Showing posts with label Professional Engr PE. Show all posts
Showing posts with label Professional Engr PE. Show all posts

Thursday, February 20, 2020

ပီပီပီ(public-private partnership)

သတိထားလုပ်ဆောင်သင့်သည့် ပီပီပီများ
ခိုင်ဝင်း
ပီပီပီ(public-private partnership) အစီအစဉ်ဖြင့် ဟဲဟိုး၊ ကောသောင်းနှင့်မော်လမြိုင်လေဆိပ်များ အဆင့်မြှင့်တင်ခြင်းနှင့်လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန် ပြည်တွင်းနှင့်ပြည်ပကုမ္ပဏီ များပူးပေါင်းဖွဲ့စည်းထားသည့် ကုမ္ပဏီအုပ်စုများထံမှတင်ဒါခေါ်ယူရန် အီးအိုအိုင်ဟုခေါ်သည့် (expression of interest) စိတ်ပါဝင်စားကြောင်းအဆိုတင်ရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနအောက်ရှိ လေကြောင်းညွှန်ကြားမှုဦးစီးဋ္ဌာန၏ ဖိတ်ခေါ် ကြော်ငြာကို ၂၀၁၇ခုနှစ်သြဂုတ်လ၂၈ရက် ရက်စွဲဖြင့်ထုတ်ဝေသည့် ကြေးမုံသတင်းစာတွင် ဖတ်ရှု လိုက်ရသည်။
မြန်မာနိုင်ငံ၌ ကြီးမားသည့် အခြေခံအဆောက်အုံလိုအပ်ချက်ကို ဖြည့်ဆည်းရန် ပီပီပီများသည် အရေး ပါသည့် အခန်းကဏ္ဍမှာရှိနေသည်။  အစိုးရဘဏ္ဍာငွေနှင့်နိုင်ငံတကာအထောက်အပံ့များက မြန်မာ နိုင်ငံ၏ အခြေခံအဆောက်အအုံလိုအပ်ချက်ကို မည်သို့မျှမဖြည့်ဆည်းနိုင်ချေ။ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)၏ ၂၀၁၆ခုနှစ် အာရှနိုင်ငံများ၏ စီးပွားရေးအလားအလာသုံးသပ်ချက် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍကိုအဆင့်မြှင့်တင်ရန် အမေရိကန်ဒေါ်လာဘီလီယံ၆၀ခန့်ကို ၂၀၁၆-၂၀၃၀ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံသွားရန်လိုအပ်သည်ဟုရေးသားထားသည်။ နှစ်စဉ်ဂျီဒီပီ၏ ၃-၄ရာခိုင်နှုန်း ပို့ဆောင်ရေးကဏ္ဍတွင်ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်ဟုဖေါ်ပြခဲ့သည်။  ပြီးခဲ့သည့်နှစ်များ အတွင်းက ပို့ဆောင်ရေးကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုသည် ဂျီဒီပီ၏၁ရာခိုင်နှုန်းကျော်သာ ရှိသည်ဟုလည်း အဆိုပါအစီရင်ခံစာ၌ဖေါ်ပြထားသည်။ ထိုကဲ့သို့ ပို့ဆောင်ရေးကဏ္ဍတွင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် သယ်ယူပို့ ဆောင်ရေးစရိတ် သုံးပုံတစ်ပုံခန့် သက်သာသွားမည်ဟုလည်းဆိုထားသည်။ ထိုအတွက်ကြောင့် ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှုများ အခြေခံအဆောက်အအုံကဏ္ဍအတွင်းစီးဝင်ခြင်းဖြင့် မြန်မာ့စီးပွားရေး အတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သလို စီးပွားရေး ဦးမော့လာမှုကိုလည်းများစွာအထောက်အကူဖြစ်နိုင်သည်။ လေဆိပ်အဆင့်မြှင်တင်ခြင်းကဲ့သို့သော စီမံချက်များမှ အလုပ်အကိုင်အခွင့်အလမ်း မြောက်မြားစွာကို ဖန်တီးပေးနိုင်လိမ့်မည်။ ပြီးခဲ့သည့်  သြဂုတ်လအတွင်းက နေပြည်တော်တွင်ကျင်းပခဲ့သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖိုရမ်၌လည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပီပီပီများသည် အရေးပါသည့် အခန်းကဏ္ဍမှာ ရှိကြောင်း ပညာရှင်များဆွေးနွေးခဲ့သည်ကို ကြားသိရသည်။
ပီပီပီတိုင်းအောင်မြင်သည်လား၊ ပီပီပီတိုင်းအများပြည်သူအတွက်အကျိုးဖြစ်ထွန်းစေသည်လား
ပီပီပီတိုင်းအောင်မြင်သည်တော့မဟုတ်ပါ။ ပီပီပီတိုင်းအများပြည်သူအတွက် အကျိုးဖြစ်ထွန်းစေသည် တော့မဟုတ်ပါ။ ပီပီပီများကို လက်မခံသင့်ကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းလုပ်ဆောင်မှုများ မည်သည့်အတွက်ကြောင့် မအောင်မြင်ရသနည်းဟုသောခေါင်းစဉ်ဖြင့် Public Services Inter- national (PSI) အဖွဲ့မှထုတ်ပြန်သည့် “Why Public Private Partnerships Don’t Work” အစီရင်ခံစာ၌ အင်တာဗျူးဖြေကြားသူတစ်ဦးက အောက်ပါအတိုင်းဖြေကြားထားသည်ကိုတွေ့ရသည်။
“If you’re a good public sector, you shouldn’t need PPPs. If you’re bad, you shouldn’t go near them.”

သင်တို့၏ဗြူရိုကရေစီယန္တရားသည် ကောင်းမွန်သည့်ဗြူရိုကရေစီယန္တရားဖြစ်လျှင် ပီပီပီများကို မလိုအပ်သင့်။ သင်တို့၏ဗြူရိုကရေစီယန္တရားသည် မကောင်းမွန်သည့်ဗြူရိုကရေစီယန္တရား ဖြစ်လျှင်လည်း ပီပီပီများကို မလုပ်ဆောင်သင့်ဟုဖြေကြားထားသည်။

ဆိုလိုသည်မှာ စွမ်းဆောင်ရည်ရှိသည့် ဗြူရိုကရေစီယန္တရားအနေဖြင့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းကြီးများကိုအကောင်အထည်ဖေါ်ဆောင်ရွက်ရန် ပုဂ္ဂလိကဖြင့် ပူးပေါင်း လုပ်ဆောင်ရန်မလို။ ကိုယ်တိုင်ကိုယ်ကျ လိုအပ်သည့် ငွေအရင်းအနှီးကို အစိုးရမှပင် တိုက်ရိုက် ချေးငှား၍သော်၎င်း သို့တည်းမဟုတ် နိုင်ငံတော်ဘတ်ဂျက် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်သော်၎င်း ဆောင်ရွက်နိုင်သည်။ တဖန် ဗြူရိုကရေစီယန္တရား၌ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မရှိပါကလည်း ပီပီပီများကို မလုပ်ဆောင်သင့်။ အဘယ်ကြောင့်ဆိုသော် ပီပီပီချုပ်ဆိုသည့် စာချုပ်စာတမ်းများ၊ စာချုပ်ပါ အချက်အလက်များသည် ရှုပ်ထွေးလှပြီး နှစ်ရှည်စာချုပ်ချုပ်ဆိုလုပ်ကိုင်သည့် ပီပီပီများကို စီမံခန့်ခွဲရန် ခက်ခဲလှသောကြောင့် ဖြစ်သည်။

နိုင်ငံများစွာ၌လည်း မအောင်မြင်ခဲ့သည့် ပီပီပီများစွာရှိနေသဖြင့် အထက်ပါကဲ့သို့ ပီပီပီများကို မထောက်ခံသူများ၏ ပြောဆိုဆွေးနွေးမှုများကို ကျွန်ုပ်တို့အနေဖြင့် အလေးအနက်ပြုသင့်သည်။ ပီပီပီများတွင် လန်ဒန်မြေအောက်ရထားစီမံကိန်း (Metronet London)၊ အိန္ဒိယနိုင်ငံရှိ နယူး ဒေလီလေဆိပ်သစ်နှင့်ယင်းအားချိတ်ဆက်ထားသည့် အမြန်ရထား ဒေလီမက်ထရို (Delhi Metro) စီမံကိန်း၊ မဂ္ဂာဝပ်၄၀၀၀ကျော်ထုတ်လုပ်မည့် တာတာ(TaTa)အုပ်စု၏ ဂူဂျာရက်ပြည်နယ်၌ အကောင်အထည်ဖေါ်သည့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စီမံကိန်းများသည် ထင်ရှားသော မအောင်မြင်သည့် ပီပီပီများဖြစ်ကြပြီး ပညာရှင်များ၏စာတမ်းများတွင် ပီပီပီများ၏ အားနည်းချက်များကို ကိုးကားဆွေးနွေးရာ၌ ယင်းတို့ကိုဖေါ်ပြလေ့ရှိသည်။ လက်တင်အမေရိက တိုက်ရှိ ချီလီ၊ပီယူးနှင့်ကိုလံဘီယာနိုင်ငံများတွင်လည်း အဝေးပြေးလမ်းစီမံကိန်းများအတွက် ပုဂ္ဂလိက ဖြင့် ချုပ်ဆိုထားသည့် ပီပီပီ အမြောက်အမြားကို ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ရပြီး ၄င်းတို့၏အစိုးရများ အနေဖြင့် ပြန်လည်ဆွေးနွေးညှိနှိုင်းမှုများအတွက် အပိုဘဏ္ဍာငွေများစွာသုံးစွဲခဲ့ရသည်။ အလားတူပင် ဥရောပရှိ ပေါ်တူဂီနှင့်ဆိုက်ပရပ်စ်နိုင်ငံများတွင်လည်း မအောင်မြင်သည့် ပီပီပီများစွာရှိခဲ့သည်။ အမေ ရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ယာဉ်ရပ်နားစခန်းများကို ပုဂ္ဂလိကသို့ ၇၅နှစ် နှစ်ရှည်စာချုပ်ချုပ်ဆို လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြင့် ယာဉ်ရပ်နားခများ အဆမတန်မြင့်တက်သွားခဲ့သလို ချီကာဂိုမြို့ အုပ်ချုပ်ရေးအဖွဲ့မှလည်း ဒေါ်လာသန်းပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့သည်။ ပုဂ္ဂလိကကုမ္ပဏီသာ ဒေါ်လာသန်းရာထောင်ချီ အကျိုးအမြတ်ရရှိသွားခဲ့သည်။

ထိုကြောင့် မြန်မာနိုင်ငံတွင်လည်း မအောင်မြင်သည့် ပီပီပီ (ဘီအိုတီဟု လူသိများ)များ အများအပြား ရှိနေသဖြင့် လက်ရှိအစိုးရအနေဖြင့် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ပီပီပီများဆောင်ရွက်မည်ဆိုလျှင် ပီပီပီ၏ အားသားချက်၊ အားနည်းချက်နှင့် မည်သည့်အတွက်ကြောင့် ပီပီပီလုပ်ဆောင်သင့်ကြောင်းကို ဘက်စုံ ဒေါင့်စုံမှ တွက်ချက်စဉ်းစားပြီးမှသာ အကောင်အထည်ဖေါ်သင့်သည်။

ပီပီပီဆိုသည်မှာ
ပီပီပီဆိုသည်ကို အလွယ်ပြောရလျှင် ယခင်က အစိုးရတစ်ဦးတည်းကသာ လုပ်ကိုင်ခဲ့ပြီး ပုဂ္ဂလိကအား ၀င်ရောက်လုပ်ကိုင်ခွင့်မပြုခဲ့သည့် လျှပ်စစ်ထုတ်လုပ်ရေး၊ လေဆိပ်တည်ဆောက်ပြုပြင်အဆင့် မြှင့်တင်ခြင်း၊ အဝေးပြေးလမ်းများတည်ဆောက်ခြင်းအစရှိသည့် ကြီးမားသည့် အခြေခံအဆောက် အအုံဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကအားရင်းနှီးမြှုပ်နှံခွင့်ပြုပြီး လုပ်ကိုင်ခွင့်ပေးခြင်း၊ နိုင်ငံတော်ပိုင် လောပိတကဲ့သို့ ဓါတ်အားထုတ်လုပ်သည့်စက်ရုံများ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးသည့် လုပ်ငန်းများ၊ နိုင်ငံတော်ပိုင်စက်ရုံများအား ပုဂ္ဂလိကသို့အပြီးလွှဲပြောင်းရောင်းချခြင်း (သို့) နှစ်ရှည် ငှားရမ်းစာချုပ်များချုပ်ဆို၍ ပုဂ္ဂလိကအားလုပ်ကိုင်ခွင့်ပြုခြင်းတို့ကိုခေါ်ဆိုခြင်းဖြစ်သည်။ ပီပီပီများကို ဘီအိုတီဟုသိသည်ကများသည်။ ပီပီပီဆိုသည်မှာ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း (privatization) ဖြင့်လည်း သက်ဆိုင်သည်။
ပီပီပီအကောင်အထည်ဖေါ်ဆောင်ခြင်း၏ ရည်ရွယ်ချက်များ
လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ရေဖြန့်ဖြူးရေး၊ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများကဲ့သို့ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် ရင်းနှီးမြှုပ်နှံမှုပမာဏ အလွန်အမင်း ကြီးမား ပြီး  ပြိုင်ဆိုင်မှုအားနည်းကာ တစ်ဦးတည်းက လက်ဝါးကြီးအုပ်လုပ်ကိုင်နိုင်သည့် လုပ်ငန်းများ ဖြစ်သဖြင့် ယခင်ကအစိုးရတစ်ဦးကသာ ထိန်းချုပ်လုပ်ကိုင်ရာမှ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ပေးလာ ခြင်းတွင် အဓိက အကြောင်းရင်း(၂)ခုရှိသည်။
ပထမအကြောင်းရင်းမှာ အစိုးရများ ဘဏ္ဍာငွေ အကျပ်အတည်းများဖြင့် ရင်ဆိုင်လာရခြင်းနှင့် အခြေခံ အဆောက်အအုံလိုအပ်ချက်များ များပြားလာသောကြောင့်ဖြစ်သည်။ လူဦးရေတိုးပွားလာမှု၊ သုံးစွဲသူအသစ်ဦးရေးတိုးပွားလာမှုတို့ကြောင့်လည်း လျှပ်စစ်အပါအ၀င်အခြေခံအဆောက်အအုံ လို အပ်ချက်များသည် တစ်နေ့တခြား ကြီးထွားလာခဲ့သည်။ သို့သော် ထိုလိုအပ်ချက်အသစ်များကို ဖြည့်ဆည်းရန် နိုင်ငံတော်တွင် ရင်းနှီးမြှုပ်နှံရန် ဘဏ္ဍာဝင်ငွေမရှိသည့်အပြင် လက်ရှိပေးဝေနေသည့် ၀န်ဆောင်မှုလုပ်ငန်းများကလည်း အရှုံးပေါ်နေသည့် ပြဿနာဖြင့် ရင်ဆိုင်နေရခြင်းကြောင့် ပုဂ္ဂလိက အားခွင့်ပြုလာခြင်းဖြစ်သည်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအား ဆွဲဆောင်လာခြင်းဖြစ်သည်။ လေဆိပ်မွမ်းမံပြင်ဆင်ခြင်း စီမံကိန်းများတွင်လည်း လက်ရှိတည်ရှိနေသည့် ဟဲဟိုး၊မော်လမြိုင်၊ ကော့သောင်းလေဆိပ်များသည် ပြေးလမ်းတိုးချဲ့ရန်လိုအပ်ခြင်း၊ ခေတ်မီလေကြောင်းအချက်ပြ စက်ကိရိယာများတပ်ဆင်ခြင်း၊ လေဆိပ်အဆောက်အအုံအား မွမ်းမံခြင်း (သို့) အသစ်တိုးချဲ့ဆောက် လုပ်ခြင်းတို့ပြုလုပ်ရန် လိုအပ်နေသည်။ သို့သော် နိုင်ငံတော်တွင်လည်း လုံလောက်သည့် ဘဏ္ဍငွေအသုံးစရိတ်မရှိဖြစ်နေပြီး ပုဂ္ဂလိကအားဖိတ်ခေါ်ခြင်းဖြစ်သည်။ နိုင်ငံတော်ပိုင် အများပြည်သူ ၀န်ဆောင်မှုလုပ်ငန်းများအား ပုဂ္ဂလိကသို့ ရောင်းချခြင်းဖြင့်လည်း အစိုးရများသည် ဘဏ္ဍာဝင်ငွေ ရှာဖွေနိုင်သည်။ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းမှ ရရှိလာသည့် ဘဏ္ဍာဝင်ငွေများအား အခြား အစိုးရ အသုံးစရိတ်များအတွက် သုံးစွဲနိုင်ခြင်းကြောင့်လည်း ပုဂ္ဂလိကပိုင်ပြုလုပ်လာခြင်းဖြစ်သည်။
ဒုတိယအကြောင်းရင်းမှာတော့ လက်ရှိနိုင်ငံတော်ပိုင် ၀န်ဆောင်မှုလုပ်ငန်းများ အရှုံးပေါ်နေခြင်းဖြင့် လည်းသက်ဆိုင်သည်။ အရှုံးပေါ်ရခြင်းသည် စီမံခန့်ခွဲမှုအားနည်းခြင်း၊ လက်ရှိလည်ပတ်နေသည့် လုပ်ငန်းများ၌လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုအသစ်များမပြုလုပ်နိုင်ခြင်း၊ စက်ကိရိယာအသစ်များ မတပ်ဆင်နိုင်ခြင်းတို့ဖြင့် သက်ဆိုင်လေသည်။ ဥပမာ နိုင်ငံတော်ပိုင် လျှပ်စစ်ဖြန့်ဖြူးသည့် ကုမ္ပဏီများ အရှုံးပေါ်နေခြင်းတွင် လျှပ်စစ်ခိုးယူသုံးစွဲသူဦးရေးများပြားလာခြင်းကြောင့် ဆုံးရှုံးသည့် လျှပ်စစ် ပမာဏ ကြီးထွားလာခြင်းဖြင့် သက်ဆိုင်လေသည်။ တချိန်တည်းမှာပင် လျှပ်စစ်ဖြန့်ဖြူးရာတွင် လိုအပ်သည့် စက်ပစ္စည်းများ မတပ်ဆင်နိုင်မှုကြောင့် လမ်းခုလတ်၌ ဆုံးရှုံးရမှုများ ဓါတ်အား ပြတ်တောက်မှုများဖြင့် ရင်ဆိုင်ကြရသည်။ ထိုအတွက်ကြောင့် ပုဂ္ဂလိကအား လွှဲပြောင်းပေးခြင်းဖြင့် စီမံခန့်ခွဲမှု ပိုမိုအားကောင်းလာပြီး လျှပ်စစ်သုံးစွဲသူများထံမှ ထိရောက်စွာ မီတာခ ကောက်ခံနိုင်ခြင်း၊ ပြုပြင်ထိန်သိမ်းရန် လိုအပ်သည့်နေရာများ၌ ပြုပြင်ထိန်သိမ်းခြင်းဖြင့် လုပ်ငန်းထိရောက်မှုနှင့် လုပ်ငန်း စွမ်းဆောင်ရည်များ တိုးမြင့်လာမည်ဟုသော ယူဆချက်ဖြစ်သည်။ လုပ်ငန်းစွမ်းဆောင်ရည် (Efficiency) တိုးမြင့်လာသဖြင့် ကုန်ကျစရိတ်များ သက်သာလာပြီး ၀န်ဆောင်မှုနှုန်းထားများလည်း ကျဆင်းလာမည်ဟု ယူဆသောကြောင့်ဖြစ်သည်။ နည်းပညာသစ်များကိုရှာဖွေခြင်းဖြင့်လည်းသက် ဆိုင်သည်။ ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတို့ ဖက်စပ်ဆောင်ရွက်ခြင်း ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူထံမှနည်းပညာသစ်များ ဆန်းသစ်တီထွင်မှုများ (innovations)ရရှိ နိုင်သည့် ရည်ရွယ်ချက်ဖြင့်လည်း ပီပီပီများကို အကောင်အထည်ဖေါ်ဆောင်ခြင်းဖြစ်သည်။ လေဆိပ်စီမံကိန်းများတွင်လည်း ခေတ်မီလေဆိပ်တည်ဆောက်ပြုပြင်ခြင်းနှင့်ထိန်းသိမ်းခြင်း၊ ၀န် ဆောင်မှုပေးခြင်းလုပ်ငန်းများတွင် အစိုးရ၌ နည်းပညာအားနည်းချက်များရှိနေခြင်းကြောင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ရန်ပြင်ဆင်ခြင်းဖြစ်သည်။
အကျဉ်းချုပ်တင်ပြရလျှင် မိမိနိုင်ငံလိုအပ်သည့် အခြေခံအဆောက်အအုံများအတွက် ပုဂ္ဂလိက၏ ရင်းနှီးမြှုပ်နှံမှုကိုရယူရန်နှင့် အစိုးရ၌မရှိသည့် နည်းပညာနှင့်ဆန်းသစ်တီထွင်မှုများကို ပုဂ္ဂလိကထံမှ ရယူခြင်းဖြင့် အခြေခံအဆောက်အအုံဆိုင်ရာ ၀န်ဆောင်မှုများ၏ စွမ်းဆောင်ရည်နှင့်ကုန်ကျစရိတ်များ သက်သာလာပြီး နှုန်းထားများလည်းကျဆင်းလာရန် အဓိကရည်ရွယ်ချက်၂ခုဖြင့် ပီပီပီများကို အကောင်အထည်ဖေါ်ဆောင်ခြင်းဖြစ်သည်။
ထိုကြောင့် ပီပီပီများ အကောင်အထည်ဖေါ်ရန် ဆုံးဖြတ်သည့်အခါ အစိုးရအနေဖြင့် ထိုရည်ရွယ်ချက် ၂ချက်အား မျက်ခြေမပြတ်သင့်ပေ။

ပီပီပီ၏ စိန်ခေါ်မှုများ

အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းပြီး ပီပီပီများကို နှစ်ရှည်စာချုပ်ချုပ်ဆိုလုပ်ကိုင်သည့်အခါ နှစ်ဦးစလုံးတွင် ဆုံးရှုံးနစ်နာနိုင်သည့် အခြေအနေများရှိကြသည်။ အစိုးရနှင့်ပြည်သူ့ဘဏ္ဍာငွေမြောက်မြားစွာ ထိခိုက် နစ်နာနိုင်သကဲ့သို့ ပုဂ္ဂလိကအနေဖြင့်လည်း သန်းပေါင်းများစွာ ဆုံးရှုံးနစ်နာနိုင်သည်။ ပီပီပီများ အကောင်အထည်ဖေါ်ရာတွင် ချေးငွေထုတ်ပေးထားသူများတွင်လည်း ဆုံးရှုံးနိုင်သည့်အန္တရာယ် ရှိသည်။ အဆိုပါ နှစ်ဦးနှစ်ဘက် ဆုံးရှုံးနိုင်သည့်အန္တရယ် (risks)များကို အစိုးရနှင့်ပုဂ္ဂလိကမှ မိမိတို့နှင့်သက်ဆိုင်ရာ ဆုံးရှုံးနိုင်သည့်အန္တရာယ်များကို မျှဝေယူမှသာ အောင်မြင်သည့် ပီပီပီများ ပေါ်ထွက်လာမည်ဖြစ်သည်။ အထက်ဖေါ်ပြပါ မအောင်မြင်သည့် ပီပီပီများတွင် တာတာ၏ ကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်းမှလွှဲပြီး ကျန်ပီပီပီများ၌ အစိုးရဘက်မှနစ်နာခဲ့သည်ကများသည်။ တာတာစီမံကိန်းတွင်တော့ မျှော်လင့်မထားဘဲ အင်ဒိုနီးရှားနိုင်ငံမှ ဓါတ်အားထုတ်လုပ်ရန် တင်သွင်းရသည့် ကျောက်မီးသွေးဈေးနှုန်းမြင့်တက်သွားခြင်းကြောင့် တာတာကုမ္ပဏီအနေဖြင့် ဆုံးရှုံးမှု များဖြင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

