Showing posts with label စီးပွားရေး Business. Show all posts
Showing posts with label စီးပွားရေး Business. Show all posts

Thursday, August 29, 2019

စက်မှု ဝန်ကြီးဌာန အစီရင်ခံစာ သြဂုတ် 2019

စက်မှုဝန်ကြီးဌာန အကြောင်း Aug.2019
တာဝန်သိ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်မှာ ရေးကြ၊ ပြောကြ၊ အဆိုတင်သွင်းကြတယ်။ NLD အစိုးရလက်ထက် စက်မှု ဝန်ကြီး အနားပေးခံရပြီး စီမံဘဏ္ဍာ ဌာနက Reform ဆက်လုပ်နေတယ်။ ဒုဝန်ကြီး အသစ် လူငယ်ပညာတတ် စီးပွား ပညာရှင် ကို ခန့်အပ်တာ ကြိုဆိုကြတယ်။
.
စက်မှု ဝန်ကြီးဌာန ဝန်ထမ်း၃၉ဝဝဝကျော် နဲ့
ရပ်န၊းစက်ရုံဝန်ထမ်း၁၀၀၀၀ကျော်၊ လစာ ပင်စင်စရိတ် နှစ်စဉ် ကျပ် 75 ဘီလျံပဲ ရှိတာ နည်းပါတယ်။ 2019-2020 ဘတ်ဂျတ်မှာ ကျပ် 300 ဘီလျံ ရယူထားတာ ဝန်ထမ်းစရိတ် နဲ့ (တရုပ်)အကြွေးဆပ် သုံးစွဲ နေတာပါ။
.
ဒီပို့စ် က ဦးဘိုကြည်(မြင်းခြံ) အမတ်ရဲ့ အစီရင်ခံစာ အကြောင်း အရှင်တေဇနိယ(မန်းတောင်ခြေ) ပို့စ် တင်ထားတာ ဖြစ်ပါတယ်။
.===========
.
အဆင်းရဲဆုံးနိုင်ငံနှင့်ဘီလျံနာသူဌေးကြီးများ
*******************************
စက်မှုဝန်ကြီးဌာနလက်အောက်မှာ
စက်ရုံပေါင်း(၁၁၃)ရုံရှိတယ်။

ပုဂ္ဂလိကနဲ့ဖက်စပ်(၅၇)ရုံ/နိုင်ငံပိုင်(၅၆)ရုံရှိတယ်။
နေ့စဉ်အရှုံးပေါ်နေတဲ့စက်ရုံ (၂၂)ရုံရှိတယ် ။

စက်မှုဝန်ကြီးဌာနမှာဝန်ထမ်း၃၉ဝဝဝကျော်ရှိတယ် ။
စက်ရုံဝန်ထမ်း၁၀၀၀၀ကျော်ဟာအလုပ်ရပ်ထားရတယ် ။
နှစ်စဉ်ဝန်ထမ်းလစာကျပ်(၅၀)ဘီလျံနဲ့
ပင်စင်လစာကျပ်(၂၅)ဘီလျံရှိတယ်။

၂၀၁၉/၂၀ဘဏ္ဌာနှစ်မှာစက်မှုဝန်ကြီးဌာနက
နိုင်ငံခြားအကြွေး၁၄၈ဘီလျံဆပ်ရမှာမို့
တစ်ရက်သန်း၄၀၀အကြွေးဆပ်နေရတဲ့သဘောဖြစ်တယ်။

အမှတ်(၁) မြင်းခြံသံမဏိစက်ရုံဟာ
ရင်းနှီးမြုပ်နှံငွေကျပ်(၁၇၉၅၀၀.၅)သန်းရှိတယ်။
၂၀၁၇/၁၈ဘဏ္ဌာနှစ်မှာ
ကျပ်(၂၅၀၉၀.၄၉၂)သန်း အရှုံးပေါ်ခဲ့တယ်။

မြင်းခြံသံမဏိစက်ရုံကို
၂၀၁၇ ခုနှစ် ဧပြီလမှာကျင်းပတဲ့
ပြည်ထောင်စုလွှတ်တော်ရဲ့ဆုံးဖြတ်ချက်အရ
ရပ်ဆိုင်းခဲ့တယ် ။

မြင်းခြံသံမဏိစက်ရုံကိုမြင်ခြံမြို့အနီး
ဆားခါးကျေးရွာရှိ မြေဧက ၅၇၄.၂ဧကပေါ်မှာ
တည်ဆောက်ထားခဲ့တယ်။

စစ်ထောက်ချုပ်ဒုဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး. စက်မှု(၁)ဝန်ကြီးဦးအောင်သောင်းတို့၏
ကြီးကြပ်မှုဖြင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်တယ်။

၂၀၀၉ ခုနှစ်မှာ စတင်တည်ဆောက်၍
၂၀၁၂ ခုနှစ်မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး
၂၀၁၇ ခုနှစ်မှာ လုပ်ငန်းရပ်နားခဲ့ရတယ်။

အမှတ်(၁၄) အကြီးစားစက်ရုံသာဂရဟာ
ရင်းနှီးမြုပ်နှံငွေကျပ်(၁၂၉၆၉၅.၃၂)သန်းရှိတယ်။
၂၀၁၇/၁၈ ဘဏ္ဌာနှစ်မှာကျပ်(၃၉၇၆.၃၄)သန်း
အရှုံးပေါ်ခဲ့တယ်။

အမှတ်(၅) အထည်စက်ရုံပခုက္ကူဟာ
ရင်းနှီးမြုပ်နှံငွေကျပ်(၇၇၂၀.၁၁၆)သန်းရှိတယ်
၂၀၁၇/၁၈ ဘဏ္ဌာနှစ်မှာ(၂၈၇၀.၁၂)သန်းအရှုံး
ပေါ်ခဲ့တယ်။

စက်မှုဝန်ကြီးဌာန တစ်ခုတည်းရဲ့
နိုင်ငံတော်ဘတ်ဂျက် အရှုံးပြငွေဟာ…
၂၀၁၅/၁၆ မှာကျပ်သန်းပေါင်း ၈၉၄၇၁
၂၀၁၆/၁၇ မှာကျပ်သန်းပေါင်း ၉၄၈၅၀
၂၀၁၇/၁၈ မှာကျပ်သန်းပေါင်း ၆၆၂၆၆
အရှုံးပေါ်ခဲ့တယ်။

သတိပညာနဲ့ဆင်ခြင်လိုက်တဲ့အခါ…
သူတို့မိသားစုကဘီလျံနာသူဌေးကြီးတွေဖြစ်ကုန်ပြီးတိုင်းပြည်ကတော့အကြွေးဗလဝနဲ့ဆင်းရဲကျန်ခဲ့တယ်…

အနာဂတ်အမိမြေမှာ
အများပိုင်ပစ္စည်းဥစ္စာသယံဇာတတွေကို
သူတို့စိတ်ထင်တိုင်းခိုးယူလို့မရအောင်
ပြတ်ပြတ်သားသားတားဆီးကာကွယ်ဖို့ရာ
မြန်မာနိုင်ငံသူ/သားတိုင်းတာဝန်ရှိပါတယ်……

လူယုတ်မာတို့ဘေး ထာဝရ ကင်းဝေးပါစေ

အရှင်တေဇနိယ(မန်းတောင်ခြေ)

(ကိုးကား)
ဦးဘိုကြည်(မြင်းခြံ)၏(၂၇ - ၈ -၂၀၁၉ )၌
လွှတ်တော်သို့တင်ပြချက်အစီရင်ခံစာ
https://m.facebook.com/story.php?story_fbid=2224025144362632&id=100002655031423

#
...........
.
စီးပွားရေးပညာရှင်နောက်တစ်ဦးကို
စက်မှုဝန်ကြီးဌာနတွင် ဒုဝန်ကြီး တာဝန်ပေး
==================
.
လူငယ်လဲဖြစ်၊ ပညာဥာဏ် တော်တတ်နေတာ ကောင်းပါတယ်။ လေးစားဂုဏ်ယူပါတယ်။ ခေါင်းဆောင်ရဲ့ စိတ်ဓါတ်ကို ပိုတန်ဖိုး ထားရပါမယ်။
...
အစဉ်လေးစားဂုဏ်ယူလျက်ပါ ကိုစိုင်း(ခေါ်)ဒေါက်တာမင်းရဲပိုင်ဟိန်း။ Undergraduate ကို Cornell မှာ Full Scholarship နဲ့ယူပြီး။ Masters နှစ်ခုကိုတပြိုင်တည်း Yale မှာလုပ်။ Ph.D နှစ်ခုကိုလည်း (Ph.D in Sociology and Economics) တပြိုင်တည်း University of Wisconsin-Madison ကနေပြီးလာပြီး တိုင်းပြည်တိုးတက်အောင်ကြိုးစားနေတဲ့အကိုကြီးပါ။ ဘာသာစကား (၈) မျိုးကိုကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ဖတ်တတ်၊ ပြောနိုင်တဲ့ ပုဂ္ဂိုလ်ပါ..ဆိုပဲ။
.
.
စက်မှု ဝန်ကြီးဌာန ဆိုတာ
မကြာခင် သမဝါယမ၊ ပြန်ကြားရေး ဌာနတွေလို ပုဂ္ဂလိက အများပိုင် လုပ်ငန်းများ အဖြစ် ပြောင်းလဲ နိုင်ချိန် မှာ ဖျက်သိမ်းရ မဲ့ ဝန်ကြီး ဌာန ပါ။ လောလောဆယ် ပုဂလိက မယူတဲ့ စက်ရုံများစွာ မြင်းခြံသံမဏိ ကဲ့သို့ စက်ရုံများ၊ ပွင့်ဖြူ၊ မိထ္တီလာ စတဲ့ ချည်မျှင်အထည်စက်ရုံ များ ၊ သာပေါင်း ပျော့ဖတ်စက်ရုံ၊ ပုသိမ်မှန်စက်ရုံ၊ စစ်တောင်းစက္ကူစက် စတဲ့ ရပ်နားထားတဲ့ ဝန်ထမ်းပေါင်း သိန်းချီ ရှိနေပါတယ်။ စက်မှု ဝန်ကြီးဌာန ရဲ့ နှစ်စဉ် ဘတ်ဂျတ် ကျပ်ဘီလျံ ၃၀၀ ကျော် (us$200 million per year) က ဝန်ထမ်း လစာ ချည်း ပဲ ဖြစ်ပါတယ်။
.
စက်ရုံနဲ့ ဝန်ထမ်းများကို မအားမလပ်အောင်၊ သန့်ရှင်းရေး၊ နေ့စောင့်၊ ညစောင့်၊ သင်တန်းအမျိုးမျိုး ပေးနေရပြီး ဠေံပစ်လို့ ရမဲ့ စက်ပစ္စည်း တွေကို တင်ဒါခေါ် ရောင်းချ နေရပါတယ်။ စက်ရုံ အားလုံး ဟာ အဟောင်းဈေးနဲ့ ရောင်းချပြီး ရင်းနှီးမြှတ်နှံ မဲ့ ကုမဏီ ရှာဖွေနေပါတယ်။ စက်မှု စီမံကိန်း အများစုက စီမံဘဏ္ဍာ ဝန်ကြီး ဌာနနဲ့ တွဲလုပ်ကိုင်ရလို့ စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးဝင်း က တွဲဖက် တာဝန် ယူ တယ် လို့ သမ္မတရုံး က သတင်းစာ ရှင်း ပါတယ်။
...
စက်မှု ဒုဝန်ကြီး အသစ်
ခေါင်းဆောင်ကောင်း ဖြစ်မယ် မျော်လင့်ပါတယ်။
.
.
နိဂုံး သုံးသပ်ရရင်
.
လွှတ်နော်ကိုယ်စားလှယ် က ပွင့်လင်းစွာ တင်ပြတဲ့ အစီရင်ခံစာမှာ ဝှက်ထားတဲ့ စီမံကိန်း ငွေတွေ၊ လုပ်ငန်းတွေ၊ အာဏာပိုင်တွေက ငှါးစား၊ ရောင်းစားထားတဲ့ စက်ရုံ.တိုက်တာ.အိမ်ခြံမြေ များစွာ ရှိနေမှာပါ။ ဒါတွေကို ဖော်ထုတ်ဖမု့ မလွယ်သေးပါ။ ရန်ကုန်မြို့ လယ်ခေါင်မှာ ဌာနဆိုင်ရာ အဆောက်အဦ ခြံဝင်းများကို ရာထူးကြီးငယ် အလိုက် အပိုင်ရသကဲ့သို့ ဆွေမျိုးဆက် ရယူ နေထိုင် ငှါးစား နေတာ အများကြီးပါ။ အဆိုးဆုံး ကတော့ ယခု us$ billion မီရထား ရှော့ပင်စင်တာ၊ ကွန်ဒို၊ ရုံးအဆောက်ဦ စီမံကိန်းကြီး ဖြစ်ပါတယ်။ ထားပါတော့။
.
စက်မှု ဝန်ကြီးဌာန အမြတ်စွန်း ရတဲ့ စက်ရုံနွေတော့ ပုဂလိက (or) ဦးပိုင်. MEC ယူသွားပြီး၊ မြင်းခြံ သံမဏိ စက်ရုံကို စီမံကိန်းတွေ ပြစား နေတာ နှစ်အတော်ကြာပါတယ်။ ချီးထုပ်ကြီး နံစော်လာချိန် မှ စက်မှု ဝန်ကြီး ဌာနကို ပြန်လွှဲ ပေးတယ်။ Gun Shoot ဆိုတဲ့ (စိတ်တိုနေတဲ့) တပ်မတော်သား. ခြေကျိုး ဒုက္ခသည်များစွာ. . အပြစ်နဲ့ အရပ်ဖက်ပြောင်းခံရသူ.  ရဲ့ နားခိုရာ ဖြစ်တယ်။ ဒီစက်ရုံ ကြီးက ဟိုး..ဦးမေဝင်း မ.တ.လ ခေတ်ကတည်းက အီတလီ နိုင်ငံ ကနေ အသစ်ချက်ချွတ် ဝယ်ယူထားတယ်။ န.ဝ.တ ခေတ်လည်း ပြစား၊  န.အ.ဖ ခေတ်လဲ လည်းမပြီး။ .ဦးသိန်းစိန် ၅နှစ် အစိုးရ မှာတော့ စက်မှု ဝန်ကြီးဌာန ပေါက် ပြန်ရောက်လာပြီး ဂွင်တွေ ပျောက်ကုန်တယ်။ ကန်ထရိုက်တာ က အေရှားဝေါ (စတီဖင်လော) ကုမဏီ တဲ့။ အထက်မြန်မာပြည် ကားဟောင်း အားလုံး မြင်ခြံမှာ သံရည်ကြိုဖို့ ရောက်နေတယ်။ ကိုးရီးယားက ဖိကြိတ်သံတွေလဲ ဝယ်ပြီး အရည်ကြိုဖို့ လုပ်နေတယ်။ သံပိုက်ကအစ မော်တော်ကား အထိ ထုတ်ဖို့ အီတလီကို ပညာတော်သင် အများအပြား စေလွှတ်တယ်။ ပညာတော်သင် ခရီးက ပြန်လာသူ အားလုံးနီးပါး အလုပ်ထွက်ကြတယ်။ စက်ပစ္စည်း ကွန်တိန်နာ ရာချီပြီး မဖွင့်ဖော်ပဲ နှစ်ပရိစယျ များစွာ မိုးလေ ဒဏ်ကြောင့် ပျက်စီးမေကြတာ.. အခုထိ အကြွေး ကျပ် 179 ဘီလျံ နဲ့ နှစ်စဉ် ကျပ် 25 ဘီလျံ ရှုံးနေ ပါတယ်။
.
ဒီအကြောင်း ဆောင်းပါး ရေးဖူးတယ်။ အခု မြင်းခြံ အမတ် ဦးဘိုကြည် ထပ်မံ အစီရင်ခံစာ ရေးတယ်။ တင်ပြတယ်။ ငယ်ရွယ် လန်းဆန်းတဲ့ လူငယ် (World Class) မြန်မာ ပညာရှင်များကို လစာ စရိတ် ထိုက်တန်စွာ ပေးပြီး ခေါ်ယူရမယ်။ အခု ဒုဝန်ကြီး န်ုန်ုင် @မင်းရဲပိုင်ဟိန်း က အစခရီး ဖြစ်တယ်။
.
စက်မှု ဝန်ကြီး ဌာန ဝန်ထမ်း လစာစရိတ် နဲ့ ပင်စင် ကျပ် 75 ဘီလျံ ဆိုတာ မြင်းခြံ တစ်ခုတည်း ဖြစ်မယ်။ စုစုပေါင်း ဝန်ထမ်း 5 သောင်း ကို တလ 2 သိန်း ဆိုရင် တနှစ် 24 သိန်း ကုန်မယ်။ အားလုံးအတွက် လစာချည်းပဲ သိန်းပေါင်း 24 x 50000=ကျပ်ဘီလျံ 120 ကုန်မယ်။ ဒါကြောင့် စက်မှု ဝန်ကြီးဌာန ဘတ်ဂျတ် ကျပ် 300 ဘီလျံမှာ တဝက်က ဝန်ထမ်းလစာနဲ့ပင်စင်၊ အခြားတဝက်က အကြွေးပြန်ဆပ်ငွေ ဖြစ်မှာပါ။
.
ဒါတွေ (ချီးထုပ်ကြီး 3ခု.. မြင်းခြံ သံမဏိ၊ သာဂရအကြီးစားစက်ရုံ၊ ပခုကူ အထည်စက်) တွေကို ရှင်ရမှာပါ။

စက်မှု ဝန်ကြီးဌာန သာမက ပိုလျံဝန်ထမ်း သိန်းချီ ပြသနာ. 2021 နောက်ပိုင်း 2nd state reform ဖြစ်လာပါမယ်။ ပိုလျံဝန်ထမ်းများစွာ ရော်ကြေးပေး ပင်စင်ပေးခံရလို့ ဆူပူကြဦးမယ်။ အစိုးရလုပ်ငန်းတွေ ကော်ပိုရိတ် လုပ်တာ အောင်မြင်ပါစေ ဆုတောင်းတယ်။ စက်မှု ဒုဝန်ကြီး အသက်41 နှစ် စီးပွါး ပညာရှင် နဲ့ စီမံဘဏ္ဍာ ဌာန ဆက်လုပ်ကြမယ်။ လောလောဆယ် စက်မှု ဘတ်ဂျတ်ငွေ (မှန်းချေ) ကျပ် 300b လောက် ကလဲ ရပ်ထားတဲ့ စက်ရုံတွေရဲ့ ဝန်ထမ်းလစာ နဲ့ အကြွေးပြန်ဆပ် တာတွေပဲ.. ကုန်ကျနေရတယ်။
TSP Industry
29.8.2019
.
.
Ref Link
စက်မှု ဒုဝန်ကြီးခန့်အပ်
https://m.facebook.com/story.php?story_fbid=10156769255398472&id=755653471

2017 ဆောင်းပါး
https://engrmyanmar.blogspot.com/2017/03/blog-post_19.html?m=1

Sunday, February 3, 2019

RSE, PE လက်မှတ်ရအင်ဂျင်နီယာ (2019 Jan)

RSE, PE လက်မှတ်ရအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာကောင်စီ
ကျနော် စင်ကာပူမှာ အလုပ်လုပ်တုန်းက သက်ဆိုင်ရာကဏ္ဍတွေမှာ PE လက်မှတ်ရထားသူက Drawing Approve လုပ်ဖို့ လက်မှတ်ထိုး၊ တုံးထု ပြီး တရွက်ကို ဒေါ်လာဘယ်လောက ဆိုပြီး စာရွက်တိုင်းကို တုံးထုခ ယူပါတယ်။ သူမနှစ်သက်ရင် ပြန်ပြင်ဖို့ PDF file ကိုပဲ ကွန်ပြူတာနဲ့ မှတ်ချက်တွေရေး၊ ဟိုဆွဲသည်ဆွဲ လုပ်ပြီး အီးမေးနဲ့ ပြန်ပို့ပါတယ်။ ကျနော်တို့က ပြန်ပြင်ရပါတယ်။ .. PE က သူအတည်ပြု လက်မှတ်ထိုးလိုက်တဲ့ ဆောက်လုပ်ရေး လမ်းတံတား၊ အဆောက်အဦ၊ စက်မှု ဘွိုင်လာ၊ ဓါတ်လှေခါး၊ လျှပ်စစ် ထရန်စဖွန်မာ၊ ဂျင်နရေတာ၊ Fire System, SCADA system , Lighting System စတဲ့  Drawing ပုံဒီဇိုင်းများကို ဖတ်မှတ်ပြီး အတည်ပြုလက်မှတ် ထိုးရပါတယ်။
.
PE အတည်ပြုတဲ့အတိုင်း လုပ်ငန်းပိုင်ရှင်က တပ်ဆင်၊ ဆောက်လုပ်ရပါတယ်။ တခုခု မှားရင် P.E ဆီကို အဆုံးအဖြတ် Drawing ပြင်သင့်ရင် ပြင်၊ လက်မှတ် အသစ်ပြန်ထိုးရပြန်ပါတယ်။ လက်မှတ်ထိုးတိုင်း ငွေပေးရပါတယ်။
.
မြန်မာပြည်မှာတော့ P.E ဆိုတာ ဘာမှ ရေရာစွာ မလုပ်နိုင်သေးပါဘူး။ နိုင်ငံခြားက တတ်ကြွမ်းတဲ့ မြန်မာအင်ဂျင်နီယာများကို လည်း ထိုင်ခုံ ပြသနာကြောင့် အ၀င်မခံချင်ပါဘူး။
.
P.E = Professional Engineer (၀ါရင့်အင်ဂျင်နီယာလက်မှတ်)
B.E = အင်ဂျင်နီယာဘွဲ့ (Bachelor of Engineering ၆နှစ်)
AGTI = ဒီပလိုမာ (၃နှစ်)
.
.

