Showing posts with label Politic နိုင်ငံအရေး. Show all posts
Showing posts with label Politic နိုင်ငံအရေး. Show all posts
Saturday, December 21, 2019
ကျပ်၁ထောင်တန် ငွေစက္ကူ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပ်ုံနဲ့
ကျပ်၁ထောင်တန် ငွေစက္ကူ ဗိုလ်ချုပ်အောင်ဆန်း  ရုပ်ပ်ုံနဲ့ 4-1.2020 မှာ စတင်ထုတ်ဝေမဲ့သတင်းကို ကြိုဆိုရပမယ်။ မြန့်ငွေကြေးမှာ တိရိစ္ဆာန် မျာပဲ ထည့်သွင်း ရခြင်းများကို ပြုပြင်ပြောင်းလဲခင်းပါပဲ.။
https://www.mrtv.gov.mm/mm/news-60816
.
ဒေါက်တာကျော်ဆွေ ရဲ့ စိုးရိမ်စွာတင်ပြချက်က ဘာပဲဖစ်ပါစေ အလွန်ဗဟုသုတရဖွယ် ငွေစက္ကရိုက်ထုတ်တဲ့ နည်းစနစ်နဲ့ နိုင်ငံတကာ လိုက်နာရတဲ့ ဘဏ္ကာရေး နည်းစနစ်၊ ကျင့်ထုံးများ ကို လေ့လာနိုင်ပါတယ်။ images များကို ဖတ်ရှု နိုင်သလို Web Link မှလည်း ရနိုင်ပါတယ်။
http://burmachannel.website/archives/359
Saturday, April 6, 2019
အကောင်းမြင်ချက်. Myanmar Politic 2018.may
အကောင်းမြင်ချက်
ကျနော် ရေးချင်တာကိုလဲ လူတွေနားမလည်ဘူး။ ဒါလဲ ကျနော့်  အားနည်းချက်ပါပဲ။  အခု မြန်မာနိုင်ငံမှာ ဦးသိန်းစိန်ခေတ်ကတည်းက အားလုံးနီးပါး မြေရရှိရေး (မောင်နှမတွေ ဘိုးဘွားပိုင်မြေခွဲယူဖို့ .. အစိုးရအရာရှိဆိုရင်လဲ ဌာနပိုင်မြေကို ငှားဖို့) ဒါပဲ စိတ်ဝင်စားနေကြတာလဲ ၀မ်းနည်းစရာပါ။ အကြမ်းဖျင်းသုံးသပ်ကြည့်ရင်..။
.
၂နှစ်ခွဲအတွင် အထိရောက်ဆုံးလုပ်ရပ်တွေက
.
* တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ပွင့်လင်းစွာ ပြောလာအောင် လမ်းဖွင့်ပေးတယ်။ ပြောချင်တာ ပြောလိုက်၊ ရေးပြလိုက်တော့ တင်းမာမှု အတိုင်းတာတခု အထိ ရော့ ကျသွားပါတယ်။ ၂နှစ် အချိန်ပေးလိုက်ရပါတယ်။
.
* ပညာရေးစနစ်မှာ ဆရာတွေကို နေ့တွက်အနည်းငယ် ပေး၊ လုပ်ပိုင်ခွင့်ပေး၊ ရာထူးတိုးဖို့ ပွင့်လင်းမြင်သာအောင်လုပ်ပေးပြီး၊ ဘတ်၈ျတ်ကို မိုဘိုင်းဖုန်း ၅% ထည့်၊ 3% to 7.1% of Budget  တိုးပေးပါတယ်။ ကလေးတွေကို ကျောင်းစိမ်း၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နဲ့စာရေးကရိယာများ အခမဲ့ ပံ့ပိုးတယ်။  ၁၀တန်းအထိ မအောင်မနေရ . အဆင့်၁ ၂ ၃ စနစ် ကနေ Grade A, B, C, D ပြောင်းပေးလိုက်တော့ မိဘတွေ ကျောင်းအုပ်၊ အတန်းပိုင်ဆရာတွေကို လာပ်ပေးစရာမလိုတော့ပါ။ ဆရာတွေ ကျူရှင်ပြတာ ၀ိုင်းလောက်ပဲ ရှိတော့မယ်။ ဆရာတွေ အင်္ဂလိပ်စာ သင်တန်းပို့ချနေတာပါ။ ကလေးတွေတော့ မတတ်သေးပါဘူး။ ဂျပန် သင်ရိုး ပထမတန် စတင်နိုင်တယ်။၊ ဒုတိယတန်းတွေ ဒီနှစ်စပါမယ်။ ဒါက ရေရှည် မြန်မာနိုင်ငံရဲ့ အဆိုးဝါးဆုံး စိတ်ဓါတ်တွေ ပျက်စီးနေတာကို ကျောင်းဆရာ ၄သိန်း ကိုပဲ စတင်ပြောင်းလဲ ဖို့ ကြိုးစားပါတယ်။ တက္ကသိုလ် ဆရာတွေကတော့ သိပ်မထူးခြားပါ။ ကျောင်းသား မိဘချမ်းသာသူတွေက ဆရာမတွေကို လာပ်ပေးနေဆဲပါပဲ။ ကျောင်းသားတွေ အရက်၊ မူးရစ် နဲ့ မပျက်စိးအောင် ကလေးထိန်းခ တဲ့။
.
* တရားရုံးတွေက အဂတိအလွန်များလို့ အမြင့်ဆုံး တရားသူကြီးချုပ်အဖွဲ့ကို လူတွေလဲခြင်း၊ လူသစ်၎ယောက်ထပ်ဖြည့်ခြင်း တွေကလဲ ချီးကျူးစရာပါ။
.
* မြေသိမ်း အမှုတွေကိုလဲ တရားရုံးမသွားပဲ မြေယာကော်မတီနဲ့ ပြီးပြတ်အောင်လုပ်နေကြပါတယ်။ လွှတ်တော်က အစိုးရကို မောင်းနှင်နိုင်ခဲ့တယ်။
.
* ၂နှစ်ကျော်အကြာမှာ သမ္မတဦးဝင်းမြင့် တက်လာပြီး၊  လွှတ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသ ၀န်ကြီးချုပ် နဲ့ ၀န်ကြီးတွေကို ..ပိုင်ဆိုင်မှု ကြေငြာခိုင်ပါတော့တယ်။ အဂတိလည်း စတင် အရေးယူပါတော့တယ်။ ပြည်ထောင်စု ၀န်ကြီးအဆင့်ထိ အရေးယူနေတဲ့ အခြေအနေရောက်နေပါတယ်။
.
* စီးပွားရေး ကတော့ ဦးအောင်နိုင်ဦး တို့ ကုမဏီမှတ်ပုံတင်ခြင်းနဲ့ ရင်းနှီးမြှတ်နှံမှု ဌာနက ဥပဒေတွေ အများကြီးရှော့ ပေါ့ပေးလိုက်ပါတယ်။ စိုက်ပျိုးမွေးသမျှ ..တိုးတက်နေတဲ့ တရုပ်နိုင်ငံကြီးက ၀ယ်စားနေတော့ ဆန်တောင်မှာ မြန်မာသမိုင်းတွင်အောင် အများဆုံး တင်ပို့နိုင်ပါတယ်။
.
* Corruption Index ဆိုတဲ့ အဂတိအညွန်း တော်တော်လေး တိုးတက်လာပါတယ်။ ၂၀၁၁ တုံးက အဆင့် ၁၇၀ (ရမှတ် ၇) ကနေ ၂၀၁၇ မှာ အဆင့် ၁၃၀ (ရမှတ် ၃၀) တိုးတက်လာတာ အံ့သြစရာ လုပ်ရပါ။
.
.
အားနည်းချက်တွေကတော့
အများကြီးပါ။ စစ်တပ်ကို ခေါင်းဆောင်ပိုင် ရင်ကြားစေ့စပ်နိုင်ပုံ ရပေမဲ့ လွှတ်တော်ကိုယ်စားလှယ် အဆင့်တောင် စစ်တပ်ကို မနိုင်သေးပါဘူး။ အလုပ်အကိုင်တွေလဲ နည်းပါးနေဆဲ၊ ဆင်းရဲမွဲတေလွန်းတာ ၀ိသမ ငွေချေးစားသူများကို မထိန်းနိုင်သေးဖြင်း ကြောင့်ပါ။ အဂတိ တိုက်ဖျက်ရေးကို ဥက္ကဌ ဦးအောင်ကြည် အဖွဲ့သစ်နဲ့ လှုပ်ရှားနေပြီး FDA ညွန်ချုပ် (မိုးကျကိုယ်တော်) ကို ဖမ်းဆီးနိုင်ပေမဲ့ ငါးကြီးကြီး ကြော်ဖို့တော့ မလွယ်သေးပါဘူး။ ဦးသိန်းစိန် ခေတ်မှာ ရာထူးချ၊ နယ်ပြောင်း၊ အလုပ်ထုတ် ဒါတွေပဲ လုပ်ပြီး အရေးယူ၊ ထောင်ချ၊ ပိုင်ဆိုင်မှုသိမ်း မလုပ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည် ၂နှစ်ခွဲ ကာလမှာလဲ မလုပ်နိုင်သေးပါဘူး။ ထွက်ပြေးနေတဲ့ တရားသူကြီးတွေ၊ မြေစာရင်းအရာရှိတွေ များပါတယ်။
.
တောင်သူတွေကို ငွေတိုးချေးစား နေတဲ့ ငွေရှင်များကို မထိန်းကွပ်နိုင်ပါ။ စိုက်ပျိုးစရိတ် ချေးငွေများအစား စိုက်ပျိုးပစ္စည်း ၀ယ်ယူတဲ့ တိုကင် ပေးနိုင်ရင် တောင်သူများ ငွေရလို့ ဖြုန်းတီး၊ ပျော်ပါး ခြင်းများကို ကာကွယ်နိုင်မှာပါ။ ရိတ်သိမ်းချိန်လွန် နည်းပညာ (ကုန်လှောင်ရုံစနစ် နိုင်ငံတော်က ရင်းနှီးမြှတ်နှံရင်) စပါး၊ ပဲ ပွဲစားများကြောင့် တောင်သူများ နစ်နာမှုတွေ ကာကွယ်နိုင်မှာပါ။ တောင်သူများလည်း သူတို့ဒေသတွေမှာ အဖွဲ့စည်းနဲ့ လုပ်ကိုင်တတ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှုးများကို မောင်းနှင်ဖို့လိုပါတယ်။ ရပ်ကျေး အုပ်ချုပ်ရေးမှု ရွေးကောက်ပွဲများမှာ ပညာတတ်များ ၀င်အရွေးမခံပဲ၊ ၁၀တန်းမအောင်သူများပဲ လုပ်နေဆဲပါ။ ရန်ဖြစ်၊ မူရစ်၊ လောင်းကစား၊ အရက်၊ လူမှုရေးတွေချည်း ဖြေရှင်းနေရလို့ အရည်အချင်းရှိသူများက ရပ်ကျေး အုပ်ချုပ်ရေးမှု (ထွေအုပ်) မလုပ်ချုင်ကြပါ။
.
ခြုံကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည် ကို ဆက်ခံနိုင်မဲ့ လူမရှိပါ။ အမှားတွေ အများကြီး ရှိပေမဲ့ သူ့လူတွေကလဲ လူသစ်တွေချည်းပါပဲ။ စစ်တပ်က ခံနေတော့ နောက်ကွယ် လက်မဲကြီးတွေ ရဲ့ ခရိုနီလုပ်ငန်းများက ပန်းပန်နေဆဲ ဖြစ်ပေမဲ့ ၂၀၁၈ မတ်လ နောက်ပိုင်း ခေါင်းဆောင်တွေ ခေါင်မိုးလုံဖို့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးဝင်းမြင့် ကို တာဝန်ပေးနေတာ .. အောင်မြင်ပါစေပဲ မျှော်လင့်ပါတယ်။ ကျနော် အမြင်ကတော့ (အကောင်းမြင်စိတ်၊ ဒေါ်အောင်ဆန်းစုကြည် ကြည်ညိုစိတ်) နဲ့ဆိုတော့ အခြေအနေ ကောင်းနေတဲ့ ပုံပါပဲ။
.
ကျွန်တော်လို စီးပွားရေး ပညာရှင်မဟုတ်သူက နောက်ဆုံးသုံးသပ်ချက်ကတော့ ကြွေးမြီ (ပြည်တွင်း၊ ပြည်ပ) နဲ့ ဂျီဒီပီ အချိုးက ၃၈.၀ ထက် ရော့ နည်းသွားတာပဲ ၀မ်းသာစရာပါ။ ချေးငွေ ပီပီပီ နိုင်ငံခြားရင်းနှီးမှျုွှေကို ကုန်ထုတ်လုပ်ငန်း ဂျီဒီပီ နဲ့ လျှပ်စစ်၊လမ်းတံတား တွေမှာ အကျိုးရှိအောင် သုံးနိုင်ဖို့လိုပါတယ်။ အဂတိ နည်းပါးရေးပဲ အလွန်အရေးကြီးနေပါတယ်။ အောက်ခြေ ၀န်ထမ်းများကို ပေးရတာ အရေးယူစရာမလိုပါ၊ ခေါင်မိုးလုံအောင် ပြည်ထောင်စုအဆင့် ၀န်ကြီး၊ တိုင်းဒေသ ၀န်ကြီးချုပ်နဲ့ဝန်ကြီးများကို ရိုးသားကြိုးစားရုံမက၊ ထက်မြတ်တဲ့ အကြံပေးပုဂ္ဂိုလ်များ ပံ့ပိုးပေးဖို့လိုပါတယ်။ သူတို့မှားယွင်း သုံးသပ်ခြင်း၊ အဂတိပါရှိခြင်း တွေက ဘတ်ဂျတ်ရဲ့ ၅% ကနေ ၁၀% အထက် အများကြီး နစ်နာ သွားနိုင်ပါတယ်။
.
ပုံ - ၂၀၁၁ မှ ၂၀၁၇ အထိ ကြွေးမီနှင့် ဂျီဒီပီ အချိုး ၊ ပြည်ထောင်စုလွှတ်တော် ငွေကြေးပူးပေါင်းကော်မတီ မှ အစီရင်ခံစာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ၀က်ဆိုဒ်မှာ အလွယ်တကူ ပွင့်လင်းမြင်သာစွာ ဒေါင်းလုပ်နိုင်ပါတယ်။
.
Ref,
https://m.facebook.com/story.php?story_fbid=10155769901973472&id=755653471
.
မြစ်ဆုံရေကာတာ..2018.2019
မြစ်ဆုံရေကာတာ
ကျနော်တို့ မြစ်ကြီးနားမြို့ မိဖ လူအားလုံးနီးပါး က ကန့်ကွက်တယ်။ အထပ်၅၀ (ပေ၅၀၀ မြင့်တဲ့ ရေလှောင်ကန်ကြီး.. တခုခုဖြစ်လို့) ရေတွေ ပြိုကျလာရင် တနာရီ မိုင်၁ရာကျော် နှုန်းနဲ့ ရေထုကြီး .. သြော်. ကချင်ပြည်နယ် မြို့တော်ကြီး မိနစ်၂၀အတွင်း မြုတ်သွားမယ်။ နာဂစ်မုန်တိုင်းမှာ လူ၂သိန်းသေတာက သဘာဝဘေးဒဏ်..မြစ်ဆုံရေကာတာကျိုးလို့. ရေကျော်လို့. ဖွင့်ချလိုက်လို့.. လူ၂သိန်းသေရင်..ဆောက်ဖို့..ဆုံးဖြတ်တဲ့.ရန်ကုန်၊ နေပြည်တော် နေထိုင်သူတွေက ဘာမှမဖြစ်ဖူးလေ.. အရင် ဦးသန်းရွှေခေတ် ဆုံးဖြတ်သူများ လာပ်ငွေ ယူကြမှာ သေချာပါတယ်။ ထားပါတော့။ .မြန်မာ့ဆက်သွယ်ရေး အင်ဂျင်နီယာဟောင်းကြီး. ဆရာ ဦးဟံသာမြင့် တို့က ရန်ကုန်သား ဆိုတော့. တမျိုးသားလုံး စီးပွားရေး နဲ့ ယှဉ်ပြီး စဉ်းစား..ဆိုတော့ အများစုက အမြင်တူပါတယ်။ ရှယ်လိုက်ပါတယ်။ ဒါပေမဲ့ ဆက်လုပ်မယ် မလုပ်ဖူး တော့ ဆရာဦးဟံသာမြင့် မရေးထားဘူး။ အမြင်တူ မှာမဟုတ်ပါ။.အမြင် မတူသူများ စုပေါင်း ဆွေးနွေးခြင်း. ဆုံဖြတ်မှုကို လိုက်နာခြင်း တွေက ဒီမိုကရေစီ ရဲ့ ကောင်းချက် ဖြစ်ပါတယ်။ အစိုးရ.မြစ်ဆုံရေကာတာ အဖွဲရဲ့ အစီရင်ခံစာလဲ ထွက်ပြီ လားမသိ။
.
ကျနော် ရေအားလျှပ်စစ် အမြန်လုပ်မဲ့  ဘက်တော် သားပါ။ ဧရာဝတီ မြစ်ကိုပိတ် ဆည်လုပ်မယ်ဆိုလဲ မြစ်ညှာ မှာ လုပ်ရင် ကချင်ပြည်နယ်သားတွေ.. သဘောတူနိုင်မယ်။ အကျိုးစီးပွား ရလာတဲ့ လျှပ်စစ် ၁၀% ပဲ မြန်မာအစိုးရက ရပြီး. ကချင်ပြည်နယ်အစိုးရက ဘယ်လောက်ရမှာလဲ..ဘာမှ ရေးမထားတဲ့ 'တဖက်သပ် စာချုပ်' က အဓိက ပြသနာ အကြီးဆုံးပါပဲ။
.
မြစ်ကြီးနား နဲ့..၂၁မိုင်ပဲ ဝေးတဲ့ မြစ်ဆုံ.. ကချင်ပြည်နယ်သားများ အသဲနှလုံး နေရာကို တရုပ် ကုမဏီထံ ရောင်းစားမဲ့အစား..မြစ် အညာဘက်မှာ စရိတ်ပိုကြီးပေမဲ့ ဆောက်လို့ ရပါတယ်။ မြစ်ဆုံဆည်ကို ထာဝရ ရပ်ဆိုင်းပေးကြပါ ခင်ဗျား။ . စစ်ကိုင်းရိုးမ. ငလျင်ကျောနဲ့လဲ နီးတယ်လေ။
.
မနေ့က မြန်မာတိုင်း အင်တာဗျူး ဖုန်းခေါ်လို့ ဒီအကြောင်း ပြောပြလိုက်တယ်။ ၂၀၂၀ မတိုင်မီ မြစ်ဆုံ ကိစ္စ ချပြမယ် မျှော်လင့်ကြောင်း။ ဒေါ်လာ သန်း၈၀၀ ကုန်သွားပြီ..နှစ်စဉ် ၄% အတိုးနဲ့ စာချုပ်နှောင့်နှေးခ တနှစ် ၅၅သန်း ပေးနေရကြောင်း. ဖတ်မိတယ်။..စဉ်းစားတယ်။ သူတို့ တောင်းတိုင်း. NLD အစိုးရသစ်က ပေးမှာ မဟုတ်ပါ။ လက်ရှိ ကမ္ဘာဘဏ်၊ ဂျပန် JICA, ဂျာမဏီ၊ အီးယူ၊ တောင်ကိုးရီးယား ချေးငွေတွေက နှစ်ရှည် 0.1% အတိုးပေးရပြီး၊ တရုပ်က အဲဒီကာလမှာ 4% အတိုးတောင်းသမျှ စာချုပ်ချုပ်ခဲ့တာတွေ..အဲဒီ စာချုပ် တာဝန်ရှိသူများ အသက်ရှင် သြဇာရှိနေဆဲ.. ဆိုတာတွေ စဉ်းစားနေမိပါတယ်။
ဇော်အောင် (မုံရွာ)
...
မိမိသုံးသပ်ချက် link
https://m.facebook.com/story.php?story_fbid=10156298737828472&id=755653471
.
Ref Data
https://en.m.wikipedia.org/wiki/Myitsone_Dam
.==============
.
