Showing posts with label Good Attitude. Show all posts
Showing posts with label Good Attitude. Show all posts

Friday, January 10, 2020

ရိက္ခာနဲ့ သိက္ခာလဲတဲ့ အင်ဂျင်နီယာများ ခိုးမှ ထမင်းစားရမှာလား 2018 Post

ရိက္ခာနဲ့ သိက္ခာလဲတဲ့ အင်ဂျင်နီယာများ

ခိုးမှ ထမင်းစားရမှာလား

  ရင်နာစရာတော့ကောင်းပါတယ်။
အင်္ဂျင်နီယာပညာတွေသင်၊ အင်္ဂျင်နီယာအလုပ်လုပ်တဲ့သူတွေကို သူခိုးတွေလို့ပြောကြတယ်။ ဘယ်အင်္ဂျင်နီယာက ခိုးချင်ပါ့မလဲ။ ခိုးချင်တဲ့သူလည်း ရှိချင်ရှိမှာပေါ့လေ။
ဒါပေမယ့် ဒီလောက်ပညာတွေသင်လာပြီးမှ ခိုးမှ စားရမယ်ဆိုတာကိုတော့ အများစုကဘဝင်ကျနိုင်မည်မဟုတ်ပါ။ ဒါဆို မခိုးကြဘူးလား။ ဟုတ်ကဲ့ ခိုးပါတယ်။ ကျွန်တော်လည်း အစိုးရအင်ဂျင်နီယာဝန်ထမ်းဘဝနဲ့
ဆယ်နှစ်ကျော် ခိုးပြီး မိသားစုကို ကျွေးမွေးခဲ့ရပါတယ်။ မိသားစုကို ကျွေးမွေးဖို့လောက်ဆို အင်ဂျင်နီယာတွေ ခိုးဖို့လိုမည်မထင်ပါ။ ကိုယ့်မိသားစု မဟုတ်တဲ့ သူတွေအတွက်ပါ ခိုးပြီး ကျွေးရ၊ ပေးရလို့၊ မင်းတို့လည်းခိုး၊ ငါတို့ကိုလည်း percentage ပေးဆိုတဲ့ လူတန်းစားတစ်ရပ် ဖန်တီးဖြစ်ပေါ်လာတဲ့အတွက် ကျွန်တော်တို့ အင်ဂျင်နီယာတွေ သူခိုးဘဝကို ရောက်ကြပါတော့တယ်။
    Yellow Book လို့ခေါ်တဲ့ Analysis of Rates မှာ လုပ်ငန်း items အလိုက် materials ကို Wastage ရာခိုင်းနှုံးက material အပေါ်မူတည်ပြီး 5% ကနေ 50% အထိ ခွင့်ပြုထားပါတယ်။ ပစ္စည်းအလေအလွင့်မရှိအောင် လုပ်တတ်ရင် ကိုယ်တွက်ကျန်ပြီးသာပါ။ ဝယ်တဲ့ဆိုင်က ဖောက်သည်ဖြစ်အောင် commission ပေးတာလည်း ရှိပါတယ်။
     ဟုတ်ပြီ။ ဒါဆို ဘာဖြစ်လို့ခိုးတာလဲ။ ဒီနေရာမှာ ဘာကို ဘယ်လိုခိုးသလဲဆိုတာ ရှင်းပြပါမယ်။
     (၁) Quality အပေါ်မှ ခိုးခြင်း
          လုပ်ငန်းတစ်ခုဆောင်ရွက်ဖို့ drawings နဲ့ estimate တွေ ရှိရပါတယ်။ details drawing ကိုဖတ်ပြီး estimate ဆွဲရပါတယ်။ ဥပမာ brick work ဆိုပါစို့။ details drawing မှာ 1:3 cement mortar နဲ့ပြထားပြီး estimate ကလည်း 1:3 cement mortar နဲ့ materials ထုတ်တယ်။ field မှာလုပ်တော့ composite mortar သုံးတယ်။ သို့မဟုတ် 1:5 cement mortar ကိုသုံးတယ်ဆိုရင် cement ရဲ့ quantity လျှော့သုံးလိုက်တဲ့အတွက် quality အပေါ်မှ ခိုးခြင်းဘဲဖြစ်ပါတယ်။
   (၂) Substituted ခိုးခြင်း
         ဒါကတော့ ပစ္စည်းတစ်ခုကို တန်ဘိုးနည်း အမျိုးအစားတူပစ္စည်းဖြင့် အစားထိုး ထည့်သုံးခြင်းဘဲဖြစ်ပါတယ်။ ဥပမာ estimate မှာ cement ကို တံဆိပ်တွေ၊ made တွေ ရေးမထားဘူး။ ဒါပေမယ့် price ကတော့ Thai brand နဲ့ cost ပြထားတယ်။ တကယ်သုံးတော့ China made နဲ့ တွယ်လိုက်တယ်ဆိုရင် ဒါ ခိုးတာဘဲပေါ့။ တစ်ချို့ဆို hardwood အစား Inn
နဲ့တောင် ထည့်သုံးခဲ့ကြတယ်။ ဒီမှာက Thai ရယ်၊ China ရယ် Local ရယ်ဆိုပြီး လွတ်လပ်စွာ ဝယ်ယူအသုံးချခွင့် ရှိတော့ ပက်ပက်စက်စက်ကို လုပ်နေကြတာ။ အရင်ခေတ်တွေက ပိုဆိုးပေါ့။
    (၃) Measurement ကို ခိုးခြင်း
          အများအားဖြင့်တော့ အလွယ်တကူမြင်တွေ့လို့မရတဲ့ Foundation အပိုင်းတွေမှာ ခိုးတာများပါတယ်။ depth ကို လျှော့တူးတာ၊ Retaining wall တွေမှာ steps တွေ မထည့်တာတွေပေါ့။ Roads တွေမှာ လမ်းခင်းကျောက်ထု မပြည့်တာ၊ လမ်းအကျယ်တွေ လျော့တာတွေလည်း ဒီခိုးနည်းမှာ ပါတာပေါ့။
    (၄) အပျောက်ရိုက်ခိုးခြင်း
         ဒီခိုနည်းကို ဥပမာပေးဖို့ တော်တော်စဉ်းစားရတယ်။ ဘယ်မှာတွေ့လည်းဆိုတော့ လွန်ခဲ့တဲ့ ၂လလောက်က fb မှာ ကျောင်းဆောက်တာနဲ့ ပတ်သက်ပြီး tender အောင်လို့ လုပ်ခွင့်ရတဲ့ ကုမ္ပဏီက စာသင်ကျောင်းဆောက်ရာမှာ 9"x9" R.C.C plinth beam ထည့်ရမှာကို သံချောင်းမထည့်ဘဲ ထု 6" လောက်နဲ့ concrete လောင်းထားတယ်။ "ခိုးချင်တာလည်း ပြာလို့၊ အ,လိုက်တာလည်းချာလို့" ပြောရမလိုဖြစ်နေပြီ။ တကယ်ဆို သံချောင်းမထည့်မှတော့ 2" ထုနဲ့ D.P.C
ဘဲ လောင်းလိုက်ပေါ့။ သိတဲ့သူက စစ်လို့ပေါ်တော့ ရှက်စရာဖြစ်ရော။ 2" ထု D.P.C လောင်းထားလို့ စစ်တဲ့သူလာရင် အင်ဂျင်နီယာကို လွှဲချလို့ရတာပေါ့။
ကုမ္ပဏီပိုင်ရှင်တွေအတွက် အင်ဂျင်နီယာတွေရဲ့ အသုံးဝင်ပုံ တစ်ခုပေါ့။ ဒီနည်းကတော့ ခပ်တည်တည်နဲ့ သုံးရမယ့်ပစ္စည်းကို လုံးဝထည့်မသုံးလို့ အပျောက်ရိုက်ခိုးခြင်းမည်ကြောင်း ဂဏှာဟိ မှတ်လေလော့။
   (၅) Rate ကို ခိုခြင်း
       ဒီခိုးနည်းကိုတော့ Local Rate ဆိုတဲ့ ဒေသပေါက်ဈေးနှုန်းအပေါ်မှီပြီး ခိုးတာပါ။ လက်တွေ့သိချင်ရင်တော့ မိမိတို့မြို့က အတည်ပြု ထုတ်ပေးထားတဲ့ ဒေသပေါက်ဈေးနှုန်းစာအုပ်ထဲက
ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းတွေနဲ့ အပြင် ကုန်မာဆိုင်တွေက ရောင်းတဲ့ ဈေးနှုန်းတွေကို သုတေသနလုပ်ကြည့်ကြပါ။ ဘယ်မြို့မှာမဆိုပေါ့။
      ဒီလောက်ဆို ပြည့်စုံသလောက်ရှိပါပြီ။ ဒါကိုဖတ်ပြီး ကုမ္ပဏီတွေနဲ့ တစ်ချို့ အင်ဂျင်နီယာတွေက အကျွန်ုပ်ကို မေတ္တာတွေ ပို့ကြရော့မယ်။ ကိစ္စမရှိပါဘူး။ ဆဲချင်လည်း ဆဲလို့ရပါတယ်။ ကျွန်တော် အထက်မှာပြောခဲ့သလိုဘဲ။ အင်ဂျင်နီယာပညာဆိုတာ လူတိုင်းသင်ယူခွင့် မရကြပါဘူး။ နောက်ပြီး အင်ဂျင်နီယာဖြစ်ရတာလည်း ဂုဏ်ယူစရာတစ်ခုပါ။
ဒါပေမယ့် ခိုးစားရတယ်ဆိုတာကတော့ ပညာတတ်တွေရဲ့ အလုပ်မဟုတ်သလို ဂုဏ်ယူစရာနဲ့လည်း လုံးဝ ဆန့်ကျင်ဖက်ကြီးပါ။
ခိုးတယ်ဆိုမှတော့ အဒိန္နဒါနကံ မြောက်နေပါပြီ။
ဒါကို မသိလို့လုပ်နေတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ သိသိကြီးနဲ့ လုပ်နေကြတာပါ။ ဘာသာတရားနဲ့ပြောရင်လည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး အခြေခံ ၅ ပါးသီလမှ လုံခြုံအောင် မစောင့်ထိန်းနိုင်တဲ့လူမျိုးတွေပါလားဆိုပြီး ရှက်ဖို့လည်း ကောင်းပါတယ်။ နောက်ပြီး နိုင်ငံတစ်ခုကို တိုးတက်အောင် တည်ဆောက်ရာမှာ စာရိတ္တမဏ္ဍိုင် မခိုင်ဘဲနဲ့ တည်ဆောက်လို့မရပါ။ လူမျိုးတစ်မျိုးရဲ့ စာရိတ္တမဏ္ဍိုင်ဟာ အဆောက်အဦတစ်ခုရဲ့ အုတ်မြစ် Foundation ပါ။ အားလုံးရဲ့အကြံဥာဏ်တွေနဲ့ စုပေါင်းပြီး လက်ရှိ ဖြစ်ပျက်နေတာတွေကို ပြုပြင်ဖို့ လိုနေပါပြီ။
    ဒီလိုပြောတော့ မင်းက ဝန်ထမ်းကထွက်ပြီး သောက်ကြီးသောက်ကျယ်ပြောတယ် ထင်ချင် ထင်ကြမယ်။ ကြိုက်သလို ထင်နိုင်ပါတယ်။ ကျွန်တော် ဝန်ထမ်းဘဝကတင် ထွက်ခဲ့တာမဟုတ်ပါ။ နောက်ဘဝတွေမှာ သီလမလုံလို့၊ အဒိန္နဒါနကံကြောင့် ဖြစ်မယ့်၊ ခံရမယ့် အပါယ်ဘုံဘဝတွေကနေကို လွတ်ဖို့ဆိုပြီး တတ်နိုင်သလောက် ရှောင်ထွက်ခြင်းပါ။ ကျွန်တော့်အဖိုးတွေနဲ့ ကျွန်တော့်အဖေဟာ ဘာသာရေးလိုက်စားသူတွေပါ။ ကျွန်တော် အလုပ်ထွက်စာတင်ပြီးတာနဲ့ ရွာက ကျွန်တော့်အဖေဆီ စာတစ်စောင်ရေးပို့ပါတယ်။
ကျွန်တော်အလုပ်ထွက်ရခြင်းကို ကျွန်တော့အဖေ နားလည်စေဖို့ပါ။ အဓိကအကြောင်းပြတာကတော့ ကျွန်တော် အင်ဂျင်နီယာလုပ်ပြီး ပြည်သူ့ဘဏ္ဍာကို မခိုးချင်တော့ကြောင်း၊ လုပ်တာတမျိုး၊ စာရင်းပြတော့တစ်မျိုးဆိုတော့ မုသာဝါဒကံပါ ချိုးဖောက်နေသလိုဖြစ်လို့ အလုပ်ထွက်လိုက်တာဖြစ်ပါကြောင်း၊ ဒီလိုမခိုး၊မလိမ်ညာဘဲ ဘဝကိုရပ်တည်လို့ရမယ်လို့ ယုံကြည်ကြောင်းတွေ ရေးလိုက်တာပါ။ အဖေလည်း ကျေနပ်မှာပါလေ။
      2009 ခုနစ် ရန်ကုန်မှာ ကျွန်တော့်ကို Staad. Pro သင်ပေးတဲ့ ဆရာမလေးက သူ့အကြောင်းကို ပြောပြပါတယ်။ ကျနော့်ထက် အသက် ၁၀ နှစ်လောက် ငယ်ပါတယ်။ သူ့အဖိုး၊ သူ့အဖေလည်း အင်ဂျင်နီယာတွေဖြစ်ကြောင်း။ ဆည်မြောင်းနဲ့ ဆောက်လုပ်ရေးဌာနတွေမှာ ဝန်ထမ်းတွေ လုပ်ခဲ့ကြပြီး သူ့ကိုတော့ ဝန်ထမ်းမလုပ်ခိုင်းလို့ အခုလို ရန်ကုန်မှာလာပြီး အချိန်ပိုင်း သင်တန်းဆရာ
လုပ်နေကြောင်းပြောပါတယ်။  သူဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ အဲဒီ 2009 က ကျွန်တော် ဝန်ထမ်းက ထွက်တဲ့နှစ်ပါ။ အခု ကျွန်တော် အပြင်က ပုဂ္ဂလိက အဆောက်အဦးတွေ လိုက်ဆောက်းပေးတယ်။ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဘဲ။ ဘာမှ ခိုးစရာ၊ လိမ်စရာ မရှိတော့ဘူး။ ဘယ်သူ့မှ မပေးချင်ပေးချင်နဲ့ ပေးရတဲ့ percentage တွေလည်း မရှိဘူး။ ရှင်းတယ်။ ဘဝဆိုတာ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ရမယ်လို့ မဟာမြိုင်ဆရာတော် ရေးတဲ့ စာအုပ်မှာ ဖတ်ဖူးပါတယ်။
     စာဖတ်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။ များများလည်း share ပေးကြပါ။ မျိုးဆက်သစ်တွေအတွက်ပေါ့။
     