ဒါပေမဲ့
.
အလွန်ကြီးမားတဲ့ Offshore Projects, Shwe Gas Pipeline, Copper Mine, Power Plants, စတဲ့ အဆောက်အဦးကြီးများကိုတော့ နိုင်ငံခြားကုမဏီ ကြီးများကပဲ တာဝန်ခံ ဆောက်လုပ်တယ်။ P.E က Drawing စစ်ဆေးရင် ရူးသွားနိုင်တယ်။ အလားတူTelenor, Mytel, Ooredoo, Mpt စတဲ့ ဆက်သွယ်ရေး ကုမဏီကြီးများရဲ့ လုပ်ငန်း Drawing ပုံဒီဇိုင်းကို မြန်မာ P.E စစ်ဆေးလို့ မဖြစ်နိုင်ပါဘူး။ P.E Communication မရှိသေးပါဘူး။ P.E Electronic ကလဲ ဘာမှ မလုပ်နိုင်ပါဘူး
.
.

ဒီတော့

မြန်မာ P.E တွေ လက်ရှိ ဘာလုပ်နေသလဲ ဆိုတော့ AGTI အဆင့်မဟုတ်သူတောင် ဆောက်နိုင်တဲ့ ကျောင်း၊ ဆေးခန်း၊ လမ်း၊ တံတားလေးတွေကို လက်မှတ်လိုက်ထိုး နေရတတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့။ စခါစ ဆိုတော့ ဒီလိုနဲ့ပဲ စရမှာ ဖြစ်ပါတယ်။
.
.

နောက်ဆုံး

ကျနော်တို့ P.E ရွေးချယ်ရေး အဖွဲ့က ကိုးရိုးကားယား၊ အင်ဂျင်နီယာကောင်စီ ဥပဒေနဲ့ ဘောင်ဝင်အောင် RSE, PE တွေကို ရွေးချယ်ရပါတော့တယ်။ ဒီတော့လည်း ပုဂိုလ်ခင်ရာပဲ ရွေးကြတယ်။ ပါမောက္ခတိုင်း ၊ ညွန်ချုပ်တိုင်း P.E အတင်းပေးလို့ တချို့ မလုပ်ချင်လို့ ရှောင်ပြေးနေကြတယ်။ ဘယ်လုပ်ချင်စရာ ကောင်းမလဲ။ တနေ့ ကျပ် တသောင်းပဲ ရပြီးတော့ လူတွေကို အရည်အချင်းစစ်နေရတာ၊ အရည်အချင်း ရှိသူတွေကလဲ ..စာမေးပွဲလာမဖြေဘူး။ P.E လက်မှတ်ထိုးပြီး အသက်မွေးမယ် ဆိုသူများပဲ RSE, PE လက်မှတ်တွေ ရအောင် ယူကြတယ်။ ရပြီးလည်း တကယ်လက်မှတ်ထိုးချိန် မှာ ၉၀% RSE, PE တွေက လက်မှတ်ထိုးခွင့် မရှိပါဘူး။

.
အရည်အချင်းသတ်မှတ်ချက်.အမြင်များ။
. ကျနော်ကတော့ AGTI ကိုလည်း အရည်ချင်းရှိရင် PE ပေးရမယ် ခံယူပါတယ်။ နိုင်ငံတကာမှာ ၄နှစ် အဆင့်မှီ ပညာ အောင်မြင်ထားရမယ် (or) အရည်ခြင်းရှိကြောင်း အဖွဲအစည်းတွေက လက်မှတ်ရှိရင် P.E ဖြေခွင့် ပေးခွင့် ရှိပါတယ်။
Wiki link
https://en.m.wikipedia.org/wiki/Regulation_and_licensure_in_engineering
.
မိတ်ဆွေ ပို့စ် အောက်မှာ ရေးထားတယ်။ AGTI ဆို PE မပေးဘူး ဆိုပြီး ရေးထားသလို လက်တွေ့လဲ AGTI, PE တယောက်မှ မရှိကြောင်း၊ RSE ပေါင်း ၆ရာကျော် ပေးထားကြောင်း ရေးထားပါတယ်။ ဒါကတော့ MEngC ရဲ့ AGTI ဆိုရင် PE မပေးဘူး..ခံယူချက်ပါ။ ကျနော်က သဘောမတူ သော်လဲ ဘာမှမကူညီနိုင်ပါ။
https://www.facebook.com/groups/173723859950012/permalink/300560250599705/
.
ကျနော့် ဝေါ မှာလည်း သက်မွေးပညာနဲ့မိုက်ကယ်ဖာရာဒေး အကြောင်း ရေးထားပါတယ်။
https://www.facebook.com/myanmarjobstudent/posts/10156307447078472
.
မိတ်ဆွေ နောက်တစ်ဦးကတော့ မနေသာလို့ AGTI, BE တွေ ပွဲမဆူကြဖို့၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ ရှင်းလင်းရေးပြ ပါတယ်။ ကျနော် ကတော့ AGTI ကို တော်ရင် PE ပေးသင့်သလား ရေးမထားလို့ ဒီပို့ စ် ကို ရေးရခြင်း ဖြစ်ပါတယ်။
https://m.facebook.com/story.php?story_fbid=2070961566304653&id=100001724884632
.
မြန်မာပြည် MEngC PE flow chart မှာတော့ AGTI လည်း PE ဖြေခွင့်ရှိပေမဲ့ PE ကိုးရာနီးပါးမှာ  တယောက်မှ မပေးသေးဘူး ဆိုပဲ..အရည်အချင်းမရှိလို့လား၊ အရည်ချင်းရှိသူများ မလျှော်လို့လား စဥးစားစရာပါ။
.
.

သုံးသပ်ရရင်တော့
.
တလောက အင်ဂျင်နီယာကောင်းစီ ၆၀ဦး ရွေးကောက်တော့ ဥပဒေအဟောင်းက သိပ်မစွံတော့ အသစ်ပြဌာန်းလိုက်တယ်။ ထုံးစံအတိုင်း ဆူညံနေကြတယ်။
.

နောက်တဖန် AGTI ဒီပလိုမာ သမားတွေက သူတို့ကို ခွဲခြားတယ် ပြောပြီး ဆူပူကြပြန်တယ်။
.

၂၀၁၆ တုန်းက လူလိမ်တင်ထွန်း ဆိုသူကို ၁၀တန်းမအောင်ပေမဲ့ (ကွယ်လွန်သူ) ၀ါရင့်အင်ဂျင်နီယာကြီး တစ်ဦးနဲ့ အဖွဲ့က P.E ပေးလိုက်တယ်။ နောက် အဲဒီလူလိမ် တင်ထွန်းက အာစီယံပီအီး၊ ကျနော်တို့ YTU (RIT) မှာ ဧည့်ပါမောခ ဖြစ်လာပြီး၊ စီမံကိန်းများစွာကို အခြေခံပညာမတတ်ပဲ လက်မှတ်ထိုး လိမ်စားနေတာ မိသွားပေမဲ့ အဲဒီလူလိမ်ကို အရေးမယူရဲဘူး။ လမ်မဲကြီးတွေ နောက်ကွယ်မှာ ရှိတယ် ပြောကြတယ်။ ဆူညံနေလဲ အရေးမယူပါ။
.

ဒါနဲ့ပဲ P.E ရထားသူတွေ အရည်အချင်းမရှိ၊ ၁၀တန်း ကျူရှင်ပဲ ပြစားနေတဲ့လူ၊ အသက်အလွန်ငယ်ရွယ်သူ စသဖြင့် PE လက်မှတ် ရထားတာတွေ ဆူညံလာတယ်။ P.E ရပြီးရင် နှစ်စဉ် စာတမ်းတစ်စောင်၊ စာအုပ်တစ်အုပ် စသဖြင့် ပြုစုရမယ် ဆိုတဲ့ လမ်းညွန်ချက် မရှိ။  P.E လက်မှတ်ကိုင်ပြီး အီလက်ထရွန်းနစ် တင်ဒါ ဆိုရင် Ec P.E လက်မှတ်ထိုးရမယ်၊ Civil, Road/Bridge တင်ဒါဆိုရင် P.E လက်မှတ်ထိုးရမယ်၊ စက်မှု P.E တော့ ဘာ တင်ဒါတွေ လက်မှတ် ထိုးသလဲ မသိရ။ တခြား ဘာသာရပ်မျိုးစုံ P.E အကြောင့် MEngC ၀က်ဆိုင် မှာ စာရင်းစစ်ကအစ၊ PE အရေအတွက်အဆုံး ပွင့်လင်းနိုင်သမျှ တင်ပြထားတာ တွေ့ရပါတယ်။
.
.
.
နိဂုံး အနေနဲ့...
တကယ်တော့ Engineer Council က လူကြီးတွေခမြာ အကောင်းဆုံး လုပ်နေပေမဲ့ ယိုယွင်းနေတဲ့ စနစ်ဆိုးကြီးကြောင့် ဆူပူမှုဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ အလွန် သနားစရာ ကောင်းတာကတော့ လစာလဲ မရပဲ မြန်မာပြည် အင်ဂျင်နီယာလောက ပညာရပ်ဆိုင်ရာ တိုးတက်အောင် လုပ်နေကြတဲ့ စီနီယာ ၀ါရင် အင်ဂျင်နီယာကြီးများ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ပါစေ၊ အင်ဂျင်နီယာများ စိတ်ထား ကောင်းကြမယ် ဆိုရင် မြန်မာနိုင်ငံ တိုးတက်မှု မြန်ဆန်မှာ ဖြစ်ပါတယ်။
.
မြန်မာအင်ဂျင်နီယာကောင်စီ ပြုလုပ်တဲ့ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဥပဒေများမှာ ကိုယ်ကျိုးစီးပွား ပါဝင်မှာတော့ မလွဲဧကန် ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာအသင်း၊ မြန်မာအင်ဂျင်နီယာကောင်စီ၊ အခု အရည်အသွေးစစ်ဆေးရေး စသဖြင့် မြန်မာပြည်မှာ ဖြစ်နေတဲ့အတိုင်း လူတစ်စု လက်ဝါးအုပ်ဖို့ ကြိုးစားနေကြတာ ခေတ်ကာလရဲ့ ပြယုတ်ဖြစ်ပါတယ်။
.
ဒီ လူနဲ့မူ ပြသနာကတော့ ဆက်လက် ရှိနေဥိးမှာပဲ ဖြစ်ပါတယ်။ အမြင့်ဆုံးသော မြန်မာပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ က အစ တပ်မတော်က ၂၅% နေရာယူထားသလို၊ အဖွဲ့အစည်း၊ အစိုးရဌာန အသီးသီးမျာလည်း အလားတူ ပဲ ဖြစ်ပါတယ်။ အခု သမ္မတဦးဝင်းမြင့် လက်ထက်မှာ တပ်မတော်နဲ့ အစိုးရ နားလည်မှု ရှိလာပြီး၊ အဂတိများ ( တနည်းပြောရရင် ..COI Conflict of Interest ကိုယ်ကျိုးစီးပွား) ကို စတင် အရေးယူနေချိန်မှာ.. မြန်မာ အင်ဂျင်နီယာလောက ကောင်စီဝင် ၆၀ နဲ့ ပညာရှင်များလည်း မြန်မာပြည် ဆင်းရဲခြင်းက လွတ်အောင် စိတ်နှလုံးကောင်းများ ထားနိုင်ကြပါစေ။ ကြိုးစားအားထုတ် နိုင်ကြပါစေ။
.
ဇော်အောင် (M Zaw Aung)
Website: http://www.myanmarengc.org/
Facebook: https://www.facebook.com/Myanmar-Engineering-Council-596849123795862/
Date:  28.1.2019
.
Engr Myanmar
ဆင်းရဲခြင်းလွတ်ကင်းရန် စက်မှုတည်ထောင်ရမည်။ အင်ဂျင်နီယာများ စိတ်နှလုံးကောင်းရမည်။
https://engrmyanmar.blogspot.com/

အီစလန်ဝေ နိုင်ငံတော်... ကြိုးနီစနစ်အကြောင်း (သရဝဏ်.ပြည်)

အီစလံဝေ နိုင်ငံတော်

သရ၀ဏ်(ပြည်)

    အီစလံဝေဆိုသော စကားကို လူတိုင်းသိကြ၏ ။ ထိမိခိုက်မိသဖြင့် နာကျင်သွားခြင်းကို ဆိုလိုဟန်ရှိပေ၏ ။ခလုပ်တိုက်မိရာတွင်ဖြစ်စေ ၊ ခေါင်းနှင့် တန်း ထိခိုက်မိရာတွင်ဖြစ်စေ “ငါတော့ အီစလံဝေသွားတာပဲ “ဟုပြောလေ့ရှိသည် ။ သို့သော် အီစလံဝေဆိုသောစကားမှာ မြန်မာစကားမဟုတ် ။မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင်တွေ့နိုင်မည်မဟုတ်။ ပါဋ္ဌိစကားလဲမဟုတ် ၊ ဟင်ဒီလည်းမဟုတ် ။သက္ကတလည်းမဟုတ်။ အင်္ဂလိပ်စကားပျက်ဖြစ်သည် ။  It is a long way ( It’s  long way ) ဆိုသော အင်္ဂလိပ်စကားမှလာသည် ။ ဝေးသေးသည် ။ သွားရမည့်ခရီးသည်မနီးလှ ဆိုသောမူရင်းအဓိပါယ်မှဆင်းသက်လာသည် ။ ကိုလိုနီခေတ်က လွတ်လပ်ရေး တိုက်ပွဲခရီးကြမ်းကိုရည်စူး၍ အင်္ဂလိပ်စာတတ် ပညာတတ်များက လွတ်လပ်ရေးရဖို့ဆိုတာ တော်တော်နဲ့တော့မရဘူး ၊ခရီးရှည်ကြီးသွားရဦးမယ် ၊ အစ်လောင်းဝေး (It’s long way) ဟုပြောကြရာမှ အစ်လောင်းဝေးမှသည် အီစလံဝေ ဖြစ်လာဟန်ရှိသည် ။ အီစလံဝေကျတော့နာသည့်အဓိပါယ် ၊ခံရသည့်အဓိပါယ် ဖြစ်လာသည် ။ ဘာပဲဖြစ်ဖြစ် အီစလံဝေပဲဖြစ်ဖြစ် ၊ အစ်စလောင်းဝေး ပဲဖြစ်ဖြစ် သိပ်ကောင်းသည့်အနက်အဓိပါယ်တော့မဟုတ်တာသေချာသည် ။ ကြာမည် (သို့မဟုတ်) နာမည် ဟု အကြမ်းဖျင်းယူဆနိုင်သည် ။

     ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်​ကော်​မတီဖွဲ့ရန်​အဆိုကို ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီက အရေးကြီးအဆိုအဖြစ် ၂၉.၁.၂၀၁၉ နေ့တွင်တင်သွင်းလိုက်ခြင်းအကြောင်းကို လူပြောများနေကြသည် ။ ထိုနေ့လွှတ်တော် Channel ကိုစောင့်ကြည့်မည်ဆိုသူကလည်းမရှား ။ စာရေးသူကတော့အကြောင်းသိမို့သိပ်ရင်မခုန်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်သည်ဆိုခြင်းမှာ ဒီနေ့အဆိုတင် ဒီနေ့အဖြေထွက်သည့် ကိစ္စမဟုတ် ။ It’s a long way ကိစ္စဖြစ်သည် ။ ပထမအဆင့် လွတ်တော်တွင်အဆိုတင်ရမည် ။ ဒုတိယအဆင့် ထိုအဆိုကို လက်ခံဆွေးနွေးရန် သင့်မသင့် ဆုံးဖြတ်ရမည် ။ လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၀ ရာခိုင်နှုန်းက လက်ခံဆွေးနွေးရန်သဘောတူခဲ့လျှင် ထိုအဆိုကိုလွှတ်တော်တွင်လက်ခံဆွေးနွေးရမည် (ဤအဆင့်အထိ လွယ်ကူသည် ။ လွှတ်တော်ထဲတွင် NLD ပါတီဝင်အမတ်များ ၂၀ ရာခိုင်နှုန်းမကရှိနေသည့်အတွက် ဖြစ်သည် )။ နောက်အဆင့်များကတော့မလွယ်ကူတော့ချေ ။ ပြင်လိုသော ပုဒ်မတစ်ခုချင်းကို လွှတ်တော်ထဲတွင် မဲခွဲဆုံးဖြတ်ရမည် ။ မဲမခွဲခင် ထိုပုဒ်မများကို ပြင်လိုသူကဘာကြောင့်ပြင်ထိုက်ကြောင်း၊မပြင်လိုသူများက ဘာကြောင့်မပြင်လိုကြောင်း ဆွေးနွေးငြင်းခုံကြမည် ။ ထိုငြင်းခုန်မှုက လနှင့်ချီ၍ ကြာနိုင်သည် ။ နောက်ဆုံး၌ သုံးလေး လလောက်ကြာမှ လွှတ်တော်အတွင်းပုဒ်မတခုချင်းကို မဲခွဲဆုံးဖြတ်သည့် အဆင့်သို့ရောက်မည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ အထိ ၊အခန်း(၃) ပုဒ်မ ၅၉၊၆၀ ၊ အခန်း(၄) ပုဒ်မ ၇၄ ၊၁၀၉၊ ၁၄၁၊ ၁၆၁၊  အခန်း(၅) ပုဒ်မ ၂၀၀ ၊၂၀၁၊၂၄၈၊၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃ ၊၂၉၄၊၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ ၊အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ ကို တို့ထိ၍မရ ။ထိုပုဒ်မများကိုပြင်လိုလျှင် ဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူလက်ခံရမည် ။ ထိုအထက်ဖော်ပြပါ ပုဒ်မ ၉၄ ခုကို ပြင်ဆင်ရေးတွင် အဓိကဇာတ်ကောင်မှာ ၇၅ ရာခိုင်နှုန်းကျော်လွှတ်တော်တွင်း သဘောတူရမည်ဆိုသည့်စာသားဖြစ်သည် ။ ဆိုလိုရင်းမှာ တပ်မတော်သားကိုယ်စားလှယ်များ သဘောတူရမည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ သဘောမတူခဲ့လျှင် ထိုပုဒ်မ ၉၄ ခုမှ တခုခုပြင်ဆင်ရေးကြိုးပမ်းချက်သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အထိပင်မရောက်တော့ပဲ လွှတ်တော်ထဲမှာပင် ကျဆုံးသွားရပေလိမ့်မည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကိုလည်း လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့်အပ်ထားသည်ဖြစ်ရာ အမိန့်ပေးအမိန့်ခံစနစ်အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမိန့်မရပဲ မည်သည့်တပ်မတော်သား ကိုယ်စားလှယ်ကမှ ထောက်ခံမဲပေးခြင်း ၊ကန့်ကွက်မဲပေးခြင်းတို့ကို မိမိဆန္ဒနှင့် လုပ်နိုင်မည်မဟုတ်ပေ ။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များအနက် အခြားအရေးမပါသော ပုဒ်မ များကိုပြင်ဆင်ရေးသည် NLD နှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်မဲလာပေးမည့် မြန်မာနိုင်ငံသားများ လက်ထဲတွင်ရှိသော်လည်း ၊  စစ်အစိုးရစိတ်ကြိုက်အသာစီးယူရေးဆွဲခဲ့သည့် အရေးပါသောပုဒဒ်မ ၉၄ ခုပြင်ဆင်ရေးလုပ်ငန်းစဉ်ကြီးတရပ်လုံးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထဲတွင်သာအကြွင်းမဲ့အာဏာ ရှိနေပေသည် ။ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စုလွှတ်တော်နာယက ဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလွှတ်တော်အတွင်း တင်သွင်းလာသေးသည် ။ သို့သော် အဓိကကျသောပုဒ်မများပြင်ဆင်ရေးတွင် တပ်၏ထောက်ခံမှုမရသောကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်အားလုံးမှာ (လပေါင်းများစွာ ဆွေးနွေးပြီးနောက် လွှတ်တော်တွင်းမဲခွဲသောနေ့တွင် ရှေ့မဆက်နိုင်ပဲ နိဌိတံခဲ့ရပေသည် )။ ထို့ကြောင့် ၂၉.၁.၂၀၁၉ နေ့တွင် စတင်ခဲ့သော NLD ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဆိုသည် လပေါင်းများစွာကြာအောင်ဆွေးနွေးပြီး နောက်ဆုံးမဲခွဲသောနေ့တွင် ဦးရွှေမန်းလက်ထက်ကလိုပဲ အလားတူ (တပ်မတော်၏ဗီတိုအာဏာ )ဖြင့် နိဂုံးချုပ်နိုင်မလား ။ အဓိကပုဒ်မ အချို့ပြင်ဆင်ရေးအတွက် လိုအပ်သော ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲရကာ ပြည်လုံးကျွန်ဆန္ဒခံယူပွဲအထိ ရောက်အောင်သွားနိုင်မလားဆိုတာ အလွန်ဝေးကွာလှသေးသော အဆင့်များကျန်နေပါသေးသည် ။ အီစလံဝေ ဟုခေါ်သော ရှည်လျားသောခရီးကို သွားရဦးမည် ။ ယနေ့အဆိုတင် မနက်ဖြန်ပြင်ဆင်ချက်တွေထွက်လာပြီဟုထင်ယောင်ဝိုးဝါး ဖြစ်နေသူတွေများသောကြောင့် ရှင်းပြရခြင်းဖြစ်သည် ။ ပုဒ်မကြီး ၉၄ ခုကို ဗီတိုအာဏာဖြင့်အသေကိုင်ထားနိုင်သဖြင့် အောင် ၁၀၈ ကွက်ဗုဒ္စစက် ၊ ၉၄ ချက် အစိတ်သားစက် ဟုပင် ခေါ်ဝေါ်၍ ရနိုင်ကောင်း၏ ။

