Showing posts with label Engr-Mech. Show all posts
Showing posts with label Engr-Mech. Show all posts

Thursday, August 29, 2019

စက်မှု ဝန်ကြီးဌာန အစီရင်ခံစာ သြဂုတ် 2019

စက်မှုဝန်ကြီးဌာန အကြောင်း Aug.2019
တာဝန်သိ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်မှာ ရေးကြ၊ ပြောကြ၊ အဆိုတင်သွင်းကြတယ်။ NLD အစိုးရလက်ထက် စက်မှု ဝန်ကြီး အနားပေးခံရပြီး စီမံဘဏ္ဍာ ဌာနက Reform ဆက်လုပ်နေတယ်။ ဒုဝန်ကြီး အသစ် လူငယ်ပညာတတ် စီးပွား ပညာရှင် ကို ခန့်အပ်တာ ကြိုဆိုကြတယ်။
.
စက်မှု ဝန်ကြီးဌာန ဝန်ထမ်း၃၉ဝဝဝကျော် နဲ့
ရပ်န၊းစက်ရုံဝန်ထမ်း၁၀၀၀၀ကျော်၊ လစာ ပင်စင်စရိတ် နှစ်စဉ် ကျပ် 75 ဘီလျံပဲ ရှိတာ နည်းပါတယ်။ 2019-2020 ဘတ်ဂျတ်မှာ ကျပ် 300 ဘီလျံ ရယူထားတာ ဝန်ထမ်းစရိတ် နဲ့ (တရုပ်)အကြွေးဆပ် သုံးစွဲ နေတာပါ။
.
ဒီပို့စ် က ဦးဘိုကြည်(မြင်းခြံ) အမတ်ရဲ့ အစီရင်ခံစာ အကြောင်း အရှင်တေဇနိယ(မန်းတောင်ခြေ) ပို့စ် တင်ထားတာ ဖြစ်ပါတယ်။
.===========
.
အဆင်းရဲဆုံးနိုင်ငံနှင့်ဘီလျံနာသူဌေးကြီးများ
*******************************
စက်မှုဝန်ကြီးဌာနလက်အောက်မှာ
စက်ရုံပေါင်း(၁၁၃)ရုံရှိတယ်။

ပုဂ္ဂလိကနဲ့ဖက်စပ်(၅၇)ရုံ/နိုင်ငံပိုင်(၅၆)ရုံရှိတယ်။
နေ့စဉ်အရှုံးပေါ်နေတဲ့စက်ရုံ (၂၂)ရုံရှိတယ် ။

စက်မှုဝန်ကြီးဌာနမှာဝန်ထမ်း၃၉ဝဝဝကျော်ရှိတယ် ။
စက်ရုံဝန်ထမ်း၁၀၀၀၀ကျော်ဟာအလုပ်ရပ်ထားရတယ် ။
နှစ်စဉ်ဝန်ထမ်းလစာကျပ်(၅၀)ဘီလျံနဲ့
ပင်စင်လစာကျပ်(၂၅)ဘီလျံရှိတယ်။

၂၀၁၉/၂၀ဘဏ္ဌာနှစ်မှာစက်မှုဝန်ကြီးဌာနက
နိုင်ငံခြားအကြွေး၁၄၈ဘီလျံဆပ်ရမှာမို့
တစ်ရက်သန်း၄၀၀အကြွေးဆပ်နေရတဲ့သဘောဖြစ်တယ်။

အမှတ်(၁) မြင်းခြံသံမဏိစက်ရုံဟာ
ရင်းနှီးမြုပ်နှံငွေကျပ်(၁၇၉၅၀၀.၅)သန်းရှိတယ်။
၂၀၁၇/၁၈ဘဏ္ဌာနှစ်မှာ
ကျပ်(၂၅၀၉၀.၄၉၂)သန်း အရှုံးပေါ်ခဲ့တယ်။

မြင်းခြံသံမဏိစက်ရုံကို
၂၀၁၇ ခုနှစ် ဧပြီလမှာကျင်းပတဲ့
ပြည်ထောင်စုလွှတ်တော်ရဲ့ဆုံးဖြတ်ချက်အရ
ရပ်ဆိုင်းခဲ့တယ် ။

မြင်းခြံသံမဏိစက်ရုံကိုမြင်ခြံမြို့အနီး
ဆားခါးကျေးရွာရှိ မြေဧက ၅၇၄.၂ဧကပေါ်မှာ
တည်ဆောက်ထားခဲ့တယ်။

စစ်ထောက်ချုပ်ဒုဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး. စက်မှု(၁)ဝန်ကြီးဦးအောင်သောင်းတို့၏
ကြီးကြပ်မှုဖြင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်တယ်။

၂၀၀၉ ခုနှစ်မှာ စတင်တည်ဆောက်၍
၂၀၁၂ ခုနှစ်မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး
၂၀၁၇ ခုနှစ်မှာ လုပ်ငန်းရပ်နားခဲ့ရတယ်။

အမှတ်(၁၄) အကြီးစားစက်ရုံသာဂရဟာ
ရင်းနှီးမြုပ်နှံငွေကျပ်(၁၂၉၆၉၅.၃၂)သန်းရှိတယ်။
၂၀၁၇/၁၈ ဘဏ္ဌာနှစ်မှာကျပ်(၃၉၇၆.၃၄)သန်း
အရှုံးပေါ်ခဲ့တယ်။

အမှတ်(၅) အထည်စက်ရုံပခုက္ကူဟာ
ရင်းနှီးမြုပ်နှံငွေကျပ်(၇၇၂၀.၁၁၆)သန်းရှိတယ်
၂၀၁၇/၁၈ ဘဏ္ဌာနှစ်မှာ(၂၈၇၀.၁၂)သန်းအရှုံး
ပေါ်ခဲ့တယ်။

စက်မှုဝန်ကြီးဌာန တစ်ခုတည်းရဲ့
နိုင်ငံတော်ဘတ်ဂျက် အရှုံးပြငွေဟာ…
၂၀၁၅/၁၆ မှာကျပ်သန်းပေါင်း ၈၉၄၇၁
၂၀၁၆/၁၇ မှာကျပ်သန်းပေါင်း ၉၄၈၅၀
၂၀၁၇/၁၈ မှာကျပ်သန်းပေါင်း ၆၆၂၆၆
အရှုံးပေါ်ခဲ့တယ်။

သတိပညာနဲ့ဆင်ခြင်လိုက်တဲ့အခါ…
သူတို့မိသားစုကဘီလျံနာသူဌေးကြီးတွေဖြစ်ကုန်ပြီးတိုင်းပြည်ကတော့အကြွေးဗလဝနဲ့ဆင်းရဲကျန်ခဲ့တယ်…

အနာဂတ်အမိမြေမှာ
အများပိုင်ပစ္စည်းဥစ္စာသယံဇာတတွေကို
သူတို့စိတ်ထင်တိုင်းခိုးယူလို့မရအောင်
ပြတ်ပြတ်သားသားတားဆီးကာကွယ်ဖို့ရာ
မြန်မာနိုင်ငံသူ/သားတိုင်းတာဝန်ရှိပါတယ်……

လူယုတ်မာတို့ဘေး ထာဝရ ကင်းဝေးပါစေ

အရှင်တေဇနိယ(မန်းတောင်ခြေ)

(ကိုးကား)
ဦးဘိုကြည်(မြင်းခြံ)၏(၂၇ - ၈ -၂၀၁၉ )၌
လွှတ်တော်သို့တင်ပြချက်အစီရင်ခံစာ
https://m.facebook.com/story.php?story_fbid=2224025144362632&id=100002655031423

#
...........
.
စီးပွားရေးပညာရှင်နောက်တစ်ဦးကို
စက်မှုဝန်ကြီးဌာနတွင် ဒုဝန်ကြီး တာဝန်ပေး
==================
.
လူငယ်လဲဖြစ်၊ ပညာဥာဏ် တော်တတ်နေတာ ကောင်းပါတယ်။ လေးစားဂုဏ်ယူပါတယ်။ ခေါင်းဆောင်ရဲ့ စိတ်ဓါတ်ကို ပိုတန်ဖိုး ထားရပါမယ်။
...
အစဉ်လေးစားဂုဏ်ယူလျက်ပါ ကိုစိုင်း(ခေါ်)ဒေါက်တာမင်းရဲပိုင်ဟိန်း။ Undergraduate ကို Cornell မှာ Full Scholarship နဲ့ယူပြီး။ Masters နှစ်ခုကိုတပြိုင်တည်း Yale မှာလုပ်။ Ph.D နှစ်ခုကိုလည်း (Ph.D in Sociology and Economics) တပြိုင်တည်း University of Wisconsin-Madison ကနေပြီးလာပြီး တိုင်းပြည်တိုးတက်အောင်ကြိုးစားနေတဲ့အကိုကြီးပါ။ ဘာသာစကား (၈) မျိုးကိုကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ဖတ်တတ်၊ ပြောနိုင်တဲ့ ပုဂ္ဂိုလ်ပါ..ဆိုပဲ။
.
.
စက်မှု ဝန်ကြီးဌာန ဆိုတာ
မကြာခင် သမဝါယမ၊ ပြန်ကြားရေး ဌာနတွေလို ပုဂ္ဂလိက အများပိုင် လုပ်ငန်းများ အဖြစ် ပြောင်းလဲ နိုင်ချိန် မှာ ဖျက်သိမ်းရ မဲ့ ဝန်ကြီး ဌာန ပါ။ လောလောဆယ် ပုဂလိက မယူတဲ့ စက်ရုံများစွာ မြင်းခြံသံမဏိ ကဲ့သို့ စက်ရုံများ၊ ပွင့်ဖြူ၊ မိထ္တီလာ စတဲ့ ချည်မျှင်အထည်စက်ရုံ များ ၊ သာပေါင်း ပျော့ဖတ်စက်ရုံ၊ ပုသိမ်မှန်စက်ရုံ၊ စစ်တောင်းစက္ကူစက် စတဲ့ ရပ်နားထားတဲ့ ဝန်ထမ်းပေါင်း သိန်းချီ ရှိနေပါတယ်။ စက်မှု ဝန်ကြီးဌာန ရဲ့ နှစ်စဉ် ဘတ်ဂျတ် ကျပ်ဘီလျံ ၃၀၀ ကျော် (us$200 million per year) က ဝန်ထမ်း လစာ ချည်း ပဲ ဖြစ်ပါတယ်။
.
စက်ရုံနဲ့ ဝန်ထမ်းများကို မအားမလပ်အောင်၊ သန့်ရှင်းရေး၊ နေ့စောင့်၊ ညစောင့်၊ သင်တန်းအမျိုးမျိုး ပေးနေရပြီး ဠေံပစ်လို့ ရမဲ့ စက်ပစ္စည်း တွေကို တင်ဒါခေါ် ရောင်းချ နေရပါတယ်။ စက်ရုံ အားလုံး ဟာ အဟောင်းဈေးနဲ့ ရောင်းချပြီး ရင်းနှီးမြှတ်နှံ မဲ့ ကုမဏီ ရှာဖွေနေပါတယ်။ စက်မှု စီမံကိန်း အများစုက စီမံဘဏ္ဍာ ဝန်ကြီး ဌာနနဲ့ တွဲလုပ်ကိုင်ရလို့ စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးဝင်း က တွဲဖက် တာဝန် ယူ တယ် လို့ သမ္မတရုံး က သတင်းစာ ရှင်း ပါတယ်။
...
စက်မှု ဒုဝန်ကြီး အသစ်
ခေါင်းဆောင်ကောင်း ဖြစ်မယ် မျော်လင့်ပါတယ်။
.
.
နိဂုံး သုံးသပ်ရရင်
.
လွှတ်နော်ကိုယ်စားလှယ် က ပွင့်လင်းစွာ တင်ပြတဲ့ အစီရင်ခံစာမှာ ဝှက်ထားတဲ့ စီမံကိန်း ငွေတွေ၊ လုပ်ငန်းတွေ၊ အာဏာပိုင်တွေက ငှါးစား၊ ရောင်းစားထားတဲ့ စက်ရုံ.တိုက်တာ.အိမ်ခြံမြေ များစွာ ရှိနေမှာပါ။ ဒါတွေကို ဖော်ထုတ်ဖမု့ မလွယ်သေးပါ။ ရန်ကုန်မြို့ လယ်ခေါင်မှာ ဌာနဆိုင်ရာ အဆောက်အဦ ခြံဝင်းများကို ရာထူးကြီးငယ် အလိုက် အပိုင်ရသကဲ့သို့ ဆွေမျိုးဆက် ရယူ နေထိုင် ငှါးစား နေတာ အများကြီးပါ။ အဆိုးဆုံး ကတော့ ယခု us$ billion မီရထား ရှော့ပင်စင်တာ၊ ကွန်ဒို၊ ရုံးအဆောက်ဦ စီမံကိန်းကြီး ဖြစ်ပါတယ်။ ထားပါတော့။
.
စက်မှု ဝန်ကြီးဌာန အမြတ်စွန်း ရတဲ့ စက်ရုံနွေတော့ ပုဂလိက (or) ဦးပိုင်. MEC ယူသွားပြီး၊ မြင်းခြံ သံမဏိ စက်ရုံကို စီမံကိန်းတွေ ပြစား နေတာ နှစ်အတော်ကြာပါတယ်။ ချီးထုပ်ကြီး နံစော်လာချိန် မှ စက်မှု ဝန်ကြီး ဌာနကို ပြန်လွှဲ ပေးတယ်။ Gun Shoot ဆိုတဲ့ (စိတ်တိုနေတဲ့) တပ်မတော်သား. ခြေကျိုး ဒုက္ခသည်များစွာ. . အပြစ်နဲ့ အရပ်ဖက်ပြောင်းခံရသူ.  ရဲ့ နားခိုရာ ဖြစ်တယ်။ ဒီစက်ရုံ ကြီးက ဟိုး..ဦးမေဝင်း မ.တ.လ ခေတ်ကတည်းက အီတလီ နိုင်ငံ ကနေ အသစ်ချက်ချွတ် ဝယ်ယူထားတယ်။ န.ဝ.တ ခေတ်လည်း ပြစား၊  န.အ.ဖ ခေတ်လဲ လည်းမပြီး။ .ဦးသိန်းစိန် ၅နှစ် အစိုးရ မှာတော့ စက်မှု ဝန်ကြီးဌာန ပေါက် ပြန်ရောက်လာပြီး ဂွင်တွေ ပျောက်ကုန်တယ်။ ကန်ထရိုက်တာ က အေရှားဝေါ (စတီဖင်လော) ကုမဏီ တဲ့။ အထက်မြန်မာပြည် ကားဟောင်း အားလုံး မြင်ခြံမှာ သံရည်ကြိုဖို့ ရောက်နေတယ်။ ကိုးရီးယားက ဖိကြိတ်သံတွေလဲ ဝယ်ပြီး အရည်ကြိုဖို့ လုပ်နေတယ်။ သံပိုက်ကအစ မော်တော်ကား အထိ ထုတ်ဖို့ အီတလီကို ပညာတော်သင် အများအပြား စေလွှတ်တယ်။ ပညာတော်သင် ခရီးက ပြန်လာသူ အားလုံးနီးပါး အလုပ်ထွက်ကြတယ်။ စက်ပစ္စည်း ကွန်တိန်နာ ရာချီပြီး မဖွင့်ဖော်ပဲ နှစ်ပရိစယျ များစွာ မိုးလေ ဒဏ်ကြောင့် ပျက်စီးမေကြတာ.. အခုထိ အကြွေး ကျပ် 179 ဘီလျံ နဲ့ နှစ်စဉ် ကျပ် 25 ဘီလျံ ရှုံးနေ ပါတယ်။
.
ဒီအကြောင်း ဆောင်းပါး ရေးဖူးတယ်။ အခု မြင်းခြံ အမတ် ဦးဘိုကြည် ထပ်မံ အစီရင်ခံစာ ရေးတယ်။ တင်ပြတယ်။ ငယ်ရွယ် လန်းဆန်းတဲ့ လူငယ် (World Class) မြန်မာ ပညာရှင်များကို လစာ စရိတ် ထိုက်တန်စွာ ပေးပြီး ခေါ်ယူရမယ်။ အခု ဒုဝန်ကြီး န်ုန်ုင် @မင်းရဲပိုင်ဟိန်း က အစခရီး ဖြစ်တယ်။
.
စက်မှု ဝန်ကြီး ဌာန ဝန်ထမ်း လစာစရိတ် နဲ့ ပင်စင် ကျပ် 75 ဘီလျံ ဆိုတာ မြင်းခြံ တစ်ခုတည်း ဖြစ်မယ်။ စုစုပေါင်း ဝန်ထမ်း 5 သောင်း ကို တလ 2 သိန်း ဆိုရင် တနှစ် 24 သိန်း ကုန်မယ်။ အားလုံးအတွက် လစာချည်းပဲ သိန်းပေါင်း 24 x 50000=ကျပ်ဘီလျံ 120 ကုန်မယ်။ ဒါကြောင့် စက်မှု ဝန်ကြီးဌာန ဘတ်ဂျတ် ကျပ် 300 ဘီလျံမှာ တဝက်က ဝန်ထမ်းလစာနဲ့ပင်စင်၊ အခြားတဝက်က အကြွေးပြန်ဆပ်ငွေ ဖြစ်မှာပါ။
.
ဒါတွေ (ချီးထုပ်ကြီး 3ခု.. မြင်းခြံ သံမဏိ၊ သာဂရအကြီးစားစက်ရုံ၊ ပခုကူ အထည်စက်) တွေကို ရှင်ရမှာပါ။

စက်မှု ဝန်ကြီးဌာန သာမက ပိုလျံဝန်ထမ်း သိန်းချီ ပြသနာ. 2021 နောက်ပိုင်း 2nd state reform ဖြစ်လာပါမယ်။ ပိုလျံဝန်ထမ်းများစွာ ရော်ကြေးပေး ပင်စင်ပေးခံရလို့ ဆူပူကြဦးမယ်။ အစိုးရလုပ်ငန်းတွေ ကော်ပိုရိတ် လုပ်တာ အောင်မြင်ပါစေ ဆုတောင်းတယ်။ စက်မှု ဒုဝန်ကြီး အသက်41 နှစ် စီးပွါး ပညာရှင် နဲ့ စီမံဘဏ္ဍာ ဌာန ဆက်လုပ်ကြမယ်။ လောလောဆယ် စက်မှု ဘတ်ဂျတ်ငွေ (မှန်းချေ) ကျပ် 300b လောက် ကလဲ ရပ်ထားတဲ့ စက်ရုံတွေရဲ့ ဝန်ထမ်းလစာ နဲ့ အကြွေးပြန်ဆပ် တာတွေပဲ.. ကုန်ကျနေရတယ်။
TSP Industry
29.8.2019
.
.
Ref Link
စက်မှု ဒုဝန်ကြီးခန့်အပ်
https://m.facebook.com/story.php?story_fbid=10156769255398472&id=755653471

2017 ဆောင်းပါး
https://engrmyanmar.blogspot.com/2017/03/blog-post_19.html?m=1

Monday, April 8, 2019

ရဲလင်းဗိုလ် ရေအားလျှပ်စစ် FB Group

Hydropower Equation
**********************
Power in kilowatts can be determined by the following equation:

kW = H x Q x 62.4 x 0.746 ÷ 550 x e

where

H = head, in ft.

Q = flow, in cubic ft. per second

62.4 lbs. = weight of 1 cubic ft. of water

0.746 kW = 1 hp

550 foot-lbs./sec. = 1 hp

e = an overall efficiency factor* (usually 0.5 for small microhydro systems)

Combining and reducing all these factors results in the following equation:

kW = H x Q ÷ 24, when using cfs; or

W = H x Q ÷ 12, when using gpm

*Note that the efficiency factor can range from 9 for larger AC systems to 13 or more for smaller battery-based systems, and will need to be estimated for your specific site.

Discharge formula for the fluid flow is based on conservation of mass that is continuity equation.

Q=A×V

Where Q is discharge

A is area of cross section

And V is the velocity of fluid

For different cross sections the formula varies accordingly.

===============
.
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(MOEE) Ministry of Electricity and Energy အား ဌာနကြီး(၄)ခု၊ လုပ်ငန်းကြီး(၅)ခု နှင့် ကော်ပိုရေးရှင်း(၂)ခု တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပါသည်။

၁။ (Department)ဌာနကြီး(၄)ခု -
     1-DEPP (လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန)
         (Department of Electric Power Planning)

     2-OGPD(ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန)
        (Oil and Gas Planning Department)

     3-DPTSC
        (လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန)
        (Department of Power Transmission and
          System Control)

     4-DHPI
       ( ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန)
       (Department of Hydropower Project
         Implementation)

၂။ (Enterprise)လုပ်ငန်းကြီး(၅)ခု -
     1-EPGE(လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း)
        (Electric Power Generation Enterprise)

     2-ESE(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)
        (Electricity Supply Enterprise)

     3-MOGE(မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)
        (Myanmar Oil and Gas Enterprise)

     4-MPE(မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း)
        (Myanmar Petrochemical Enterprise)

     5-MPPE
        ( မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း)
        (Myanmar Petroleum Product Enterprise)

၃။ (Corporation)ကော်ပိုရေးရှင်း(၂)ခု -
     1-YESC
        (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)
        (Yangon Electricity Supply Corporation)

     2-MESC
        (မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)
        (Mandalay Electricity Supply Corporation)
.