             အိပ်မက်လှလှလေးတွေ မက်ပါစေ။

Crd. .M Swe Fone

Credit # Sayar Kaung

Photo # ဉာဏ်နိုင်

Saturday, March 30, 2019

ဆရာဦးစိန်ဝင်း RIT လျှပ်စစ်ဌာန ကထိက ၁၉၃၃.၂၀၀၆

ဆရာဦးစိန်ဝင်း (born 1933, died 2006)
အသက်၇၃ မှာ ကျန်းမာရေး ကောင်း နေတုန်း ရုတ်တရက် နေမကောင်းဖြစ် ဆုံးပါးသွားတယ်။ အသက်ရှင်သေးရင်တော့ အခု အသက် ၈၆နှစ်ပေါ့။
.
တခါတလေ YTU နည်းပညာတက္ကသိုလ် ဆရာတွေ၊ ညွန်မှုး ညွန်ချုပ်တွေ၊ အရာရှိကြီးတွေ တွေ့ရင် အရမ်းစိတ်ပျက်တယ်။ သူငယ်ချင်း ပညာရေးဝန်ကြီးဌာန. DG ဖြစ်နေသူကို သွားတွေ့တော့.. ဘတ်ဂျတ်ကိစ္စပဲ အရေးတကြီး ကိုင်တွယ်နေတာ တွေ့တယ်။ ပညာရေး ဆိုင်ရာ အဆောက်အဦ၊ သင်ကြား ထောက်ကူပစ္စည်း တင်ဒါကိစ္စနဲ့ပဲ အလွန်ကြိုးစား လုပ်ကိုင်နေတာ သနားမိတယ်။ တက္ကသိုလ် ကျောင်းဆရာတွေ ပညာရပ်တိုးတက်အောင် ငွေမသုံးကြဘူး တဲ့။
.
မနှစ်ကတော့ YTU နောက်ဆုံးနှစ်ကျောင်းသားတွေ Field တလလောက်ဆင်းပြီး Thisis စာတန်း မလုပ်မနေရ ပြုစုပြီးမှ ဘွဲ့ပေးတာ စတင်တယ်။ ကျနော် ငယ်စဉ် ၁၉၈၀ ဒီဇင်ဘာကျောင်းပိတ်ရင် တတိယနှစ်က စပြီး Field ဆင်းရပေမဲ့ ဌာနဆိုင်ရာက ချီးထုပ်ကျောင်းသား ဆိုပြီး Attendent လူရှိရှိ၊ မရှိရှိ လက်မှတ်ထိုးပေးတဲ့ စနစ်ဆိုး အစဖြစ်ပါတယ်။ အခုတော့ တက္ကသိုလ် ဆရာမတွေ အကြီးစား ကလေးထိန်း တွေဖြစ်နေကြတယ်။ ထားပါတော့။
.
လျှပ်စစ်ကျောင်းသားများ ရဲ့ ဆရာများစွာထဲ ဆရာဦးစိန်ဝင်း နဲ့ ဆရာ ဒေါက်တာစန်းတင့် ၂ယောက်ကို ၂၀၀၀ပြည့် စင်ကာပူ တိုပါးရိုး ဘုန်းကြီးကျောင်းမှာ ပထမဆုံး ဆရာကန်တော့ပွဲ လုပ်ကြတယ်။ ဆရာဦးစိန်ဝင်း ကို USA ဆန်ဖရန်စစ္စကို RIT ဆရာပူဇော်ပွဲ သွားဖို့ ဘယ်လိုပြောပြော ဆရာကငြင်းဆန်တယ်။ စင်ကာပူ လာတာတောင် သူကိစ္စတွေ ရှိလို့ လာတာ။ အမေရိကား မှာ ဘာမှလုပ်စရာမရှိ၊ MS မက်ဆာချူးဆက် နေတုန်းက အစိုးရစကောလား မပူပင်ရပဲ နေခဲ့၊ လျှောက်လည်၊ နှစ်များစွာ ပျော်ခဲ့ပြီးသား အမေရိကား မသွားပါရစေနဲ့ ငြင်းဆန်တယ်။
.
ဒေါက်တာစန်းတင့် တယောက်ပဲ ၂၀၀၀ပြည့်နှစ် San Frsnsisco သွားပြီး ၊ လော့အိန်ဂျယ်၊ နယူးယောက်၊ ဝါရှင်တန် စတဲ့ မြို့ကြီးများစွာ ပျင်းအောင် လှည့်လည်ခဲ့ရတယ်။
.
§========
ထပ်ဖြည့် ရေးပါရစေ
စစ်အစိုးရလက်ထက် မှာ ဝန်ကြီး ရာထူးရသူတွေကတော့ အတော်ကံဆိုးသူတွေပဲ၊ အပယ်လွတ်အောင် သူတို့.. မနည်း ကုသိုလ်လုပ်ရပါမယ်။ ပညာရေးစနစ်ကို ဖျက်ဆီးတဲ့နေရာမှာ စစ်အာဏာရှင်အလိုကျ လုပ်ခဲ့ရလို့ အဲဒီကံဆိုးသူ ဝန်ကြီးများကို သနားမိတယ်။ (my view)
.
 ဆရာဦးစိန်ဝင်းလို Good Attitude စကောလား၊ သမ္မာဓိရှိသူတွေ ကြံကြံခွှုံကြောင့်. အင်းစိန် RIT အင်းစိန်ဝင်းခြံကြီး ရောင်းစားမခံရတာပါ။ ..အခုထိ သမ္မာဓိကြီးတဲ့ ဆရာကြီးတွေကို အင်ဂျင်နီယာကောင်စီ ပျိုးထောင်သူများအဖြစ် နေရာပေးရပါမယ်။
.
ဆရာဦးစိန်ဝင်း ဟာ သမ္မာဓိကြီးတယ်။ အကျင့်သီလကောင်းတယ်၊ ပညာဥာဏ်ကြီးတယ်၊ မာနမကြီးဘူး၊ ကြက်ကြော်ထုပ်ကိုင် စာမေးပွဲမဖြေနိုင်လို့ လာတွေ့တဲ့ တပည့်ကို..ခင်ဗျား အပေါက်ဝ အထုပ် ချိတ်ထား၊ လူပဲ ဝင်လာခဲ့ လို့ ပြော ပြီး လက်ခံတွေ့ဆုံ တာပါ။ ကျောင်းပြီး BE ဘွဲ့ရများ သင်္ဘောသားများ လာကန်တော့ရင်တော့ အထုပ်ချန်ထားလို့ မပြောပါဘူး။ လက်ဆောင် လက်ခံပါတယ်။
.
သူ့ ဆရာသက်တမ်း ကျောင်းသားတယောက် သူ့ဘာသာကို၊ အမည်နဲ့ ခုံအမှတ်ရေး ဘာတလုံးမှ မဖြေတော့ Grade 1 ပေးရတယ်။ တခြားဘာသာတွေနဲ့ ပျှမ်မျှ Grade3 ရတော့ နှစ်တိုင်းအောင်သွားတယ်။ Finsl အထိ အဲဒီလိုလုပ်တာ Grade 0 (zero) ပေးပစ်လိုက်တာ ပါချုပ်က ဆရာဦးစိန်ဝင်းကို Grade1 ပေးဖို့ ခေါ်တွေ့တယ်။ တဘာသာ Grade 0 ဆိုင် ကျန်တဲ့ ၇ဘာသာ Grade5 ဂုဏ်ထူးရလဲ စာမေးပွဲ တနှစ်ကျပါတယ်။ အကျိုးကြောင်းပြောပြပြီး ဒီလူငယ် အလုပ်ခွင်ဘဝ တိုးတက်စေချင်လို စာမေးပွဲ ချလိုက်ရတာပါ လို့ ပါချုပ်ကို ရှင်းပြတယ်။ အဲဒီလူငယ် ဖိုင်နယ်မှာ ကျသွားတယ်။ နောက်နှစ်တော့  စာဖြေလို့ ဘွဲရသွားတယ်။ သင်္ဘောသားဖြစ်သွားပြီး လာကန်တော့ကြောင်း ပြောပြပါတယ်။
.
US တက္ကသိုလ်ကျောင်းသား ကတည်းက မိမိဖာသာ ရေဒီယိုလုပ်တယ်။ အဲဒီခေတ်က ၁၉၅၅လောက်က ရေဒီယို ပိုင်တဲ့ခေတ်ပါ။
RIT အီလက်ထရွန်းနစ် ကျောင်းသားတွေရဲ့ SPARK (နောက်ပိုင်း Dr.ဝင်းတင် ဦးဆောင်တဲ့ အသင်းကိုလဲ ဆရာဦးစိန်ဝင်း စတင်ခဲ့တာပါ။ လျှပ်စစ် EP ကျောင်းသားတွေအတွက် မိုးကြိုး လျှပ်စစ်အသင်းကိုလဲ ဆရာဦးစိန်ဝင်းတို့ စတင်ခဲ့တာပါ။ နောက်ပိုင်း မိုးကြိုး လုပ်ငန်းတွေမှာ ပညာရှင် ဆရာဦးကလဲမင့် အရေးပါလာတော့ လူတော်လူကောင်း ဆရာဦးကလဲမင့် အကြောင်းလဲ ရေးချင်ပါသေးတယ်။ မိုးကြိုး မှာတော့ ဆရာနောက်ဆုံးအချိန်ထိ ကူညီလုပ်ပေးသွားပါတယ်။
.
ရေကူးခြင်းကို ဝါသနာပါပေမဲ့ အသက်၆၅ကျော်လာတော့ လမ်းလျှောက်တာ အကောင်းဆုံး လို့ ပြောတယ်။ မနက်တိုင်း လမ်းလျှောက်တယ်။ ငယ်စဉ်က တက္ကသိုလ်များ ရေကူးကန် ကူးတယ်။ ငပလီမှာ စကူဗာဒိုက်ဗင် ရေငုတ် အာဏဝါဗေဒ ဝါသနာပါတယ်။ လှေလှော်ရွက်တိုက်လဲ ဝါသနာပါတယ်။
.
အင်းယားကန် အနားမှာ ခြံကြီးနဲ့ နေတော့ မျိုးရိုးက ပညာရှင် ငွေကြေးမပူပင်ရသူပါ။ အိမ်ရှေ့မှာ ပေ ၁၀၀လောက်  ကြိုးနဲ့ ဆွဲရင် ခေါင်းလောင်းမြည်ပြီး ဆရာဦးစိန်ဝင်းကိုယ်တိုင် ထွက်ကြိုပါတယ်။
.
သူ့ သားသမီးတွေလည်း မိဘ လူတော်လူကောင်း ဆိုတော့ ဆရာဝန်၊ ပညာရှင်တွေ ဖြစ်လာပါတယ်။ သူ့အစ်ကိုကြီး ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဦးတင်ဦး ဖြစ်ပြီး၊ ညီအစ်ကို (၃ဦး ထင်တယ်) သမာဓိကြီးတဲ့ ပညာရှင်ကြီး ၃ဦးစလုံး ၂၀၀၆ မှာပဲ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားပါတယ်။
.
ရေးမကုန်ပါ။ အဲဒီလို ဆရာကြီးတွေနဲ့ သွားလာရတာ  ငွေမချမ်းသာပေမဲ့ စိတ်ချမ်းသာပါတယ်။ တခါတလေ စားဝါးဖို့ ခရိုနီတွေ လက်ကိုင်ဒုတ်ဖြစ်နေတဲ့ ဆရာကြီးတချို့.. ချမ်းသာကြီးပွား ကုမဏီပိုင်ရှင် သူဌေးကြီး ဖြစ်နေပေမဲ့ မကြာခင် အဲဒီလို လူတွေလဲ ပြောင်းလဲလာတော့မယ် လို့ ယုံကြည်ပါတယ်။
ရှည်သွားပါပြီ။ မြတ်ဆရာ ဦးစိန်ဝင်းလို ဆရာတွေ အများကြီးရှိပါကြောင်း...
===========
.
ဆရာဦးစိန်ဝင်း ကတော့ တကယ့်ကျောင်းဆရာပဲ၊ သူ့ ကိုယ်ရေး တမျက်နှာ ကို အထူးသဖြင့် ဆရာ့ချစ်ဇနီးသည်ကို မေးမြန်းပြီး၊ တခြားမိတ်ဆွေတွေ ရဲ့ အီးမေးများ (ဆန်ဖရန်စစ္စကိုက ဆရာဦးလှမင်း ၊ ကိုအောင်မြင့်ဦး၊ ဦးလှကြည် စတဲ့မိတ်ဆွေများ ရဲ့ အီးမေးများ)၊ ဆရာကြီးကိုယ်တိုင် ပြောပြချက်များကို အခြေ ခံ ပြီး ပြုစုခဲ့တာပါ။
.
ကျနော် ဆရာဦးစိန်ဝင်းကို စင်ကာပူတခွင် လိုက်ပို့ဆောင်ပေး ရာမှာ ကျနော်အလုပ်လုပ်တဲ့ CSM, ယခု Global Foundry အစိုးရပိုင်တဲ့ ဆီမီးကွန်ဒတ်တာ စက်ရုံထဲ Clean Room ဝတ်စုံ ဝတ်ဆင် လိုက်ပြ ခဲ့ ဖူးတယ်။ ကျနော် RIT Final 1984 မှာ တခြားဘာသာ အားလုံး အောင်ပေမဲ့ ဆရာဦးစိန်ဝင်း ရဲ့ ခက်ခဲတဲ့ ဘာသာ အမှတ်၄၀ တောင်မရလို့ တနှစ်ကျဖူးလိုက်တယ်။ နောက်နှစ် Ec 1985 ဖြစ်သွာတယ်။ ဆရာကတော့ စာမေးပွဲ မဖြေနိုင်သူကို ချမယ်။ မော်ဒရေးရှင်းအဖွဲ့က ကျသူများလို့ အမြဲ အအောင်ပေးရတယ်။ အခုခေတ်လဲ ကျသူ များနေဆဲပါပဲ။ 
.
နောင် တခေတ် YTU ဆရာများလည်း လစာ၊ ပညာရေး အခွင့်လမ်း ၊ ပညာသင်ဆု များစွာ ရရှိကြပါစေ၊ ရအောင်လဲ အစိုးရ ဘတ်ဂျတ် တွေ ရကြပါစေ၊ နောက်ဆုံး မိမိဖာသာ ကြိုးစားပြီး အမေရိကန် ပညာသင်ဆု Master, PhD ပညာသင်ဆုတွေ မိမိဖာသာ ရရှိအောင် ကြိုးစား ရရှိဖို့ မျှော်လင့်ပါတယ်။
.
ဆရာကြီး ဦးစိန်ဝင်းက မျိုးဆက်သစ် သားသမီးများကို ပညာတတ် ဖြစ်ရုံသာမက၊ သူလိုပဲ ဘုရားတရား နဲ့ နေတတ်အောင် ပျိုးထောင်ပေးခဲ့တာ သတိထားမိပါတယ်။
MZA
31March 2019
.
ပုံ
၁။ ဆရာဦးစိန်ဝင်း တမျက်နှာ Bio
၂။ မတ်လ ၂၀၁၉ မြန်မာအင်ဂျင်နီယာကောင်စီ မှ ဂုဏ်ထူးဆောင် ပြည်ထောင်စုဝန်ကြီး ၁၀ယောက် ပုံများ။ .. ပညာထူးချွန်မှု ဦးစားမပေးပဲ အာဏာ-ငွေ ထူးချွန်သူများ ဓာတ်ပုံတွေ အပေါ်ထိပ်ကို ရောက်နေတဲ့ ပုံဖြစ်ပါတယ်။

Thursday, February 21, 2019

ပါရဂူလက်မှတ် အတု (or) အရည်သွေးမမှီ ပြသနာ


Aung Myanmar (post)
၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် Akamai "တက္ကသိုလ်"က ရာထူးဝန် ဥက္ကဋ္ဌ ဦးဝင်းသိမ်းကို ဂုဏ်ထူးဆောင် ပါရဂူ လက် မှတ် အတု ကို ရန်ကုန်မြို့၌ ပေးအပ်ခဲ့သည် / Global New Light of Myanmar

https://burma.irrawaddy.com/news/2019/02/21/184047.html
ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကို အရေးယူရန် သမ္မတရုံးသို့ တိုင်ကြား
အရည်အသွေး မမီသည့် နိုင်ငံခြား ပညာရေး အဖွဲ့စည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အပေါ် ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကို စစ်ဆေး အရေးယူရန် နိုင်ငံတော် သမ္မတရုံးသို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု ရာထူးဝန် အဖွဲ့နှင့် အဆိုပါ တက္ကသိုလ်များ ချိတ်ဆက် ဆောင်ရွက်မှုကို လူမှုကွန်ရက် စာမျက်နှာနှင့် သတင်း စာ ဂျာနယ်များတွင် ဝေဖန် ထောက်ပြ ရေးသားနေသူ၊ လက်ရှိ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်၌ ပြည်သူ့ရေးရာ မူဝါဒ တက်ရောက်နေသည့် ကိုနေယံဦး၏ တိုင်ကြားစာနှင့် အတူ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က လက်မှတ် ရေးထိုးကာ ဖေဖော်ဝါရီလ ၁၉ ရက်တွင် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုနေယံဦးက“ကျနော်နဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်တို့ တွဲပြီး ပို့လိုက်တဲ့စာကို သမ္မတရုံးက လက်ခံရရှိပြီး တဲ့ နောက်ပိုင်းမှာ ပြည်သူတွေရဲ့အသံကို အလေးအနက် ထားပြီး ဒီအဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ ရာထူးဝန် အဖွဲ့ ကို စုံစမ်းစစ်ဆေးမယ်။ အပြစ်တွေ့မယ် ဆိုရင်လည်း ထိရောက်စွာ အရေးယူပေးမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြော သည်။

ရာထူးဝန် အဖွဲ့က ပြည်ပ ပညာရေး အဖွဲ့အစည်း နှစ်ခု ဖြစ်သော ဟာဝိုင်ယီမှ Akami Universtity၊ မလေးရှားမှ EDS Business School တို့နှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကိုနေယံဦး၏ တိုင်ကြားစာ၌ မလေးရှား အစိုးရသည် မလေးရှား အခြေစိုက် တက္ကသိုလ် ဒီဂရီ ကောလိပ်များကို အရည် အသွေး စစ်ဆေးကာ သတ်မှတ်ချက်နှင့် ညီလျှင် တရားဝင် အသိအမှတ်ပြု ထုတ်ပေး သော်လည်း EDS Business Schlool သည် မလေးရှား အစိုးရ၏ အသိအမှတ်ပြုမှုကို ရရှိထားသော အဖွဲ့အစည်း မဟုတ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဟာဝိုင်ယီ အခြေစိုက် Akami University သည်လည်း အမေရိကန် ပညာရေး ဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု ကို မရထားသည့် ပညာရေး အဖွဲ့အစည်း ၁၂ ခုတွင် တခု အပါအဝင် ဖြစ်ပြီး ဟာဝိုင်ယီ ဒေသခံများ၏ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းများအရ တက္ကသိုလ် အဆင့် မရှိဘဲ သင်တန်းကျောင်း သာသာ အဖွဲ့အစည်း ဖြစ်ကြောင်း ရေးသားထားသည်။

ပြည်ထောင်စု ရာထူးဝန် အဖွဲ့သည် ခိုင်မာမှု မရှိသည့် အဆိုပါ တက္ကသိုလ် နှစ်ခုနှင့် ၂၀၁၇ ခုနှစ်မှ စတင် ပူးပေါင်းကာ နိုင်ငံ့ ဝန်ထမ်းများအား သင်တန်းနှင့် မာစတာဘွဲ့များ ပို့ချပေးခြင်း၊ ဝန်ထမ်းများကို မလေးရှားရှိ EDS School သို့ စေလွှတ် သင်ကြားစေခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ သင်တန်းကျောင်း သာသာ အဖွဲ့အစည်းများနှင့် ချိတ် ဆက် ဆောင်ရွက် ခြင်းကြောင့် နိုင်ငံ့ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ ပြည်သူ့ ဘဏ္ဍာများ လေလွင့်ဆုံးရှုံးခြင်းတို့ ဖြစ်ရသည့် အတွက် နောက်ကွယ်တွင် အဂတိလိုက်စားမှု ရှိမရှိ စုံစမ်း စစ်ဆေးစေလိုခြင်း ဖြစ်ကြောင်း ကိုနေယံဦးက ဆိုထားသည်။

တက္ကသိုလ် ၂ခုနှင့် ပတ်သက်ပြီး ဘဏ္ဍာငွေ အလေအလွင့် မရှိခဲ့ကြောင်း၊ သုံးစွဲခဲ့သည့် ငွေကြေး ပမာဏမှာ ဘတ်ဂျက် ကိစ္စဖြစ်၍ အထက်တာဝန်ရှိသူများ၏ အတည်ပြုချက်ရမှ ရှင်းလင်း ထုတ်ပြန်ခြင်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း တာဝန်ရှိ သူတဦးက ဆိုသည်။

အဆိုပါ တိုင်ကြားချက် အပေါ် မှတ်ချက်ပေးရန် မရှိကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့၏ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေက ပြောသည်။

ဦးမြင့်ဆွေက“ကျနော်တို့ရဲ့ ဆရာ ဆရာမတွေကို အရည်အသွေး မြှင်တင်ပေးဖို့ အတွက် သူတို့နဲ့ ညှိနှိုင်း ချိတ်ဆက် တာပဲ ရှိပါတယ်။ ဒါတွေသည် အရည်အသွေး မမီဘူး။ သက်ဆိုင်ရာ အစိုးရတွေက အသိအမှတ်မပြုဘူး ဆိုတဲ့ အတွက် စစခြင်း ကတည်းက ဒါတွေနဲ့ ဆက်မလုပ်တော့ပါဘူး ဆိုတာ သမ္မတ ရုံးကို တင်ပြထားပြီးသား။ သမ္မတရုံးက လည်း တင်ပြတဲ့ အပေါ် မူတည်ပြီးတော့ ပြန်ဖြေရှင်းမယ်။ အကြောင်းပြန်မယ်လို့ မျှော်လင့်ပါတယ်။ သီးခြားတော့ ပြောဖို့ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ရာထူးဝန်အဖွဲ့ အနေဖြင့် နိုင်ငံ့ ဝန်ထမ်း တက္ကသိုလ်ရှိ ဆရာ ဆရာမများ၏ အရည်အသွေး မြှင့်တင်ရေး ကိစ္စရပ်များ တွင် သာ ယင်းတက္ကသိုလ်နှစ်ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ခြင်း ရှိပြီး ညွှန်ကြားရေးမှူး၊ ဒု ညွှန်ကြားရေးမှူးများကို သင်တန်းပေးခြင်း၊ ဘွဲ့၊ ဒီဂရီ ပေးအပ်ခြင်းများ မပြုလုပ်ခဲ့ ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ တက္ကသိုလ်၂ ခုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဇန်နဝါရီလက ရပ်ဆိုင်းခဲ့ကာ အများလက်ခံနိုင်ပြီး အဆင့် အတန်း ရှိသည့် ပြည်ပ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟုလည်း ရာထူးဝန်အဖွဲ့က သိရ သည်။

သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံ့ ဝန်ထမ်းများအား စနစ်သစ်ဖြင့် အလုပ်လုပ်ကိုင်နိုင်စေရန် ပြုပြင် ပြောင်းလဲ ရေး လုပ်ဆောင်ခဲ့သော်လည်း အလုံးစုံ မဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လက်ရှိ အစိုးရလက်ထက်တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ် က နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ချမှတ် ဆောင်ရွက်နေခြင်းကို ထောက်ခံကြောင်း ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ထို့ပြင် လက်ရှိ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေချိန်တွင် ရာထူးဝန်အဖွဲ့၏ ဘွဲ့အတု ကျောင်းအတု ပြဿနာ များ ကြောင့် အဆိုပါ မဟာဗျူဟာနှင့် ဝန်ထမ်းများကို ထိခိုက်နိုင်သည့် အတွက် တိုင်ကြားစာတွင် ပါဝင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုထားသည်။

ဦးရဲထွဋ်က“ဒီလို ပြုပြင်ပြောင်းလဲရေးတွေ စတင်နေချိန်မှာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရဲ့ ဘွဲ့အတုအစစ် ပြဿနာ၊ ကျောင်းအတု အစစ် ပြဿနာတွေ ပေါ်လာတဲ့အခါ ဒီပြဿနာတွေကို စနစ်တကျ ဖြေရှင်းမှု မလုပ်ရင် နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ တခုလုံး ထိခိုက်နိုင်တယ်လို့ မြင်တယ်”ဟု ပြောဆိုထားသည်။

ထို့ပြင် ၎င်းအနေဖြင့် ရာထူးဝန် အဖွဲ့လက်အောက်ရှိ ဗဟို ဝန်ထမ်း တက္ကသိုလ်များတွင် သင်တန်းပို့ချခြင်း၊ ဖခင် ဖြစ် သူ မှာ ရာထူးဝန် အဖွဲ့(ဝန်ထမ်း ရွေးချယ်ရေး အဖွဲ့) တွင် အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဖူး၍ ရာထူးဝန် အဖွဲ့၏ လုပ်ပိုင် ခွင့် နှင့် တာဝန်များကို သိရှိကြောင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ပြဿနာများနှင့် ပတ်သက်ပြီး အမှန်တကယ် တာဝန် ရှိသူများထက် ဝန်ထမ်း တက္ကသိုလ်ရှိ နည်းပြများ၊ ဝန်ထမ်းများ အပေါ် အပြစ် ပုံကျသွားမည်ကို စိုးရိမ်မိ ကြောင်း လည်း ရေးသား ထားသည်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ၌ နိုင်ငံတကာ အဆင့်မြင့် တက္ကသိုလ်များက အကူအညီပေးနေသည့် အချိန်တွင် အဆင့် မမီ သည့် တက္ကသိုလ်များနှင့် ရာထူးဝန် အဖွဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ကြောင်း နှင့် မြန်မာနိုင်ငံကို ကူညီ ချင် သည့် ထိပ်တန်း တက္ကသိုလ် အများအပြား ရှိနေကြောင်း ကိုနေယံဦးကလည်း ပြောဆိုသည်။

လက်ရှိတွင် ကိုနေယံဦး၏ တိုင်ကြားစာကို သမ္မတရုံး ဝက်ဘ်ဆိုက်ရှိ သမ္မတံ ပေးစာ ကဏ္ဍသို့ အင်တာနက်မှ တဆင့် ပေးပို့ ခဲ့ခြင်း ဖြစ်ပြီး စာတိုက်မှလည်း နောက်ဆက်တွဲ သက်သေ အထောက်အထားများကို ဆက်လက် ပေးပို့သွားမည် ဖြစ် ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ရုံးများသို့လည်း ဆက်လက် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်မျိုး
ဧရာဝတီ

Saturday, December 22, 2018

ဆရာဝန်ငယ်. ​ဒေါက်​တာစိုးသူရ​ဇော်​၊ ... အင်ဂျင်နီယာများ အတုယူဖို့..



........#ဇီးပင်ကြီး_စစ်တမ်း ( အပိုင်း - ၁+၂+၃ )

အခုရေးသားထားသော ရေးသားချက်များအားလုံးကို ကျွန်တော့အနေနဲ့ အပြည့်အ၀တာဝန်ယူကြောင်း

ရေးသူ - ​ဒေါက်​တာစိုးသူရ​ဇော်

ဇီးပင်ကြီး တနည်းအားဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နဲ့ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည်မှာ ဘာတွေသင်နေသလဲဆိုတာ အစိုး၇၀န်ထမ်းမဟုတ်တဲ့လူတွေက အင်မတန်မှကို သိချင်ကြပါတယ်။ စကားကြုံတိုင်းလည်း မေးလေ့ရှိကြတယ် ။
ဇီးပင်ကြီးမှာ တွြေ့ကုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင်လည်း ဖောက်သည်ချချင်တာကြာလှပြါ့ပီ
အလုပ်စ၀င်ကတည်းက မအားတာနဲ့ မရေးဖြစ်တာပါ ၊

ဒီနေရာမှာ ပထမဆုံး ပြောပြလိုတာက
ဗ၀တရဲ့ နေ့စဉ်လည်ပတ်ပုံ ဇယားပါ
မနက် ငါးနာရီခွဲကို အိပ်ယာကထ၇ပါတယ်။ မနက်ခြောက်နာရီကနေ ခုနစ်နာရီမတ်တင်းထိ ကျန်းမာရေးလေ့ကျင့်ခန်း ဆင်းရပါတယ် ။ပြီးရင် ရေမိုးချိုး မနက်စားစားပြီးတာနဲ့ ၅ ယောက်တတွဲတန်းစီပြီး မိမိတို့ သက်ဆိုင်ရာ အိပ်ဆောင်ကနေ စာသင်ခန်းမကို ချီတက်ကြရပါတယ်။
လက်ချာတွေက မနက် ၈ နာရီမှာ စပါတယ်။ နေ့လည် ၁၂ နာရီမှာ သင်တန်း ခဏနားပြီး မိမိတို့ သက်ဆိုင်ရာ အိပ်ဆောင်  အဆောင်ဝင်း ထဲမှာ ရှိတဲ့ ထမင်းစားဆောင်မှာ ထမင်းပြန်စားရပါတယ် ။
ထမင်းစာြး့ပီးတာနဲ့ တပြိုင်နက် နေ့လည်တစ်နာရီလက်ချာချိန်အမီကို မနက်ကလိုဘဲသင်တန်းခန်းမဆီ ငါးယောက်တတွဲ ချီတက်ကြရပြန်ပါတယ်။
ညနေခင်းလက်ချာတွေက ညနေလေးနာရီထိသင်ပါတယ်။
လက်ချာပြီးတာနဲ့ မိမ်တို့အိပ်ဆောင်တွေမှာ ညနေခင်း PT ဆင်းရပြန်ပါတယ်
ပြီး၇င်တော့ ညစာကို ည၇နာရီ မတိုင်ခင် စားရပါတယ်။ အိပ်ဆောင်ကကျွေးတဲ့ထမင်းကို စားချင်ရင်စား မစားချင်ရင်တော့ ဈေးတန်းမှာ သွားစားလို့ရပါတယ် ။ ည ၇နာရီ လူစစ်အမီကိုတော့ ပြန်ကိုပြန်လာရပါတယ်။
( အမျိုးသမီး သင်တန်းသူတွေအနေနဲ့ကတော့ တပါတ်ကို နှစ်ရက်သာ ဈေးတန်းထွက်ခွင့်ရပ့ါတယ်)

ဒီဇယားထဲမှာ ပထမဆုံး တွေ့ရတဲ့ ပြသနာကတော့ အိပ်ရာသိမ်း ကြိုးတိုင်း ဖိနပ်စီ ဆိုတဲ့ ကိစ္စပါဘဲ ။
ဒါကို မပြောခင် ကျတော်တို့ရဲ့ အိပ်ဆောင်အနေအထားကို အရင်ရှင်းပြပါရစေ
ချင်းတွင်း သံလွင် အစရှိသဖြင့်နာမည်ပေးထားတဲ့ အဆောင်ဝင်းကြီးတွေထဲမှာ အနည်းဆုံး အိပ်ဆောင် တန်းလျား ရှစ်ဆောင်နဲ့ ထမင်းစားဆောင် တဆောင်ပါပါတယ် ။ အိပ်ဆောင်တဆောင်မှာ အနည်းဆုံး သင်တန်းသား ၂၅ ယောက်က အလယ်စင်္ကြန်ရဲ့ တဖက်တချက်စီမှာ ကုတင်တလုံးစီနဲ့ အိပ်ကြရပါတယ်
မနက်ခင်း ချိန်အပြီး မနက်စာမစားခင်မှာ ကုတင်တလုံးစီရဲ့  ခြေရင်းမှာ သေတ္တာတလုံးနဲ့ PT ဆငိးရင်စီးတဲ့ ကင်းဘတ်ဖိနပ် အဖြူတရံဘဲထားခွင့်ရှိပါသတဲ့လေ ။
ကုတင်ခြေရင်းတွေမှာ ရှိနေတဲ့ သေတ္တာတွေကို အိပ်ဆောင်ဟိုဘက်ထိပ် ဒီဘက်ထိပ် ကြိုးနဲ့တန်းပြိး ညီနေအောင်စီရပါသတဲ့
သေတ္တာနဲ့ကပ်ရပ်ထားထားတဲ့ ကင်းဘတ်ဖိနပ် ကိုလည်း တ၇ံနဲ့တရံ ညီနေအောင်ထားရပါတယ်တဲ
ဒီတော့မေးစရာရှိလာတာက မိမိတို့နဲ့ ပါလာတဲ့ အခြားသောအသုံးဆောင်တွေကိုဘယ်လို ထားမလဲပေါ့နော် 🔕🔔

သေချာတာတခုကတော့ ဒ်သင်တန်းကို ရက်ရှည်လများ လာတက်နေရတဲ့ သင်တန်းသားတွေဟာ သူတို့ရဲ့စည်းကမ်းချက်အတိုငိး လူတကိုယ် သေတ္တာတလုံး ဖိနပ်တ၇ံနဲ့လာတဲ့လူ ဘယ်သူမှမရှိပါဘူး
ဒီတော့
မိမိတို့ပါလာသမျှ ပိုင်ဆိုင်မှုအားလုံးကို စုပြုံ့ပီး အိပ်ဆောင်ထဲမှာရှိတဲ့ နှာခေါင်းပေါက်လောက်သာသဲာ့ စတိုခန်းထဲ စုပြုံထည့်ရပါသတဲ့လေ ။
ကိုယ်သုံးနေတဲ့ ခေါင်းအုံး စောင် ခြင်ထောင်တွေက ကုတင်ပေါ်မှာ ထားခွင့်မရှိပါ ။
သင်တန်းစ၀င်တဲ့ နေ့ကစပြိး သူတို့အိပ်ဆောင်ကနေ ပိုက်ဆံပေးငှားထာရတှဲ့လှလှပပလေး ထုပ်ပိုးထားတဲ့ အိပ်ယာလိပ်ကလေးကိုဘဲ ကုတင်ပေါ်မှာ ကျောကျော့လေး ဟန်ပြအဖြစ် တင်ထားရပါတယ် ။ အဆောင်ဝန်းကျင် မှာလည်း အ၀တ်လှန်းထားခဲ့ခွင့်မရှိတဲ့ အတွက်ေ၇လဲပုဆိုးတွေရော လျှော်ထားသမျှအ၀တ်စို ထဘီစို အားလုံး အားလုံးကို စုပြုံပြီး အဆိုပါ စတိုခန်းငယ်ထဲ ဖိသိပ်ထည့်ထားဘဲ။

ကိုယ်တွေအားလုံး သင်တန်းခန်းမမှာ လက်ချာတက်နေချိန်မှာ ကျွန်တော်တို့ရဲ့ အိပ်ဆောင်တာဝန်ခံတွေက တဆောင်ချင်းစီအလိုက် သေတ္တာတွေ ညီမညီ သူတို့ဆီက ပိုက်ဆံပေးငှားထားရတဲ့ အိပ်ရာလိပ်ကလေးတွေ ညီမညီ အလှပျက်မပျက် ကို လိုက်စစ်ပြီး သင်တန်းသား တဦးချင်းစီအလိုက်အမှတိလေးတွေပေးပါသတဲ့လေ 💯💯
စတိုခန်းထဲမှာ ရှိသမျှပစ္စည်းတွေ စုပြုံထည့်ထားသည်ကို အနှီဆရာများမှ သိရှိသော်လည်း အဆိုပါစတိုခန်းလေးသည် အိပ်ဆောင်ထဲတွင် မရှိသကဲ့သို့ပင် သဘောထားကာ ကုတင်လေးများ သေတ္တာလေးများ အိပ်ယာလိပ်ကလေးများ For Show လှမလှ ကိုဘဲ စစ်သွားလေ့ရှိပါသည်
အယ့် …..တခါတရံတော့ စတိုခန်းတံခါးသော့မပိတ်မိထားလျှင်တော့  ``စတိုခန်းတံခါးပိတ်မထား ´´ဆိုသော မှတ်ချက်အား မှင်နီကြီးနှင့် ရေးသွားကာ တဆောင်လုံးအား အမှတ်လျော့လေတော့ သည်။⚠⚠⚠
 အင်းပေါ့လေ …..
အားလုံးကြေညက်အောင် တိုက်ထားတဲ့ ပြဇာတ်တပုဒ်မှာ တယောက်ယောက်က ဖောက်လိုက်ရင် ဒါရိုက်တြာ့ကီးတွေမှာ ရွှေစိတ်တော်ကောက်သလိုနေမှာပေါ့……
ညနေခင်း သင်တန်းကပြန်လာတဲ့ အချိန် စတိုခန်းတံခါးဖွင့်လိုက်လို့ကတော့ ရေစိုဝတ်တွေရဲ့ အောက်သိုးသိုး မှိုနံ့တွေ တဦးချင်းစီရဲ့ကိုယ်ပိုင် ကိုယ်သင်းရနံ့တွေ စုပေါင်းကာ လျှံထွက်လာသော ငြီးစ၊ီစီ အနံ့လေးတွေနဲ့ အလွန်တရာမှ စိတ်ချမ်းမြေ့၇တာပါဘဲ😍😙😘😚
ဒီလို အပြုံ့ကီးထဲကနေ မြွေပွေး မြွေဟောက်အစရှိသော မြွေပေါင်းစုံ ကင်းခြေများ ကင်းမြီးကောက် အစရှိသော သတ္တ၀ါတွေတွေ့ရရင်တော့ ပိုလို့တောင်ပျော်စရာ စိတ်ချမ်းမြေ့စရာကောင်းတာပါဘဲ

ဆက်ပါဦးမည်
အရေးကြီးဆုံး ဖြစ်တဲ့ လက်ချာချိန်မှာ ဘာတွေသင်သလဲ ဆိုတာနဲ့ နေ့စဉ် စားသောက်မှု ပုံစံမျာကို ဆက်လက်တင်ပြပါအံုးးမည်

ဇီးပင်ကြီး စစ်တမ်း ( အပိုင်းနှစ်)

``ဝန်ထမ်းသတ်လို့ အစိုးရသေခြင်း ´´

မှတ်မှတ်ရရ အဲ့ဒီနေ့က Political Science နိုင်ငံရေးသိပ္ပံ ဘာသာရပ် အချိန်ပါ
ပထမဆုံးအနေနဲ့
နိုင်ငံ့ဝန်ထမ်းအနေနဲ့ ပထမဆုံး တာဝန်ထမ်းဆောင်မယ့်လူတွေကို ဇီးပင်ြ့ကီး တက္ကသိုလ်ပြည်ကနေသင်ပေးလိုက်တဲ့ အဌာရသ တဆယ့်ရှစ်ရပ် တွေအကြောင်း အရင်ရှင်းပြပါရစေ ။
လက်ချာတွေက မနက် ၈ နာရီကနေ ညနေ ၄ နာရီထိပါ
ဌာနာဆိုင်ရာငွေစာရင်းထားသိုနည်း
နိုင်ငံရေးသိပ္ပံ
အင်္ဂလိပ်စာ
ဘောဂဗေဒ
သတင်းအချက်အလတ်နဲ့ နည်းမညာ စတာတွေအပြင် ကျွန်တော်တို့ကတော့ ဆရာဝန်တွေနဲ့ သွားဆရာဝန်တွေချည်းသီးသန့် သင်တန်းဖြစ်တဲ့ အတွက် မိခင် ကမ၀ ရဲ့လက်အောက်မှာရှိတဲ့ ဦးစီးဌာနတွေကလည်း မိတ်ဆက်အနေနဲ့ လာရောက်သင်ကြားပါတယ် ။

မှတ်မှတ်ရရ အဲ့နေ့က နိုင်ငံရေးသိပ္ပံရဲ့ ပထမဆုံး လက်ချာနေ့ပါ
ဌာနမှူး ပါမောက္ခကိုယ်တိုင် ပထမဆုံးလက်ချာကိုသင်မယ်ဆိုလို့ ကျွန်တော့အနေနဲ့ အတော့ကို စိတ်ဝင်စားနေခဲ့တာပါ ။
ရှေ့ရှေ့ ဘာသာရပ်တွေကတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ ဘာသာတွေဖြစ်တာကတြေ့ကာင်း လူပေါင်း ခြောက်ရာကျော်ကို ခန်းမကြီးထဲမှာ စုပြုံထည့်ထားပြီးသင်တာတစ်ကြောင်း ကိုယ်ကိုယ်တိုင်လည်း ပျင်းတာတကြောင်းး😂😂😂 စတဲ့ အကြောင်းကြောင်းတွေကြောင့် ပြီးခဲ့တဲ့ လက်ချာတွေက အတော့ကို စိတ်ဝင်စားမှုမရှိခဲ့ပါ။

