Showing posts with label ဥပဒေများ. Show all posts
Showing posts with label ဥပဒေများ. Show all posts

Thursday, February 21, 2019

ပါရဂူလက်မှတ် အတု (or) အရည်သွေးမမှီ ပြသနာ


Aung Myanmar (post)
၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် Akamai "တက္ကသိုလ်"က ရာထူးဝန် ဥက္ကဋ္ဌ ဦးဝင်းသိမ်းကို ဂုဏ်ထူးဆောင် ပါရဂူ လက် မှတ် အတု ကို ရန်ကုန်မြို့၌ ပေးအပ်ခဲ့သည် / Global New Light of Myanmar

https://burma.irrawaddy.com/news/2019/02/21/184047.html
ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကို အရေးယူရန် သမ္မတရုံးသို့ တိုင်ကြား
အရည်အသွေး မမီသည့် နိုင်ငံခြား ပညာရေး အဖွဲ့စည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အပေါ် ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကို စစ်ဆေး အရေးယူရန် နိုင်ငံတော် သမ္မတရုံးသို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု ရာထူးဝန် အဖွဲ့နှင့် အဆိုပါ တက္ကသိုလ်များ ချိတ်ဆက် ဆောင်ရွက်မှုကို လူမှုကွန်ရက် စာမျက်နှာနှင့် သတင်း စာ ဂျာနယ်များတွင် ဝေဖန် ထောက်ပြ ရေးသားနေသူ၊ လက်ရှိ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်၌ ပြည်သူ့ရေးရာ မူဝါဒ တက်ရောက်နေသည့် ကိုနေယံဦး၏ တိုင်ကြားစာနှင့် အတူ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က လက်မှတ် ရေးထိုးကာ ဖေဖော်ဝါရီလ ၁၉ ရက်တွင် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုနေယံဦးက“ကျနော်နဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်တို့ တွဲပြီး ပို့လိုက်တဲ့စာကို သမ္မတရုံးက လက်ခံရရှိပြီး တဲ့ နောက်ပိုင်းမှာ ပြည်သူတွေရဲ့အသံကို အလေးအနက် ထားပြီး ဒီအဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ ရာထူးဝန် အဖွဲ့ ကို စုံစမ်းစစ်ဆေးမယ်။ အပြစ်တွေ့မယ် ဆိုရင်လည်း ထိရောက်စွာ အရေးယူပေးမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြော သည်။

ရာထူးဝန် အဖွဲ့က ပြည်ပ ပညာရေး အဖွဲ့အစည်း နှစ်ခု ဖြစ်သော ဟာဝိုင်ယီမှ Akami Universtity၊ မလေးရှားမှ EDS Business School တို့နှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကိုနေယံဦး၏ တိုင်ကြားစာ၌ မလေးရှား အစိုးရသည် မလေးရှား အခြေစိုက် တက္ကသိုလ် ဒီဂရီ ကောလိပ်များကို အရည် အသွေး စစ်ဆေးကာ သတ်မှတ်ချက်နှင့် ညီလျှင် တရားဝင် အသိအမှတ်ပြု ထုတ်ပေး သော်လည်း EDS Business Schlool သည် မလေးရှား အစိုးရ၏ အသိအမှတ်ပြုမှုကို ရရှိထားသော အဖွဲ့အစည်း မဟုတ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဟာဝိုင်ယီ အခြေစိုက် Akami University သည်လည်း အမေရိကန် ပညာရေး ဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု ကို မရထားသည့် ပညာရေး အဖွဲ့အစည်း ၁၂ ခုတွင် တခု အပါအဝင် ဖြစ်ပြီး ဟာဝိုင်ယီ ဒေသခံများ၏ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းများအရ တက္ကသိုလ် အဆင့် မရှိဘဲ သင်တန်းကျောင်း သာသာ အဖွဲ့အစည်း ဖြစ်ကြောင်း ရေးသားထားသည်။

ပြည်ထောင်စု ရာထူးဝန် အဖွဲ့သည် ခိုင်မာမှု မရှိသည့် အဆိုပါ တက္ကသိုလ် နှစ်ခုနှင့် ၂၀၁၇ ခုနှစ်မှ စတင် ပူးပေါင်းကာ နိုင်ငံ့ ဝန်ထမ်းများအား သင်တန်းနှင့် မာစတာဘွဲ့များ ပို့ချပေးခြင်း၊ ဝန်ထမ်းများကို မလေးရှားရှိ EDS School သို့ စေလွှတ် သင်ကြားစေခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ သင်တန်းကျောင်း သာသာ အဖွဲ့အစည်းများနှင့် ချိတ် ဆက် ဆောင်ရွက် ခြင်းကြောင့် နိုင်ငံ့ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ ပြည်သူ့ ဘဏ္ဍာများ လေလွင့်ဆုံးရှုံးခြင်းတို့ ဖြစ်ရသည့် အတွက် နောက်ကွယ်တွင် အဂတိလိုက်စားမှု ရှိမရှိ စုံစမ်း စစ်ဆေးစေလိုခြင်း ဖြစ်ကြောင်း ကိုနေယံဦးက ဆိုထားသည်။

တက္ကသိုလ် ၂ခုနှင့် ပတ်သက်ပြီး ဘဏ္ဍာငွေ အလေအလွင့် မရှိခဲ့ကြောင်း၊ သုံးစွဲခဲ့သည့် ငွေကြေး ပမာဏမှာ ဘတ်ဂျက် ကိစ္စဖြစ်၍ အထက်တာဝန်ရှိသူများ၏ အတည်ပြုချက်ရမှ ရှင်းလင်း ထုတ်ပြန်ခြင်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း တာဝန်ရှိ သူတဦးက ဆိုသည်။

အဆိုပါ တိုင်ကြားချက် အပေါ် မှတ်ချက်ပေးရန် မရှိကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့၏ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေက ပြောသည်။

ဦးမြင့်ဆွေက“ကျနော်တို့ရဲ့ ဆရာ ဆရာမတွေကို အရည်အသွေး မြှင်တင်ပေးဖို့ အတွက် သူတို့နဲ့ ညှိနှိုင်း ချိတ်ဆက် တာပဲ ရှိပါတယ်။ ဒါတွေသည် အရည်အသွေး မမီဘူး။ သက်ဆိုင်ရာ အစိုးရတွေက အသိအမှတ်မပြုဘူး ဆိုတဲ့ အတွက် စစခြင်း ကတည်းက ဒါတွေနဲ့ ဆက်မလုပ်တော့ပါဘူး ဆိုတာ သမ္မတ ရုံးကို တင်ပြထားပြီးသား။ သမ္မတရုံးက လည်း တင်ပြတဲ့ အပေါ် မူတည်ပြီးတော့ ပြန်ဖြေရှင်းမယ်။ အကြောင်းပြန်မယ်လို့ မျှော်လင့်ပါတယ်။ သီးခြားတော့ ပြောဖို့ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ရာထူးဝန်အဖွဲ့ အနေဖြင့် နိုင်ငံ့ ဝန်ထမ်း တက္ကသိုလ်ရှိ ဆရာ ဆရာမများ၏ အရည်အသွေး မြှင့်တင်ရေး ကိစ္စရပ်များ တွင် သာ ယင်းတက္ကသိုလ်နှစ်ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ခြင်း ရှိပြီး ညွှန်ကြားရေးမှူး၊ ဒု ညွှန်ကြားရေးမှူးများကို သင်တန်းပေးခြင်း၊ ဘွဲ့၊ ဒီဂရီ ပေးအပ်ခြင်းများ မပြုလုပ်ခဲ့ ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ တက္ကသိုလ်၂ ခုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဇန်နဝါရီလက ရပ်ဆိုင်းခဲ့ကာ အများလက်ခံနိုင်ပြီး အဆင့် အတန်း ရှိသည့် ပြည်ပ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟုလည်း ရာထူးဝန်အဖွဲ့က သိရ သည်။

သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံ့ ဝန်ထမ်းများအား စနစ်သစ်ဖြင့် အလုပ်လုပ်ကိုင်နိုင်စေရန် ပြုပြင် ပြောင်းလဲ ရေး လုပ်ဆောင်ခဲ့သော်လည်း အလုံးစုံ မဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လက်ရှိ အစိုးရလက်ထက်တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ် က နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ချမှတ် ဆောင်ရွက်နေခြင်းကို ထောက်ခံကြောင်း ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ထို့ပြင် လက်ရှိ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေချိန်တွင် ရာထူးဝန်အဖွဲ့၏ ဘွဲ့အတု ကျောင်းအတု ပြဿနာ များ ကြောင့် အဆိုပါ မဟာဗျူဟာနှင့် ဝန်ထမ်းများကို ထိခိုက်နိုင်သည့် အတွက် တိုင်ကြားစာတွင် ပါဝင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုထားသည်။

ဦးရဲထွဋ်က“ဒီလို ပြုပြင်ပြောင်းလဲရေးတွေ စတင်နေချိန်မှာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရဲ့ ဘွဲ့အတုအစစ် ပြဿနာ၊ ကျောင်းအတု အစစ် ပြဿနာတွေ ပေါ်လာတဲ့အခါ ဒီပြဿနာတွေကို စနစ်တကျ ဖြေရှင်းမှု မလုပ်ရင် နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ တခုလုံး ထိခိုက်နိုင်တယ်လို့ မြင်တယ်”ဟု ပြောဆိုထားသည်။

ထို့ပြင် ၎င်းအနေဖြင့် ရာထူးဝန် အဖွဲ့လက်အောက်ရှိ ဗဟို ဝန်ထမ်း တက္ကသိုလ်များတွင် သင်တန်းပို့ချခြင်း၊ ဖခင် ဖြစ် သူ မှာ ရာထူးဝန် အဖွဲ့(ဝန်ထမ်း ရွေးချယ်ရေး အဖွဲ့) တွင် အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဖူး၍ ရာထူးဝန် အဖွဲ့၏ လုပ်ပိုင် ခွင့် နှင့် တာဝန်များကို သိရှိကြောင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ပြဿနာများနှင့် ပတ်သက်ပြီး အမှန်တကယ် တာဝန် ရှိသူများထက် ဝန်ထမ်း တက္ကသိုလ်ရှိ နည်းပြများ၊ ဝန်ထမ်းများ အပေါ် အပြစ် ပုံကျသွားမည်ကို စိုးရိမ်မိ ကြောင်း လည်း ရေးသား ထားသည်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ၌ နိုင်ငံတကာ အဆင့်မြင့် တက္ကသိုလ်များက အကူအညီပေးနေသည့် အချိန်တွင် အဆင့် မမီ သည့် တက္ကသိုလ်များနှင့် ရာထူးဝန် အဖွဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ကြောင်း နှင့် မြန်မာနိုင်ငံကို ကူညီ ချင် သည့် ထိပ်တန်း တက္ကသိုလ် အများအပြား ရှိနေကြောင်း ကိုနေယံဦးကလည်း ပြောဆိုသည်။

လက်ရှိတွင် ကိုနေယံဦး၏ တိုင်ကြားစာကို သမ္မတရုံး ဝက်ဘ်ဆိုက်ရှိ သမ္မတံ ပေးစာ ကဏ္ဍသို့ အင်တာနက်မှ တဆင့် ပေးပို့ ခဲ့ခြင်း ဖြစ်ပြီး စာတိုက်မှလည်း နောက်ဆက်တွဲ သက်သေ အထောက်အထားများကို ဆက်လက် ပေးပို့သွားမည် ဖြစ် ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ရုံးများသို့လည်း ဆက်လက် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်မျိုး
ဧရာဝတီ

