Credit Ko Myo Zaw (SME ကုမ္မဏီများအတွက်)
NEP ( National Electrification Project ) တွေအတွက် Distribution Line များပြေးဆွဲခြင်း
ကျနော် ( သို့မဟုတ် ) တောကြိုအုံကြား လိုင်းသမား
လျှပ်စစ်တပ်ဆင် လုပ်ငန်းတွေ ထဲမှာ ကျနော် အထူးတလည်စိတ်ဝင်စားပြီး လေ့လာ လုပ်ကိုင်ဖြစ်သော လုပ်ငန်းအချို့ထဲမှာ TRANSMISSION & DISTRIBUTION အပိုင်းကလည်း လုပ်ငန်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ကိုယ်တိုင်လည်း COMPANY ဝန်ထမ်းအနေဖြစ် ( ပြင်ပ IPP PROJECTS) တွေအနေနဲ့ 230 kV အဆင့် TRANSMISSION LINE များ ၊ TOWER များ ကို ကိုတိုင်တာဝန်ယူ တည်ဆောက်ဖူးသလို ၊ 33 kV အဆင့် TRANSMISSION LINE ( မိုင် ) များစွာကို လေ့လာတည်ဆောက်ဖူးပါတယ်။
ဒီနေရာမှာ ကျနော် ကြုံတွေ့လုပ်ကိုင်ဖူးသော အခြေခံအချက်များမှာ သက်ဆိုင်ရာ ( လမ်းအူကြောင်း )သွယ်တန်းလမ်းကြောင်းအတွက် LINE ROUTE ရှာခြင်း ( LINE ROUTE SURVEY ) ၊ မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်များ ကို သက်ဆိုင်ရာ တိုင်းထွာပစ္စည်းများဖြစ် တိုင်းတာခြင်း ၊ မြစ်ကူး ချောင်းကူး အချက်အလက်များ ( အကျယ် / အကွာအဝေး ) ၊ လမ်းကျော် တောင်ပေါ် စသည့်အခြေအနေများအလိုက် GPS POINT များထောက်ခြင်း မှတ်သားခြင်း ၊ သက်ဆိုင်ရာ POINT အလိုက် GOOLE MAP တွင် နေရာချခြင်း ၊ လိုင်း အကောက်အကွေ့နည်းစေရန် ပြန်စီစစ်ခြင်း ၊ လိုအပ်လျှင် လမ်းကြောင်း ပြန်ပြောင်းခြင်းများ ကို ( ကြိမ်ဖန်များစွာ ) ပြုလုပ်ရပါသည်။
.
ဒီနေရာမှာ နောက်ဆုံးအနေဖြစ် LINE TABULATION များကို ပြုစုခြင်း ၊ LINE PROFILE များကို သက်ဆိုင်ရာ ဌာနအသီးသီးမှာ တွက်ချက်ပါသည်။ ဒီနေရာမှာ ( ကျနော် အနေနဲ့ စိတ်ဝင်တစားလေ့လာဖြစ်တာက )
• လိုင်းမိုင် အရှည်က ဘယ်လောက်လဲ ( KM)
• လိုင်းပေါ်မှာသုံးဆွဲမယ့် ( POWER ) ကဘယ်လောက်လဲ ( KW/ MW)
• လိုင်းကြိုးဆိုက် ( SIZE ) ကဘယ်လောက်လဲ ( ဆွဲအား/တင်းအား/လျှပ်စီး ခံနိုင်ဝန် )
• ဓာတ်တိုင် ( SIZE ) ကဘယ်လောက်လဲ
• ဓာတ်တိုင် နှစ်တိုင်ကြား အကွာအဝေးက ( SPAN ) ကဘယ်လောက်လဲ
• ကြိုးတင်းအား ဘယ်လောက်လဲ / ဓာတ်တိုင်ခံနိုင်ဝန်
• GROUND CLEARANCE ( မြေပြင်ကင်းလွတ်အမြင့် )
• SAG ဘယ်လောက်ရှိနိုင်မလဲ
• LINE FITTING များရဲ့ SIZE များ ( ခံနိုင်ဝန်များ )
• CROSS ARM / BRACING နဲ့ AERIAL AERTH အတွက် DESIGN များ
• မြစ်ကျော် / ချောင်းကျော် များအတွက် SPAN နဲ့ တိုင် အသုံးပြုရန်များ
ပုံမှန်တွေ့မြင်နေကျ မြို့တွင်း မြေပြန့်ကဒေသတွေက Transmission & Distribution Line တွေလို မဟုတ်ဘဲတောအတွင်းမှာ လယ်ကွင်းပြင်၊လျို တွေ ၊တောတောင်တွေကို ဖြတ်သန်းပြီး ( TRANSMISSION & DISTRIBUTION ) ဓါတ်အားလိုင်း တွေကို တည်ဆောက်လုပ်ကိုင်ရင်း လေ့လာကြုံတွေ့ရတာတွေပါ။
မြို့ပြလိုမြေပြန့်မဟုတ်ဘဲ အနိမ့်အမြင့်ဖြစ်နေတဲ့တောတောင်တွေကို ဖြတ်သန်း ရရင် ဓါတ်အားလိုင်း တွေက မြေပြန့်လို ( SUSPENSION ) တိုင်တွေထက် ကြိုးတင်းအား၊ ဆွဲအားကို ပိုအသုံးပြုရတဲ့ ( TENSION ) တိုင်တွေက မြေပြင် အနိမ့်အမြင့်အခြေအနေအရ ပိုမိုများပြားလာမှာဖြစ်ပါတယ်။
ဒီအချိန်မှာ ကျွန်တော်တို့ ဂရုတစိုက် လုပ်ကိုင်ရတာက
၁။ ဓာတ်တိုင်တွေရဲ့ မြေဝင်အနက်
တောင်ပေါ်ဒေသ၊လျှိုတွေမှာ မြေပြင် အနိမ့်အမြင့်၊ကမ်းပါးစောင်း ပေါ်မူတည်ပြီးဓာတ်တိုင်တွေရဲ့ မြေဝင်အနက်တွေကတသတ်မှတ်ထဲမဟုတ်ဘဲ ကွာခြားနိုင်ပါတယ်။ကျောက်မြေ၊သာမန်မြေ ပေါ်မူတည်ပြီးမြေဝင်အနက်တွေ ကွာခြားနိုင်ပါတယ်၊တချို့နေရာတွေဆိုရင် ( UPLIFTED)ဖြစ်နေတာတွေ ( ဓာတ်တိုင်ထိပ်နဲ့ ကြိုးလွတ်နေတာတွေ၊ဓာတ်တိုင်တွေရဲ့မြေအဝင်နည်းမှုကြောင့် တိုင်ကလိုအပ်သော ကြံ့ခိုင်မှုမရဘဲ တိမ်းစောင်းနေတာတွေဖြစ်နိုင်ပါတယ်။
၂။ ဓာတ်တိုင်အမျိုးအစားအလိုက် စိုက်ထူခြင်း
စနစ်ကျသေသပ်သော ဓာတ်အားလိုင်းက အရပ်အခေါ် ( လိုင်းပေါက်တည့်ရန် ) လိုအပ်ပါတယ်။သဘောကတော့ လိုင်းထိပ်ကနေ လိုင်းအဆုံးထိ ဓာတ်တိုင်များတညီတညာတည်း ဖြောင့်တန်းရန်လိုအပ်ခြင်း POLE ALIGNMENT ၊ဓာတ်တိုင်အချင်းချင်းကြား အကွာအဝေး ( SPAN ) ညီညာရန်လိုအပ်ချင်း၊ သတ်မှတ် GROUND CLEARANCE အတိုင်းကြိုးဆွဲတပ်ဆင်ထားခြင်းတို့ကို လိုအပ်ပါတယ်။ဒီလိုအခြေအနေက မြေပြန့်လိုင်းတွေမှာ လွယ်ကူစွာ စိုက်ထူ/ကြိုးဆွဲလို့ရပေမယ့် ၊ အနိမ့်အမြင့် ( LEVEL DIFFERENCE ) ရှိသော ၊ အကွေ့အကောက်ရှိသော နေရာ၊တောင်ပေါ် တောင်အောက် ၊ မြစ်ကျော် ချောင်းကျော် တွေမှာ ဓာတ်အားလိုင်းတွေ ပြေးဆွဲတပ်ဆင်ရရင်ဖြစ် အထက်ဖော်ပြပါ လိုင်းပေါက်တဲ့ ဖို့က အတော့်ကို မလွယ်ကူသော ကိစ္စတစ်ခုပါ။ ဒီနေရာမှာ နေရာဒေသပေါ်မူတည်ပြီး ( ဓာတ်တိုင်အမျိုးအစားအလိုက် ) SINGLE POLE သုံးရမလား၊ H POLE သုံးရမလား ၊ DOUBLE H POLE သုံးရမလား TRI POLE သုံးရမလား၊ 4 POLE သုံးရမလား၊ ဒီလိုတိုင်အမျိုးအစားတွေကို သက်ဆိုင်ရာ လိုင်း ထောင့်ချိုးအလိုက် ( TURNING ANGLE ) အရ မှန်ကန်စွာ ရွေးချယ်တပ်ဆင်ရမှာပါ။ ဒီနေရာမှာ ဓာတ်အားလိုင်းက ကြိုးတင်းအားမလိုဘဲ ဆွဲထားရုံသက်သက်
• SUSPENSION တိုင်လို ( 180 DEGREE ) တဖြောင့်တည်းဆို SINGLE POLE လိုမျိုး ၊
• လိုင်းအချိုးအကွေ့က ( 60 DEGREE အထိ ) အချိုးဆို TRI POLE ၊
• လိုင်းအချိုးအကွေ့က ( 90 DEGREE အထိ ) အချိုးဆို FOUR POLE ၊မြစ်ကူးချောင်းကူး ၊ အနိမ့်အမြင့် ပြောင်းလဲရင် ဓာတ်တိုင်အမျိုးအစားအလိုက် လိုအပ်သလို စိုက်ထူရမှာဖြစ်ပါတယ်။
• ( ဒီအခြေအနေပေါ် မူတည်ပြီး ( SURVEY RESULT အရ ) LINE ပစ္စည်းစာရင်းများ ကွာခြားနိုင်ပါတယ် )
၃။ တိုင်ဆိုင်းကြိုးများ ( STAY WIRE / GUY WIRE )
ဒီလို ( H POLE / TRI POLE / FOUR POLE ) လို အချိုးအကွေ့တိုင်တေ ကွို TENSION တိုင်တွေလို့ခေါ်ပြီး ဒီ TENSION တိုင်တွေမှာ တိုင်ဆွဲအားပေါ်မူတည်ပြီး သက်ဆိုင်ရာ ဆိုင်းကြိုးတွေကို တပ်ဆင်ပေးရမှာဖြစ်ပါတယ်။ အခြေခံအားဖြစ် တိုင်ဆိုင်းကြိုးကို ( TENSION ) တိုင်တွေအပြင်
• လိုင်းအဆုံးနေရာများ ( DEAD END TERMINALS )
• လိုင်းထောင့်စွန်းနေရာများ ( CORNORS )
• လိုင်းထောင့်ချိုးနေရာများ ( ANGLES)
• လိုင်းခွဲရန်နေရာများ ( BRANCHES/FEEDERS )
• မီးရထားသံလမ်းကူးများ ( RAIL CROSSING )
• ဖြတ်တိုင်နေရာများ ( INTERVAL IN LINES) နေရာတွေမှာတပ်ဆင်ရပါတယ်။
၎။ ဓာတ်ကြိုးလျော့အိမှု ( SAG )
ဓာတ်တိုင်အချင်းချင်း ကြား အကွာအဝေး SPAN ရှည်လွန်းရင် ဖြစ်စေ၊ ဓာတ်တိုင် အခန်းများကြား ဓာတ်ကြိုး ဆွဲတင်းအား ( TENSION ) လျော့နေလျှင်သော်၎င်း ဓာတ်တိုင်အချင်းချင်း ကြားအနိမ့်အမြင့် ( ELEVATION ) မညီရင်ဖြစ်စေ ဓာတ်ကြိုးလျော့အိမှုဖြစ်နိုင်ပါတယ်၊လွန်ကဲသောဓာတ်ကြိုးလျော့အိမှုကတဆင့် မြေပြင်ပေါ်မှာ သွားလာနေသော သက်ရှိများကို ( လျှပ်စစ်စီးကူးခြင်း၊ညို့ဝင်ခြင်းကတဆင့် ) အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ဒီလိုဘဲ လျှပ်စစ်ဓာတ်ကြိုးများနဲ့ သစ်ပင် သစ်ကိုင်းမလွတ်ရင် LINE FAULT ဖြစ် များဖြစ်ပေါ်ခြင်းနဲ့ အဆိုးရွားဆုံးဖြစ်ရပ်တွေမှာ ဒီ LINE FAULT ကတဆင့် တောမီးလောင်ခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီနေရာမှာ ဓာတ်ကြိုး နဲ့ မြေပြင်ကြား ဗို့အားအဆင့်အလိုက် အနည်းဆုံးလိုအပ်သော GROUND CLEARANCE အကွာအဝေးတွေကို ကြိုတင်သိရှိထားရမှာဖြစ်ပါတယ်။ဒီ GROUND CLEARANCE နေရာမှာ က လမ်းကိုဖြတ်ရင်၊လမ်းကိုကျော်ရင်၊လမ်းနဲ့ယှဉ်ပြိုင်နေရင်ဆိုပြီး GROUND CLEARANCE အကွာအဝေးတွေက ကွာခြားနိုင်ပါတယ်။
၅။မိုးကြိုးလွှဲ ( OVER HEAD EARTH WIRE / AERIAL EARTH WIRE )
လယ်ကွင်း၊ကွင်းပြင် ၊တောင်ပေါ်တွေမှာ ဖြတ်ဆွဲထားသော လျှပ်စစ် ဓာတ်အားပေးလိုင်း အတွင်းသို့ မိုးကြိုးပစ်ခြင်း/ဝင်ရောက်ခြင်းကို ကာကွယ်နိုင်ရန်အတွက် ဓာတ်တိုင်တို့၏ထိပ် တလျှောက် တွင် မြေစိုက်ကြိုးအနေဖြစ် OH EARTH WIRE ကိုတပ်ဆင်သွယ်တန်းပေးရသည်။ OH EARTH WIRE ကို GOOD GROUNDING RESISTANCE အမြဲရရှိနိုင်စေရန် တမိုင်လျှင် EARTH ROD ငါးနေရာခန့် နေရာခွဲခြား ရိုက်ကာ ထို EARTH RODနှင့် OH EARTH WIRE ကို ဆက်သွယ်ပေးရမည် ဖြစ်သည်။ OH EARTH WIRE သည် တပ်ဆင်ထားသော ကြိုး အောက် တဖက်တချက် 45 DEGREE AREA အတွင်းရှိနေသော လျှပ်စစ်ဓာတ်ကြိုးကို မိုးကြိုးပစ်ခြင်းမှ အကာအကွယ်ပေးနိုင်ပါသည်။ထို့ကြောင့် လုံလောက် မှန်ကန်သော မိုးကြိုးအကာအကွယ်ပြု ဧရိယာအတွင်း ( လျှပ်စစ်ဓာတ်ကြိုးများ ) ရောက်ရှိနေစေရင် သက်ဆိုင်ရာ CROSS ARM များ POST INSULATOR ကြွေသီးများကို မိုးကြိုးအကာအကွယ်ပြု ဧရိယာ ( 45 DEGREE ) အတွင်းကျရောက်တည်ရှိနေအောင်တပ်ဆင်ရမည်ဖြစ်သည်။ ထို့အတူ သီးခြား LINE to LINE , LINE to EARTH CLEARANCE များဖြစ်သော ကြွေသီး ( INSULATOR ) အချင်း ချင်းကြား အကွာအဝေး၊ ကြွေသီး ( INSULATOR ) နဲ့ CROSS ARM ကြားအကွာအဝေးတို့ကို သေချာစနစ်တကျ တပ်ဆင်ခဲ့ရပါတယ်။
၆။ FIRE WAY / SAFETY CLEARANCE
တော တောင်အတွင်း တပ်ဆင်ပြီးစီးသွားသော TRANSMISSION လိုင်းများအား တပ်ဆင်လိုင်း ၏ ဘယ်/ညာ ဧရိယာ့အား သတ်မှတ် အကွာအဝေးအတိုင်း မီးတားနယ်မြေအဖြစ် တောခုတ်ရှင်းလင်းရမည်ဖြစ်သည်။ ဉပမာ။ ။ 33 KV TRANSMISSION ဆိုလျှင် ၁၅ ပေ ပတ်လည် ရှင်းလင်းရန်လိုအပ်ပြီး၊ ဓာတ်တိုင်ဘေးပတ်ဝန်းကျင် တွင် မိုးဒဏ် လေဒဏ်ကြောင့်လဲနိုင်သော အပင်ကြီးရှိပါက ၎င်းအပင်ကြီးများကို လိုင်းကြိုးမတင်ခင် ကြိုတင်ရှင်းလင်းခုတ်ထွင်ရမည်ဖြစ်သည်။
ဟုတ်ကဲ့ ခင်ဗျာ တချို့ ကိစ္စလေးတွေက လုပ်ငန်းပမာဏအရ သေးငယ်ပေမယ့် ၊ ဂရုတစိုက်လုပ်ကိုင်ရချင်း စနစ်တကျလေ့လာသင်ယူမှုကိုတော့ ဘယ်လုပ်ငန်းကိုမဆို ဝိရိယစိုက်ထုတ်လုပ်ကိုင်ရပါတယ်။လိုအပ်ချက်တွေများစွာရှိနေသေးလို့ ဆက်လက်လေ့လာလုပ်ကိုင်ရဦးမည် ဖြစ်ပါကြောင်းပါခင်ဗျာ။
ဆရာ့ ဦးတင်မောင်ထွန်း ၏ မှတ်ချက် ( comment ) ကို ကျေးဇူးအထူးပြု၍ လေ့လာသူများအတွက် ပြန်ထည့်ပေးလိုက်ပါတယ် ခင်ဗျာ။
........'''''.ရှေးခေတ်က Tension မှာ disc တချပ်ပိုထည့်လေ့ရှိတယ် ၊ ဘာလို့လဲ ၊ suspension ထက် လဲရတာခက်လို့ ၊ တချပ်ကွဲရုံနဲ့ ချက်ချင်းမလဲပဲ ၊ မီးပေးထားပြီး ၊ plan shutdown ကျမှ အေးအေးဆေးဆေး ကြိုတင်ပြင်ဆင်ပြီးလဲတယ် ၊ အခုလူငယ်တွေ ဒီအမြင်မျိုးရှိစေချင်တယ် ။ """"
MyoZaw
.
