနိုင်ပါတယ်။ တခြားစဉ်းစားရမယ့်အချက်တွေလည်းရှိပါတယ်။ လိုက်နာရမယ့်စည်းကမ်းနဲ့ဆိုင်သလို၊ Surveyor ရဲ့ တင်းကျပ်မှုနဲလည်းဆိုင်ပါတယ်။

ပင်လယ်ပြင်မှာသွားဖို့အတွက် ရှိနေရမယ့် မီးစက်အရေအတွက်နဲ့ သူ့ရဲ့capacityလိုအပ်ချက်ကြို သဘောင်္ classတွေမှပြဌာန်းထားတာရှိပါတယ်။ Primary essential services၊ Secondary Essential Service တွေ နဲ့ Minimum Comfortable Condition of Habitability (MCCH) တွေဆိုတဲ့ electrical loads တွေကို အပိုထားထားတဲ့မီးစက်မပါပဲ ကျန်တဲ့မီးစက်တွေကနေ အခြေနေအားလုံးမှာလုံလောက်စွာပေးနိုင်ရပါမယ်။ ဆိုလိုတာကတော့ ပင်လယ်ပြင်မှာသွားပြီဆိုရင် မီးစက်တလုံးအမြဲအပိုရှိနေရပါမယ်။ ( အခြေအနေ-ကမ်းဝင်၊ကမ်းထွက်၊ကုန်တင်၊ကုန်ချ၊ ပင်လယ်သွား၊ကမ်းမှာနဲ့ အရေးပေါ် စသည့်အခြေနေများ)

MCCH ဆိုတာကတော့အရေးမကြီးတဲ့ cooking, heating, domestic refrigeration, mechanical ventilation, sanitary and fresh water တို့ကိုဆိုလိုတာပါ။ SOLAS သဘောင်္ဆိုရင် electrical power ဟာ နာရီဝက်အတွင်းdead ship အခြေနေကနေ propulsion အတွက်လိုအပ်တဲ့ power ရတဲ့အထိလုံလောက်နေရပါမယ်။  ဒါပဲလားဆိုတော့မဟုတ်သေးပါဘူးတဲ့။ သဘောင်္မှာ Special Notation တွေပါနေရင် သူ့တို့အတွက်ပါထည့်စဉ်းစားရပါမယ်တဲ့။

နဲနဲလေးပိုမြင်ရအောင် လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်တော် စစ်ဆေးပြီး ယာယီအတည်ပြုခဲ့တဲ့ ဒီဇိုင်းလေးတခုကိုမျှဝေပါမယ်။