Thursday, January 24, 2019

စီးပွားရေးပေါ်လစီနဲ့မြစ်ဆုံအရေး


စီးပွားရေးပေါ်လစီနဲ့မြစ်ဆုံအရေး
 ဒေါ်အောင်ဆန်းစုကြည် အဖြေ (၂၀၁၅ အစိုးရမဖြစ်ခင် ပြောစကားကို သုံးသပ်ချင်လာပါတယ်။ ရေအားလျှပ်စစ် တခြားနေရာတွေမှာ ဆက် လုပ်စေ ချင်လို့ပါ။ ဒေါ်အေါင်ဆန်းစုကြည် ပြောတဲ့အတိုင်း  လုပ်လေ့ ရှိပေမဲ့..မြစ်ဆုံကိစ္စကို ဘေးကကြည့်ပြီး မကြေနပ်သူတွေ ပိုများလာပါတယ်)။
.........
မဲနှုက်ပြီး ရသောမေးခွန်းစာရွက် ကို ဖတ်ပါတယ်။
.
မေး...အမေစုတို့ စီးပွားရေးပေါ်လစီကို သိလိုပါတယ်။ အန်တီသမ္မတဖြစ်ရင် နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI Foreign Direct Development တွေ ဝင်လာအောင် ဘယ်လိုလုပ်ရပါမလဲ။.. မြစ်ဆုံဆည် ရေအားလျှပ်စစ်အကြောင်းလဲ သိလိုပါတယ်။
.......
ဖြေ...ကျမတို့ စီးပွားရေး ပေါ်လစီနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် FDI ဝင်လာဖို့အတွက် ထိုင်ပြီးတော့ ရင်းနှီးမြှတ်နှံ မှုတွေ ဝင်လာဖို့ စောင့်နေတယ်လို့ သဘောရှိတယ်လို့ ကျမ မြင်ပါတယ်။ ကျမ အနေနဲ့ကတော့ အဲဒီလို သဘောရှိနေလို့တော့ မဖြစ်ဘူးလို့ မြင်ပါတယ်။(လက်ခုပ်.အားပေးသံများ)။ အဲဒီလို လုပ်လို့ မဖြစ်ဘူးလို့ ကျမ ထင်ပါတယ်။ စီးပွားရေး ကောင်အောင်လုပ်ဖို့ နိုင်ငံတော် စီမံကိန်းတွေ ရှိဖို့ လိုပါတယ်။ စီးပွားရေး စီမဲကိန်းတွေ ကလည်း ပွင့်လင်းမြင်သာ ရှိဖို့ လိုပါတယ်။
.
.
FDI ပြည်ပရင်းနှီးမှု
အဲဒီအချက်တွေကလည်း FDI ရရှိရေးနဲ့ ဆက်နွယ်နေပါတယ်။ FDI ရဖို့အတွက် ဘယ်လိုပြင်ဆင်ပါသလဲ ဆိုတော့ FDI ဥပဒေ ထွက်ပြီ။ ဒီ ဥပဒေ ထွက်ပြီ ဆိုတော့ ရင်းနှီးမြှုတ်နှံမှုတွေ စုပြုံပြီး ဝင်လာပါသလား ဆိုတော့ မျှော်မှန်းသလို ဝင်မလာပါဘူး။ အဲဒီလို ဝင်မလာတာကို ကျမ နိုင်ငံတကာ စီးပွား ပညာရှင်များနဲ့ ဆွေးနွေးပါတယ်။ သူတို့ရဲ့ ပြောတာ အကြားရဆုံး အဖြေကတော့ ၂ခု ပဲ တွေ့ရတယ်။
.
တခုကတော့ သူတို့ လုံခြုံမှု မရှိလို့ပေါ့နော်။  သူတို့ တရားဥပဒေစိုးမိုးရေး အပေါ် ယုံကြည်မှု မရှိလို့။ ဥပဒေတွေကတော့ ခုပြောတဲ့ FDI ဥပဒေ ကတော့ ရှိနေပါပြီ။ ဒါပေမဲ့ အဲဒီဥပဒေအတိုင်း လုပ်ပါ့မလား၊ အဲဒီ ဥပဒေ စိုးမိုးမှု ရှိနိုင်မလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်။ အဲဒါက တခုပေါ့နော်။
.
Infrastructure အခြေခံအဆောက်အဦ
နောက်တခုကတော့ အခြေ ခံ အဆောက်အဦ။ အင်ဖရာ စထရပ်ချာ Infrastructure ပေါ့နော်။ အဲဒါ အားနည်းတဲ့အတွက် တချို့ စီးပွားရေးကုမဏီကြီးတွေက သိပ်စိတ်မပါဘူး ဖြစ်သွားတယ်။ ဥပမာ တခု ပြောရရင် စက်ရုံကြီး သူတို့လုပ်ငန်းအတွက် ဆောက်မယ်ဆိုပါတော့။ ဒါပေမဲ့ စက်ရုံဆီကို လမ်းတွေလဲ ဆောက်ရမယ် ဆိုရင်တော့ စိတ်ပျက်သွားတယ်။ (ရယ်မောလျက်..ပရိတ်သတ်ရယ်သံများ)။ အဲဒါအပြင် လျှပ်စစ်ရရှိရေး အတွက် သူတို့ကပဲ ရုန်းကန်ရမယ် ဆိုရင်ဖြင့် ပိုပြီး စိတ်ပျက်သွားတယ်။ ဒါကြောင့်မို့ ဒီဟာတွေ ရရှိရေးအတွက် အစိုးရက စီမံကိန်းချ လုပ်ဆောင်မှ စီးပွားရေး တိုးတက်မယ် ဖြစ်ပါတယ်။
.
စီးပွားရေးတိုးတက်ဖို့ ဆိုတာ တလမ်းထဲသွားလို့ မရပါဘူး။ လမ်းအမျိုးမျိုးကို တချိန်တည်း သွားရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် စီမံကိန်းများကို တပြိုင်တည်းလုပ်ဆောင်ရမယ်။ စွမ်းအင်အတွက် လျှပ်စစ်စီမံကိန်းကြီးများ၊ လမ်းပန်း ဆက်သွယ်ရေး စီမံကိန်းကြီးများ လိုပါတယ်။ အခြေခံအဆောက်အဦ InfraStructure တွေ  တပြိုင်တည်း လုပ်ဆောင်ရပါမယ်။ အဲ ဒီဟာတွေ မပြည့်မစုံပဲ တော်ရုံတန်ရုံ လုပ်ငန်းရှင်တွေက သိပ်မလာချင်ကြဘူး။ စောစောက ပြောသလို လုံခြုံမှု လိုတယ်။ ဘဝအာမခံချက် လိုတယ်ပေါ့။ ကျမတို့ လူငယ်တွေ ပြောသလိုပေါ့၊ ဒီစီပွားရေး လုပ်ငန်းရှင်တွေလဲ လုံခြုံမှု အာမခံ လိုတယ်။ စီးပွားရေး လာလုပ်တယ် ဆိုတာ အကျိုးအမြတ်အတွက် လာကြတာဖြစ်တယ်။ ဒါပေမဲ့ သူတို့ အကျိုးအမြတ် ရှိသလို ပြည်သူပြည်သားတွေလဲ အကျိုးအမြတ် ရှိဖို့ လိုတယ်။ ပြည်သူတွေ အကျိုးအမြတ် ရဖို့ကတော့ အစိုးရရဲ့ တာဝန်ဖြစ်တယ်။
.
အခုဆိုရင်ဖြင့် ကျမတို့ ပြည်သူပြည်သားတွေက နိုင်ငံခြား ရင်းနှီးမြှတ်နှံမှု တွေအတွက် မကျေမနပ် ဖြစ်တယ်။ ခေါင်းပုံဖြတ်တယ်ပေါ့နော်။ ခေါင်းပုံဖြတ်တယ်ဆိုတာ . ခေါင်းပုံမဖြတ်အောင်လို့ ဘယ်သူက ကာကွယ်ရမလဲ။ အစိုးရက ကာကွယ်ရမှာပေါ့။ ကိုယ့်လူမျိုးကို ကိုယ့်အစိုးရက မကာကွယ်ပေးရင် ဘယ်သူက ကာကွယ်ပေးမှာလဲ။ အဲဒီတော့ အခုမေးတဲ့ မေးခွန်းမှာ မြစ်ဆုံစီမံကိန်း ကို မေးထားတယ်။
.
.
မြစ်ဆုံစီမံကိန်း
အန်တီ သမ္မတဖြစ်တာ၊ မဖြစ်တာက သတ်သတ်၊ ဒီကိစ္စကို မူအရ ပြောသွားမယ်။ စီမံကိန်းတခုကို ပြင်ပနိုင်ငံ တစ်ခုက အစိုရကပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်တစ်ဦးက ဖြစ်ဖြစ် သဘောတူညီမှု ယူတဲ့အခါ  အဲဒီစီမံကိန်းမှာ ဘာတွေပါသလဲဆိုတာ ပြည်သူတွေ သိခွင့်ရှိတယ်။ ကျမတို့ ဘာမှမသိဘူး။ မြစ်ဆုံ စီမံကိန်းမှာ ကျမကို ဘာလုပ်မလဲလို့ မေးရင် ဘာသဘောတူညီမှု ရှိသလဲ ဆိုတာ ကျမ မသိပဲနဲ့ ကျမ ဘယ်လိုလုပ် ဖြေမလဲ။ ကန်ထရိုက် ဆိုတာရှိတယ်နော်။ ဘာတွေ သဘောတူညီ ခဲ့သလဲ ဆိုတာ ကျမမသိဘူး။ နောက်ပြီးတော့ သဘောတူညီထားတဲ့ အတိုင်း မလုပ်ခဲ့ရင် ကျမတို့က ဘာတွေ ပြန်ဆပ်ရမလဲ ဆိုတာလဲ ကျမ မသိဘူး။
.
ဒါမျိုးဆိုတာ ပွင့်လင်းမြင်သာမှု ရှိရတယ်။ ကျမတို့ အစိုးရကလဲ ပွင့်လင်းရမယ်။ နောက်ပြီးတော့ အမှန်ပြောလို့ရှိရင် လက်မှတ်ထိုးတဲ့သူတွေက ဘာဖြစ်လို့ တာဝန်ယူပြီး မရှင်းသလဲလို့ မေးချင်တယ်။
.
End of Video
...............................
FDI သုံးသပ်ဆောင်းလင့်ပါ
https://m.facebook.com/groups/1410110412651955?view=permalink&id=1747185695611090
(or) shot cut www.goo.gl/bT8ES5
.
မိမိ သုံးသပ်ချက်
ဒီဗွီဒီယို က ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံဘဝ ပြောခဲ့ပြီး၊ အခု အဏာ ၇၅ရာနှုန်း ရတာ ၃နှစ်နီးပါး အထိ ငြိမ်နေချိန် (စုံစမ်းရေးကော်မရှင် ဖွဲ့ပေးပြီး အစီရင်ခံစာ တရားဝင် မထွက်လာသေးချိန်) မြန်မာပြည်က တရုပ် သံရုံးရဲ့ သဘောထားထွက်လာလို့ ပြည်သူတွေ ဒေါသထွက်နေချိန်ကာလပါ။ တရုပ်အစိုးရက မြန်မာပြည်သူအာလုံးနီးပါး မလိုလားမှန်း သိရက် ဒီသတင်းထုတ်ပြန်တာပါ။ နိုင်ငံရေးပါ။  ဆက်လုပ်ရင်လဲ စတိ အလတ်စားရေအား ၁၀၀ အမြင့် ရေကာတာ လောက်ပဲ လုပ်ကြရင်ရင် တရုပ်က လက်ခံမလား။ ရေအားလျှပ်စစ် စီမံကိန်း အားလုံး ရပ်သွားတာ မြစ်ဆုံရပ်ဆိုင်းလို့ အဓိကပါပဲ။ ပြန်မဆွေးနွေး သေးတာလဲ အစိုးရမှာ မမျှော်လင့်တဲ့ ဘင်္ဂါလီ.ရခိုင်အရေးလိုမျိုး ပေါ်လာတာကြောင့်ပါ။
.
အရေးထဲ မြစ်ဆုံ နဲ့ ကျောက်စိမ်း သယံဇာတကြွယ်ဝတဲ့ ကချင်ပြည်နယ် အစိုရဝန်ကြီး၃ဦး နှုတ်ထွက်ခြင်း၊ ရပ်စဲခြင်း Jan2019 မှာ ဖြစ်လာတယ်။ မြစ်ဆုံ စာချုပ်ကို အမေစု ပြောတဲ့ လက်မှတ်ထိုးခဲ့သူများခမြာ ရာထူးမရှိတော့တာ ၂၀၁၆ ကတည်းကပဲ ဆိုတော့.. အခု အမေစုပဲ ရှင်းနေရပြီ။ ပြန်ခေါ်လဲ လာမှာမဟုတ်။ အသေပဲ ခံတော့မလား မသိ။
.
 ကချင်တိုင်းရင်းသား လက်နက်ကိုင်နဲ့ သူတို့မဟာမိတ် ရခိုင် အေအေ ဌာနချုပ်ရှိရာ ကချင်ပြည်နယ်မှာ၊..  အင်အားကြီးမားလှတဲ့ မြန်မာ့တပ်မတော်ကြီးလဲ ရှိနေတယ်။ ငြိမ်းချမ်းရေး ကို မထိခိုက်ဖို့ လောလောဆယ် မကြုံစဖူး တဖက်သတ် အပစ်ခတ်ရပ်ထားတဲ့ တပ်မတော်သဘောထားလဲ.. မြစ်ဆုံအရေးမှာ အရေးကြီးတယ်။ မြစ်ဆုံ စုံစမ်းကော်မရှင်ရဲ့ အစီရင်ခံစာ မကြာခင်ထုတ်ပြန်မှာလား၊ မကြာခင် အလည်ပတ် ရောက်လာတော့မဲ့ တရုပ်အကြီးကဲ ကျီရှင်ပင်း မြန်မာပြည်ခရီးစဉ် အတွက် ပြင်ဆင်ဖို့ မြန်မာအစိုးရ အကောင်းဆုံး လုပ်နိုင်ပါစေ။
.
ဇော်အောင်(မုံရွာ)
22.Jan.2019

ကိုးကား..ဗွီဒီယို..
https://m.facebook.com/story.php?story_fbid=439907313213423&id=100015824744006