PS လက်ချာစသင်သင်ချင်း မကြာခင်မှာဘဲ လာသင်တဲ့ ဌာနမှူးပါးစပ်ကနေ
တပ်မတော်သာ အမိ တပ်မတော်သာ အဖ 🚩🚩
တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် 🔫
မျိုးချစ်တပ်မတော် အဖတပ်မတော်
ချောက်ထဲ ကျခံနီး မှ တခုတ်တရ ကယ်တင်ပေးခဲ့ပါသော တပ်မတော် ⚠⚠
ဆိုတဲ့ ဆိုတဲ့ ဆိုတဲ့ Slogan တွေကို ခုနစ်ဆယ်နဲ့ ငါးကြိမ်လောက်ကြားနေရတော့ ……………….😆😆
( စိတ်ထဲတော့ တွေးလိုက်ပါတယ် …..အင်း ဇီးပင်ကြီး ဆိုတာ မေမြို့နဲ့ နီးတော့ ဒီအသံတွေ ပဲ့တင်ရိုက်တာနေမှာပါလေလို့စ်😂😂 )
အဲ့ဒီနေ့က တနေ့လုံး PS လက်ချာဘဲယူပါတယ.် အဆိုပါ ဌာနမှူးကဘဲ နေ့လည်ခင်းမှာဆက်သင်ပါတယ်
နေ့လည်ခင်း လက်ချာမှာ သင်ရင်း သင်ရင်းကနေ ပြည်တွင်းငြိမ်းချမ်ရေးဘက်ရောက်သွားတော့ သူ့ဘက်က ဘာပြောလာသလဲ ဆိုတော့
မှန်တာပြောရရင် အခုပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်နိုင်တာ လက်ရှိ အစိုးရ (NLD )က စေတနာမရှိလို့ မအောင်မြင် ရတာပါတဲ့
ဘု၇ားစူးရစေ့ ……ကြားကြားချင်း မျက်လုံးကို ဇကောလောက် ကျယ်သွာြး့ပီး ပါးစပ်ကို တဆယ့်နှစ်ယူဇနာလောက် ဟ သွားတော့တာပါဘဲ

အစိုးရဟာ စတက်လာကတည်းက ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်ကိုကိုင်ဆြွဲ့ပီး ငြိမ်းချမ်းရေးရအောင် (ကန်တော့ပါ ရဲ့ )ချီးပြဲ့ အီးပြဲ လုပ်နေရတာကို သိနေမြင်နေပါရက်နဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နိုင်ငံရေးသိပ္ပံ ဌာနရဲ့ ဌာနမှူးတယောက် ပါးစပ်ကနေ ဒီလိုစကားမျိုးထွက်လာတာက အင်မတန်မှ စဥ်းစားစရာကောင်းပြီး မေးခွန်းထုတ်စရာပါ။

တကယ်လည်း မေးခွန်းဝိုင်းထုတ်ခဲ့ကြပါတယ်
သူ့ စကားဆုံးတာနဲ့တပြိုင်နက် လက်ချာမပြီးသေးခင်မှာ ဘဲ သင်တန်းသားအချို့က မိုက်တောင်းပြီး အတိအလင်း
Counter question တွေ ထုတ်ပါတော့တယ်
ဒီလိုမေးခွန်းတွေ ထုတ်လာတဲ့အခါမှာတော့ ခုနကပြောခဲ့တဲ့ စကားတွေက သူ့ပါးစပ်က မပြောခဲ့သလို လျောချပစ်ပြီး လက်ချာချိန်ကို တန်းဖြုတ်ပစ်လိုက်ပါတော့တယ်။
အင်မတန်မှ ရုပ်ပျက်တဲ့ လက်ချာဖြစ်ခဲ့ပါတယ် ၊

နောက်ရက်မှာတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်အောက်က ပထ၀ီနိုင်ငံရေး ဘာသာရပ်ကို တခြားဆရာတယောက် လာသင်ပြန်ပါတယ်
ဒီလက်ချာမှာက ပိုဆိုးပါတယ် ..။

ဘာပြောသလဲဆိုတော့
မြန်မာနိုင်ငံဟာ လူမျိုးကြီး နိုင်ငံကြီး နှစ်ခုကြားမှာတည်ရှိတဲ့ အတွက် မိမိတို့ နိုင်ငံကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းပြောရာကနေ
မိမိတို့ အမျိုးမပျောက်ဖို့ အတွက် ဘာသာခြားတွေနဲ့ လက်ထပ်ထိမ်းမြားတာမလုပ်ကြဖို့
ဘာသာခြားတွေရဲ့ ဆိုင်တွေကို အားမပေးကြဖို့
786 ဆိုတဲ့ အဓိပ္ပါယ် ကိုသိကြသလားတို့
သာကီဝင်မျိုး ဗုဒ္ဓဘာသာဘာသာ အ၇ိုးစည်းရိုးထိုး blah blah blah အစရှိသော တရားတွေကို အဆိုပါဆရာမှ အာပေါင်အာရင်းသန်သန်နဲ့ ဟောပြောပါတော့တယ်.....💣💣
ငါတို့ဟာ နိုင်ငံရေးသိပ္ပံသင်နေရတာလား မဘသ တရားပွဲထဲရောက်နေသလားဆိုတာ ကိုယ့်ကိုကိုယ်မနည်းပြန်စဥ်းစားယူရတယ်💤💤💤💤
တနိင်ငံလုံးက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ သင်တန်းသားပေါင်းး ခြောက်ရာကျော်ရှိနေတဲ့ သင်တန်းမှာ ဒီလို ထိလွယ်ရှလွယ်တဲ့ Isssue မျိုးကို ပြောဆိုတဲ့ အဲ့ဒီဆရာဟာ အတော့ကို ဦးနှောက်မရှိတာလျှင်သော်လည်းကောင်း ဖြစ်ရင်ဖြစ်ရမယ် ။ မဟုတ်ဘူးဆိုရင်တော့ ဒါဟာ တမင်ကို ရည်၇ွယ်ချက်ရှိရှိနဲ့ ပြောတာဘဲ။

အစိုးရရဲ့ ပေါ်လစီကို လက်တွေ့အကောင်အထည်ဖော်တော့မယ့် သစ်လွင်ဝန်ထမ်းတွေရဲ့ ဦးနှောက်တွေထဲကို ဒီလို Idealogy အမှားတွေကို ရိုက်သွင်းနေတာဟာ ဂျင်းအြ့ကီးစားဖြစ်သွားပါပြီ
တိုင်းပြည်ကို ငါးပါးမှောက်စေမယ့် ဒုက္ခလှလှ ရောက်စေမယ့် ဂျင်းတွေပါ။
ပြောတော့ သူတို့ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်က ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်တဲ့
တဖက်ကလှည့်တွေးကြည့်ပြန်ရင်တော့
အောက်ခြေက ၀န်ထမ်းတွေရဲ့ mindset ကို မှိုင်းတိုက်နိုင်ရင်
ဝန်ထမ်းတွေကို ဂျင်းထည့်နိုင်ရင် အပေါ်ကအစိုးရမ၇ှုမလှ ကျဆုံးပါတယ် ။

သူငယ်ချင်း
K pop fan  တွေ သူတို့ ဖန်တွေအချင်းချင်းရန်ဖြစ်ရင် ပြောနေကျစကားရှိပါတယ်

Fan သတ်ရင် Idol သေတယ်တဲ့
အဲ့လိုပါဘဲ....ဝန်ထမ်းသတ်ရင် အစိုးရသေပါတယ်
တိုင်းပြည်လည်း မုချနစ်မွန်းပါတယ်

တကယ့်လက်တွေ့မှာတော့ ပြည်သူကို မျက်နှာမမူတဲ့ အတွေးအခေါ်တွေ
ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရသွားနေတဲ့လမ်းမှာ ဟပ်ထိုးလဲစေမယ့် ခြေထိုးနေတာတွေနဲ့ဘဲ ဒီတက္ကသိုလ်ဟာ တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးနေသလားဆိုတာ နောက်အပိုင်းမှာ တင်ပြပါအုံးမယ်
(အခုရေးသားထားသော ရေးသားချက်များအားလုံးကို ကျွန်တော့ အနေနဲ့ အပြည့်အ၀တာဝန်ယူကြောင်း အာမခံပါသည်)

ဇီးပင်ကြီး စစ်တမ်း ( အပိုင်း သုံး )

``ပလုံ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီးတည်ထောင်တော်မူခဏ်း´´

အလုပ်တခု အောင်မြင်တယ် မအောင်မြင်ဘူုးဆိုတာ အဆိုပါအလုပ်ကထွက်လာတဲ့ result ပေါ်အခြေခံပါတယ်။ ဘယ်လောက်ဘဲ ပြဲနေအောင်လုပ်လုပ် Result က မကောင်းရင် ပင်ပန်းတာဘဲ အဖက်တင်ပါလိမ့်မယ် ။
#ပြာသာပြာတယ်ဖွဲမထွက်ဘူး ဆိုတဲ့ စကားပုံလိုပေါ့ ။

အခု ဗ၀တ နှစ်ကျောင်းမှာလဲ အဲ့လိုပါဘဲ ၊
(1) မိမိတို့ သင်ကြားပို့ချလိုက်တဲ့ ပို့ချချက်တွေဟာ သင်တန်းသားတွေရဲ့ တဦးချင်းစီဘ၀မှာ ဘယ်လောက်များ အကျိုးရှိသွားလဲ ၊
(2) ၀န်ထမ်းတဦးချင်းစီကနေရော ၀န်ထမ်းလောက ကိုဘယ်လောက်သက်ရောက်မှူ ရှိသွားလဲ

ဒီသက်ရောက်မှု ကရော ပြည်သူကို ဘယ့်လောက် အကျိုးရှိသွားစေလဲ

တဖန် ဒီလို Training ရထားတဲ့ ၀န်ထမ်းတွေကရော ပြည်သူကို ဘယ့်လောက်မျက်နှာမူသလဲ စသဖြင့် စသဖြင့် အားလုံးက တခုနဲ့တခု ဆက်စပ်မှု ရှိနေပါတယ်။

ဒီ ၀န်ထမ်းတက္ကသိုလ် နှစ်ခုကနေ တိုင်းပြည်ဘဏ္ဍာကို သုံးစွဲနေတာ မနည်းပါဘူး
ကျွန်တော်တို့ အရာထမ်းလောင်းအခြေံသင်တန်းဆိုရင် သင်တန်းသားတယောက်ရဲ့ အစားအသောက်အတွက် တနေ့စာ နေ့တွက်စားရိတ်က ၇၀၀ ကျပ်ပါ ။
တယောက်ကို ၇၀၀
ဆယ်ယောက်ဆို ၇၀၀၀
အယောက်တရာ ၇၀၀၀၀
ကျွန်တော်တို့သင်တန်းသည် အယောက် ခြောက်ရာနီးပါးရှိတော့ လေးသိန်းနှစ်သောင်း
တရက်ကို ၄၂၀၀၀၀ ကျပ်. တလကို ၁၂၆ သိန်း
သင်တန်းကာလက နှစ်လဆိုတော့ ၂၅၂ သိန်း 😆😆😆

ဒီကုန်ကျစရိတ်သည် အရာထမ်းလောင်းအခြေခံ အထူးသင်တန်း အမှတ်စဉ် (၅) တခုတည်း အတွက် ကုန်ကျစရိတ်ပါ ။
ကျွန်တော်တို့သင်တန်း တက်နေစဉ် အတွင်းမှာ တခြားသော သင်တန်းအမျိုးအစားတွေဟာလည်း တပြိုင်တည်း တနှစ်ပတ်လုံး အဆက်မပြတ်ရှိနေတာပါ ၊

ရာထူးမြင့်သင်တန်းတွေဆိုရင် နေ့တွက်စားရိတ်သတ်မှတ်ချက်က ပိုများပါတယ်၊
ဒီတော့ သင်တန်းသားတွေအတွက် ကုန်ကျစားရိတ်တွေ တက္ကသိုလ် ကြီး တခုလုံးက ၀န်ထမ်းတွေရဲ့လစာတွေ တက္ကသိုလ်ကြီးလည်ပတ်ဖို့အခြားသော အသေးသုံး အကြီးသုံး နဲ့တကွ အထွေထွေအသုံးစရိတ်တွေနဲ့ တွက်ကြည့်ရင် တိုင်းပြည်ဘဏ္ဍာ ကိုမနည်းမနောသုံးစွဲထားတာပါ

ဒီလို နိုင်ငံတော်က အကုန်အကျခံနေလို့သင်တန်းသားတွေဘက်ကလည်း ကုန်ကျစားရိတ်မရှိဘူးလားဆိုတော့ အဲ့လိုလည်း မဟုတ်ပြန်ပါဘူး ။

ဒီသင်တန်းလာတက်ဖို့ ၀ယ်၇ခြမ်းရကုန်ကျစားရိတ်တွေ သင်တန်းတက်နေစဉ်မှာ အမျိုးမျိုးသော ကုန်ကျစားရိတ်တွေ ခရီးသွားလာရစရိတ်တွေ နဲ့ ထိုက်သင့်သလောက်တော့ ကုန်ကျတာပါဘဲ၊ အထူးသဖြင့်တော့ တဦးချင်းစီမှာ ပေးဆပ်လိုက်ရတဲ့ အချိန်တွေက ပိုလို့ တန်ဖိုးရှိတာအမှန်ပါ
ဒီတော့ ဒီလိုတွေအကုန်အကျခံပြီးမှ ထိုက်သင့်တဲ့ အကျိုးရလဒ်ရော ရကြရဲ့လား

``နိုင်ငံတော်ဘက်ကရော ကုန်ကျခံလိုက်ရတာနဲ့ တန်တဲ့ ၀န်ထမ်းတွေ ရလိုက်ရဲ့လား´´

``သင်တန်းသားတွေဘက်ကရော ကိုယ်ပေးလိုက့်် ရတဲ့ အချိန်တွေအတွက် အကျိုးရှိတာကို
မြိုးမြိုးမြတ်မြတ်ရလိုက်ရဲ့လား ´´

ဆိုတာကို ကျွန်တော်တို့ ၀န်ထမ်းတွေ နဖူးပေါ်လက်တင်ပြီး စဉ်းစားချိန်တန်နေပါပြီ

ဒီတက္ကသိုလ်ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က လက်ရုံးရည် နှလုံးရည် နဲ့ပြည့်စုံတဲ့ ပြည်သူ့ဝန်ထမ်းတွေကို မွေးထုတ်ပေးဖို့်ပါ ။
လက်ရုံးရည် ဆိုတဲ့နေရာမှာ ၀န်ထမ်းတွေရဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်မှာ ကျွမ်းကျွမ်းကျင်ကျင် စွမ်းဆောင်နိုင်မှုကို ဆိုလိုတာပါ ။
အခု ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းသားတွေကို သင်နေရတဲ့ သိုင်းသင်တန်းတွေကို မဆိုလိုပါဘူးနော်😂😂😂
ဤကားစကားချပ်
( အင်းပေါ့လေ ……နိုင်ငံတော်ကြီးကို စစ်လက်နက်အားကိုးနဲ့မှ ကာကွယ်နိုင်မယ်လို့ ထင်နေကြတဲ့ အထုံကလည်း ဖျောက်ဖို့အတော်ခက်တာပါကလား အရပ်ကတို့ရေ😆😆😆)

အရေးကြီးဆုံးက နှလုံးရည်တဖြစ်လဲ Mindset ပါ ။
Mindset သည် အင်မတန့် အင်မတန်မှကို ပြောင်းလဲဖို့ခက်ပါတယ်
လက်ရှိ မြန်မာနိုင်ငံ ၀န်ထမ်းလောကကို လေ့လာကြည့်ရင် သုံးမျိုးသုံးစားတွေ့ရပါလိမ့်မယ်

ပထမ အမျိုးအစားကတော့ ပြီးခဲ့တဲ့ အာဏာရှင်စနစ်မှာ အသားကျပြီးသား ထိုစဉ်ကရွှေရောင်တောက်ပခဲ့သော နေ့ရက်များကိုသာ နှစ်သက်သဘောကျပြီး လက်ရှိ ဒီမိုကရေစီ စနစ်နဲ့ အံချော်နေတတ်သောာ ပြန်လည်တမ်းတ ငယ်ဘ၀ ပိုင်ရှင်များ
( ဒီဝန်ထမ်း အမျိုးအစားကတော့ နည်းပါတယ်)

ဒုတိယအမျိုးအစားကတော့ ခေတ်စနစ်ြ့ကီးကို ပြောင်းလိုက်မဟဲ့ အလုပ်တွေကို ကြိုးစားလုပ်လိုက်မဟဲ့ လို့ကြုံးဝါးကာ ကြိုးစားနေသော ၀န်ထမ်းများ
( ဒီအမျိုးအစားကလည်း ၊ များသောအားဖြင့်ကတော့ ၀န်ထမ်းပါးမ၀သေးတဲ့ သစ်လွင်ဝန်ထမ်းပေါက်စလေးတွေ များပါတယ်)နည်းတော့နည်းသေးပါတယ်

တတိယအမျိုးအစားကတော့ မလုပ် မရှုပ် မပြုတ် ထားရာစေ နေရာသွား ပြန်မပြော ခိုင်းတာမှန်သမျှ ပြန်လှန်မေးခွန်းမထုတ်ဘဲ အကုန်လုပ်ပေးတတ်သော ဘာသိဘာသာ နေတတ်တော်မူပေထသော အကြင် ၀န်ထမ်းအမျိုးအစားသည်ကတော့ အများစုပင်ဖြစ်ချေတော့သည်တကား......