နှစ်ဦးနှစ်ဘက် ဆုံးရှုံးနိုင်သည့်အန္တရာယ်များ၏ အဓိက အကြောင်းရင်း၂ခုမှာ နှစ်ရှည်စာချုပ်များ၏ အနာဂတ်ကို တင်ကြိုမခန့်မှန်းနိုင်မှုကြောင့် ရှေ့ဖြစ်လာနိုင်သည့် အခြေအနေအကုန်လုံး ထည့်သွင်း စဉ်းစား၍ ရေးဆွဲထားသည့် စာချုပ်များမဟုတ်ခြင်း (incompleteness)နှင့် အကျိုးစီးပွားအုပ်စုတစ်ခု၏ ထိန်းချုပ်အမြတ်ထုတ်ခြင်း(capture)တို့ဖြစ်သည်။ ယင်းအဓိကအကြောင်းရင်း၂ခုသည်လည်း အခြေခံ အဆောက်အအုံဆိုင်ရာ ပီပီပီများ၏ သဘောသဘာဝြဖင့်လည်းသက်ဆိုင်သည်။ ရေအားလျှပ်စစ်၊ အဝေးပြေးလမ်း၊ မြို့သစ်စီမံကိန်း၊ လေဆိပ်အသစ် (သို့) လက်ရှိလေဆိပ်အားအဆင့်မြှင့်တင်ခြင်း အစရှိသည့် အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများသည် အရင်းအနှီးကြီးမားပြီး နှစ်ရှည်ရင်းနှီး မြှုပ်နှံမှုကိုပြုလုပ်ရသည်။ ထိုပြင်အခြေခံအဆောက်အအုံများသည် တည်ဆောက်ပြီး အဆင်မပြေ၍ ပြောင်းရွှေ့သွားလို့လည်းမဖြစ်နိုင်။ ထိုအတွက်ကြောင့် ပုဂ္ဂလိကဘက်တွင် ဆုံးရှုံးနိုင်သည့် အန္တရာယ်များစွာရှိသကဲ့သို့ နိုင်ငံတော်အစိုးရဘက်တွင်လည်း  ချီကာဂိုမြို့ယာဉ်ရပ်နားစခန်းများကဲ့သို့ ပုဂ္ဂလိကအကျိုးစီးပွား၏ ထိန်းချုပ်မှုကိုခံရပါက ယင်းတို့အတွက်သာ အကျိုးရှိမည့် တဘက်သတ် စာချုပ်များချုပ်ဆိုမိပြီး နှစ်ပေါင်းများစွာ ထိခိုက်ဆုံးရှုံးခြင်းကို ခံစားရမည်ဖြစ်သည်။ သို့တည်းမဟုတ် တရားရုံးတွင် ပုဂ္ဂလိကအား နစ်နာကြေးသန်းပေါင်းများစွာ ပေး၍ဖြေရှင်းရမည်။ အထက်ဖေါ်ပြပါ ဆုံးရှုံးနိုင်သည့်အန္တရာယ်များ၏ အဓိကအချက်၂ချက်အား မတင်ပြမီ ဆုံးရှုံးနိုင်သည့်အန္တရာယ်များကို တင်ပြလိုပါသည်။