Monday, May 28, 2018

အဂတိတိုက်ဖျက်ရေး NLD အစိုးရဆောင်ရွက်ချက် May28, 2018


“ကျွန်တော် ၀န်ကြီးချုပ်ရာထူးက ထွက်ခွာသွားချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဥစ္စာပစ္စည်းတွေကို စစ်ဆေးပါ။ ၀န်ကြီးချုပ် မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေညာပါ။ ကျွန်တော်ခံပါ့မယ်”
(၀န်ကြီးချုပ်ဟောင်း ဦးနု )
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်သူ ဦးနုက သူအဂတိ ကင်းရှင်းကြောင်းကို ရဲရဲကြီး အာမခံခဲ့ဖူးပါတယ်။ ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံမှာ ဦးနေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးပိုင်း တာဝန်ယူခဲ့တဲ့ ခေတ်အဆက်ဆက် အစိုးရ အဖွဲ့ဝင်တွေကြားမှာ အဂတိနဲ့ ပတ်သက်လို့ သတ္တိရှိရှိ အာမခံရဲတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနုလို ပုဂ္ဂိုလ်မျိုး မမြင်ရတာ နှစ်ပေါင်း ၅၆ နှစ်ကျော် ကြာခဲ့ပါပြီ။
ဆိုရှယ်လစ်ခေတ်၊ န၀တ၊ နအဖခေတ်၊ ဦးသိန်းစိန်ခေတ်နဲ့ အခု NLD အစိုးရ လက်ထက်အထိ အဂတိနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ဝင် တွေထဲက ရဲရဲကြီး အာမခံရဲတဲ့သူ မထွက်ပေါ်လာသေးပါဘူး။ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အကူးအပြောင်း ကာလလို့ ခေါ်ဆိုကြတဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း အဂတိမကင်းတဲ့ ဖြစ်စဉ်တွေက သူတို့အစိုးရ ဆင်းသွားပြီးချိန်မှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတယ်။ ဥပမာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေထဲကနေ အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော်ကို အစိုးရ အဖွဲ့ဝင်ဟောင်းတွေနဲ့ အသင်းချုပ် တာဝန်ရှိသူတွေ ပူးပေါင်းပြီး အလွဲသုံးစား ပြုလုပ်ခဲ့မှုအပေါ် စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ တိုင်ကြားတာတွေ၊ မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေက ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင်ခဲ့တဲ့ ငွေကျပ် ၂ ဒသမ ၈ ဘီလျံ ရန်ပုံငွေကို အစိုးရအဖွဲ့သစ်ထံ လွှဲပြောင်း မပေးခဲ့မှုတွေက သိသာထင်ရှားလှတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။
နောက်ပိုင်း မကွေးတိုင်းကိစ္စကို ပြည်ထောင်စုဝန်ကြီးရဲ့ အကြံပြုချက်အတိုင်း ပြည်ထောင်စုအစိုးရရဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) တို့က စစ်ဆေးရာမှာ ပျောက်ဆုံးနေတဲ့ ငွေကျပ် ၂ ဒသမ ၈ ဘီလျံ မဟုတ်ဘဲ ငွေကျပ် ၇ ဒသမ ၄၅၉ ဘီလျံကျော်ကြောင်း တွေ့ရှိခဲ့ပါ တယ်။ လက်ရှိအချိန်မှာတော့ အဲဒီငွေတွေကို အရစ်ကျ ပြန်ဆပ်ခဲ့ပြီး ဖြစ်ပေမယ့် သမိုင်းမှာတော့ အမည်းစက်က ဖျောက်ဖျက်လို့ မရတော့ပါဘူး။
၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့အစိုးရအဖွဲ့ကို အဂတိကင်းစင်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ နိုဝင်ဘာ ၅ ရက်က တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄)မှာ ပြုလုပ်တဲ့ NLD ပါတီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဂတိကင်းစင်တဲ့ အစိုးရအဖွဲ့အဖြစ် ဖွဲ့စည်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
“စီးပွားရေးနဲ့ ပတ်သက်လို့၊ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ အထူးသတိထားဖို့ လိုပါတယ်။ အဂတိ လိုက်စားမှုဆိုတာ အဲဒီက စတာပဲ။ အစိုးရက အဂတိလိုက်စားမှု မကင်းရင် စီးပွားရေးကလည်း အဂတိ လိုက်စားမှုကင်းမှာ မဟုတ်ပါဘူး။ သန့်ရှင်းတဲ့ အစိုးရနဲ့စပြီး သန့်ရှင်းတဲ့ စီးပွားရေးစနစ်ကို ထူထောင်ဖို့ အစီအစဉ် ရှိပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၂၈ ရက်က တော်ဝင်နှင်းဆီမှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာလည်း ငွေရေးကြေးရေး ပြဿနာကို ဖြေရှင်းရာမှာ မှားသွားပါက ဥပဒေအရ အရေးယူမှာဖြစ်ပြီး ရဲဘော်ရဲဘက် ဖြစ်တာကြောင့် ထောင်ဝင်စာ လာတွေ့မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
NLD ပါတီရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ကြေညာစာတမ်းမှာလည်း “အဂတိကင်းစင်သော လူ့အသိုင်းအ၀ိုင်း ဖော်ဆောင်ရန် လိုအပ်သကဲ့သို့ ထိရောက်စွာ ဆောင်ရွက်မည်” လို့ ဖော်ပြထားပါတယ်။ ဒီလို ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း အတိအလင်း ဖော်ပြခဲ့သလို  NLD အစိုးရမဖွဲ့မီ အချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သတိပေး ပြောကြားမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း အစိုးဖွဲ့ပြီး မကြာခင် သင်္ကြန်ကာလမှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ သွေးတိုးစမ်းတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ် သင်္ကြန်ကာလမှာ အစိုးရအဖွဲ့ဝင် အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်ရေးအရာရှိကို ငွေကျပ်သိန်း ၅၀ လက်ဆောင်ပေးတဲ့ကိစ္စ ဖြစ်ပေါ်ခဲ့ပေမယ့် ထိထိရောက်ရောက် အရေးယူခြင်း မရှိတဲ့အပြင် သတိပေးရုံသာ လုပ်ခဲ့တာကြောင့် ပြည်သူတွေကြားမှာ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။
ဒီကိစ္စဖြစ်ပွားပြီးနောက်ပိုင်း အဲဒီအချိန်တုန်းက နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားတဲ့ “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ကို ဗဟိုရုံးတွေ၊ ပြည်ထောင်စု ၀န်ကြီးဌာနတွေနဲ့ ပြည်နယ်၊ တိုင်းအစိုးရတွေဆီ ၂၀၁၆ ဧပြီ ၁ ရက်နေ့စွဲနဲ့ ပေးပို့ဖြန့်ဝေခဲ့ပါတယ်။ အဲဒီလမ်းညွှန်ချက်ထဲမှာ အစိုးရ အဖွဲ့ဝင်များ အနေနဲ့ မိမိရာထူးကြောင့် ပေးအပ်တယ်လို့ ယူဆရတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ ထံကနေ ပေးအပ်တဲ့ လက်ဆောင်ပစ္စည်းများကို လက်ခံခြင်း မပြုရလို့ သတ်မှတ်ပြီး ကျန်ပုဂ္ဂိုလ် အဖွဲ့အစည်းများ ပေးပါက တစ်ကြိမ်ကို ကျပ်နှစ်သောင်းခွဲထက် မပိုဘဲ တစ်နှစ်အတွင်း ကျပ်တစ်သိန်းထက်မပိုတဲ့ လက်ဆောင်ပစ္စည်းများနဲ့ အခါကြီး ရက်ကြီးတွေမှာ ဂါရ၀ပြု ပေးအပ်ပါက ကျပ်တစ်သိန်းထက်မပိုတဲ့ လက်ဆောင်ပစ္စည်းများကိုသာ ခြွင်းချက်အဖြစ် လက်ခံခွင့်ပြုတယ်လို့ ပါရှိပါတယ်။
ဒီလို “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ထုတ်ပြန်ပြီး မကြာခင် အချိန်မှာပဲ လွှတ်တော်ဘက်ပိုင်းကလည်း  ၂၀၁၆ ခုနှစ် သြဂုတ် ၁၀ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ “နိုင်ငံတစ်ဝန်း အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။ ဒီအဆိုကို နှစ်ရက်ကြာ အချိန်ယူပြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦးက တက်တက်ကြွကြွ ထောက်ခံဆွေးနွေးခဲ့ပြီးတဲ့ နောက်မှာတော့ အတည်ပြုဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၇၀ မဲရရှိကာ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ မရှိဘဲ ပြည်သူ့လွှတ်တော်က အတည်ပြု နိုင်ခဲ့တာ ဖြစ်ပါတယ်။
“အဆိုကို လွှတ်တော်က အတည်ပြုလိုက်နိုင်တယ် ဆိုတော့ ဒီအဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့ တာဝန်ရှိသွားတဲ့ သဘောဖြစ်သွားပြီ” လို့ အဆိုရှင်ဖြစ်သူ ဒေါက်တာသန်းဝင်းက လွှတ်တော်အစည်းအဝေး အပြီးမှာ မီဒီယာတွေကို ပြောပါတယ်။
ဒါကြောင့်လည်း ၂၀၁၇ ခုနှစ် ဇူလိုင် ၁၀ ရက်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ထုတ်ပြန်ကြေညာတဲ့ အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာမှာ စိန်ခေါ်မှုတွေအနက် အဓိက အကျဆုံးက အဂတိလိုက်စားမှု ဖြစ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“စိန်ခေါ်မှုတွေအနက် အဓိက အကျဆုံးကတော့ အဂတိလိုက်စားမှုပဲ ဖြစ်ပါတယ်။ အဂတိ လိုက်စားမှုဟာ တိုင်းတာဖို့ ခက်သလို၊ သတိပြုမိဖို့လည်း ခက်ပါတယ်။ ဒီကိစ္စဟာ ပြဿနာ တစ်ခုအဖြစ် တည်ရှိနေသေးတာကတော့ ယုံမှားသံသယ မရှိနိုင်ပါဘူး။ အဂတိလိုက်စားမှုဟာ အယုံအကြည်ရှိမှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ထမ်း ယန္တရားကြီး တစ်ခုလုံးရဲ့ ဂုဏ်ရှိမှုတို့ကို တိုက်စားဖျက်ဆီးပါတယ်။ ထို့ပြင် အဂတိ လိုက်စားခြင်းဟာ လူအနည်းငယ်ရဲ့ အကျိုးကို အများအကျိုး အထက်မှာ ထားရှိခြင်း ဖြစ်တာကြောင့် ဒီမိုကရေစီရဲ့ ဗဟိုမူဖြစ်တဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးကို ထိပါးစေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာ NLD အစိုးရလက်ထက်မှာ သမ္မတဟောင်း ဦးသိန်းစိန် ဖွဲ့စည်းခဲ့တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ အမြင့်ဆုံး တရားစွဲဆိုမှုအဖြစ် သိန်းထောင်ချီ လာဘ်စားမှုကြောင့် ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချိုနဲ့ ပြည်ထဲရေး အရာရှိများ အပါအ၀င် စုစုပေါင်း လူခြောက်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူ ခြောက်ဦးကတော့ အရင်အစိုးရ လက်ထက်မှာ ဒုတိယ အမြဲတန်း အတွင်းဝန် တာဝန်ယူခဲ့ဖူးတဲ့ ဦးပြုံးချိုဟာ လက်ရှိမှာ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်ပြီး နောက်ထပ် ပါဝင်သူတွေကတော့  ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးရုံးက ဒုတိယရဲမှူးကြီးတစ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးတစ်ဦး၊ ဦးစီးအရာရှိ တစ်ဦးနဲ့ မြေပိုင်ရှင် ကိုယ်စားလှယ် လွှဲအပ်ခံထားရသူနှစ်ဦး ပါတယ်လို့  နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနနဲ့ သမ္မတရုံး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုပါတယ်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ အဆိုကို အတည်ပြုခဲ့ပြီး တစ်နှစ်နဲ့ သုံးလကျော်အကြာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က သမ္မတဦးထင်ကျော်က ပြန်လည်ဖွဲ့စည်း ပေးခဲ့ပါတယ်။ ကော်မရှင်သစ်ရဲ့ ဥက္ကဋ္ဌအဖြစ် အရင်ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီးဟောင်းဖြစ်သူ ဦးအောင်ကြည်ကို တာဝန်ပေးအပ် လိုက်ပါတယ်။ NLD အစိုးရသက်တမ်း နှစ်နှစ်နီးပါး ရှိလာတဲ့ အချိန်ရောက်မှ  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းတာပါ။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီး မကြာခင် ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု အခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Transparancy International) ကနေ ထုတ်ပြန်လိုက်တဲ့  ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေပြ အညွှန်းကိန်းက နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၀ မှာ ရှိခဲ့ပါတယ်။ ပြောရရင် NLD အစိုးရ နှစ်နှစ်သက်တမ်းအတွင်း ၂၀၁၆ ခုနှစ်ကထက် ၂၀၁၇ ခုနှစ်မှာ အဆင့်ခြောက်ဆင့် တက်လာတာပါ။  မြန်မာနိုင်ငံရဲ့ အဆင့်က ၁၃၀ ဆိုပေမယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ အောင်မှတ် မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အဂတိလိုက်စားမှု အလိုက်စားဆုံး နိုင်ငံတွေကို အနီရောင်နဲ့ ဖော်ပြတဲ့အထဲမှာ မြန်မာနိုင်ငံက ပါဝင်နေပါသေးတယ်။
NLD အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ကော်မရှင်အသစ်ဖွဲ့ပြီး ထိထိရောက်ရောက် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်နဲ့ ၂၃ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ UNODC တို့ ပူးပေါင်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ Promote Integrity to Counter Corruption စာတမ်းဖတ်ပွဲကို ကျင်းပပေးခဲ့ပါတယ်။
“ဒီဘုံရန်သူကို တွန်းလှန်တဲ့ နေရာမှာ ကျွန်တော်တို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တစ်ခုတည်းနဲ့လည်း မရဘူး။ အစိုးရဌာနဆိုင်ရာများ ပါဝင်ရုံမျှနဲ့လည်း မရပါဘူး။ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီး၊ အသက်အရွယ် ကြီးငယ်လတ် အသီးသီး၊ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်လာမှ တွန်းလှန်နိုင်မှာ ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ငါးကြီးကြီးဖမ်းပြီး ကြော်ပစ်တဲ့ နည်းလမ်းကို အသုံးပြုဖို့ စီးပွားရေးပညာရှင် ဦးမြင့်က အကြံပြု ပြောကြားပါတယ်။
“တကယ်လုပ်နေတဲ့ဟာ ပြရမယ်။ ပြတဲ့အခါ အများအားဖြင့် ဘယ်လိုလုပ်ကြသလဲဆိုရင် ဥပမာက ငါးကြီးကြီး အချို့ကို ကြော်လိုက်ပါ” လို့ ဦးမြင့်က ဆိုပါတယ်။
ဒီလိုအချိန်မှာပဲ NLD အစိုးရ လက်ထက်မှာ နိုင်ငံရေးအရ အကြီးမားဆုံးသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီအပြောင်းအလဲကတော့ NLD အစိုးရ သက်တမ်း နှစ်နှစ်ပြည့်ခါနီး အချိန်မှာ သမ္မတဟောင်း ဦးထင်ကျော် နုတ်ထွက်ခဲ့ပြီး သမ္မတသစ်အဖြစ် ဦးဝင်းမြင့်ကို တင်မြှောက်ခဲ့ပါတယ်။ ဒါဟာ NLD အစိုးရအနေနဲ့ နိုင်ငံရေးကစားပွဲကို အငြိမ်ကစားနေရာကနေ အလှုပ်ကစားဖို့ ခြေလှမ်းစလိုက်တာလို့ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
သမ္မတသစ် ဦးဝင်းမြင့်အနေ နဲ့ ၂၀၁၈ ခုနှစ် မတ် ၂၈ ရက်က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ပထမဦးဆုံး မိန့်ခွန်းပြောကြားရာမှာ ဦးစားပေး ရည်မှန်းချက်ပန်းတိုင် သုံးခုနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ် ရှစ်ချက်ကို ပြောကြားခဲ့ပါတယ်။
သမ္မတ ဦးဝင်းမြင့်အနေနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ် ရှစ်ချက်ထဲမှာ အဂတိလိုက်စားမှု ပိုမိုတိုက်ဖျက်ရေးကို လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းပြောကြား ခဲ့ပါတယ်။ သူပြောကြားခဲ့တဲ့ စကားအတိုင်း ဧပြီ ၁၁ ရက်မှာတော့ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ လုပ်ငန်းတာဝန်တွေကို တိတိကျကျ မှန်မှန်ကန်ကန် ပိုမိုလုပ်ဆောင်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။ ကော်မရှင်အနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ လုပ်ပိုင်ခွင့်အာဏာ အရှိန်အ၀ါရှိသူတွေရဲ့ ၀င်ရောက်စွက်ဖက်မှုတွေ၊ စွပ်စွဲခံရသူဘက်က အကာအကွယ်ပေးမှုတွေ ရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဖို့ကိုလည်း သမ္မတက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က နိုင်ငံ့ဝန်ထမ်းတစ်ဦးဦးကို တရားစွဲဆို အရေးယူရာမှာ မကြန့်ကြာစေဖို့ ဌာနဆိုင်ရာတွေက ခွင့်ပြုချက် အမြန်ဆုံး ထုတ်ပေးရမယ်လို့ နိုင်ငံတော်သမ္မတရုံးက ၀န်ကြီးဌာနတွေကို ဧပြီ ၁၉ ရက်က ညွှန်ကြားခဲ့ပါတယ်။
သမ္မတနဲ့ ကော်မရှင်တို့ တွေ့ဆုံပြီး မကြာခင်မှာပဲ ရာထူးအမြင့်ဆုံး အစိုးရအရာထမ်း တစ်ဦးဖြစ်တဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးအရေးယူ ခဲ့ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်က စီမံကိန်းတွေနဲ့ ပတ်သက်လို့ အဆောက်အအုံ အရည်အသွေး ပြည့်မီမှုမရှိခြင်း၊ ဌာနအကြီးအကဲအချို့ရဲ့ ပြည်သူ့ဘဏ္ဍာတွေအပေါ် ကိုယ်ကျိုးသုံးစွဲမှုတွေကို ဖော်ထုတ်စစ်ဆေးပေးဖို့ တိုင်ကြားလာတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးခဲ့တယ်လို့ ကော်မရှင်ရုံးက ထုတ်ပြန်ပါတယ်။
ဒီလို စစ်ဆေးရာမှာ ဒေါက်တာသန်းထွဋ်အနေနဲ့ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုပြီး ၂၀၁၇ ခုနှစ်အတွင်း သူပိုင်ဆိုင်တဲ့ မြေကွက်ပေါ်မှာ ခြံစည်းရိုးကာရံခြင်း၊ တစ်ထပ်တိုက် နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန် တစ်ခုနဲ့ ရေပန်းတစ်ခု စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၁၅၀၀ ကျော်ကို တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီဆီကနေ တောင်းခံရယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်တာကြောင့်၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အမှုဖွင့် အရေးယူခဲ့တာပါ။
သမ္မတ ဦးဝင်းမြင့်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ နောက်ထပ် ခြေလှမ်းတစ်ခုအဖြစ် သမ္မတနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုကို ပြည်ထောင်စုလွှတ်တော် နာယကဆီ တင်ပြထားပြီးပြီလို့ နိုင်ငံတော်သမ္မတရုံးက မေ ၈ ရက် ကြေညာခဲ့ပါတယ်။ ဒီလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် သမ္မတဦးဝင်းမြင့်က လုပ်ဆောင်နေပေမယ့်လည်း နိုင်ငံရေးနယ်ပယ်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တချို့အပေါ် အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေ၊ မီဒီယာက ဖော်ပြမှုတွေ ရှိခဲ့ပေမယ့် အရေးယူမှုတွေ ပြုလုပ်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
အနီးစပ်ဆုံး ပြောရရင် NLD အစိုးရ လက်ထက်မှာ အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာ  မီးလင်းရေးအတွက်ဆိုပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ကျေးရွာဒေသခံတွေဆီကနေ ကျပ်သိန်း ၁၀၀ တောင်းခံခဲ့တဲ့ဖြစ်စဉ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီ တိုင်ကြားခဲ့တာပါ။ တိုင်ကြားမှုကို ကော်မရှင်က လျှို့ဝှက်စစ်ဆေးမှုအရ ဦးအောင်ကျော်မြိုင် အနေနဲ့ လုပ်ပိုင်ခွင့် အသုံးပြုပြီး ကျပ်သိန်း ၁၀၀ တောင်းခံခဲ့တာ မှန်ကန်ပေမယ့် ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ခြင်း မရှိခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ရာမှာ အထောက်အထား ခိုင်မာမှု မရှိတဲ့အတွက် ကော်မရှင်က အရေးမယူနိုင်တာကြောင့် တိုင်းဒေသကြီး လွှတ်တော်ကနေ အရေးယူ ဆောင်ရွက်ဖို့ အကြောင်းပြန်ခဲ့ တယ်လို့ သိရပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်က ငွေကျပ်သိန်း ၁၀၀ ကို လုပ်ပိုင်ခွင့် အသုံးပြုပြီး မမှန်မကန် တောင်းယူခဲ့သော်လည်း ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့ခြင်း မရှိကြောင်း ဆိုပြီးတော့ အဂတိ ကော်မရှင်က ထည့်ရေးထားတယ်။ လာဘ်ပေးလာဘ်ယူ မရှိကြောင်း ဆိုတော့ ဒီငွေကို သူ့အလိုလို ပြန်ပေးတာ မဟုတ်ဘူးလေ။ ရွာသားတွေက သိသွားတယ်။ သတင်းသမားတွေက သိသွားတယ်။ ရွာကိုဆင်းမေးကြပြီဆိုမှ သတင်းသမားနဲ့ ညှိနှိုင်းတယ်။ အဲဒါမရမှ နောက်ရက်မှာမှ ပြန်ပေးခြင်း ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ ဒီလိုတောင်းတာလည်း မှန်တယ်။ ယူလည်းသွားတယ်။ ကိုယ်ကျိုးသုံးစွဲခဲ့တာ မရှိဘူးဆိုတဲ့ တစ်ချက်တည်းနဲ့ အဂတိက အရေးမယူတာ မဟုတ်သေးဘူး။ သူကိုယ်တိုင်က လာဘ်ပေးလာဘ်ယူပြုလုပ်ဖို့ ဘယ်ဌာနတွေကို ဘယ်လောက်ပေးရမယ်ဆိုပြီး ဒေသခံတွေကို အစည်းအဝေးမှာ ပြောခဲ့တဲ့ အသံဖိုင်တွေလည်း ရှိနေတယ်။ လူသက်သေတွေလည်း ရှိနေတယ်လေ။ ငွေပြန်ပေးတယ် ဆိုတာလည်း ပြဿနာ ဖြစ်ပေါ်ခဲ့လို့သာ ပြန်ပေးခဲ့တာ။ ဒါကို လွှတ်တော်က ဆက်လက် စစ်ဆေးမယ်လို့ဆိုတယ်။ ဒီစစ်ဆေးမှုကို စောင့်နေမှာပါ” လို့ တိုင်ကြားခဲ့သူ ဦးသူရစိုးက ဆိုပါတယ်။
ဒီဖြစ်စဉ်က အမှန်တကယ် ဖြစ်ခဲ့ပေမယ့် ကော်မရှင်ကနေ အရေးမယူဘဲ တိုင်းဒေသကြီး လွှတ်တော်ကို အရေးယူဆောင်ရွက်ဖို့ လွှဲပြောင်းပေးတဲ့အပေါ် ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။
လက်ရှိအချိန်မှာတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ကျော်စောသတင်း ထွက်နေသူတွေအပေါ် ကော်မရှင်အနေနဲ့ သတင်းရရှိပါက စုံစမ်းစစ်ဆေးနိုင်မယ့် အချက်ကို ဖြည့်စွက်ထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ၂၀၁၈ ခုနှစ် မေ ၂၃ ရက်က အတည်ပြုခဲ့ပါတယ်။
“ခုအတည်ပြုလိုက်တဲ့ ဥပဒေနဲ့ အရင်ဥပဒေနဲ့က အများကြီး ကွာခြားသွားပါတယ်။ အလုပ်လုပ်လို့ရတဲ့ အနေအထား ဖြစ်သွားတာပေါ့။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ အင်နဲ့အားနဲ့ လုပ်လို့ရတဲ့ အနေအထား ဖြစ်သွားတယ်လို့ မြင်ပါတယ်။ ဒီဥပဒေထဲမှာ ပေးတာယူတာနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်မယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေတွေ လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ ဆုံးရှုံးနေမယ်ဆိုရင် ဒါကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ သက်ဆိုင်တယ်။ ငြိစွန်းနိုင်တယ်ဆိုတဲ့ အချက်တွေကြောင့် အများကြီး ကျယ်ပြန့်သွားမယ်။ နိုင်ငံတကာ အဆင့်နဲ့လည်း ညီသွားမယ်” လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က မှတ်ချက်ပြုပါတယ်။
သမ္မတသစ်ဦးဝင်းမြင့်နဲ့ ကော်မရှင်သစ် လက်ထက်မှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ဖိဖိစီးစီး လုပ်ကိုင်လာတဲ့အတွက် လက်ရှိအချိန်မှာတော့ ပြည်ထောင်စုအဆင့် ငါးကြီးကြီးတွေကို ကြော်ပြနိုင်ဖို့ အခြေအနေကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၂ ရက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) တို့က စစ်ဆေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီ တိုင်ကြားလာမှုအရ ကော်မရှင်နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့က စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို စစ်ဆေးတဲ့အပြင် သူ့ရဲ့သားဖြစ်သူကိုပါ ဆက်စပ်စစ်ဆေးနေတယ်လို့ ကနဦး သတင်းထွက်ခဲ့ပါတယ်။
ဒီကိစ္စအပေါ်မှာ တရားဝင် သတင်းထုတ်ပြန်ပေးမယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ဆိုထားပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ မေ ၁၃ ရက်မှာတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခြောက်ဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေသလို တိုင်ကြားစာတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက် ပြည့်စုံဖို့ ကြိုတင်စုံစမ်းမှု ၁၈ မှုကို ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ကော်မရှင်က စစ်ဆေးဆဲအမှုတွေကို လျှို့ဝှက်ထားရှိ ဆောင်ရွက်နေတာကြောင့် အမှုဖြစ်စဉ်တွေကို အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေကို အဂတိကော်မရှင်ကနေ စုံစမ်းစစ်ဆေးနေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အစိုးရဘက်က ဘာမှပြောဖို့ မရှိဘူးလို့ မှတ်ချက်ပေးပါတယ်။
“တချို့ဟာတွေကကျတော့ စုံစမ်းစစ်ဆေးဆဲဟာတွေ ဖြစ်တဲ့အတွက် ကော်မရှင်က အသေးစိတ် ထုတ်ပြန်မှာ မဟုတ်ဘူး။ အစိုးရဘက်ကလည်း ကော်မရှင်က Ongoing Process ဖြစ်နေတဲ့အချိန်မှာ ဘာမှပြောဖို့မရှိဘူး။ ဘာလဲဆိုတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က Independent Body ဖြစ်တယ်။ သူ့အလုပ် သူလုပ်ပေါ့။ အဲဒီအတွက်တော့ ကျွန်တော်တို့က ဘာမှပြောဖို့မရှိဘူး” လို့ ဦးဇော်ဌေးက ဆိုပါတယ်။
ဒါ့အပြင် မေ ၂၂ ရက်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကို ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် တစ်ဦးက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားတယ်လို့ သတင်းထပ်ထွက်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကို ဆက်သွယ်မေးမြန်းရာမှာ မသိဘူးလို့ ပြန်ဖြေကြား ထားပါတယ်။
ဒီလိုအဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ တိုင်ကြားခံရတဲ့ အခြေအနေအပေါ် အစိုးရနဲ့ ကော်မရှင်ဘက်က ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုမှု မရှိခြင်းနဲ့ ပြည်သူသိအောင် ချပြခြင်း မရှိတဲ့အပေါ် နိုင်ငံရေး လေ့လာသူတွေက ဝေဖန်မှုတွေ ရှိလာပါတယ်။ “ဒီကိစ္စမှာ သက်ဆိုင်ရာ ပါတီအနေနဲ့ ပွင့်လင်းမြင်သာဖို့လိုတယ်။ ဘယ်ကိစ္စမှာတော့ ဘယ်လိုအဂတိ လိုက်စားမှုနဲ့ ပတ်သက်လို့ ဆိုရင်လည်း  ပြတ်ပြတ်သားသား အရေးယူမှုတွေ လုပ်သင့်တယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ဆိုပါတယ်။
၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က “၀န်ကြီးချုပ်တွေ၊ ၀န်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုကိစ္စရပ်တွေကြောင့် အရေးယူခံရတယ်။ ဘယ်လိုအပြစ်ဒဏ်တွေပေးတယ် ဆိုတာကို တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာနဲ့ အသိပေးသင့်တယ်” လို့ ပြောကြားပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိစ္စမှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တချို့ကို ခေါ်ယူစစ်ဆေးနေသလို စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း ဆင့်ကဲစစ်ဆေးနေတယ်လို့ သတင်းတွေက ဆက်လက် ထွက်ပေါ်နေပါတယ်။
“ပြည်သူလူထုက ရွေးကောက်တင်မြှောက်လို့ အနိုင်ရလာတဲ့ ပြည်သူ့အစိုးရအနေနဲ့ အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ ၀န်ကြီးချုပ်သော်လည်းကောင်း၊ ၀န်ကြီးသော်လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးတွေ သော်လည်းကောင်း အပြစ်ရှိတယ် ဆိုရင်တော့ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ ကျူးလွန်တယ်ဆိုရင် ပြတ်ပြတ်သားသား တည်ဆဲဥပဒေတွေနဲ့ အရေးယူဖို့ကို ထောက်ခံတယ်” လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဗဟိုဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က ဆိုပါတယ်။
ဒီလို ဝေဖန်မှုတွေ ရှိလာတဲ့အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကို တိုင်ကြားမှု ရှိတာကြောင့် စုံစမ်းစစ်ဆေးခဲ့ပြီး ရလဒ်ကို သမ္မတဆီ အစီရင်ခံတင်ပြဖို့ ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က မေ ၂၃ ရက်က ပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေး အပြီးမှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
“တိုင်ကြားမှု ရှိခဲ့ပါတယ်။ (တိုင်ကြားမှုနဲ့ ကိုက်ညီမှုရှိ မရှိ) ဒါ ပြောလို့ မရသေးဘူး။ ဆုံးဖြတ်ချက် ပြီးမှပဲ ကျွန်တော်တို့ တကယ့်တကယ် အဲဒီကိစ္စ ဆိုလို့ရှိရင် ပြီးသလောက် ဖြစ်နေပါပြီ။ ဒါအမြန်ဆုံး ကျွန်တော်တို့လုပ်တာ။ ကျွန်တော်တို့ဆီကို ရောက်လာတဲ့ တိုင်ကြားစာက ၃ ရက်နေ့မှာ ရောက်တယ်။ ၇ ရက်နေ့မှာ အဖွဲ့ဖွဲ့တယ်။ ပြီးတာနဲ့ အမြန်ဆုံးစစ်တယ်။ ခုနကပြောသလို သက်သေယူရတာရှိတယ်။ သက်သေတွေ စစ်ရတာရှိတယ်။ စာရွက်စာတမ်း ကြည့်ရတာတွေရှိတယ်။ အဲဒါပြီးသွားတဲ့အချိန်မှာ အခုဆို ပြီးသလောက် ဖြစ်နေပြီ။ မကြာခင်မှာ ပထမဆုံးလုပ်ရမယ့် အလုပ်က နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေဆီကို အစီရင်ခံ တင်ရမယ်။ အဲဒါကို ဆောလျင်စွာ တင်နိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားနေပါတယ်” လို့ ဦးအောင်ကြည်က ဆိုပါတယ်။
ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ပြောကြားပြီး နှစ်ရက်အကြာ မေ ၂၅ ရက်မှာတော့ အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရတဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းအနေနဲ့ သူ့ရဲ့သဘောဆန္ဒအရ ရာထူးကနေ နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက အမိန့်စာ ထုတ်ပြန်ပါတယ်။ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ အမိန့်စာထဲမှာ ဦးကျော်ဝင်းရဲ့ သဘောဆန္ဒအရ ပြည်ထောင်စုဝန်ကြီး ရာထူးကနေ နုတ်ထွက်ခွင့် ပြုလိုက်တာဖြစ်ပြီး တခြားအကြောင်းအရာ ကိစ္စရပ်တွေကိုတော့ ထည့်သွင်းထားတာ မရှိပါဘူး။
သမ္မတရုံးကနေ အမိန့်စာ ထုတ်ပြန်ပြီးနောက်ပိုင်း ဒီအပေါ်မှာ ထင်မြင်ယူဆချက် အမျိုးမျိုး ရှိခဲ့သလို ဝေဖန်မှု အမျိုးမျိုးလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရတဲ့ ပြည်ထောင်စုအဆင့် ၀န်ကြီးတစ်ယောက်ကို ဘယ်လိုစိစစ်ပြီး ကျူးလွန်ခြင်း ရှိ၊ မရှိ မသိသေးချိန်မှာ အရင်အစိုးရ လက်ထက်တွေတုန်းကလို မိမိသဘော ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုတဲ့ ပုံစံမျိုး လုပ်လာတာကြောင့် NLD အစိုးရအပေါ် ပြည်သူတွေက ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့  မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးကိုကိုအောင်က “အသံမျိုးစုံထွက်​၊ စုံစမ်းစစ်​ဆေး ခံရ​တော့မှ ထိ​ရောက်​တဲ့ အ​ရေးယူမှုမရှိဘဲ နုတ်​ထွက်​ခွင့်​​ပေးလိုက်​ရင်​ နောက်​လူ​တွေလည်း ဒါမျိုးလုပ်ကြမှာပါ။ အကယ်​၍ ကြီးကြီးမားမား နှစ်နှစ်​​လောက် ​လာဘ်​စားခြစား သိန်းထောင်​ချီ၊ ​သောင်းချီ လာဘ်​စားပြီး မှ နုတ်​ထွက်ရလည်း ဘာအ​ရေးလဲ ဆိုတာမျိုး ဖြစ်လာမှာပါ။ လာဘ်စားတယ်​ မစားဘူး ဆိုတာ​တော့ စစ်ဆေးတဲ့ တာဝန်​ရှိသူ​တွေ အသိဆုံး ဖြစ်​မှာပါ” လို့ မှတ်ချက်ပြုပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရဖွဲ့ရာမှာ အဂတိကင်းတဲ့အစိုးရ ဖွဲ့မယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ NLD အစိုးရသက်တမ်း နှစ်နှစ်ကျော် ဖြစ်လာချိန်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၀န်ကြီးချုပ်တွေနဲ့ ပြည်ထောင်စု အဆင့်ရှိတဲ့ ၀န်ကြီးတွေကို အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားမှုတွေ ရှိလာသလို ဆန္ဒဖော်ထုတ်ခြင်း၊ မီဒီယာကနေ ရေးသားဖော်ပြခြင်းတွေ ရှိလာပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၀န်ကြီးချုပ်တွေနဲ့ ပြည်ထောင်စုအဆင့် ၀န်ကြီးတွေကို အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်နိုင်ခြင်း မရှိသေးသလို စုံစမ်းစစ်ဆေးရာမှာလည်း ပြည်သူသိအောင် ပွင့်လင်းမြင်သာစွာချပြမှု မရှိသေးပါဘူး။
လက်ရှိအချိန်မှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရတဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးကို စစ်ဆေးနေတာ ပြီးသလောက်ဖြစ်နေပြီး သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေဆီ တင်ပြသွားဖို့ ရှိနေပါတယ်။
တကယ်လို့သာ တိုင်ကြားစာအတိုင်း အဂတိလိုက်စားမှု ရှိခဲ့တယ် ဆိုရင်တော့ စီးပွားရေးပညာရှင် ဦးမြင့်ပြောသလို NLD အစိုးရက ငါးကြီးကြီးကြော်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတွေ အနေနဲ့ အဂတိလိုက်စားမှုအပေါ် အရင်အစိုးရအဆက်ဆက် ကတည်းက လက်မခံခဲ့သလို အားမတန်လို့ မာန်လျှော့ခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ပြည်သူတွေကိုယ်တိုင် ရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရ လက်ထက်မှာတော့ အစိုးရအဖွဲ့ဝင် တစ်ဦးဦးက အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့မယ်ဆိုရင် ပြည်သူတွေအနေနဲ့ ဘယ်လိုမှ သည်းခံခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တည်ဆောက်ချင်တဲ့ အဂတိကင်းတဲ့အစိုးရ ရည်မှန်းချက် ပြည့်ဝခြင်း ရှိ၊ မရှိဆိုတာ မကြာခင်ကာလမှာ အဖြေသိရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျရင်တော့ NLD အစိုးရအနေနဲ့ ငါးကြီးကြီးကြော်မလား၊ လျှော်မလား ဆိုတာ ပြည်သူအားလုံးက စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။