    တဖက်တွင် ၂၀၂၀ တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ပြည်တွင်းစစ်များရပ်စဲပြီး နိုင်ငံတ၀ှမ်းငြိမ်းချမ်းရေးရယူနိုင်ရန်ရည်မှန်းထားသည်ဟု  တပ်မတော်ကလည်းသူ၏ မူဝါဒရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည် ။ ပြည်တွင်းငြိမ်းချမ်းရေးရလိုလျှင် ၊ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့်သွားမှရမည် ။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်လိုလျှင် ၂၀၀၈ အခြေခံဥပဒေပါအချက်များအား ပြင်ကိုပြင်မှဖြစ်မည်ဆိုခြင်းသည်လည်းအရှိတရားပင်ဖြစ်သည် ။ မိမိပြည်နယ် ၊ မိမိတိုင်းဒေသကြီး၏အုပ်ချုပ်ရေးအကြီးအကဲကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်က ရွေးကောက်ခွင့်ရှိရမည် ။ ၀န်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်များ၊တိုင်းဒေသကြီးလွှတ်တော်များကရွေးရမည် ။ လက်ရှိတွင်သမ္မတက ရွေးချယ်ခန့်ထားသောစနစ်ဖြစ်သည် ။ဖက်ဒရယ်ကိုသွားမည်ဆိုလျှင်ဒါတွေပြင်ရမည် ။ လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတာကိုလည်း (ဒီမိုကရေစီ စစ်စစ်သို့သွားမည်ဆိုလျှင် ) ပြင်ရမည်သာဖြစ်သည် ။ အုပ်ချုပ်ရေးတွင် ၀န်ကြီးဌာနသုံးခု၏၀န်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးချုပ်က ခန့်အပ်နေမှုများသည်လည်း ပြင်ရမည်သာဖြစ်သည် ။ တိုင်းရင်းသားဒေသများတွင် ကိုယ့်ပြည်နယ်ကထွက်သည့်သယံဇာတ၀င်ငွေအပေါ် ပြည်နယ်အစိုးရ ၊တိုင်းဒေသကြီးအစိုးရထံသို့  အချိုးကျရောက်ရှိဖို့ကိစ္စတွင်လည်း အခြေခံဥပဒေကိုပြင်ဆင်ရမည်သာဖြစ်သည် ။ ငြိမ်းချမ်းရေးရပြီးလျှင် တခုတည်းသောတပ်မတော်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်များကိုပါ ထည့်သွင်းတည်ဆောက်ဖို့လည်း ဖွဲ့စည်းပုံဥပဒေ ကိုပြန်လည်မွန်းမံရမည်သာဖြစ်သည် ။ ကမ္ဘာ့ဒီမိုကရေစီ ကျင့်စဉ် တရပ်ဖြစ်သော ရွေးကောက်ခံအရပ်သားအစိုးရလက်အောက်တွင် တပ်မတော်ကတာဝန်ထမ်းဆောင်ရေးဆိုသည့် ပရော်ဖက်ရှင်နယ်လ်တပ်မတော်တရပ်ပေါ်ထွန်းရေးတွင်လည်း လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်အချို့ကိုပြင်ဆင်ရမည်သာဖြစ်သည် ။ ဒီမိုကရေစီမဆန်သော ၊ ဖက်ဒရယ် စနစ်နှင့်ဖီလာကန့်လန့်ဖြစ်နေသော ဥပဒေပြဌာန်းချက်များကို ၂၀၂၀ နောက်ပိုင်း ငြိမ်းချမ်းရေးရပြီး နိုင်ငံတော်သစ်တည်ဆောက်ရာတွင် လိုက်လျောညီထွေဖြစ်ဖို့ပြင်ဆင်သင့်တာမှန်သမျှ ပြင်ကြရမည်ဖြစ်သည် ။ တခုပဲရှိသည် ။ ထိုသို့ တိုင်းပြည်အတွက် လိုအပ်သော ဖွဲ့စည်းပုံပြင်ဆင်ချက် (အဆိုပြုချက်များ)ကို တပ်မတော်ခေါင်းဆောင်ပိုင်းက ဘယ်ရွေ့ ဘယ်မျှအထိ သဘောပေါက်နားလည်ပြီး လွှတ်တော်ထဲတွင် ဘယ်လိုတုန့်ပြန်မလဲဆိုတာ ဤဇာတ်လမ်း၏အရေးအကြီးဆုံးဖြစ်သည် ။

   လူ့သဘောအရ မည်သူမဆိုမိမိအသာစီးရထားသော ၊ မိမိအဖွဲ့ ကို အကာအကွယ်ပေးထားသော အထူးအခွင့်အရေးများကို လက်လွှတ်ဆုံး၇ှုံးလိုမည်မဟုတ်ပေ ။ အမေရိကန်ပြည်ထောင်စုတွင် သမ္မတ လင်ကွန်းလက်ထက်က လူမည်းငွေဝယ်ကျွန်များကို ကျွန်အဖြစ်မှ ပယ်ဖျက်ပြီးလွတ်မြောက်ခွင့်ပေးဖို့ လွှတ်တော်တွင်အဆိုတင်သွင်းတော့ တတိုင်းပြည်လုံးဂယက်ရိုက်ခတ်သွားသည် ။ ကျွန်တွေ၏လုပ်အားကို ခေါင်းပုံဖြတ်၍ အကျိုးအမြတ်ရနေသူ တောင်ပိုင်းသားတွေက သမ္မတလင်ကွန်း၏ အဆိုပြုချက်ကို ခါးခါးသီးသီးဆန့်ကျင်ကြသည် ။ ပြည်တွင်းစစ်ဖြစ်သည်အထိ အမေရိကန်တွင် (ကိုယ်ကျိုးစီးပွားကာကွယ်လိုသူနှင့် နိုင်ငံကောင်းစားရေးရှေ့ရှုလိုသူ တို့ ) အုပ်စုနှစ်စု ပဋိပက္ခပြင်းထန်ခဲ့သည် ။ နှစ်ပေါင်းများစွာကြာပြီးသောအခါ ယခုခေတ်တွင်တော့ လူမည်းတွေကိုလွတ်လပ်ရေးပေးခဲ့သော သမ္မတလင်ကွန်းနှင့် လွှတ်တော်အမတ်များ မှန်သလား ၊ လူမည်းတွေကို ဂုတ်သွေးစုတ်ကာကျွန်စနစ်ကိုဆက်လက်ရှင်သန်စေလိုသူ ကွန်ဖက်ဒရေးရှင်းစနစ်ထောက်ခံသူ များမှန်သလားဆိုတာတော့ သမိုင်းကသက်သေခံခဲ့ပြီဖြစ်သည် ။ ကျွန်စနစ်ဖျက်သိမ်းမှုရလာဒ်အဖြစ်အမေရိကန်ပြည်ထောင်စုတွင် ကောလင်းပါဝဲလ်လို လူမည်း ကာကွယ်ရေးဝန်ကြီးတွေ ၊ကွန်ဒိုလီဇာရိုက်လို လူမည်းအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးတွေ ၊ဘားရက်အိုဘားမားလို လူမည်းသွေးနှော သမ္မတတွေ ၊ မီရှဲအိုဘားမားလို လူမည်းသမ္မတ ကတော်တွေပေါ်ထွန်းလာပြီးနိုင်ငံကို အကျိုးပြုခဲ့မှုတွေကသက်သေခံနေပါသည် ။

    မြန်မာပြည်ကတော့ ဘာပဲဖြစ်ဖြစ်ကြာတတ်သည့်နိုင်ငံဖြစ်သည် ။ နောက်ကျတတ်သည့်နိုင်ငံဖြစ်သည် ။ ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ရကိုင်ရအလွယ်ကူဆုံးအဆင့်သတ်မှတ်ရာ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ တွင်အဆင့် ၁၇၁ ဆွဲလေသည် ။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရ လွယ်ကူခြင်းမလွယ်ကူခြင်းကို ကဏ္ဍ (၁၀)မျိုးနှင့်တိုင်းတာရာတွင် ကဏ္ဍပေါင်းစုံတွင်မြန်မာက အဆင့်နိမ့်နေသည်ဆို၏ ။ ထိုကဏ္ဍဆယ်မျိုးတွင် စီးပွားရေးလုပ်ငန်းတခုစတင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ယူခြင်း ၊ လျှပ်စစ်သွယ်တန်းရယူခြင်း၊ မြေနှင့်အိမ်ယာအဆောက်အအုံမှတ်ပုံတင်ခြင်း၊ချေးငွေရယူခြင်း၊ရင်းနှီးမြှုပ်နှံသူများကိုအကာအကွယ်ပေးခြင်း၊အခွန်ဆောင်ရလွယ်ကူသောစနစ်ရှိခြင်း၊ ပြည်ပသို့ ကုန်ပို့ခြင်း၊စာချုပ်ပါအတိုင်း အာဏာတည်စေခြင်း၊ လူမွဲစာရင်းကြေညာမှု (ဒေ၀ါလီခံမှု)ကိုဖြေရှင်းခြင်းတို့ဖြစ်ကြသည် ။ ထိုအဆင့်တွေတိုးတက်မှုရှိအောင် သက်ဆိုင်ရာကကြိုးစား၏ ။ သို့သော် ခရုလိုတရွေ့ ရွေ့ သာ သွားလျက်ရှိသည် ။ နိုင်ငံလူမွဲခံယူမှုဥပဒေ ( Myanmar Insolvency Law) ပြဌာန်းရန်မှာ ပြည်ထောင်စုလွှတ်တော်တွင် ကြန့်ကြာနေသဖြင့် နိုင်ငံ့အတွက်အရေးပါသော ဥပဒေကို အလျင်အမြန် ဆွေးနွေးပေးစေလိုကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောသည် ။ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန်အခြားဥပဒေများတန်းစီနေသဖြင့် ထိုဥပဒေ ကို အလှည့်ကျစောင့်နေလျှင် ငါးလခန့်ကြာချင်ကြာမည် ၊ တနှစ်ခန့်ကြာချင်လဲကြာသွားနိုင်ဟု ဒုသမ္မတကပြောကြားသည် ။ အခုတော့နိုင်ငံအတွက် Doing Business ကမ္ဘာ့အဆင့်အများးကြီးတက်လာနိုင်တဲ့အတွက် ဒီဥပဒေကို နိုင်ငံအတွက်အရေးကြီးလို့  ဦးစားပေးလေးစီစဉ်ပေးပါလို့တော့ ပြောထားတာပဲ ဟု ဒုသမ္မတကဆို၏ ။ မြန်မာနိုင်ငံကား အလုပ်လုပ်ပုံအရာရာနှေးကွေးလှ၏ ။ သမ္မတအမိန့်နှင့်မူးယစ်ဆေးဝါးသွားရှာတာတောင်မှ အမိန့်ပေးသည့်အချိန်နှင့်သွားရောက်ရှာဖွေသည့်အချိန်သည် ငါးလခြောက်လလောက်ကွာခြားပေ၏ ။ လူသတ်မှုတခုဖြစ်သော ဦးကိုနီအသတ်ခံရမှုသည်လည်း သေသည်မှ (၂) နှစ်တိတိကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် အမှုမှာ စီရင်ချက်မချနိုင်သေး ။ ဖြိုးကိုကိုတင့်ဆန်း နေပြည်တော်လေဆိပ်ဝယ်လက်နက်များမိသည့်အမှုတွင်လည်း အမှုပေါင်း ၂၃ မှုဖြင့် စွဲဆိုထားရာ တရားလိုပြသက်သေမှာ လူ လေးရာကျော် (၄၀၄ဦး) ရှိသည် ဟူ၏ ။ အံ့သြဘနန်းဖြစ်ရပ်ဆန်းပင် ။ ယခုအခါ လူ ၂၀၀ ကိုစစ်ဆေးထားသည်ဆို၏ ။ နောက်ထပ်စစ်ဆေးရမည့်လူပေါင်း ၂၀၃ ယောက်တိတိပင်ကျန်သေးသဖြင့် ထိုအမှုလည်း၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်တိုင် ပြီးပြတ်ဦးမည်မထင်ပေ။ ကျွန်တော်တို့နိုင်ငံသည် နှေး၏ ၊လေး၏ ၊ ဘာလုပ်လုပ်ကြန့်ကြာ၏ ။ အဘတွေနှင့် ၊၀န်ကြီးတွေနှင့် ၊ဘာတွေနှင့် ညာတွေနှင့် အသိမရှိလျှင် ဌာနဆိုင်ရာအားလုံးမှာ လိပ်လို နှေးအောင်အလုပ်လုပ်ကြ၏ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တခုကတော့ ခပ်သွက်သွက်ကလေး အရှိန်အဟုန်မြှင့်ကာဆောင်ရွက်လာတာတွေ့ ရ၏ ။ ဥပဒေအရာရှိဦးဟန်ထူးတို့ ၊ ရဲအုပ်ချစ်ကိုကို တို့အမှုကိုတရားရုံးသို့ပို့အပြီးတွင်  သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မင်း(လက်ရှိ  လက်ထောက်ညွှန်ကြားရေးမှူး ၊လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းသာလှ၊ သဲကုန်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးဦးခင်ဇော် တို့ကို အဂတိလိုက်စားမှုဖြင့် သဲကုန်းမြို့မရဲစခန်းတွင် ၂၀၁၉ ဇန်န၀ါရီ ၂၄ က အမှုဖွင့်အရေးလိုက်သည် ။ မကြာပါချေ ဇန်န၀ါရီ ၂၈ ရက်နေ့တွင် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူးအပါအ၀င် ရှစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်းကြားရပြန်သည် ။ ငါးသေးသေးလေးများ၊ အတန်အသင့်ကြီးသော ငါးအလတ်စားများကိုတော့ ဒယ်အိုးထဲတွင်စတင်ကြော်နေပေပြီ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏လက်တံသည် ဤမျှမကကျယ်ပြန့်လာပြီး အရေးယူမှုများဆက်တိုက်ပြုလုပ်နိုင်ခဲ့လျှင် တိုင်းပြည်တွင် သောင်းကျန်းနေသော ခြများ နည်းပါးသွားပေလိမ့်မည် ။တရုတ်ပြည်ကဲ့သို့ ရာထူးကြီးသူများကိုရော အဂတိလိုက်စားသူမှန်လျှင်ဖော်ထုတ်အပြစ်ပေးအရေးယူပါမှတိုင်းပြည်ကောင်းလာပေလိမ့်မည် ။

     ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံမှုတွေလာကြဖို့  စည်းရုံးလှုံ့ဆော်နေသည် ။ သို့သော်ကမ္ဘာ့စီးပွားရေးသမားတွေသည်အချဉ်တွေမဟုတ် ။ သူတို့လာရောက်ရင်းနှီးမြုပ်နှံရမည့် နိုင်ငံ၏ အလုပ်လုပ်ပုံကိုင်ပုံကိုကြည့်ရှုလေ့လာစမြဲဖြစ်သည် ။ မြန်မာတို့သည် ကြိုးနီစနစ်ဖြင့်အသားကျနေပြီး ဘယ်အရာမဆို ကြန့်ကြာအောင်လုပ်လေ့ရှိ၏ ။ အစိုးရရုံးဌာနများတွင် ကိုယ်လုပ်ရမည့်ကိစ္စကို အားတက်သရောမြန်မြန်ဆန်ဆန်ဆောင်ရွက်လိုစိတ်မရှိပေ ။ ကျွန်တော့်မိတ်ဆွေတယောက်သည် ရန်ကုန်တွင် လက်ဖက်ရည်နှင့်စားဖွယ်စုံ စားသောက်ဆိုင်ဖွင့်ရန် စည်ပင်ကိုဆောက်လုပ်ခွင့်လျှောက်ထားခဲ့ရာ ခွင့်ပြုမိန့်မှာတနေ့လာလည်း မရသေး၊ တလကြာလည်းမရသေး ၊ သုံးလလောက်ကြာမှ ခွင့်ပြုမိန့်ကျလာ၏ ။ လက်ဖက်ရည်ဆိုင်လေးဆောက်ဖို့ခွင့်ပြုမိန့်လေးတခုရဖို့  ရက် ၉၀ လောက် ဘာကြောင့်အချိန်ယူ နေရသလဲ စဉ်းစား၍မရပေ ။ ထိုသို့ ဘာမဟုတ်တာလေးကိုပင် အချိန်ယူ ညစ်ကွက်ဆင်ကြသောနိုင်ငံသို့ဘယ်နိုင်ငံခြားသားကမှ စက်ရုံအလုပ်ရုံတွေ ၊စီးပွားရေးလုပ်ငန်းတွေလာလုပ်ချင်မည်မဟုတ်ပေ ။ နိုင်ငံပေါင်း ၁၉၀ တွင် မြန်မာသည် အဆင့် ၁၇၁ ရတာလည်းမဆန်းပေ ။ ၁၈၈ လောက်ပင်ရသင့်သေး၏ ။ စည်ပင်ကတမျိုး ၊ ထွေအုပ်ကတမျိုး ၊ အခွန်ကတမျိုး ၊ လျှုပ်စစ်ဌာနကတမျိုး ၊ ရဲကတမျိုး၊ မြေစာရင်းဌာနကတမျိုး ဌာနပေါင်းစုံရှိသမျှက ၀ိုင်းဝန်း ညစ်ကွက်သုံးနေကြသဖြင့် ကိုယ့်မြန်မာအချင်းချင်းပင် စီးပွားရေးလုပ်ငန်းတခုလုပ်ဖို့ ဆလံသကြရသောနိုင်ငံဖြစ်သည် ။ ဘာလုပ်လုပ် တော်တော်နှင့်မပြီး ဌာနဆိုင်ရာများသို့ချောင်းပေါက်အောင် သွားရသောနိုင်ငံဖြစ်သည် ။ ယခုလည်း လာပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အဆိုတင်သွင်းလိုက်ပြီတဲ့ ။ ဘယ်လောက်ကြာပြီးဘယ်လိုနိဂုံးချုပ်ဦးမည်မသိ ။တိုင်းပြည်အတွက်ကြည့်ကြမှာလား၊ဘာလာလာကန့်ကွက်မှာလား။  အင်္ဂလိပ်ခေတ်က လွတ်လပ်ရေးရဖို့ကြိုးစားသူတွေပြောလေ့ရှိသော စကားတခွန်းကိုပင်သတိရမိသည် ။

“အီစလံဝေ “ တဲ့ ။

တိုင်းပြည်ကမည်မျှ အီစလံဝေပြီးမှ ကောင်းလာမှာလဲ ၊ ကျွန်တော်တို့လဲမခန့်မှန်းတတ်ကြပါပြီတကား။



သရ၀ဏ်(ပြည်)

စောင့်​ကြည့်​ဂျာနယ်
၁.၂.၂၀၁၉

Saturday, October 13, 2018

ဒေါ်ညိုညိုသင်း အဂတိကော်မရှင်ထံ တိုင်ပြီ..