ဝန်ထမ်းလောကမှာအရိုးစွဲနေတဲ့ mindset ကို လက်ရှိသွားနေတဲ့ ဗ၀တမှာသင်ကြားနေတဲ့ ပုံစံနဲ့တော့ ဘယ်လိုမှ အစွဲချွတ်လို့ရမှာမဟုတ်ဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပြောရဲတယ်။

ဘာလို့လဲ........ ရှင်းပြပါရစေ
သင်တန်းသားတွေကို သင့်တင့်လျောက်ပတ်တဲ့ အိပ်ဆောင်မစီစဉ်ပေးနိုင်တော့ ဘားတိုက်တခုထဲမှာ အယောက် အစိတ်လောက်ထည့်ထားရတယ် ။ ဒီအယောက် အစိတ်က တယောက်ချင်းစီရဲ့ ပစ္စည်းတွေနဲ့ဆိုရင် ဘားတိုက်က ကြွက်သိုက်သာသာဖြစ်သွားမှာဆိုတော့ နေ့လည်နေ့ခင်း လြူ့ကီးတွေလာစစ်တဲ့အခါ တခါတရံ သသည်တော်တွေကို လိုက်ြ့ပတဲ့အခါ အရာရာဟာ အစီစဉ်တကျနဲ့ သန့်ရှင်းသပ်ရပ်နေပါတယိလို့ ယူဆသွားအောင် ၇ှိသမျှပစ္စည်း စတိုထဲသိမ်းကြုံးထည့်လို့ အိပ်ရာပေါ်မှာ Kit ခင်းခိုင်းတယ်
#ဒါဟာ For Show ဘဲ

လက်ခုပ်တီးရင် အခမ်းအနားအဖွင့် အပိတ်ဆိုရင် ဘယ်နှစ်ချက် မိန့်ခွန်းပြီးသွားရင် ဘယ်နှစ်ချက်ဘဲတီးရမယ်ဆိုပြီး ကြိုတင်မှာထားတယ်
#ဒါဟာ For Show ဘဲ

လူကြီးတွေနဲ့ သည်တွေလာရင် ဒံပေါက်တို့ ၀က်သားဟင်းတို့ချက်ပြီး ဒီလူကြီးတွေ ည်တွေကိုပါ
သင်တန်းသားတွေနဲ့ ထမင်းအတူစားခိုင်းတယ် ၊
#ဒါဟာလည်း For Show ဘဲ

သင်တန်းဆင်းစုပေါင်း ဓါတ်ပုံရိုက်ဖို့ဆြို့ပီး ရှိသမျှ သင်တန်းသားအကုန်လုံးကို အရပ်တိုင်းပြီး အနိမ့်အမြင့်စီတယ် ။ ၇ီဟာဇယ်လုပ်တယ်
#ဒါတွေဟာလည်း for Show ဘဲ

သင်ခနုးစားတွေပို့ချပြန်တော့ရော မူဝါဒနဲ့ မကိုက်ညီတာတွေကို သင်တဲ့ဆရာတွေက သူတို့ရဲ့ Emotion အရ ထည့်ပြောကြတယ်

သင်တန်းကာလတွေမှာ ဖော်ရှိုးတွေ သင်ရင် သင်တန်းသားတွေက ဖော်ရှိုးတွေဘဲ တတ်မှာဘဲ
ဖော်ရှိုးတွေတတ်ပြီး လုပ်ငန်းခွင်ထဲ ရောက်သွားတော့ဖော်၇ှိုးအလုပ်တွေလုပ်ကြ့ပီး ဖော်ရှိုးသမ္မတမြန်မာနိုင်ငံတော်ကြီးကိုတည်ဆောက်ကြပေရော့ဘဲ

ဒါကိုပြင်ချင်ရင် ရာထူးဝန်အဖွဲ့အနေနဲ့ အမြစ်ကစပြီးဖြတ်မှဘဲရမှာ
သားဖွားဆရာမ တိုက်နယ်ဆရာဝန် လက်ထောက်ဆရာဝန် အငယ်တန်းစာရေး ရုံးအုပ် အထက်တန်းစားရေး စတဲ့ တကယ့်အောက်ခြေက ၀န်ထမ်းတွေရဲ့ အသံကို များများနားထောင်ပေးပါ
တကယ့် On Ground မှာ ဘာတွေဖြစ်နေလဲ ၀န်ထမ်းတွေမှာ ဘာအခက်အခဲတွေကြုံနေကြလဲ
ဒါတွေကို အခြေခံပြီးမှ
ဝန်ထမ်းတွေရှဲ့Quality ကိုတိုးတက်စေဖို တကယ်တမ်းလက်တွေ့ကျတဲ့ သင်တန်းတွေ မွမ်းမံတွေ ဖွင့်လှစ်ကြပါလို့ အလေးအနက်တိုက်တွန်းလိုက်ရပါတယ်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်သူ့ဝန်ထမ်းများ စကားဝိုင်း ဆိုတာမျိုးလည်း မြင်ပါရ ကြားပါရစေ

ခုနစ်ပြည်ထောင်မင်းသားတွေဟာ တက္ကသိုလ်ပြည်ကြီးမယ် အဌာရသ ဆယ့်ရှစ်ရပ်တွေ သင်ကြာြး့ပီး မိမိတို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေပြန်ရောက်တဲ့အခါ မှာ ယခုလို ဇီးပင်ကြီးစစ်တမ်းမျိုးတွေလည်း နောက်ထပ်နောက်ထပ်မရေးပါရစေနဲ့လို့ ဆုတောင်းရင်း

Dr. Soe Thuya Zaw

#Copy Credit.....
.
.
...........................
.
Dr. စိုးသူရကျော်
သူလုပ်ချင်လို့ လုပ်တာပဲ..
လုပ်ရပ်က ကောင်းလွန်းတော့ ညံ့ဖျင်းတဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ကို အကြီးကျယ် ထိခိုက်တယ်။ စာထုတ်ပြီး D.E တရားခံ စစ်ဆေးဖို့ လုပ်တော့.. အခု တနိုင်ငံလုံး ပျားအုံတုတ်ထိုးသလို ဖြစ်သွားပြီ။ လူကောင်းတွေ ငြိမ်နေရင် လူဆိုးတွေ ဆက်ကြီးစိုးနေမယ်.. ဒီတော့ လူကောင်းတွေ Dr. စိုးသူရကျော် ကို ဝန်းရံကြပါ။
ရှယ်ကြပါ..။
........................
.
အင်ဂျင်နီယာ လူငယ်တွေ
လဲ ဒီလို ညံဖျင်း ရုံမက လိမ်လည်တဲ့ လူကြီးတွေကို ဖော်ထုတ် နေကြပါတယ်။ ဘယ်သူ့ မှမထိခိုက် စေလိုပါ။ လူလိမ် တင်ထွန်း ဆိုတဲ အင်ဂျင်နီယာ အတုကြီး. ကို MEngC က မစီစစ်နိုင်ပဲ..
.................
....အမြင့်ဆုံး ပရိုဖက်ရှင်နယ် P.E ဘွဲ့ပေးရုံသာမက ၊
....အမြင့်ဆုံး အင်ဂျင်နီယာတက္ကသိုလ် YTU(RIT ကြို့ကုန်း) မှာ ဧည့်ပါမောက္ခ ရာထူးပေးတယ်။
....အာစီယံနိုင်ငံများ ကလဲ P.E လက်မှတ်ချီးမြှင့်တယ်။
.................
အခု အားလုံး ပြန်ရုတ်သိမ်းလိုက်ပြီး၊ ဒီလူလိမ်ကို လိမ်လည်မှု ပုဒ်မ၄၂၀ နဲ့ တရားစွဲတယ် ဆိုပေမဲ့ အမှု က နှစ်ချီကြာနေပြီ။
.
လူလိမ် တင်ထွန်း အေးအေးဆေးဆေး မြန်မာပြည်မှာ ရှိနေတယ် သိရတယ်။ သူ့ကို အရေးယူ ထေါင်၁လ ဖြစ်စေ ပြစ်ဒဏ်ချနိုင်မှ ကျနော်တို့ အင်ဂျင်နီယာ လောက အနာဂါတ်မျိုးဆက်သစ် အတွက် အားအင်သစ် ဖြစ်မယ်။ အင်ဂျင်နီယာ အများစု စိတ်ထား ပိုကောင်းလာကြပါမယ်။
..
ဖတ်ရှုသူ အားလုံးကို ကျေးဇူးတင်ပါကြောင်း။
.
ဇော်အောင်(မုံရွာ) MZawAung
24.Dec.2018
..............

Wednesday, November 7, 2018

အင်ဂျင်နီယာဆိုတာ သူခိုးလား ဆွေးနွေးခြင်း


၂၀၁၈၊ နိုဝင်ဘာလ ၅-ရက် (ယနေ့) ထုတ် မြန်မာတိုင်းမ် နေ့စဉ်သတင်းစာ (Myanmar Times Daily) အတွဲ ၂၊ အမှတ် (၂၉၂) မှာ ဖော်ပြပါရှိတဲ့ ကျနော့် ဆောင်းပါး "အင်ဂျင်နီယာ၊ ကျင့်ဝတ်နဲ့ အယူလွဲများ" ...

အလွယ်တကူဖတ်လို့ရအောင် အပြည့်အစုံ ပြန်တင်ပေးလိုက်ပါတယ်။

#အင်ဂျင်နီယာ၊ ကျင့်ဝတ်နဲ့ အယူလွဲများ

အောက်တိုဘာလ ၁၉-ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ကြီးနားခရီးစဉ်မှာ တစ်ဖက်ကနေတာဝန်သိတတ်မှု၊ တစ်ဖက်ကနေ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် ကြိုးပမ်းမှု၊ ဒီနှစ်ခု ချိန်ခွင်လျှာညီမျှအောင် ပြည်သူတစ်ဦးချင်းက လုပ်ဆောင်သွားရင် တိုင်းပြည်ဟာ နေ့ချင်းညချင်း ချမ်းသာလာနိုင်တယ်။ ဒီအတွက်လည်း ကြိုးစားလေ့ကျင့်ယူရမယ် လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၈-ရက်နေ့မှာလည်း သမ္မတကြီးဦးဝင်းမြင့်က စီမံကိန်းများ ဆောင်ရွက်ရာမှာ ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးမှု အခြေအနေများ ဖြစ်ပေါ်ပါက ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနဲ့အညီ ဆောင်ရွက်မယ် လို့ ဧရာဝတီတိုင်း ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင်နှစ်ဦးရဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ပြောကြားချက်ဟာ ပြည်သူကို မျက်နှာမူတဲ့၊ ပြည်သူ့အတွက်၊ တိုင်းပြည်အကျိုးအတွက် ပြောကြားချက်တွေပဲ ဖြစ်ပါတယ်။ အရေးတကြီး လိုက်နာဖို့ လိုအပ်နေတဲ့ လမ်းညွှန်မှုတွေလည်း ဖြစ်ပါတယ်။ သူတို့ ပြောကြားသွားတဲ့ တာဝန်သိတတ်မှု၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ စီမံကိန်းများမှာ ပြည်သူ့ဘဏ္ဍာငွေ မဆုံးရှုံးရေး တို့ဟာ ဆက်စပ်မှုလည်း ရှိနေပါတယ်။

ဘာကြောင့်လဲဆိုတော့ စီမံကိန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်ရာမှာ တာဝန်ရှိသူတွေက တာဝန်သိတတ်မှုမရှိဘဲ ရသင့်ရထိုက်တဲ့ အခွင့်အရေးလို့ ယူဆပြီး အဂတိလိုက်စားမှု၊ အလွဲသုံးစားပြုမှုတွေ ရှိနေရင် ပြည်သူ့ဘဏ္ဍာငွေတွေ ဆုံးရှုံးရမှာ ဖြစ်လို့ပါ။

ဒီလို ဖြစ်ရပ်တွေ အရင်ကတည်းက ရှိနေတယ် ဆိုတာလည်း ကြားနေရရုံမက မကြာသေးမီကလူမှုကွန်ယက်ဖြစ်တဲ့ ဖေ့ဘုတ်ပေါ်က ပို့စ်တစ်ခုကြောင့် အင်ဂျင်နီယာလောကမှာ အတော်လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တာ တွေ့ရပါတယ်။

"အင်ဂျင်နီယာဆိုတာသူခိုးလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်ဂျင်နီယာတစ်ယောက်က ပို့စ် ရေးတင်လိုက်ပါတယ်။ ပို့စ်ပိုင်ရှင်က ဌာနဆိုင်ရာတစ်ခုမှ တာဝန်ကြီးကြီးရှိသူ ရာထူးကြီးကြီးအင်ဂျင်နီယာတစ်ယောက် လို့သိရပါတယ်။ Like လုပ်ကြတာ၊ Share လုပ်ကြတာ ထောင်ဂဏန်း ရှိပြီး Comment တွေမှာလည်း အမျိုးမျိုး ငြင်းခုံဝေဖန်ကြပါတယ်။

အဲဒီမှာ ဆရာဝန်တစ်ဦးက "အင်ဂျင်နီယာဆိုတာ သူခိုးတွေ" ဆိုတဲ့ ပို့စ်တစ်ခုတင်ပြီး ပြန်ဖြေလိုက်ပါတယ်။ သူကလည်း ဌာနဆိုင်ရာတခုက အရာရှိကြီးတစ်ဦးလို့ ပြောကြပါတယ်။ အဲဒီပို့စ်မှာလည်း Like တွေ၊ Share တွေ၊ Comment တွေ ပလူပျံပါတယ်။

ဒီတော့ ပြန်ပြီးဖြေထားတဲ့ပို့စ်နဲ့ ပတ်သက်လို့ အရင်ပြောရရင် စာကိုယ်မှာ ရေးထားတဲ့ အကြောင်းအရာတွေက လက်ခံနိုင်စရာ ရှိပေမဲ့ ခေါင်းစဉ်ကို လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ "အင်ဂျင်နီယာဆိုတာ သူခိုးတွေ" လို့ ခေါင်းစဉ်တပ်ရင် ဘာကြောင့်ပဲရေးရေး၊ စာကိုယ်မှာ ဘယ်လိုပဲ ရေးထားရေးထား ဒါဟာ အင်ဂျင်နီယာအားလုံးကို 'သူခိုးတွေ' လို့ သိမ်းကျုံးစော်ကားရာရောက်ပါတယ်။ ခေါင်းစဉ်ဆိုတာ ဆက်ရေးမယ့် စာကိုယ်ပါ အကြောင်းအရာတွေကို ထင်ဟပ်ဖော်ပြချက်သာ ဖြစ်ရတယ်၊ တလွဲစီမဖြစ်ရဘူး ဆိုတာ စာရေးသူတိုင်း သိတဲ့ အခြေခံအကျဆုံးအချက်ပါ။

ဒီခေါင်းစဉ်ကိုဝိုင်းဝေဖန်ကြ၊ ကန့်ကွက်ကြလို့ နောက်ပိုင်းမှာ ခေါင်းစဉ်ကို 'အင်ဂျင်နီယာဆိုတာသူခိုးတွေလားလို့ မေးလို့ ဖြေရရင်' ဆိုပြီး ပြန်ပြင်လိုက်ပါတယ်၊ ဒါကိုတော့ လက်ခံနိုင်စရာ ရှိပါတယ်။ ဒီတော့ သူ့ပို့စ်နဲ့ ပတ်သက်လို့ ဆက်ပြောစရာ မရှိတော့ပါဘူး။

ဆက်ပြောစရာရှိတာက မူရင်းပို့စ်ပါ။ အဲဒီမှာ ဒီအင်ဂျင်နီယာက တည်ဆောက်ရေး လုပ်ငန်းတွေကို "အမြတ်အစွန်းတင်မတောင်းရင်တောင် အလေအလွင့်ဆောင်းပေးထားတာကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရင် ရတဲ့အကျိုးအမြတ်နဲ့ လေယာဉ်ဝယ်စီးလည်းရပါတယ်" လို့ ရေးထားပါတယ်။ ဥပမာတွေလည်း နည်းနည်းပြထားပါတယ်။

အဓိကပြောချင်တာက အဲဒီအချက်ပါပဲ။ သူဆိုလိုတာက စီမံကိန်းကနေ ပစ္စည်းခိုးရောင်းတာ မဟုတ်ဘဲ အလေအလွင့်ဆောင်းပေးထားတာကနေပဲ အကျိုးအမြတ်ယူရင် ခိုးတာ မဟုတ်ဘူး လို့ ဆိုလိုတာပါ။

ဒါတွေဟာ နိုင်ငံ့ခေါင်းဆောင်များ မိန့်ကြားသွားတဲ့ တာဝန်သိတတ်မှု၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ စီမံကိန်းများမှာ ပြည်သူ့ဘဏ္ဍာငွေ မဆုံးရှုံးရေးဆိုတဲ့ အချက်တွေနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။

သူ့ အယူအဆဟာ တကယ်တော့ လုံးဝ မှားယွင်းတဲ့အယူအဆပါ။ ဘယ်လို မှားယွင်းသလဲ ဆိုရင် ...
၁) တွေးခေါ်ပုံ (Way of thinking) အရ ...
၂) ကျင့်ဝတ် (Ethics) အရ ...
၃) ကျင့်ထုံးစည်းမျဉ်း (Practice) အရ ... မှားယွင်းပါတယ်

တွေးခေါ်ပုံအရ ဘယ်လိုမှားယွင်းလဲ ဆိုရင် ...
အပိုဆောင်းပေးထားတာကို ကိုယ်ကျိုးသုံးတာဟာ ခိုးတာမဟုတ်ဘူးဆိုရင် 'လိမ်တာ'၊ 'အလွဲသုံးစားလုပ်တာ' ဖြစ်ပါတယ်။ တနည်းအားဖြင့် မရိုးမသား ဆောင်ရွက်တဲ့ အဂတိပါပဲ။ အဲဒါကို တရားဝင်လုပ်ခွင့်ရှိတယ်လို့ ထင်နေတာကိုက မှားယွင်းတဲ့ အတွေးအခေါ်ပါ။ သူပြောတဲ့နည်းက တရားဝင်လုပ်ကြတာ ရှိပါတယ်။ အဲဒါက ကန်ထရိုက်တာ (Contractor) အနေနဲ့ လုပ်ကြပါတယ်။ ဒါပေမယ့် စီမံကိန်းကို ကြီးကြပ်ကိုင်တွယ်ရတဲ့ ဌာနဆိုင်ရာ အင်ဂျင်နီယာ ဝန်ထမ်းက လုပ်ရမှာ မဟုတ်ပါဘူး။ သူ့ကိုယ်သူ ကန်ထရိုက်တာ ထင်သွားလို့လားတော့ မသိပါ။

ကျင့်ဝတ်နဲ့ကျင့်ထုံးစည်းမျဉ်းအရ မှားယွင်းမှုကတော့ ဘယ်စီမံကိန်းမှာ မဆို ဘာပစ္စည်းဖြစ်ဖြစ် ပိုနေရင် ပြန်အပ်ရပါတယ်။ အိတ်ထဲထည့်ပြီး အိမ်ယူသွားခွင့်၊ ရောင်းစားခွင့် မရှိပါ။ လေယာဉ်ပျံမဆိုထားဘိ ဖိနပ်တောင် ဝယ်စီးခွင့်မရှိပါ။ ကုန်ကျစရိတ်အမှန်အတိုင်း စာရင်းတင်ပြရပါတယ်။ ကျွန်တော့် အနေနဲ့ နိုင်ငံတကာကုမ္ပဏီအမျိုးမျိုးနဲ့ ပြည်တွင်းပြည်ပ အဆောက်အဦးဆောက်လုပ်ရေး (Building Construction) နယ်ပယ်မှာရော ရေနံနဲ့သဘာဝဓာတ်ငွေ့ (Oil & Gas) နယ်ပယ်မှာပါ စီမံကိန်း (Project) အမျိုးမျိုးလုပ်ခဲ့ဖူးပါတယ်။ ဆောက်လုပ်ရေး (Construction) အနေနဲ့ရော လုပ်ငန်းလည်ပတ်ရေး (Operations) အရပါ လုပ်ရတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ လူနေအိမ်ရာ၊ ဟိုတယ်၊ ကမ်းလွန်စင်မြင့် (Offshore platform)၊ ကုန်းတွင်းပိုက်လိုင်း (Onshore pipeline)၊ ပင်လယ်ရေအောက်ပိုက်လိုင်း (Subsea pipeline) ဆောက်လုပ်ရေး စီမံကိန်း တွေမှာ သာမက တခြား Operational Project တွေလည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဘယ်ပြည်တွင်းပြည်ပ စီမံကိန်းမှာမှ သူပြောထားသလို လုပ်ခွင့်မရှိပါ။