May 27, 2018  Eleven Media

Wednesday, May 23, 2018

စီမံဘဏ္ဍာဝန်ကြီးကို အဂတိလိုက်စားမှုဖြင့်

စီမံဘဏ္ဍာဝန်ကြီးကို အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်
ဆေးမှု့ပြီးလုနီးlအကျင့်​ပျက်​လာဒ်​စားမှု့​ပေါ်ရင်​​တော့
လက်​ထိပ်​တန်းလန်းနဲ့မြင်​ရဦးမည်
ပြော​တော့တိုင်းပြည်​စီးပွား​ရေးဂျက်​​လေယာဉ်​လိုအမြန်
တက်​​စေရမယ်​တဲ့.
=======================
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်
ကြီး ဦးကျော်ဝင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခံထားရပြီး တိုင်ကြားစာနှင့်ပတ်သက်ပြီး အမြန်ဆုံး စစ်ဆေးဆောင်ရွက်နေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ
ဦးအောင်ကြည်က ပြောသည်။

မေလ ၃ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားစာ ပေးပို့ထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့က အခု တကယ့်တကယ် အဲ့ဒီကိစ္စဆိုလို့ရှိရင် ပြီးသလောက်ဖြစ်နေပါပြီ။ ဒါအမြန်ဆုံး ကျွန်တော် တို့ လုပ်တာ။ ကျွန်တော်တို့ဆီကို ရောက်လာတဲ့ တိုင်ကြားစာက ၃ ရက်နေ့မှာ ရောက်တယ်။ ကျွန်တော်တို့ (၇) ရက်နေ့မှာ အဖွဲ့ဖွဲ့တယ်။ပြီးတာနဲ့ ကျွန်တော်တို့ အမြန်ဆုံးစစ်တယ်။ ခုနကပြောသလို Evidence(သက်သေခံ) ယူရတာတွေရှိတယ်။ သက်သေတွေ စစ်ရတာရှိတယ်။ စာရွက်စာတမ်းတွေ ကြည့်ရ တာတွေ ရှိတယ်။ အဲ့ဒါပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့ အခုချိန်မှာ ပြီးသလောက်ဖြစ်နေပြီ” ဟု ဦးအောင်ကြည်က ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် ပြောသည်။

စီမံဘဏ္ဍာဝန်ကြီးအား တိုင်ကြားခံထားရမှုများရှိသည်ဟု သတင်းများ ထွက်ပေါ်နေပြီးနောက် ယင်းသို့ တိုင်ကြားခံရခြင်း ဖြစ်ကြောင်း မေလ ၂၃ ရက်တွင် ကော်မရှင်မှ အတည်ပြုပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိ စစ်ဆေးနေမှု အခြေအနေအား ယခုကဲ့သို့ အမှုများကို လူသားတစ်ဦး၏ ဂုဏ်သိက္ခာအား ထောက်ထားသည့်အတွက် ဥပဒေအရ ပြောခွင့်မရှိကြောင်း နှင့် အကယ်၍ အဆိုပါကဲ့သို့သော တိုင်ကြားချက် များသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းသည်ဟု ကော်မရှင်က စစ်ဆေးဆုံးဖြတ်ပြီး ရဲစခန်းတွင် အမှုစတင်ဖွင့်မှသာ စစ်ဆေးချက်များကို ပြောကြားနိုင်သည်ဟု ဦးအောင်ကြည်က  ပြောသည်။