သို့/
ဥက္ကဌ
အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်
အုပ်စု(၁)​ အားကစားလေ့ကျင့်​​ရေးစခန်း  ဝဏ္ဍသိဒ္ဓိရပ်ကွက်
နေပြည်တော်
ပြည်ထောင်စုမြန်မာနိုင်ငံ

ဥက္ကဌကြီးရှင့်

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာပါနိုင်ငံတော်ရဲ့နစ်နာမှုများကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကစုံစမ်းစစ်ဆေးနိုင်ဖို့တင်ပြပါရစေ
ဒီသတင်းဟာမြန်မာ့ နိင်ငံရေးလေ့လာသူများနဲ့သတင်းမီဒီယာများကြားလူထုစိတ်ဝင်စားမှုအမြင့်ဆုံးသတင်းဖြစ်နေပါတယ်။
၂၀၁၆ -၂၀၁၇ ဘဏ္ဍာ နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကိုအခြေပြုပြီးနိုင်ငံတော်ရဲ့ဆုံးရှုံးနစ်နာမှုများကိုထုတ်ဖော်တင်ပြတိုင်တန်းပါရစေ။ဒီလို နစ်နာမှု ဖြစ်ရစေခြင်း များဟာ လုပ်ပိုင်ခွင့်ရှိသူများရဲ့ အဂတိ မကင်းတဲ့ ဥပဒေချိုးဖောက်မှုများကြောင့်ဖြစ်ပါတယ်။
အဂတိလိုက်စားမှုရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာဆိုရင် ဘယ်သူမဆိုပြည်သူ့ဘဏ္ဍာ ငွေကိုစီမံကိုင်တွယ်ဆောင်ရွက်ရာတွင် တည်​ဆဲ
ဥပ​ဒေ လုပ်​ထုံးလုပ်​နည်း စည်းမျဉ်းများကို​ဖောက်​ဖျက်​လို့ နိုင်​ငံ​တော်​ရဲ့​ငွေ​ကြေးနဲ့ပိုင်​ဆိုင်​မှုကို ထိခိုက်​နစ်​နာ​စေရင်​ အဂတိလိုက်​စားမှုဖြစ်​​ကြောင်းပါရှိပါတယ်​။

အစီရင်​ခံစာပါကြီးမား တဲ့ နစ်နာမှုတစ်ခုက​တော့
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်​အတွင်းလူပုဂ္ဂိုလ်​တဦးထဲကို ​ပေ၄၀​ပေ၆၀ ရှိ မြေကွက် ၂၁ ကွက် စာ အကျယ်အဝန်းကို သက်​သာတဲ့နှုန်းထားများနဲ့​ရောင်းချထားခြင်းအပါအဝင်​  နံမည်​​ကျော်
ပုဂ္ဂလိက လုပ်​ငန်းရှင်​အချို့ကိုစီမံကိန်းအ​ကြောင်းပြပြီးမြေဧက​ထောင်​ချီ​ပေးအပ်​ခဲ့
တဲ့ကိစ္စဖြစ်​ပါတယ်​။အဲဒီ​မြေ​တွေအတွက်
မြေဂရန်​ဝန်​​ဆောင်​ခများသတ်​မှတ်​ရာမှာ
ဂရန်​သစ်​ဝန်​​ဆောင်​ခနှုန်းနဲ့မ​ကောက်​ခံသည့် အတွက်​ နိုင်​ငံ​တော်​ဝင်​​ငွေ အနည်းဆုံး​ ၄၁.၉၇ ဘီလီယံ​ကျော်​နစ်​နာခဲ့တာကိုအစီရင်​ခံစာမှာ​ဖော်​ပြထားပါတယ်​။

ဥက္ကဌကြီးရှင်​....

ကျမတို့ရဲ့ပြည်​သူ့ဘဝအ​ခြေအ​နေကိုတ​စေ့တ​စောင်းကြည့် မယ် ဆိုရင် ပြည်​သူ့ဆေးရုံအများစုမှာ (တိုက်နယ် ဆေးရုံများ) အပါအဝင် ၂၄နာရီလျှပ်​စစ်​မီးရှိတာကရှာမှရှားဖြစ်ပါတယ်။
လူနာနဲ့ဆရာဝန်​အချိုးမမျှတတာ​တွေအပြင် အချို့ ဆေးရုံ​တွေမှာ ကုတင်​အပါအဝင် ဆရာဝန်​၊ သူနာပြုနဲ့လူနာရှင်​​တွေအတွက်​နေရာထိုင်ခင်း မလုံ​လောက်​ခြင်းများ၊ တစ်နိုင်​ငံလုံးမှာအ​ရေး​ပေါ်ကုသမှု​တွေအတွက်​လိုအပ်​တဲ့ ​ဆေးဝါးအပါအဝင်​အ​ခြေခံ​ကျတဲ့​သွေးစစ်​​ဆေး​ရေး၊နှလုံး​နဲ့
ကျောကိကပ်​ဆိုင်​ရာစက်​ကိရိယာ​များ၊ ကင်ဆာ ဝေဒနာရှင်များအတွက် ဓာတ်ရောင်ခြည် ပေးသည့် စက်ကရိယာများ အစရှိသဖြင့် အလုံအလောက်​ မရှိလို့ အသက်​မဆုံးရှုံးသင့်​ပဲဆုံးရှုံးသွားတဲ့ပြည်​သများစွာရှိ​နေကြဆဲဆိုတာ​ဘယ်​သူမှမငြင်းနိုင်​ကြပါဘူး။ အခု ကျမတို့ဆုံးရှုံး​နေတဲ့၄၂ ဘီလီယံ နီးပါး ဟာပြည်​သူ​ထောင်​ပေါင်းများစွာရဲ့အသက်​​ကိုကယ်​တင်​နိုင်​တဲ့ဆုံးရှုံးမှုပမာဏ
ဖြစ်​​ကြောင်းအဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​ထံ​လေးစားစွာတင်​ပြအပ်​ပါတယ်​။
နောက်​ထပ်​ဆုံးရှုံးမှုဖြစ်စဉ် တစ်ခု ကတော့ ​ရွှေတိဂုံ​စေတီ​တော်​ကြီး ၏ အ​နောက်​ဖက်​မုဒ်​ရဲ့မျက်​နှာချင်းဆိုင်မှာ ရှိတဲ့ ပြည်​သူ့ဥယျာဉ်​​အတွင်းမှာပုဂ္ဂလိကကုမ္ပဏီတခုကိုကာလ​ပေါက်ေ​ဈးထက်​အများကြီး​​ဈေးလျော့ပြီးဌားရမ်းထားတာကို သိရပါတယ်။ဒီ ဖြစ်ရပ်မှာ ဆိုရင်လည်း ပြည်သူ လူထုရရန်​ငွေတွေဟာ လစဉ်​တစ်​ဘီလီလျံနစ်​နာ​နေတာဖြစ်​ပါတယ်​။
ဒီ​ငွေပမာဏဟာ ရန်​ကုန်​တိုင်းမှာရှိတဲ့ ခိုကိုးရာမဲ့ပြည်​သူ ၁၆၆၀၀ ကျော်​ကို တစ် ထောင်ကျပ်​တန်​ တန်​ဖိုးသင့်​ ထမင်း နှင့် ဟင်းကို​နေ့စဉ်​  ည/မနက်​​ကျွေး​မွေးနိုင်​တဲ့ပမာဏဖြစ်​ပါတယ်

ဥက္ကဌကြီးရှင်

မဖြစ်​မ​နေတင်​ပြချင်​တာ နောက် တစ်ခုက
 နိုင်ငံ​တော်​ရဲ့ ဆုံးရှုံးမှု​တွေထဲက  တစ်ခုအပါအဝင် ဖြစ်တဲ့ ရန်​ကုန်​တိုင်း ဗိုလ်​တ​ထောင်​မြို့နယ်ရြှိ ၄၅ လမ်း ကစီမံကိန်းတစ်ခု အ​ကြောင်းပဲဖြစ်​ပါတယ်​။ ဒီ စီမံကိန်းမှာ ဆိုရင် နိုင်​ငံ​တော်​မှ နစ်​နာ​ငွေဟာ ၉.၂ ဘီလီယံဖြစ်​ပါတယ်​လို့အစီရင်​ခံစာကထုတ်​​ဖော်​ထားပါတယ်​။
ဒါ့ အပြင်​ဗဟန်းမြို့နယ်မှာ ဌားရမ်းထားတဲ့​မြေ ၁၅ ဧက အတွက်​နှစ်​စဉ်​ ၃.၈
ဘီလီယံဆုံးရှုံးနေပြီးကန်​​တော်​ကြီး ကန်တော်​မင်​နဲ့ မြိုင်​​ဟေဝန်​ ဥယျာဉ်​များ မှာ ဆိုရင် နိုင်​ငံ​တော်​ရဲ့ဆုံးရှုံးမှုဟာနှစ်​စဉ်​ ၂ ဘီလီယံ ရှိ​နေပါတယ်​။
ဒီ​ဆုံးရှုံးမှုပမာဏဟာ
ရွှေ့​ပြောင်း​နေထိုင်​မှုအများဆုံးဖြစ်​ပြီးအိမ်​ဌားခမြင့်​မားလွန်းတဲ့ရန်​ကုန်​မြို့ကသာမန်​ပြည်​သူများအတွက်​သိန်း ၁၀၀ တန်​ တန်​ဖိုးနည်းတိုက်​ခန်း​ပေါင်း
 ၂၅၀၀ခန့်​ကို​ ကျန်​ရှိသက်​တမ်း ၃နှစ်​အတွင်း
ဆောက်​လုပ်​ချထား​ပေးနိုင်​တဲ့ပမာဏ
ဖြစ်​ပါတယ်​။
‌အခုတင်​ပြခဲ့တဲ့နစ်​နာမှုများကို​လေ့လာကြည့်​ရင်​တူညီတာတခုက​တော့
‌လုပ်​ပိုင်​ခွင့်​ရှိသူတ​ယောက်​ သို့မဟုတ်​ တဖွဲ့က လူတဦးတ​ယောက်​ ဒါမှမဟုတ်​ ပုဂ္ဂလိကကုမ္ပဏီများကိုတည်​ဆဲဥပ​ဒေများကိုချိုး​ဖောက်​ပြီးအခွင့်​အ​ရေး​ပေးခဲ့မှု​ကြောင့်
‌သာနိုင်​ငံ​တော်​မှာ အခုလိုကြီးမားတဲ့နစ်​နာမှုများဆက်​တိုက်​​ပေါ်​ပေါက်​လာခြင်းဖြစ်ပါ​တယ်။

‌နိုင်​ငံ​ရေး​စောင့်​ကြည့်​သူများအကြားစိုးရိမ်​​နေတာတခုက​တော့အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​ကရန်​ကုန်​တိုင်း​ဒေသကြီးစာရင်းစစ်​ချုပ်​ရဲ့အစီရင်​ခံစာပါကိစ္စများကို​ကျော်​​စောသတင်းအဖြစ်​မှတ်​ယူပါ့မလားဆိုတာပါပဲ၊ဥပ​ဒေအရ​တော့​ကျော်​​စောသတင်းဆိုတာဟာအများပြည်​သူုအတွင်းပျံ့နှံ့​နေ​သောသတင်းတရပ်​ရပ်​တွင်​တ​ယောက်​​ယောက်​ဟာအဂတိလိုက်​စားမှုနဲ့ပတ်​သက်​ပြီးခိုင်​လုံတဲ့အ​ထောက်​အထားရှိနိုင်​တယ်​လို့​ကော်​မရှင်​ကယုံကြည်​ရန်​​ပေါ်​ပေါက်​​သောသတင်းဖြစ်​ပါတယ်​၊
‌ဒီအစီရင်​ခံစာကိုယ်​တိုင်​ကခိုင်​လုံတဲ့အ​ထောက်​အထားဖြစ်​တာမို့အခုကိစ္စဟာ​ကျော်​​စောသတင်းဖြစ်​​ကြောင်းထင်​ရှားလှပါတယ်​၊ဒါအပြင်​အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေးဥပ​ဒေပုဒ်​မ ၃ (က)အပိုဒ်​၂ ပါ
‌အဂတိလိုက်​စားမှုရဲ့အဓိပ္ပါယ်​ဖွင့်​ဆိုချက်
နဲ့ထင်​ထင်​ရှားရှားအကြုံးဝင်​​​နေတဲ့
‌နိုင်​ငံ​တော်​ရဲ့ဆုံးရှုံးများ
ှုဖြစ်​ပါ​ကြောင်းထပ်​ဆင့်​တင်​ပြရင်းပြည်သူများကိုယ်စားတိုင်ကြားအပ်ပါသည်။

မှန်ကန်တည်ကြည်စွာဖြင့်
ဒေါက်တာညိုညိုသင်း
ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ
ဖုန်း ၀၉၅၁၃၆၅၁၉   ,    ၀၉၉၇၇၇၄၃၁၁၁
Show quoted text

Wednesday, August 15, 2018

တရုပ်အကြွေးပြန်ဆပ်ရမဲ့ အခြေအနေကို China Debt Trap လို့ခေါ်ကြပါတယ်... တရုပ်မြန်မာ OBOR ..


2017 မှာ အရစ်ကျဆပ်ဖို့ မတတ်နိုင်လို့ သီရိလင်္ကာ ဆိပ်ကမ်းကို တရုပ်လက်ထိုးအပ်လိုက်တဲ့အတွက် သီရိလင်္ကာနိုင်ငံဟာ တရုပ်အကြွေးနဲ့ပိသွားတဲ့ ၉နိုင်ငံမြောက် ဖြစ်သွားပါပြီ။ လာအိုလဲ အလာတူ .နိုင်ငံရဲ့ထုတ်ကုန်တန်ဖိုး ၅၀%လောက်က တရုပ်အကြွေးပြန်ဆပ်ရမဲ့ အခြေအနေကို China Debt Trap လို့ခေါ်ကြပါတယ်။ https://goo.gl/nYiVHL
.
မြန်မာနိုင်ငံကတော့ တရုပ်တို့ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကို ကန်ဒေါ်လာ ၇.၅ဘီလျံ ရေနက်ဆိပ်ကမ်းဆောက်ဖို့ ဦးသိန်းစိန်အစိုးရ ခေတ်က လက်မှတ်ထိုးခဲ့ပါတယ်။ စီးပွားအကြံပေး ရှောင်တန်နယ် ကတော့ ဒါလောက်ကြီးများတောင် အကုန်မခံသင့်ကြောင်း စင်ကာပူမှာ သတင်းစာရှင်းပြီးနောက် စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင် နဲ့ အဖွဲ့များ ညှိနှိုင်းမှုများအရ စာချုပ်ကို ကန်ဒေါ်လာ ၁.၅ ဘီလျံ လောက်နဲ့ အသစ်ချုပ်ဆိုလိုက်လို့ တရုပ်အကြွေးပိ မဲ့ အခြေအနေက လွတ်လာခဲ့ပါတယ်။ 
.
မြန်မာနိုင်ငံကို မေတ္တာနဲ့ကူညီ လုပ်ကိုင်နေသူ ပြည်တွင်း၊ ပြည်ပ မိတ်ဆွေ များစွာ ရှိနေခြင်းကို လေးစား၊ ကျေးဇူးတင်ရပါမယ်။
.
ဒါပေမဲ့ မြန်မာများရဲ့ အားနည်းမှုများစွာ ကို အမြတ်ထုတ်မဲ့ နိုင်ငံခြား ကြွေးမြီ အမြောက်အများက ၀င်လာမဆဲ ဖြစ်ပါတယ်။ WB, Asia Bank, China Bank JICA စတဲ့ အခြေခံအဆောက်ဦး (P.P.P / B.O.T တည်ဆောက်မှုများစွာ) မြန်မာနိုင်ငံကို ၀င်လာချိန် ဥပဒေ၊ နည်းဥပဒေ များနဲ့ အစိုးရက ကာကွယ်ရပါမယ်။ မတရားစာချုပ်များကို ဥပဒေလက်တလုံးခြား အမြတ်ထုတ်မှုများကို ကာကွယ်ဖို့ ၂၀၁၈ သြဂုတ်လမှာ B.O.T ကုမဏီ၂၅ခု၊ လမ်း-တံတား စာချုပ်များကို စည်းကမ်းမလိုက်နာရင် အရေးယူဖို့ လွှတ်တော်ကိုယ်စားလှယ် ၁၇ဦးက ဆွေးနွေး အတည်ပြုလိုက်ပါတယ်။ လက်တွေ့ ရှုပ်ထွေးအောင်လုပ်ထားတဲ့ ဥပဒေများကို - ပြင်ဆင်တဲ့ ဥပဒေများ သေချာ ရေးဆွဲ၊ ပြဌာန်းဖို့လိုပါတယ်။
.
တရုပ်နိုင်ငံ ရဲ့ အကြွေးမပိဖို့ ဗီယက်နမ်ကို အများကြီး အတုယူ၊ အတူပူးပေါင်းဆောင်ရွက်နေရပါတယ်။ သယံဇာတ ရေနံ+ဓါတ်ငွေတွေမှာ 1MDB အဂတိနဲ့ရောင်းချမှု ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးမှာ အကြွေးများစွာ ယူလိုက်မှု မှာ နိုင်ငံခေါင်းဆောင် နာဂျစ် ကိုယ်တိုင်က အဂတိမှုများကြောင့် မလေးရှားနိုင်ငံ ကန်ဒေါ်လာ ၃၈၈ ဘီလျံ နစ်နာခဲ့ကြောင်း ရွေးကောက်ပွဲ အနိုင်ရ အသစ်တက်လာတဲ့ ၀န်ကြီးချုပ် မဟာသီယာ အစိုးရ ဘဏ္ဍာရေး ၀န်ကြီးက ပြောဆိုပါတယ်။
.
ကိုးကား။ တရုပ်-မြန်မာ OBOR https://goo.gl/CcCe1p