Monday, June 25, 2018

့ မြန်မာနိုင်ငံက နည်းပညာတက္ကသိုလ်တွေ ဘာတွေလုပ်ကြမှာလဲ Lynn Za Nee

Lynn Za NeeFollow
့ မြန်မာနိုင်ငံက နည်းပညာတက္ကသိုလ်တွေ ဘာတွေလုပ်ကြမှာလဲ
ကျနော် ပြည်နည်းပညာတက္ကသိုလ်ကနေ BE - Petroleum နဲ.ဘွဲ.ရတယ် ၊ ဒါပေမယ့် အခုလျှောက်နေတဲ့လမ်းက ရေနံလုပ်ငန်းနဲ.မဆိုင်ဘဲ ၊ Automobile ပိုင်းဖြစ်တဲ့ Mechanical နဲ. Electronic လိုင်းဖက်ပြောင်းပြီး
လေ့လာတယ် ။ ကျနော်အဲ့ဒီလိုင်းဖက်ကူးတာ ၂ နှစ်ကျော်ပြီ ။ ဒီမှာ ကျနော်အပြင်လောကနဲ. နည်းပညာတက္ကသိုလ်တွေကွာခြားချက်တွေတော်တော်ကြီးကိုမြင်မိတယ် ။
ကျနော်တို. လုပ်ငန်းခွင်အပြင်မှာ
" နည်းပညာတက္ကသိုလ်ကျောင်းဆင်းတွေကွာ ဘာမှမတတ်ပါဘူး ၊ ဘာမှ မလုပ်တတ်ပါဘူးကွာ ၊ BE ဘွဲ.သာရထားတာ ဘာမေးမေး မသိဘူး ၊ ကျနော့်လုပ်ငန်း
ခွင်ပတ်ဝန်းကျင်မှာ ကြားကြားနေရတဲ့စကား ။ ကိုယ်လည်း နည်းပညာတက္ကသိုလ်ကျောင်းက ဘွဲ.ရထားသူတယောက်မို. မခံချိ မခံသာ နားခါးတယ်ဗျာ ။
ဒါပေမယ့်လည်း တကယ်ပတ်ဝန်းကျင်မှာ တကယ်ဖြစ်ပျက်နေတဲ့ နားဝင်မချိုလှတဲ့ အမှန်တရား ။ ခက်တော့ခက်တယ်ဗျာ ၊ ဘယ်သူတွေမှားနေသလဲ ။
ဟိုးတလောလေးက စလုံးက အသိအကိုတယောက်ရှယ်တာဖတ်ရတယ်ဗျာ ၊ စလုံးမှာ မြန်မာက Mechanical Engineer တယောက်ကို အလုပ်ခန်.မို. အင်တာဗျူးတာ ၊
Piston Rings အကြောင်းမသိ ၊ Valve အကြောင်းမသိ ဖြစ်လို. ပြန်လွှတ်လိုက်တယ်လို. ကြားတယ်ဗျာ ။
ကျနော့ပတ်ဝန်းကျင်က ကျောင်းပြီးခါစ ၊ ကျောင်းတက်ဆဲ နည်းပညာကျောင်းသားတွေကို မေးရင်လည်း သူတို.လည်း သူတို.မေဂျာတွေအကြောင်း ဝေတေ၀ါးတား
တွေပဲ ။
သိလားဆို မသိဘူးလည်းမဟုတ်ဘူး ၊ ကျောင်းမှာသင်ခဲ့ပြီးသား ကြားဖူးပြီးသား ၊ ဒါပေမယ့် သေချာမေးရင်ဘာမှ သေချာ တိတိကျကျကိုမသိဘူးဗျ ။ အခုလည်း
အဲ့လိုပဲ Mechanical ကျောင်းသားတွေကို 4 Stroke Engine တလုံးရဲ. Firing Order တွေသိလားဆိုသိတယ် ၊ ကဲဒါဆို အဲ့ Firing Order တွေ ဘယ်လိုဖြစ်တာလဲ
ရှင်းပြပါဆို ၊ သေချာမသိတော့ဘူး ၊ အလွတ်ကျက်ထားတာ ၊ ပြောထားတာ မှတ်မိနေတာ ဒီလောက်ပဲသိတယ် ။
ကျနော်တို. နည်းပညာတက္ကသိုလ်ကျောင်းဆင်းတွေ ဘာကြောင့် ဘာမှမတတ်တဲ့သူ အများကြီးဖြစ်လာတာလဲ ။ ကျနော်တို. နည်းပညာ ကျောင်းဆင်းတွေဟာ ဘာကြောင့်
အပြင်က Mechanic တို. Techanican တို. အဆင့်လောက်မှ မတတ်ဖြစ်ကုန်ရတာလဲဗျာ ။ အခု ကျနော်တွေ.မိသမျှ ဆက်စပ်မိသမျှ နည်းပညာကျောင်းသားတွေ မေးကြည့်တယ် ။
အင်ဂျင်နီယာက ဘာလုပ်တာလဲ ။ အဲ့မေးခွန်းမေးကြည့် မဖြေနိုင်တဲ့သူများတယ် ။ အင်ဂျင်နီယာကျောင်းတက်တယ် ၊ ကျောင်းပြီးရင် အင်ဂျင်နီယာက ဘာလုပ်ရမှန်းမသိဘူး ။
ဖြစ်နေတာတွေ ။
ကျနော် စလုံးမှာ အလုပ်သွားလုပ်တုန်းကလည်း မေးခံရဖူးတယ် ၊ စက်ပြင်တတ်လားတဲ့ ။ ကျနော်က Petroleum နဲ. ကျောင်းပြီးတာ ဘယ်က စက်ပြင်တတ်မလဲဗျ ။
Engineer နဲ. Mechanic တို. Techanican တို. Operator တို. ဘာကွာလဲ ကျနော်ရှင်းပြမယ် ။
ဥပမာ Mechanical နဲ. ဆိုင်တာဆိုပါဆို.
Mechanic က ဘာလုပ်မလဲ ၊ သူက စက်ပျက်ရင်ပြင်မယ် ၊ ဘယ်လိုပြင်မလဲ ။
စက်ကဘာပျက်နေလဲ သူစစ်ဆေးမယ် ၊ ပြီးရင်ပျက်နေတဲ့ဟာ ဖြုတ်လဲမယ် ။ ဒါသူ.အလုပ်ပဲ ။ ဒီတော့သူက စက်မှာပါတဲ့ ပစ္စည်းတွေ ၊ စက်ရဲ. အလုပ်လုပ်ပုံ
သေချာ ဂဃနဏ သိရင် သူစစ်မယ် ပြင်မယ် ဖြုတ်မယ် လဲမယ်ဒီအတွက် ဂွဂွင်းဆိုက်တွေ ၊ ပစ္စည်းဆိုက်တွေ တိုင်းတာနည်းတွေသင်ရတယ်
သူ.အတွက် Strength of Material တို. mechanic of machinery တို. Fluid Mechanic
Material Scienceတို. Thermo Dynamic တွေ
တတ်စရာမလိုဘူးဗျ ၊ Mechanic အတွက် ဒီနည်းပညာတွေဘယ်သူမှမသင်ဘူး ။ ဒီတော့ Mechanic အတွက်လိုအပ်တဲ့ အခြေခံပညာသင်ဖို. ၅ နှစ် ၆ နှစ် ဘယ်နိုင်ငံမှာမှ အချိန်မယူဘူး ။
အခြေခံနည်းပညာကို ၆လ ၁နှစ် ၂ နှစ်သင် Diploma ပေး ၊ လုပ်ငန်းခွင်ဝင် လုပ်ငန်းခွင်ထဲမှာ ဆက်လေ့လာ ဒီလိုကနေ တက်သွားတာပဲ ။
အင်ဂျင်နီယာကရော သူက စက်ပြင်ဖို.အဓိကသင်တာမဟုတ်ဘူး
၊ သူက အင်ဂျင်တွေ အင်ဂျင်နဲ. ဆက်စပ်ပစ္စည်းတွေကို ဒီဇိုင်းလုပ်မယ် ၊ ဒီတော့ စက်တခုအလုပ်
လုပ်တာ တင်စက်မှာပါတဲ့ ပစ္စည်းတွေတင်မဟုတ်ဘူး ၊ အပေါ်ကပြောထားတဲ့
Strength of Material တို. mechanic of machinery တို. Fluid Mechanic Material Scienceတို. Thermo Dynamicတို.အစရှိတဲ့
နည်းပညာတွေကို အခြေခံကနေ အဆင့်မြင့်နည်းပညာအထိ ၅ နှစ်ကနေ ၆ နှစ် အနည်းဆုံး သင်ရတယ်ဗျ ။
တကယ့် ခေတ်မီတဲ့ နိုင်ငံကြီးတွေမှာ Mechanical နဲ.ကျောင်းပြီးတဲ့ အင်ဂျင်နီယာက စက်ပြင်မလား ၊ စက်တွေရဲ. engineering design လုပ်မလားဆို အင်ဂျင်နီယာတွေက ဒီဇိုင်းလုပ်ကြမှာဗျ ။
သူတို.ဆီက Mechanical တွေက စက်မပြင်တတ်လို. ဒီဇိုင်းလုပ်တာလားဆို ဘယ်ဟုတ်မလဲဗျ ၊ engineering design တောင်လုပ်နိုင်တဲ့ သူဟာ စက်ပြင်ဖို. အလွယ်လေးပေါ့ဗျာ ။ အရင်ခေတ်က RIT ကျောင်းက
ကျောင်းဆင်း BE တွေ သိပ်တတ်ကြတယ်ဆိုတာ အဲ့ဒါမျိုးပေါ့ ။
ဒီက နည်းပညာကျောင်းတွေက ကျောင်းသားအများစုကို စစ်တမ်းကောက်ကြည့် engineering design လုပ်နိုင်တဲ့သူတွေ ဘယ်လောက်ရာခိုင်နှုန်းရှိမလဲဆိုပြီး ကြိမ်းသေတယ် ၊ ၁% တောင်ရှိဖို.မလွယ်ဘူး ။
တကယ့် အင်ဂျင်နီယာ ဒီဇိုင်းတွေလုပ်နိုင်ပါပြီထားဦး ၊ အဲ့လူဒုက္ခရောက်မှာပဲ ။ သူ.တတ်တဲ့ နည်းပညာတွေကို စမ်းသပ်နိုင် တီထွင်နိုင် ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေ ၊ နည်းပညာနေရာတွေ ၊ အထောက်အပံ့တွေ
ကြိမ်းသေတယ် သူတကယ်တတ်လည်းသူ.ပညာတွေ ကျနော်တို.နိုင်ငံမှာ အလကားပဲ ။ ဒါက Mechanical အတွက်ပဲပြောတာမဟုတ်ဘူး ၊ ကျန်တဲ့ အင်ဂျင်နီယာ ပညာအားလုံးကို ခြုံပြောတာ ။
ဒီတော့ ကျောင်းပြီးဘာလုပ်ရလဲ ၊ mechanical ဆိုEngineering Design လုပ်ရမယ်အစား စက်ပြင်မယ် ၊ Electronic ဆို Electronic Circuit Design တွေလုပ်ရမယ်အစား Telecom ၀င်လုပ်တာတို. ဆားကစ်ပြင်တာ
တို. အစရှိတဲ့ Techanican နေရာမှာ ၀င်လုပ်ရတယ် ။ အခြားမေဂျာတွေလဲ ထိုနည်းလည်းကောင်းပဲဗျ ။
နောက်တခုက နည်းပညာတက္ကသိုလ်တွေက သင်ကြားနည်းစနစ်တွေ ၊
ဟိုးအရင်ကျနော်တို.ခေတ်ကလည်းမကောင်းဘူး ၊ အခုလည်း လေ့လာမိသလောက် လုံးဝကို မကောင်းဘူး ၊ ကျောင်းသားတွေ ဘာမှ တတ်မလာဘူး ၊ အထူသဖြင့်လက်တွေ. ဘာမှ မတတ်ဘူး ၊ နောက် စာတွေ.လည်း
သင်သာသင်တာ ကျောင်းသားတွေ သေချာမတတ်ဘူးလို.မြင်မိတယ် ။
မှတ်မှတ်ရရ ပြောရရင် ဆရာတယောက်က Mechanical ME ပြီးတဲ့ကျောင်းသားကို ဓာတ်ဆီအင်ဂျင်နဲ. ဒီဇယ်အင်ဂျင်ဘာကွဲလဲမေးတာ မဖြေနိုင်ဘူး ။ အပြင်မှာလည်း ဓာတ်ဆီအင်ဂျင်နဲ. ဒီဇယ်အင်ဂျင်ချထားပြီး
ခွဲခိုင်းကြည့်ရင် ကျောင်းသားတော်တော်များများခွဲနိုင်မယ်မထင်ဘူး ။ အပြင်ကားပြင်နေတဲ့ ၀ပ်ရှော့က ကလေးက အစ ကြည့်တာနဲ.သိတယ် ၊ သိပ်အကင်းပါးတဲ့ကောင်တွေဆို အသံနားထောင်တာနဲ.တင် ခွဲတတ်နေပြီ ။
နောက် မှတ်မှတ်ရရ ဆရာအကို ကိုတင်ဌေးကျော်ရဲ. ဆင်မလိုက်သင်တန်းသွားတက်တုန်းက ထင်တယ် ၊ အကိုက Petronas က interview မေးခွန်းအချို.ဖြေခိုင်းတာ ၊ အဲ့ထဲမှာ ရေတိုင်ကီ Radiator ထဲမှာ အင်ဂျင်ဝိုင်
ရောတာ ဘာဖြစ်လို.လဲမေးတာ ၊ ကျောင်းသားတွေမဖြေနိုင်ဘူး ကျနော်လည်း အဲ့တုန်းက မဖြေနိုင်ဘူး ။ အဲ့ဒါနဲ. အကိုအဖြေပြောပြီးနောက် ၊ ကျနော်က အိမ်နားက ဆိုင်ကယ်ပြင်တဲ့ဆရာကိုမေးတာ ။
သူက ဒက်ခနဲတမ်းပြောတယ် အဲ့ဒါ Gasket ပေါက်တာတဲ့ ။ အဲ့အခု ကားနည်းပညာတွေလေ့လာတော့လည်း အဲ့မေးခွန်းက ၀ပ်ရှော့မှာ အငယ်ဆုံးကလေးက အစသိမှန်းသိလာရတယ် ။
နောက် မှတ်မှတ်ရရဆို အဲ့လို ရေနံ ကုမ္ပဏီတွေက အင်တာဗျူးမေးခွန်းတွေမှာ Electronic Logic gate တွေ မြင်ဖူးတယ် ။ အဲ့ဒါလည်း တော်တော်များများရေရေရာရာမဖြေနိုင်ကြဘူး ၊ အဲ့ဒါကလည်း
Electronic လေ့လာနေတဲ့ အပြင် Techanican တော်တော်များများ ၊ Digital Electronic သိတဲ့သူတိုင်း ၊ AND Gate NAND Gate OR Gate NOR Gate တွေကိုသေချာကြီးကိုသိတယ်ဗျာ ။
Electronic နဲ. ME ကျောင်းပြီးတဲ့ သူတယောက်က Transistar Switch ဆိုတဲ့ အခြေခံကို မသိဘူး ၊ IC တလုံးပြလို. ဘယ်ဟာက ဖင် ၊ ဘယ်ဟာက ခေါင်းလဲမသိဘူးဗျ ။ ဒီလိုမျိုးတွေက ရာခိုင်နှုန်းအများစုဖြစ်နေတာ ။
ကဲ ကျနော်တို. နိုင်ငံက နည်းပညာ တက္ကသိုလ်တွေ ဘာတွေလုပ်ကြမလဲ ။
နည်းပညာတက္ကသိုလ်ကျောင်းတက်ဖို. ဆယ်တန်းမှာ အမှတ်တွေရအောင်ကြိုးစားရတယ်ဗျာ ၊ ပြီးရင် ၅ နှစ် ၆ နှစ် အချိန်ကုန်အောင် ကျောင်းတက်ရတယ် ၊
ကျောင်းတက်ရင်း စာမေးပွဲကျလို. တ၀က်တပျက်နဲ. ကျောင်းထွက်ရသူတွေကရှိသေးတယ်ဗျာ ၊ အဲ့လိုကနေ ဘွဲ.ရလာလို. အလုပ်ဝင်မယ်လုပ်တော့ အင်ဂျင်နီယာ
ဆိုတဲ့ BE , ME ဆိုတဲ့ ဘွဲ.လက်မှတ်လေးကိုင်ပြီး လူ ၁၀ ယောက်ခေါ်တဲ့နေရာမှာ ၊ လူအယောက် ၃၀၀ ၊ ၄၀၀ လောက်ပြုံတိုးရသေးတာဗျာ ။
အင်ဂျင်နီယာဘွဲ့ရပြီး အပြင်အလုပ်လုပ်ရတဲ့သူတွေကတပုံတပင်။
တကယ်အလုပ်ရတော့ Engineer ဆိုတဲ့ နာမည်သာခံရပြီး တကယ်တမ်းလုပ်ရတာက ၊ Techanican အဆင့် ၊ Mechanic အဆင့် ၊ Operator အဆင့် တွေနဲ.
လုပ်ရတယ် ၊အများစုရတဲ့ လစာကလည်း အဲ့ဒီတန်းထက်တောင်နိမ့်တဲ့ လစာပဲရကြတယ် ။ တကယ်တတ်ရင်လည်း တတ်သလောက်လုပ်မရသလို အများစုကလည်း တကယ်မတတ်ဘူး ။
ကဲ ဒီတော့ ဘာဆက်လုပ်ကြမလဲ ။ ဒီလိုပဲ ဘ၀တွေ အချိန်တွေကို ယောင်ဝါးဝါးနဲ. ဆက်ကုန်ဆုံးခိုင်းသင့်သလား ။ ဘာတွေပြင်ဖို.လိုသလဲ ဆိုတာတော့ တာဝန်ရှိသူတွေ ဆက်စဉ်းစားပေပေါ့ဗျာ ။
အကုန်လုံးအတွက် ကျနော်လည်း မတတ်နိုင်ပါ ။
တဦးတယောက်ခြင်းဖြစ်တဲ့ ကျောင်းတက်နေတဲ့ ညီငယ်ညီမငယ်တွေကတော့ တကယ်တတ်ချင်ရင် တကယ်အပြင်မှာလိုက်လေ့လာပြီး ဒီစနစ်ကနေ ကိုယ်လွတ်ရုန်းထွက်ပေါ့ဗျာလို.ပဲ အကြံပေးနိုင်ပါတယ်ဗျာ ။
Lynn Za Nee

M Zaw Aung shared a post — with Myo Aung Myanmar and 30 others.
IT TU ဆရာနဲ့ကျောင်းသားတွေ ဘာလုပ်နေလဲ မရေးသင်ပါ။ ဆရာတွေက ကျောင်းသားတွေရဲ့ မိဘသဖွယ် မူရစ်သောက်စားပျက်စီး မသွားအောင် ထိမ်းနေရတယ် ဆိုတော့ ဝမ်းနည်းစရာပဲ။ DASSK ပြောသလို သက်မွေးပညာ Technician ကျောင်တွေ များများလိုနေတယ်။ အကြံပြု ချင်တာ တလ ကျပ်၃သောင်း အစား တလ ကျပ်၁သိန်းအထက် (ကျောင်းစရိတ်+ ကျောင်းလခ) ထောက်ပံဖို့...ပြီးတော့ .. နယ်က IT TU တက္ကသိုလ်တွေကို ပိုလီတက္ကသိုလ် ၃နှစ် သက်မွေး အဖြစ်ပညာပြောင်းဖို့.. GTI, THS တွေကို ၂နှစ် လက်မှတ်ရ သက်မွေးပညာကောလိပ် အဖြစ် ပြောင်းဖို့. အကြံပြုချင်တယ်။ . ၂၀၂၁ ဆိုရင် ပညာရေးမူဝါဒနဲ့ စီမံကိန်းအရ ၁၂တန်း စနစ် အကောင်ထည်ဖော်မယ်. သက်မွေးပညာလဲ မကြာခင် ပြောင်းလဲမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး စကားဝိုင်းတိုင်းမှာ သက်မွေးပညာ သင်ကြပါ ပြောနေတယ်။ သက်မွေးပညာ သက်မွေးပညာ ..
.
လက်ရှိ မြန်မာ စက်မှုလုပ်ငန်းများမှာ ဘီအီးတွေ .များနေပြီး. တက်ကနီရှင်တွေ နည်းနေတယ်။ လိုတာက မူလီကြပ်၊ ဖြုတ်တပ်လဲ၊ ၀ါယာကြိုးဆွဲ၊ ကြိုးတပ်ဆင်မဲ့ တက်ကနီရှင်တွေပဲလေ။