ပီပီပီများကို အများအားဖြင့် ဘီအိုတီ(Build-Operate-Transfer:BOT)ဟုလူသိများကြသည်။ ဘီအိုတီ များ၏ အထက်ဖေါ်ပြပါ သဘောသဘာဝများကြောင့် ယင်းတို့၏ရင်းနှီးမြှပ်နှံမှုပုံစံကလည်း ပုံမှန် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုပုံစံဖြင့်လည်းမတူညီ။ မြစ်ဆုံကဲ့သို့ ဘီအိုတီစီမံချက်၏ ရင်းနှီးမြှုပ်နှံမှု ပုံစံမှာ မိခင်ကုမ္ပဏီ၏အစုရှယ်ယာနှင့်ပိုင်ဆိုင်မှုတို့အားမထိခိုက်စေရန် စီမံချက်အတွက် သီးခြား ရင်းနှီးမြှုပ်သည့် ကုမ္ပဏီတစ်ခုထူထောင်လုပ်ကိုင်ခြင်းဖြစ်သည်။ ပြီးလျှင် အစုရှယ်ရာထည့်ဝင်မှုမှာ ၂၅ရာခိုင်နှုန်းခန့်သာရှိပြီး ကျန်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု၇၅ရာခိုင်နှုန်းအား နိုင်ငံတကာငွေကြေး ဈေးကွက်မှချေးယူလေ့ရှိသည်။ တနည်းအားဖြင့်ဆိုရလျှင် equityထည့်ဝင်မှုနည်းပြီး ချေးငွေ များသည့် highly leveraged ရင်းနှီးမြှုပ်နှံမှုပုံစံဖြစ်သည်။ ထိုပြင် မိခင်ကုမ္ပဏီဖြင့် မသက်ဆိုင်သဖြင့် ချေးငွေပေးအပ်သူများအတွက်လည်း နှစ်စဉ်အတိုးနှင့်အရင်း ပြန်လည်ရရှိမှုသည် စီမံချက်တစ်ခု တည်းဖြင့်သာသက်ဆိုင်သည်။ စီမံချက်မှခန့်မှန်းထားသည့် နှစ်စဉ်ဝင်ငွေမရရှိပါက ချေးငွေများ ဆုံးရှုံးနိုင်သည့် အန္တရာယ်ရှိသည်။ ရင်းနှီးမြှုပ်နှံမှုတစ်ခုလုံးသည် စီမံချက်အောင်မြင်မှုအပေါ် လုံးဝတည်မှီနေသည်။ အန္တရာယ်လျှော့နည်းရန် risk diversification လုပ်မရချေ။ ထိုအတွက်ကြောင့် စီမံချက် ဘဏ္ဍာငွေရှာဖွေမှု (project finance)နှင့် ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးနိုင်သည့်အန္တရာယ်များ လျှော့ချရေးသည် ဘီအိုတီ ရင်းနှီးမြှုပ်နှံမှုများအတွက် အဓိကကျသည်။
စီမံချက်ကာလတလျှောက်လုံးတွင်ကြုံရနိုင်သည့် ဆုံးရှုံးနိုင်မှုများကို အောက်ပါအတိုင်းခွဲခြားသတ်မှတ် နိုင်သည်။
၁။ စီမံချက်အကောင်အထည်ဖေါ်ရန် စတင်ပြင်ဆင်မှုနှင့် တည်ဆောက်ရေးကာလ (development and construction)
၂။ လုပ်ငန်းလည်ပတ်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်း (operation and maintenance)
၃။ ဘဏ္ဍငွေကြေးဆိုင်ရာ (financial)
၎။ နိုင်ငံရေးနှင့်ဥပဒေဆိုင်ရာ (political and legal)
၅။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (environmental)
၆။ သဘာဝဘေးအန္တရာယ်ကဲ့သို့သော တင်ကြိုမှန်းဆ၍မရသည့် အဖြစ်အပျက်များ (force majeure)
ချေးငွေထုတ်ပေးသူများနှင့်အခြားသောရင်းနှီးမြှုပ်နှံသူများအနေဖြင့်  မိခင်ကုမ္ပဏီ၏ လုပ်ငန်းအသီး သီးမှရရှိသည့်ဝင်ငွေဖြင့် မသက်ဆိုင်ဘဲ စီမံချက်မှရရှိမည့် ၀င်ငွေတခုတည်းအပေါ် မှီခိုအားထားနေရ ခြင်းသည် အန္တရာယ်များလွန်းလှသည်။ စီမံချက်ဖြစ်သည့်အတွက် ရေအားလျှပ်စစ်စီမံချက်မျိုးတွင် ၀င်ငွေသည် စီမံချက်တည်ဆောက်ရေးကာလပြီး၍ လုပ်ငန်းလည်ပတ်မှသာ စတင်ရရှိမည် ဖြစ်သည်။ တည်ဆောက်ရေးကာလသည် အရေးကြီးဆုံးအပိုင်းဖြစ်သည်။ ဥပမာ မြစ်ဆုံကဲ့သို့ ရပ်ဆိုင်းခံထားရခြင်း၊ ကုန်ကျစရိတ် ခန့်မှန်းသည်ထက် ပိုကုန်ခြင်း၊ ကွန်ထရက်တာမှ သတ်မှတ် အချိန်အတွင်း ပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်းနှင့် နည်းပညာအလွဲအချော်များကြောင့် ခန့်မှန်းထား သည့် ပမာဏအတိုင်း မထွက်ရှိခြင်းတို့ဖြစ်နိုင်သည်။ ဆောက်လုပ်ရေးကာလ၌ စီမံချက်အတွက် မြေယာသိမ်းဆည်းရမှုများရှိနိုင်ပြီး အစိုးရ၏ တိကျခိုင်မာသည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ မရှိခြင်းက ရင်းနှီးမြှုပ်နှံမှုကို တည်ဆောက်ရေးကာလ၌ပင် များစွာထိခိုက်သွားနိုင်သည်။
ဆောက်လုပ်ပြီးစီးသွားပြီး လုပ်ငန်းလည်ပတ်သည့်အဆင့်တွင်လည်း အခက်အခဲများစွာကြုံတွေ့ရ နိုင်သည်။ ရေအားလျှပ်စစ်စီမံချက်မျိုးတွင် လျှပ်စစ်ထုတ်လုပ်ရန် လောင်စာဆီမလိုသော်လည်း တာတာကဲ့သို့ ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစီမံချက်တွင် ပြည်ပမှတင်သွင်းရမည် ဆိုပါက တင်သွင်းမည့်ကျောက်မီးသွေးဈေးနှုန်းတည်ငြိမ်ရေးသည် လုပ်ငန်းလည်ပတ်မှုအတွက် အင်မတန်အရေးကြီးသည်။  လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီးလျှင်လည်း အစိုးရဘက်မှ ထွက်ရှိသည့် ပမာဏ၏ ရာခိုင်နှုန်း အများစုကို ၀ယ်ယူမည်ဖြစ်ကြောင်း အာမခံချက်ပေးရမည်။ ဓါတ်အားစက်ရုံမှ ဓါတ်အားများထွက်လာသော်လည်း အဆိုပါဓါတ်အားများကို ပို့လွှတ်ရန်နှင့်ဖြန့်ဖြူးရန် သွယ်တန်း ထားသည့် ဓါတ်အားလိုင်းများမရှိပါက လုပ်ငန်းလည်ပတ်ရန် အခက်အခဲများစွာရှိနိုင်သည်။ ထိန်းသိမ်း ပြုပြင်ရာတွင်လည်း အလားတူ အခက်အခဲများရှိနိုင်သည်။
ဘဏ္ဍာငွေကြေးဆိုင်ရာ အန္တရာယ်မှာလည်း ကြီးမားလှသည်။ လျှပ်စစ်ကဲ့သို့သော အခြေခံအဆောက် အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွင် ၀န်ဆောင်မှုအတွက် အခွန်မီတာခများကို  ပြည်တွင်းသုံးငွေဖြင့်သာ ကောက်ခံရသည်။ သို့သော် ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမှုအတွက်လိုအပ်သည့် စက်ယန္တရားများ အပါအ၀င် အခြားလိုအပ်ချက်အားလုံးကို အများအားဖြင့် အမေရိကန်ဒေါ်လာဖြင့်ပေးချေရသလို ယူထားသည့် ချေးငွေများနှင့်အတိုးတို့ကို အမေရိကန်ဒေါ်လာဖြင့်သာ ပေးဆပ်ရမည်ဖြစ်သောကြောင့် အစိုးရဖြင့် စာချုပ်ချုပ်ဆိုရာတွင် ဒေါ်လာနှုန်းသတ်မှတ်ချုပ်ဆိုမည်ဖြစ်သည်။ ထိုအတွက်ကြောင့် ပြည်တွင်းသုံးငွေတန်ဘိုးကျဆင်းသွားပါက အစိုးရအနေဖြင့် အရှုံးပေါ်မည်ဖြစ်သည်။ ငွေတန်ဘိုး ကျလေအရှုံးများလေဖြစ်မည်။ ငွေတန်ဘိုးကျခြင်းကြောင့် အစိုးရအနေဖြင့် ဗဟိုဘဏ်မှ ချေးငွေများ တိုးယူလျှင်လည်း ငွေကြေးဖေါင်းပွမှုဖြစ်စေပြီး မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ထိခိုက်နိုင်သည်။ မတည်ငြိမ်မှုကြောင့် ငွေတန်ဘိုးကျလေ ချုပ်ဆိုထားသည့် ဘီအိုတီများအတွက် ပေးချေရာတွင် အရှုံးများလေဖြစ်ပြီး မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ပိုထိခိုက်လေဖြစ်နိုင်သည်။ ထိုအတွက် ကြောင့်လည်း ရင်းနှီးမြှုပ်နှံသူများသည် အစိုးရအဖွဲ့၏ နိုင်ငံစီးပွားရေးစီမံခန့်ခွဲမှု စွမ်းရည်ကို စဉ်ဆက်မပြတ် သုံးသပ်လေ့ရှိသည်။ ထိုပြင် နိုင်ငံတကာငွေကြေးဈေးကွက်မှလည်း ချေးငွေတောင်းခံရာ၌ ကန့်သတ်ချက်များရှိသည်။ တတိယနိုင်ငံအများစု၏ ချေးငွေထုတ်ပေးရန် အဆင့်အတန်းသတ်မှတ်ချက်သည် နိမ့်ကျသည်။ ဥပမာ အေအေ၊ဘီဘီ၊စီဟု ရှိလျှင် မြန်မာနိုင်ငံလို တတိယနိုင်ငံအတွက် အဆင့်အတန်းသတ်မှတ်ချက်ပင် မရှိဖြစ်နိုင်သည်။ ထိုအခါ အန္တရာယ်များသည့် ရေရှည်ရင်းနှီးမြှုပ်နှံမှုဟုသတ်မှတ်ပြီး ထိုအန္တရာယ်အတွက် အတိုးနှုန်း သာမန်ချေးငွေထက် ပိုမိုကောက်ယူသည်။ ယင်းကို risk premium ဟုခေါ်သည်။ ထိုအခါမှာ စီမံချက် ရင်းနှီးမြှုပ်နှံမှုသည်လည်း အတိုးနှုန်းမြင့်မားသည်နှင့်အမျှ အရင်းအနှီးပိုမိုကြီးမားသွားသည်။ တဖန် ထိုသို့ ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားသွားသည့်အတွက် ကောက်ခံရမည့် အခွန်မီတာနှုန်းထား များသည်လည်း မြင့်တက်သွားမည်ဖြစ်သည်။ ထပ်မံပြီး အခွန်မီတာနှုန်းထားများ တိုးမြှင့်ကောက်ခံ သည့်အတွက် ပြည်သူလူထုမှလည်း ယခင်ကပေးနေကျထက် အဆပေါင်းများစွာ မြင့်တက်သွားပါက မကျေမနပ် ဖြစ်ပြီး ဆူပူဆန္ဒပြမှုများဖြစ်ပွားနိုင်သည်။ ထိုအခါအဆိုးသံသရာလည်တော့သည်။
အခွန်မီတာနှုန်းထားများမြင့်တက်မှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပွားလျှင်လည်း ရင်းနှီးမြှုပ်နှံ မှုကို ထိခိုက်နစ်နာနိုင်လေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ယခင်က လျှပ်စစ်အပါအ၀င် ၀န်ဆောင်မှု အများစုကို နိုင်ငံတော်မှ အရှုံးခံဖြန့်ဖြူးပေးနေသည့် သမိုင်းကြောင်းရှိခဲ့သည်။ မြန်မာနိုင်ငံ၌ ယနေ့ထက်တိုင်အောင် လျှပ်စစ်ကို နိုင်ငံတော်မှ အရှုံးခံ ထုတ်လုပ်သွယ်တန်းဖြန့်ဖြူးပေးနေရသည်။ ထိုအတွက်ကြောင့် ပြည်သူအများစုသည် အခွန်မီတာနှုန်းများတက်မည်ဆိုလျှင် ဒေါသတကြီး ကန့်ကွက်ဆန္ဒပြတတ်ကျသည်။ ပြည်တွင်းစစ်ဖြစ်ပွားနေခြင်း (သို့) ဖြစ်ပွားရန် အလားအလာရှိခြင်း၊ အခြားလူမျိုးရေး ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများဖြစ်ပွားနေသည့် (သို့) ဖြစ်ပွားနိုင်သည့် နိုင်ငံများကို ရင်းနှီးမြှုပ်နှံသူအများစုက ရင်းနှီးမြှုပ်နှံရန် ၀န်လေးတတ်ကြသည်။ အမြတ်အစွန်းများများ အတိုးနှုန်းမြင့်မြင့်မားမား ရရှိမှသာ ရင်းနှီးမြှုပ်နှံကျမည်ဖြစ်သည်။ ထိုပြင် တတိယနိုင်ငံ အများစုတွင် နိုင်ငံတကာနှင့်ဆက်ဆံရန်၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစွာ ပြုလုပ်နိုင်ရန် ခိုင်မာသည့် ဥပဒေများမရှိခြင်းကလည်း ရင်းနှီးမြှုပ်နှံသူများကို လက်တွန့်စေသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများ၏ တောင်းဆိုမှုများ၊ နိုင်ငံ၏ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ တိကျခိုင်မာမှုမရှိခြင်းက ရင်းနှီးမြှုပ်နှံသူကို များစွာထိခိုက်စေ နိုင်သည်။ ရင်းနှီးမြှပ်နှံသူအပိုင်းမှလည်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံနှုန်းများ အတိုင်း လိုက်နာကျင့်သုံးသင့်သည်။
နောက်ဆုံး ဘီအိုတီ စီမံချက်များ အန္တရာယ်ကတော့ သဘာဝဘေးကဲ့သို့ မမျှော်လင့်ဘဲ ကျရောက် နိုင်သည့် အန္တရာယ်ဖြစ်ပါသည်။ စီမံချက်တည်ရှိသည့်နေရာတွင် ရေကြီးခြင်း၊ မြေငလျင်လှုပ်ခြင်း ဖြစ်နိုင်ချေ ရှိမရှိကို ကြိုတင်တိုင်းတာလေ့လာထားရန်လိုအပ်သည်။
ထိုသို့ ဆုံးရှုံးနိုင်သည့်အန္တရာယ်များစွာရှိသည့် ပီပီပီ ဘီအိုတီများကို အကောင်အထည်ဖေါ်ဆောင်ရာ၌ စာချုပ်များ၏ မပြည့်စုံမှု (incompleteness)နှင့် အကျိုးစီးပွားအုပ်စုတစ်ခု၏ထိန်းချုပ်မှု(capture)မှုကို စနစ်တကျ ဖြေရှင်းနိုင်မှသာ အစိုးရ-ပုဂ္ဂလိကနှင့် ပြည်သူအားလုံးအကျိုးရှိပြီး အောင်မြင်သည့် ပီပီပီများပေါ်ထွက်လာမည်ဖြစ်သည်။
အနာဂတ်ကို တင်ကြိုမခန့်မှန်းနိုင်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများသည် အစိုးရပေါ် ကျရောက်နိုင်သလို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူအပေါ်လည်း ကျရောက်နိုင်သည်။ ဥပမာ လျှပ်စစ်မီတာ ဈေးနှုန်းများကို တသမတ်တည်း သတ်မှတ်ထားမှုကြောင့် အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းရသည့် ကျောက်မီးသွေးလောင်စာဈေးနှုန်း မြင့်တက်သွားခြင်းကြောင့် တာတာကုမ္ပဏီ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ ရသည်။ တဘက်တွင်လည်း ကျောက်မီးသွေးဈေးနှုန်းများ စာချုပ်ချုပ်ဆိုစဉ်ကထက် အဆမတန် ကျဆင်းသွားခဲ့ပါကလည်း တာတာကုမ္ပဏီအနေဖြင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကာလ တလျှောက် အမြတ်ငွေများစွာရရှိမည်ဖြစ်ပြီး ပြည်သူများကိုယ်စား တာတာကုမ္ပဏီမှ လျှပ်စစ်ဝယ်ယူ ဖြန့်ဖြူးသည့် နိုင်ငံတော်အစိုးရမှာတော့  မြင့်မားသည့် လျှပ်စစ်မီတာနှုန်းထားခများဖြင့် ပေးချေ နေရမည်ဖြစ်သည်။ အလားတူ တိုင်းပြည်စီးပွားရေးအခြေအနေကြောင့် လျှပ်စစ်လိုအပ်ချက် ကျဆင်း သွားနေချိန် အစိုးရအနေဖြင့် စာချုပ်ထဲတွင် ထွက်ရှိသည့်ဓါတ်အားအားလုံးကို ၀ယ်ယူမည်ဟု ချုပ်ဆို ထားပါက တိုင်းပြည်စီးပွားရေးကျဆင်းသဖြင့် ဘဏ္ဍာငွေကြေး အကျပ်အတည်း ကြုံတွေ့နေရ သော်လည်း မလိုအပ်သည့် လျှပ်စစ်များကို ဆက်လက်ဝယ်ယူနေရမည်။ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများတွင်လည်း ခရီးသွားလုပ်ငန်းများက မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာပါက အသစ် တည်ဆောက်ထားသည့် လေဆိပ်သို့ လေယာဉ်နှင့်ခရီးသည် ၀င်ရောက်ထွက်ခွာမှုနှုန်း များစွာ ကျဆင်းသွားပါက ရင်းနှီးမြှပ်နှံသူအနေဖြင့် ခန့်မှန်းထားသလောက် ၀င်ငွေမရရှိဘဲ ဘဏ္ဍာငွေ အခက်အခဲများဖြင့် ရင်ဆိုင်ရနိုင်သည်။ အစိုးရဘက်မှလည်း အနည်းဆုံး ၀င်ငွေမည်မျှရရှိရမည်၊ မ၀င်ပါက နိုင်ငံတော်မှ လိုအပ်သည့် ပမာဏကို ကျခံမည်ဆိုသည့် အပိုဒ်မျိုး စာချုပ်တွင် လက်မှတ် ရေးထိုးမိပါက နိုင်ငံတော်ဘတ်ဂျက်မှ နှစ်စဉ် ပုဂ္ဂလိကကုမ္ပဏီကို ငွေသန်းပေါင်းများစွား ပေးချေနေ ရမည်။ လျင်မြန်စွာပြောင်းလဲနေသည့် နည်းပညာကလည်း စာချုပ်ပါအချက်များနှင့် ၀ယ်ယူသည့် နှုန်းထားများအပေါ် များစွာသက်ရောက်မှုရှိနိုင်သည်။ ယခုပင် နေရောင်ခြည်စွမ်းအင်သည် ဈေးနှုန်း ကျဆင်းနေပြီဖြစ်သည်။ အစဉ်အမြဲ ကျောက်မီးသွေးသည် ဈေးအချိုဆုံး လောင်စာမဖြစ်နိုင်။ ပြည်လည်ဖြည့်ဖြိုးစွမ်းအင်ဆိုင်ရာ နည်းပညာများ အဆင့်မြင့်လာသည်နှင့်အမျှ ယင်းမှထုတ်လုပ်သည့် လျှပ်စစ်ဈေးနှုန်းများလည်း ကျဆင်းသွားမည်ဖြစ်သည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် ကျောက်မီး သွေးလောင်စာမှ ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အားကို ၀ယ်ယူရန် စာချုပ်များချုပ်ဆိုထားပါက ဈေးချိုပြီး သန့်ရှင်းသည့်လောင်စာစွမ်းအင်ကို ရရှိနိုင်လျက်နှင့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ကို ဆက်လက်ဝယ်ယူနေရမည်။ ထိုကြောင့် စာချုပ်ပါအချက်များသည် အစိုးရနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ နှစ်ဦးစလုံးအတွက် အရေးကြီးသည်။ တဘက်သတ်မဖြစ်စေရ။ မည်သူမှ အနာဂတ်ကို  တင်ကြိုမခန့်မှန်းနိုင်သည့်အတွက် စာချုပ်များသည် ပြောင်းလွယ်ပြင်လွယ်ဖြစ်သင့် သည်။  သို့သော် စာချုပ်ပါအချက်များကို မည်သို့ပြောင်းလဲသင့်သည်၊ နှုန်းထားအသစ်များ မည်သို့ သတ်မှတ်သင့်သည်ကို အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူနှင့် အစိုးရကိုယ်စား ဆွေးနွေးညှိနှိုင်းပေးမည့် ကော်မရှင်ကော်မတီများ ထူထောင်ရေးသည်လည်း ပီပီပီများ အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရေးတွင် အရေးပါလှသည်။ စာချုပ်များ၏ မပြည့်စုံမှုကို ဖြေရှင်းရေးတွင် ကျွမ်းကျင်သူပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် ကော်မရှင်ကော်မတီများသည် အဓိကကျသည်။
ဒုတိယအချက်ဖြစ်သည့် အကျိုးစီးပွားအုပ်စုတစ်ခု (သို့) အုပ်စုများ၏ ထိန်းချုပ်ခံရခြင်းသည် ပီပီပီများ အကောင်အထည်ဖေါ်ရာတွင် အကြီးမားဆုံး ပြဿနာဖြစ်သည်။ အကျိုးစီးပွားဟုဆိုရာတွင် ပီပီပီ များကို စောင့်ကြပ်ကြည့်ရှုရမည့် (သို့) တာဝန်ယူ အကောင်အထည်ဆောင်ရွက်ရမည့် လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဋ္ဌာနကဲ့သို့ ၀န်ကြီးဋ္ဌာနများ၏ အကြီးအကဲများကိုယ်တိုင်က အကျင့်ပျက်ခြစားသူများ ဖြစ်နေပါက နိုင်ငံနှင့်ပြည်သူအကျိုးထက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ၏အကျိုးကို တဘက်သတ် ကြည့်ခြင်းမျိုးဖြစ်လာနိုင်သည်။ စာချုပ်၌ နိုင်ငံတော်မှ အာမခံချက် မပေးသင့်သည့် ပုဂ္ဂလိက ချေးယူသည့် ချေးငွေများအပေါ် ယင်းတို့ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက နိုင်ငံတော်မှ ၀င်ရောက်ပေးဆပ်မည်ဟု ချေးငွေထုတ်ပေးသူများအား အာမခံချက်ပေးခြင်းမျိုးဖြစ်နိုင်သည်။ အကျင့် ပျက်ခြစားမှုများမရှိလျှင်ပင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူသည် အများအားဖြင့် အစိုးရထက် ပီပီပီများ၏ အားနည်းချက် အားသာချက်များကို ပိုမိုသိရှိနားလည်သဖြင့်  ယင်းတို့ယူရမည့် ဆုံးရှုံးနိုင်သည့် အန္တ ရာယ်များကို ယင်းတို့ကမယူဘဲ အစိုးရအပေါ်ပုံချခြင်းမျိုးလည်းဖြစ်နိုင်သည်။ အမြတ်များကို ရသ လောက်ယူပြီး ဆုံးရှုံးလာပါက အစိုးရကို ကျခံစေခြင်းမျိုးဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ၏ ထိန်းချုပ်မှုကို ခံရနိုင်သည်။ ထိုအတွက်ကြောင့် ပီပီပီများ အကောင်အထည်ဖေါ်ရာ၌ တာဝန်ယူအကောင်အထည် ဖေါ်ဆောင်သည့် လေကြောင်းဦးစီးဋ္ဌာနကဲ့သို့သောဋ္ဌာနများတွင် ပီပီပီများကို ကောင်းစွာ နားလည် သဘောပေါက်ပြီး စနစ်တကျ ဆန်းစစ်နိုင်သည့် စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှု အင်မတန် လိုအပ်သည်။ တဘက်တွင်လည်း ပီပီပီများသည် အများပြည်သူ ၀န်ဆောင်မှုများဖြစ်သည့်အတွက် သုံးစွဲသူများမှ ခေတ်ကာလပြောင်းလဲလာသော်လည်း ပေးသင့်ပေးထိုက်သည့် အခွန်နှုန်းထားများ ပေးဆောင်ရန် ငြင်းဆိုခြင်းဖြင့်လည်း ရင်ဆိုင်နိုင်သည်။ ယင်းကို သုံးစွဲသူများ၏ ထိန်းချုပ်ခံရခြင်းဟု ခေါ်ဆိုသည်။ ဥပမာ လက်ရှိ မြန်မာနိုင်ငံတွင် အစိုးရဖြန့်ဖြူးသည့်  လျှပ်စစ်ဓါတ်အား၏ မီတာနှုန်းထား များသည်  ထုတ်လုပ်စရိတ်ပင် မကာမိဖြစ်နေခြင်းမျိုးဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် သတိထားသင့်သည့်အချက်များ
နိုင်ငံတော်အစိုးရအနေဖြင့် ပီပီပီများကို လုပ်ကိုင်မည်ဟုဆုံးဖြတ်လျှင် အထက်တွင်ဖေါ်ပြခဲ့သည့် ပီပီပီ များ၏ အဓိက ရည်ရွယ်ချက် (၂)ရပ်အား မမေ့လျှော့သင့်။ ပီပီပီများကိုဆောင်ရွက်ရခြင်း၏ ပထမ ရည်ရွယ်ချက်မှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ၏ အရင်းအနှီးကို ရယူလိုခြင်းဖြစ်သည်။ နိုင်ငံတော်တွင် အခြေခံအဆောက်အအုံ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းရန် ဘဏ္ဍာငွေကြေးမရှိသဖြင့် ပုဂ္ဂလိ ကဖြင့် ပူးပေါင်းလုပ်ဆောင်ရခြင်းဖြစ်သည်။ အကယ်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ စီမံချက်အတွက် လိုအပ်သည့် ချေးငွေများကို နိုင်ငံတော်မှရယူပေးရခြင်း (သို့) ယင်းတို့ပြန်လည်မပေးဆပ်နိုင်ပါက အစိုးရမှပေးဆပ်မည်ဟု အာမခံခြင်းမျိုးပြုလုပ်ပါက မူလပထမ ရည်ရွယ်ချက်ဖြင့် မကိုက်ညီတော့ပေ။ အစိုးရအနေဖြင့် လောလောဆယ် ဘတ်ဂျက်မှဘဏ္ဍာငွေသုံးစွဲရန်မလိုသော်လည်း အာမခံချက်များ ကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်လာသည့်အခါ နိုင်ငံတော်ဘဏ္ဍာငွေမှပေးလျှော်ရခြင်းမျိုးဖြစ်လာနိုင်သည်။ ထိုအချက်ကို အင်္ဂလိပ်လို contingent liabilities ဟုခေါ်သည်။ ဥပမာ လန်ဒန်မြေအောက်ရထား စီမံကိန်းတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများသည် ယင်းစီမံကိန်းအတွက် ချေးငွေများကို နိုင်ငံတကာ ငွေကြေးဈေးကွက်မှ ရယူထားသော်လည်း အစိုးရပို့ဆောင်ရေးဋ္ဌာနမှ ချေးငွေများ၏ ၉၅ရာခိုင်နှုန်းကို အာမခံပေးထားခြင်းကြောင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ အရှုံးပေါ်သည့်အခါ ပို့ဆောင်ရေးဋ္ဌာနမှ ယင်းတို့၏ချေးငွေများ အားလုံးလိုလိုကို ယင်းတို့ကိုယ်စားပေးဆပ်ပေးရသည်။ ထိုကဲ့သို့ အစိုးရမှ အာမခံပေးထားခြင်းကြောင့် ချေးငွေထုတ်ပေးသူများအနေဖြင့်လည်း စီမံကိန်း၏ဖြစ်နိုင်ချေ အကျိုး အမြတ် အမှန်တကယ် ရရှိနိုင်ချေကို စနစ်တကျမတွက်တော့ဘဲ စီမံကိန်းမအောင်မြင်၍ ချေးငွေများကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ ပြန်မဆပ်နိုင်ပါက အစိုးရဆပ်လိမ့်မည်ဟု သဘောထားပြီး ပေါ့လျှော့နိုင် သည်။ ထိုအတွက်ကြောင့် ဆုံးရှုံးမှုဖြစ်ပေါ်ပါက အစိုးရကိုပုံချနိုင်သည့် contingent liabilities ဖြစ်ပေါ်နိုင်သည့် အာမခံချက်များကို အစိုးရအနေဖြင့် ရှောင်ရှားသင့်သည်။
ဒုတိယရည်ရွယ်ချက်ဖြစ်သည့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူသည် နည်းပညာနှင့်စွမ်းဆောင်ရည် အစိုး ရထက် ပိုရှိသောကြောင့် ၀န်ဆောင်မှုနှုန်းထားနှင့်ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် သက်သာနိုင်သည် ဆိုသည့် ယူဆချက်ကိုလည်း ပထမရည်ရွယ်ချက်ကဲ့သို့ပင် ဆန်းစစ်ရမည်ဖြစ်သည်။ အရင်းအနှီး ကုန်ကျစရိတ် (capital cost)တွက်ချက်မှုသည် အရေးကြီးသည်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူအနေဖြင့် အထက်တွင်ဖေါ်ပြခဲ့သည့် အခြေခံအဆောက်အအုံများ၏ သဘောသဘာဝကြောင့် ဆုံးရှုံးနိုင်သည့် အန္တရာယ်များကို ကောင်းစွာနားလည်သဖြင့် မိမိ၏အရင်းအနှီးနှင့်အမြတ်အား အချိန်တိုအတွင်း ပြန်လည်ရရှိရန် အဝေးပြေးလမ်း၊လေဆိပ်၊ဆိပ်ကမ်းများတည်ဆောက်ရာတွင် ကျခံရမည့် အရင်းအ နှီးကို အမှန်တကယ် ကုန်ကျသင့်သည်ထက် ပိုမိုတွက်ချက်တင်ပြခြင်းမျိုးလည်းဖြစ်နိုင်သည်။ ဥပမာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရာတွင် ငွေလုံးငွေရင်းအသုံးစရိတ်သည် အမေရိကန် ဒေါ်လာ သန်း၁၀၀၀ခန့်ရှိနိုင်သည်။ သို့သော်ရင်းနှီးမြှုပ်နှံသူမှ သန်း၂၀၀၀ဟုတင်ပြထားခြင်းကို အစိုးရ ဘက်မှ လက်ခံခဲ့ပါက ယင်းတို့အနေဖြင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံရသည့်ငွေပမာဏ ပြန်လည်ရရှိပြီး ဖြစ်သော်လည်း အရှုံးပေါ်နေသည် (သို့) အရင်းမရရှိသေးဟုဆိုနိုင်သည်။ အထူးသတိထားရမည်မှာ ဘီအိုတီစာချုပ်တွင် လေဆိပ်စီမံကိန်းအား အကောင်အထည်ဖေါ်မည့် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်မည့် ကန်ထရိုက်အတူတူဖြစ်နေခြင်းဖြင့်သည်။ ထိုကဲ့သို့ဖြစ်ခြင်းမျိုးကို tied supply change ဟုခေါ်ဝေါသည်။ အထက်တွင်တင်ပြခဲ့သည့်အတိုင်း ပီပီပီ ဘီအိုတီများတွင် ရင်းနှီး မြှုပ်နှံသူက အမှန်တကယ် ထည့်ဝင်သည့် အရင်းအနှီး အစုရှယ်ရာ (equity)က စုစုပေါင်း ရင်းနှီးမြှုပ် နှံမှု၏ ၂၅ရာခိုင်နှုန်း (သို့) တခါတရံ ထိုထက်ပင်နည်းနိုင်ပြီး၊ ကျန်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံ တကာငွေကြေးဈေးကွက်မှချေးယူပြီး ရင်းနှီးကြသည်။ အရှုံးအမြတ်သည်လည်း မိခင်ကုမ္ပဏီဖြင့် မသက်ဆိုင်ဘဲ စီမံကိန်းအောင်မြင်မှုနှင့်သာ သက်ဆိုင်သောကြောင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ တွက်ချက်မှုသည် အရေးကြီးလှသည်။ လေဆိပ်တည်ဆောက်ရေး ဘီအိုတီစီမံချက်ကို ဆက်လက်ပြီး ဥပမာအဖြင့် တင်ပြပါမည်။ အမေရိကန်ဒေါ်လာ သန်း၁၀၀၀ကုန်ကျမည့် စီမံချက်တွင် ရင်းနှီးမြှုပ်နှံ သူ၏ အစုရှယ်ရာသည် ၂၅ရာခိုင်နှုန်းဆိုလျှင် သန်း၂၅၀ဖြစ်မည်။ သန်း၇၅၀ကိုချေးငွေယူရမည်။ အကယ်၍သူက သန်း၂၀၀၀ကုန်ကျမည်ဟုတင်ပြပြီး သန်း၁၅၀၀ကိုချေးယူခဲ့သည်ဆိုပါစို့။ တည် ဆောက်မည့် ကန်ထရိုက်မှာလည်း မိမိ၏ကုမ္ပဏီပင်ဖြစ်နေသောကြောင့် ချေးငွေကို ယင်းအား ပေးလိုက်ခြင်းဖြင့် ယင်းအနေဖြင့် အရင်းနှင့်အမြတ်ရရှိပြီးဖြစ်နေနိုင်သည်။ ပို၍ဆိုးသည်က ချေးငွေ များကို အစိုးရမှ ယင်းတို့ပြန်လည်မပေးဆပ်နိုင်ပါက ယင်းတို့ကိုယ်စားပြန်လည်ပေးဆပ်ပါမည်ဟု အာမခံချက်ပေးထားခဲ့လျှင်ဖြစ်သည်။ အစိုးရအာမခံချက်ရရှိပြီးဖြစ်သောကြောင့် ချေးငွေထုတ်ပေး သူများအနေဖြင့်လည်း အထက်တွင်တင်ပြခဲ့သလို ပေါ့လျှော့နေနိုင်သည်။ လန်ဒန်မြေအောက်ရထား စီမံကိန်း ပီပီပီတွင် ဘူတာရုံများ၊ ရထားလမ်းများ၊အချက်ပြများ ပြင်ဆင်မွမ်းမံတည်ဆောက်သည့် ကန်ထရိုက်များနှင့် မြေအောက်ရထားလိုင်းအား ၀န်ဆောင်မှုပေးရန် အစိုးရဖြင့် နှစ်ရှည်ဘီအိုတီ စာချုပ်ချုပ်ဆိုသည့် ကုမ္ပဏီအုပ်စုအဖွဲ့ဝင်များ အတူတူဖြစ်နေသည်ကိုတွေ့ရသည်။ အကျိုးစီးပွား ပဋိပက္ခ (conflict of interest) ရှိနေခြင်းဖြစ်သည်။ ထိုကြောင့်လည်း လန်ဒန်မြေအောက်ရထား စီမံချက် ပီပီပီ မအောင်မြင်ရခြင်းဖြစ်သည်။ ထိုပြင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူအနေဖြင့် အကျိုးအမြတ် မည်သည့်ရာခိုင်နှုန်း (rate of returns) ရသင့်သည်ဆိုသည်ကိုလည်း စနစ်တကျ တွက်ချက်သုံးသတ် ထားသင့်သည်။
ထိုကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပီပီပီဆောင်ရွက်ရခြင်း၏ အဓိက ရည်ရွယ်ချက် (၂)ရပ်ကို မသွေဖီစေရန်နှင့် ပီပီပီများ အကောင်အထည်ဖေါ်ရာတွင် ထည့်ဝင်ရမည့် ငွေလုံးငွေရင်း အသုံးစရိတ် (capital cost)ကိုစနစ်တကျ တွက်ချက်နိုင်ရန် ကြိုးပမ်းသင့်သည်။ တည်ရှိပြီး လေဆိပ်၊ ဆိပ်ကမ်းနှင့် နိုင်ငံပိုင်အဆောက်အအုံများကို ပီပီပီဖြင့် အဆင့်မြင့်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း ပြုလုပ်ပြီး ၀န်ဆောင်မှုပေးရာတွင်လည်း မူလတည်ရှိပြီး အခြေခံအဆောက်အအုံများ၏ တန်ဘိုးကို ကာလ ပေါက်ဈေးဖြင့် စနစ်တကျ တွက်ချက်နိုင်ရန်လည်း အရေးကြီးသည်။
တတိယ သတိထားသင့်သည့် အချက်မှာ ပုဂ္ဂလိကအား မူလတည်ရှိပြီးဖြစ်သည့် နိုင်ငံတော်ပိုင် အခြေခံအဆောက်အအုံများအား နှစ်ရှည် ဘီအိုတီစာချုပ်ဖြင့် ငှားရမ်းမည်ဆိုပါက နိုင်ငံတော်၏ ရည်မှန်းချက်နှင့် ပုဂ္ဂလိက၏ ငှားရမ်းသည့် ရည်ရွယ်ချက်တို့ ကိုက်ညီရန်လိုအပ်သည်။ ယခင်တည်ရှိပြီး နိုင်ငံတော်ပိုင် စက်ရုံများသည် မြို့တွင်းတွင်တည်ရှိနေခဲ့လျှင် လူဦးရေထူထပ်လာမှုနှင့်အတူ မြေငှားရမ်းခများလည်း ထိုမြို့တွင် မြင့်တက်လာနိုင်ခဲ့သည်။ ထိုအခါ ငှားရမ်းသူသည် စက်ရုံတွင် အမှန်တကယ် ကုန်ထုတ်စွမ်းအား မြင့်တက်လာရန် ရင်းနှီးမြှုပ်နှံခြင်းထက် စက်ရုံပိုင်မြေကို ထပ်ဆင့် ငှားရမ်းမှုကို အဓိကထားလုပ်ဆောင်နိုင်သည်။ ထိုကြောင့် ဘီအိုတီများကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုနိုင်သည့် ကော်မရှင်များကော်မတီများ ဖွဲ့စည်းရေးသည် နိုင်ငံတော်အတွက် အရေးကြီးသည်။
အထက်ပါအချက်၃ချက်သည် အဓိက သတိထားသင့်သည့်အချက်များဖြစ်ပြီး လက်တွေ့လုပ်ဆောင် သည့်အခါမှာလည်း အခြားသတိထားစရာများပေါ်ကောင်းပေါ်လာနိုင်သည်။ ထိုကြောင့် ပီပီပီများကို စနစ်တကျ ဆန်းစစ်လေ့လာပြီးမှသာ လုပ်ဆောင်သင့်သည်ဟုထင်မြင်ပါသည်။
အောင်မြင်သည့် ပီပီပီများ ပေါ်ထွန်းရန် ဆောင်ရွက်သင့်သည်များ
ရှုပ်ထွေးလှသည့် ပီပီပီများကို အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရန် အစိုးရ၏ စီမံခန့်ခွဲမှုစွမ်း ရည်သည် အဓိကကျသည်။ လျှပ်စစ်၊စွမ်းအင်၊ပို့ဆောင်ရေး အစရှိသည့် ကဏ္ဍများတွင်လိုအပ်သည့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများကို ပီပီပီဖြင့် အကောင်အထည်ဖေါ်သည့်အခါ နိုင်ငံတော် အစိုးရအနေဖြင့် တွေးဆနိုင်သည်မှာ ယင်းကဏ္ဍများဖြင့် သက်ဆိုင်သည့် အင်ဂျင်နီယာများက ဦးဆောင်သင့်သည်ဟုဖြစ်သည်။ နည်းပညာရှုထောင့်တခုတည်းမှသုံးသပ်နိုင်သည်။ တကယ်တော့ ပီပီပီများသည် သက်ဆိုင်ရာကဏ္ဍ၏ နည်းပညာ ကျွမ်းကျင်မှုတစ်ခုတည်းဖြင့် သက်ဆိုင်သည်မဟုတ်။  အထက်တွင်ဖေါ်ပြခဲ့သည့် စီမံကိန်းကာလတလျှောက် ကြုံတွေ့ရနိုင်သည့် ဆုံးရှုံးနိုင်သည့်အန္တရာယ် အားလုံးဖြင့်သက်ဆိုင်သည်။ ထိုအတွက်ကြောင့် ပီပီပီစာချုပ်များမချုပ်ဆိုမီ ပုဂ္ဂလိကမှတင်ပြလာသည့် စီမံကိန်းအဆိုပြုလွှာများကို စနစ်တကျ ဆန်းစစ်သုံးသပ်နိုင်သည့် အင်ဂျင်နီယာကျွမ်းကျင်သူများ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးကျွမ်းကျင်သူများ၊ ဥပဒေရေးရာနှင့်နိုင်ငံရေး ကျွမ်းကျင်သူများ၊ သဘာဝပတ် ၀န်းကျင်နှင့်လူမှုရေးရာကျွမ်းကျင်သူ ပညာရှင်များအဖွဲ့မှ ဆန်းစစ်သုံးသပ်ပေးသင့်သည်။ ပြီးမှသာ ဆက်လက်ဆောင်ရွက်သင့်မသင့်ကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ဆုံးဖြတ်သင့်သည်။
အဆိုပြုလွှာများကိုလည်း စနစ်တကျ တောင်းခံတတ်သည့် စွမ်းဆောင်ရည် တင်ဒါခေါ်သည့် ၀န်ကြီး ဋ္ဌာနအဖွဲ့အစည်းများတွင်ရှိရန်လိုအပ်သည်။ အထူးသဖြင့် တင်ဒါအဆိုပြုလွှာ၌ တည်ဆောက်မည့် အခြေခံအဆောက်အအုံ၏ တည်ဆောက်ရေးပုံစံနှင့်နည်းပညာ၊ ကုန်ကျစရိတ်တွက်ချက်မှု၊ စီမံကိန်း၏ စီးပွားရေးအရ ဖြစ်နိုင်ချေတွက်ချက်မှုနှင့်အစီအစဉ် (business feasibility and plan)၊ စီမံကိန်း၏ ဘဏ္ဍငွေအရင်းအနှီးရှာဖွေမှုနှင့်ဘဏ္ဍာငွေစီးဆင်းမှုအစီအစဉ် (financial plan and cash flows) အစရှိသည်တို့သည် မပါမဖြစ် တောင်းခံရမည့်အရာများဖြစ်သည်။ ယင်းတို့တင်ပြလာသည့် အသေးစိတ် အစီအစဉ်များပေါ်မူတည်၍ ပီပီပီများကို ဆုံးဖြတ်သင့်သည်။ အသေးစိတ် အစီအစဉ်များ မပါရှိသည့် အဆိုပြုလွှာများကို လက်မခံသင့်။
ပီပီပီများအောင်မြင်မှုတွင် ပွင့်လင်းမြင်သာမှုသည် အရေးကြီးဆုံးဖြစ်သည့်အတွက် မည်သည့် ပီပီပီ စီမံကိန်းမဆို အသေးစိတ် အစီအစဉ်များကို ပြည်သူလူထုသို့ ချပြရှင်းလင်းသင့်သည်။
အာရှဖွံ့ဖြိုးရေးဘဏ်၏ ပီပီပီနှင့်ပတ်သက်ပြီး ၂၀၁၆ခုနှစ်က ရှင်းလင်းတင်ပြမှုတစ်ခုအရ မြန်မာအစိုး ရသည် မည်ကဲ့သို့သော ပီပီပီများသည် ကောင်းမွန်သည့် ပီပီပီများဖြစ်သည်ကို မသိရှိ (Not knowing what is a good deal in the PPP context)၊ ၀န်ဆောင်မှု များ၏ ဈေးကွက်တန်ဘိုးကိုလည်းမသိရှိ (Not knowing what is market price for goods)၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူထံမှ ဘာတွေ တောင်းဆို၍ရနိုင်သည်ဆိုသည်ကိုလည်းမသိ (Not knowing what is possible to ask from private sector)နှင့် အစိုးရထံမှယင်းတို့ဘာတွေပြန်တောင်းဆိုလိမ့်မည်ဆိုသည်ကိုလည်းမသိ(Not knowing what they will demand from government)ဟုတင်ပြထားသည်ကိုဖတ်ရှုခဲ့ရသည်။
နောက်ဆုံးတင်ပြလိုသည်မှာ လက်ရှိအစိုးရ၀န်ကြီးဋ္ဌာနများတွင် အာရှဖွံ့ဖြိုးရေးဘဏ် ရှင်းလင်းတင် ပြခဲ့သလို ပီပီပီများကို အကောင်အထည်ဖေါ်ဆောင်ရန်နှင့်စီမံခန့်ခွဲရန် စွမ်းဆောင်ရည်မရှိသဖြင့် အစိုးရအနေဖြင့် ပီပီပီ ဗဟိုကော်မတီကဲ့သို့ ပြည်ထောင်စုအဖွဲ့တစ်ခုကို ဥပဒေအရဖွဲ့စည်းပြီး ပီပီပီမူဘောင်ရေးဆွဲရမည်။ ထိုနောက် ၄င်းအဖွဲ့မှ ကဏ္ဍအလိုက် ပီပီပီဖြင့် အကောင်အထည်ဖေါ်ဆောင်လိုသည့် စီမံကိန်း အမျိုးအစား၊ တည်နေရာ၊ အစရှိသည်တို့ကို စံချိန်စံညွှန်းများသတ်မှတ်၍ ဖေါ်ထုတ်သင့်သည်။ ပြီးမှသာ ယင်းဗဟိုအဖွဲ့၏လမ်းညွှန်ချက်အတိုင်း သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနများမှ တင်ဒါများခေါ်ယူ၍ တင်လာသည့်အဆိုပြုလွှာများကိုလည်း ဗဟိုကော်မတီမှ ဆန်းစစ်သုံးသပ်ပြီး အကောင်အထည်ဖေါ်ဆောင်ရန် ခွင့်ပြုသင့်သည်။ တချိန်တည်း မှာပင် သက်ဆိုင်ရာ အကောင်အထည်ဖေါ်ဆောင်မည့် ၀န်ကြီးဋ္ဌာနများတွင်လည်း ပီပီပီယူနစ်များ ဖွဲ့စည်း၍ ပီပီပီများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်သည့်  စွမ်းဆောင်ရည်မြင့်မားလာအောင် လေ့ကျင့် သင်ကြားပေးရမည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ ပီပီပီလုပ်ဆောင်လိုလျှင်လည်း ဗဟိုပီပီပီအဖွဲ့၏ လမ်းညွှန်ချက်နှင့်ခွင့်ပြုချက်ရမှသာ ၀န်ကြီးဋ္ဌာနများကဲ့သို့ပင် လုပ်ဆောင်သင့်သည်။ အောင်မြင်သည့် ပီပီပီများပေါ်ထွန်းရေးတွင် ပြည်ထောင်စုအဆင့် ပီပီပီ ဗဟိုဋ္ဌာန ဖွဲ့စည်းရေးနှင့် ယင်း၏စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ယင်းမှတဆင့် အစိုးရ၀န်ကြီးဋ္ဌာနများနှင့်တိုင်းဒေသကြီး ပြည်နယ် အစိုးရများ၏ ပီပီပီ စွမ်းဆောင်ရည်မြှင့်တင်ရေးကို အလျင်အမြန်ဆောင်ရွက်သင့်သည်။ လတ်တလော အကောင်အထည်ဖေါ်ဆောင်မည့် ပီပီပီများကိုလည်း နည်းပညာ၊ စီးပွားရေး၊ဘဏ္ဍာရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့်နိုင်ငံရေး ဆန်းစစ်သုံးသပ်သူများဖြင့် စနစ်တကျ ဆန်းစစ်သုံးသပ်ပြီးမှသာ အကောင် အထည်ဖေါ်ဆောင်သင့်သည်။ အလျင်စလို မဆောင်ရွက်သင့်ပါ။ ဖြစ်နိုင်လျှင် နိုင်ငံတကာအဖွဲ့ အစည်းများထံမှ ပီပီပီဆိုင်ရာ နည်းပညာအကူအညီ တောင်းခံသင့်သည်။
နောက်ဆုံးတင်ပြရလျှင် အောင်မြင်သည့် ပီပီပီများဆိုသည်မှာ အစိုးရနှင့်ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတို့ အကြား စီမံကိန်းကာလတလျှောက် ပေါ်ပေါက်လာနိုင်သည့် ဆုံးရှုံးနိုင်သည့် အန္တရာယ်များကို ယူသင့်သူက မျှဝေယူခြင်းဖြင့်သာ ပေါ်ထွန်းလာမည်ဖြစ်သောကြောင့် အောက်ပါ အာရှဖွံ့ဖြိုးရေး ဘဏ်၏ ၂၀၁၇ခုနှစ်ကထုတ်ပြန်သည့် အာရှတိုက်၏ အခြေခံအဆောက်အအုံဆိုင်ရာလိုအပ်ချက် ပြည့်မီရန် “Meeting Asia’s Infrastructure Needs” အထူးအစီရင်ခံစာ၌ဖေါ်ပြထားသည့် ဆုံးရှုံးနိုင် သည့်အန္တရာယ်များ မည်သို့ခွဲဝေယူသင့်သည်ဆိုသည့် ဇယားများကို ထည့်သွင်းဖေါ်ပြလိုက်ပါသည်။