“ ရဲစခန်းရောက်ပြီဆိုတာတဲ့ ဖြစ်နိုင်သမျှ အပြည့်စုံဆုံး ထုတ်ပြန်ပေးပါတယ်။ ရဲစခန်းရောက်ပြီးပြီဆိုတဲ့ သဘောကတော့ သူကို တရားရုံးမှာ တရားစွဲဆိုတော့မယ်လို့ကျွန်တော်တို့ဆုံးဖြတ်ပြီးတဲ့ အခြေအနေပေါ့။ ဒီဥစ္စာက ဘာလဲဆိုတော့ တရားမျှတမှုရဲ့ရှေ့မှောက်ကို သူ့ကို ကျွန်တော်တို့ပို့ဆောင်ပေးတော့မယ်ဆိုတဲ့ သဘောပါပဲ။ အဲ့ဒါကြောင့် အဲ့အချိန်ကြမှ ထုတ်ပြန်ကြေညာတာလုပ်ပါတယ်။ အခုချိန်က အတော်ကြီးကို နည်းနေပါသေးတယ်။ တကယ်ဆိုရင် ကျွန်တ်ေတို့က ဒီလိုကိစ္စတွေဟာ အမှုတည်ဆောက်ရတဲ့ လုပ်ငန်းစဉ်က အများကြီးပါ” ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏လက်အောက်တွင် တိုင်ကြားစာစိစစ်ရေးကော်မတီကို ဥပဒေ ပညာရှင် ၄ ဦး၊ စာရင်းစစ်ဆေးရေးပညာရှင် ၂ ဦး၊ စီးပွားရေးမှုခင်းပညာရှင် ၁ ဦး စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့စည်း ထားပြီး ထိုစိစစ်ရေးကော်မတီမှ စစ်ဆေးချက်များကို ၁၂ ဦး ပါဝင်သော ကော်မရှင်အစည်းအဝေးတွင် ပြန်လည် သုံးသပ်လုပ်ဆောင်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကော်မရှင်အနေနဲ့ အတတ်နိုင်ဆုံး တရားမျှတမှုဖြစ်တဲ့ ဆုံးဖြတ်ချက်မျိုးပဲ ချချင်တယ်။ မမျှတတဲ့ ဆုံးဖြတ်ချက်မျိုး ဘယ်တော့မှ မချဘူး။ ကျွန်တော်တို့ လုပ်ငန်းတွေ ဆုံးဖြတ်ချက်တွေ အားလုံးက တာဝန်ယူမှု တာဝန်ခံမှု အပြည့်အ၀နဲ့ ကျွန်တော်တို့ လုပ်သွားမှာဖြစ်ပါတယ်” ဟု ဦးအောင်ကြည်က အရေးယူမှုအပိုင်းနှင့် ပတ်သက်ပြီး ပြောသည်။

စီမံဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် ရင်း လက်ရှိ စီမံဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဖြစ်လာသူ ဖြစ်သည်။

“ကျွန်တော်တို့ဘက်ကတော့ အတည်မပြုပေးနိုင်ပါဘူးခင်ဗျ။ ဒါက အုပ်ချုပ်ရေးပိုင်းက လုပ်တာဆိုတော့ သူတို့ ကြေညာချက် ထွက်လာမှပဲ ကျွန်တော်တို့သိမှာပါ။ ကျွန်တော်တို့ မသိပါဘူး။ ပါတီအနေနဲ့ လုပ်ဆောင်ထားခြင်း မရှိပါဘူး” ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဆိုသည်။

အဆိုပါ စီမံဘဏ္ဍာရေးဝန်ကြီး တိုင်ကြားခံရမှုအား နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ထံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အစီရင်ခံစာ အမြန်ဆုံး ပေးပို့သွားမည် ဖြစ်သည်ဟု သိရသည်။

==============
Mizzima - News in Burmese
http://mizzimaburmese.com/article/39866
.
.သမ္မတက ထွက်စာလက်ခံ
ကိုးကား ...https://goo.gl/kNohqS

Tuesday, May 8, 2018

ရန်ကုန်စည်ပင် ဥပဒေ (ဆွေးနွေးဆဲ) May-2018


ရန်ကုန်တိုင်းအစိုးရက စင်ကာပူ မြူနီစပယ်ဥပဒေကို မှီညမ်းပြီး မြန်မာစတိုင်နဲ့ မူကြမ်းဆွဲထားပြီးပါပြီ။ Feb.2018 မှာ ပြည်သူ၊ ပညာရှင်တွေ ဒေါင်းလုပ် လေ့လာဖို့ တင်ပြထားပါတယ်။ စည်ပင်က စီးပွားရေးလုပ်မယ် ဆိုတာကို ကန့်ကွက်နေဆဲပါ။ အခု ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးနေပါတယ်။ 

https://goo.gl/UVEv15
.
အင်ဂျင်နီယာ Kyaw Naing က အများကြီး ဆွေးနွေးထားပါတယ်။ 
https://goo.gl/tXuKFR
.
စည်ပင်ဥပဒေကို အမေရိကန်ဥပဒေမပြောနဲ့ စင်ကာပူဥပဒေတောင် မြန်မာစတိုင်နဲ့ အထိုင်မကျပါ။ တရုပ်စတိုင် လုပ်နေကြပါတယ်။ 
.
ရန်ကုန်တိုင်းအစိုးရ ၀က်ဆိုဒ်နဲ့အစိုးရဌာန တယ်လီဖုန်းများ (စည်ပင်မပါ) 
https://yangon.gov.mm
https://yangon.gov.mm/h/departments

Sunday, February 25, 2018

လွှတ်တော်မှ ငွေကြေးစနစ်ပွင့်လင်းလာဖို့ လုပ်ဆောင်ချက်များ နဲ့ အစိုးရ လှစ်ဟပြမှုများ

ငွေကြေးစနစ်ပွင့်လင်းလာခြင်း
ခြံစည်းရိုးကာတဲ့ ဒေါ်လာ၁၅သန်း . စစ်တပ်တောင်းတယ်.
.
၁။ မကောင်းတာတွေ မရေးချင်ပါဘူး. .
ဝန်ကြီး၇ယောက် ထပ်တောင်းပြန်တယ်။ ဒေါ်လာသန်း၄၀၀ ၆လအတွင်းသုံးဖို့တဲ့။ မနေ့က လွှတ်တော်ကိုယ်စားလှယ်၄၀ က စိတ်ပျက် အစိုးရကို ထောပ်ပြပြောဆိုကြတယ်။  လာမဲ့ ၆လအသုံးစာရင်း အမျိုးသားစီမံကိန်းပေါင်း ၁၂၀ အတွက် ဒေါ်လာသန်း၄၀၀ တင်ပြတာ လွှတ်တော်မှာဆွေးနွေထာတဲ့စီမံကိန်းတွေ လစ်လျူပြု ချန်ထားတယ်။

* ညွန်မှုး ညွန်ချုပ်အကြိုက်ချည်းဝန်ကြီးက လာပြီးတင်ပြတယ်။

* ကိုယ်ကျိုးစီးပွား စီမံကိန်းတွေ

* အကောင်းဆုံး Brands တွေ
.
* သာမန်ထက် ၂ဆမက ဈေးကြီးတဲ့ ပစ္စည်းတွေ
.
* လိုအပ်တာထက် ပိုပြီးဝယ်တယ်.

* ဆင်ရဲမွဲတေတဲ့ နိုင်ငံ အစိုးရနဲ့ဝန်ကြီးများ ရှက်ဖွယ်ကောင်းတယ်. .အကောင်းသိပ်ကြိုက်တယ် . .စသဖြင့်ဆွေးနွေးကြပါတယ်။
.
အမျိုးသားစီမံကိန်းတွေ ဒေါ်လာ၁သန်းဆို ၁.၃ဘီလျံ (သိန်း၁၃၀၀၀) ရှိပါတယ်။ ခေါင်မိုးမလုံ ခြစားစီမံကိန်းတွေ အတည်ပြုရမှာလား? ပညာရေးစီမံကိန်းတော့မပါဘူးကွယ်. . မကြာခင်ဝန်ကြီးတွေ လာရှင်းပြပြီး မဲခွဲအတည်ပြု ကြပါမယ်။ အင်အယ်ဒီအမတ်တွေပဲ မကြေမနပ်နဲ့ ထောက်ခံ အတည်ပြုရမှာပါ။
.
စီမံကိန်းကြီးများ ပြည်တွင်းပြည်ပက ဧရာမ ချေးငွေ နဲ့ PPP တွေ ပညာတတ်ဝိသမတွေ လာနေပါပြီ. .  ဖိလစ်ပိုင်သမတ ဒူတာတေး လုပ်သလို မြန်မာပြည်မှာလဲ ဥပဒေ နည်းဥပဒေ တွေနဲ့ ပြဌာန်းပြီး လုပ်ဖို့ ကြိုးစားနေတယ်. .ပြောတာပဲ. .
.
.
၂။ ပွင့်လင်းမြင်သာတာတော့
တိုးတက်လာပါတယ် . ဒါပေမဲ့.မျက်နှာပြောင်တိုက် တောင်းနေတာခက်တယ်. .တရုပ်ပြည်ကြီး ပြောင်လဲကာစ အဂတိတွေ အရေးမယူနိုင်ပဲ . .တိန်ရှောက်ပိန် ကိုယ်တိုင်က "ချမ်းသာတဲ့သူတွေ ပိုချမ်းသာလာတာ ပြသနာမဟုတ်ဘူ" ပြောခဲ့ပါတယ်။
.
လောလောဆယ်တော့ တားနိုင်မှာမဟုတ်သေးပါဘူး။ တားဖို့. . စနစ်တကျ ငွေသုံးစွဲဖို့ မလွယ်လှပါဘူး။ ဇီးသီဗန်း စကားလုံး စပြောခဲ့တဲ့ ယခင်လွှတ်တော်နာယကကြီးလဲ ထိုင်နားထောင် စိတ်ပျက်နေမှာ သေချာပါတယ်။
.
 အမေရိကန်လို သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဘတ်ဂျက်ကို ကန့်ကွက် နိုင်ငံဝန်ထမ်းတွေအလုပ်ရပ် လစာမရ . .တလကျော်အကြာမှ လွှတ်တော်ကိုယ်စားလှယ်တွေ ပြင်ဆင်သဘောတူ. .သမတက မကြေနပ်ပေမဲ့ လက်မှတ်ထိုးရတယ်။

အခုအသစ်ဖွင့်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ဝက်ဆိုဒ်၊ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ဝက်ဆိုဒ်တွေကို ၀င်ရောက်လေ့လာကြည့်ပါတယ်။ အင်တာနက် နည်းပညာနဲ့မိုဘိုင်းဖုန်း လူတွေအလွယ်တကူဖြစ်အောင် အရင်အစိုးရက လုပ်ပေးနိုင်ခြင်းက ပွင့်လင်းမြင်သာစနစ် စတင်အခြေပြုလာပါတယ်။ အထူးသဖြင့် အစိုးရဌာနဆိုင်ရာတွေ အစိုးရစီမံကိန်းနဲ့ ဒေသဖွံ့ဖြိုးရေးတွေမှာ ငွေကြေးဘယ်လိုသုံးစွဲသလဲ ဆိုတာ ပွင့်လင်းမြင်သာလာပါတယ်။
.
တကယ်ဆောက်ရင် ဘယ်လောက်ကုန်သလဲ၊ ပစ္စည်းဈေးနှုန်း၊ လုပ်အားခဈေးနှုန်း၊ အရည်အသွေး အစရှိသဖြင့် လွယ်ကူစွာ စစ်ဆေးသိရှိနိုင်လို့ ကြိတ်ပြီးလုပ်ဖို့ တော်တော်ခက်ခဲလာပါတယ်။ မျက်နှာပြောင်လွန်သူတော့ တနေ့ထိမှာပဲလေ။ . .
.
 ရာထူးခန့်ခြင်း၊ အဖွဲ့အစည်းခေါင်းဆောင်များ လူရွေးချယ်ခြင်း စတဲ့နေရာများမှာလဲ အထူးသဖြင့် ရပ်ကျေး အုပ်ချုပ်ရေးမှုရွေးပွဲတွေ ပွင့်လင်းစွာ လုပ်ကြတာကို တွေ့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ကိုယ်ရေးရာဇ၀င်များ အရင်ဝက်ဆိုဒ်ထက် ပိုပြီး အလွယ်တကူ ကြည့်နိုင်ပါတယ်။ ပြည်တွင်း အချိန်ပေးနိုင်သူများကတော့ လွှတ်တော်ချနယ် တီဗွီကနေ ကြည့်နိုင်သလို၊ အထူးသဖြင့် ပြည်ပမှာနေထိုင်သူများ အင်တာနက်လိုင်းကောင်းတဲ့အတွက် ဗွီဒီယိုများကို အလွယ်တကူကြည့်နိုင်ပါပြီ။
.
.
၃။ အထူးသဖြင့်တော့ ငွေကြေးကိစ္စတွေမှာ ပွင့်လင်းစွာ လုပ်ကိုင်ဖို့ အလွန်ခက်ခဲပါတယ်။ အမှန်အတိုင်းပြောရင် မြည်းတစ်ကောင်နဲ့ သားအဖ ပုံပမာလို ဘာလုပ်လုပ် အပြစ်ရှာကြံပြောကြတဲ့ လူ့အသိုင်းအ၀ိုင်းမှာ ပွင့်လင်းစွာမလုပ်သင့်တဲ့အခန်းကဏ္ဍတွေလည်း ရှိပါတယ်။ အများစုကတော့ ပွင့်လင်းလာကြလာပြီး နိုင်ငံတော်ရဲ့ ထိပ်ဆုံးဖြစ်တဲ့ ဘတ်ဂျတ် အသုံးစရိတ်၊ ကြွေးမြီစီမံခန့်ခွဲခြင်း၊ စီမံကိန်းများငွေအသုံးပြုခြင်း၊ အရေးပေါ်ရံပုံငွေအသုံးပြုခြင်း၊ နိုင်ငံရဲ့ ဗဟိုဘဏ်နဲ့စာရင်းအင်းများကို ပိုမိုရှင်းလင်းစွာ ထုတ်ဖေါ်ပြီး၊ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြပါတယ်။ အဲဒီ ဆွေးနွေးပုံများကို အင်တာနက်၊ ဖေ့ဘုတ် နဲ့ လွှတ်တော်ဝက်ဆိုက်၊ လွှတ်တော်ချနယ်၊ တီဗွီများက တိုက်ရိုက်ပြခြင်း၊ တနေ့ကို ၃ကြိမ်နဲ့ အပတ်စဉ် ထပ်ဆင့်လွှင့်ပြခြင်းတို့အပြင် .ဥပဒေများကိုပါ PDF စာရွက်စာတန်းများ အလွယ်တကူ ဒေါင်းလုပ် ကြည့်ရှုနိုင်အောင်ပြုလုပ်ပေးထားတာ ၀မ်းသာစရာဖြစ်ပါတယ်။
.
.