Link fb
https://m.facebook.com/story.php?story_fbid=10156241923488472&id=755653471
Labels
Engr.Elect
(47)
စီးပွားရေး Business
(43)
Politic နိုင်ငံအရေး
(32)
Engr-Civil
(25)
လျှပ်စစ်ဓါတ်အား
(23)
Good Attitude
(20)
Professional Engr PE
(20)
လယ်ယာစိုက်ပျိုးရေး
(15)
ဥပဒေများ
(15)
ဒေါ်အောင်ဆန်းစုကြည်
(11)
Engr-Mech
(10)
Singapore Info
(10)
စညိပင်နှင့်ThirdParty
(10)
Technical.Education
(9)
Edu-Health.ပညာရေး
(8)
တာဝါတိုင်.tower
(7)
အိမ်ခြံလယ်မြေ
(6)
World Politic ကမ္ဘာ့ နိုင်ငံရေး
(5)
စက်မှုဇုံများ
(5)
ဆီးချို၊သွေးတိုး၊နှလုံး
(4)
သင်္ဘောအင်ဂျင်နီယာ
(2)
Cartoon
(1)
ရသ
(1)
Showing posts with label လျှပ်စစ်ဓါတ်အား. Show all posts
Showing posts with label လျှပ်စစ်ဓါတ်အား. Show all posts
Friday, December 21, 2018
Sunday, October 21, 2018
ညူကလီယာ လျှပ်စစ် နဲ့ မြန်မာပညာရှင် (၂၀၁၂ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ)
2012 ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာများ နယူးယောက်မှာ တွေ့ဆုံစဉ် ပြောပြချက်ဖြစ်ပါတယ်။
.
ကျွန်တော့်နာမည် ဦးဇင်ထွန်းပါ။ ၁၉၈၅ခုနှစ် ကနေဒါမှာ Ph.D. ပြီးကတည်းက ရူပဗေဒ ပညာရှင်အဖြစ် လုပ်ဆောင်ခဲ့တာ နှစ်၃၀ ကျော်ပါပြီ။ ကနေဒါ အစိုးရရဲ့ National Research Council မှာ အလုပ်လုပ် နေပါတယ်။ သို့သော် ယခု ပြောမဲ့စကားက ကနေဒါအစိုးရ၊ သို့မဟုတ် အဖွဲ့အစည်း တခုခုကို ကိုယ်စား မပြုပါ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးဘို့ လျှပ်စစ်စွမ်းအင်လိုအပ်တယ်ဆိုတာအားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့် nuclearလျှပ်စစ်ကို အမြန်ဆုံးအကောင်အထည်ဖေါ်သင့်တယ်လို့ မြင်ပါတယ်။ နည်းမှန်လမ်းမှန်လုပ်ရင် ၁၀နှစ်အတွင်းဓါတ်အားစတင်ရရှိသင့်ပါတယ်။ တောင်ကိုရီးယားမှာ ၈နှစ်နဲ့ရအောင်လုပ်ခဲ့တာကိုသာဓကအဖြစ်မြင်နိုင်ပါတယ်။
အခု ၂၁ရာစုမှာဓါတ်ပေါင်းဖိုအပါအဝင် nuclearလျှပ်စစ်ထုတ်စက်ရုံတခုလုံးကိုရောင်းမဲ့ကုမ္ပဏီတွေရှိနေပြီဖြစ်တဲ့အတွက်မြန်မာနိုင်ငံအနေနဲ့ ဘယ်သူ့ထံကဘယ်လိုအမျိုးအစားဓါတ်ပေါင်းဖိုကိုဝယ်မယ်ဆိုတာသာဆုံးဖြတ်ဖို့လိုပါတယ်။ ရောင်းသူက ဝယ်သူရဲ့နိုင်ငံသားအလုပ်သမားများနဲ့ ပညာရှင်များကို on-site training ပေးတဲ့အတွက် ဓါတ်ပေါင်းဖိုဆိုင်ရာ နည်းပညာကိုပါဝယ်ပြီးသားဖြစ်ပါလိမ့်မယ်။
၁၀နှစ်စီမံကိန်းရဲ့ပထမခြေလှမ်းအနေနဲ့လုပ်ရမဲ့လုပ်ရပ်များကိုအချက် ၄ချက်နဲ့ပြောပါမယ်။
နံပါတ် ၁။ ပြည်တွင်းပြည်ပ ပညာရှင်များနဲ့ အဖွဲ့ဝင် ၁၀ ဦးလောက်ပါတဲ့ ကော်မတီ တခုဖွဲ့ပါ။
နံပါတ် ၂။ ပထမ ၂နှစ်အတွင်း ကော်မတီရဲ့တာဝန်က nuclear ဓါတ်ပေါင်းဖိုအမျိုးအစားနဲ့ ဘယ်သူ့ထံကဝယ်မယ်၊ ရောင်းသူပေးတဲ့ရင်းနှီိးငွေကို ဘယ်လို အရစ်ကျပြန်ဆပ်မယ် စသည်တို့ကိုပြတဲ့လမ်းညွှန် (road map) ဆွဲဘို့ဖြစ်ပါတယ်။
နံပါတ် ၃။ ကျွန်တော့ကိုကော်မတီဝင်တဦးအဖြစ်လုပ်ဆောင်ခွင့်ပေးပါ။ အဲဒီအတွက် လခ၊ ညာဏ်ပူဇော်ခ ပေးဘို့မလိုပါ။ ကျွန်တော့အတွက် တခုတည်းသောလိုအပ်ချက်က ဓါတ်ပေါင်းဖိုရောင်းသူ ကုမ္ပဏီများနဲ့ ဆက်သွယ်တဲ့အခါ "I am acting on behalf of Myanmar Ministry of Energy" လို့ပြောဆိုခွင့်ရှိဘို့ ဖြစ်ပါတယ်။ အဲဒီလိုပြောနိုင်မှ ကျွန်တော့အနေနဲ့ထိထိရောက်ရောက် ကူညီနိုင်မှာဖြစ်ပါတယ်။
နောက်ဆုံးအချက် နံပါတ် ၄။ ကော်မတီဝင်တချို့ကို ဉာဏ်ပူဇော်ခပေးဘို့နဲ့ ခရီးစားရိတ် ပြည်တွင်း ပြည်ပ teleconference စသည်တို့အတွက် စားရိတ်များရှိပါမယ်။ ဒါကြောင့်တနှစ်ကို maximum $2M နှုံးနဲ့ ၂နှစ်စာbudget အတည်ပြုပေးပါ။
အခုပြောခဲ့တဲ့ အချက်များ ပြည့်စုံလျှင် nuclear လျှပ်စစ်ရဘို့ကို စတင်လုပ်နိုင်မဲ့အကြောင်း ပြောပါတယ် ခင်ဗျား။
*********

တကမ္ဘာ လုံးမှာ မြန်မာ ပညာရှင်တွေ အများကြီး ရှိတယ်။ ကူညီချင်တယ်။ ဒေါ်အောင်ဆန်းစု ကြည်လဲ သိပါတယ်။ အသုံးချခွင့် ရမဲ့ အချိန်ပဲ မြန်မြန် ရောက်ပါစေ။
Saturday, August 11, 2018
Clean Coal Technology in JAPAN & မြန်မာ့ လျှပ်စစ် ၂၀၁၈ အခြေအနေများ (စာအုပ်)
အင်ဂျင်နီယာ မိတ်ဆွေများခင်ဗျား.. (စာအုပ်စပွန်စာများအတွက် Update - 31.Jul.2018) ပို့စ် လုပ်ပါတယ်။ Tun Htun သတ္တုတွင်း က အစပြုခဲ့တဲ့ ဆောင်းပါး၊ ဦးမော်သာထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာထွန်းနိုင် စတဲ့ မြန်မာ့ လျှပ်စစ် ၂၀၁၈ အခြေအနေများ စုစုပေါင်း ၂၀မျက်နှာ မြန်မာစာ နဲ့ ထည့်သွင်းထားပါတယ်။ အုပ်ရေ၅၀၀ ပဲ ထုတ်နိုင်လို့ ရိုက်နှိပ်ခ မူလ ၃၀၀၀ကျပ် ထက် နည်းငယ် များပေမဲ့၊ စပွန်စာ စာအုပ်အများစုက ၅၀% လျှော့ ဈေးနဲ့ ရောင်းချ ပေးတဲ့အတွက် လိုငွေများကို ရရှိမယ် မျှော်လင့်ပါတယ်။ ယခုအချိန်ထိ စပွန်စာ နဲ့ ၁အုပ်ကနေ ၁၀၀အုပ် အထိ ၀ယ်ယူ၊ စပွန်စာ အားပေးသူ ၃၀ဦးခန့် ကို ကျေးဇူးတင်ပါတယ်။
.
စာရင်းရှင်းတမ်း (အုပ်ရေ ၅၀၀)
စပွန်စာ နှင့် ကြိုတင်ငွေ ၁၂ ဦး - K 1256000 (၁၂သိန်းခွဲ)
အမှာစာပို့ထားပြီး စာအုပ်လာယူမှ ငွေပေးမဲ့သူ ၁၀ဦး ရှိပါသည်။
စာအုပ် A4 Color, 136 pages ပုံနှိပ်ခ - K1550000 (၁၅သိန်းခွဲ)
..
...........Clean Coal Technology in JAPAN .....
ယခင် တင်ပြခဲ့တဲ့ ပို့စ် ကို ပြန်ရှယ်ပါတယ်။
ဒီစာအုပ် ၁၁၆မျက်နှာ ရောင်စုံ A4 ဆိုဒ်.. ရောင်စုံမူလပုံ မူလမျက်နှာဖုံး နဲ့ ပုံနှိပ် ထုတ်ဝေလိုပါတယ်။ တအုပ်ကို ကျပ် ၃၀၀၀ ပဲ ကျသင့်မှာ ဖြစ်လို့..
...လျှပ်စစ်နည်းပညာ
...ကလင်းကိုးလ် ကျောက်မီးသွေးပညာ
...ဘွိုင်လာ Boiler
...စတပ်မ်တာဘိုင် Steam Turbine
စတဲ့ နောက်ဆုံးပေါ် နည်းပညာ စာအုပ် ဖြစ်ပါတယ်။
.
ဒါကြောင့် စပွန်စာ မိတ်ဆွေများစွာ လိုအပ်နေပါတယ်။ ကျနော်ကတော့ အုပ်ရေ ၁၀၀ ပဲ တာဝန်ယူနိုင်ပါတယ်။ ကိုယ် စပွန်စာလုပ်သလောက် စာအုပ် ရရှိမှာ ဖြစ်ပါတယ်။ ဖတ်သင့်သူများကတော့
.
....TU ၃၇ခု က ဘာသာရပ်အစုံက ကျောင်းဆရာများ..
....လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနအောက်က အရာရှိများ
....TU GTI THS စိတ်ဝင်စားတဲ့ ကျောင်းသားများ, ပြည်သူများ
.
တစ်ဦးစီ တယောက်တအုပ် ကူညီ ဝယ်ကြမယ်ဆိုရင် ဒီလို အလွန်ကောင်းတဲ့ စာအုပ် ထုတ်နိုင်. ဝေငှ နိုင်မှာပါ။ စိတ်ဝင်စားဘသူ. စပွန်စာများ. တအုပ်ပဲ မှာလိုသူများ ကျနော် msg box ကနေ ဆက်သွယ် ပေးကြပါ။
.
ဦးဇော်အောင်
TSP Technical Service Provider
09976922584
uzawaung@gmail.com..
https://www.facebook.com/myanmarjobstudent/posts/10155902237078472
.
Note:....