Friday, September 13, 2019

လူလိမ်တင်ထွန်း (အင်ဂျင်နီယာအတု၊ စစ်ဗိုလ်အတု)

လူလိမ် တင်ထွန်

အဂတိကော်မရှင် က (ရာထူးမရှိတော့တဲ့) လူလိမ် ကိစ္စတွေကို အရေးယူပေးဖို့ ..အရမ်းခက်တယ် လေ။ ရာထူးဝန် ကို တိုင်တဲ့ကိစ္စ.. အဂတိက အရေးယူမရပါ အကြောင်းပြန် ပြီး..သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး 3ဦးနဲ့ စုံစမ်းကော်မတီ က ခေါ်ပြီးစစ်တယ်။ စာနဲ့ ပြင်းထန်စွာ သတိပေးလိုက်တယ်.. လို့ သမ္မတရုံး ပြောဆိုခွင့်ရှိသူ ဦးဇော်ဌေးက (အရင်လက) သတင်းစာရှင်းတယ်။ ..

အဲဒီလူ တင်ထွန်း က ၂၀၀၆ တုန်းက သူ့ကားပေါ်မှာ စစ်အုပ်ထုပ်တင်.. ကားထိုင်ခုံပေါ် ဗိုလ်မှုးကြီး စစ်အကျီင်္ စွတ်ထားပြီး..ကျနော့်မိတ်ဆွေတယောက်ကို သိန်း၁၀၀ ဖိုး ကျွန်းသစ် ကွန်တိန်နာ ၃ခုစာ လိမ်သွားတယ်။ နောက် နှစ် မကြာခင် အင်ဂျင်နီယာကောင်စီက လူကြီးလူကောင်း တွေနဲ့ စားသောက်ဆိုင်မှာ ဆုံတော့ ဟာ အစ်ကိုရေ..ဆိုပြီး (မျက်နှာပြောင်) ထလာ နှုတ်ဆက်တယ်။ အဲဒီ ၂၀၀၆ ကတည်းက ဗိုလ်မှုးကြီး အယောင်ဆောင်ပြီး အပြောကောင်း အမူယာကောင်း နဲ့ လိမ်စားနေတာ။ အဲဒီ သိန်း ၁၀၀ အလိမ်ခံရသူ စီးပွားရေးသမား ခမြာလည်း လူလိမ်တင်ထွန်းကို တရားစွဲဖို့..အဂတိကော်မရှင် တိုင်ဖို့ မလုပ်ချင်ဘူး။ သိန်း ၁ထောင် အလိမ်ခံရသူ လဲ. သူကိုယ်တိုင် တွေ့ လိုက်ရတော့. "ငါက တော်သေးတယ် " ပဲ ဖြေသိမ့်. သင်ခန်းစာ ယူ လိုက် ပါ တယ် လို့ ပြောပြတယ်။ ..
.
အခု အဲဒီလူ သူလိမ်ပြီး ရတဲ့ငွေတွေ.. ပါနီထဲကရေ ပါနီထဲ ရောက်သွားပြီလို့.. ကြားရတယ်..တဲ့။ Engineer Never Fail ဆိုသူလည်း တင်ထွန်းကိစ္စ မပြော မရေး.. မိမိ စီးပွား အမြတ်စွန်းရဖို့ပဲ စိတ်ဝင်စားကြတယ်။ နစ်နာသူတွေကတောင် တရားမစွဲဘူး။ အင်ဂျင်နီယာ ကောင်စီ က လိမ်လည်မှု 420 နဲ့ တရားစွဲထားတယ် ပြောတယ်။ ရှောင်နေမှာပါ။ ပိုင်မှပဲ တိုင်ရမယ် ထင်ပါတယ်။

ဒီအတိုင်းပဲ ထားရမလား။ အဂတိ ကော်မရှင် က တိုင်ရင် အရေးယူဖွယ် ရှိပါသလား။ တိုင်စာကြမ်း နဲ့ Catch Me If You Can.Pdf ဖိုင် မှာ ပုံမှာ ရေးထားတဲ့ အကြောင်းအရာများ၊ လက်ရှိ အခြေအနေ လိမ်လည်မှု ဖိုးတွမ်တီး နဲ့ အင်ဂျင်နီယာကောင်စီ က တရားစွဲဆိုထားကြောင်း ကောင်စီလူကြီးတစ်ဦးက သတင်းကေးပါတယ်။

အဂတိကော်မရှင် ဆီ တရားဝင် တိုင်စာ ပို့လဲ အလကား ဖြစ်မလား?။ တိုင်ရင် ဘယ်သူ လက်မှတ်ထိုး နိုင်သူများ ကွန်မင့် မှာ
.
အမည်
BE ဘွဲ့ ရ မေဂျာ၊ ခုနှစ်
TU အမည်

များကို မန့်ပြီး ဝန်းရံပေးပါရန် မေတ္တာ ရပ်ခံပါတယ်။

Zaw Aung
BE (Ec) 1985
RIT
12.9.2019

ဆက်ဖတ်ရန်လင့် (web)
https://engrmyanmar.blogspot.com/2019/01/blog-post.html?m=1

Monday, January 28, 2019

RSE, PE လက်မှတ်ရအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာကောင်စီ


RSE, PE လက်မှတ်ရအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာကောင်စီ ကျနော် စင်ကာပူမှာ အလုပ်လုပ်တုန်းက သက်ဆိုင်ရာကဏ္ဍတွေမှာ PE လက်မှတ်ရထားသူက Drawing Approve လုပ်ဖို့ လက်မှတ်ထိုး၊ တုံးထု ပြီး တရွက်ကို ဒေါ်လာဘယ်လောက ဆိုပြီး စာရွက်တိုင်းကို တုံးထုခ ယူပါတယ်။ သူမနှစ်သက်ရင် ပြန်ပြင်ဖို့ PDF file ကိုပဲ ကွန်ပြူတာနဲ့ မှတ်ချက်တွေရေး၊ ဟိုဆွဲသည်ဆွဲ လုပ်ပြီး အီးမေးနဲ့ ပြန်ပို့ပါတယ်။ ကျနော်တို့က ပြန်ပြင်ရပါတယ်။ .. PE က သူအတည်ပြု လက်မှတ်ထိုးလိုက်တဲ့ ဆောက်လုပ်ရေး လမ်းတံတား၊ အဆောက်အဦ၊ စက်မှု ဘွိုင်လာ၊ ဓါတ်လှေခါး၊ လျှပ်စစ် ထရန်စဖွန်မာ၊ ဂျင်နရေတာ၊ Fire System, SCADA system , Lighting System စတဲ့ Drawing ပုံဒီဇိုင်းများကို ဖတ်မှတ်ပြီး အတည်ပြုလက်မှတ် ထိုးရပါတယ်။
.
PE အတည်ပြုတဲ့အတိုင်း လုပ်ငန်းပိုင်ရှင်က တပ်ဆင်၊ ဆောက်လုပ်ရပါတယ်။ တခုခု မှားရင် P.E ဆီကို အဆုံးအဖြတ် Drawing ပြင်သင့်ရင် ပြင်၊ လက်မှတ် အသစ်ပြန်ထိုးရပြန်ပါတယ်။ လက်မှတ်ထိုးတိုင်း ငွေပေးရပါတယ်။
.
မြန်မာပြည်မှာတော့ P.E ဆိုတာ ဘာမှ ရေရာစွာ မလုပ်နိုင်သေးပါဘူး။ နိုင်ငံခြားက တတ်ကြွမ်းတဲ့ မြန်မာအင်ဂျင်နီယာများကို လည်း ထိုင်ခုံ ပြသနာကြောင့် အ၀င်မခံချင်ပါဘူး။
.
.
ဒါပေမဲ့
.
အလွန်ကြီးမားတဲ့ Offshore Projects, Shwe Gas Pipeline, Copper Mine, Power Plants, စတဲ့ အဆောက်အဦးကြီးများကိုတော့ နိုင်ငံခြားကုမဏီ ကြီးများကပဲ တာဝန်ခံ ဆောက်လုပ်တယ်။ P.E က Drawing စစ်ဆေးရင် ရူးသွားနိုင်တယ်။ အလားတူTelenor, Mytel, Ooredoo, Mpt စတဲ့ ဆက်သွယ်ရေး ကုမဏီကြီးများရဲ့ လုပ်ငန်း Drawing ပုံဒီဇိုင်းကို မြန်မာ P.E စစ်ဆေးလို့ မဖြစ်နိုင်ပါဘူး။ P.E Communication မရှိသေးပါဘူး။ P.E Electronic ကလဲ ဘာမှ မလုပ်နိုင်ပါဘူး
.
.
ဒီတော့

မြန်မာ P.E တွေ လက်ရှိ ဘာလုပ်နေသလဲ ဆိုတော့ AGTI အဆင့်မဟုတ်သူတောင် ဆောက်နိုင်တဲ့ ကျောင်း၊ ဆေးခန်း၊ လမ်း၊ တံတားလေးတွေကို လက်မှတ်လိုက်ထိုး နေရတတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့။ စခါစ ဆိုတော့ ဒီလိုနဲ့ပဲ စရမှာ ဖြစ်ပါတယ်။
.
.
နောက်ဆုံး

ကျနော်တို့ P.E ရွေးချယ်ရေး အဖွဲ့က ကိုးရိုးကားယား၊ အင်ဂျင်နီယာကောင်စီ ဥပဒေနဲ့ ဘောင်ဝင်အောင် RSE, PE တွေကို ရွေးချယ်ရပါတော့တယ်။ ဒီတော့လည်း ပုဂိုလ်ခင်ရာပဲ ရွေးကြတယ်။ ပါမောက္ခတိုင်း ၊ ညွန်ချုပ်တိုင်း P.E အတင်းပေးလို့ တချို့ မလုပ်ချင်လို့ ရှောင်ပြေးနေကြတယ်။ ဘယ်လုပ်ချင်စရာ ကောင်းမလဲ။ တနေ့ ကျပ် တသောင်းပဲ ရပြီးတော့ လူတွေကို အရည်အချင်းစစ်နေရတာ၊ အရည်အချင်း ရှိသူတွေကလဲ ..စာမေးပွဲလာမဖြေဘူး။ P.E လက်မှတ်ထိုးပြီး အသက်မွေးမယ် ဆိုသူများပဲ RSE, PE လက်မှတ်တွေ ရအောင် ယူကြတယ်။ ရပြီးလည်း တကယ်လက်မှတ်ထိုးချိန် မှာ ၉၀% RSE, PE တွေက လက်မှတ်ထိုးခွင့် မရှိပါဘူး။
.
.ကိုတင့်လွင် ပို့အောက်မှာ ရေးထားတယ်
https://www.facebook.com/groups/173723859950012/permalink/300560250599705/
.

ကျနော့် ဝေါ မှာလဲ သက်မွေးပညာနဲ့မိုက်ကယ်ဖာရာဒေး အကြောင်း ရေးထားပါတယ်။ 
https://www.facebook.com/myanmarjobstudent/posts/10156307447078472
.
မြန်မာပြည် MEngC PE flow chart မှာတော့ AGTI လည်း PE ဖြေခွင့်ရှိပေမဲ့ တယောက်မှ မပေးသေးဘူး ဆိုပဲ..
. . .
သုံးသပ်ရရင်တော့
.
တလောက် အင်ဂျင်နီယာကောင်းစီ ၆၀ဦး ရွေးကောက်တော့ ဥပဒေအဟောင်းက သိပ်မစွံတော့ အသစ်ပြဌာန်းလိုက်တယ်။ ထုံးစံအတိုင်း ဆူညံနေကြတယ်။
.
နောက်တဖန် AGTI ဒီပလိုမာ သမားတွေက သူတို့ကို ခွဲခြားတယ် ပြောပြီး ဆူပူကြပြန်တယ်။
.
၂၀၁၆ တုန်းက လူလိမ်တင်ထွန်း ဆိုသူကို ၁၀တန်းမအောင်ပေမဲ့ (ကွယ်လွန်သူ) ၀ါရင့်အင်ဂျင်နီယာကြီး တစ်ဦးနဲ့ အဖွဲ့က P.E ပေးလိုက်တယ်။ နောက် အဲဒီလူလိမ် တင်ထွန်းက အာစီယံပီအီး၊ ကျနော်တို့ YTU (RIT) မှာ ဧည့်ပါမောခ ဖြစ်လာပြီး၊ စီမံကိန်းများစွာကို အခြေခံပညာမတတ်ပဲ လက်မှတ်ထိုး လိမ်စားနေတာ မိသွားပေမဲ့ အဲဒီလူလိမ်ကို အရေးမယူရဲဘူး။ လမ်မဲကြီးတွေ နောက်ကွယ်မှာ ရှိတယ် ပြောကြတယ်။
.
ဒါနဲ့ပဲ P.E ရထားသူတွေ အရည်အချင်းမရှိ၊ ၁၀တန်း ကျူရှင်ပဲ ပြစားနေတဲ့လူ၊ အသက်အလွန်ငယ်ရွယ်သူ စသဖြင့် PE လက်မှတ် ရထားတာတွေ ဆူညံလာတယ်။ P.E ရပြီးရင် နှစ်စဉ် စာတမ်းတစ်စောင်၊ စာအုပ်တစ်အုပ် စသဖြင့် ပြုစုရမယ် ဆိုတဲ့ လမ်းညွန်ချက် မရှိ။ P.E လက်မှတ်ကိုင်ပြီး အီလက်ထရွန်းနစ် တင်ဒါ ဆိုရင် Ec P.E လက်မှတ်ထိုးရမယ်၊ Civil, Road/Bridge တင်ဒါဆိုရင် P.E လက်မှတ်ထိုးရမယ်၊ စက်မှု P.E တော့ ဘာ တင်ဒါတွေ ထိုးသလဲ မသိရ။
. တကယ်တော့ Engineer Council က လူကြီးတွေခမြာ အကောင်းဆုံး လုပ်နေပေမဲ့ ယိုယွင်းနေတဲ့ စနစ်ဆိုးကြီးကြောင့် ဆူပူမှုဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ အလွန် သနားစရာ ကောင်းတာကတော့ လစာလဲ မရပဲ မြန်မာပြည် အင်ဂျင်နီယာလောက ပညာရပ်ဆိုင်ရာ တိုးတက်အောင် လုပ်နေကြတဲ့ စီနီယာ ၀ါရင် အင်ဂျင်နီယာကြီးများ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ပါစေ၊ အင်ဂျင်နီယာများ စိတ်ထား ကောင်းကြမယ် ဆိုရင် မြန်မာနိုင်ငံ တိုးတက်မှု မြန်ဆန်မှာ ဖြစ်ပါတယ်။ . မြန်မာအင်ဂျင်နီယာကောင်စီ ပြုလုပ်တဲ့ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဥပဒေများမှာ ကိုယ်ကျိုးစီးပွား ပါဝင်မှာတော့ မလွဲဧကန် ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာအသင်း၊ မြန်မာအင်ဂျင်နီယာကောင်စီ၊ အခု အရည်အသွေးစစ်ဆေးရေး စသဖြင့် မြန်မာပြည်မှာ ဖြစ်နေတဲ့အတိုင်း လူတစ်စု လက်ဝါးအုပ်ဖို့ ကြိုးစားနေကြတာ ခေတ်ကာလရဲ့ ပြယုတ်ဖြစ်ပါတယ်။ . ဒီ လူနဲ့မူ ပြသနာကတော့ ဆက်လက် ရှိနေဥိးမှာပဲ ဖြစ်ပါတယ်။ အမြင့်ဆုံးသော မြန်မာပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ က အစ တပ်မတော်က ၂၅% နေရာယူထားသလို၊ အဖွဲ့အစည်း၊ အစိုးရဌာန အသီးသီးမျာလည်း အလားတူ ပဲ ဖြစ်ပါတယ်။ အခု သမ္မတဦးဝင်းမြင့် လက်ထက်မှာ တပ်မတော်နဲ့ အစိုးရ နားလည်မှု ရှိလာပြီး၊ အဂတိများ ( တနည်းပြောရရင် ..COI Conflict of Interest ကိုယ်ကျိုးစီးပွား) ကို စတင် အရေးယူနေချိန်မှာ.. အင်ဂျင်နီယာလောက ပညာရှင်များလည်း စိတ်နှလုံးကောင်းများ ထားနိုင်ကြပါစေ။ . ဇော်အောင် (M Zaw Aung) Website: http://www.myanmarengc.org/ Facebook: https://www.facebook.com/Myanmar-Engineering-Council-596849123795862/ Date: 28.1.2019

Thursday, January 24, 2019

ကျောင်းပြီးကတည်းက ဆယ်တန်းကျူရှင် ပြစားနေတဲ့သူမျိုးကို P.E ပေးနိုင်ပြီး..