တရုပ်မြန်မာ OBOR
လက်ရှိ ပကတိအခြေအနေများ နဲ့ လွန်ခဲ့တဲ့ ၃နှစ်အတွင်း ဖြစ်ပျက်ခဲ့မှုများ တရုပ်တို့သြဇာ ဆက်လက်လွှမ်းမိုး နေမှုများကို ဘယ်လို တရားမျှတစွာ ခုခံသင့်တယ်၊ ဘယ်လို အခြေအနေ ဖြစ်နေတယ် ဆိုတဲ့ အကြောင်း အနည်းအကျဉ်း ရေးထားတာတွေ စုစည်း ဖော်ပြလိုက်ပါတယ်။ စိတ်ဝင်စားသူ ဆရာ ဆရာမများ၊ မြန်မာအရေးကို စိတ်ဝင်စားသူများ၊ မြန်မာနိုင်ငံကို တိုးတက်စေလိုပေမဲ့ လက်ရှိ ပကတိအခြေအနေကို မချင့်မရဲ ဖြစ်နေသူများစွာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က မြန်မာအသွင်ကူးပြောင်းရေးကာလ စိန်ခေါ်ချက်များ အလုပ်ရုံ ဆွေးနွေးပွဲမှာ " ငါတို့ ဘာပေးနိုင်သလဲ၊ ငါတို့ ပါစွန့်လွှတ်နိုင်ပါသလဲ" မေးခွန်းကို မေးခဲ့ပါတယ်။ ခက်ခဲ လှပါတယ်။
မြန်မာလူငယ် ၁၀၀ဦးကို စက်တင်ဘ ၂၀-၂၅ ၊ ၂၀၁၅ မှာ တရုပ်နိုင်ငံ All China Youth Fedration ဖိတ်ကြားချက်အရ (၅)ရက် လေ့လာရေး စေလွှတ်ခဲ့ပါတယ်။ လူငယ် အလွှာစုံ ဖြစ်ပါတယ်။ ဒါက တရုပ်ရဲ့ မြစ်ဆုံ စီမံကိန် ဆုံးရှုံးပြီးတဲ့ နောက်ပိုင်း မဟာဦးနှောက် ၊ မဟာဗြူဟာ နဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဆက်ဆံရေး ဖြစ်ပါတယ်။ အလားတူ မြန်မာ ဌာနဆိုင်ရာ နဲ့ အုပ်ချုပ်ရေး၊ တပ်မတော် အရာရှိ များစွာ တရုပ်ပြည်ကို သွားရောက် လေ့လာခဲ့ကြပါတယ်။ ဘယ်သူတွေကို ရွေးချယ် စေလွှတ်နိုင်သလဲ ဆိုတာ အလွန်အရေးကြီးပါတယ်။ အမေရိကန်၊ ဂျာမဏီ၊ ဂျပန်၊ တောင်ကိုးရီးယား၊ စင်ကာပူ ဖိတ်ခေါ် ခရီးစဉ်မျိုးကတော့ ပိုပြီး လူကြိုက်များမှာပါ။
.
တရုပ်၏အလွှာစုံ ဆက်ဆံရေး မဟာဗြူဟာနှင့် မြန်မာနိုင်ငံ ပကတိအခြေအနေ ဆောင်းပါကို ခင်ခင်ကျော်ကြီးက ရေးသားခဲ့ပါတယ်။ သူမ ဟာ လန်ဒန် အရှေ့တိုင်းနှင့်အာဖရိက လေ့လာရေး ကျောင်း က နိုင်ငံတကာ လေ့လာရေး နှင့် သံတမန်ရေးရာ မဟာဘွဲ့ရ တစ်ဦး ဖြစ်ပါတယ်။ ပြည်ပ က အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ ပြန်လာသူများ၊ မလာဖြစ်ပဲ အဝေးကနေ အကြံပေး၊ ငွေကြေး နဲ့ ကူညီနေသူများ စွာ ရှိပါတယ်။ အားလုံး ကို ကြိုဆိုရပါတယ်။ ဒီဆောင်းပါး မှာတော့ လက်ရှိ NLD ဦးဆောင်တဲ့ အစိုးရ လက် ထက် တရုပ် က ပြောင်းလဲ လာတယ်၊ မြန်မာ ပကတိ အခြေအနေ များကြောင့် တရုပ်က လက်ရှိအခြေအနေ ထိ အသာစီး ရနေတယ်လို့ ရေးထားပါတယ်။
.
ဥပဒေ ပညာရှင်များ နဲ့ စက်မှုပညာရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းက နိုင်ငံတိုးတက်မှုများအတွက် အခရာ အလွန်ကျလှကြောင်းကို Ha-Joon Chang ရေးတဲ့ စာအုပ် 23 Things They don't tell you about Capitalism မှာ ရေးသား ထားပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံမှာ ကဏ္ဍ(၃)ခု ၀န်ဆောင်မှုကဏ္ဍ (Service)၊ စက်မှုကဏ္ဍ(Industry) နဲ့ စိုက်မွေးကဏ္ဍ (Agri) (၃)မျိုး နဲ့ ခွဲခြားကြည့်ကြတဲ့ ယခုခေတ် စီးပွားရေး ဘောဂဗေဒ ပညာရှင်များရဲ့ GDP နဲ့ လူဦးရေ အချိုးကို လေ့လာကြည့်ရင် စက်မှုကဏ္ဍမှာ ပါဝင်သူများက တစ်ဦးချင်း ၀င်ငွေ အကောင်းဆုံး ဖြစ်နေပါတယ်။ အလွန်တိုးတက်တဲ့ နိုင်ငံများမှာတော့ Service ၀န်ဆောင်မှု ဘဏ်များ၊ အေးဂျင်များ၊ ကွန်ဆာတင့် များကလဲ ၀င်ငွေ အလွန်ကောင်းပါတယ်။
.
တရုပ်နိုင်ငံက အကုန်အကျ အလွန်များပြားစွာနဲ့ မြန်မာငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ကူညီနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ တရုပ် နဲ့ ထိုင်း ကုန်သွယတဲ့ နေရာမှာ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ တပ်မတော်တို့ ထိပ်တိုက် တွေ့ရပါတယ်။ အခက်ခဲ များစွာ ရှိပေမဲ့ ၂၀၁၈ ဇူလိုင်လမှာ ပင်လုံညီလာခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အားလုံး ပါဝင်ဆွေးနွေးခဲ့ကြတာ တိုးတက်မှုကြီး တစ်ခုပါ။ လွယ်ကူတဲ့ သဘောတူညီချက်များ လက်မှတ်ထိုးခဲ့ပါတယ်။ အပစ်ခတ် ရပ်စဲရေး NCA လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
.
.
.
သုံးသပ်ချက် (သြဂုတ်၂၀၁၈)
လွန်ခဲ့တဲ့ ၃နှစ်က ဆောင်းပါး ဖြစ်ပေမဲ့ အခုချိန်ထိ မြန်မာကို ပိုလို့တောင် ရိုက်ခတ်နေပါတယ်။ ပိုးလမ်းမကြီးပဲ ခေါ်ခေါ် အတိုကောက် ခါးပတ်လမ်းပဲ ခေါ်ခေါ် ၊ OBOR ဆိုတဲ့ တရုပ်နိုင်ငံ ရှီကျင်ပင် လက်ထက် မဟာဦးနှောက်များ ပေါင်းစီးပြီး တရုပ်လူမျိုးရေး တရုပ်ပြည် သာ၍ကြွယ်ဝစေရေး အမျိုးသား စီမံကိန်းပဲ ဖြစ်ပါတယ်။ Win-Win ဆိုတဲ့ နိယာမနဲ့ အကျိုးတူ စီးပွား လုပ်နိုင်ရင်တော့ ကောင်းပေမဲ့၊ မညီညွတ်တဲ့ အစိုးရလူကြီးများ၊ ခေါင်းဆောင်များ ရှိနေရင်တော့ တရုပ် သြဇာလွမ်းမိုးမှုကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါ။ China Debt Trap ထဲ နောက်ဆုံး ကျရောက်သွားတဲ့ သီရိလင်္ကာနိုင်ငံ နဲ့ အာရှတိုက်က အာစီယံ လာအိုနိုင်ငံကို သခန်းစားယူရပါမယ်။ လူနေမှု ပြည်သူတွေ မြန်မာနိုင်ငံထက် တော့ သာပေမဲ့ ကျနော်တို့ ရည်မှန်းတာက အနည်းဆုံး ဗီယက်နမ် အဆင့်၊ သာပြီး မြင့်ချင်ရင်တော့ ထိုင်းအဆင့် ကနေ စင်ကာပူ၊ တောင်ကိုးရီးယား အဆင့်ပဲ မဟုတ်ပါလား။
.
အခုတော့ ကျောက်ဖြူရေနက်စီမံကိန်း ဒေါ်လာ ၇.၅ဘီလျံကို မြန်မာအကျိုး လိုလားသူများ ဖြစ်တဲ့ အကြံပေး ရှောင်တန်နယ်၊ စီမံဘဏ္ဍာဒုဝန်ကြီး ဦးစက်အောင် စတဲ့ခေါင်းဆောင်များ ကြိုးစားမှုနဲ့ ယခင်က ချုပ်ဆိုထားတဲ့ စာချုပ် (မြန်မာနစ်နာတဲ့ စာချုပ်ပဲ ပြောပါရစေ) ဒေါ်လာ ၁.၅ ဘီလျံအထိ ရှော့ ချနိုင်ခဲ့ပါပြီ။ ဆက်လက်ပြီး အင်အယ်ဒီခေါင်းဆောင်များနဲ့ တပ်မတော် ခေါင်းဆောင်များ ညီညွတ်စွာ၊ တရုပ် မဟာဦးနှောက် မဟာဗြူဟာများကို ကာကွယ်သွားဖို့ ဖြစ်ပါတယ်။ တရုပ်ကတော့ တိုင်းရင်းသား လက်နက်ကိုင်များကို လက်ရှိအခြေအနေမှာ အောင်မြင်စွာ စည်းရုံးထားနိုင်ပြီ ဖြစ်ပါတယ်။
.
TSP(ရန်ကုန်)
၁၅-သြဂုတ်-၂၀၁၈
.
.
.
ကိုးကားချက်များ (See Attachment 13 pages)
.
* AIIB ဘဏ်၊ အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှတ်နှံမှု ဘဏ် အစည်းအဝေး ၂၀၁၇ ဇွန်လ မှာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခြင်း
.
* ကျောက်ဖြူရေနက်စီမံကိန်း နဲ့ အထူးစီးပွားဇုံ SEZ
.
* ကျော်မျိုးထွန်း ရေးတဲ့ စာအုပ်မှ ကိုးကားချက်၊ အကြီးစား ရင်းနှီးမြှတ်နှံမှု ရှာဖွေခြင်း ..
.
* South East Asia Group ရဲ့ တရုပ်စီးပွားရေး ဆောင်ရွက်ချက်များ သုံးသပ်မှု
.
* တရုပ်ကို အကုန်အကျများစေတဲ့ မြန်မာသူပုန်များ ၊ ရဲထွန်းဘာသာပြန်ပြီး တရုပ် Global Times မှ Huang Hihan ရေးတဲ့ Myanmar rebels cause great expensive to China ဆောင်းပါး
.
* 23 Things They don't tell you about Capitalism, by Ha-Joon Chang စာအုပ် အမြည်း၊ အရင်းရှင် များ လက်ဝါးမအုပ်ပဲ အခွန်မှန်မှန်ပေးဖို့ စာရင်းစစ်ကုမဏီများ ပေါ်ထွန်းလာဖို့လိုပါတယ်။ အာမခံနဲ့စာရင်းစစ် ပုဂ္ဂလိက ကုမဏီများ အလွန်လိုအပ်နေပါတယ်။ အစိုးရကတော့ မလွယ်သေးပါဘူး။ အကြီးစားတွေ (နိုင်ငံပိုင်) ကိုပဲ အစိုးရ အာမခံနဲ့စာရင်းစစ် ကိုင်တွယ်ဖို့ပါ။
.
* ခင်ခင်ကျော်ကြီး သုံးသပ်ချက်၊ မြစ်ဆုံစီမံကိန်း ရပ်သွားပြီးနောက်ပိုင်း တရုပ်မဟာဗြူဟာ အပြောင်းလဲအောက် မြန်မာများ ပကတိအခြေအနေ..
.
* မြန်မာအသွင်ကူးပြောင်းရေးကာလ စိန်ခေါ်ချက်များ အလုပ်ရုံ ဆွေးနွေးပွဲမှာ " ငါတို့ ဘာပေးနိုင်သလဲ၊ ငါတို့ ပါစွန့်လွှတ်နိုင်ပါသလဲ" မေးခွန်းကို မေးခဲ့ပါတယ်။ NLD နဲ့ Military (အင်အယ်ဒီပါတီ နဲ့ တပ်မတော်) ဘယ်လို ပူပေါင်း ညီညွတ်နိုင်မလဲ၊ တရုပ်ကြီးက အလွန်အရေးကြီးနေပါသလား .. စဉ်းစားစရာ
..... The End of TSP Technical Service Provider ......
.

Saturday, August 11, 2018

နွားနို့နဲ့အရက်၊အချိုရည် (၁) (၂) ၊ ဦးသိန်းစိန်ခေတ် နှင့် ခေါ်အောင်ဆန်းစုကြည်ခေတ်..