အကြံပေး ကူညီပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ စာအုပ် ရလာရင် ပြန်လည် Update လုပ်ပါမယ်။

Monday, July 2, 2018
စွမ်းအင် (လျှပ်စစ်) ကဏ္ဍ အပိုင်း(၂) ဦးမော်သာထွေး (လျှပ်စစ် ဒုဝန်ကြီးဟောင်း) နှင့် MRTV တွေ့ဆုံခြင်း၊
စွမ်းအင် (လျှပ်စစ်) ကဏ္ဍ အပိုင်း(၂)
ဦးမော်သာထွေး (လျှပ်စစ် ဒုဝန်ကြီးဟောင်း) နှင့် MRTV တွေ့ဆုံခြင်း၊
လျှပ်စစ် အရင်းအမြစ်တွေကို ဘယ်လိုအသုံးချမယ်၊ လျှပ်စစ်ကို ဘယ်လိုသုံးစွဲမယ်၊ လျှပ်စစ်မူဝါဒတွေ၊ လျှပ်စစ် ရင်းနှီးမြှတ်နှံမှု အကျိုးအမြတ်၊ ဘယ်လိုရရှိမယ် များကို ရှင်းပြပါတယ်။
နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်မှု ဥပဒေအားလုံး ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်မှာ မူတည်နေသလို၊ စွမ်းအင်ကဏ္ဍ ပတ်သတ်ရင်လဲ စွမ်းအင် နိုင်ငံတိုင်းမှာ ဒီ ပေါ်လစီ (၃) ခုပေါ် မူတည်နေပါတယ်။ လျှပ်စစ် ကဏ္ဍမှာလဲ (၄)ချက် ပေါ်လစီပေါ် မူတည်ပါတယ်။ ပြန်ရေးပါမယ်။
.
စွမ်းအင်ပေါ်လစီ ၃ခု ကတော့ ..

.... ၁။ Physical Energy လက်ရှိ စွမ်းအင်အရင်းအမြစ်များ
.... ၂။ Price စွမ်းအင်ဈေးနှုန်း (အတက်အကျမရှိရန်၊ ငြိမ်ရန်)
.... ၃။ Geo Political ဘူမိ (ပထ၀ီနိုင်ငံရေး) တို့ဖြစ်ပါတယ်။
ဘယ်အရင်းအမြစ်ကို အခြေခံပြီး စွမ်းအင် ထုတ်လုပ်၊ တင်ပို့ သုံးစွဲမလဲ ပေါ်လစီ
ချရပါမယ်။
.
.
လျှပ်စစ်စွမ်းအင် ပေါ်လစီ် (၄)ချက်ကတော့
ဒီတစ်ခုကိုပဲ အာရုံစိုက် ကြည့်မယ်ဆိုရင် တော့ ၄ချက်ရှိပါတယ်။
.... ၁။ Price ဈေးနှုန်းကို နံပါတ်(၁) ထားရပါမယ်။
.... ၂။ Quality လျှပ်စစ် အရည်အသွေး
.... ၃။ Physical လျှပ်စစ်အရင်းအမြစ်
... ၄။ Geo Political သဘာဝပတ်ဝန်းကျင် တို့ဖြစ်ပါတယ်။
.
သဘာဝ ပတ်ဝန်းကျင် ကိစ္စကိုတော့ ရင်းနှီးမြှတ်နှံသူတွေ ထည့်မတွက်ပါဘူး။ ဒါက သက်ဆိုင်ရာ အစိုးရနဲ့ ဆိုင်ပါတယ်။
.
မြန်မာနိုင်ငံရဲ့ စွမ်းအင်ပေါ်လစီ ပြသနာက တယူနစ်ဈေးနှုန်း Price Policy မရှိသေးတာပဲ ဖြစ်ပါတယ်။ ရင်းနှီးမြှတ်နှံတဲ့ ကုမဏီ က လျှပ်စစ် ထုတ်လုပ်ပြီး အစိုးရက ၀ယ်မဲ့ တယူနစ်ဈေးနှုန်း ကို တိကျပြတ်သားတဲ့ ဈေးနှုန်း ပေါ်လစီ မရှိသေးတဲ့အတွက် ရင်းနှီးမြှတ်နှံသူတွေ က သိပ်မလာကြပါ။ တခြား အိမ်နီးခြင်း နိုင်ငံများ ဖြစ်တဲ့ ဗီယက်နမ်၊ တရုပ်၊ လာအို ကိုပဲ သွားလုပ်ကြတယ်။
.
နိုင်ငံတွေမှာ တယူနစ်ဈေးနှုန်းကို အခြေခံလူတန်းစားကို တယူနစ် 7.1 cents (၁၀၀ကျပ်) ရောင်းပေးပါတယ် (US$1.00 = Kyat 1400, June-2018)။ ၂၅ယူနစ် ထက်ပိုသုံးရင် 11 cents စသဖြင့် ပိုသုံးရင် သုံးသလို ဈေးမြှင့်လာပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ 5 cent to 8 cents, တရုပ်နိုင်ငံမှာ 6 cents to 7 cents အခြေခံ လူတန်းစားကို လျှော့  ပြီး ရောင်းချပါတယ်။ ရင်းနှီးမြှတ်နှံတဲ့ ကုန်ထုတ်လုပ်ငန်းများထံ သိပ်ဈေးမကြီးတဲ့ ဈေးနှုန်း ပေါ်လစီ ချမှတ်ရပါတယ်။
.
ဗီယက်နမ်၊ ထိုင်း နိုင်ငံများမှာ ကုန်ထုတ်လုပ်ငန်းများအတွက် လျှပ်စစ် ဈေးမကြီးဖို့ အရင်းအမြစ်များဖြစ်တဲ့ ရေအား၊ ကျောက်မီးသွေး စသဖြင့် အစွမ်းကုန် သုံးနေပြီး ညူကလီယာအထိ သွားနေကြပါပြီ။ ပြည်ပက အရင်းအမြစ်တွေ ကိုလည်း တင်သွင်းပြီး လျပ်စစ်ထုတ်လုပ် နေကြရပါတယ်။
.
.
ကျောက်မီးသွေး အရင်းအမြစိ
လျှပ်စစ် ပေါ်လစီနဲ့ ပတ်သက်ပြီး အရင်းအမြစ် အသုံးချပုံ များက ဆင်းရဲ၊ ချမ်းသာ နိုင်ငံမရွေး၊ အားလုံး အတူတူပဲ ဖြစ်ပါတယ်။ ကျောက်မီးသွေး နဲ့ ပတ်သက်ရင် အမေရိကန်က နိုင်ငံ လျှပ်စစ်ရဲ့ ၃၁% ကို ကျောက်မီးသွေးလျှပ်စစ် အသုံးပြုနေတယ်။ နိုင်ငံတကာ ကျောက်မီးသွေး လျှပ်စစ်သုံးစွဲမှု ယူနစ်သန်းပေါင်း ကို ကြည့်ရင်
* အမေရိကန် ၁၁၀၀၀ ယူနစ်
* မြန်မာ ၂၅၀ ယူနစ်
* လာအို ၅၁၀
* တရုပ် ၄၀၀၀
* ထိုင်း - ၃၀၀၀
* မလေးရှား - ၄၀၀၀ .. စသဖြင့် ကျောက်မီးသွေးလျှပ်စစ် ကို မှီခို နေရပါတယ်။ မြန်မာနိုင်ငံက ကျောက်မီးသွေး အသုံးချမှု အနည်းဆုံး နိုင်ငံ ဖြစ်ပါတယ်။
.
ဓါတ်ငွေ့ အရင်းအမြစ်
အမေရိကန်နိုင်ငံမှာ ဓါတ်ငွေအမြောက်အများ အရင်းမြစ် ရှိပါတယ်။ ဓါတ်ငွေ ဈေးနှုန်းက နေရာ ဒေသအပေါ် မူတည်ပြီး ဈေးနှုန်းမတူပါဘူး အမေရိကန်နိုင်ငံမှာ ရှဲလ် ဆိုတဲ့ ကျောက်မြေများက ဓါတ်ငွေ့ထုတ်နိုင်တဲ့ အတွက် အလွန်ဈေးချိုပါတယ်။ LNG ကို ဈေးသက်သာစွာ ထုတ်လုပ် နိုင်လာပါတယ်။ ဒါကြောင့် ဓါတ်ငွေ ဈေးနှုန်းက အမေရိကန်မှာ 3 cents အထိ ဈေးပြုတ်ကျ သွားပါတယ်။ မြန်မာနိုင်ငံ က ထုတ်တဲ့ ဓါတ်ငွေ့ကို တရုပ်က 8 cents to 9 cents ဈေးနဲ့ ၀ယ်ပါတယ်။ ထိုင်းနိုင်ငံက 10 cents ဈေးနှုန်းနဲ့ ၀ယ်ပါတယ်။ ဓါတ်ငွေ့ကိုလဲ များစွာ မမှီခိုလိုကြပါဘူး။
.
ရေအား အရင်းအမြစ်
အမေရိကန် နိုင်ငံ လျှပ်စစ်ကဏ္ဍ နဲ့ ပေါ်လစီကို ကြည့်မယ်ဆိုရင် ဓါတ်ငွေ့ကို ၃၄% ၊ ကျောက်မီးသွေး ၃၁% နိုင်ငံရဲ့ ပါဝါဂရစ် Power Grid ထဲ ထည့်ထားပြီး၊ ညူကလီယာ စွမ်းအင်ကို တွဲမောင်းနှင်ထားပါတယ်။ သူ့နိုင်ငံတွင်း ထွက်တဲ့ သဘာဝ တွင်းထွက် အရင်းအမြစ်များကို အသေအချာ ထိန်းသိမ်းထားပါတယ်။ မိမိ နိုင်ငံရဲ့ လျှပ်စစ်အရင်းအမြစ် သာမက တခြားအရင်းအမြစ်များ (လူသားအရင်းအမြစ်) အထိ ထိမ်းသိမ်း အသုံးချနိုင်တဲ့ အတွက် ကမ္ဘာပေါ် အချမ်းသာဆုံး နိုင်ငံ ဖြစ်နေတာ မဆန်းပါဘူး။
.
အခုဆို တရုပ် တိုးတက်လာတော့ တရုပ်ကို အမေရိကန် အတော်ဖြုန် နေပြီ ဖြစ်ပါတယ်။ စီးပွားရေး ပေါ်လစီများမှာ တရုပ်နဲ့ ကုန်သွယ်မှု ပြသနာများ ဖြစ်လာပါပြီ။ အမေရိကန်နိုင်ငံ က ပြည်တွင်းထွက် ကုန်ပစ္စည်းများ အစား အမေရိကန်ကွာလတီ မီဗအာင် တရုပ်က ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ၀ယ်သုံးရာက အမေရိကန် စီးပွားထိခိုက်လာတယ်။ (စကားချပ်။ အခု ၂၀၁၈ အမေရိကန် ကုန်သွယ်မှု ပေါ်လစီများ ပြောင်းလဲလို့ အမေရိကန်ဒေါ်လာဈေး တက်လာပါတယ်)။
.
တရုပ်နိုင်ငံက ရင်းနှီးမြှတ်နှံတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို တယူနစ် 5 cents to 6 cents နဲ့ ရောင်းချ ပေးနိုင်ပြီး၊ မဂါဝပ် ၃သိန်းကျော် ပြည်တွင်း ထုတ်လုပ်နေပါတယ်။ ကျောက်မီးသွေးကို ၆၃% အထိ အသုံးပြုနေပြီး၊
.
ဂျာမဏီးနိုင်ငံ .. ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ကျယ်လောင်စွာ ပြောနေတဲ့ ဂျာမဏီ မှာတောင် ကျောက်မီးသွေးကို ၄၁% အသုံးပြုနေရပါတယ်။
ဒိန်းမတ်နိုင်ငံ ချမ်းသာတယ်။ လေစွမ်းအင် အကြီးစား လေရဟတ်များ ထုတ်လုပ်ပြီး၊ ကမ္ဘာ့ နိုင်ငံများကို ရောင်းချဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ သူလဲ ကျောက်မီးသွေး ၃၀%၊ Renewable ဆိုတဲ့ လေ၊နေရောင်ခြည် ၆၀% အသုံးပြုနေပါတယ်။ ဓါတ်ငွေ့ လျှပ်စစ်က ၂% ပဲ အသုံးပြုပါတယ်။ ဒါပေမဲ့ ပြသနာက ဒိန်းမတ်နိုင်ငံမှာ လျှပ်စစ် တယူနစ် ဈေးနှုန်းက 32 cents (မြန်မာငွေ ၄၅၀ကျပ် ) ဈေးအရမ်းကြီးနေတယ်။
.
နိုင်ငံများ နှိုင်းယှဉ်ပြခြင်းက လျှပ်စစ် အရင်းအမြစ် များကို ဘယ်လို အသုံးချနေသလဲ ဆိုတာကို ရှင်းပြခြင်း ဖြစ်ပါတယ်။
.
.
မြန်မာနိုင်ငံ လျှပ်စစ် တာဝန်ရှိသူများအတွက်
ပုဂ္ဂလိက IPP Independent Power Production, တယူနစ်ဈေးနှုန်း PPA Power Purchase Agreement တွေအကြောင်း ၊ မြန်မာဝန်ကြီးဌာနများ ဒီလုပ်ငန်းအတွက် အားနည်းချက်များ ရှိတာကို ဆွေးနွေးပါတယ်။
.
မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ (မ.ဆ.လ) ခေတ်မှာတော့ အားလုံး နိုင်ငံပိုင် ဖြစ်ပါတယ်။ သူ့ခေတ် သူ့အခါ ကလည်း ဟုတ်ပါတယ်။ အရင်းရှင်တွေက မတရား အနိုင်ကျင့်လာတော့ ကွန်မြူနစ် စနစ် ပေါ်လာပြီး ရုရှား၊ တရုပ် စတဲ့ ကွန်မြူနစ်နိုင်ငံများစွာ အရင်းရှင်စနစ်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အရင်းရှင်စနစ်က ဒီမိုကရေစီ လူထုအခွင့်ရေး များကို ပြန်လည်ကြည့်လာချိန် ကွန်မြူနစ် စနစ်ကြီးကလည်း ယိုယွင်းပျက်စီးလာတော့ စနစ်တွေ ပြောင်းရပါတယ်။ ခေတ်ပြောင်းသွားတယ်။ ဥရောပနိုင်ငံတွေက စောစော ပြောင်းလဲတယ်။ လျှပ်စစ် ကဏ္ဍကို အစိုးရကပဲ Regulate ညှိနှိုင်းတဲ့ စနစ်ကို ပြောင်းသွားပါတယ်။
.
.
လျှပ်စစ် ကဏ္ဍမှာ (၃)ပိုင်း ရှိပါတယ်။
၁။ ဖြန့်ချိရေး (မြို့ရွာ အိမ်၊ အလုပ်ရုံများအထိ သွယ်တန်းခြင်း)
၂။ ပို့လွှတ်ခြင်း (ပါဝါဂရစ် ဆိုတဲ့ မဟာဓါတ်အားလိုင်း)
၃။ ထုတ်လုပ်ခြင်း (အရင်းအမြစ်များ သုံးပြီး လျှပ်စစ်ဓါတ်အားစက်ရုံများ) .. ဖြစ်ကြပါတယ်။
.