လျှပ်စစ် ပေါ်လစီ နဲ့ လျှပ်စစ်အရင်းအမြစ်များအကြောင်း .. MRTV အင်တာဗျူး ၊ ယခင်လျှပ်စစ်ဒုဝန်ကြီး ဦးမော်သာထွေး


လျှပ်စစ် ပေါ်လစီ နဲ့ လျှပ်စစ်အရင်းအမြစ်များအကြောင်း .. MRTV အင်တာဗျူး ၊ ယခင် ညွန်ချုပ်နှင့် လျှပ်စစ်ဒုဝန်ကြီး ဦးမော်သာထွေး ... ဒီအကြောင်း နားထောင်ပြီးပါပြီ..အခုရေးမယ်.. BE Civil က လျှပ်စစ် ဒုဝန်ကြီး. လုပ်ခဲ့သူ ဖြစ်ပါတယ်. .အဂတိတွေ Low QC တွေ ပြောမဲ့လူ မဟုတ်လောက်ဘူး.ထင်ပါတယ်။ ဒါပေမဲ့ . 3 phase.power = root3 x V x I cos(thida) မသိတဲ့ မိုးကျတွေထက်တော့ မယှဉ်သာအောင် သာမှာ သေချာပါတယိ. . 1982 Civil လို့ ပြောကြတယ်. ဆည်မြောင်းဌာနကနေ Dam ဆောက်ရင်း ရေအားလျှပ်စစ် ဝင်လုပ်ရင်း ဒုဝန်ကြီး ဖြစ်လာတယ်.. တရုပ်အားပေး မဖြစ်ပါစေနဲ့..
.
ကိုကို (စက်မှုတက္ကသိုလ်) နဲ့ ဦးမော်သာထွေး အင်တာဗျူး က စိတ်ဝင်စား စရာကောင်းပါတယ်။ ပထမပိုင်းမှာ လူတွေ အတွက် အသိပညာ အများကြီး ပေးသွားပါတယ်။ နိုင်ငံရေး တော့ မပါဘူး။ နည်းပညာအကြောင်းပဲ မေး ဖြေ လုပ်ကြပါတယ်။
.
အကျဉ်းချုပ် ရေးရရင်
* စွမ်းအင် အရင်းအမြစ် မှာ ပေါ်လစီ ကောင်းဖို့၊ အကောင်ထည် ဖော်နိုင်ဖို့ လိုအပ်ပါတယ်။ ပေါ်လစီ ချမှတ်ရာမှာ အဓိက ထားရမှာက စွမ်းအင်လုံခြုံရေး Energy Security ဖြစ်ပါတယ်။ စွမ်းအင် ပေါ်လစီ အခြေခံအချက် ၃ခု ကတော့ ..
.... ၁။ Physical Energy လက်ရှိ စွမ်းအင်အရင်းအမြစ်များ
.... ၂။ Price စွမ်းအင်ဈေးနှုန်း (အတက်အကျမရှိရန်၊ ငြိမ်ရန်)
.... ၃။ Geo Political ဘူမိ (ပထ၀ီနိုင်ငံရေး) တို့ဖြစ်ပါတယ်။ ဘယ်အရင်းအမြစ်ကို အခြေခံပြီး စွမ်းအင် ထုတ်လုပ်၊ တင်ပို့ သုံးစွဲမလဲ ပေါ်လစီ ချရပါမယ်။
(မှတ်ချက်။ ။ ပေါ်လစီ ခဏခဏ ချနေကြတယ်လို့ မြင့်ပါတယ်)။
.
လျှပ်စစ်စွမ်းအင် ပေါ်လစီ်
ဒီတစ်ခုကိုပဲ အာရုံစိုက် ကြည့်မယ်ဆိုရင် တော့ ၄ချက်ရှိပါတယ်။
.... ၁။ Price ဈေးနှုန်းကို နံပါတ်(၁) ထားရပါမယ်။
.... ၂။ Quality လျှပ်စစ် အရည်အသွေး
.... ၃။ Physical လျှပ်စစ်အရင်းအမြစ်
... ၄။ Geo Political သဘာဝပတ်ဝန်းကျင် တို့ဖြစ်ပါတယ်။
လျှပ်စစ်မှာ ဈေးနှုန်းကို အဓိက နံပါတ်(၁) ထားရတဲ့ အကြောင်းကတော့ လျှပ်စစ် ဓါတ်အားခ ဈေးနှုန်းကြီးနေရင် ရင်းနှီးမြှတ်နှံမှုတွေ လာကြမှာမဟုတ်ပါဘူး။
.
လျှပ်စစ် အရည်အသွေး(Quality) မေးခွန်းရဲ့ အဖြေက
.... ၁။ လျှပ်စစ်မီး ခဏ ခဏ် ပျက်နေရင်
.... ၂။ လျှပ်စစ် ဗို့အား မတည်ငြိမ်ရင်
.... ၃။ လျှပ်စစ် ဖရီကွင်စီ Frequency မတည်ငြိမ်ရင် .. ဒါတွေက ကွာလတီ တွေ ဖြစ်ပါတယ်။ ကွာလတီ အတွက် တာဝန်ရှိသူက နိုင် ငံတော် ဖြစ်နေပါတယ်။အခု အခြေအနေက ပြည်သူကို နိုင်ငံတော်က ဂရုမစိုက်သလို ဖြစ်နေပါတယ်။
.
.
မြန်မာနိုင်ငံရဲ့ ကုသိုလ်ကံကောင်းမှု
လျှပ်စစ် အရင်းအမြစ်များမှာ ဈေးအသက်သာဆုံးက ရေအား လျှပ်စစ် ဖြစ်ပါတယ်။ တခြား အရင်းအမြစ်များ ဖြစ်တဲ့ ညူကလီယာ (မတတ်နိုင်ပါ)၊ နေရောင်ခြည်၊ လေအား၊ ရေနံ၊ ဓါတ်ငွေ့ (LNG), စသဖြင့် အရင်းအမြစ်တွေ ရှိပါတယ်။ အဲဒီ အရင်းအမြစ် အားလုံးမှာ ရေအား လျှပ်စစ်က အကောင်းဆုံး၊ ဈေးအသက်သာဆုံး ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကုသိုလ်ကံကောင်းတယ် ပြောရမယ်။ အရှေ့တောင် အာရှမှာ ရေချို အရင်းအမြစ် အကောင်းဆုံး ဖြစ်ပါတယ်။ ရေအရင်းအမြစ် အားလုံးမှာ ၁၇.၅% က ရေချိုတွေ ပိုင်ဆိုင်ထားပါတယ်။ ဒုတိယ ကတော့ လာအိုနိုင်ငံ ၊ တတိယကတော့ မလေးရှား ဘော်နီယိုကျွန်း တို့ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂါတ် နဲ့ လက်ရှိ အကောင်းဆုံး လျှပ်စစ် ဓါတ်အား အရင်းအမြစ်က ရေအားလျှပ်စစ် ဖြစ်ပါတယ်။
.
မြန်မာနိုင်ငံမှာ သုတေသန ပြုချက်များအရ ရေအားလျှပ်စစ် မဂါဝပ် ၁သိန်း အထိ ရနိုင်ပြီး၊ စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ ရေအားလျှပ်စစ် မဂါဝပ် ၄သောင်းခွဲ လောက် ရှိပါတယ်။ (လက်ရှိ စုစုပေါင်း
.
.
ယခု ခေတ် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း
ညူကလီယာ စွမ်းအားက ယူရေနီယံ တွင်းထွက် ကို အသုံးပြုပါတယ်။ ရေနံကိုတော့ ဈေးနှုန်း မကိုက်တဲ့အတွက် မသုံးတော့ပါဘူး။ အရေးပေါ်မှပဲ သုံးကြပါတယ်။ အများဆုံး အသုံးပြုတာကတော့ ဓါတ်ငွေ၊ ကျောက်မီးသွေး၊ ရေအား လျှပ်စစ် တွေ ဖြစ်ပါတယ်။ နေရောင်ခြည် နဲ့ လေအား လျှပ်စစ်တွေကတော့ Base Load မကောင်းလို့ အမြောက်အများ မသုံးကြပါဘူး။
.
.
လျှပ်စစ် ဘေ့စ်လုတ်
(Electricity Base Load & Capacity Factor)
လုပ်ငန်းများ၊ စက်ရုံများ၊ လူနေအိမ်များ မှာ လျှပ်စစ် အသုံးစွဲ အနည်းအများက အချိန်ကာလ ပေါ်မူတည်ပါတယ်။ Peak Load ဆိုတဲ့ အသုံးအများဆုံး အချိန်က စက်ရုံများ စတင်တဲ့ မနက်ပိုင်း ဖြစ်ပါတယ်။ နေ့ခင်း လုပ်ငန်းခွင်များ လည်ပတ်ချိန်မှာ အများဆုံး လျှပ်စစ် အသုံးပြုကြပြီး၊ ညပိုင်း စက်မှုလုပ်ငန်းများ ရပ်နားချိန် အိမ်သုံး၊ လမ်းမီးလောက်ပဲ သုံးတော့ အနည်းဆုံး အသုံးပြုချိန် ဖြစ်ပါတယ်။ ဒီလို လျှပ်စစ် အသုံးစွဲ အတက်အကျ များတဲ့ အခါ ဘေ့စ်လုတ် Base Load ဆိုတဲ့ လျှပ်စစ်ဓါတ်အားစက်တွေ ပိုပြီး လည်ပတ်ပေးရတယ်။ ရေအား လျှပ်စစ် တာဘိုင်ကြီးများဟာ ဘေ့စ်လုတ် အကောင်းဆုံး ဖြစ်ပါတယ်။
.
ဘေ့စ်လုတ် Base Load ကောင်းတဲ့ ရေအား လျှပ်စစ်က Capacity Factor 0.5 (၅၀ ရာနှုန်း) ရှိပါတယ်။ တပ်ဆင်ထားတဲ့ လျှပ်စစ် စွမ်းအား မဂါဝပ်ပေါင်း ၁၀၀ ရှိတယ်ဆိုရင် ၅၀ မဂါဝပ် အောက် မကျအောင် လည်ပတ်ပေးနိုင်ပါတယ်။ ထုတ်လုပ်တဲ့ လျှပ်စစ် မမာဏရဲ့ ၅၀% ထိ ရေအားလျှပ်စစ်က ထိန်းထားနိုင်ပါတယ်။
.
ရေအား လျှပ်စစ်လောက် ဘေ့စ်လုတ် မကောင်းပေမဲ့၊ အစားထိုးနိုင်တာ ကတော့ ဂတ်စ် Gas Power ဖြစ်ပါတယ်။ LNG လဲ ဂတ်စ် ဆိုတော့ အတူတူပါပဲ။ နေရောင်ခြည် ကတော့ မြန်မာနိုင်ငံမှာ ပေါများ ပူပြင်းပေမဲ့ Capacity Factor က ၂၀% လောက်ပဲ ရမယ်။ လေအား (လေရဟတ်) ကတော့ Capacity Factor ၂၀% - ၃၀% ပိုရပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာ နေရောင်ခြည်၊ လေအား လျှပ်စစ် ကို အရံသဘောပဲ ထားကြပါတယ်။ ၆% လောက်ပဲ ၊Renewal Energy ကို နည်းနည်းပဲ ထားကြပါတယ်။
.
ဒီရေ နဲ့ အခြားလျှပ်စစိ အရင်းအမြစ်များက ဈေးကြီးတာနဲ့ အခြားအကြောင်းများကြောင့် သိပ်မသုံးကြပါဘူး။
(ကျောက်မီးသွေး လျှပ်စစ် အကြောင်း မပြောသေးပါဘူး)
.
.
နိဂုံး (ကောက်နုတ်ချက်)
၁။ လျှပ်စစ် ကွာလတီ (အရည်အသွေး) ကောင်းခြင်းကို ရေအား လျှပ်စစ်မှ ရရှိကြောင်း အဓိက ထားပြီး ပြောဆိုသွားပါတယ်။ ဦးမော်သာထွေး က မြို့ပြအင်ဂျင်နီယာ ဖြစ်ပြီးးဆည်မြောင်း၊ ရေကာတာများ တည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ ယခင်အစိုးရ လက်ထက် လျှပ်စစ်ဝန်ကြီးဌာန မှာ ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရေအားလျှပ်စစ် အရင်းအမြစ်များစွာ သုတေသန လုပ်ခဲ့တဲ့ ကာလ ဖြစ်ပါတယ်။ .
.
၂။ လက်ရှိ ၂၀၁၇ ဒီဇင်ဘာလ ဒုဝန်ကြီး လွှတ်တော်မှာ တင်ပြချက်အရ မြန်မာနိုင်ငံမှာ လျှပ်စစ် ထုတ်လုပ်မှု ၂၀၁၆-၂၀၁၇ ကီလိုဝပ်သန်းပေါင်း 17866 Million KWhr (မဂါဝပ် ၃၅၀၀ခန့်) ဖြစ်ပြီး၊ ရေအားလျှပ်စစ်က ၆၀% အသုံးပြုနေပါတယ်။ ၂၀၁၆ နောက်ပိုင်းမှာ ဓါတ်ငွေ စက်ရုံများစွာ ပုဂလိက ၁၀၀% (or) JV ဖက်စပ် တည်ဆောက်လာပါတယ်။ ၂၀၁၈ နှစ်ဦးပိုင်းမှာ 5000 mW LNG စီမံကိန်းကြီးတွေ ကြေငြာခဲ့ပါတယ်။
.
၃။ အခုလို အစိုးရ၀န်ထမ်းဟောင်း ဒုဝန်ကြီးဟောင်းက အင်တာဗျူး ပြောပြတာ တော်တော် ကျေးဇူးတင်ရပါမယ်။ ဦးသိန်းစိန် လက်ထက် ၀န်ကြီး၊ ဒုဝန်ကြီး အားလုံးနီးပါးက စစ်မှုထမ်းဟောင်းများ ဖြစ်နေလို့ လက်ရှိစီမံကိန်းများနဲ့ ဆက်နွယ်နေတဲ့အတွက် ဦးသိန်းစိန်ခေတ် အရာရှိကြီးများ အင်တာဗျူး (သို့မဟုတ်) အကြံပြုချက်တွေ ဆက်လက် ထွက်ပေါ်လာမယ် မျှော်လင့်ပါတယ်။
.
၎။ အင်တာဗျူးက ဈေးကြီးတဲ့ LNG လျှပ်စစ်အကြောင်း မပြောပါဘူး။ အင်အယ်ဒီ လျှပ်စစ် ပေါ်လစီမှာ ဦးမော်သာထွေး ပြောတဲ့ နံပါတ်(၄) Geo Political ကို ဦးစားပေးပြီး ရေအား၊ ကျောက်မီးသွေ ဓါတ်အားတွေ မလုပ်နိုင်သေးပါဘူး။ LNG လျှပ်စစ် ကို တရုပ်နိုင်ငံမှာ ဈေးကြီးလို့ မသုံးကြပါဘူး။ ဂျပန်နိုင်ငံမှာ အမြောက်အများ တယူနစ် ၄၀၀ကျပ် အထက် ထုတ်လုပ်ပါတယ်။ မြန်မာနိုင်ငံက တယူနစ် ၄၀၀ကျပ် နဲ့ ထုတ်လုပ်ပြီး တယူနစ် ၁၅၀ နဲ့ အရှုံးခံပြီး ရင်းနှီးမြှတ်နှံမှုများကို ဆွဲဆောင်မဲ့ သဘောပါ။ လျှပ်စစ် လာအိုနဲ့ တရုပ်နိုင်ငံက ၀ယ်ယူတာလဲ မလုပ်သေးပါဘူး။
.
၅။ နောက် ပိုင်း အပိုင်း (၂) အပိုင်း (၃) MRTV အင်တာဗျူးများမှာ လျှပ်စစ် ၀န်ကြီးဌာန လက်ရှိ အကောင်ထည်ဖော်နေတဲ့ စီမံကိန်းကြီးများ ၊ အကောင်ထည်ဖော်မဲ့ စီမံကိန်းကြီးများ အပေါ် သုံးသပ်ချက်များလဲ ကြားလိုပါတယ်။ ဖတ်လိုပါတယ်။ ရေအား လျှပ်စစ် အဓိက ထားပြီး အင်တာဗျူး ပြောဆို တဲ့အတွက် လက်ရှိ ရေအားလျှပ်စစ် စီမံကိန်းများကို ဘယ်လို ဆက်လက် အကောင်ထည်ဖော် ကြမလဲ၊ မတရား ချုပ်ဆိုထားတဲ့ စာချုပ်များကို ဘယ်လို ပြန်လည်ညှိနှိုင်း အသစ်ပြန်လည် ချုပ်ဆိုကြမလဲ ဆိုတာ လဲ ကြားလိုပါတယ်။
.
ဇော်အောင်
၁၉. ဇွန်. ၂၀၁၈
.
Ref:
* Hlaing Oo's Facebook ယခင် ဦးသန်းရွှေလက်ထက် ညွန်ချုပ်နှင့် လျှပ်စစ်ဒုဝန်ကြီး ဦးမော်သာထွေး MRTV interview Part.1
..https://www.facebook.com/hlaingoo1/videos/1946486785425955
* ပြည်မြန်မာ လျှပ်စစ်ထိန်ထိန်သာဖို့အရေး - မိုးမခ စာအုပ်
https://goo.gl/Bye18m

Friday, July 28, 2017

လေရဟတ်ဖြင့်လျှပ်စစ်ထုတ်လုပ်ခြင်း. လွန်ခဲ့သော ၃၀နှစ်က ရန်ကုန်စက်မှုတက္ကသိုလ်ဝင်း (အင်းစိန်) မှာ လျှပ်စစ်၊အီလက်ထရွန်းနစ်ဆရာကြီးဦးခိုင်ဦး

လေရဟတ်ဖြင့်လျှပ်စစ်ထုတ်လုပ်ခြင်း
လွန်ခဲ့သော ၃၀နှစ်က ရန်ကုန်စက်မှုတက္ကသိုလ်ဝင်း (အင်းစိန်) မှာ လျှပ်စစ်၊အီလက်ထရွန်းနစ်ဆရာကြီးဦးခိုင်ဦးက လေအားလျှပ်စစ် ပရိုဂျက်တခုလုပ်နေတာကို ၀င်ရောက်လေ့လာခဲ့ပါတယ်။ လေအားကောင်ရင်၅ကီလိုဝပ်လောက် ထုတ်နိုင်ပါတယ်။ သုတေသနလုပ်ပြီး ပြန်ဖျက်လိုက်ပါတယ်။ လက်တွေ့လျှပ်စစ်ထုတ်ဖို့ကုန်ကျစရိတ်မကိုက်တာကြောင့် မြန်မာနိုင်ငံမှာ လေအားလျှပ်စစ် မထွန်းကားတာ အခု ၂၀၁၃အထိပါပဲ။အမေရိကန်ပြည် ကာလီဖိုးနီးယားမှာ နေထိုင်တဲ့ မြန်မာများစွာကတော့ ဆန်ဖရန်စစ္စကိုနဲ့လော့အိန်ဂျယ်မြို့၂ခုကားနဲ့ မိုင်၃၀၀လောက် ကားမောင်းသွားရင်၊ လမ်းတစ်ဝက်လောက်မှာ လေရဟတ်အမြောက်အများတွေ့ရမယ်ဖြစ်ပါတယ်။ အသေးစားလေရဟတ်များဖြစ်ပါတယ်။ ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှု ၂၀၁၁ မှာကျောက်မီးသွေး (၄၁%)၊ ရေအား (၁၆%)၊ သဘာဝဓါတ်ငွေ့ (၂၁%)၊ ညူကလီယား (၁၃%)၊ လောင်စာဆီ၊ဒီဇယ် (၅.၅%) နဲ့ လေရဟတ် (၁.၁%) ရှိပါတယ်။ ထုတ်လုပ်မှုပေါင်း 219 Twh နဲ့ အဆင့် ၆မှာရှိပါတယ်။နေရောင်ခြည်အားက ၀.၀၆% (12 Twh) ပဲရှိပါတယ်။ ဒါကြောင့် လေရဟတ်နည်းပညာကနေရောင်ခြည်ထက် ပိုပြီးလက်တွေ့ဆန်ပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိတဲ့ Alternate Energyဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ လေအားလျှပ်စစ်၊ နေရောင်ခြည်အားလျှပ်စစ် ဆိုတာ ပိုက်ဆံချမ်းသာတဲ့နိုင်ငံများကပတ်ဝန်းကျင်ကာကွယ်ရေးအတွက် ငွေကြေးအကုန်ကျခံပြီး၊ အစိုးရ ပိုက်ဆံနဲ့လုပ်ကြပါတယ်။ အထူးသဖြင့်အလွန်ကြီးမားလှတဲ့ လေအားတာဘိုင်ကြီးတွေဆို တစ်လုံးကို ဒေါ်လာ သန်းပေါင်းများစွာ တန်ပါတယ်။အသေးစားလေးတွေပဲ ဖွံ့ဖြိုးစနိုင်ငံများက လက်တွေ့သုံးကြပါတယ်။
.