ကျောင်းပြီးကတည်းက 
ဆယ်တန်းကျူရှင် ပြစားနေတဲ့သူမျိုးကို 
P.E ပေးနိုင်ပြီး..
ကျောင်းမပြီးခင်ကတည်းက လုပ်ငန်းခွင်ဝင်ကာ၊ 
အင်ယာလောကထဲ တစ်စိုက်မတ်မတ် လုပ်လာသူ ကျနော့်ကိုကျ 
P.E နဲ့ မထိုက်တန်သေးဘူး ဆိုတာ..

#နည်းနည်းတော့_ရင်နာတယ်၊

ဆယ်တန်းတောင် မအောင်တဲ့သူကို P.E ပေးနိုင်ခဲ့ပြီး...
ME ဆက်တက်ခွင့်ရပါလျက်နဲ့ မတက်ဖြစ်ခဲ့ဘဲ
လုပ်ငန်းခွင်မှာ နှစ် ၂၀ ကျော် စာတွေ့လက်တွေ့ ကြိုးစားခဲ့ရတဲ့ ကျနော့်ကျမှ
P.E interview ကျတယ်ဆိုတာ..

#နည်းနည်းတော့_ရင်နာတယ်၊

ဘာသာပြန် translation တွေလောက်နဲ့ သင်ကြားရေးဖက် ရောက်နေတဲ့ 
TU ကျောင်းအုပ်တွေကို P.E ခေါ်ပေးဖို့ ကြိုးစားခဲ့ကြပြီး...
လက်တွေ့လုပ်ငန်းခွင်မှာ textbook တွေ ဘာသာပြန်ပြ၊ လက်တွေ့ပါ လုပ်ပြပြီး တပည့်ပေါင်းများစွာ မွေးထုတ်ပေးနေတဲ့ ကျနော့်ကိုကျ 
P.E မပေးချင်သေးဘူး ဆိုတဲ့အပေါ်..

#နည်းနည်းတော့_ရင်နာတယ်၊

ရန်ကုန်မှာ နေနေတဲ့သူတွေကျ
အစ်ကိုကြီး ညီလေး နဲ့
အလွယ်တကူပဲ P.E ရနိုင်ကြပြီး...
ပြည်နယ်မှာ နေနေတဲ့ 
ကျနော်တို့လို တစ်ကောင်ကြွက်တွေအတွက်
P.E ရဖို့ ခက်နေရတဲ့ အပေါ်..

#နည်းနည်းတော့_ရင်နာတယ်၊

ပြည်နယ်တွေမှာ 
P.E တွေ ရှိကုန်ကြရင်...

P.E တွေ စုကာ
တောခို သူပုန်ထ
မိုင်းထောင် လူသတ် 
ဆက်ကြေးကောက်
မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား
ကုန် ကြမှာကို
စိုးရိမ်နေလို့ များလား..
.
.
Facebook link
https://m.facebook.com/story.php?story_fbid=1994722327232223&id=100000834260595

လူလိမ်တင်ထွန်း. အင်ဂျင်နီယာ. ပရောဖက်ဆာ

လူလိမ်တင်ထွန်း
မယမင်း (အင်ဂျင်နီယာ ဂန့်ဂေါ အမတ်) ဘက်က ၁၀၀% ထောက်ခံတယ်။ Personal Attack နဲ့ ဘာမဟုတ်တဲ့ကိစ္စကို AGTI,  နဲ့ BE သွေးခွဲ တိုက်ခိုက်တယ်။  ဒီ MEngCအင်ဂျင်နီယာ ကောင်စီက လူတွေ ပိုက်ဆံလဲ သိပ်မရပဲနဲ့ ငွေ၊ အာဏာရှိသူတွေ ပြည်ပကုမဏီကြီး တွေ အကျိုးပဲ လုပ်ချင် လက်ဝါးအုပ်ချင်နေတယ်။ လူတစု ကြီးစိုးနေတယ်။ အဲဒီလူတစု  ကြီးကျယ်နေတာ ဇီးပိန်ဖောင်ကြီး လိုမျိုး.. အရေးယူဖို.့လိုနေပါပြီ။ အရေးယူရမဲ့ ပထမ အမှုကတော့...လူလိမ်တင်ထွန်း အမှုနဲ့ အပိုင်ကိုင်ရတော့မယ်.. သူတို့ ခွင့်ပြုလို့ (အသုံးမကျလို့) အလိမ်ခံရတာ.. ၁၀တန်း မအောင်တဲ့ စကာပူမှာ အလုပ်လုပ်သူ က B.E အတု ဟန်ဆောင်ပြီး. ကပ်ဖားလုပ်ပြီး. P.E လျှောက်တာ ရတယ်။ ..အဲဒီ လူလိမ်တင်ထွန်းက အာစီယံ P.E လျှောက်တာ ရပြန်တယ်။ အဆောက်အဦများစွာ ဒီ လူလိမ်တင်ထွန်း လက်မှတ်နဲ့ ဆောက်ခဲ့ပုံရတယ်။ နောက်ဆုံး ရှက်စရာအကောင်းဆုံးက RIT, YTU ကျောင်းတော်ကြီးမှာ ဧည့်ပါမောက္ခ ဖြစ်လာပြီး. ဆရာကြီး တစ်ဆူ ဖြစ်လာတယ်။ လူမိ လူသိသွားတဲ့ အခါ..လူမသိသူမသိ PE, Professor အဖြစ်က  ပြန်ရုတ်သိမ်းလိုက်တယ်။ 
.
အော်.အခုကျမှ P.E အင်တာဗျူးတဲ့ PE ညီလေး. ညီမလေး တွေက. အစ်ကိုကြီး အင်ယာကြီးတွေရဲ့ BE လက်မှတ်ကို ပွတ်ကြည့်ပြီး အတုဖြစ်မှာစိုးနေတယ်။.. 1984 batch Ec ဆိုရင် အဲဒီ batch. P.E ရထားသူတွေကို ဖုန်းဆက်ခိုင်းလိုက်.. အသေချာဆုံး အတု အစစ် စစ်ဆေးနည်းပဲ.။ .ထားပါတော့။
.
စစ်အစိုးရခေတ်က..ရပ်ကွက်ထောက်ခံစာ တောင်းသလို...အကျင့်စာရိတ္တမကောင်းသူ ထံက အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာ တောင်း သလို..အတွေကြုံရှိတဲ့ အင်ဂျင်နီယာကြီးတွေက PE လာမလျှောက် ချင် ဘူးး...တဲ့။..သိက္ခာ ကျတယ် ..တဲ့။  ငွေလိုလို့.. လက်မှတ်ထိုးစားဖို့ လျှောက်သူများပေမဲ့ ကျနော်လိုလူကတော့ ကိုယ်မသိတဲ့ အလုပ်ကို ၅သောင်း၊ ၁သိန်း နဲ့ လက်မှတ်မထိုးချင်ဘူး။ အခု ပေါက်ဈေး ၁၅ သိန်း လဲ မလိုချင်ဘူး။ ..ပိုက်ဆံ မရှိပေမဲ့ လိမ်စားတဲ့ အလုပ် မလုပ်ချင်ဘူး။ လုပ်နေရသူများကိုလဲ အပြစ်မတင်ဘူး။ စနစ်ကြီးက တနိုင်ငဲလုံး ကဏ္ဍအသီးသီး ဒီလို စနစ်ကြီးဖြစ်နေတာလေ။ ပြောင်းလဲမှုတွေ မြန်လာမှ သေချာပါတယ်။
...
MEngC က လူတွေ ကောင်စီဝင် ဥက္ကဌ အတွင်းမှုး လူကြီးတွေ.. နာယက လူကြီးတွေတော့ အရမ်းအားနာ လှပါတယ်။ လူလိမ်တင်ထွန်းကို ၅၀၅ နဲ့ အမြန်ဆုံး အရေးယူပါတော့။ ..တခြားအင်ဂျင်နီယာ MEngC လူကြီးတွေ သိက္ခင်္ာ ကျမကျ မသိဘူး.. ကျုပ် သိင်္ခါ အင်မတန် ညှိုးနွမ်းလှတယ်ဗျာ.. ။ ဝမ်းနည်းစရာ အင်ဂျင်နီယာ ပကတိ မြေပြင်အခြေအနေပါ။
.
ကိုယ်လူ ကိုယ်ရွေးတဲ့ ကောင်စီဝင် ၆၀ ၊ နယ်ပယ်၎ခု က ရွေးတဲ့ Nepotism စနစ်ကို မကြာခင်လေးက မျှတတဲ့ ရွေးကောက်ပွဲစနစ် နဲ့ အစားထိုးလိုက်တယ်။ အစိုးရ၊ တက္ကသိုလ်၊ အဖွဲ့အစည်း နဲ့ ပြင်ပပညာရှင် ၄မျိုး မှာ ၁၀ဦးစီရွေးချယ် တင်မြှောက်ပြီး ကျန် ၂၀ဦးကိုတော့ အစိုးရခန့်ထားတဲ့ နာယကကြီး ၄ဦးက ယခင်၆၀ဦးထဲက ရွေးချယ်ပေးမယ် ဆိုတဲ့ ဥပဒေသစ်ပါ။ အရေးအကြီးဆုံးက စိတ်ရင်းကောင်းသူများ ကောင်စီဝင်လုပ်ရပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အလုလ ကချင်ပြည်နယ်မှာ  ပြောစကား အတိုင်း ရေးရရင်.. သူဌေးဖြစ်ချင်ရင် ကုမဏီထောင်ပါ။ အင်ဂျင်နီယာကောင်စီ မှာ ဝင်ပြီး သူဌေးဖြစ်ဖို့ မကြိုးစားပါနဲ့...။
.
.
လူလိမ်တင်ထွန်း အရေးမယူ ထောင်မကျသရွေ့တော့..MEngC ကောင်းလာဖွယ်မရှိသေးပါ။ ရိုးသားစွာ မြင်ပါတယ်။
.
P.E ရွေးချယ်စနစ်.
အင်ဂျင်နီယာ Ethic, Discipline, PE experience တွေမှာ ဥပမာ လျှပ်စစ်၊ အီလက်ထရွန်းနစ် Project ဒေါ်လာ ၁သန်းဖိုးတောင်မှ ခေါင်းဆောင် မလုပ်ဖူးပဲ.. နိုင်ငံခြားကုမဏီက Project Manager ပြောသမှ ခေါင်းငြိမ့်.. လက်မှတ်ထိုး လုပ်နေတဲ့ လျှပ်စစ်. အီလက်ထရွန်းနစ် P.E တွေ.အိမ်သုံး uto Stepup Transformer , Inverter တလုံးမှ ကိုယ်တိုင် ဝက်အူလှဲ့ ဖွင့် တိုင်း တာ မပြင်ဆင်ဖူးသူတွေ P.E လက်မှတ် ရထားရင်လဲ. အသာလေးငြိမ်နေတာ မဟုတ်..အဲဒီ P.E တွေက. တကယ်လုပ်ဖူးတဲ့ ရထိုက်တဲ့ P.E တွေက စိတ်ပျက် ဘေးထိုင်နေရ.. P.E ဘုတ်အဖွဲ့ထဲ ဝင်ထိုင်ပြီး. P.E, RSE, RE တွေ ရွေးချယ် နေရတာကတော့.. စစ်အစိုးရ လက်ထက်..@ အကျင့်စာရိတ္တမကောင်းတဲ့လူဆီက အကျင့်စာရိတ္တကောင်းကြောင်း ခေါက်ခံစာ ယူနေရသလို.. လူငယ်များစွာ ခံစားနေရတယ်။ လက်မှတ်ထိုး အခကြေးယူခွင့် မရှိတဲ့ Honor P.E တွေ ပြည်တွင်း ပြည်ပ မြန်မာပညာရှင်တွေကို Head Hunter လိုက်ရှာ ပြီး..အဝေးကနေ ကူဖို့ အကူညီတောင်းရမယ်။ Honor PE တွေက Technical Document & Law တွေကို ရေးရမယ်။ ကမ္ဘာအဆင့် ကုမဏီကြီးများ မြန်မာပြည် တဖွဲဖွဲ ရောက်လာနေပါတယ်။ ကိုယ့် မြန်မာ အင်ဂျင်နီယာတွေ ကမ္ဘာ့အဆင့် မရှိတာ ဝန်ခံပြီး၊ စင်ကာပူ၊ ဗီယက်နမ် ပညာရှင်တွေကို တိုင်ပင်ခ ၅% ပေးပြီး MoU စာချုပ်တွေ အားကိုးရပါမယ်။ မြစ်ဆုံစီမံကိန်း၊ ကြေးနီစီမံကိန်း၊ ကျောက်ဖြူစီမံကိန်း တွေလို မဖြစ်သင့်တော့ပါဘူး။ လူငယ် သွေးသစ်တွေကို ဗီယက်နမ်၊ စင်ကာပူလို ပျိုးထောင်ရပါမယ်။
.
စနစ်ကို ပြောင်းဖို့ ပထမဆုံး လူလိမ်တင်ထွန်း ကို အင်ဂျင်နီယာလောက ဂုဏ်သိက္ခာ ညှိုးနွမ်း စေမှုနဲ့.. အရေးယူ၅၀၅ နဲ့ အာမခံမပေးပဲ  ဖမ်းဆီးရမယ်။
.
ဇော်အောင် (မုံရွာ)
17.Jan.2019
.
Ref Links
https://engrmyanmar.blogspot.com/2018/04/blog-post_16.html

https://engrmyanmar.blogspot.com/2018/03/2016.html

Saturday, December 22, 2018

ဆရာဝန်ငယ်. ​ဒေါက်​တာစိုးသူရ​ဇော်​၊ ... အင်ဂျင်နီယာများ အတုယူဖို့..



........#ဇီးပင်ကြီး_စစ်တမ်း ( အပိုင်း - ၁+၂+၃ )

အခုရေးသားထားသော ရေးသားချက်များအားလုံးကို ကျွန်တော့အနေနဲ့ အပြည့်အ၀တာဝန်ယူကြောင်း

ရေးသူ - ​ဒေါက်​တာစိုးသူရ​ဇော်

ဇီးပင်ကြီး တနည်းအားဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နဲ့ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည်မှာ ဘာတွေသင်နေသလဲဆိုတာ အစိုး၇၀န်ထမ်းမဟုတ်တဲ့လူတွေက အင်မတန်မှကို သိချင်ကြပါတယ်။ စကားကြုံတိုင်းလည်း မေးလေ့ရှိကြတယ် ။
ဇီးပင်ကြီးမှာ တွြေ့ကုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင်လည်း ဖောက်သည်ချချင်တာကြာလှပြါ့ပီ
အလုပ်စ၀င်ကတည်းက မအားတာနဲ့ မရေးဖြစ်တာပါ ၊

ဒီနေရာမှာ ပထမဆုံး ပြောပြလိုတာက
ဗ၀တရဲ့ နေ့စဉ်လည်ပတ်ပုံ ဇယားပါ
မနက် ငါးနာရီခွဲကို အိပ်ယာကထ၇ပါတယ်။ မနက်ခြောက်နာရီကနေ ခုနစ်နာရီမတ်တင်းထိ ကျန်းမာရေးလေ့ကျင့်ခန်း ဆင်းရပါတယ် ။ပြီးရင် ရေမိုးချိုး မနက်စားစားပြီးတာနဲ့ ၅ ယောက်တတွဲတန်းစီပြီး မိမိတို့ သက်ဆိုင်ရာ အိပ်ဆောင်ကနေ စာသင်ခန်းမကို ချီတက်ကြရပါတယ်။
လက်ချာတွေက မနက် ၈ နာရီမှာ စပါတယ်။ နေ့လည် ၁၂ နာရီမှာ သင်တန်း ခဏနားပြီး မိမိတို့ သက်ဆိုင်ရာ အိပ်ဆောင်  အဆောင်ဝင်း ထဲမှာ ရှိတဲ့ ထမင်းစားဆောင်မှာ ထမင်းပြန်စားရပါတယ် ။
ထမင်းစာြး့ပီးတာနဲ့ တပြိုင်နက် နေ့လည်တစ်နာရီလက်ချာချိန်အမီကို မနက်ကလိုဘဲသင်တန်းခန်းမဆီ ငါးယောက်တတွဲ ချီတက်ကြရပြန်ပါတယ်။
ညနေခင်းလက်ချာတွေက ညနေလေးနာရီထိသင်ပါတယ်။
လက်ချာပြီးတာနဲ့ မိမ်တို့အိပ်ဆောင်တွေမှာ ညနေခင်း PT ဆင်းရပြန်ပါတယ်
ပြီး၇င်တော့ ညစာကို ည၇နာရီ မတိုင်ခင် စားရပါတယ်။ အိပ်ဆောင်ကကျွေးတဲ့ထမင်းကို စားချင်ရင်စား မစားချင်ရင်တော့ ဈေးတန်းမှာ သွားစားလို့ရပါတယ် ။ ည ၇နာရီ လူစစ်အမီကိုတော့ ပြန်ကိုပြန်လာရပါတယ်။
( အမျိုးသမီး သင်တန်းသူတွေအနေနဲ့ကတော့ တပါတ်ကို နှစ်ရက်သာ ဈေးတန်းထွက်ခွင့်ရပ့ါတယ်)

ဒီဇယားထဲမှာ ပထမဆုံး တွေ့ရတဲ့ ပြသနာကတော့ အိပ်ရာသိမ်း ကြိုးတိုင်း ဖိနပ်စီ ဆိုတဲ့ ကိစ္စပါဘဲ ။
ဒါကို မပြောခင် ကျတော်တို့ရဲ့ အိပ်ဆောင်အနေအထားကို အရင်ရှင်းပြပါရစေ
ချင်းတွင်း သံလွင် အစရှိသဖြင့်နာမည်ပေးထားတဲ့ အဆောင်ဝင်းကြီးတွေထဲမှာ အနည်းဆုံး အိပ်ဆောင် တန်းလျား ရှစ်ဆောင်နဲ့ ထမင်းစားဆောင် တဆောင်ပါပါတယ် ။ အိပ်ဆောင်တဆောင်မှာ အနည်းဆုံး သင်တန်းသား ၂၅ ယောက်က အလယ်စင်္ကြန်ရဲ့ တဖက်တချက်စီမှာ ကုတင်တလုံးစီနဲ့ အိပ်ကြရပါတယ်
မနက်ခင်း ချိန်အပြီး မနက်စာမစားခင်မှာ ကုတင်တလုံးစီရဲ့  ခြေရင်းမှာ သေတ္တာတလုံးနဲ့ PT ဆငိးရင်စီးတဲ့ ကင်းဘတ်ဖိနပ် အဖြူတရံဘဲထားခွင့်ရှိပါသတဲ့လေ ။
ကုတင်ခြေရင်းတွေမှာ ရှိနေတဲ့ သေတ္တာတွေကို အိပ်ဆောင်ဟိုဘက်ထိပ် ဒီဘက်ထိပ် ကြိုးနဲ့တန်းပြိး ညီနေအောင်စီရပါသတဲ့
သေတ္တာနဲ့ကပ်ရပ်ထားထားတဲ့ ကင်းဘတ်ဖိနပ် ကိုလည်း တ၇ံနဲ့တရံ ညီနေအောင်ထားရပါတယ်တဲ
ဒီတော့မေးစရာရှိလာတာက မိမိတို့နဲ့ ပါလာတဲ့ အခြားသောအသုံးဆောင်တွေကိုဘယ်လို ထားမလဲပေါ့နော် 🔕🔔

သေချာတာတခုကတော့ ဒ်သင်တန်းကို ရက်ရှည်လများ လာတက်နေရတဲ့ သင်တန်းသားတွေဟာ သူတို့ရဲ့စည်းကမ်းချက်အတိုငိး လူတကိုယ် သေတ္တာတလုံး ဖိနပ်တ၇ံနဲ့လာတဲ့လူ ဘယ်သူမှမရှိပါဘူး
ဒီတော့
မိမိတို့ပါလာသမျှ ပိုင်ဆိုင်မှုအားလုံးကို စုပြုံ့ပီး အိပ်ဆောင်ထဲမှာရှိတဲ့ နှာခေါင်းပေါက်လောက်သာသဲာ့ စတိုခန်းထဲ စုပြုံထည့်ရပါသတဲ့လေ ။
ကိုယ်သုံးနေတဲ့ ခေါင်းအုံး စောင် ခြင်ထောင်တွေက ကုတင်ပေါ်မှာ ထားခွင့်မရှိပါ ။
သင်တန်းစ၀င်တဲ့ နေ့ကစပြိး သူတို့အိပ်ဆောင်ကနေ ပိုက်ဆံပေးငှားထာရတှဲ့လှလှပပလေး ထုပ်ပိုးထားတဲ့ အိပ်ယာလိပ်ကလေးကိုဘဲ ကုတင်ပေါ်မှာ ကျောကျော့လေး ဟန်ပြအဖြစ် တင်ထားရပါတယ် ။ အဆောင်ဝန်းကျင် မှာလည်း အ၀တ်လှန်းထားခဲ့ခွင့်မရှိတဲ့ အတွက်ေ၇လဲပုဆိုးတွေရော လျှော်ထားသမျှအ၀တ်စို ထဘီစို အားလုံး အားလုံးကို စုပြုံပြီး အဆိုပါ စတိုခန်းငယ်ထဲ ဖိသိပ်ထည့်ထားဘဲ။