သခင်သိန်းဖေ (သိန်းဖေမြင့်)ရဲ့ သား၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့် ရေးထားတဲ့ ဆောင်းပါး။
" ဧရာဝတီကို သိမ်မွှန်းလွန်းရင် ဗမာလူမျိုးကြီးကို ဗဟိုပြုတဲ့အတွင်းစိတ်တွေက ဖုံးမရပဲ ပေါ်လာခြင်းပဲလို့ ကျွန်တော်ခံစားရပါတယ်။ "
"ဧရာဝတီကို ကယ်တင်ရမှာလား ဧရာဝတီကို ထိန်းကွပ်ရမှာလား ရည်ရွယ်ချက်က ပီပြင်ဖို့လိုပါတယ်။ x x x ဆည်တွေဆောက်ရင် မြစ်ကြီးပျောက်သွားမယ်လို့ တကယ်ပဲ စိုးရိမ်နေကြသူတွေကို ဘာကြောင့်ပညာရှင်တွေက ရေငုံနှုတ်ပိတ်နေကြသလဲ။"
"ဧရာဝတီမို့လို့ ရေအားလျှပ်စစ်မထုတ်ရဘူး။ ဧရာဝတီမြစ်ပေါက်ဖွားရာ မြစ်လက်တက်နှစ်ခုမို့လို့ ဆည်မဆောက်ရဘူး။ ဒါထက်ပိုပြီး ဘယ်ဆည်မှ မဆောက်နဲ့တော့လို့ မျက်စိမှိတ်ပြီး ငြင်းနေတာ မသင့်ဘူးထင်ပါတယ်။ "
(ဒီလှိုင်းဂျာနယ် အတွဲ(၅) အမှတ် (၃၂)ထုတ်ဂျာနယ်ထဲက ဆောင်းပါး)
----------------------------------------------------------------------------------
မြစ်ဆုံစီမံကိန်းနှင့် ရေအားလျှပ်စစ်စီမံကိန်း
ဟံသာမြင့်
သြဂုတ်လ ၁၂ ရက်က နိုင်ငံတော်သမ္မတက ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများလေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကိုဖွဲ့စည်းလိုက်ပါတယ်။ ကော်မရှင်ရဲ့ တာဝန်များထဲမှာ ကော်မရှင်ဟာ အကြုံပြုချက်၊သုံးသပ်ချက်များကို ပြန်လည်တင်ပြရာမှာ ဒေသခံပြည်သူများနှင့် လူမှုအဖွဲ့အစည်းများရဲ့ ဧရာဝတီမြစ်အပေါ်ရင်ထဲမှာ ခံစားအလေးထားသည့် ခံစားချက်များကို ထည့်သွင်းစဉ်းစားရမယ်လို့ ပါဝင်ပါတယ်။ ဧရာဝတီမြစ် ဟာ တစ်ပြည်လုံးနဲ့ ဆိုင်တာလို့ ဆိုကြလေတော့ ကျွန်တော်လဲ ဒေသခံပြည်သူတစ်ဦးပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ခံစားချက် သဘောထားအမြင်များကို တင်ပြလိုက်ပါတယ်။
ဘယ်သူဘယ်အဖွဲ့အစည်းနဲ့မှ မပက်သက်ပါဘူး။ကျွန်တော့် တင်ပြချက်များဟာ ကျွန်တော်အလွန်လေးစားရင်းနှီးနေတဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ အမြင်နဲ့ ဆန့်ကျင်နေမယ်ဆိုတာလည်းသိပါတယ်။ ဒါပေမယ့် ပြောပါရစေ။
ကျွန်တော့်အသက်ဆယ်နှစ်ပြည့်မယ့် နွေရာသီကျောင်းပိတ်ရက်မှာ ပုဂံရက်သတ္တပတ်ဆိုတဲ့ ယဉ်ကျေးမှုဌာနက ကြီးမှူးတဲ့ ခရီးစဉ်ကို အဖေနဲ့ အတူလိုက်ခဲ့ရတယ်။ ပုဂံဘုရားတွေကို ဖူးရင်း ဧရာဝတီမြစ်ကို စတင်မြင်ဖူးပါတယ်။ အဲဒီအစီအစဉ်ကြီး အပြီး ပုဂံကနေ မြင်းမူကို သဘော်နဲ့၊ မြင်းမူကနေ မုံရွာကိုမီးရထားနဲပ ခရီးဆက်ပြီး မုံရွာရောက်တော့ ချင်းတွင်းမြစ်နဲ့ ကိုက်တစ်ရာလောက်သာဝေးတဲ့ ဦးလေးတို့အိမ်မှာ တည်းရလေတော့ ချင်းတွင်းမြစ်ကိုတွေ့ဖူးရပြန်ပါတယ်။ မုံ၇ွာက အပြန် မ္နလေးကို ရထားနဲ့အသွားတဲ့အခါကျတော့လဲ အင်းဝတံတားအောက်က ဧရာဝတီမြစ်ကိုထပ်ပြီး မြင်ရပြန်တာပေါ့။ မူလတန်းပထ၀ီဝင်ဘာသာထဲမှာ ဧရာဝတီမြစ်ထဲကို ချင်းတွင်းမြစ်က စီးဝင်တယ်ဆိုတာကို သင်ထပြီးသားဖြစ်ပေမယ့် အဲဒီတုန်းကတည်းက ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်အရင်က မြင်ဖူးတဲ့ ပုဂံကမြစ်နဲ့ မုံရွာက
မြစ်က တစ်ဆက်တည်းဖြစ်ပြီး အင်းဝတံတားအောက်က မြစ်က မြစ်လက်တက်လို့ခံစားလိုက်ရတယ်။ မှားမှန်းတော့သိတယ်။ ခံစားရတာဆိုတော့ ဘယ်တတ်နိုင်မလဲ။
ဒါတင်မကပါဘူး။ ဆယ်တန်းလောက်ရောက်တော့ ရန်ကုန်တက္ကသိုလ်မှာ ရူပျေဒဆရာမလုပ်တဲ့ ကျွန်တော့်အမေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဧရာဝတီမြစဟ်ဟာ စစ်တောင်းမြစ်နဲ့ တစ်ဆက်တည်းပဲလို့ နောက်တော့မှရေကြောင်းပြောင်းသွားလို့ အနောက်ဖက်ကို ကွေ့ပြီး ချင်းတွင်းနဲ့ သွားပေါင်းတာလို့ ပြောလိုက်တော့ ကျွန်တော့်ခံစားချက်က ယုတ``တိနဲပပေါင်းပြီး ပိုခိုင်သွားတာပေါ့။ အခုနောက်ပိုင်း ဧရာဝတီအကြောင်းရေးကြတာ ပြောကြတာ များပေမယ့် ချင်းတွင်းနဲ့ ဧရာဝတီဆုံတဲ့ မြစ်ဆုံရဲ့ အပေါ်ဘက်မှာ ဘယ်မြစ်ကပိုကြီးသလဲ (တစ်နှစ်အတွင်းဘယ်မြစ်ကရေပိုစီးလဲ) ဆိုတာ မပြောနိုင်ကြတော့ ပိုပြီးခံစားရပါတယ်။
ချင်းတွင်းကိုပိတ်ပြီးရေအားလျှပ်စစ်ထုတ်မယ့် ထမံသီစီမံကိန်းဆိုတာ ကျွန်တော်တို့ကြားဖူးနေတာ နှစ်ပေါင်းငါးဆယ်လောက်ရှိနေပါပြီ။ တိုင်းထွာလိုက်၊ဒီဇိုင်းထုတ်လိုက်လုပ်နေတာလဲ ဆယ်စုနှစ်သုံးခုလောက်ရှိနေပြီထင်ပါရဲ့။ ဘယ်သူမှ ကန့်ကွက်ကြတာလဲ မကြားခဲ့ဖူးပါဘူး။ မြန်မာနိုင်ငံရဲ့ အသည်းနှလုံးမဟုတ်လို့လား။ ချင်းတွင်းရဲ့ မြစ်လက်တက် ဥရုမြစ်လဲ ပျက်နေတာကြာပါပြီ။
ဘယ်သူမှ မအော်ကြပါဘူး။ မြစ်ကိုလာဖျက်နေတာ ဗမာပြည်ကတက်လာပြီး ရွှေတူး၊ကျောက်တူးနေတဲ့ ဗမာတွေမို့လို့ ထင်ပါရဲ့)။
ဧရာဝတီမြစ်ကြီးက မြန်မာနိုင်ငံရဲ့ အသည်းနှလုံးဆိုရင် သံလွင်တို့၊စစ်တောင်းတို့၊ ကုလားတန် တို့ကရောဘာတွေလဲ။ သရေခေတ္တရာယဉ်ကျေးမှုတို့ ပုဂံတို့ အင်းဝတို့ ဒေသတွေဆိုရင်သံလွင်မြစ်ဝက မုတ္တမတို့ သထုံတို့ စစ်တောင်းကမ်းပါးက တောင်ငူတို့ ပဲခူးမြစ်ဘေးက ဟံသာဝတီတို့ ဒဂုန်တို့ကတော့ မြို့ဟောင်းတို့ထားဝယ်တို့ ကကောအရေးမပါဘူးလား။ ဧရာဝတီမြစ်ကြီးအရေးပါတာမှန်ပါတယ်။ ဒါပေမယ့် ဧရာဝတီကို သိမ်မွှန်းလွန်းရင် ဗမာလူမျိုးကြီးကို ဗဟိုပြုတဲ့အတွင်းစိတ်တွေက ဖုံးမရပဲ ပေါ်လာခြင်းပဲလို့ ကျွန်တော်ခံစားရပါတယ်။ ကိုယ့်ခံစားချက်ကိုယ်ပြောတာပါ။ သူများတွေတော့မသိပါ။
ဧရာဝတီကို ကယ်တင်ကြလို့ အော်နေကြပြန်ပါပြီ။ တကယ်ဖြစ်နေတာက ဧရာဝတီကမှ ကယ်တင်ကြဖြစ်နေတာ မမြင်လို့ လား၊ ရေကြီးတာ၊သစ်တောတွေခုတ်ပြစ်လို့ဆိုတ မှန်ပုံရပါတယ်။
အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းကာစတုံးက ရေကြီးတော့လဲ ဒီလိုပဲပြောခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်တော်မှတ်မိသမျှ သ်စတောတွေပြုန်းကုန်ရင် မိုးခေါင်မယ်လို့ ဆိုတာ မကြာသေးပါဘူး။ အခုတော့စံချိန်တင်တွေ တစ်ခုပြီး တစ်ခု ချိုးရင်းရွာချနေပါလား။ အယ်နှညိုလား လာနီညာလား ထားလိုက်ပါတော့။ မိုးလေ၀သပညာရပ်မှာ သေချာပေါက်ပြောလို့မရဘူးဆိုတာ သဘောပေါက်ပါတယ်။ သေချာပေါက်ပြောပြောနေတာ ခက်နေတာပါ။
ဧရာဝတီကို ကယ်တင်ရမှာလား ဧရာဝတီကို ထိန်းကွပ်ရမှာလား ရည်ရွယ်ချက်က ပီပြင်ဖို့လိုပါတယ်။ ဧရာဝတီက ရေကြီးချင်ရင်ကြီးလိုက် သောင်ထွန်းရင် ထွန်းလိုက်နဲ့နေတာကို ချိန်ညှိချင်ရင် လူသားတွေ အနေနဲ့ လုပ်လို့ရတာ လုပ်ခဲ့ကြတာက တာတမံတွေ ဆည်တွေ ဆောက်ဖို့ပါပဲ။ (သိကြားမင်းဆိုရင်တော့ တစ်မျိုးပေါ့) မိုးများတုန်းမှာ ရေလှောင်ထား မိုးမရွာတော့လွှတ်ပေးပေါ့. ဒါပေမယ့် အခုတော့ ဆည်တွေဆောက်ရင် မြစ်ကြီးပျောက်သွားမယ်လို့ တကယ်ပဲ စိုးရိမ်နေကြသူတွေကို ဘာကြောင့်ပညာရှင်တွေက ရေငုံနှုတ်ပိတ်နေကြသလဲ။
ရေအားလျှပ်စစ်အတွက်သုံးတဲ့ဆည်ဟာ စိုက်ပျိုးရေးအတွက်သုံးတဲ့ဆည်လို မဟုတ်ဘဲ သုံးသမျှရေဟာ ဒီမြစ်ထဲကို ပဲ ပြန်လွှတ်ရတယ်ဆိုတာကို ဘာကြောင့် မရှင်းနိုင်ရတာလဲ။ မြစ်ကမ်းပါးကို ရေတိုက်စားတယ်ဆိုတာ မြစ်ထဲမျာရေပြည့်ချိန်မှ ဖြစ်တာပါ။ အဲဒီအချိန်မှာ ရေအားလျှပ်စစ်ကြောင့်ဖြစ်ရတဲ့ ရေအနည်းအများပြောင်းလဲမှုဆိုတာ ရှိနေတဲ့ မြစ်ရေနဲ့စာရင်ဘာမှမပြောပလောက်ပါဘူး။ နွေရာသီရေနည်းနေချိန်မှာ ရေစီးမငိမ်
လို့ရေတိုက်စားရင်လဲ သောင်ခုံတွေကိုပဲ တိုက်စားမှာပါ။ မြစ်ဝကျွန်းပေါ်မှာ ဆားငန်ရေ၀င်မှာ စိုးရိမ်တယ်ဆိုတဲ့ ကိစ္စလည်းဒီသဘောပါပဲ။ ဆားငန်ရေ အဝေးဆုံး အများဆုံးဝင်တာ ဧရာဝတီမြစ်မကြီးမှာ
ရေအနည်းဆုံး အချိန်မှာပါ။ ဧရာဝတီ ရေအနည်းဆုံးဖြစ်နေကျကာလမှာ ရေချိုထပ်တိုးပေးရင် ဆားငန်ရေ၀င်တာ သက်သာသွားမယ်။ အခုတော့ ဘာကြောင့် ပြောင်းပြန်ပြောနေကြပါလိမ့်။
လူတွေကော သဘာဝတရားကို ဂရုမစိုက်သလိုနဲ့ လိုအပ်တဲ့တိုင်းတာမှု တွက်ချက်မှုတွေမပါဘဲ လိုအပ်တဲ့ အကာအကွယ်တွေမယူဘဲမြစ်ဆုံဆည်ကို တည်ဆောက်ခဲ့တာ ကျွန်တော်လဲ မကြိုက်ပါ။
အဲဒီတုန်းက EIA ကိုမြန်မာဘက် တာဝန်ယူလုပ်ခဲ့တဲ့ (အခုကွယ်လွန်သွားပြီဖြစ်တဲ့) ပုဂ္ဂိုလ်ဟာ ရင်းနှီးသူဖြစ်လို့ စကတည်းက မဟန်တာ သိခဲ့ပါတယ်။ နောက်ပိုင်းကိစ္စတွေကိုလည်းသိသင့်သလောက်
သိပါတယ်။ ဒါပေမယ့် ဧရာဝတီမို့လို့ ရေအားလျှပ်စစ်မထုတ်ရဘူး။ ဧရာဝတီမြစ်ပေါက်ဖွားရာ မြစ်လက်တက်နှစ်ခုမို့လို့ ဆည်မဆောက်ရဘူး။ ဒါထက်ပိုပြီး ဘယ်ဆည်မှ မဆောက်နဲ့တော့လို့ မျက်စိမှိတ်ပြီး
ငြင်းနေတာ မသင့်ဘူးထင်ပါတယ်။ ဧရာဝတီမြစ်လို ကမ္ဘာ့မြစ်ကြီးများ စာရင်းဝင်မြစ်ကိုမဆိုနဲ့ ဘီလူးချောင်းကို မိုးဗြဲဆည်မှာပိတ်ပြီး ရေအားလျှပ်စစ်ထုတ်နေတာ နှစ်၄၀ကျော်ခဲ့ပါပြီ။ အခုထက်ထိ လွိုင်ကော်
မြို့ကိုပါတ်ပြီး စိးဆင်းနေတုန်းပါပဲ။ လောပိတ ရေတံခွန်လဲရှိတုန်းပါပဲ။ ကယားပြည်နယ်က ပြည်နယ်သူ ၇၅ ရာခိုင်နှုန်းလောက်က ထင်းနဲ့ ထမင်းချက်နေရတုန်းပါပဲဒ အဲဒါက ပြသနာပါ။ အဲဒီလိုပြသနာတွေကို
သေသေချာချာထည့်မတွက်ဘဲ ဇွတ်ပြောနေရင်တော့ Intellectual Honesty မရှိကြဘူးလို့ ကျွန်တော်ခံစားရပါတယ်။
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌလုပ်ခဲ့တဲ့ ရောဘတ်မက္ကနာမာရဲ့ စကားတစ်ခုရှိပါတယ်။ You need a soft heart and a hard head to solve thedevelopment problems တဲ့။ နူးညံ့တဲ့နှလုံးသားရှိတာသိပ်ကောင်းပါတယ်။ ဒါပေမယ့် ပြသနာတွေကို ရှင်းရာမှာတော့ ခေါင်းမာမာနဲ့ပဲ လက်တွေ့ကျကျဖြေရှင်းဖို့လိုမယ်ထင်ပါရဲ့။
credit to the red
Sunday, February 3, 2019
RSE, PE လက်မှတ်ရအင်ဂျင်နီယာ (2019 Jan)
RSE, PE လက်မှတ်ရအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာကောင်စီ
ကျနော် စင်ကာပူမှာ အလုပ်လုပ်တုန်းက သက်ဆိုင်ရာကဏ္ဍတွေမှာ PE လက်မှတ်ရထားသူက Drawing Approve လုပ်ဖို့ လက်မှတ်ထိုး၊ တုံးထု ပြီး တရွက်ကို ဒေါ်လာဘယ်လောက ဆိုပြီး စာရွက်တိုင်းကို တုံးထုခ ယူပါတယ်။ သူမနှစ်သက်ရင် ပြန်ပြင်ဖို့ PDF file ကိုပဲ ကွန်ပြူတာနဲ့ မှတ်ချက်တွေရေး၊ ဟိုဆွဲသည်ဆွဲ လုပ်ပြီး အီးမေးနဲ့ ပြန်ပို့ပါတယ်။ ကျနော်တို့က ပြန်ပြင်ရပါတယ်။ .. PE က သူအတည်ပြု လက်မှတ်ထိုးလိုက်တဲ့ ဆောက်လုပ်ရေး လမ်းတံတား၊ အဆောက်အဦ၊ စက်မှု ဘွိုင်လာ၊ ဓါတ်လှေခါး၊ လျှပ်စစ် ထရန်စဖွန်မာ၊ ဂျင်နရေတာ၊ Fire System, SCADA system , Lighting System စတဲ့  Drawing ပုံဒီဇိုင်းများကို ဖတ်မှတ်ပြီး အတည်ပြုလက်မှတ် ထိုးရပါတယ်။
.
PE အတည်ပြုတဲ့အတိုင်း လုပ်ငန်းပိုင်ရှင်က တပ်ဆင်၊ ဆောက်လုပ်ရပါတယ်။ တခုခု မှားရင် P.E ဆီကို အဆုံးအဖြတ် Drawing ပြင်သင့်ရင် ပြင်၊ လက်မှတ် အသစ်ပြန်ထိုးရပြန်ပါတယ်။ လက်မှတ်ထိုးတိုင်း ငွေပေးရပါတယ်။
.
မြန်မာပြည်မှာတော့ P.E ဆိုတာ ဘာမှ ရေရာစွာ မလုပ်နိုင်သေးပါဘူး။ နိုင်ငံခြားက တတ်ကြွမ်းတဲ့ မြန်မာအင်ဂျင်နီယာများကို လည်း ထိုင်ခုံ ပြသနာကြောင့် အ၀င်မခံချင်ပါဘူး။
.
P.E = Professional Engineer (၀ါရင့်အင်ဂျင်နီယာလက်မှတ်)
B.E = အင်ဂျင်နီယာဘွဲ့ (Bachelor of Engineering ၆နှစ်)
AGTI = ဒီပလိုမာ (၃နှစ်)
.
.
ဒါပေမဲ့
.
အလွန်ကြီးမားတဲ့ Offshore Projects, Shwe Gas Pipeline, Copper Mine, Power Plants, စတဲ့ အဆောက်အဦးကြီးများကိုတော့ နိုင်ငံခြားကုမဏီ ကြီးများကပဲ တာဝန်ခံ ဆောက်လုပ်တယ်။ P.E က Drawing စစ်ဆေးရင် ရူးသွားနိုင်တယ်။ အလားတူTelenor, Mytel, Ooredoo, Mpt စတဲ့ ဆက်သွယ်ရေး ကုမဏီကြီးများရဲ့ လုပ်ငန်း Drawing ပုံဒီဇိုင်းကို မြန်မာ P.E စစ်ဆေးလို့ မဖြစ်နိုင်ပါဘူး။ P.E Communication မရှိသေးပါဘူး။ P.E Electronic ကလဲ ဘာမှ မလုပ်နိုင်ပါဘူး
.
.
ဒီတော့
မြန်မာ P.E တွေ လက်ရှိ ဘာလုပ်နေသလဲ ဆိုတော့ AGTI အဆင့်မဟုတ်သူတောင် ဆောက်နိုင်တဲ့ ကျောင်း၊ ဆေးခန်း၊ လမ်း၊ တံတားလေးတွေကို လက်မှတ်လိုက်ထိုး နေရတတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့။ စခါစ ဆိုတော့ ဒီလိုနဲ့ပဲ စရမှာ ဖြစ်ပါတယ်။
.
.
နောက်ဆုံး
ကျနော်တို့ P.E ရွေးချယ်ရေး အဖွဲ့က ကိုးရိုးကားယား၊ အင်ဂျင်နီယာကောင်စီ ဥပဒေနဲ့ ဘောင်ဝင်အောင် RSE, PE တွေကို ရွေးချယ်ရပါတော့တယ်။ ဒီတော့လည်း ပုဂိုလ်ခင်ရာပဲ ရွေးကြတယ်။ ပါမောက္ခတိုင်း ၊ ညွန်ချုပ်တိုင်း P.E အတင်းပေးလို့ တချို့ မလုပ်ချင်လို့ ရှောင်ပြေးနေကြတယ်။ ဘယ်လုပ်ချင်စရာ ကောင်းမလဲ။ တနေ့ ကျပ် တသောင်းပဲ ရပြီးတော့ လူတွေကို အရည်အချင်းစစ်နေရတာ၊ အရည်အချင်း ရှိသူတွေကလဲ ..စာမေးပွဲလာမဖြေဘူး။ P.E လက်မှတ်ထိုးပြီး အသက်မွေးမယ် ဆိုသူများပဲ RSE, PE လက်မှတ်တွေ ရအောင် ယူကြတယ်။ ရပြီးလည်း တကယ်လက်မှတ်ထိုးချိန် မှာ ၉၀% RSE, PE တွေက လက်မှတ်ထိုးခွင့် မရှိပါဘူး။
.
အရည်အချင်းသတ်မှတ်ချက်.အမြင်များ။
. ကျနော်ကတော့ AGTI ကိုလည်း အရည်ချင်းရှိရင် PE ပေးရမယ် ခံယူပါတယ်။ နိုင်ငံတကာမှာ ၄နှစ် အဆင့်မှီ ပညာ အောင်မြင်ထားရမယ် (or) အရည်ခြင်းရှိကြောင်း အဖွဲအစည်းတွေက လက်မှတ်ရှိရင် P.E ဖြေခွင့် ပေးခွင့် ရှိပါတယ်။
Wiki link
https://en.m.wikipedia.org/wiki/Regulation_and_licensure_in_engineering
.