ဧရာမလေရဟတ်လျှပ်စစ်တာဘိုင်ကြီးများ
လေရဟတ်များကို Class I to IV သတ်မှတ်ထားပါတယ်။ လေပွေတိုက်ခတ်မှုပေါ်မူတည်ပြီးအဆင့်သတ်မှတ်ပါတယ်။ စီးပွားဖြစ် အကြီးစားလေရဟတ်များ Class III အထက်ဖြစ်ပါတယ်။လေတိုက်နှုန်းဟာ မြေပြင်မှာ နည်းပါးတာကြောင့် လေတိုက်နှုန်းမြင့်တဲ့ မီတာ၁၀၀အမြင့်ထိအောာင် ဆောက်မှလျှပ်စစ်ဓါတ်အားများစွာ ထုတ်နိုင်ပါတယ်။ ဒါကြောင့် ဧရာမ လေရဟတ်လျှပ်စစ်တာဘိုင်နည်းပညာပေါ်ထွက်လာရပါတယ်။ ပထမဆုံး မဂါဝပ်ထွက်တဲ့ လေရဟတ်တာဘိုင်ကို အမေရိကန်၊ Vermont,USA မှာ ၁၉၄၁က စတင်ခဲ့ပါတယ်။ တာဘိုင်ဘလိတ်ဟာ မီတာ ၄၀မှာ ၉၀အထိ စက်ဝိုင်းအကျယ်ရပါတယ်။လေရဟတ်ကြီးများဟာ မီတာ၁၀၀ကျော်ထိ မြင့်မားပါတယ်။ အထပ်၄၀ကျော်တိုက်ကြီးထက် ပိုမြင့်တဲ့ ဧရာမတာဘိုင်ကြီးများဟာ၊ တစ်ခုကို လျှပ်စစ်ဓါတ်အား ၅၀ကီလိုဝပ် - ၂၀၀၀ကီလိုဝပ် (50 kW to 2 mW) အထိထုတ်နိုင်ပါတယ်။ အကြီးဆုံးတာဘိုင်ကတော့ ၇.၅မဂါဝပ် Enercon E-126 ဖြစ်ပါတယ်။ တန်ဘိုးကတော့ဒေါ်လာ သန်းပေါင်းများစွာ တန်ပါတယ်။မြန်မာပြည်အတွက် လေရဟတ်တာဘိုင် ၀ယ်ပြီးတပ်ဆင်မယ်ဆိုရင် ဖြစ်နိုင်ချေအများကြီးရှိပါတယ်။တရုပ်ပြည်မှာ လေရဟတ်တာဘိုင်ပေါင်းများစွာ နိုင်ငံရဲ့ ၅% (13 Twh) သုံးနေပြီဖြစ်ပါတယ်။ တရုပ်ပြည်မှာနေရောင်ခြည်လျှပ်စစ်က တွက်သားမကိုက်လို့ မသုံးကြပါဘူး။ ဥပမာ ဒေါ်လာ၂သိန်းတန်တဲ့ 100kwလေရဟတ်တာဘိုင်တစ်ခု ၀ယ်တပ်မယ်ဆိုရင် တွက်သားကိုက်မလား။ Alibaba.com မှာရှာကြည့်နိုင်ပါတယ်။ဒီဇယ်ဂျင်နရေတာ 100kw Cummings Engine တစ်လုံးမှ ဒေါ်လာ၆သောင်းလောက်ပဲ ကျသင့်ပါတယ်။လေရဟတ်က ဈေးကြီးပေမဲ့ နှစ်၄၀လောက် လောင်စာဆီမလိုပဲသုံးနိုင်မယ်ဆိုတော့ ရေရှည်မှာတွက်သားကိုက်ပါတယ်။
.
လေတိုက်နှုန်းက 40 m/s (144 km/h, 89 MPH) to 72 m/s (259 km/h, 161 MPH) ဖြစ်ပါတယ်။အများအားဖြင့် 60 m/s လေတိုက်နှုန်းရှိပါတယ်။ လျှပ်စစ်ဓါတ်အား ထိန်ချုပ်၊ ထုတ်လုပ်နည်း (၃)မျိုးရှိပါတယ်။ဘလိတ်လည်ပတ်နှုန်းဟာ လေတိုက်နှုန်းပေါ်မူတည်ပြီး 10 to 22 rpm ဒီဇိုင်းလုပ်ထားပါတယ်။ Horizontal &Vertical Tower ဒီဇိုင်း၂မျိုးရှိပါတယ်။ Horizontal နည်းမှာ ဂျနရေတာနဲ့ဂီယာဘောက်စ်တာဝါတိုင်ရဲ့အပေါ်ဆုံးမှာ ထားရပါတယ်။ အများဆုံးသုံးကြပါတယ်။ Vertical နည်းမှာတော့ဂျနရေတာနဲ့ဂီယာဘောက်စ် အောက်ဆုံး၊မြေပေါ်မှာပဲ ထားနိုင်ပါတယ်။ Vertical နည်းမှာ Low StartingTorque, Dynamic Stability problems တွေရှိပါတယ်။
၁။ လေတိုက်နှုန်းနည်းချိန်
၂။ လေတိုက်နှုန်းပုံမှန်ရှိချိန်
၃။ လေတိုက်နှုန်းအလွန်မြင်ချိန်
ဂီယာဘောက်စ်အသုံးပြုမှု
လေတိုက်နှုန်း အနည်းအများပေါ်မူတည်ပြီး၊ လျှပ်စစ်ထုတ်ဖို့ ဂီယာဘောက်စ်သုံးပါတယ်။ဒိန်းမတ်သုတေသီများက ဂီယာဘောက်စ် သုံးရင် သံလိုက်ပိုသုံးရလို့၊ ဂီယာဘောက်မပါတဲ့တာဘိုင်များကိုထုတ်လာပါတယ်။ သံလိုက်ဓါတ်အတွက် သုံးတဲ့ Neodymium Magnetကုန်ကြမ်းများစွာထုတ်နိုင်ပါတယ်။ နည်းပညာကတော့ ဂျပန် ဟစ်တာချီကုမ္မဏီက သံလိုက်မူပိုင်ခွင့်များစွာပိုင်ဆိုင်ထားပါတယ်။
.
ဘရိတ်စနစ်
လေတိုက်နှုန်း အရမ်းမြင့်နေရင် ဘရိတ်အုပ်တဲ့စနစ်ကိုသုံးရပါတယ်။ တာဘိုင်တွေ ပျက်စီးမှာကိုကာကွယ်တဲ့စနစ်ဖြစ်ပါတယ်။ လျှပ်စစ်ဘရိတ် (သို့မဟုတ်) စက်မှုဘရိတ် စနစ်ကိုသုံးပါတယ်။ အထူးသဖြင့်
တိုင်ဖုန်းမုန်တိုင်းကြီးများဟာ အမေရိကားမှာ အလွန်များတဲ့အတွက် တိုင်ဖုန်းခံနိုင်တဲ့ စနစ်ဖြစ်အောင်
ဒီဇိုင်းလုပ်ရပါတယ်။
.
တာဘိုင်ဘလိတ်ပြားဒီဇိုင်း
ဘလိတ်ပြား ၃ခု ဒီဇိုင်းကို အများဆုံးသုံးကြပါတယ်။ ယခင်က လေးလံ၊ခိုင်ခံတဲ့ သံမဏိများကိုသုံးကြသော်လည်း၊ အခုခေတ်မှာ အလူမီနီယံ၊ ပေါင်းစပ်သတ္တုများကို အလွန်ကြီးမားတဲ့ ဘလိတ်ဒီဇိုင်းမှာသုံးပါတယ်။ Material အသုံးပြုတဲ့ သတ္တုဟာ အလွန်အရေးကြီးတဲ့ အပိုင်းဖြစ်တဲ့အတွက်နည်းပညာအထူးလိုအပ်ပါတယ်။ လေတိုက်နှုန်း အလွန်မြင့်ချိန် (မုန်တိုင်းဒါဏ်) ခံနိုင်ဖို့လည်းအထူးလိုအပ်ပါတယ်။ တခါတရံ လေရဟတ်လုံးဝရပ်သွားဖို့လည်း ဒီဇိုင်းလုပ်ရပါတယ်။ လေကြောင်း၊လေယာဉ်တောင်ပံ နည်းပညာဖြစ်ပါတယ်။ကမ်းလွန်ရေနံတွင်းအတွက်လေရဟတ်လျှပ်စစ်အလွန်ချမ်းသာတဲ့ ကမ်းလွန်ရေနံကုမ္မဏီကြီးများအတွက် လျှပ်စစ်ဓါတ်အားကို လေရဟတ်တာဘိုင်ကစိတ်ချစွာရယူဖို့ ၊ လေရဟတ်တာဘိုင် ထုတ်လုပ်သူများက အထူးကြိုးစား၊သုတေသနပြုနေပါတယ်။ဘယ်လောက်ထိ စိတ်ချရမလဲဆိုတာ အလွန်အရေးကြီးပါတယ်။ ကမ်းလွန်ရေနံတွင်းများအတွက်ရေပေါ်တဲ့ပလက်ဖေါင်းကို Floating Tower သုံးပါတယ်။
.
လေရဟတ်တာဗိုင် ကမ္ဘာ့ဈေးကွက်ပိုင်စီးမှု
တရုပ်ပြည်က Sinovel, Goldwind, Guodian, Ming Yang ၄ခု၊ ဒိန်းမတ်၊ဂျာမဏီနိုင်ငံက Vestas, Enercon,Siemens ၃ခု၊ စပိန် Gamesa, အမေရိကန် GE Energy, အိန္နိယ Suzion Group တစ်ခုစီကကမ္ဘာ့လေရဟတ်တာဘိုင်ဈေးကွက်ကို ကြီးစိုးထားပါတယ်။ (ဇယား ၂၀၁၁)။ ထုတ်လုပ်မှုကုန်ကျစရိတ်ကတော့ တာဝါတိုင်း ၂၂%၊ ဘလိတ်ပြား ၁၈%၊ ဂီယာဘောက်စ် ၁၄%၊ ဂျနရေတာ ၈%ဖြစ်ပါတယ်။ နှစ်ပေါင်း၂၀အတွင်း ဂျာမန်၊အမေရိကန် နည်းပညာများကို ရယူပြီး၊ ဧရာမတာဘိုင်ဈေးကွက်ကိုတရုပ်ကုမ္မဏီလေးခုက ၃၀%လောက် ယူသွားတာ အံ့သြစရာဖြစ်ပါတယ်။ တရုပ်ပြည်ကုမ္မဏီကြီးများက R&D Research and Development အင်ဂျင်နီယာများကို ငွေအထူးသုံးစွဲနေပါပြီ။ အမေရိကား၊ ဥရောပတွေကိုပြိုင်နိုင်ရုံသာမက အနိုင်ယူနေပြီဖြစ်ပါတယ်။ လိုက်မမှီနိုင်တဲ့ နည်းပညာတွေအများကြီးရှိပါသေးတယ်။နည်းပ ညာ မြ န်မာအင်ဂျင်နီယာများ Operati on အဆင့်သာရှိသေးအဆင့်နိုမ့်ကြောင်း လက်တွေ့နည်းပါးကြောင်း၊ အမှန်အတိုင်းပြောပေမဲ့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုဖြစ်နေပါတယ်။ ခွင့်လွှတ်ပါ။ လေရဟတ်နည်းပညာအကြောင်း မြန်မာပညာရှင်များ မနိုင်သေးကြောင်းသိပါတယ်။ သို့သော် ရွှေမြန်မာအစိုးရများက ဘုမသိ၊ ဘမသိနဲ့ လုပ်ရင်ရမယ်ထင်ပြီး လုပ်ခိုင်း၊ MOUလက်မှတ်ထိုးနေတာ တိုင်းပြည်အတွက် ဆုံးဖြတ်ချက်ပေးနိုင်မဲ့ ပညာရှင်များလိုနေပါတယ်။ဓါတ်အားထုတ်စက်များနဲ့ ပတ်သက်ရင် ... နောက်ဆုံး ကုန်ကုန်ပြောရရင် ကြက်ဆူဆီဓါတ်အားစက်ရုံအဆုံး..ကမ္ဘာကမလုပ်သေးတာတွေ ရွှေဗမာဟေ့ ဆိုပြီး ယောင်လို့မှ မလုပ်မိဖို့ ပြုပြင်ပြောင်းလဲရေးကာလမှာ
အရေးကြီးပါတယ်။ တရုပ်၊ ဗီယက်နမ်များ ပြုပြင်ပြောင်းလဲရေးကာလအတွင် ပိုက်ဘောမိခြင်း (တဖက်နိုင်ငံမှတွက်သားမကိုက်သော စက်အသစ်များကို လာရောင်းချခြင်း) တွေ အများအပြားခံခဲ့ရပါတယ်။
.
လေရဟတ်လျှပ်စစ်စွမ်းအား ထုတ်ရင်လည်း ပုဂ္ဂလိကပဲ ထုတ်ပါစေ။ အစိုးရက ဓါတ်အားပေးစက်အကြီးစားများ ဥပမာ ၁၀မဂ္ဂာဝပ်အထက် လာဆောက်မယ်ဆိုရင် သတိအများကြီးထားရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ နောင်၁၀နှစ်အထက် ကြာတဲ့အချိန်မှာ မြန်မာပြည်ဟာ ထိုင်း၊ ဗီယက်နမ်ထက် ဆိုးတဲ့ဖိလစ်ပိုင်လျှပ်စစ်ဈေးလို ခရိုနီများနဲ့ ပူးပေါင်း၊ ပိုက်ဘောမိနေတဲ့ ဖက်စပ်ဓါတ်အားဈေးအလွန်ကြီးသွားနိုင်လို့ပါ။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား ၁၉၉၀နောက်ပိုင်း ဆူဟာတို၊ မားကို့စ် ခေတ်ကာလဖက်စပ် ခရိုနီများရဲ့ အကြံအဖန်လုပ်မှုကြောင့် ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ လျှပ်စစ်ဈေးအကြီးဆုံး(တစ်ယူနစ် ၄၀ဆင့်) အထိ ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ လျှပ်စစ်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာ၊ နဲ့မြန်မာပညာရှင်များ သတိကြီးစွာ ဆုံးဖြတ်နေခြင်းဟာ ကောင်းတဲ့အလားအလာဖြစ်ပါတယ်။ အထူးသဖြင့် ဂျပန်၊ကိုးရီးယားတို့ရဲ့ လျှပ်စစ် မဟာရင်းနှီးမြှတ်နှံမှုများဟာ စိတ်ချရပါတယ်။ ဥရောပ၊ အမေရိက၊ တရုပ်နိုင်ငံများကလျှပ်စစ်ကုမ္ပဏီများရဲ့ ရင်းနှီးမြှတ်နှံမှုများမှာ လှည့်ကွက်များစွာရှိပါတယ်။ အသေးစား ဓါတ်အပေးစက်များအားပေးချင်ရင်တော့ ပထမဆုံး ဓါတ်အားပေးစက် သွင်းကုန် (အခွန်မကောက်ပဲ) တင်သွင်းခွင့်ပြုရပါမယ်။လောလောဆယ်တော့ စက်ဆိုရင် ဘာစက်ပဲဖြစ်ပစေ၊ ကောက်ရိတ်စက်၊ ဓါတ်ဆီမသုံးတဲ့ စက်များကိုတောင်အခွန်ကောက်၊ လာဘ်စားနေတဲ့ အခွန်စနစ်ကြီးရဲ့ ကြိုးနီ (မသိနားမလည်ခြင်း) ရှိနေဆဲပါပဲ။ မြန်မာပြည်ထုတ်ပစ္စည်းများဟာ ဖိလစ်ပိုင်ထုတ် ပစ္စည်းများလို ဈေးကြီးနေသရွေ့၊ ကုန်ထုတ်လုပ်ငန်းများ မလုပ်နိုင်ပဲဆင်းရဲနေဦးမှာဖြစ်ပါတယ်။
(၂၀၁၃ ဆောင်းပါးဖြစ်ပြီး၊ ယခု ၂၀၁၇ မှာ အဂတိနည်းပါးလာပါတယ်)။
.
.


Ming Yang Win Power Group
တရုပ်နိုင်ငံမှာ နံပါတ်၎အဆင့်ရှိပြီး၊ ကမ္ဘာ့ နံပါတ်(၁၀) အဆင့်ရှိတဲ့ Ming Yang Wind Power Group ကိုစတင်ခဲ့တဲ့ Zhang Chuanwei အကြောင်း တမျက်နှာ ဇတ်လမ်းတိုလေးဖြစ်ပါတယ်။
.
ဘ၀အစပြုခြင်း
Gushi, Henan ပြည်နယ်မှ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည်။ ၁၀နှစ်ခန့် စစ်မှုထမ်းပြီး ၁၉၉၃တွင် ကုမ္ပဏီထောင်သည်။ ၁၉၉၃တွင် Shongshan Ming Yang Electric လျှပ်စစ်ကုမ္ပဏီလျှပ်စစ်ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်း အဓိကထားခဲ့သည်။
.
ပြောင်းလဲမှုကြီး
၂၀၀၅တွင် လေစွမ်းအင်တာဘိုင်ကြီးများ Wind Turbine ထုတ်လုပ်သည့်ကုမ္ပဏီပြပွဲကို ကြည့်ရှုပြီးနောက်လေစွမ်းအင်ထုတ်လုပ်မှုသို့ ၀င်ရောက် လုပ်ဆောင်ခဲ့သည်။ နိုင်ငံခြားဒီဇိုင်းကိုသုံးပြီး ပြည်တွင်းတွင် Wind Turbine များထုတ်လုပ်ရန်ဖြစ်သည်။ သူ၏ လျှပ်စစ်ထိန်းသိမ်းမှုပညာ ကျွမ်းကျင်မှုကြောင့်သူလုပ်မည့်လုပ်ငန်းအောင်မြင်ရန် ယုံကြည်မှုရှိသည်။ သူ့လုပ်ဖေါ်ကိုင်ဖက်များက သူတို့ကုမ္ပဏီအငယ်စားမှ Wind Turbine ကြီးများထုတ်လုပ်ရန် သဘောမတူကြ။ သို့သော် Zhang က လက်မလျှော့ပါ။ နောက်တစ်နှစ်တွင် ထုတ်လုပ်သည့်ကုမ္ပဏီ Guangdong Ming Yang Wind Power Technology ကို တည်ထောင်နိုင်ခဲ့သည်။
.
ကြီးပွားလာခြင်း
Zhang ပထမဆုံးအလုပ်မှာ တာဘိုင်ထုတ်လုပ်သည့် နည်းပညာရယူရေးဖြစ်သည်။ ဂျာမဏီနိုင်ငံမှာ Aerodynကုမ္ပဏီနှင့် စာချုပ်နိုင်ခဲ့သည်။ နှစ်ဦးပေါင်းပြီး ဒီဇိုင်းအသစ် ထုတ်လုပ်ခဲ့ကြသည်။ ဂျာမန်ကုမ္ပဏီမှာသုတေသနလုပ်ငန်းများ Research & Development ကို လုပ်ဆောင်ပြီး၊ တရုပ်ကုမ္ပဏီက နမူနာစက်Prototype ထုတ်လုပ်ပြီး၊ တရုပ်ပြည်တွင်စမ်းသပ်ခဲ့သည်။ ဂျာမန်ကုမ္ပဏီ သိပ်စိတ်မပါသော်လည်းတရုပ်ပညာရှင်များ အပြင်းအထန်လုပ်ဆောင်ပြသမှုများဖြင့် ဂျာမန်များပါဝင်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။
.
သူ့အကြောင်း
၂၀၀၇သြဂုတ်လတွင် Ming Yang ကုမ္ပဏီမှာ ပထမဆုံး လေမုန်တိုင်းအကြမ်းခံ 1.5 mW လေတာဘိုင်ကိုပြီးစီးခဲ့သည်။ ထို့နောက် အဆင့်၁၀ရှိသော တိုင်းဖုန်းမုန်တိုင်းကြီး၂ခုကို ခံနိုင်ကြောင်းလက်တွေ့စမ်းသပ်ပြခဲ့သည်။ ထိုနှစ်ကုန်ပိုင်းတွင် အမေရိကန်ကုမ္ပဏီကြီးများမှ အမှာစာ ၇၂ခု (ကန်ဒေါ်လာ၁၀၉သန်း) ရရှိပြီး စာချုပ်ချု့ပ်ဆိုနိုင်ခဲ့သည်။
Zhang သည် တာဘိုင်အငှားလုပ်ငန်းကိုလည်း တရုပ်ဘဏ်ကြီးတစ်ခု ICBCဖြင့်ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့သည်။ ဘဏ်က Ming Yang တာဘိုင်များကို ၀ယ်ယူပြီးလျှပ်စစ်ထုတ်လုပ်သူများကို ငှားရမ်းခဲ့သည်။ ၂၀၀၉တွင် Ming Yang ကုမ္ပဏီတစ်နှစ်ဝင်ငွေ၏ ၃၀% သည်တာဘိုင်ငှားရမ်းသည့် လုပ်ငန်းမှ ရရှိခဲ့သည်။
.
Ming Yang နည်းဗျူဟာမှာ ကမ်းလွန်ရေနံ တာဘိုင်များကို ဦးတည်ရန်ဖြစ်သည်။ ကမ်းလွန်ရေနံလုပ်ငန်းတာဘိုင်၊ စွမ်းအင်သိုလှောင်ခြင်း၊ ဂရစ်နည်းပညာများနှင့် ဆက်စပ်အကျိုးပြုနိုင်ရန်ဖြစ်သည်။ ရည်မှန်းချက်မှာကမ်းလွန်ရေနံတွင်းများအတွက် Wind Turbine ဈေးကွက်တွင် ဦးဆောင်မှုရရှိရန်ဖြစ်သည်။ ၂၀၁၀တွင်အမေရိကန်စတော့ဈေးကွက်တွင် ကန်ဒေါ်လာသန်းပေါင်း ၃၅၀ဖြင့် စာရင်းသွင်းပြီးဖြစ်သည်။ ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၃၆၅သန်း၊
End...
.
မြန်မာနိုင်ငံနဲ့အဝေးကြီးပဲ ဆိုပေမဲ့၊ ဒိန်းမတ်လို လူဦးရေ၆သန်းလောက်ပဲရှိတဲ့နိုင်ငံ၊ တောင်ကိုးရီးယားလို နိုင်ငံများကလည်း လူသားအရင်းမြစ် ဦးစားပေးလို့ ထိတ်တန်းရောက်နေကြတာပါ။