ကမ္ဘာ့နာမည်ကြီး ဒိန်းမတ် container သင်္ဘောကုမ္ပဏီ က အအေးခန်းသေတ္တာတွေတင်လာတဲ့ သဘောင်္တစီးဟာ မီးစက်တလုံးပျက်ပါတယိ။ ပြင်ဖို့ ပစ္စည်းတွေမှာထားချိန်မှာ သဘောင်္ကိုမရပ်ထားချင်လို့ ကျွန်တော့်ကိုအကြောင်းကြား ဒီဇိုင်းသက်သေပြုပေးဖို့ ပြောပါတယ်။ ကျွန်တော်ကလည်းလိုအပ်ချက်တွေပြောပြပြီး နောက်ဆိပ်ကမ်းရောက်ရင်ပြင်ရမှာဖြစ်ကြောင်း approval မှာထည့်ရေးပေးပါတယ်။ နောက်တလလောက်ကြာတော့ surveyor ကဖုန်းဆက်လာပါတယ်။ သဘောင်္ဟာ ဒီဆိပ်ကမ်းကနေမပြင်ပဲပေးထွက်နိုင်ဘူးဆိုတာပါ။ အဲဒီတော့မှ သူတို့မပြင်သေးပဲလျောက်သွားနေမှန်းသိတော့တယ်။ surveyor ကခြင့္မျပဳေတာ့ သေဘာၤကမထြက္ရပါဘူး။ ဒါနဲ့ ကျွန်တော်ဆီဆက်သွယ်အကူညီတောင်းပြန်တယ်။ ကြည့်လိုက်တော့ သူတို့သဘောင်္မှာRefrigeration notation ကမပါဘူး။ ဒါကြောင့် ကမ်းဝင်ကမ်းထွက်နဲ့ ပင်လယ်သွားချိန်မှာရှိတဲ့ Load တွေကိုတွက်ချက်ကြည့်လိုက်တော့ အအေးခန်းသေတာတွေမသုံးရင် မီးစက်တလုံးထဲနဲ့လောက်ရုံရပါတယ်။ အဲဒီတော့ သူတို့နဲ့ surveyorကို ဒီသဘောင်္ဟာ Reefer containers တွေမတင်ပဲ၊ အချို့electrical load တွေ့လျော့ရင် မီးစက်တလုံးစာအပိုထွက်လာနိုင်တယ်။ ပင်လယ်ပြင်မှာသွားဖို့ မီးစက်အပိုရလို့ သူတို့ Reefer containerတွေမတင်ရင် နောက်ဆိပ်ကမ်းအထိမောင်းဖို့ မင်းခွင့်ပြုလို့ရတယ်လို့ Surveyor ကိုပြောပြီးပြန်ညှိပေးလိုက်တယ်။

ကျွန်တော်စစ်ဆေးပြီးလုပ်ခိုင်းတဲ့အခြေအနေအချို့ကတော့
-ပျက်တဲ့မီးစက်ရဲ့ လေလိုင်း၊ ဆီလိုင်းတွေ၊ ဆားကစ်ဘရိတ်ကာတွေ၊ Electrical connections အကုန် isolateလုပ်ခိုင်းပါတယ်။
-ယာယီ load balance sheet မှာ ရီဖားloadတွေမပါစေပဲ၊ ကမ်းဝင်ကမ်းထွက် thrusterသုံးချိန်၊ ပင်လယ်မှာသွားချိနိမှာ အထက်ကအရေးကြီးတဲ့ load တွေအားလုံးလုံလောက်ပြီး မီးစက်တလုံးပိုတဲ့အထိတွက်ချက်ပြီး ရီဗြူးလုပ်ဖို့ပြန်တင်ခိုင်ပါတယ်။
-requirements တွေနဲကိုက်ညီတာနဲ့ surveyor ကိုပြောပေးပြီး နောက်ဆိပ်ကမ်းမှာမလွဲမသွေပြင်ဖို့ approval မှာ restrictions တွေ၊ commentsတွေရေးပေးပြီးကူညီခဲ့ပါတယ်။
-နောက်ဆိပ်ကမ်းရောက်လို့ ပြင်ပြီးတော့ ကျွန်တော်ကပုံမှန်ဒီဇိုင်းပြန်အတည်ပြု၊ surveyor ကတက်စစ်ပြီး  ဇတ်လမ်းလေးပြီးသွားပါတယ်။

မှတ်ချက်၊
Essentail  Loads (Primary essential services၊ Secondary Essential Service) တွေ ဟာများသောအားဖြင့်တူတတ်ကြလို့မရှင်းပြတော့ပါဘူး။
အထက်ကလုပ်ခိုင်းတဲ့ နည်းလမ်းကို မီးစက် decommissioning procedures လို့ခေါ်တတ်ပါတယ်

ဆက်စပ်လို့ရအောင် FB မှာ အရင်တခါရေးခဲ့ဖူးသော
"Power Factor မဟုတ်သော ဖက်တာလေးတခု" မှာ load analysis အကြောင်းဖတ်ကြည့်လို့ရပါတယ်။
https://www.facebook.com/1483146204/posts/10216571657392242/

load balance sheets ပုံစံများ;
https://goo.gl/images/PwwRfZ
https://goo.gl/images/dEc3fA
https://goo.gl/images/6L5em3