ကိုယ်တွေအားလုံး သင်တန်းခန်းမမှာ လက်ချာတက်နေချိန်မှာ ကျွန်တော်တို့ရဲ့ အိပ်ဆောင်တာဝန်ခံတွေက တဆောင်ချင်းစီအလိုက် သေတ္တာတွေ ညီမညီ သူတို့ဆီက ပိုက်ဆံပေးငှားထားရတဲ့ အိပ်ရာလိပ်ကလေးတွေ ညီမညီ အလှပျက်မပျက် ကို လိုက်စစ်ပြီး သင်တန်းသား တဦးချင်းစီအလိုက်အမှတိလေးတွေပေးပါသတဲ့လေ 💯💯
စတိုခန်းထဲမှာ ရှိသမျှပစ္စည်းတွေ စုပြုံထည့်ထားသည်ကို အနှီဆရာများမှ သိရှိသော်လည်း အဆိုပါစတိုခန်းလေးသည် အိပ်ဆောင်ထဲတွင် မရှိသကဲ့သို့ပင် သဘောထားကာ ကုတင်လေးများ သေတ္တာလေးများ အိပ်ယာလိပ်ကလေးများ For Show လှမလှ ကိုဘဲ စစ်သွားလေ့ရှိပါသည်
အယ့် …..တခါတရံတော့ စတိုခန်းတံခါးသော့မပိတ်မိထားလျှင်တော့  ``စတိုခန်းတံခါးပိတ်မထား ´´ဆိုသော မှတ်ချက်အား မှင်နီကြီးနှင့် ရေးသွားကာ တဆောင်လုံးအား အမှတ်လျော့လေတော့ သည်။⚠⚠⚠
 အင်းပေါ့လေ …..
အားလုံးကြေညက်အောင် တိုက်ထားတဲ့ ပြဇာတ်တပုဒ်မှာ တယောက်ယောက်က ဖောက်လိုက်ရင် ဒါရိုက်တြာ့ကီးတွေမှာ ရွှေစိတ်တော်ကောက်သလိုနေမှာပေါ့……
ညနေခင်း သင်တန်းကပြန်လာတဲ့ အချိန် စတိုခန်းတံခါးဖွင့်လိုက်လို့ကတော့ ရေစိုဝတ်တွေရဲ့ အောက်သိုးသိုး မှိုနံ့တွေ တဦးချင်းစီရဲ့ကိုယ်ပိုင် ကိုယ်သင်းရနံ့တွေ စုပေါင်းကာ လျှံထွက်လာသော ငြီးစ၊ီစီ အနံ့လေးတွေနဲ့ အလွန်တရာမှ စိတ်ချမ်းမြေ့၇တာပါဘဲ😍😙😘😚
ဒီလို အပြုံ့ကီးထဲကနေ မြွေပွေး မြွေဟောက်အစရှိသော မြွေပေါင်းစုံ ကင်းခြေများ ကင်းမြီးကောက် အစရှိသော သတ္တ၀ါတွေတွေ့ရရင်တော့ ပိုလို့တောင်ပျော်စရာ စိတ်ချမ်းမြေ့စရာကောင်းတာပါဘဲ

ဆက်ပါဦးမည်
အရေးကြီးဆုံး ဖြစ်တဲ့ လက်ချာချိန်မှာ ဘာတွေသင်သလဲ ဆိုတာနဲ့ နေ့စဉ် စားသောက်မှု ပုံစံမျာကို ဆက်လက်တင်ပြပါအံုးးမည်

ဇီးပင်ကြီး စစ်တမ်း ( အပိုင်းနှစ်)

``ဝန်ထမ်းသတ်လို့ အစိုးရသေခြင်း ´´

မှတ်မှတ်ရရ အဲ့ဒီနေ့က Political Science နိုင်ငံရေးသိပ္ပံ ဘာသာရပ် အချိန်ပါ
ပထမဆုံးအနေနဲ့
နိုင်ငံ့ဝန်ထမ်းအနေနဲ့ ပထမဆုံး တာဝန်ထမ်းဆောင်မယ့်လူတွေကို ဇီးပင်ြ့ကီး တက္ကသိုလ်ပြည်ကနေသင်ပေးလိုက်တဲ့ အဌာရသ တဆယ့်ရှစ်ရပ် တွေအကြောင်း အရင်ရှင်းပြပါရစေ ။
လက်ချာတွေက မနက် ၈ နာရီကနေ ညနေ ၄ နာရီထိပါ
ဌာနာဆိုင်ရာငွေစာရင်းထားသိုနည်း
နိုင်ငံရေးသိပ္ပံ
အင်္ဂလိပ်စာ
ဘောဂဗေဒ
သတင်းအချက်အလတ်နဲ့ နည်းမညာ စတာတွေအပြင် ကျွန်တော်တို့ကတော့ ဆရာဝန်တွေနဲ့ သွားဆရာဝန်တွေချည်းသီးသန့် သင်တန်းဖြစ်တဲ့ အတွက် မိခင် ကမ၀ ရဲ့လက်အောက်မှာရှိတဲ့ ဦးစီးဌာနတွေကလည်း မိတ်ဆက်အနေနဲ့ လာရောက်သင်ကြားပါတယ် ။

မှတ်မှတ်ရရ အဲ့နေ့က နိုင်ငံရေးသိပ္ပံရဲ့ ပထမဆုံး လက်ချာနေ့ပါ
ဌာနမှူး ပါမောက္ခကိုယ်တိုင် ပထမဆုံးလက်ချာကိုသင်မယ်ဆိုလို့ ကျွန်တော့အနေနဲ့ အတော့ကို စိတ်ဝင်စားနေခဲ့တာပါ ။
ရှေ့ရှေ့ ဘာသာရပ်တွေကတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ ဘာသာတွေဖြစ်တာကတြေ့ကာင်း လူပေါင်း ခြောက်ရာကျော်ကို ခန်းမကြီးထဲမှာ စုပြုံထည့်ထားပြီးသင်တာတစ်ကြောင်း ကိုယ်ကိုယ်တိုင်လည်း ပျင်းတာတကြောင်းး😂😂😂 စတဲ့ အကြောင်းကြောင်းတွေကြောင့် ပြီးခဲ့တဲ့ လက်ချာတွေက အတော့ကို စိတ်ဝင်စားမှုမရှိခဲ့ပါ။

PS လက်ချာစသင်သင်ချင်း မကြာခင်မှာဘဲ လာသင်တဲ့ ဌာနမှူးပါးစပ်ကနေ
တပ်မတော်သာ အမိ တပ်မတော်သာ အဖ 🚩🚩
တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် 🔫
မျိုးချစ်တပ်မတော် အဖတပ်မတော်
ချောက်ထဲ ကျခံနီး မှ တခုတ်တရ ကယ်တင်ပေးခဲ့ပါသော တပ်မတော် ⚠⚠
ဆိုတဲ့ ဆိုတဲ့ ဆိုတဲ့ Slogan တွေကို ခုနစ်ဆယ်နဲ့ ငါးကြိမ်လောက်ကြားနေရတော့ ……………….😆😆
( စိတ်ထဲတော့ တွေးလိုက်ပါတယ် …..အင်း ဇီးပင်ကြီး ဆိုတာ မေမြို့နဲ့ နီးတော့ ဒီအသံတွေ ပဲ့တင်ရိုက်တာနေမှာပါလေလို့စ်😂😂 )
အဲ့ဒီနေ့က တနေ့လုံး PS လက်ချာဘဲယူပါတယ.် အဆိုပါ ဌာနမှူးကဘဲ နေ့လည်ခင်းမှာဆက်သင်ပါတယ်
နေ့လည်ခင်း လက်ချာမှာ သင်ရင်း သင်ရင်းကနေ ပြည်တွင်းငြိမ်းချမ်ရေးဘက်ရောက်သွားတော့ သူ့ဘက်က ဘာပြောလာသလဲ ဆိုတော့
မှန်တာပြောရရင် အခုပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်နိုင်တာ လက်ရှိ အစိုးရ (NLD )က စေတနာမရှိလို့ မအောင်မြင် ရတာပါတဲ့
ဘု၇ားစူးရစေ့ ……ကြားကြားချင်း မျက်လုံးကို ဇကောလောက် ကျယ်သွာြး့ပီး ပါးစပ်ကို တဆယ့်နှစ်ယူဇနာလောက် ဟ သွားတော့တာပါဘဲ

အစိုးရဟာ စတက်လာကတည်းက ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်ကိုကိုင်ဆြွဲ့ပီး ငြိမ်းချမ်းရေးရအောင် (ကန်တော့ပါ ရဲ့ )ချီးပြဲ့ အီးပြဲ လုပ်နေရတာကို သိနေမြင်နေပါရက်နဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နိုင်ငံရေးသိပ္ပံ ဌာနရဲ့ ဌာနမှူးတယောက် ပါးစပ်ကနေ ဒီလိုစကားမျိုးထွက်လာတာက အင်မတန်မှ စဥ်းစားစရာကောင်းပြီး မေးခွန်းထုတ်စရာပါ။

တကယ်လည်း မေးခွန်းဝိုင်းထုတ်ခဲ့ကြပါတယ်
သူ့ စကားဆုံးတာနဲ့တပြိုင်နက် လက်ချာမပြီးသေးခင်မှာ ဘဲ သင်တန်းသားအချို့က မိုက်တောင်းပြီး အတိအလင်း
Counter question တွေ ထုတ်ပါတော့တယ်
ဒီလိုမေးခွန်းတွေ ထုတ်လာတဲ့အခါမှာတော့ ခုနကပြောခဲ့တဲ့ စကားတွေက သူ့ပါးစပ်က မပြောခဲ့သလို လျောချပစ်ပြီး လက်ချာချိန်ကို တန်းဖြုတ်ပစ်လိုက်ပါတော့တယ်။
အင်မတန်မှ ရုပ်ပျက်တဲ့ လက်ချာဖြစ်ခဲ့ပါတယ် ၊

နောက်ရက်မှာတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်အောက်က ပထ၀ီနိုင်ငံရေး ဘာသာရပ်ကို တခြားဆရာတယောက် လာသင်ပြန်ပါတယ်
ဒီလက်ချာမှာက ပိုဆိုးပါတယ် ..။

ဘာပြောသလဲဆိုတော့
မြန်မာနိုင်ငံဟာ လူမျိုးကြီး နိုင်ငံကြီး နှစ်ခုကြားမှာတည်ရှိတဲ့ အတွက် မိမိတို့ နိုင်ငံကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းပြောရာကနေ
မိမိတို့ အမျိုးမပျောက်ဖို့ အတွက် ဘာသာခြားတွေနဲ့ လက်ထပ်ထိမ်းမြားတာမလုပ်ကြဖို့
ဘာသာခြားတွေရဲ့ ဆိုင်တွေကို အားမပေးကြဖို့
786 ဆိုတဲ့ အဓိပ္ပါယ် ကိုသိကြသလားတို့
သာကီဝင်မျိုး ဗုဒ္ဓဘာသာဘာသာ အ၇ိုးစည်းရိုးထိုး blah blah blah အစရှိသော တရားတွေကို အဆိုပါဆရာမှ အာပေါင်အာရင်းသန်သန်နဲ့ ဟောပြောပါတော့တယ်.....💣💣
ငါတို့ဟာ နိုင်ငံရေးသိပ္ပံသင်နေရတာလား မဘသ တရားပွဲထဲရောက်နေသလားဆိုတာ ကိုယ့်ကိုကိုယ်မနည်းပြန်စဥ်းစားယူရတယ်💤💤💤💤
တနိင်ငံလုံးက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ သင်တန်းသားပေါင်းး ခြောက်ရာကျော်ရှိနေတဲ့ သင်တန်းမှာ ဒီလို ထိလွယ်ရှလွယ်တဲ့ Isssue မျိုးကို ပြောဆိုတဲ့ အဲ့ဒီဆရာဟာ အတော့ကို ဦးနှောက်မရှိတာလျှင်သော်လည်းကောင်း ဖြစ်ရင်ဖြစ်ရမယ် ။ မဟုတ်ဘူးဆိုရင်တော့ ဒါဟာ တမင်ကို ရည်၇ွယ်ချက်ရှိရှိနဲ့ ပြောတာဘဲ။

အစိုးရရဲ့ ပေါ်လစီကို လက်တွေ့အကောင်အထည်ဖော်တော့မယ့် သစ်လွင်ဝန်ထမ်းတွေရဲ့ ဦးနှောက်တွေထဲကို ဒီလို Idealogy အမှားတွေကို ရိုက်သွင်းနေတာဟာ ဂျင်းအြ့ကီးစားဖြစ်သွားပါပြီ
တိုင်းပြည်ကို ငါးပါးမှောက်စေမယ့် ဒုက္ခလှလှ ရောက်စေမယ့် ဂျင်းတွေပါ။
ပြောတော့ သူတို့ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်က ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်တဲ့
တဖက်ကလှည့်တွေးကြည့်ပြန်ရင်တော့
အောက်ခြေက ၀န်ထမ်းတွေရဲ့ mindset ကို မှိုင်းတိုက်နိုင်ရင်
ဝန်ထမ်းတွေကို ဂျင်းထည့်နိုင်ရင် အပေါ်ကအစိုးရမ၇ှုမလှ ကျဆုံးပါတယ် ။

သူငယ်ချင်း
K pop fan  တွေ သူတို့ ဖန်တွေအချင်းချင်းရန်ဖြစ်ရင် ပြောနေကျစကားရှိပါတယ်

Fan သတ်ရင် Idol သေတယ်တဲ့
အဲ့လိုပါဘဲ....ဝန်ထမ်းသတ်ရင် အစိုးရသေပါတယ်
တိုင်းပြည်လည်း မုချနစ်မွန်းပါတယ်

တကယ့်လက်တွေ့မှာတော့ ပြည်သူကို မျက်နှာမမူတဲ့ အတွေးအခေါ်တွေ
ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရသွားနေတဲ့လမ်းမှာ ဟပ်ထိုးလဲစေမယ့် ခြေထိုးနေတာတွေနဲ့ဘဲ ဒီတက္ကသိုလ်ဟာ တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးနေသလားဆိုတာ နောက်အပိုင်းမှာ တင်ပြပါအုံးမယ်
(အခုရေးသားထားသော ရေးသားချက်များအားလုံးကို ကျွန်တော့ အနေနဲ့ အပြည့်အ၀တာဝန်ယူကြောင်း အာမခံပါသည်)

ဇီးပင်ကြီး စစ်တမ်း ( အပိုင်း သုံး )

``ပလုံ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီးတည်ထောင်တော်မူခဏ်း´´

အလုပ်တခု အောင်မြင်တယ် မအောင်မြင်ဘူုးဆိုတာ အဆိုပါအလုပ်ကထွက်လာတဲ့ result ပေါ်အခြေခံပါတယ်။ ဘယ်လောက်ဘဲ ပြဲနေအောင်လုပ်လုပ် Result က မကောင်းရင် ပင်ပန်းတာဘဲ အဖက်တင်ပါလိမ့်မယ် ။
#ပြာသာပြာတယ်ဖွဲမထွက်ဘူး ဆိုတဲ့ စကားပုံလိုပေါ့ ။

အခု ဗ၀တ နှစ်ကျောင်းမှာလဲ အဲ့လိုပါဘဲ ၊
(1) မိမိတို့ သင်ကြားပို့ချလိုက်တဲ့ ပို့ချချက်တွေဟာ သင်တန်းသားတွေရဲ့ တဦးချင်းစီဘ၀မှာ ဘယ်လောက်များ အကျိုးရှိသွားလဲ ၊
(2) ၀န်ထမ်းတဦးချင်းစီကနေရော ၀န်ထမ်းလောက ကိုဘယ်လောက်သက်ရောက်မှူ ရှိသွားလဲ

ဒီသက်ရောက်မှု ကရော ပြည်သူကို ဘယ့်လောက် အကျိုးရှိသွားစေလဲ

တဖန် ဒီလို Training ရထားတဲ့ ၀န်ထမ်းတွေကရော ပြည်သူကို ဘယ့်လောက်မျက်နှာမူသလဲ စသဖြင့် စသဖြင့် အားလုံးက တခုနဲ့တခု ဆက်စပ်မှု ရှိနေပါတယ်။

ဒီ ၀န်ထမ်းတက္ကသိုလ် နှစ်ခုကနေ တိုင်းပြည်ဘဏ္ဍာကို သုံးစွဲနေတာ မနည်းပါဘူး
ကျွန်တော်တို့ အရာထမ်းလောင်းအခြေံသင်တန်းဆိုရင် သင်တန်းသားတယောက်ရဲ့ အစားအသောက်အတွက် တနေ့စာ နေ့တွက်စားရိတ်က ၇၀၀ ကျပ်ပါ ။
တယောက်ကို ၇၀၀
ဆယ်ယောက်ဆို ၇၀၀၀
အယောက်တရာ ၇၀၀၀၀
ကျွန်တော်တို့သင်တန်းသည် အယောက် ခြောက်ရာနီးပါးရှိတော့ လေးသိန်းနှစ်သောင်း
တရက်ကို ၄၂၀၀၀၀ ကျပ်. တလကို ၁၂၆ သိန်း
သင်တန်းကာလက နှစ်လဆိုတော့ ၂၅၂ သိန်း 😆😆😆

ဒီကုန်ကျစရိတ်သည် အရာထမ်းလောင်းအခြေခံ အထူးသင်တန်း အမှတ်စဉ် (၅) တခုတည်း အတွက် ကုန်ကျစရိတ်ပါ ။
ကျွန်တော်တို့သင်တန်း တက်နေစဉ် အတွင်းမှာ တခြားသော သင်တန်းအမျိုးအစားတွေဟာလည်း တပြိုင်တည်း တနှစ်ပတ်လုံး အဆက်မပြတ်ရှိနေတာပါ ၊

ရာထူးမြင့်သင်တန်းတွေဆိုရင် နေ့တွက်စားရိတ်သတ်မှတ်ချက်က ပိုများပါတယ်၊
ဒီတော့ သင်တန်းသားတွေအတွက် ကုန်ကျစားရိတ်တွေ တက္ကသိုလ် ကြီး တခုလုံးက ၀န်ထမ်းတွေရဲ့လစာတွေ တက္ကသိုလ်ကြီးလည်ပတ်ဖို့အခြားသော အသေးသုံး အကြီးသုံး နဲ့တကွ အထွေထွေအသုံးစရိတ်တွေနဲ့ တွက်ကြည့်ရင် တိုင်းပြည်ဘဏ္ဍာ ကိုမနည်းမနောသုံးစွဲထားတာပါ

ဒီလို နိုင်ငံတော်က အကုန်အကျခံနေလို့သင်တန်းသားတွေဘက်ကလည်း ကုန်ကျစားရိတ်မရှိဘူးလားဆိုတော့ အဲ့လိုလည်း မဟုတ်ပြန်ပါဘူး ။

ဒီသင်တန်းလာတက်ဖို့ ၀ယ်၇ခြမ်းရကုန်ကျစားရိတ်တွေ သင်တန်းတက်နေစဉ်မှာ အမျိုးမျိုးသော ကုန်ကျစားရိတ်တွေ ခရီးသွားလာရစရိတ်တွေ နဲ့ ထိုက်သင့်သလောက်တော့ ကုန်ကျတာပါဘဲ၊ အထူးသဖြင့်တော့ တဦးချင်းစီမှာ ပေးဆပ်လိုက်ရတဲ့ အချိန်တွေက ပိုလို့ တန်ဖိုးရှိတာအမှန်ပါ
ဒီတော့ ဒီလိုတွေအကုန်အကျခံပြီးမှ ထိုက်သင့်တဲ့ အကျိုးရလဒ်ရော ရကြရဲ့လား

``နိုင်ငံတော်ဘက်ကရော ကုန်ကျခံလိုက်ရတာနဲ့ တန်တဲ့ ၀န်ထမ်းတွေ ရလိုက်ရဲ့လား´´

``သင်တန်းသားတွေဘက်ကရော ကိုယ်ပေးလိုက့်် ရတဲ့ အချိန်တွေအတွက် အကျိုးရှိတာကို
မြိုးမြိုးမြတ်မြတ်ရလိုက်ရဲ့လား ´´

ဆိုတာကို ကျွန်တော်တို့ ၀န်ထမ်းတွေ နဖူးပေါ်လက်တင်ပြီး စဉ်းစားချိန်တန်နေပါပြီ

ဒီတက္ကသိုလ်ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က လက်ရုံးရည် နှလုံးရည် နဲ့ပြည့်စုံတဲ့ ပြည်သူ့ဝန်ထမ်းတွေကို မွေးထုတ်ပေးဖို့်ပါ ။
လက်ရုံးရည် ဆိုတဲ့နေရာမှာ ၀န်ထမ်းတွေရဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်မှာ ကျွမ်းကျွမ်းကျင်ကျင် စွမ်းဆောင်နိုင်မှုကို ဆိုလိုတာပါ ။
အခု ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းသားတွေကို သင်နေရတဲ့ သိုင်းသင်တန်းတွေကို မဆိုလိုပါဘူးနော်😂😂😂
ဤကားစကားချပ်
( အင်းပေါ့လေ ……နိုင်ငံတော်ကြီးကို စစ်လက်နက်အားကိုးနဲ့မှ ကာကွယ်နိုင်မယ်လို့ ထင်နေကြတဲ့ အထုံကလည်း ဖျောက်ဖို့အတော်ခက်တာပါကလား အရပ်ကတို့ရေ😆😆😆)

အရေးကြီးဆုံးက နှလုံးရည်တဖြစ်လဲ Mindset ပါ ။
Mindset သည် အင်မတန့် အင်မတန်မှကို ပြောင်းလဲဖို့ခက်ပါတယ်
လက်ရှိ မြန်မာနိုင်ငံ ၀န်ထမ်းလောကကို လေ့လာကြည့်ရင် သုံးမျိုးသုံးစားတွေ့ရပါလိမ့်မယ်

ပထမ အမျိုးအစားကတော့ ပြီးခဲ့တဲ့ အာဏာရှင်စနစ်မှာ အသားကျပြီးသား ထိုစဉ်ကရွှေရောင်တောက်ပခဲ့သော နေ့ရက်များကိုသာ နှစ်သက်သဘောကျပြီး လက်ရှိ ဒီမိုကရေစီ စနစ်နဲ့ အံချော်နေတတ်သောာ ပြန်လည်တမ်းတ ငယ်ဘ၀ ပိုင်ရှင်များ
( ဒီဝန်ထမ်း အမျိုးအစားကတော့ နည်းပါတယ်)

ဒုတိယအမျိုးအစားကတော့ ခေတ်စနစ်ြ့ကီးကို ပြောင်းလိုက်မဟဲ့ အလုပ်တွေကို ကြိုးစားလုပ်လိုက်မဟဲ့ လို့ကြုံးဝါးကာ ကြိုးစားနေသော ၀န်ထမ်းများ
( ဒီအမျိုးအစားကလည်း ၊ များသောအားဖြင့်ကတော့ ၀န်ထမ်းပါးမ၀သေးတဲ့ သစ်လွင်ဝန်ထမ်းပေါက်စလေးတွေ များပါတယ်)နည်းတော့နည်းသေးပါတယ်

တတိယအမျိုးအစားကတော့ မလုပ် မရှုပ် မပြုတ် ထားရာစေ နေရာသွား ပြန်မပြော ခိုင်းတာမှန်သမျှ ပြန်လှန်မေးခွန်းမထုတ်ဘဲ အကုန်လုပ်ပေးတတ်သော ဘာသိဘာသာ နေတတ်တော်မူပေထသော အကြင် ၀န်ထမ်းအမျိုးအစားသည်ကတော့ အများစုပင်ဖြစ်ချေတော့သည်တကား......