မိတ်ဆွေ ပို့စ် အောက်မှာ ရေးထားတယ်။ AGTI ဆို PE မပေးဘူး ဆိုပြီး ရေးထားသလို လက်တွေ့လဲ AGTI, PE တယောက်မှ မရှိကြောင်း၊ RSE ပေါင်း ၆ရာကျော် ပေးထားကြောင်း ရေးထားပါတယ်။ ဒါကတော့ MEngC ရဲ့ AGTI ဆိုရင် PE မပေးဘူး..ခံယူချက်ပါ။ ကျနော်က သဘောမတူ သော်လဲ ဘာမှမကူညီနိုင်ပါ။
https://www.facebook.com/groups/173723859950012/permalink/300560250599705/
.
ကျနော့် ဝေါ မှာလည်း သက်မွေးပညာနဲ့မိုက်ကယ်ဖာရာဒေး အကြောင်း ရေးထားပါတယ်။
https://www.facebook.com/myanmarjobstudent/posts/10156307447078472
.
မိတ်ဆွေ နောက်တစ်ဦးကတော့ မနေသာလို့ AGTI, BE တွေ ပွဲမဆူကြဖို့၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ ရှင်းလင်းရေးပြ ပါတယ်။ ကျနော် ကတော့ AGTI ကို တော်ရင် PE ပေးသင့်သလား ရေးမထားလို့ ဒီပို့ စ် ကို ရေးရခြင်း ဖြစ်ပါတယ်။
https://m.facebook.com/story.php?story_fbid=2070961566304653&id=100001724884632
.
မြန်မာပြည် MEngC PE flow chart မှာတော့ AGTI လည်း PE ဖြေခွင့်ရှိပေမဲ့ PE ကိုးရာနီးပါးမှာ  တယောက်မှ မပေးသေးဘူး ဆိုပဲ..အရည်အချင်းမရှိလို့လား၊ အရည်ချင်းရှိသူများ မလျှော်လို့လား စဥးစားစရာပါ။
.
.
သုံးသပ်ရရင်တော့
.
တလောက အင်ဂျင်နီယာကောင်းစီ ၆၀ဦး ရွေးကောက်တော့ ဥပဒေအဟောင်းက သိပ်မစွံတော့ အသစ်ပြဌာန်းလိုက်တယ်။ ထုံးစံအတိုင်း ဆူညံနေကြတယ်။
.
နောက်တဖန် AGTI ဒီပလိုမာ သမားတွေက သူတို့ကို ခွဲခြားတယ် ပြောပြီး ဆူပူကြပြန်တယ်။
.
၂၀၁၆ တုန်းက လူလိမ်တင်ထွန်း ဆိုသူကို ၁၀တန်းမအောင်ပေမဲ့ (ကွယ်လွန်သူ) ၀ါရင့်အင်ဂျင်နီယာကြီး တစ်ဦးနဲ့ အဖွဲ့က P.E ပေးလိုက်တယ်။ နောက် အဲဒီလူလိမ် တင်ထွန်းက အာစီယံပီအီး၊ ကျနော်တို့ YTU (RIT) မှာ ဧည့်ပါမောခ ဖြစ်လာပြီး၊ စီမံကိန်းများစွာကို အခြေခံပညာမတတ်ပဲ လက်မှတ်ထိုး လိမ်စားနေတာ မိသွားပေမဲ့ အဲဒီလူလိမ်ကို အရေးမယူရဲဘူး။ လမ်မဲကြီးတွေ နောက်ကွယ်မှာ ရှိတယ် ပြောကြတယ်။ ဆူညံနေလဲ အရေးမယူပါ။
.
ဒါနဲ့ပဲ P.E ရထားသူတွေ အရည်အချင်းမရှိ၊ ၁၀တန်း ကျူရှင်ပဲ ပြစားနေတဲ့လူ၊ အသက်အလွန်ငယ်ရွယ်သူ စသဖြင့် PE လက်မှတ် ရထားတာတွေ ဆူညံလာတယ်။ P.E ရပြီးရင် နှစ်စဉ် စာတမ်းတစ်စောင်၊ စာအုပ်တစ်အုပ် စသဖြင့် ပြုစုရမယ် ဆိုတဲ့ လမ်းညွန်ချက် မရှိ။  P.E လက်မှတ်ကိုင်ပြီး အီလက်ထရွန်းနစ် တင်ဒါ ဆိုရင် Ec P.E လက်မှတ်ထိုးရမယ်၊ Civil, Road/Bridge တင်ဒါဆိုရင် P.E လက်မှတ်ထိုးရမယ်၊ စက်မှု P.E တော့ ဘာ တင်ဒါတွေ လက်မှတ် ထိုးသလဲ မသိရ။ တခြား ဘာသာရပ်မျိုးစုံ P.E အကြောင့် MEngC ၀က်ဆိုင် မှာ စာရင်းစစ်ကအစ၊ PE အရေအတွက်အဆုံး ပွင့်လင်းနိုင်သမျှ တင်ပြထားတာ တွေ့ရပါတယ်။
.
.
.
နိဂုံး အနေနဲ့...
တကယ်တော့ Engineer Council က လူကြီးတွေခမြာ အကောင်းဆုံး လုပ်နေပေမဲ့ ယိုယွင်းနေတဲ့ စနစ်ဆိုးကြီးကြောင့် ဆူပူမှုဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ အလွန် သနားစရာ ကောင်းတာကတော့ လစာလဲ မရပဲ မြန်မာပြည် အင်ဂျင်နီယာလောက ပညာရပ်ဆိုင်ရာ တိုးတက်အောင် လုပ်နေကြတဲ့ စီနီယာ ၀ါရင် အင်ဂျင်နီယာကြီးများ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ပါစေ၊ အင်ဂျင်နီယာများ စိတ်ထား ကောင်းကြမယ် ဆိုရင် မြန်မာနိုင်ငံ တိုးတက်မှု မြန်ဆန်မှာ ဖြစ်ပါတယ်။
.
မြန်မာအင်ဂျင်နီယာကောင်စီ ပြုလုပ်တဲ့ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဥပဒေများမှာ ကိုယ်ကျိုးစီးပွား ပါဝင်မှာတော့ မလွဲဧကန် ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာအသင်း၊ မြန်မာအင်ဂျင်နီယာကောင်စီ၊ အခု အရည်အသွေးစစ်ဆေးရေး စသဖြင့် မြန်မာပြည်မှာ ဖြစ်နေတဲ့အတိုင်း လူတစ်စု လက်ဝါးအုပ်ဖို့ ကြိုးစားနေကြတာ ခေတ်ကာလရဲ့ ပြယုတ်ဖြစ်ပါတယ်။
.
ဒီ လူနဲ့မူ ပြသနာကတော့ ဆက်လက် ရှိနေဥိးမှာပဲ ဖြစ်ပါတယ်။ အမြင့်ဆုံးသော မြန်မာပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ က အစ တပ်မတော်က ၂၅% နေရာယူထားသလို၊ အဖွဲ့အစည်း၊ အစိုးရဌာန အသီးသီးမျာလည်း အလားတူ ပဲ ဖြစ်ပါတယ်။ အခု သမ္မတဦးဝင်းမြင့် လက်ထက်မှာ တပ်မတော်နဲ့ အစိုးရ နားလည်မှု ရှိလာပြီး၊ အဂတိများ ( တနည်းပြောရရင် ..COI Conflict of Interest ကိုယ်ကျိုးစီးပွား) ကို စတင် အရေးယူနေချိန်မှာ.. မြန်မာ အင်ဂျင်နီယာလောက ကောင်စီဝင် ၆၀ နဲ့ ပညာရှင်များလည်း မြန်မာပြည် ဆင်းရဲခြင်းက လွတ်အောင် စိတ်နှလုံးကောင်းများ ထားနိုင်ကြပါစေ။ ကြိုးစားအားထုတ် နိုင်ကြပါစေ။
.
ဇော်အောင် (M Zaw Aung)
Website: http://www.myanmarengc.org/
Facebook: https://www.facebook.com/Myanmar-Engineering-Council-596849123795862/
Date:  28.1.2019
.
Engr Myanmar
ဆင်းရဲခြင်းလွတ်ကင်းရန် စက်မှုတည်ထောင်ရမည်။ အင်ဂျင်နီယာများ စိတ်နှလုံးကောင်းရမည်။
https://engrmyanmar.blogspot.com/
အီစလန်ဝေ နိုင်ငံတော်... ကြိုးနီစနစ်အကြောင်း (သရဝဏ်.ပြည်)
အီစလံဝေ နိုင်ငံတော်
သရ၀ဏ်(ပြည်)
    အီစလံဝေဆိုသော စကားကို လူတိုင်းသိကြ၏ ။ ထိမိခိုက်မိသဖြင့် နာကျင်သွားခြင်းကို ဆိုလိုဟန်ရှိပေ၏ ။ခလုပ်တိုက်မိရာတွင်ဖြစ်စေ ၊ ခေါင်းနှင့် တန်း ထိခိုက်မိရာတွင်ဖြစ်စေ “ငါတော့ အီစလံဝေသွားတာပဲ “ဟုပြောလေ့ရှိသည် ။ သို့သော် အီစလံဝေဆိုသောစကားမှာ မြန်မာစကားမဟုတ် ။မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင်တွေ့နိုင်မည်မဟုတ်။ ပါဋ္ဌိစကားလဲမဟုတ် ၊ ဟင်ဒီလည်းမဟုတ် ။သက္ကတလည်းမဟုတ်။ အင်္ဂလိပ်စကားပျက်ဖြစ်သည် ။  It is a long way ( It’s  long way ) ဆိုသော အင်္ဂလိပ်စကားမှလာသည် ။ ဝေးသေးသည် ။ သွားရမည့်ခရီးသည်မနီးလှ ဆိုသောမူရင်းအဓိပါယ်မှဆင်းသက်လာသည် ။ ကိုလိုနီခေတ်က လွတ်လပ်ရေး တိုက်ပွဲခရီးကြမ်းကိုရည်စူး၍ အင်္ဂလိပ်စာတတ် ပညာတတ်များက လွတ်လပ်ရေးရဖို့ဆိုတာ တော်တော်နဲ့တော့မရဘူး ၊ခရီးရှည်ကြီးသွားရဦးမယ် ၊ အစ်လောင်းဝေး (It’s long way) ဟုပြောကြရာမှ အစ်လောင်းဝေးမှသည် အီစလံဝေ ဖြစ်လာဟန်ရှိသည် ။ အီစလံဝေကျတော့နာသည့်အဓိပါယ် ၊ခံရသည့်အဓိပါယ် ဖြစ်လာသည် ။ ဘာပဲဖြစ်ဖြစ် အီစလံဝေပဲဖြစ်ဖြစ် ၊ အစ်စလောင်းဝေး ပဲဖြစ်ဖြစ် သိပ်ကောင်းသည့်အနက်အဓိပါယ်တော့မဟုတ်တာသေချာသည် ။ ကြာမည် (သို့မဟုတ်) နာမည် ဟု အကြမ်းဖျင်းယူဆနိုင်သည် ။
     ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်​ကော်​မတီဖွဲ့ရန်​အဆိုကို ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီက အရေးကြီးအဆိုအဖြစ် ၂၉.၁.၂၀၁၉ နေ့တွင်တင်သွင်းလိုက်ခြင်းအကြောင်းကို လူပြောများနေကြသည် ။ ထိုနေ့လွှတ်တော် Channel ကိုစောင့်ကြည့်မည်ဆိုသူကလည်းမရှား ။ စာရေးသူကတော့အကြောင်းသိမို့သိပ်ရင်မခုန်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်သည်ဆိုခြင်းမှာ ဒီနေ့အဆိုတင် ဒီနေ့အဖြေထွက်သည့် ကိစ္စမဟုတ် ။ It’s a long way ကိစ္စဖြစ်သည် ။ ပထမအဆင့် လွတ်တော်တွင်အဆိုတင်ရမည် ။ ဒုတိယအဆင့် ထိုအဆိုကို လက်ခံဆွေးနွေးရန် သင့်မသင့် ဆုံးဖြတ်ရမည် ။ လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၀ ရာခိုင်နှုန်းက လက်ခံဆွေးနွေးရန်သဘောတူခဲ့လျှင် ထိုအဆိုကိုလွှတ်တော်တွင်လက်ခံဆွေးနွေးရမည် (ဤအဆင့်အထိ လွယ်ကူသည် ။ လွှတ်တော်ထဲတွင် NLD ပါတီဝင်အမတ်များ ၂၀ ရာခိုင်နှုန်းမကရှိနေသည့်အတွက် ဖြစ်သည် )။ နောက်အဆင့်များကတော့မလွယ်ကူတော့ချေ ။ ပြင်လိုသော ပုဒ်မတစ်ခုချင်းကို လွှတ်တော်ထဲတွင် မဲခွဲဆုံးဖြတ်ရမည် ။ မဲမခွဲခင် ထိုပုဒ်မများကို ပြင်လိုသူကဘာကြောင့်ပြင်ထိုက်ကြောင်း၊မပြင်လိုသူများက ဘာကြောင့်မပြင်လိုကြောင်း ဆွေးနွေးငြင်းခုံကြမည် ။ ထိုငြင်းခုန်မှုက လနှင့်ချီ၍ ကြာနိုင်သည် ။ နောက်ဆုံး၌ သုံးလေး လလောက်ကြာမှ လွှတ်တော်အတွင်းပုဒ်မတခုချင်းကို မဲခွဲဆုံးဖြတ်သည့် အဆင့်သို့ရောက်မည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ အထိ ၊အခန်း(၃) ပုဒ်မ ၅၉၊၆၀ ၊ အခန်း(၄) ပုဒ်မ ၇၄ ၊၁၀၉၊ ၁၄၁၊ ၁၆၁၊  အခန်း(၅) ပုဒ်မ ၂၀၀ ၊၂၀၁၊၂၄၈၊၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃ ၊၂၉၄၊၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ ၊အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ ကို တို့ထိ၍မရ ။ထိုပုဒ်မများကိုပြင်လိုလျှင် ဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူလက်ခံရမည် ။ ထိုအထက်ဖော်ပြပါ ပုဒ်မ ၉၄ ခုကို ပြင်ဆင်ရေးတွင် အဓိကဇာတ်ကောင်မှာ ၇၅ ရာခိုင်နှုန်းကျော်လွှတ်တော်တွင်း သဘောတူရမည်ဆိုသည့်စာသားဖြစ်သည် ။ ဆိုလိုရင်းမှာ တပ်မတော်သားကိုယ်စားလှယ်များ သဘောတူရမည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ သဘောမတူခဲ့လျှင် ထိုပုဒ်မ ၉၄ ခုမှ တခုခုပြင်ဆင်ရေးကြိုးပမ်းချက်သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အထိပင်မရောက်တော့ပဲ လွှတ်တော်ထဲမှာပင် ကျဆုံးသွားရပေလိမ့်မည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကိုလည်း လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့်အပ်ထားသည်ဖြစ်ရာ အမိန့်ပေးအမိန့်ခံစနစ်အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမိန့်မရပဲ မည်သည့်တပ်မတော်သား ကိုယ်စားလှယ်ကမှ ထောက်ခံမဲပေးခြင်း ၊ကန့်ကွက်မဲပေးခြင်းတို့ကို မိမိဆန္ဒနှင့် လုပ်နိုင်မည်မဟုတ်ပေ ။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များအနက် အခြားအရေးမပါသော ပုဒ်မ များကိုပြင်ဆင်ရေးသည် NLD နှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်မဲလာပေးမည့် မြန်မာနိုင်ငံသားများ လက်ထဲတွင်ရှိသော်လည်း ၊  စစ်အစိုးရစိတ်ကြိုက်အသာစီးယူရေးဆွဲခဲ့သည့် အရေးပါသောပုဒဒ်မ ၉၄ ခုပြင်ဆင်ရေးလုပ်ငန်းစဉ်ကြီးတရပ်လုံးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထဲတွင်သာအကြွင်းမဲ့အာဏာ ရှိနေပေသည် ။ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စုလွှတ်တော်နာယက ဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလွှတ်တော်အတွင်း တင်သွင်းလာသေးသည် ။ သို့သော် အဓိကကျသောပုဒ်မများပြင်ဆင်ရေးတွင် တပ်၏ထောက်ခံမှုမရသောကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်အားလုံးမှာ (လပေါင်းများစွာ ဆွေးနွေးပြီးနောက် လွှတ်တော်တွင်းမဲခွဲသောနေ့တွင် ရှေ့မဆက်နိုင်ပဲ နိဌိတံခဲ့ရပေသည် )။ ထို့ကြောင့် ၂၉.၁.၂၀၁၉ နေ့တွင် စတင်ခဲ့သော NLD ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဆိုသည် လပေါင်းများစွာကြာအောင်ဆွေးနွေးပြီး နောက်ဆုံးမဲခွဲသောနေ့တွင် ဦးရွှေမန်းလက်ထက်ကလိုပဲ အလားတူ (တပ်မတော်၏ဗီတိုအာဏာ )ဖြင့် နိဂုံးချုပ်နိုင်မလား ။ အဓိကပုဒ်မ အချို့ပြင်ဆင်ရေးအတွက် လိုအပ်သော ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲရကာ ပြည်လုံးကျွန်ဆန္ဒခံယူပွဲအထိ ရောက်အောင်သွားနိုင်မလားဆိုတာ အလွန်ဝေးကွာလှသေးသော အဆင့်များကျန်နေပါသေးသည် ။ အီစလံဝေ ဟုခေါ်သော ရှည်လျားသောခရီးကို သွားရဦးမည် ။ ယနေ့အဆိုတင် မနက်ဖြန်ပြင်ဆင်ချက်တွေထွက်လာပြီဟုထင်ယောင်ဝိုးဝါး ဖြစ်နေသူတွေများသောကြောင့် ရှင်းပြရခြင်းဖြစ်သည် ။ ပုဒ်မကြီး ၉၄ ခုကို ဗီတိုအာဏာဖြင့်အသေကိုင်ထားနိုင်သဖြင့် အောင် ၁၀၈ ကွက်ဗုဒ္စစက် ၊ ၉၄ ချက် အစိတ်သားစက် ဟုပင် ခေါ်ဝေါ်၍ ရနိုင်ကောင်း၏ ။
    တဖက်တွင် ၂၀၂၀ တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ပြည်တွင်းစစ်များရပ်စဲပြီး နိုင်ငံတ၀ှမ်းငြိမ်းချမ်းရေးရယူနိုင်ရန်ရည်မှန်းထားသည်ဟု  တပ်မတော်ကလည်းသူ၏ မူဝါဒရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည် ။ ပြည်တွင်းငြိမ်းချမ်းရေးရလိုလျှင် ၊ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့်သွားမှရမည် ။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်လိုလျှင် ၂၀၀၈ အခြေခံဥပဒေပါအချက်များအား ပြင်ကိုပြင်မှဖြစ်မည်ဆိုခြင်းသည်လည်းအရှိတရားပင်ဖြစ်သည် ။ မိမိပြည်နယ် ၊ မိမိတိုင်းဒေသကြီး၏အုပ်ချုပ်ရေးအကြီးအကဲကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်က ရွေးကောက်ခွင့်ရှိရမည် ။ ၀န်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်များ၊တိုင်းဒေသကြီးလွှတ်တော်များကရွေးရမည် ။ လက်ရှိတွင်သမ္မတက ရွေးချယ်ခန့်ထားသောစနစ်ဖြစ်သည် ။ဖက်ဒရယ်ကိုသွားမည်ဆိုလျှင်ဒါတွေပြင်ရမည် ။ လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတာကိုလည်း (ဒီမိုကရေစီ စစ်စစ်သို့သွားမည်ဆိုလျှင် ) ပြင်ရမည်သာဖြစ်သည် ။ အုပ်ချုပ်ရေးတွင် ၀န်ကြီးဌာနသုံးခု၏၀န်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးချုပ်က ခန့်အပ်နေမှုများသည်လည်း ပြင်ရမည်သာဖြစ်သည် ။ တိုင်းရင်းသားဒေသများတွင် ကိုယ့်ပြည်နယ်ကထွက်သည့်သယံဇာတ၀င်ငွေအပေါ် ပြည်နယ်အစိုးရ ၊တိုင်းဒေသကြီးအစိုးရထံသို့  အချိုးကျရောက်ရှိဖို့ကိစ္စတွင်လည်း အခြေခံဥပဒေကိုပြင်ဆင်ရမည်သာဖြစ်သည် ။ ငြိမ်းချမ်းရေးရပြီးလျှင် တခုတည်းသောတပ်မတော်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်များကိုပါ ထည့်သွင်းတည်ဆောက်ဖို့လည်း ဖွဲ့စည်းပုံဥပဒေ ကိုပြန်လည်မွန်းမံရမည်သာဖြစ်သည် ။ ကမ္ဘာ့ဒီမိုကရေစီ ကျင့်စဉ် တရပ်ဖြစ်သော ရွေးကောက်ခံအရပ်သားအစိုးရလက်အောက်တွင် တပ်မတော်ကတာဝန်ထမ်းဆောင်ရေးဆိုသည့် ပရော်ဖက်ရှင်နယ်လ်တပ်မတော်တရပ်ပေါ်ထွန်းရေးတွင်လည်း လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်အချို့ကိုပြင်ဆင်ရမည်သာဖြစ်သည် ။ ဒီမိုကရေစီမဆန်သော ၊ ဖက်ဒရယ် စနစ်နှင့်ဖီလာကန့်လန့်ဖြစ်နေသော ဥပဒေပြဌာန်းချက်များကို ၂၀၂၀ နောက်ပိုင်း ငြိမ်းချမ်းရေးရပြီး နိုင်ငံတော်သစ်တည်ဆောက်ရာတွင် လိုက်လျောညီထွေဖြစ်ဖို့ပြင်ဆင်သင့်တာမှန်သမျှ ပြင်ကြရမည်ဖြစ်သည် ။ တခုပဲရှိသည် ။ ထိုသို့ တိုင်းပြည်အတွက် လိုအပ်သော ဖွဲ့စည်းပုံပြင်ဆင်ချက် (အဆိုပြုချက်များ)ကို တပ်မတော်ခေါင်းဆောင်ပိုင်းက ဘယ်ရွေ့ ဘယ်မျှအထိ သဘောပေါက်နားလည်ပြီး လွှတ်တော်ထဲတွင် ဘယ်လိုတုန့်ပြန်မလဲဆိုတာ ဤဇာတ်လမ်း၏အရေးအကြီးဆုံးဖြစ်သည် ။