Technical Guide
http://www.caa.co.za/Airworthiness%20TGM/Electrical%20Load%20Analysis.pdf

Ref: Book
https://apps.dtic.mil/dtic/tr/fulltext/u2/a568950.pdf

ELECTRIC POWER LOAD ANALYSIS (EPLA) FOR SURFACE SHIPS
https://onlinelibrary.wiley.com/doi/abs/10.1002/9781118098844.ch6

LOAD ANALYSIS ရှင်းပြထားပုံ
http://shipmind.net/load-analysis
.
Cred Teo Min fb


Monday, December 25, 2017

သင်္ဘောဆောက် လုပ်ငန်းအနည်းငယ် လုပ်ဖူးလို့ ရေးပါရစေ...



နီယာကျောင်းဆင်းတွေကို လက်ဆင့်ကမ်းနေပါတယ်။ MEC ဥက္ကဋ္ဌ ဆရာကြီးဦချာလီသန်းက စစ်အင်ဂျင်နီယာကျောင်းမှာ Naval Architecture ပညာကို မျိုးစေ့ချပေးခဲ့တယ်။ ဖရီဂိတ်ဒီဇိုင်းလုပ်စဉ် စစ်အင်ဂျင်နီယာကျောင်းဆင်း ရုရှားမှာ ပညာသင်ခဲ့တဲ့ ရေတပ်အင်ဂျင်နီယာတွေပါဝင်ဒီဇိုင်းဆွဲခဲ့တယ်။ ဒီဇီုင်းပိုင်းနဲ့လက်ရာလက်သား အနည်းငယ်အားနည်းချက်ရှိပေမဲ့ failure မရှိသေးပါ။ ကုန်ကျစရိတ်က အများအားဖြင့် ပြည်ပကဝယ်မဲ့ဈေးထက် ၃ ပုံ ၁ပုံ ခန့် သာ ကုန်ကျပါတယ်။ မီဒီယာမှာ သတင်းမှားတွေပြန့်မှာစိုးလို့ ဝင်ရေးခြင်းပါ။


Moe Zaw
10 hrs
မထော်မနန်းသိပ်ပြောတဲ့စစ်ဗိုလ်တွေ
“အရှေ့တောင်အာရှနိုင်ငံတွေထဲ၊ ဖရီးဂိတ်တွေကိုယ်ပိုင်ဆောက်နိုင်လို့ ဗမာပြည်ရေတပ်ဟာထိပ်တန်းရောက်နေ” ဆိုဘဲ။
ကိုယ်တွေလည်းကိုယ့်တိုင်းပြည်နဲ့ပါတ်သက်ပြီး ဂုဏ်ယူချင်လွန်းပေမယ့် မဟုတ်တမ်းတယားတွေပြောနေတာမျိုးကိုတော့ လုံးဝ လက်ခံပေးလို့မရပါဘူး။
သင်္ဘောတစ်စီးနဲ့ပါတ်သက်ပြီးအရင်ဆုံးပြောရမှာကတော့ ဒီဇိုင်းပေါ့။
ဒီဇိုင်းကိုဘယ်သူ့ဆီကဝယ်သလဲကနေစရမှာပါ။ ဒီဇိုင်းဝယ်ဖို့အတွက်ဆို ဒီဇိုင်းနဲ့ပါတ်သက်ပြီးဘယ်သူတွေက အကဲဖြတ်ကြ၊ လေ့လာကြ၊ သုံးသပ်ကြ၊ ဆုံးဖြတ်ကြမလဲဆိုတဲ့မေးခွန်းနဲ့တင် လူ့စွမ်းအားအရင်းအမြစ်အရာမှာတိုင်ခြေကပ်နေတဲ့ဗမာပြည်ဟာ အတော်ကလေးကိုဘဲ အကြပ်ရိုက်မယ့်ကိစ္စပါ။ ရုရှဆီကနေ တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းလုပ်သူတွေအပေါ် ကဖျက်ယဖျက်လုပ်တဲ့အယုတ်တမာ ပဉ္စမံအလုပ်တွေကလွဲလို့ ဗမာစစ်ဗိုလ်တွေအခြားထူးခြားပြီးဘာမှတတ်ကြတာမဟုတ်ပါဘူး။ အခြားဘယ်သူ့ဆီကမှလည်း အပတ်တကုတ် လေ့လာသင်ယူထားတယ်မကြားမိလို့ ဖရီးဂိတ်စစ်သင်္ဘောတွေနဲ့ပါတ်သက်ပြီး နိုင်ငံတကာကိုဝင်ဆံ့တဲ့ ပညာရှင်ဗမာပြည်မှာ ဘယ်နှစ်ယောက်များရှိလေမလဲလို့ တကယ့်ကိုသိချင်မိပါတယ်။ ပြည်တွင်းမှာထင်တိုင်းကြဲတာကိုတော့ စကားထဲတောင်ထည့်မပြောပါဘူး။ ဒီတော့ ဖရီးဂိတ်နဲ့ပါတ်သက်လို့ ဒီဇိုင်းကိစ္စမှာတင် ဂွမ်းပါပြီ။