ဝန်ထမ်းလောကမှာအရိုးစွဲနေတဲ့ mindset ကို လက်ရှိသွားနေတဲ့ ဗ၀တမှာသင်ကြားနေတဲ့ ပုံစံနဲ့တော့ ဘယ်လိုမှ အစွဲချွတ်လို့ရမှာမဟုတ်ဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပြောရဲတယ်။

ဘာလို့လဲ........ ရှင်းပြပါရစေ
သင်တန်းသားတွေကို သင့်တင့်လျောက်ပတ်တဲ့ အိပ်ဆောင်မစီစဉ်ပေးနိုင်တော့ ဘားတိုက်တခုထဲမှာ အယောက် အစိတ်လောက်ထည့်ထားရတယ် ။ ဒီအယောက် အစိတ်က တယောက်ချင်းစီရဲ့ ပစ္စည်းတွေနဲ့ဆိုရင် ဘားတိုက်က ကြွက်သိုက်သာသာဖြစ်သွားမှာဆိုတော့ နေ့လည်နေ့ခင်း လြူ့ကီးတွေလာစစ်တဲ့အခါ တခါတရံ သသည်တော်တွေကို လိုက်ြ့ပတဲ့အခါ အရာရာဟာ အစီစဉ်တကျနဲ့ သန့်ရှင်းသပ်ရပ်နေပါတယိလို့ ယူဆသွားအောင် ၇ှိသမျှပစ္စည်း စတိုထဲသိမ်းကြုံးထည့်လို့ အိပ်ရာပေါ်မှာ Kit ခင်းခိုင်းတယ်
#ဒါဟာ For Show ဘဲ

လက်ခုပ်တီးရင် အခမ်းအနားအဖွင့် အပိတ်ဆိုရင် ဘယ်နှစ်ချက် မိန့်ခွန်းပြီးသွားရင် ဘယ်နှစ်ချက်ဘဲတီးရမယ်ဆိုပြီး ကြိုတင်မှာထားတယ်
#ဒါဟာ For Show ဘဲ

လူကြီးတွေနဲ့ သည်တွေလာရင် ဒံပေါက်တို့ ၀က်သားဟင်းတို့ချက်ပြီး ဒီလူကြီးတွေ ည်တွေကိုပါ
သင်တန်းသားတွေနဲ့ ထမင်းအတူစားခိုင်းတယ် ၊
#ဒါဟာလည်း For Show ဘဲ

သင်တန်းဆင်းစုပေါင်း ဓါတ်ပုံရိုက်ဖို့ဆြို့ပီး ရှိသမျှ သင်တန်းသားအကုန်လုံးကို အရပ်တိုင်းပြီး အနိမ့်အမြင့်စီတယ် ။ ၇ီဟာဇယ်လုပ်တယ်
#ဒါတွေဟာလည်း for Show ဘဲ

သင်ခနုးစားတွေပို့ချပြန်တော့ရော မူဝါဒနဲ့ မကိုက်ညီတာတွေကို သင်တဲ့ဆရာတွေက သူတို့ရဲ့ Emotion အရ ထည့်ပြောကြတယ်

သင်တန်းကာလတွေမှာ ဖော်ရှိုးတွေ သင်ရင် သင်တန်းသားတွေက ဖော်ရှိုးတွေဘဲ တတ်မှာဘဲ
ဖော်ရှိုးတွေတတ်ပြီး လုပ်ငန်းခွင်ထဲ ရောက်သွားတော့ဖော်၇ှိုးအလုပ်တွေလုပ်ကြ့ပီး ဖော်ရှိုးသမ္မတမြန်မာနိုင်ငံတော်ကြီးကိုတည်ဆောက်ကြပေရော့ဘဲ

ဒါကိုပြင်ချင်ရင် ရာထူးဝန်အဖွဲ့အနေနဲ့ အမြစ်ကစပြီးဖြတ်မှဘဲရမှာ
သားဖွားဆရာမ တိုက်နယ်ဆရာဝန် လက်ထောက်ဆရာဝန် အငယ်တန်းစာရေး ရုံးအုပ် အထက်တန်းစားရေး စတဲ့ တကယ့်အောက်ခြေက ၀န်ထမ်းတွေရဲ့ အသံကို များများနားထောင်ပေးပါ
တကယ့် On Ground မှာ ဘာတွေဖြစ်နေလဲ ၀န်ထမ်းတွေမှာ ဘာအခက်အခဲတွေကြုံနေကြလဲ
ဒါတွေကို အခြေခံပြီးမှ
ဝန်ထမ်းတွေရှဲ့Quality ကိုတိုးတက်စေဖို တကယ်တမ်းလက်တွေ့ကျတဲ့ သင်တန်းတွေ မွမ်းမံတွေ ဖွင့်လှစ်ကြပါလို့ အလေးအနက်တိုက်တွန်းလိုက်ရပါတယ်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်သူ့ဝန်ထမ်းများ စကားဝိုင်း ဆိုတာမျိုးလည်း မြင်ပါရ ကြားပါရစေ

ခုနစ်ပြည်ထောင်မင်းသားတွေဟာ တက္ကသိုလ်ပြည်ကြီးမယ် အဌာရသ ဆယ့်ရှစ်ရပ်တွေ သင်ကြာြး့ပီး မိမိတို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေပြန်ရောက်တဲ့အခါ မှာ ယခုလို ဇီးပင်ကြီးစစ်တမ်းမျိုးတွေလည်း နောက်ထပ်နောက်ထပ်မရေးပါရစေနဲ့လို့ ဆုတောင်းရင်း

Dr. Soe Thuya Zaw

#Copy Credit.....
.
.
...........................
.
Dr. စိုးသူရကျော်
သူလုပ်ချင်လို့ လုပ်တာပဲ..
လုပ်ရပ်က ကောင်းလွန်းတော့ ညံ့ဖျင်းတဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ကို အကြီးကျယ် ထိခိုက်တယ်။ စာထုတ်ပြီး D.E တရားခံ စစ်ဆေးဖို့ လုပ်တော့.. အခု တနိုင်ငံလုံး ပျားအုံတုတ်ထိုးသလို ဖြစ်သွားပြီ။ လူကောင်းတွေ ငြိမ်နေရင် လူဆိုးတွေ ဆက်ကြီးစိုးနေမယ်.. ဒီတော့ လူကောင်းတွေ Dr. စိုးသူရကျော် ကို ဝန်းရံကြပါ။
ရှယ်ကြပါ..။
........................
.
အင်ဂျင်နီယာ လူငယ်တွေ
လဲ ဒီလို ညံဖျင်း ရုံမက လိမ်လည်တဲ့ လူကြီးတွေကို ဖော်ထုတ် နေကြပါတယ်။ ဘယ်သူ့ မှမထိခိုက် စေလိုပါ။ လူလိမ် တင်ထွန်း ဆိုတဲ အင်ဂျင်နီယာ အတုကြီး. ကို MEngC က မစီစစ်နိုင်ပဲ..
.................
....အမြင့်ဆုံး ပရိုဖက်ရှင်နယ် P.E ဘွဲ့ပေးရုံသာမက ၊
....အမြင့်ဆုံး အင်ဂျင်နီယာတက္ကသိုလ် YTU(RIT ကြို့ကုန်း) မှာ ဧည့်ပါမောက္ခ ရာထူးပေးတယ်။
....အာစီယံနိုင်ငံများ ကလဲ P.E လက်မှတ်ချီးမြှင့်တယ်။
.................
အခု အားလုံး ပြန်ရုတ်သိမ်းလိုက်ပြီး၊ ဒီလူလိမ်ကို လိမ်လည်မှု ပုဒ်မ၄၂၀ နဲ့ တရားစွဲတယ် ဆိုပေမဲ့ အမှု က နှစ်ချီကြာနေပြီ။
.
လူလိမ် တင်ထွန်း အေးအေးဆေးဆေး မြန်မာပြည်မှာ ရှိနေတယ် သိရတယ်။ သူ့ကို အရေးယူ ထေါင်၁လ ဖြစ်စေ ပြစ်ဒဏ်ချနိုင်မှ ကျနော်တို့ အင်ဂျင်နီယာ လောက အနာဂါတ်မျိုးဆက်သစ် အတွက် အားအင်သစ် ဖြစ်မယ်။ အင်ဂျင်နီယာ အများစု စိတ်ထား ပိုကောင်းလာကြပါမယ်။
..
ဖတ်ရှုသူ အားလုံးကို ကျေးဇူးတင်ပါကြောင်း။
.
ဇော်အောင်(မုံရွာ) MZawAung
24.Dec.2018
..............

Wednesday, December 12, 2018

အင်ဂျင်နီယာကောင်စီ ဥပဒေ ဆွေးနွေး (ဆက်သွယ် ဆောက် လုပ် ကော်မတီ)

Yinmin Hlaing
အင်ဂျင်နီယာကောင်စီဥပဒေ ပြင်ဆင်ရန်
 (လွှတ်တော် မတင်မီ မူကြမ်း ဆွေးနွေး နေပြီ)
......
 10.12.18
ဒီနေ့ပြည်ထောင်စုလွှတ်တော်အပြီး
အင်ဂျင်နီယာကောင်စီဥပဒေပြင်ဆင်ရန်
ဥပဒေကြမ်းကော်မတီသို့
အစည်းအဝေးမစတင်မီ
......................
.
ဒေါ်ယမင်းလှို င် (NLD အမတ်) ဟာ ဂန့်ဂေါ မြို့နယ်က ကြံ့ခိုင်ရေးပါတီ ဖေ့ဘုတ် မင်းသားကြီး စစ်ဗိုလ်ဟောင်း (ဘူးလက်လှဆွေ) လို့ နာမည်တွင်တဲ့ ဦးလှဆွေ ကို ၂၀၁၅ ရွေးကောက်ပွဲ. အပြတ် အနိုင်ရခဲ့သူ RIT/YIT (1997 Mechnical) အင်ဂျင်နီယာ အမျိုး သမီး ဖြစ်ပါတယ်။
.
ပထမနေ့ ဆွေးနွေးမှု အသံဖိုင် နဲ့ ဗွီဒီယိုများ နားဆင် ကြည့်ရှု နိုင်ပါပြီ။
Link
.
...........

ဘယ်သူတွေအင်ဂျင်နီယာ အမည်တပ်ခွင့်
ရှိသလဲ

                 မြန်မာနိုင်ငံအင်ဂျင်နီယာ
ကောင်စီ နည်းဥပဒေ ပုဒ်မ ၇၈ အရ                       အမည်ရှေ့မှာ Engr. တပ်ခွင့်ရှိသူ ၃ မျိုး
ရှိပါတယ်။
(1)မှတ်ပုံတင်အင်ဂျင်နီယာ
   (Registered Engineer, R.E)
(2) အကြီးတန်းမှတ်ပုံတင်အင်ဂျင်နီယာ
   (Registered Senior Engineer, R.S.E) နဲ့
(3) အင်ဂျင်နီယာပညာရှင်
     (Professional Engineer, P.E)   တို့ပဲ
       ဖြစ်ပါတယ်။
                 တကယ်လို့ အမည်ရှေ့မှာ
Engr. တပ်ခွင့်မရှိပဲတပ်ခဲ့ရင် မြန်မာနိုင်ငံ
အင်ဂျင်နီယာကောင်စီ ဥပဒေ ပုဒ်မ ၃၈ နဲ့
ပုဒ်မ ၄၁ အရ တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်
ဖြစ်စေ   ငွေဒဏ်ဖြစ်စေ နှစ်မျိုးစလုံးဖြစ်စေ
 ကျခံရမှာဖြစ်ပါတယ်။
               ငွေဒဏ်ရဲ့ပမာဏ ကိုတော့
သတ်မှတ်ထားခြင်းမရှိပါဘူး။
                အခု နည်းပညာကျောင်းဆင်း
B.E တွေ ဘယ်အချိန်မှာ ကိုယ့်အလုပ်
အကိုင်ကို " အင်ဂျင်နီယာ" လို့ဖော်ပြခွင့်
ရမလဲ ပြောပြပါမယ်။
            B.E ဘွဲ့ရပြီးရင် အလုပ်သင်
အင်ဂျင်နီယာ ၄ နှစ်လုပ်ရပါမယ်။ ပြီးရင်
ကိုယ့်ရဲ့ အလုပ်က P.E ရဲ့ ထောက်ခံစာ
ကိုယူပြီး R.E လျောက်ရပါမယ်။
            လိုအပ်တဲ့ သင်တန်းတွေ
ရေးဖြေတွေ အင်တာဗျူးး တွေ ဖြတ်သန်းပြီး
တဲ့အခါ R.E လက်မှတ်ရပါမယ်။
            R.E လျောက်တဲ့ ကာလကို
ပျမ်းမျှ ၁ နှစ်နဲ့တွက်ရင် B.E ကျောင်းဆင်း
တယောက်ဟာ ကျောင်းပြီးလို့ ၅ နှစ်အကြာမှ
အလုပ်အကိုင်ကို " အင်ဂျင်နီယာ" လို့
ဖော်ပြခွင့် ရပါမယ်။
             တကယ်လို့သာ မိမိ company
မှာ P.E မရှိခဲ့ရင် (သို့) မိမိက အလုပ်ပြောင်း
ခဲ့ရင် (သို့) P.E ကအလုပ်ပြောင်းသွားရင်
(သို့) P.E က မိမိကို အမြင်မကြည်လို့
ထောက်ခံစာ မရေးပေးဖူးဆိုရင်တော့
အလုပ်သင်အင်ဂျင်နီယာ အဖြစ် ၆ နှစ်
ကြာမှ R.E လျောက်ခွင့်ရပါမယ်။
ဒါဆိုရင်ကျောင်းပြီးလို့ ၇ နှစ်လောက်
ကြာမှ R.E ဖြစ်ပါမယ်။
             ဒါက B.E ကျောင်းဆင်းအတွက်
တွက်ပြထားတာပါ။ B.Tech ဆင်းအတွက်
နောက်ထပ် ၂ နှစ်ပိုကြာပါမယ်။
        A.G.T.I ကျောင်းဆင်းအတွက်
နောက်ထပ် ၄ နှစ်ပိုကြာပါ့မယ်။
                 R.E မဖြစ်ခင် အချိန်မှာ
ကိုယ့်အမည်ရှေ့မှာ Engr. တပ်ချင်ရင်တော့
ထောင်ဒဏ် ၁ နှစ်နဲ့ ဘယ်လောက်မှန်း
မသိတဲ့ငွေဒဏ်ကို သတိရဖို့ လိုပါလိမ့်မယ်။

×××××××××××××××××××××

MEC Law နဲ့ Bylaw ကိုပြင်ဖို့   
    TU ကျောင်းသားတချို့က                    Save Myanmar Engineers       
      လှုပ်ရှားမှုကိုစတင်လိုက်ပါပြီ။

           MEC နဲ့ပတ်သက်တဲ့     
    post တွေကို   
  Save Myanmar Engineers  group

ပြည်နည်းပညာတက္ကသိုလ်         
    ကျောင်းသားသမဂ္ဂ page                   

Shadow Government group နဲ့

Kyaw Thet Aung   
   account       မှာ ဖတ်ရှုနိုင်ပါတယ်။                         ဝန်းရံပေးဖို့တောင်းဆိုပါတယ်။

Wednesday, November 7, 2018

အင်ဂျင်နီယာဆိုတာ သူခိုးလား ဆွေးနွေးခြင်း


၂၀၁၈၊ နိုဝင်ဘာလ ၅-ရက် (ယနေ့) ထုတ် မြန်မာတိုင်းမ် နေ့စဉ်သတင်းစာ (Myanmar Times Daily) အတွဲ ၂၊ အမှတ် (၂၉၂) မှာ ဖော်ပြပါရှိတဲ့ ကျနော့် ဆောင်းပါး "အင်ဂျင်နီယာ၊ ကျင့်ဝတ်နဲ့ အယူလွဲများ" ...

အလွယ်တကူဖတ်လို့ရအောင် အပြည့်အစုံ ပြန်တင်ပေးလိုက်ပါတယ်။

#အင်ဂျင်နီယာ၊ ကျင့်ဝတ်နဲ့ အယူလွဲများ

အောက်တိုဘာလ ၁၉-ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ကြီးနားခရီးစဉ်မှာ တစ်ဖက်ကနေတာဝန်သိတတ်မှု၊ တစ်ဖက်ကနေ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် ကြိုးပမ်းမှု၊ ဒီနှစ်ခု ချိန်ခွင်လျှာညီမျှအောင် ပြည်သူတစ်ဦးချင်းက လုပ်ဆောင်သွားရင် တိုင်းပြည်ဟာ နေ့ချင်းညချင်း ချမ်းသာလာနိုင်တယ်။ ဒီအတွက်လည်း ကြိုးစားလေ့ကျင့်ယူရမယ် လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၈-ရက်နေ့မှာလည်း သမ္မတကြီးဦးဝင်းမြင့်က စီမံကိန်းများ ဆောင်ရွက်ရာမှာ ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးမှု အခြေအနေများ ဖြစ်ပေါ်ပါက ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနဲ့အညီ ဆောင်ရွက်မယ် လို့ ဧရာဝတီတိုင်း ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင်နှစ်ဦးရဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ပြောကြားချက်ဟာ ပြည်သူကို မျက်နှာမူတဲ့၊ ပြည်သူ့အတွက်၊ တိုင်းပြည်အကျိုးအတွက် ပြောကြားချက်တွေပဲ ဖြစ်ပါတယ်။ အရေးတကြီး လိုက်နာဖို့ လိုအပ်နေတဲ့ လမ်းညွှန်မှုတွေလည်း ဖြစ်ပါတယ်။ သူတို့ ပြောကြားသွားတဲ့ တာဝန်သိတတ်မှု၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ စီမံကိန်းများမှာ ပြည်သူ့ဘဏ္ဍာငွေ မဆုံးရှုံးရေး တို့ဟာ ဆက်စပ်မှုလည်း ရှိနေပါတယ်။

ဘာကြောင့်လဲဆိုတော့ စီမံကိန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်ရာမှာ တာဝန်ရှိသူတွေက တာဝန်သိတတ်မှုမရှိဘဲ ရသင့်ရထိုက်တဲ့ အခွင့်အရေးလို့ ယူဆပြီး အဂတိလိုက်စားမှု၊ အလွဲသုံးစားပြုမှုတွေ ရှိနေရင် ပြည်သူ့ဘဏ္ဍာငွေတွေ ဆုံးရှုံးရမှာ ဖြစ်လို့ပါ။

ဒီလို ဖြစ်ရပ်တွေ အရင်ကတည်းက ရှိနေတယ် ဆိုတာလည်း ကြားနေရရုံမက မကြာသေးမီကလူမှုကွန်ယက်ဖြစ်တဲ့ ဖေ့ဘုတ်ပေါ်က ပို့စ်တစ်ခုကြောင့် အင်ဂျင်နီယာလောကမှာ အတော်လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တာ တွေ့ရပါတယ်။

"အင်ဂျင်နီယာဆိုတာသူခိုးလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်ဂျင်နီယာတစ်ယောက်က ပို့စ် ရေးတင်လိုက်ပါတယ်။ ပို့စ်ပိုင်ရှင်က ဌာနဆိုင်ရာတစ်ခုမှ တာဝန်ကြီးကြီးရှိသူ ရာထူးကြီးကြီးအင်ဂျင်နီယာတစ်ယောက် လို့သိရပါတယ်။ Like လုပ်ကြတာ၊ Share လုပ်ကြတာ ထောင်ဂဏန်း ရှိပြီး Comment တွေမှာလည်း အမျိုးမျိုး ငြင်းခုံဝေဖန်ကြပါတယ်။

အဲဒီမှာ ဆရာဝန်တစ်ဦးက "အင်ဂျင်နီယာဆိုတာ သူခိုးတွေ" ဆိုတဲ့ ပို့စ်တစ်ခုတင်ပြီး ပြန်ဖြေလိုက်ပါတယ်။ သူကလည်း ဌာနဆိုင်ရာတခုက အရာရှိကြီးတစ်ဦးလို့ ပြောကြပါတယ်။ အဲဒီပို့စ်မှာလည်း Like တွေ၊ Share တွေ၊ Comment တွေ ပလူပျံပါတယ်။

ဒီတော့ ပြန်ပြီးဖြေထားတဲ့ပို့စ်နဲ့ ပတ်သက်လို့ အရင်ပြောရရင် စာကိုယ်မှာ ရေးထားတဲ့ အကြောင်းအရာတွေက လက်ခံနိုင်စရာ ရှိပေမဲ့ ခေါင်းစဉ်ကို လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ "အင်ဂျင်နီယာဆိုတာ သူခိုးတွေ" လို့ ခေါင်းစဉ်တပ်ရင် ဘာကြောင့်ပဲရေးရေး၊ စာကိုယ်မှာ ဘယ်လိုပဲ ရေးထားရေးထား ဒါဟာ အင်ဂျင်နီယာအားလုံးကို 'သူခိုးတွေ' လို့ သိမ်းကျုံးစော်ကားရာရောက်ပါတယ်။ ခေါင်းစဉ်ဆိုတာ ဆက်ရေးမယ့် စာကိုယ်ပါ အကြောင်းအရာတွေကို ထင်ဟပ်ဖော်ပြချက်သာ ဖြစ်ရတယ်၊ တလွဲစီမဖြစ်ရဘူး ဆိုတာ စာရေးသူတိုင်း သိတဲ့ အခြေခံအကျဆုံးအချက်ပါ။

ဒီခေါင်းစဉ်ကိုဝိုင်းဝေဖန်ကြ၊ ကန့်ကွက်ကြလို့ နောက်ပိုင်းမှာ ခေါင်းစဉ်ကို 'အင်ဂျင်နီယာဆိုတာသူခိုးတွေလားလို့ မေးလို့ ဖြေရရင်' ဆိုပြီး ပြန်ပြင်လိုက်ပါတယ်၊ ဒါကိုတော့ လက်ခံနိုင်စရာ ရှိပါတယ်။ ဒီတော့ သူ့ပို့စ်နဲ့ ပတ်သက်လို့ ဆက်ပြောစရာ မရှိတော့ပါဘူး။

ဆက်ပြောစရာရှိတာက မူရင်းပို့စ်ပါ။ အဲဒီမှာ ဒီအင်ဂျင်နီယာက တည်ဆောက်ရေး လုပ်ငန်းတွေကို "အမြတ်အစွန်းတင်မတောင်းရင်တောင် အလေအလွင့်ဆောင်းပေးထားတာကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရင် ရတဲ့အကျိုးအမြတ်နဲ့ လေယာဉ်ဝယ်စီးလည်းရပါတယ်" လို့ ရေးထားပါတယ်။ ဥပမာတွေလည်း နည်းနည်းပြထားပါတယ်။

အဓိကပြောချင်တာက အဲဒီအချက်ပါပဲ။ သူဆိုလိုတာက စီမံကိန်းကနေ ပစ္စည်းခိုးရောင်းတာ မဟုတ်ဘဲ အလေအလွင့်ဆောင်းပေးထားတာကနေပဲ အကျိုးအမြတ်ယူရင် ခိုးတာ မဟုတ်ဘူး လို့ ဆိုလိုတာပါ။

ဒါတွေဟာ နိုင်ငံ့ခေါင်းဆောင်များ မိန့်ကြားသွားတဲ့ တာဝန်သိတတ်မှု၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ စီမံကိန်းများမှာ ပြည်သူ့ဘဏ္ဍာငွေ မဆုံးရှုံးရေးဆိုတဲ့ အချက်တွေနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။