   လူ့သဘောအရ မည်သူမဆိုမိမိအသာစီးရထားသော ၊ မိမိအဖွဲ့ ကို အကာအကွယ်ပေးထားသော အထူးအခွင့်အရေးများကို လက်လွှတ်ဆုံး၇ှုံးလိုမည်မဟုတ်ပေ ။ အမေရိကန်ပြည်ထောင်စုတွင် သမ္မတ လင်ကွန်းလက်ထက်က လူမည်းငွေဝယ်ကျွန်များကို ကျွန်အဖြစ်မှ ပယ်ဖျက်ပြီးလွတ်မြောက်ခွင့်ပေးဖို့ လွှတ်တော်တွင်အဆိုတင်သွင်းတော့ တတိုင်းပြည်လုံးဂယက်ရိုက်ခတ်သွားသည် ။ ကျွန်တွေ၏လုပ်အားကို ခေါင်းပုံဖြတ်၍ အကျိုးအမြတ်ရနေသူ တောင်ပိုင်းသားတွေက သမ္မတလင်ကွန်း၏ အဆိုပြုချက်ကို ခါးခါးသီးသီးဆန့်ကျင်ကြသည် ။ ပြည်တွင်းစစ်ဖြစ်သည်အထိ အမေရိကန်တွင် (ကိုယ်ကျိုးစီးပွားကာကွယ်လိုသူနှင့် နိုင်ငံကောင်းစားရေးရှေ့ရှုလိုသူ တို့ ) အုပ်စုနှစ်စု ပဋိပက္ခပြင်းထန်ခဲ့သည် ။ နှစ်ပေါင်းများစွာကြာပြီးသောအခါ ယခုခေတ်တွင်တော့ လူမည်းတွေကိုလွတ်လပ်ရေးပေးခဲ့သော သမ္မတလင်ကွန်းနှင့် လွှတ်တော်အမတ်များ မှန်သလား ၊ လူမည်းတွေကို ဂုတ်သွေးစုတ်ကာကျွန်စနစ်ကိုဆက်လက်ရှင်သန်စေလိုသူ ကွန်ဖက်ဒရေးရှင်းစနစ်ထောက်ခံသူ များမှန်သလားဆိုတာတော့ သမိုင်းကသက်သေခံခဲ့ပြီဖြစ်သည် ။ ကျွန်စနစ်ဖျက်သိမ်းမှုရလာဒ်အဖြစ်အမေရိကန်ပြည်ထောင်စုတွင် ကောလင်းပါဝဲလ်လို လူမည်း ကာကွယ်ရေးဝန်ကြီးတွေ ၊ကွန်ဒိုလီဇာရိုက်လို လူမည်းအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးတွေ ၊ဘားရက်အိုဘားမားလို လူမည်းသွေးနှော သမ္မတတွေ ၊ မီရှဲအိုဘားမားလို လူမည်းသမ္မတ ကတော်တွေပေါ်ထွန်းလာပြီးနိုင်ငံကို အကျိုးပြုခဲ့မှုတွေကသက်သေခံနေပါသည် ။
    မြန်မာပြည်ကတော့ ဘာပဲဖြစ်ဖြစ်ကြာတတ်သည့်နိုင်ငံဖြစ်သည် ။ နောက်ကျတတ်သည့်နိုင်ငံဖြစ်သည် ။ ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ရကိုင်ရအလွယ်ကူဆုံးအဆင့်သတ်မှတ်ရာ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ တွင်အဆင့် ၁၇၁ ဆွဲလေသည် ။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရ လွယ်ကူခြင်းမလွယ်ကူခြင်းကို ကဏ္ဍ (၁၀)မျိုးနှင့်တိုင်းတာရာတွင် ကဏ္ဍပေါင်းစုံတွင်မြန်မာက အဆင့်နိမ့်နေသည်ဆို၏ ။ ထိုကဏ္ဍဆယ်မျိုးတွင် စီးပွားရေးလုပ်ငန်းတခုစတင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ယူခြင်း ၊ လျှပ်စစ်သွယ်တန်းရယူခြင်း၊ မြေနှင့်အိမ်ယာအဆောက်အအုံမှတ်ပုံတင်ခြင်း၊ချေးငွေရယူခြင်း၊ရင်းနှီးမြှုပ်နှံသူများကိုအကာအကွယ်ပေးခြင်း၊အခွန်ဆောင်ရလွယ်ကူသောစနစ်ရှိခြင်း၊ ပြည်ပသို့ ကုန်ပို့ခြင်း၊စာချုပ်ပါအတိုင်း အာဏာတည်စေခြင်း၊ လူမွဲစာရင်းကြေညာမှု (ဒေ၀ါလီခံမှု)ကိုဖြေရှင်းခြင်းတို့ဖြစ်ကြသည် ။ ထိုအဆင့်တွေတိုးတက်မှုရှိအောင် သက်ဆိုင်ရာကကြိုးစား၏ ။ သို့သော် ခရုလိုတရွေ့ ရွေ့ သာ သွားလျက်ရှိသည် ။ နိုင်ငံလူမွဲခံယူမှုဥပဒေ ( Myanmar Insolvency Law) ပြဌာန်းရန်မှာ ပြည်ထောင်စုလွှတ်တော်တွင် ကြန့်ကြာနေသဖြင့် နိုင်ငံ့အတွက်အရေးပါသော ဥပဒေကို အလျင်အမြန် ဆွေးနွေးပေးစေလိုကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောသည် ။ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန်အခြားဥပဒေများတန်းစီနေသဖြင့် ထိုဥပဒေ ကို အလှည့်ကျစောင့်နေလျှင် ငါးလခန့်ကြာချင်ကြာမည် ၊ တနှစ်ခန့်ကြာချင်လဲကြာသွားနိုင်ဟု ဒုသမ္မတကပြောကြားသည် ။ အခုတော့နိုင်ငံအတွက် Doing Business ကမ္ဘာ့အဆင့်အများးကြီးတက်လာနိုင်တဲ့အတွက် ဒီဥပဒေကို နိုင်ငံအတွက်အရေးကြီးလို့  ဦးစားပေးလေးစီစဉ်ပေးပါလို့တော့ ပြောထားတာပဲ ဟု ဒုသမ္မတကဆို၏ ။ မြန်မာနိုင်ငံကား အလုပ်လုပ်ပုံအရာရာနှေးကွေးလှ၏ ။ သမ္မတအမိန့်နှင့်မူးယစ်ဆေးဝါးသွားရှာတာတောင်မှ အမိန့်ပေးသည့်အချိန်နှင့်သွားရောက်ရှာဖွေသည့်အချိန်သည် ငါးလခြောက်လလောက်ကွာခြားပေ၏ ။ လူသတ်မှုတခုဖြစ်သော ဦးကိုနီအသတ်ခံရမှုသည်လည်း သေသည်မှ (၂) နှစ်တိတိကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် အမှုမှာ စီရင်ချက်မချနိုင်သေး ။ ဖြိုးကိုကိုတင့်ဆန်း နေပြည်တော်လေဆိပ်ဝယ်လက်နက်များမိသည့်အမှုတွင်လည်း အမှုပေါင်း ၂၃ မှုဖြင့် စွဲဆိုထားရာ တရားလိုပြသက်သေမှာ လူ လေးရာကျော် (၄၀၄ဦး) ရှိသည် ဟူ၏ ။ အံ့သြဘနန်းဖြစ်ရပ်ဆန်းပင် ။ ယခုအခါ လူ ၂၀၀ ကိုစစ်ဆေးထားသည်ဆို၏ ။ နောက်ထပ်စစ်ဆေးရမည့်လူပေါင်း ၂၀၃ ယောက်တိတိပင်ကျန်သေးသဖြင့် ထိုအမှုလည်း၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်တိုင် ပြီးပြတ်ဦးမည်မထင်ပေ။ ကျွန်တော်တို့နိုင်ငံသည် နှေး၏ ၊လေး၏ ၊ ဘာလုပ်လုပ်ကြန့်ကြာ၏ ။ အဘတွေနှင့် ၊၀န်ကြီးတွေနှင့် ၊ဘာတွေနှင့် ညာတွေနှင့် အသိမရှိလျှင် ဌာနဆိုင်ရာအားလုံးမှာ လိပ်လို နှေးအောင်အလုပ်လုပ်ကြ၏ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တခုကတော့ ခပ်သွက်သွက်ကလေး အရှိန်အဟုန်မြှင့်ကာဆောင်ရွက်လာတာတွေ့ ရ၏ ။ ဥပဒေအရာရှိဦးဟန်ထူးတို့ ၊ ရဲအုပ်ချစ်ကိုကို တို့အမှုကိုတရားရုံးသို့ပို့အပြီးတွင်  သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မင်း(လက်ရှိ  လက်ထောက်ညွှန်ကြားရေးမှူး ၊လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းသာလှ၊ သဲကုန်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးဦးခင်ဇော် တို့ကို အဂတိလိုက်စားမှုဖြင့် သဲကုန်းမြို့မရဲစခန်းတွင် ၂၀၁၉ ဇန်န၀ါရီ ၂၄ က အမှုဖွင့်အရေးလိုက်သည် ။ မကြာပါချေ ဇန်န၀ါရီ ၂၈ ရက်နေ့တွင် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူးအပါအ၀င် ရှစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်းကြားရပြန်သည် ။ ငါးသေးသေးလေးများ၊ အတန်အသင့်ကြီးသော ငါးအလတ်စားများကိုတော့ ဒယ်အိုးထဲတွင်စတင်ကြော်နေပေပြီ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏လက်တံသည် ဤမျှမကကျယ်ပြန့်လာပြီး အရေးယူမှုများဆက်တိုက်ပြုလုပ်နိုင်ခဲ့လျှင် တိုင်းပြည်တွင် သောင်းကျန်းနေသော ခြများ နည်းပါးသွားပေလိမ့်မည် ။တရုတ်ပြည်ကဲ့သို့ ရာထူးကြီးသူများကိုရော အဂတိလိုက်စားသူမှန်လျှင်ဖော်ထုတ်အပြစ်ပေးအရေးယူပါမှတိုင်းပြည်ကောင်းလာပေလိမ့်မည် ။
     ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံမှုတွေလာကြဖို့  စည်းရုံးလှုံ့ဆော်နေသည် ။ သို့သော်ကမ္ဘာ့စီးပွားရေးသမားတွေသည်အချဉ်တွေမဟုတ် ။ သူတို့လာရောက်ရင်းနှီးမြုပ်နှံရမည့် နိုင်ငံ၏ အလုပ်လုပ်ပုံကိုင်ပုံကိုကြည့်ရှုလေ့လာစမြဲဖြစ်သည် ။ မြန်မာတို့သည် ကြိုးနီစနစ်ဖြင့်အသားကျနေပြီး ဘယ်အရာမဆို ကြန့်ကြာအောင်လုပ်လေ့ရှိ၏ ။ အစိုးရရုံးဌာနများတွင် ကိုယ်လုပ်ရမည့်ကိစ္စကို အားတက်သရောမြန်မြန်ဆန်ဆန်ဆောင်ရွက်လိုစိတ်မရှိပေ ။ ကျွန်တော့်မိတ်ဆွေတယောက်သည် ရန်ကုန်တွင် လက်ဖက်ရည်နှင့်စားဖွယ်စုံ စားသောက်ဆိုင်ဖွင့်ရန် စည်ပင်ကိုဆောက်လုပ်ခွင့်လျှောက်ထားခဲ့ရာ ခွင့်ပြုမိန့်မှာတနေ့လာလည်း မရသေး၊ တလကြာလည်းမရသေး ၊ သုံးလလောက်ကြာမှ ခွင့်ပြုမိန့်ကျလာ၏ ။ လက်ဖက်ရည်ဆိုင်လေးဆောက်ဖို့ခွင့်ပြုမိန့်လေးတခုရဖို့  ရက် ၉၀ လောက် ဘာကြောင့်အချိန်ယူ နေရသလဲ စဉ်းစား၍မရပေ ။ ထိုသို့ ဘာမဟုတ်တာလေးကိုပင် အချိန်ယူ ညစ်ကွက်ဆင်ကြသောနိုင်ငံသို့ဘယ်နိုင်ငံခြားသားကမှ စက်ရုံအလုပ်ရုံတွေ ၊စီးပွားရေးလုပ်ငန်းတွေလာလုပ်ချင်မည်မဟုတ်ပေ ။ နိုင်ငံပေါင်း ၁၉၀ တွင် မြန်မာသည် အဆင့် ၁၇၁ ရတာလည်းမဆန်းပေ ။ ၁၈၈ လောက်ပင်ရသင့်သေး၏ ။ စည်ပင်ကတမျိုး ၊ ထွေအုပ်ကတမျိုး ၊ အခွန်ကတမျိုး ၊ လျှုပ်စစ်ဌာနကတမျိုး ၊ ရဲကတမျိုး၊ မြေစာရင်းဌာနကတမျိုး ဌာနပေါင်းစုံရှိသမျှက ၀ိုင်းဝန်း ညစ်ကွက်သုံးနေကြသဖြင့် ကိုယ့်မြန်မာအချင်းချင်းပင် စီးပွားရေးလုပ်ငန်းတခုလုပ်ဖို့ ဆလံသကြရသောနိုင်ငံဖြစ်သည် ။ ဘာလုပ်လုပ် တော်တော်နှင့်မပြီး ဌာနဆိုင်ရာများသို့ချောင်းပေါက်အောင် သွားရသောနိုင်ငံဖြစ်သည် ။ ယခုလည်း လာပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အဆိုတင်သွင်းလိုက်ပြီတဲ့ ။ ဘယ်လောက်ကြာပြီးဘယ်လိုနိဂုံးချုပ်ဦးမည်မသိ ။တိုင်းပြည်အတွက်ကြည့်ကြမှာလား၊ဘာလာလာကန့်ကွက်မှာလား။  အင်္ဂလိပ်ခေတ်က လွတ်လပ်ရေးရဖို့ကြိုးစားသူတွေပြောလေ့ရှိသော စကားတခွန်းကိုပင်သတိရမိသည် ။
“အီစလံဝေ “ တဲ့ ။
တိုင်းပြည်ကမည်မျှ အီစလံဝေပြီးမှ ကောင်းလာမှာလဲ ၊ ကျွန်တော်တို့လဲမခန့်မှန်းတတ်ကြပါပြီတကား။
သရ၀ဏ်(ပြည်)
စောင့်​ကြည့်​ဂျာနယ်
၁.၂.၂၀၁၉
Thursday, January 24, 2019
လူလိမ်တင်ထွန်း. အင်ဂျင်နီယာ. ပရောဖက်ဆာ
လူလိမ်တင်ထွန်း
မယမင်း (အင်ဂျင်နီယာ ဂန့်ဂေါ အမတ်) ဘက်က ၁၀၀% ထောက်ခံတယ်။ Personal Attack နဲ့ ဘာမဟုတ်တဲ့ကိစ္စကို AGTI,  နဲ့ BE သွေးခွဲ တိုက်ခိုက်တယ်။  ဒီ MEngCအင်ဂျင်နီယာ ကောင်စီက လူတွေ ပိုက်ဆံလဲ သိပ်မရပဲနဲ့ ငွေ၊ အာဏာရှိသူတွေ ပြည်ပကုမဏီကြီး တွေ အကျိုးပဲ လုပ်ချင် လက်ဝါးအုပ်ချင်နေတယ်။ လူတစု ကြီးစိုးနေတယ်။ အဲဒီလူတစု  ကြီးကျယ်နေတာ ဇီးပိန်ဖောင်ကြီး လိုမျိုး.. အရေးယူဖို.့လိုနေပါပြီ။ အရေးယူရမဲ့ ပထမ အမှုကတော့...လူလိမ်တင်ထွန်း အမှုနဲ့ အပိုင်ကိုင်ရတော့မယ်.. သူတို့ ခွင့်ပြုလို့ (အသုံးမကျလို့) အလိမ်ခံရတာ.. ၁၀တန်း မအောင်တဲ့ စကာပူမှာ အလုပ်လုပ်သူ က B.E အတု ဟန်ဆောင်ပြီး. ကပ်ဖားလုပ်ပြီး. P.E လျှောက်တာ ရတယ်။ ..အဲဒီ လူလိမ်တင်ထွန်းက အာစီယံ P.E လျှောက်တာ ရပြန်တယ်။ အဆောက်အဦများစွာ ဒီ လူလိမ်တင်ထွန်း လက်မှတ်နဲ့ ဆောက်ခဲ့ပုံရတယ်။ နောက်ဆုံး ရှက်စရာအကောင်းဆုံးက RIT, YTU ကျောင်းတော်ကြီးမှာ ဧည့်ပါမောက္ခ ဖြစ်လာပြီး. ဆရာကြီး တစ်ဆူ ဖြစ်လာတယ်။ လူမိ လူသိသွားတဲ့ အခါ..လူမသိသူမသိ PE, Professor အဖြစ်က  ပြန်ရုတ်သိမ်းလိုက်တယ်။ 
.
အော်.အခုကျမှ P.E အင်တာဗျူးတဲ့ PE ညီလေး. ညီမလေး တွေက. အစ်ကိုကြီး အင်ယာကြီးတွေရဲ့ BE လက်မှတ်ကို ပွတ်ကြည့်ပြီး အတုဖြစ်မှာစိုးနေတယ်။.. 1984 batch Ec ဆိုရင် အဲဒီ batch. P.E ရထားသူတွေကို ဖုန်းဆက်ခိုင်းလိုက်.. အသေချာဆုံး အတု အစစ် စစ်ဆေးနည်းပဲ.။ .ထားပါတော့။
.
စစ်အစိုးရခေတ်က..ရပ်ကွက်ထောက်ခံစာ တောင်းသလို...အကျင့်စာရိတ္တမကောင်းသူ ထံက အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာ တောင်း သလို..အတွေကြုံရှိတဲ့ အင်ဂျင်နီယာကြီးတွေက PE လာမလျှောက် ချင် ဘူးး...တဲ့။..သိက္ခာ ကျတယ် ..တဲ့။  ငွေလိုလို့.. လက်မှတ်ထိုးစားဖို့ လျှောက်သူများပေမဲ့ ကျနော်လိုလူကတော့ ကိုယ်မသိတဲ့ အလုပ်ကို ၅သောင်း၊ ၁သိန်း နဲ့ လက်မှတ်မထိုးချင်ဘူး။ အခု ပေါက်ဈေး ၁၅ သိန်း လဲ မလိုချင်ဘူး။ ..ပိုက်ဆံ မရှိပေမဲ့ လိမ်စားတဲ့ အလုပ် မလုပ်ချင်ဘူး။ လုပ်နေရသူများကိုလဲ အပြစ်မတင်ဘူး။ စနစ်ကြီးက တနိုင်ငဲလုံး ကဏ္ဍအသီးသီး ဒီလို စနစ်ကြီးဖြစ်နေတာလေ။ ပြောင်းလဲမှုတွေ မြန်လာမှ သေချာပါတယ်။
...
MEngC က လူတွေ ကောင်စီဝင် ဥက္ကဌ အတွင်းမှုး လူကြီးတွေ.. နာယက လူကြီးတွေတော့ အရမ်းအားနာ လှပါတယ်။ လူလိမ်တင်ထွန်းကို ၅၀၅ နဲ့ အမြန်ဆုံး အရေးယူပါတော့။ ..တခြားအင်ဂျင်နီယာ MEngC လူကြီးတွေ သိက္ခင်္ာ ကျမကျ မသိဘူး.. ကျုပ် သိင်္ခါ အင်မတန် ညှိုးနွမ်းလှတယ်ဗျာ.. ။ ဝမ်းနည်းစရာ အင်ဂျင်နီယာ ပကတိ မြေပြင်အခြေအနေပါ။
.
ကိုယ်လူ ကိုယ်ရွေးတဲ့ ကောင်စီဝင် ၆၀ ၊ နယ်ပယ်၎ခု က ရွေးတဲ့ Nepotism စနစ်ကို မကြာခင်လေးက မျှတတဲ့ ရွေးကောက်ပွဲစနစ် နဲ့ အစားထိုးလိုက်တယ်။ အစိုးရ၊ တက္ကသိုလ်၊ အဖွဲ့အစည်း နဲ့ ပြင်ပပညာရှင် ၄မျိုး မှာ ၁၀ဦးစီရွေးချယ် တင်မြှောက်ပြီး ကျန် ၂၀ဦးကိုတော့ အစိုးရခန့်ထားတဲ့ နာယကကြီး ၄ဦးက ယခင်၆၀ဦးထဲက ရွေးချယ်ပေးမယ် ဆိုတဲ့ ဥပဒေသစ်ပါ။ အရေးအကြီးဆုံးက စိတ်ရင်းကောင်းသူများ ကောင်စီဝင်လုပ်ရပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အလုလ ကချင်ပြည်နယ်မှာ  ပြောစကား အတိုင်း ရေးရရင်.. သူဌေးဖြစ်ချင်ရင် ကုမဏီထောင်ပါ။ အင်ဂျင်နီယာကောင်စီ မှာ ဝင်ပြီး သူဌေးဖြစ်ဖို့ မကြိုးစားပါနဲ့...။
.
.
လူလိမ်တင်ထွန်း အရေးမယူ ထောင်မကျသရွေ့တော့..MEngC ကောင်းလာဖွယ်မရှိသေးပါ။ ရိုးသားစွာ မြင်ပါတယ်။
.