ပစ္စည်းဝယ်တာကိုဆက်ပြောပါ့မယ်။
ဒေါ်အောင်ဆန်းစုကြည်တို့အစိုးရ ရွေးကောက်ပွဲနိုင်ပြီးနောက်မှာမှ ပိတ်ဆို့မှုတွေလျော့ပါးလာတာပါ။ ဒေသတွင်းဖွတ်ကြားတွေဆီကရတဲ့ နည်းပညာ၊ ရေတပ်မှာအထင်ကြီးစရာမရှိလှတဲ့ တရုတ်၊ ရုရှ တို့ဆီကနည်းပညာတွေဆိုရင်တော့ ဘာမှဆက်မပြောတာကောင်းပါတယ်။ ဖရီးဂိတ်တွေကိုဘယ်လိုဒီဇိုင်းထုတ်ပြီး ဘယ်လိုပစ္စည်းတွေနဲ့ဆောက်ဖို့ကြံသလဲဆိုတာ ရင်မောစရာကြီးပါ။ ဘဝမှာ ၂၀၁၂ တုန်းက ရေတပ်ဗိုလ်မှူးတစ်ယောက်က စစ်သင်္ဘောကို Stainless Steel နဲ့ဆောက်ဖို့ခေါင်းမာမာနဲ့ပြောတာကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။ အဲသလို အရာရှိမျိုးတွေလူတွင်ကျယ်နေခဲ့ရင် ဖရီးဂိတ်စစ်စစ်အတွက်တကယ်လိုအပ်တဲ့ ပစ္စည်းတွေသိရှိ နားလည် လေ့လာ ဝယ်ယူနိုင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါဖြင့် ပစ္စည်းဝယ်တာလည်း ဂွမ်းပြီပေါ့။
ဆောက်တဲ့ကိစ္စ။