နွားနို့နဲ့အရက်၊အချိုရည် (၁)
DASSK နေပြည်တော်က CP နွားခြံသွား ကြည့်တော့ .ကိုဝင်းထိန် က ပို့စ် တင်ပါတယ်။ ငွေစင်ပုလဲ နွားနို့ထုတ်လုပ်နေသူ ဦးတင်ဝင်း က အားရ၀မ်းသာ ကြိုဆိုပါတယ်။ ရေးထားချက် တစ်ခုကတော့ .. " နိုင်ငံခြားသား လုပ်ငန်းရှင်ကို သာစားပေးတယ် ဆိုပြီး ဖောင်းထုတဲ့ comment အချို့ကိုလည်း တွေ့ရပါတယ်။ ဘယ်နိုင်ငံခြားသား ပိုင်တဲ့ခြံဖြစ်ဖြစ် မြန်မာပြည်အတွက် အကျိုးမယုတ်ပါဘူး။ မဟုတ်လဲ ထိုင်းနဲ့ တရုတ်ဆီက နို့ဗူးတွေ တင်သွင်းနေရ တာပဲဥစ္စာ။ အဓိကက ပညာသားပါပါ စီမံခန့်ခွဲနိုင်ရင် ပြည်တွင်းလုပ်ငန်းရှင် တွေအတွက်လည်း Win-Win ဖြစ်လာနိုင်ပါတယ်။ Myanmar SMP လုပ်တဲ့အခါ.. ဒေသထုတ် နို့ကိုပဲ ဦးစားပေး ဝယ်မယ်ဆိုရင်.. ဒေသတိုင်းမှာ Milk industry တွေ ပေါ်လာနိုင်ပါတယ် ".. စသဖြင့် ရေးထားပါတယ်။
.
ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုတဲ့ CP နွားနဲ့ကြက် မွေးမြူရေး (နေပြည်တော်) ကတော့ ရင်းနှီးမြှတ်နှံမှု ကျပ်သန်း ၂၀၀၀၀ (US$ 1.5 million) ပဲ ရှိပါတယ်။ စနစ်တကျ မွေးမြူထားပြီး စီးပွား တွက်သား ကိုက်မကိုက် တော့ မသိနိုင်ပါဘူး။ ထိုင်းနိုင်ငံ နဲ့ ယှဉ်ကြည့်ရင်တော့ ကုမဏီ အသေး လေးလို့ ပြောနိုင်ပါတယ်။
.
ယခင်က ရေးခဲ့တဲ့ ၂၀၁၈ မှာလဲ ခေတ်မီနေဆဲ ဆောင်းပါးကို ပြန်လည် တင်ပြပါတယ်။
.
.
.....///. နွားနို့နဲ့အရက်၊အချိုရည် (၁) .../// .....
..
သမ္မတဦးသိန်းစိန်က ဇန္နဝါရီလ ၂၀၁၄ နှစ်သစ်မိန့်ခွန်းတွင် နွားနို့သောက်ကြပါရန်။ အရက်ကို မသောက်ကြရန် ပြောသွားသောအခါ တစ်နိုင်ငံလုံး အသံဖလံများ ဆူညံသွားလေတောသည်။ ကာတွန်းများ၊ သရော်စာများဖြင့် သရော်စာကိုဖတ်မိသောအခါ ကျွန်တော်လည်း အနည်းငယ်ရေးလိုပါသည်။ တကယ်တော့ အချိုရည်၊ ဘီယာ၊ အရက်စက်ရုံများလောက် အမြတ်အစွန်းမြောက်များစွာ မရသော်လည်း နွားနို့လုပ်ငန်းသည် ကုသိုလ်လဲရ၊ ဝမ်းလည်းဝသော သမ္မာအာဇီဝ လုပ်ငန်းဖြစ်သည်။ သမ္မတကြီးက အားပေးခြင်းသည် အလွန်ကောင်းသည်။ သို့သော် ထိုလုပ်ငန်းလုပ်သူများ ယိုင်လဲနေခြင်းကို မြန်မာနိုင်ငံတော်အစိုးရက ဘာမှမတတ်နိုင်။ အရက်ဘီယာနှင့်အချိုရည်များကိုသာ စွဲစွဲလမ်းလမ်း သောက်သုံးနေကြသော ကမ္ဘာလောကသားများ ဖြစ်ပေသည်။
ကျွန်ုပ်ငယ်စဉ်က ၁၉၈၅ခုလောက်တွင် ပျဉ်းမပင်နို့ချက်စက်ရုံတွင် တိမွေးကုသူငယ်ချင်းများနှင့် အတူ နွားနို့တနိုင်မွေးမြူသူများထံမှ အစိုးရက နွားနို့ဝယ်ယူသည့်လုပ်ငန်းများ၊ နို့ဆီချက်လုပ်ခြင်းလုပ်ငန်းများကို လေ့လာခဲ့ဖူးပါသည်။ အဆင့်နိုမ့်နည်းပညာ စက်ရုံဖြစ်သော်လည်း ယခုအခါ၊ နိုင်ငံတိုင်းတွင် နွားနို့၊ နို့ဆီ၊ နို့မှုန့်လုပ်ငန်းများကို အထူးစက်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည်။ တရုပ်ပြည်မှ ထုတ်လုပ်သော နို့မှုန့်များကြောင့် ကလေးများစွာ ဝမ်းလျော၊ သေကျေကြသော ဖြစ်ရပ်များကြောင့် ပိုမိုစည်းကမ်းတင်းကြပ်ပါသည်။ ၂၀၁၁ ဗီယက်နမ်နိုင်ငံ VINAMILK နွားနို့၊ နို့မှုန့်စက်ရုံများကို တည်ဆောက်ခဲ့ဖူးသောကြောင့် နွားနို့လုပ်ငန်းသည် ကုသိုလ်လဲရ၊ ဝမ်းလည်းဝ၊ အမြတ်အစွန်းလည်း ကောင်းသောလုပ်ငန်းဖြစ်ကြောင်း လူတိုင်းသိပါသည်။ သို့သော် လူတွေ ဘာကြောင့် အရက်ကိုသောက်ပြီး၊ အရက်ဆိုင်များက စီးပွားပိုကောင်းသနည်း..ဆိုသည့်မေးခွန်းအဖြေမှာ ..အရသာရှိသောကြောင့်.. ဖြစ်ပါသည်။ မူးရစ်ဆေးဝါးဖြစ်သောကြောင့် ထိုအရသာသည် စွဲလမ်းစေပါသည်။ နွားနို့စွဲလမ်းနေသူကို မတွေ့ဖူးပါ။ တနေ့မသောက်ရလဲ ကိစ္စမရှိပါ။၊ ကျွန်ုပ်၏ စက်မှုတက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်း စင်ကာပူ F&N အချိုရည်၊ နွားနို့နှင့်ယမကာစက်ရုံကြီး၏ အင်ဂျင်နီယာချုပ် အလုပ် လုပ်ကိုင်နေသူကလည်း မြန်မာပြည်နွားနို့ကုန်ထုတ်လုပ်ငန်းတွင်စိတ်ဝင်စားပါသည်။ ယခင်အပတ် 7Day ဂျာနယ်တွင် ထိုင်းနိုင်ငံ၊ ကြက်ကြော်ရောင်းလုပ်ငန်းလုပ်ကိုင်သူနှင့်အင်တာဗျူးသတင်းရေးထားသည်။ ထိုသူပင် မြန်မာပြည်ပြန်လာရန် မဖြစ်နိုင်သဖြင့် ပညာတတ်များအတွက် ခက်ခဲမည်ဟု ရေးထားသော်လည်း ပညာတတ်လူငယ်များ ပြန်လာနေကြသည်ကို တွေ့ရသည်။ အသေးစားနှင့်အလတ်စား လုပ်ငန်းများကို လက်ဝါးအုပ်မှု ပပျောက်စေရန်၊ Import/Export လက်ဝါးအုပ်စီပွားစနစ်များကို ဖြေလျှော့ပေးရမည် ဖြစ်သည်။
တစ်နေ့တွင် မန္တလေးရှိ Myanmar Diary Industry Ltd နွားနို့၊ နို့ဆီ၊ နို့မှုန့် စက်ရုံသို့ နိုင်ငံတော်သမ္မတကြီး ခေတ္တခဏ၊ ၁၅မိနစ်ခန့် လေ့လာရန် ရောက်လာပါသည်။ အစီအစဉ်မရှိသော်လည်း မန္တလေးမြို့တွင် အနောက်နိုင်ငံ၊ ဒိန်းမတ်နည်းပညာများဖြင့် မြန်မာပညာရှင်များ တည်ဆောက်ထားသော စက်ရုံဖြစ်သောကြောင့်၊ စိတ်ဝင်စားရခြင်းဖြစ်သည်။ သမ္မတကြီးက တော်တော် သဘောကျသွားသည်။ စိတ်ဝင်စားစွာဖြင့် ၂နာရီကြာအောင် လေ့လာ၊ မေးမြန်းသွားသဖြင့် ရန်ကုန်ပြန်မည့် သမ္မတကြီးလေယာဉ်ပင် စောင့်ဆိုင်း နေရသည်။ ပြည်ထောင်စုဝန်ကြီးများ ၁၀ဦးကျော် အတူပါလာပြီး၊ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စိတ်ဝင်စားစွာ မေးမြန်းလေ့လာသွားသည်။ နိုင်ငံတော်သမ္မတကြီးသည် ကလေးသူငယ်များ အဟာရဖြစ်ရေးအတွက်၊ အနာဂါတ်မြန်မာ့မျိုးဆက်များကို အထူးအားပေးသည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက နွားနို့သောက်ပေးခြင်းဖြင့်၊ ကျန်းမာသန်စွမ်းသော လူငယ်များဖြင့် နိုင်ငံတိုးတက်မည်ဟူသော အမြင်ကို အထူးနှစ်ခြိုက်၊ အကောင်ထည်ဖေါ်လိုသည်။ ဟုတ်ပါသည်။ ငယ်စဉ်က နွားနို့သောက်သုံးရသော ကလေးသည် အရွယ်ရောက်လာသောအခါ အခြားသူများထက် သန်စွမ်းမှုအရာတစ်ပန်းသာနေပါသည်။ ကိုယ်ခန္တာနှင့်စိတ်ဓါတ်အင်အား ပိုသန်စွမ်းကြောင်း ဆေးပညာကဆိုသည်။ ကျွန်ုပ်ငယ်စဉ်က မိခင်ဖြစ်သူ မိခင်ကလေးစောင့်ရှောက်ရေးမှာ သူနာပြု၊သားဖွားဆရာမဖြစ်သည်။ မိခင်တို့ ဌာနက ယူနက်စကိုမှာ နို့မှုန့်များစွာကို မုံရွာမြို့ ကျောင်းများစွာသို့ အပတ်စဉ်ပို့ပေးက၊ ကလေးများကို ဖျော်တိုက်သည်။ ဝေငှသည်။ ကျွန်တော်တို့မိသားစုမှာ ထုံးစံအတိုင်း ယူနက်စကိုနို့မှုန့်ကို အမြဲသောက်ရသည်။ ဈေးထံမှနိုင်ငံခြားဖြစ် နှို့မှုန်က ပိုမိုမွှေးကြိုင်၊ ချိုဆိပ်သော်လည်း မဝယ်စားနိုင်ပါ။ ယူနက်စကိုနှို့မှုန့်ကို ထမင်းနှင့်နယ်ပြီးစား၊ ဖျော်သောက်ခဲ့ရသောကြောင့် ကျွန်တော်တို့ မောင်နှမများသည် ပိုမိုကျန်းမာကြခဲ့ပါသည်။ ထို့ကြောင့် ယူနက်စကိုကဲ့သို့ ကလေးများဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ကျောင်းများထိ နွားနို့ဖျော်တိုက်ခြင်းများ လုပ်ဆောင်ပေးခြင်းဖြစ်သည်။
သမ္မတကြီးက ခေတ္တလာရောက်သော နွားနို့စက်ရုံကြီးသည်၊ ၁၉၉၄ခုနှစ်ကတည်းက စတင်ခဲ့ပြီး အောက်ပါ နွားနို့ထုတ်ကုန်များကို ထုတ်လုပ်ခဲ့သည်။
SWEETEN CONDENSED MILK
– 2000 CARTOONS PER DAY (FROM 100% FRESH MILK)
– 2500 CARTOONS PER DAY (FROM SMP COMBINED PROCESS)
COMBINED EVAPORATED MILK
– 700 CARTOONS PER DAY (RETORT STERILIZATION PROCESS)
– 1200 CARTOONS PER DAY (UHT STERILIZATION PROCESS)
UHT/PASTUERIZED MILK & FLAVOURED MILK
ICE CREAM
MILK POWDERS
– 1500 KG PER DAY (MEANT FOR DEDICATED POWDER)
– 8000 KG PER DAY (GENERAL PURPOSE PLANT)
BUTTER FAT , 1000 KG PER DAY
အဆိုပါစက်ရုံသည် စီးပွားရေးအောင်မြင်ခဲ့ပြီး မြန်မာပြည်တွင်းထုတ်၊ အရည်အသွေးမြင့် နွားနို့စက်ရုံဖြစ်လာသည်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်များတွင် စက်ရုံ (၃)ခုဖြင့် လည်ပတ်၊ ကုန်ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော် ၂၀၁၁ မြန်မာအစိုးရသစ် တက်လာပြီးသည့်နောက်ပိုင်း၊ အသေးစား၊ အလတ်စား စက်ရုံများ ကုန်ထုတ်လုပ်စရိတ် မတတ်နိုင်ခြင်း၊ ပြည်ပမှ ဝင်ရောက်လာသော နွားနို့ထွက်ကုန်များကို လုံးဝမယှဉ်နိုင်ခြင်းကြောင့် စီးပွားပျက်ခဲ့ရသည်။ စက်ရုံအချို့ကို လုပ်ငန်းလျှော့ချလိုက်ရသည်။
သမ္မတကြီးကလည်း နွားနို့လုပ်ငန်း၊ ဒိန်ခဲ၊ နို့မှုန့် စသည်တို့တွင် နာမည်ကြီးသော ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေး နိုင်ငံများမှ ကုမ္ပဏီများ၊ နယူးဇီလန်၊ သြစတြေးလျှားတို့မှ လာရောက်ရင်းနှီးမြှတ်နှံ နွားနို့လုပ်ငန်း ထုတ်လုပ်ဖို့ ဖိတ်ခေါ်သောကြောင့် ကုမ္ပဏီးကြီးများ လာရောက်အခြေအနေကြည့်ပြီး ပြန်သွားကြသည်။ မလုပ်နိုင်သေးပါ။
ပြည်တွင်း နွားနို့၊ နို့ချက်စက်ရုံလေးများကို အားကိုးရုံသာရှိသည်။ သမ္မတကြီးစိတ်ဝင်စားသော မြန်မာ့အနာဂတ် လူသားအရင်းမြစ် ကျန်းမာကြံ့ခိုင်ရေး စီမံကိန်းဖြစ်သောကြောင့် အားလုံးက စိတ်ဝင်စားစွာ လေ့လာကြသည်။ နောက်ပိုင်း Follow up နောက်ဆက်တွဲ တာဝန်ပေးချက်များဖြင့် ဝန်ကြီးများက အဖွဲ့များဖြင့်၊ ထိုကဲ့သို့ စက်ရုံများ မြန်မာပြည်တွင် ရေရှည် ပြည်တွင်းနည်းပညာဖြင့်လုပ်ကိုင်နိုင်ဖို့ စက်ရုံသို့ လာရောက်၊ နည်းနာခံယူကြသည်။ ဝန်ကြီးများ သိလိုသည်များကို လုပ်ပေး၊ ဆောင်ရွက်ပေးရသည်မှာ စရိတ်ထောင်းသည်။ အစိုးရက ထောက်ပံ့ငွေ၊ ဈေးကွက်များကို မရပဲ၊ အစိုးရဝန်ကြီးများ နာလည်ချင်ဇောနှင့် လေ့လာမှုမှာ အားရစရာကောင်းလှသည်။ လအနည်းငယ် ကြာသွားသောအခါ ဝန်ကြီးများ မလာနိုင်တော့။ ထုံးစံအတိုင်း အေးသွားသည်။ စက်ရုံမှာလည်း နိုင်ငံခြားမှ ဝင်လာသော ဒိန်းမတ်၊ နယူးဇီလန်၊ သြစတြေးလျှားမှ ဝင်လာသည့် အခွန်မဲ့၊ နွားနို့၊ နို့ဆီ၊ နို့မှုန့်များကို ဘယ်လိုမှ မယှဉ်နိုင်ပါ။ များများလည်ပတ်လျှင် များများရှုံးမည်ဖြစ်သောကြောင့် အသက်ငင်ပြီး၊ လည်တယ်ဆိုရုံလောက်သာ လည်ပတ်နိုင်တော့သည်။ မြန်မာအစိုးရ ပြည်တွင်းကုန်ထုတ်မှု အားပေးသော သွင်းကုန်အခွန်စနစ် မှန်ကန်စွာကျင့်သုံးလာနေသောကြောင့် မကြာမီ စီးပွားကောင်းလာတော့မည်ဖြစ်သည်။
စက်ရုံလည်ပတ်ရာတွင် နွားနို့ကုန်ကြမ်းတစ်ခုတည်း အရင်းနှီးမဟုတ်ပါ။ ပစ္စည်းရောင်းရဖို့က ပိုပြီးအရေးကြီးပါသည်။ ပြည်တွင်းပညာရှင်များနှင့် တပ်ဆင်ထားသော စက်ရုံဆိုသော်လည်း နွားနို့စက်ရုံအတွက် သံမဏီထည်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်မိုတာ၊ UHT, Pasteurize, Condense, Packing, Bottle စက်နှင့်အပိုပစ္စည်းအများစုမှာ နိုင်ငံခြားမှ ဝယ်ယူတင်သွင်းရသည်။ အရေးကြီးဆုံး ဝယ်လိုအား ပြည်တွင်းစားသုံးသူများ မဝယ်တော့ခြင်းကြောင့်ဖြစ်သည်။ ပြည်တွင်းစားသုံးသူများကလည်း ဒိန်းမတ်၊ နယူးဇီလန်မှာ နွားနို့၊ နို့ဆီ၊ နို့မှုန့်များက ပိုပြီးဈေးချိုသောအခါ ပြည်တွင်းဖြစ်ကို အားပေးချင်သော်လည်း ပြည်တွင်းဖြစ်ကို ဘိုင်ဘိုင် လုပ်လိုက်ရသည်။ နို့မှုန့်သည် နိုင်ငံခြားအရက်၊ ဆေးလိပ်ကဲ့သို့ ကန့်သတ်သတ်ကုန်ဖြစ်သည်။ တင်သွင်းရန် လိုင်စင်လိုသည်။ သို့သော် မြန်မာပြည် ကျေးရွာအနှံ့ကုန်စုံဆိုင်များတွင် နိုင်ငံခြားဖြစ် အရက်၊ ဆေးလိပ်များကို တွေ့နိုင်သော်လည်း၊ ပုပ်သိုးသွားနိုင်သော နွားနို့စက္ကူပါကင်ဗူး အကြီးအငယ်များ၊ နို့ဆီ၊ နို့မှုန့်များ နေရာတကာ ရောက်နေခြင်းမှာ၊ ပြည်တွင်းနွားနို့ကုန်ထုတ်၊ စက်မှုလုပ်ငန်းကို ရိုက်ချိုးလိုက်ခြင်းဖြစ်သည်။
ကုန်ကျစရိတ်များတွင် နိုင်ငံခြားမှ ကုန်ကြမ်းဓါတုပစ္စည်းများ၊ စက်အပိုပစ္စည်းများ ဈေးကြီးလာခြင်း၊ လျှပ်စစ်နှင့်လောင်စာဆီများ ဈေးကြီခြင်းတို့ကို ကြံ့ကြံ့ခံနိုင်သော်လည်း၊ အခွန်မဲ့နီးပါး ဝင်ရောက်လာသော နိုင်ငံခြားနွားနို့ထုတ်ကုန်များကို မယှဉ်နိုင်ခြင်းသည် အဓိကဖြစ်လေတော့သည်။
နွားနို့ထုတ်လုပ်မှုအတွက် ဆွေးနွေးမည့်အချက်များတွင်
၁။ ဘာကြောင့်ဝယ်မသောက်ကြသလဲ
၂။ နွားနို့ကို လူတွေသောက်ချင်ကြပါသည်။
၃။ နွားနို့လုပ်ငန်း ဘာကြောင့်မလုပ်ကြပါသလဲ။
၎။ နွားနို့ကို အမျိုးသားထုတ်ကုန်အဖြစ် လုပ်သင့်ပါသလား ဟူသော ကဏ္ဍများဖြင့် စဉ်းစားမိပါသည်။
၁။ ဘာကြောင့်နွားနို့ဝယ်မသောက်သနည်း.. မေးခွန်းမှာ မြန်မာများအတွက် ရှင်းနေပါသည်။ ဈေးမတတ်နိုင်သည့်အပြင်၊ နွားနို့ကြိုက်သူမြန် မာများ နည်းပါးလှသည်။ ကလေးများကတော့ ကြိုက်ကြသော်လည်း မိဘများက ငွေမတတ်နိုင်ပါ။ ကျွန်ုပ်ငယ်စဉ်က မိခင်နို့ရည် သောက်သုံးခဲ့သော ကလေးဖြစ်ပြီး၊ ယူနီဆက်မှ ပေးဝေသော နို့မှုန့်များကို ပုံမှန်ဖျော်သောက်နိုင်ပါသည်။ ကျွန်တော်တို့ မူလတန်းဘဝ ၁၉၇၀၊ ၁၉၈၀ ခုနှစ်လောက်က ယူနီဆက်မှ နွားနို့များစွာ မူလတန်းကျောင်းများတွင် သောက်သုံးခဲ့ရသည်။ ယခုအခါ ထိုကဲ့သို့မရှိတော့ပါ။ အကျင့်ပျက်များလာသောကြောင့် ယူနီဆက်ကလဲ မပေးတော့သလား မသိ။
၂။ နွားနို့ကို လူကြီးများမသောက်ကြသော်လည်း၊ မိမိ သားသမီးများကို တိုက်ကျွေးချင်ပါသည်။ အသက်၁၀နှစ်ပတ်ဝန်းကျင် မြန်မာက လေးများကို မေးကြည့်ပါ။ အားလုံးနွားနို့ကြိုက်ပါသည်။ မိဘချမ်းသာသော ကလေးများက ချေးများပြီး၊ မသောက်ချင်တာ ချွင်းချက်ဖြစ်သည်။ နွားနို့သောက်ချင်ရခြင်းမှာ နွားနို့သည် ဈေးကြီးသောကြောင့်၊ လူတိုင်းမသောက်နိုင်ပါ။ နွားနို့သည် လူဆင်းရဲသားများအတွက် မတတ်နိုင်သောအစားအစာ ဖြစ်သောကြောင့်၊ ကလေးများ နွားနို့သောက်ချင်ပါသည်။ လူကြီးများလည်း နေမကောင်းချိန်၊ နလံထချိန် နွားနို့သောက်သည်။
၃။ နွားနို့လုပ်ငန်းကို လူတွေမလုပ်ကြခြင်းမှာ နွားမွေးမြူခြင်းသည် ရင်းနှီးမှုကြီးပါသည်။ ကရိကထလည်း များသောကြောင့်ဖြစ်သည်။ နွားမမွေးပြီး နွားနို့ညစ်ရောင်းခြင်းသည် တောရွာများတွင် စီးပွားရေးမဟုတ်ပဲ၊ လယ်သမားများ၏ ခိုင်းနွားအမများ သားမွေးသောအခါ အပိုဝင်ငွေတစ်ခု ဖြစ်လာသည်။ နို့စားနွားမ မွေးမှ အမြတ်အစွန်းရမည်ဖြစ်သည်။
၎။ နွားနို့ကို အမျိုးသားထုတ်ကုန်အဖြစ် လုပ်သင့်သော်လည်း၊ လယ်ယာလုပ်ငန်းတွင် ဆန်စပါးစိုက်ပျိုးခြင်းကိုပင် အစိုးရက ပံ့ပိုးမပေးနိုင်သေး ပါ။ ကျေးရွာများတွင် နွားမွေးနိုင်သူများကို ငွေချေး၊ နွားပေး၊ နို့စားနွားမ နွားနို့လုပ်ငန်း လုပ်ကိုင်စေပါက လူတိုင်းလုပ်မည် ဖြစ်သည်။ ဥပမာ .. နွားနို့စက်ရုံတစ်ခု တည်ဆောက်ပြီးပါက ကုမ္ပဏီသည် အနီးနား၊ ကျေးရွာများတွင် နွားမွေးမြူအောင် ပံ့ပိုး၊ ငွေချေး၊ လုပ်ငန်းမတည်ပေးရ တော့မည်ဖြစ်သည်။ သို့မှသာ ကုန်ကြမ်း နွားနို့ရရှိမည်။ နွားမွေးသူများအဖို့လည်း နွားနို့ဝယ်မည့်သူ အဆင်သင့်ရှိနေသောကြောင့် ပိုမိအဆင် ပြေမည်ဖြစ်သည်။
ထိုမျှကောင်းမွန်သော လုပ်ငန်းဖြစ်သော်လည်း တနိုင်လုပ်ငန်းလည်း မလုပ်နိုင်၊ စက်ရုံအဖြစ်လဲ မလုပ်နိုင်၊ အရက်နှင့်ဆေးလိပ်လုပ်ငန်းများသာ တစ်နိုင်လုပ်ငန်း၊ စက်ရုံလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်နေကြပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှတ်နှံမှု ကော်မရှင်က လိုင်စင်ချပေးလိုက်သော ပြည်ပရင်းနှီးမြှတ်နှံမှုများတွင် နွားနို့၊ နို့ဆီ စက်ရုံ ရင်းနှီးမြှတ်နှံမှု ရှိမည်မထင်ပါ။ အရက်၊ဘီယာနှင့်ဆေးလိပ်စက်ရုံ မြောက်များစွာ လိုင်စင်ချပေးလိုက်သောကြောင့် ရင်းနှီးမြှတ်နှံကော်မရှင်ကိုပင် အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်ရရှာသည်။ မဟုတ်တာ အတောမသတ် ဆက်ကာ၊ ဆက်ကာလုပ်နေသူများကို လိုက်တားဆီးနေရခြင်းကလည်း အစိုးရသစ်အတွက် အလုပ်ကြီးတခု ဖြစ်နေသည်။
ထိုသို့ ကျယ်ပြန့်လာသည့် ဒီဘိတ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အရက်နှင့်ပတ်သက်၍ ကျမ်းပြု ပညာရှင်ဖြစ်သူ ဆရာမူးရစ်ညွန့်(ကောက်ညှင်းမြေ) ဆွေးမြေ့စွာ “လူသားဆန်မှုနဲ့ ကိုယ်ချင်းစာတရားကို ဟောဒီမြန်မာနိုင်ငံမှာ ကျွန်တော် ဘယ်တော့မှ မရှာဖွေတော့ဘူး” ဟု ပြောကြားခဲ့သည်။ ကျွန်တော်က အရက်လည်းမသောက်ရန်၊ နွားနို့သောက်ရန်ကို ထောက်ခံရေးသားပါသည်။ အားမလျှော့ပါ။ မိထ္ထီလာ၊ပျော်ဘွယ်၊ ပျဉ်းမပင် စသည့်ဒေသများစွာမှ မလိုင်မုန့်လုပ်ငန်း၊ ပြည်တွင်းမှ လဘက်ရည်ဆိုင်များအတွက် ဒေသချက်နို့ဆီများကတော့ ဆက်လက်ရှင်သန်နေဦးမည်။ မကြာမီ အခွန်ကောက်ခြင်း စနစ်ကောင်းများကြောင့် ပြည်ပမှ ပြည်တွင်းအရည်သွေးကို မမှီသော နွားနို့ထုတ်ကုန်များ တင်သွင်းမှုရပ်သွားမည်။ လယ်ယာထွက်ကုန်စက်မှုလုပ်ငန်း စက်ပစ္စည်းများ အခွန်မဲ့၊ လွယ်ကူစွာတင်သွင်းခွင့်ရလာမည့်နေ့သည် သိပ်မဝေးတော့ပါ။ ပြည်တွင်လယ်ယာ ကုန်ချော၊ ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်မြင့်မားစွာ ပေါ်လာတော့မည်ဟု မျှော်လင့်နေပါသည်။ လက်ရှိအခြေအနေတွင် အသက်ငင်နေသော ပုဂ္ဂလိကစက်ရုံ အသေး၊ အလတ်များစွာ ခက်ခဲစွာ ဆက်လက်လည်ပတ်နေပါဦးမည်။ လယ်ယာ ကုန်ထုတ်လုပ်ငန်းများကို တရုပ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများကဲ့သို့ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရများက ထောက်ပံ့ငွေပေးရန် မျှော်လင့်နေဆဲ ဖြစ်သည်။
ထို့ကြောင့် မြန်မာအနာဂါတ် ကလေးများအဟာရ ဖြည့်ဆည်းလိုပါက။ အလှုရှင်များ ကိုယ်တိုင် နို့မှုန်ဖျော်ပြီး ကျောင်းများရှိကလေးသူငယ်များကို အလှုဒါန၊ တိုက်ကျွေးခြင်းသည် ခေတ်စားနေပါသည်။ လက်ရှိအချိန်တွင် မြန်မာ့အစိုးရကလည်း စာသင်ကျောင်းများကို ယူနက်စကိုမှ နွားနို့များ ဈေးနှုန်းချိုသာစွာ (အခမဲ့ဖြစ်စေ) ကြိုးစားရယူပြီး၊ ဆရာမများကိုယ်တိုင် ဖျော်တိုက်ကျွေးခြင်းနည်းလမ်းသာ အကောင်းဆုံးဖြစ်ပါတော့သည်။
.
.....///. End of ... နွားနို့နဲ့အရက်၊အချိုရည် (၁) .../// .....
.
.
မြန်မာ့ နွားနို့လုပ်ငန်း သုံးသပ်ချက်
ဦးဝင်ထိန် ဆောင်းပါးက တော့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ငယ်နိုင်လို ဖြစ်နေတယ်။ ဘောပွဲ ကစားသမျှ လူအလုံးထည်၊ ပညာတွေမှာ နွားနို့သောက်နိုင်တဲ့ ထိုင်းလူငယ်တွေကို မယှဉ်နိုင်လို့ အမျိုးသားစီမံကိန်း နဲ့ မြန်မာ ကျောင်းများက ကလေးများကို နွားနို့တိုက်ဖို့ ထိုင်းနိုင်ငံ စံနမူနာပြ ရေးသားသွားပါတယ်။
.
ဦးသိန်းစိန် ခေတ်က ရှောင်တခင် ၀င်ကြည့်ရင်း စိတ်ဝင်စွားသွားခဲ့တဲ့ မြန်မာပိုင် ဒီဆောင်းပါးက နွားနို့စက်ရုံလည်း အခု ဘယ်လိုအခြေအနေ ရောက်မှန်း မသိတော့ပါဘူး။ အဲဒီ ၂၀၁၄ တုန်းက ဒိန်းမတ်က နို့မှုန့်တွေ လာပေးပြီး၊ သူတို့နို့မှုန့်တွေ ရောင်းဖို့၊ စက်ရုံတည်ဖို့ လာတွေ့တယ်။ ဦးသိန်းစိန်က နွားနို့နဲ့အရက် ဆိုပြီး ပြောလိုက်လို့ တတိုင်းပြည်လုံး နွားနို့ရောဂါ ထခဲ့ကြတယ်။
.
ကျနော်တို့လည်း စင်ကာပူမှာ နေပြီး ၀ါဂူး နွားတွေ ကချင်တောင်သူတွေနဲ့ မွေးဖို့ စဉ်းစားတော့ ဂျပန် ၀ါဂူးနွား မျိုးတွေ ညာရောင်းမဲ့ ပုဂိုလ်တွေနဲ့ပေါင်းရိတ်စား ချင်တဲ့ ဗမာ တွေနဲ့ တွေ့ပြီး စိတ်ပျက်ရတယ်။ .. 'ဒိန်းမတ် အာထရာပက် ကုမီဏီကလည်း စက်ရုံ ရောင်းစားဖို့ ကြိုးစားတယ်.. ၀ယ်တဲ့ မြန်မာတွေတော့ ၀ယ်သွားတာ တွေ့ရတယ်။ ဒါပေမဲ့ ကိုဝင်းထိန် ရေးသလို လူကြီးတွေ က ဈေးကြီးတဲ့ နွားနို့ ထက် ၀ိုင်နဲ့Grand Royal ကို ပိုစိတ်ဝင်စား သလို၊ ကလေးတွေကလဲ ဈေးကြီးတဲ့ နွားနို့ထက် Coca, Papxi, Max အချိုရည်တွေ ပိုသောက်ချင်ကြတဲ့ မိုင်းဆက် Mindset ပြသနာက ရှိတယ်။
.
ကျပမ်းအလုပ်တွေချည်း မြန်မာပြည်မှာ ခေတ်စားနေတယ်။ အတည်အတန့် အလုပ်မရှိတော့ ပြည်သူတွေ ၀င်ငွေ မကောင်း၊ ၀င်ငွေ မကောင်းတော့ အဟာရပြက် နေကြတာ .. မြန်မာတနိုင်ငံလုံးပါ။ ကျနော်တို့ ကချင် စစ်ရှောင် ကလေးတွေကမှ ၀ဖြိုးသေးတယ်။ ငြိမ်းချမ်းတဲ့ ဒေသက ကလေးတွေ က ပုသေး၊ ပိန်လှီ .. လူတစ်စုပဲ စားသောက်ကောင်းနဲ့ သူတို့ပဲ ငွေ-အာဏာ ကို အပိုင်ကိုင်တွယ် ဖို့ ကြိုးစားနေတာ ကျနော်တို့ DASSK ကို အပြက် ထောက်ခံ မှာ ဖြစ်မယ် .. ဆောင်းပါးဟောင်းတွေ ပြန်ပို့စ် လုပ်ရဦးမယ်ဗျာ...
.
နွားနို့နဲ့အရက်၊အချိုရည် (၂) ၊ ၀ါဂူးနွားမွေးဖို့ အရူးထ ခဲ့ကြပုံများ ထပ်မံ ပို့စ် လုပ်ပါဦးမယ်။
.
ဖတ်ရှုသူ အားလုံးကို ကျေးဇူးတင်လျှက်။
.
ဇော်အောင် (မုံရွာ)
၁. သြဂုတ်. ၂၀၁၈
Ref Links..
* ဦးဝင်းထိန် (Win Htein) ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီ၊ ကော့သောင်https://goo.gl/q7r8LP
* Myanmar State Counsellor Office နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် နို့စားနွားမွေးမြူရေးခြံ၊ နို့ပေါင်းစက်ရုံနှင့် ပေတော ခေတ်မီဥစားကြက်ခြံ စီမံကိန်းသို့ သွားရောက်ကြည့်ရှုလေ့လာ ဇူလိုင် ၃၁... https://goo.gl/Z39uUf