P.E ရွေးချယ်စနစ်.
အင်ဂျင်နီယာ Ethic, Discipline, PE experience တွေမှာ ဥပမာ လျှပ်စစ်၊ အီလက်ထရွန်းနစ် Project ဒေါ်လာ ၁သန်းဖိုးတောင်မှ ခေါင်းဆောင် မလုပ်ဖူးပဲ.. နိုင်ငံခြားကုမဏီက Project Manager ပြောသမှ ခေါင်းငြိမ့်.. လက်မှတ်ထိုး လုပ်နေတဲ့ လျှပ်စစ်. အီလက်ထရွန်းနစ် P.E တွေ.အိမ်သုံး uto Stepup Transformer , Inverter တလုံးမှ ကိုယ်တိုင် ဝက်အူလှဲ့ ဖွင့် တိုင်း တာ မပြင်ဆင်ဖူးသူတွေ P.E လက်မှတ် ရထားရင်လဲ. အသာလေးငြိမ်နေတာ မဟုတ်..အဲဒီ P.E တွေက. တကယ်လုပ်ဖူးတဲ့ ရထိုက်တဲ့ P.E တွေက စိတ်ပျက် ဘေးထိုင်နေရ.. P.E ဘုတ်အဖွဲ့ထဲ ဝင်ထိုင်ပြီး. P.E, RSE, RE တွေ ရွေးချယ် နေရတာကတော့.. စစ်အစိုးရ လက်ထက်..@ အကျင့်စာရိတ္တမကောင်းတဲ့လူဆီက အကျင့်စာရိတ္တကောင်းကြောင်း ခေါက်ခံစာ ယူနေရသလို.. လူငယ်များစွာ ခံစားနေရတယ်။ လက်မှတ်ထိုး အခကြေးယူခွင့် မရှိတဲ့ Honor P.E တွေ ပြည်တွင်း ပြည်ပ မြန်မာပညာရှင်တွေကို Head Hunter လိုက်ရှာ ပြီး..အဝေးကနေ ကူဖို့ အကူညီတောင်းရမယ်။ Honor PE တွေက Technical Document & Law တွေကို ရေးရမယ်။ ကမ္ဘာအဆင့် ကုမဏီကြီးများ မြန်မာပြည် တဖွဲဖွဲ ရောက်လာနေပါတယ်။ ကိုယ့် မြန်မာ အင်ဂျင်နီယာတွေ ကမ္ဘာ့အဆင့် မရှိတာ ဝန်ခံပြီး၊ စင်ကာပူ၊ ဗီယက်နမ် ပညာရှင်တွေကို တိုင်ပင်ခ ၅% ပေးပြီး MoU စာချုပ်တွေ အားကိုးရပါမယ်။ မြစ်ဆုံစီမံကိန်း၊ ကြေးနီစီမံကိန်း၊ ကျောက်ဖြူစီမံကိန်း တွေလို မဖြစ်သင့်တော့ပါဘူး။ လူငယ် သွေးသစ်တွေကို ဗီယက်နမ်၊ စင်ကာပူလို ပျိုးထောင်ရပါမယ်။
.
စနစ်ကို ပြောင်းဖို့ ပထမဆုံး လူလိမ်တင်ထွန်း ကို အင်ဂျင်နီယာလောက ဂုဏ်သိက္ခာ ညှိုးနွမ်း စေမှုနဲ့.. အရေးယူ၅၀၅ နဲ့ အာမခံမပေးပဲ  ဖမ်းဆီးရမယ်။
.
ဇော်အောင် (မုံရွာ)
17.Jan.2019
.
Ref Links
https://engrmyanmar.blogspot.com/2018/04/blog-post_16.html
https://engrmyanmar.blogspot.com/2018/03/2016.html
Thursday, December 13, 2018
စတုတ္ထမဏ္ဍိုင် ဂျာနယ်တွေရဲ့ အစဟာ ဘယ်က စ သလဲ
the voice
လူထုခေါင်းဆောင်ကို ဖေါင်းထုနေတဲ့
မီဒီယာသမားတွေရဲ့ Sponsor Background ဆိုလို့
**********************************
စတုတ္ထမဏ္ဍိုင် ဂျာနယ်တွေရဲ့ အစဟာ
ဘယ်က စ သလဲ
ဘယ်လို စ ခဲ့သလဲမေးလာရင် ..
လူကြီး သား/သမီး တွေနဲ့
လက်ဝါးရိုက်ပြီး စခဲ့ကြတာချည်း ..။
အဲဒါကြောင့် ..
ကြာကြာ ရေမငုပ်နိုင်တဲ့
"အဘ ယိမ်း မီဒီယာသမားတွေ"
စတုတ္ထမဏ္ဍိုင် ခေါင်းစဉ် အသွင်ယူပြီး
(၁) လူထုခေါင်းဆောင် ကို ဖေါင်းထုနေတဲ့
လုပ်ရပ်တွေ
(၂) ပုံဖျက်ထားတဲ့သတင်းခေါင်းစဉ်
(လိုသလိုဖြတ်ညှပ်ကပ်လုပ်) တွေ နဲ့
လူထုအစိုးရ ကို သိက္ခါချနေတဲ့ လုပ်ရပ် တွေကို ..
ဘယ်သူတွေ က
ဘယ်သူတွေ အတွက်
အလုပ်လုပ်ပေးနေကြသလဲဆိုတာ
မေးစရာ တောင် လိုမယ် မထင်ဘူး ..။
     ---------------------------------------
((( စတုတ္ထမဏ္ဍိုင်ရဲ့ခေတ်ဦး အစ
ဂျာနယ်များနှင့် ပိုင်ရှင်များ )))
(၁) Messenger  Journal 
ပိုင်ရှင် ....    (ဦးတင်အေး သား)
(၂) Popular Journal   
ပိုင်ရှင် ....    (ဦးဝင်းမြင့် သမီး)
(၃) 7 days Journal   
ပိုင်ရှင် ....    (ဦးဝင်းအောင် သား)
(၄) Hot News Journal 
ပိုင်ရှင် ....    (ဦးခင်မောင်သန်း သမီး)
(၅) Trade Times Journal
ပိုင်ရှင် ....    (ဦးအောင်သောင်း သား)
(၆) Street view journal 
ပိုင်ရှင် ....    (ဦးသူရရွှေမန်းသား/ဇေကမ္ဘာ ဦးခင်ရွှေ)
(၇) The Voice Journal 
မူလပိုင်ရှင် ....    (ဦးခင်ညွန့်သား)
(၈) Job seekers  Journal   
ပိုင်ရှင် ...      (ဦးမြင့်ဆွေ သမီး)
(၉) သံတော်ဆင့် Journal
ပိုင်ရှင် ...      (ဦးဆန်းဆင့် သား)
ဖေါ်ပြ မထားသော ကျန်ဂျာနယ် အများစုသည်လည်း လူကြီးသား ၊ သမီး များနှင့် ချိတ်ဆက်ပြီးမှ ထုတ်ဝေခွင့် ရခဲ့ကြတာချည်း ဖြစ်သည်။
( Just for your information .. :-)  )
-------------------------------------
photo - ၂၀၁၅ ဧပြီလ က လူထုခေါင်းဆောင်ကို the voice ဂျာနယ်မှ တာဝန်ရှိသူတစ်ဦးမှ (ရည်ရွယ်ချက် ရှိရှိ) ဓါတ်ပုံဖြင့်လုပ်ကြံ အပုပ်ချ ခဲ့ သည့်အချိန် က မှတ်တမ်းပုံများ ဖြစ်သည်။
.
ref
https://m.facebook.com/story.php?story_fbid=10217859307383261&id=1500365839
The Voice ဂျာနယ်
ကျနော်သိသမျှ.. လွန်ခဲ့တဲ့ နှစ်၂၀ နီးပါးက Living Color ပုံနှိပ်လုပ်ငန်းက စတင်ထုတ်ဝေပြီး. စစ်တပ် ဗိုလ်ချုပ်ကြီးများနဲ့ အဆင်ပြေတယ်။ ဗိလ်ခင်ညွန့်သား (MICT park ) လဲ ရှယ်ယာ ပါနိုင်ပါတယ်။ ၂၀၀၃ ဗိုဦးဆောင်သူတဦးလ်ခင်ညွန့်ပြုတ် သွားတော့ ဗိုလ်ခင်ညွန်သား လဲ ထောင်ကျ၊ ဇတ်သိမ်းသွားတယ်။  the Voice က စစ်တပ်နဲ့ နီးစပ်ပြီး အယ်ဒီတာချုပ် ဦးနေဝင်းမောင်(ကွယ်လွန်) က စစ်တပ် ပြုပြင်ပြောင်းလဲရေး ပံပိုးခဲ့တယ်။ အယ်ဒီတာချုပ် ကျောင်မင်းဆွေ လက်ထက် ကြံခိုင်ရေး+ စစ်တပ် ဘက်ကို တိမ်း နေဆဲ ဖြစ်တယ်။  ၂၀၀၆ NLD အာဏာရပြီး တဖြေးဖြေး ကြားနေဖို့ ကြိုးစားလာ ရင်း. ၂၀၁၇ မှာ ကျည်ထောင်စု သရော်စာ ကြောင့် စစ်တပ်က အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ ကို ၆၆(ဃ) နဲ့ ထောင် ၃လ ချပြီး ပြန်လွှတ်ပေးတယ်။ စစ်တပ်ကို စတင်ဝေဖန်လာတော့ စစ်တပ်က မကျေနပ် ဖြစ်တဲ့ သဘောပါ။  အခုချိန် ဒီဇင်ဘာ ၂၀၁၈ အထိ DASSK သတင်းများကို (အများအားဖြင့်) သတင်းစာ အတွင်းမှာ ဖော်ပြလေ့ ရှိပြီး..ဆူပူမှု ဆန္ဒပြ  သတင်းများကို မျက်နှာဖုံးမှာ ဖော်ပြတတ်တယ်။ စစ်တပ်ဘက် သိပ်မလိုက် တော့ပေမဲ့ ကြံခိုင်ရေး ဖက်ပါ တဲ့သတင်းတွေ .ပြန်မြင် နေရ တယ်။
.
နောက်ကွယ်က လက်မဲတော့ ပါမယ်မထင်ဘူး။ Living Color ပုံနှိပ်တိုက် က ပံပိုးနေရတယ်။ ၂၀၁၄ လောက်က နေ့စဉ်သတင်းစာ ထုတ်ခဲ့ပြီး သတင်းစာက အမြဲ ရှုံးလို့ ရပ်မလို ရပ်မလို ဖြစ်နေတယ်။ ဂျာနယ်ကတော့ ကြော်ငြာ တွေ ရပြီး.အိုကေပုံရတယ်။
My View Only
မီဒီယာသမားတွေရဲ့ Sponsor Background 2018.Dec
the voice
လူထုခေါင်းဆောင်ကို ဖေါင်းထုနေတဲ့
မီဒီယာသမားတွေရဲ့ Sponsor Background ဆိုလို့
**********************************
စတုတ္ထမဏ္ဍိုင် ဂျာနယ်တွေရဲ့ အစဟာ
ဘယ်က စ သလဲ
ဘယ်လို စ ခဲ့သလဲမေးလာရင် ..
လူကြီး သား/သမီး တွေနဲ့
လက်ဝါးရိုက်ပြီး စခဲ့ကြတာချည်း ..။
အဲဒါကြောင့် ..
ကြာကြာ ရေမငုပ်နိုင်တဲ့
"အဘ ယိမ်း မီဒီယာသမားတွေ"
စတုတ္ထမဏ္ဍိုင် ခေါင်းစဉ် အသွင်ယူပြီး
(၁) လူထုခေါင်းဆောင် ကို ဖေါင်းထုနေတဲ့
လုပ်ရပ်တွေ
(၂) ပုံဖျက်ထားတဲ့သတင်းခေါင်းစဉ်
(လိုသလိုဖြတ်ညှပ်ကပ်လုပ်) တွေ နဲ့
လူထုအစိုးရ ကို သိက္ခါချနေတဲ့ လုပ်ရပ် တွေကို ..
ဘယ်သူတွေ က
ဘယ်သူတွေ အတွက်
အလုပ်လုပ်ပေးနေကြသလဲဆိုတာ
မေးစရာ တောင် လိုမယ် မထင်ဘူး ..။
     ---------------------------------------
((( စတုတ္ထမဏ္ဍိုင်ရဲ့ခေတ်ဦး အစ
ဂျာနယ်များနှင့် ပိုင်ရှင်များ )))
(၁) Messenger  Journal 
ပိုင်ရှင် ....    (ဦးတင်အေး သား)
(၂) Popular Journal   
ပိုင်ရှင် ....    (ဦးဝင်းမြင့် သမီး)
(၃) 7 days Journal   
ပိုင်ရှင် ....    (ဦးဝင်းအောင် သား)
(၄) Hot News Journal 
ပိုင်ရှင် ....    (ဦးခင်မောင်သန်း သမီး)
(၅) Trade Times Journal
ပိုင်ရှင် ....    (ဦးအောင်သောင်း သား)
(၆) Street view journal 
ပိုင်ရှင် ....    (ဦးသူရရွှေမန်းသား/ဇေကမ္ဘာ ဦးခင်ရွှေ)
(၇) The Voice Journal 
မူလပိုင်ရှင် ....    (ဦးခင်ညွန့်သား)
(၈) Job seekers  Journal   
ပိုင်ရှင် ...      (ဦးမြင့်ဆွေ သမီး)
(၉) သံတော်ဆင့် Journal
ပိုင်ရှင် ...      (ဦးဆန်းဆင့် သား)
ဖေါ်ပြ မထားသော ကျန်ဂျာနယ် အများစုသည်လည်း လူကြီးသား ၊ သမီး များနှင့် ချိတ်ဆက်ပြီးမှ ထုတ်ဝေခွင့် ရခဲ့ကြတာချည်း ဖြစ်သည်။
( Just for your information .. :-)  )
-------------------------------------
photo - ၂၀၁၅ ဧပြီလ က လူထုခေါင်းဆောင်ကို the voice ဂျာနယ်မှ တာဝန်ရှိသူတစ်ဦးမှ (ရည်ရွယ်ချက် ရှိရှိ) ဓါတ်ပုံဖြင့်လုပ်ကြံ အပုပ်ချ ခဲ့ သည့်အချိန် က မှတ်တမ်းပုံများ ဖြစ်သည်။
.
ref
https://m.facebook.com/story.php?story_fbid=10217859307383261&id=1500365839
The Voice ဂျာနယ်
ကျနော်သိသမျှ.. လွန်ခဲ့တဲ့ နှစ်၂၀ နီးပါးက Living Color ပုံနှိပ်လုပ်ငန်းက စတင်ထုတ်ဝေပြီး. စစ်တပ် ဗိုလ်ချုပ်ကြီးများနဲ့ အဆင်ပြေတယ်။ ဗိလ်ခင်ညွန့်သား (MICT park ) လဲ ရှယ်ယာ ပါနိုင်ပါတယ်။ ၂၀၀၃ ဗိုဦးဆောင်သူတဦးလ်ခင်ညွန့်ပြုတ် သွားတော့ ဗိုလ်ခင်ညွန်သား လဲ ထောင်ကျ၊ ဇတ်သိမ်းသွားတယ်။  the Voice က စစ်တပ်နဲ့ နီးစပ်ပြီး အယ်ဒီတာချုပ် ဦးနေဝင်းမောင်(ကွယ်လွန်) က စစ်တပ် ပြုပြင်ပြောင်းလဲရေး ပံပိုးခဲ့တယ်။ အယ်ဒီတာချုပ် ကျောင်မင်းဆွေ လက်ထက် ကြံခိုင်ရေး+ စစ်တပ် ဘက်ကို တိမ်း နေဆဲ ဖြစ်တယ်။  ၂၀၀၆ NLD အာဏာရပြီး တဖြေးဖြေး ကြားနေဖို့ ကြိုးစားလာ ရင်း. ၂၀၁၇ မှာ ကျည်ထောင်စု သရော်စာ ကြောင့် စစ်တပ်က အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ ကို ၆၆(ဃ) နဲ့ ထောင် ၃လ ချပြီး ပြန်လွှတ်ပေးတယ်။ စစ်တပ်ကို စတင်ဝေဖန်လာတော့ စစ်တပ်က မကျေနပ် ဖြစ်တဲ့ သဘောပါ။  အခုချိန် ဒီဇင်ဘာ ၂၀၁၈ အထိ DASSK သတင်းများကို (အများအားဖြင့်) သတင်းစာ အတွင်းမှာ ဖော်ပြလေ့ ရှိပြီး..ဆူပူမှု ဆန္ဒပြ  သတင်းများကို မျက်နှာဖုံးမှာ ဖော်ပြတတ်တယ်။ စစ်တပ်ဘက် သိပ်မလိုက် တော့ပေမဲ့ ကြံခိုင်ရေး ဖက်ပါ တဲ့သတင်းတွေ .ပြန်မြင် နေရ တယ်။
.
နောက်ကွယ်က လက်မဲတော့ ပါမယ်မထင်ဘူး။ Living Color ပုံနှိပ်တိုက် က ပံပိုးနေရတယ်။ ၂၀၁၄ လောက်က နေ့စဉ်သတင်းစာ ထုတ်ခဲ့ပြီး သတင်းစာက အမြဲ ရှုံးလို့ ရပ်မလို ရပ်မလို ဖြစ်နေတယ်။ ဂျာနယ်ကတော့ ကြော်ငြာ တွေ ရပြီး.အိုကေပုံရတယ်။
My View Only..
M zaw aung (မုရွာ M)
Wednesday, August 15, 2018
တရုပ်အကြွေးပြန်ဆပ်ရမဲ့ အခြေအနေကို China Debt Trap လို့ခေါ်ကြပါတယ်... တရုပ်မြန်မာ OBOR ..
2017 မှာ အရစ်ကျဆပ်ဖို့ မတတ်နိုင်လို့ သီရိလင်္ကာ ဆိပ်ကမ်းကို တရုပ်လက်ထိုးအပ်လိုက်တဲ့အတွက် သီရိလင်္ကာနိုင်ငံဟာ တရုပ်အကြွေးနဲ့ပိသွားတဲ့ ၉နိုင်ငံမြောက် ဖြစ်သွားပါပြီ။ လာအိုလဲ အလာတူ .နိုင်ငံရဲ့ထုတ်ကုန်တန်ဖိုး ၅၀%လောက်က တရုပ်အကြွေးပြန်ဆပ်ရမဲ့ အခြေအနေကို China Debt Trap လို့ခေါ်ကြပါတယ်။ https://goo.gl/nYiVHL
.
မြန်မာနိုင်ငံကတော့ တရုပ်တို့ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကို ကန်ဒေါ်လာ ၇.၅ဘီလျံ ရေနက်ဆိပ်ကမ်းဆောက်ဖို့ ဦးသိန်းစိန်အစိုးရ ခေတ်က လက်မှတ်ထိုးခဲ့ပါတယ်။ စီးပွားအကြံပေး ရှောင်တန်နယ် ကတော့ ဒါလောက်ကြီးများတောင် အကုန်မခံသင့်ကြောင်း စင်ကာပူမှာ သတင်းစာရှင်းပြီးနောက် စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင် နဲ့ အဖွဲ့များ ညှိနှိုင်းမှုများအရ စာချုပ်ကို ကန်ဒေါ်လာ ၁.၅ ဘီလျံ လောက်နဲ့ အသစ်ချုပ်ဆိုလိုက်လို့ တရုပ်အကြွေးပိ မဲ့ အခြေအနေက လွတ်လာခဲ့ပါတယ်။ 
.
မြန်မာနိုင်ငံကို မေတ္တာနဲ့ကူညီ လုပ်ကိုင်နေသူ ပြည်တွင်း၊ ပြည်ပ မိတ်ဆွေ များစွာ ရှိနေခြင်းကို လေးစား၊ ကျေးဇူးတင်ရပါမယ်။
.
ဒါပေမဲ့ မြန်မာများရဲ့ အားနည်းမှုများစွာ ကို အမြတ်ထုတ်မဲ့ နိုင်ငံခြား ကြွေးမြီ အမြောက်အများက ၀င်လာမဆဲ ဖြစ်ပါတယ်။ WB, Asia Bank, China Bank JICA စတဲ့ အခြေခံအဆောက်ဦး (P.P.P / B.O.T တည်ဆောက်မှုများစွာ) မြန်မာနိုင်ငံကို ၀င်လာချိန် ဥပဒေ၊ နည်းဥပဒေ များနဲ့ အစိုးရက ကာကွယ်ရပါမယ်။ မတရားစာချုပ်များကို ဥပဒေလက်တလုံးခြား အမြတ်ထုတ်မှုများကို ကာကွယ်ဖို့ ၂၀၁၈ သြဂုတ်လမှာ B.O.T ကုမဏီ၂၅ခု၊ လမ်း-တံတား စာချုပ်များကို စည်းကမ်းမလိုက်နာရင် အရေးယူဖို့ လွှတ်တော်ကိုယ်စားလှယ် ၁၇ဦးက ဆွေးနွေး အတည်ပြုလိုက်ပါတယ်။ လက်တွေ့ ရှုပ်ထွေးအောင်လုပ်ထားတဲ့ ဥပဒေများကို - ပြင်ဆင်တဲ့ ဥပဒေများ သေချာ ရေးဆွဲ၊ ပြဌာန်းဖို့လိုပါတယ်။
.