Saturday, July 22, 2017

Robot စက်ရုပ်ပြိုင်ပွဲ. . အမေရိကန်ကို သွားပြိုင်တဲ့ မြန်မာအဖွဲ့ နိုင်ငံ၁၆၃ နိုင်ငံမှာ အဆင့်၆ ရ


Robot စက်ရုပ်ပြိုင်ပွဲ. . အမေရိကန်ကို သွားပြိုင်တဲ့ မြန်မာအဖွဲ့ နိုင်ငံ၁၆၃ နိုင်ငံမှာ အဆင့်၆ ရတယ်ဆိုတာ. . ဘာမှမရှိတဲ့ တို့မြန်မာကျောင်းသားများအတွက်. .အလွန်ဂုဏ်ယူဘွယ်ဖြစ်ပါတယ်။ ဒီအဖွဲ့ အကြောင်း မြန်မာ ကျောင်းတွေကို လိုက်ကြွားရမယ်လေ. . . မြန်မာ့ပညာရေး ၆နှစ်တာ ပြုပြင်ပြောင်းလဲမှု ရလာဒ်တစ်ခုပါ. . .။
.
VOA Interview...
မခွာညို။ ။ မြန်မာနိုင်ငံကနေ လာတာကတော့ ဒါ ပထမဆုံးဖြစ်မယ်နဲ့တူတယ်နော်။
.
ကိုကျော်ဇာဇော်။ ။ ဟုတ်ကဲ့။ စက်ရုပ်ပြိုင်ပွဲအနေနဲ့ကတော့ မြန်မာနိုင်ငံက ပထမဆုံးပါ။ စက်ရုပ်ပြိုင်ပွဲကြီးကလည်း တကမ္ဘာလုံးအနေအထားနဲ့ ပထမဆုံးပြိုင်ပွဲ ဖြစ်ပါတယ်။
.
.
မခွာညို။ ။ အဲဒီတော့ ဒီပြိုင်ပွဲမှာ လာပြိုင်ရတဲ့အတွက် ထူးခြားချက်က ဘယ်လိုရှိလဲ၊ အနာဂတ်လူငယ်တွေရဲ့ အလားအလာပေါ့နော် နောက် ဒီလို ပြိုင်ပွဲ ဝင်ဖို့ ဘယ်လို ဆက်သွယ်မိသလဲ။
.
ကိုကျော်ဇာဇော်။ ။ ဟုတ်ကဲ့၊ ကျနော်တို့ကို စပွန်ဆာပေးတာကတော့ USAID ရဲ့ Private Sector Development Activity ကနေပြီးတော့ စပွန်ဆာပေးပါတယ်ခင်ဗျ။ Nathan Associate ကနေပြီးတော့ အကုန်လုံး ကူညီထောက်ပံ့ပေးတာပါခင်ဗျ။
.
.
မခွာညို။ ။ အခု ပြိုင်ပွဲဝင်ဖို့ သတ်မှတ်ထားတဲ့အသက်က ၁၅ နှစ်ကနေ ၁၈ နှစ်အထိဆိုတော့ ၁၈ နှစ် မပြည့်တဲ့ ကျောင်းသူ ကျောင်းသားတွေအတွက်ရော ပတ်စ်ပို့တို့ ဘာတို့ အဆင်ပြေရဲ့လား။
.
ကိုကျော်ဇာဇော်။ ။ ဟုတ်ကဲ့၊ အဆင်ပြေပါတယ်ခင်ဗျ။ အကုန်လုံးက US Agency က စပွန်ဆာပေးထားတဲ့အတွက် ကျနော်တို့ J-1 ဗီဇာနဲ့ အကုန်လုံး အဆင်ပြေပါတယ်ခင်ဗျ။
.
.
မခွာညို။ ။ ပြိုင်ပွဲမှာရော ဆုရရင် ဘာဆုပေးမယ်လို့ ပြောထားလဲ။
.
ကိုကျော်ဇာဇော်။ ။ ဆုကတော့ ဆယ်မျိုးရှိပါတယ်ခင်ဗျ။ ပထမ ၊ ဒုတိယ၊ တတိယဆိုပြီးတော့ ခွဲခြားထားပါတယ်။ ပထမ - ဂိမ်းတဖွဲ့လုံးနိုင်တဲ့ ဆု တဆုရှိပြီးတော့ ဂိမ်းတပွဲမှာ ဘယ်နှစ်မှတ်ရလဲ၊ …. ပြီးတွက်တဲ့ ဆုတဆုလည်း ရှိပါတယ်။ ကျန်တဲ့ရှစ်ခုကတော့ အရည်သွေးပေါ်မှာ သူတို့ရဲ့ မေးခွန်းလေးတွေပေါ့။ မေးခွန်းတွေ၊ သူတို့ရဲ့ သတ်မှတ်ချက်တွေ - အဲလိုမျိုး အခြေခံ တွက်ချက်ပြီးတော့မှ ပေးတာပါခင်ဗျ။
.
.
မခွာညို။ ။ အခုလာပြိုင်တဲ့အဖွဲ့ဝင်တွေအကုန်လုံးက Mechatronic Engineer ကျောင်းသားတွေပဲလား။ တခြားဘာသာရပ်ကျောင်းသားတွေ လည်း ပါသေးသလား။
.
ကိုကျော်ဇာဇော်။ ။ မဟုတ်ဘူးခင်ဗျ ကျနော်တို့က နောက်ခံ background ကတော့ စုံပါတယ်ခင်ဗျ ကျနော်ဆိုရင် Private International School က အခုမှကျောင်းပြီးထားတာပါ။ မိန်းကလေးအဖွဲ့ဝင် ၂ ယောက်ကတော့ ကျောင်းသူ ၂ ဦးပါ။ မက္ကာထရောနစ် ကျောင်းသား၂ ယောက်ကတော့ YTU ကပါ။ တူရကီမှာ ကျောင်းသွားတက်တယ်၊ အခုပြန်ရောက်နေတဲ့ အသင်းဝင် member တယောက်တော့ ရှိပါတယ်ခင်ဗျ။ ကျောင်းသားဖြစ်ပြီး ဒီမှာ ကျနော်တို့ကို mentor အနေနဲ့ ကူညီဆောင်ရွက်ပေးနေတာကတော့ UCSY က နောက်ဆုံးနှစ်ပါခင်ဗျ။
.
SHARE THIS:
WhatsAppPrintMore
Indian students won Gold Medal
.
Singapore team bags silver medal in first global Robot Olympics for high school students
WASHINGTON - A team of four teenagers from Singapore's Anglo-Chinese School (Independent) have won a silver medal at the FIRST Global Challenge Robot Olympics in Washington DC.
The Singapore team comprises 17-year-old captain Isaac Lee (strategist and playmaker); 17-year-old Aron Choo (builder and driver), who is chairman-designate of the school's Robotics Club; and 15-year-olds Tan Hsien Rong (programmer) and Caven Chia (builder and driver).
.
.
Image. .
The students, who hail from Mumbai, won gold for Zhang Heng Engineering Design Award and bronze for Global Challenge Match at the international robotics challenge organised by FIRST Global in Washington, according to a statement.
Credit: Reuters
.
Washington: A group of seven Indian students has bagged two awards at the first global robotics Olympiad in the US where 157 countries participated.
The students, who hail from Mumbai, won gold for Zhang Heng Engineering Design Award and bronze for Global Challenge Match at the international robotics challenge organised by FIRST Global in Washington, according to a statement.
The Indian team was led by 15-year-old Rahesh, the youngest member of the group. Others were Aadiv Shah, tam spokesperson; Harsh Bhatt, alliance strategist; Vatsin, alliance analyst; Adhyyan, a robot tactician; Tejas, robot controller and Raghav, robot driver.
The three-day event capped weeks of tense moments for the all-girl team from Afghanistan, whose visas were denied twice by the State department. However due to a last-minute intervention by President Donald Trump, they were able to arrive over the weekend to participate in the competition.
“Absolutely thrilled that we were able to live up to our promise… We had a lot of fun at the FIRST Global Challenge 2017,” the group said on its Facebook page.
Mexico City will host the competition next year.
The Afghan team won the Rajaa Cherkaoui El Moursli award for courageous achievement. First Daughter Ivanka Trump met them at the competition venue in the morning.
“We are not terrorists. We are simple people with ideas. We need a chance to make our world better. This is our chance,” Alireza Mehraban, an Afghan software engineer who is the team’s mentor, was quoted as saying by the New York Times.
.
.
ANYONE KNOW ABOUT MYANMAR ROBOT TEAM?

 Kham Hay Marn
နိုင်ငံပေါင်း ၁၆၃ နိုင်ငံမှာ အဆင့် ၆ ရတယ်
media တော်တော်များများ မသိသလိုပဲ စိတ်ဝင်စားမှုမရှိဘူး
Miss ပွဲတွေမှာဆိုရင်တော့ အဲ့လိုမဟုတ်ဘူး
အကုန်အပြိုင်အဆိုင်တင်ကြလိမ့်မယ်(ဆုရရ မရရ)
US ရောက် မြန်မာနိုင်ငံသားတွေတော့
ကလေးတွေကိုအားပေးရှာတယ်
နည်းပညာမှာအရမ်းအားနည်းတယ်ဆိုရမယ့် နိုင်ငံ Mentor ကောင်းကောင်း အထောက်အပံ့ကောင်းကောင်းမရှိပေမယ့် အကောင်းဆုံးလုပ်ဆောင်သွားတယ်
တစ်ခြားASEAN နိုင်ငံတွေ ပြိုင်ပွဲမပြောနဲ့ exchange program တောင် သေချာ train ပြီးမှလွှတ်တာ……
အမှန်တော့ Youth empowerment Youth Opportunities အတွက် အဖွဲ့အစည်းကောင်းကောင်း
မြန်မာမှာလိုနေသေးတယ်……Congratulation!!!!
Team Myanmar #YouthRobotics #FirstGlobal
photo crd

Sunday, June 18, 2017

ရင်းနှီးမြုပ်နှံမှု ....မြန်မာနိုင်ငံလျှပ်စစ်ချေးငွေရှာခြင်းနှင့်ဗီယက်နမ် (Electricity & FDI) (၂၀၁၇)

ချက်​ချင်းဝုန်းကနဲ ဒိုင်းကနဲ မ​ပြောင်းလဲတာပဲရှိမယ်
တ​ဖြေး​ဖြေး ​ပြောင်းလဲလာတာတော့ ငြင်းမရဘူး...
နိုင်ငံခြားရင်းနှီးမြှပ်နှံမှု နှစ်လခွဲအတွင်း
ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဝင်ရောက်လာ
------------------------------------------------------------------------
အခုနှစ် ဘဏ္ဍာနှစ် ရဲ့ ဧပြီလမှ ဇွန်လ အထိ နှစ်လခွဲကာလအတွင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ကျော်ဝင်ရောက်ထားတယ်လို့ သိရပါတယ်။
ဒီကနေ့ ဇွန်လ ၁၇ ရက်မှာ ရန်ကုန်မြို့ မှာ
7Day TV နဲ့ ယူနိုက်တက်အမရဘဏ်တို့ပူးပေါင်း ကျင်းပတဲ့ “အစိုးရသစ်တစ်နှစ်အလွန်”ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေကို ဆွေးနွေးတဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှုး ဦးအောင်နိုင်ဦးက ပြော ကြားခဲ့တာပါ။
အခုနှစ် ဧပြီလ ကနေ ဇွန်လအထိ နှစ်လခွဲ ကာလအတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော်ဝင်ရောက်ထားပြီး ထပ်မံခွင့်ပြုဖို့ ၁ ဒသမ ၆ ဘီလီယံ ကျော် ကျန်နေသေးတယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။
အစိုးရသစ်သက်တမ်းရဲ့ ဒုတိယနှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားတယ်လို့လဲ ဦးအောင်နိုင်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ကျဆင်ခဲ့ရတာဟာ ကမ္ဘာ့ပေါ်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကျဆင်းနေတဲ့ ဂယက်ရိုက်ခတ်ခံရတာ ၊ မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲ ဖြစ်ပေါ်တာ ၊ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်ပြဌာန်းမှာကို စောင့်ဆိုင်းနေတာနဲ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကို မဖွဲ့စည်းနိုင်ခဲ့တာတွေကြောင့်လို့ ဦးအောင်နိုင်ဦးက သုံးသပ်ပြောကြားပါတယ်။
7Day TV နဲ့ ယူနိုက်တက်အမရဘဏ်တို့ ပူးပေါင်းကျင်းပတဲ့ “အစိုးရသစ်တစ်နှစ်အလွန်”ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေကို ဆွေးနွေးတဲ့ ဆွေးနွေးပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှုး ဦးအောင်နိုင်ဦး၊ ကုန်သည် /စက်မှု အသင်းချုပ် (UMFCCI ) ရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာမောင်မောင်လေးတို့က ပါဝင်ဆွေးနွေးခဲ့ကြ တာပါ။
Source - 7days