ပိုပြီးဆိုးတာက နောက်ထပ် အင်ဂျင်နီယာတစ်ဦးရဲ့ မှတ်ချက်ပါပဲ။ သူပြောထားတာက ... "အင်ဂျင်နီယာကျင့်ဝတ်စာအုပ်လေး ချပြရမလား? အလေအလွင့်အတွက် factor တွေ ထပ်ပေါင်းယူတာကို safety ယူတာလို့ ခေါ်ပါတယ်ဗျာ။ အလေအလွင့်မဖြစ်အောင် လုပ်ရတာကလည်း ပညာသားပါပါ စီမံခန့်ခွဲရတာပါ။ အလေအလွင့်နည်းပါးပြီး ပိုတဲ့ဟာက ပညာရှင်ဆန်ဆန် အလုပ်လုပ်နိုင်တဲ့အတွက် ရရှိတဲ့ ထပ်ဆောင်းအကျိုးအမြတ်တစ်ခုပါ။ အလေအလွင့် ဖြစ်ခဲ့ရင်လည်း အဲဒါက ကုန်မှာပဲလေ။ အလေအလွင့်နည်းအောင် အလုပ်ကို သေချာ စီမံခန့်ခွဲလိုက်တော့ ပိုတဲ့ဟာတွေ အကျိုးအမြတ် ရယူတာက ခိုးတယ်လို့ မဆိုလိုနိုင်ပါဘူး။ သေချာ စီမံခန့်ခွဲနိုင်တဲ့ ပညာအတွက် အကျိုးအမြတ်ခပါ။ ရတဲ့လစာက အင်ဂျင်နီယာပညာအတွက် ရတဲ့ဝင်ငွေပါ။ လုပ်ငန်းပိုင်းကျွမ်းကျင်လို့ ပညာခပိုရသွားတယ် လို့ပဲ ပြောပါရစေ။ ကျွန်တော်တို့ Ethics စာအုပ်ထဲမှာလည်း ပညာရပ်အတွက် အကျိုးအမြတ် မယူရဘူးလို့ မပါပါဘူးဗျ" ရယ်လို့ ဖြစ်ပါတယ်။

ဒါဟာ အတော်ကြောက်စရာကောင်းတဲ့ အတွေးအခေါ်ပါ။ Ethics အရ မှားယွင်းပြီး Professional လုံးဝ မပီသတဲ့ အတွေးအခေါ် ဖြစ်ပါတယ်။ ဘယ်အင်ဂျင်နီယာကျင့်ဝတ်ကမှ အလွဲသုံးစားမှုကို ခွင့်ပြုမထားပါ။

အပိုဆောင်းပစ္စည်းဆိုတာ လိုအပ်ချက်အရ ထားရပါတယ်။ Stock Allowance ခေါ်ပါတယ်။ ဘယ်တော့မှ လိုသလောက် အတိအကျလေးပဲ ဝယ်ထားလို့ မရပါ။ အလေအလွင့်နည်းပါးအောင်လည်း စီမံခန့်ခွဲရပါတယ်။ ဒါလည်း ပညာတစ်ခုပါပဲ။ အဲဒီအထိ မှန်ပါတယ်။ ဒါပေမယ့် ပိုနေရင် ကုမ္ပဏီကို ပြန်အပ်ရပါတယ်။ ရောင်းစားလို့ မရပါ။ ကုန်ကျစားရိတ်စာရင်း အမှန်အတိုင်း တင်ပြရပါတယ်။ လိမ်မတင်ရပါ။ အဲဒီလို လိမ်ရင် သူခိုးအင်ဂျင်နီယာ မဟုတ်ရင်တောင် လူလိမ်အင်ဂျင်နီယာ ဖြစ်သွားပါလိမ့်မယ်။ ဒီလို အလွဲသုံးစားပြုတာဟာ ပညာသည်ကျင့်ဝတ် (Professional ethics) ကို ချိုးဖောက်ခြင်းပါ။

ဥပမာတစ်ခု တင်ပြရရင် ကျွန်တော်တို့ ရေနံ/ဓာတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်တဲ့အခါ ပိုက်လိုင်းအရှည်နဲ့ ပိုက်အရှည်အရ လိုအပ်တဲ့ ပိုက်အရေအတွက်ကို အတိအကျတွက်လို့ရပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့အရေအတွက်ထက် ၁၀% လောက် အပိုဆောင်းပြီး ဝယ်ရပါတယ်။ ဖြတ်တာ တောက်တာ ပြင်ဆင်တာတွေအတွက် အပိုအလိုရယ်၊ လုပ်မှားကိုင်မှားကြောင့်၊ သဘာဝဘေးကြောင့် ပျက်စီးတာတွေကို အစားထိုးဖို့ရယ်ပါ။ ပိုတာက အမြဲပိုပါတယ်။ ပြီးသွားရင် ပိုနေတဲ့ ပိုက်တွေကို ကျနော်တို့ ရောင်းစားပြီး ခွဲမယူရပါဘူး။ ကုမ္ပဏီကို ပြန်အပ်ရပါတယ်။ Maintenance အတွက် Spare pipe တွေအဖြစ် သိမ်းထားရပါတယ်။ (တန်ဘိုးကို မြင်သာအောင် ပြောရရင် ၁၀-လက်မ API 5L X65 သံမဏိပိုက်တစ်လုံးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈၀၀ ခန့် ရှိပါတယ်၊ ပိုက်လိုင်းအရှည်တွေဆိုရင် အလုံး ၅၀-၁၀၀ လောက် အမြဲပိုလေ့ရှိပါတယ်)။

ဒါဆိုရင် တာဝန်ရှိအင်ဂျင်နီယာက သူ့စီမံကိန်းကို သူကန်ထရိုက်ပြန်ဆွဲပြီးရော လုပ်လို့ မရဘူးလားလို့ မေးစရာရှိပါတယ်။ ကျင့်ဝတ်အရဆိုရင် မရပါ။ လုပ်ခွင့်မရှိပါ။ အကျိုးစီးပွားချင်းပဋိပက္ခ (Conflict of Interest) ဖြစ်လာနိုင်တာကြောင့်ပါ။ နိုင်ငံတကာကုမ္ပဏီတွေရဲ့ Code of Conduct မှာ အတိအလင်း တားမြစ်ထားပါတယ်။

ပိုဆိုးတာက မူရင်းပို့စ်ပိုင်ရှင်ရဲ့ 'စကားလက်ဆောင်' ဆိုတာလေးပါ။
"အကျိုးအမြတ်
ဆိုတဲ့စကားကိုသာ
လက်မခံကြရင်
သမ္မတတောင်
သူ့ထမင်းတလုပ်အတွက်
ကိုယ်တိုင်စပါးစိုက်နေရပါလိမ့်မယ်။" တဲ့ ...

အဲဒါ 'အကျိုးအမြတ်' ကြောင့်မဟုတ်၊ လုံးဝမဟုတ်၊ မဟုတ်ရေးချ မဟုတ်ပါ။ အလုပ်တာဝန် ခွဲဝေလုပ်ကိုင်မှု (Division of Labour) နဲ့ အကျိုးအမြတ်ကို ခွဲခြားနားမလည်ခြင်းသာ ဖြစ်ပါတယ်။ လူဆိုတာ စားဝတ်နေရေးအတွက် လိုအပ်သမျှ အရာအားလုံးကို ကိုယ်တိုင် တဦးတည်း မလုပ်နိုင်တဲ့အတွက် အလုပ်တာဝန် ခွဲဝေလုပ်ကိုင်မှု ပြုကြရပါတယ်။ အဲဒီလို ခွဲဝေခုပ်ကိုင်မှု မရှိမှသာ ကိုယ်စားဖို့ စပါး ကိုယ်တိုင်စိုက်၊ ကိုယ်စားမယ့်ဆီ ကိုယ်တိုင်ကြိတ်၊ ကိုယ်စားမယ့်အသား ကိုယ်တိုင်အမဲလိုက် လုပ်ရမှာပါ။ လုံးဝ တလွဲတချော် ဥပမာကို ပြခြင်းသာ ဖြစ်ပါတယ်။

အလုပ်လုပ်ရင် အကျိုးအမြတ်က ရှိရမယ်ဆိုတာ မှန်ပါတယ်။ အင်ဂျင်နီယာဝန်ထမ်းတွေအတွက် အကျိုးအမြတ်အနေနဲ့ လစာနဲ့ အခြားအခွင့်အရေးတွေ (ဆုကြေး၊ နေအိမ်၊ ကား ... စသဖြင့်) ရထားပါတယ်။ အဲဒီထက်ပိုပြီး ယူခွင့်မရှိပါ။ နည်းတာ များတာ ပြောဖို့မလိုပါ။ နည်းလို့၊ မလောက်ငလို့ ဆိုပြီး မသမာမှု ပြုလို့မရပါ။ နည်းလို့ မလောက်ငရင် များများရတဲ့ဆီ သွားလုပ်ချင်လုပ်၊ မလုပ်ရင် တခြားသမ္မာအာဇီဝနည်းနဲ့ ဝင်ငွေရှာ ဖို့ပဲ ရှိပါတယ်။ ခိုးတဲ့ လိမ်တဲ့၊ အလွဲသုံးစားလုပ်တဲ့နည်းနဲ့ ဖြေရှင်းတာ လက်ခံနိုင်စရာ မဟုတ်ပါ။

ဝမ်းနည်းစရာကောင်းတာက ရာထူးနဲ့တာဝန် ကြီးကြီးမားမား ယူထားရတဲ့ အင်ဂျင်နီယာတချို့ရဲ့ တွေးခေါ်ယူဆပုံတွေ ဒီလောက်တောင် လွဲမှားနေတာပါပဲ။ စိုးရိမ်စရာလည်း ကောင်းပါတယ်။ စီနီယာအင်ဂျင်နီယာတွေဟာ နောင်မျိုးဆက်သစ် လူငယ်အင်ဂျင်နီယာတွေကို ပညာရပ်ပိုင်းသာမက အတွေ့အကြုံ၊ အတွေးအခေါ်၊ လုပ်နည်းကိုင်နည်းတွေပါ လက်ဆင့်ကမ်း ဝေမျှရပါတယ်။ ဒီလို အတွေးအခေါ် မျိုးနဲ့သာ ဆိုရင် လူငယ်မျိုးဆက်သစ်အင်ဂျင်နီယာတွေ အတွက် ရင်လေးမိတာကြောင့် ဒီစာကို ရေးပါတယ်။

ဒီတော့ "အင်ဂျင်နီယာဆိုတာသူခိုးလား" ဆိုတဲ့ မေးခွန်းအတွက် ကျနော့်အဖြေကတော့ "နိုး" ပါ။

အင်ဂျင်နီယာတိုင်း သူခိုးမဟုတ်ပါ။ ဒီလောက်ဆို သူခိုးအင်ဂျင်နီယာဆိုတာ ဘာလဲ၊ လူလိမ်အင်ဂျင်နီယာဆိုတာ ဘာလဲ ဆိုတာ သိသာလောက်ပါပြီ။

ဒီလိုလုပ်တာ အလွဲသုံးစားလုပ်ခြင်းမှန်း သိလျက်နဲ့ဖြစ်စေ၊ တရားဝင် လုပ်ခွင့်ရှိတယ် ထင်လို့ ဖြစ်စေ ဒီလို အလွဲသုံးစားလုပ်မှုတွေကြောင့် တိုင်းပြည်ဘဏ္ဍာ နစ်နာဆုံးရှုံးမှုများ ရှိနေရင် အမြန်ဆုံးကာကွယ်တားဆီးဖို့ လိုအပ်ပါတယ်။

အမှားကို အမှန်ထင်နေတဲ့ အမြင်မှား၊ အကျင့်မှားတွေလည်း အမြန်ဆုံး "ပြောင်းလဲချိန်တန်ပြီ" ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

#ဟယ်ရီလွင်
.
.........
..အင်ယာ သူခိုးလား?
https://m.facebook.com/story.php?story_fbid=10157535710364587&id=763419586


Tuesday, September 11, 2018

ဆေးတက္ကသိုလ် နှင့် စက်မှုတက္ကသိုလ် (TU) ဆရာများ

သူငယ်ချင်းဆရာဝန်တယောက်. နေပြည်တော် ကုတင်၅၀၀ ဆေးရုံက မှာ လုပ်တယ်။ သူတို့ ဆေးတက္ကသိုလ် က သူတို့ဆရာများ ရဲ့ ဆေးပညာစီမီနာ မှာ သူတို့ဆရာတွေကို ကျေးဇူးတင် တဲ့ ပို့စ်ကို ရှယ်လိုက်ပါတယ်။ သူတို့ ဆေးပညာ လောကလဲ FDA ညွန်ချုပ် ဆရာဝန်ကြီး (MRCP ပါရဂူပွဲရကြီးကို အဂတိနဲ့ အရေးယူခံရတာ ရှိပေမဲ့၊ သူတို့ တက္ကသိုလ် ဆရာများက QC အရည်ချင်ကို ထိန်းထားတယ်။ ထမင်းကြွေးတာ ..စားပြီးပြီမို့လို့ ထပ်မစားတော့ဘူးတဲ့.. ကျနော်တို့ အင်ဂျင်နီယာ ကျောင်းဆရာများကတော့ အမျိုးသမီး တွေချည်း ဖြစ်နေတာ .. အရမ်းအားနည်း သွားရှာတယ်။ ဒီတော့ ကျောင်းသားတွေအဖို့ ကလေးထိန်း မေမေ လိုမျိုး ဖြစ်နေတာ ၀မ်းနည်းစရာ ပြောင်းလဲ ချိန် တန်ပြီ .. လို့.ထပ်ရေးချင်ပါတယ်။ လက်ရှိ ကျန်နေတဲ့ အမျိုးသာ အင်ဂျင်နီယာ ဆရာများ အလုပ်မထွက်ပဲ တောင့် ခံ ကြဖို့.. အားပေး လိုက်ပါတယ်။
.
**********
Tint Tint Kyi is with Myo Lwin Nyein.
မကွေး မှတ်စု
။။။။။။။။။။။။။။
စာမေးပွဲ စစ် မယ့်ဆရာတွေ ညစာ စား ဘို့ ပါမောက္ခ ဌာန မှူး က စီစဉ်တဲ့အခါ ဟောပြောပွဲ နဲ့ အတူ တွဲ ပါတယ်။ ဆေး အကြောင်း ပြော ရတာ ပေါ့။
ဆရာ မျိုးလွင်ငြိမ်း ရဲ့ အင်ဆူလင် အကြောင်းပါ။
Human and analogue Premixed and basal
နှိုင်းယှဉ်ချက်တွေ ပြောပါတယ်။
သိစရာ တွေ အသိတိုးပါတယ် ဆရာ။
အင်း
ဘဝ မှာ ဆေးတွေ ရဲ့ အပြောင်းအလဲ က
လွန်ခဲ့သော၁၀နှစ်လောက်က အင်္ဂလန် ဥရောပ မှာ သုံးတယ်။ ခုတော့ လည်း ဒီမှာ သူတွင်ကျယ်သည် ဖြစ် လာရော။
Insulin analogue
ညစာစား ရင်း
ဆရာက ပြုံးလည်း မပြုံး ဘူး လို့ ပြောတော့
ကျွန်တော့်ရဲ့ အပြုံး က ပင်စင်ယူတဲ့နေ့ဗျ
အဲဒီနေ့ လာ ပြီး ဓါတ်ပုံ ရိုက် လှည့် လို့ပြောတယ်။
ဆရာ က ဟောပြောပေမယ့် ထမင်း မစားဘူး။
စားပြီးပြီတဲ့ ။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် က သူနေခဲ့တဲ့မြို့ မင်းဘူး ကို သွားလည်ပြီး မိတ်ဆွေ ဆွေမျိုးတွေ ကျွေး တာ ကို စားလာတယ်လေ။
လွန်ခဲ့တဲ့၁၀ နှစ်ကျော်
အဲဒီမြို့ မှာ နေစဉ် ဆေး ရုံ ည ရောင်းသွားပြီး အပြန်မှာ ချောင်းရိုက် ခံရလို့ ခေါင်းကွဲ သတိ လစ်ဘူးတယ်။
သူ့ မှာ အဲ့ မြို့ က ဆွေမျိုးအိမ်လို အမြဲ သွားချင် နေရတာ။
ဆရာဝန်တွေ က ထူးဆန်းတယ်။
အထူးသဖြင့် ဆရာမျိုး က ပို ထူးဆန်းတယ်။
၆၀ ပြည့်တော့ မယ် ဆိုတာ ပေမယ့် အများကြီး လုပ်နိုင်တဲ့ဆရာတွေပါ။
ဆွေ မာ (ဆရာ့ဇနီး) မွေးနေ့အတွက် အဝေးမှ ဆုတောင်းပေးလိုက်ပါတယ်။ပျော်ရွှင် ချမ်းမြေ့ ပါစေ ဆွေမာ ရေ။
Swe Mar Linn
ဆရာ ပြောတဲ့ မျောက်ပြ ဆန်တောင်း ကို တော့ မမေ့ တော့ပါပေ။
.
.
Tint Tint Kyi is with Moe Swe.
16 hrs
မကွေး ဆေးတက္ကသိုလ် ကို စာစစ်
သွားတော့
သမားကြီး များ၏
သိသင့်တာတွေ ဟောပြော ပို့ချ
မနားရတဲ့ ပါမောက္ခ များ ၏ ဝေမျှ ပွဲ ။
ဘယ်လောက်မောမော
စာ အပြော ဝေမျှ ရင် ပျော်နေသော နှလုံးသား နှင့်သူတို့အပြုံးများ
ဌာနေ ဒုချုပ် ၊ ဒု ပါချုပ် များလည်း
မနားနိုင် ။
ဆရာရန်လင်းမြင့် ပါ မောက္ခ ဌာန မှူး ဆေးမန်း
အရေးကြီးတဲ့ပြဿနာ
ဖြစ်သော
ပဋိဇီ ဝ ဆေးယဉ်ပါးမှု အကြောင်း ပြောပြနေပါတယ်။
ဆရာဝန်ညွှန်မှ သောက်သင့်သည်။
ကို ယ့် ဖာသာ မသောက်ပါနဲ့
ဆရာဝန်မဟုတ်ပဲနဲ့ ညွှန်နေတာ လည်း အကျင့်တွေ ဖျောက် ဘို့ လိုပြီ
ပြိုင်တူ တွန်းရင် ရွေး နိုင်ပါသည်။
Rational use of antibiotics is soooooo important.
ဆရာ ဇော် နဲ့ မမာမာကြည် တို့ လည်း ပြော ဟောကြပါဦးမယ်။
လက်ဆေး ဘို့
ရေ လုံလုံ လောက်လောက်ရှိဘို့
အသက် ရှူ လမ်းကြောင်းမှတစ်ဆင့်
ကူးနိုင်တဲ့ ရောဂါ အတွက် နှာခေါင်း ပါးစပ် အုပ်တာ သုံး
ပြီးရင် သေချာ လွှင့်ပစ်
အပ်တွေ sharp container သုံး
အရောင်ပုံးတွေ နဲ့ လွှင့်ပစ်
Appropriate use of antibiotics
သုံး ရပါမယ်။
(10) facts for Infection Control
ကို ပြောပါတယ်။
Review
Audit
.
....***** End. of Tint Tint Kyi's post *****.....
.
တခါက အလွန်လေးစားဖွယ် ကောင်းတဲ့ အင်ဂျင်နီယာ ဆရာကြီးတွေ အကြောင်း (ဥပမာ .ဦးညီလှငယ်၊ ကွယ်လွန်သူ လျပ်စစ် ဆရာဦးစိန်ဝင်း MIT မက်ဆာချူးဆက်၊ USA ဘွဲ့ရ တွေလိုမျိုး၊ ပြန် ဖတ်မှတ် ကြရပါတယ်။ သူတို့ အကြောင်း အခုခေတ် အင်ဂျင်နီယာကျောင်းဆရာ၊ ဆရာမ များ အားကျအောင် ပြန်ရှာ ရေးချင်ပါတယ်။
.
အခုခေတ် TU ကျောင်းဆရာတွေ ပညာတတ်အောင် သင်ပေးဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ လက်တွေ့တော့ နေ့ကလေးထိန်း ဆရာတွေလို ကျောင်းသား၊ ကောင်းသူကလေးတွေ မပျက်စီးအောင်၊ စာမေးပွဲ မကျပဲ ဘွဲ့ရသွားအောင် လဲ လုပ်နေကြရတယ်။ လူငယ်တွေကလည်း ပျက်စီးချင်စရာပဲ။ ဘွဲ့ရပြီး အလုပ်အကိုင်က ကျပ်၁၀သိန်း ပေးမဲ့ စပွန်စာ ကုမဏီတွေ မြန်မာပြည်မှာ မရှိသေးဘူး။ နိုင်ငံခြားမှာတော့ ကျောင်းသား စာတော်ရင် ကုမဏီတွေက စပွန်စာ လာပေးကြတယ်။ ဆရာတွေလဲ ကုမဏီ စပွန်စာတွေ ရလို့ အဆင်ပြေကြတယ်။ မြန်မာပြည်မှာတော့ ဆရာ၊ ကျောင်းသား ၂ဦးစလုံး အရည်ချင်း တိုးတက်လာဖို့ မနည်းလုပ်ရဦးမယ်။
.
မည်သို့ပင် ဖြစ်စေ မြန်မာနိုင်ငံမှာတော့ ဆေးတက္ကသိုလ် ကျောင်းဆရာများကို အင်ဂျင်နီယာ ကျောင်းဆရာများက အတုယူသင့်တယ် လို့မြင်တယ်ဗျ (my view)
.
ဆရာကောင်းမှ တပည့်ကောင်းမည်။
 — with U Ko Sun.