၎။ ၂၀၁၇-၁၈ ငွေကြေးနဲ့ပတ်သတ်လို့
https://pyidaungsu.hluttaw.mm/reports ၀က်ဆိုဒ်မှာ ၀င်ကြည့်တဲ့အခါ အောက်ပါ ငွေကြေးဆိုင်ရာ စာရွက်စာတမ်းများကို ဒေါင်းလုပ်ဖတ်ရှုနိုင်တာကို တွေ့ရပါတယ်။
.
* ၂၀၁၈ ခုနှစ် ၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွှက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွှေစာရင်းနှင့် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွှေေကြးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာ အမှတ်စဉ်(၃/၂၀၁၈)
.
* ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ဥပဒေဆိုင်ရာသုံးသပ်ချက်၊ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများ. .
.
* ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အမျိုးသားစီမံကိန်းဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွှေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ
.
* ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွှေးမြီဆိုင်ရာနှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လေ့လာတွှေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ် (၁/၂၀၁၈)
.
* ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လေ့လာတွှေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၄/၂၀၁၇)
.
Reference
https://pyidaungsu.hluttaw.mm/reports
.
.
၅။ ဒီငွေကြေးကိစ္စကို အများပြည်သူမြင်သာအောင် ပွင့်လင်းလာစေပြီး.. e-Government လုပ်ဆောင်ခြင်း၊ ပွင့်လင်းမြင်သာလာခြင်း တနည်းအားဖြင့် အဂတိတိုက်ဖျက်ရေးရဲ့ အဓိကအကျဆုံး ငွေကြေးဆိုင်ရာ ခေါင်မိုးလုံအောင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ နောက်တဆင့်ကတော့ ပြည်နယ်တိုင်းအစိုးရများ၊ ဌာနဆိုင်ရာများကနေ သူတို့ဆီ ချပေးလိုက်တဲ့ စီမံကိန်းများ ငွေကြေးများကို ပွင့်လင်းစွာ လုပ်လာကြဖို့ မျှော်လင့်ပါတယ်။
.
ထုံးစံအတိုင်း လူတွေက လူအချင်းချင်း အပုတ်ချ၊ ဖော်ထုတ်ကြရင်း မဟုတ်တာတွေတော့ အများကြီးမြင်လာရပါတယ်။ နောက်ဆုံး (အားနာပါရဲ၊ ကလေးမုဒိမ်းမှုတွေကအစ ရာဇ၀တ်မှုတွေ ပိုများပြားလာတာကတော့ ဆိုးကြိုးတွေ ဖြစ်ပါတယ်။
.
ဥပဒေများက အားကောင်းလာပေမဲ့ နည်းဥပဒေများ မရှိသေးတာလည်း အများကြီးဖြစ်ပါတယ်။ နောက်ဆုံးတော့ အကောင်အထည်ဖေါ်မဲ့ဌာနဆိုင်ရာများက ဒီငွေတွေကို မြေပြင်မှာလက်တွေ့ အသုံးချရပါတယ်။ အဲဒီ ဌာနဆိုင်ရာများရဲ့ ၀န်ကြီးဌာနက ပွင့်လင်းမှုဆိုတာ လွှတ်တော်လို ပွင့်လင်းမှုမရှိသေးတာ အားနည်းချက်ကြီးတစ်ခုဖြစ်ပါတယ်။ ၀န်ကြီးဌာနများရဲ့ ၀က်ဆိုဒ်ကို ကြည့်ရင် တင်ဒါခေါ်တာတွေပဲ တွေ့ပြီး စီမံကိန်းများကို ဘယ်လို ထိမ်းကြောင်းကွပ်ကဲသလဲဆိုတာ မဖော်ပြနိုင်ပါဘူး။ အလွန် ဗလောင်းဗလဲ ဖြစ်နေလို့ပါ။ စီမံကိန်း ငွေကြေးသုံးစွဲမှုကို ဖော်ပြခိုင်းတော့ သူတို့တင်ဒါရတဲ့ ကုမဏီများကိုပဲ စာရင်းရှင်းခိုင်းပါတယ်။ မြေပြင်မှာ တကယ်လုပ်တဲ့ ကုမဏီများကလည်း ဌာနဆိုင်ရာများက စာရင်းရှင်းခိုင်းရင်လဲ ရှင်းမပေးပါဘူး။ လာရောက်စာရင်းစစ် စစ်ဆေးဖို့ လဲ ထိရောက်စွာ မလုပ်နိုင်လို့ လွှတ်တော်မှာ Third Party စနစ်ကို အမြန်ဆုံး အကောင်ထည်ဖော်ဖို့ ဆွေးနွေးအတည်ပြုခြင်း လုပ်ရပါတယ်။
.
.
၆။ မြေပြင်အခြေအနေက ရှုပ်ထွေးနေပေမဲ့ ခေါင်မိုးလုံဖို့ အဓိက လွှတ်တော်နဲ့အစိုးရများ ဥပဒေပြုခြင်း၊ အပြန်လှန်လေးစားစွာ ထိမ်းကျောင်းခြင်းများ ပွင့်လင်းစွာလုပ်ကိုင်လာကြတာ အားရစရာဖြစ်ပါတယ်။ အစိုးရ၀န်ကြီးများနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်ကြီးများ လွှတ်တော်မှာ လာရောက်ဖြေကြားရတာတော့ သူတို့အဖို့ အကြပ်အတည်းဖြစ်ပါတယ်။ လွှတ်တော် ဥက္ကဌကြီးများကလည်း ပုဂ္ဂိုလ်ရေး မထိခိုက်အောင် ပြောဆို ဆွေးနွေးကြဖို့ အမြဲသတိပေးနေရပါတယ်။
.
စီးပွာရေး အလုပ်ကိုင် ကောင်းလာဖို့ တနည်းပဲရှိပါတယ်။ အဂတိ နည်းပါးဖို့ပဲ ဖြစ်ပါတယ်။ ဆက်လက်ရှုစားရပါဦးမယ်။
.
ဇော်အောင်
၂၄ ဖေဖေါ်ဝါရီ ၂၀၁၈
.
.
.
ကိုးကား ၀က်ဆိုဒ်များ
* ပြည်ထောင်စုလွှတ်တော်
https://pyidaungsu.hluttaw.mm
.
* သမ္မတ
http://www.president-office.gov.mm/
.
* အတိုင်ပင်ခံပဂ္ဂိုလ်
http://www.statecounsellor.gov.mm/
.
* ဘတ်ဂျတ် (ရသုံးမှန်ခြေငွေစာရင်း)
စီမံဘဏ္ဍာ ဝက်ဆိုဒ်. . .
.
.
ဆက်စပ်ဆောင်းပါးအချို့ (Links)
* Thet Khine Feb 23 လက်ဝါးအုပ် စီးပွားရေးသုံးသပ်မှု
https://m.facebook.com/story.php?story_fbid=1729840927078510&id=100001578596848
.
* Win Htay Feb 25 အမည်မဖော်ဝံ့သော လွှတ်တော်ကိုယ်စားလှယ်သို့ (ငွေဖြူ ဖြေလျှော့မှု ၃၀% မှ ၃% ၆လ ဥပဒေ)
https://m.facebook.com/story.php?story_fbid=1608353749229960&id=100001660506585
.
* Win Htay  Feb 25 နိုင်ငံပိုင်စီးပွားအဖွဲ့များရဲ့ အုံပုန်းအကောင့် Union Fund Account UFA (Other Account OA) ငွေလယ်ပတ်မှုလွယ်ကူရန် ဖန်တီးထားသော အကောင့်များတွင် US$9 billion ရှိနေခြင်း
https://m.facebook.com/story.php?story_fbid=1608054819259853&id=100001660506585

Sunday, July 30, 2017

ဆက်သွယ်ရေးဥပဒေပုဒ်မ ပုဒ်မ ၆၆ (ဃ) ကိုလုံးဝပယ်ဖျက်ရန်သင့်ကြောင်း အမျိုးသား လွှတ်တော် ဆွေးနွေး


ကိုဆွေဝင်း ဖမ်းဆီးခံရ၊ အာမခံရရှိ

30 July 2017

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက ဒီနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။

လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ အဖမ်းခံမှာဖြစ်ကြောင်း ရဲစခန်းထံ အကြောင်းကြားပြီးချိန်မှာ ကိုဆွေဝင်းဟာ ဘန်ကောက်မှာရှိတဲ့ Myanmar Now ရုံးခွဲထံ သွားဖို့ ဒီနေ့ လေဆိပ်ရောက်ရှိချိန်မှာ ဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှာ ကိုဆွေဝင်းကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ မဘသ ဆရာတော် ဦးဝီရသူကို ပါရဇိက ကျသွားပြီလို့ မန္တလေးက ရဟန်းတော်တစ်ပါးက မိန့်ကြားထားချက်ကို ကိုးကားပြီး "အခြေခံ ဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီလ ၂၇ နဲ့ ၂၈ ရက်နေ့တွေက သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှ ခဲ့ပါတယ်။ အဲဒီလိုဝေမျှမှုကြောင့် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေက မန္တလေးမြို့အမှတ် ၇ ရဲစခန်းမှာ မတ်လ ၇ ရက်နေ့က ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

RFA Burmese




The Voice အယ်ဒီတာချုပ် အဖမ်းခံရ


ပီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ဝေတဲ့ The Voice သတင်းစာမှာ တပ်မတော်ကရိုက်ကူးတဲ့ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ဆိုပြီး သရော်စာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ တပ်မတော်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို ဧပြီလ ၂၅ ရက်နေ့က တိုင်ကြားခဲ့ပြီး မေလ ၁၇ ရက်နေ့က ပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့်လိုက် တရားစွဲဆိုခဲ့တာဖြစ်ပါတယ် ။

Eleven Broadcasting
သရော်စာရေးသားဖော်ပြမှုကြောင့် ပုဒ်မ ၆၆ဃဖြင့်တရားစွဲခံထားရသည့် ဗြိတိသျှကိုကိုမောင်ကို တရားသေလွှတ်ပေးပြီး ကိုကျော်မင်းဆွေ အာမခံလျောက်ထားမှုကို ပယ်ချ (ရုပ်သံ)
ကျည်ထောင်စုသစ္စာသရော်စာကို ရေးသားဖော်ပြခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃနဲ့တရားစွဲခံထားရတဲ့ ဗြိတိသျှကိုကိုမောင်နဲ့ The Voice သတင်းစာအယ်ဒီတာချုပ်ကို ကျော်မင်းဆွေတို့ အမှုမှာသရော်စာရေးသားသူ ဗြိတိသျှ ကိုကိုမောင်ကိုတရားသေလွှတ်ပေးခဲ့ပြီး ကိုကျော်မင်းဆွေရဲ့ ဒုတိယအကြိမ် အာမခံတင်ထားမှုကိုတော့ ပယ်ချခဲ့ တယ်လို့ သိရပါတယ်။




 ပုဒ်မ ၆၆ (ဃ) ကိုလုံးဝပယ်ဖျက်ရန်သင့်ကြောင်း အမျိုးသား လွှတ်တော် ဆွေးနွေး

အိချယ်ရီအောင် (Myanmar Now)
ရန်ကုန်၊ ဇူလိုင် ၂၅
အငြင်းပွားဖွယ်ရာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကိုလုံးဝပယ်ဖျက်ရန်သင့်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အများစုက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော ‘ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း’နှင့် စပ်လျဉ်း၍ ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ထိုသို့ဆွေးနွေးကြခြင်းဖြစ်သည်။
“ဒီမိုကရေစံချိန် စံညွှန်းနဲ့ လည်းမညီ၊ လူ့ အခွင့်အရေးနဲ့ လည်း မညီတဲ့အတွက် ပြည်သူလူထုကို ခြိမ်းခြောက်နေတဲ့ ဥပဒေဖြစ်တဲ့အတွက် သူခိုးကို သူခိုးမှန်း ရဲရဲဝံ့ဝံ့ပြောနိုင်ဖို့ အတွက် ပယ်ဖျက်သင့်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ဆွေးနွေးသည်။
ထိုပြင်ဆင်သည့်ဥပဒေကြမ်းနှင့်ပတ်သက်၍ ယနေ့ ဆွေးနွေးသူ ၁၄ ဦးရှိခဲ့ရာ ပုဒ်မ ၆၆(ဃ)ကို လုံးဝ ပယ်ဖျက်သင့်သည်ဟု အကြုံပြုဆွေးနွေးသည့် လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးရှိခဲ့ပြီး ခြောက်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်ကလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) သည် ဥပဒေ အရ၊ နိုင်ငံရေး အရ၊ လူမှုရေးအရ လုံးဝမရှိသင့်ဟု ယူဆခြင်းကြောင့် ယင်းဥပဒေကို လုံးဝပယ်ဖျက်ရန် သင့်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းက ၆၆ (ဃ) တွင် ပါရှိသည့် “အသရေဖျက်မှု”ဆိုသည့် အငြင်းပွားဖွယ် စကားရပ်ကို ပြင်ဆင်ရန်လိုသည့်အပြင် ထိုပုဒ်မအပေါ်တွင် အာမခံပေးသင့်ကြောင်း အသီးသီး ဆွေးနွေးကြသည်။


ဗိုလ်မှူးသက်မင်းဦး
ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းပါ “ပုဒ်မ ၆၅၊ ပုဒ်မ ၆၆ (က)၊ (ခ) နှင့် (ဃ) တို့ပါ ပြစ်မှုများကို အာမခံပေးနိုင်သည်” ဆိုသည့် အဆိုပြုစကားရပ်အား နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ထည့်သွင်း ပြဋ္ဌာန်းရန်မသင့်ကြောင်းနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ပုဒ်မခွဲ(က)သည် ဆက်သွယ်ရေးဆိုင်ရာ လုံခြုံရေးများနှင့် ပတ်သက်၍ တားဆီးအရေးယူနိုင်ရန်အတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ဝင်ရောက်ဆွေးနွေးခဲ့သည့် တစ်ဦးတည်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သက်မင်းဦးက ပြောသည်။
“၀န်ကြီးဌာနအချင်းချင်း ဆက်သွယ်တဲ့ network (ကွန်ရက်) များကို ၀င်ရောက်နှောင့်ယှက်သူအား မဖြစ်မနေအရေး ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ eGovernment system (နည်းပညာအခြေပြု အစိုးရ ယန္တရား) များ နှောင့်ယှက်ဖျက်စီးခြင်းခံရပါက နိုင်ငံတော်အစိုးရ၏ ကြီးကြပ်ကွပ်ကဲမှု လုပ်ငန်းစဉ်များ နှောင့်နှေးသွားမှာဖြစ်ပါတယ်။ အုပ်ချုပ်မှု ယန္တရားအား များစွာထိခိုက်နိုင်တာကြောင့် နိုင်ငံတော်အတွက်လည်း ကြီးမားသောဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
ဆက်သွယ်ရေးရာဇ၀တ်မှု ကျူးလွန်သူတစ်စုံတစ်ဦး သို့ မဟုတ် အဖွဲ့ အစည်းတစ်ရပ်အား အာမခံ ပေးထားခြင်းသည် သင့်လျော်မှုမရှိဟု ၎င်းကပြောသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅၊ ၆၆ (က)၊ (ခ) နှင့် (ဃ) တို့အား အာမခံပေးနိုင်သည်ဟု ပြင်ဆင်ရန် ထည့်သွင်းထားခြင်းသည် ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်အပေါ် လွှမ်းမိုးဆောင်ရွက်သကဲ့သို့ ဖြစ်နေခြင်းကြောင့် ပြန်လည်သုံးသပ်သင့်ပါကြောင်း ဗိုလ်မှူးသက်မင်းဦးကပြောသည်။
“လူ့ အခွင့်အရေး ကာကွယ်မှုတစ်ခုတည်းသာမရှုမြင်ဘဲ နိုင်ငံတော်လုံခြုံရေး ၊ နိုင်ငံရေး ၊ စီးပွားရေး ၊ အုပ်ချုပ်ရေး အမြင်များဖြစ်သုံးသပ်သင့်ပါတယ်” ဟု ၎င်းကပြောသည်။

၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အရ မည်သူမဆို ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း ၊ အနိုင်အထက်ပြုခြင်း ၊ မတရားတားဆီး ကန့်ကွက်ခြင်း ၊ အသရေဖျက်ခြင်း ၊ နှောက်ယှက်ခြင်း ၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း … တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါလျှင် ထိုသူအား သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ဥပဒေပုဒ်မကို ပြင်ဆင် သို့မဟုတ် ပယ်ဖျက်ပေးဖို့ အတွက် အရပ်ဘက်အဖွဲ့ အစည်းများက တောင်းဆိုမှုလျက်ရှိသည်။
ယခင်အစိုးရလက်ထက်တွင် ၆၆ (ဃ) ဖြင့် တရားစွဲခံရမှု ခုနစ်မှုရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရမှု ငါးမှု ရှိခဲ့ကြောင်း လက်ရှိအစိုးရလက်ထက်တွင် ရုံးတင်တရားစွဲဆိုခံရသည့် အမှုပေါင်း ၆၉ မှုရှိပြီး ပြစ်ဒဏ်ချမှတ်ပြီးအမှု ၁၁ မှု၊ လတ်တလောအာမခံမရရှိဘဲ အချုပ်ကျနေသော အမှုကိုးမှု ရှိကြောင်း ဆက်သွယ်ရေးဥပဒေ ဆိုင်ရာသုတေသနအဖွဲ့ (Research Team For Telecommunications Law) အဖွဲ့၏ ဇူလိုင်လ ၂၃ ရက်နေ ထုတ်ပြန်ချက်များ အရသိရသည်။

ထိုအမှုများထဲတွင် 
တပ်မတော်ကတရားစွဲခဲ့သောအမှုခုနစ်မှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲခဲ့သောအမှုခြောက်မှု နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ ကြားလူများက တရားစွဲခဲ့သောအမှု ရှစ်မှုရှိကြောင်း သိရသည်။
ထို့ ပြင် သတင်းမီဒီယာသမားများအပေါ် အရေးယူထားသောအမှု ၁၀ မှု အထိရှိနေပြီး သတင်းသမား ၁၈ ဦး တရားရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိချက်များအရသိရသည်။
၂ဝ၁၇ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့အထိကောက်ခံရရှိသော စာရင်းများအရ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ရုံးတင်ပြီးတရားစွဲဆိုမှု စုစုပေါင်း ၇၆ မှု ရှိပြီဖြစ်ကြောင်းနှင့် အဆိုပါ တွက်ချက်မှုများတွင် တိုင်ကြားသူရှိပြီး တရားခံမဖော်ထုတ်နိုင်သေးသောအမှုများနှင့် ရဲစခန်းမှာတွင်ပင် ပိတ်သိမ်းသွားသည့် အမှုများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိကြောင်း ယင်းအဖွဲ့ဝင် ကဗျာဆရာမောင်ဆောင်းခက ပြောသည်။
မောင်ဆောင်းခ ကိုယ်တိုင်က ၆၆(ဃ)ဖြင့် ထောင်ဒဏ် ခြောက်လ ကျခံခဲ့ရသူဖြစ်သည်။


ပုဒ်မ ၆၆ဃ ပြင်ဆင်မှုနှင့်ပတ်သက်၍ လွှတ်တော်နှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့တွင် အဓိက တာဝန်ရှိကြောင်း၊ ပြင်သည်ဆိုရာတွင်လည်း အာမခံပေးနိုင်သည်ဟု ပြင်ဆင်ရုံဖြင့် တရားမျှတမှု ပိုရှိမလာနိုင်ကြောင်း ၎င်းက ပြောသည်။