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပက Cooperation ကြီးတွေကို ပိုပြီးစွဲဆောင်မှုရှိအောင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်တရပ်ကို ၂၀၁၆ အောက်တိုဘာမှာ သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုးပြဌာန်းခဲ့ပါတယ်။ အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေအကောင်အထည်ဖော်နိုင်ဖို့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို မတ်လအတွင်း အပြီးသတ် ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်ထားပြီဖြစ်တယ်လို့ ရင်းနှီးမြုပ်နှံမှု နဲ့ ကုမ္ပဏီမှတ်ပုံတင်ရေးဆိုင်ရာ ညွှန်ကြားမှူးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောဆိုလိုက်ပါတယ်။ VOA အယ်ဒီတာဒေါ်ခင်စိုးဝင်း က ဦးအောင်နိုင်ဦး ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ ဒုတိယအပိုင်း။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်လာလို့ရှိရင် စိန်ခေါ်ချက်တွေ ရှိတာပေါ့။ အဲဒီစိန်ခေါ်ချက်တွေထဲမှာ အဓိကတော့ Infrastructure ပေါ့။ အခြေခံအဆောက်အအုံ အားနည်းချက်တွေရှိတယ်။ နောက်တခုက အိမ်ခြံမြေဈေးပေါ့။ Real Estate Market ကလည်း New York နဲ့ Paris လောက် ယှဉ်နိုင်တဲ့ အခြေအနေတောင် ရောက်နေတယ်ဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ Infrastructure နဲ့ ပတ်သက်ပြီး စိန်ခေါ်ချက်တွေ၊ အဟန့်အတားတွေ Obstacles တွေကို ဘယ်လို ကျော်လွှာနိုင်ပါမလဲရှင့်။
ဦးအောင်နိုင်ဦး ။ ။ လောလောဆယ်မှာ ကျနော်တို့ ဘာလုပ်နိုင်မလဲဆိုတော့ အရင်ရှိခဲ့တဲ့ Procedure တွေကို လျှော့ချလိုက်တယ်။ စက်မှုဇုန်မှာ စက်ရုံဆောက်ချင်တယ် ဘာမှ Approval မလုပ်တော့ဘူး။ ဟိုတယ်ဇုန်မှာ ဟိုတယ်ဆောက်ချင်တယ် ဘာမှ Approval မလုပ်တော့ဘူး။ အကယ်၍ စက်မှုဇုန်ပြင်ပ၊ ဟိုတယ်ဇုန်ပြင်ပ လုပ်ချင်တယ့် စီးပွားရေးလုပ်ငန်းဆိုရင် တိုင်းဒေသပြည်နယ်က သဘောတူလား။ လုပ်တော့။ ပြီးမှ Procedure သွားမယ်ဆိုပြီး ပြင်ထားတယ်။ ပြင်ထားခြင်းအားဖြင့် ကျနော်တို့က Procedure နဲ့ ပတ်သက်တဲ့ Constraint ပျောက်သွားမယ်။ တတိယအချက်က ဘာလုပ်လဲဆိုတော့ အရင်တုန်းက မြေဈေးတွေ ကြီးခဲ့တဲ့ကိစ္စက အဓိက Supply နဲ့ Demand ပြဿနာ။ မြန်မာနိုင်ငံမှာ ရန်ကုန်မှာဆိုရင် ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ စက်မှုဇုန် - စက်မှုဇုန်တွေက Limited supply ဖြစ်ပြီးတော့ Demand က တိုင်းပြည်ဖွင့်တဲ့အချိန်မှာ အများကြီးဖြစ်လိုက်တာမှ လူတွေကလဲ Demand တက်လာမယ်ဆိုတဲ့ Expectation နဲ့ ကိုယ်မှာ မြေရှိသော်လဲ ကိုင်ထားကြတယ်။ ကျနော်တို့က အခု ဘာလုပ်လဲဆိုတော့ ဒီအစိုးရလက်ထက်မှာ Supply နဲ့ Demand ကို Balance ဖြစ်အောင်ဆိုပြီးတော့ စက်မှုဇုန်အသစ်တွေ ဖော်ထုတ်ဖို့ ပြင်ဆင်တယ်။ စက်မှုဇုန်သစ် ဖော်ထုတ်မယ့်လုပ်ငန်းကိုလည်း Promo Sector ထဲမှာ ထည့်ထားတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အရင်တုန်းကတော့ စစ်အစိုးရလက်ထက် အဆက်ဆက်မှာဆိုရင် ရင်းနှီးမြုပ်နှံမှု လာမယ်ဆိုရင် Nepotism ခေါ်တဲ့ လက်သင့်ရာခေါ်တဲ့ခေတ်လည်း ရှိခဲ့တာပေါ့။ အခု ဒီခေတ်မှာကော ဒါမျိုးတွေ ရှိမှာမဟုတ်ဘူးလို့ ကျမ ယူဆပါတယ်။
ဦးအောင်နိုင်ဦး ။ ။ မှန်ပါတယ်။ ဒီဘက်မှာတော့ နံပတ် (၁) မျိုးရိုး Nepotism ဘာမှ မရှိတော့ပါဘူး။ ကျနော်တို့က Transparency အားကောင်းအောင်လုပ်တယ်။ Transparency အားကောင်းမှ Corruption ကျသွားအောင်လုပ်နိုင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်သမျှ MIC လုပ်တာကို တနိုင်ငံလုံး သိရမယ်။ တကမ္ဘာလုံး သိရမယ်။ ကျနော်တို့ Website တက်ကြည့်ရင် သိရမယ်။ MIC ဒီနေ့ ခွင့်ပြုတာနဲ့ Website ကို တင်လိုက်တယ်။ နောက်တခုက Transparency အားကောင်းအောင် Rules and Regulations အားလုံးကို အများပြည်သူသိအောင် လုပ်ပေးတယ်။ Proposal တင်ပြီးရင် ရက်ပေါင်း (၆၀) အတွင်းမှာ ပေးကိုပေးရမယ်။ မပေးဘူးဆိုရင် (၁၅) ရက်အတွင်း ငြင်းရမယ် စသဖြင့် ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့ - Confidence ဆိုလိုတာက ဘယ်သူကို ချဉ်းကပ်မှ၊ ဘယ်သူကိုပေးမှ ငါ့ဟာ ရမယ်ဆိုတာမျိုး လုံးဝမရှိအောင် လုပ်ထားတယ်။ အခုန Corruption က Procedure Complicated ဖြစ်တာနဲ့ သွားပြီး Link ဖြစ်တယ်။ Procedure Complicated ဖြစ်လေ၊ Corruption အားကောင်းလေ ဖြစ်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ တစ်စားပွဲကနေ တစ်စားပွဲ ဖြတ်ဖို့တောင် မလွယ်ခဲ့ဘူး။ အစိုးရအဆက်ဆက် ဖြစ်ခဲ့တာ။
ဦးအောင်နိုင်ဦး ။ ။ အဲဒါတွေက Negative consequences တွေ အများကြီးကြုံခဲ့ရပြီးပြီ။ အဲဒါကြောင့် ကျနော်တို့ရဲ့  ဥပဒေနဲ့ နည်းဥပဒေတွေမှာ Transparency အားကောင်းအောင် လုပ်နေတယ်။ -- ကို တတ်နိုင်သမျှ Clear ဖြစ်အောင်၊ လျှော့ချနိုင်အောင်လုပ်တယ်။ -- ကျနော်တို့ရဲ့  အဓိကရည်ရွယ်ချက်က ကုမ္ပဏီဥပဒေ နဲ့ ရင်းနှီးမြုပ်နှံမှု ဥပဒေတွေမှာ လတ်တလော အခြေအနေမှာ Ready မဖြစ်သေးဘူး။ ကျနော်တို့ရဲ့  ရည်မှန်းချက် Dream ကတော့ တချိန်မှာ အားလုံး Online သွားနိုင်အောင် MIC ကို လျှောက်ချင်လား။ လူလာစရာ မလိုဘူး။ Online ကိုသွား Access လုပ်ပြီးတော့ ပြောင်းနိုင်အောင် ဒါမျိုးတွေအထိ စဉ်းစားထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု လာလုပ်သူတွေကို ကျမ သိရသလောက်၊ လေ့လာရသလောက် (၅၀) လောက် ရှိတဲ့အထဲမှာ စင်္ကာပူက နံပတ်တစ်လောက် ဖြစ်နေတယ်။ အမေရိကန်ပြည်ထောင်စုဆိုရင် (၃၁) အဆင့်လောက်မှာ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှုတွေကို အားလုံးရုတ်သိမ်းပေးခဲ့ပြီးပါပြီ။ အဲဒီတော့ အမေရိကန်ပြည်ထောင်စုရဲ့  စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းတာနဲ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်တဲ့ အခြေအနေ Impact ဘယ်လိုများ ရိုက်ခတ်မှု ရှိပါလဲရှင့်။
ဦးအောင်နိုင်ဦး ။ ။ Sanction ရုတ်သိမ်းလိုက်တော့ နံပတ်တစ်က ငွေကြေးကဏ္ဍ အဆင်ပြေသွားတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက မြန်မာပြည်မှာ Investment လာလုပ်မယ်ဆိုရင် Sanction ရှိနေတော့ သူတို့ရဲ့  ဒေါ်လာ Transfer တွေက သိပ်ခက်တယ်။ လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ အများစုက စင်္ကာပူကို သွားရတယ်။ စင်္ကာပူမှာ ကုမ္ပဏီကို Establish လုပ်ရတယ်။ ပြီးမှ စင်္ကာပူ Investment အနေနဲ့ မြန်မာပြည်ကို ဝင်ရတယ်။ ဒါကြောင့်မို့ စင်္ကာပူက Top ဖြစ်နေတာ။ စင်္ကာပူ Investment တခုတည်း မဟုတ်ဘူး။ သူက Transit Investment တွေ၊ စင်္ကာပူကိုသွားပြီးမှ တခြားနိုင်ငံတွေက မြန်မာနိုင်ငံကိုဝင်တော့ Data ကြည့်လိုက်ရင်တော့ စင်္ကာပူ။ ဒီကုမ္ပဏီက ဘယ်ကလာလဲကြည့်လိုက်ရင်တော့ သူ့ရဲ့  Original ကို သိရတာပေါ့။ သူက Singapore Company Limited ဆိုရင် သူကို စင်္ကာပူ List ထဲမှာ ထည့်လိုက်ရတယ်။ သို့သော် သူက စင်္ကာပူရဲ့  Pure investment မဟုတ်ဘူး။ တခြားနိုင်ငံတွေ EU နိုင်ငံတွေရှိတယ်။ တခြားနိုင်ငံတွေရှိတယ်။ စင်္ကာပူက ဆင်းလာကြတယ်။ နှစ်အချက်က US Investors အများစုက တကယ်တော့ မြန်မာပြည် ကော်ပိုရေးရှင်းတွေ များပါတယ်။ သူတို့ မြန်မာပြည်ကို လာဖို့အတွက်လဲ Reporting threshold တွေ ဘာတို့ အများကြီးရှိခဲ့တယ်။ Sanction ကို Liberalized လုပ်ပေးသည်တိုင်အောင် ကျန်တဲ့ Constraint တွေ ရှိနေတယ်။ ရှိတာမို့ US Investors တွေက မြန်မာနိုင်ငံအတွင်းကို ချောချောမောမော လာမလုပ်နိုင်ဘူး။ အခု Sanction lift လုပ်သွားတဲ့အတွက် ကျန်တဲ့နိုင်ငံတွေအားလုံး အကျိုးရှိသွားတာကတော့ အခုနပြောတဲ့ ဒေါ်လာ Transition တွေ လျော့သွားတယ်။ ဒီအတွက် Investment အများကြီး အထောက်အကူ ဖြစ်သွားတယ်။ နံပတ်နှစ်ကတော့ US မှာရှိတဲ့ Investors တွေ မြန်မာနိုင်ငံကိုလာဖို့အတွက် လမ်းကြောင်းပွင့်သွားတယ်။ ကျနော်တို့ အနာဂတ်မှာ US investment တွေ Expect လုပ်လို့ရတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ AEC လို့ခေါ်တဲ့ Asean Economic Committee စီးပွားရေးအသိုင်းအဝိုင်းထဲမှာ မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်က စခဲ့တယ်လို့ ပြောရမှာပေါ့။ မြန်မာနိုင်ငံအနေနဲ့ ဒီ အာဆီယံစီးပွားရေး အသိုင်းအဝိုင်းထဲမှာ Integrated ထဲထဲဝင်ဝင် စိမ့်ဝင်သွားဖို့ အခြေအနေက ဘယ်လိုရှိပါလဲ။ အခုတော့ နောက်ကနေ လိုက်နေရတုန်း ထင်ပါတယ်။
ဦးအောင်နိုင်ဦး ။ ။ မှန်ပါတယ်။ ကျနော်တို့ကတော့ အာဆီယံ AEC ကို ပြောရရင်တော့ မြန်မာနိုင်ငံက Fully ready မဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ဆီမှာ လုပ်စရာလေးတွေ ရှိနေတုန်းပါ။ ဥပဒေဆိုင်ရာ ပြင်ဆင်ရမှာတွေ ရှိသေးတယ်။ လုပ်ထုံးလုပ်နည်းဆိုင်ရာတွေ ပြင်ဆင်ဖို့ ရှိသေးတယ်။ နောက် ကျနော်တို့ တိုင်းပြည်စီးပွားရေးကိုက အာဆီယံထဲ ဝင်လာဖို့က သိပ်ကြီးမားတဲ့ Economy မဟုတ်သေးဘူး။ ဒီအခက်အခဲလေးတွေ တိုင်းပြည်ထဲမှာ ရှိနေပါသေးတယ်။ သို့သော် ကျနော်တို့က AEC လို့ ပြောလိုက်ရင် သူက Trade, Investment, Services ဒီကဏ္ဍကြီး (၃) ခု ရှိတဲ့အပိုင်းမှာ ကျနော်တို့ Investment က AEC မှာ လွယ်လွယ်ကူကူ ဝင်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံရဲ့  မျှော်မှန်းချက်က အာဆီယံသည် Single Protection Place ဆိုပြီး အာဆီယံသည် တခုတည်းသော ထုတ်လုပ်မှုဒေသကြီးဖြစ်အောင် ရည်ရွယ်တဲ့အတွက်ကြောင့်မို့ Global Value Change ထဲမှာ မြန်မာနိုင်ငံက Law ယူမယ်။ ထိုင်းနိုင်ငံက … မလေးရှားက … စသဖြင့်လုပ်မယ်။ အဲဒီတော့ ဒီ Value change တခုလုံးကို အာဆီယံက စဉ်းစားပြီး Investment Law ရေးဆွဲလိုက်တဲ့အခါမှာ အားလုံးသတိထားမိမှာပါ အဲဒီအတွက်ကို မြန်မာနိုင်ငံ ဝင်သွားလို့ရအောင် ဘာလုပ်ထားလဲဆိုရင် မြန်မာနိုင်ငံကို လာပြီးလုပ်တဲ့ Investors တွေသည် Process လုပ်မယ်။ နိုင်ငံခြားကို 100% ပြန်ပို့မယ်ဆိုရင် စဝင်ကတည်းက Duty မကောက်ဘူး။ Duty မကောက်တဲ့အတွက်ကြောင့်မို့ တခြားနိုင်ငံတွေမှ မြန်မာနိုင်ငံက Law ကို ယူပြီးမှ တခြားနိုင်ငံကိုသွားတာဖြစ်ဖြစ်၊ အထူးသဖြင့် တခြားနိုင်ငံတွေက တပိုင်းတစ တပ်ဆင်လိုက်မယ် မြန်မာနိုင်ငံကိုပို့မယ်။ မြန်မာနိုင်ငံက လုပ်သားအင်အားပေါတဲ့အတွက်ကြောင့်မို့ မြန်မာနိုင်ငံမှာ Labor Intensive လုပ်ရမှာကို မြန်မာနိုင်ငံမှာလုပ်မယ်။ ပြီးရင် စင်္ကာပူကိုပို့မယ်။ ဒါမှမဟုတ် မလေးရှားပို့မယ်။ အင်ဒိုနီးရှားပို့မယ်။ အဲဒီလို ပို့တဲ့ဟာတွေမှာ Duty တွေ ကောက်နေမယ်ဆိုရင် သူတို့က မလာတော့ဘူး။ ဒါကြောင့် ကျနော်တို့ ဘာလုပ်လဲဆိုတော့ မြန်မာနိုင်ငံကိုလာမယ် Process လုပ်မယ်။ ပြန်ပို့မယ်ဆိုတဲ့ဟာတွေကို Duty မကောက်တော့ဘူး။ အဲဒီအတွက်ကြောင့်မို့ မြန်မာနိုင်ငံသည် AEC မှာပါဖို့အတွက်ကို ကိုယ့်ဥပဒေက ပြင်ဆင်ထားပြီသာ ဖြစ်သွားတယ်။ နောက်ဆက်တွဲ တိုင်းပြည်မှာ တိုင်းပြည်ရဲ့  အခြေခံကောင်းလေးတွေ ရှိထားပြီသား။ ဥပမာ တိုင်းပြည်သည် လုပ်သားအင်အားပေါတယ်။ ဒါကြောင့်မို့ လုပ်သားအင်အားပေါတာကို စိတ်ဝင်စားတဲ့ လုပ်ငန်း၊ ပုဂ္ဂိုလ်တွေသည် လုပ်သားအင်အားများတဲ့အတွက် သူများနိုင်ငံမှာ အလုပ်သမား ဆယ်ယောက်သုံးတဲ့အခါမှာ ဥပမာ ဒေါ်လာ ငါးရာကုန်မယ့်ကိစ္စ၊ မြန်မာနိုင်ငံမှာ လုပ်သား ဆယ်ယောက်သုံးရင် ဒေါ်လာသုံးရာလောက်နဲ့ ပြီးသွားနိုင်တယ်။ ဒီလိုမျိုးကိစ္စတွေမှာ ကျနော်တို့က မြန်မာနိုင်ငံက ရှိထားပြီသား။ ဒါကြောင့်မို့ ကျနော်တို့ Skills intensive ကို သွားချင်တာ။ နောက်တချက်က မြန်မာနိုင်ငံက Natural Resource ရှိတယ်။ စိတ်ဝင်စားသူတွေ မြန်မာနိုင်ငံကို လာနိုင်တယ်။ မြန်မာနိုင်ငံက (၅၄) သန်းလောက် ရှိတယ်ဆိုတော့ Market က ရှိပြီသား။ အဲဒီတော့ Market စိတ်ဝင်စားတဲ့ Investor တွေလည်း မြန်မာနိုင်ငံကို လာကြမယ်ပေါ့။ AEC ကို ပြန်ပြောလိုက်ရင် Investment အနေနဲ့ ဘာမှ အခက်အခဲ မရှိဘူး။ အလိုက်သင့် လိုက်သွားလို့ရတယ်။ သို့သော်လဲ Trade မှာ ကျနော်တို့က Impact ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အာဆီယံ Products တွေက မြန်မာနိုင်ငံကို Tariff Zero နဲ့ ဝင်လာတာ။ ကိုယ့် Local SMEs လေးတွေမှာ Competition များလာနိုင်တယ်။ နံပတ်နှစ်က Trade Deficit များလာနိုင်တယ်။ Trade နဲ့ ပတ်သက်တဲ့ Constraint လေးတွေ ရှိနိုင်တယ်။ Services ဒီလောက်ကြီး မရှိနိုင်ပါဘူး။ ကိုယ့်တိုင်းပြည်က Service Industry က သိပ်အားမကောင်းသေးဘူး။ သိပ်မကောင်းသေးတော့ Services နဲ့ ပတ်သက်လာရင် ကျနော်တို့ သိပ်အခက်အခဲ မရှိနိုင်ဘူး။ သို့သော်လဲ ကိုယ့်တိုင်းပြည်က ရှိနေတဲ့ ဥပမာ ဒေါက်တာ ဆရာဝန်တွေ၊ စာရင်းကိုင်တွေ၊ ရှေ့ နေတွေ ဒါမျိုးတွေမှာတော့ ကျနော်တို့က ဆက်ပြီးတော့ ကိုယ့်ကိုယ်ကို Competitive ဖြစ်အောင် လုပ်ရမယ့်ကိစ္စမျိုးတွေတော့ ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ဘယ်ကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုသည် မြန်မာနိုင်ငံအတွက် အကျိုးရှိဆုံး ဖြစ်မယ်လို့ သုံးသပ်လို့ ရပါလဲရှင့်။
ဦးအောင်နိုင်ဦး ။ ။ လတ်တလော အနေအထားကတော့ ကုန်ထုတ်လုပ်မှုကဏ္ဍ။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်သည် ကုန်ထုတ်လုပ်မှုကဏ္ဍမှာ များများလာမှ Export လည်း များများသွားနိုင်မယ်။ Export များများသွားနိုင်မှ တိုင်းပြည်က ခံစားနေရတဲ့ Trade Deposit ပျောက်သွားမယ်။ ဒါကြောင့်မို့ လတ်တလောမှာ ကျနော်တို့ Promo လုပ်နေတာက Manufacturing ကို Promo လုပ်တယ်။ Manufacturing အောက်ထဲမှာ ထပ်ပြီး Promo ပိုလုပ်တာက Labor Intensive ဥပမာ အထည်ချုပ်စက်ရုံတခု ထောင်လိုက်ရင် လူထောင်ကျော် အလုပ်အကိုင် အခွင့်အလမ်းရတယ်။ တဘက်မှာလဲ Export ကို တခြားနိုင်ငံကို များများသွားနိုင်တယ်။ နောက်တခုက Food processing မြန်မာနိုင်ငံမှာ လယ်ယာကဏ္ဍက Products တွေ အများကြီးထွက်တယ်။ သို့သော်လဲ Food Processing ပတ်သက်ပြီးတော့ ဟုတ်တိပတ်တိ Investment မရှိဘူး။ အဲဒီတော့ ကျနော်တို့က အကယ်လို့ မြန်မာနိုင်ငံက ကိုယ့်တိုင်းပြည်ရဲ့  ရှိနေတဲ့ အခွင့်အလမ်းတွေကို အသုံးချနိုင်ရင် ဒေသအတွင်းမှာ Food Supplier အနေနဲ့ ရပ်တည်လို့ရတယ်။ ကျနော်တို့မှာ တကမ္ဘာလုံးမှာ စိုက်လို့ရတဲ့ သီးနှံတွေ အများအပြား စိုက်လို့ရတယ်။ နောက်တခုက မြေလွတ်မြေရိုင်းက အများကြီးရှိသေးတယ်။ ရေသယံဇာတက ရှိသေးတယ်။ ဒါကြောင့်မို့ စိုက်ပျိုးရေးပတ်သက်တဲ့ အခြေခံကောင်းလေးတွေ ရှိပြီသားဖြစ်တယ်။ သို့သော်လဲ ကျနော်တို့ ပြဿနာက ဘာလဲဆိုတော့ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းထဲမှာပဲ ကျင်လည်ပြီးတော့ … ဟုတ်တိပတ်တိ Food processing ကို မလုပ်နိုင်ခဲ့ဘူး။ လယ်ယာကဏ္ဍကိုလည်း Promo မလုပ်နိုင်ခဲ့ဘူး။ အဲဒီတော့ အခုနပြောသွားတဲ့ တိုင်းပြည်မှာရှိပြီးသာ အခြေခံကောင်းကို အခြေခံပြီးမှ သီးနှံထုတ်လုပ်မယ်။ Process food တွေလုပ်မယ်။ Export လုပ်မယ်ပေါ့။ ဒါတွေကလဲ နိုင်ငံခြားသားတွေ စိတ်ဝင်စားတဲ့ လုပ်ငန်းတွေလည်း ဖြစ်တယ်။ အဲဒါကြောင့်မို့ Food processing သည် Manufacturing အောက်မှာ ဦးစားပေးပြီး သွားပါမယ်။ တတိယဦးစားပေးက ဘာလဲဆိုတော့ Value Added Industry ပေါ့။ မြန်မာနိုင်ငံက အရင်တုန်းကဆိုရင် သစ်တွေအလုံးလိုက် ပို့တယ်။ အခုတော့ ရပ်ထားတယ်။ အဲဒီလို ပို့မယ့်အစား အချောကိုင် ပို့လိုက်ရင် ကိုယ့်တိုင်းပြည်အတွက် အလုပ်အကိုင် အခွင့်အလမ်းလည်းပေါမယ်။ ပို့တဲ့ပစ္စည်းကလည်း Value Added ဖြစ်တဲ့အတွက်ကြောင့်မို့ Export တန်းဖိုးမှာ တိုင်းပြည်က ပို့ရတယ်ပေါ့။ ဒုတိယအပိုင်းပြောရင်တော့ Agriculture ပေါ့။ တတိယကတော့ Infrastructure . ဒါတွေက မဖြစ်မနေ လိုတာပေါ့။ ဒီဟာတွေအပြင် Education, Healthcare ကျန်းမာရေး နဲ့ ပညာရေးကဏ္ဍ ဒါတွေကလဲ Investment Promo လုပ်ဖို့ လိုတယ်ဆိုတော့ အခြေခံအားဖြင့် ကျနော်တို့ Promo လုပ်နေတာ ကဏ္ဍကြီး (၅) ခု - ကုန်ထုတ်လုပ်မှု၊ စက်ပျိုးရေးကဏ္ဍ၊ အခြေခံအဆောက်အအုံနဲ့ ပတ်သက်တာ၊ ပညာရေး၊ ကျန်းမာရေး တို့ကို လုပ်သွားဖို့ ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။