Monday, April 16, 2018

အသေးစားငွေချေးလုပ်ငန်းနှင့် အင်ဂျီအိုများစွာ၊ ငွေတိုးချေးသူများစွာ မြန်မာပြည်မှာ


ပွင့်လင်းမြင်သာခြင်း (ပါဝင်လုပ်ကိုင်သူများနဲ့အဖွဲ့ငွေရှင်းတမ်း)

အမျိုးသမီးများဟာ မိသားစု စားဝတ်နေရေးအတွက် အိမ်ထောင်ရှင် မေတ္တာရှင်များ ဖြစ်ပြီး ကျေးလက်မိန်းမများထဲက ဦးဆောင်တဲ့အမျိုးသမီးများကို စွန့်ဦးလုပ်ငန်းရှင်များ ဖြစ်လာအောင် "မီဒါ MEDA.org" အဖွဲ့တစ်ခု မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်မှာ တွေ့ရပါတယ်။ အောင်မြင်ပါစေ ဆုတောင်းရင်း အင်ဂျီအို အဖွဲ့များကို လေ့လာကြည့်ရှုပါတယ်။ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ကြတာကို တွေ့ရပါတယ်။ အလှုရှင်များရဲ့ ငွေနဲ့လုပ်ကိုင်ရတဲ့အတွက် ၃လတစ်ခါ၊ ၆လ၊ တနှစ်တစ်ခါ ငွေစာရင်းရှင်းတမ်းများ ထုတ်ပြန်ပေးရပါတယ်။ 
.
လက်ရှိ ကမ္ဘာ့ အထိရောက်ဆုံး နဲ့ အလှုဒါန်းနိုင်ဆုံး အင်ဂျီအိုအဖွဲ့အစည်းကို ဂူဂယ်မှာရှာကြည့်တော့ အိမ်နီးချင်း ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက BRAC.net ဖြစ်နေတာတွေ့ရပါတယ်။ ၀န်ထမ်းပေါင်း တသိန်းခန့်ရှိပါတယ်။ တကယ်အလုပ်လုပ်ပြီး စရိုက်ကောင်းတဲ့ မိန်းမအများစုကို ငွေချေးပေးရင်း ဆင်းရဲမွဲတေမှုကို ပပျောက်ဖို့ကြိုးစေားနေပါတယ်။ ထုံးစံအတိုင်း ဘယ်သူစတင်ခဲ့သလဲ ကြည့်တော့ Mr. Abed ဆိုတဲ့ အင်္ဂလန် ဂလက်စကိုတက္ကသိုလ်က ဘွဲ့ရပြီး၊ ရှဲလ် ရေနံကုမဏီမှာ အလုပ်လုပ်ရင်း ဘင်္ဂလားဒေ့ခ်ျနဲ့ ပါကစ္စတန် စစ်ပွဲအပြီး ၁၉၇၀ မှာ ဘင်္ဂလားဒေ့ခ်ျ ပြန်လာပါတယ်။ အင်္ဂလန်က သူ့အိမ်ရောင်းချလို့ ရတဲ့ငွေနဲ့ ကျေးလက် မိန်းမတွေရဲ့ ဘ၀ကို ကူညီရင်း တဖြေးဖြေးအောင်မြင်လာတဲ့ ကမ္ဘာ့ အကြီးဆုံး အင်ဂျီအို ဖြစ်နေတာ အံ့သြဘွယ်တွေ့ရပါတယ်။ မြန်မာနိုင်ငံအပါဝင် ၁၁နိုင်ငံမှာ ရုံးခွဲတွေ ဖွင့်ထားပါတယ်။ BRAC အကြောင်းကို သီးသန့်ရေးရပါဦးမယ်။ 
.
ဘင်္ဂလားဒေ့ခ်ျ ဆိုရင် ရခိုင်အရေးအခင်းနဲ့ပတ်သတ်ပြီး မြန်မာအများစု အမြင်မကြည်ကြပါ။ မွတ်ဆလင်နိုင်ငံလည်း ဖြစ်တော့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ခ်ျ ဒုက္ခသည်အရေးအခင်းဖြစ်နေတော့ များများမရေးလိုပါဘူး။ ဒါပေမဲ့ မိမိအိမ်ထောင်သားသမီး စားဝတ်နေရေး အဓိက အလုပ်လုပ်နေရတဲ့ ဘင်္ဂလားဒေ့ခ်ျက အိမ်ရှင်မ မိန်းမများအတွက် အသေးစားငွေချေးလုပ်ငန်း မိုက်ကရိုခရက်ဒစ် တီထွင်လုပ်ကိုင်သူ ယူးနို့စ် (Muhammad Yunus) ဖြစ်ပါတယ်။ ယူးနို့စ် နဲ့ မိုက်ကရိုခရက်ဒစ်ဘဏ် Grameen Bank တို့ဟာ ၂၀၀၆ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ကြပါတယ်။
.
အများအားဖြင့် အင်ဂျီအိုများနောက်မှာ ငွေချေးလုပ်ငန်းများက တွဲလိုက်လာကြပါတယ်။ မုရန် မဂ္ဂဇင်းအတွက် ရေးခဲ့ဖူးတဲ့ ငွေချေးလုပ်ငန်းမပါတဲ့ ဝေါဗီးရှင်း အကြောင်း ပြန်လည်တင်ပြလိုက်ပါတယ်။ 
.
.
.
World Vision ဝေါဗီးရှင်း
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အင်ဂျီအို NGO အဖွဲ့အစည်းများစွာမှာ ဝေါဗွီးရှင်း ဟာ အလွန်ထင်ရှားပါတယ်။ လူငယ်ပညာတတ် အမြောက်အများကို လစာငွေ ကောင်းကောင်းပေးပြီး ဆင်းရဲမွဲတေတဲ့ မြန်မာနိုင်ငံသားများ အထူးသဖြင့် ကလေးများ၊ မိခင်များအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ ထူထောင်မှုလုပ်ငန်းများစွာ လုပ်ပေးကြပါတယ်။ ဒီလူငယ် ပညာတတ်များစွာ ပရဟိတစိတ်နဲ့ ဆင်းရဲမွဲတေသူများကို ကူညီထောက်ပံချင်တဲ့ စိတ်စေတနာတွေ ပျိုးထောင်ပေးပါတယ်။ 
.
.
Bob Pierce ဘော့ပီးယားစ် (1914-1978)
အမေရိကန်နိုင်ငံက ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး ဖြစ်ပါတယ်။ သူ့မှာ ရွှေမရှိ၊ ငွေမရှိ ၊ ယေရှုခရစ်တော်ရဲ့ မေတ္တာတရားပဲ ရှိပါတယ်။ တနေ့ ဒုတိယကမ္ဘာစစ် ဖြစ်ကာနီး တိဗက်နယ်စပ်အနီးမှာ ဂျာမန် သူ့ညီအစ်များ တည်ထောင်ထားတဲ့ သာသနာကျောင်းနဲ့ မိဘမဲ့ဂေဟာ ကို သွားရောက်လည်ပတ်ပါတယ်။ အေးစက်တဲ့ ကျောက်လှေခါးအောက်ခြေမှာ ကုတ်ကုတ်ကလေး ထိုင်နေတဲ့ ကိုးနှစ်၊ ဆယ်နှစ် အရွယ် မိန်းကလေးကို တွေ့တယ်၊ ဂေဟာရဲ့ ကြွေးမွေး စောင့်ရှောက်ခြင်းကို ခံနေသူဖြစ်ပေမဲ့၊ အေးလှတဲ့ ရာသီအတွက် လုံလောက်တဲ့အ၀တ်အစားမရှိ၊ ပိန်လှီသေးသွယ်တဲ့ မျက်နှာနဲ့ မည်းနက်တဲ့ မျက်လုံးတို့ဟာ အသက်တာမှာ တစ်စုံတစ်ခု ဒုက္ခဝေဒနာခံနေရကြောင်း ထင်ဟပ်စေပါတယ်။ 
.
ပီးယားစ် ဟာ အလွန်စိတ်မကောင်းစွာနဲ့ သူ့ညီမတစ်ယောက်ကို မေးတော့ .. "သူမ ဒီနေရာ နေ့တိုင်းလာပါတယ်။ ကျောင်းတက်ချင်တယ်ပြောပါတယ်။ ဒါပေမဲ့ အခန်းမရှိလို့ပါ" လို့ဖြေပါတယ်။ ပီးယားစ် က တယောက်စာလေး လုပ်မပေးနိုင်ဘူးလား မေးတော့ ညီမဖြစ်သူက " ကလေးတွေ ကျွန်မတို့ တာဝန်ယူနိုင်တာထက် လေးဆလောက် တိုးလာတယ်။ အခန်းတွေ တိုးချဲ့ပြီး အစားတွေလည်း ချွေတာစာစေပါတယ်။ ကျွန်မစရိတ်ထဲကတောင် ကလေး၃ယောက်ကို အပိုကြွေးထားရတယ်" ပြောပါတယ်။ ဒီကလေးမလေးကို ညီမက ပီးယားဆီ ပြန်အပ်ပြီး "ရှင်ဘာလုပ်မလဲ" လို့မေးပါတယ်။ 
.
ဒီအဖြစ်အပျက်လေးက ဝေါဗီးရှင်း အဖွဲ့ကြီး၊ ကလေးထောင်ပေါင်းများစွာကို ကြွေးမွေး၊ အ၀တ်ဆင်ပေးဖို့ ဖြစ်လာပါတယ်။ ပိးယားစ် က အိတ်ကိုနှိုက်ပြီး ကိုကလေးမအတွက် ဆန်ဝယ်စရာ လုံလောက်မဲ့ငွေကို သူ့ညီမကို ပေးလိုက်ပါတော့တယ်။ 
.
ဘော့ပ်ပီးယားစ် ဟာ နွေးထွေးတဲ့ နှလုံးသားပိုင်ရှင်ဖြစ်ပါတယ်။ ကိုးရီးယားလူမျိုးတွေ ဆင်းရဲဒုက္ခအကြောင်း ပြောပြချိန် သူ့မျက်စိထဲက မျက်ရည်များ ပြည်လျံလာပြီး ကျဆင်းလာရာမှာ သောက်နေတဲ့ ကော်ဖီထဲကျသွားကြောင်း မိတ်ဆွေတစ်ဥိးက ပြောပြပါတယ်။ 
.
"အဲဒါကို ရှင်ဘယ်လိုလုပ်မလဲ " ဆိုတဲ့ မေးခွန်းအပေါ်မှာ ကြီးမားလှတဲ့ ဝေါဗွီးရှင်းအဖွဲ့ကြီး ဖြစ်ပေါ်လာဖို့ အကြောင်းတခု ဖြစ်လာပါတယ်။ 
.
၁၉၆၇ မှာ ဘော့ပီးယာစ် ဝေါဗီးရှင်းအဖွဲ့က အနားယူပြိး၊ ၁၉၇၈ အသက်၆၄ အရွယ်မှာ လူကေးမီယားရောဂါကြောင့် ကွယ်လွန်ပါတယ်။
.
.
ဝေါဗီးရှင်း တည်ထောင်ခြင်း World Vision International.
စာရိတ္တကောင်းသူ ခရစ်တော် ယေရှုကို ယုံကြည်သူများကပဲ ဦးဆောင်ကြတဲ့ ပရဟိတအဖွဲ့ဖြစ်ပေမဲ့၊ တကမ္ဘာလုံး လူမျိုးမရွေး၊ ဘာသာမရွေး နေရာဒေသအားလုံး၊ ဆင်းရဲမွဲတေတဲ့ နေရာဒေသများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေကြပါတယ်။ ဘာသာရေးခေါင်းဆောင်တိုင်း စာရိတ္တကောင်းတယ်လို့ ပြောလို့မရပါ။ စာရိတ္တကောင်းတဲ့ ခေါင်းဆောင်ဆိုတာ ချမ်းသာကြွယ်ဝသူများထံမှာ ပိုလျှံတဲ့ငွေများကို မရှိဆင်းရဲသားများထံ ရောက်ရှိစေရန်၊ အထူးသဖြင့် ပညာရေးကဏ္ဍမှာ ပံ့ပိုးကူညီရန် ဖြစ်ပါတယ်။ 
.
၁၉၅၀ ခုနှစ်မှာ ဝေါဗီးရှင်းကို ဘော့ပီးယားစ် နဲ့ သူ့မိတ်ဆွေ Frank Phillips တို့ အမေရိကန်ပြည်နယ်၊ ပေါ့တလန် Portland, Oregon မှာ စတင်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ် ကိုးရိးယားစစ်ပွဲ အလွန်ဆင်းရဲဒုက္ခရောက်နေချိန် တောင်ကိုးရီးယားကို စတင်လုပ်ဆောင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပရဟိတဥပဒေ 501(c)(3) နဲ့အညီ တည်ထောင်ထားပြီး ၂၀၁၇ မှာ နိုင်ငံပေါင်း ၉၇ခု မှာ ၀န်ထမ်းပေါင်း ၄၄၅၀၀ နဲ့ ကူညီပေးလုပ်ဆောင်နေပါတယ်။
Ref: https://goo.gl/5H3csk
.
.
သုံးသပ်ချက် (ပွင့်လင်းမြင်သာမှု)
ဆင်းရဲမွဲတေမှုများ ပပျောက်သွားအောင် တိုးတက်တဲ့နိုင်ငံများက အင်ဂျီအိုများ ဖွဲ့စည်းပြီး၊ လုပ်ကိုင်ကြပါတယ်။ အရေးပေါ် စစ်ဘေး၊ ရေကြီး၊ မီးလောင်၊မုန်တိုင်း၊ ငလျှင် စတဲ့ စစ်မက်နဲ့သဘာဝ ဘေးအန္တရယ်များ ဖြစ်လာရင်တော့ လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေး၊ လူအား၊ ပစ္စည်းများ ချက်ချင်းအကူညီပေးရပါတယ်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံများကိုတော့ အင်ဂျီအိုများက အထူးသဖြင့် မိန်းမများကို ကူညီ၊ အလုပ်အကိုင်ပေး၊ ချေးငွေပေးရပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ဆင်းရဲမွဲတေမှုဒဏ်ကြောင့် ငွေကိုမကိုင်တွယ်၊ မသုံးတတ်မှုတွေကြောင့် ငွေတိုးချေးစားသူများပြားလှပါတယ်။ သမ္မတဦးသိန်းစိန် တက်တာနဲ့ သူခမြာ ဒိလို ငွေတိုးချေးစားမှု ပပျောက်အောင် ၂၀၁၁ နိုဝင်ဘာလမှာ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ ကို ပြဌာန်းပါတယ်။ အဲဒီလုပ်ငန်းတွေလဲ လူတွေ အလုပ်အကိုင်အခွင့်လမ်း နည်းပါးတော့ ထွက်ပြေးကြတယ်၊ ပြန်လာပြီး ခပ်တည်တည်နေတယ်၊ အင်ဂျီအိုများစွာလဲ ဒီ အသေးစားငွေချေးလုပ်ငန်း လုပ်ရင်း ဆင်းရဲသားများလဲ လုံးပါးသထက် လုံးပါးလာပါတယ်။ 
.
၁၉၈၈ မှာ မြန်မာထက် ဆင်းရဲမွဲတေတဲ့ တရုပ်နိုင်ငံ ဘာကြောင့် ဆင်းရဲမွဲတေမှုက လွတ်မြောက်ရပါသလဲ။ တိန်ရှောက်ဖိန် နဲ့ ခေါင်းဆောင်ကောင်းများကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ကျေးလက်များမှာ ဥပဒေအရ ဆိုပြီး အနိုင်ကျင့်မဲ့ ပုဂလိက ကုမဏီများနဲ့ အစိုးရဌာဆိုင်ရာ ၀န်ထမ်းတွေကို တားဆီးဖို့ ပညာပေးခြင်းများစွာ ကွန်မြူနစ်ပါတီ လူငယ်ကေဒါများက လုပ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံလည်း ခေါင်းဆောင်ကောင်းများစွာ လိုအပ်ပါတယ်။ 
.
မိုက်ကရိုခရက်ဒစ် အသေးစားငွေချေးလုပ်ငန်းက ဆင်းရဲမွဲတေမှုအတွက် အဖြေမဟုတ်ပါဘူး။ အဖြေကတော့ နိုင်ငံခေါင်းဆောင် နဲ့ ဌာနဆိုင်ရာဝန်ထမ်းများ ထိပ်ဆုံးကစပြီး၊ အဆင့်ဆင့် Good Attitude စိတ်ကောင်းမေတ္တာ ရှိဖို့ပဲ ဖြစ်ပါတယ်။ အလုပ်လုပ်ရပါမယ်။ အလုပ်အကိုင်ဖန်တီးပေးနိုင်ရပါမယ်။ ဝေါဗီးရှင်း နဲ့ ဘရက် World Vision & BRAC အင်ဂျီအိုတွေ အောင်မြင်တာ စိတ်ရင်းမေတ္တာ ကောင်းသူများ ဦးဆောင်ကြလို့ ဖြစ်ပါတယ်။ 
.
ဇော်အောင်
၁၇.ဧပြီ.၂၀၁၈
မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်နေ့ ရွှင်လန်းကြပါစေ။ 
.
.
If you can't feed a hundred people, then feed just one. 
Mother Teresa
လူတစ်ရာကို မကြွေးမွေးနိုင်ရင်လဲ တစ်ယောက်ကိုပဲ ကြွေးမွေးပါ။ 
မာသာထရီစာ။

.
.