တရုပ်နိုင်ငံ ရဲ့ အကြွေးမပိဖို့ ဗီယက်နမ်ကို အများကြီး အတုယူ၊ အတူပူးပေါင်းဆောင်ရွက်နေရပါတယ်။ သယံဇာတ ရေနံ+ဓါတ်ငွေတွေမှာ 1MDB အဂတိနဲ့ရောင်းချမှု ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးမှာ အကြွေးများစွာ ယူလိုက်မှု မှာ နိုင်ငံခေါင်းဆောင် နာဂျစ် ကိုယ်တိုင်က အဂတိမှုများကြောင့် မလေးရှားနိုင်ငံ ကန်ဒေါ်လာ ၃၈၈ ဘီလျံ နစ်နာခဲ့ကြောင်း ရွေးကောက်ပွဲ အနိုင်ရ အသစ်တက်လာတဲ့ ၀န်ကြီးချုပ် မဟာသီယာ အစိုးရ ဘဏ္ဍာရေး ၀န်ကြီးက ပြောဆိုပါတယ်။
.
ကိုးကား။ တရုပ်-မြန်မာ OBOR https://goo.gl/CcCe1p
တရုပ်မြန်မာ OBOR
လက်ရှိ ပကတိအခြေအနေများ နဲ့ လွန်ခဲ့တဲ့ ၃နှစ်အတွင်း ဖြစ်ပျက်ခဲ့မှုများ တရုပ်တို့သြဇာ ဆက်လက်လွှမ်းမိုး နေမှုများကို ဘယ်လို တရားမျှတစွာ ခုခံသင့်တယ်၊ ဘယ်လို အခြေအနေ ဖြစ်နေတယ် ဆိုတဲ့ အကြောင်း အနည်းအကျဉ်း ရေးထားတာတွေ စုစည်း ဖော်ပြလိုက်ပါတယ်။ စိတ်ဝင်စားသူ ဆရာ ဆရာမများ၊ မြန်မာအရေးကို စိတ်ဝင်စားသူများ၊ မြန်မာနိုင်ငံကို တိုးတက်စေလိုပေမဲ့ လက်ရှိ ပကတိအခြေအနေကို မချင့်မရဲ ဖြစ်နေသူများစွာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က မြန်မာအသွင်ကူးပြောင်းရေးကာလ စိန်ခေါ်ချက်များ အလုပ်ရုံ ဆွေးနွေးပွဲမှာ " ငါတို့ ဘာပေးနိုင်သလဲ၊ ငါတို့ ပါစွန့်လွှတ်နိုင်ပါသလဲ" မေးခွန်းကို မေးခဲ့ပါတယ်။ ခက်ခဲ လှပါတယ်။
မြန်မာလူငယ် ၁၀၀ဦးကို စက်တင်ဘ ၂၀-၂၅ ၊ ၂၀၁၅ မှာ တရုပ်နိုင်ငံ All China Youth Fedration ဖိတ်ကြားချက်အရ (၅)ရက် လေ့လာရေး စေလွှတ်ခဲ့ပါတယ်။ လူငယ် အလွှာစုံ ဖြစ်ပါတယ်။ ဒါက တရုပ်ရဲ့ မြစ်ဆုံ စီမံကိန် ဆုံးရှုံးပြီးတဲ့ နောက်ပိုင်း မဟာဦးနှောက် ၊ မဟာဗြူဟာ နဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဆက်ဆံရေး ဖြစ်ပါတယ်။ အလားတူ မြန်မာ ဌာနဆိုင်ရာ နဲ့ အုပ်ချုပ်ရေး၊ တပ်မတော် အရာရှိ များစွာ တရုပ်ပြည်ကို သွားရောက် လေ့လာခဲ့ကြပါတယ်။ ဘယ်သူတွေကို ရွေးချယ် စေလွှတ်နိုင်သလဲ ဆိုတာ အလွန်အရေးကြီးပါတယ်။ အမေရိကန်၊ ဂျာမဏီ၊ ဂျပန်၊ တောင်ကိုးရီးယား၊ စင်ကာပူ ဖိတ်ခေါ် ခရီးစဉ်မျိုးကတော့ ပိုပြီး လူကြိုက်များမှာပါ။
.
တရုပ်၏အလွှာစုံ ဆက်ဆံရေး မဟာဗြူဟာနှင့် မြန်မာနိုင်ငံ ပကတိအခြေအနေ ဆောင်းပါကို ခင်ခင်ကျော်ကြီးက ရေးသားခဲ့ပါတယ်။ သူမ ဟာ လန်ဒန် အရှေ့တိုင်းနှင့်အာဖရိက လေ့လာရေး ကျောင်း က နိုင်ငံတကာ လေ့လာရေး နှင့် သံတမန်ရေးရာ မဟာဘွဲ့ရ တစ်ဦး ဖြစ်ပါတယ်။ ပြည်ပ က အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ ပြန်လာသူများ၊ မလာဖြစ်ပဲ အဝေးကနေ အကြံပေး၊ ငွေကြေး နဲ့ ကူညီနေသူများ စွာ ရှိပါတယ်။ အားလုံး ကို ကြိုဆိုရပါတယ်။ ဒီဆောင်းပါး မှာတော့ လက်ရှိ NLD ဦးဆောင်တဲ့ အစိုးရ လက် ထက် တရုပ် က ပြောင်းလဲ လာတယ်၊ မြန်မာ ပကတိ အခြေအနေ များကြောင့် တရုပ်က လက်ရှိအခြေအနေ ထိ အသာစီး ရနေတယ်လို့ ရေးထားပါတယ်။
.
ဥပဒေ ပညာရှင်များ နဲ့ စက်မှုပညာရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းက နိုင်ငံတိုးတက်မှုများအတွက် အခရာ အလွန်ကျလှကြောင်းကို Ha-Joon Chang ရေးတဲ့ စာအုပ် 23 Things They don't tell you about Capitalism မှာ ရေးသား ထားပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံမှာ ကဏ္ဍ(၃)ခု ၀န်ဆောင်မှုကဏ္ဍ (Service)၊ စက်မှုကဏ္ဍ(Industry) နဲ့ စိုက်မွေးကဏ္ဍ (Agri) (၃)မျိုး နဲ့ ခွဲခြားကြည့်ကြတဲ့ ယခုခေတ် စီးပွားရေး ဘောဂဗေဒ ပညာရှင်များရဲ့ GDP နဲ့ လူဦးရေ အချိုးကို လေ့လာကြည့်ရင် စက်မှုကဏ္ဍမှာ ပါဝင်သူများက တစ်ဦးချင်း ၀င်ငွေ အကောင်းဆုံး ဖြစ်နေပါတယ်။ အလွန်တိုးတက်တဲ့ နိုင်ငံများမှာတော့ Service ၀န်ဆောင်မှု ဘဏ်များ၊ အေးဂျင်များ၊ ကွန်ဆာတင့် များကလဲ ၀င်ငွေ အလွန်ကောင်းပါတယ်။
.
တရုပ်နိုင်ငံက အကုန်အကျ အလွန်များပြားစွာနဲ့ မြန်မာငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ကူညီနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ တရုပ် နဲ့ ထိုင်း ကုန်သွယတဲ့ နေရာမှာ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ တပ်မတော်တို့ ထိပ်တိုက် တွေ့ရပါတယ်။ အခက်ခဲ များစွာ ရှိပေမဲ့ ၂၀၁၈ ဇူလိုင်လမှာ ပင်လုံညီလာခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အားလုံး ပါဝင်ဆွေးနွေးခဲ့ကြတာ တိုးတက်မှုကြီး တစ်ခုပါ။ လွယ်ကူတဲ့ သဘောတူညီချက်များ လက်မှတ်ထိုးခဲ့ပါတယ်။ အပစ်ခတ် ရပ်စဲရေး NCA လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
.
.
.
သုံးသပ်ချက် (သြဂုတ်၂၀၁၈)
လွန်ခဲ့တဲ့ ၃နှစ်က ဆောင်းပါး ဖြစ်ပေမဲ့ အခုချိန်ထိ မြန်မာကို ပိုလို့တောင် ရိုက်ခတ်နေပါတယ်။ ပိုးလမ်းမကြီးပဲ ခေါ်ခေါ် အတိုကောက် ခါးပတ်လမ်းပဲ ခေါ်ခေါ် ၊ OBOR ဆိုတဲ့ တရုပ်နိုင်ငံ ရှီကျင်ပင် လက်ထက် မဟာဦးနှောက်များ ပေါင်းစီးပြီး တရုပ်လူမျိုးရေး တရုပ်ပြည် သာ၍ကြွယ်ဝစေရေး အမျိုးသား စီမံကိန်းပဲ ဖြစ်ပါတယ်။ Win-Win ဆိုတဲ့ နိယာမနဲ့ အကျိုးတူ စီးပွား လုပ်နိုင်ရင်တော့ ကောင်းပေမဲ့၊ မညီညွတ်တဲ့ အစိုးရလူကြီးများ၊ ခေါင်းဆောင်များ ရှိနေရင်တော့ တရုပ် သြဇာလွမ်းမိုးမှုကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါ။ China Debt Trap ထဲ နောက်ဆုံး ကျရောက်သွားတဲ့ သီရိလင်္ကာနိုင်ငံ နဲ့ အာရှတိုက်က အာစီယံ လာအိုနိုင်ငံကို သခန်းစားယူရပါမယ်။ လူနေမှု ပြည်သူတွေ မြန်မာနိုင်ငံထက် တော့ သာပေမဲ့ ကျနော်တို့ ရည်မှန်းတာက အနည်းဆုံး ဗီယက်နမ် အဆင့်၊ သာပြီး မြင့်ချင်ရင်တော့ ထိုင်းအဆင့် ကနေ စင်ကာပူ၊ တောင်ကိုးရီးယား အဆင့်ပဲ မဟုတ်ပါလား။
.
အခုတော့ ကျောက်ဖြူရေနက်စီမံကိန်း ဒေါ်လာ ၇.၅ဘီလျံကို မြန်မာအကျိုး လိုလားသူများ ဖြစ်တဲ့ အကြံပေး ရှောင်တန်နယ်၊ စီမံဘဏ္ဍာဒုဝန်ကြီး ဦးစက်အောင် စတဲ့ခေါင်းဆောင်များ ကြိုးစားမှုနဲ့ ယခင်က ချုပ်ဆိုထားတဲ့ စာချုပ် (မြန်မာနစ်နာတဲ့ စာချုပ်ပဲ ပြောပါရစေ) ဒေါ်လာ ၁.၅ ဘီလျံအထိ ရှော့ ချနိုင်ခဲ့ပါပြီ။ ဆက်လက်ပြီး အင်အယ်ဒီခေါင်းဆောင်များနဲ့ တပ်မတော် ခေါင်းဆောင်များ ညီညွတ်စွာ၊ တရုပ် မဟာဦးနှောက် မဟာဗြူဟာများကို ကာကွယ်သွားဖို့ ဖြစ်ပါတယ်။ တရုပ်ကတော့ တိုင်းရင်းသား လက်နက်ကိုင်များကို လက်ရှိအခြေအနေမှာ အောင်မြင်စွာ စည်းရုံးထားနိုင်ပြီ ဖြစ်ပါတယ်။
.
TSP(ရန်ကုန်)
၁၅-သြဂုတ်-၂၀၁၈
.
.
.
ကိုးကားချက်များ (See Attachment 13 pages)
.
* AIIB ဘဏ်၊ အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှတ်နှံမှု ဘဏ် အစည်းအဝေး ၂၀၁၇ ဇွန်လ မှာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခြင်း
.
* ကျောက်ဖြူရေနက်စီမံကိန်း နဲ့ အထူးစီးပွားဇုံ SEZ
.
* ကျော်မျိုးထွန်း ရေးတဲ့ စာအုပ်မှ ကိုးကားချက်၊ အကြီးစား ရင်းနှီးမြှတ်နှံမှု ရှာဖွေခြင်း ..
.
* South East Asia Group ရဲ့ တရုပ်စီးပွားရေး ဆောင်ရွက်ချက်များ သုံးသပ်မှု
.
* တရုပ်ကို အကုန်အကျများစေတဲ့ မြန်မာသူပုန်များ ၊ ရဲထွန်းဘာသာပြန်ပြီး တရုပ် Global Times မှ Huang Hihan ရေးတဲ့ Myanmar rebels cause great expensive to China ဆောင်းပါး
.
* 23 Things They don't tell you about Capitalism, by Ha-Joon Chang စာအုပ် အမြည်း၊ အရင်းရှင် များ လက်ဝါးမအုပ်ပဲ အခွန်မှန်မှန်ပေးဖို့ စာရင်းစစ်ကုမဏီများ ပေါ်ထွန်းလာဖို့လိုပါတယ်။ အာမခံနဲ့စာရင်းစစ် ပုဂ္ဂလိက ကုမဏီများ အလွန်လိုအပ်နေပါတယ်။ အစိုးရကတော့ မလွယ်သေးပါဘူး။ အကြီးစားတွေ (နိုင်ငံပိုင်) ကိုပဲ အစိုးရ အာမခံနဲ့စာရင်းစစ် ကိုင်တွယ်ဖို့ပါ။
.
* ခင်ခင်ကျော်ကြီး သုံးသပ်ချက်၊ မြစ်ဆုံစီမံကိန်း ရပ်သွားပြီးနောက်ပိုင်း တရုပ်မဟာဗြူဟာ အပြောင်းလဲအောက် မြန်မာများ ပကတိအခြေအနေ..
.
* မြန်မာအသွင်ကူးပြောင်းရေးကာလ စိန်ခေါ်ချက်များ အလုပ်ရုံ ဆွေးနွေးပွဲမှာ " ငါတို့ ဘာပေးနိုင်သလဲ၊ ငါတို့ ပါစွန့်လွှတ်နိုင်ပါသလဲ" မေးခွန်းကို မေးခဲ့ပါတယ်။ NLD နဲ့ Military (အင်အယ်ဒီပါတီ နဲ့ တပ်မတော်) ဘယ်လို ပူပေါင်း ညီညွတ်နိုင်မလဲ၊ တရုပ်ကြီးက အလွန်အရေးကြီးနေပါသလား .. စဉ်းစားစရာ
..... The End of TSP Technical Service Provider ......
.
Thursday, July 5, 2018
ထိုင်း - မြန်မာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး (၂၀၁၈)
အခုတလော ထိုင်းနိုင်ငံ မြန်မာ-ထိုင်း-လာအို ရွှေကြိဂံ နယ်မြေအနားက ၃မိုင်ရှည်တဲ့ လှိုင်ဂူကြီးထဲမှာ ထိုင်း ကျောင်းသား ၁၂ယောက် နဲ့ ဘောလုံးနည်းပြ တို့ ဝင်ရောက် ပျောက်ဆုံးသွားတဲ့ သတင်း နဲ့အတူ ၉ရက်အကြာ နိုင်ငံတကာ ကူညီမှုများနဲ့ ပြန်လည်တွေ့ရှိသွားတဲ့ သတင်းကို ဖတ်ရပါတယ်။ ဒါကြောင့် ထိုင်း-မြန်မာ အကြောင်း၊ မြန်မာနိုင်ငံသား ၅သန်း နီးပါး သွားရောက် အလုပ်လုပ်ကိုင် ခွင့် ပေးထားတဲ့ ထိုင်းနိုင်ငံ အကြောင်း၊ ရှေးယခင်က မြန်မာ-ထိုင်း အိမ်နီးချင်း အမြဲစစ်ချီ စစ်တိုက် နေကြတဲ့ ရာဇဝင်တွေကို ချေဖျက်ကြဖို့ လိုကြောင်း သတိရမိပါတယ်။ ဒါကြောင့် ၂၀၁၂ တုန်းက ဆောင်းပါး ၂ပုဒ်ကို ပြန် တင်ပြ၊ သုံးသပ် လိုပါတယ်။
.
///// … Thai-Myanmar 2012 Articles … /////
မြန်မာ-ထိုင်း ဆက်ဆံရေ: (၂၀၁၂) .. နိဒါန်း
အာဆီယမ် အရှေ့တောင်အာရှနိုင်ငံများသည် ယခုခေတ်ကျမှသာ စီးပွားရေးပါပူးပေါင်းမှဖြစ်တော့မည်ဟု ယူဆကာ ပူးပေါင်းလုပ်ဆောင်လာကြသည်။ အဓိကမှာ တရုတ်၏တဟုန်ထိုး စီးပွားရေးတိုးတက်မှုနှင့် အမေရိကန်၏ အကျိုးစီးပွားများကြောင့်ဖြစ်သည်။
ထိုင်းနိုင်ငံ သားများက သူတို့နိုင်ငံ ကို ဆိုင်ယမ် Siam ဟု ခေါ်ကြ သည်။ မြန်မာကို Burma ဘားမားဟု ခေါ်ကြ သော်လည်း မြန်မာ တို့က Myanmar ဟု မိမိ အသံထွက်အတိုင်း ပြောင်းလဲ ခေါ်ဆို ကြသည်။ ၁၂၃၈ ခုနှစ်မှ ထိုင်း လူမျိုး များက မူလ အုပ်စိုးသူ ခမာ များကို အနိုင် ယူပြီး၊ ထိုင်းနိုင်ငံ ထူထောင် လာခဲ့သည်။ မြန်မာ များက ထို့ထက် ပိုစော သည်။ ၁ဝ၄၄ ခုနှစ်တွင် မူလ နေထိုင်သူ၊ ပျူနှင့် မွန်များကို အနိုင် ယူပြီး မြန်မာ နိုင်ငံ (ပုဂံမင်းဆက်) ဖြစ်ပေါ် လာခဲ့သည်။ မြန်မာ လူမျိုး သည် ယခင်က တရုတ် နိုင်ငံတွင် ယန်စီမြစ်ဝှမ်းတွင် နေထိုင်ပြီး နန်ကျောက် ဒေသ ထူထောင်အခြေစိုက်နေထိုင်ခဲ့သည်။ နောက်ပိုင်း တွင် နယ်မြေ တိုက်ပွဲ များမှ အောက်ပိုင်း သို့ ရွှေ့ပြောင်း လာခဲ့ သည်။ ထိုင်း လူမျိုး များက ခမာ အင်ပါယာ တွင် သွားရောက် အခြေစိုက်ရင်း၊ ခမာ အင်ပါယာ ကျဆုံး သောအခါ၊ ထိုင်းနိုင်ငံ ဖြစ်ပေါ် လာခဲ့သည်။
.
မြန်မာ နှင့် ထိုင်း သည် အိမ်နီးချင်း နိုင်ငံများ ဖြစ်ကာ ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာ၊ ဓလေ့စရိုက်များ ဆင်တူ ကြသည်။ မြန်မာ နိုင်ငံ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံ အားလုံး ဥရောပ နယ်ချဲ့များ လက်အောက် ရောက်ခဲ့ သော်လည်း ထိုင်း နိုင်ငံမှာမူ လွတ်လပ် စွာ ရပ်တည် နိုင်ခဲ့ သည်။ မြန်မာ ဘုရင် များ သည် သြဇာ အာဏာ ကြီးမား လာသော အခါ ထိုင်းနိုင်ငံ ကို စစ်ချီ တိုက်ခိုက် လေ့ရှိသည်။ တပင်ရွှေထီး၊ ဘုရင့်နောင်၊ နန္ဒဘုရင်၊ အလောင်းဘုရား နှင့် ကုန်းဘောင် ဘုရင်များ ဖြစ်သော နောင်တော်ကြီး၊ ဆင်ဖြူရှင်၊ ဘိုးတော်ဘုရား၊ ဘကြီးတော်ဘုရား စသည့် မြန်မာဘုရင် များသည် ထိုင်းနိုင်ငံ ကို တိုက်ခိုက် ကြသည်။ ဘုရင့်နောင် (၁၅၆၃-၆၉) နှင့် ဆင်ဖြူရှင် (၁၇၆၅-၆၇) လည်း ထိုင်းနိုင်ငံ အယုဒ္ဓယ မြို့တော်ကို သိမ်းပိုက် နိုင်ခဲ့ သော်လည်း၊ ကြာကြာ ထိန်းမထား နိုင်ကြပေ။ ဆင်ဖြူရှင် သည် ၁၇၆၇ ခုနှစ်တွင် အယုဒ္ဓယ မြို့တော် ကို သိမ်းပိုက် ပြီး၊ မြေလှန် ဖျက်ဆီး ခဲ့သည်။ ထိုအချိန် တွင် တရုတ် တပ်များ က အထက် မြန်မာပြည် သို့ ကျူးကျော် ဝင်ရောက် လာကြ သည်။ တရုတ်-မြန်မာစစ်ပွဲ ၃ ကြိမ် တိုင် တရုတ် တပ် များကို အနိုင် ရအောင် တိုက်ရ သောကြောင့် ထိုင်းနိုင်ငံ ၏ ပြန်လည် တွန်းလှန်ခြင်း ခံခဲ့ ရသည်။ ခေတ္တခဏသာ မြန်မာများသည် ထိုင်းနိုင်ငံ ကို သိမ်း နိုင်ခဲ့သည်။ မြန်မာအင်ပါယာ ပြိုကွဲ ချိန်များ တွင် ရှမ်း (ထိုင်း) မင်း များက မြန်မာနိုင်ငံ ကိုအုပ်ချုပ် ခဲ့သည့် သမိုင်း များ ရှိပါ သည်။
.
စီးပွားရေးတိုးတက်မှု
စီးပွား အချက် လက် များကို နှိုင်းယှဉ် ကြည့် ပါက .. ဦးနေဝင်း စစ်အာဏာ မသိမ်းမီ (၁၉၆၂ ခုနှစ် မတိုင်ခင်) မြန်မာ နိုင်ငံ စီးပွားရေး သည် အာရှ ထိပ်တန်း ဖြစ်ခဲ့ပြီး၊ ထိုင်းနိုင်ငံ ထက် အပြတ် သာသည် ဟူသော ပြောဆိုချက် များသည် အချက် အလက် မပါဘဲ လေထဲမှ လာရောက် သော စကားများ၊ စာသား များ ဖြစ်ပါသည်။ ၁၉၆ဝ ခုနှစ် စီးပွား အချက် လက် များ အရ မြန်မာနှင့်ထိုင်း စီးပွားရေးသည် အတူတူမျှ သာဖြစ် သည်။ နောက်ပိုင်း တွင် ထိုင်းနိုင်ငံ သည် ၃ ဆမက တိုးတက် သွား ပါသည်။
.