သင်္ဘောတစ်စီးဆောက်တယ်ဆိုတာ Hull & Structure လို့ခေါ်တဲ့ သံခွံရယ်၊ Piping လို့ခေါ်တဲ့ ပြွန်တွေပိုက်တွေရယ်ကိုသာ အဓိက ဆောက်ကြပြီး ကျန်တာတွေမှာယူ့တပ်ဆင်ကြတာပါ။ ကမ္ဘာကျော် ဟွန်းဒေ၊ ဆမ်ဆောင်း၊ ဒေဝူး အစရှိတဲ့ကျင်းတွေကတော့ သူတို့ပစ္စည်း သူတို့ထုတ်ကြတာပေါ့။ စင်္ဂပူသင်္ဘောကျင်းတွေတောင် စက်ပစ္စည်းတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေကို မှာပြီးတပ်ဆင်ကြရပါတယ်။ ကောင်းပြီ၊ Hull, Structure, Piping, Outfit တွေကိုကောင်းကောင်းဆောင်ရွက်နိုင်တဲ့သင်္ဘောကျင်း ဗမာပြည်မှာဘယ်နှစ်ခုရှိပါသလဲ ??? ဟုတ်ကဲ့၊ တစ်ခုမှမရှိပါ။ အတော့ကိုစိတ်မကောင်းစရာပါ။ အဆင့်မှီတဲ့ Welder တွေ၊ Fitter တွေမှ ကောင်းကောင်းမရှိပါဘဲ ဒီသင်္ဘောတွေ ဘယ်လိုလုပ်ပြီး စိတ်ချရပါ့မလဲ။ သင်္ဘောဆောက်တဲ့သံပြားတွေဆိုတာ ပီကေနဲ့ကပ်လို့ရတာမှမဟုတ်တာ။ DT တွေ၊ NDT တွေကိုလည်း အမိန့်အာဏာနဲ့ဘဲ ကျော်လွှားပုံရပါတယ်။ ဆေးသုတ်ပြီးလှတပတပြင်၊ အဆုံးသတ်မှာလိမ်တဲ့ပုံပါဘဲ။

တစ်နေ့ကို ၈ နာရီ သုံးဆိုင်းနဲ့၊ တစ်နေ့ ၂၄ နာရီဆောက်တောင်၊ အရည်အသွေးတကယ်ပြည့်မှီတဲ့ သင်္ဘောကိုယ်ထည်တစ်ခုရဖို့ (အခုလို ဖရီးဂိတ်ဆိုရင်) အချိန် ၈လ နဲ့ ၁၄ လကြားကြာမှာ ဧကန်မုချပါဘဲ။ ကျန်တဲ့အဆာပလာတွေတပ်ဆင်ဖို့၊ အချောသတ်ဖို့၊ စက်စမ်းဖို့အတွက် လူအင်အား ရာထောင်ချီပြီးအလုပ်လုပ်ကြရပါတယ်။ နွားမရွှံ့ပိတ်လုပ်ပြီး တပ်ချုပ်၊ ရေချုပ်၊ အကောင်ကြီးကြီးတွေကနေ ဘတ်ဂျက်ချပေး၊ အဆင့်ဆင့်ခိုး၊ ဆေးသုတ်ပြီးလိမ်၊ ပြုံးဖြီးဖြီးနဲ့နွားပြာအောက်သွားမရှိလုပ်ပြီး ခပ်တည်တည်ဖွင့်ပွဲလုပ်၊ တကယ်တန်းရေပြင်ရောက်တော့ လိုအပ်တဲ့စွမ်းအားကမပြည့်၊ ငါးခိုးဖမ်းတဲ့ဝါးလပ်ကိုတောင်မမှီတာမျိုး၊ ရေထဲတောင်ရဲရဲဝံ့ဝံ့မမောင်းနိုင်လို့ ကမ်းကပ်ထားရတာမျိုးဆိုရင် တိုင်းပြည်လည်းနစ်နာ တပ်လည်းနစ်နာလှပါတယ်။ မခံချင်စိတ်နဲ့အပေါ်ကအမိန့်ပေးလို့သင်္ဘောထွက်၊ ရေထဲရောက်တော့မှ အကျိုးနည်းပြီး သင်္ဘောနစ်ရင် စီးလာတဲ့အရာရှိအရာခံအကြပ်စစ်သည်များရဲ့ တန်ဖိုးရှိလှတဲ့အသက်တွေနှမြောစရာကောင်းလှပါတယ်။
အခုဖော်ပြခဲ့တာတွေဟာ သင်္ဘောတစ်စီးရုပ်လုံးပေါ်လာရုံကိုသာပြောနေခြင်းဖြစ်ပါတယ်။ SOLAS, MARPOL, LOADLINE, TONNAGE နဲ့ အခြား HITECH WEAPONERIES တွေအကြောင်းမပြောသေးပါဘူး။ စစ်ခေါင်းဆောင်တွေအနေနဲ့ မတတ်ရင်လည်း လေ့လာသင့်ပြီး တိုင်းပြည်ကိုလိမ်တာတွေ၊ အောက်လက်ငယ်သားကိုလိမ်တာတွေရပ်သင့်ကြပါပြီ။ ဒါမျိုးတွေရေးလို့ အောက်ကလိလာမအာကြေးပေါ့။ သတ္တိရှိရင် စိန်ခေါ်လိုက်ပါလေ။ မင်းတို့သင်္ဘောတွေရဲ့ INTERMEDIATE SURVEY ကိုလုပ်အားအလကားပေးပြီး လာစစ်ပေးလိုက်မယ်။ SURVEY ကျသွားရင်တော့ သင်္ဘောတွေကြက်တန်းမှာချရောင်းပေါ့ … ။ ။
ချဲလင်းခေါ်တဲ့
လင်းမြတ်