တရုပ်နိုင်ငံမှာ မော်စီတုန်း ကွယ်လွန်ပြီး နောက်တက်လာတဲ့ ဟွကိုဖုန်း ပြီးတော့၊ တိန်ရှောက်ပိန် အာဏာရရှိလာတယ်။ တရုပ်နိုင်ငံရဲ့ သမ၀ါယမ စုပေါင်းလုပ်ဆောင်မှု အားနည်းချက်ကို ပြင်ဆင်ပြီး ပုဂ္ဂလိက အားပေးစနစ်၊ အထူး စီးပွားဇုံများ စတင်ခဲ့ပါတယ်။ တရုပ်နိုင်ငံ က ကံကောင်းပါတယ်။ ၁၉၉၀ အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံများ ပြိုလဲသွားချိန်မှာ တရုပ်နိုင်ငံက ပေါ်လစီ ကောင်းတွေ ရှိပြီးဖြစ်တော့ ပြိုလဲ မသွားပါဘူး။ ပြုပြင်ပြောင်းလဲရေး ကော်မတီတစ်ကို ဖွဲ့ပြီး လုပ်ဆောင်ပါတယ်။ မြန်မာနိုင်ငံလို DG, MD စနစ် မဟုတ်တော့ပဲ စီးပွားရေးဆန်ဆန် President, Governor တွေ ဖြစ်သွားပြီး၊ ငွေကြေး တိုးတက်မှု (အရှုံးအမြတ်) အခြေခံ၊ အပြိုင်ဆိုင် လုပ်ဆောင်စေပါတယ်။
.
ဗီယက်နမ်နိုင်ငံမှာလဲ အဓိက မဟာဓါတ်အားလိုင်းကြီး ၄ခု ရှိပြီး၊ အဲဒီ ၄ခု စလုံးကို ၁၀၀% အစိုးရပိုင် လုပ်ငန်းအဖြစ် ခွဲခန့် စီမံစေပါတယ်။
.
ထိုင်းနိုင်ငံမှာလဲ အစိုးရ ထိမ်းကြောင်းတဲ့ လျှပ်စစ် Governor စနစ်ပဲ ကျင့်သုံးပါတယ်။
.
အဲဒီ လျှပ်စစ် တာဝန်ခံများ ရှိတဲ့ အတွက် တခုခု ဖြစ်ရင် အစိုးရ (၀န်ကြီးဌာန) ကို ပြေးဆောင့် သလို အစိုးရပြသနာ မဟုတ်တော့ပါ။ အစိုးရဦးစီးတဲ့ စီးပွားရေး ကုမဏီများကိုပဲ လျှပ်စစ် ပြသနာများကို ဖြေရှင်းစေပါတယ်။ အစိုးရက Regulate ညှိနှိုင်းရေးကို ပဲ ပြုလုပ်ပေးပါတယ်။
.
တကယ်တော့ ယခုခေတ်ကာလမှာ လျှပ်စစ်သည် နိုင်ငံရေး၊ လျှပ်စစ်သည် စီးပွားရေး၊ လျှပ်စစ်သည် လူမှုရေး ဖြစ်နေပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ပြီး ရင်းနှီးမြှတ်နှံမှုတွေ ဆွဲဆောင် ရာမှာ လျှပ်စစ် ဈေးနှုန်း ချိုသာဖို့ အဓိက ကျပါတယ်။ အထူးသဖြင့် ကုန်ထုတ်လုပ်ငန်း ကုမဏီများက မိမိထုတ်ကုန်ပစ္စည်း ကမ္ဘာနဲ့ယှဉ်ပြိုင် ရောင်းချရတဲ့အခါ လျှပ်စစ် ဈေးနှုန်းချိုသာမှု အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ် ကဏ္ဍ တခုလုံးကို ခြုံပြီး System Control လုပ်ဖို့ အစိုးရ Regulation Body တစ်ခု ဖွဲ့ပြီး လုပ်ဆောင်နေကြပါတယ်။
.
နိုင်ငံ အများစုမှာ လျှပ်စစ် ကဏ္ဍ (၃)ခုကို စီးပွားရေးကဏ္ဍ အဖြစ် လုပ်ဆောင်ပါတယ်။
၁။ ဖြန့်ချိရေး ကိုတော့ သက်ဆိုင်ရာ ဒေသများက အစိုးရက End User အသုံးပြုသူများထံ ရောင်းချ ကြပါတယ်။
၂။ ပို့လွှတ်ခြင်း (ပါဝါဂရစ် ကိုတော့ 100% own by government စီးပွားရေး ကုမဏီက လုပ်ဆောင်ပါတယ်)။ ဒီကဏ္ဍက ဥပဒေအမျိုးမျိုးရှိကြတဲ့ ပြည်နယ်အများပြား ဖြတ်သန်းသွားရလို့ ပုဂလိက လုပ်ဖို့ မလွယ်ပါဘူး။ အစိုးရပဲ လုပ်ကိုင်ရပါတယ်။
၃။ ထုတ်လုပ်ခြင်း (လျှပ်စစ်ဓါတ်အားစက်ရုံများ) .ကိုတော့ ပုဂလိက ရင်းနှီးမြှတ်နှံပြီး ပါဝါဂရစ်များထံ ရောင်းချကြပါတယ်။ .
.
.
.
ပုဂ္ဂလိက လျှပ်စစ် ရင်းနှီးမြှတ်နှံမှု
အစိုးရမှာ ပိုက်ဆံ မရှိဘူး၊ ဘယ်လို လျှပ်စစ် ကဏ္ဍကို ရင်းနှီးမြှတ်နှံဖို့ ပြည်တွင်း၊ ပြည်ပ ကုမဏီများကို ဘယ်လို ဖိတ်ခေါ်ရမလဲ ဆိုတဲ့ အကြောင်းကို ရှင်းပြပါတယ်။
.
မဟာဓါတ်အားလိုင်း တွေကိုတော့ အာဏာပိုင် အစိုးရကပဲ လုပ်ကိုင်၊ ရင်းနှီးရပါမယ်။ ချေးငွေ ရအောင် ရှာပြီး ရင်းနှီးရပါမယ်။ P.P.P လို ပုဂ္ဂလိက ရင်းနှီးမြှတ်နှံဖို့ ခက်ခဲပါတယ်။
.
ဖြန့်ဖြူးရေးမှာတော့ အခု အစိုးရ စီးပွားရေးအဖွဲ့ဖြစ်တဲ့ ရန်ကုန် YESB နဲ့ မန္တလေး MESB တို့က လုပ်ဆောင်နေပါတယ်။ ပြည်နယ်တိုင်း တွေမှာတော့ အစိုးရလုပ်ငန်း (ယခင် EPC) ကပဲ လုပ်ဆောင်နေပါတယ်။ အဲဒီ အဖွဲ့တွေ မရှုံးအောင် နောက်က အစိုးရက ပံ့ပိုးပေးနေရပါတယ်။ မြန်မာ ပြည်သူတွေက ဆင်းရဲတော့ အာစီယံ နိုင်ငံများ ပေါက်ဈေး တယူနစ် ၁၀၀ကျပ် ဈေးမပေးနိုင်တော့ လောလော ဆယ် အရှုံးခံပြီး အခြေခံ လူတန်းစားတွေကို ဖြန့်ဖြူးပေးနေရပါတယ်။

နောက်ဆုံး MRTV မေးခွန်းဦးမော်သာထွေး အဓိက ထားပြီး ရှင်းပြလိုတဲ့ အချက်က တော့ Generation Mix ဆိုတဲ့ လျှပ်စစ် မူဝါဒ (၄)ချက် ဖြစ်ပါတယ်။
.
လျှပ်စစ် ဈေးနှုန်း ပိုင်းဆိုရင်၊ ဖြန့်ဖြူးရာမှာ အခြေခံ လူတန်းစားတွေကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရေး (အရှုံးခံ ဖြန့်ဖြူးရေး) ကတော့ နိုင်ငံတိုင်းရဲ့ တယူနစ်ဈေးနှုန်း ပေါ်လစီပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ပထမ ယူနစ် ၅၀ ကို တဈေး၊ နောက်ပိုသုံးလေလေ ဈေးမြှင့်လာတယ်။ ဟိုတယ်၊ ရုံး၊ စီးပွားရေး ၀န်ဆောင်မှုတွေကို ဈေးအမြင့်ဆုံး တောင်းပြီး၊ ကုန်ထုတ်လုပ်ငန်းတွေအတွက်တော့ ဈေးလျှော့ ပေးရပြန်ပါတယ်။ ဒါက ဈေးနှုန်း ပေါ်လစီ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ ကုန်ထုတ်လုပ်ငန်း ရင်းနှီးမြှတ်နှံမဲ့ ကုမဏီကြီးများ မြန်မာနိုင်ငံကို ရောက်လာဖို့ လျှပ်စစ် ဈေးနှုန်းချိုသာတဲ့ နည်းလမ်း နဲ့ ဆွဲဆောင်ရပါမယ်။ ရင်းနှီးမြှတ်နှံမှု ဆိုတာ ချမ်းသာတဲ့ နိုင်ငံများကို ပဲ အများဆုံး လာကြပါတယ်။ ထိုင်းနိုင်ငံ လျှပ်စစ် ရင်းနှီးမြှတ်နှံမှုက တနှစ်ကို ဒေါ်လာ ၁၀ဘီလျံ လာနေချိန် မြန်မာနိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် အဲဒီလို ရင်းနှီးမြှတ်နှံမှုတွေ မလာနိုင်သေးပါဘယ်။
.
.
မြန်မာအစိုးရ ပြင်ဆင်နေတဲ့၊ (ပြင်ဆင်ရမဲ့) အခြခံ အချက်များကတော့
* လက်ရှိ စီမံခန့်ခွဲမှု စနစ်ကို ပြင်ဆင်ရပါမယ်
* စီးပွားရေး ဆန်ဆန်း လုပ်ရပါမယ်။
* နိုင်ငံပိုင် 100% own by government ကုမဏီ ကိုလဲ စီးပွားဆန်ဆန် လုပ်နိုင်ရပါမယ်။
.
ခြုံငုံ လုပ်ဆောင်ဖို့ ဆိုရင် ၀န်ကြီးဌာန များပြားစွာနဲ့ ဆက်နွယ်နေတဲ့အတွက် အဲဒီချိတ်ဆက်မှုကို အမြန်လုပ်နိုင်ဖို့ ၀န်ကြီးဌာန အထက်မှာ Regulation Body တခု ဖွဲ့ပြီး လုပ်ဆောင်ရပါမယ်။ ၀န်ကြီးဌာန တွေကို ချောဆီ ထိုးပေးရပါမယ်။
.
MRTV အင်တာဗျူး ကိုကို (စက်မှုတက္ကသိုလ်) က ဟိုဘက်ကမ်းက မီးထိန်ထိန် ကဗျာကို ရွတ်ပြီး အဆုံးသတ်ပါတယ်။
.
.
မိမိသုံးသပ်ချက်များ
အပိုင်း(၁) ကတော့ ပေါ်လစီများအကြောင်း ၊ အပိုင်း(၂)ကတော့ ပေါ်လစီများကို ဘယ်လိုအကောင်ထည်ဖော်ရမဲ့ အကြောင်း ပတ်ဝန်းကျင်နိုင်ငံများနဲ့ နှိုင်းယှဉ် ရှင်းပြသွားပါတယ်။
.
အရင်သုံးသပ်ချက်အတိုင်း လက်ရှိ အစိုးရလုပ်ဆောင်နေတဲ့ ဈေးကြီးတဲ့ LNG လျှပ်စစ်အကြောင်း မပြောပါဘူး။ ပြိးတော့ မူတွေ ပြောင်းလဲ ဖို့ ပြောပါတယ်။ မူတွေ ပြောင်းလဲဖို့ ဆိုတာ အဓိကလုပ်ဆောင်တဲ့ လူတွေ ပြောင်းလဲမှ ရမယ် ဆိုတာ ခေါင်းဆောင် အားလုံး သိထားပြီး ဖြစ်ပါတယ်။ လူပြောင်းလဲ ခြင်းမှာ လူစားလဲစရာ မလိုတဲ့သူ (သင်လို့ရတဲ့သူ) နဲ့ လူစားလဲစရာ လိုသူ (သင်လို့ မရတော့တဲ့လူ) နှစ်မျိုးရှိပါတယ်။
.
မြန်မာနိုင်ငံ လျှပ်စစ် ကဏ္ဍ စီမံကိန်းများလုပ်ဆောင်နေတဲ့ လက်ဝါးအုပ်ထားတဲ့ ကုမဏီကြီးများ အုပ်စုကို စနစ်တကျ ကိုင်တွယ်ပြီး၊ လက်ဝါးမအုပ်နိုင်တဲ့ ပေါ်လစီ ချမှတ်နိုင်ရပါမယ်။
.
ပေါ်လစီ ဘယ်လောက် ကောင်းပါစေ၊ ဆောင်ရွက် အကောင်ထည် ဖော်တဲ့လူ မကောင်းရင်၊ တရုပ်၊ ဗီယက်နမ် လို မပြုပြင်နိုင်ပဲ၊ လက်ရှိ အာစီယံနိုင်ငံ ဖိလစ်ပိုင်လို ဆင်းရဲချမ်းသာ အရမ်းကွာဟ သွားပြီး၊ နိုင်ငံ အကြီးအကဲ သမ္မတ ကိုယ်တိုင်က မူးရစ်ဆေးဝါး ဂိုဏ်များကို အသေပစ်သတ် တဲ့ ဥပဒေ ထုတ်ရတဲ့ နိုင်ငံလို ဖြစ်သွား နိုင်ပါတယ်။
.
ရေရှည် စီမံကိန်း ရင်းနှီးဖို့.အမြက်ရဖို့ နှစ်ပေါင်များစွာ စောင့်ရမယ် ဆိုပါတယ်။ ကျနော်ကတော့ အဲလိုမမြင်ပါ။ ဘဏ်တိုးနှုန်း ကာမိရင်. Public List IPO လုပ်နိုင်ရင်. . IPP, PPP Production ဆိုတာ ချက်ချင်းတောင် အမြတ်ထွက်အောင် လုပ်နိုင်ပါတယ်။ အခု အစိုးရကို လျှပ်စစ် ရောင်းစားနေတဲ့ ကုမဏီတွေ ချက်ချင်း အမြတ်ထွက်တာ မြင်ရပါတယ်။ ဒါကြောင့် စီးပွား ဆန်ဆန် လုပ်ကိုင်တတ်ဖို့ နဲ့ အခြေခံ လူတန်းစားအတွက် အလုပ်ကိုင်ကောင်းများစွာ ရစေမဲ့ ကုန်ထုတ်လုပ်ငန်းများ ပိုမိုရောက်ရှိလာဖို့၊ အထူးသဖြင့် လက်ဝါးအုပ် တင်ဒါ၊ မပွင့်မလင်း တင်ဒါများ ကို ပွင့်လင်းလာအောင်၊၊ ကုမဏီများရဲ့ ပစ္စည်း၊ လူ နဲ့ နည်းပညာများမှာ အရည်အသွေး ထိန်းသိမ်းရေး Regulation Body ဖွဲ့စည်းရုံမက၊ စစ်ဆေး ထိမ်းသိမ်းဖို့ ပုဂလိက အဖွဲ့အစည်းများ အားပေး ဖွဲ့စည်းပေးဖို့ လိုပါတယ်။
.
အင်တာဗျူးသူ ကိုကို(စက်မှုတက္ကသိုလ်) နဲ့ ဦးမော်သာထွေး (လျှပ်စစ် ဒုဝန်ကြီးဟောင်း) ကဲ့သို့ မီဒိယာမှာ ဖော်ထုတ် တင်ပြ နေကြတာ အားရစရာ ကောင်းပါတယ်။ စာတမ်းတင်သွင်း၊ အကြံပေးကြဖို့ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ စီမံဘဏ္ဍာ ငွေကြေးပညာရှင်များ လည်း လျှပ်စစ် ကဏ္ဍ တိုးတက်မှု မြန်ဆန်ရေးအတွက် အထူး လိုအပ်ပါတယ်။
ဇော်အောင် (မုံရွာ)
၃၀. ၆. ၂၀၁၈
.