ကျွန်ုပ် ငယ်စဉ် ၁၉၈၈ ခုနှစ် အရေး တော်ပုံ အချိန်တွင် မြန်မာအစိုးရ ထုတ်ဝေသော နိုင်ငံတကာ စာစောင်၌ ထိုင်းနိုင်ငံ စီးပွားရေး ကို ကြည့်လိုက် သော အခါ လယ်ယာ ကဏ္ဍ သည် ၂ဝ ရာနှုန်းပင် မရှိ သည်ကို အံ့သြစွာ တွေ့ရှိ ရသည်။ လူပြိန်း ဘဝတွင် ကမ္ဘာပေါ်၌ ဆန် အများဆုံး ပြည်ပ ပို့နိုင်သော ထိုင်း နိုင်ငံသည် လယ်ယာ လုပ်ငန်းဖြင့် ၎င်းတို့၏ စီးပွားရေး ကို တိုးတက် အောင် ပြုလုပ် သည်ဆိုသည့် ကျွန်ုပ်၏ ထင်မြင်ချက်မှာ မှားယွင်း ကြောင်း သိခဲ့ရသည်။ ယခု အခါ ထိုင်း လယ်ယာ ထုတ်ကုန်မှာ အမျိုးသား ထုတ်ကုန်၏ ၁၂ ရာနှုန်းသာ ရှိပါ တော့သည်။
လက်ရှိ အခြေအနေ တွင် အောက်ပါ ဇယားကိုကြည့် ပါက ထိုင်း-မြန်မာ လူဦးရေ (၆၆ သန်း – ၅၃ သန်း)၊ ဂျီဒီပီ (ကန်ဒေါ်လာ ၆ဝ၉ ဘီလျံ – ၈၂ ဘီလျံ)၊ တဦးချင်း ဝင်ငွေ (ကန်ဒေါ်လာ ၉၇ဝဝ – ၁၃ဝဝ)၊ လယ်ယာ လုပ်ငန်းရငွေ (၁၂ ရာခိုင်နှုန်း – ၄၃ ရာခိုင်နှုန်း) တို့ကို မြင်နိုင် ပါသည်။ လယ်ယာ လုပ်ငန်း အတွက် ထိုင်းနိုင်ငံ ဂျီဒီပီ၏ ၁၂ ရာနှုန်း ဆိုသည်မှာ ကန်ဒေါ်လာ ၇၂ ဘီလျံ တန်ဖိုး ရှိသော ကြောင့် မြန်မာ တနိုင်ငံလုံး ထွက်ကုန် စုစုပေါင်း ဂဏန်း ခန့် ရှိနေ ပါသည်။
.
မြန်မာနိုင်ငံ ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု FDI တရားဝင် စာရင်းတွင် Shwe Gas by Dawoo, Shwe Oil & Gas pipe (by China), Yadana gas (Total), Garment Industry, Myanmar Dawei (TAVOY), Jade (China), Copper (China), Hydro Electric ,Myitsone & others (China), Fishery (Thailand) .. စသဖြင့် ရှိပါ သည်။ ၂ဝ၁၂ ခုနှစ် တွင် ဗီယက်နမ် ထက်ပင် သာမည်ဟု မှန်းဆ လျက်ရှိသည်။ လက်ရှိ အခြေအနေ တွင် မြန်မာ နှင့် ရင်းနှီး ကျွမ်းဝင်ပြီး သော ထိုင်း၊ တရုတ်၊ အိန္ဒိယ တို့သာမက အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စသည့် နိုင်ငံများမှ FDI မဟုတ် သော တရား မဝင် ဒေါ်လာ များစွာ ဝင်လာ သောကြောင့် ကျပ်ငွေ ဈေးကောင်း လျက်ရှိပါသည်။ အများဆုံး မှာ နယ်စပ် ကုန်သွယ်ရေး ဖြစ်သည်။ ထိုင်းနှင့် တရုတ်တို့ ဖြစ်သည်။ မြန်မာ အစိုးရ သည် ထိုင်း နိုင်ငံကို ဦးစား ပေး သော်လည်း တရုတ်၏ အင်အား ကြီးမားစွာ ဝင်လာ မှုကို တားဆီး ရန် ခက်ခဲ နေပါသည်။
.
ယခု ၂ဝ၁၂ ခုနှစ် သို့ ရောက်ရှိ လေပြီ။ ဒေါ်အောင်ဆန်းစုကြည် နှင့် အတိုက်အခံ များ၏ နှစ်ပေါင်း များစွာ ကြာမြင့် သည့် ဒီမိုကရေစီ တိုက်ပွဲ၏ အသီးအပွင့် ရရှိ လာပြီဖြစ်သည်။ ရေရှည် တည်တံ့ရန် စစ်အာဏာရှင် များက ပြည်တွင်း ရှိ လူငယ် တတ်သိ ပညာရှင်များ နှင့် ပြည်ပမှ မြန်မာပညာရှင် များကို နေရာပေး သွားပါ လိမ့်မည်။ စစ်အင်အား သည် နိုင်င ံအတွက် အဓိက ကျသော ကြောင့် စစ်တပ် အကြောင်း သိရှိကာ ဦးဆောင် နိုင်သူ သည် နိုင်ငံ ခေါင်းဆောင် ဖြစ်ရ ပါမည်။
.
မြန်မာ နိုင်ငံတွင် ယခုအခါ ပြုပြင် ပြောင်းလဲမှု တဟုန်ထိုး ပြုလုပ ်လိုသူအုပ်စု နှင့် အာဏာကို အသေဆွဲ ကိုင်ပြီး တဖြည်းဖြည်း ပြုလုပ်လိုသ ူအုပ်စု ၂ ခု အပြိုင် ဖြစ်နေ ပါသည်။ ယခု အချိန်တွင် ပြုပြင် ပြောင်းလဲ လိုသော စစ်ဗိုလ်ချုပ်ဟောင်း များကို ကြည့်ပါ က ဦးသိန်းစိန် ခေါင်းဆောင်သော အုပ်စုကို မြင်နိုင် ပေသည်။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း ပူးပေါင်း ကူညီလျက် ရှိသည်။ အကျိုးရလဒ် မှာ ယခု ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲ တွင် ၄၈ နေရာရှိသည့် အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ သည် အရွေး ခံမည်။ လွှတ်တော် တွင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ သွားပါက ပြုပြင် ပြောင်းလဲ လိုသူ အုပ်စုအတွက် အလွန် အားကောင်း လာမည်။ မကြာမီ လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ရပ်များ တုံ့ဆိုင်း သွားပါမည်။
.
မည်သို့ပင် ဖြစ်စေ စီးပွားရေး နမူနာ ယူရမည့် အဓိက နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်သည်။ အစစ အရာရာ သာလွန် နေသော ထိုင်းနိုင်ငံ ကို ညီအကို ကဲ့သို့ ပူပေါင်း လုပ်ဆောင် သွားရ ပါမည်။
.
ကိုယ်တွေ့ အတွေ့ အကြုံ တခုမှာ ကျွနု်ပ်တို့ ဇနီးမောင်နှံ ယာဉ်မတော်တဆ မှုဖြင့် ပါသမျှငွေ၊ ပတ်စ်ပို့၊ စာရွက်စာတမ်း အားလုံးပြန့်ကျဲ ကာ ထိုင်းရွာ တခုတွင် ဒုက္ခရောက် စဉ် ထိုင်းရွာသား ရာနှင့်ချီ ရောက်ရှိ လာကာ မြို့နယ် ဆေးရုံသို့ သယ်ဆောင် ပို့ပေး ပါသည်။ ထိုမှတဆင့် မြို့ပေါ်ဆေးရုံကြီး သို့ ရောက်ပြီး အဆင့်မြင့် ဆေး ကုသမှု ခံယူကာ အတိတ် မေ့နေသော ဇနီးသည် သည် နာရီ ၂ဝ အကြာတွင် သတိပြန်လည် လာပါခဲ့ ပါသည်။
.
လွင့်ကျ နေသော အကြွေ တစေ့ မကျန် အထုပ် ကလေးနှင့် ထုပ်ပြီး ဆေးရုံ တွင် ပြန်လည် ရရှိခဲ့ ပါသည်။ ထိုစဉ်က ကူညီ ပေးခဲ့သော ချင်းမိုင် မြို့မှ ထိုင်း လူမျိုး ရွာသား၊ မြို့သား၊ ဆရာဝန်၊ သူနာပြု အားလုံးကို အထူး ကျေးဇူးတင် လျက်ပင် ရှိ၏။ အချို့မှာ နာကျည်းမှု များကို ရင်ထဲ ထည့်ကာ ထိုင်း လူမျိုး အလုပ်ရှင်ကို ရှေ့တွင် ရိုသေဟန်ပြ နေခြင်းသည် ညီအကို စိတ် အစစ် အမှန် မရှိနိုင် သေးခြင်း ဖြစ်သည်။ မိမိက နိမ့်ကျ ချိန် တွင် ညီငယ်တဦး အနေဖြင့် ဆက်ဆံ ပါက၊ ထိုင်းလူမျိုး များ ကလည်း အကို နေရာမှ အကူ အညီ ပေးမည် သာ ဖြစ်ပါ သည်။ မြန်မာ နိုင်ငံသို့ လာ အလုပ် လုပ်သော ထိုင်းကုမ္ပဏီ အလုပ်သမား များ အတွက်မူ မြန်မာများ က အကို သဖွယ် ပြန်လည် ဆက်ဆံကြ ပါသည်။
.
ကျွနု်ပ်တို့ အားလုံး၏ ညီအကို စိတ်ထားဖြင့် ထိုင်းနှင့်မြန်မာ ၂ နိုင်ငံ ပူးပေါင်း လုပ်ဆောင် ပါက မကြာခင် အရှေ့၊ အနောက် ဂျာမဏီ ၂ ခု ပေါင်းသော စီးပွားရေးစနစ် ကဲ့သို့ မြန်မာ-ထိုင်း ၂ နိုင်ငံပေါင်း စီးပွားရေး သည် အာဆီယမ် တွင် အလွန်ကြီးမား လာမည်မှာ သေချာ ပါသည်။
.
စစ်တိုက်၊ နယ်ချဲ့ကြသော ခေတ် စနစ် မဟုတ်တော့ ဘဲ၊ စီးပွားရေး ဖြင့် နိုင်ငံ အင်အား တည်ဆောက် နေသည့် စူပါပါဝါ ဖြစ်လာမည့် တရုတ်၊ အိန္ဒိယ တိုးတက်မှု ကို ကြည့်ပါ။ အာဆီယမ် လည်း စူပါပါဝါ များ လွှမ်းမိုးမှု ကို စုပေါင်း ကာကွယ် ရပါမည်။ အထူးသဖြင့် ထိုင်းနှင့် မြန်မာတို့ အိမ်နီးချင်း ၂ နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု များသည် အားရ စဖွယ် ဖြစ်သည်။ မြန်မာ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ထဲတွင် ထိုင်းနိုင်ငံသို့ ၉ ရက် လေ့လာရေးခရီးသည် အားရဖွယ် ဖြစ်သည်။ ထိုင်းနိုင်ငံ သည် မိတ်ဆွေ၊ ညီအကို နိုင်ငံဖြစ်ပြီး၊ တရုတ်နှင့် အိန္ဒိယမှာ ပေါက်ဖော် သာ ဖြစ်ကြောင်း မြန်မာ ခေါင်းဆောင် များ သိ ပါသည်။
.
.
ထိုင်းနိုင်ငံ အကြောင်း ဖြစ်သော ကြောင့် ထိုင်းနိုင်ငံ နှင့် မြန်မာပြည် နှိုင်းယှဉ် ကာ အဆုံး သပ်ပါမည်။ လက်ရှိ ထိုင်းနိုင်ငံ သည် မြန်မာပြည် ထက် အဆ များစွာ သာလွန် နေသည်ကို မြန်မာခေါင်းဆောင်များ လက်ခံ ပါသည်။ ထိုင်းသည် မြန်မာ၏ ညီအကို နိုင်ငံ ဖြစ်သည် ကိုလည်း လက်ခံ ပါသည်။ ရေမြေ အနေထားနှင့် ဘာသာရေး၊ ယဉ်ကျေးမှု များ အတူတူ ဖြစ်သည်။
.
တဦးနှင့် တဦး နားလည် သဘော ပေါက်ပြီး အတူ နေထိုင်နိုင် ပါသည်။ ထိုင်းနိုင်ငံ အတွက် နိုင်ငံရေး ညီညွတ ်မှုမှာ မြန်မာပြည် ထက်စာ လျှင် အများကြီး သာပါ သည်။ မြန်မာပြည် တွင် နယ်မြေ နှင့် လူဦးရေ သုံးပုံ တပုံမှာ တိုင်းရင်းသား လက်နက်ကိုင် များ လွှမ်းမိုး နေမှုသည် အဓိက အခက်အခဲ ဖြစ်သော် လည်း တရား ဥပဒေပြုမှု ဖြင့် ဖြေရှင်း နိုင်ပါသည်။ တိုင်းပြည် ငြိမ်းချမ်း ရန် စွန့်လွှတ် အနစ်နာ ခံတတ်သော ခေါင်းဆောင် တဦး လိုအပ် ပါသည်။
.
ထို ခေါင်းဆောင် သည် ဦးသိန်းစိန် လား၊ ဒေါ်အောင်ဆန်းစုကြည် လား၊ အခြား တဦးလား ..ဆိုသည်မှာ အချိန်က အဆုံးအဖြတ် ပေးသွား ပါမည်။ နောင် တချိန် မြန်မာပြည် သို့ အလုပ် လာလုပ်သော သူဋ္ဌေး အများစုမှာ ထိုင်းကုမဏ္ဍီ များ ဖြစ် လာမည် မလွဲပါ။ ထိုအခါ ညီအကို စိတ်ထား ထားနိုင် ပါက မြန်မာ များသည် အချိန်တို အတွင်း ထိုင်း နိုင်ငံ လူမှု အခြေအနေများ ကို ခံစား ရမည်မှာ မလွဲပင်။
၁၀-ဖေဖော်ဝါရီ-၂ဝ၁၂ ..
........။။။။။။ ........
.
ထိုင်း PTT နဲ့ မြန်မာ့ရေနံ၊ ဓါတ်ငွေ့ ဘာလဲ၊ ဘယ်လဲ
Petroleum AuThority of Thailand ထိုင်းနိုင်ငံအစိုးရပိုင် ရေနံကုမ္ပဏီဖြစ်ပါတယ်။ Fortune 500 မှာတော့ ကမ္ဘာ့အဆင့် ပိုင်ဆိုင်မှု ၇၉.၆ဘီလျှံနဲ့ ကမ္ဘာ့မှာ အဆင့် ၉၅၊ ၂၀၁၂မှာ သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံနဲ့အထူး ပတ်သက်နဲ့ ကုမ္ပဏီကြီးဖြစ်ပြီး၊ မြန်မာကမ်းလွန် (ရတနာဓါတ်ငွေ့) ပိုက်လိုင်းအားဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေ အမြောက်အများ စတင်ရရှိစေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ လက်ရှိ ထားဝယ်ရေနက်ဆိပ်ကမ်းမှာလည်း ပါဝင်ပတ်သက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ ထိုင်းနိုင်ငံကုမ္ပဏီများဟာ နောက်ကွယ်က အကြီးမားဆုံး ရင်းနှီးမြှတ်နှံမဲ့ နိုင်ငံဖြစ်နေပါတယ်။
.
ဗီယက်နမ်နိုင်ငံရဲ့ အကြီးမားဆုံး ရေနံချက်စက်ရုံ $28.7 billion oil refinery in central Vietnam ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ဗီယက်နမ်အစိုးရသတင်းဌာန Tuoi Tre newspaper မှာ ဖေါ်ပြထားပါတယ်။
ဗီယက်နမ်အစိုးရဟာ ထိုင်း PPT ကို ရေနံချက်လုပ်ငန်းအတွက် ရင်းနှီးမြုတ်နှံမှုလုပ်ဖို့ ဖြစ်နိုင်ချေရှိမရှိ လေ့လာရေးအတွက် ငှားရမ်းလုပ်ကိုင်စေပါတယ်။ အလွန်အရေးကြီးတဲ့ ရင်းနှီးမြှတ်နှံမှုဖြစ်ပြီး အရေးကြီးတဲ့ ရင်းနှီးမြှတ်နှံမှုကို ဗီယက်နမ်ဟာ အနောက်နိုင်ငံ၊ တရုပ်၊ဂျပန်များကို မငှားရမ်းပဲ ဘာကြောင့် ထိုင်း PTT ပညာရှင်များကို ငှားရမ်းရသလဲ၊ ပြီးတော့ ထိုင်း PTT ကုမ္ပဏီနဲ့ လုပ်ချင်နေသလဲဆိုတာ မြန်မာများအတွက် အထူးစဉ်းစားစရာဖြစ်ပါ။
.
ဗီယက်နမ်ဟာ နှစ်ပေါင်း၂၀နီးပါး ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ပြီးတဲ့အခါမှာ သူတို့ကို အကျိုးအမြတ် အများဆုံးလုပ်ပေးသူဟာ ထိုင်းကုမ္ပဏီများဖြစ်တယ် ဆိုတာကို သဘောပေါက်ပြီး ဖြစ်ပါတယ်။ မြန်မာအစိုးရကလည်း မြန်မာနိုင်ငံမှာ ရေနံချက်စက်ရုံဆောက်ဖို့ PPT ကို ကမ်းလှမ်းထားပါတယ်။
.
.
ဗီယက်နမ်ရေနံလုပ်ငန်း
ပြည်တွင်းသုံးစွဲဖို့ ဓါတ်ဆီ၊ဒီဇယ်များကို ထိုင်း၊မလေးရှား ရေနံချက်စက်ရုံများက တင်သွင်းရပါတယ်။ ဒါကြောင့် ရေနံချက်လုပ်ငန်းကို ပြည်တွင်းမှာတည်ဆောက်နိုင်ရင် အကောင်းဆုံးဖြစ်ပေမဲ့ နည်းပညာလိုအပ်ပါတယ်။ ကုန်ချောထုတ်လိုရင် နည်းပညာပိုင်းဆိုင်ရာကို တိုးတက်တဲ့နိုင်ငံကြီးများထံမှာ ဝယ်ယူရပါတယ်။
.
လက်ရှိ Dung Quat ဒေသမှာ 135,000 bpd ကနေ ၂၀၁၇မှာ ၂ဆ ထုတ်ဖို့ လုပ်နေပါတယ်။ မလုံလောက်တဲ့အတွက် ဗီယက်နမ်မှာ အကြီးဆုံး $7.5 billion တခု 200,000 bpd Nghi Son refinery Project လုပ်နေပါတယ်။ Nghi Son Project ဟာ ကူဝိတ်၊ဂျပန် Petrovietnam, Kuwait Petroleum International, Japan’s Idemitsu Kosan Co Ltd and Mitsui Chemicals Inc. တို့နဲ့ ဖက်စပ်ဖြစ်ပါတယ်။ အခု ထိုင်း PTT နဲ့ လုပ်ဖို့စီမံနေတဲ့ $28 billion Refinery Project ဆိုတာ အလွန်ကြီးမားတဲ့ စီမံကိန်းကြီးဖြစ်ပါတယ်။ မလေးရှား Petronas ကလည်း ပြည်တွင်းမှာပဲ ရင်းနှီးမြှတ်နှံတဲ့ $20 billion refinery, 300,000 bpd Project ကို ဂျဟိုးပြည်နယ်မှာ တည်ဆောက်ဖို့ စီမံလျှက်ရှိပါတယ်။
.
အရှေ့တောင်အာရှရေနံလုပ်ငန်းများ
ရေနံနဲ့ဓါတ်ငွေဟာ အခုခေတ် ရေပန်းအစားဆုံး စီးပွားရေးလုပ်ငန်းကြီးဖြစ်တဲ့အတွက် အရှေ့တောင်အာရှမှာ ရေနံအထွက်ဆုံး၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများကို မှီပြီး ရေနံချက်လုပ်ငန်းများလည်း တိုးတက်ကြီးပွားနေပါတယ်။ နည်းပညာလိုအပ်တဲ့အတွက် ကမ္ဘာထိတ်တန်း Shell, Exxon Mobile, BP British Petro, Chevron စတဲ့ ရေနံကုမ္ပဏီများပဲ ဦးဆောင်နေပါတယ်။ အခုတော့ တရုပ်ရေနံကုမ္ပဏီများ ထိပ်တန်းရောက်လာပါပြီ။ ဒီကြားထဲမှာ အရှေ့တောင်အာရှ မလေးရှား၊စင်ကာပူ၊ထိုင်း အစိုရပိုင် ရေနံကုမ္ပဏီများက ကိုယ့်ဖာသာလုပ်ဖို့ကြိုးစားရပါတယ်။ အမြက်စွန်းအများဆုံးလုပ်ငန်းဖြစ်တော့ ကိုယ့်ဖာသာကိုယ် ရင်းနှီးမြှတ်နှံ လုပ်ချင်တာ မဆန်းပါ။ သို့သော် နည်းပညာနဲ့ ဈေးကွက်အတွက် အနောက်နိုင်ငံနဲ့ အခုတရုပ်ကုမ္ပဏီများက ဦးဆောင်နေဆဲဆိုတာ သတိပြုရပါတယ်။ နောက်ဆုံးတော့ အရှေ့တောင်အာရှ နိုင်ငံအချင်းချင်းပဲ ခေါင်းပုံဖြက်မှု အနည်းဆုံး၊ ညှိနှိုင်းလုပ်ကိုင်ဖို့ ဆိုတာ နားလည်ရပါတယ်။ ကိုယ့်ပြည်တွင်းမှာပဲ နည်းပညာ Refinery များလုပ်ဆောင်နေပါတယ်။
.