နွားနို့နဲ့အရက်၊အချိုရည် (၂)
နေပြည်တော်က CP နွားမွေးမြူရေး လုပ်ငန်းကို ဒေါ်အောင်ဆန်းစုကြည် သွား ကြည့်တဲ့ သတင်းကြောင့် နွားနို့လုပ်ငန်းရှင်တွေ အားတက်ရပါတယ်။ CP နွားနဲ့ကြက် မွေးမြူရေး (နေပြည်တော်) ကတော့ ရင်းနှီးမြှတ်နှံမှု ကျပ်သန်း ၂၀၀၀၀ (US$ 1.5 million) ပဲ ရှိလို့ နိုင်ငံတကာ စံနဲ့ ယှဉ်ကြည့်ရင်တော့ ကုမဏီ အသေး လေးလို့ ပြောနိုင်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်ငန်း တွေ ယိုင်လဲ၊ တွက်သားမကိုက် ဖြစ်နေပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ၀ယ်ယူတင်သွင်းပြီး ရောင်းချတဲ့ ခေတ်ဖြစ်နေချိန် အဲဒီလို နွား၊ ကြက် မွေးမြူရေး ကို နိုင်ငံအကြီးကဲ က အားပေးကြည့်ရှု ခြင်းက SME မွေးမြူရေး လုပ်ငန်းငယ် လေးများအတွက် စိတ်အား တက်ရပါတယ်။
.
ယခင်က ရေးခဲ့တဲ့ ၂၀၁၈ မှာလဲ ခေတ်မီနေဆဲ ဆောင်းပါး အမှတ်(၂) ကို ပြန်လည် တင်ပြပါတယ်။ .
.
.
.....///. နွားနို့နဲ့အရက်၊အချိုရည် (၁) .../// .....
အပိုင်း(၁)တွင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံကလေးငယ်များ နွားနို့သောက်၊ အဟာရပြည့်ဝစေပြီး အနာဂါတ်မြန်မာများ သန်မာထွားကျိုင်းစေလိုသည် စေတနာဖြင့်ကြိုးစားချက်များကို ရေးသားခဲ့ပါသည်။ ခါချဉ်ကောင်ကြီး ခါးကမသန်ကြောင်း၊ နိုင်ငံခြားမှ နွားနို့၊ နို့ထွက်ပစ္စည်းနှင့် နို့မှုန့်များ အခွန်မဲ့ ဒလဟော သွင်းလာသောကြောင့် ပြည်တွင်းနွားနို့ကုန်ထုတ်လုပ်ငန်း ပျက်စီးသွားကြောင်း၊ သွင်းကုန်လုပ်ငန်းကို SME small & medium enterprise များလုပ်ရမည့်အစား ခရိုနီနှင့် ဦးပိုင်၊ အစိုးရလုပ်ငန်းများကသာ အခွန်မဲ့၊ ကုန်သေတ္တာမြောက်များစွာ အလွယ်တကူသွင်း၊ ထုတ်နိုင်သဖြင့် တနိုင်တပိုင်လုပ်ငန်းကို ဦးစားပေးသည့် နွားမွေးမြူရေးလုပ်ငန်းမှာ မလိုင်မုန့်လုပ်ငန်းလောက်သာ လုပ်နိုင်ကြောင်း လက်ရှိမြန်မာနိုင်ငံအခြေအနေကို ဖေါ်ပြခဲ့သည်။ ရင်းနှီးမြှတ်နှံမှု အခက်ခဲကြောင့် ၁၅နှစ် လည်ပတ်အောင်မြင်ခဲ့သော ပြည်တွင်းနွားနို့၊ နို့မှုန့်စက်ရုံကြီးပင် လုပ်ငန်းမရပ်အောင် အပြင်းထန်ကြိုးစားနေရသည်။
.
● စင်ကာပူနိုင်ငံရှိ နွားနို့စက်ရုံတစ်ခု
Malaysia Diary Farm စက်ရုံတစ်ခုသို့ သွားရောက်လေ့လာခဲ့သည်။ သြစတြေးလျှားမှ 100kg နို့မှုန့်ထုပ်များကို ဝယ်ယူပြီး၊ စင်ကာပူတွင် 25kg အထုပ်ကလေးများ ပြန်ခွဲထုတ်ကာ၊ export ပြည်ပသို့ စင်ကာပူကုန်တံဆိပ်ကပ်က ပြန်ရောင်းချသည်။ မူလသြစတြေးလျှား ဘိလပ်မြေအိတ်ကဲ့သို့သော အိပ်များမှ တံဆိပ်ကိုခွာ၊ စင်ကာပူမှ Diary Milk, Manufactured in Singapore တံဆိပ်ကပ်ထားသော စက္ကူပုံးများထဲသို့ ပြောင်းပြီး ထုတ်ပိုး၊ ပြည်ပသို့တင်ပို့ရောင်းချသည်။ စင်ကာပူဆိုလျှင် ဝယ်သူများက ပိုပြီး ယုံကြည်စိတ်ချသောကြောင့် သြစတြေးလျှားမှ တင်သွင်းလာသော နို့မှုန့်အထုတ်ကြီးများ၏ ၅၀% ကို ပြည်ပသို့ ပြန်ပို့သည်။ စင်ကာပူနိုင်ငံတွင်းရှိ အချို့နို့မှုန့်သုံးသည် မုန့်လုပ်ငန်းများကို နွားနို့အမှုန့်ထုတ်များ ရောင်းချသည်။
အများစုသော နို့မှုန့်များကို စက်ရုံတွင်ဖျော်ပြီး နွားနို့ပြန်ထုတ်သည်။
.
HL တံဆိပ်ဖြင့် နွားနို့များကို ယခင်က နွားနို့လပ်လပ်ဆတ်ဆတ်သုံးပြီး ထုတ်ထားသည်ဟု ထင်ခဲ့သည်။ စက်ရုံရောက်မှပဲ သြော်..လက်စသတ်တော့ သြစတြေးလျားက နို့မှုန့်တွေကို ဖျော်ပြီး အမွှေး၊ အနံ့လပ်ဆတ်အောင် ထုတ်လုပ်ရောင်းချမှန်းသိလိုက်ရသည်။ နောက်ဆိုလျှင် HL နွားနို့ကို မသောက်တော့ဟု ဆုံးဖြတ်လိုက်သည်။ ထိုစက်ရုံမှပင် ကလေးများအလွန်သောက်သော Vitagen (less sugar) များကို ထုတ်လုပ်နေပြီး၊ HL, Vitagen ထရပ်ကားပေါင်း တစ်ရာခန့် စက်ရုံပတ်ပတ်လည်တွင် ရပ်ပြီး၊ ကုန်လာထုတ်နေသည်ကို တွေ့ရသည်။ နို့နှင့်ပတ်သက်သော ဖျော်ရည်များကို ထုတ်လုပ်၊ စီးပွားဖြစ်နေသော ကုမ္ပဏီကြီးဖြစ်ပြီး ၂၄နာရီ အဆက်မပြတ် လည်ပတ်နေသည်ကို တွေ့ရသည်။
.
နောက်တစ်ခုမှ F&N ကုမ္ပဏီကြီးဖြစ်သည်။ ထိုင်းနိုင်ငံဘီယာကုမ္ပဏီကြီးက စင်ကာပူဖျော်ရည်နှင့်ဘီယာလုပ်ငန်းကြီး F&N ကိုဝယ်လိုက်ပြီ ဟုသိရသည်။ F&N သည် ဘီလျှံဒေါ်လာ ကုမ္ပဏီကြီး ဖြစ်ပြီး၊ တိုက်ဂါးဘီယာနှင့် အခြားဘီယာ၊ ကိုကာကိုလာ၊ ပက်စိကိုလာ စသည့်နာမည်ကြီးဖျော်ရည်များကို ထုတ်လုပ်ပေးသောကုမ္ပဏီကြီးဖြစ်သည်။ Pandan , Singapore တွင်ရှိသော စက်ရုံတွင် သူငယ်ချင်းမြန်မာ အင်ဂျင်နီယာချုပ် အလုပ်လုပ်သောကြောင့် သွားရောက်လေ့လာရာ၊ အချိုရည်များ ထုတ်ပိုးသော စက်ရုံဖြစ်သည်။ နိုင်ငံခြားမှ လိမ္မော်၊ ပန်းသီး စသည့်သစ်သီးဖျော်ရည်များကို ဗူးသွတ်၊ ပုလင်းသွန် လုပ်ငန်း၊ နွားနို့များကို ကွန်တိန်နာတိုင်ကီများဖြင့် သြစတြေးလျာမှ စင်ကာပူတို့တင်ပို့ပြီး၊ ထိုနွားနို့များကို ပုလင်းသွင်း၊ ဗူးသွင်း ပြန်လုပ်သည့် စက်ရုံဖြစ်သည်။ F&N မှ ထုတ်လုပ်သော နွားနို့များသည် အမှန်အကန်နွားနို့်ဖြစ်သည်။
.
စင်ကာပူ၊ မလေးရှားတွင် နွားမွေးမြူရေးလုပ်ငန်းများမှ နွားနို့များကို ညှစ်ပြီး၊ ဗူးသွင်းရောင်းသည် Organic Milk များလည်း ရှိသည်။ ထိုနေရာများတွင် နို့စားနွားမကြီးများကို မွေးမြူပြီး၊ နွားနို့ညစ်ရောင်း၊ စီးပွားရေးလုပ်ငန်းကို ယခုရေးလိုသည်။ အသားနှင့်နို့ အကောင်းဆုံးထွက်သော နွားအမျိုးတစ်ခုမှာ ဂျပန်နိုင်ငံတွင် ဂျင်နတစ်ပညာဖြင့် ထုတ်လုပ်သော WAGYU ဝါဂူး ဟုခေါ်သော ဂျပန်နွားအကြောင်း အနည်းငယ် ရေးပါမည်။
.
.
WAGYU ဝါဂူးဟုခေါ်သော ဂျပန်နွား
ဂျပန်နိုင်ငံမှာ ဂျင်နေးတစ်ပညာဖြင့် မျိုးစပ်ပြီး သန္ဓေသား Embryos အဖြစ်၎င်း၊ သုတ်ပိုး Seaman အဖြစ်၎င်း ရောင်းချသည်။ သန္ဓေသားတစ်ခုကို ဒေါ်လာ၆၅၀ဖြင့် အမေရိကန်နိုင်ငံတွင် ရောင်းချသည်။ အမျိုးပေါင်းများစွာရှိသောကြောင့် နွားအမျိုးအစားပေါ်မူတည်ပြီး သန္ဓေသား တန်ဖိုးခြားနားမှု ရှိမည်။ ထိုနည်းပညာကို ဂျပန်များက သူတို့နိုင်ငံတွင်း သိမ်းဆည်းထားသည်။ ဂျပန်များက မျိုးရိုးဗေဒ ပညာတွင် စီးပွားဖြစ်ထုတ်လုပ်သော ပုလဲမုတ်ကောင်များ၊ ငါးပုဇွန်မွေးမြူခြင်း၊ ကြက်၊ဝက်၊ ဆိတ်၊နွား စသည့် စားသောက်ကုန်တိရိစ္ဆာန်များကို စီးပွားကိုက်အောင်၊ အရည်သွေးမြင့်မားသော သားငါးများထုတ်လုပ်သည့် နည်းပညာကို ပိုင်ဆိုင်ထားပါသည်။ ယခု နို့စား၊ အသားစား နွားပေါင်းများစွာအနက် ဝါဂူး ဟုခေါ်သော အသားစားနွားအကြောင်း မြန်မာနိုင်ငံတွင် မွေးမြူပါက ဖြစ်နိုင်ဖွယ်ရှိသဖြင့် စိတ်ဝင်စားသူများအတွက် အကြမ်းဖျင်း ရေးလိုက်ပါသည်။
နွားအသားနှင့်နို့ထုတ်လုပ်ခြင်းသည် ဂျပန်၊ အမေရိကန်၊ ကနေဒါ၊ သြတြေးလျှား တို့တွင် စီးပွားဖြစ်ထုတ်လုပ်ကြသည်။ ကမ္ဘာအမဲသား အထုတ်လုပ်ဆုံးနိုင်ငံသည် အမေရိကန် ဖြစ်သည်။ မြန်မာ ဒုက္ခသည် အမြောက်အများ ၂၀၀၇ သံဃာ အရေးအခင်း နောက်ပိုင်း အမေရိကန် အစိုးရက မြန်မာ၊ကရင်၊ ချင်း၊ ကချင်၊ မွန် စသည့် တို့ကို ဒုက္ခသည် အဖြစ် သိန်းနှင့်ချီ လက်ခံ ခဲ့ရာ အမေရိကန် တက္ကဆက် ပြည်နယ် အမဲသား စက်ရုံများတွင် အလုပ်ကိုင် များစွာ ပေးခဲ့သည်။ ယခင်က ဗီယက်နမ် ဒုက္ခသည် အလုပ်သမား များ နေရာတွင် မြန်မာနှင့် အခြားနိုင်ငံ ဒုက္ခသည်များကို အစားထိုးခဲ့ ကြသည်။
.
အမဲသားသည် နိုင်ငံခြားတွင် ဈေးအကြီးဆုံး အသားတစ်ခုဖြစ်သည်။ ကြက်သားသည် ဈေးအချိုဆုံးဖြစ်သည်။ ငါးပုဇွန်များသည် ဈေးအလွန်ကြီးသလို၊ ဈေးချိုသော ရေငံငါးပုဇွန်များလည်း ရှိသည်။ နိုင်ငံခြားတွင် အမဲသားဈေးနှုန်းသည် ကြက်သားဈေးထက် အနည်းဆုံး ၂ဆမျှ ဈေးကြီးသည်။ ယခုရေးသားသည့် ဝါဂူး ဆိုသည့် အမဲသားမျိုးသည် စင်ကာပူ NTUC ကုန်တိုက်တွင်ပင် ရောင်းခဲသည်။ သာမန်စင်ကာပူနိုင်ငံသားများ ဈေးကြီးသဖြင့် မစားကြပါ။ အလွန်နူးညံ့ အရသာရှိသော အမဲသားဖြစ်သည်။ ထိုသို့ အရသာရှိပြီး၊ ကျန်းမာရေးနှင့်ညီညွတ်အောင် အထူးမွေးမြူရသည်။
.
နွားတစ်ကောင် မျိုးစေ့ပင်လျှင် ဒေါ်လာ ၆၅၀ ဈေးရှိသည်။ ထိုမျိုးစေ့ကို နွားမတစ်ကောင် သားအိမ်တွင့် ထည့်ပေးရသည်။ အကောင်ကြီးသဖြင့် မြန်မာ သာမန်နွားမသားအိမ်တွင် ထည့်ပါက၊ ရိုးရိုးမွေးနိုင်မည်မဟုတ်၊ ဗိုက်ခွဲမွေးရမည်ဖြစ်သောကြောင့် အရွယ်အစား ကြီးမားသော မြန်မာနွားမအမျိုးတွင် သားန္ဓေမျိုးစေ့တည့်ရမည်။
အမဲသား (နွားသား) ကမ္ဘာ့ပေါ်တွင် အများဆုံး၊ မွေးမြူထုတ်လုပ်သော နိုင်ငံမှာ အမေရိကန်ဖြစ်သည်။ ဘရားဇီး၊ တရုပ်၊ အာဂျင်တီးနား၊ သြစကြေးလျားတို့ အဆင့်ဆင့်ရှိသည်။ Production (%) U.S. 18.7% Brazil 12.9% China 11.6% Argentina 5.0% Australia 3.6% Russia 3.2% Others 45.1% .. etc. မြန်မာနိုင်ငံတွင် နွားကို သတ်စားရန်မွေးမြူခြင်းမရှိ၊ လယ်ထွန်ရန်မွေးရင်း သဘာဝအတိုင်း နွားငယ်လေးများ နှစ်စဉ် တစ်ကောင်စီ မွေးဖွားလာသည်။ နွားတစ်ကောင်၏ ပျမ်းမျှအသက်မှ ၁၅နှစ်ဖြစ်ပြီး တစ်နှစ်သားဆိုလျှင် လယ်ထွန်ခိုင်းလို့ရပြီဖြစ်သည်။ သားစပ်ရန်လည် ရပြီဖြစ်သည်။ နို့စားနွားမများမှာ နို့ထွက်သီးသန့် မွေးမြူရပြီး သာမန်နွားထက် ပိုပြီးဈေးကြီးသည်။ နို့ထွက်ကောင်းရန် အစာကို စနစ်တကျကြွေးရသည်။ သာမန်အားဖြင့် အသားစား နွားများသည် ၂၄လ (၂နှစ်) အကြာတွင် ရောင်းချ၊ ဝင်ငွေ စတင်ရရှိနိုင်သည်။ နို့စားနွားမလည်း ၁နှစ်ကျော်တွင် နွားနို့စတင်ရရှိသည်။ အသား၊ နို့ အကောင်းဆုံး၊ အထွက်ဆုံး ဖြစ်ရန် နည်းပညာများဖြင့် ကြွေးမွေး၊ ထိန်းသိမ်းရပေသည်။
.
ဝါဂူး နွားများသည် အအေးပိုင်း ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် ကချင်ပြည်၊ တောင်တန်း၊ ရှမ်းကုန်းမြေမြင့်များတွင် မွေးမြူရန် သင့်လျှော်သည်။ ကချင်ပြည်နယ်တွင် မွေးမြူနိုင်ပါက ယခုအခါ ထိုင်းနိုင်ငံသားများနီးပါ ဝင်ငွေကောင်းလာသော ယူနန်၊ တရုပ်လူမျိုးများကို အမဲသားရောင်းချနိုင်မည်ဖြစ်သည်။ နွားမွေးမြူရေးသည် လူအင်အားမလိုသော်လည်း၊ နွားများပြားစွာ မွေးလာပါက၊ ရင်းနှီးမှုကြီးသော သားသတ်စက်ရုံများ ကချင်ပြည်နယ်တွင် တည်ဆောက်လာမည်ဖြစ်သည်။ ထိုအခါ ပြည်နယ်သားများ အလုပ်ကိုင်ရရှိလာမည်၊ ဝင်ငွေလည်း တိုးလာပြီး ပြည်နယ်တွင် မူရစ်၊ ဘိန်းများ စိုက်ပျိုးနေခြင်းမှ ပိုမိုဝင်ငွေကောင်းသော သားသတ်စက်ရုံအလုပ်သမားများ ဖြစ်လာမည်။
.
.
● နို့စားနွားမ မွေးမြူရေး