.
ကိုးကား
ဗီဒီယို (နားဆင်းရန်)
https://m.facebook.com/
MRTV အင်တာဗျူး အပိုင်း(၁) (ဖတ်ရန်)
https://www.facebook.com/myanmarjobstudent/posts/10155835416283472
Tuesday, June 26, 2018
ဦးသိန်းစိန် အစိုးရ လုပ်ဆောင်ဖို့ စီစဉ်ခဲ့တဲ့ ကျောက်မီးသွေးစက်ရုံ စီမံကိန်းတွေ နဲ့ လက်ရှိ ၂၀၁၈
Mech Ko Lay is with Aung Kyaw San.
Pyi Moe Pyae Sone
1 hr ·
1 hr ·
ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာနိုင်ငံမှာ လုပ်ဆောင်ဖို့ စီစဉ်ခဲ့တဲ့ ကျောက်မီးသွေးစက်ရုံ စီမံကိန်းတွေဟာ အနည်းဆုံး ၁၁ ခုကနေ အများဆုံး ၁၅ ခုလောက်အထိ ရှိခဲ့တာ တွေ့ရပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေနဲ့ ပြည်သူလူထု အကြားမှာ မေးခွန်းတစ်ခုကတော့ အရင်အစိုးရက လုပ်ခဲ့တဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို လူထုရွေးကောက်ထားတဲ့ အစိုးရလက်ထက်မှာ ပြန်လည်လုပ်ဆောင်မယ်လို့ လေသံပစ်လာခဲ့တာပါ။ ဒီလို ပြောကြားခဲ့သူတွေကတော့ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်နဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ပဲ ဖြစ်ပါတယ်။
အရင် USDP အစိုးရက လုပ်ဆောင်ဖို့ ကြံရွယ်ခဲ့ပေမယ့် ပြည်သူလူထုက လက်မခံလို့ ပြည်သူလူထု အလိုကျ ဆက်လက်လုပ်ဆောင်မှု မပြုတဲ့ ဒီလိုကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို ပြည်သူရွေးတဲ့ NLD အစိုးရက လုပ်ဆောင်မယ်ဆိုရင် လူထုက လက်ခံနိုင်မလားဆိုတာ မေးခွန်းထုတ်စရာပါ။
ဒီစီမံကိန်းတွေ ကြံခဲ့တယ်
အရင် USDP အစိုးရက လုပ်ဆောင်ဖို့ ကြံရွယ်ခဲ့တဲ့ စီမံကိန်းတွေကို လေ့လာမယ်ဆိုရင် ကွမ်းခြံကုန်းမှာ တည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို Asia World ရဲ့ လက်ခွဲ ကောင်းမြတ်သောမြေ ကုမ္ပဏီနဲ့ တည်ဆောက်ဖို့စီမံကိန်း၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မှာ တည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ထူးကုမ္ပဏီနဲ့ တရုတ်က Huaneng Lancang ကုမ္ပဏီ၊ ကျောက်တန်းမှာ တည်ဆောက်မယ့် ကျောက်မီးသွေး စက်ရုံစီမံကိန်းကို Daimond Palace နဲ့ နိုင်ငံခြားကုမ္ပဏီတွေ ပူးပေါင်းခြင်း၊ သီလ၀ါမှာ တည်ဆောက်မယ့် သီလ၀ါ ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို Toyo Thai ကုမ္ပဏီ၊ ဧရာဝတီတိုင်းမှာ တည်ဆောက်မယ့် ငရုတ်ကောင်း ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို Ta Ta Power ကုမ္ပဏီ၊ ရှမ်းပြည်နယ် အရှေ့ ပိုင်း ကျိုင်းတုံမှာ တည်ဆောက်မယ့် စက်ရုံစီမံကိန်းကို Lumpoondum ကုမ္ပဏီနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမှာ တည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ISDN နဲ့ Tun Thwin ကုမ္ပဏီတွေက အကောင်အထည်ဖော်ဖို့ လုပ်ဆောင်တယ်လို့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်ထုတ် Weekly Eleven သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်၊ ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက်မယ်ဆိုတဲ့ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှာ တည်ဆောက်မယ့် မဂ္ဂါဝပ် ၆၆၀ ထွက်ရှိမယ့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း ဒေသကြီးမှာ ဆိုရင်လည်း ၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်မှာ ကျင်းပတဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်မှာဆိုရင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း လုပ်ဆောင်မယ့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားထုတ် စီမံကိန်း စုစုပေါင်း ခြောက်ခုရှိနေပြီး မဂ္ဂါဝပ် ၅၀၀၀ ကျော် ထုတ်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီစီမံကိန်းခြောက်ခုမှာ ဆောင်ရွက်ပြီးတဲ့ စီမံကိန်း တစ်ခုက ကော့သောင်းမြို့မှာ သန်းဖြိုးသူက တည်ဆောက်ခဲ့တဲ့ ရှစ်မဂ္ဂါဝပ် ထွက်ရှိမယ့် ကျောက်မီးသွေးစက်ရုံနဲ့ မြိတ်မြို့မှာ တည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံ စီမံကိန်း (၅၀ မဂ္ဂါဝပ်)၊ လောင်းလုံမြို့နယ်၊ ရမ္မဇူဒေသမှာ 24 Hour Mining ကုမ္ပဏီက တည်ဆောက်မယ့် ၅၀၀ မဂ္ဂါဝပ် ထုတ်မယ့် ကျောက်မီးသွေးစက်ရုံ စီမံကိန်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ၊ မလက်တိုဒေသမှာ 24 Power Industry and Development ကုမ္ပဏီက တည်ဆောက်မယ့် ၅၀၀ မဂ္ဂါဝပ် x ၄ =၂၀၀၀ မဂ္ဂါဝပ်၊ မြိတ်မြို့နယ် တနင်္သာရီမြစ်၊ မော်ကြီးပတ်ဝန်းကျင် ဒေသမှာ Ratchaburi Electricity Generaty Holding ကုမ္ပဏီနဲ့ Blue Energy Enviroment အဖွဲ့က တည်ဆောက်မယ့် ၂၆၄၀ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေးစက်ရုံ စီမံကိန်းနဲ့ ဧရာဟင်္သာ ကုမ္ပဏီက တနင်္သာရီတိုင်း အတွင်းက မြိတ်၊ ထားဝယ်နဲ့ ဘုတ်ပြင်းမှာ ကနဦး စူးစမ်းလေ့လာဖို့ တင်ပြခဲ့တဲ့ စီမံကိန်းတွေ ရှိနေတယ်လို့ ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်ထုတ် Weekly Eleven သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
အရင်အစိုးရလက်ထက် ကျောက်မီးသွေးကနေ လျှပ်စစ်စွမ်းအင်ထုတ်ဖို့ ကြံရွယ်ခဲ့တဲ့ စီမံကိန်းတွေက ထွက်ရှိမယ့် ပမာဏကို လေ့လာမယ်ဆိုရင် ကွမ်းခြံကုန်းမြို့နယ် အတွင်းက စုစုပေါင်း မဂ္ဂါဝပ် ၃၂၇၀ ထုတ်လုပ်ဖို့ လျာထားခဲ့တဲ့ ကျောက်မီးသွေးစက်ရုံ၊ ထန်းတပင်မြို့နယ်က မဂ္ဂါ၀ပ်၂၇၀ ထွက်မယ့်စက်ရုံ၊ သီလ၀ါ အထူးစီးပွားရေးဇုန်က မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမယ့်စက်ရုံ၊ ကျောက်တန်းမြို့နယ်က မဂ္ဂါဝပ် ၇၀၀ ထွက်ရှိမယ့် စက်ရုံ၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ငရုတ်ကောင်းမြို့နယ်ခွဲမှာ တည်ဆောက်မယ့် မဂ္ဂါဝပ် ၁၂၈၀ ထုတ်မယ့်စက်ရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်မှာ တည်ဆောက်မယ့် မဂ္ဂါဝပ် ၂၇၀ ထွက်ရှိမယ့် ကျောက်မီးသွေးစက်ရုံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှာ တည်ဆောက်မယ့် မဂ္ဂါဝပ် ၆၀၀ ထွက်ရှိမယ့်စက်ရုံ၊ ကျောက်ဖြူက မဂ္ဂါဝပ် ၆၆၀ နဲ့ တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာ တည်ဆောက်ဖို့ ကြံဆောင်ခဲ့တဲ့ စီမံကိန်းငါးခုက ထွက်ရှိမယ့် မဂ္ဂါဝပ် ၅၀၀၀ ကျော် စတဲ့ပမာဏတွေ အလွန်များပြား ကြီးမားနေတာကို တွေ့ရပါတယ်။
ဒီလို ကြီးမားတဲ့ စီမံကိန်းပမာဏတွေဟာ လူထုက လက်မခံမှုကြောင့် လက်တွေ့မှာ မဖြစ်ခဲ့သလို အရင်အစိုးရ ကတည်းက ပြောခဲ့တဲ့ Clean-Coal Technology နဲ့ ကျောက်မီးသွေးကလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှာကိုလည်း လူထုက လက်ခံယုံကြည်လာအောင် လုပ်ဆောင်နိုင်မှု မရှိခဲ့တာ တွေ့ရပါတယ်။
လက်ရှိအစိုးရ လက်ထက်မှာ ဆိုရင်လည်း လူထုက လက်မခံတဲ့ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွေအတွက် လုပ်ဆောင်မယ်ဆိုရင် NLD အစိုးရ အနေနဲ့ ဘယ်လိုနည်းလမ်း ရှာမှာလဲဆိုတာ စိတ်ဝင်စားစရာပါ။
ကျောက်မီးသွေးက သေဘေး
ဟားဘတ်တက္ကသိုလ်နဲ့ ဂရင်းပိစ်အဖွဲ့ရဲ့ အရှေ့တောင်အာရှက ကျောက်မီးသွေးနဲ့ စွမ်းအင်ထုတ်တဲ့ နိုင်ငံတွေမှာ ကျန်းမာရေး ထိခိုက်မှုကို ဆန်းစစ်တဲ့ သုတေသနအရ ၁၀၀၀ မဂ္ဂါဝပ်ထုတ်တိုင်း လူ ၆၀၀ သေတယ် ဆိုတာကို အခိုင်အမာ ထုတ်ပြန်ထားပြီး အင်ဒိုနီးရှားနိုင်ငံမှာ ကျောက်မီးသွေးကြောင့် ပြည်တွင်းမှာ တစ်နှစ်ကို လူ ၆၈၀၀၀ ကျော် သေကြေတယ်။ သူ့နိုင်ငံကထုတ်တဲ့ အဆိပ်တွေကြောင့် နယ်စပ်ထိစပ်တဲ့ ဒေသတွေက ၇၀၀၀၀ ကျော် သေကြရတယ်လို့ အခိုင်အမာ ဆိုထားတယ်လို့ ပေါင်းကူးက ဒေါက်တာ ကျော်သူက ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ကျောက်မီးသွေးကနေ ၂၀၃၀ ပြည့်နှစ်မှာ ၇၉၄၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ဖို့ ကြံရွယ်ထားတာဖြစ်ပြီး ဟားဘတ်တက္ကသိုလ်နဲ့ ဂရင်းပိစ်အဖွဲ့ရဲ့ လေ့လာချက်အရဆိုရင် မြန်မာနိုင်ငံမှာ တစ်နှစ်ကို လူဦးရေ ၄၀၀၀ ကျော်လောက် အသက်ပေးရမယ့် အနေအထားလို့ တွက်ဆရမှာပါ။ ဒီလို ၂၀၃၀ ပြည့်နှစ်မှာ စွမ်းအင်မူဝါဒအရ ကျောက်မီးသွေးကနေ ၇၉၄၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်လာလို့ ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုးကြောင့် ပြည်သူတွေ သေကြေပျက်စီးမှုဖြစ်ရင် ဘယ်သူက တာဝန်ယူမလဲဆိုတာ စိတ်ဝင်စားစရာပါ။
ဒီလို အခြေအနေမျိုးမှာ NLD အစိုးရအနေခပြု စဉ်းစားနဲ့ အရြေမှာ အချက်နှစ်ချက် ရှိပါတယ်။ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို လုပ်ဆောင်ဖို့ ကြိုးပမ်းလာမယ့် NLD အစိုးရဟာ Clean-Coal Technology အောင်မြင်လို့ တိုင်းပြည်အတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံ လျှပ်စစ်မီးရအောင် လုပ်ပေးနိုင်တဲ့ စိုးရအြဖစ်သွားမလား။ နှစ်စဉ်လူပေါင်းများစွာ သေကျေအောင် ကျောက်မီးသွေးစက်ရုံတွေ တည်ခဲ့တဲ့ အစိုးရ ဖြစ်သွားမလားဆိုတဲ့ အခြေခံ အချက်နှစ်ချက်ပေါ် မူတည်စားရပြီး စဉ်းမှာ ဖြစ်ပါတယ်။
ကျောက်မီးသွေးတွေ လုပ်နေတယ်
မြန်မာနိုင်ငံမှာ လေ့လာမယ်ဆိုရင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာရှိတဲ့ တီကျစ်ကျောက်မီးသွေး စက်ရုံနဲ့ ကျောက်မီးသွေးတွင်းဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးထနဲ့ ပမဦးဆုံး လည်ပတ်တဲ့ စက်ရုံဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က စတင်အကောင်အထည် ဖော်ခဲ့တဲ့ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စီမံကိန်းဟာ ကျေးရွာတွေနဲ့ မီတာ ၆၀ ခန့်သာ ကွာဝေးပြီး ဒီစီမံကိန်းကြောင့် ရေထု၊ လေထု ညစ်ညမ်းမှုတွေကို ရပ်ဆိုင်ခဲ့ကြရသလို တီကျစ် ကျောက်မီးသွေး စက်ရုံဟာလည်း သတ်ထားတဲ့မှတ် စံချိန်စံညွှန်း ပြည့်မီခြင်း မရှိလို့၂၀၁၄ ခုနှစ် သြဂုတ်လမှာ စီမံကိန်း ရပ်ဆိုင်းခဲ့ပေမယ့် လက်ရှိအချိန်မှာ တရုတ်ကုမ္ပဏီ တစ်ခုနဲ့ စီမံကိန်း ဆက်လက် လုပ်ဆောင်နေပါတယ်။