Fortune 500 ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီပေါင်း ၅၀၀
မလေးရှားနိုင်ငံ Patronas က ပိုင်ဆိုင်မှု ၉၇.၃ ဘီလျှံ၊ အဆင့် ၆၈။ အရှေ့တောင်အာရှမှာ အကြီးဆုံးကုမ္ပဏီဖြစ်ပါတယ်။ ထိုင်းနိုင်ငံ PPT Thailand ဟာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ ရေနံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အရှေ့တောင်အာရှမှာ အရင်က စင်ကာပူဘဏ်လုပ်ငန်းများ DBS, UOB, OCBC များ ဒီနှစ် Fortune 500 စာရင်းမှာ မပါတော့ပါဘူး။ စင်ကာပူအခြေစိုက် Wilma International (Rank 222) စိုက်ပျိုးရေးစက်မှု, Flextronics (Rank 372) အထွေထွေစက်မှု ဒီလုပ်ငန်း၂ခုပဲ ပါဝင်ပါတယ်။
.
အမေရိကန်က ကုမ္ပဏီပေါင်း ၁၃၂ခုနဲ့ ထိပ်ဆုံးမှာ အပြတ်အသတ် ရှိနေဆဲမှာ တရုပ်က ၇၃ခု၊ ဂျပန်က ၆၈ခု နဲ့ရှိနေပါတယ်။ အာရှတိုက်က တောင်ကိုးရီးယား၊ အိန္နိယ၊ တိုင်ဝမ်တို့လည်း ထိပ်ဆုံးအဆင့်များမှာ ရှိနေပါတယ်။ ၂၀၁၂ ထိပ်တန်း ကုမ္ပဏီ ၅၀၀စာရင်းမှာ စင်ကာပူက ၂ခု၊ ထိုင်း၊မလေးရှား တခုစီပဲ ပါဝင်နေပါတယ်။ ထိုင်းနီုင်ငံ PPT နဲ့ မလေးရှားနိုင်ငံ Patronas ၂ခုကို မှတ်တမ်းတင်ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။
.
.
မြန်မာ့ရေနံနဲ့ဓါတ်ငွေ့
အခုခေတ် မြန်မာအစိုးရအတွက် အဓိကဝင်ငွေဖြစ်နေပါတယ်။ MOGE Myanma Oil and Gas Enterprise အဖြစ် မြန်မာအစိုးရက ဦးစီးလုပ်ဆောင်နေပါတယ်။ လက်ရှိ ရတနာဓါတ်ငွေပိုက်လိုင်း၊ ရွှေဓါတ်ငွေပိုက်လိုင်းများက ဝင်ငွေအဓိကရယူတဲ့လုပ်ငန်းများမှာ မြန်မာအစိုးရ MOGE အဖြစ် ဖက်စပ်လုပ်ကိုင်လျှက်ရှိပါတယ်။
.
ကျွန်တော် မြန်မာပြည်ရောက်ရှိစဉ်က မြန်မာရေနံတနိုင်လုပ်ငန်းများကို လေ့လာမိပါတယ်။ လက်တွင်းများက ရေနံ တနေ့ တစည်၊ ၂စည်လောက် ထွက်တာလေးကို သယ်ယူတယ်။ မုံရွာမြို့မှာ တနိုင်ရေနံချက်လုပ်ငန်းများလုပ်ကြတယ်။ အစိုးရနဲ့ပိုင်တဲ့ပြည်တွင်းက ရေနံကုမ္ပဏီများက ကြီးနိုင်ငယ်ညှင်းလုပ်ရင်း၊ ဘုမသိဘမသိ ရေနံဟေ့ဆိုပြီး၊ လက်တွင်းကလေးများ တူးကြတဲ့လူများ ခွက်ခွက်လန် ရှုံးနှိမ့်ပျက်စီးရတဲ့ ဝိသမရေနံလုပ်ငန်းရှင်များရဲ့ ကြီးစိုးမှုကို မျက်မြင်တွေ့ခဲ့ဖူးပါတယ်။
.
အခု လက်ပတောင်းတောင် ကြေးနီစီမံကိနု်းလိုပဲ မြေယာများကို ကုမ္ပဏီများက မတရားဈေးနှုန်းနဲ့ ဝယ်ယူ၊ရင်းနှီးရင်း ကုမ္ပဏီအကြီးက၊ အသေးကို ဝါးမြို၊ ငွေအနည်းငယ်ရှိသူများမိမိအိမ်မြေကို ရောင်းပြီး၊ ရင်းနှီးမြှတ်နှံလို့ အရှုံးကြီးရှုံးသွားတဲ့ လူများစွာ တွေ့ခဲ့ရပါတယ်။
.
ဒါက ပြည်တွင်းက တနိုင်လုပ်ငန်း SME Small & Median Oil & Gas business လုပ်ငန်းလေးများကို ကာကွယ်၊မြျှင့်တင်ပေးဖို့ ဥပဒေမရှိသေးပါဘူး။ မြန်မာအစိုးရက အရှေ့တောင်အာရှနိုင်ငံများနဲ့ အတူ လုပ်ဆောင်လျှက်ရှိပါတယ်။ SME တွေကပဲ နိုင်ငံစီးပွားရေးရဲ့ ၇၀ရာနှုန်းလောက်ကို ဖြည့်ဆည်းနေချိန် SME တွေကို ဝိသမစီးပွားကုမ္ပဏီကြီးများက ဝါးမျိုခြင်းဟာ မြန်မာ့ရေနံလုပ်ငန်းမှာ အရုပ်ဆိုးလှတဲ့ဖြစ်ရပ်ပါ။
.
အရှေ့တောင်အာရှ သယံဇာတကြွယ်ဝမှုကို နှိုင်းယှဉ်ရင် ဓာတ်ငွေ့ထွက်နှုန်းမှာ အိမ်နီးချင်းထိုင်းက 20 billion cu m, မလေးရှားက 66 billion cu m နဲ့ ဗီယက်နမ်က 7.8 billion cu m ထွက်ပါတယ်။ မြန်မာပြည်က တနှစ်မှာ ဓာတ်ငွေ့ 11 billion cu m ထွက်တဲ့အတွက် ဗီယက်နမ်ထက်တော့ သာပါတယ်။
.
.
ရေနံဘယ်လောက်ထွက်သလဲ ယှဉ်ကြည့်ရင်
ထိုင်းက တနှစ်ကို ရေနံစည်ပေါင်း 406,000 barrels, မလေးရှားက တနေ့ကို ရေနံစည် 716,000 barrels , ဗီယက်နမ်က 304,000 barrels ထွက်ပြီး၊ ကျနော်တို့က 21,000 barrels ပါ။ နည်းနည်းပဲ ထွက်ပါတယ်။
ရေနံ၊ ဓာတ်ငွေ့ သယံဇာတထွက်မှုကို ကြည့်ရင် မြန်မာပြည်ဟာ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်ကို မမီပါဘူး။ သို့သော်လည်း ကုန်ကြမ်းထွက်သမျှကို နိုင်ငံခြား တရုပ်၊ထိုင်းနိုင်ငံများကိုပဲ ရောင်းချပြီး၊ အဲဒီနိုင်ငံများက ဓါတ်ဆီ၊ဒီဇယ်ဆီများကို ပြန်လည်ဝယ်ယူနေရတဲ့ ဗိယက်နမ်နိုင်ငံရဲ့ အားနည်းချက်က နည်းပညာမလိုက်နိုင်ခြင်းဖြစ်ပါတယ်။
.
မြန်မာနိုင်ငံလည်း ကုန်ကြမ်း (ရေနံဓါတ်ငွေ့) ရောင်းချတဲ့နိုင်ငံကနေ ကုန်ချော (ဓါတ်ဆီ၊ဒီဇယ်ဆီ) ပြည်တွင်းမှာပဲ ထုတ်လုပ်ဖို့ အရေးကြီးဆုံးဖြစ်တဲ့ ကျွမ်းကျင်သူ၊ မြန်မာပညာရှင်များ၊ ကမ္ဘာအရပ်ရပ်က ပြန်လာကြဖို့အချိန်ကို မျှော်လင့်လျက် ထိုင်းနိုင်ငံ PPT ရေနံကုမ္ပဏီအကြောင်း အကျဉ်းရေးလိုက်ပါတယ်။
.
///// … End. Of .Thai-Myanmar 2012 Articles … /////
.
.
သုံးသပ်ချက် (ထိုင်း-မြန်မာ ၂၀၁၈)
၁။ ၂၀၁၂ နောက်ပိုင်းမှာ နှစ်နိုင်ငံ နိုင်ငံရေး အခြေအနေ များစွာ ပြောင်းလဲ သွားပါပြီ။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်(ဟောင်း) တာဆင် နဲ့ သူ့ညီမ လူထုထောက်ခံမှု ရပေမဲ့ စစ်တပ်က အာဏာသိမ်းခံ ရတဲ့ အတွက် စစ် အစိုး ရ ဖြစ် နေ ပါတယ်။ ဖွဲ့ စည်း ပုံ အခြေ ခံ ဥပဒေ ရေး ဆွဲ ပြီး ရွေး ကောက်ပွဲ ပြန်လုပ် ပေးမယ် ဆိုတာ ကြာနေ ပါပြီ။ မြန်မာ နိုင်ငံ မှာတော့ ၂၀၁၅ မှာ ရွေးကောက်ပွဲ လုပ်ပြီး ဒေါ်အောင် ဆန်း စု ကြည် ရဲ့ အင် အယ် ဒီ ပါတီ နဲ့ တပ်မတော် ၂၅% အတူ အုပ်ချုပ် ပြုပြင် ပြောင်း လဲ နေ ပါတယ်။
.
ဒါ ပေ မဲ့၊ ထိုင်း-မြန်မာ စီးပွားရေး နဲ့ တစ်ဦးချင်း ကြွယ်၀ ချမ်းသာမှု က အရမ်း ကွာ ခြား နေ ဆဲ ဖြစ်ပါတယ်။ နှစ် ပေါင်း များစွာ မြန်မာ အခြေခံ လူတန်းစား များနဲ့လူလတ်တန်းစားများ၊ အထက်တန်းစားများ ထိုင်းနိုင်ငံ ကို မှီ အုန်း မှာ မဟုတ်ပါဘူး။ လွန်ခဲ့ တဲ့ နှစ် ၂၀ လောက် က ဗီယက်နမ် နိုင်ငံ ပြု ပြင် ပြောင်းလဲ မှု ပြုလုပ် ရာမှာ ထိုင်း ကုမဏီ များစွာ သွားရောက် ရင်းနှီး မြှတ် နှံကြပါတယ်။ ၁၀နှစ် အကြာမှာ ထိုင်း ကုမဏီများ ရင်းနှီးငွေ + အမြတ်ငွေ များစွာ ရရှိ သွားပြီး၊ လုပ်ငန်းများကို ဗီယက်နမ် များက လုပ်ကိုင် တတ်သွားပြီး ဗီယက်နမ် လူမျိုး များ လက်ထဲ ရောက်သွား ကြပြီ ဖြစ် ပါတယ်။
.
၂။ ဒါကြောင့် ဗီယက်နမ် တိုးတက် သွားခြင်းက ထိုင်း နိုင်ငံ ရဲ့ လူသားအရင်း မြစ်၊ နည်းပညာများ နဲ့ ငွေအရင်းအနှီး များး ကြောင့် ဖြစ်ပါတယ်။ ဗီယက်နမ် လူမျိုး များ ဟာ တရုပ်၊ အမေရိကန်၊ ဥရောပနိုင်ငံများကို မမှီ ခို လို ကြပါ။ အဲ ဒီ နိုင်ငံ များက အလွန် အမြတ်ထုတ် တတ်ကြတယ် ဆိုတာ ဗီယက်နမ် များ သိရှိပါတယ်။ ဒါကြောင့် ဗိယက်နမ် ရင်းနှီးမြှတ် နှံမှု အများစုက အာစီယံ နိုင်ငံများက တဆင့် လာရောက်ပြီး၊ ဂျပန် က ဒုတိယ အများဆုံး၊ တောင်ကိုးရီး ယား နဲ့ တိုင်ဝမ် များက လည်း ရင်းနှီး မြှတ် နှံမှု အများအပြား လာပါတယ်။
.
တကယ်တော့ ဥရောပနိုင်ငံများ နဲ့ အမေရိကန် နိုင်ငံ တို့ သူတို့စီးပွားရေး နဲ့ အကြပ်တည်း ဖြစ်နေလို့ နိုင်ငံခြား ကို သိပ် မရင်းနှီး နိုင်တော့ပါဘူး။ သူတို့ ရင်းနှီး ထားတဲ့ စင်ကာပူ၊ ဟောင်ကောင်၊ အရှေ့တောင်အာရှ နိုင်ငံများ က တဆင့် မြန်မာ နိုင်ငံ ကို ဝင်ရောက် ရင်းနှီး နေကြပြီ ဖြစ်ပါတယ်။ အများဆုံး အရင်းအနှီး ဝင်ရောက်မဲ့ နိုင်ငံကတော့ ထိုင်း နိုင်ငံ ဖြစ်ပါတယ်။
.
၃။ ၂၀၁၇ ကမ္ဘာ့ဘဏ် အချက်အလက် အရ၊ လက်ရှိ ထိုင်းနိုင်ငံ ရဲ့ GDP က Thailand $409 billion Myanmar $74 billion ဖြစ်ပြီး၊ တစ်ဦးချင်းဝင်ငွေ GDP / Capital per year မှာ ထိုင်းနိုင်ငံက $5748, မြန်မာနိုင်ငံက $1212 ဖြစ်လို့ အရမ်းကွာ ခြားပါတယ်။ ထိုင်းနိုင်ငံ အလည်သွား၊ ဆေးကု၊ အလုပ်လုပ် ဖူးသူများ ပိုသိ ပါတယ်။
.
၄။ ဓန ဥစ္စာ ကွာခြားမှု တွေကို နှိုင်းယှဉ် ရင်တော့ လိုက်လို့ မမှီနိုင် လို့ ထင်စရာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဦးချင်း ပြိုင် ဆိုင် ရင်တော့ မြန်မာ ပညာတတ် များ၊ မြန်မာ သူဌေးများ၊ မြန်မာ အစိုးရ အရာရှိများ၊ မြန်မာ စစ်တပ် စသဖြင့် တစ်ဦးချင်း ထူးချွန်မှုကို အားပေးပြီး ထိုင်းနိုင်ငံ ဆီက ဗိယက်နမ် တို့ အကူညီ ယူသွားသလို မြန်မာအစိုးရ နဲ့ စစ်တပ် ပူးပေါင်း လုပ်ဆောင် ရမယ် ဖြစ်ပါတယ်။
.
၅။ ထိုင်းနိုင်ငံ ရဲ့ စီးပွား အင်အား အလွန် ခိုင်မာ ကြီးမားကြောင်း၊ အမေရိကန် နဲ့ ဥရောပ နိုင်ငံများ ရောက်သွားရင် လေဆိပ်မှာ ငွေလဲလှယ်တဲ့ ကောင်တာများမှာ ထိုင်း ဘတ်ငွေ ပဲ လဲလှယ်နိုင်ပြီး၊ အာစီယံ ငွေကြေးများ စင်ကာပူ ဒေါ်လာကို လဲလှယ်လို့ မရကြောင်း တွေ့ရပါတယ်။ ထိုင်း အစားအစာ နဲ့ လုပ်ငန်းရှင်များ အမေရိက၊ ဥရောပ မြို့ကြီး တိုင်းမှာ နေရာ ယူထား ကြပါတယ်။ ၁၉၇၀ နောက်ပိုင်း ကွန်မြူနစ် စနစ် ကြီးစိုး တဲ့ အချိန် အမေရိကန် နဲ့ အနောက်နိုင်ငံ များက စိုးရိမ်လို့ ထိုင်း နိုင်ငံကို အစွမ်းကုန် ပံ့ပိုး ပေးရင်း၊ အမေရိကန် စစ်တပ်ကြီးလဲ ထိုင်းနိုင်ငံ မှာ အခြေချ ခဲ့ပါတယ်။ ထိုင်း စီးပွားရေး အင်ပါယာ ကမ္ဘာ အနှံ ကြီးမား လာခြင်း ဖြစ်ပါတယ်။
.
အတက်အဆင်းမြန်တဲ့ ထိုင်းနိုင်ငံရေး၏ နောက်ကွယ်က အားသာချက်များနဲ့ မြန်မာ့နိုင်ငံရေး၊စီးပွားရေး အရွေ့ - မိုးမခ ဆောင်းပါးမှာ ၊ ထိုင်းစီးပွားရေး ၂၀၁၃ အခြေအနေ၊ ထိုင်းနိုင်ငံ မှ ကြွယ်ဝချမ်းသာပါက ကမ္ဘာကျော် စိန်ရွှေ၊ လက်ဝတ် ရတနာများ၊ ထိုင်းနိုင်ငံရဲ့ရတနာသိုက်ကြီး၊ တရာမဝင်စာရင်းအရ မြန်မာ ၆သန်းခန့် ထိုင်းနိုင်ငံတွင် အလုပ်ပေးထားနိုင်ခြင်းမှာ အံ့ဘွယ်ရာ အလုပ်အကိုင်အခွင့် လမ်း ပေါများခြင်း အကြောင်း ရေးထားပါတယ်။ (ကိုးကား လင့်)
.
.
နိဂုံး (ထိုင်း နိုင်ငံ စီးပွားရေးလုပ်ငန်းများ လာရောက်ရန်)
မြန်မာနိုင်ငံ နယ်စပ်တွေမှာ ထိုင်း စီးပွားရေး လုပ်ငန်းများစွာ စက်ရုံ၊ အလုပ်ရုံ အမြောက်အများ တည်ဆောက် ထားပြီး ဖြစ်ပါတယ်။ အခွင့် သာရင် မြန်မာ နိုင်ငံ အတွင်းကို အလွယ် တကူ ရွှေ့ပြောင်း လာကြဖို့ အသင့် ဖြစ်နေ ပါတယ်။ မြန်မာ အစိုးရ ဘာတွေ ပြောင်းဖို့ လုပ်နေသလဲ..
- လမ်းတံတားများ
- လျှပ်စစ် ဓါတ်အား ရရှိပြီး၊ ဈေးသက်သာရေး
- အာမခံလုပ်ငန်း (သူတို့ရင်းနှီးမှု များကို အာမခံရန်၊ ယုံကြည်ရတဲ့ အာမခံ ကုမဏီများ လိုအပ်ပါတယ်)။
- စာရင်းစစ်များ (လုပ်ငန်းကို အမှန်အကန် စာရင်းစစ်ပြီး၊ အခွန်မရှောင်နိုင်တဲ့၊ အဂတိနည်းတဲ့ စာရင်းစစ်ကုမဏီများ းလိုအပ်ပါတယ်။
.
အထက်ပါ အင်ရောစထရပ်ချာ ဆိုတဲ့ အခြေခံ အဆောက် အဦများ မြန်မာနိုင်ငံမှာ အခြေခိုင်စေဖို့ ယုံကြည်မှု ရှိတဲ့ အစိုးရ ဖြစ်ဖို့ မြန်မာနိုင်ငံ အစိုးရ သစ် က ကြိုးစား နေပါတယ်။ အထူးသဖြင့် ကတော့ မြန်မာ များရဲ့ ပညာရေး ဗဟုသုတ နိုင်ငံ တကာ အဆင့် ရောက်ရှိ ရေး ဖြစ်ပါတယ်။
.
ဖတ်ရှု သူ အားလုံး ပညာရေး၊ စီးပွားရေး၊ အလုပ်ကိုင်များ တိုးတက် ကြီးပွားကြပါစေ။
.
ဇော်အောင် (မုံရွာ)
၃. ဇူလိုင်. ၂၀၁၈
.
ကိုးကား
၁။ မိုးမခ ထိုင်း-မြန်မာ ဆောင်းပါးများ
၂။ အတက်အဆင်းမြန်တဲ့ ထိုင်းနိုင်ငံရေး၏ နောက်ကွယ်က အားသာချက်များနဲ့ မြန်မာ့နိုင်ငံရေး၊စီးပွားရေး အရွေ့
ဒီဇင်ဘာ ၁၀၊ ၂၀၁၃ http://moemaka.com/archives/103
၃။ ဝီကီ ပီဒီယာ စွယ်စွယ်ကျမ်း နဲ့ ထိုင်းအစိုးရ အချက်လက်များ
.
.
.
.
.
.
.
.
.
.
.
ကျွန်ုပ်တို့ အားလုံး၏ ညီအကို စိတ်ထားဖြင့် ထိုင်းနှင့်မြန်မာ ၂ နိုင်ငံ ပူးပေါင်း လုပ်ဆောင် ပါက မကြာခင် အရှေ့၊ အနောက် ဂျာမဏီ ၂ ခု ပေါင်းသော စီးပွားရေးစနစ် ကဲ့သို့ မြန်မာ-ထိုင်း ၂ နိုင်ငံပေါင်း စီးပွားရေး သည် အာဆီယမ် တွင် အလွန်ကြီးမား လာမည်မှာ သေချာ ပါသည်။
.
.
.
.
.
၁၀-ဖေဖော်ဝါရီ-၂ဝ၁၂ ..
........။။။။။။ ........
.
.
.
.
.
.
.
.
.
.
.
.
.
အခု လက်ပတောင်းတောင် ကြေးနီစီမံကိနုးလိုပဲ မြေယာများကို ကုမ္ပဏီများက မတရားဈေးနှုန်းနဲ့ ၀ယ်ယူ၊ရင်းနှီးရင်း ကုမ္ပဏီအကြီးက၊ အသေးကို ၀ါးမြို၊ ငွေအနည်းငယ်ရှိသူများမိမိအိမ်မြေကို ရောင်းပြီး၊ ရင်းနှီးမြှတ်နှံလို့ အရှုံးကြီးရှုံးသွားတဲ့ လူများစွာ တွေ့ခဲ့ရပါတယ်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
- လမ်းတံတားများ
.
.
.
ဇော်အောင် (မုံရွာ)
၃. ဇူလိုင်. ၂၀၁၈
.
ကိုးကား