မြန်မာနိုင်ငံလျှပ်စစ်ချေးငွေရှာခြင်းနှင့်ဗီယက်နမ် (Electricity & FDI)
နိဒါန်း
image 1 အစီရင်ခံစာ၂ခု မျက်နှာဖုံးများ
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာသွားလာပြီး ချေးငွေရရှိရန်ကြိုးစားနေရပါတယ်။ ဇွန်လ ၁၅ရက်၊ ၂၀၁၇ မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ၀န်ကြီးဒေါ်နီလာကျော်၊ စည်ပင်ကော်မတီမှ ဒေါ်လှိုင်မော်ဦး အဖွဲ့ ဥရောပ ၆နိုင်ငံ ဘယ်လဂျီယံ။ ဂျာမဏီ၊ အီတလီ၊ စပိန်၊ ဆွီဒင် နဲ့ ချက်နိုင်ငံများကို လမ်းပမ်းဆက်သွယ်ရေး၊ စက်မှု၊ လျှပ်စစ်ပရိုဂျက်များစွာအတွက် နည်းပညာလေ့လာဖို့။ ချေးငွေရနိုင်ဖို့ နှစ်ပါတ်ခရီးစဉ် သွားရောက်သွားပါတယ်။ ငွေကြေးအကြပ်တည်းဖြစ်နေတဲ့ ဥရောပနိုင်ငံများထံမှ ချေးငွေ နဲ့ ရင်းနှီးမြှတ်နှံငွေ FDI ရဖို့ဆိုတာ အလွန်မလွယ်ပါ။ ဖြစ်နိုင်တာကတော့ သူတို့စက်ပစ္စည်း၊ နည်းပညာတွေကို အကြွေးရောင်းဖို့ပဲ ဖြစ်မှာပါ။ ဂျာမဏီနဲ့ဆွီဒင်ကတော့ တကယ်ကူညီကြမယ်လို့ မျော်လင့်ပါတယ်။
.
မြန်မာနိုင်ငံ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍမှာ ၂၀၁၆-၁၇ ဘတ်ဂျတ်ရဲ့ ၂၄% သုံးစွဲတယ်ဆိုတော့ အလွန်များပြားတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေ ဖြစ်ပါတယ်။ ဗီယက်နမ်က မြန်မာထက် အရင်လုပ်သွားကြတယ်။ ဒါကြောင့် လျှပ်စစ်ဓါတ်အားစက်ရုံတွေ ၀ယ်ဖို့ဆိုရင် မြန်မာတွေ ဗီယက်နမ်နိုင်ငံကို အရင်လေ့လာနေကြပါတယ်။
.
.
၂၀၁၅ အတွက် ဗီယက်နမ်နိုင်ငံအတွက် အစီရင်ခံစာ Report နှစ်ခု
အင်တာနက်မှာ အလွယ်တကူဒေါင်းလုပ်နိုင်ပြီး လေ့လာသုံးသပ်ပါမယ်။ နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI (Foreign Direct Investment) 2015 report by Switzerland IISD ချေးငွေမျာအခြေအနေနှင့် အစိုးရရှယ်ယာအများစုပိုင်တဲ့ အများပိုင်လျှပ်စစ်ကုမဏီကြီး Vietnam Electricity Corporation ရဲ့အစီရင်ခံစာတို့ကို မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် လေ့လာသုံးသပ်ပါမယ်။ မြန်မာနိုင်ငံက ဂျပန်၊ ဂျာမဏီ၊ အမေရိကန်၊ စင်္ကာပူနိုင်ငံများကို အားကျတယ်။ အဂတိအင်မတန် နည်းပါးတဲ့ ကမ္ဘာချမ်းသာတဲ့ နိုင်ငံတွေဖြစ်တယ်။ ဒီတော့ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ် (၃)နိုင်ငံကို ကြည့်တဲ့အခါ၊ ဗီယက်နမ်းကို ရွေးလိုက်ပါတယ်။ သမတဦးသိန်းစိန်အစိုးရကလဲ ဗီယက်နမ်ပဲ ရွေးခဲ့တယ်။ ဗီယက်နမ်ဆောက်တဲ့ မြန်မာပလာဇာကြီး ရန်ကုန်မြို့မှာ ၀ုန်းကနဲပေါ်လာတာ်။ မြန်မာနိုင်ငံထက် ၁၈နှစ်လောက် စောပြီး ပြုပြင်ပြောင်းလဲတဲ့ ကွန်မြူနစ်စနစ် ပြည်သူပိုင်ကနေ ပုဂလိကပိုင်ပြောင်းနေတဲ့ ဗီယက်နမ်ကို သုံးသပ်တာက ပိုပြီးသင့်လျှော်ပါတယ်။ ဒီတော့ ဗီယက်နမ်အစိုးရက နိုင်ငံခြားချေးငွေများနဲ့ လျှပ်စစ်ဓါတ်အားကို မြို့ပြ ၁၀၀% နဲ့ ကျေးလက်တောရွာ ၉၉%၊ တောင်တန်းတွေအပေါ်ထိ ပါဝါဂရစ်လိုင်းတွေ ရောက်နေတယ်။ လျှပ်စစ်ဈေးနှုန်းကလည်း တယူနစ် အမေရိကန်ဒေါ်လာ ၆-၁၂ ဆင့် (၇၀ကျပ် မှာ ၁၄၀ကျပ်) နဲ့ ဗို့အားအပြည့်ပေးနေပါတယ်။
.
ဗီယက်နမ်ဓါတ်အားပေးစက်ရုံများနဲ့ အချက်အလက်များကို စိတ်မ၀င်စားသူများ ကျော်ဖတ်ပါရန်။ အဆုံးသပ် FDI ရင်းနှီးမြှတ်နှံမှုကဏ္ဍ၊ အခန်းကို ဖတ်စေလိုပါတယ်။
.
.
မြန်မာနိုင်ငံလည်း ဗီယက်နမ်လိုပဲ
အမေရိကန်နဲ့ အဆင်ပြေအောင်လုပ်ရပါတယ်။ အမေရိကန် သမတကြီး ဗီယက်နမ်လာလည်တယ်၊ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးလိုက်တယ်။ မြန်မာနိုင်ငံကိုလည်း အမေရိကန်သမတအိုဘားမားလာတယ်၊ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံထက် ၁၈နှစ် စောပြီး ပြုပြင်ပြောင်းလဲခဲ့ပေမဲ့ ထင်သလောက် မတိုးတက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်ပြုပြင်ပြောင်းလဲရေးက ကျေးလက်ဒေသကို့ စိုက်ပျိုးမွေးမြူရေးကို ဦးစားပေးခြင်းကြောင့်ပါ။ မော်တော်ကားကို အလွန်ဈေးကြီးထားလို့ လူတွေ မော်တော်ဆိုင်ကယ်ပဲ စီးတာများပါတယ်။ ဒါကြောင့် ဗီယက်နမ်မှာ လစာနည်းပေမဲ့၊ ကုန်ဈေးနှုန်းမကြီးပါဘူး။ ကမ္ဘာ့ အပျော်ဆုံးနိုင်ငံသားဆု Happy Planet ဒုတိယရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ ဆင်းရဲမွဲတေပေမဲ့ အလှုဒါန်းဆုံးနိုင်ငံဆိုကို ရရှိခဲ့ပါတယ်။ ၂၀၁၆ တစ်ဦးချင်းဝင်ငွေမှာတော့ တရုပ်၊ ထိုင်းနိုင်ငံထက် အတော်နဲပေမဲ့ မြန်မာနိုင်ငံထက် ၂ဆလောက် မြင့်မားနေပါတယ်။
.
GDP per Capital US$ (Nominal) 2016
စင်ကာပူ $52888 US
မလေးရှား $9501
ထိုင်း $5742
အင်ဒိုနီးရှား $3362
ဖိလစ်ပိုင် $3002
ဗီယက်နမ် $2088
လာအို $1787
မြန်မာ $1212
ကမ္ဘောဒီယား $1114
တရုပ် $8141
အိန္နိယ $1604
.
ယခင်သမတဦးသိန်းစိန်လက်ထက်က ပြည်သူ့ဘဏ္ဍာငွေတွေသုံးပြီး၊ ဆီးဂိမ်းကြီးနဲ့ ပျော်ရွှင်ခဲ့ကြတယ်။ နောက်ဆုံး ပြည်တွင်းချေးငွေ ၂၀.၁% (ငွေစက္ကူများစွာရိုက်ထုတ်ခြင်း)၊ ပြည်ပချေးငွေ ၁၈% = ၃၈.၁% (စုစုပေါင်း ကျပ်ငွေ ၂၇၉၃၇၀ ဘီလျံ) ဖြင့် အာဏာလွှဲပေးသွားခဲ့ပါသည်။ ချေးငွေရာနှုန်းက ဂျီဒီပီရဲ့ ၃၈% ထက်ကျော်လျှင် ဒုက္ခရောက်နိုင်တယ် ဆိုတော့ ၃၈.၁% ဆိုတော့ အခြေအနေဆိုးနေပါပြီ။
.
.
.
၂၀၁၅ Vietnam Electricity Corporation ရဲ့အစီရင်ခံစာ
အစိုးရရှယ်ယာအများစုပိုင်တဲ့ (အစိုးရပိုင်) ဗီယက်နမ်လျှပ်စစ်ကော်ပိုရေးရှင်း EVN ရဲ့ ၀က်ဆိုဒ် www.ven.com.vn မှာ အင်္ဂလိပ်၊ ဗီယက်နမ် ၂ဘာသာနဲက ပွင့်လင်းမြင်သာစွာ တင်ပြထားပါတယ်။ ဓါတ်အားထုတ်လုပ်ရေး ၂၃ ခု ၊ ဖြန့်ဖြူးရေး ၉ခု တို့ကို ၁၀၀% ရှယ်ယာ၊ EVN ပိုင်ဆိုင်ပါတယ်။ လျှပ်စစ်ကုမဏီ ၈ခုကို တော့ ၅၀% ရှယ်ယာပါဝင်ပြီး၊ ကျန်တဲ့ ကုမဏီ၆ခုကိုတော့ ၅၀%ထက်နည်းပြီး ရှယ်ရာပါဝင်ပါတယ်။ ၂၀၁၄ မှာ လျှပ်စစ်ထုတ်နိုင်စွမ်း 34000 MW ထုတ်နိုင်ပြီး၊ Peak Load 22000 MW နဲ့ ယူနစ်စုစုပေါင်း 142 billion KWh ထုတ်လုပ်ပါတယ်။ မြို့ပြအားလုံး ၁၀၀% လျှပ်စစ်ရရှိပြီး၊ ကျေးလက် ၉၉%၊ တောင်ပေါ်ဒေသ ၉၇% တို့က EVN Power Grid ပါဝါဂရစ်လိုင်းနဲ့ ချိတ်ဆက်ထားပါတယ်။ မီးပျက်ရင် ၂နာရီအတွင်း ပြန်လာမယ်လို့ အာမခံထားပါတယ်။ လျှပ်စစ် မီတာလျှောက်ရင် Low Voltage below 6KV မြို့ပေါ်ဆို ၃ရက်နဲ့ လျှပ်စစ် အိမ်ပေါ်ရောက်လာပါတယ်။ ကျေးလက်ဆိုရင် ၅ရက်နဲ့ အိမ်ပေါ်လျှပ်စစ် ရောက်လာပါတယ်။ ကုမဏီကြီးတွေက သူတို့ပရိုဂျက်ကြီးတွေအတွက် လျှပ်စစ်လျှောက်ထားရင် Median Voltage 6KV - 22KV, High Voltage 22KV and above ဆိုရင် ၄၆ရက်နဲ့ လျှပ်စစ်ရောက်လာပါတယ်။
.
.
ဗီယက်နမ်လျှပ်စစ်ဈေးနှုန်းတွေ
သူတို့ဝက်ဆိုဒ်မှာ လူသုံး၊ လုပ်ငန်းသုံး၊ ဗို့အားအလိုက် အသေးစိတ်ရေးထားပါတယ်။
Voltage of below 6kV (2017 rate 1USD=VND22500)
Business
Customer group, Rate (VND/kWh)
Voltage of below 6kV
a) Standard hour, 2,320
b) Off-peak hour, 1,412
c) Peak hour, 3,991
Household
Retail price for household electricity Rate (VND/kWh)
For the next 50 kWh (1 – 50 kWh), 1,484 (US 6cents = 70 kyats)
For the next 50 kWh (51 – 100 kWh), 1,533
For the next 100 kWh (101 – 200 kWh), 1,786
For the next 100 kWh (201 – 300 kWh), 2,242
For the next 100 kWh (301 – 400 kWh), 2,503
For the next kWh (401 kWh onwards), 2,587 (US 11cents =143 kyats)
Ref: http://en.evn.com.vn/c3/gioi-thieu-l/Annual-Report-6-13.aspx
မြန်မာနိုင်ငံနယ်စပ်တွေမှာ လျှပ်စစ်ကို တယူနစ် ကျပ်၃၀၀ ကနေ ၆၀၀၊ ၇၀၀ ထိအောင်ပေးသုံးနေရတာလဲ စိတ်မကောင်းစရာပါ။ ယာယီအဖြစ် တရုပ်၊ လာအို၊ အိန္နိယ၊ ထိုင်း နိုင်ငံများကနေ လျှပ်စစ်ဝယ်သုံးခြင်းကို အမြန်ဆုံးအကောင်ထည်ဖော်နေပါတယ်။
.
.
.
ဗီယက်နမ်လျှပ်စစ်ထုတ်လုပ်မှုနဲ့ EVN ပိုင်ဆိုင်မှု
EVN ၂၀၁၅ မှာ်၂၀၁၅ မှာ 20539 MW ထုတ်လုပ်ပါတယ်။ ဗီယက်နမ်တနိုင်ငံလုံး ထုတ်လုပ်မျှရဲ့ ၆၁%ဖြစ်ပါတယ်။ ကျန်တဲ့လျှပ်စစ်တွေကိုတော့ ဗီယက်နမ်ရေနံ PVN 12.99%,Vinacomin 4.37%, ပြည်တွင်းကုမဏီများ 13.98%, နိုင်ငံခြာရင်းနှီးမြှတ်နှံကုမဏီများ 8.39% နဲ့ စုစုပေါင်း 34080 MW ထုတ်ခဲ့ပါတယ်။ လျှပ်စစ်ထုတ်လုပ်နည်းတွေကတော့ ရေအား 15,702 MW (46.07%), ကျောက်မီးသွေး 9,759 MW (28.64%), သဘာဝဓါတ်ငွေ 7,354 MW (21.58%), လောင်စာဆီ 1,154 MW (3.39%), လေအား 109 MW (0.32%) စုစုပေါင်း ထုတ်လုပ်နိုင်စွမ်း 34080 MW ရှိပါတယ်။ (စကားချပ်။ မြန်မာနိုင်ငံက ထုတ်လုပ်စွမ်းအား 3500 MW ပဲရှိတော့ ၁၀ဆ ကွာခြားပါတယ်)။ See Image p18.
.
. image 2 ဗီယက်နမ်နိုင်ငံ လျှပ်စစ်အချက်အလက် ဂရပ်ပုံများ
.
EVN & JSC အုပ်စု (အစိုးရ) ထုတ်လုပ်မှု
 ၁။ ရေအားလျှပ်စစ် စုစုပေါင်း 20539 MW မှာ 2400MW တစ်ခု၊ 1920 MW ဓါတ်အားရုံတစ်ခု၊ 720 MW တစ်ခု နဲ့ စုစုပေါင်း ၃၀ ခု ရှိပါတယ်။
၂။ ကျောက်မီးသွေးလျှပ်စစ် စုစုပေါင်း 9759 MW မှာ 1244 MW ဓါတ်အားရုံတစ်ခု၊ 600 MW ခြောက်ခု နဲ့ စုစုပေါင်း ၁၂ခု ရှိပါတယ်။
၃။ သဘာဝဓါတ်ငွေလျှပ်စစ် စုစုပေါင်း 7354 MW မှာ 1109 MW ဓါတ်အားရုံတစ်ခု၊ 893 MW တစ်ခု နဲ့ စုစုပေါင်း ၆ခု ရှိပါတယ်။
၎။ လောင်စာဆီသုံးလျှပ်စစ် စုစုပေါင်း 1154 MW မှာ 528MW ဓါတ်အားစက်ရုံ ၃ခု ရှိပါတယ်။
.
.
ပုဂ္ဂလိက ဘီအိုတီနဲ့ အိုင်ပီပီ (BOT & IPP)
၁။ ရေအားလျှပ်စစ် 4913 MW ကို ဓါတ်အားစက်ရုံပေါင်း ၄၂ခု ရှိပါတယ်။
၂။ ရေနွေးငွေဘွိုင်လာ Thermal နည်းလမ်းနဲ့ 4267 MW ကို ဓါတ်အားစက်ရုံပေါင်း ၁၄ခု ရှိပါတယ်။
၃။ သဘာဝဓါတ်ငွေလျှပ်စစ် 4241 MW ကို ဓါတ်အားစက်ရုံပေါင်း ၇ခု ရှိပါတယ်။
၎။ လေအားလျှပ်စစ် 109 MW ကို လေအားတာဘိုင်စက် ၈ခု နဲ့ ထုတ်လုပ်နေပါတယ်။
.
.
ဗီယက်နမ်လျှပ်စစ်ဖြန့်ဖြူးရေး
Power Transmitting / distribution တွေမှာလည်း အရင်းနှီးအရမ်းကြီးပါတယ်။ ဗီယက်နမ်တနိုင်ငံလုံး 500KV, 220KV, 110KV မဟာဓါတ်အားလိုင်းကြီးတွေ ကီလိုမီတာ ၅၆၄၂၆ (ငါးသောင်းကျော်) တည်ဆောက်ထားပြီး၊ ဓါတ်အားခွဲရုံ Substation ပေါင်း ၁၀၆ခု ဆောက်ထားပါတယ်။
.
..............................500KV ...........220KV ............110KV
ဓါတ်ကြိုးအရှည်(km) ... 6755 ..........12512............... 42
ထရန်စဖွန်မာ (no) ........ 40 ................162 .............. 63
ထရန်စဖွန်မာ (mVA) .. 21900 .........30726 .......... 3175
ဓါတ်အားသုံးမဲ့ မြို့ရွာတွေရောက်တော့ 35KVA ကနေ Lov Volt 220V အထိ ထရန်စဖွန်မာများ၊ ဓါတ်အားလိုင်းများစွာ တပ်ဆင်ထားပါတယ်။
.
လျှပ်စစ်ကဏ္ဍ တိုးတက်နှုန်း
၂၀၁၄ မှာ ဗီယက်နမ်ရဲ့ ဂျီဒီပီက ၅.၉၈% တိုးတက်တော့ လျှပ်စစ်ကဏ္ဍ တိုးတက်နှုန်းက ဂျီဒီပီနှုန်းထက် မြင့်ရပါတယ်။ ၁၁.၄၁% တိုးတက်ပြီး၊ လျှပ်စစ်ယူနစ် 12843 billion Kwh တိုးတက်ခဲ့ပါတယ်။ လျှပ်စစ်ဓါတ်အား ဆုံးရှုံးမှုက အလွန်အရေးကြီးလို့ နည်းမျိုးစုံနဲ့ ကာကွယ်ရပါတယ်။ Power Saving Program 2.23% ချွေတာနိုင်ပါတယ်။ လျှပ်စစ်ကဏ္ဍဟာ အဆက်မပျက် တိုးတက်နေရမှာ ဖြစ်လို့ ရင်းနှီးမြှတ်နှံမှုတွေ များစွာ ဆောက်လုပ်နေရပါတယ်။ (စကားချပ်။ မြန်မာနိုင်ငံတွင် အခမဲ့သုံးသော ဌာန၊ လုပ်ငန်းများ၊ ခိုးယူသွယ်တန်းခြင်း၊ နားလည်မှုနှင့် သုံးစွဲခြင်းအပြင် ယိုယွင်းနေသော ဓါတ်ကြိုး၊ ဓါတ်အားစက်ရုံများကြောင့် လွန်ခဲ့သော ၅နှစ်က ၃၀% အထက် Lost ပါဝါဆုံးရှုံးတယ်ပါတယ်။ အခုတော်တော် ကာကွယ်နိုင်လာပါပြီ)။
.
.
တိုးတက်သောနိုင်ငံများ လျှပ်စစ်ပိုသုံးနိုင်ခြင်း။
အဂတိနည်းပါးနိုင်ငံများ တိုးတက်ပြီး လျှပ်စစ်များများသုံးနိုင်ကြပါတယ်။ အောက်က ဇယားကိုကြည့်ရင် အဂတိအကင်းဆုံး စင်ကာပူ (ရမှတ် ၈၄%) က လျှပ်စစ်အသုံးများဆုံး ဖြစ်သလို၊ မြန်မာနဲ့ကမ္ဘောဒီယားက ဒေသတွင်းမှာ အဂတိအများဆုံးနဲ့ လျှပ်စစ်မသုံးစွဲနိုင်ဆုံ (ဆင်းရဲမွဲတေဆုံး) ဖြစ်နေပါတယ်။ ဗီယက်နမ်၊ အိန္နိယ နိုင်ငံများက ကတော့ အဂတိပိုနည်းလာပြီး၊ လျှပ်စစ်လဲ ပိုသုံးလာတာ တွေ့ရပါတယ်။ အားငယ်စရာမရှိပါ။ လျှပ်စစ် ပရိုဂျက်ကြီးတွေမှာ အဂတိနည်းအောင် နိုင်ငံတော်အစိုးရက လုပ်နေပါတယ်။
.
၅နှစ်အတွင်း အဂတိရမှတ် ...........လျှပ်စစ်တဦးချင်း ......FDI Received
ပြောင်းလဲပုံ(2012-16) ..............unit / year 2016 ...2015USD b$
စင်ကာပူ 87-84(ဂုဏ်ထူးမှတ် top 10) ..... 8160 .......... 981
မလေးရှား 46-49(၃မှတ်တက်) ............... 4231 .......... 166
တရုပ် 39-40(မထူးခြား) ........................ 4310 ......... 1727
ထိုင်း 37-35(၂မှတ်ကျဆင်း) ................... 2404 .......... .218
ဗီယက်နမ် 31-33(၂မှတ်တက်) ............... 1312 ........... 100
အိန္နိယ 36-40(၄မှတ် များစွာတိုးတက်) ...... 768 ............ 297
အင်ဒိုနီးရှား 32-37(၅မှတ်တက်) .............. 754 ............ 279
ဖိလစ်ပိုင် 34-35(၁မှတ်တက်) .................. 643 ............ 58
လာအို 21-30(၉မှတ်တက်) ..................... 555 ............. 15
မြန်မာ 15-26(၁၁မှတ်တက်။ best) ...... ... 193 .............. 71
ကမ္ဘောဒီးယား 22-21(၁မှတ်ကျဆင်း) ........ 256 ............ 29
* အဂတိရမှတ် : Transparency Intl,
 * လျှပ်စစ်သုံးစွဲမှု : Wiki,
 * FDI data: CIA. Facts /Myanmar http://www.dica.gov.mm
မြန်မာနိုင်ငံအစိုးရသစ်တက်လာချိန် အဂတိအညွန်း နည်းပါးလာတာ တွေ့ရပါတယ်။
.
.
လက်ရှိ ဗီယက်နမ်လျှပ်စစ် ပရိုဂျက်ကြီးတွေအတွက် ရင်းနှီးမြှတ်နှံမှုတွေ အမြောက်အများသုံးစွဲနေပါတယ်။ အဂတိလိုက်စားမှုတွေ အနည်းဆုံးနဲ့ အမြောက်အများ တည်ဆောက်နေပါတယ်။ ၂၀၂၀၊ ၂၀၂၆ တွေမှာပြီးစီးမဲ့ မဂ္ဂါဝပ်ထောင်၊ သောင်း ပရိုဂျက်အမြောက်အများရှိပါတယ်။ လူသားအရင်းအမြစ်အဖြစ် မန်နေဂျာများ၊ ပညာရှင်များကို ပညာတော်သင်များ၊ ပညာချွန်ဆုများစွာ EVN က လွတ်နေပါတယ်။ အနာဂါတ်အတွက် လျှပ်စစ်ဓါတ်အားစက်ရုံဟာ ညူကရီယာဓါတ်အားစက်ရုံပဲ ဖြစ်လို့ ညူကလီယာပညာတော်သင်ပေါင်း ၂၇၀ ကို ရုရှား၊ ပြင်သစ်၊ တောင်ကိုးရီးယားတွေကို ပို့ထားပါတယ်။
.
EVN ငွေစာရင်းရှင်းတမ်း ၂၀၁၄
အများပိုင်ကုမဏီ ဖြစ်တဲ့အတွက် ငွေစာရင်းကို ၀က်ဆိုဒ်ပေါ်မှာ တင်ထားပါတယ်။ ၂၀၁၃ ခုနှစ်မှာ ၀င်ငွေ 177,850,281 millions of VDN (US$ 7,839 million) ရရှိပြီး၊ ပြန်ဆပ်ရမဲ့ချေးငွေ 359,750,008 millions of VDN ရှိပေမဲ့ အမြတ်ငွေ 9,370,730 millions of VND (US$ 8739 million) ရပါတယ်။ ၂၀၁၄ ခုနှစ်မှာ ၀င်ငွေ 202,648,668 millions of VDN (US$8932 million) ရရှိပြီး၊ ပြန်ဆပ်ရမဲ့ချေးငွေ 407,119,886 millions of VDN ရှိပြီး အမြတ်ငွေက 4,245,493 millions of VND (US$ 187 million) ရှိပါတယ်။ ဒေါ်လာဘီလျှံများစွာ ချေးငွေနဲ့လည်ပတ်နေတဲ့ ဗီယက်နမ်အစိုးရ အများပိုင်လျှပ်စစ်ကုမဏီကြီး EVN က နှစ်စဉ် ဒေါ်လာသန်းပေါင်း ရာချီပြီး အမြတ်အစွန်းပြနေတဲ့အတွက်ေီယက်နမ်အစိုးရ မဆိုးဘူးလို့ပဲ ပြောရပါတယ်။ အစိုးရပိုင်ကို အများပိုင်အဖြစ် ဗီယက်နမ်စတော့ဈေးကွက်မှာ အောင်မြင်စွာပြောင်းလဲနိုင်ခြင်းက အဂတိနဲ့လာပ်စားမှုတွေကို တိုက်ဖြတ်ခြင်း တစ်လမ်းပါပဲ။ 2015 EVN report p36.
.
.
(စကားချပ်။ မြန်မာနိုင်ငံမှာ ၂၀၁၄ လျှပ်စစ်ထုတ်နိုင်စွမ်း 4573 MW ကို ဓါတ်အားစက်ရုံပေါင်း ၃၀ကျော်နဲ့ ထုတ်လုပ်နေပါတယ်)။
.
image 3 မြန်မာနိုင်ငံလျှပ်စစ်ဓါတ်အားစက်ရုံများမြေပုံ
.
ဗီယက်နမ်နိုင်ငံကို ကူညိပေးတဲ့နိုင်ငံများ..။
၂၀၁၄-၁၅ ခုနှစ်မှာ FDI ကန်ဒေါ်လာ ၁.၆၇ ဘီလျှံ ၀င်လာပါတယ်။ ကမ္ဘာ့ ဘဏ် World Bank ဒေါ်လာ ၇၀၀ သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB ဒေါ်လာ ၅၅၀ သန်း၊ ဂျပန် JICA နဲ့ ဂျာမဏီ KfW တွေပဲ အများဆုံး ပံ့ပိုးပေးကြပါတယ်။
၂၀၁၄-၂၀၁၆ ကူညီ၊ ချေးငွေပေးတဲ့ တိုးတက်တဲ့နိုင်ငံအစိုးရများကို International cooperation activities လို့ ရေးထားပါတယ်။ အဲဒီနိုင်ငံများထံက ချေးငွေ ကန်ဒေါ်လာဘီလျံပေါင်း များစွာ ရရှိခဲ့ပါတယ်။ ဂျပန် JICA သန်းပေါင်း ၄၅၄၇ (၄.၅ဘီလျံ)၊ အမေရိကန် World Bank ၃၉၁၆သန်း၊ ဂျပန်အာရှဘဏ် ADB ၃၄၃၁သန်း၊ တောင်ကိုးရီးယား ၅၁၀သန်း။ ဂျာမန် KFW ၅၁၆သန်း၊ ပြင်သစ် ၃၃၃သန်း၊ ဆွီဒင် ၁၃၀သန်း၊ တို့ဖြစ်ပါတယ်။ ကျန်တဲ့ ဥရောပနိုင်ငံ အစိုးရများက အကူညီချေးငွေ ဒေါ်လာသန်းဆယ်ဂဏန်းလောက်ပဲ ချေးပေးပါတယ်။ တရုပ်အစိုးရက ဒေါ်လာသန်း၈၀ ချေးပေးပါတယ်။ ဒီဇယားကို ကြည့်ရင် ဘယ်နိုင်ငံအစိုးရမှာ ငွေပိုငွေလျှံ ရှိသလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ (EVN 2015 Report, p-33)
Image 4 ဗီယက်နမ်နိုင်ငံကို ပူးပေါင်းလုပ်ကိုင်နိုင်ငံများဇယား
.
.
.
နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI report by Switzerland IISD ၂၀၁၅
ဗီယက်နမ်အစိုးရက ပြည်ပရင်းနှီးမြှတ်နှံမှု FDI ကို နိုင်ငံတကာရောက်နေတဲ့ ဗီယက်နမ်လူမျိုးများကို သုံးပါတယ်။ သူ့ထက်အရင် တိုးတက်သွားတဲ့ တောင်ကိုးရီးယား၊ စင်ကာပူ၊ တရုပ် နိုင်ငံများရဲ့ နည်းလမ်းကိုသုံးရတာပါပဲ။ ပထမဆုံး မိမိနိုင်ငံက ဆက်သွယ်ရေး (မိုဘိုင်းဖုန်း၊အင်တာနက်) ၊ လမ်းတံတားများ၊ လျှပ်စစ် စတဲ့ အခြေခံအဆောက်အဦများကို ကောင်းအောင် FDI ရင်းနှီးမြှတ်နှံငွေနဲ့ အရင်တည်ဆောက်ရပါတယ်။ အခြေခံအဆောက်အဦတွေ ခိုင်မာအောင် လုပ်ရင်း၊ နိုင်ငံကို အဂတိနည်းသထက် နည်းအောင်၊ အစိုးရ၀န်ထမ်းများကို ကိုင်တွယ်ရပါတယ်။
.
ဗီယက်နမ် FDI ဥပဒေက ၁၉၈၈ ကတည်းက ပြဌာန်းပေမဲ့ ၊ ၂၀၀၅ ခုနှစ်ဥပဒေနောက်ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှတ်နှံမှုတွေ အမြောက်အများ ရောက်လာပါတယ်။ ၂၀၁၄ ခုနှစ်အထို စုစုပေါင်း ကန်ဒေါ်လာ ၂၅၃ ဘီလျံဒေါ်လာ ရရှိထားပြီ ဖြစ်ပါတယ်။ ဥပဒေအရ ရင်းနှီးမြှတ်နှံငွေ၊ လုပ်ငန်းများက စိတ်ချရပါတယ်။ လျှပ်စစ်ဈေးနှုန်း၊ မြေငှားခဈေးနှုန်းများ သင့်တင့်ရပါမယ်။ ရင်းနှီးမြှတ်နှံသူတွေ စိတ်မပျက်၊ လုပ်ငန်းနှောက်နှေးမှုမရှိ ရအောင် အဂတိနည်းပါးရပါမယ်။ အခြေခံ အဆောက်အဦများဖြစ်တဲ့ ဆက်သွယ်ရေးမိုဘိုင်း၊ တယ်လီဖုန်းစနစ်၊ လမ်းတံတား၊ လျှပ်စစ်မီး တို့ တည်ငြိမ်၊ ကောင်းမွန်ဖို့ လိုပါတယ်။ ဗီယက်နမ်က ရေနံ၊ ဓါတ်ငွေ ထွက်လို့ စွမ်းအင်ဈေးချိုခြင်းက နိုင်ငံခြားရင်းနှီးမြှတ်နှံသူတွေကို မဆွဲဆောင်ပါဘူး။
.
.
Skill Workers ကျွမ်းကျင်လုပ်သား
အဓိက အလိုအပ်ဆုံး အရာကတော့ ကျွမ်းကျင်လုပ်သား Skill Workers ဖြစ်ပါတယ်။ ဗီယက်နမ်မှာ ရင်းနှီးမြှတ်နှံသူများရဲ့ အခက်ခဲကြီးကတော့ ကျွမ်းကျင်လုပ်သား နည်းပါးခြင်းဖြစ်ပါတယ်။ သက်မွေးပညာ၊ စက်မှုလက်မှု ကျောင်းကောင်းများစွာ လိုအပ်နေဆဲ ဖြစ်ပါတယ်။
.
ဒီ ကျွမ်းကျင်လုပ်သား Skill Workers အခက်ခဲကို ဖြေရှင်းဖို့ သက်မွေးပညာသင်ကျောင်းများကို အစိုးရက ရင်းနှီးမြှတ်နှံရပါမယ်။ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံက သက်မွေးတက္ကသိုလ် ဘွဲရ၊ ရိုးရိုးဘွဲ့ရ၊ သက်မွေးဒီပလိုမာ၊ ဆာတီဖီကိတ် လက်မှတ်ရသူများဟာ အရည်အချင်း၊ မမှီဘူးလို့ပဲ ပြောရပါမယ်။ ၄နှစ်သင်ပြီး ပေါ့ပေါ့ပါးပါး နဲ့ ဘွဲ့ရလာပြီး၊ တော်တတ်သူအများစုဟာ လစာကောင်းတဲ့ နိုင်ငံခြားဈေးကွက်ကို ရောက်သွားပါတယ်။
.
ကုန်ကြမ်းပစ္စည်း၊ စက်အပိုပစ္စည်း ရနိုင်မှု၊ ဈေးနှုန်းအလွန်မကြီးခြင်း ဖြစ်ဖို့ အသေးစားနဲ့အလတ်စား SME Small & Median Enterprices တွေများများ၊ ပံ့ပိုးပေးဖို့လိုပါတယ်။ Supply Issue နဲ့ Price Issue တွေကို ဖြေရှင်းပေးရပါမယ်။
.
Image 5, Image 6 ဗိယက်နမ်နိုင်ငံ FDI နိုင်ငံ၊ လုပ်ငန်းအမျိုးအစား ဇယား
.
နိဂုံး သုံးသပ်ချက်။
ဒါကြောင့် ဗီယက်နမ်ကို လာရောက်ရင်းနှီးသူတဲ့ ကုမဏီများမှာ ၅၄% အများစုဟာ ကုန်ထုတ်လုပ်ငန်း Manufacturing စက်ရုံအလုပ်ရုံတွေ လုပ်ကိုင်ကြပါတယ်။ ဒုတိယ ၂၀% ကတော့ အိမ်ခြံမြေဖြစ်ပါတယ်။ တတိယကတော့ ဟိုတယ်ခရီးသွား၊ ဆောက်လုပ်ရေးလုပ်ငန်း နဲ့ လျှပ်စစ်ကဏ္ဍ တို့မှာ ၄% စီနဲ့ရင်းနှီးမြှတ်နှံကြပါတယ်။ See Table 2.
.
လာရောက်ရင်းနှီးမြှတ်နှံသူတွေကို ကြည့်ရင် ဂျပန်ကုမဏီပေါင်း ၂၃၈၁ ခုက ရင်းနှီးမြှုတ်နှံမှုအားလုံးရဲ့ ၁၄.၉%၊ US$36.20 billions, တောင်ကိုးရီးယား၊ စင်ကာပူ၊ တိုင်ဝမ် ဒီ ၄နိုင်ငံက ကုမဏီပေါင်း ၁သောင်းလောက်က ရင်းနှီးမြှတ်နှံငွေအားလုံးရဲ့ ၅၃% လာရောက်ရင်းနှီးကြပါတယ်။ ဥရောပ ကုမဏီများကို မတွေ့ရပါဘူး။ ထိတ်တန်း ၁၀နိုင်ငံမှာ အမေရိကန်နဲ့ဗြိတိလျှဘာဂျင်အိုင်းလင်း ၂နိုင်ငံကလွဲလို့ ကျန်တဲ့၈နိုင်ငံက အာရှနိုင်ငံချည်း ဖြစ်ပါတယ်။ See Table 3.
.
ဗီယက်နမ် FDI အချက်အလက်ကို ကြည့်ခြင်းအားဖြင့် ဂျပန်ကုမဏီတွေပဲ အများဆုံး လာရောက်ရင်းနှီးနိုင်တယ်ဆိုတာ သေချာပေါက်ဖြစ်ပါတယ်။ စီမံကိန်းကြီးတွေ သူတို့ပဲဆောက်၊ သူတို့ပဲ နှစ်၃၀ ထိန်းသိမ်းတာပဲ အကောင်းဆုံးပါ။ မြန်မာအစိုးရအဖို့ ရင်းနှီးမြှတ်နှံမှု ရုံးခွဲတွေကို ဂျပန်နဲ့ အဲဒီနိုင်ငံတွေမှာ ရုံးဖွင့်ပြီူး၊ မြန်မာလူငယ်တွေကို အလုပ်ခန့်ထား၊ ရုံးထိုင်ထားရပါတယ်။ ပညာသင်ရင်း၊ အလုပ်လုပ်ရင်း မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမဲ့ ကုမဏီတွေကို ဆွဲဆောင်ရမယ် ဖြစ်ပါတယ်။ နိုင်ငံကြီးတွေကို သွားရောက်လေ့လာခြင်းကတော့ အစိုးရဆီက ချေးငွေရမှာဖြစ်ပါတယ်။ ဥရောပ နိုင်ငံကြီးတွေဆီက ရတဲ့ ချေးငွေတွေက International cooperation activities အရဆိုရင် World Bank, ADB, JICA, KfW တွေက အဆများစွာ ပိုပြီးရတာကို တွေ့ရပါတယ်။ ဗီယက်နမ် နဲ့ အဲဒီနိုင်ငံကြီးက စက်ရုံကြီးတွေကို ဈေးကြီးကြီးနဲ့ရောင်းတာတွေကို အားနာနာနဲ့ လက်မှတ်ထိုး၊ ၀ယ်မလာမိဖို့လဲ အလွန်အရေးကြီးပါတယ်။
.
နောက်ဆုံး ဂုဏ်ယူစရာကတော့ မြန်မာ FDI ကို CIA Facts မှာ ထည့်မထားသေးပါဘူး။ မြန်မာအစိုးရက ကျေငြာမှာ သိရမှာဖြစ်လို့ အင်တာနက်မှာ ရှာကြည့်တယ်။ DIRECTORATE OF INVESTMANT AND COMPANY ADMINISTRATION ၀က်ဆိုဒ် http://www.dica.gov.mm/en/topic/foreign-investment-country လင့်မှာ မြန်မာ FDI May-2017 ကိုတွေ့ပါတယ်။ မြန်မာလျှပ်စစ်စွမ်းအင် ၀က်ဆိုဒ် http://www.moep.gov.mm ကတော့ အချက်လက်တွေ မရှိသေးပါဘူး။ DICA အချက်အလက်အရ စုစုပေါင်း ကန်ဒေါ်လာ ၇၁ဘီလျှံ ရှိပြီး ၂၀၁၅-၁၆ မှာ ၆.၆ဘီလျံရှိပါတယ်။ အလုပ်ကိုင်ပေးနိုင်တဲ့ ကုန်ထုတ်လုပ်ငန်း Manufacturing ကဏ္ဍကို ဒေါ်လာဘီလျံနဲ့ချီပြီး ရင်းနှီးမြှတ်နှံနေကြပြီဖြစ်ပါတယ်။ မကြာခင်၊ နိုင်ငံသားတွေအတွက် အလုပ်အကိုင်ပေါလာပါစေ ပဲ ဆုတောင်းနေရပါတယ်။
.
ဇော်အောင်(မုံရွာ)
၁၇.ဇွန်.၂၀၁၇
.
Image 7 မြန်မာနိုင်ငံ FDI ရင်းနှီးမြှတ်နှံသောနိုင်ငံများ ဇယား
.
ကိုးကားချက်။
 ၁။ ၂၀၁၅ Vietnam Electricity Corporation ရဲ့အစီရင်ခံစာ
 http://en.evn.com.vn/d6/news/Annual-Report-2015-6-13-81.aspx