ဒီလို ကျောက်မီးသွေး လျှပ်စစ်စက်ရုံတွေအပြင် မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံးပြီး လည်ပတ်နေရုံက တဲ့ စက်၁ရုံလောဝ က်ရှိပြီး ကျောက်ဆည်မှာဆို သံတော်မြတ်၊ Myanmar Conch၊ အေသုံးလုံး၊ ကျားခေါင်း၊ ဆင်မင်း(၂)၊ မြန်မာဆင်၊ တီကျစ်မှာဆို ပတ္တမြားနဂါး၊ ပင်းပက်မှာ ကမ္ဘောဇ၊ ပြည် ညောင်မှာ ရွှေတောင်နဲ့ နောင်ချိုမှာ ငွေရည်ပုလဲ။ ဒီစက်ရုံတွေက သဘာဝဓာတ်ငွေ့အစား ကျောက်မီးသွေး သုံးနေတယ်လို့ သတ္တုတွင်း ပညာရှင်ဖြစ်တဲ့ ဦးစောမိုးမြင့်က ပြောကြားတယ်လို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ထုတ် 7Day ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
တကယ်ဆိုရင် မြန်မာနိုင်ငံမှာ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ ကျောက်မီးသွေးစက်ရုံ စီမံကိန်းတွေ အားလုံးဟာ လက်ရှိမှာဆိုရင် ဆက်လက် လုပ်ဆောင်နိုင်မှု မရှိသေးဘဲ လူထုရဲ့ ကန့်ကွက်မှု၊ ဆန္ဒပြမှု၊ လက်မခံနိုင်မှုတွေကို မီဒီယာတွေ အားလုံးက တခဲနက် ဖော်ပြကြလို့ စီမံကိန်းအားလုံးနီးနီးဟာ ရပ်ဆိုင်းထားပြီ ဖြစ်သလို အစိုးရ အနေနဲ့လည်း Clean-Coal Technology နဲ့ဆာင် လုပ်ပေါမယ်လို့ ဘယ်လောက်ပဲပြောပြော လူထုလက်ခံလာနိုင်အောင် လုပ်ဆောင်နိုင်မှုတော့ မရှိသေးပါဘူး။
ဒီလိုလူထု လက်ခံလာနိုင်အောင် လုပ်ဆောင်နိုင်မှု မရှိသေးပေမယ့် မြန်မာနိုင်ငံအတွက် လျှပ်စစ်မီး အလုံအလောက် ရရှိရေး ၂၀၃၀ စီမံချက်မှာဆိုရင် ကျောက်မီးသွေးကနေ ၃၃ ရာခိုင်နှုန်း ရယူဖို့အထိ အစိုးရက စီစဉ်ထားပါတယ်။ လက်ရှိအချိန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အနေအထားကို လေ့လာကြည့်မယ်ဆို ရေအားလျှပ်စစ် ကဏ္ဍက ၃၁၈၅ မဂ္ဂါဝပ်နဲ့ ၆၁ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ကဏ္ဍက ၁၈၂၉ မဂ္ဂါဝပ်နဲ့ ၃၅ ရာခိုင်နှုန်း၊ ကျောက်မီးသွေးကနေ ၁၂၀ မဂ္ဂါဝပ်နဲ့ နှစ်ရာခိုင်နှုန်း ထုတ်လုပ်နေပြီး၂၀၃၀ ပြည့်နှစ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်မှုက ၈၈၉၆ မဂ္ဂါဝပ်နဲ့ ၃၈ ရာခိုင်နှုန်း၊ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၇၉၄၀ မဂ္ဂါဝပ်နဲ့ သဘာဝဓာတ်ငွေ့ကနေ ၄၇၂၅ မဂ္ဂါဝပ်နဲ့ ၂၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်သွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနက ဒုတိယ၀န်ကြီး (ငြိမ်း) ဦးအောင်သန်းဦးရဲ့ Ovower Geer View of Pneration, Transmission and Distribution စာတမ်းမှာ ဖော်ပြထားပါတယ်။ လက်ရှိပြန်လည် သုံးသပ်နေတဲ့ စွမ်းအင်မူဝါဒမှာ ကျောက်မီးသွေးကနေ လျှပ်စစ်စွမ်းအင် ရယူရေးဟာ ရာခိုင်နှုန်း ၃၀ ၀န်းကျင်မှာပဲ ဆက်ရှိနေနိုင်ပါတယ်။
ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေဟာဆိုရင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်တာ၊ လေလွင့်ပြာချော်တွေ ထုတ်လွှင့်တာ၊ အက်ဆစ်မိုး ရွာသွန်းတာ၊ ရေအမြောက်အမြား သုံးစွဲရတာ၊ သယ်ယူပို့ဆောင်ရေး စများတာ၊ စွန့်ပစ်ရေပူကြောင့် ရေသယံဇာတတွေ ပျက်စီးတာ၊ အလိုအလျောက် မီးလောင်မှုတွေ ဖြစ်ပွားတာ၊ ကာဗွန်မိုနောက်ဆိုဒ် တန်ချိန် ၇၂၀ ထွက်ရှိမယ်ဆိုရင် ခေါင်းကိုက်ဝေဒနာနဲ့အတူ အသက်အန္တရာယ်ကို ထိခိုက်နိုင်တာ၊ အာဆင်းနစ်၊ ခဲ၊ ကတ်မီယန်ဒြပ်ပါးတွေက နှလုံး၊ ဆီးလမ်းကြောင်း၊ အာရုံကြောရောဂါ၊ ဦးနှောက်ရောင်ရောဂါ၊ ကျောက်ကပ်၊ အဆုတ်ကင်ဆာ၊ သွေးတိုး၊ အမြင်နဲ့ အာရုံကြော ပျက်စီးမှုတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုဆိုးကျိုးတွေနဲ့ အစိုးရနဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်မှာ NLD အစိုးရ လက်ထက်မှာ ဆက်လက်လုပ်မယ့် ကျောက်မီးသွေး စီမံကိန်းတွေဟာ ပြည်သူလူထုရဲ့ ကျောက်မီးသွေး စီမံကိန်း လက်မခံလိုမှုနဲ့ မီဒီယာတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် အားလုံးပျက်ကုန်မလား ဆိုတာနဲ့၊ လူထုအစိုးရရဲ့ Clean-Coal Technology နဲ့ လုပ်ဆောင်မယ် ဆိုတာကို ပြည်သူတွေ လက်ခံနိုင်အောင် လုပ်ဆောင်ပြီး မီဒီယာကနေချပြတဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့် ၂၀၃၀ လျှပ်စစ်စွမ်းအင် စီမံကိန်းကျာက်မီးသွေးကကေနေ လျှပ်စစ်ရရှိရေး မျှော်မှန်းချက် ၃၃ ရာခိုင်နှုန်းအပြည့် ဆက်ထုတ်ဖို့ ကြိုးပမ်းလာမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ကျောက်မီးသွေး စီမံကိန်းတွေ မဖြစ်မနေ အကောင်အထည် ဖော်ချင်တယ်ဆိုရင်
ရေအားလျှပ်စစ် စီမံကိန်းကို လက်မခံလိုတဲ့ ပြည်သူလူထုကြောင့် ရေအားကနေလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မရတဲ့ အခြေအနေမှာ မြန်မာနိုင်ငံ တိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအင်ကလည်း အရေးပါနေပါတယ်။ ဒီလိုခအနေအမြှော ပြန်ပြည့်မြဲ စွမ်းအင်ဖြစ်တဲ့ နေအား(ဆိုလာ)နဲ့ လေအားလျှပ်စစ်ကနေလည်း လက်ရှိအစိုးရအနေနဲ့ စွမ်းအင်လိုအပ်ချက်ရဲ့ ရာခိုင်နှုန်း လာက်၂၀ ပေဲ မျှော်မှန်းထားနိုင်တာ ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ကနေ ထုတ်လုပ်ဖို့မှာလည်း ဓာတ်ငွေ့သိုက် အသစ်တွေကထွက်မှ ရရှိမယ့် အနေအထားမှာ အစိုးရအနေနဲ့ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကိုလည်း မဖြစ်မနေ လုပ်ချင်နေတဲ့ အခြေအနေပါ။
ဒီလိုလုပ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေကို ပြန်လည် လေ့လာဖို့ကလည်း လိုအပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လေထုဟာ အသက်ရှူဖို့ကို အန္တရာယ်ရှိနေပြီး ကမ္ဘာ့လေထု အညစ်ညမ်းဆုံး နိုင်ငံတွေ စာရင်းမှာ အဆင့် (၁၇) မှာ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ၂၀၁၆ ခုနှစ် စက်တင်ဘာလကုန်မှာ ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ လေထုညစ်ညမ်းမှုနဲ့ ရောဂါဘယ အကဲဖြတ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၈ နိုင်ငံကို အကဲဖြတ်ရာမှာ ဆော်ဒီအာရေးဗီးယားက လေထုအညစ်ညမ်းဆုံး အဆင့် (၁) ဖြစ်ပြီး မြန်မာ့အိမ်နီးချင်း တရုတ်က အဆင့် (၁၆) ပါ။
စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးမှုနည်းပါးတဲ့ မြန်မာနိုင်ငံဟာ တောင်တွေ ပြုန်းတီးခဲ့တာနဲ့ သစ်တောတွေ တရားမ၀င် ခုတ်လှဲခဲ့မှုတွေ ခိုးထုတ်ခဲ့မှုတွေကြောင့် အိမ်နီးချင်းတရုတ်နဲ့ ကပ်လျက် အညစ်ညမ်းဆုံး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ညစ်ညမ်းမှုကြောင့် မြန်မာနိုင်ငံတွင် တစ်နှစ်ကို လူပေါင်း နှစ်သောင်းကျော် သေဆုံးမှုဟာ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်နိုင်တယ်လို့ WHO ရဲ့ အချက်အလက်တွေက ဆိုပါတယ်။ လေထုမှာ မီးခိုး၊ အမှိုက် စတဲ့ ညစ်ညမ်းစေတဲ့ ဒြပ်ပါဝင်မှုပမာဏ ၁၀ နဲ့ အောက်ဆိုရင် လူသားတွေအတွက် အန္တရာယ်မရှိလို့ သတ်မှတ်ပြီး ၇၀ နဲ့ အထက်ကို လုံးဝမလုံခြုံဘူးလို့ သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့ပြလေထုဟာ မီးခိုး၊ အမှိုက် စတဲ့ ညစ်ညမ်းစေတဲ့ ဒြပ်ပါဝင်မှု ပမာဏ ပျမ်းမျှ ၅၇ ရှိပြီး ရန်ကုန်မြို့ဟာ လေထုညစ်ညမ်းမှု အလွန်များပြား နေတယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့မှာ အသက်ရှုဖို့အတွက် အန္တရာယ်ကင်းတဲ့ သန့်စင်တဲ့ လေထုဟာ ၁၄ ရာခိုင်နှုန်းကျော်သာရှိလို့ အလွန်နိမ့်ပါးနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေအရ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စီမံကိန်းတွေဟာ မဖြစ်သင့်တော့တာ တွေ့ရှိရမှာဖြစ်လို့ လူဦးရေ ခုနစ်သန်းကျော် နေထိုင်နေတဲ့ ရန်ကုန်မြို့မှာ လေထုညစ်ညမ်းအောင်သာ ထပ်ပြီးလုပ်မယ်ဆိုရင် ပြည်သူတွေ ဒုက္ခရောက်ဖို့ပဲ ရှိတော့မယ့် အခြေအနေပါ။ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေဟာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတင်မက အခြားစက်မှုလုပ်ငန်းတွေကိုပါ မတိုးချဲ့သင့်တော့တဲ့ အနေအထား တစ်ရပ်ကို ညွှန်းဆိုနေပါတယ်။
တကယ်ဆိုရင် ကျောက်မီးသွေး စီမံကိန်းတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးက လက်မခံချင်ပါဘူး။ လက်ရှိမှာဆိုရင် ကျောက်မီးသွေးစက်ရုံ စီမံကိန်းတွေ လုပ်ဆောင်ဖို့ အရင်အစိုးရ ကြံဆောင်ခဲ့တဲ့ ဒေသတွေကို ပြန်ကြည့်မယ်ဆိုရင် ရန်ကုန်၊ တနင်္သာရီ၊ မွန်၊ ဧရာဝတီ၊ ရခိုင်၊ စစ်ကိုင်းတိုင်း စတဲ့ဒေသတွေမှာ ကျောက်မီးသွေးစက်ရုံတွေ တည်ခဲ့ဖို့ စိတ်ကူးခဲ့တာ တွေ့ရပါတယ်။
ပြည်သူ့အစိုးရအနေနဲ့ ကျောက်မီးသွေးကနေ ရလာမယ့် လျှပ်စစ်စွမ်းအင်တွေကို National Grid ဆီ ပို့ဖို့အတွက်လည်း အဆင်ပြေမယ်။ ပြည်တွင်းက ကျောက်မီးသွေးတွေကလည်း သုံးလို့ အဆင်မပြေလို့ ပြည်ပက ကျောက်မီးသွေးတွေ သုံးရမှာဖြစ်လို့ သယ်ယူပို့ဆောင်မှုလည်း လွယ်ကူမယ်။ လူနေရွာတွေ၊ အိမ်ခြေတွေနဲ့လည်း လုံလောက်တဲ့ အကွာအဝေးမှာ ရှိရမယ်။ သန့်စင်တဲ့ လေထုလည်း ရှိနေရမယ်ဆိုတဲ့ အချက်အလက်တွေနဲ့ တိုက်စစ်မယ်ဆိုရင် ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေနဲ့ အလှမ်းကွာတဲ့ နေရာတွေနဲ့ တနင်္သာရီတိုင်း ဒေသကြီးက ကျွန်းစုတွေ အပေါ်မှာပဲ လုပ်နိုင်ဖို့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုနေရာတွေမှာ လုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ အရင်စီမံကိန်းတွေက ဒေသခံတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ လှပတဲ့ ကမ်းခြေနေရာတွေ၊ လူနေထူထပ်တဲ့ နေရာတွေဆိုတာ တွေ့ရပါတယ်။ ဒီလို သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအတွက် အရေးပါပြီး ပြည်သူလူထုအတွက် ၀င်ငွေအမြောက်အများ ရရှိနေတဲ့ နေရာတွေမှာ ဆက်လက် မလုပ်ဆောင်ဖို့တော့ လိုအပ်ပါမယ်။