"လူတစ်ယောက်ကို အချိန်မရွေး လုပ်ကြံဖန်တီးပြီးတော့ တရားစွဲလို့ရတာရှိတယ်။ အသရေဖျက်မှု မြောက်မမြောက်ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေက ဝေဝါးတယ်လေ။ လူတစ်ယောက်က ဝေဖန်တယ်။ ဒါကို တစ်ဖက်သက် ‘ငါ့ကို အသေရေဖျက်ပါတယ်’ ဆိုပြီး တရားစွဲရင်လည်း ဒီဥပဒေအရ ခွင့်ပြုနေရပြန်ရော။ အဲ့ဒီလို အခြေအနေမျိုးမှာ အာဏာရှိတဲ့သူတွေ၊ သြဇာရှိတဲ့သူတွေက ဒီဥပဒေကို အသုံးချလာတဲ့ အခါ စွပ်စွဲခံရတဲ့သူက ပိုပြီးတော့ လွတ်မြောက်နိုင်ခြေ နည်းသွားတာပေါ့။ အာမခံပေးရုံနဲ့ကတော့ လုံးဝ အဖြေ ဖြစ်မလာနိုင်ဘူး။ ဒီလိုအမှုတွေက လျော့သွားမှာမဟုတ်ဘူး။ ဒီအမှုနဲ့မတရား ဖမ်းဆီး ထောင်ချခံရခြင်းကလည်း လွတ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်" ဟု မောင်ဆောင်းခကဆိုသည်။
.
.
ထိုပြင်ဆင်သော ၆၆(ဃ) အတည်ဖြစ်လျှင် ဖမ်းခံရလျှင်လဲ အာမခံရမည်ဖြစ်သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Saturday, July 29, 2017

ဦးပြုံးချို ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး အဂတိဖမ်းဆီးခံရခြင်းနှင့် အဂတိတိုက်ဖျက်ရေးဝက်ဆိုဒ် ဇူလိုင်-၂၀၁၇ လှုပ်ရှားပြီလား ? (မွန်ပြည်နယ်အစိုးရ အဂတိ)


ဦးပြုံးချို
ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ယခင် ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ပြည်ထဲရေးဝန်ကြီးဌာန) သည် ရာထူးတာဝန်ကို အကြောင်းပြုကာ ကိုယ်ကျိုးစီးပွား အတွက် အဂတိလိုက်စားမှု ကျူး လွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆိုခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးကျော်ဇေယျ၊ စစ်ကိုင်းတိုင်း ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်၊ မြေရှင်၏ ကိုယ်စားလှယ် ဦးကျော်စိုးနိုင်နှင့် အငြိမ်းစားဗိုလ်ကြီး ဦးနေမျိုးထွန်းတို့ကို ရာထူးအလွဲသုံးစား လုပ်သည်ကို သိလျက်ဖြင့် လိုက်ပါကူညီခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/ ၆၃ ဖြင့် တရားစွဲဆိုခဲ့ကြောင်းလည်း ဖော်ပြထားသည်။
.
အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန စုံစမ်းရေးမှူးဦး အောင်ကြည်  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၀(ခ)အရ အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း။

ထို့ကြောင့် ဇူလိုင်လ ၂၀၁၇ ကို ကြိုဆိုရပါသည်။ 

Friends of Moemaka
2 hrs
အဂတိလိုက်စား၊ လာပ်စားသူ ရဲအရာရှိ၊ တရားသူကြီး၊ ရှေ့နေ၊ မြေစာရင်းဝန်ထမ်း၊ အုပ်ချုပ်ရေးမှုးများ၊ တပ်မတော်စစ်မှုထမ်းဟောင်းများကို ၃နှစ်အတွင်း အရေးယူဆောင်ရွက်မှုများ (၃၁) ခုကို ကော်မရှင်ဝက်ဆိုဒ်မှာ အောက်ပါအတိုင်း အမည်၊ ရာထူး၊ ဌာန နဲ့လာပ်စားပုံများကို စုပေါင်း တင်ပြထားပါတယ်။
.
ကိုးကား. .ကော်မရှင်ဝက်ဆိုဒ်
http://www.accm.gov.mm
၁။ ရန်ကင်းမြို့နယ်တရားသူကြီ ဒေါ်ခင်လေးငယ် ကျပ်(၃)သိန်း လာပ်ယူမှု၊ ထောင်၁၀နှစ် (တရားခံပြေး)။
၂။ ဟုံးမလင်းတရားသူကြီး အမှုများစွာ လာပ်ယူမှု၊ ထောင်၁၀နှစ်။
၃။ သထုံမြို့နယ်မူးရစ်မှ ဒုရဲအုပ်သန်းဇော် သိန်း(၂၀) လာပ်ယူမှုပြီး တရားခံလွတ်မြောက်စေမှု။
၎။ မင်္ဂလာဒုံဥယျာဉ်မြို့တော် ဇေကမ္ဘာ နှင့် ခိုင်သစ္စာကုမ္ပဏီ (၉ဦး။
၅။ တောင်ငူ ခရိုင်တရားသူကြီး ဦးရွှေ၊ လာပ်ငွေတောင်းခံမှု (တရားခံပြေး)။
၆။ ဂျိုချောင်းကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် စာရေးမ မြေကိစ္စ။
၇။ မလိုင်မြို့နယ် တရားသူကြီးဦးထင်လင်းနှင့် ရှေ့နေဒေါ်နွယ်မာဝင်း (ထောင်၂နှစ်-တရားခံများပြေးကြသည်)။
၈။ ပြန်ကြားရေးဝန်ကြီးဌာနမှ Heart Media ကြော်ငြာမှု ၁၄သိန်း (၁၁ဦး)။
၉။ မိတ္တီလာမြို့ ရှေ့နေ ဦးအေးလွင်၊ ဦးတင်ဝင်းနိုင် လာပ်စားမှု (ထောင်၂နှစ်)။
၁၀။ ကျိုက်ထိုမြို့နယ်၊ မြေတိုင်း ဦးချစ်ကို နှင့် ကျေးရွာအုပ်ချုပ်ရေးမှုး ဦးလှစိုး လာပ်စားမှု (ထောင်၅နှစ်)။
၁၁။ ရွှေပြည်သာမြို့နယ် တရားသူကြီး ဦးစံသိန်း လာပ်စားမှု။
၁၂။ မိထ္ထီလာတက္ကသိုလ် ပါချုပ် ဒေါက်တာကိုကိုကျော်စိုး အဆောက်ဦးလာပ်ယူမှု (တရားခံပြေး)။
၁၃။ လက်ပန်းတန်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသီဟ၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးစန်းလှိုင်၊ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးသောင်းညွန့်၊ ဦးအောင်ဆွေမင်း စားကျက်မြေ သိမ်းစည်းရောင်းစားမှု ။
၁၄။ ချောင်းဦးမြို့နယ် လယ်ယာမြေကော်မတီဥက္ကဌ ဦးဝင်းနိုင် ပုံစံ(၇) အလွဲသုံးစားမှု။
၁၅။ မကွေးတိုင်း စည်ပင် ညွန်ကြားရေးမှုး ဦးမောင်မောင်အောင် နှင့် ၁၃ဦး၊ လာပ်စားပြီး လာပ်မစားသူဝန်ထမ်းအား အလုပ်မှထွက်စေခြင်း။
၁၆။ မြို့သစ်မြို့နယ် ဥပဒေအရာရှိ ဒေါ်ခိုင်မာလာဝင်း ၊ လောင်းကစားမှုတွင် လာပ်ယူခြင်း။
၁၇။ ကချင်ပြည်နယ်ဝန်ကြီးချုပ် နှင့် အတွင်းရေးမှု ..နယ်စပ်မှ ယန္တယားကြီးများ မြန်မာပြည်တွင်းဝင်လာစေမှု။
၁၈။ မိထ္ထီလာမြို့မ ဒုရဲမှုး ဦးသိန်းဟန်၊ ရဲအုပ်ဇော်ဝေကျော် စက်သုံးဆီဆိုင်ဝန်ထမ်း ဓါတ်လိုက်သေဆုံးမှုတွင် လာပ်ငွေ ၂သိန်းယူခြင်း။
၁၉။ တောင်ငူမြို့၊ ဦးမောင်မောင်ညွန့် (ဗိုလ်မှုးငြိမ်း)၊ မြစ်ကြီးနားမြို့ ဒေါ်ဖြူဖြူဝင်းခင်ပွန်း အမှုတွင် ကျပ်သိန်း ၄၁၅ လာပ်ယူခြင်း။
၂၀။ မန္တလေးတိုင်း ပျဉ်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးတင်နိုင်စိုး၊ ဒု-ဦးစီးမှုး ဦးကျော်ကျော်နိုင်၊ အကြီးတန်းစာရေး ဦးအောင်စိုးမိုး၊ စာရေးမ ဒေါ်ကြူကြူအေး၊ စာရေး ဦးသက်လှိုင်ဝင်း၊ လွန်ကောင်းကျေးရွာအုပ်စု ငွေတောင်းခံပြီး မြေအမည်ပေါက်လုပ်ပေးခြင်း၊
၂၁။ ညောင်လေးပင်မြို့နယ် မြေတိုင်းစာရေး ဦးမင်းရွှေ နှင့် ဦးဖိုးချော ပုံစံ(၇) ရေးဆွဲရာတွင် ငွေတောင်းခံမှု။
၂၂။ သံတောင်ကြီးမြို့နယ်အုပ်ချုပ်ေ၇းမှုး ဦးမျိုးဇော်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြင့်သန်း၊ မြေစာရင်းဦးစီးမှုး ဦးခိုင်ဝင်း၊ ပုံစံ(၁၀၅)ရေးဆွဲခြင်း အဂတိမှု။
၂၃။ ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္စလီမြရှိန် ယစ်မျိုး ငွေမပေးသူအား ထောင်ချပြီး၊ ငွေပေးသူအား ငွေဒဏ်ချမှတ်ခြင်း။
၂၄။ ရေးမြို့ ရဲအုပ်ကျော်သက်ခိုင်၊ ဒု-ရဲမှုး မင်းဆွေ၊ ရဲမှုးမြင့်သော် (မြို့နယ်ရဲတပ်ဖွဲ့မှုး)၊ ယာဉ်တိမ်းမှောက်မှု ငွေတောင်းခံခြင်း၊ အမှုဆင်ခြင်း။
၂၅။ မြို့သစ်မြို့နယ် ပညာရေးမှုး ဒေါ်ခင်အုန်းမြ၊ ဆရာမ ဒေါ်ကြူကြူ၊ ဆရာဦးအောင်ဆန်းဦး၊ ဆရာမဒေါ်ခင်ထွေးဦး၊ ဆရာဦးစိုးတင့် ပညာရေးဝန်ထမ်းများ ရာထူးတိုး၊ လျှောက်ထားရာတွင် လာပ်ယူ၊ မသမာမှုဆောင်ရွက်ခြင်း၊ ငွေကြေးစီမံခန့်ခွဲမှု အားနည်းခြင်း၊ အထက်အမိန့်မနာခံခြင်း။
၂၆။ ကလေးဝမြို့နယ်တရားရုံး၊ ဘီလစ်စာရေး ဒေါ်မြင့်မြင့်ထွေး(ခ)ထွေးထွေး ၊ မြို့နယ်တရားသူကြီး ဦးအောင်နိုင်စိုး ၊ ကျမ်းကျိန်လွှာရေးသားရာတွင် ငွေတောင်းခံခြင်း။
၂၇။ တပ်ကုန်းမြို့နယ်၊ တောအုပ် ဦးကျော်အေး၊ သစ်တောဦးစီးအရာရှိ ဦးသန်းနိုင်ဝင်း၊ ရုံးအုပ် ဒေါ်စန်းစန်းဦး၊ ကညင်သစ်တန်၈၀ အတွက် မျောစာ ငွေတောင်းခံခြင်း။
.
၂၈။ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှု ဦးမြင့်သိန်း၊ ဦးစီးဌာနမှုး ဦးအောင်ချမ်းလွင်၊ မြေတိုင်း ဦးငြိမ်းဆွေ၊ ဦးကျော်သူလတ် ပုံစံ(၇) လုပ်ရာတွင် အပိုငွေတောင်းခံခြင်း။
.
၂၉။ ကျိုက်ထိုမြို့နယ်၊ ကျေးရွာအုပ်အုပ်ရေးမှုး ဦးသက်တင်၊ ဦးမြင့်လွင်
ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမျိုးအောင်၊ မြေကွက်ရိုက်ရောင်းချခြင်းကိစ္စ။
.
၃၀။ စဥ့်ကိုင်မြို့ ဒုရဲအုပ်စိုးမိုးအောင်၊ ဒုရဲမှုးစိုးလွင်၊ ရဲတပ်သားနိုင်လင်းစိုး ၀ယ်ပြီး သယ်လာသောနွားထီး၂ကောင်အား ငွေထောင်းခံမှု။
.
၃၁။ ဇမ္ဗူသီရိမြို့နယ် ဒုရဲအုပ်ခင်မောင်ညို၊ ဥပဒေအရာရှိ ဦးကျော်သူယာဝင်း၊ တရားရုံး အကြီးတန်းစာရေး ဒေါ်ချယ်ရီအေး ရာဇ၀တ်မှုမှ ကွင်းလုံးကျွတ်လွတ်မြောက်မှု ငွေပေးရခြင်း။
.
.
အဂတိ လူအမည်.ရာထူးအပြည့်အစုံ. . တပ်မတော်အရာရှိဟောင်းကြီးများ.
.အရေးယူဆောင်ရွက်မှုများ (၃၁) ခုပဲ ရှိပြီး (၃)မှုပဲ အပြစ်ဒဏ်ချမှတ်ရပါသေးတယ်။ ဆက်လက် ဆောင်ရွက်ဖို့ အရှိန်စတင်မြှင့်တင်တဲ့ ၀က်ဆိုဒ် ဖြစ်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
တိုင်ကြားစာများ
မတ်-၂၀၁၄ မှ ဇွန်-၂၀၁၇ အထိ တိုင်ကြားစာပေါင်း ၃၄၃၈ စောင် ရရှိတဲ့အတွက် ၊ တစ်လကို ၈၈စောင် လက်ခံရရှိနေပါတယ်။ ရန်ကုန်တိုင်းက ၉၀၇ခု နဲ့အများဆုံး၊ မန္တလေးတိုင်းက ၆၁၄ခု ဒုတိယအများဆုံး တိုင်ကြားကြပါတယ်။ ကယား၊ ချင်း၊ တနင်္သာရီ၊ တို့မှာ တိုင်ကြားစာ ၅၀အောက်ပဲ ရှိပါတယ်။
.
အထက်ပါ ၃၁ မှုကို အရေးယူခဲ့ပါတယ်။
အခြားတိုင်စာများ.....
စုံစမ်းစစ်ဆေးခြင်း - ၄၆ မှု
ပြည်နယ်တိုင်းဒေသအစိုးရများသို့လွှဲခြင်း - ၈၀၆ မှု
မှတ်တမ်းတွဲခြင်း - ၂၈၅၄ မှု
စိစစ်ဆဲ - ၂ မှု ... စုစုပေါင်း ၃၄၃၈ မှု တို့ဖြစ်ပါတယ်။
.
မှတ်တမ်းတွဲခြင်းမှာ မပြည့်စုံတဲ့ တိုင်ကြားမှုများလို့ ဆိုပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
မြန်မာနိုင်ငံ အဂတိတိုက်ဖြတ်ရေး ၀က်ဆိုဒ်၊ အသက်ဝင်လာပြီလား ?
.
ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာပြီးနောက် နှေးကွေး၊ ငြိမ်သက်နေတဲ့ အဂတိတိုက်ဖြတ်ရေးကော်မရှင်ရဲ့ လုပ်ဆောင်မှုများကို ဇူလိုင်လ ၂၀၁၇ မှာ လှုပ်ရှားသက်ဝင်လာတာကို တွေ့လိုက်ရပါတယ်။
.
ဝက်ဆိုဒ်နဲ့မှတ်တမ်းတင်ခြင်းက မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဖေ့ဘုတ်လို ပို့စ် လုပ်ပြီး နောက်တပါတ်လောက်ဆို ရှာလို့မလွယ်ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ၀က်ဆိုဒ်ကို ပိုမိုကောင်းမွန်တဲ့၊ မှတ်တမ်းအဖြစ် ထားရှိမှသာ ပြည်သူ့ဝန်ထမ်းများ အဂတိ၊ လာပ်စားမှုများက လွတ်မြောက်နိုင်မယ် ဖြစ်ပါတယ်။
.
.
.
ဝက်ဆိုဒ် ပထမစာမျက်နှာက အဂတိသတင်းများ....။
.
- အိမ်ခြံမြေ အရောင်းအ၀ယ် ကိစ္စမှာ ယခင် ပြည်ထဲရေးဝန်ကြီးရဲ့ အတွင်းဝန်ရာထူး ၊ ယခု ကရင်ပြည်နယ်အုပ်ချုပ်ရေးမှုး အဆင့်ရှိသူ ဦးပြုံးချို၊ ဒု-ရဲမှုးကြီးကျော်ဇေယျာ၊ ဒု-ညွန်ကြားရေးမှုးဦးကျော်ရဲသွေး၊ ဦးစီးအရာရှိ ဦးမျိုးနိုင်၊ မြေပိုင်ရှင်ကိုယ်စားလှယ် ဦးကျော်နိုင်စိုး နဲ့ ဗိုလ်ကြီးနေမျိုးထွန်း တို့အပေါ် အရေးယူခြင်းကို ၀က်ဆိုဒ်မှာ ပွင့်လင်းမြင်သားစွာ ဖော်ပြလိုက်ပါတယ်။
.
- မကွေးတိုင်းဒေသကြီး၊ ပွှင့်ဖြူမြို့နယ် ဥပဒေအရာရှိ ဦးလှဦး (ယခု ဥပဒေအရာရှိ(အဆင့်-၃)၊ ကရင်ပြည်နယ် ဥပဒေချုပ်ရုံး) အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျင်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူဆောင်ရွှက်ထားမှုအခြေအနေ
- ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်း ကျေးရွှာအုပ်စု အုပ်ချုပ်ရေးမှူး (လယ်ယာမြေစီမံခန့်ခွှဲမှုအဖွှဲ့ ဥက္ကဌ) ဦးမြအောင်အပေါ် တိုင်ကြားသည့် ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အရေးယူဆောင်ရွှက်ထားမှုအခြေအနေ
- မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် Federal Bareau of Investigation (FBI - USA) တို့ ပူးပေါင်းဖွှင့်လှစ်သည့် သင်တန်းဆင်းပွှဲကျင်းပခြင်း
- အရှ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွှဲ့ (SEA-PAC) ၏ (၁၃)ကြိမ်မြောက် ရုံးအဖွှဲ့အစည်းအဝေး အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း
- နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁) မြို့မရဲစခန်းမှ ဒုတိယရဲအုပ်ခင်မောင်ညို နှင့် မြို့နယ်ဥပဒေ အရာရှိ ဦးကျော်သူယျာဝင်းတို့အပေါ် တိုင်ကြားသည့် ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အရေးယူဆောင်ရွှက်ထားမှု အခြေအနေ
- မွှန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းစံပြ ကျေးရွှာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်တင် အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူ ဆောင်ရွှက်ထားမှုအခြေအနေ
- မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့မရဲစခန်းမှ ဒုတိယရဲအုပ်စိုးမိုးအောင် (လ ၂၀၀၉၅၀)အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူ ဆောင်ရွှက်ထားမှု အခြေအနေ
- မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအညွှန်းကိန်းအဆင့် အမှန် အား ဖော်ပြခြင်း
- ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် လယ်ယာမြေ စီမံခန့်ခွှဲရေးနှင့် စာရင်းအင်းဩးစီးဌာနမှ လက်ထောက် ဩးစီးမှူး ဩးမြင့်သိန်းအပေါ် တိုင်ကြားသည့် ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အရေးယူဆောင်ရွှက်ထားမှုအခြေအနေ
- မကွှေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပညာရေးမှူး ဒေါ်ခင်အုန်းမြ (ယခု လက်ထောက် ညွှန်ကြားရေးမှူး၊ ခရိုင်ပညာရေးမှူးရုံး၊ သရက်ခရိုင်)အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူဆောင်ရွှက်ထားရှိမှု အခြေအနေ
.
အထက်ပါအမှုများကို ၀က်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဖေ့ဘုတ်လို ရှာရခက်ခဲမှု မရှိပါဘူ။ ဒါပေမဲ့ တိုင်ကြားမှု အမှုအားလုံးကိုတော့ မဖော်ပြနိုင်သေးပါဘူး။
.
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အတူပူးပေါင်း၊ ကူညီပံ့ပိုးလုပ်ဆောင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ၅ခု ကို ၀က်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
.
၁။ ကုသသမဂ္ဂ ယူအင်အိုဒီစီ
United Nation Office on Drugs and Crime
http://www.unodc.org
၂။ ပွင့်လင်းမြင်သားနိုင်ငံတကာအဖွဲ့.
Transparency International
https://www.transparency.org
၃။ ဘရူနိုင်းနိုင်ငံအဂတိတိုက်ဖျက်ရေးအဖွဲ့
http://www.bmr.gov.bn
.
၎။ အရှေ့တောင်အာရှအဂတိတိုက်ဖျက်ရေးအဖွဲ့
SEA-PAC South East Asia Parties Aganst Corruption
http://www.sea-pac.org
.
၅။ အင်ဒိုနီးရှားနိုင်ငံ၊ အဂတိတိုက်ဖျက်ရေးအဖွဲ့ KDK
Corruption Eradication Commission
https://www.kpk.go.id
.
.
.
တိုင်ကြားရာမှ သတိပြုရမဲ့အချက်များကိုလဲ ဖေါ်ပြထားပါတယ်။
** ၂၀၁၃ စက်တင်ဘာလ ၁၇ နောက်ပိုင်းအမှု ဖြစ်ရမည်။
** အရေးကြီးသည့် သက်သေခံချက်ပါရမည်။
** တိုင်ကြားသူသည်..အမည်..လက်မှတ်..နိုင်ငံသားလက်မှတ်မိတ္တူ .. ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ ..ပါရမည်။
** ကော်မရှင်သို့ တိုက်ရိုက်လိပ်မှု ပေးပို့ရမည်။ မိတ္တုပို့ခြင်း မဖြစ်စေရပါ။
.
တိုင်စာပို့ရန်လိပ်စာ။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
အုပ်စု(၁)၊ အားကစားလေ့ကျင့်ရေးစခန်း၊ ၀ဏ္ဍသိဒ္ဓိရပ်ကွှက်၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။
ဖုန်း _ +၉၅ ၆၇ ၈၁၀ ၃၃၄ ၇
အီးမေးလ် myanmaracc2014@gmail.com
အဂတိတိုက်ဖြတ်ရေး ကော်မရှင်မှ ပိုမိုပွင့်လင်းစွာ မြန်ဆန်စွာ တရားစွဲ၊ အမိန့်ချနိုင်ဖို့၊ တိုင်သူမရှိလဲ လစာနဲ့မမျှအောင် မတရားအလွန်ကြွယ်ဝနေတဲ့ ၀န်ထမ်းများကို အရေးယူနိုင်ဖို့ မျှော်လင့်ပါတယ်။ စုစုပေါင်း ၃၄၃၈ မှု ထဲက
ထင်ရှားတဲ့အမှု အားလုံးကို တင်ပြထားနိုင်ရင် ပိုမိုထိရောက်မယ် ဖြစ်ပါတယ်။
.
မိုးမခမိတ်ဆွေ
၂၉.၇.၂၀၁၇
.
.
ကိုးကား. .ကော်မရှင်ဝက်ဆိုဒ်
http://www.accm.gov.mm
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အား အားရကျေနပ်မှု မရှိကြောင်းနှင့် ကော်မရှင်အား အသစ်ဖွဲ့ရန် ရည်ရွယ်ချက်ရှိကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက မီဒီယာများအား ပြောကြားသည်။
ဇွန် ၃၀ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းခဲ့သည့်အတွက် လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများက မေးမြန်းခဲ့ခြင်းဖြစ်သည်။ သတင်းထောက်တစ်ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များအား အားရကျေနပ်မှုရှိ မရှိနှင့် မည်ကဲ့သို့ တိုက်တွန်းသွားမည်နည်းဟု မေးမြန်းသည်။