သင်္ဘောဆောက် လုပ်ငန်းအနည်းငယ် လုပ်ဖူးလို့ ရေးပါရစေ...။ 
Moe Zaw ရဲ့ ပို့စ်မှာ မြန်မာတွေ (စစ်တပ်အပါအ၀င်) သင်္ဘောနည်းပညာမှာ အဆင့်မရှိသေးကြောင်း ရေးထားတာကို Zaw Win က အဆင့်ရှိကြောင်း ပြန်လည်တင်ပြထားပါတယ်။ ဗဟုသုတ အတွေ့အကြုံ ရှယ်ကြတာ.. ကျေးဇူးတင်ပါတယ်။ အခုခေတ်ကြီးက ထီးထီးနေလို့ရတဲ့ ခေတ်မဟုတ်။ အင်တာနက်ခေတ် ဆိုတော့ မြန်မာရေတပ်မတော် နဲ့ မြန်မာ့သင်္ဘောကျင်းက အရာရှိကြီးတွေ အင်တာနက်ထဲ ခေါက်ကြည့်ရင် အခြေအနေမှန်ကို သိနိုင်ပါတယ်။ 
.
..သင်္ဘောဆောက်ခြင်း နည်းပညာကို ကမ္ဘာအဆင့်ထိအောင် ပါဝင်နေတဲ့ မြန်မာသင်္ဘောအင်ဂျင်နီယာများစွာ စင်ကာပူနိုင်ငံမှာ ရှိနေပါတယ်။ Keppel Far East မှာ သင်္ဘောကြီး၊ သေး နဲ့ ရေနံတူးစင်အထိ မိမိဒီဇိုင်းနဲ့ မိမိကွန်ထရိုးစနစ်တွေသုံးပြီး တည်ဆောက် ၊ ရောင်းချ၊ အော်ဒါလက်ခံနေတာ ကြာပြီ ဖြစ်ပါတယ်။ စင်ကာပူတက်ကနိုလိုဂျီ ဆိုတဲ့ အများပိုင်ကုမဏီမှာ တန်ချိန် ၅ထောင် ပတ်ဝန်းကျင် သင်္ဘောငယ်များစွာ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ဆောက်နေကြပါတယ်။ သင်္ဘောဆောက်ခြင်းနည်းပညာက မြန်မာပြည်မှာ ကွန်ဒိုအထပ်မြင့်ဆောက်သလို သိပ်မခက်ပါဘူး။ ပထမတော့ သူများဒီဇိုင်းကို ၀ယ်ယူအသုံးပြုရင် တဖြေးဖြေး ကိုယ်ပိုင်ဒီဇိုင်းဖြစ်လာပါတယ်။ စင်ကာပူက ကမ်းလွန်ရေနံလုပ်ငန်း သင်္ဘောငှားစားတဲ့ POSH )www.posh.com.sg) ဆိုတဲ့ ကုမဏီမှာ ကျနော်အလုပ်လုပ်ခဲ့စဉ်က လေ့လာလုပ်ကိုင်ခဲ့ဖူးပါတယ်။ သင်္ဘောပေါင်း ၈၀လောက် ပိုင်ဆိုင်တဲ့ ကုမဏီဖြစ်ပါတယ်။ သင်္ဘောများစွာ ကုမဏီရဲ့ ဒီဇိုင်းနဲ့ စင်ကာပူအင်ဂျင်နီယာ၊ စူပရီတင်းဒင့် နဲ့ မန်နေဂျာ၊ ဒါရိုက်တာများက