ဥပမာအားဖြင့် ထင်မြင်ချက်တစ်ခုကို ပြောရရင် အစိုးရအနေနဲ့ ကျောက်မီးသွေးကနေ လျှပ်စစ်စွမ်းအင် ထုတ်ဖို့အတွက် ရှေ့ပြေးစီမံကိန်းအဖြစ် မဂ္ဂါဝပ် ၅၀၀ လောက်ထုတ်နိုင်မယ့် Pilot Project နှစ်ခုကို ဧရာဝတီတိုင်း ဒေသကြီးနဲ့ တနင်္သာရီတိုင်း ဒေသကြီးမှာ ခရိုနီတွေမပါတဲ့ ဂျပန်ရဲ့ အကူအညီနဲ့ အစိုးရက ဦးဆောင်ပြီး လုပ်ပေးသင့်ပါတယ်။
အရင်အစိုးရ လက်ထက်တုန်းက ရွေးချယ်ခဲ့တဲ့ ငရုတ်ကောင်းလို လှပတဲ့ နေရာမျိုးကို ရှောင်ရှားပြီး ဒေသခံပြည်သူလူထုကို မထိခိုက်နိုင်တဲ့ နေရာမှာ ခရိုနီမပါဘဲ ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ မဂ္ဂါဝပ် ၅၀၀ လောက် ထုတ်နိုင်မယ့် စက်ရုံတည်မယ်။ ဂျပန်ရဲ့ Clean-Coal Technology နဲ့ လုပ်ဆောင်မှုဟာ ဒေသခံလူထုကို ထိခိုက်နိုင်မှု အနည်းဆုံး ဖြစ်စေတယ် ဆိုတာကို အစိုးရအနေနဲ့ လူထုကို ပွင့်လင်းစွာ ချပြပြီး လုပ်ဆောင်မယ်ဆိုရင် လာမယ့် နှစ်နှစ်လောက် အတွင်းမှာ ဧရာဝတီတိုင်းဟာ လျှပ်စစ်မီး အများစု သုံးနိုင်တဲ့ အခြေအနေ ဖြစ်လာပါမယ်။ မြန်မာနိုင်ငံရဲ့ စပါးကျီဖြစ်ပြီး အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်က လူငယ်တွေများတဲ့ ဒေသမှာ လျှပ်စစ်မီးသာရရင် စက်မှုလယ်ယာ ဖွံ့ဖြိုးလာပြီး ဧရာဝတီတိုင်း ဒေသကြီးဟာ မြန်မာနိုင်ငံမှာ လက်ရှိအစိုးရ သက်တမ်းအတွင်း တဟုန်ထိုး တိုးတက်လာနိုင်တဲ့ဒေသ ဖြစ်လာမယ့် အခြေအနေ ဖြစ်ပါတယ်။
အလားတူပဲ မြန်မာ့လျှပ်စစ်ဓာတ်အား လုံးဝမရသေးတဲ့ တနင်္သာရီတိုင်း ဒေသကြီးမှာ လက်ရှိမြင့်မားလွန်းတဲ့ ဓာတ်အားခကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်ဖို့အတွက် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ စီမံခဲ့တဲ့ စီမံကိန်းခြောက်ခုထဲက ဒေသခံလူထု ထိခိုက်မှု နည်းပါးတဲ့ နေရာမှာ ထိခိုက်နိုင်မှုနှုန်း နည်းပါးတဲ့ Clean-Coal Technology ကို ဂျပန်နဲ့ မြန်မာအစိုးရက မဂ္ဂါဝပ် ၅၀၀ လောက်ထွက်မယ့် Pilot Project အဖြစ် လုပ်ပေးလိုက်မယ်ဆိုရင် လျှပ်စစ်မီး လုံးဝမရသေးတဲ့ ဒေသတစ်ခုအတွက် ထွက်ပေါက်တစ်ခု ရလာမှာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်း ဒေသကြီးက ပြည်သူတွေအနေနဲ့ သဘာဝဓာတ်ငွေ့ ငါတို့ဆီက ထွက်နေရက်သားနဲ့ ဘာလို့ကျောက်မီးသွေး လုပ်မလဲလို့ မေးခွန်းထုတ်လာမယ် ဆိုရင်တော့ လက်ရှိသဘာဝ ဓာတ်ငွေ့တွေက ပြည်ပကို အကုန်ရောင်းချထားပြီး ဖြစ်သလို မမြင်တွေ့ရဘဲ စမ်းသပ်ရှာဖွေရတဲ့ သဘာဝဓာတ်ငွေ့ကနေ အချိန်အများကြီး ထိုင်စောင့်မလား ဆိုတာပါပဲ။ သဘာဝဓာတ်ငွေ့ မသေချာ၊ ကျောက်မီးသွေးကို လက်မခံဘူး ဆိုရင်တော့ တနင်္သာရီမြစ်ကနေ လျှပ်စစ်ဓာတ်အား ထုတ်ဖို့ပဲ ကျန်ပါတော့တယ်။ တနင်္သာရီမြစ်ကနေ လျှပ်စစ်မီး မထုတ်ချင်ဘူး ဆိုရင်တော့ ရွေးချယ်စရာဟာ ကျောက်မီးသွေးပဲ ကျန်တော့မယ်ဆိုတာ ငြင်းစရာရှိမယ် မထင်ပါဘူး။ တခြားစွမ်းအင် အရင်းအမြစ်အဖြစ် နေအားနဲ့ လေအားက ရနိုင်ပေမယ့်လည်း တနင်္သာရီတိုင်း ဒေသကြီးမှာ ကျောက်မီးသွေးမိုင်းတွေ ရှိနေတာကို ပြန်သုံးသပ်ဖို့ လိုအပ်ပါတယ်။
ဒီလို အရင်အစိုးရလက်ထက် ကျောက်မီးသွေးထုတ်ဖို့ ပြင်ဆင်ခဲ့တဲ့အထဲက ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့ကို အကြံပြုရတာက ကျောက်မီးသွေးကနေ လျှပ်စစ်စွမ်းအင် မဖြစ်မနေထုတ်ဖို့ ပြင်ရတော့မယ့် လက်ရှိအစိုးရအတွက် ပြည်သူလူထု ထိခိုက်နိုင်မှု အနည်းဆုံး နေရာကိုသာ လုပ်ဆောင်စေလိုခြင်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လုံးဝမလုပ်ဖို့ တောင်းဆိုရမှာဖြစ်ပြီး ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဘယ်ဒေသမှာ တည်မလဲ ဆိုတာကိုတော့ လူထုအစိုးရကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
လက်ရှိ လူထုအစိုးရအနေနဲ့ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အားထုတ်ဖို့ ပြည်သူလူထုကို စွဲဆောင်မယ်ဆိုရင် အရင်အစိုးရတုန်းကလို ရန်ကုန်၊ တနင်္သာရီ၊ မွန်၊ ဧရာဝတီ၊ ရခိုင်၊ စစ်ကိုင်းတိုင်း စတဲ့ ဒေသတွေမှာ ကျောက်မီးသွေး စီမံကိန်းတွေ ဆက်လုပ်မယ်ဆိုရင် ပွင့်လင်းမြင်သာမှု မရှိစွာ လုပ်ဆောင်တာတွေ၊ ပြည်သူလူထုကို နားလည်ယုံကြည် လက်ခံလာအောင် မပြောဘဲ လုပ်ဆောင်တာတွေ အလားတူ လိုက်မလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူထုမနစ်နာအောင် လိုအပ်သလို နေရာကောင်းတွေမှာ ရွှေ့ပြောင်းပေးတာ၊ ထိုက်သင့်တဲ့ လျော်ကြေးတွေ ပေးအပ်တာ စတာတွေကိုလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဘယ်လိုအခြေအနေ ဖြစ်နေပါစေ မြန်မာနိုင်ငံမှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို လုပ်ဆောင်ဖို့ ကြိုးပမ်းလာတော့မယ့် လူထုအစိုးရအနေနဲ့ လူထုရဲ့ ဆန္ဒကိုလည်း တစ်ဖက်မှာ အလေးအနက်ထားဖို့ လိုအပ်မှာ ဖြစ်သလို တစ်ဖက်မှာလည်း တိုင်းပြည်တိုးတက်ဖို့ အတွက် လိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင် ရရှိရေးအတွက် အစွမ်းကုန် လုပ်ဆောင်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
လက်ရှိမှာဆိုရင် နိုင်ငံတော်ရဲ့ စွမ်းအင်မူဝါဒကို ပြင်ဆင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လျှပ်စစ်မီးမရရှိတဲ့ နေရာတွေမှာ လျှပ်စစ်မီးရရှိမယ်ဆို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စီးပွားရေး အခွင့်အလမ်းတွေ လုပ်ကိုင်နိုင်မယ် ဆိုတာနဲ့ ပြည်ပလုပ်ငန်းရှင်တွေကလည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လျှပ်စစ်မီးရရှိမယ်ဆို ရင်းနှီးမြှုပ်နှံလိုစိတ် ဖြစ်လာမယ်ဆိုတာ၊ လက်ရှိအစိုးရ အနေနဲ့ ပြည်သူလူထုကို လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိဖို့ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၅ ရက်က စွမ်းအင်မူဝါဒ ညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
တိုင်းပြည်တိုးတက်ဖို့လည်း စွမ်းအင်လိုအပ်တယ်။ အစိုးရကလည်း ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်မယ်။ ပြည်သူလူထုကလည်း ကျောက်မီးသွေးရော၊ ရေအားလျှပ်စစ်ရောကို လက်မခံနိုင်ဘူးဆိုတဲ့ အခြေအနေမှာ လူထုက ရွေးကောက်ထားတဲ့ လူထုအစိုးရ အနေနဲ့ ဘယ်လိုပုံစံနဲ့ ဆက်လက်လုပ်ဆောင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပြီး သမိုင်းတရားခံ မဖြစ်ရအောင် အကောင်းဆုံး လုပ်ဆောင်ဖို့ ကြံဆောင်ရမှာ ဖြစ်ပါတယ်။
လူထု အစိုးရ လက်ထက်မှာ တိုင်းပြည်လည်း တိုးတက်ချင်တယ်။ လိုအပ်တဲ့ စွမ်းအင် အတွက်ကျ ရေအားကိုလည်း မလုပ်ရဘူး။ ကျောက်မီးသွေးကလည်း မထုတ်ပါနဲ့လို့ ဆက်ပြီးကန့်ကွက်နေမယ် ဆိုရင်တော့ တိုင်းပြည်တိုးတက်ဖို့ဆိုတာ စာရွက်ပေါ်က စကားအိပ်မက်သာ ဖြစ်နေမှာပါ။
Writer:
ဖြိုးဝေ (Eleven Media)
.
.M Zaw Aung ကျနော်တို့ အင်ဂျင်နီယာ ဦးနှောက်တွေက နိုင်ငံရေး၊ စီးပွားရေး ၊ ဘာသာရေး ဦးနှောက်တွေရဲ့ အောက်မှာပဲ ပြားနေရတာပါ။ ဆရာဝန်တွေ၊ သိပံပညာရှင်တွေလဲ အလားတူပဲ နိုင်ငံရေး၊ စီးပွားရေး ၊ ဘာသာရေး တွေအောက်မှာပဲ နေရပါတယ်။ ကျောက်မီးသွေးကို ဦးသိန်းစိန် အစိုးရကလဲ ကြောက်တယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရက ဆက်လုပ်မလား ..

ဇူကာဘတ်၊ ဘီလ်ဂိတ် တို့ထက် တော်တဲ့ တီထွင်ပညာရှင်တွေ အများကြီး ရှိပေမဲ့ သူတို့၂ဦးက နိုင်ငံရေး၊ စီးပွားရေး ၊ ဘာသာရေး ခေါင်းဆောင်တွေကို ကျေနပ်စေတဲ့ အစွမ်းရှိတယ်။ အောင်မြင်တယ်။ ရေတို ကြည့်ရင် ကျောက်မီးသွေး၊ ရေအား က ငွေသက်သာပြီး၊ LNG အရမ်းဈေးကြီးတယ်။ တခါတလေ ဈေးကြီးပေမဲ့ ကွန်ပြူတာတခု ၀ယ်သုံးရတဲ့ ဘီလ်ဂိတ်ငယ်စဉ် ဘ၀ လိုပါပဲ။ ကျောက်မီးသွေးကို အင်အယ်ဒီ အစိုးအသိမကြွယ်သေးတဲ့ ထိန်းရခက်တဲ့ လူတွေ ဆူပူအောင် လုပ်မဲ့ အခြေအနေ ရှိတယ်။ ဒါကြောင့် မလုပ်ချင်ပါ။ လူတွေကို အသိပေးနိုင်ချိန်၊ (သို့မဟုတ်) ထိန်းနိုင်ချိန် ထိ စောင့်ပါလိမ့်မယ် (မိမိ အမြင်သာ ဖြစ်ပါသည်)။
.
Monday, June 25, 2018
မဟာဓါတ်အားလိုင်း၊ ရေအား၊ ကျောက်မီးသွေး၊ ဓါတ်ငွေ့လျှပ်စစ် ..ဆူပရီမို ကုမဏီကြီး
မဟာဓါတ်အားလိုင်း၊ ရေအား၊ ကျောက်မီးသွေး၊ ဓါတ်ငွေ့လျှပ်စစ် ..ဆူပရီမို ကုမဏီကြီးက မင်းကင်းအမတ်ကို အခွင့်ရရင် အရေးယူဖို လုပ်မယ်ဆိုတယ်၊ မင်းကင်းအမတ်က မှားယွင်းပြောဆိုတယ် လို့၊ သူတို့ ဖေ့ဘုတ်မှာ အတိအလင်း ရေးပါတယ်။ အာဏာရှိသူထက် ငွေရှိသူကို ပိုကြောက်နေရတဲ့ ခေတ်ဖြစ်လို့ သူ့ဖေ့ဘုတ်မှာ ၀င်မန့်တဲ့သူ တယောက်မှ မတွေ့သေးဘူး။ ထားပါတော့။ ငါးကြီးကြီး စီမံဘဏ္ဍာဝန်ကြီး ကြော်စားဖို့ မဖြစ်နိုင်တော့ နှုတ်ထွက်တာနဲ့ပဲ ပြီးသွားသလို ဆိုပေမဲ့၊ အဂတိ တိုက်ဖျက်ရေးမှာ နောက်ကွယ်က လက်မဲကြီးတွေ သတိထားကြဖို့၊ ဟိုတုန်းက ဆိုးခဲ့၊ ခိုးခဲ့၊ ကံဇာတကောင်းလို့ ရခဲ့တဲ့ အထုပ်အပိုးတွေကို ..အိမ်ခြံမြေဈေးကွက်က ထွက်ပြီး၊ ကုန်ထုတ်လုပ်ငန်းတွေမှာ ရင်းနှီးကြဖို့ တိုက်တွန်းချင်ပါတယ်။
.
လျှပ်စစ်ထုတ်လုပ်ခြင်းနဲ့ကတော့ နည်းပညာ ပါတဲ့အတွက်၊ ဆောက်လုပ်ရေး၊ လောင်စာဆီ၊ မော်တော်ကား စတဲ့ လုပ်ငန်းများနဲ့ မတူပါဘူး။ ပြိးတော့ လူတစ်စု က လက်ဝါးအုပ်ထားကြတယ် ဆိုတဲ့အတွက် စူပရီမို ကုမဏီကို စွပ်စွဲခြင်း ပြည်သူ့လွှတ်တော်မှာ အပြန်အလှန် ပြောဆိုတာကို ခွင့်ပြုရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကို မှားယွင်း ပြောဆိုတဲ့အတွက် အခွင့်ရရင် အရေးယူဖို့ ကုမဏီဖေ့ဘုတ်မှာ ကြေငြာရဲတာလဲ ဒိကုမဏီကြီးက ပိုကြောက်စရာ ဖြစ်လာပါတယ်။ ပွဲကတော့ ကြည့်ကောင်းမယ် လို့ ကွန်မင့် ကြပါတယ်။
.