ဝါဂူးနွားများအတွက် မြန်မာပြည်တွင် ပြောင်းကို ကျွေးမွေးပါက အစာဖိုး အလွန်သက်သာမည်ဖြစ်သည်။ မြန်မာနွားမျိုးကောင်းများနှင့် မျိုးစပ်ပြီး ၅ဆက်မျှ ကြာလျှင် မြန်မာပြည်ရာသီဥတုနှင့် ရောဂါများကို ခံနိုင်သော နွားမျိုးများရနိုင်ပါသည်။ မြန်မာနိုင်ငံ တိမွေးကု တက္ကသိုလ်မှ တိရိစ္ဆာန်မွေးမြူပညာရှင်များ လေ့လာရန်လိုသည်။
.
လောလောဆယ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် နို့စားနွားမများစွာ နွားနို့အတွက် သီးသန့်မွေးမြူကြသည်။ အိမ်တစ်အိမ်တွင် တစ်ကောင်၊ ၂ကောင် မွေးထားပါက နေ့စဉ်နွားနို့ညစ်ရောင်းသည့် ဝင်ငွေရသဖြင့် အလွန်စီးပွားတွက်သားကိုက်သည်။ နွားမ ဈေးနှုန်းမှာ အလွန်ဈေးကြီးသည်။ နို့အထွက်ကောင်းနွားမသည် သိန်း၅၀အထက်တွင် ရှိနိုင်သည်။ သာမန် ခိုင်းနွားသည် ၁၀သိန်း၊ ၁၅သိန်းမျှသာရှိသော်လည်း နို့စားနွားမသည် အလွန်ဈေးကြီးသည်။ နို့စားနွားမ အကောင်း ရာချီပြီး မွေးရလောက်အောင် မြန်မာပြည်တွင် နွားနို့စက်ရုံ၊ နို့ဆီ၊ နို့မှုန့်စက်ရုံ မရှိသေးပါ။ ထို့ကြောင့် အမြောက်အမြား စီးပွားဖြစ် မထုတ်နိုင်သော်လည်း တနိုင်တပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ကျေးလက်ဖွံ့ဖြိုးရေးအတွက် အလွန်ကောင်းသည်။
.
နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး၊ လယ်သမားများအား ငွေစိုက်ပေးပြီး နို့စားနွားမ လုပ်ငန်းထူထောင်ပေးနိုင်ပါက နိုင်ငံဆင်းရဲမွဲတေမှုမှ လျှင်မြန်စွာ လွတ်လာနိုင်ပါသည်။
.
နွားနို့ ကမ္ဘာ့ပေါက်ဈေးမှာ (၂၀၁၂ လက်လီဈေး) တစ်ဂါလန် အမေရိကန် ၈ဒေါ်လာ ပျှမ်းမျှဈေးပေါက်သည်။ ဘီယာ၊ အရက်ဈေးထက်ပင် ဈေးကြီးသလိုရှိသည်။ အမြောက်အများဝယ်လျှင် တစ်ဂါလန် ၈ဒေါ်လာ (တနည်းအားဖြင့် တစ်ပိသာ ၃ဒေါ်လာ ကျသင့်ပါက၊ နွားနို့တစ်ခွက် (၃၀၀ ml) ကို 50cent (ကျပ်၅၀၀ခန့်) ပေးရမည်။ မဝယ်သောက်နိုင်ပါ။ သာမန်ဆင်းရဲသားများ နွားနို့ဝယ်သောက်ရန် မြန်မာပြည်တွင် လုံးဝမဖြစ်နိုင်ပါ။ နိုင်ငံတော်အစိုးရက အခမဲ့တိုက်ကြွေးပါမှ၊ မူလတန်းကျောင်းများတွင် တိုက်ကြွေးခြင်းဖြင့်သာ လုပ်ဆောင်နိုင်မည်။ (မှတ်ချက်- ကမ္ဘာ့ ဈေးနှုန်း ဇယားအရ ပုံမှန် အမြောက်အများဝယ်ပါက နွားနို့ ၁တန် ဈေနှုန်း အလွန်ဈေးချိုပါသည်။ သို့သော် သိုလှောင်စရိတ်၊ သယ်ပို့စရိတ်များ မြန်မာနိုင်ငံတွင် ဈေးကြီးနေပါသည်)။
.
နွားနို့ရဖို့အတွက် အလွန်ဈေးကြီးသော နို့စားနွားမများ ရင်းနှီးရမည်။ နွားသည် တော်တန်ရုံ နာမကျန်းဖြစ်ခဲသော်လည်း သိန်း၅၀ခန့်တန်သောကြောင့် သေဆုံး၊ ထိခိုက်မှုရှိပါက နစ်နာလှပါသည်။ သြစကြေးလျားတွင် AWA သြစတြေးလျား ဝါဂူးအဖွဲ့ ရှိပြီး မွေးမြူလိုသူများအား ငွေချေးပေးသည်။ နွားမွေးနည်း သင်တန်းပေးပြီး၊ ၈နှစ်အတွင်း အရင်းကျေသည့်အပြင် လုပ်အားခပါ ရရှိမည်။ ဒေါ်လာ ၂သိန်းခန့် (ကျပ်သိန်း၂၀၀၀) ဖြင့် စတင်ရင်းနှီးကာ နွားအကောင်း ၅၀၊ ၁၀၀ စတင်မွေးမြူနိုင်မည်။ တစ်နှစ်ကြာလျှင် နွားနို့ရမည်။
နွားဈေးကြီးသဖြင့် မမွေးနိုင်သော ဆင်းရဲသား မြန်မာတောင်သူလယ်သမားများအား သိုး၊ ဆိတ်၊ ကျွဲ များကို မွေးမြူစေခြင်းဖြင့် ဝင်ငွေရစေနိုင်သည်။ ကမ္ဘာနွားနို့၊ အမဲသား အများဆုံးထွက်သောနိုင်ငံများကို အောက်ပါဇယားတွင် ကြည့်နိုင်ပါသည်။ နွားမသတ်ရန် တားမြစ်ခဲ့သော အိန္နိယသည် နွားနို့ ကမ္ဘာပေါ်တွင် ဒုတိယအတွက်ဆုံးဖြစ်နေသည်။ တရုပ်၊ အိန္နိယ၊ ပါကစ္စတန် တို့သည် နို့အများဆုံး ထွက်သော သိုးနှင့်ဆိတ် နို့ထွက်နိုင်ငံများတွင် ထိပ်ဆုံး၁၀ခုတွင် ပါဝင်သည်။ မြန်မာနိုင်ငံသည် ကျွဲနို့အများဆုံးထွက်သောနိုင်ငံအဖြစ် အဆင့် ၆တွင် တွေ့နိုင်သည်။
ထို့ကြောင့် မြန်မာကလေးငယ်များအား နွားနို့မတိုက်နိုင်သော်လည်း ကျွဲနို့တိုက်ကျွေးနိုင်သည်ကို စာရင်းဇယားအရ သိရသည်။ ကျွဲနို့လည်း ဆင်းရဲသား၊ လယ်သမားများအတွက် ဈေးကြီးနေဦးမည်ပင်ဖြစ်သည်။
.
.
● သုံးသပ်ချက်
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အလုပ်အကိုင်ဖြစ်သည်။ တောင်သူလယ်သမား၊ စိုက်ပျိုးရေးသမားများသည် မြန်မာလူဦးရေ၏ ၇၀% မျှ ဖြစ်နေပြီး အဆင်းရဲဆုံးလူတန်းစားလည်း ဖြစ်သည်။ ထိုလူများကို စိုက်ပျိုး၊ မွေးမြူရေးအပြင် Process Industry ဟုခေါ်သော ဆေးကြော၊ သန့်စင်၊ ထုတ်ပိုးပြီးမှ လူထုထံရောင်းချသော စက်ရုံငယ်လေးများစွာ လိုအပ်နေသည်။ သို့မှသာ မြန်မာ လယ်ယာ၊ သားငါး ထွက်ကုန်များ ပြည်ပထုတ်ရောင်းရာတွင် ဈေးပိုရမည်။ မျက်နှာပန်းလှမည်ဖြစ်သည်။
.
နွားနို့ထုတ်လုပ်ရန်အတွက် နွားမွေးမြူရေးလုပ်ငန်း လုပ်နိုင်သော်လည်း၊ မြန်မာကလေးများ နွားနို့အဟာရ သောက်နိုင်ရေးအတွက် မြန်မာအစိုးရသာလျှင် နိုင်ငံစီမံကိန်းအဖြစ် လုပ်ဆောင်ရပါမည်။ နိုင်ငံခြားမှ နွားနို့များကို ဈေးနှုန်းအသင့်တော်ဆုံး ရရှိအောင် ဝယ်ရမည်။ ကုလသမဂ္ဂအကူညီများလည်း နို့မှုန်များစွာ ရရှိမည်ဖြစ်သည်။ လောလောဆယ်တွင် နွားနို့ကို ပြည်တွင်းထုတ်လုပ်ရန် ငွေအရင်းနှီးမရှိသေးသော်လည်း နောက်၃နှစ်အကြာတွင် နိုင်ငံ မက်ကရိုစီးပွားရေးစနစ် အောင်မြင်လာပြီး၊ အစိုးရတွင် အခွန်ဝင်ငွေ များစွာရလာမည်။ ယခု 2% of GDP အခွန်ရနေသော်လည်း အမြတ်စွန်းများသော နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများကို စနစ်တကျ အခွန်ကောက်နိုင်လာလျှင် ပတ်ဝန်းကျင်နိုင်ငံများကဲ့သို့ 35% of GDP မရလျှင်ပင်၊ 15% of GDP ရလာပါက မြန်မာနိုင်င တိုးတက်ဖို့ အလားအလာ အလွန်ကောင်းပေသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားဖို့ အခွန်ကောက်ခြင်း စနစ်တကျလုပ်ရန်လိုသကဲ့သို့ အခွန်ငွေကို စီမံခန့်ခွဲခြင်းသည် ပိုပြီး အရေးကြီးလှသည်။ Corruptio Index တိုးတက်လာမှသာ အခွန်ကောက်ခြင်း၊ အခွန်သုံးခြင်းတို့ တရားဥပဒေအတိုင်း အောင်မြင်လာမည်ဖြစ်သည်။
.
နောက်ဆုံး အနေဖြင့် ရေးလိုပါသည်။ ဆင်းရဲသော ပြည်သူ့သားသမီးငယ်များ နွားနို့သောက်နိုင်ဖို့၊ အဟာရပြည်ဝသော အနာဂါတ်မြန်မာမျိုးဆက်ဖြစ်လာရေးအတွက် National Plan အဖြစ် လုပ်ဆောင်မှ ရမည်ဖြစ်သည်။
.
.....///. End of ... နွားနို့နဲ့အရက်၊အချိုရည် (၁) .../// .....
.
.
နိဂုံး (နွားနို့၊နွားသား မွေးမြူရေးလုပ်ငန်းများ)
အချိုရည်နဲ့ အရက်၊ဘီယာ၊ စီးကရက် ထုတ်လုပ်သူ နဲ့ ရောင်းချသူ များသာ မြန်မာနိုင်ငံမှာ အလုပ်ဖြစ်နေတာလဲ သဘာဝ ကျပါတယ်။ အထိန်းအကွပ် မရှိသေးတဲ့ ဈေးကွက် စီးပွားရေးမှာ ရင်းနှီးမြှတ်နှံမှု ကော်မရှင်က သမ္မတဦးသိန်းစိန် လက်ထက်မှာ အထက်ပါ အချိုရည်၊ ဘီယာ၊ စီးကရက် စက်ရုံ အမြောက်အများ ခွင့်ပြုခဲ့လို့၊ အဲဒီ ကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်များကို အပြစ်တင်ကြပါတယ်။ ဥက္ကဌ လုပ်ခဲ့သူ တစ်ဦးဆိုရင် သူ့ဇနီး၊ သားသမီးတွေ အားလုံး နဲ့ ပိုင်ဆိုင်မှု ငွေများကို အားလုံး နိုင်ငံခြား ပို့ထားပြီး သူကတော့ မြန်မာပြည်မှာ နေစရာအိမ်ခန်း တစ်ခု လိုအပ်လို့ ရောင်း-ငှား ပေးပါရန် လျှောက်ထားတဲ့ သတင်းတွေ ကြားနေရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လိုမျိုး ဖြောင့်မတ်တဲ့ ခေါင်းဆောင် ဖြစ်လာချိန် အခက်ခဲကြားက ဈေးကွက်ကို ထိန်းနိုင်ဖို့ ကြိုးစာနေပါတယ်။
.
သမ္မတ ဦးသိန်းစိန် ခေတ်ကာလ ဒိန်းမတ်က နို့မှုန့်တွေ လာပေးပြီး၊ သူတို့နို့မှုန့်တွေ ရောင်းဖို့၊ စက်ရုံတည်ဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာနိုင်ငံက စီးပွားလုပ်ဖို့ Ease Of Doing Business အညွန်း မှာ ကမ္ဘာ့ ဘိတ်ဆုံး အဆင့်ရောက်နေတာ ၀န်ထမ်းဆိုးများရဲ့ အကျင့်ပျက်မှု ကြောင့် ဖြစ်ပါတယ်။ သမ္မတကြီးက နွားနို့ ပြောလိုက်တော့ တတိုင်းပြည်လုံး နွားနို့ရောဂါ ထခဲ့ကြတယ်။ စင်ကာပူ ရောက် မြန်မာများလည်း ၀ါဂူး နွားတွေ ကချင်တောင်သူတွေနဲ့ မွေးဖို့ စဉ်းစားတော့ ဂျပန် ၀ါဂူးနွား မျိုးတွေ ညာရောင်းမဲ့ ပုဂိုလ်တွေနဲ့ပေါင်းရိတ်စား ချင်သူများနဲ့ပဲ တွေ့ပြီး စိတ်ပျက်ရတယ်။ .. 'ဒိန်းမတ် အာထရာပက် ကုမီဏီကလည်း စက်ရုံ ရောင်းတော့ မြန်မာ တချို့ ၀ယ်သွားတာ ပါတယ်။ ဒါပေမဲ့ လူကြီးတွေ က ဈေးကြီးတဲ့ နွားနို့ထက် ၀ိုင်နဲ့Grand Royal ကို ပိုစိတ်ဝင်စား သလို၊ ကလေးတွေကလဲ ဈေးကြီးတဲ့ နွားနို့ထက် Coca, Papxi, Max အချိုရည်တွေ ပိုသောက်ချင်ကြတဲ့ မိုင်းဆက် Mindset ပြသနာက ရှိတယ်။ အလုပ်ကိုင် ကောင်းတွေ မရှိသေးတော့ ၀င်ငွေ မကောင်း၊ ၀င်ငွေ မကောင်းတော့ အဟာရပြက် နေကြတာ .. မြန်မာတနိုင်ငံလုံးပါ။ လူတစ်စု ပဲ အချမ်းသာကြီး ချမ်းသာနေပါတယ်။
.
မြန်မာနိုင်ငံ မှာ စိုက်ပျိုးမွေးမြူ ဖို့တော့ အလွန် သယံဇာတ နဲ့ ရေခံမြေခံ ကောင်းပါတယ်။ ဒါပေမဲ့ စိုက်ပျိုးမွေးမြူ ထုတ်ကုန်များ ဈေးကွက်ကို ၀င်နိုင်ဖို့ သိုလှောင်ရေး Storage Electricity မရှိပါ။ နွားနို့၊နွားသား အအေးခန်း လိုအပ်ပါတယ်။ စိုက်ပျိုးထွက်ကုန်များလဲ အလားတူပါပဲ။ သယ်ယူပို့ဆောင်ရေး လမ်းတံတားများ ပိုကောင်းလာပေမဲ့၊ ရန်ကုန်-မူဆယ် ကားလမ်းတလျှောက် နည်းအမျိုးမျိုးနဲ့ ကောက်ခံနေလို့ ထွက်ကုန်တွေ ဈေးကြီးရပါတယ်။ ကမ္ဘာ ဈေးအကြီးဆုံး သယ်ယူစရိတ် ဖြစ်နေပါတယ်။ တပတ်ရစ် ကုန်ကားကြီးများစွာ ဈေးသက်သာပေမဲ့ လမ်း-တံတား တွေလည်း ကျေးလက်ဒေသ ထိ မရောက်သေးပါဘူး။
.
အခု သမ္မတသစ် ဦးဝင်းမြင့် ဖြစ်လာပြီးချိန် အဂတိကော်မရှင် အနေနဲ့ တပ်မတော်ထောက်ခံ မှုအရ၊ ပိုမိုထိရောက်စွာ လုပ်နိုင်လာမယ် မျှော်လင့်ပါတယ်။ ရုတ်တရက် ပြောင်းလာတဲ့ တော်လှန်ရေး Revolution မဟုတ်ပဲ တဖြေးဖြေးပြောင်းလဲခြင်း Evolution ဖြစ်လို့ မကြေမနပ်သူ များစွာ ၊ စီးပွားအခက်ခဲ များစွာ ရှိနေဆဲပါ။ နွားနို့၊ နွားသား (အမဲသား) ကတော့ စက်မှုလယ်ယာ ပြောင်းလဲသွားတဲ့ မြန်မာနိုင်ငံ ကျေးဇူးရှင် နွားများ မရှိပေမဲ့ တပိုင်တနိုင် စနစ်တကျ နွား၊ ကြက်၊ ဘဲ၊ ငါး မွေးမြူခြင်းများကို နိုင်ငံတော်က ပံ့ပိုးလုပ်ပေးဖို့၊ ဥပဒေများ ပြဌာန်း ပြင်ဆင် နေဆဲ ဖြစ်ပါတယ်။ အခြေခံ တောင်သူများ ၀င်ငွေ တိုးတက်မှ၊ နွားနို့ လုပ်ငန်း တိုးတက်လာပြီး မြန်မာ ကလေးငယ်များ နွားနို့ သောက်နိုင်၊ အဟာရပြည့်၊ ဘောလုံးကန်နိုင် လာမဲ့ အချိန်ကို မျှော်လင့်နေပါတယ်။
.
ဇော်အောင်
၎. သြဂုတ်. ၂၀၁၈
.
.
ကိုးကားဆောင်းပါး (မိုးမခ)
http://moemaka.com/archives/35888
http://moemaka.com/archives/36469
.
2018  ယခု ဆောင်းပါး ၂ခု လင့်.. (ဖေ့ဘုတ်)
1. https://goo.gl/h6awhR2. https://goo.gl/JGXFFJ