သူ့ အယူအဆဟာ တကယ်တော့ လုံးဝ မှားယွင်းတဲ့အယူအဆပါ။ ဘယ်လို မှားယွင်းသလဲ ဆိုရင် ...
၁) တွေးခေါ်ပုံ (Way of thinking) အရ ...
၂) ကျင့်ဝတ် (Ethics) အရ ...
၃) ကျင့်ထုံးစည်းမျဉ်း (Practice) အရ ... မှားယွင်းပါတယ်

တွေးခေါ်ပုံအရ ဘယ်လိုမှားယွင်းလဲ ဆိုရင် ...
အပိုဆောင်းပေးထားတာကို ကိုယ်ကျိုးသုံးတာဟာ ခိုးတာမဟုတ်ဘူးဆိုရင် 'လိမ်တာ'၊ 'အလွဲသုံးစားလုပ်တာ' ဖြစ်ပါတယ်။ တနည်းအားဖြင့် မရိုးမသား ဆောင်ရွက်တဲ့ အဂတိပါပဲ။ အဲဒါကို တရားဝင်လုပ်ခွင့်ရှိတယ်လို့ ထင်နေတာကိုက မှားယွင်းတဲ့ အတွေးအခေါ်ပါ။ သူပြောတဲ့နည်းက တရားဝင်လုပ်ကြတာ ရှိပါတယ်။ အဲဒါက ကန်ထရိုက်တာ (Contractor) အနေနဲ့ လုပ်ကြပါတယ်။ ဒါပေမယ့် စီမံကိန်းကို ကြီးကြပ်ကိုင်တွယ်ရတဲ့ ဌာနဆိုင်ရာ အင်ဂျင်နီယာ ဝန်ထမ်းက လုပ်ရမှာ မဟုတ်ပါဘူး။ သူ့ကိုယ်သူ ကန်ထရိုက်တာ ထင်သွားလို့လားတော့ မသိပါ။

ကျင့်ဝတ်နဲ့ကျင့်ထုံးစည်းမျဉ်းအရ မှားယွင်းမှုကတော့ ဘယ်စီမံကိန်းမှာ မဆို ဘာပစ္စည်းဖြစ်ဖြစ် ပိုနေရင် ပြန်အပ်ရပါတယ်။ အိတ်ထဲထည့်ပြီး အိမ်ယူသွားခွင့်၊ ရောင်းစားခွင့် မရှိပါ။ လေယာဉ်ပျံမဆိုထားဘိ ဖိနပ်တောင် ဝယ်စီးခွင့်မရှိပါ။ ကုန်ကျစရိတ်အမှန်အတိုင်း စာရင်းတင်ပြရပါတယ်။ ကျွန်တော့် အနေနဲ့ နိုင်ငံတကာကုမ္ပဏီအမျိုးမျိုးနဲ့ ပြည်တွင်းပြည်ပ အဆောက်အဦးဆောက်လုပ်ရေး (Building Construction) နယ်ပယ်မှာရော ရေနံနဲ့သဘာဝဓာတ်ငွေ့ (Oil & Gas) နယ်ပယ်မှာပါ စီမံကိန်း (Project) အမျိုးမျိုးလုပ်ခဲ့ဖူးပါတယ်။ ဆောက်လုပ်ရေး (Construction) အနေနဲ့ရော လုပ်ငန်းလည်ပတ်ရေး (Operations) အရပါ လုပ်ရတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ လူနေအိမ်ရာ၊ ဟိုတယ်၊ ကမ်းလွန်စင်မြင့် (Offshore platform)၊ ကုန်းတွင်းပိုက်လိုင်း (Onshore pipeline)၊ ပင်လယ်ရေအောက်ပိုက်လိုင်း (Subsea pipeline) ဆောက်လုပ်ရေး စီမံကိန်း တွေမှာ သာမက တခြား Operational Project တွေလည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဘယ်ပြည်တွင်းပြည်ပ စီမံကိန်းမှာမှ သူပြောထားသလို လုပ်ခွင့်မရှိပါ။

ပိုပြီးဆိုးတာက နောက်ထပ် အင်ဂျင်နီယာတစ်ဦးရဲ့ မှတ်ချက်ပါပဲ။ သူပြောထားတာက ... "အင်ဂျင်နီယာကျင့်ဝတ်စာအုပ်လေး ချပြရမလား? အလေအလွင့်အတွက် factor တွေ ထပ်ပေါင်းယူတာကို safety ယူတာလို့ ခေါ်ပါတယ်ဗျာ။ အလေအလွင့်မဖြစ်အောင် လုပ်ရတာကလည်း ပညာသားပါပါ စီမံခန့်ခွဲရတာပါ။ အလေအလွင့်နည်းပါးပြီး ပိုတဲ့ဟာက ပညာရှင်ဆန်ဆန် အလုပ်လုပ်နိုင်တဲ့အတွက် ရရှိတဲ့ ထပ်ဆောင်းအကျိုးအမြတ်တစ်ခုပါ။ အလေအလွင့် ဖြစ်ခဲ့ရင်လည်း အဲဒါက ကုန်မှာပဲလေ။ အလေအလွင့်နည်းအောင် အလုပ်ကို သေချာ စီမံခန့်ခွဲလိုက်တော့ ပိုတဲ့ဟာတွေ အကျိုးအမြတ် ရယူတာက ခိုးတယ်လို့ မဆိုလိုနိုင်ပါဘူး။ သေချာ စီမံခန့်ခွဲနိုင်တဲ့ ပညာအတွက် အကျိုးအမြတ်ခပါ။ ရတဲ့လစာက အင်ဂျင်နီယာပညာအတွက် ရတဲ့ဝင်ငွေပါ။ လုပ်ငန်းပိုင်းကျွမ်းကျင်လို့ ပညာခပိုရသွားတယ် လို့ပဲ ပြောပါရစေ။ ကျွန်တော်တို့ Ethics စာအုပ်ထဲမှာလည်း ပညာရပ်အတွက် အကျိုးအမြတ် မယူရဘူးလို့ မပါပါဘူးဗျ" ရယ်လို့ ဖြစ်ပါတယ်။

ဒါဟာ အတော်ကြောက်စရာကောင်းတဲ့ အတွေးအခေါ်ပါ။ Ethics အရ မှားယွင်းပြီး Professional လုံးဝ မပီသတဲ့ အတွေးအခေါ် ဖြစ်ပါတယ်။ ဘယ်အင်ဂျင်နီယာကျင့်ဝတ်ကမှ အလွဲသုံးစားမှုကို ခွင့်ပြုမထားပါ။

အပိုဆောင်းပစ္စည်းဆိုတာ လိုအပ်ချက်အရ ထားရပါတယ်။ Stock Allowance ခေါ်ပါတယ်။ ဘယ်တော့မှ လိုသလောက် အတိအကျလေးပဲ ဝယ်ထားလို့ မရပါ။ အလေအလွင့်နည်းပါးအောင်လည်း စီမံခန့်ခွဲရပါတယ်။ ဒါလည်း ပညာတစ်ခုပါပဲ။ အဲဒီအထိ မှန်ပါတယ်။ ဒါပေမယ့် ပိုနေရင် ကုမ္ပဏီကို ပြန်အပ်ရပါတယ်။ ရောင်းစားလို့ မရပါ။ ကုန်ကျစားရိတ်စာရင်း အမှန်အတိုင်း တင်ပြရပါတယ်။ လိမ်မတင်ရပါ။ အဲဒီလို လိမ်ရင် သူခိုးအင်ဂျင်နီယာ မဟုတ်ရင်တောင် လူလိမ်အင်ဂျင်နီယာ ဖြစ်သွားပါလိမ့်မယ်။ ဒီလို အလွဲသုံးစားပြုတာဟာ ပညာသည်ကျင့်ဝတ် (Professional ethics) ကို ချိုးဖောက်ခြင်းပါ။

ဥပမာတစ်ခု တင်ပြရရင် ကျွန်တော်တို့ ရေနံ/ဓာတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်တဲ့အခါ ပိုက်လိုင်းအရှည်နဲ့ ပိုက်အရှည်အရ လိုအပ်တဲ့ ပိုက်အရေအတွက်ကို အတိအကျတွက်လို့ရပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့အရေအတွက်ထက် ၁၀% လောက် အပိုဆောင်းပြီး ဝယ်ရပါတယ်။ ဖြတ်တာ တောက်တာ ပြင်ဆင်တာတွေအတွက် အပိုအလိုရယ်၊ လုပ်မှားကိုင်မှားကြောင့်၊ သဘာဝဘေးကြောင့် ပျက်စီးတာတွေကို အစားထိုးဖို့ရယ်ပါ။ ပိုတာက အမြဲပိုပါတယ်။ ပြီးသွားရင် ပိုနေတဲ့ ပိုက်တွေကို ကျနော်တို့ ရောင်းစားပြီး ခွဲမယူရပါဘူး။ ကုမ္ပဏီကို ပြန်အပ်ရပါတယ်။ Maintenance အတွက် Spare pipe တွေအဖြစ် သိမ်းထားရပါတယ်။ (တန်ဘိုးကို မြင်သာအောင် ပြောရရင် ၁၀-လက်မ API 5L X65 သံမဏိပိုက်တစ်လုံးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈၀၀ ခန့် ရှိပါတယ်၊ ပိုက်လိုင်းအရှည်တွေဆိုရင် အလုံး ၅၀-၁၀၀ လောက် အမြဲပိုလေ့ရှိပါတယ်)။

ဒါဆိုရင် တာဝန်ရှိအင်ဂျင်နီယာက သူ့စီမံကိန်းကို သူကန်ထရိုက်ပြန်ဆွဲပြီးရော လုပ်လို့ မရဘူးလားလို့ မေးစရာရှိပါတယ်။ ကျင့်ဝတ်အရဆိုရင် မရပါ။ လုပ်ခွင့်မရှိပါ။ အကျိုးစီးပွားချင်းပဋိပက္ခ (Conflict of Interest) ဖြစ်လာနိုင်တာကြောင့်ပါ။ နိုင်ငံတကာကုမ္ပဏီတွေရဲ့ Code of Conduct မှာ အတိအလင်း တားမြစ်ထားပါတယ်။

ပိုဆိုးတာက မူရင်းပို့စ်ပိုင်ရှင်ရဲ့ 'စကားလက်ဆောင်' ဆိုတာလေးပါ။
"အကျိုးအမြတ်
ဆိုတဲ့စကားကိုသာ
လက်မခံကြရင်
သမ္မတတောင်
သူ့ထမင်းတလုပ်အတွက်
ကိုယ်တိုင်စပါးစိုက်နေရပါလိမ့်မယ်။" တဲ့ ...

အဲဒါ 'အကျိုးအမြတ်' ကြောင့်မဟုတ်၊ လုံးဝမဟုတ်၊ မဟုတ်ရေးချ မဟုတ်ပါ။ အလုပ်တာဝန် ခွဲဝေလုပ်ကိုင်မှု (Division of Labour) နဲ့ အကျိုးအမြတ်ကို ခွဲခြားနားမလည်ခြင်းသာ ဖြစ်ပါတယ်။ လူဆိုတာ စားဝတ်နေရေးအတွက် လိုအပ်သမျှ အရာအားလုံးကို ကိုယ်တိုင် တဦးတည်း မလုပ်နိုင်တဲ့အတွက် အလုပ်တာဝန် ခွဲဝေလုပ်ကိုင်မှု ပြုကြရပါတယ်။ အဲဒီလို ခွဲဝေခုပ်ကိုင်မှု မရှိမှသာ ကိုယ်စားဖို့ စပါး ကိုယ်တိုင်စိုက်၊ ကိုယ်စားမယ့်ဆီ ကိုယ်တိုင်ကြိတ်၊ ကိုယ်စားမယ့်အသား ကိုယ်တိုင်အမဲလိုက် လုပ်ရမှာပါ။ လုံးဝ တလွဲတချော် ဥပမာကို ပြခြင်းသာ ဖြစ်ပါတယ်။

အလုပ်လုပ်ရင် အကျိုးအမြတ်က ရှိရမယ်ဆိုတာ မှန်ပါတယ်။ အင်ဂျင်နီယာဝန်ထမ်းတွေအတွက် အကျိုးအမြတ်အနေနဲ့ လစာနဲ့ အခြားအခွင့်အရေးတွေ (ဆုကြေး၊ နေအိမ်၊ ကား ... စသဖြင့်) ရထားပါတယ်။ အဲဒီထက်ပိုပြီး ယူခွင့်မရှိပါ။ နည်းတာ များတာ ပြောဖို့မလိုပါ။ နည်းလို့၊ မလောက်ငလို့ ဆိုပြီး မသမာမှု ပြုလို့မရပါ။ နည်းလို့ မလောက်ငရင် များများရတဲ့ဆီ သွားလုပ်ချင်လုပ်၊ မလုပ်ရင် တခြားသမ္မာအာဇီဝနည်းနဲ့ ဝင်ငွေရှာ ဖို့ပဲ ရှိပါတယ်။ ခိုးတဲ့ လိမ်တဲ့၊ အလွဲသုံးစားလုပ်တဲ့နည်းနဲ့ ဖြေရှင်းတာ လက်ခံနိုင်စရာ မဟုတ်ပါ။

ဝမ်းနည်းစရာကောင်းတာက ရာထူးနဲ့တာဝန် ကြီးကြီးမားမား ယူထားရတဲ့ အင်ဂျင်နီယာတချို့ရဲ့ တွေးခေါ်ယူဆပုံတွေ ဒီလောက်တောင် လွဲမှားနေတာပါပဲ။ စိုးရိမ်စရာလည်း ကောင်းပါတယ်။ စီနီယာအင်ဂျင်နီယာတွေဟာ နောင်မျိုးဆက်သစ် လူငယ်အင်ဂျင်နီယာတွေကို ပညာရပ်ပိုင်းသာမက အတွေ့အကြုံ၊ အတွေးအခေါ်၊ လုပ်နည်းကိုင်နည်းတွေပါ လက်ဆင့်ကမ်း ဝေမျှရပါတယ်။ ဒီလို အတွေးအခေါ် မျိုးနဲ့သာ ဆိုရင် လူငယ်မျိုးဆက်သစ်အင်ဂျင်နီယာတွေ အတွက် ရင်လေးမိတာကြောင့် ဒီစာကို ရေးပါတယ်။

ဒီတော့ "အင်ဂျင်နီယာဆိုတာသူခိုးလား" ဆိုတဲ့ မေးခွန်းအတွက် ကျနော့်အဖြေကတော့ "နိုး" ပါ။

အင်ဂျင်နီယာတိုင်း သူခိုးမဟုတ်ပါ။ ဒီလောက်ဆို သူခိုးအင်ဂျင်နီယာဆိုတာ ဘာလဲ၊ လူလိမ်အင်ဂျင်နီယာဆိုတာ ဘာလဲ ဆိုတာ သိသာလောက်ပါပြီ။

ဒီလိုလုပ်တာ အလွဲသုံးစားလုပ်ခြင်းမှန်း သိလျက်နဲ့ဖြစ်စေ၊ တရားဝင် လုပ်ခွင့်ရှိတယ် ထင်လို့ ဖြစ်စေ ဒီလို အလွဲသုံးစားလုပ်မှုတွေကြောင့် တိုင်းပြည်ဘဏ္ဍာ နစ်နာဆုံးရှုံးမှုများ ရှိနေရင် အမြန်ဆုံးကာကွယ်တားဆီးဖို့ လိုအပ်ပါတယ်။

အမှားကို အမှန်ထင်နေတဲ့ အမြင်မှား၊ အကျင့်မှားတွေလည်း အမြန်ဆုံး "ပြောင်းလဲချိန်တန်ပြီ" ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

#ဟယ်ရီလွင်
.
.........
..အင်ယာ သူခိုးလား?
https://m.facebook.com/story.php?story_fbid=10157535710364587&id=763419586


Monday, October 29, 2018

P.E Building Service 2018 Singapore, Myanmar

P.E (Mechanical, Building Services) ဖြစ်ခြင်တယ်ဆိုရင်

တကယ်တော့ ဒီဆောင်းပါးကိုမရေးခြင်ပါဘူး။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေ အနေအရ မရေးရင် ပိုဆိုးလာမှာကို ကြိုမြင်နေလို့ ရေးလိုက် ရတာပါ။ မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲအစည်းကို မှရည်ရွယ်ခြင်းမရှိပါဘူး။ ဆရာလုပ်ခြင်းလည်းမဟုတ်ပါ။ မနာလိုခြင်းလည်းမဟုတ်ပါ။

P.E (Mechanical, Building Services) ဖြစ်ခြင်တယ်ဆိုရင်အောက်ပါ အချက်များကို သိထားဖို့ လိုပါလိမ့်မယ်။

၁) Services.

အရင်ဆုံးသိထားသင့်တာကတော့ ဘာ services တွေပါသလဲဆိုတာပါ။ အဓိကပါတာကတော့
A) Air-Conditioning System
B ) Mechanical Ventilation System
C) Fire Protection System
D) Plumbing System
E) Sanitary System
F) Vertical Transport System
G) Engineered Smoke Control System
H) Green Mark & Energy Saving

- Air-Conditioning System မှာ Cooling Load Calculation, Duct Design, Pipe Design, Equipment Selection, Static Loss Calculation, တို့ ပါဝင်ပါတယ်။
- Mechanical Ventilation System မှာ Ventilation Requirement Calculation, M/V design for car park, fire fighting lobby, staircase pressurization, escape corridor, smoke stop lobby, M&E rooms, etc တို့ ပါဝင်ပါတယ်။
- Fire Protection System မှာ Automatic Sprinkler System, Dry & Wet Risers, Hose reel, Fire Hydrant, Fire Alarm, Water Monitor System, Fire Suppression System, Fire Extinguisher တို့ ပါဝင်ပါတယ်။
- Plumbing System မှာ water services, Gas Distribution
တို့ ပါဝင် ပါတယ်။
- Sanitary System မှာ solid waste, grease trap, water treatment (only pump, not the treatment process) တို့ ပါ ၀င်ပါတယ်။ (သတိထားရမှာက အဲ့ဒီ System က အဆောက်အဦထဲမှာပဲ အကြုံးဝင်ပါတယ်။ အဆောက်အဦအပြင်ဖက် Last IC ကနေ manhole အထိဆက်ပြီးရင် Building Services Scope ပြီးဆုံးပါပြီ။ ကျန်တဲ့အပိုင်းက Civil Engineer ကဆက်လုပ်ရမှာပါ။)
- Vertical Transport System ကတော့ Lift, Escalator, Travelator တို့ ပါဝင်ပါတယ်။
- Engineered Smoke Control System ကတော့မီးလောင်ခဲ့ရင် မီးခိုးကို အမြန်ဆုံး ဘယ်လိုထုတ်မလည်းဆိုတာ စဉ်းစားရတာပါ။ Specialist Service တခုဖြစ်လို့ P.E (Mech) တဦးက သပ်သပ်ကြီးကြပ်ပါတယ်။
- Green Mark & Energy Saving မှာတော့ မီတာခဘယ်လို သက်သာအောင်လုပ်ရမလည်းဆိုတာ Architect နဲ့ ပေါင်းပြီး Design လုပ်ရတာပါ။ ETTV, RTTV, U value for Roof calculation ကိုလည်း လုပ်ရပါတယ်။

၂) သိထားသင့်သော Codes of Practice များ

မြန်မာပြည်ကထုတ်ထားတဲ့ code တွေဆိုရင် Myanmar National Building Codes (MNBC) ကိုသိထားသင့်ပါတယ်။ လောလောဆယ် Singapore Codes တချို့ တွေကို မှီငြမ်းပြုနေရလို့ 
SS 553, SS 554, CP 10, CP 52, SS 575, CP 48, Code of practice on Sewerage and Sanitary Works (2004), SS 550, SS 608, Green Mark 2015, Singapore Fire Code (2013) တို့ ကို လည်းလေ့လာထားဖို့ လိုပါတယ်။

ထို့ အပြင် Design Knowledge, Site Experiences, တို့ လည်းရှိဖို့ လို ပါတယ်။ Safety Rules and Regulations အကြောင်းလည်းလေ့လာ ထားသင့်ပါတယ်။ ထို့ အပြင် ဌာနဆိုင်ရာက ထုတ်ပြန်ထားတဲ့
စည်းမျဉ်းများကိုလည်း သိထားသင့်ပါတယ်။ ဥပမာ ( CQHP, YCDC etc)

အထက်ဖော်ပြပါ အချက်များကို နားလည်သိရှိပြီဆိုရင် P.E (Mechanical, Building Services) ကို ရဲရဲဝင့်ဝင် လျှောက်ကြပါ။

လက်ရှိကြားနေရသော သတင်းများအရဆိုလျှင် အင်တာဗျုးလာဖြေကြ သူများတွင် Service တခု၊ ၂ ခုလောက်သာ သိခြင်း ။ Design အကြောင်းနားမလည်ခြင်း။ Codes များ အကြောင်းသေသေချာချာ နားမလည်ခြင်း (တချို့ ဆိုလျှင် Codes ကိုလုံးဝမဖတ်ထားပါ။ သက်ဆိုင်ရာ code ရှိကြောင်းလည်းမသိကြပါ)။ CQHP ဆိုသည် ကိုပင်မသိကြခြင်း။အစရှိသဖြင့် လိုအပ်ချက်များစွာရှိနေသေးကြောင်း သိရှိနေရပါတယ်။ လုံးဝမဖြစ်သင့်သောကိစ္စများဟု ယူဆရမှာပါ။

PE တယောက်ရဲ့ တန်ဖိုးဟာ Codes and Design ကို ဘယ်လောက်အထိ နားလည်သဘောပေါက်သ လဲ ဆိုတဲ့အပေါ် မှာမူတည်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Codes and Design Compliance အတွက် တာဝန်အပြည့်ယူထားရလို့ ပါ။ ငွေရတာတခုတည်းအနေနဲ့တော့ PE အတွက် မကြိုးစားသင့်ပါ။

ကျွန်တော်လည်း တချို့ codes တွေကို အတိအကျမသိသေးလို့ ကိုယ့် ထက် ပိုတတ်ပိုသိတဲ့သူတွေကို မေးနေရတုန်းပါ။ အကုန်လုံး က-အ သိ
ဖို့ ဆို တာ မဖြစ်နိုင်ပါ။ အရေးကြီးတဲ့၊ သိသင့်သိထိုက်တာတွေ
တော့သိထား လေ့လာထားသင့်ပါတယ်။

တကယ်သိ၊ တကယ်တတ်တဲ့ P.E (Mechanical , Building Services) များ ဖြစ်ကြပါစေ။

သွင်ဇော်တိုး
(၉၂ စက်မှု့)

ကျွန်တော် စင်္ကာပူ PE ပါ။ ၂၀၁၄ က ရခဲ့တာပါ။ မြန်မာပြည်က PE ကို ၂၀၁၅ မှာရခဲ့ပါတယ်။ စင်္ကာပူမှာ Mechanical PE အနေနဲ့ပဲ ရှိတာမှန်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ Mechanical PE ကို အမျိုးမျိုး ခွဲကြလို့ Building Services ဆိုပြီး သပ်သပ်ပေါ် လာတာပါ။လာတာပါ။

https://m.facebook.com/groups/173723859950012?view=permalink&id=265449700777427