အလားတူ နောက်ထပ် လွှတ်တော်မှာ မေးသင့်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ဆင်ဝှေ့ရန်ရှောင်ပဲ ဖြေမှာပါပဲ။ ဒါလောက်တောင် LNG ကဈေးကြီးပြီး.. ဈေးမကြီးလှတဲ့. ရေအားနဲ့ ကျောက်မီးသွေး လုပ်သင့်ပါရက်နဲ့ မလုပ်နိုင်သေးတဲ့ အချိန်မှာ LNG အစား အိမ်နီးချင်းနိုင်ငံ များကနေ လျှပ်စစ်ဓါတ်အား ဘာကြောင့် မ၀ယ်သေး သလဲ ဆိုတဲ့ မေးခွန်းပါ။ အမြောက်အများ ၀ယ်မယ် ဆိုရင် နှစ်ရှည်စာချုပ် ချုပ်ရပြီး ဈေးနှုန်းကလဲ တယူနစ် ၁၅၀ကျပ် ထက် နည်းမှာ သေချာပေါက် ပဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ခ်ျ က တရုပ်ပြည်က ၀ယ်ဖို့ မြန်မာနိုင်ငံကို လျှပ်စစ်ဖြတ်သန်း သွားမယ် ဆိုတဲ့ စာချုပ် ဒီလမှာ ချုပ်ဆိုတော့ အံ့သြမိပါတယ်။ ၃နှစ်အတွင်း နောက်ထပ် မဂါဝပ် ၃ထောင် ထုတ်လုပ်ဖို့ ရေတိုစီမံကိန်း အဖြစ် သမ္မတဦးဝင်းမြင့် ပြောတယ် ဆိုပြီး ဆွဲထည့်တယ်၊ အမှန်က သမ္မတကို သူပဲ တင်ပြလို့ သမ္မတက ပြောရတာပဲ ဖြစ်မှာပါ။ ကျနော်လုပ်တာ လို့ ရဲရဲတာဝန်ယူလိုက်ပါ။ စရိတ်အသက်သာ ဆုံး နည်းလမ်းကတော့ မဟာဓါတ်အားလိုင်း ဆွဲပြီး တရုပ်၊ လာအို၊ ထိုင်း နိုင်ငံတခုခု ဆီက ၀ယ်ယူဖို့ပါ။ ဒီနည်းလမ်းက ရေတို အခြေ ဖြစ်ပြီး၊ ရေရှည် အဖြေကတော့ ရေအား နဲ့ ကျောက်မီးသွေး ဓါတ်အား ဖြစ်ပါတယ်။
.
၂၀၁၆ ခုနှစ်က လျှပ်စစ်ဝန်ကြီးဌာနရဲ့ စာရွက်ပေါ်က လျှပ်စစ်ပါဝါ တွေအကြောင်း အစီရင်ခံစာ ဖြစ်ပါတယ်။
ပုံ များ မှာ.ရေအားစီမံကိန်း..ကျောက်မီးသွေးစီမံကိန်း.ကြည့်ပါ။
.
ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင် ကတော့ မင်းကင်းလွှတ်တော် အမတ် စွပ်စွဲချက်ကို (ငွေရှင်၊ တင်ဒါမပါပဲလုပ်ခြင်း၊ ၀န်ကြီးဦးကျော်ဝင်းဇနီးပါဝင်မှု၊ ဆူပရီမို ကုမဏီ ၃နှစ်ကြာ လေ့လာပြီးအစီရင်ခံစာ ထုတ်တာ၊ ဒါတွေကတော့ ဆူပရီမို ကုမဏီ ဧရာမကြီး လုပ်ဖို့မလိုပါဘူး။ World Class - China Guadian Co.Ltd တို့လို ငွေမရှိ. စီးပွားပညာသိပ်မတတ်တဲ့ ကျနော်အပါဝင်၊ အင်ဂျင်နီယာ ဖေ့ဘုတ်အုပ်စုက ဒေါက်တာဝင်းထိန်၊ ဦးထွန်းထွန်း၊ ကိုဝင်းထိန်ဦး၊ စတဲ့ အင်ဂျင်နီယာ တွေတောင် F.S Feasibility Study လုပ်နိုင်ပါတယ်။ ပုသိမ်မှာ ဒေသထွက်ကုန်ပြပွဲ မေ-၂၀၁၈ မှာ ပထမဆုံး လူထုပြပွဲအဖြစ် စူပရီမိုကုမဏီကြီးက တစ်ခန်း၊ မိုက်ကယ်မိုးမြင့် MRPL က တစ်ခန်း ပေ၂၀လောက် ကျယ်တဲ့ ပြခန်းနဲ့ ၃ရက် ရှင်းလင်းပြကြပါတယ်။ မေးတဲ့လူ မရှိလို့ ပြခန်းတာဝန်ခံတွေက ပျင်းနေကြတယ်။ အဲဒီ မှာ စူပရီမို ကုမဏီကြီးက ဒေါ်လာ သန်းပေါင်း ၂၅၀၀ LNG စီမံကိန်းကြီး လုပ်ဖို့အတွက် နို့တစ်စာ လိုင်စင်ရထားပေမဲ့ မြေယာရော်ကြေးပေးဖို့ တောင်သူတွေကို သိန်း၁၀၀ တောင် မသုံးဘူး။ လူမှုရေး ကူညီမှု လုံးဝ မလုပ်ပဲ .. မီးလောင်ချိုင့် ဒေသမှာ လူမှုရေးရုံးခန်းတောင် မဖွင့်ရတာကို အံ့သြဘွယ် တွေ့ရပါတယ်။ ဒေသခံတွေ ကန့်ကွက်မှာ တော်တော် စိုးရိမ်ပုံရပါတယ်။ ကွန်ပြူတာထဲမှာ CCGT ကွန်ဘိုင်းဆိုင်ကယ် ဘွိုင်လာနဲ့ ဂက်စ် တာဘိုင်စနစ် Animation ကို လုပ်ပြထားပါတယ်။ တကယ်လုပ်မဲ့ ကုမဏီကြီးက Gudian ဆိုတဲ့ တရုပ်အစိုးရ အများပိုင်ကုမဏီကြီး ဖြစ်ပြီး၊ Animation ကလည်း သူတို့ဆောက်ပြီးသား တစ်ခုကို ဆွဲယူ၊ တင်ပြလိုက်တော့ ဘာမှ မကုန်ကျပါဘူး။ တကယ် အဲဒီ အဲနီမေးရှင်းမျိုး မြန်မာအစိုးရ Request for Quotation တင်သလို လုပ်ပေးရရင် ၂နှစ်တော့ အေးဆေး ကြာပါတယ်။ သူတို့က ၃နှစ်တောင် F.S လုပ်ခဲ့ပြီး၊ ယခုမှ ဗြုန်းဒိုင်း ၀င်လာတာ မဟုတ်ပါ လို့ သူတို့ဖေ့ဘုတ်မှ ကာကွယ်ပြောတယ်။ ပြည်ထောင်စု ၀န်ကြီးကိုယ်တိုင်လဲ ကာကွယ်ပြောရတယ်။ သူက တာဝန်အရှိဆုံး မို့လို့၊ သူပဲ ဆုံးဖြတ်ပါတယ် ဖြေသွားပါတယ်။ သမ္မတဦးဝင်းမြင့် မိန့်ခွန်းမှာလဲ ၃နှစ်အတွင်း ၃ဆ လျှပ်စစ်တိုးတက်အောင် လုပ်မယ် ဆိုပြီး၊ သူက တင်ပြတာကို သမ္မတကြီးက ပြောရတာ .လျှပ်စစ်အကြောင်းသိပ်မသိသေးတဲ့ သမ္မတကြီးကို. ပြန်ကိုးကားသွားတာလဲ မပြောသင့်ပါဘူး။
.
.
နောက်ဆုံးတော့ ရေအား၊ ကျောက်မီးသွေးအား တွေ ကန့်ကွက်ခံရလို့ ဒီ၂နှစ်အတွင်း ဘာတခုမှ မလုပ်နိုင်ဘူး။ ရေအားက လုပ်ရင် ၈နှစ်လောက် ကြာမယ် ဆိုပြီး Wrong Information ပေးသွားပြန်ပါတယ်။ သူ့ခမြာလည်း အရင်က ဒါလောက် ပြင်းထန်တဲ့ တိုက်ခိုက်မှု မခံရဖူးဘူးလေ။ အင်တာဗျူး ဆိုတာလဲ မေးတာ မဖြေလဲရတယ်။ အခု လွှတ်တော်က ဥပဒေပြုမှု အမြင့်ဆုံးသော နိုင်ငံတော်အာဏာ တည်ရှိရာနေရာမှာ သူမဖြေလို့မရပါ။ ရေအားလျှပ်စစ်၊ ကျောက်မီးသွေး လျှပ်စစ် တွေ ကန့်ကွက်ခံရလို့ ဆိုတာ နည်းနည်းလေး ရှင်းပြချင်ပါတယ်။
.
ပြည်သူလူထု ကန့်ကွက်တာ ဧရာမ စီမံကိန်းကြီးတွေပါ။ ကုမဏီတွေကလဲ လာပ်စားမှတော့ နည်းနည်းမစားဘူး၊ တသက်စားမကုန်၊ ဆွေစဉ်မျိုးဆက် ချမ်းသာအောင် လာပ်စားပြီ ထောင်ထဲဝင်ဆိုလဲ ၁၅နှစ်ပေါ့။ သေဒဏ် အကြီးအကျယ် ပေးနေတဲ့ တရုပ်ပြည်တောင် လူလောဘ နိုင်ငံတော်အဆင့်ခေါင်းဆောင်ကြီးတွေ၊ တပ်မတော်ဗိုလ်ချုပ်ကြီးတွေ သေဒဏ် တကယ်သတ်ပစ်တာ ခဏခဏ ပါပဲ။ ဒါလဲ လောဘ လောဘ ဥပဒေဘောင်ထဲက ငွေ-အာဏာ သုံးပြီး အဂတိလိုက်စားတာပါပဲ။ ဒါကြောင့် ရေအား၊ ကျောက်မီးသွေးအား လျှပ်စစ် ထုတ်ရင် အခု ကန့်ကွက်ခံရတဲ့ ၁၀၀၀ မဂါဝပ်၊ ၁၅၀၀ မဂါဝပ်၊ ၃၀၀၀ မဂါဝပ် .. အကြီးအကျယ် လုပ်စားမဲ့ ၀ိသမ တဖက်သတ် စာချုပ်များကို ဆက်မလုပ်ဖို့ ကန့်ကွက်ကြတာ ဖြစ်ပါတယ်။ မြစ်ဆုံလိုမျိုး စနစ်တက လုပ်နိုင်ရင် နည်းပညာနဲ့လူထုထောက်ခံမှု ရနိုင်ပါတယ်။ ဒါပေမဲ့ ၀ိသမ၊ မတ၇ားစာချုပ် နှစ်၅၀ လုပ်ပိုင်ခွင့်မှာ မြန်မာက ၁၀% ပဲ လျှပ်စစ်ရမယ် ဆိုတာမျိုးက အခု ကျောက်ဖြူရေနက်ဆိပ်ကမ်း အထိ ၇.၅ဘီလျံ စီမံကိန်း တင်ပြနေတယ်။ စိတ်ပျက်စရာပါ။ ဒေါ်အောင်ဆန်းစုကြည် စီးပွားအကြံပေး ရှောင်တန်နယ်က မေလ စင်ကာပူမှာ မြန်မာ့ စီးပွားလေး အလာအလာ ရှင်းလင်းပွဲ မှာ တရုပ်အကြွေးထဲ နစ်မဲ့ China Debt Trap စီမံကိန်းမို့ မလုပ်ဖို့ တင်ပြထားတယ် ဆိုပါတယ်။
.
မြန်မာတွေ ရေအား၊ ကျောက်မီးသွေးအား 1mW to 50mW အလတ်တန်းစား လျှပ်စစ်ထုတ်လုပ်ကြပါလား။ ၃၃ကေဗီ၊ ၆၆ကေဗွီ၊ ၂၃၀ကေဗွီ၊ အခု ၅၀၀ဗို့ ကေဗွီ မဟာဓါတ်အားလိုင်းတွေ ဆွဲကြပါလား။ ဒါလောက် အလတ်စားလေးတွေ လုပ်ရင် ဘိလပ်မြေစက်ရုံမှာ ကျောက်မီးသွေးသုံးတာ မကန့်ကွက်သလို ဒေသခံတွေကို ကျေနပ်အောင် လုပ်ပေးနိုင်ပါတယ်။ တကယ်လဲ သူတို့ ကျေးရွာအတွက် ကျောင်းတခု သိန်း၁၀၀၊ ဆေးခန်းတခု သိန်း၅၀၊ မော်တော်ဆိုင်ကယ်လမ်း တမိုင် ၁၀သိန်း ... ဆောက်ပေးလိုက်ပါလား။ နေရောင်ခြည်သုံး တနိုင်မီးထွန်းစက် တအိမ် ၂သောင်း နဲ့ အိမ်၅၀လောက်ကို ၁၀သိန်းလောက် လှုဒါန်းပြလိုက်ပါလား။ အခုတော့ စူပရီမီ ရော၊ တိုတယ်ရော.. သူတိုကအကြံက ကန့်ကွက်ရင် လုံထိန်းရဲ ပိုက်ဆံပေးပြီး ခေါ်ထိန်းတဲ့ လက်ပတောင်းတောင် ဇတ်လမ်းကို လုပ်ချင်နေတဲ့ ပုံစံဖြစ်နေပါတယ်။
.
.
နိဂုံး အကြံပြုချက်ကတော
အလတ်စား ရေအားလျှပ်စစ်တွေ၊ ကျောက်မီးသွေးလျှပ်စစ်တွေ အစိုးရပိုက်ဆံ မကုန်ပဲ လူထုအားနဲ့လုပ်ကြဖို့၊ အစိုးရက လုပ်ပိုင်ခွင့်ပေးလိုက်ပါ။ ဒါမှမဟုတ် တနင်္သာရီ ၊ မွန်၊ ကရင်၊ ရှမ်း ပြည်နယ်တွေမှ နယ်စပ်ကနေ မဟာဓါတ်အားလိုင်း ဆွဲခွင့် ပေးလိုက်ပါ။ ဒေသခံ များက သူတို့ဖာသာ PPP နိုင်ငံခြားရင်းနှီးမြှတ်နှံမှု ရှာဖွေ မီးလင်းသွားပါလိမ့်မယ်။ ဓါတ်အားခလည်း ထိုင်းမှာလို နဲနဲပဲသုံးတဲ့ ငွေဆင်းရဲသူကို တယူနစ် ၅၀၊ အဲကွန်းနဲ့ အများကြီးသုံးတဲ့ ငွေချမ်းသာသူကို တယူနစ် ၁၅၀ စသဖြင့် လုပ်ပေးနိုင်မယ် လို့ မျှော်လင့်ပါတယ်။
.
ရေအား လျှပ်စစ် အလတ်တန်းစားများ 1mW to 50mW လုပ်ဖို့ မြန်မာ့ လျှပ်စစ် ရေအားအရင်းအမြစ် ရဲ့ ၂၀၁၆ အစီရင်ခံစာ တင်ပြသူကို ခရက်တစ် ပေးပါတယ်။ အဲဒီ အချက်အလက်တွေကို အသုံးပြုကြပါ။ နောက်ထပ် အလတ်တန်းစာ ရေအားလျှပ်စစ် အရင်းအမြစ် များစွာလဲ ရှိတုန်းပါပဲ။ ရှာဖွေ အသုံးပြုကြပါလို့ တင်ပြလိုက်ရပါတယ် ခင်ဗျား။
.
ပုံ - Ministry of Electricity ,
Presentation of Myanmar Electricity 2016.
Download Link - https://goo.gl/xKXpYJ

M Zaw Aung အေးဗျာ.. အစကတော့ LNG $5.2 billion ကိုသဘောတူပါတယ်။ ဒါပေမဲ့ Supreme ဆိုတာ သဘောမကျခဲ့ပါ။ အခု စီမံဘဏ္ဍာဝန်ကြီး နှုတ်ထွက်ပြီး. မင်းကင်းအမတ်ကို လွှတ်တော်မှာ မေးခွင့်ပေး တော့... သမ္မတဦးဝင်းမြင့် တက်လာချိန် အဂတိတိုက်ဖျက်အရှိန် မြှင့်ချိန်နဲ့ တိုက်ဆိုင်နေတယ်။ ဝန်...See MoreManage
Subscribe to:
Posts (Atom)