 ၂။ ၂၀၁၅ နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI report by Switzerland IISD
 https://www.iisd.org/GSI/sites/default/files/ffs_vietnam_fdi.pdf

.
၃။ မြန်မာနိုင်ငံ FDI
http://www.dica.gov.mm/

   image 1


   Image 2


   Image 3


    Image 4


    Image 5


   Image 6



   Image 7
.
.

မြန်မာနိုင်ငံ ရင်းနှီးမြှတ်နှံမှု ၀က်ဆိုဒ် www.dica.gov.mm June2017 အချက်အလက်များအရ ရင်းနှီးမြှတ်နှံမှုအခြေအနေမှာ (USD Millions Dollar)
2004-05 .. 7751
2005-06 .. 6065  (Thai 6034)
2006-07 ..   719  (China 281)
2007-08 ..   205  (India 139)
2008-09 ..   984  (China 855)
2009-10 ..   329  (Malay 237)
2010-11 ..19998 (China 8269, HK 5798, ROK 2676, Thai 2146)
2011-12 ... 4644  (China 4345)
2012-13 ..  1419
2013-14 ..  4100 (China 1091, Malay 616, Sg 230, Thai 529, UK 156, Viet 142)
2014-15 ..  9482 (China 511, HK 625, India 208, ROK 299, Sg 4297, Thai 156, Viet 142)
2015-16 ..  6649 (China257, HK224,  India 224, Jpn 219, Malay 257, ROK 128, sg 4246,
                         Thai 236, Viet 432)
2016-17 ..   923 (Natherland 518)  for two months....
Total (1988 - 2017) ... 71,274 Millions