ဥပဒေ ဒေါင်းလုပ်ရန်
http://www.burmalibrary.org/docs18/2011-11-30-Myanmar_Microfinance_Law-en.pdf


Sunday, March 4, 2018

" ဖီးနစ်ငှက်တို့ ပျံသန်းရာ ... စာအုပ်အကြောင်း


M Zaw Aung is with Maung May and 3 others.
" ဖီးနစ်ငှက်တို့ ပျံသန်းရာ ...
...... အလင်းသစ်မှန်ကူကွက်များ " စာအုပ်အညွန်း
အောင်စိုးဥိး (မြင်းခြံ) ဆောင်းပါးပေါင်းချုပ် (၂)၊
စာစောင် မဂ္ဂဇင်းများမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးပေါင်း ၂၀ ခုကို စုပေါင်းဖော်ပြထားပါတယ်။
.
၁။ တန်ဖိုးမြင့်လူ့အဖွဲ့အစည်းသို့ .... SEE DO GET စက်ဝန်းမှာ ယုံကြည်စိတ်ချမှုအလွှာ Paradigm For Total Quality အကြောင်းဖြစ်ပါတယ်။
.
၂။ ကဋေလေးသန်း ခြေလေးလှမ်း .... ဆရာကြီးဦးအောင်ထွန်းသက်ရဲ့ ပြောင်းလဲမှုစီမံခြင်း ဆောင်းပါးကို မှီးပြီး Forming Storming Blorming Performing အဆင့်လေးဆင့်ကို လူ့ဘ၀ဖြစ်စဉ်နဲ့ ရေးသားထားပါတယ်။
.
၃။ Bloom's Taxonomy of Learning ဘလွမ်း ၏ သင်ယူမှုဆိုင်ရာ သဘောတရား ဆောင်းပါးဖြစ်ပါတယ်။
.
၎။ ယုံကြည်မှုအရှိန်မြှင့်ခြင်း ... ရင်းနှီးမြှတ်နှံမှုမှာ သယံဇာတ (၃)မျိုး သဘာဝ၊ လူသား နဲ့ ခရီးသွားခြင်း တွေနဲ့ ယုံကြည်မှုတည်ဆောက်ခြင်း အချက်များကို တင်ပြထားပါတယ်။ လူတော်လူကောင်းဖြစ်ဖို့၊ ယုံကြည်မှု(၅)လှိုင်း Self Trust, Relation Trust, Organization Trust, Market Trust, Social Trust တွေအကြောင်းဖြစ်ပါတယ်။
.
၅။ အောင်မြင်ဖို့ လူညီဖို့ "EQUIPPING" ..... ပီတာဒရပ်ကာ Peter Drucker ရဲ့ စီမံခန့်ခွဲခြင်းပညာနဲ့ တစ်ဦးခြင်း၊ အသင်းဖွဲ့လုပ်ဆောင်မှုများမှ အောင်မြင်မှုကို ရေးထားပါတယ်။
.
၆။ လူမှန်များကို ကူညီပံ့ပိုးခြင်း။ .... စာမျက်နှာပေါင်း ၄၀ အကျယ်ချဲ့ရေးသားတင်ပြထားပါတယ်။
.
၇။ ပရော်ဖက်ရှင်နယ် စက်ဝိုင်း (သို့မဟုတ်) သင်ယူခြင်းသံသရာ
.
၈။ မြန်မာနှင့်ခွေးမ၀င်ရ .....မြန်မာနိုင်ငံရှိ ဘွဲ့ရ၊ ဘွဲ့မရ လူငယ်များစွာရဲ့ ပကတိလက်ရှိအခြေအနေ မကောင်းလှကြောင်းကို ရေးသားထားပါတယ်။ နာဇီဟစ်တလာ ခေတ်က ဂျူးလူမျိုးများကို နှိမ်ပြီး ဂျူးနဲ့ခွေး မ၀င်ရဆိုင်းဘုတ် တပ်ထားတဲ့ စားသောက်ဆိုင်များလို မြန်မာလူငယ်များ မဖြစ်စေလိုတဲ့ စေတနာနဲ့ မြန်မာလူငယ်တွေ စည်းကမ်းရှိစေလိုကြောင်း ရေးထားပါတယ်။
.
၉။ Nick Vujicic ရဲ့ စကား ၁၀ခွန်း .... မှတ်သားရန်ဖြစ်ပါတယ်။
.
၁၀။ ထန်းရည်နဲ့ကြက်ကြော်ရသည် ... မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေး ပျက်စီးနေမှု ပကတိအခြေအနေများကို ကယ်တင်ပေးလိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။
.
၁၁။ ငါ့သင်္ဘောထဲ ရေ၀င်နေပြီလား .... ကမ္ဘာသူဌေးကြီး (၈)ယောက် ၁၉၃၂ မှာ ငွေအားနဲ့ ကမ္ဘာကြီးကို ပြောင်းလဲဖို့လုပ်တာ၊ ၂၅နှစ်အကြာမှာ သူတို့ဘ၀တွေပဲ ပျက်စီးသွားကြောင်း တကယ်အဖြစ်အပျက် ပုဂ္ဂိုလ်(၈)ဦး အကြောင်းနဲ့ စီးပွားရေး (ငွေ) အတွက်ပဲ အသက်ရှင်ဖို့မဟုတ်ကြောင်း၊ ဘ၀တန်ဖိုးဆိုတာကို နားလည်ဖို့ ရေးထားပါတယ်။
.
၁၂။ ပန်းနဲ့ပန်းပင်..... ကျောင်းသားနဲ့ဆရာ၊ သားသမီးနဲ့မိဘ၊ ဇနီးနဲ့ခင်ပွန်း ကွန်ယက်များအကြောင်း အတွေးအမြင်ဆောင်းပါး ဖြစ်ပါတယ်။
.
၁၃။ ရပ်တံ့ခြင်းအနုပညာ ..... အစကောင်းခြင်း၊ သူများထက်ဦးအောင်လုပ်နိုင်ခြင်းများထက် မည်သည့်အချိန်တွင် ရပ်တံ့ရမည်သိခြင်းက ပိုအရေးကြီးကြောင်း ရေးထားပါတယ်။ ပြောင်းလဲချိန်တန်ပြီ ..သိခြင်း ..။
.
၁၄။ စက်ဝိုင်းနှစ်ဝိုင်း .... ဆိုင်ကယ်စည်းကမ်းမဲ့ စီနင်းသူကို ရှောင်နိုင်ဖို့ ..သူ့ကို မလုပ်ရန်မတားဆီးနိုင်ပေမဲ့ ..သူ့ကိုလွတ်အောင်ရှောင်ပြီး မိမိခရီးကိုသွားခြင်းအကြောင်း ကိုယ်မလုပ်နိုင်တဲ့အရာအတွက် ဒေါသဖြစ်နေစရာ၊ ထိန်းချုပ်ဖို့မကြိုးစားသင့်ကြောင်း ရေးထားပါတယ်။
.
၁၅။ ခေါင်းဆောင်မှု ..... Manager နဲ့ Leader နှစ်မျိုးရှိကြောင်း၊ ယခုဆောင်းပါးတွင် Leadership အကြောင်း၊ တာဝန်များကို စာလုံး ၁၀လုံးဖြင့် ရှင်းပြပါသည်။
.
၁၆။ ကျွန်တော့်ဆရာ-ဒမ်မူရာစံ ... အစိုးရအလုပ်မှထွက်ပြီး သံမဏိစက်ရုံတွင် ပုဂ္ဂလိက အလုပ်လုပ်စဉ်က မြင်းခြံသံမဏိစက်ရုံ MEC မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက C.N.C စက်ပညာရှင် ဂျပန်ဆရာ Mister Damura ရဲ့ အလုပ်ချိန်လေးစားပုံ ဆောင်းပါးတိုဖြစ်ပါတယ်။ စစ်ဗိုလ်များက နာမည်ယူကြပုံ၊ လယ်မြေသိမ်းခံ လယ်သမားများနစ်နာမှုများလဲ ရေးထားပါတယ်။
.
၁၇။ အောင်မြင်မှုအတွက် လျှို့ဝှက်ချက် (၂)ခု ..... အမ်ခြောက်လုံး 6M, Man, Machine/ Method, Material, Money, Market အကြောင်းဖြစ်ပါတယ်။ ငွေ Money ကို အဆင့်၎ မှာပဲ ရှိပါတယ်။
.
၁၈။ ကိုယ်အိမ်ကွင်းမှာ ခြေစွမ်းပြခွင့်ရစေချင် ... တရုပ်ကုမဏီများ မြန်မာပြည်လာပြီး စီးပွားလုပ်ကြတယ်။ သန့်ရှင်းရေးကအစ နည်းပညာ၊ အုပ်ချုပ်ရေး အားလုံးကို တရုပ်တွေချည်း ခန့်ထားပြီး မြန်မာတွေ ဘေးရောက်နေတဲ့အကြောင်း ရေးထားပါတယ်။
.
၁၉။ ကနဦးခေါင်းစဉ်များ .... လူသားအရင်းအမြစ်များဖြစ်တဲ့ သဘာဝနဲ့လုပ်အား၊ လူ့စံချိန်စံညွန်း၊ အချိန်အသုံးချမှု၊ တာဝန်၊မေတ္တာ၊အပါယ်၊ စိတ်အမြင်ရှုဒေါင်းများ၊ တပြင်တည်းဖြစ်ခြင်း၊ One for all, All for one များကို ရှင်းပြထားပါတယ်။
.
၂၀။ နှင့် ၏ အလှသစ္စာ ... ပေါင်းစပ်လုပ်ကိုင်ကြသော လူ့လောကကြီးအကြောင်း sYNERGY ဥာလျှင် လောကဥစ္စာ အလှတ၇ားဖြစ်ကြောင်း အတွေးအခေါ် ဆောင်းပါး နဲ့ အဆုံးသပ်ထားပါတယ်။
.
.
ကိုအောင်စိုးဦး(မြင်းခြံ) BIO
TSP (ရေနံချောင်း) အဖွဲ့က ဦးနေမျိုးမောင် တို့ စုပေါင်း ပြုစုတဲ့ ပင်ကိုယ်အစွမ်းအစဖေါ်ထုတ်ခြင်း စာအုပ်ကို ကူညီပံ့ပိုးပေးတဲ့ ကိုအောင်စိုးဦး(မြင်းခြံ) ဖြစ်ပါတယ်။ ပင်ကိုယ်အစွမ်းအစ စာအုပ်နဲ့လက်တွေရလဒ်များအကြောင်း ဆောင်းပါးများစွာရေးသား ပံ့ပိုးပေးပြီး ကောလင်းမြို့ လက်တွေ့အကောင်ထည်ဖေါ်ခြင်း ၂နှစ်တာကလမှာ အကြိမ်တိုင်း ပါဝင်သွားရောက်ခဲ့ပါတယ်။ ထွန်ရေးအနက်၊ ထည်ရေးညက်ဖို့"၊ "နှင့်၏အလှသစ္စာ"၊ "စက်ဝိုင်းနှစ်ဝိုင်း"၊ ပညာရေးနဲ့ပတ်သက်ပြီး "Bloom Taxonomy" ဆောင်းပါး၊ အစရှိတဲ့ ဆောင်းပါးများရေးပြီး ကူညီခဲ့သလို ပုံနှိပ်ထုတ်ဝေ မိတ်ဆွေများကို ဝေငှေခြင်း၊ RIT ဆရာကျောင်းသားများ တွေ့ဆုံပွဲမှာ ဖြန့်ဝေပေးခြင်းများနဲ့ ပံ့ပိုးကူညီသူဖြစ်ပါတယ်။
.
လက်ရှိ " ရဲမွန် " သက်မွေးပညာသင်တန်းကျောင်းအုပ်ကြီး (2010 to now 2017) ဖြစ်ပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ရပြီး ကျောင်းဆရာ (လ/ထ ကထိက)၊ စက်မှု၁ ၀ါလုပ်ငန်း၊ အစိုးရအဖွဲ့အစီရင်ခံစာရေးသူ၊ MEG ဦးပိုင်လိမိတက် စတဲ့အလုပ်များစွာ အပြီးမှာ ကလေး၊လူငယ်များပြုစုသင်ကြားပေးခြင်းကို ဦးစားပေးလုပ်ကိုင်လျှက်ရှိပါတယ်။ လူငယ်ပေါင်း ၂ထောင်ကျော်ကို ဂဟေဆက်ပညာ၊ လျှပ်စစ်ပါဝါ နဲ့ အီလက်ထရွန်းနစ် ပညာရပ်များကို (အခမဲ့) သင်ကြားပေးနေသူဖြစ်ပါတယ်။ ကွန်ဖူးကိုယ်ခံပညာလဲ ခါးပတ်နက် ရရှိထားသူဖြစ်တော့ သင်တန်းမျာ လူငယ်များ စိတ်လက်လှုပ်ရှားဖို့ ကိုယ်ခံပညာများလည်း ထည့်သွင်းပို့ချပါတယ်။
.
မန္တလေးမြို့မှာ MSSI ဆိုတဲ့ အင်စတီကြုတခုကို စာရေးဆရာ(ဥိး)ကျော်ဝင်း ၊ ဦးခင်မောင်ရီ (Ph.D ဘွဲ့ကို သြစကြေးလျားနိုင်ငံမှ ရရှိခဲ့သူ) တို့နဲ့ တွဲဖက် ပို့ချနေပါတယ်။ ၂၀၀၄ ကတည်းက အစပျိုးခဲ့ပြီး ရရှိတဲ့ ထောက်ပံကြေးငွေအနည်းငယ်နဲ့ ၃လသင်တန်း၊ တလသင်တန်း များကို ဆရာ၎ဦးက ပို့ချပါတယ်။ သင်တန်းသားများက ဒေသခံအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာအဖွဲ့အစည်းများက ပို့လွှတ်တဲ့ လူငယ်များ အသက်၂၀ - ၃၅ တွေကို တတန်း အယောက်၂၀ ရှိပါတယ်။ သင်တန်းသားများဟာ ငွေကြေးအတွက် မလေးပင်ရအောင် သင်တန်းကြေးမယူတဲ့အပြင်၊ စားစရိတ်၊ နေ့တွက်စရိတ်တွေပါ အလှုရှင်များရဲ့အလှုပေးငွေများနဲ့ ပံ့ပိုးပေးပါတယ်။
.
ဆရာဦးအောင်စိုးဦးက စီမံခန့်ခွဲမှု နဲ့ပတ်သက်ပြီး ပြောပြပါတယ်။
* အလုပ်လုပ်ကိုင်ရာမှာ လူ့ စေတနာမေတ္တာ စိတ်ကောင်းရှိပေမဲ့ Before / During / After အဆင့်၃ဆင့် ခွဲပြီး ဦးစွာလေ့လာ ဆန်းဆစ်ရပါမယ်။ လုပ်ဆို အထက်ကအမိန့်အတိုင်း ထလုပ်လိုက်ရင် အကျိုးရလဒ် သိပ်မရတဲ့အပ်ြင ဆုံရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။ အုပ်ချုပ်သူ လူကြီးများဟာ အချိန်ပေးပြီး စာဖတ်ရပါမယ်။ နားထောင်၊ နှုတ်အမိန့်နဲ့လုပ်တဲ့ စစ်အာဏာရှင် အရိပ်များကို ပြောင်းလဲရာမှာ စာကောင်းစာပေ တတ်နိုင်သလောက်ဖတ်၊ ပြောတာ နားထောင်ရုံတင်မက ပြောသွားသူများ ဝေငှတဲ့ စာအုပ်များကိုလဲ ဖတ်ဖို့ ၊ စမြုံပြန်ဖို့ လိုပါတယ်။ ဥပမာ ပီတာဒက်ကာ စီမံခန့်ခွဲရေးစာအုပ်များဟာ အလွန်ကောင်းပါတယ်။
.
* အကောင်းဆုံးလုပ်ရမှာက ကြယ်ငါး ဆောင်းပါးလိုပါပဲ၊ ပင်လယ်ကမ်းခြေမှာ သူငယ်ချင်း၂ယောက် လမ်းရှောက်ချိန် တယောက်က ကုန်းပေါ်တင်နေတဲ့ ကြယ်ငါးတွေ တကောင်ခြင်းကောက် ရေထဲပစ်ချရင်း စကားပြောကြတယ်။ တခြားတယောက်က မင်းကွာ၊ ကြယ်ငါးတွေအများကြီး ကုန်းပေါ်တင်နေတာ မင်းတယောက်ထဲ ကယ်တင်နေလို့ ဘာထူးမှာလဲ မေးတော့၊ ဟုတ်ပါတယ်၊ မင်းပြောတာမှန်ပါတယ်၊ ဒါပေမဲ့ အကုန်တော့မကယ်တင်နိုင်ဘူး၊ ငါရေထဲပစ်ချလိုက်တဲ့ကြယ်ငါးတွေတော့ အသက်ရှင်ဖို့လမ်းများသွားတာပဲ ငါတတ်နိုင်တယ်။ ငါတတ်နိုင်တာပဲ ငါလုပ်နေတာပါ...လို့ ပြန်ဖြေသတဲ့။
.
ကိုအောင်စိုး(မြင်းခြံ) လည်း သူတတ်နိုင်တာ၊ သူကယ်တင်နိုင်သလောက် သူလုပ်နေတာပဲ ဖြစ်ပါတယ်။ အဘ ဦးမောင်ဘို၊ အမိ ဒေါ်ခင်ထွေး တို့မှ မြင်းခြံမြို့မှာ ၁၉၆၀ မွေးဖွားခဲ့သူဖြစ်ပါတယ်။
.
.
TSP ပညာရေး ပင်ကိုယ်အစွမ်းစမြှင့်တင်ရေး စာအုပ်ဖြစ်ပါတယ်။ ရောင်းဈေး ၃၀၀၀ကျပ်။ ၂၀၁၇ အောက်တိုဘာလ ထုတ်ဝေသည်။ ထုတ်ဝေသူ ဦးကိုကို (မြဲ-၀၀၄၁၃)။ ရန်ကုန်စာအုပ်ဆိုင်များတွင် ရနိုင်ပါသည်။
.
The End..