အဆိုပါ မေးမြန်းမှုအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက “ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို အားရခြင်းမရှိဘူး။ မရှိဘူးဆိုတာက ကော်မရှင်တွေ တော်တော်များများရှိတယ်။ အဂတိတိုက်ဖျက်ရေး ကော်မရှင်တို့၊ လူ့အခွင့်အရေး ကော်မရှင်တို့။ ပြီးခဲ့တဲ့အစိုးရသက်တမ်းက ဖွဲ့စည်းခဲ့တဲ့ကော်မရှင်တိုင်းကို ထုံးစံအတိုင်း အခုအစိုးရသစ်မှာပါတဲ့ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အားရကျေနပ်မှုမရှိဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ထိရောက်မှုရှိစေဖို့အတွက် လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ ကော်မရှင် ချိတ်ဆက်နိုင်မှုအပေါ် အဲဒီကော်မတီကို ဖိအားပေးရင်တော့ရတယ်။ ကျန်တဲ့ကော်မတီတွေကိုတော့ အန်ကယ်တို့က အကြောင်းတိုက်ဆိုင်လာရင် တိုက်ဆိုင်လာသလို ဖိအားပေးမယ်။ တွန်းအားပေးမယ်။ မကြာခင် ဒီဥပဒေလာပါလိမ့်မယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အသစ်ဖွဲ့ဖို့ ရည်ရွယ်ချက် ရှိပါတယ်” ဟု မီဒီယာများအား ပြောကြားသည်။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဟာ၂၀၁၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ။ အခုပြင်တာက ပုဒ်မ ၉ (ခ)ကို ပြင်တာ။ (ခ) ပြင်တာ ဘာကြောင့်လဲဆိုတော့ အသက် ၇၀ အထက်ကို ခွင့်ပြုပေးပါ။ ၇၅ နှစ်ကို သင့်လျော်ပါတယ်။ ၇၅ နှစ်အထိ တိုးမြှင့်ပေးပါလို့ တင်ပြတဲ့ ဥပဒေကြမ်းပဲ။ ဘာကြောင့်လဲဆို အစိုးရအဖွဲ့မှာ သမ္မတကြီးကအစ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အထိ ၇၀ ကျော်ပုဂ္ဂိုလ်တွေ၊ ထို့အတူ လွှတ်တော်ထဲမှာဆိုလည်း ၇၅ လောက်ရှိတဲ့ ကိုယ်စားလှယ်တွေရှိတယ်။ ပြောချင်တာက အသက် ၇၀ ကျော်ပေမယ်လို့ လုပ်နိုင်စွမ်း အများကြီးရှိသေးတယ်။ သူတို့အတွေ့အကြုံတွေက အင်မတန်တန်ဖိုးရှိတယ်။ ဒီအတွေ့အကြုံတွေနဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ပိုအဆင်ပြေတယ်၊ ပိုထိရောက်တယ်ဆိုတဲ့အမြင်နဲ့ ဒီဥပဒေကို ပြင်ခြင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းမည်ဖြစ်ကြောင်း၊ ယခုတင်သွင်းမည့် ဥပဒေတွင် မူလဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) တွင် ပါရှိသည့် အသက် ၇၀ နှစ်ထက်မကြီးသူဆိုသည့် စကားရပ်ကို အသက် ၇၅ နှစ်ထက် မကြီးသူဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင်လိုကြောင်း၊ ပြင်ဆင်ရသည့်ရည်ရွယ်ချက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း၊ ကျိုးကြောင်းဖော်ပြချက်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များအနေဖြင့် ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာဖြင့် အတွေ့အကြုံများအပေါ် အခြေခံကာ ဆောင်ရွက်နိုင်ရန်အတွက် အသက်အရွယ် ကန့်သတ်ချက်ကို တိုးမြှင့်လိုခြင်းဖြစ်ကြောင်း အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ကန့်ကွက်သူမရှိသည့်အတွက် အမျိုးသားလွှတ်တော်၌ ဆွေးနွေးမည်ဖြစ်ပြီး ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။ 

Eleven Media, Writer:
စိုးမင်းထိုက်
.


ဝန်ထမ်းများ အဂတိတိုက်ဖျက်ရေးမဟာဗျူဟာ စီမံချက်များ
(က) အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ကျဆင်းရန်အတွက် အစိုးရရုံးများနှင့် ပြည်သူလူထု ဆက်ဆံရေးပြေပြစ်ရန် အစိုးရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်းခဏခဏ မပြောင်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ၂၀၁၇ မေ ၃၀ ရကမှာ ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ပါတယ်။
(ခ) ၂၀၁၆ ဇူလိုင်လမှာ ပြည်ထောင်စုလွှတ်တော်က အဂတိတိုက်ဖြတ်ရေးဥပဒေကို အသက်၇၅နှစ်အထိ အသက်တိုးမြှင့်သတ်မှတ်တဲ့ ဥပဒေသစ်ကို လွှတ်တော်က အတည်ပြုပြီး၊ လူသစ် အတွေ့ကြုံကြီးသူများနဲ့ အားမနာတမ်း အရေးယူတော့မယ့်ပုံစံ မျှော်လင့်နေရပါပြီ။
(ဂ) ဇူလိုင် ၁၀ ရက်ကကျင်းပခဲ့သည့် မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်အား ထုတ်ပြန်ကြေညာရာမှာ ဒေါ်အောင်ဆန်းစုကြည်က ၀န်ထမ်းများအတွက် အိုးအိမ်၊ အခွင့်ရေးများ လုပ်ဆောင်နေပြီး၊ အဂတိလိုက်စားမှုသည် အယုံအကြည်ရှိမှု၊ ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံး၏ ဂုဏ်ရှိမှုအားတိုက်စားဖျက်ဆီးကြောင်း၊ အဆင့်မြင့်ရာထူးရာခံရှိသူများ၏ ပိုင်ဆိုင်မှုများအား ထုတ်ဖော်ကြေညာရန်၊ နည်းပညာအသစ်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ပံ့ပိုးဆောင်ရွက်ခြင်းသည် အဂတိလိုက်စားနိုင်မှု အခွင့်အလမ်းအား နည်းပါးစေသည့် အစီအစဉ်များ ထည့်သွင်းထားကြောင်း ပြက်သားစွာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
(ဃ) စင်ကာပူမှာ CBIP ဆိုတဲ့ အဂတိတိုက်ဖျက်ရေး ရဲအဖွဲ့က အလွန်တန်ခိုးကြီးသလို၊ မြန်မာနိုင်ငံမှာလဲ စသုံးလုံး ဆိုတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန က တန်ခိုးကြီးပါတယ်။ အဲဒီ စ သုံးလုံး အဖွဲ့ကို အကြီးအကဲ အသစ် ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးမောင်မောင်ကျော်ကို အတည်ပြုခန့်အပ်လိုက်ပါတယ်။ ဦးမောင်မောင်ကျော်ဆိုတာ တစ်ချိန်က စစ်အစိုးရလက်ထက် ပါဆယ်စာအုပ်နဲ့ ဗုံးခွဲလုပ်ကြံခံလိုက်ရတဲ့ ဒေါ်ချိုလဲ့ဦး ရဲ့ အမျိုးသားဖြစ်ပါတယ်။ ယခင်က ထက်မြက်တဲ့ လုပ်ရည်ကိုင်ရည်ရှိသူများကို ပြန်လည်ခန့်ထားခြင်းနဲ့ အဂတိ တိုက်ဖျက်မယ်လို့ ယုံကြည်မိပါတယ်။
.
အထက်ပါ အရေးယူမှု၊ ဥပဒေပြုမှု၊ ရာထူးခန့်မှုများဟာ မြန်မာ့တပ်မတော် (လက်ရှိ) ခေါင်းဆောင်များသဘောတူညီမှုကြောင့် ဖြစ်ပါတယ်။ တနည်းအားဖြင့် ရင်ကြားစေစပ်နိုင်တဲ့အတွက် အကျင့်ပျက်ဝန်ထမ်း နဲ့ အကျင့်ပျက်တပ်မတော်အရာရှိဟောင်းအချို့ကို ဖမ်းဆီး အရေးယူနိုင်ခြင်းဖြစ်ပါတယ်။ တပ်မတော် ဆက်လက် ပူးပေါင်းကူညီခြင်းနဲ့ အောင်မြင တိုးတက်လာမယ် ဖြစ်ပါတယ်။
.

End....




တိုင်ကြားစာလက်ခံမှုကော်မတီ (၁၁)ဦးက စုံစမ်းရေးအဖွဲ့နဲ့ စစ်ဆေးတဲ့အခါ မှန်ကန်ကြောင်း သိရှိရပါတယ်။ လာပ်ယူသူ လွှတ်တော်ဦးစီးမှုး ဌာနပြောင်းရွှေ့ဖို့ အမိန့်ကြောင့် လွှတ်တော်မှ အရေးယူမှု မလုပ်နိုင်ပဲ၊ သူ့ရဲ့မိခင်ဌာန အထွေထွေအုပ်ချုပ်ရေးဌာနကိုပဲ အမှုကို ဆက်လက်လွှဲအပ်လိုက်ပါတယ်။
.
လွှတ်တော်က အဂတိလိုက်စားမှုကို တိုက်ဖျက်ရမဲ့တာဝန်ရှိပေမဲ့..လွှတ်တော်ကပဲ အဂတိလိုက်စားမှု ပေါ်ပေါက်လာရခြင်းအတွက် အများကြီးစိတ်မကောင်းကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ က DVB တီဗွီကို ပြော
ကြားပါတယ်။
.
မြန်မာတနိုင်ငံလုံး
အစိုးရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ တရားဝင်ဝက်ဆိုက်မှာ အရေးယူခံရသူများ စာရင်းကို ကြည့်နိုင်ပါတယ်။
http://www.accm.gov.mm/acc/index.php…


.
.
သမ္မတ ၀က်ဆိုဒ်မှ အကြံပြုစာ၊ တိုင်စာ၊ အသနားခံစာ) Website Link...
http://www.edeliveryservicemm.com/