ကွပ်ကဲပြီး ဆောက်ခဲ့ကြပါတယ်။ ပထမတော့ အင်္ဂလန်၊ အမေရိကန် ကုမဏီကြီးများထံက မှာယူခဲ့ပေမဲ့ ၂၀၁၀ နောက်ပိုင်းမှာ တရုပ်နိုင်ငံက သင်္ဘောကျင်းများမှာ ကမ္ဘာ့ အဆင်မီ တည်ဆောက်နိုင်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံကလဲ ဧရာမသင်္ဘောကြီးများ ဆောက်ရာမှ ထိပ်တန်းဖြစ်လာတယ်။ ဂျပန်သင်္ဘောဆောက်ပညာကတော့ ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက ကမ္ဘာထိတ်တန်းပါပဲ။ 
.
မြန်မာသင်္ဘောဆောက်ပညာ တိုးတက်ဖို့ ကတော့ နိုင်ငံရဲ့ စီးပွားရေး ဘယ်လောက်အောင်မြင်သလဲ ဆိုတဲ့အပေါ် မူတည်နေပါတယ်။ လက်ရှိ 2017 GDP 70 billion USD မှာ မြန်မာသင်္ဘောကျင်းနဲ့ တပ်မတော်ရေ ရတဲ့ ဘတ်ဂျတ်နဲ့ ပင်လယ်ကူးသင်္ဘော၊ စစ်သင်္ဘောတွေ ၀ယ်ရပါတယ်။ တချို့သင်္ဘောတွေ ပြည်တွင်းမှာ ဆောက်ပါတယ်။ ပြည်ပက ၀ယ်ရင် သင်္ဘောတစ်စီး အမှာစာပို့တိုင်း၊ ၀ယ်တိုင်း အင်ဂျင်နီယာ အငယ်များကို အဲဒီသင်္ဘောဆောက်ရာမှာ စေလွှတ် ပညာသင်ခိုင်းရပါတယ်။ သင်္ဘောဝယ်စဉ် စာချုပ်မှာ Training Package ထည့်သွင်း သင်တန်းပေးဖို့ ..နောင်တော် စီနီယာကြီးများက စီမံခန့်ခွဲရမယ်ဖြစ်ပါတယ်။ ခုချက်ခြင်း ခေတ်မီသင်္ဘောကို ဆောက်ဖို့ မဖြစ်နိုင်ပါ။ သင်္ဘောဆောက် အင်ဂျင်နီယာများ မိမိအကြောင်း မိမိအသိဆုံး ဖြစ်ပါတယ်။ မြန်မာပြည်က သင်္ဘောများ ပြည်တွင်း ကမ်းရိုးတန်းမှာ ကြိုက်သလို သွားလာနိုင်ပေမဲ့.. ပြည်ပထွက်ဖို့ဆိုတာ Certificates, Class Approval များစွာ လိုကြောင်း Five Star သင်္ဘောလိုင်းက အင်ဂျင်နီယာ၊ ကပတိန်များ ကောင်းကောင်းသိပါတယ်။ 
.
သိသမျှအနည်းငယ်ကို ရှယ်ပါတယ်။ 
Merry Christmas...
M Zaw Aung